YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Not.Others.S01E08.720p.CM.mp4

285.22 MB N/A video/mp4 683 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ella Enchanted
6.4

Ella Enchanted (2004) ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။ Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။ Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် နဲ့ အိုင်ယာလန် ရုပ်ရှင်ကုမ္မဏီသုံးခု ပေါင်းရိုက်ခဲ့တာ။ ဒါပေမဲ့ Box Office မှာတော့ အရှုံးပေါ်ခဲ့တယ်။ ဇာတ်လမ်းကတော့ ဖရဲလ် မြို့လေးမှာမွေးတဲ့ အယ်လာ ကို သောက်တလွဲ အရက်သမား နတ်သမီးတစ်ပါးက ကပေါက်တိကပေါက်ချာ ဆုတစ်ခု ချီးမြှင့်သွားတာက စတာပဲ။ ကလေးကို နာခံတတ်တဲ့သူဖြစ်အောင် ဂါထာနဲ့ ပြုစားသွားတယ်။ အယ်လာ လေးက ဘယ်သူ ဘာပြောပြော မငြင်းဆန်နိုင်ပဲ လုပ်ပေးနေရရင်း အရွယ်ရောက်လာသတဲ့။ တိုင်းပြည်က လူထွားကြီးတွေ၊ နတ်သူငယ်တွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ ဟန်ချက်ညီညီစုပေါင်းနေထိုင်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ ဘုရင်ကြီး နတ်ရွာစံအပြီး သူ့ညီနဲ့ ဘုရင်ကြီးသားတော်တို့လက်ထက်အရောက်မှာ ဘီလူးတွေကို နှင်ထုတ်၊ လူထွားကြီးတွေကို ခိုင်းစား၊ နတ်သူငယ်လေးတွေကို ဖျော်ဖြေရေးသမားလုပ်ခိုင်းပြီး လူသားတွေကြီးစိုးတဲ့အချိန်ပေါ့။ အယ်လာ ရဲ့ ဖခင်က နောက်အိမ်ထောင်ပြု၊ မိထွေးနဲ့ သမီးနှစ်ယောက်ပါလာ၊ စင်ဒရဲလားဇာတ်လည်း ပါသေးသဗျ။ မိထွေးကပါလာတဲ့ ညီအစ်မက အယ်လာ ရဲ့ အားနည်းချက်ကိုသိသွားတဲ့အခါမှာ အမျိုးမျိုးအနိုင်ကျင့်ခံရပါတော့တယ်။ တိုင်းပြည်အရှုပ်အထွေးကြားမှာ အယ်လာ တစ်ယောက် ကျိန်စာပြယ်အောင်လုပ်ရင်း ကြုံတွေ့ရပုံတွေကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်း သုံးခုလောက်ကို ရောသမမွှေထားတဲ့ဟန်ပဲ‌ပြောပါတော့။ ကဲ ကျွန်တော်ပြောခဲ့သလိုပဲ။ မင်းသမီးနဲ့တင် ကြည့်ထိုက်နေပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 36Min Genre - Comedy, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy
6.4 2004 96 mins
Ella Enchanted
The Nutcracker and The Magic Flute
6.8

မကြာသေးခင်ကမှထွက်ရှိလာတဲ့ ကာတွန်းဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ ခရစ္စမတ်အကြိုညလေးမှာ မာရီတို့အိမ်ကိုသတင်းဆိုးတစ်ခုရောက်လာပါတယ်။ မာရီတို့အဖေသေသွားတဲ့အခါ မစ္စတာရက်တာဆိုတဲ့သူဆီမှာ ဒေါ်လာတစ်သိန်းအကြွေးတင်နေခဲ့ပြီး အကြွေးမဆပ်နိုင်ရင် မစ္စတာရက်တာက မာရီကို သူ့ဇနီးလုပ်ပေးရမယ်လို့ပြောလာပါတယ်။ မစ္စတာရက်တာဟာ မာရီကို သူနဲ့လက်ထပ်ဖို့စဥ်းစားစေချင်တဲ့အတွက် နော့ခရက်ကာဆိုတဲ့ အရုပ်လေးတစ်ရုပ်ကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။ မာရီဟာ သတင်းကြားပြီးတော့ စိတ်ပျက်ဝမ်နည်းပြီး အပူအပင်ကင်းခဲ့တဲ့ကလေးဘဝကိုပြန်တမ်းတရင်း သီချင်းလေးတစ်ပုဒ်ညီးဆိုခဲ့ပါတယ်။ ဖြစ်ချင်တော့ သီချင်းဆိုပြီးတာနဲ့ မှော်ပညာတစ်ခုအသက်ဝင်လာပြီး မာရီက အရမ်းသေးငယ်သွားပြီးတော့ သူ့ရဲ့အရုပ်လေးတွေနဲ့ နော့ခရက်ကာက အသက်ဝင်လာခဲ့ပါတယ်။ မာရီရဲ့နဂိုအခြေအနေကို ပြန်ရောက်အောင်ကြိုးစားရင်းနဲ့ နော့ခရက်ကာဟာ မင်းသားဂျော့ချ်ဖြစ်နေခဲ့ပြီး မာရီလိုပဲကျိန်စာကြောင့် အရုပ်အဖြစ်ပြောင်းသွားမှန်းသိရတဲ့အခါမှာတော့...... မာရီ၊ မင်းသားဂျော့ချ်နဲ့ မာရီရဲ့အရုပ်လေးတွေက ကျိန်စာပြယ်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို comedy, romance ဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size :(1.6GB) and (697MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Animation, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by  Yee Wai Encoded by Phyo Pyae

Drama • Fantasy • Romance • Thriller
6.8 2022 88 mins
The Nutcracker and The Magic Flute
Heaven
5.9

Imdb-6.7/10 ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ် လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ် စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် ‌ တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကို ရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီး လူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ် ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် ‌အချိန်မပေးနိုင်ဘဲ အေးတိအေးစက်‌ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာတွေ Tempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲ)၊ကို ကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ drama mystery ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…1.8GB / 861MB Quality…1080p HQ AVC AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Allena & Kham Mon & Kevin Ag & Yunni

Mystery • Thriller
5.9 2019 90 mins
Heaven
Frank and Penelope
7.5

Ridley Scottရဲ့ နာမည်ကျော် ရုပ်ရှင်ဖြစ်တဲ့ Thelma & Louise အငွေ့အသက်အပြည့်နဲ့ ရိုက်ကူးထားပြီး နာမည်ပါ အဓိကဇာတ်ကောင်၂ကောင်ရဲ့ နာမည်လိုက်ပေးထားတဲ့ ရုပ်ရှင်ပါ။ Thelma & Louise ကို ထည့်ပြောထားသလို ဇာတ်လိုက်ကလည်း ရုပ်ရှင်ထဲကလိုပါ လိုက်လုပ်ချင်တဲ့သူကို ဇာတ်ကောင်အဖြစ်ပြသထားတာပါ။ ဇာတ်လမ်းကတော့ စစချင်းမှာတော ShawShankလို မိန်းမဖောက်ပြန်နေတာကို ပက်ပင်းမိတဲ့ယောက်ျားနဲ့ စထားတယ်။ တုံ့ပြန်ပုံတော့မတူဘူးပေါ့။ သေနတ်နဲ့ပစ်မသတ်ဘဲ သူ့ဘာသာThelma & Louiseကားထဲကလို ကားပတ်မောင်းရင်း ချောက်ကြီးထဲကားမောင်းချဖို့လုပ်တယ်။ ဒီနောက် ကလပ်သွားရင်း အဖော်အချွတ်မယ်လေးရဲ့ ညုလုံးတွေအောက် မျောသွားပြီး ကောင်မလေးကို ကယ်လာခဲ့တယ်။ နောက်ကောင်မလေးနဲ့ သူ့အစီအစဉ်အတိုင်း ကားပတ်မောင်း လျှောက်သွားရင်း ပဟေဠိဆန်ဆန်ဂိုဏ်းတစ်ဂိုဏ်းနဲ့တွေ့တယ်။ ကားအမျိုးအစားက Mysteryဆိုတော့ ပဟေဠိဆန်ဆန်ဖြစ်နေဖို့လိုတယ်မလား။ ဒီကားက Thelma & Louiseကို အငွေ့ယူရိုက်ထားပေမဲ့ သူပဟေဠိဆန်ဆန်ဇာတ်အိမ်လုပ်ထားပုံကလည်း ထူးတော့ထူးပါတယ်။ ဇာတ်လမ်းတစ်ပုဒ်လုံးက စလာကတည်းက စာအုပ်ဖတ်ပြနေတာမို့ ပြီးပြီးသားဖြစ်နေပေမဲ့ အဖြေကိုမသိရတဲ့ကားမျိုးပေါ့။ ပဟေဠိဆန်ဆန်ရုပ်ရှင်တွေလည်းကြိုက် ခပ်ဆန်းဆန်းတင်ပြပုံတွေလည်းကြိုက်ရင်တော့ ဒီရုပ်ရှင်ဟာ ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကိုက အဖော်အချွတ်မယ် ဖြစ်နေတာမို့ လိင်မှုခန်းတွေအများကြီးပါတဲ့အတွက် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ --- ပါ ) File Size__( GB) / ( MB) Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:53:00 Type__Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt

Drama • Romance
7.5 2022 112 mins
Frank and Penelope
Gundala
6.3

ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။ BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီး လစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။ အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။ အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။ သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။ အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ငွေကြေးအခက်အခဲကြောင့် ဆန်ချာကာအမေဖြစ်သူဟာ တစ်နေ့မှာ အပြင်ထွက်အလုပ်ရှာရင်းအပြီးတိုင်ပျောက်သွားခဲ့ပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ဆန်ချာကာလေးဟာ အိမ်ကနေထွက်၊ ကြုံရာလိုက်တောင်းရမ်းရင်း တခြားကလေးတွေလိုက်ရိုက်တာခံခဲ့ရပါတယ်။ ဆန်ချာကာကို နောက်ထပ်မိဘမဲ့လေးတစ်ယောက်က ကယ်တင်ခဲ့ပြီး နောက်နောင်ကိုယ့်ကိုယ်ကိုကာကွယ်နိုင်အောင် သိုင်းတွေလည်း သင်ပေးခဲ့လိုက်ပါတယ်။ ဒီလိုနဲ့ သိုင်းလည်းတတ် ၊ ကိုယ်ကိုယ်၌ကမသိသေးတဲ့အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ဆန်ချာကာလေးဟာ နောက်ထပ်ဆယ်နှစ်လောက်ကြာတဲ့အခါမှာတော့.... ဒီဇာတ်ကားလေးဟာ comic ကိုအသက်ပြန်သွင်းထားတဲ့ BumiLangit Cinematic Universe ရဲ့ ပွဲဦးထွက်ဇာတ်ကားဖြစ်တာကြောင့် Gundala စတင်ဖြစ်လာပုံတွေ၊ Hero အသစ်တွေနဲ့ သူတို့ရဲ့ ဗီလိန်တွေကို မိတ်ဆက်တဲ့ ကနဦးဇာတ်ကားအနေနဲ့ပဲရှိပါသေးတယ်။ ဒါပေမယ့် ထင်ရက်စရာမရှိတာက ဇာတ်လမ်းကို အတတ်နိုင်ဆုံးဇာတ်အိမ်ကောင်းကောင်းဖွဲ့ပြီး ဗီလိန်နဲ့ ဟီးရိုးတွေကိုမိတ်ဆက်ပေးသွားတာပါပဲ။ စူပါဟီးရိုးကားသာဆိုပေမယ့် အချိတ်အဆက်မိတဲ့ အက်ရှင်ခန်းလေးတွေကလည် း The Raid ဇာတ်ကားထက်မလျော့တဲ့ ခံစားမှုမျိုးကိုပေးစွမ်းတာမို့ အားရစရာကောင်းလှပါတယ်။ IMDB Rating ကလည်း 7/10 တောင်မှဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်ကတော့ ကျွန်တော် သဲသွေး (နေရဲနီ)ပဲဖြစ်ပါတယ်။ File Size : (900 MB)  Quality : WEB-DL 720p Running Time : 2hr 03min Format : Mp4 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL AAC x264-NonDRM Translated by Nay Yell N Encoded by Thanhtike Zaw

Romance
6.3 2019 123 mins
Gundala
Shangri-La Suite
5.1

Kill the King (0r) Shangri-La Suite (2016) ============================= ဂျက်ဘလူးဘလဒ်ဟာ ကံဆိုးတဲ့ဂေါက်ဘဲတစ်ပွေပဲ။ မိခင်ဟာ မီးတွင်း ထဲမှာပဲဆုံးပါးခဲ့တယ်။ အဲဒီအတွက်သူ့ကို ခွင့်မလွှတ်နိုင်တဲ့အဖေနဲ့ ကြီး ပြင်းခဲ့ရတယ်။ ငယ်စဉ်တောင်ကျေးထဲက ဖခင်ရဲ့အငြိုးကြီးစွာနဲ့ရိုက်နှက် မှုကိုခံရင်း အရွယ်ရောက်ခဲ့ပေါ့။ ရော့အင်ရိုးလောကရဲ့ဘုရင်တစ်ပါးလို့ တင်စားကြတဲ့ အဲလ်ဗစ်ပရတ်စလေ(Elvis Presley) ဟာသူ့ဘဝရဲ့ကိုး ကွယ်ရာဖြစ်ခဲ့တယ်။ အထီးကျန်ညတွေကို အဲလ်ဗစ်သီချင်းတွေနားထောင် ရင်းကျော်ဖြတ်ခဲ့ရ။ နောက်ပိုင်းအရွယ်ရောက်လာတော့ ဆေးစွဲပြီး ဆေး ဖြတ်ခန်းကိုပို့ခံခဲ့ရတယ်။ အဲလ်ဗစ်ကိုလည်း ခင်ဗျားတော့ လိုင်းကြောင် နေပြီဘာညာရေရွတ်လို့ပေါ့။ အဆိုပါ ဆေးဖြတ်ခန်းမှာပဲ သူဟာ ကယ်ရင် ဘဒ် ဆိုတဲ့ မိန်းမချော လေးနဲ့တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့တယ်။ နောက်တော့ နှစ် ယောက်သား အတူတူထွက်ပြေးပြီး အဲလ်ဗစ်ပရတ်စလေကို လုပ်ကြံသတ် ဖြတ်ဖို့ခရီးနှင်ခဲ့ကြတယ်။ ဇာတ်လမ်းကတော့ဒါပါပဲ။ ၁၉၇၄ နွေရာသီ၊ ကိုယ်စီကိုယ်စီအိပ်မက်တွေနဲ့ ချစ်သူနှစ်ယောက်၊ ဂေါက် ဘဲရဲ့ဘဝရည်မှန်းချက်ကရှင်းရှင်းလေး အဲလ်ဗစ်ကိုသတ်မယ်။ ဒီဇာတ်လမ်းမှာ ကောင်မလေးအကြောင်းလည်းနည်းနည်းထည့်ပြောရလိမ့်မယ်။ သူနေထိုင်တဲ့ လူ့အဖွဲ့စည်းကို စိတ်ကုန်နေတဲ့အမျိုးသမီးငယ်တစ်ယောက်။ ကောင်းကောင်း မွန်မွန်ကြီးပြင်းခဲ့ပေမယ့် မိသားစုနဲ့အစေးမကပ်သူ။ ကဗျာတွေရေးတယ်။ သူများတွေမတွေးမိတာတွေတွေးပြီး ငေးချင်ငေးမယ်။ ရှင်သန်ခြင်းအပေါ်မှာ တုံဏိဘာဝေဖြစ်နေသူ။ ဂျက်နဲ့တွေ့တော့ ဂျက်ရဲ့စောက်ဂရုမစိုက်တဲ့ အထာတွေ၊ ကမူးရှူးထိုးပုံစံတွေ၊ ထီမထင်တဲ့ပြောပေါက်တွေဟာ သူမကိုကိုင်လှုပ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီမှာ ဇာတ်လမ်းစခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ အင်ဒီဒရမ်မာအမျိုးစားလို့ပြောလိုရတယ်။ ကင်မရာကိုလက်နဲ့ပဲကိုင် ရိုက်ထားတဲ့အခန်းတွေမှာ တုန်နေတဲ့ရိုက်ချက် များစွာပါဝင်ပါတယ်။ သဘာဝ အလင်းရောင်ကိုအသားပေးရိုက်ထားပြီး၊ အဝေးမှ ဆွဲရိုက်ချက်တွေလည်းအများ ကြီးပါ။ နောက်ဆုံးတစ်ခုအနေနဲ့ကတော့ ဒီရုပ်ရှင်ဟာ ပြဇာတ်ဆန်တာပါ။ ဇာတ် ကြောင်းပြောသူဟာ ရုပ်ရှင်တစ်လျှောက် နောက်ခံအသံဖြင့်ရှင်းလင်းပြောပြနေပြီး ဇာတ်ကောင်တွေဟာ တစ်ယောက်ကိုတစ်ယောက်ပြောစရာရှိမှပဲ စကားကိုပြော ကြပါတယ်။ ဒီအတိုင်းပေါ့ပေါ့ပါးပါး ခံစားချင်တဲ့ စူးစမ်းလေ့လာမှုအခြေခံနဲ့ကြည့် မယ်ဆိုရင်တော့ ခံစားမှုတစ်ခုခုပေးမှာ အသေချာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်) File Size……….(1.44 GB) / (643 MB) Quality…………Blu-Ray 1080p / 720p Duration………1Hr 30Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Crime, Drama Translator…….Kaung Paing Encoder……….SWM

5.1 2016 90 mins
Shangri-La Suite
Prison Flowers
5.9

ဇာတ်ကားတစ်ကားလုံးမှာ အမျိုးသမီးတွေပဲပါတဲ့ ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဟောင်ကောင်ရုပ်ရှင်ကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ဒီဟောင်ကောင်ရုပ်ရှင်လေးက ကြည့်ရှုသူတိုင်းကို ခံစားချက်တစ်ခုခုတော့ ပေးခဲ့မယ်ဆိုတာ သေချာပါတယ်။ 1995 ခုနှစ်က ဟောင်ကောင်ရဲ့အမျိုးသမီးထောင်ထဲမှာ ဖြစ်ပါတယ်။ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ အစ်မတင်ဟာ ဥပဒေကို နားမလည်ပဲ စာချုပ်မှားချုပ်မိတဲ့အတွက် ထောင်ကျခဲ့ပါတယ်။ ထောင်ထဲဝင်ဝင်ချင်း ထောင်ထဲကစီနီယာဖြစ်သူ ယောက်မပေါ်နဲ့ အတိုက်အခံဖြစ်ခဲ့ပါတယ်။ ထောင်ထဲကစည်းကမ်းတွေကို သဘောမကျတဲ့အတွက် လူအများက သူမကို ပယ်ထားခြင်းခံခဲ့ရပါတယ်။ ခိုင်လိက သူမကို ထောင်ပတ်ဝန်းကျင်နဲ့ အသားကျအောင် ကူညီပေးခဲ့ပါတယ်။ အဲ့ကတစ်ဆင့် သဘောကောင်းပြီး ထောင်ထဲက ညီအစ်မတွေကို စောင့်ရှောက်ပေးတဲ့ အမေပေါ်နဲ့ ရင်းနှီးသွားခဲ့ပါတယ်။ ထောင်ထဲမှာ ဂွမ်းထုပ်မလောက်ငမှုကို ဖြေရှင်းဖို့အတွက် အစ်မတင်ဟာ စီးပွားရေးဦးနှောက်ကို အသုံးချပြီး အမေပေါ်နဲ့ပူးပေါင်းပြီးတော့ ထောင်ထဲကညီအစ်မများအတွက် အခက်အခဲတွေ ကူညီဖြေရှင်းပေးပြီး အမျိုးသမီးထောင်ကို ငြိမ်းချမ်းအောင် ကြိုးစားခဲ့ကြပါတယ်။ အစ်မတင်လည်း လူအများရဲ့ချစ်ခင်လေးစားခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ မထင်ထားပဲ အမျိုးသမီးထောင်က လူဆိုးကြီးထန်းကျူးဟွမ်က ထောင်ထဲပြန်ဝင်လာပြီး ထောင်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးခဲ့ပါတယ်။ အစ်မတင်တစ်ယောက် ထောင်တည်ငြိမ်မှုရအောင် ဘယ်လိုကြိုးစားခဲ့သလဲ …… ထန်းကျူးဟွမ်ကရော ဘယ်လိုရက်စက်ယုတ်မာသလဲ…… အစ်မတင်တို့အဖွဲ့ ထန်းကျူးဟွမ်ကို ဘယ်လိုအနိုင်ယူမလဲဆိုတာကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ပါနော်။

5.9 2023
Prison Flowers
The Last Station
6.9

၁၉၁၀ ခုနှစ်က နာမည်ကျော်စာရေးဆရာကြီး တိုစတွိုင်းနဲ့ သူ့ရဲ့ဇနီး ဆိုဖီယာဆို့ဟာ တိုစတွိုင်းရဲ့ စာပေအမွေနဲ့ ပတ်သက်ပြီးတော့ နားလည်မှုလွဲခဲ့ကြပါတယ်. ဆိုဖီယာက အဲဒီ့အမွေတွေကို သူ့ကို ပေးခဲ့သင့်တယ်လို့ ယူဆခဲ့ပေမယ့် တိုစတွိုင်းရဲ့ တပည့်ရင်းဖြစ်တဲ့ ချာ့ဖ်ကော့ဗ်ကတော့ ရုရှားပြည်သူတွေအတွက် ဖြစ်ရမယ်လို့ နားချဖို့ ကြိုးစားပါတော့တယ်. နောက်ဆုံးတော့ ချာ့ဖ်ကော့ဗ်က တိုစတွိုင်ရဲ့အိမ်ထဲကို သူလျှို တစ်ယောက်ထည့်ပြီး အဲဒီ့သူလျှိုက စာရေးဆရာကြီးရဲ့ သမီးတစ်ဦးနဲ့ မေတ္တာမျှကြတဲ့အခါ… ဖြစ်ရပ်မှန်အပေါ် အခြေခံထားပြီး နာမည်ကြီး Red Movie တွေမှာ Main role အနေနဲ့ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Helen Mirren အပြင်, X-men Movie တွေရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ James MaAvoy တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Michael Hoffman ရဲ့ လက်ရာဖြစ်ပါတယ်. File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Drama, Biography, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jo Joe

6.9 2009
The Last Station
Anwar: The Untold Story

Anwar : The Untold Story [2023] နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်… ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့ အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်… နိုင်ငံရေးဆန္ဒပြပွဲတွေ… အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ… နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ… စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက… စတာတွေကို အန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ… လူထုအားကို ဘယ်လို အရယူသွားမလဲ… အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ…. ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ… ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့ အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Biography, Drama, History Quality…. 1080p | 720p File size… 1.2GB | 569MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2023
Anwar: The Untold Story
Polis Evo 3
6.9

Polis Evo 3 (2023) IMDb – 6.9/10 မလေးရှား ရုပ်ရှင်စီးရီးတွေထဲမှာ နံပါတ်တစ်နေရာယူထားတဲ့ Polis Evoရုပ်ရှင်စီးရီးရဲ့သုံးကားမြောက်ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဘတ်ဂျတ်အများကြီး သုံးမထားပေမဲ့ အဆင့်အတန်းရှိရှိ ပုံဖော်ရိုက်ကူးထားတဲ့အတွက် ကားတိုင်းမှာ ရုံတင်ငွေအဆပေါင်းများစွာပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေလည်း ဖြစ်ပါတယ်။ ရှေ့နှစ်ကားမှာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အခွီဗားရှင်းတွေ ကြည့်ရှုခံစားခဲ့ရပြီး ဒီကားမှာဆိုရင်လည်း နောက်ထပ်မစ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ အင်စပက်တာကိုင်ရဲ့ ပါတနာဟောင်း ရီဇာဆိုတဲ့လူက စစ်ဆင်ရေးတစ်ခုပြီးတဲ့နောက်ပိုင်းမှာ ရဲကနေ လူမိုက်ဖြစ်သွားခဲ့တယ်။ ဒါကို အင်စပက်တာကိုင်နဲ့ ဆာနီတို့တွေ လူမိုက်ခေါင်းဆောင်ဖြစ်သွားတဲ့ ရီဇာနဲ့ဖြေရှင်းရမှာပါ။ ရီဇာက ရဲအဖွဲ့ဝင်တွေကိုပဲ သတ်နေတော့ အဖွဲ့ဝင်ဟောင်းအတွက် ဒီတာဝန်က ကိုင့်ခေါင်းပေါ်ပဲ ရောက်လာခဲ့တယ်။ ထုံးစံအတိုင်း ကိုင်နဲ့ဆာနီတို့ နှစ်ယောက် ဘယ်လိုအလွဲတွေနဲ့ ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။ (aungmo3han ဘာသာပြန်ထားပါတယ်) Genre….. Action, Adventure, Comedy Quality…. 1080p | 720p File size… 1.6GB | 843MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.9 2023
Polis Evo 3
Peach Blossom Origin
5

Peach Blossom Origin (2023) ==================== ခူရွီးနဲ့ ရှန်းဂူ စစ်ပွဲတွေမှာ နဂါးနီအစည်းအရုံးက အရေးနိမ့်ပြီး လူပြည်လောကကနေ နှောင်ထုတ်ခံလိုက်ရပါတယ်… နတ်ဆိုးနယ်မြေလို့ သတ်မှတ်ထားတဲ့ မီးတောက်နယ်မြေက ခေါင်းဆောင်ယန်ကတော့ ဒါကို လက်မခံနိုင်ဘဲ တစ်ချိန်လုံး လူ့ပြည်လောကကို ပြန်သိမ်းပိုက်ဖို့ ကြိုးစားနေတာပေါ့ ဒါပေမယ့် အဲ့လို လူပြည်ကို ပြန်သွားဖို့ဆိုရင် အစောင့်အရှောက်မြေပုံ လိုပါတယ် အဲ့အစောင့်အရှောက်မြေပုံကို သူတော်စင်တွေက ဘယ်မှာ၀ှက်ထားကြလဲ နတ်ဆိုးတွေက ဘယ်လိုရအောင်ရှာပြီး လူလောကကို ချုပ်နှောင်ဖို့ကြိုးစားကြမလဲဆိုတာကို ကြည့်ကြရမှာပါ.. ( ဘာသာပြန်ပြီး အညျွန်းရေးသားထားသူကတော့ Chen ပါ ) File size_(1.4GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:12:00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Chen

Comedy • Romance
5 2023
Peach Blossom Origin
Fateh
7.3

Fateh (2025) “အွန်လိုင်းကလူလိမ်များ သတိထား” IMDb – 7.3/10 မင်းသားကြီး ဆိုနူးဆွဒ် ဒါရိုက်တာအဖြစ် ပထမဆုံး ဖန်တီးရိုက်ကူးတဲ့ရုပ်ရှင်။ သူ့ကို မြန်မာပရိသတ်တော်တော်များများသိကြတာ Ramaiya Vastavaiya (2013)ရုပ်ရှင်မှာ ညီမဖြစ်သူကိုသိပ်ချစ်ပြီး မြင်းရုပ်ကလေးလုပ်ပေးတဲ့ အစ်ကိုကြီးအဖြစ်နဲ့ပေါ့။ ဒီရုပ်ရှင်မှာတော့ သူကိုယ်တိုင်ပဲ အဓိကနေရာက ပါဝင်ထားပြီး အကြမ်းစားအက်ရှင်တွေနဲ့ ရှယ်ကြမ်းပြထားတာပါ။မင်းသမီးကလည်း ညှို့အားပြင်းလှတဲ့ ဂျာကွာလင်းဖာနန်ဒက်ပဲဖြစ်ပါတယ်။ ခေတ်မီလာတာနဲ့အလျောက် ရာဇဝတ်မှုတွေကလည်း ခေတ်မီပြောင်းလဲလာခဲ့ကြတယ်။ ဒါကိုအမီမလိုက်နိုင်တဲ့ရိုးအလွန်းသူတွေအတွက်က ငွေကြေးရော အသက်ရောဆုံးရှုံးကြရတာကို ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပေါ့။ နည်းပညာကို တီးမိခေါက်မိရှိပါတယ်ဆိုတဲ့သူတွေတောင် ခံကြရတာ ဒုနဲ့ဒေးလေ။ ဒီရုပ်ရှင်မှာလည်း ဆိုက်ဘာရာဇဝတ်ကောင်တွေက ရိုးသားတဲ့လူတွေရဲ့စိတ်ကိုအသုံးချပြီး သူတို့အကျိုးအမြတ်အတွက် ဘာကိုမှမကြည့်ဘဲ မိုက်ရိုင်းရက်စက်ယုတ်မာကြတာကို မြင်တွေ့ရမှာပါ။ ပန်ဂျပ်က ရွာလေးတစ်ရွာမှာ နို့ထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ဖာတေ့ဂျ်။ ကျေးလက်သဘာ၀အတိုင်းရပ်ဆွေရပ်မျိုးတွေ မိသားစုလို ချစ်ခင်စွာနေထိုင်ကြတာပေါ့။ တစ်နေ့တော့ ရွာသားတွေကို ကူညီချင်တဲ့တောသူမလေး နင်မ်ရတ်ကြောင့် တစ်ရွာလုံး အွန်လိုင်းကနေ လိမ်ညာခြင်းကိုခံလိုက်ရပါတော့တယ်။ ဒီမှာပဲ အထူးတပ်ဖွဲ့ဟောင်းတစ်ယောက်ဖြစ်ခဲ့သူ ဖာတေ့ဂျ်တစ်ယောက် ငြိမ်မနေနိုင်တော့ဘဲ အွန်လိုင်းဒုစရိုက်လုပ်ငန်းကြီးကို ဖြိုဖျက်ဖို့ရာ ကြိုးပမ်းပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Animation • Family • Comedy
7.3 2025 131 mins
Fateh
Jail
6.2

Jail (2009) “ဘဝတစ်ကွေ့” ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ၂၀၀၉ ခုနှစ်က ထွက်ရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ ဟင်ဒီစကား‌ပြော ဒရာမာဇာတ်‌လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါရာ့ဂ်ဟာ ရုပ်ရည်သန်ပြန့်ချောမောတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ။ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ကောင်းကောင်းရထားပြီး ချစ်သူချောချောလေးလည်း ပိုင်ဆိုင်ထားပါတယ်။ သိပ်မကြာခင်မှာပဲ အလုပ်ရာထူးလည်းတိုးသွားတာကြောင့် ပါရာ့ဂ်ရဲ့ရှေ့ရေးဟာ ဖြောင့်ဖြူးလို့ပေါ့။ ဒါပေမဲ့ ‌တစ်နေ့တော့ အဲဒီလိုအလားအလာကောင်းနေတဲ့ သူ့ဘဝကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒါကတော့ လူပေါင်းမှားသွားတဲ့ အဖြစ်ပါပဲ။ လူပေါင်းမှားရာက သူပါ ပြစ်မှုတစ်ခုမှာ အပြစ်မရှိဘဲ ရောယောင်အဖမ်းခံလိုက်ရပါတော့တယ်။ အဲဒီလိုနဲ့ အမှုစစ်ဆေးဆဲကာလ ထောင်ထဲမှာ အကျဉ်းသားဘဝနဲ့ ပါရာ့ဂ်တစ်ယောက် ဘယ်လိုအရာတွေကို ရင်ဆိုင်ရမလဲ၊ အကြောင်းတွေတိုက်ဆိုင်လွန်းပြီး သက်သေပြဖို့ခက်တဲ့ အမှုမှာ အမှန်တရားပေါ်ပေါက်လာနိုင်ပါဦးမလားဆိုတာကို ဆက်လက်ရှူစားကြရမှာ ဖြစ်ပါတယ်။ လူပေါင်းတစ်ခါမှားတာနဲ့ တစ်သက်တာ ဘယ်လိုခံစားသွားရနိုင်လဲဆိုတာ ပညာယူစရာ ‌ တွေးတောဆင်ခြင်စရာတွေအများကြီးမို့ တကယ်ကြည့်ရတန်မဲ့ ဇာတ်လမ်း‌ကောင်းတစ်ပုဒ်အဖြစ် ညွှန်းဆိုပေးလိုက်ပါရစေ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Horror • Thriller
6.2 2009 155 mins
Jail
Tiyaan
6.4

Tiyaan (2017)”ဗျာဒိတ်” ==================== ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ဘာသာရေး လျှို့ဝှက်သည်းဖို အက်ရှင်ရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ နာမည်ကြီး မာလျာလမ်မင်းသားတွေဖြစ်ကြတဲ့ အင်ဒရာဂျိသ်ဆူကူမာရန်နဲ့ ပရီသ်ဗီရာ့ဂျ်ဆူကူမာရန်တို့အပြင် မင်းသားကြီး မိုဟန်လာလ်ကလည်း နောက်ခံစကားပြောသူအနေနဲ့ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ အေဒီ ၉ ရာစုလောက်တုန်းက တောင်တန်းတွေပေါ်မှာ တရားကျင့်နေတဲ့ ဂုရုကြီးတွေရဲ့ ဂုရုကြီးက သူသိထားတဲ့တရားတွေဟောဖို့ အိန္ဒိယမြောက်ပိုင်းလွင်ပြင် ကန္တာရထဲကို ဆင်းလာတယ်။ အဲဒီကန္တာရထဲမှာ သူ့အဆုံးအမကိုလိုက်နာတဲ့သူတွေရဲ့ မျိုးနွယ်တွေ နေထိုင်ကြတယ်။ ဂီရီကတော့ အဲဒီမျိုးနွယ်ထဲကဆင်းသက်လာတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ယောက်၊ သူ့ကို တစ်ရွာလုံးက လေးစားကြတယ်။ ဘာသာပေါင်းစုံ အတူတူနေကြတဲ့ သူတို့ရွာလေးကို မဟာရှေဆိုတဲ့ဘုရားကို ကိုးကွယ်တဲ့ လူကုန်ထံတစ်ယောက်က ဘုရားကျောင်းဆောက်ဖို့အတွက်ဆိုပြီး လူမိုက်တွေနဲ့ တစ်ရွာလုံးကို ရွှေ့ခိုင်းတယ်။ ဂီရီက အဲဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ မိုဟာမက်ဆိုတဲ့ မူဆလင်လူငယ်တစ်ယောက်နဲ့အတူ ဘာသာရေးအဓိကရုဏ်းတစ်ခုထဲ အတူပိတ်မိသွားပြီး လွတ်မြောက်ဖို့ ကြိုးစားကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6.4 2017 168 mins
Tiyaan
Gemma Bovery
6.4

Gemma Bovery (2014) IMDb Rating (6.4)/ Rotten Tomatoes (54%) Gustave Flaubert ရဲ့ဂန္ဓဝင်၀တ္ထုကြီးဖြစ်တဲ့ “Madame Bovary” ကိုခေတ်သစ်ဗားရှင်းအနေနဲ့ဟာသနှောပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ ဂျမ်မာဘိုဗာရီဟာ လန်ဒန်ကနေ ပြင်သစ်နိုင်ငံနော်မန်ဒီရဲ့ကျေးလက်ဒေသကိုပြောင်းရွှေ့လာတဲ့ဗြိတိန်အမျိုးသမီးလေးဖြစ်ပြီး သူ့ဘ၀နောက်ခံအခင်းအကျင်းနဲ့အပြုအမူတွေဟာ “Madame Bovary” ထဲက Emma Bovary နဲ့သိပ်တူနေပါတယ်။ ဒါကိုသတိထားမိတဲ့သူကတော့ သူတို့ရဲ့အိမ်နီးချင်းမုန့်ဖုတ်သမား မာတင်ဂျူဘေးဖြစ်ပြီး ဂျမ်မာရဲ့ဘ၀ကို အမ်မာနဲ့အမြဲ နှိုင်းယှဉ်ချိန်ထိုးကြည့်လေ့ရှိပါတယ်။ အဲ့ဒီလိုကြည့်ရင်းလေ့လာရင်းက ဂျမ်မာ့ဘ၀ဟာ အမ်မာလို အဆုံးသတ်သွားမှာစိုးရိမ်စိတ်နဲ့ ဂျမ်မာဘ၀ရဲ့အဖြစ်အပျက်တွေထဲမှာ ကိုယ်တိုင်ဝင်ပါ ဝင်စွက်မိပါတော့တယ်။ ဂျမ်မာဘိုဗာရီအဖြစ် Hansel and Gretel ထဲက ဗြိတိန်မင်းသမီးချော Gemma Arterton က ခမ်းနားစွာပုံဖော်ခဲ့ပြီး လှပတဲ့ပြင်သစ်ကျေးလက်ဒေသရှုခင်းတွေနဲ့အတူ ရှုစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ ခေတ်သစ်အနေနဲ့ပြန်အသက်သွင်းပြီး ဟာသနှောထားပေမယ့် မူရင်း၀တ္ထုကိုသစ္စာရှိခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေရဲ့ အကောင်းမြင်မှတ်ချက်တွေကိုလည်းရရှိထားပါတယ်။ Gemma Arterton ရဲ့ အလှအပတချို့နဲ့ ဇာတ်အိမ်တည်ထားတဲ့အခန်းတချို့ပါတာကြောင့် မိသားစုနဲ့တော့ ကြည့်ဖို့မပြေလောက်ပါဘူး။

Thriller
6.4 2014 99 mins
Gemma Bovery