YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

No Mercy (2025) E06 1080p WEB-DL [RMC].mp4

689.64 MB N/A video/mp4 4 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Meg
6.2

The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဆိုတဲ့အကောင်ကြီးက ရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ် နာမည်ကျော် အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး တရုတ်မင်းသမီးချောလေး Li Bingbing လဲ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်း ပုံစံကတော့... မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာ ရေအောက် အနက်ဆုံးကြမ်းပြင်ထိ လေ့လာရေးအဖွဲ့ကို ရေငုတ်ယာဉ်ငယ်တစ်စင်းနဲ့ စေလွှတ်ပြီး မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်.... အဲ့ဒီ အနက်ဆုံးရေအောက်ကြမ်းပြင်ဆိုတာ ကြောက်မက်ဖွယ်ကောင်းတဲ့ နှစ်ချို့ သတ္တဝါကြီးတွေ ကျက်စားရာဒေသ ဖြစ်ပြီးတော့ အမျိုးအမည်မသိ သတ္တဝါ အချို့ ရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ရေငုတ်ယာဉ်ငယ်ဟာ လေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။ ဒီပြသနာတွေကိုဖြေရှင်းဖို့အတွက် ဂျိုးနက်စ်ဆိုတဲ့ တလောကလုံးကို အဆက်ဖြတ်ပြီး ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူကို သွားပင့်ရပါတော့တယ် အင်မတန် ချေနေတဲ့ ဂျိုးနက်စ်က ပိုက်ဆံဘယ်လောက်ပေးပေး ဖျင်မကြွဘူး မလိုက်ဘူးဆိုပေမယ့် အဲ့ဒီပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယာဉ်ငယ်ထဲမှာ သူ့ Ex ပါ ပါသွားတာကို သိလိုက်ရတဲ့နောက်မှာတော့ ဒါကိုတော့မလွန်ဆန်နိုင်တော့ဘဲ ဖျင်ကြွပြီး ကယ်ဆယ်ရေးလုပ်ဖို့ ပြသနာနေရာကို လိုက်သွားပါတော့တယ်... ဂျိုးနက်စ်တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင်မှာ ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်လို ကယ်တင်မှာလဲ မမြင်ရတဲ့ သတ္တဝါကြီးတွေကရော ဘာကောင်ကြီးတွေဖြစ်နေမလဲဆိုတာ.......။ File size…(6.2 GB)/(2 GB)/ (1.2 GB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:53:13 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by May Thu

Comedy
6.2 2018 113 mins
The Meg
Unwelcome
5.9

Jamie နဲ့ Maya တို့လင်မယားက Maya ကိုယ်ဝန်ရှိခါစမှာ လူရမ်းကားသုံးယောက်က သူတို့အိမ်ကို အတင်းဝင်လာပြီး သူတို့လင်မယားကို ရိုက်နှက်ခဲ့လို့ စိတ်ဒဏ်ရာတွေကိုယ်စီ ရနေကြပါတယ်။ Maya မီးဖွားခါနီးမှာ အိုင်ယာလန်က Jamie ရဲ့အဒေါ်ဆုံးသွားပြီး အမွေပေးခဲ့တဲ့ ကျေးလက်အိမ်လေးမှာ ဘဝသစ်စလို့ရအောင်၊ ကလေးအေးအေးဆေးဆေးမွေးလို့ရအောင်ဆိုပြီး ပြောင်းလာကြပါတယ်။ သူတို့အဒေါ်အိမ်က ဥယျာဉ်အကျယ်ကြီးရယ် အိမ်အကြီးကြီးရယ်ဆိုတော့ သူတို့လင်မယားပျော်နေကြပါတယ်။ ဒါပေမယ့် သူတို့အဒေါ်က ခြံထဲက သစ်သားအိမ်လေးရှေ့မှာ ညနေတိုင်း အသည်းအစိမ်းချကျွေးတာကို မပျက်မကွက် နေ့တိုင်းလုပ်ဖို့ မှာခဲ့ပါတယ်။ သူတို့တွေက သဘာဝလွန်ကိစ္စတွေကို အယုံအကြည်မရှိတဲ့သူတွေဆိုတော့ နေ့တိုင်းကျွေးဖို့ မေ့တာမျိုးတွေ ရှိလာပြီး ဘာတွေဆက်ဖြစ်လာမလဲ၊ သစ်သားအိမ်လေးနောက်ကွယ်မှာ ဘာသတ္တဝါတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… l.7GB | 814MB | 393MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Drama
5.9 2023 104 mins
Unwelcome
The Emigrants
6.1

ဒီကားလေးကတော့ ၂၀၂၁ မှာ ထွက်ရှိတဲ့ ဆွီဒင် ဥရောပ ဇာတ်ကားလေးပါ။ 1970 မှာ ရိုက်ခဲ့တဲ့ နာမည်တူ ဆွီဒင်ဇာတ်ကားကိုပဲ remake ပြန်ရိုက်ထားတာပါ။ သမိုင်းနောက်ခံ အချက်အလက်မှန်မှန်နဲ့ ရင်ထဲထိအောင် ရိုက်ပြနိုင်တဲ့ ဥရောပ ဒရာမာကား ကောင်းကောင်းကို ကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ပထမကမ္ဘာစစ်မဖြစ်ခင် 1840 ဝန်းကျင်တဝိုက် ဆွီဒင်မှာ သီးပင်စားပင်စိုက်ရခက်ပြီး စားနပ်ရိက္ခာရှားပါး ငတ်ပြတ်နေချိန် အော်စကာနဲ့ ခရစ္စတီးနားတို့ လင်မယား ကလေးတွေရှေ့ရေးအတွက် အမေရိကကို လှေနဲ့သွားပြီး ပြောင်းရွှေ့အချေချဖို့ လုပ်ကြတယ်။ အဲ့အချိန်က အမေရိကန်ဟာ နိုင်ငံစတည်ကာစ ဖြစ်ပြီး လူ့အခွင့်အရေးအပြည့်အဝရတဲ့ လွတ်လပ်သောနိုင်ငံ တစ်ခုဖြစ်နေတဲ့အချိန်ပေါ့။ ခင်ပွန်းဖြစ်သူက မိသားစုရှေ့ရေးအတွက် အမေရိကမှာ အခြေချဖို့ မကြောက်ပေမယ့် ခရစ္စတီးနားကတော့ သမားရိုးကျဆန်တဲ့ ဘာသာရေး ကိုးကွယ်သူ ပီပီယဥ်ကျေးမှု မတူတဲ့ အရပ်ဟာ သူ့အတွက်နေပျော်မယ့် အရပ်ဖြစ်ပါ့မလားတွေးရင်း ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကားကို ပြောင်းရွှေ့အခြေချဖိို့ လိုက်ခဲ့တာပေါ။ ဒီကားထဲမှာ ဘာသာရေးအယူဝါဒကွဲပြားမှုကြေင့် ချစ်ခင်ကြသူတွေ သွေးကွဲကြတယ်ဆိုတဲ့ သဘောကို တွေ့ရပါတယ်။ ရှေးရိုးဆန်တဲ့ အယူဝါဒတွေနဲ့ လူကိုလူလိုမြင်တတ်မှု လူသားဆန်မှုတွေကြား ခရစ္စတီးနားတစ်ယောက် လမ်းမှန်ကို ရွေးလျှောက်နိုင်ပါ့မလားဆိုတာကို ရင်ထဲ တနင့်နင့် ခံစားကြည့်ရှုရမှာပါ။ ကိုယ်ချစ်တဲ့ မွေးရပ်​မြေနဲ့ ဝေးပြီး ရေခြားမြေခြားမှာ လာအ​ခြေချရတဲ့ အမေတစ်ယောက် ဇနီးမယားတစ်ယောက်ရဲ့ အတွေးလွန်ဆွဲမှု ၊ ခံစားချက်ပုံပြင်လေးကို တေးသီချင်းတစ်ပုဒ်လို အနုပညာမြောက် လှပစွာ သရုပ်ဖော်ထားတဲ့ ဇာတ်ကားတစ်ကောင်းတစ်ခုပါ။ ဥရောပ က တစ်ကားဆိုတစ်ကား အဆင့်ရှိ အနှစ်မိတဲ့ ဇာတ်ကားတွေ ထွက်ထွက်လာတတ်တာမို့ မကြည့်မဖြစ် ကြည့်သင့်တဲ့ ဥရောပ ဒရာမာကားကောင်းပါ File size…2.34Gb / 1GB Quality…1080p BluRay AAC5.1Ch / 720p Format…mp4 Duration….2h 28m Subtitle….Myanmar SUbtitle (Hard Sub) Encoder….YK Translated by V

Action • Adventure • Crime • Thriller
6.1 2021 148 mins
The Emigrants
Teenage Mutant Ninja Turtles: Out of the Shadows
6

Teenage Mutant Ninja Turtles မြန်မာစာတန်းထိုးနဲ့ အကြည်ရပါပြီ။ ဒီ နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။ (ဇာတ်လမ်း အညွန်းနဲ. ဘာသာပြန်သူကတော. Moe Myint Lwin ပဲဖြစ်ပါတယ်) File size…(982 MB) Quality… WEB.DL 720p Format…mp4 Duration….01:52:00 Subtitle….Myanmar Subtitle (Hardsub) Translator....Moe Myint Lwin Encoder…Thanhtike Zaw

Action • Adventure • Science Fiction
6 2016 112 mins
Teenage Mutant Ninja Turtles: Out of the Shadows
Strangeness (or) La Stranezza
6.9

Strangeness (or) La Stranezza (2022) ========================== IMDb Rating – 6.9/10 ဒီ အီတလီကားလေးကတော့ ၁၉၂၀ ဝန်းကျင် ပြဇာတ်ရေးဆရာ အဖြစ်နာမည်ကြီးပြီး စာပေနိုဘယ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီက အနုပညာရှင် လူဝီဂျီပီရန်ဒယ်လိုကို ဇာတ်ကောင်အဖြစ် ရိုက်ကူး ထားတဲ့ အီတလီ ပြဇာတ် ဘဝသရုပ်ဖော် ဟာသဒရမ်မာလေးပါ။ ဟာသဆိုပေမဲ့ ဒီတိုင်းရယ်နေတာမျိုး မဟုတ်ပဲ အနီးစပ်ဆုံးပြော ရရင် ကိုတင့်တို့ ရပ်ကွက်ထဲမှာ ကာတွန်းလိုမျိုး လူအမျိုးမျိုး အလွဲလွဲအချော်ချော် ဖြစ်သလိုမျိုးလေးတွေပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဆစ်စီလီမြို့မှာ သုဘရာဇာလုပ်ရင်း ပြဇာတ်ရေးဆရာလုပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ် ဘတ်စတီယာနိုနဲ့ အိုနိုဖရီယို ဆိုတာပေါ့။ သူတို့ရဲ့ ပထမဆုံး ပြဇာတ် ကို ပွဲထုတ်ဖို့ ပြင်နေတာလည်း ဖြစ်တယ်။ လူနှစ်ယောက်ရေးတာ ဆိုပေမဲ့ တစ်ယောက်တစ်မျိုးရယ်ပါ၊ တစ်ယောက်က ဟာသချတယ်၊ တစ်ယောက်က ဒရမ်မာချတယ် ဒါကို မရရအောင် ကကြမယ့်လူတွေ။ တစ်ရက်ကျ သူတို့မြို့ကို အထက်မှာ ရေးခဲ့သလို ဆရာကြီးဖြစ်တဲ့ လူဝီဂျီဆိုသူက သူ့နို့ထိန်း သေဆုံးသွားခဲ့လို့ ဒီနှစ်ယောက်နဲ့ မြေမြုပ် တဲ့အချိန် အုတ်ဂူမရတဲ့ပြဿနာကနေစပြီး သုံးယောက်သား မထင် မှတ်ထားတာတွေ ဖြစ်လာတဲ့အကြောင်းပါ။ ကြားထဲမှာ ဒီနှစ်ယောက်ရဲ့ ပြဇာတ်အဖွဲ့ကလူတွေရဲ့ ဘဝအကြောင်းကို ဟာသလေးတွေနဲ့ရောပြီး ပြဇာတ်တိုက် အခက်အခဲ လွဲချော်ပုံတွေ တင် ဆက်ထားတယ်။ ဒီနှစ်ယောက်ရဲ့ ကိုယ်စီပြဿနာလေးတွေကိုလည်း ပြသပေးထားတယ်။ သူတို့ ပွဲဦးထွက်အောင်မြင်မလား ဆရာကြီးကရော ဘယ်လိုနေရာက ပါဝင်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ပုံစံကတော့ ဆရာကြီးလူဝီဂျီရဲ့ နာမည်ကြီးပြဇာတ်ဖြစ်တဲ့ Six Characters In Search Of an Author ဆိုတာ ဒီနှစ်ယောက်ကြောင့် Inspire ရတဲ့စတိုင်မျိုးနဲ့ ရိုက်ထားတာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.3 GB) / (534 MB) / (337 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thura Aung Encoder……….SWM

6.9 2022
Strangeness (or) La Stranezza
Only
5.1

ကျွန်တော်တို့ ကိုဗစ်ကာလကို ပြန်တွေးကြည့်ကြရအောင် တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊ တစ်ခုခုကိုင်ပြီးရင် လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။ တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာ အိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်း အသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊၊ ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊ အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊ ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘ ာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊ အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီး အဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊ ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိ အသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊ ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊၊ ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေ နေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊ မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊ အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက် အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊ အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိ ထုတ်ထားတာကြောင့် အမျိုးသမီးတွေကို အသဲအသန်လိုက်ရှာကြတဲ့ အမျိုးသမီးမုဆိုးတွေလည်း ပေါ်လာကြတယ်၊၊ အဲ့ဒီရိုက်ခတ်မှုတွေကို တစ်ကမ္ဘာလုံးက စုံတွဲတွေနည်းတူ ဝီ(လ်)နဲ့ အေဗာဆိုတဲ့ စုံတွဲလေးတစ်တွဲကလည်း ခံရတယ်၊၊ ကမ္ဘာပျက်ကိန်းစကတည်းက သတိကြီးတဲ့ ဝီ(လ်)ဟာ အေဗာကို ရောဂါပိုး အန္တရာယ်၊အစိုးရရဲ့ စမ်းသပ်မှုတွေ အန္တရာယ်၊ လူသားမုဆိုးတွေအန္တရာယ်ကနေ ဖွက်ထားပြီး ကာကွယ်ပေးခဲ့တယ်၊၊ ဒါပေမယ့် နှစ်တွေချီကြာလာတဲ့ အခါမှာ အေဗာတစ်ယောက် မွန်းကြပ်လာတယ်၊၊ ဝီ(လ်)အနေနဲ့လည်း ရောဂါပိုး carrier ဖြစ်နေတာကြောင့် အေဗာနဲ့ ဝီ(လ်)ဟာ တစ်အိမ်ထဲ နေရပေမယ့် စည်းတွေခြားနေကြတယ်၊၊ ဒီစုံတွဲလေး ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့လား၊သူတို့ ဆက်ဆံရေးဟာ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲစတာတွေကို ဒီဇာတ်ကားမှာ past apocalyptic romance အနေနဲ့ ခံစားတွေ့ရှိရမှာဖြစ်ပါတယ်၊၊ File size… 1.36 GB / 570 MB Quality… Web-Dl 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama, Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Action • Adventure • Thriller • Crime
5.1 2019
Only
The Last Mage
5.6

” အန့်ယန့်ရွာမှာထူးဆန်းတဲ့ကိစ္စတွေဖြစ်လာတာ ချိန်ရှစ်တစ်ယောက် သေရွာကနေပြန်လာကတည်းကပဲတဲ့ ” The last Mage ဇာတ်ကားကတော့ ဇာတ်ကြောင်းလှည့်ကွက်မျိုးစုံနဲ့ ရင်တဖိုဖိုကြည့်ရမဲ့ ရှေးခေတ်မှော်ပညာနဲ့ထူးဆန်းတဲ့ လူသေမှုတွေအကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ တစ်ခါက အန့်ယန်ရွာမှာ ချိန်ရှစ်ဆိုတဲ့လူတစ်‌ယောက်ရှိပြီး အပြင်းဖျားနာခဲ့ပါတယ် ။ ချိန်ရှစ်မှာ ကံဆိုးစွာနဲ့ သမား‌ေတာ်နဲ့‌ေတာင် မပြရသေးခင် သေဆုံးသွားခဲ့ပါတယ် ။ ဒါပေမဲ့ ထူးထူးဆန်းဆန်း သူ့ကိုသဂြိုလ်ဖို့လုပ်နေချိန်မှာပဲ အကောင်းကြီးရှိတဲ့မျက်လူံးနှစ်လုံးက ကန်းသွားပြီး အခေါင်းထဲကနေတစ်ဖန်ပြန်ထလာခဲ့ပါတော့တယ် ။ သူသေရွာကပြန်လာပြီးနောက်မှာ ရွာထဲမှာလည်းထူးဆန်းတဲ့လူသေမှုတွေဆက်တိုက်ဖြစ်လိုက်ပါတော့တယ်။ ချိန်ရှစ်တစ်ယောက်ဘယ်လိုဖြစ်လို့ သေရွာကပြန်လာခဲ့တာလဲ ? ရွာထဲကလူသေမှုတွေကသူနဲ့ဆက်စပ်နေမလား ? သူတို့ရွာကိုကယ်တင်ဖို့ဘယ်သူရောက်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာရင်တဖိုဖို စိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ

5.6 2023
The Last Mage
October Sky
7.8

IMDb 7.8 နဲ့ Rotten Tomatoes 91%အထိရရှိခဲ့တဲ့ NASA legend ကြီးတစ်ဦးဖြစ်တဲ့ ဟိုမာဟစ်ကမ်ရဲ့ ငယ်ဘ၀အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ “ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုပဲ စိတ်၀င်စားတဲ့ ဟိုမာဟစ်ကမ် သို့မဟုတ် အောက်တိုဘာကောင်းကင်ယံက ဆိုဗီယက်ဂြိုဟ်တုကိုငေးကြည့်ရင်း ဒုံးပျံအိပ်မက် မက်ခဲ့တဲ့ သတ္တုတူးသမားတစ်ဦးရဲ့ သား” အချိန်ကာလအားဖြင့် ၁၉၅၀ခုနစ်၊ ဟိုမာဟာ ကိုးလ်ဝုလို့ခေါ်တဲ့ ကျောက်မီးသွေးတူးတဲ့အလုပ်နဲ့အသက်မွေးကြတဲ့ မြို့ငယ်လေးက လူငယ်လေးတစ်ဦးဖြစ်တယ်။ ဟိုမာရဲ့အဖေဖြစ်သူက ကိုးလ်ဝုကျောက်မီးသွေးတွင်းရဲ့ပိုင်ရှင်တစ်ဦး။ ဟိုမာတို့မြို့ငယ်လေးမှာ ပညာရေးအတွက် ရွေးချယ်စရာများများစားစားမရှိ။ အထက်တန်းပြီးသွားရင် ပညာသင်ဆုနဲ့ မြို့ကြီးတွေမှာ ကောလိပ်သွားတက်ရင်တက် မတက်ရင်တော့ အများစုက ကိုးလ်ဝုရဲ့ကျောက်မီးသွေးတွင်းထဲမှာပဲ သတ္တုတူးသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ကြတာများတယ်။ ဒါပေမဲ့ တစ်နေ့မှာ နာဆာကိုရောက်မယ့် အင်ဂျင်နီယာလောင်းဟိုမာကတော့ သတ္တုတွင်းထဲမသွား၊ ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုသာ စူးစမ်းချင်သူတစ်ဦး။ ဟိုမာဟာ ရေဒီယိုကနေ ဆိုဗီယက်ပြည်ထောင်စုရဲ့ စပတ်ခ်နစ်ခ်လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တုကို အာကာသထဲ လွှတ်တင်လိုက်နိုင်ပြီဆိုတဲ့ သတင်းကိုကြားပြီး ဒုံးပျံတည်ဆောက်ချင်စိတ်တွေ တဖွားဖွားပေါ်သွားတယ်။ ဒီလိုနဲ့ ဟိုမာနဲ့အတူ အိုဒဲလ် ကွင်တန် နဲ့ ရွိုင်လီတို့ဟာ ဒုံးပျံသိပ္ပံနဲ့ လားလားမှမအပ်စပ်တဲ့မြို့‌ငယ်လေးမှာ ဒုံးပျံတွေကိုအားမပေးတဲ့ ဟိုမာရဲ့အဖေဖြစ်သူရဲ့ ဆန္ဒကိုလွန်ဆန်ပြီး မလျှော့တဲ့ဇွဲနဲ့ လက်လုပ် အပျော်တမ်းဒုံပျံအသေးစားလေး‌တွေကို တည်ဆောက်ကြရင်းကနေ တစ်ချိန်မှာ ဒီလူငယ်လေးဦးရဲ့အနာဂတ်ဟာ ဘယ်လိုများပြောင်းလဲသွားမလဲ။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ မကြုံ‌တွေ့ခဲ့ရဖူးတဲ့ ၁၉၅၀ခုနစ်များရဲ့ အောက်မေ့ဖွယ်ရာငယ်ဘ၀ကို ပြန်လည်ခေါ်ဆောင်သွားပေးလိမ့်မယ်။ အောင်မြင်သူဉာဏ်ကြီးရှင်တို့ရဲ့ စေ့ဆော်မှု မလျှော့တဲ့ ဇွဲ လုံ့လ တွေကိုမီးမောင်းထိုးရိုက်ကူးပြထားတယ်။ အားတက်စရာ အတုယူစရာရုပ်ရှင်ကောင်းဖြစ်တာမလို့ ကလေးလူကြီး‌မရွေး ကြည့်ရှုဖို့သင့်တဲ့ရုပ်ရှင်ဖြစ်တယ်။ ဟိုမာနေရာမှာသရုပ်ဆောင်ထားတဲ့ Donnie Darko, Southpaw, The Covenant အစရှိတဲ့ နာမည်ကြီးရုပ်ရှင်တွေရဲ့ သရုပ်ဆောင် Jake Gyllenhaal ဟာ ဒီရုပ်ရှင်ထဲမှာ အသက် ၁၇နှစ်အရွယ်သာ ရှိပါသေးတယ်။ စ လယ် ဆုံး အပြစ်ပြောစရာမရှိဘဲ ဇာတ်လမ်းအဆုံးအထိ ကြည့်ရှုသူရဲ့စိတ်အာရုံကို ဆွဲဆောင်သွားမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာမလို့ သေချာပေါက် မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Biography, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.8 1999
October Sky
Jai Mummy Di

Jai Mummy Di (2020) ရန်ငြိုးကြားကအချစ် Comedy/ Romance ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ လူနှစ်ယောက် ပေါင်းဖက်ကြပြီဆိုရင် နှစ်ဖက်မိသားစုအသိုင်းအဝိုင်းကလည်း ပေါင်းစပ်ကြရတာပါ။ ဒီကားထဲမှာတော့ ပူနိနဲ့ ဆန်ဂ်ျတို့နှစ်ဦးဟာ ကမ္ဘာ့ရန်ဘက်မိသားစုတွေဖြစ်ကြပေမယ့် လူငယ်သဘာဝ ချစ်မိသွားကြပါတယ်။ အမေတွေရဲ့ရန်ငြိုးကြောင့် နှစ်ဦးသားပေါင်းဖက်ရဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်တဲ့ကိစ္စကြီးတစ်ခုပါပဲ။ ဒီလိုတွေကြောင့် ချစ်သူနှစ်ဦး သဘောထားမတိုက်ဆိုင်ကြတာနဲ့ လမ်းခွဲလိုက်ကြပါတယ်။ ချစ်လျက်နဲ့လမ်းခွဲလိုက်ရတဲ့ သူတို့နှစ်ဦး ပြန်ပေါင်းထုတ်ဖို့ကြံတဲ့အခါ… ဒီတစ်ခါမှာတော့ သူတို့ဘဝနှစ်ခုကို ပေါင်းစပ်ဖို့အတွက် အမေတွေရဲ့မပြီးဆုံးနိုင်တဲ့ရန်ပွဲကို အဆုံးသတ်လိုက်ဖို့ ကြံစည်တဲ့အခါ… သူတို့နှစ်ဦးရဲ့ အချစ်ခရီးကဖြောင့်ဖြူးနိုင်မလား…ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

TV Movie • Comedy • Romance
0 2020 103 mins
Jai Mummy Di
Zadra

ဇာဒရာကတော့ သာမာန်ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တဲ့ ကောင်မလေးတယောက်ဖြစ်ပြီး အောင်မြင်တဲ့ ရက်ပါတစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူပါ။ သာမာန်ချိန်တွေမှာတော့ ပုံမှန်ဆယ်ကျော်သက်ကောင်မလေးဆိုပေမဲ့ မိုက်ကိုင်လိုက်ပြီဆိုတာနဲ့ သူ့ရဲ့ ပါရမီတွေထွက်လာပြီး အကောင်းဆုံးရက်ပ်တွေဆိုနိုင်ခဲ့ပါတယ်။ သူ့ကို နောက်ကွယ်ကနေ အားပေးနေကြတဲ့ ဘာ့တစ်ခ်ဆိုတဲ့ ရည်းစားကောင်လေးအပြင် ဂျက်စတိဆိုတဲ့ သူငယ်ချင်းကောင်မလေးလည်းရှိပါသေးတယ်။ ဒါပေမဲ့ ရက်ပ်လောကလို အမျိုးသားအများစုကြီးစိုးထားတဲ့ လောကမှာ ဇာဒရာ လိုတက်သစ်စရက်ပါမလေးတယောက်အနေနဲ့ အောင်မြင်ဖို့ကခက်ခဲလှပါတယ်။ ဒီလိုခက်ခဲတဲ့ အခြေအနေတွေကို ဇာဒရာတစ်ယောက် ဘယ်လိုကျော်ဖြတ်ပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်မလဲဆိုတာ လိုက်ပါစီးမြောကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.7 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMR

0 2022
Zadra
Accidental Texan
5.6

Accidental Texan (2024) ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Drama ရုပ်ရှင်ကောင်းလေးပါ။ IMDb rating 6, Rotten Tomatoes – 52% ရရှိထားပါတယ်။ ၁၉၉၉ ခုနှစ်က ကိုးလ်သွန်မဆင် ရေးသားခဲ့တဲ့ Chocolate Lizards ဆိုတဲ့ စာအုပ်ကို ခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အာဝင် ဟာ ရည်မှန်းချက်ကြီးမားတဲ့ လူငယ်တစ်ယောက်ပါ။ ဟားဗက်တက္ကသိုလ်မှာ တက်ရင်း အနုပညာအလုပ်လုပ်ချင်တာမို့ ကျောင်းထွက်ပြီး ဟောလီးဝုဒ်မှာ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့သူပါ။ သူ့အနေနဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရပြီးတော့ ပျော်နေတုန်း ရိုက်ကွင်းမှာ တလွဲလုပ်လိုက်မိပါတယ်။ သူလည်း အလုပ်ပြုတ်သွားသလို စိတ်ညစ်ပြီးတော့ ကား လျှောက်မောင်းရင်း ကန္တာရတစ်နေရာမှာ ကားပျက်ပြီး လူလည်း သောင်တင်သွားပါတယ်။ သူရောက်သွားတာကတော့ တက္ကဆက်ပြည်နယ် ဘာဖယ်လိုဂက်ပ်ဆိုတဲ့ မြို့ငယ်လေးရဲ့ အပြင်ဖက်မှာပါ။ သူလည်း မြို့လေးကို လမ်းလျှောက်သွားပြီး အကူအညီတောင်းပါတော့တယ်။ ဒီလိုနဲ့မြို့လေးမှာ အာဝင် လည်း မားလ်ဆိုတဲ့ လူတစ်ယောက်နဲ့ဆုံပြီးတော့ ရေနံတူးရင်း ဘဝကို ပြောင်းလဲပေးလိုက်တဲ့ အဖြစ်မျိုးတွေ ကြုံရပါတော့တယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.3GB | 640MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

5.6 2024
Accidental Texan
You, I Love
4.8

We love (2018) IMDb – 4.8 My Drama List – 6.6 ခဲအိတ၊ ခိုယိုမိ၊ ရင်းနဲ့ ယူးတို့က တစ်တိုက်တည်းမှာနေကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ ရင်းက ယူးကို စတွေ့ကတည်းက ချစ်မိသွားခဲ့ပေမယ့် ယူးရဲ့အဖေက ကြင်ကြင်နာနာဆက်ဆံတဲ့ ယောက်ျားတိုင်းက မကောင်းဘူးလို့ ယူးကိုဆုံးမထားတာကို သိပြီးနောက်ပိုင်း ယူးကို အနိုင်ကျင့်လာခဲ့ပါတယ်။ ဒီလိုနဲ့ ယူးတို့အိမ် ပြန်ပြင်ဖို့အတွက် တခြားရပ်ကွက်ကို ယာယီ အိမ်ပြောင်းနေတဲ့အချိန်မှာ ခါဇုမိလို့ခေါ်တဲ့ ကောင်လေးနဲ့တွေ့ပြီး ခါဇုမိကလည်း ယူးကိုချစ်မိသွားပါတော့တယ်။ အဲဒါကြောင့် ခါဇုမိက ယူးကို ကြင်ကြင်နာနာဆက်ဆံပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးအောင် လုပ်ပေးလာပါတော့တယ်။ တစ်သက်လုံး ပြိုင်ဘက်မရှိလာတဲ့ရင်းတစ်ယောက် ခါဇုမိဆီမှာ ယူးကိုအလုခံရမှာကိုလည်း စိုးရိမ်၊ ယူးဆီကအငြင်းခံရမှာလည်း ကြောက်တဲ့အတွက် အကြံတစ်ခုထုတ်လိုက်ပါတော့တယ်၊ အဲဒါကတော့ သူ့ကိုလာကြိုက်တဲ့ကောင်မလေးတွေကို ငြင်းရတာစိတ်ရှုပ်လို့လို့ အကြောင်းပြပြီး ယူးကို ယာယီချစ်သူလုပ်ခိုင်းဖို့ပါပဲ။ ယူးတစ်ယောက် ရင်း ပြောင်းလဲပြီး သူ့အပေါ်ကြင်နာလာတာကို ဘယ်လိုခံစားရမလဲ၊ ရင်းကရော ယူးအပေါ် ပွင့်ပွင့်လင်းလင်းနဲ့ ဖွင့်ပြောလာနိုင်ပါ့မလား စတာတွေကို 2018ခုနှစ်က ထွက်ရှိခဲ့တဲ့ We Love ကျောင်းသားအချစ်ဇာတ်ကားလေးထဲမှာ ဆက်လက်ပြီး ကြည့်လိုက်ကြရအောင် File size… 1.96 GB / 849 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

4.8 2018 100 mins
You, I Love
Don’t Die: The Man Who Wants to Live Forever
6.2

Don’t Die: The Man Who Wants to live forever (2025) IMDb 6.2/10 ဒီတစ်ခေါက် Documentary လေးကိုတော့ တချို့တော်တော်များများ ဖတ်ဖူးကြားဖူးမယ့်လူလို့ ထင်ပါတယ်။ သူကတော့ တခြားမဟုတ် ဘရိုင်ယန်ဂျွန်ဆင်လို့ခေါ်တဲ့ အသက်၄၀ကျော်အရွယ်ကနေ ဖြစ်နိုင်ရင် ထာဝရနေနိုင်အောင် ဆယ်ကျော်သက်လေးလို ပြန်လည်ငယ်ရွယ်အောင် ကုထုံးမျိုးစုံနဲ့ ကြိုးစားနေတဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပါတယ်။ တချို့လူတွေအတွက်တော့ သူကပိုက်ဆံရှိလို့ လျှောက်လုပ်နေတဲ့ ငကြောင်တစ်ကောင်လို မြင်ကြပြီး တချို့ကလည်း သူလိုက်တဲ့အတိုင်း လိုက်လုပ်တဲ့လူတွေပါ ရှိလာပါတယ်။ အခြေအနေကိစ္စတစ်ရပ်မှာ တစ်မျိုးထက်မကတဲ့ သဘောထားတွေရှိနိုင်တဲ့အတွက် သူ့ရဲ့လုပ်ရပ်က မှန်တယ်မှားတယ် မပြောလိုပေမယ့် သူ့ကြောင့်နဲ့ ကျန်းမာရေးရဲ့အရေးပါမှုကို လူတွေသတိပြုလာအောင်တော့ လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ဖို့အတွက် သူ့မှာပေးဆပ်ရတာ သန်းနဲ့ချီတဲ့ဒေါ်လာတွေတင်မဟုတ်ဘဲ သားသမီးတို့ရဲ့ ချစ်ခင်ယုံကြည်မှုနဲ့ လူအများရဲ့ ဝေဖန်ပုတ်ခတ်တာကိုပါ ခံခဲ့ရပါတယ်။ မဖြစ်နိုင်ဘူး မလွယ်ဘူးဆိုပေမဲ့ ငယ်ရွယ်နုပျိုလာအောင် သူ့ရဲ့လုပ်ဆောင်မှု လုပ်ငန်းစဉ်တွေနဲ့ ငယ်ဘဝက ကြုံခဲ့ရတဲ့စိတ်ခံစားချက်တွေကြောင့် သူဘယ်လိုဒီအနေအထားနဲ့ဒါတွေကို လုပ်နေလဲဆိုတာ စိတ်ဝင်စားဖွယ် ဗဟုသုတအဖြစ် ရှုစားရမယ့် Documentary လေးပဲဖြစ်ပါတယ်ခင်ဗျ။

Action • History • Drama • Adventure • War
6.2 2025 88 mins
Don’t Die: The Man Who Wants to Live Forever
Detective of Joshidaikoji
6.9

Detective of Joshidaikoji (2023) ******************************** မီအိုဟာ ဂိဖုမြို့က ကလပ်တစ်ခုက ဧည့်ဝတ်ကျေပွန်တဲ့ ဝန်ထမ်းဖြစ်ပြီး အမေနဲ့ အတူတူ နေထိုင်သူဖြစ်ပါတယ်။ သူမဟာ စိတ်မြန်လက်မြန်ရှိပြီး တရားမျှတမှုအပြည့်နဲ့ ရှိသူလည်းဖြစ်ပါတယ်။ ကင်ကာတက္ကသိုလ်မှာ ဟိုက်ဒရိုဂျင်အကြောင်းပို့ချနေတဲ့ ပါမောက္ခအဇဲချီ ဂဲနိချီရို အတန်းချိန်ကိုလည်း အလုပ်အားချိန်မှာလေ့လာနေသူပါ .. သူ့မောင်လေး ဒါအိခီကတော့ နာဂိုယာမှာ အချိန်ပိုင်းအလုပ်တွေနဲ့ ကြုံသလိုနေသူဖြစ်ပါတယ်။ တစ်နေ့ ပန်းခြံမှာ မိန်းကလေးတစ်ယောက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဒါအိခီကို ရဲဖမ်းသွားမှန်း သိသွားခဲ့ပါတယ်။ ရဲတွေကလည်း ဒါအိခီရဲ့ ဖုန်းထဲက ယာမာမိုတိုနာမည်နဲ့မှတ်ထားတဲ့ ဖုန်းနံပါတ်က နစ်နာသူတွေရဲ့ ဖုန်းမှာ မှတ်ထားတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် တူညီနေတော့ သံသယဝင်ကြတာလည်း မမှားပါဘူး။ မီအိုဟာ သူ့ရဲ့ တစ်ဦးတည်းသောမောင်လေး အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့ ကြိုးစားရပါတော့တယ်။ ဒါအိခီအပေါ် သံသယကင်းရှင်းဖို့နဲ့ တရားခံအစစ် ဖော်ထုတ်နိုင်ဖို့ မီအို၊ ဒါအိခီနဲ့ စုံထောက်တွေ ဘယ်လိုပူးပေါင်း ဆောင်ရွက်သွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (အညွှန်းကို DaoPhyoမှ ရေးသားထားပါတယ်) File size…1.04GB / 749MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 36m Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo Encoded by AHtet

Drama
6.9 2023
Detective of Joshidaikoji
Bhool Chuk Maaf
6.6

Bhool Chuk Maaf (2025)”တဝဲလည်လည် အချစ်” ====================================== ဟာသကားကောင်းကောင်းကြည့်ချင်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် တကယ်ရယ်ရတဲ့ ဟင်ဒီစကားပြောအသစ်ထွက် ရုံတင်ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်မှာတော့ Stree ရုပ်ရှင်တွေနဲ့ HIT remake မှာ ပါဝင်ခဲ့တဲ့ မင်းသား ရာ့ဂျ်ကူးမားရောင်က အဓိကပါဝင်ထားတာပါ။ ဇာတ်လမ်းကတော့.. ရန်ဂျန်နဲ့ တီတလီတို့ဟာ အချင်းချင်း မတည့်ကြတဲ့ အိမ်နီးချင်းမိသားစုနှစ်ခုကနေ ပေါက်ဖွားလာတဲ့ ချစ်သူတွေဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ မိဘတွေက သဘောမတူလို့ ခိုးရာလိုက်ပြေးခဲ့ကြပေမဲ့ လမ်းတဝက်မှာတင် မိဘတွေက မိသွားပြီး တီတလီ့အဖေက ရန်ဂျန်သာ နှစ်လအတွင်း အစိုးရအလုပ်ရှာနိုင်ရင် တီတလီနဲ့ ပေးစားမယ်လို့ ရာဇသံပေးလိုက်ပါတယ်။ ပုဂ္ဂလိကအလုပ်ထက် အစိုးရအလုပ်က ပိုဂုဏ်သိက္ခာရှိတဲ့ အိန္ဒိယမှာ နှစ်လအတွင်းအစိုးရအလုပ် ရဖို့ဆိုတာ မြွေကို လမ်းလျှောက်သင်ပေးရသလို မဖြစ်နိုင်သလောက်ပါပဲ။ နဂိုကတည်းက အလုပ်မရှိတဲ့ ရန်ဂျန်တစ်ယောက် တီတလီ့ကို အဆုံးရှုံးမခံနိုင်တဲ့အတွက် ဘုရားမှတပါးအားကိုးစရာမရှိဆိုပြီး ဘုရားမှာကတိပေးကာ အလုပ်ရပါစေလို့ သစ္စာပြုဆုတောင်းခဲ့ပါတယ်။ အဲဒီလို သစ္စာပြုပြီးနောက်မှာ တိုက်တိုက်ဆိုင်ဆိုင် အလုပ်ရသွားခဲ့ပေမဲ့ ဘုရားကိုပေးခဲ့တဲ့ကတိကို မတည်မိတဲ့အတွက် မင်္ဂလာမဆောင်ခင်အချိန်ထဲမှာပဲ စက်ကွင်းမိကာ တဝဲလည်လည်ဖြစ်နေတဲ့အခါမှာတော့…။ ဘုရားကို ဘာကတိပေးခဲ့တာလဲ၊ အချိန်စက်ကွင်းထဲမှာ ဘယ်လိုတလွဲတွေလုပ်မိမှာလဲ၊ အချိန်စက်ကွင်းထဲကနေ ထွက်နိုင်သွားမှာလားဆိုတာတွေကို ရယ်ရယ်မောမော ကြည့်ရှုခံစားကြရမယ့် ဟာသရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6.6 2025 121 mins
Bhool Chuk Maaf