YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Nightmare Teacher (2016) E09 WEB-DL 720p [CM].mp4

84.13 MB N/A video/mp4 53 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Starship Troopers 2: Hero of the Federation
4.3

Bugsလို့ခေါ်တဲ့ တိုက်ခိုက်နှုန်းအားပြင်းထန်တဲ့ ဂြိုလ်သားပိုးကောင်တွေနဲ့တိုက်ပွဲမှာ အဆင့်မြှင့်Laser Gunတွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တာတောင် ဗိုလ်ကြီးJack Shepherdတို့အဖွဲ့ဟာ ဆုံးရှုံးမှုတွေများခဲ့ပြီး အနီးဆုံး ကင်းထောက်စခန်းတစ်ခုမှာပုန်းခိုရင်း ကယ်ဆယ်ရေးအဖွဲ့လာရောက်တဲ့အချိန်ကိုစောင့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်. အဲ့ဒီကင်းထောက်စခန်းမှာ သူတို့ထပ်အရင်ရောက်နှင့်ထားပြီးသူတွေလဲရှိပါတယ်. ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ရင်းနဲ့ Bugsတွေအကြောင်းကိုတစ်စထက် တစ်စပိုပိုသိလာတဲ့အခါမှာ အဲ့ဒီဂြိုလ်သားပိုးကောင်တွေဟာ လူသားမျိုးနွယ်တစ်ခုလုံးကိုပါဖျက်ဆီးဖို့အကြံအစည်ရှိနေတာကို သိလိုက်ရပါတော့တယ်. ဒါကိုသူတို့အဖွဲ့ဘယ်လိုကယ်တင်မလဲ? ဒီအဖွဲ့အစည်းထဲမှာရော ဂြိုလ်သားပိုးကောင်တွေက ရောထွေးဝင်ရောက်နှင့်ပြီးသားလားဆိုတာတော့ ဇာတ်လမ်းထဲမှာပဲအဖြေရှာလိုက်ကြတာပေါ့. Military, science,fiction,horrorအမျိုးအစားဖြစ်ပြီး r untimeက ၉၂မိနစ်ပါ. ၂၀၀၄ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပေမယ့် ယောကျာ်းလေးတွေက ဒီဇာတ်ကားမှာအသုံးပြုထားတဲ့လက်နက်ကြီးတွေကို အခုထိသဘောကျဆဲဖြစ်ပါတယ်. Starship trooperအနေနဲ့ ၃ကားထွက်ရှိတာမလို့ ပိတ်ရက်အတွက်အနားယူရင်းကြည့်ဖို့ အကောင်းဆုံးပါပဲ.

Drama • Fantasy • Romance
4.3 2004 92 mins
Starship Troopers 2: Hero of the Federation
Antlers
6.3

Story telling ဆိုတာ ​​ရှေးလူကြီး​တွေရဲ့ ဓ​လေ့​တွေ ယဥ်​ကျေးမှု​တွေ ဖြတ်သန်းခဲ့ရတဲ့ အ​တွေ့အကြုံ​တွေကို ​ နောင်လာ​နောက်သား​တွေဆီ ​ပြောပြတဲ့ နည်းလမ်းတစ်ခုပါ။ Storytelling လို့​ပြောတဲ့​နေရာမှာ တကယ့်သမိုင်း​ တွေသာမက fairytale ​တွေ၊ ဒဏ္ဍာရီ​တွေလည်း ပါဝင်တယ်။အဲ့လိုနဲ့ အော်​ရေဂန်​ဒေသက ​ရှေးတိုင်းရင်း အ​မေရိကန်လူမျိုး​တွေရဲ့ ယုံတမ်းပုံပြင်​တွေ အစပျိုးခဲ့တယ်။ ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . . . ဂျူလီရဲ့ အတန်းထဲမှာ ထူးဆန်းတဲ့ လူးကတ်လို့​ခေါ်တဲ့ ခပ်ပိန်ပိန်​ကောင်​လေးတစ်​ယောက်ရှိတယ်။ ဘယ်သူနဲ့မှလည်း အ​ပေါင်းအသင်းမလုပ်သလို အနိုင်ကျင့်တာလည်း ခံ​နေရတယ်။ တစ်​နေ့​ ဂျူလီက ပုံပြင်​ပြောပြဖို့ ​ရေးခဲ့ပါဆိုပြီး အိမ်စာ​ပေးလိုက်တယ်။ တခြားက​လေး​တွေက သာမန် နတ်သမီးပုံပြင်​တွေ ​ပြော​ပေမယ့် အဲ့ကောင်လေးက​တော့ မတူထူးဆန်း​နေတယ်။ "ဝက်ဝံ၃​ကောင်ဟာ ​တောင်​ပေါ်က ​အေးစက်တဲ့ ဂူမှာ​နေတယ် ဝက်ဝံကြီးရယ် ဝက်ဝံ​လေးရယ် ဝက်ဝံ​ပေါက်​လေးရယ်​ပေါ့ ဝက်ဝံကြီးက အားလုံးကို ​စောင့်​ရှောက်ရတာ​ပေါ့ တစ်​နေ့ဝက်ဝံ​လေးပြန်လာ​တော့ ဝက်ဝံကြီးနဲ့ ဝက်ဝံ​ပေါက်​လေးက ထူးဆန်း​နေတယ် ဝက်ဝံကြီးက ​နေမ​ကောင်းဖြစ်​နေပြီး စားစရာ အသားလည်းမရှိ​တော့ဘူး" လူးကတ်​ပြောပြတဲ့ ပုံပြင်ကို ဂျူလီကြားပြီး​နောက် အိမ်တွင်းအကြမ်းဖက်ခံ​နေရတယ် အထင်နဲ့ စိုးရိမ်ပြီး ကိစ္စ​တွေကို စုံစမ်း​ဖော်ထုတ်ရင်း လူသား​တွေရဲ့ ပုံမှန် ပြသာနာ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ ဘာ​တွေဆက်ဖြစ်လာမလဲဆို တာကို ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Oleander ဖြစ်ပါတယ်။ File Size - (950 MB)/(520 MB) Quality – WebDL - (720p) / (480p) Duration - 1hr 39min Subtitle – Myanmar Hardsub Format – MP4 Genre :  Drama, Horror, Mystery Translator – Oleander Encoder – SWM

Drama • Mystery • Sci-Fi & Fantasy
6.3 2021 99 mins
Antlers
Ikiru
8.3

Ikiru (1952) ~ IMDb – 8.3/10, Rotten Tomatoes – 98% ~ Golden Age of Asian Cinema လို့လည်းခေါ်ကြတဲ့ ၁၉၅၀ဝန်းကျင်ကာလဟာ non-English World Cinema ရဲ့ ရွှေခေတ်ဖြစ်ခဲ့ပါတယ်။ ဒီ ၁၉၅၀ဝန်းကျင်မှာပဲ အာရှဒါရိုက်တာတွေဟာ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ အနုပညာအရည်အသွေးရှိတဲ့ ရုပ်ရှင်တွေကို တင်ဆက်နိုင်ခဲ့ပြီး ဒီနေ့ထိလည်း ဒီကားတွေဟာ ခေတ်ကိုကျော်ဖြတ်ပြီး ရှင်သန်နေတုန်းပါ။ ဒီကာလမှာ Yasujirō Ozu ရဲ့ Tokyo Story (1953), Satyajit Ray’s The Apu Trilogy (1955–1959), Kenji Mizoguchi ရဲ့ Ugetsu (1954), Ishirō Honda ရဲ့ Godzilla (1954) နဲ့ Akira Kurosawa ရဲ့ Rashomon (1950), Ikiru (1952), Seven Samurai (1954) နဲ့ Throne of Blood (1957) တို့တွေလည်း ထွက်ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်တွေဟာ ကမ္ဘာ့ရုပ်ရှင်လောကကို ဒီနေ့ထိထက်တိုင် လွှမ်းမိုးမှုကြီးခဲ့ပြီး ကူရိုဆာဝါရဲ့ ရာရှိုးမွန်ကားက “Rashomon Effect” ကို ဒီနေ့ခေတ်ထက်ထိ ရုပ်ရှင်တက္ကနစ်တစ်ခုအနေနဲ့ အသုံးပြုနေကြတုန်းပါပဲ။ The Usual Suspects (1995), Gone Girl (2014), Predestination (2014), Hero (2002), The Handmaiden (2016) တို့လို နာမည်ကြီးဒါရိုက်တာတွေရဲ့ နာမည်ကျော်ကားတွေမှာပါ “Rashomon Effect” ကို သုံးနေကြတုန်းပါပဲ။ နောက် ကူရိုဆာဝါရဲ့ Seven Samurai ကို အနောက်ဘက်က ခဏခဏပြန်ရိုက်ခဲ့ကြသလို The Hidden Fortress (1958) ဟာလည်း ဂျော့လူးကတ်စ်ရဲ့ စတားဝါးစ်ယူနီဗာ့စ်ကြီးရဲ့ အင်စပီရေးရှင်းတစ်ခုလည်းဖြစ်ခဲ့တယ်။ ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာပါ ဒီကာလကို အာရှရုပ်ရှင်ရဲ့ရွှေခေတ်လို့တစ်မျိုး ဂျပန်ရုပ်ရှင်ရဲ့ရွှေခေတ်လို့တစ်ဖုံ သတ်မှတ်ခဲ့ကြပါတယ်။ အကီရာကူရိုဆာဝါဟာ ရုပ်ရှင်ရိုက်သက် နှစ်ငါးဆယ်ကျော်မှာ ကား၃၃ကားရိုက်ခဲ့ပြီး ကားတိုင်းနီးပါး အနုပညာအရအောင်မြင်ခဲ့တဲ့အပြင် သူ့ခေတ်သူ့အခါမှာတင် နိုင်ငံတကာကို ထိုးဖောက်နိုင်ခဲ့တဲ့ အထင်ကရဂျပန်ဒါရိုက်တာတစ်ယောက်ပါ။ လက်ရှိဟောလိဝုဒ်ရဲ့ဘိုးအေကြီးတွေဖြစ်နေတဲ့ စကောဆေးစိတို့ စပီးဘာ့ဂ်တို့နဲ့လည်း လက်တွဲလုပ်ဖူးတဲ့ လူဆိုလည်းမမှားပါဘူး။ သူတို့ထက်ရှေးကျတဲ့ ရုပ်ရှင်ရဲ့ဆရာကြီးတွေဖြစ်တဲ့ အင်ဂမာဘာ့ဂ်မန်းတို့၊ ဖက်ဒါရီကို ဖယ်လင်နီတို့၊ ပက်ဒင်တန်ပေါ်မလာခင်အထိ တစ်ချိန်ကအကောင်းဆုံးရုပ်ရှင်လို့သတ်မှတ်ဖူးကြတဲ့ Citizen Kane ရဲ့ဖန်တီးရှင် အော်ဆန်ဝဲလ်တို့ကပါ ကူရိုဆာဝါ ရုပ်ရှင်တွေကိုထောပနာပြုခဲ့ကြဖူးပါတယ်။ ယုတ်စွအဆုံး တာကော့စကီးကလည်း ဆဲဗင်းဆာမူရိုင်းကို သူ့အကြိုက်ဆုံးရုပ်ရှင်ဆယ်ကားထဲက တစ်ကားလို့ပြောဖူးပါတယ်။ စတန်လေကူးဘရစ်ကိုယ်တိုင်လည်း “One of the Great Film Directors” လို့ ချီးကျူးဖူးတဲ့ သူပါပဲ။ အများစုကတော့ ဆဲဗင်းဆာမူရိုင်းနဲ့ Ran ပြီးရင် Ikiru ကို ကူရိုဆာဝါရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သမုတ်ကြပါတယ်။ Ikiru ဟာ လီယိုတော်စတွိုင်းရဲ့ ဝတ္တုကို ကူရိုဆာဝါက သူ့ဟန်နဲ့ပြန်အသက်သွင်းထားတဲ့ ရုပ်ရှင်ဖြစ်ပြီး Living (2022) အဖြစ်လည်း ပြန်လည်ခံစား ခံထားရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ Living မှာလည်း Ikiru အကြောင်း တော်တော်လည်းပြောပြီးပြီဆိုတော့ ဘာမှတော့ သိပ်ပြောစရာမရှိတော့ပါဘူး။ Living က စာကိုပါ ပြန်ပေါင်းဖတ်လိုက်ရင် Ikiru အကြောင်းက မဆိုသလောက်လေး စုံနေပါပြီ။ အောက်ကဟာကတော့ ရေးချင်တာရေးထားတာမို့ ဖတ်ချင်မှဖတ်ကြပါ။ ပစ္စုပ္ပန်မှာနေတာ အကောင်းဆုံးလို့ တစ်ချို့ကပြောကြတယ်။ မှားတော့လည်း မမှားပါဘူး။ အနေလွန်သွားရင်ကျလည်း ဘေးထွက်ဆိုးကျိုးသဘောမျိုးရှိတတ်လားတော့မသိဘူး။ ဒီလိုအခါတွေကျ ခြင်္သေ့လည်ပြန်ထဲက ဘယ်နေရာမဆို တစ်ဖက်စွန်းကျရင် တစ်ယောက်တော့ နစ်နာရစမြဲဆိုတဲ့ စာသားကိုပဲ ပြေးပြေးမြင်မိတယ်။ ပစ္စုပ္ပန်မှာ ရှင်သန်နေရတာ ကျွန်တော့်အတွက်တော့ လွယ်လှတယ်မဟုတ်ပေမဲ့ မခက်လှဘူး။ ဒီလိုပဲ ရွှင်တစ်လှည့် ပြတ်တစ်လှည့်နဲ့ တစ်နေ့ပြီးတစ်နေ့ကုန်သွားခဲ့တာ ကြာပြီ။ တစ်ယောက်ယောက်အတွက်ပါ ထည့်သွင်းစဉ်းစားမိတဲ့အခါတွေဆိုရင်တော့ Summer Palace ရုပ်ရှင်ထဲက တစ်စက်မှမမှားတဲ့ ဒိုင်ယာလော့တစ်ကြောင်းကို ပြေးပြေးမြင်တာပဲ။ ” တစ်ယောက်တည်းဆိုရင်တော့ ခိုကိုးရာမဲ့ဘဝမှာ နေလို့ရပေမဲ့ နှစ်ယောက်ဆိုရင်တော့ ဒီလိုဘဝမှာ နောင်တတွေပဲရနိုင်မယ် “တဲ့။ ရှေ့ကိုလုံးဝမကြည့်တဲ့ ပစ္စုပ္ပန်ဟာ နေတတ်သူနဲ့ မနေတတ်သူကြားထဲမှာတော့ တော်တော်အန္တရာယ်များတဲ့အရာပဲ။ ကျွန်တော့်အတွက်တော့ ပစ္စုပ္ပန်မှာပဲ နေထိုင်ခြင်းဆိုတာ တော်တော်အကျိုးရှိတဲ့အမြင်လည်းဖြစ်သလို တစ်ခါတလေ တော်တော်အန္တရာယ်များတဲ့ အမြင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ဟာလည်း ပစ္စုပ္ပန်မှာပဲ အနေလွန်သွားတဲ့ လူတစ်ယောက်အကြောင်းပဲလို့ ပြောရမလားပဲ။ ဇာတ်ကောင်ဟာ သူ့ဘဝကို သူပစ္စုပ္ပန်ကိုပဲတည့်တည့်ကြည့်ရင်း အနှစ်၃၀လုံး ဘာမှမပြောင်းလဲပဲ ရှင်ရင်းသာနေလာခဲ့တယ်။ ဒီလိုနဲ့ သူ့အကန့်အသတ်ကို ရောက်လာတယ်။ သူနောက်ထပ်၆လပဲနေရတော့မယ်။ တစ်သက်လုံး သူက ပစ္စုပ္ပန်တည့်တည့်ကလွဲ ဘာကိုမှမကြည့်ဘဲ နေလာခဲ့တော့ မခက်ခဲဘူးပေါ့။ တစ်ခုရှိတာက သူ့ပစ္စုပ္ပန်မှာ နေပုံက လုံးဝအနိမ့်အမြင့် အတက်အကျ ဘာမှမရှိဘဲ တော်တော်ပျင်းဖို့ကောင်းတဲ့ ရုံးဝန်ထမ်းဘဝနဲ့ ရှင်လာတာ။ သေရတော့မယ်ဆိုတော့ အတိတ်ကိုလှည့်ကြည့်တော့လည်း ဒီနှစ်၃၀လုံး သူဘာမှမဖြစ်ခဲ့ဘူး။ ယုတ်စွအဆုံး ညနေခင်းနေဝင်ချိန်လေးတစ်ခုကိုတောင် အရသာခံပြီး မကြည့်ခဲ့ဖူးဘူး။ ရှင်လျက်နဲ့သေနည်းမျိုးနဲ့ ရှင်သန်လာခဲ့တယ်။ ဒီနေရာမှာ တစ်ချိန်လုံးသုံးလာခဲ့တဲ့ ပစ္စုပ္ပန်ဆိုတဲ့စကားလုံးကို ကျွန်တော်ပြောချင်ခဲ့တဲ့ဆိုလိုရင်းက ပစ္စုပ္ပန်ဆိုတာထက် အခြေအနေတစ်ခုမှာနေသားကျနေခြင်းလို့ ပြောရင်ပိုမှန်မလားပဲ။ နည်းနည်းတော့ ဝေဝါးသွားပြီ။ ဒီလိုဝေဝါးနေတာကိုကပဲ ရှင်သန်ခြင်းပိုဆန်နေမလားပဲ။ ထားလိုက်ပါတော့။ ဆက်ရရင်… ဇာတ်ကောင်က တစ်ချိန်လုံး အလုပ်တော့များနေတာပဲ။ အသက်ရှုဖို့အချိန်မရှိလောက်အောင်ကို သူ့မှာ အလုပ်များနေခဲ့တာ။ ဒါပေမဲ့ တကယ်တမ်း ဘာတွေလုပ်နေသလဲဆိုရင်လဲ သူ့မှာ လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမရှိဘူး။ သူ့ရထားတဲ့နေရာလေးကို သူကာကွယ်ရင်း အလုပ်များနေခဲ့တာပဲ။ ဒီအခြေအနေမှာပဲ သူနေသားကျနေခဲ့တယ်။ ဒီလိုနဲ့ ဘာမှမတွေးဘဲ ပစ္စုပ္ပန်မှာ နေလာခဲ့တဲ့သူ့ကို ရှောင်လွှဲမရတဲ့အရာတွေက တံခါးလာခေါက်တယ်။ သေခြင်းပေါ့။ ဒါကတော့ သူ့ကိုတံခါးလာခေါက်တဲ့အရာပေါ့။ ကျွန်တော်ဆိုရင်တော့ သေခြင်းက နည်းနည်းဝေးဦးမယ်လို့ထင်ရတယ်။ မလွယ်ကူတဲ့ ဆုံးရှုံးခြင်းတွေ တံခါးလာခေါက်တာဖြစ်ဖို့က ပိုနီးစပ်တယ်။ လွယ်ကူတဲ့ဆုံးရှုံးခြင်းမျိုးတွေကတော့ ပစ္စုပ္ပန်ကို တံခါးလာခေါက်နိုင်တဲ့ စွမ်းပကားမျိုးရှိမှာမဟုတ်ဘူး။ ဘာကလွယ်ပြီး ဘာကမလွယ်လဲကတော့ လူပေါ်မူတည်ပါလိမ့်မယ်။ ဒီလိုတံခါးလာခေါက်တဲ့အချိန် ဒီလိုအခြေအနေမှာသာနေနေတဲ့လူဆို ဘယ်လိုမှတော့ ဒီအရာကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေစရာအကြောင်းမရှိဘူး။ ဒီတော့ စစချင်း သူဆောက်တည်ရာမရဖြစ်သွားတယ်။ သူမရှင်သန်ခဲ့ရတဲ့ဘဝကို ရှင်သန်ဖို့ကြိုးစားတယ်။ သေခြင်းကို မမြင်နိုင်ခဲ့ဘဲ မရှင်သန်နေတဲ့ ပစ္စုပ္ပန်မှာပဲနေလာခဲ့တဲ့လူဟာ ရှင်သန်နည်းကိုရှာတယ်။ ရှင်သန်တယ်ဆိုတာ ဘာများလဲ။ ဘယ်လိုဆို တကယ်ရှင်သန်နေတာလဲ အဖြေကို သူရှာရင်း နောက်ဆုံးကျ သူအဖြေကိုတွေ့သွားတယ်။ သေခြင်းတရားကို အစိမ်းလိုက်ရင်ဆိုင်ရဲစေမယ့် ရှင်သန်ခြင်းမျိုးကို သူတွေ့ရှိသွားခဲ့တယ်။ ဒါပေမဲ့ သူတွေ့ရှိသွားတဲ့ ရှင်သန်ခြင်းမျိုးကို ဘာမှမဟုတ်ပါဘူးလို့ ခင်ဗျားတွေးချင်လည်း တွေးမိလိမ့်မှာပဲ။ အဲဒီကျ အောက်က စာလေးဖတ်ကြည့်ပေါ့။ ကျွန်တော်တို့ချစ်တဲ့လူတစ်ယောက်အကြောင်းကို သူ့ကိုချစ်တဲ့လူတစ်ယောက်ပြောပြခဲ့တဲ့အရာပေါ့။ ဒီလောက်ပါပဲ။ “တချို့ကတော့ ခင်မောင်ရင့်ဘဝဟာ ဘာမှမဟုတ်ဘဲ ပြီးသွားတယ် ပြောကြတယ်။ ဝမ်းနည်း စကားပေါ့။ ကျနော်က အဲဒီလို ဘယ်တုန်းကမှ မထင်ဘူး။ ခင်မောင်ရင်ဟာ သူ့ဘဝရဲ့အကြောင်း အကုန် နားလည်တယ်။” စာကြွင်း။ နေ့တွေဟာ အကန့်အသတ်ရှိတာကြောင့်ပဲ… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 980MB Quality – 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 2H 23Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Fantasy • Horror • Drama • Thriller
8.3 1952
Ikiru
On a Wing and a Prayer
5.5

On a Wing and a Prayer (2022) ယုံကြည်မှုနဲ့ပတ်သက်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒက်တို့မိသားစုမှာ ဒက်အကိုရယ် ဒက်ဇနီးရယ် သမီးလေး၂ယောက်ရယ်ရှိပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ပျော်ရွှင်စွာနေထိုင်ခဲ့ကြတာပါ။ သူတို့က ခရစ်ယာန်ဘာသာ၀င်တွေဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ပါတယ်။ ဒက်က သူ့ဝါသနာတွေထဲကတစ်ခုဖြစ်တဲ့ လေယာဉ်ပျံမောင်းတာကို သူ့မိတ်ဆွေရယ် အကိုရယ်နဲ့အတူစီးပြီး လေ့ကျင့်ခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့တဲ့အတွက် လက်လျှော့ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒက်ရဲ့အကိုက ရုတ်တရက်နှလုံးဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒက်အတွက်တော့ တစ်ဦိးတည်းသောအကိုဆုံးသွားတဲ့အတွက် ယူကြုံးမရဖြစ်ခဲ့ပြီး ဘုရားသခင်ကို မယုံကြည်တော့ဘဲ သံသယ၀င်လာပါတယ်။ နာရေးအခမ်းအနားပြီးလို့ မွေးရပ်ကနေ အိမ်ပြန်ဖို့ကို ဒက်ရဲ့မိတ်ဆွေ ပိုင်းလော့ဂျိုးက သီးသန့်လေယာဉ်ငယ်နဲ့ လိုက်ပို့ပေးဖို့စီစဉ်ထားတာပါ။ ကံဆိုးစွာနဲ့ လေယာဉ်ထွက်ခွာလာပြီး သိပ်မကြာခင်မှာပဲ သူ့မိတ်‌ဆွေ ဂျိုးက ရုတ်တရက် လေယာဉ်မောင်းနေရင်း သေဆုံးသွားပါတယ်။ ဒါကြောင့် ဒက်ကရွေးစရာမရှိဘဲ ဇနီးဖြစ်သူနဲ့အတူ လေယာဉ်မှူးခန်းမှာထိုင်ပြီး လေယာဉ်ကို ထိန်းချုပ်ဖို့ဖြစ်လာပါတယ်။ လေယာဉ်ကို ဘေးကင်းကင်းဆင်းသက်နိုင်ဖို့ လေဆိပ်တာ၀န်ရှိသူတွေနဲ့ ဆက်သွယ်ပြီး ကြိုးစားရပါတော့တယ်။ တာ၀န်ရှိသူတွေက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စဉ်းစားပြီး အခန့်မသင့်ရင် လေယာဉ်ကို သမုဒ္ဒရာထဲ ပျက်ကျနိုင်အောင် ညွှန်ကြားထားကြပါတယ်။ ဒက်ကတော့ သူ့မိသားစုကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားမောင်းနှင်ပါတယ်။ ဒက်တို့မိသားစု မြေ‌ပြင်ကို ဘေးကင်းကင်း ဆင်းနိုင်ပါ့မလား၊ ကြားထဲမှာ ဘယ်လို ဒုက္ခတွေကြုံရဦးမလဲ၊ ဘယ်သူတွေက ကူညီပေးမှာလဲ၊ ဘုရားသခင်ကရော နောက်ဆုံးမှာ ကယ်တင်‌ စောင်မပါ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ။ ဇာတ်ကားတစ်ကားလုံးနီးပါးက လေယာဉ်ကိုမြေပေါ် ဆင်းဖို့ တာ၀န်ရှိသူတွေနဲ့ကြိုးစားနေတာကို ရိုက်ထားတာဖြစ်တဲ့အတွက် လေယာဉ်နဲ့ပတ်သက်တာကို ကြိုက်နှစ်သက်တဲ့လူတွေ ကြည့်ရှုသင့်တဲ့ကားတစ်ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai Kay Khaing မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 805MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 42Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai Kay Khaing Encoded by Y

5.5 2022 102 mins
On a Wing and a Prayer
Balada Si Roy
7.4

Balada Si Roy (2023) ******************* လောကဓံရဲ့အနိမ့်အမြင့်အခက်အခဲတွေကို အလူးအလဲခံနေရပေမဲ့ မလျော့သောစိတ်ဓာတ်ခွန်အားတွေနဲ့အတူ မတရားဘက်တော်သားတွေကို မကြောက်မရွံ့ပြန်တိုက်ခိုက်ရဲတဲ့ ရွိုက် (Roy) ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကို ပုံဖော်ရိုက်ကူးတာတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်.. ရွိုက် (Roy) ဟာ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အရမ်းချစ်ရတဲ့ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ ဂျိုး (Joe) လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိပါတယ် … နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ သူ့အဖေဆုံးသွားပြီးနောက်ပိုင်းမှာ ရွိုက် (Roy) နဲ့သူ့အမေဟာ ဆန်ရန်ဆိုတဲ့မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်.. ဆန်ရန်အထက်တန်းကျောင်းမှာသာမက ဆန်ရန်မြို့မှာပါ ဗိုလ်ကျနေတဲ့ အကြီးအကဲတစ်ဦးရဲ့သား ဒူလန် (Dullah) နဲ့ ရွိုက် (Roy) တို့ဟာ ပြဿနာတစ်ခုဖြစ်ပွါးရာမှ ရွိုက် (Roy) ဟာ သူ့အချစ်ဆုံးခွေးလေး ဂျိူး (Joe) ကို ဆုံးရှုံးခဲ့ရပါတယ်.. မိသားစုရဲ့အုတ်တံတိုင်းဖြစ်တဲ့ဖခင်ကိုဆုံးရှုံးထားရတဲ့အပြင် ဆိုးတူကောင်းဖက်ခွေးလေးကိုပါ လက်လွှတ်လိုက်ရတဲ့ ရွိုက်(Roy) တစ်ယောက် ဘယ်လိုနာကျည်းချက်တွေနဲ့ ပြန်လည်တုံ့ပြန်မလဲ…… သူ့အဖေကရော ဘာအတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသလဲ…… ဆန်ရန်မြို့ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတရားတွေရှိနေသလဲ……. .ဆိုတာကို ဇာတ်ကားထဲမှာ ရှာဖွေကြည့်လိုက်ရအောင်နော်…. File Size : 2.2GB, 921MB Quality : WEB-DL 1080p, 720p Format : mp4 Duration : 1hr 49mins Genre : Romance, Drama , Action Translated by Thinn Thinzar Encoded by Phyo Pyae

7.4 2023 109 mins
Balada Si Roy
Sound of Freedom
7.8

Sound of Freedom (2023) =================== IMDb Rating – 7.8/10 IMDB 7.8 ထိ ရထားတဲ့ ကလေးလူကုန်ကူးမှုတိုက်ဖျက်ရေး မှုခင်းဇာတ်ကား ကောင်းလေး ဖြစ်ပါတယ်။ ကမ္ဘာ့အနှံ့က မကောင်းမှုနဲ့ ကျိကျိတက်တက်ချမ်း သာပြီး ဝါသနာတူတွေစုနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းကြီးတစ်ခုက ကလေး သူငယ်တွေကို လူကုန်ကူးပြီး လိင်လုပ်သားအဖြစ် ရောင်းစား အသုံးတော်ခံနေ ကြပါတယ်။ ဒါကို သီးသန့်နှိမ်နင်းတားဆီးနေတဲ့ တင်ဘဲလက်ဆိုတဲ့ အေးဂျင့်က pedophile လို့ခေါ်တဲ့ ကလေးနှာဗူးကောင်တွေကို ဖမ်းဆီးခဲ့ရင်းနဲ့ နောက်ဆုံး ကိုလံဘီယာက မကောင်းမှုတွေ အဓိကထိန်းချုပ်လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့ကို နှိမ်နင်းတားဆီးပြီး ကလေးတွေကို ဘယ်လိုပြန်လည်ကယ်ဆယ်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက ရိုးရှင်းပေမယ့်.. Action scene တွေက အရမ်းကောင်းလွန်း တာကြောင့် Rating ကောင်းကောင်းတွေ ရထားတာဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.86 GB) / (774 MB) Quality………..WEB-DL 1080p / 720p Duration……..2Hr 11Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Crime, Drama Translator……Thiha Yan Naing Encoder……….SWM

7.8 2023 131 mins
Sound of Freedom
Head Count
5

Head Count (2023) =============== Thriller ရုပ်ရှင်ကောင်းကောင်း ကြည့်ချင်သူတွေအတွက် ဒီကားလေးက သင့်တော်ပါတယ်။ အကယ်၍ သင့်ခေါင်းကို သေနတ်နဲ့ အချိန်ခံထားရပြီး သင့်အသက်က သေနတ်ထဲမှာပါတဲ့ ကျည်ဆန်အရေအတွက်ပေါ် မူတည် နေတယ်။ အဲလိုအခြေအနေမျိုးကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ ကတ် ဟာ ထောင်ကျနေစဉ်မှာပဲ အခွင့်အရေးကောင်းတစ်ခုကြောင့် ရဲကားနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူ သတိလစ်သွားခဲ့ပြီး ပြန်သတိရလာတဲ့အချိန်မှာ လူတစ်ယောက်က သူ့ခေါင်းကို သူ့သေနတ်နဲ့ပဲ ချိန်ထားနေခဲ့ပါတယ်။ သူ ဘာကြောင့် ဒီလိုအခြေအနေမျိုးဖြစ်သွားလဲ၊ သေ နတ်နဲ့ ချိန်ထားတဲ့သူကရော ဘယ်သူလဲ၊ သေနတ်ထဲမှာ ကျည်တောင့် ဘယ် နှစ်တောင့်ကျန်နေလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့် ရမှာပါ။ အများကြီးညွှန်းမနေတော့ဘဲ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ အချိန် ကုန်ရကျိုးနပ်မယ်လို့ထင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.13 GB) / (403 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Leonard Lin Encoder……….SWM

TV Movie • Comedy • Romance
5 2023
Head Count
The Shakedown
5.5

ဂျက်စတင်ဒိုင်းမွန်းက Cape Town မြို့ရဲ့ နာမည်ကြီး လူချမ်းသာတစ်ယောက်ဖြစ်ပြီး ကျန်းမာရေး ကုမ္ပဏီတစ်ခုကို ဦးစီးနေတယ်။ ဂျက်စတင်က သူ့ရဲ့ ဝန်ထမ်း မာရီကာ နဲ့ ဖောက်ပြန်မိပြီးတော့ မာရီကာ က ဗီဒီယိုခိုးရိုက်ပြီး ခြိမ်းခြောက်လာတဲ့အခါ ပြဿနာတက်ပါတော့တယ်။ မာရီကာ ကို တားဖို့အတွက် အစ်ကိုဖြစ်သူ လူမိုက်ဂိုဏ်း ခေါင်းဆောင် ဒိုဗီဒိုင်းမွန်းနဲ့ ပေါင်းမိသွားတဲ့အခါမှာ မြေအောက်ဂိုဏ်းလောက နဲ့ ပတ်သတ်မိပြီး အရှုပ်ထုပ်တွေ ထဲရောက်သွားပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာတော့ မိသားစုတွင်းဆက်ဆံရေး၊ ညီအစ်ကိုဆက်ဆံရေးတွေနဲ့ ဒီပြဿနာကြီးကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှုကြရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ File size…1.54GB / 807MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama • Romance
5.5 2024 102 mins
The Shakedown
Vishesham
8.5

Vishesham 2024 ကိုလူပျိုရဲ့အချစ်ခရီး IMDb – 8.6/10 လူတစ်ယောက်အတွက် ပထမဆုံးအကြိမ်ဆိုတာ အတော်လေးအရေးကြီးပါတယ်။ ဒီပထမဆုံးအကြိမ်ကနေရလိုက်တာက သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ယုံကြည်မှုဆိုတဲ့အရာပါပဲ။ ဒါပေမဲ့ ရှီဂျူကတော့ ဒီယုံကြည်မှုဆိုတဲ့အညွန့်လေး ရိုက်ချိုးခံလိုက်ရတဲ့သူပေါ့။ လူရိုးကြီးရှီဂျူက သိပ်ချစ်တတ်တဲ့သူတစ်ယောက်ဆိုပေမဲ့ သူ့ကိုမင်္ဂလာဆောင်ပေးမယ့်အချိန်မှာ သတို့သမီးလေးက ကိုထိပ်ပြောင်ကြီးမြင်ပြီး ထွက်ပြေးသွားတာမလို့ အသည်းလည်းကွဲ အရှက်လည်းကွဲပြီး လယ်စိုက်ပြီး တစ်ကိုယ်တည်းပဲနေတော့တာပေါ့။ ဒါကို မကြည့်ရက်လေတော့ အမေနဲ့ အစ်ကိုဖြစ်သူအပါအဝင် တစ်ဆွေတစ်မျိုးလုံးက ရှီဂျူကို အိမ်ထောင်ထပ်ပြုဖို့ ဇွတ်တိုက်တွန်းတာမလို့ ရှီဂျူလည်း မရေမရာနဲ့ပဲ ထပ်ပြီးစမ်းကြည့်ဖို့ လက်ခံလိုက်ပါတော့တယ်။ နှလုံးလှတဲ့ ကိုလူရိုးဆို‌ပေမဲ့ အသက်ကကြီး ထိပ်ကပြောင် ဗိုက်ကပူနေတဲ့ အဘိုးအိုပေါက်စရုပ်နဲ့ရှီဂျူကို မိန်းကလေးတိုင်းက ငြင်းနေတော့ အိမ်ထောင်ပြုဖို့ လက်လျှော့မယ့်ဆဲဆဲ ကျားမလေးလို ရဲရဲတောက် ရဲမေမလေးနဲ့ဆုံဖို့ ဖြစ်လာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

8.5 2024
Vishesham
Start Up Never Give Up

Startup Never Give Up (2024) လွဲလွဲ‌လေးပဲကောင်းပါတယ် ရယ်မောပြုံးပျော်ပြီး အပန်းဖြေနိုင်ဖို အင်ဒိုနီးရှားဟာသကားလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒွန်နီဆိုတဲ့ကောင်လေးက အလုပ်ထုတ်ခံရလိုက် ပြန်လျှောက်လိုက်နဲ့ အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်ပြီး သံသရာလည်နေသူတစ်ဦးပါ။ သူ့မှာရာဖီဆိုတဲ့ ကျောင်းတက်နေဆဲ ညီငယ်လေးတစ်ယောက်ရှိပါတယ်။ ရာဖီကပဲ ထမင်းဟင်းချက်၊ အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးလုပ်နဲ့ ကျောင်းတစ်ဖက်၊ စာတစ်ဖက် အလုပ်ရှုပ်နေရပါတယ်။ အခုလည်း သူလက်ရှိလုပ်နေတဲ့ မိတ္တူကူးတဲ့အလုပ်က အထုတ်ခံလာရပြန်ပါပြီ။ မိတ္တူကူးနေရင်း စက်ပျက်သွားတော့ သူဌေးကသူ့ကိုအလုပ်ထုတ်လိုက်တာပါ။ ဒွန်နီမှာ ဒေဝီလိုခေါ်တဲ့ သူငယ်ချင်းချောချောလှလှ ကောင်မလေးတစ်‌ယောက်ရှိပါတယ်။ သူ့ကိုမုန့်တွေလာပို၊ သူ့ညီငယ်လေးကိုထိန်းကျောင်းပေးနေသူလေးပေါ့။ သူတိုအိမ်ရဲ့အိမ်စရိတ်တွေ‌၊ မီတာခ‌အကြွေးတွေပေးဖို ဒွန်နီက အလုပ်တစ်ခုလျှောက်ရပါတော့တယ်။ သူ့ရဲ့လုံခြုံရေး၊ ဝိတ်တာ၊ ရုံးစာရေး၊ ဒရိုင်ဘာ အကုန်လုပ်ဖူးတဲ့အတွေ့အကြုံနဲ့ မန်နေဂျာရာထူးကို ခန့်လိမ့်မယ်ထင်ပေမဲ့ ဒီတစ်ခါလည်းလွဲသွားပြန်ပါတယ်။ ဒီလိုနဲ့ခေါင်းငိုက်စိုက်ချ ပြန်လာ‌တုန်း သူ့ကို အနောက်က အတင်းလိုက်အော်ခေါ်ပြီး အလုပ်တန်းခန့်ပါတော့တယ်။ အကြောင်းရင်းကတော့ သူဟာသူတိုသူဌေးမိန်းမရဲ့ မောင်လေးဖြစ်နေလို အထက်ကသူ့ကို အလုပ်ခန့်ခိုင်းခြင်းရယ်ပါ။ သူကတော့ဒါကိုမသိဘဲ ပျော်ရွှင်စွာ အလုပ်ဝင်ပါတော့တယ်။ ဒွန်နီတစ်ယောက် ဒီအလုပ်မှာရော ဘယ်လောက်မြဲမလဲ၊ အလွဲတွေလုပ်ပြီးပဲ ထပ်အလုပ်ထုတ်ခံရဦးမလား၊ နောက်ဘာအလုပ်ထပ်ရှာရပါဦးမလဲ၊ သူ့ညီလေးနဲ့ သူတိုအိမ်စရိတ်ကိုရော သူဆက်ထောက်ပံ့နိုင်ပါ့မလား၊ ဒေဝီနဲ့သူတိုရဲ့ဆက်ဆံရေးကရော ဘယ်လိုလဲဆိုတာ ရယ်မောကြည့်ရှုရင်း ဆက်လက်အဖြေရှာကြည့်ကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ်။ File size… 1.6 GB / 763 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team

Comedy • Fantasy
0 2024
Start Up Never Give Up
Undercover Party Crasher
6.4

Undercover Party Crasher (2025) ဒီဇာတ်လမ်းထဲမှာကတော့ သူငယ်ချင်း‌ကောင်းဆိုတာကိုယ့်ဘဝမှဘယ်လောက်အရေးပါလည်းကိုအသားပေးရိုက်ကူးထားတာပါ။ ဘယ်အလုပ်နယ်ပယ်ချင်းမတူညီပါစေ ကိုယ်နဲ့စိတ်တူကိုယ်တူသူငယ်ချင်းတစ်ယောက်ရှိနေတာက တကယ့်ကိုဘဝကပေးတဲ့လက်ဆောင်ပါပဲ။ ဇာတ်လမ်းရဲ့အဓိက‌ဇာတ်ဆောင်မင်းသမီး ဒန်နီစ်က ဖခင်ဖြစ်သူရဲမှူးကြီးရဲ့ ထိန်းချုပ်မှုနဲ့နေနေရတဲ့သူပါ သူကသူ့ဖခင် အထင်ကြီးအောင်လို့နည်းမျိုးစုံနဲ့ကြိုးစားပေမဲ့ နောက်ဆုံးအလွဲလွဲအ‌ေချာ်ချော်ပဲဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့တနေ့မှာသူတို့နှစ်အကြာကြီးလိုက်နေတဲ့ လက်နက်မှောင်ခိုသမားကိုဖမ်းဖို့မစ်ရှင်လုပ်‌နေရင်း ဒန်နီစ့်ရဲ့စိတ်လောမှုကြောင့်နဲ့ ရာဇဝတ်သားကလွတ်သွားပါတယ်။ ဒါပေမဲ့ရာဇဝတ်သားက လက်နက်တွေရဲ့တည်နေရာကို ရဲတွေတောင်ထိလို့မရနိုင်တဲ့သူတစ်ယောက်ဆီအပ်ထားခဲ့တာကို သိလိုက်ရတဲ့အချိန်မှာ သူ့ကြောင့်ပျက်စီးသွားတဲ့မစ်ရှင်ကို အဖက်ဆယ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့စုံစမ်းကြည့်လိုက်တဲ့အခါမှာ ဝရမ်းပြေးမှာသမီးလေးတစ်ယောက်ရှိနေပြီးတော့ အဲဒီကလေးမဆီမှာပါတည်နေရာတွေရှိလောက်တယ်ဆိုပြီး သူကိုယ်တိုင်ဆယ်ကျော်သက်တစ်ယောက်လို့အယောင်ဆောင်ပြီးစုံစမ်းပါတော့တယ်။ ဒီလိုနဲ့ကြုံတွေ့လာရတာတွေကို ဟာသဆန်ဆန်လေးရိုက်ကူးပြထားတာဖြစ်တဲ့အတွက် ကြည့်လို့ကောင်းတဲ့ကားလေးတစ်ခါဖြစ်တာမို့ ကြည့်ရှုကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ ကောင်မလေးအလန်းလေးတွေအများကြီးနဲ့မို့ ကြည့်ရတာတန်တဲ့ကားလေးတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ C.M Minhtike ဖြစ်ပါတယ်။) File size… (6.9 GB) / (2.3 GB) / (1.3 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy Duration….01:26:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by C.M Minhtike

Animation • Comedy • Adventure • Family
6.4 2025 86 mins
Undercover Party Crasher
Cesium Fallout
6.8

မင်းသားကြီးAndy Lau နဲ့ Love O2Oထဲက မင်းသားချောလေး Bai Yuတို့ရဲ့ရုပ်ရှင်ဇာတ်ကားကြီးလာပါပြီ။ ကပ်ဘေးအန္တရာယ်ကို စွန့်စားပြီးကာကွယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ အန္တရာယ်ရှိ ဓာတ်ရောင်ခြည်ပစ္စည်းတွေရုတ်တရက်ယိုစိမ့်လာတဲ့အတွက် ဟောင်ကောင်မြို့ကြီးဟာ ၂၄နာရီအတွင်းအန္တရာယ်ကျရောက်တော့မှာဖြစ်ပါတယ်။ ဒီကပ်ဘေးကြီးကလွတ်မြောက်ဖို့ ပညာရှင်ဖန့်ဝေလိနဲ့ Ceciliaတို့က ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်ရှိကြပါတယ်။ တစ်ချိန်ထဲမှာပဲ မီးသတ်သမား လိကျယ်ဖုန်းဟာ သူ့တပ်ဖွဲ့နဲ့အတူ ရှေ့တန်းမှာကယ်ဆယ်ရေးကိုကြိုးစားပြီးလုပ်ကိုင်နေခဲ့ပါတယ်။ ဟောင်ကောင်မြို့ကြီးပျက်စီးတော့မယ့်အချိန်နဲ့နီးကပ်လာတာနဲ့အမျှ သူတို့တွေဟာ ကာယ ဉာဏ အင်အားပူးပေါင်းပြီး ဘယ်လိုကယ်တင်သွားမလဲဆိုတာကို သဲထိတ်ရင်ဖိုကြည့်ရမှာပဲဖြစ်ပါတယ်။

Horror • Thriller
6.8 2025
Cesium Fallout
Babah

ဒီနေ့ကျွန်တော်ပြောပြပေးချင်တာက “Babah” (2024) ဆိုတဲ့ မလေးရှားဇာတ်ကားလေးအကြောင်းပါ ဒီဇာတ်ကားက မလေးရှားရဲ့ ဒရာမာကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Mohd Shah Faizul Ibrahim က ရိုက်ကူးထားတာပါ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၅ ရက်နေ့ကစလို့ မလေးရှားရဲ့ ရုပ်ရှင်ရုံတွေမှာ ပြသခဲ့တာဆိုတော့ လောလောလတ်လတ်ကားလေးတစ်ကားပေါ့ ဒီဇာတ်ကားထဲမှာ ဇာတ်လမ်းက အရမ်းကိုရိုးရှင်းပြီး နှလုံးသားကို ထိတဲ့အကြောင်းအရာလေးပါ အဓိကဇာတ်ကောင်ကတော့ Isyak ဆိုတဲ့ ဖခင်တစ်ယောက်ဖြစ်ပြီး Qi Razali က သရုပ်ဆောင်ထားပါတယ် သူ့သမီးလေး Maya (Sweet Qismina သရုပ်ဆောင်) ကို မွေးကတည်းက ကြီးတဲ့အထိ ဂရုစိုက်ပြီး ပြုစုပျိုးထောင်တဲ့ ဖခင်တစ်ယောက်ရဲ့ ဘဝခရီးလမ်းကို ပြသထားတာပါ ဒီဇာတ်လမ်းမှာ မိသားစုရဲ့ချစ်ခြင်းမေတ္တာ အခက်အခဲတွေကို အတူဖြတ်ကျော်နိုင်တဲ့ စွမ်းအား ပြီးတော့ ဘဝရဲ့အတက်အကျတွေကို ထိထိမိမိ ဖော်ပြထားပါတယ် ဇာတ်အိမ်ကတော့ ဒီလိုပါ Isyak ဆိုတဲ့ ဖခင်ကြီးက သူ့သမီး Maya ကို အရမ်းချစ်တယ် ဒါပေမယ့် ဘဝက သူတို့ကို အမြဲတမ်း ချောချောမွေ့မွေ့ မဖြတ်သန်းစေပါဘူး Isyak တစ်ယောက် အလုပ်ပြုတ်သွားတာနားမကြားတော့တာတွေကို ကြုံရတယ် အဲဒီအချိန်မှာ Maya လည်း အိမ်ထောင်ကျပြီး မမျှော်လင့်ဘဲ Guillain-Barré Syndrome ဆိုတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုကို ခံစားရတယ် ဒီလိုနဲ့ သမီးဖြစ်သူရဲ့ ဘဝမှာ ထပ်ပြီး အားကိုးအားထားရတဲ့ ဖခင်တစ်ယောက်အနေနဲ့ Isyak က ပြန်ပါဝင်လာရပါတယ် ဒီလိုနဲ့ သူတို့ သားအဖနှစ်ယောက်ရဲ့ ဆက်နွယ်မှုက ဘယ်လောက်တောင် ခိုင်မြဲပြီး ချစ်ခြင်းမေတ္တာနဲ့ ပြည့်နှက်နေလဲဆိုတာကို တွေ့ရမှာပါ ဒီဇာတ်ကားက ကြည့်ရင်း မျက်ရည်ဝဲလာနိုင်တယ်လို့ ပြောရမယ် အထူးသဖြင့် မိဘနဲ့ သားသမီးဆက်ဆံရေး ဒါမှမဟုတ် ဘဝမှာ အခက်အခဲတွေ ဖြတ်ကျော်နေရတဲ့ သူတွေဆိုရင် ဒီကားက ရင်ထဲထိမှာသေချာတယ် သရုပ်ဆောင်တွေဖြစ်တဲ့ Qi Razali၊ Sweet Qismina တို့အပြင် Cristina Suzanne (Hayati အဖြစ် မိခင်နေရာ) တို့ကလည်း သူတို့ရဲ့ ဇာတ်ကောင်တွေကို အသက်ဝင်အောင် သရုပ်ဆောင်ပေးထားတာမို့ ကြည့်ရတာ ပိုပြီး ခံစားရတယ် ဒါကြောင့် သူငယ်ချင်းတို့လည်း ဒီဇာတ်ကားလေးကို အခွင့်ရရင် ကြည့်ကြည့်ပါ ရိုးရှင်းပေမယ့် နှလုံးသားကို ထိတဲ့ မိသားစုဇာတ်လမ်းလေးတစ်ခုကို ခံစားရမှာပါ ကျွန်တော်တော့ ဒီကားကို အကြိုက်ဆုံး မလေးရှားကားစာရင်းထဲ ထည့်ထားလိုက်ပါပြီ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Comedy
0 2024
Babah
Silent Hill
6.6

Silent Hill ဆိုတဲ့ နာမည်က Oldie Gamer တွေနဲ့ သိပ်မစိမ်းမှာသေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Silent Hill(2006) Horror ဇာတ်ကားလေးက Konami ရဲ့ ၁၉၉၉ ကထုတ်ထားတဲ့ Silent Hill ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ပါပဲ။ ဗီဒီယိုဂိမ်းကို ဇာတ်ကားအနေနဲ့ ပြန်ဖန်တီးထားလို့ စကားပြောတွေမကောင်းဘူး၊ ဇာတ်အိမ်ပရမ်းပတာဖြစ်တယ်၊ ပြသချိန်ကြာလွန်းတယ်လို့ ဝေဖန်မှုတွေဖြစ်ခဲ့ပါသေးတယ်။ ဘယ်လိုပဲဝေဖန်ဝေဖန် ကြည့်လို့ကောင်းတယ််ဆိုတဲ့ မှတ်ချက်ကိုတော့ ပေးသွားကြတာချည်းပါပဲ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကတော့ ဒီဇာတ်ကားကို တော်တော်လေးကောင်းတယ်လို့ ထင်ပါတယ်။ Horror ဆိုတာထက် Mystery, Thriller ဖြစ်တယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Da Silver လင်မယားက ကောင်မလေးတစ်ယောက်ကို မွေးစားထားပါတယ်။ သူတို့ရဲ့ မွေးစားသမီးလေးကို သမီးအရင်းလေးလိုပဲချစ်ကြပါတယ်။ ကောင်မလေးက အိပ်ရင်းလမ်းလျှောက်ပြီးတော့ ဆိတ်ငြိမ်တောင်ကုန်းဆိုတဲ့နေရာက သူ့ကို ဆွဲခေါ်နေသလိုဖြစ်ရပ်တွေကို ကြုံလာရပါတယ်။ အဲဒီအချိန်မှာ အမေလုပ်သူက သမီးဖြစ်သူ နေကောင်းလာဖို့အတွက် ဆိတ်ငြိမ်တောင်ကုန်းကို ခေါ်သွားပါတော့တယ်။ သူတို့အဲဒီကိုရောက်တဲ့အချိန်မှာ ဘာတွေဖြစ်မလဲ။ ဘာဖြစ်လို့ ဒီကောင်မလေးကို ဒီနေရာက ခေါ်နေရတာလဲ။ ဆိတ်ငြိမ်တောင်ကုန်းမှာဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဇာတ်လမ်းမှာကြည့်လိုက်ပါတော့… Translated & Review By d3mon Encoded By Thit San Khant

6.6 2006 125 mins
Silent Hill
Uncontained
4.4

Uncontained (2025) IMDb Rating (4.4) “Uncontained” (2025) ဆိုတဲ့ ရုပ်ရှင်က ဆောင်းရာသီရဲ့ အေးခဲတဲ့ မြောက်အမေရိက သစ်တောထဲက ထိတ်လန့်စရာ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ဒရစ်ဖ်တာ (drifter) တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အတိတ်က သိပ်မသန့်ရှင်းတဲ့ ပုံစံမျိုးပါ။ သူဟာ စွန့်ပစ်ခံထားရတဲ့ ကောင်လေးတစ်ယောက်နဲ့ သူ့ညီမလေးတို့နဲ့ ဆုံမိရာကနေ ဇာတ်လမ်းစတယ်။ ဒီကလေးနှစ်ယောက်ကို သူတို့ရဲ့ မိဘတွေမရှိတဲ့အချိန်မှာ ကာကွယ်ပေးရမယ့် တာဝန်က သူ့ပုခုံးပေါ်ကို ရောက်လာတယ်။ ဒါပေမယ့် ဒီလောကမှာ ဘာမဆိုဖြစ်နိုင်တယ်။ လူတွေကို ရိုင်းစိုင်းပြီး တိရစ္ဆာန်ဆန်တဲ့ အနေအထားကို ပြောင်းလဲစေတဲ့ ကူးစက်ရောဂါတစ်ခုက ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေတယ်။ ဒီကူးစက်ရောဂါက လူတွေကို ဆိုးရွားတဲ့ သတ္တဝါတွေအဖြစ် ပြောင်းလဲစေပြီး ဒရစ်ဖ်တာနဲ့ ကလေးတွေကို အဆက်မပြတ် ခြိမ်းခြောက်နေတယ်။ ဒါတင်မကဘူး သူ့ရဲ့ပျောက်ဆုံးနေတဲ့ သမီးကို ရှာဖွေနေတဲ့ ရက်စက်တဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက်နဲ့လည်း ရင်ဆိုင်ရတယ်။ ဒီကြားထဲမှာ အစိုးရရဲ့ အေးဂျင့်တွေကလည်း သူတို့ကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားနေတယ်။ ဒရစ်ဖ်တာတစ်ယောက် ဒီကလေးနှစ်ယောက်ကို ကာကွယ်ဖို့ ကြိုးစားရင်း သူ့ရဲ့ အတိတ်က အဖြစ်ဆိုးတွေနဲ့လည်း ရင်ဆိုင်ရတယ်။ ဒီလောကထဲမှာ ယုံကြည်မှုဆိုတာ ရှားပါးပြီး ရှင်သန်ဖို့ဆိုတာ ကြီးမားတဲ့ စွန့်လွှတ်မှုတွေနဲ့ လဲလှယ်ရတယ်။ ဒီရုပ်ရှင်က “ဇွန်ဘီး” အမျိုးအစားကို ပုံမှန်ထက် ကွဲပြားတဲ့ပုံစံနဲ့ ပြသထားပြီး လူသားဆန်မှု မိသားစုနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေတဲ့ အကြောင်းအရာတွေကို အဓိကထား ဖော်ပြထားလို့ ကြည့်ရတာ တန်မယ်လို့ ထင်ပါတယ်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size…(1.1 GB) / (640 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Horror Duration….01:40:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Min Khant

Crime • Drama • Thriller
4.4 2025 99 mins
Uncontained