YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

night.train.2023.480p(CM).mp4

469.07 MB N/A video/mp4 393 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shooting Stars
7.5

Shooting Stars (2023) ================ Genre – Biography, Drama, Sports IMDb Rating – 6.5/10 ဘတ်စကတ်ဘော အားကစားလောကမှာဆို မိုက်ကယ်ဂျော်ဒန်တို့ခေတ်ပြီးရင် ခု လဘရွန်းဂျိန်းစ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ NBA ချန်ပီယံ ၄ ခါ ဖြစ်ထားတယ်၊ NBA သမိုင်းတလျှောက် အမှတ်အများဆုံးသွင်းယူသူ၊ နောက် ပြီး အိုလံပစ် ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်ပါတယ်။ ဒီ သမိုင်းနောက်ခံ အားကစား ဒရမ်မာ ရုပ်ရှင်လေးက သူကိုယ်တိုင်ရေးတဲ့ အထ္တုပတ္တိကို ပြန်လည် အသက် သွင်းထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းဆိုပေမဲ့လည်း သူတစ်ယောက် တည်းကို ကွက်ပြီး Hightlight လုပ်ပြတာမျိုး မရှိပဲ သူတို့ အထက်တန်းကျောင်း ဘဝတုန်းက ပြည်နယ်ချန်ပီယံဖြစ်ခဲ့ရပုံတွေနဲ့ သူငယ်ချင်းတွေအကြောင်းကို တစ်ယောက်စီ သေချာလည်း ပြသပေးထားတာမျိုး ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့အကြောင်းအရာလေးကတော့ လဘရွန်းဂျိန်းစ်ရယ် ဒရူးဆိုတဲ့ လူကောင် အညှပ်ကလေးရယ် ရှရန်ဆိုတဲ့ဝတုတ်လေးရယ် ဝီလီဆိုတဲ့ ရင့်ကျက်တဲ့ကောင် လေးရယ်က အသက် ၁၀ နှစ်ကတည်းက Shooting Stars ဆိုတဲ့ အဖွဲ့အောက် မှာ ဘတ်စကတ်ဘော ကစားခဲ့ကြတာပါ။ နည်းပြကတော့ ဒရူးရဲ့ အဖေပေါ့။ ဒီလိုနဲ့ အထက်တန်းကျောင်းတက်ရမယ့်အချိန်ရောက်တော့ ဒရူးအဖေက ဘတ် စကတ်ဘော သေချာကစားနိုင်မယ့် ကျောင်းတစ်ကျောင်းကို သေချာရွေးချယ်ပေး ခဲ့တယ်။ ဒါပေမဲ့ အဲဒီကျောင်းက နည်းပြက ဒရူးကို လူကောင်သေးလို့ အတူတူ ပေးကစားလို့ မဖြစ်ဘူး၊ ဂျူနီယာအသင်းပဲ ရမယ်ဆိုတော့ ဒရူးတစ်ယောက် လိုက်ရှာတဲ့အချိန် လူဖြူတွေများတဲ့ စိန့်ဗီကျောင်းမှာ ပြဿနာတွေနဲ့ ရောက်လာ တဲ့ နည်းပြသစ် ဒန်ဘရော့နဲ့ ဆုံမိပြီး သူတို့တစ်ဖွဲ့လုံး ဘယ်လိုတွေ တိုးတက်ပြောင်း လဲလာပြီး အထက်တန်းကျောင်းချန်ပီယံ ဘယ်လိုရလာမလဲဆိုတာတွေ စိတ်ဝင် စားဖွယ် ကြည့်ရမှာပါ။ လဘရွန်းဂျိန်းရဲ့ နာမည်ကျော်ကြားလာပြီး ဖိအားတွေ ကြုံရပုံတွေ ဒရူးရဲ့ လူကောင် သေးပေမဲ့ အပြောမခံပဲ ပြန်လုပ်ပြခဲ့တာတွေ ဝတုတ်လေးရှရန်ရဲ့ အကောင်းမြင် တတ်ပုံတွေ ဝီလီရဲ့ အားပေးမှုတွေနဲ့ သူငယ်ချင်းတွေကြားက သံယောဇဉ်ကို အား ကစားနဲ့ ဖော်ကျူးထားတဲ့ Biography ရုပ်ရှင်လေးပါ။ Stranger Thing က Lucas လေးက ဒရူးအဖြစ် သရုပ်ဆောင်ထားတာကိုလည်း တွေ့ပါတယ်။ ဘတ်စကတ် ဘောနဲ့ ပတ်သက်တဲ့အသုံးအနှုန်းများကို တတ်နိုင်သလောက် ကြိုးစားပြန်ထားတဲ့ အတွက် အမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.82 GB) / (775 MB) / (459 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator.......Thura Aung Encoder..........Zin Phyo Aung

Action • Comedy • Science Fiction
7.5 2023 116 mins
Shooting Stars
Jingle All the Way
6

ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990‌ ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်‌တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ နှစ်ဆကျော်ဝင်ငွေပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ ဒေါင်းကြည့်ဖို့တကယ်ထိုက်တန်လှတာမို့ ခရစ္စမတ်မှာ chill ဖို့ Jingle All the Way လေးကို ဒေါင်းကြည့်ကြပါဦး။ ပြောဖို့တစ်ခုကျန်ခဲ့တယ်ဗျို့။ ဇာတ်ဝင်သီချင်းတွေ တကယ်ရှယ်ကောင်းပဲဗျ။ ကဲ Jingle All the Way လေးကို ရှုစားအားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို San Thu Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 29Min Genre - Adventure, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Y

Crime • Horror • Thriller
6 1996 89 mins
Jingle All the Way
Just Like Heaven
6.9

ဒီတခါမိတ်ဆက်ပေးမှာကတော့ ပရိတ်သတ်သဲသဲလှုပ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Reese Witherspoon နဲ့ Mark Ruffalo တို့ငယ်ရွယ်စဥ်ကပါ၀င်ထားတဲ့ Romance/fantasy ကားလေးပါ တနေ့တနေ့အလုပ်မှအလုပ်ဖြစ်နေတဲ့ ဆရာ၀န်မလေးအဲလစ်ဇဘတ်ဟာတနေ့မှာ ကားအက်ဆီးဒင့်တခုဖြစ်ခဲ့ပါတယ်။ သုံးလကြာပြီးတဲ့နောက် သူ့ရဲ့မိန်းမဖြစ်သူဆုံးပါးသွားတာကို‌မ‌မေ့နိုင်သေးတဲ့ ဒေးဗစ်အက်ဘော့တ‌ယောက်ဟာဆန်ဖရန်စစ်စ္စကိုက အဲလစ်ဇဘတ်ရဲ့တိုက်ခန်း ဟောင်းကိုအိမ်ပြောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ဒေးဗစ်တွေ့လိုက်ရတာကတော့ ဒါသူမရဲ့တိုက်ခန်းဆိုပြီးရန်လိုနေတဲ့ အဲလစ်ဇဘက်ရဲ့ဝိညာဉ်ပါပဲ။ ဒေးဗစ်တယောက်ထဲပဲအဲလစ်ဇဘက်ကိုတွေ့နေရတာက‌ရောဘာကြောင့်လဲ?။ အဲလစ်ဇဘက်ကရောဆုံးသွားတာလား?။မတည့်အတူ‌နေ သူတို့နှစ်ယောက်ရဲ့ ကြားကခံစားချက်တွေကဘယ်လိုပြောင်းလဲလာကြမလဲ။သူတို့နှစ်ယောက်ရဲ့‌ အခုလိုထူးဆန်းတဲ့ရေစက်ကဘယ်လိုကြောင့်လဲ။ သူတို့နှစ်ဦးအဆုံးမှာ ဆုံစည်းသွားနိုင်ကြမလားဆိုတာကိုjust like heaven ဆိုတဲ့စိတ်ကူးယဉ် ဆန်ဆန်အချစ်ဇာတ်ကားလေးမှာရှုစားပေးကြပါဦးခင်ဗျာ.... File size…1.66GB / 662MB Quality…WEB-Rip 1080p 5.1CH/ 720p Format…mp4 Duration….1h 35m Genre ..... Comedy , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama • Romance • Thriller
6.9 2005 95 mins
Just Like Heaven
The Lost Hero Of Ayodhya

ဒီတစ်ခါတော့ ထိုင်းလူရွှင်တော်ပေါင်းများစွာပါဝင်ထားတဲ့ “The lost hero of Ayodhya” ရုပ်ရှင်ဟာသကားတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျား ဇာတ်လမ်းအကျဉ်း ယယ်ဆိုတဲဲ့တိုင်းရင်းဆေးသမားတော်လေးဟာ အရမ်းရိုးသားဖြူစင်ခဲ့တာပေါ့ သူဟာ သူ့မိန်းမနဲ့ပျော်ပျော်ရွှင်ရွှင်နေပြီး လူနာတွေကိုအလကားကုသပေးရင်းနေထိုင်ခဲ့ပါတယ် လုန်ထလောက်ဆိုတဲ့လူကတော့ လူယုတ်မာကြီးပေါ့ သူက သမားတော်ယယ်ရဲ့မိန်းမကိုလိုချင်နေတာနဲ့ အကြောင်းအမျိုးမျိုးဖန်ပြီး ယယ်ကိုဝေးဝေးသွားအောင်လုပ်ဖို့ ကြံစည်ခဲ့ပါတယ် တစ်နေ့မှာ လူယုတ်မာလုန်ထလောက်က သမားတော်ယယ်ကို ဗမာစစ်သူကြီးနေမျိုးဆိုတဲ့လူရဲ့ခေါင်းကိုသွားဖြတ်ခိုင်းခဲ့ပါတယ် ဖြတ်နိုင်ပြီး သူ့ခေါင်းကိုမပုပ်မသိုးစေဘဲယူလာနိုင်ရင် အကြွေးတင်နေတာတွေကိုကျေပေးမယ့်အပြင် ဆုငွေပါချပေးဦးမယ်ဆိုပြီး သူ့ကိုမြူဆွယ်ခဲ့ပါတယ် ယယ်လည်း အကြွေးကျေချင်ပြီး သူ့မိန်းမကိုရင်းနှီးမြုပ်နှံငွေရှိစေချင်တာနဲ့ ဒီအပေးအယူကိုလက်ခံခဲ့ပါတယ် သမားတော်ယယ် ဒီသဘောတူညီမှုလက်ခံခဲ့ပြီးနောက် စစ်သူကြီးနေမျိုးရဲ့ခေါင်းကိုမပုပ်မသိုးစေဘဲယူလာနိုင်ပါ့မလား ဘယ်လိိုဘယ်လိုအခက်ခဲတွေနဲ့ကြုံရမလဲဆိုတာ ဇာတ်ကားထဲကြည့်ရှူလိုက်ရအောင်နော် အက်ရှင်ချည်းမဟုတ်ဘဲဟာသနှောထားတဲ့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားပါနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Comedy, History Quality…. 1080p | 720p | 480p File size…1.8GB | 936MB | 453MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham Encoder ..... August

Drama • Romance
0 2022 110 mins
The Lost Hero Of Ayodhya
Blood Quantum
5.8

Rotten Tomatoes 90% ရရှိထားတဲ့ ဒီရှပ်ရှင်ဟာ ဇွန်ဘီအပေါ်ကလေ့ပ်စ်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။ အမေရိကားမှာရှိတဲ့ လူနီရိုင်းအပိုင်ဒေသက ဖုတ်ကောင်တွေနဲ့ကမ္ဘာပျက်တဲ့အကြောင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းထဲမှာထူးဆန်းစွာနဲ့ပဲ လူနီရိုင်း(နေးတစ်အမေရိကန်)တွေဟာ ဇွန်ဘီပိုးကို Immune ဖြစ်နေကြပါတယ်။ လူဖြူတွေကသာအကိုက်ခံရရင် ပိုးကူးစပ်ပြီး ဇွန်ဘီတွေအဖြစ်ပြောင်းလဲကြပါတယ်။ ဇွန်ဘီရုပ်ရှင်တွေထဲမှာ လူနီရိုင်းဇွန်ဘီကားဆိုတော့ ကြည့်ရတာ ထူးထူးခြားခြားလေးဖြစ်နေပါတယ်။ လူမှုရေးအရှုပ်ထွေးတွေနဲ့ သေရေးရှင်ရေးကိစ္စတွေဖြစ်နေတာတောင် လူတွေရဲ့အတ္တ၊ မာန၊ ဒေါသတွေဟာ ခဝါချနိုင်ဖို့မလွယ်တဲ့အကြောင်း ရှင်သန်ဖို့အတွက်ဆိုဘာမဆိုလုပ်မဲ့ သူတွေအကြောင်း စတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက ကျီးနီ(Red Crow)ကိုယ်ပိုင်ဒေသမှာ ငါးအသေတစ်ကောင်အသက်ပြန်ရှင်လာတာ၊ ခွေးအသေအသက်ပြန်ရှင်လာတာကနေ စပါတယ်။ နောက်ပိုင်း လူတွေပါ ပိုးကူးစပ်ပြီး ဇယားတွေကပ်ကုန်ကြပါတော့တယ်။ ရဲမှူး ထရေဗာတစ်ယောက် ပြဿနာတွေကိုဦးဆောင်ဖြေရှင်းဖို့ဖြစ်လာပြီး ခံတပ်တွေ စခန်းတွေဆောက်ကာ အစုဖွဲ့နှင့်ရှင်သန်နေရာမှ အပြင်ဘက်မှာ ပိုးထိထားတဲ့ လူဖြူဒုက္ခသည်တွေကိုစခန်းသို့ ချွေးမဖြစ်သူ လူဖြူမချာလီ ခေါ်ဆောင်လာရာမှာ ဒုက္ခလှလှတွေ့ကြပါတော့တယ်။ ဘယ်လိုရှေ့ဆက်ပြီး သတ်ဖြတ်ရှင်သန်ကြမလဲ၊ ဘယ်သူတွေက ဘယ်လိုထဖောက်ကြမလဲဆိုတာ ဇာတ်လမ်းအဆုံးထိကြည့်ရှုခံစားကြည့်ရမှဖြစ်ပါတယ်။

Comedy • Drama
5.8 2019 98 mins
Blood Quantum
Jailer
7.5

Jailer (2023) IMDb-7.5/10 ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။ သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်)

Romance • TV Movie
7.5 2023 165 mins
Jailer
Death Notice
6.2

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်း ဇာတ်လမ်းကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ – ကိုယ့်ကိုယ်ကိုယ် တရားမျှတသူအဖြစ် ခေါ်ဆိုနေတဲ့ လျှို့ဝှက်ကွင်းဆက်လူသတ်သမား Darker ဆိုသူဟာ ရဲတပ်ဖွဲ့ကို စိန်ခေါ်ခဲ့ပါတယ်။ “သေဆုံးခြင်းအကြောင်းကြားစာ” များကို ဆက်တိုက်ပို့ခဲ့ပြီး အပို့ခံရသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ အမှန်တရားကို စုံစမ်းဖို့အတွက် ပေါက်ကွဲမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူ ဟွမ်ရှောက်ဖျင်၊ ရဲမှူးလော်ဖေး၊ မှုခင်းတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ဟန်ဟောက်တို့ဟာ Darker ရဲ့ အစီအစဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ Darker က ဘယ်သူဖြစ်မလဲ…… အသတ်ခံရတဲ့လူတွေကရော ဘယ်လို ပြစ်မှုတွေကို ဖုံးကွယ်ထားသလဲ…… ဆိုတာကို plot twist အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရှုပ်ရှင်ကောင်းတွေ ရှားပါးနေတဲ့အချိန်မှာ ဟောင်ကောင်ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြည့်အဝ အားဖြည့်ထားတဲ့ ဒီရုပ်ရှင်လေးကိုတော့ မကြည့်မဖြစ်ကြည့်ကို ကြည့်သင့်ပါတယ်နော်။

6.2 2023
Death Notice
Harakiri
8.6

Harakiri ( 1962 ) =============== ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့ 47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ဟာရခိရိအပြင် Kwaidanတို့ The Human Condition ၃ကားတို့ Samurai Rebellionတို့ကိုလည်း ရိုက်ခဲ့တယ်။ ဟာရခိရိကို တစ်ချို့ ဂျပန်ရုပ်ရှင် ပရိသတ်တွေကတော့ Seven Samuraiထက် ကောင်းတဲ့ ဆာမူရိုင်းကားလို့ပြောကြသလို အကောင်းဆုံးဆာမူရိုင်းရုပ်ရှင်တွေထဲက တစ်ကားလို့တော့ လူတိုင်းပြောကြတယ်။ ပြောကြတာလည်း မလွန်ပါဘူး။ ဇာတ်ကို တငွေ့ငွေ့ချင်း ရုပ်လုံးပေါ်အောင် ပုံဖော်သွားပုံဟာ လှပလွန်းတယ်။ ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်ဟာ အဲဒိုခေတ်လို့ ခေါ်တဲ့ တိုခုဂါဝခေတ်။ ရှိုးဂန်းလို့ခေါ်တဲ့ စစ်နယ်ရှင်တွေ နယ်မြေအသီးသီးကို အုပ်ချုပ်ကြတဲ့ ခေတ်။ ၁၆၀၃မှာ စခဲ့တဲ့ တိုခုဂါဝခေတ်မှာ ရှိုးဂန်းတွေ အိမ်တော်တွေကြား တိုက်ပွဲတွေများခဲ့ပြီး ပြိုလဲသွားတဲ့ အိမ်တော်တွေလည်း မနည်းခဲ့ဘူး။ အခုရုပ်ရှင် ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်မှာတော့ သခင်မဲ့ ငတ်ပြနေတဲ့ ဆာမူရိုင်းတွေ တော်တော်များနေခဲ့ပြီ။ တစ်ချို့လည်း သခင်သေကတည်းက ဟာရခိရိလုပ်ပြီးကြပြီ ။ ဇာတ်ကတောာ့ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ပေးဖို့ အဲဒီနယ်ကို လက်ရှိအုပ်စိုးနေတဲ့ာ အဲယိအိမ်တော်ကို လာပြောတဲ့ ဟန်ရှိရိုဆုဂုမိုဆိုတဲ့ ဆာမူရိုင်းတစ်ယောက်နဲ့စတယ်။ အိမ်တော်အရှင်ဟာ ငတ်လို့ ဟာရခိရိလုပ်ဖို့ တောင်းဆိုလာတဲ့ သူတွေကို တကယ်မသေရဲပဲ ပေးစာကမ်းစာယူပြီး ပြန်သွားချင်လို့ လာတာလို့ မှတ်ယူထားတယ်။ ရှေ့မှာလည်း သာဓကတစ်ခုရှိခဲ့ပြီးပြီကိုး။ ဒီတော့ သူက ဆုဂုမိုကို အိမ်ထဲခေါ်ပြီး လုပ်ဖို့သေချာလားမေးတယ် ဟိုက သေချာတယ်ပြောတော့ ဆန္ဒမစောနဲ့ဦးဆိုပြီး ရှေ့က ဟာရခိရိလုပ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ အဲဒီလူနာမည်က မိုတိုမဲ ချိဂျိဝိ။ တစ်ခုသောနေ့မှာ မိုတိုမဲချိဂျိဝလို့ခေါ်တဲ့ ရိုနင်တစ်ယောက်ဟာ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ခွင့်ပေးဖို့ ခွင့်တောင်းဖို့ အဲယိအိမ်တော်ကို ရောက်လာတယ်။ အကြီးအကဲတွေဟာ ငွေပေးပြီးလွှတ်လိုက်ရင်လည်း နောက်ထပ်လာတဲ့လူတွေနည်းမယ်မထင်ဘူး။ အိမ်တော်လည်း သိက္ခာကျတယ်လို့ ယူဆတယ်။ ဒီတော့ သူတို့ဟာ စစချင်း မိုတိုမဲကို ရေမိုးချိုးပြီး ဝတ်ကောင်းစားလှလဲစေတယ်။ မိုတိုမဲစိတ်ထဲတော့ ဒီလူတွေ သူ့ကိုပေးမသေဘဲ ပေးသင့်ပေးထိုက်တာပေးမယ်လို့ ထင်ခဲ့တယ်။ အိမ်တော်အကြီးအကဲတွေက မိုတိုမဲရဲ့ ဓား၂ချောင်းကို စစ်ကြည့်တော့ ၂ချောင်းလုံးက ဝါးဓားတွေ ဖြစ်နေတယ်။ ဆာမူရိုင်းတစ်ယောက်ဟာ ကိုယ့်ဓားနဲ့ပဲကိုယ် ဟာရခိရိလုပ်ရတာဆိုတော့ ဒီကောင် သတ္တိနည်းပြီး တို့ဟူးလှီးလို့တောင်မပြတ်တဲ့ ဝါးဓားနဲ့ ရောက်ချလာတယ်လို့ သတ်မှတ်လိုက်ကြတယ်။ တော်တော်လည်းအထင်သေးခဲ့ကြတယ်။ သူရဲဘောကြောင်တဲ့ ဆာမူရိုင်းလို့သတ်မှတ်ပြီး စက်ဆုပ်ရွံရှာခဲ့ကြတယ်။ ဒါပေမဲ့လည်း သူ့ဝါးဓားနဲ့ပဲ သူ့ကို ဟာရခိရိလုပ်ခိုင်းခဲ့တယ်။ ဟာရခိရိလုပ်တယ်ဆိုတာ ကိုယ့်ဓားနဲ့ကိုယ်က ဝမ်းကိုပဲ ခွဲပြီး နောက်ကအကူတစ်ယောက်က အသက်ထွက်သက်သာအောင် ခေါင်းကို ခုတ်ဖြတ်ပေးရတယ်ဆိုပေမဲ့ ဝါးဓားနဲ့ သူ့ကိုယ်သူ မချိမဆန့်ထိုးနေရတဲ့ မိုတိုမဲကိုတော့ အဲဒီအိမ်တော်က ဆာမူရိုင်းတွေက မသက်ညှာခဲ့ဘူး။ ခုတ်လိုက်ပါတော့လို့ ပြောနေပေမဲ့ မခုတ်ခဲ့ဘူး။ နောက်ဆုံး မိုတိုမဲဟာ လျှာကိုက်ပြီး သေသွားခဲ့တယ်။ သူ့သတင်းဟာလည်း နှစ်ရက်အတွင်း အဲဒီနယ်တစ်ခွင်လုံးကို ပျံ့သွားခဲ့တယ် ။ သူရဲဘောကြောင်တဲ့ ဝါးဓားဆာမူရိုင်းဆိုပြီး နာမည်တွင်သွားခဲ့တယ်။ အဲယိအိမ်တော်က အကြီးအကဲဟာ ဆုဂုမိုကို ဒီဇာတ်လမ်းပြောပြပြီး တိတ်တိတ်လေး ပြန်သွားလိုက်တော့ ပြောပေမဲ့ ဆုဂိုမိုကတော့ အခမ်းအနားလုပ်ဖို့ကိုပဲ စိုင်းပြင်းနေတယ်။ သူ့ပုံစံကလည်း သေဖို့လာတာပေမဲ့ တည်ငြိမ်အေးဆေးမှု အပြည့်ပဲ။ သူ့ပုံစံကို မြင်ရုံနဲ့ သူ့စိတ်ဆုံးဖြတ်ချက်က ခိုင်မာပြီးသားဆိုတာ ကျွန်တော်တို့မြင်နေရတယ်။ အေးစက်ပြီး ရှိန်ချင်စရာကောင်းတဲ့ ဒီဆုဂုမိုဇာတ်ကောင်ကို သရုပ်ဆောင်ပေးထားတာက Tatsuya Nakadai။ ကူရိုဆာဝါရဲ့ Ranတို့ Yojimboတို့ Sanjuroတို့ နောက် အခုကားကိုရိုက်တဲ့ မာစခိ ခိုဘယရှိ Kwaidanတို့ Human Condition တို့အပါအဝင် တကယ့်ဂန္တဝင်ကာားကြီးတွေချည်းရိုက်ခဲ့တဲ့ ဂန္တဝင်မင်းသားကြီးပဲ။ Ranမှာလည်း သူအိုကြီး ရူးသွားတဲ့ပုံစံဟာ တော်တော်လေး အသက်ဝင်ခဲ့လို အခုလည်း သေရတော့မယ့်အချိန်မှာတောင် အေးစက်ပြီး တည်ငြိမ်နေတဲ့ ဆုဂုမိုဇာတ်ကောင်ဟာ လုံးဝအသက်ဝင်နေခဲ့တယ်။ ဒီတော့ တားမရတဲ့အဆုံး အကြီးအကဲက အခမ်းအနားလုပ်ပေးတယ်။ ဆုဂိုမိုဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ပဲ တောင်းဆိုချက်တွေလုပ်ရင်း အဲယိအိမ်တော်အကြီးအကဲရဲ့ ဒေါသကိုဆွရင်း သူ့ဘက်က ပြောပြချင်တဲ့ ဇာတ်လမ်းကို တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်အောင် ပြောပြလာတယ်။ မိုတိုမဲချိဂျိဝဆိုတဲ့ ဝါးဓားဆာမူရိုင်းရဲ့ တကယ့် အဖြစ်မှန်ကိုပေါ့။ အမှန်ပြောရရင် စစချင်း မိုတိုမဲချိဂျိဝကို ဒါရိုက်တာပုံဖော်ထားတဲ့ ပုံစံမှာ ကြည့်ရှုသူ ကျွန်တော်ကိုယ်တိုင်လည်း မိုတိုမဲကို တော်တော်အထင်သေးသွားခဲ့တယ်။ ဇာတ်ရဲ့ ရုပ်လုံးပေါ်လာတဲ့အချိန်မှာတော့ မိုတိုမဲကို အထင်သေးခဲ့တဲ့ ကျွန်တော်ရဲ့ အဆုံးဖြတ်စောမှု မသိနားမလည်မှုကို ရှက်လာရတယ်။ ဆုဂုမိုရဲ့ ဇာတ်လမ်းရုပ်လုံးပေါ်လာလေ ဆုဂိုမိုရဲ့ စကားလုံးတွေ ထိရှလာလေလေ ကျွန်တော့်အတွက် ရှက်ဖို့ကောင်းလာလေပဲ။ ဒါရိုက်တာဟာ ကြည့်ရှုသူကို ဒီလိုအခြေအနေရောက်အောင် ကြည့်ရှုသူတွေပါ မိုတိုမဲကို အဆုံးဖြတ်စောမိအောင် ခင်းကျင်းထားပုံရပါတယ်။ တကယ်လည်း အဲယိအိမ်တော်ကလူတွေနဲ့အတူ ကြည့်ရှုသူတွေပါ ရှက်စိတ်ဝင်လာအောင် လုပ်နိုင်ခဲ့တယ်။ ဟာရခိရိဟာ ကျွန်တော် ဘယ်တော့မှ မမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်သွားခဲ့တယ်။ ဘယ်လိုရုပ်ရှင်လဲ မေးလာရင်လည်း သိပ်ကောင်းတဲ့ ဆာမူရိုင်းကား ဘာညာထက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ပဲ ဖြေမိမှာပဲ။ ဒါကလည်း ပိုမှန်နေတယ်။ ဟာရခိရိဟာ အကောင်းဆုံး ဆာမူရိုင်းရုပ်ရှင်ဆိုတဲ့ ဂုဏ်နဲ့တော့ တကယ်တန်ခဲ့ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

8.6 1962 135 mins
Harakiri
[18+] Pilya
6.8

Pilya (2024) ဂျူးလ်စ်ဆိုတဲ့ကျောင်းသူလေးဟာ အပျိုဖော်ဝင်စကောင်မလေးဖြစ်ပြီး သူ့အတွယ်တာရဆုံးသူကတော့ သူငယ်ချင်းဖြစ်သူ ဒါလီယာဖြစ်ပါတယ်။ တစ်နေ့တော့ သူတို့ကျောင်းကိုပြောင်းလာတဲ့ကျောင်းသူအသစ်ဖြစ်တဲ့ နက်ဆာဆိုတဲ့ဆတ်ဆလူးမလေးတစ်ယောက်နဲ့ ဒါလီယာတို့ဟာ အကျင့်တူစရိုက်တူအဖွဲ့ကျသွားကြရင်း ဂျူးလ်စ်တစ်ယောက်ဘေးရောက်စပြုလာပါတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်း သူ့ဘက်ဆီပြန်ရောက်လာဖို့အတွက် ကြံရာမရဖြစ်နေတဲ့ ဂျူးလ်စ်ဟာ မဆိုင်သူတွေပါထိခိုက်သွားစေမယ့် ကောလဟာလတစ်ခုကိုဖန်တီးမိပါတော့တယ်။ အဲ့ဒါကတော့ တစ်ကျောင်းလုံးက မိန်းကလေးတွေရဲ့စိတ်ကူးယဉ်မင်းသားလေးဖြစ်တဲ့ သူတို့ဆရာတစ်ဦးနဲ့ သူတို့သုံးယောက်လုံးဟာ တိတ်တိတ်ပုန်းဇာတ်လမ်းဖြစ်နေတယ်ဆိုတာပါပဲ။ စိတ်ကူးယဉ်တတ်တဲ့ဆယ်ကျော်သက်လေးတွေရဲ့ဇာတ်ကို စိတ်ကူးယဉ်ဇာတ်ဝင်ခန်းပေါင်းများစွာနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ File size…(1.2 GB) / (530 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:07:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama • Romance
6.8 2024
[18+] Pilya
Curse of the Jurenei Sumpahan Jerunei
4.6

Curse of the Jurenei (2023) IMDb Rating (4.6) ဒီရုပ်ရှင်ကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တော့မယ့် ရှေးဟောင်းယဇ်ပုလ္လင်တိုင်တွေကို လေ့လာရေးလုပ်ဖို့ သွားရာကနေ လူတစ်စုပျောက်သွားရာကနေ စပါတယ်။ တောကြီးမျက်မည်းထဲမှာ သွားလေ့လာရတာဖြစ်ပြီး သွားတဲ့လူတွေအကုန် ပျောက်ချင်းမလှပျောက်သွားတဲ့နောက် ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ကလူတွေကိုရှာဖို့ ဘီးဆိုတဲ့ တာဝန်ခံထားတဲ့ကောင်မလေးဟာ အဖွဲ့အသစ်တစ်ဖွဲ့ဖွဲ့ပြီး ပျောက်သွားတဲ့အဖွဲ့ကို ရှာဖို့ ရောက်လာခဲ့တယ်။ ဒီလိုပျောက်သွားတဲ့အဖွဲ့ကိုရှာရင်း ပထမအဖွဲ့ပျောက်သွားတဲ့တောကြီးထဲမှာ ယဇ်ပုလ္လင်တိုင်ရဲ့ ကျိန်စာနဲ့ပတ်သက်တာတွေကို သိလိုက်ရပြီး ပဟေဠိတစ်ခု တဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာတာကို မြင်ရမယ့်ရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(3 GB) / (1.3 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Thriller Duration….01:30:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Crime • Comedy • Action
4.6 2023 105 mins
Curse of the Jurenei Sumpahan Jerunei
Black Eagle

1988 ရဲ့ အက်ရှင်ကားတစ်ကားဖြစ်တဲ့ Black Eagle ဇာတ်ကားမှာတော့ မင်းသားကြီး Sho Kosugi နဲ့ Jean-Claude Van Damme တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဗန်ဒိန်းလို့ ပရိသတ်ကြားမှာ လူကြိုက်များရေပန်းစားခဲ့တဲ့ မင်းသားကြီးကို ထူးထူးဆန်းဆန်း ဗီလိန်ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားတာ တွေ့ရပြီး Kane Kosugi လည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားတာကို တွေ့ရပါတယ်။ Kane Kosugi ကလည်း အဖေ့ခြေရာနင်းပြီး နောက်ပိုင်းမှာ ကိုယ်ခံပညာအသားပေး ဇာတ်လမ်းတွေနဲ့ အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ မော်တာ ဆိုတဲ့ကျွန်းနိုင်ငံလေးအနီးမှာ ပျက်ကျသွားခဲ့တဲ့ F1-11 လေယာဉ်ပေါ်က ဒုံးကျည်လေဆာပဲ့ထိန်းစနစ်နည်းပညာကို ရုရှားတို့လက်ထဲကို မရောက်စေဖို့ အမေရိကန်အစိုးရအနေနဲ့ လင်းယုန်နက်လို့ အမည်ဝှက်ပေးထားတဲ့ (ကန်တာနီ)ကို ဆယ်ယူဖို့ စေခိုင်းခဲ့ပါတယ်.။ သူ့ရဲ့ကလေးတွေကို တစ်နှစ်မှာ ၂ ပတ်ပဲ အချိန်ပေးနိုင်တဲ့ ကန်တာနီကို ချုပ်ကိုင်နိုင်ဖို့ ဒင်းရစ်ကတ်အနေနဲ့ ဒန်နီနဲ့ ဘရိုင်ယန်တို့ကို ကြိုတင်ပြီး မော်တာကို ခေါ်ထားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကေဂျီဘီအေးဂျင့်တွေဖြစ်တဲ့ ကာနယ်ကလီမန်ကို နဲ့ ညာလက်ရုံး (အန်ဒရေး) တို့ကလည်း သူတို့ရဲ့အကျိုးအတွက် အသုံးချနိုင်ဖို့ မော်တာနိုင်ငံအနားမှာ ပျက်ကျသွားတဲ့ လေယာဉ်ဆီက လေဆာပဲ့ထိန်းစနစ်နည်းပညာကို အမေရိကန်တွေထက် လက်ဦးမှုရယူဖို့ ကြိုးစားလာခဲ့ပါတယ်။ ကန်တာနီဟာ သူတို့မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လင်းယုန်နက်ရဲ့အမွေကို ဆက်ခံမယ့် သား (၂) ယောက်ကို စစ်ဆင်ရေးကြားထဲကနေ ကာကွယ်ပေးဖို့ ကြိုးစားလာခဲ့ရပါတယ်။ သူ့ကို လက်စဖျောက်ဖို့ ကြိုးစားလာတဲ့ ကလီမန်ကိုတို့ ရန်ကနေ သား (၂) ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့ လင်းယုန်နက်ဝိညာဉ်ကို နိုးထဖို့ အချိန်တန်လာခဲ့ပါတယ်။ Jean-Claude Van Damme နဲ့ Sho Kosugi တို့ရဲ့ ကိုယ်ခံပညာအားပြိုင်မှု ဇာတ်ကွက်တွေကို တစ်ဝကြီးကြည့်ရှုနိုင်ဖို့ CM ကနေပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File Size : 2 GB, 1.2 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

Drama
0 1988 93 mins
Black Eagle
Myth of Man

အသစ်ထွက်တဲ့ သိပ္ပံ စိတ်ကူးယဉ် အက်ရှင် စွန့်စားခန်း ရုပ်ရှင်အမျိုးအစား ဖြစ်ပါတယ်။ ဒိုင်ယာလော့တွေမသုံးဘဲနဲ့ ဇာတ်လမ်းမိုက်မိုက်နဲ့ ရိုက်ချက်ကောင်းကောင်းနဲ့ သရုပ်ဖော်သွားတာပါ။ ဒါရိုက်တာ Jamin Winans ရဲ့လက်ရာပါပဲ။ ဇာတ်လမ်းအကျဉ်း အယ်လာဆိုတဲ့ မိန်းကလေးဟာ သေခြင်းနဲ့ရှင်ခြင်းကြားက ထူးဆန်းတဲ့ခရီးတစ်ခုကို သွားဖို့ကြုံလာတဲ့သူပါ။ သွားရတဲ့အကြောင်းကတော့ သူ့ရဲ့ ဖန်ဆင်းရှင်က သူ့ကို သတင်းစကားတစ်ခု ပါးလာတယ်လို့ ယူဆလို့ပါပဲ။ အဲဒီခရီးထဲမှာတွေ့ရမဲ့ အထူးအဆန်းတွေနဲ့ ဇာတ်သိမ်းမှာ အဖြေဘယ်လိုရသွားမလဲဆိုတာကို ကြည့်ရမှာပါပဲ။ ခံစားကြည့်လိုက်ပါဦး။ File size…(3 GB)/(1.7 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Science Fiction, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet

Fantasy • Adventure • Family
0 2025
Myth of Man
Puppy
7.2

Puppy (2025) မေတ္တာ၏ စစ်မှန်သောပုံပြင် IMDb 5/10 ဘဝရဲ့ ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးမှာ မမျှော်လင့်ဘဲ ပေါက်ဖွားလာတဲ့ မေတ္တာတရားက ဘယ်လို အလှတရားတွေကို ပေးစွမ်းနိုင်မလဲ မေတ္တာနဲ့ချည်နှောင်ထားတဲ့ သံယောဇဉ်တစ်ခုက ဘယ်လောက်ထိခိုင်မာနိုင်မလဲဆိုတဲ့ ဒါရိုက်တာအာယု့ဂ်မာလီရဲ့လက်ရာ Puppy က နှလုံးသားကို နွေးထွေးစေမဲ့ မိသားစုဒရာမာဟာသ ရုပ်ရှင်တစ်ကားဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့ မိသားစုတစ်စုရဲ့ ဘဝရုန်းကန်မှုတွေကို ချစ်စရာကောင်းတဲ့ ခွေးကလေးတစ်ကောင်နဲ့ လူငယ်လေးတစ်ယောက်ရဲ့ သံယောဇဉ်ကနေတစ်ဆင့် ပုံဖော်ထားပါတယ် ဆင်းရဲတဲ့ မိသားစုတစ်စုက ပိုမိုကောင်းမွန်တဲ့ ဘဝကိုရှာဖွေဖို့ ဘန်ဂလိုမြို့ကြီးဆီ ရွှေ့ပြောင်းလာကြပါတယ် အမှန်တော့ အရက်အကြွေးတွေပိပြီး အိမ်ပါထိုးဆပ်လိုက်ရလို့ မြို့တက်ပြီး ဘဝကိုကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပါ သူတို့ရဲ့ ဘဝခရီးက ခက်ခဲပင်ပန်းပေမဲ့ လမ်းပျောက်နေတဲ့ ချစ်စရာခွေးကလေးတစ်ကောင်နဲ့ သူတို့ရဲ့ကလေးတစ်ယောက်ကြားက မေတ္တာတရားက မှောင်မိုက်နေတဲ့ ဘဝတွေကို အရောင်အသွေးစုံဖြည့်ပေးလိုက်ပုံကို ကြည်နူးစရာအပြည့်နဲ့ ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားက ပျောက်ဆုံးနေတဲ့ ခွေးတစ်ကောင်အကြောင်း သက်သက်မဟုတ်ဘဲ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ ရုန်းကန်လှုပ်ရှားမှုတွေ အခက်အခဲတွေကြားက မေတ္တာရဲ့ ကုစားနိုင်စွမ်းနဲ့ လူ့စိတ်ဓာတ်ရဲ့ ခွန်အားကို ရိုးသားစွာနဲ့ မီးမောင်းထိုးပြထားပါသေးတယ် မေတ္တာတရားရဲ့ စစ်မှန်တဲ့ပုံပြင်ကို ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦးရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Drama
7.2 2025
Puppy