YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Nice To Not Meet You (2025) E11 1080p WEB-DL [RMC].mp4

1.07 GB 1080p video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Riceboy Sleeps
7.2

Riceboy Sleeps (2022) IMDb - 7.6/10, Rotten Tomatoes - 95% ~ 90 ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး သားငယ်အတွက် ပိုကောင်းတဲ့ဘဝကိုရည်ရွယ်လို့ ကိုရီးယားကိုစွန့်ကာ ကနေဒါကိုလာခဲ့တဲ့ အာဃ မုဆိုးမလေး ဆိုယွန်းနဲ့ သားလေး ဒုံဟျွန်းတို့ ၂ယောက်အကြောင်းကို ကိုယ်ပိုင်မှတ်ဉာဏ်တွေလိုမျိုး ညှင်ညှင်သာသာလေး ဆွဲခေါ်ပြသွားမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုတို့ ခွဲခြားဆက်ဆံမှုတို့လို အသုံးအနှုန်းတွေကို ရေရေလည်လည် သုံးတတ်ကြသူတချို့ဟာ ကိုယ်တိုင်က အဲ့ဒီ့လို ပြန်အထောက်ခံရတဲ့အခါ ဆတ်ဆက်ထိမခံဖြစ်တတ်ကြတဲ့သဘာဝကိုလည်း မြင်ရမှာပါ။ နိုင်ငံကြီးသားဆိုတာ နိုင်ငံက "ကြီး" နေတာကို ပြောတာမဟုတ်ဘဲ လူက ကြီးမြတ်တာကို ပြောတာဆိုသလိုပါပဲ "နိုင်ငံကြီး"မှာနေသလောက် "နိုင်ငံကြီးသား" မဟုတ်တဲ့ သူတွေနဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရမယ့် အရှေ့တိုင်းသား သားအမိရဲ့ နိစ္စဓူဝဒုက္ခအဖုံဖုံ…။ အက်ရှင်ကားတို့ ဒရမ်မာ အပြင်းစားတို့ မဟုတ်ပေမယ့်လည်း ကြည့်သူကို ထပ်တူကျလိုက်ခံစားမိစေမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ ကိုယ်တိုင်လည်း အရှေ့တိုင်းသားဖြစ်တဲ့အလျောက် ဒီထဲက ဆိုယွန်းဟာ ကိုယ့်အမေ မဟုတ်၊ ကိုယ်အမေနဲ့ တစ်စက်မှ မတူသည့်တိုင် အမေ့ကို ပြန်သတိရစေမယ့် ခံစားမှုမျိုးကို ပေးနိုင်တဲ့ သိပ်လှတဲ့ ရုပ်ရှင်တစ်ခုပါ။ ရုပ်ရှင်သမားတွေအတွက်ပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ တစ်ကားထဲမှာတင် Aspect Ratio ၂ခု သုံးသွားတယ်ဆိုတာလေးပါ။ ဘယ်နေရာမှာ ဘယ်လိုပြောင်းသွားပြီး ဘာကြောင့်များ ပြောင်းသုံးသလဲဆိုတာ လေ့လာချင်တယ်ဆိုရင်တော့ ဒေါင်းကြည့်လိုက်ရုံပါပဲ။ ရုပ်ရှင်ဖန်တီးသူ Anthony Shim ဟာ သူ့ငယ်ဘဝရဲ့ တမ်းတစရာတချို့တွေကို ဒီရုပ်ရှင်မှာ ဖော်ပြသွားတာ ရင်နှင့်အမျှပါပဲ။ နောက်ပြီး TIFF တို့ Busan တို့လို ပွဲကြီးတွေရဲ့ ဆုတွေအပါအဝင် ဆုပေါင်း ၂၃ ဆုရရှိထားပါသေးတယ်...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 935MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 57Min Genre - Drama, Family, History Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Drama • History
7.2 2023 117 mins
Riceboy Sleeps
The Craft
6.7

လော့စ်အိန်ဂျလိစ်ရဲ့ အထက်တန်းကျောင်းတစ်ခုမှာ နန်စီ၊ ဘွန်နီနဲ့ ရိုချယ်ဆိုတဲ့ ထူးထူးဆန်းဆန်း ကောင်မလေးသုံးယောက်ရှိတယ်။ ကျောင်းက တခြားသူတွေက သူတို့ကို စုန်းမတွေလို့ စွပ်စွဲခံထားရတဲ့ ကောင်မလေးသုံးယောက်ပေါ့။ တစ်နေ့တော့ သူတို့ကျောင်းကို ဆာရာဆိုတဲ့ ခပ်ချောချော ကျောင်းသူအသစ်တယောက် ပြောင်းလာတယ်။ ဆာရာကတော့ နဂိုကတည်းက စုန်းဗီဇပါလာတဲ့ ဝမ်းတွင်းစုန်းပေမဲ့ သူ့ကိုယ်သူ စုန်းလို့ မခံယူထားတဲ့သူ။ ဆာရာကျောင်းကို ရောက်ပြီး မကြာဘူး။ သူ့ကို နန်စီတို့က သတိထားမိသွားပြီး သူတို့နဲ့ ပေါင်းမိသွားတယ်။ လေးယောက်စုံသွားတဲ့ ဆယ်ကျော်သက်စုန်းမလေးတွေဟာ အစီအရင်တွေကို အပျော်စမ်းသပ်ရာကနေ ထိန်းမနိုင်၊ သိမ်းမရတွေ ဖြစ်ကုန်ပါတော့တယ်။ The Craft ဆိုတဲ့ ဒီရုပ်ရှင်ဟာဆိုရင် 1996 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တော်တော်လေးကို ကြည့်လို့မိုက်တဲ့ Teen, horror, fantasy ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်အိမ် ကောင်းတဲ့အပြင် အထူးပြုလုပ်ချက်တွေကလည်း တော်တော်လေးပီပြင်ပြီး မင်းသမီးတွေကလည်း တော်တော်လှကြတဲ့အတွက် ပရိသတ် တော်တော်များများ အကြိုက်တွေ့ကြမှာပါ...။ File size…(1.7 GB)/(1.2 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Horror, Fantasty Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan Naing

Action
6.7 1996 101 mins
The Craft
The Twilight Saga: Breaking Dawn – Part 1
4.9

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်… Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

4.9 2011 117 mins
The Twilight Saga: Breaking Dawn – Part 1
Where the Devil Roams
5.6

Where the Devil Roams (2023) ~ IMDb – 5.6/10, Rotten Tomatoes – 100% ~ Rotten Tomatoes မှာ ၁၀၀ရာခိုင်နှုန်းအပြည့်ရထားတဲ့ မြင်ရခဲတဲ့ Horror ကားမျိုးပေါ့။ ဒါပေမဲ့ ဒီကားကို သာမန်ပရိသတ်တွေတော့ သိပ်ကြိုက်တဲ့ထဲမပါဘူး။ ဒါလည်း ဖြစ်သင့်ပါတယ်။ ဘာလို့ဆို ဒီကားက မိန်းစထွင်းဟော်ရာကားဆန်ဆန်လိုင်းကို သွားထားတာမဟုတ်ဘူး။ အင်ဒီဆန်ဆန် ဟော်ရာကားမျိုးလို့ပြောရမယ်။ ဟော်ရာဆိုပေမဲ့ သရဲလိုင်းမဟုတ်ဘဲ နတ်ဆိုးလိုင်းပေါ့။ ဒါပေမဲ့ အဲဒီနတ်ဆိုးကို ထည့်သွင်းထားပုံကလည်း တစ်မူထူးခြားနေတယ်။ နတ်ဆိုးပယောဂဆိုတာထက် လူတွေရဲ့ လောဘတရားကို ပိုဇောင်းပေးသလိုလိုတော့ ဖြစ်သွားမယ်။ ပြောသာပြောရတယ် အဲဒီလောက်ရိုးရှင်းနေတဲ့ ဇာတ်လည်းမဟုတ်ပြန်ဘူး။ ဇာတ်ကိုကလည်း နားလည်ရခက်စွာနဲ့ စိတ်ဝင်စားစရာကောင်းနေသလို အပြတွေကလည်း ဘော်ဒီဟော်ရာဆန်ဆန်ကို ရွံစရာကောင်းတာတွေလည်းပါတယ်။ ဒီကားက သမားရိုးကျဟော်ရာကားတွေကြည့်ရတာ ရိုးနေပြီး ကွဲပြားတာလေးကြည့်ချင်တဲ့လူတွေအတွက်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာမျှော်လင့်ချက်မှမထားဘဲ ဒီတိုင်းပဲ စိတ်ကိုရှင်းထားပြီးသား ကြည့်လိုက်ပါ။ အနည်းဆုံးတော့ ကြည့်ကောင်းပါလိမ့်မယ်။ ဒီထက်လည်း ပိုပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားမြင်နေကျ စံနှုန်းတွေနဲ့ သွားတိုင်းရင်တော့ ဒီရုပ်ရှင်ကို စိတ်ကျေနပ်မယ်လို့တော့မထင်ပါဘူး။ နတ်ဆိုးတောင်မှ အသုံးများတဲ့ နတ်ဆိုးမသုံးဘဲ ဟီဘရူးနတ်ဆိုးကို သုံးသွားတာပါ။ သူ့ကျောရိုးဇာတ်လမ်းကလည်း ဆန်းပြားပါတယ်။ Expressionism, Surrealism ဝတ္တုတောင်ဆန်ပါတယ်။ ဒီကားကို အဒမ်မိသားစုလို့ခေါ်တဲ့ ဂျွန်အဒမ်နဲ့ ဇယ်ဒါအဒမ်တို့က ရိုက်ထားပြီး သူတို့ရဲ့သမိုင်းကြောင်းကို ခြေရာပြန်ကောက်ကြည့်လိုက်ရင်လည်း The Deeper You Dig, Hellbender နဲ့ Halfway To Zen တို့လို ဟော်ရာပေမဲ့ ဝေဖန်ရေးအရအောင်မြင်ခဲ့တဲ့ကားတွေချည်း ရိုက်ခဲ့တဲ့ သူတွေဆိုတော့ ကားကောင်းတွေကြိုက်တတ်တဲ့လူတွေတော့ စိတ်ချလက်ချကြည့်လို့ရပါတယ်။ ထပ်ပြောရရင် သမားရိုးကျ ဟော်ရာကားတွေကို ကြိုက်တတ်တဲ့လူတွေအတွက်တော့ လုံးဝမဟုတ်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 760MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 33Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.6 2023
Where the Devil Roams
The Wedding Contract
6.2

ဒီဇာတ်ကားက​တော့ သမီးရည်းစားနှစ်​ယောက်မြင်မြင်ချင်း ချစ်ကြိုက်ကြပြီး လက်ထပ်ဖို့စီစဥ်ကြတဲ့ အခါမှာ​သူတို့နှစ်ဦးတွေ့ကြုံရတဲ့ အခက်အခဲ​တွေကိုရိုက်ပြထားတဲ့ အချစ်ဇာတ်လမ်း​လေးဖြစ်ပါတယ်။ မင်္ဂလာပွဲမတိုင်ခင် အလုပ်ကိစ္စ၊ မိဘ​တွေမမြင်မတူတာ နဲ့ တစ်ဦးနဲ့ တစ်ဦး ​သ​ဘောထားချင်းမကိုက်ညီတာ​တွေကို ဘယ်လို​​ကျော်ဖြတ်ကြမလဲဆိုတာကြည့်ရမဲ့အပြင် ဂျူးလူမျိုး​တွေရဲ့ မင်္ဂလာပွဲရိုးရာအ​ကြောင်းကိုပါ​လေ့လာရမဲ့ ဇာတ်ကား​လေးတစ်ကားဖြစ်ပါတယ်။ အဓိကဇာတ်​ကောင်နှစ်ဦးက ဖြစ်​ပေါ်လာတဲ့အခက်အခဲ​တွေ့ကို ဘယ်လို​ကျော်ဖြတ်မလဲဆိုတာက​တော့ ဇာတ်လမ်းလဲမှာ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…(1.3 GB)/(790 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:24:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack

6.2 2023
The Wedding Contract
Menjelang Ajal aka Nearing Death
6.7

Menjelang Ajal 2024 Imdb 6.7 အသစ်ထွက်ရှိလာတဲ့အင်ဒိုသရဲကားကောင်းကိုတင်ဆက်ပေးထားပါတယ် သရဲကားကောင်းကောင်းရှာနေသူများအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပါပဲလို့ညွှန်းဆိုလိုက်ပါတယ် မိသားစု၄ယောက်ကို စားသောက်ဆိုင်လေးဖွင့် အလုပ်ကြိုးစားပြီးရှာဖွေကျွေးမွေးနေတဲ့ဆဲခါ သားအကြီးဆုံးကို ကောလိပ်ပို့ချင်ပေမဲ့ သားဖြစ်သူကကျောင်းဆက်မတက်ဘဲ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်မယ်ဆိုလို့ အိမ်ပေါ်ကနှင်ချထားတော့ အိမ်မှာသူနဲ့အငယ်လေးတွေပဲကျန်ခဲ့တာပေါ့ ဒီလိုအားကိုးမရှိချိန် ထူးဆန်းတာတွေစဖြစ်လာခဲ့ပါတယ် ဇာတ်လမ်းကတော့ စားသောက်ဆိုင်ဖွင့်ထားကြတော့ သန့်ရှင်းမှုကအဓိကပဲမလား ဒါကိုအပြင်ကလူတွေက ဆိုင်ကိုညစ်ပတ်နေတယ်လို့မြင်လာကြတယ် ပိုဆိုးတာက အခုလေးတင်ပူပူလောလောချထားတဲ့ထမင်းက ဝယ်သူဝယ်သွားပြီးတော့ သိုးနေတယ်လို့ပြန်လာကွန်ပလိန်းတက်ကြတာပါပဲ စားသောက်ဖွယ်တွေကစပြီး ပြောင်းလဲလာတဲ့သူတို့အိမ်မှာကပ်ရှားနေတာက ဘာများဖြစ်မလဲ အစားအသောက်နဲ့တင်ပြီးမလာဘဲ ဘယ်လိုတွေဆက်လက်အန္တရာယ်ပေးသွားမယ်ဆိုတာကတော့ … ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ်)

6.7 2024
Menjelang Ajal aka Nearing Death
Mercy Killing
6.8

Mercy Killing (2024) ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့် IMdb – 8.8/10 Euthanasia တို့ Mercy Killingတို့ဆိုတာ ဆေးပညာရပ်ဝန်းမှာအမြဲဒွိဟ‌ဖြစ်နေတဲ့ ခေါင်းစဉ်တစ်ခု ဆေးပညာရပ်ဝန်းမှာ Mercy Killingဟာ ဘာလဲလို့ပြောရရင်တော့ ကုမရတော့တဲ့ရောဂါ အကြောသေလေဖြန်းလို့ သူတစ်ပါးအတွက် အမြဲဝန်ပိုဘဝနဲ့ ကိုမာဝင်နေလို့ သစ်ပင်လူသားလို အိပ်ရာပေါ်မှာရှင်သန်နေရသူတွေကို တရားသူကြီးအမိန့်နဲ့ ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့်ပေးလိုက်တာပါပဲ။ ဒါပေမဲ့ ဒီကားလေးထဲမှာတော့ Mercy Killing ပေးဖို့တောင်းဆိုနေတာက နာဖျားနေသူလည်းမဟုတ် သစ်ပင်လူသားလို အိပ်ရာထဲလဲနေတာလည်းမဟုတ်တဲ့ ၁၄ နှစ်အရွယ် အရွယ်ကောင်းပညာသင်လို့ကောင်းတဲ့အရွယ် ကောင်မလေး ဆွယ်ချာ တရားဥပဒေနဲ့ အာဏာရအစိုးရကို အယုံအကြည်မရှိတော့လို့ မေတ္တာတရား ကိုယ်ချင်းစာမှုဆိုတာ ဘာလဲမသိတော့တဲ့ကမ္ဘာကြီးမှာ ရှင်သန်မယ့်အစား ငြိမ်းချမ်းစွာ သေဆုံးခွင့်ကို ရွေးခွင့်ပေးပါလို့ မြို့လယ်ခေါင်မှာ တောင်းဆိုနေပါသတဲ့။ တကယ်တော့ ဆွယ်ချာဟာ ကံဆိုးရှာတဲ့ မိဘမဲ့ကလေးတစ်ယောက်၊ ဉာဏ်ရည်ထက်မြက်ပြီး သင်လွယ်တတ်လွယ်ကလေးတစ်ယောက်ပေမဲ့ မိဘမဲ့ဆိုတဲ့ စကားလုံး ၃ လုံးက အရိပ်လို အမြဲနောက်ကနေ ခြောက်လှန့်နေတော့ သူ့မိဘတွေဘယ်သူလဲဆိုတာ ရှာဖို့ထွက်လာတဲ့ ကလေးမလေးတစ်ယောက် ဒီလို ရည်မှန်းချက်တွေ အနာဂတ်တွေနဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပြည့်ဝနေရမယ့် ၁၄ နှစ်က‌လေးမလေးက သူ့ကိုသတ်ပေးဖို့ မြို့လယ်ခေါင်ကိုထွက် ဆန္ဒပြရတဲ့အထိ သူဘယ်လိုမတရားမှု‌တွေကြုံခဲ့ရတာလဲ။ သူ့ရဲ့မိဘတွေရှာနေချင်တဲ့ ရည်မှန်းချက်ကရော ပြည့်ဝသွားမလားဆိုတာ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

6.8 2024
Mercy Killing
Captain Ron
5.8

ဟောင်းပေမဲ့ ရယ်မောနေရဆဲဖြစ်တဲ့ 1992 ခုနှစ်ထွက်ဟာသရုပ်ရှင်ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အမွေရတဲ့ရွက်‌လှေကို ပြန်ရောင်းဖို့အတွက်သွားယူကြရင်း အပြန်လမ်းခရီးမှာ စွန့်စားခန်းမျိုးစုံကြုံတွေ့ခဲ့ရတဲ့ မိသားစုတစ်စုရဲ့အကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆုံးသွားတဲ့ ဦးလေးဖြစ်သူဆီကနေ အပျော်စီးရွက်လှေတစ်စီးကို ချီကာဂိုကဟာဗေးမိသားစုအမွေရလိုက်ပါတယ်။ လှေကိုပြန်ရောင်းဖို့အတွက်ဆို လက်ရှိလှေရှိနေတဲ့ ကျွန်းကနေ မိုင်ယာမီကို ပြန်သယ်လာရမှာဖြစ်လို့ မိသားစုတစ်ခုလုံးလှေကိုသွားယူခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ရွက်လွှင့်ဖူးတဲ့အတွေ့အကြုံမရှိကြတာမလို့ မာလိန်မှူးတဖြစ်လဲ ရွက်လွှင့်နည်းတွေသင်ပေးလို့ရအောင် ကျွန်းပေါ်ကဒေသခံ ကပ္ပတိန် ရွန်ကိုငှားပြီး မိုင်ယာမီကိုပြန်ရွက်လွှင့်လာခဲ့ကြရင်း ပြောင်းမြောက်လှတဲ့ ကပ္ပတိန်ရွန်ရဲ့ ပဲ့ကိုင်စွမ်းရည်တွေတောင် ဘဝတစ်သက်စာမမေ့နိုင်မဲ့စွန့်စားခန်းတွေကိုဘယ်လိုဖြတ်ကျော်ကြရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ File Size : 3.1 GB, 1.6 GB Quality : WEB-DL 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

5.8 1992
Captain Ron
A Different Man
7.1

Avengers အဖွဲ့ထဲက Winter Soldier နဲ့သိခဲ့တဲ့ မင်းသား Sebastian Stan ရဲ့ Thriller ကားကောင်းတစ်ကားပါ Sebastian Stan ကို အဗန်ဂျာကားတွေနောက်ပိုင်း ပိုကောင်းတဲ့ ဇာတ်ရုပ်မျိုးစုံနဲ့ သရုပ်ဆောင်လာတာကို မြင်တွေ့နေရပြီး ဒီကားကလည်း ချီးကျူးရမယ့် သူ့ရဲ့ဇာတ်ရုပ်တွေထဲကတစ်ခုပါ… ငယ်ငယ်ထဲက ရုပ်ပိုင်းဆိုင်ရာ ပျက်စီးနေပြီး… လူ့ပတ်ဝန်းကျင်က ဟားတိုက်ရယ်မောစရာအဖြစ်ကြီးပြင်းလာတဲ့ အက်ဝက်လန်မြူရယ်ဆိုတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် Sebastian Stan ကပါဝင်ထားပါတယ်… သူ့ကို ဟာသဇာတ်ကောင်တွေ.. ပြဇာတ်တွေ ကြော်ငြာတွေမှာ လူစိတ်ဝင်စားမှုခံရအောင် ထည်သုံးရုံသပ်သပ်ပဲ..ဒါပေမယ့် အက်ဝက်ကလည်း ဒီဘဝကိုသဘောမကျပေမယ့်.. အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် ရပ်တည်နေပြီး တစ်ဖက်မှာလည်း သူဝါသနာပါတဲ့ ပြဇာတ်ရေးတဲ့အလုပ်ကိုလုပ်ပါတယ်… တစ်နေ့သူ့တိုက်ခန်းဘေးကို အင်ဂရစ်ဆိုတဲ့ မိန်းမလှလေး ပြောင်းလာပြီး…သဘောကျမိရာကနေ သူ့ရဲ့ဆိုးရွားလှတဲ့ ရုပ်ရည်ကိုပြောင်းလဲဖို့ ကြိုးစားပါတော့တယ်… ဒီအတွက် အက်ဝက်တို့လို ချို့ယွင်းချက်ရှိတဲ့လူတွေအတွက် စမ်းသပ်ဆဲဆေးဝါးတွေထုတ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဆီကို သွားပြီး သူ့ဘဝကိုပြောင်းလဲပါတော့တယ်…ဒါပေမယ့် ခဏတွေ သာယာမှုအတွက်နဲ့ နောက်ပိုင်းဖြစ်လာမယ့်အရာတွေက ဘာတွေလဲ ဆိုတာကို စိတ်ဝင်စားစွာစောင့်ကြည့်ရမှာဖြစ်ပါတယ်… (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size… (14.1GB) / (3.33GB ) / (0.98GB) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 52m Genre …..Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thiha Yan Naing

Thriller • Horror
7.1 2024 112 mins
A Different Man
Shrek 2
7.4

Shrek 2 (2004) IMDb Rating (7.4) / Rotten Tomatoes (89%) ဇာတ်လမ်းအကျဉ်း Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း…. Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော… သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက် တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။ တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ မှော်မှန်)ကို သယ်လာပါတယ်။ အဲ့မှော်မှန်ကြီးကို “သူ့ရဲ့တိုင်းပြည်က တရားအမျှတဆုံးနဲ့ အေးချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်ပီလား”လို့ မေးပါတယ်။ မှော်မှန်ကြီးက “Farquaadက ဘုရင်မှ မဖြစ်သေးပဲနဲ့ (သူက မင်းမျိုးမင်းနွယ်လဲ မဟုတ်တဲ့အတွက်) ဘုရင်ဖြစ်ချင်ရင် မင်းသမီး၁ယောက်ယောက်ကို လက်ထပ်မှရမယ်”ဆိုပီး မင်းသမီး၃ယောက်ကို ဘယ်သူ့ကြိုက်လဲဆိုကာ သူ့မှော်မှန်မှာ ပြသ၍ ရွေးချယ်ခိုင်းပါတယ်။ အဲ့ဒီထဲကမှ Fionaဆိုတဲ့ မင်းသမီးကို ရွေးချယ်လိုက်ပါတယ်။ (သူမက Farawayတိုင်းပြည်မှ ဘုရင့်သမီးဖြစ်ပီးတော့ အစောင့်နဂါးကြီးရှိတဲ့ ရဲတိုက်ကြီးထဲမှာ သူမကို လာကယ်မယ့် သူရဲကောင်းကို စိတ်ကူးယဉ်ရင်း ဖမ်းခံထားရပါတယ်။) “မင်းသမီးက ညမှာဖြစ်တဲ့ကိစ္စလေး၁ခုကပဲ…”ဆိုပီး မှော်မှန်ကြီးက Farquaadကို သတိပေးပြောဆိုဖို့ ကြိုးစားပါသေးတယ်။ Dulocမြို့ကို မကျေနပ်ချက်တွေနဲ့အတူရောက်လာတဲ့ Shrekနဲ့ Donkeyကို Farquaadက ဖမ်းခိုင်းပါတယ်။ သူတို့ကို လာဖမ်းတဲ့ ရဲမက်တွေကို အမိုက်စား Fightingနည်းတွေနဲ့ Smack Downတွေ ကျွေးပါတယ် tongue emoticon ဒါနဲ့နောက်တော့ Fionaမင်းသမီးကို ကယ်ပေးနိုင်ရင် Farquaadက နယ်နှင်ဒဏ်ကို ရုတ်သိမ်းပေးမယ်ဆိုပီး Shrekနဲ့ အပေးအယူလုပ်ပါတယ်။ Shrekကလဲ အပေးအယူကို လက်ခံလိုက်ပါတယ်။ Shrekနဲ့ Donkeyက Fionaမင်းသမီးလေးကို နဂါးကြီး လက်ထဲက ကယ်နိုင်မလား? တကယ်လို့ ကယ်နိုင်ခဲ့ရင် Shrekဆိုတဲ့ဘီလူးကြီးကို မင်းသမီးလေးက သူ့ရဲ့ သူရဲကောင်းအဖြစ် ချစ်နိုင်မလား? Shrekက Fionaကို နယ်နှင်ဒဏ်နဲ့ အလဲလှယ်လုပ်ရင် Farquaadရဲ့ ကြင်ယာအဖြစ် သိမ်းခြင်းကိုပဲ ခံရမလား? ဘာတွေဆက်ဖြစ်မလဲဆိုတာကို… ဒီဇာတ်ကားရဲ့ အောင်မြင်မှုကဆိုရင်ဖြင့် Shrek the Third (2007), Shrek Forever After (2010)ဆိုတဲ့ နောက်ဆက်တွဲကားတွေကို ဖြစ်ပေါ်လာစေပါတယ်။ Holiday specials ၂ခု Shrek the Halls (2007)နဲ့ Scared Shrekless(2010)လဲ ရှိပါသေးတယ်။ ပီးတော့ ဇာတ်လမ်းအခွဲဖြစ်တဲ့ Puss in Boots(2011)ကဆိုရင်လဲ ပရိသတ် တခဲနက်အားပေးမှုတွေနဲ့ အောင်မြင်ထားပါတယ်။ (အညွှန်းကို The biggest Animation Cartoon Fans (MM) မှ #Admin Thiha Maungက ရေးပေးထားတာ ဖြစ်ပါတယ်။) File size…(4.9 GB) / (1.6 GB) / (900 MB) Quality….WEB-DL 4K HEVC /Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Comedy Duration….01:33:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Zaya Phyone

7.4 2004 92 mins
Shrek 2
Blockbuster: Dreams as Horses
5.5

အပျင်းပြေ အချစ်ရုပ်ရှင်ကြည့်ချင်တယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက် ဟာသနှောအချစ်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ရပ်ကွက်လုံခြုံရေးအဖွဲ့ခေါင်းဆောင် မာယိမင်ဟာ လုံခြုံရေးတွေအတွက် သတင်းဆိုးတွေပဲ ကြေညာဖော်ထုတ်တတ်တဲ့ သတင်းထောက် ယိကျားရန်နဲ့ မတော်တဆ ဝိညာဉ်ချင်း လဲသွားခဲ့ပါတယ်။ ထို့နောက် ယိကျားရန်နဲ့အတူ အိမ်ရှင်နဲ့ ထိန်းသိမ်းရေးဝန်ထမ်းတို့ကြားက ပဋိပက္ခတွေကို ကြုံတွေ့ခဲ့ပြီး ကိုယ်ချင်းစာတတ်လာပါတယ်။ တစ်ဖက်သားရဲ့ နေရာကနေ အရင်က မဖြေရှင်းနိုင်ခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ခဲ့ပြီး ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းတစ်ခုကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Action
5.5 2025
Blockbuster: Dreams as Horses
Angus, Thongs and Perfect Snogging
6.3

Angus, Thongs and Perfect Snogging (2008) IMDb – 6.3 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~ ဂျော့ဂျီယာလို့ခေါ်တဲ့ကောင်မလေးက ၁၅နှစ်ပြည့်တော့မယ် ဆယ်ကျော်သက်မြှီးကောင်ပေါက်လေးပါ။ သစ်ရွက်ကြွေတာ မြင်ရင်တောင် ရင်ခုန်နေကြတဲ့ အရွယ်က ဂျော့ဂျီယာကလည်း မထူးဘဲရည်းစား ငမ်းငမ်းတက်လိုချင်နေသူလေးပေါ့။ သူတို့က ကျောင်းမှာဆိုရင် အရမ်းမထင်ပေါ်လှတဲ့ အုပ်စုဖြစ်ကြပေမဲ့ ဂျော့ဂျီယာကတော့ အနမ်းကိုတောင် အဆင့်ဆယ်ဆင့်လောက်ခွဲပြီး ရည်းစားရဖို့အရေးကို ကြံစည်ကြိုးစားနေတဲ့ကောင်မလေးပါ။ အဲ့လိုနဲ့ တစ်ရက်မှာတော့ သူတို့ကျောင်းကို လန်ဒန်က မြို့ကြီးသားအမြွာညီအစ်ကိုနှစ်ယောက်က ရောက်လာတော့ ဂျော့ဂျီယာနဲ့ သူငယ်ချင်းတစ်သိုက်လည်း ကြိုက်ကုန်ကြပါတော့တယ်။ သူ့သူငယ်ချင်းဂျက်စ်နဲ့ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်စီကို အကြ့အစည်တွေနဲ့ ရေလာ‌မြောင်းပေး ဆည်ကျိုးကြပါတော့တယ်။ ဖြစ်ချင်တော့ သူ့သူငယ်ချင်းးဂျက်စ်က ညီအစ်ကိုတစ်ယောက်နဲ့အဆင်ပြေသွားပေမဲ့ ‌‌ဂျော့ဂျီယာကျ အဆင်ပြေသလိုလိုနဲ့ ကောင်လေးက ကျောင်းကဒိတ်ဒိတ်ကြဲကောင်မလေးတစ်ယောက်နဲ့ဖြစ်နေပါတယ်။ အဲ့‌တော့ ရည်းစားလိုချင်နေတဲ့ ဂျော့ဂျီယာက ဘယ်လိုအကြံအစည်တွေသုံးပြီး မြို့ကြီးသားလူချောကို ရအောင်ကြံမလဲဆိုတာကို ကြည့်ကြရမှာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝရဲ့အလွဲတွေ၊ အိမ်က မိသားစုဆီက ပြသာနာလေးတွေနဲ့ ဂျော့ဂျီတစ်ယောက် မြို့ကြီးသားလူချောလေးကို အပိုင်သိမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File Size – 2.33 GB/ 890 MB Quality – WEB-DL 1080p/ 720p Duration – 1:40:59 Format – mp4 Genre – Comedy, Drama, Family, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Lwin Encoded by – Treasure Htet

Drama • Romance • Music
6.3 2008 101 mins
Angus, Thongs and Perfect Snogging