YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

New World.2021.S1E1.1080p.CM.mkv

1.27 GB N/A video/x-matroska 466 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Red Sparrow
4

The red sparrow ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... တက်သစ်စမင်းသားတွေဆိုပေမယ့် ဇာတ်ဆောင် ဇာတ်ပို့ ဖြတ်လျှောက်က အစ အချိတ်ဆက်မိတာကြောင့် low budget လို့ မထင်ရလောက်အောင် ကြည့်ကောင်းတဲ့ ဇာတ်ကားလေးပါ ဒါအပြင် ဇာတ်လမ်း ဇာတ်ညွှန်းကလည်း ဆွဲဆောင်မှု ရှိနေပြန်တယ်... ဒီဇာတ်လမ်းကို မိတ်ဆက်ဖို့ အများကြီးမလိုပါဘူး... တစ်ခွန်းတည်းပါပဲ... နည်းပညာခေတ်ကြီး 21 ရာစုမှာ နည်းပညာမှ မသိရင် ခေတ်နောက်ကျပါပြီတို့ လူတောမတိုးတော့ဘူးဆိုတဲ့ ယနေ့ခေတ်မှာ အားလုံးက မသိမသာ နည်းပညာရဲ့ သားကောင်ကနေ ကျေးကျွန်အဆင့်ထိရောက်လာကြတာကို တွေးတောမိပြီး အနာဂတ်မှာ နည်းပညာက ဖန်တီးထားတဲ့ စက်ရုပ်တွေဟာ လူသားတွေကို ဘယ်လို ဝါးမြိုသွားမယ်ဆိုတာကို စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပေါ့.... ဒါကြောင့် စိတ်ကူးယဉ်မဆန်တဲ့ စိတ်ကူးပုံဖော် ဇာတ်ကားလေးကို ကြည့်ပြီး တကယ် ဒီလိုဖြစ်လာရင်လို့ တွေးပြီး ခဏလောက် ဦးနှောက် အလုပ်ပေးလိုက်ကြပါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ Chu Chu ပဲ ဖြစ်ပါတယ်။ Genre.....Action, Sci-Fi Quality….WEB-DL 1080p and 720p and 480p File size…1,1GB and 626Mb and 307MB Format…mp4 Duration….1h 17min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chu Chu Encoder ..... LK

Crime • Thriller
4 2022 77 mins
The Red Sparrow
Against the Ice
6.8

IMDb Rating - 7.8/10 ကဲ ဖြစ်ရပ်မှန်ရုပ်ရှင်လေး တစ်ခုလောက် ကြည့်လိုက်ရအောင်။ အာတိတ် မြောက်ဝင်ရိုးစွန်းမှာ အမေရိကန်နဲ့ ဒိန်းမတ်တွေ နယ်မြေသစ်တွေကို ရှာဖွေ နေကြတဲ့ခေတ်ပေါ့။ ဂရင်းလန်းရဲ့ အနောက်မြောက်ပိုင်းကို အမေရိကန်ဟာ သူတို့တွေ့ရှိထားပြီး နယ်နိမိတ်ပိုင်းခြားထားတဲ့ ရေမြောင်းကြီးတစ်ခု ရှိပါတယ် ဆိုပြီး အဆိုပြုလာပါတယ်။ ဒါကို ဒိန်းမတ်နယ်မြေသစ်ရှာဖွေရေး လူစွန့်စား အဖွဲ့တစ်ဖွဲ့က မဟုတ်မမှန်ကြောင်း သက်သေပြဖို့ ကြိုးစားရင် ပျောက်ဆုံးသွား ခဲ့တယ်။ ဆိုးရွားလွန်းတဲ့ ရေခဲပြင်ရာသီဥတုနဲ့ အသက်ရှင်ဖို့ ခက်လွန်းတဲ့ ဒီနယ်မြေတွေထဲမှာ ပျောက်ဆုံးသွားတဲ့ အဖွဲ့ကိုရှာဖွေရင်း ဒိန်းမတ်ရဲ့မြေကို အမေရိကန်မပိုင်ဆိုင်စေဖို့ သက်သေပြဖို့ ကြိုးစားခဲ့တဲ့ လူစွန့်စားနှစ်ဦးရဲ့ စိတ်ဓာတ်၊ စွန့်စားမှု၊ သူငယ်ချင်းသံယောဇဉ်တွေကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ သူတို့နေရာကနေ ဝင်ခံစားရင် ရင်တဖိုဖိုကြည့်ရမှာမို့ အားပေး လိုက်ပါဦး။ ဒီကားမှာ Game of Throne ထဲက Jaime Lannister က အဓိကဇာတ်ကောင် နေရာကနေ သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size - (1.17 GB) / (560 MB) / (362 MB) Quality – WebDL 1080p / 720p/480p Duration - 1h 42mins Subtitle – Myanmar Hardsub Format – MP4 Genre : Adventure, Drama, History Translator – Mr.Anderson Encoder – SWM

Drama • Fantasy
6.8 2022 101 mins
Against the Ice
So Cold the River
5.6

ဝက်စ်ဘေဒန်မြို့လေးမှာ “ဘရက်ဒ်ဖော့ကျိန်စာ” ဆိုပြီးစိုးမိုးနေတဲ့အချိန် လူတွေကလည်း ဘရက်ဒ်ဖော့လို့ဆိုလိုက်တာနဲ့ အရမ်းကြောက်နေခဲ့ပါတယ်။ တကယ်တော့ သူတို့ကြောက်တာက ကမ့်ဘဲလ်ဘရက်ဒ်ဖော့ဆိုတဲ့လူကိုပါ။ သူကဘယ်လောက်ထိဆိုးသွမ်းလဲဆိုရင် ဘရက်ဒ်ဖော့မိသားစုဝင်တွေပါ အချင်းချင်းပြန်ကြောက်ရတဲ့အထိ သူ့နာမည်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါတယ်။ ကမ့်ဘဲလ်ဘရက်ဒ်ဖော့အကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ပေးပါဆိုပြီးတော့ အဲရစ်ကာကိုအလုပ်လာအပ်ခဲ့ပါတယ်။ အဲရစ်ကာကလည်း ခေသူမဟုတ်။ သဘာဝလွန်တွေနဲ့ အဆက်အသွယ်ရှိတဲ့ ထူးခြားတဲ့လူတစ်ယောက်ဆိုပြီး မှတ်တမ်းရုပ်ရှင်နယ်ပယ်မှာ နာမည်ကြီးနေတဲ့သူတစ်ယောက်ပါ။ မှတ်တမ်း ရုပ်ရှင်ရိုက်ဖို့ တစ်ခုတည်းသောသဲလွန်စအဖြစ် ကမ့်ဘဲလ်ဘရက်ဒ်ဖော့ရဲ့ မီးခံသေတ္တာထဲမှာသိမ်းထားတဲ့ ရေပုလင်းလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒါလေးကို ယူလာပြီး အဲရစ်ကာတစ်ယောက် ဝက်စ်ဘေဒန်မြို့မှာ သဲလွန်စရှာရပါတော့တယ်။ ရေပုလင်းဆိုတော့လည်း ရေဆာနေတဲ့အချိန်၊ စိတ်အိုက်နေတဲ့အချိန် သောက်မိ ကြတာပေါ့နော်။ အဲ့ဒီရေပုလင်းက တကယ်တော့ မကောင်းဆိုးဝါးပါတဲ့။ ဝက်စ် ဘေဒန်မှာလည်း မြေအောက်ရေက အရမ်းအစွမ်းထက်ပါတယ်တဲ့။ အဲ့ဒါတွေကို ဆက်စပ်ကြည့်ရင်းနဲ့... အဲရစ်ကာတစ်ယောက် ဘာတွေရှာတွေ့သွားမလဲ၊ အဲ့ဒီရေ ကရော ဘာကြောင့်ကြောက်ဖို့ကောင်းနေတာလဲ၊ ဘရက်ဒ်ဖော့ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်ဦးမလဲဆိုတာတော့ ရင်တထိတ်ထိတ်နဲ့ ဆက်ကြည့်လိုက်ပါတော့နော် ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(983 MB) / (486 MB) Quality............WebRip 1080p / 720p Duration.........1Hr 35mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Thriller Translator.......Jo Jo Va Encoder..........SWM

Horror • Thriller
5.6 2022 93 mins
So Cold the River
The Matrix Revolutions
6.7

Matrix သမိုင်းအကျဉ်း ၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ UN က စက်ရုပ်အားလုံးကို ဖျက်ဆီးဖို့ ရုတ်တရက် လုပ်ဆောင်လိုက်ပါတော့တယ်။ ဒီဖြစ်စဉ်ကြီးမှာ အသက်ရှင်ကျန်ခဲ့တဲ့ စက်ရုပ်အနည်းစုဟာ လူတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ကိုလက်လျှော့ပြီး မီဆိုပိုတေးမီးယားဆိုတဲ့ လွတ်မြောက်နယ်မြေကို ထွက်သွားခဲ့ကြတယ်။ အဲဒီမှာပဲ 01 ဆိုတဲ့ ပထမဆုံး စက်ရုပ်နိုင်ငံ ပေါ်ပေါက်လာပါတော့တယ်။ 01 ဟာ သူတို့ကိုယ်သူတို့ ပိုအသိဉာဏ်ရှိလာအောင် ဖန်တီးခဲ့သလို လူတွေလိုအပ်တဲ့ စက်တွေ နည်းပညာတွေကိုလည်း ပြန်ရောင်းစားပြီး တဖြည်းဖြည်းနဲ့ စီးပွားရေးမှာ လူတွေထက် အဆမတန် အင်အားကြီးလာခဲ့ပါတယ်။ လူသားငွေကြေးတန်ဖိုးတွေလည်း ကျဆင်းပြီး အင်အားချည့်နဲ့လာတဲ့အတွက် UN က 01 ကို စီးပွားရေးပိတ်ဆို့ခဲ့တယ်။ ဒါကို ညှိနှိုင်းဖို့ ရောက်လာတဲ့ စက်ရုပ်သံတမန်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ အဲဒီနောက်မှာ UN က စက်ရုပ်နိုင်ငံကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီး ၂၂ ရာစု အလယ်လောက်မှာ စစ်ပွဲကြီးစတင်ခဲ့ပါတယ်။ ဒါ့အပြင် အနုမြူနဲ့ပါ လက်ဦးအောင် ထုခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုပ်တွေက လူတွေထက်ပိုမာတဲ့ အတွက် မျိုးမပြုတ်ခဲ့ပါဘူး။ အဲဒီမှာ မျိုးမပြုတ်ဘဲ ကျန်ခဲ့တဲ့စက်ရုပ်တွေဟာ တစ်ကမ္ဘာလုံးက စက်တွေကို စုစည်းပြီး ပြန်ထိုးစစ်ဆင်ပါတော့တယ်။ အရှေ့အလယ်ပိုင်း ဥရောပ အရှေ့ပိုင်းတွေကိုပါ သိမ်းပိုက်လာနိုင်ခဲ့တယ်။ အရေးနိမ့်လာတဲ့လူသားတွေဟာ အမှောင်မုန်တိုင်းလို့ ခေါ်တဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ခဲ့တယ်။ ဒါကတော့ စက်ရုပ်တွေရဲ့ အဓိကစွမ်းအင်ရင်းမြစ်ဖြစ်တဲ့ နေကို ဖြတ်တောက်ဖို့ပါပဲ။ ကမ္ဘာ့လေထုအကာတစ်ခုလုံးကို နာနိုဗုံးတွေနဲ့ဖောက်ခွဲပြီး တိမ်မည်းကြီးတွေ ဖုံးသွားအောင်လုပ်ပြီး ကမ္ဘာပေါ်မှာ နေရောင်ပျောက်ကွယ်သွားအောင်လုပ်ခဲ့တာပါပဲ။ ဒီစစ်ဆင်ရေးကြောင့် စက်ရုပ်တွေအင်အားချိနဲ့သွားပေမဲ့ မကြာခင်မှာပဲ အနုမြူစွမ်းအင်ကို အစားထိုးပြီး ပြန်အင်အားများလာခဲ့တယ်။ပြီးတော့ လူသားပုံစံစက်ရုပ်တွေကိုမသုံးတော့ဘဲ ပိုပြီးတိုက်ခိုက်နိုင် အားသုံးနိုင်တဲ့ စန်တီနယ်လို စက်ရုပ်တွေကို သုံးလာခဲ့တယ်။ လူသားတွေ အကျအဆုံးများပြီး ငတ်မွတ်လာတဲ့အချိန်မှာတော့ UN ရဲ့ရှေ့ကို စက်ရုပ်သံတမန်နောက်တစ်ခေါက်ရောက်လာပါတော့တယ်။ ဒီတစ်ခါမှာတော့ စက်ရုပ်သံတမန်က ထွေထွေထူးထူးညှိနှိုင်းမနေတော့ပါဘူး။ သူ့ကိုယ်သူဖောက်ခွဲပြီး ကမ္ဘာခေါင်းဆောင်အားလုံးနဲ့ နယူးယောက်မြို့ကြီးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ခေါင်းဆောင်မရှိတော့တဲ့ တပ်တွေကိုလည်း စက်ရုပ်တပ်တွေက အသာအယာအနိုင်ယူပြီး လူသားတွေ ကျဆုံးသွားခဲ့ပါတော့တယ်။ ဒါ့အပြင် စက်ရုပ်တွေဟာ နေ နဲ့ အနုမြူစွမ်းအင်အပြင် နောက်ထပ် စွမ်းအင်ရင်းမြစ်တစ်ခုကို တွေ့ရှိလာခဲ့ပါတယ်။ ဒါကတော့လူသားတွေကို ဖမ်းဆီးထားပြီး သူတို့ ကိုယ်ကနေ လျှပ်စစ်စွမ်းအင်တွေ ထုတ်ယူတာပါ။ အဆုံးမရှိတဲ့ကွင်းပြင်ကြီးတွေထဲမှာ လူသားတွေ သန်းချီပြီး ဖမ်းဆီးထားပြီး စွမ်းအင်ထုတ်ယူပါတော့တယ်။ အဲဒိဖမ်းဆီးထားတဲ့လူသားတွေရဲ့ စိတ်ကို အကျဉ်းချဖို့အတွက် Matrix ကို ဖန်တီးလိုက်တာပါပဲ။ Matrix ဆိုတာကတော့ Virtual Reality တစ်ခုပါပဲ။ လူသားတွေရဲ့ စိတ်ကို ကွန်ပြူတာစနစ်ထဲကို ထည့်သွင်းထားပြီး ၁၉ ရာစု ၂၀ ရာစုခေတ်မှာ သူတို့ဘာသာ အသက်ရှင်နေထိုင်နေကြသလို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာပါ။ (ဒါကတော့ ၁ ၂ ၃ ကြည့်ပြီးမှ ဆက်ဖတ်သင့်ပါတယ်) Matrix ရဲ့ ပထမဆုံးဗားရှင်းမှာတော့ လူသားတွေဟာ လုံးဝပြီးပြည့်စုံပြီး လိုလေးသေးမရှိတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ရတာပါ။ ဒါကို လူသားတွေရဲ့စိတ်က ဖြစ်တည်မှုအစစ်လို့ လက်မခံနိုင်တဲ့အတွက် Matrix ပထမဆုံးပရိုဂရမ် ကျရှုံးသွားပါတော့တယ်။ ဒီတော့ စက်ရုပ်တွေက လူသားတွေကို စစ်တွေဆက်တိုက်ဖြစ်နေပြီး ဒုက္ခပင်လယ်ဝေနေတဲ့ Matrix တစ်ခုဖန်တီးပေးပြန်ပါတယ်။ ဒါကိုလည်း လူသားဦးနှောက်က လက်မခံပြန်ပါဘူး။ နောက်ဆုံးမှာတော့ လူသားတွေရဲ့ဘဝအစစ်လို့ အဓိကယုံကြည်စေဖို့ လိုအပ်တဲ့အရာဟာ Choice လို့ခေါ်တဲ့ ရွေးချယ်မှု ရှိတယ်လို့ ထင်ရတဲ့ ကမ္ဘာပဲဆိုတာ စက်ရုပ်တွေ သိသွားပါတယ်။ ဒီတော့မှ Matrix ဟာ အောင်မြင်ပြီးလူသားတွေကို ဖြစ်တည်မှုအတုထဲမှာ အကျဉ်းချထားနိုင်ပါတော့တယ်။ ဒီ Matrix ထဲမှာပဲ ရင်းမြစ်ကုတ်ကို ထိန်းချုပ်တဲ့ Architect ဗိသုကာဆိုတဲ့ လူကို ဖန်တီးထားလိုက်တယ်။ ပြီးတော့ လူသားတွေကိုလေ့လာပြီး ပြောင်းလဲပေးနိုင်ဖို့ ရှေ့ဖြစ်ဟော Oracle ဆိုတဲ့ ပရိုဂရမ်တစ်ခုကိုဖန်တီးထားတယ်။ ဒါပေမဲ့ ဒီ Matrix ဟာလည်း လူသား ၉၉ ရာနှုန်းကိုပဲ လှည့်စားနိုင်ပါတယ်။ ၁ ရာခိုင်နှုန်းကတော့ ဒါဟာ အတုအယောင်လို့ သံသယဝင်လာတဲ့ ပရိုဂရမ်ချို့ယွင်းချက်တွေဖြစ်လာတယ်။ အဲဒီ မက်ထရစ်ကနေ လွတ်မြောက်လာပြီး Zion လို့ခေါ်တဲ့ နောက်ဆုံးလူသားတိုင်ပြည်ကို တည်ထောင်လာတယ်။ ပြီးတော့ ဒီလူတွေကပဲ Matrix ထဲကို ပြန်ဝင်လာပြီး လူသားအားလုံးကို လွတ်မြောက်အောင် ပြန်တိုက်ခိုက်လာတယ်။ ဒီလို error လူတွေကို ကာကွယ်ဖို့ အေးဂျင့်ဆိုတဲ့ အင်အားကြီးတဲ့ ပရိုဂရမ်မျိုးတွေဖန်တီးထားခဲ့တယ်။ ဒီတော့ Matrix စနစ် တည်ငြိမ်ဖို့ အဲဒီ ချို့ယွင်းကုတ်တွေ အားလုံးကို သယ်ဆောင်နေတဲ့ ပရိုဂရမ်တစ်ခုကို ဖန်တီးလိုက်တယ်။ The One ခေါ် Neo ပေါ့။ အဲဒီ The One ဟာ လူသားအားလုံးကို ကယ်တင်မယ့်သူလို့ Zion တွေ ယုံကြည်စေခဲ့တယ်။ ဒါပေမဲ့ အဲဒီ The One ရဲ့ လမ်းကြောင်းဟာ နောက်ဆုံးမှာ ဗိသုကာဆီမှာ အဆုံးသတ်ပါတယ်။ Neo ဟာ လူသားတွေကို ကယ်တင်ဖို့ သူ့ကိုယ်သူ စတေးခံရမယ်။ သူသေသွားချိန်မှာ သူ့ရဲ့ မူလ ကုတ်တွေအားလုံးကို မူလရင်းမြစ်ကုတ်ထဲကို ပူးပေါင်းစေပြီး Matrix ကို reload ဖြစ် အစက ပြန်စတင်စေတာပါ။ Zion ဆိုတဲ့ လူသားကမ္ဘာကိုလည်း အားလုံးပျက်စီးစေမှာပါ။ မပျက်စီးခင်မှာ Neo ကို လူသား ၂၃ ယောက်ရွေးချယ်ခိုင်းပြီး Matrix အသစ်ပြန်စ Zion အသစ်ပြန်စပြီး နောက်တစ်ဖန် ထိန်းချုပ်လည်ပတ်စေတာပါ။ ဒီလိုနဲ့ Matrix ရဲ့ error တွေကိုရှင်းပြီး reload လုပ်ခဲ့တာ ငါးကြိမ်တိုင်ခဲ့ပါပြီ။ Neo ငါးယောက်လည်း သေဆုံးပြီးခဲ့ပါပြီ။ အခု Matrix ရုပ်ရှင်ထဲက ၆ ယောက်မြောက် Neo ကတော့ မတူတဲ့လမ်းကို ရွေးခဲ့ပါတယ်။ ရင်းမြစ်ကုတ်ဆီမှာ အသေခံရမယ့်အစား သူ့ချစ်သူ ထရစ်နတီကို ကယ်တင်ခဲ့တယ်။ နောက်ပြီးတော့ ဇိုင်ရွန်တွေ ပျက်စီးရမယ့်စား စစ်ပြေငြိမ်းနိုင်ဖို့ စက်ရုပ်မြို့တော်အထိ ရောက်အောင်သွားပြီး အပေးအယူလုပ်ပြီးမှ အသေခံခဲ့တာပါ။ ဒီလိုနဲ့ ကမ္ဘာကျော် Matrix ရုပ်ရှင်တွေ အဆုံးသတ်ခဲ့တာပါ။ ဒီတစ်ခါတော့ Matrix ပြန်လည်ရှင်သန်ခြင်းမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်လိုက်ရအောင်။ The Matrix ဇာတ်ကားအားလုံးကို https://channelmyanmar.org/?s=the+matrix+neo  မှာကြည့်ပါ။ File size…(4.2 GB)/(1.3 GB)/(1.5 MB) Quality….BluRay 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….02:09:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Myo Thu ,Little Neo

Action • Horror • Science Fiction
6.7 2003 129 mins
The Matrix Revolutions
Tamil Kudimagan
9.6

Tamil Kudimagan (2023) “တမီလ်နာဒူးနိုင်ငံသား” IMDB 9.3 တောင်ရထားတဲ့ တမီးလ် ဒရာမာ ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ တမီးလ်လ်မျက်နှာသိသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Cheran နဲ့ မင်းသမီး Sri Priyanka တို့ အားဖြည့်ထားပြီး critically လည်း အောင်မြင်တဲ့ ရုပ်ရှင်ပါ အိန္ဒိယနိုင်ငံရဲ့ ဇာတ်အနိမ့်အမြင့်လူတန်းစား ခွဲခြားမှုကို မေးခွန်းထုတ်ထားတဲ့ ဇာတ်မျိုးပါပဲ မြို့ငယ်လေးတစ်ခုမှာ ချင်နာဆာမီဆိုတဲ့ ကောင်လေးက VAO ဆိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးစာမေးပွဲကိုအသွား ရပ်ကွက်ထဲက လူသေလို့ အသုဘချဖို့ လာခေါ်တာနဲ့ မလိုက်ချင်လိုက်ချင် လိုက်သွားရပါတယ်…။ သူကိုယ်တိုင် ရိုးရိုးကျင့် မြင့်မြင့်ကြံပြီး ကြိုးစားနေပေမယ့်လည်း လူ့အသိုင်းအဝိုင်းက ချင်နာဆာမီတို့ မျိုးရိုးအလုပ်ဖြစ်တဲ့ အသုဘချတာကို သူတစ်ယောက်တည်း လုပ်သင့်တယ်လို့ ဇွတ်သတ်မှတ်ထားကြတာပါ…။ ပြီးတာနဲ့ ဆိုင်ကယ်နဲ့ စာမေးပွဲဖြေဖို့လိုက်ပို့မယ်ဆိုပြီး ခေါ်တဲ့ လူကလည်း သောက်မြင်ကပ်ပုဒ်မနဲ့ လမ်းမှာ ဆီကုန်တယ်လို့ ညာပြီး စာမေးပွဲချိန်နောက်ကျအောင် တမင်ညစ်ပါတယ် ဒီဇာတ်နိမ့်လူတန်းစားမှာ အဖေက ဒါလုပ်ရင် သားက ဒါလုပ်ဆိုပြီး တသမတ်တည်း သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းကို တော်လှန်ချင်စိတ်ရှိတဲ့ ချင်နာဆာမီတို့ မောင်နှမတို့က လူတန်းစားခွဲခြားခံရတိုင်း တစ်ယောက်နဲ့တစ်ယောက် တောက်တခေါက်ခေါက် ပေါ့ သူ့ညီမလေးကလည်း ဆေးကျောင်းသူပေမယ့်လည်း လူတန်းစားအဆင့်အတန်းနဲ့ပတ်သက်လို့ ရည်းစားရဲ့အဖေဖြစ်သူ ပစ်ပစ်ခါခါ ပြောတာ ခံလိုက်ရပါတယ် ဒါတင်မကပဲ ချန်နာဆာမီ VAO ရာထူးရလာချိန်အထိ ရာထူးကိုမထောက်ပဲ မျိုးရိုးစွဲနဲ့လူတွေက သူ့ကို အသုဘ ချခိုင်းတုန်းပါပဲ ဒီလိုနဲ့ သူတို့မြို့လေးမှာ ဘယ်လိုတွေ ပြဿနာဖြစ်ကြမလဲ တရားခွင်တွေရောက်တဲ့အထိ ဖြစ်ရင်း ဘယ်လိုတွေ ဆက်ပြီးရှင်းကြမလဲ အိန္ဒိယနိုင်ငံရဲ့ ရှေးရိုးစွဲအယူဝါဒတွေကို တွန်းလှန်နိုင်မှာလား လူ့အဖွဲ့အစည်းစနစ်အောက်မှာပဲ ပြားပြားဝပ်နေရမှာလားဆိုတာ ဆက်လက်ကြည့်ရှူပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ KKKZ ~ Zwe ~ Dee ~ Alex ~ V တို့ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

9.6 2023
Tamil Kudimagan
J.Baby
8.6

J Baby (2024) “မေမေ” IMDb 8.7 စိတ်နှလုံးချမ်းမြေ့စေမယ့် မိခင်မေတ္တာဖွဲ့ ဒရာမာကားလေးတစ်ကား တင်ပေးလိုက်ပါတယ် ရှုပ်ထွေးဆန်းပြားတဲ့ တည်ဆောက်ပုံတွေ မပါဝင်ပဲ ပရိသတ်ရင်ဘတ်ရောက်အောင် ရိုးရိုးရှင်းရှင်း ဆွဲခေါ်နိုင်မယ့် ဇာတ်လမ်းသွားမျိုးပါ ဘဝမှာ ပထမဆုံးချစ်ဖူးတဲ့ အမျိုးသမီးက အမေ မဟုတ်လား မိခင်မေတ္တာဆိုတာကို မပြောလည်း လူတိုင်း ခံစားရဖူးတာပါပဲ ဒါတွေသိသည့်တိုင် ကိုယ့်အမေရဲ့စိတ်ထဲ ဘာတွေတွေးနေမှာလဲဆိုတာကိုတော့ အမှုမှတ်အမဲ့မှတ် မတွေးမိပဲရှိတတ်ပါတယ် ဇာတ်လမ်းအစမှာဆိုရင် ညီအစ်ကိုနှစ်ယောက်ကို သူတို့အမေ အဝေးကြီးက ကောလ်ကတ္တားမြို့ကို ရောက်နေကြောင်း ရဲစခန်းက အကြောင်းကြားလာတယ် သူတို့ညီအစ်ကိုကလည်း နှစ်ပေါင်းများစွာ စကားမပြောတော့တဲ့ ညီအစ်ကိုပေါ့ ဒါပေမဲ့လည်း ဒီတစ်ခါမှာတော့ နယ်မြေတစ်မျှော်တစ်ခေါ်ကို အတူတူသွားပြီး အမေ့ကိုပြန်ခေါ်ရဖို့ဖြစ်လာတယ် သူတို့ညီအစ်ကို အတိတ်တုန်းက ဘယ်လိုများ ပြဿနာဖြစ်ခဲ့လို့ စကားမပြောကြတာလဲ သားသမီးတွေကို အရိပ်တကြည့်ကြည့် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ အမေက​ရော ဘာဖြစ်လို့ ရုတ်တရက် ထွက်သွားရတာလဲ ဇာတ်လမ်းအစ ဒိုင်ယာလော့တွေထဲမှာပဲ ပြောနေကြတဲ့ အမေ့ရဲ့ တကယ့်ဇာတ်လမ်းကရော ဘယ်လိုဖြစ်လာမှာလဲ ​ဆိုတာကို ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ကားကောင်းလေးတစ်ကားပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

Comedy • Drama • Fantasy • Horror • Mystery
8.6 2024
J.Baby
Wild Things
6.6

Wild Things(1998) ပထမဆုံးအနေနဲ့ ဒီကားမှာ sexခန်းတွေ၊ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ၊ homosexualအခန်းတွေ ဖောဖောသီသီ ပါဝင်တာကြောင့် မိသားစုနဲ့လုံးဝမကြည့်ဖို့တစ်ချက်သတိပေးပါရစေ။ 18နှစ်မပြည့်သေးသူတွေ အရွယ်မရောက်သေးတဲ့လူတွေလဲမကြည့်သင့်ပါဘူး ဇာတ်လမ်းမှာအဓိကဇာတ်ကောင် ငါးယောက်ပါပါတယ်။ သူတို့ကတော့… 1.ဆမ်လွမ်ဘာဒို ဘလူးဘေးအထက်တန်းကျောင်းက ကျောင်းဆရာလေးဆမ်က ရုပ်ချောသဘောကောင်းတဲ့ဆရာလေးမို့ လူချစ်လူခင်ပေါပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးပေါ့။ အထူးသဖြင့် ကျောင်းသူလေးတွေအတွက်ကတော့ ဆမ်ဟာသူတို့ရဲ့ပုံပြင်ထဲကမင်းသားလေး။ 2. ကယ်လီဗန်ရိုင်ယန် ကယ်လီကတော့ ဘလူးဘေးအထက်တန်းကျောင်းရဲ့ A list စာရင်းဝင် ခပ်ဟော့ဟော့ သူဌေးသမီးလေး။ သူလေးကလဲ ကျောင်းဆရာကို အသေအကျေ crushနေတဲ့ ကောင်မလေး။ တစ်နေ့မှာတော့ ကယ်လီတစ်ယောက် ကျောင်းဆရာရဲ့အိမ်ကို ကားသွားဆေးပေးရင်း သူ့ကိုကျောင်းဆရာက မုဒိမ်းကျင့်ပါတယ်ဆိုပြီး ရိုးသားကြိုးစားတဲ့ ကျောင်းဆရာလေးကိုစွပ်စွဲလာပါတော့တယ်။ 3.ဆူဇန်မာရီတိုလာ ဆူဇီလို့ခေါ်ကြတဲ့ ဒီကောင်မလေးကတော့ ကယ်လီလိုပဲ ခပ်လန်းလန်းကောင်မလေးဆိုပေမယ့် ကယ်လီလိုတော့ မချမ်းသာရှာဘူး မွေးစားမိခင်နဲ့အတူ မြို့စွန်ရပ်ကွက်မှာနေရတဲ့ကောင်မလေး။ အဲ..ကယ်လီက ကျောင်းဆရာမုဒိမ်းကျင့်တာခံရပါတယ် စွပ်စွဲလိုက်တော့ တစ်မြို့လုံးမယုံကြည်နိူင် ဖြစ်နေကြချိန်မှာ ဆူဇီကလဲ ဒီကျောင်းဆရာဟာ သူ့ကိုလဲ ဒီလိုပဲကျင့်ခဲ့ဖူးကြောင်း အရင်တုန်းကပြောရင် ဘယ်သူမှမယုံမှာစိုးလို့ မပြောခဲ့တာဖြစ်ကြောင်း ထပ်ပြီးထုတ်ပြောလာပါတယ်။ ဒီအချိန်မှာ ကျောင်းဆရာလေးကတကယ်ပဲ မုဒိမ်းကျင့်တယ်လို့ တချို့တွေယုံလာကြပါတယ်။ 4,5. စုံထောက်ရေးဒူကတ် နဲ့ ဂလော်ရီယာ သူတို့ကတော့ ကျောင်းဆရာလေးဆမ်ရဲ့အမှုကိုအဓိက ကိုင်တွယ်ကြမယ့်သူတွေပါ။ သူတို့နှစ်ယောက်ထဲက စုံထောက်မလေး ဂလော်ရီယာကလဲ ကျောင်းဆရာကိုကြိတ်ကြွေနေပါသေးတယ်။ ဒါကတော့ဇာတ်လမ်းရဲ့ အစကျောင်းဆရာလေးဆမ်ရဲ့ အမှုဖြစ်ပေါ်လာပုံဖြစ်ပါတယ်။ spoilerမဟုတ်ပါဘူး ဒါဟာဇာတ်လမ်းရဲ့ အစပိုင်းလေးပဲရှိပါသေးတယ်။ နောက်ပိုင်းမှာ ဇာတ်လမ်းရဲ့ ထင်မထားတဲ့အချိုးအကွေ့ အချိတ်အဆက်တွေက ပရိတ်သတ်ကိုပါးစပ်အဟောင်းသား ဖြစ်စေပါလိမ့်မယ်။ အညှီအဟောက်အခန်းလေးတွေလဲပါမှ ဇာတ်အိမ်ကလဲခိုင်မှ မင်းသားမင်းသမီးကလဲချောမှ twistတွေကလဲ ကြမ်းမှ ကြည့်ချင်တယ်ဆိုသူတွေ အတွက်ကတော့ Wild Things ဟာလုံးဝကိုလက်လွတ်မခံသင့်တဲ့ ဘေကုန်ရကျိုးနပ်မယ့် ကားကောင်းတစ်ကားဖြစ်တဲ့အကြောင်း အာမခံလိုက်ပါတယ်။ Kaung Khant Win က ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ် File size… 2.2 GB / 962 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Crime/Drama/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Khant Win

6.6 1998 108 mins
Wild Things
Walk The Line
6

CM ချစ်ပရိသတ်တို့အတွက် ရင်းနှီးသလိုဖြစ်ပြီး မျက်နှာစိမ်းနေတဲ့ သရုပ်ဆောင်တွေနဲ့ပြည့်နေတဲ့ ဟာသနှော အက်ရှင်ကားလေး Walk in Line ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… “မိုးနတ်မင်းကြီး ဘာလို့လူရိုးတွေပဲ အနိုင်ကျင့်ခံနေရတာလဲ” “ရိုးဖြောင့်တဲ့သူတွေအတွက် တရားမျှတမှု ဘယ်မှာလဲ” ဟုတ်ပါတယ်… ဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်လမ်းကျောရိုးက အဲ့စကားလေး ၂ ခွန်းပါပဲ… အမေအိုကြီးကိုလုပ်ကျွေးနိုင်ဖို့ မိတဆိုး သမီးလေးကို အချစ်တွေနဲ့ ဖြည့်ဆည်းနိုင်ဖို့ သူများတွေမလုပ်ချင်တဲ့ အန္တရာယ်များတဲ့ မိုင်းတွင်းမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့တဲ့ ရှောင်မန်ဆိုတဲ့ လူရိုးကြီးဟာ… တစ်ရက်မှာတော့ ပေါက်ကွဲမှုဖြစ်လို့ဆိုပြီး ထောင်ဒဏ် ၁၀ နှစ်ကျော် ကျပြီး ထောင်ကျခဲ့တယ်… သူထောင်ကထွက်လာတော့ ခေါက်ဆွဲဆိုင်လေးဖွင့်ပြီး သားအပြန်ကို စောင့်နေတဲ့ အမယ်အိုရယ်… အကြောင်းမဲ့ဘဝထဲက ပျောက်သွားလို့ အဖေဟာသေသူလို့ သတ်မှတ်ပြီး ဆိုးချင်တိုင်း ဆိုးနေတဲ့ သမီးလေးရယ်ပဲ သူ့ဘဝထဲ ကျန်ခဲ့တော့တယ်… နောက်တော့လည်း ရုတ်တရက်ကြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်တဲ့… ဒါပေမယ့်ကွယ် ဒီပေါက်ကွဲမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြီးအကဲလည်း လူတွေလေးစားယုံကြည်ခံခဲ့ရပြန်တယ်… ဒေသခံစခန်းမှူးကလည်း ဂုဏ်ထူးဆောင်အနေနဲ့ ရာထူးတွေတိုးကုန်ပြန်တယ်… နောက်ပြီး ဒေဝါလီခံပြီး မွဲမယ်ထင်တဲ့ မိုင်းပိုင်ရှင်သူဌေးကလည်း တစ်မြို့လုံးမှာ မြေဧကအများဆုံးပိုင်တဲ့ မြေပိုင်ရှင်သူဌေးလေး ဖြစ်သွားခဲ့တယ်… ဒီအထိက ရိုးရှင်းတယ် ထင်နေသေးရင်တော့ မိတ်ဆွေ စုံထောက်ကားတွေ အကြည့်နည်းနေလို့ပဲ.. CM က စုံထောက်ကားတို့ အမှုလိုက်ကားတို့ များများကြည့်လိုက်ပါ… ဘယ်ရိုးရှင်းပါ့မလဲ… လူတချို့ကောင်းစားရေးအတွက် လူတချို့ လည်စင်းခံပေးလိုက်ရတာပေါ့… ဇာတ်လိုက်က တရားမဝင် ကျူးကျော်နေသူ ၂ ယောက်ကို နယ်စပ်မှာ ဖမ်းရင်း တိုက်တိုက်ဆိုင်ဆိုင် … အဲ့မြေပိုင်ရှင်သူဌေးလေးက ဒုစရိုက်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာတောင် ၃ နှစ်လောက် နိုင်ငံခြားအမြန် ထွက်ပြေး လွတ်မြောက်နေခဲ့တာကနေ အခု ဒီနယ်စပ်ဒေသမှာ တွေ့လိုက်ရလို့ ဖမ်းလိုက်နိုင်လို့ပေါ့… နောက်ပြီး အပေါ်က ပြောခဲ့တဲ့ ရှောင်မန်လူရိုကြီးရဲ့ ရုတ်တရက် သတ်သေမှုတွေက ဒီမတော်တဆပေါက်ကွဲမှုကို ပြန်လည်စုံစမ်းလိုစိတ် ဖြစ်လာစေတယ်… ဒီလိုနဲ့ တစ်စပြီး တစ်စ အမှုကွင်းဆက်ပေါ်လာရာကနေ နောက်ဆုံး မယုံကြည်နိုင်လောက်တဲ့ အလှည့်အပြောင်းလေးနဲ့ ဇာတ်သိမ်းသွားခဲ့တယ်… ဘယ်လို အလှည့်အပြောင်းလေးနဲ့ ဇာတ်လမ်းကို နိဂုံးချုပ်တယ်ဆိုတာ သိချင်ရင်တော့ ထုံးစံအတိုင်းပဲ ဇာတ်ကားလေးကို ဒေါင်းကြည့်လိုက်ကြပါတော့…

6 2024
Walk The Line
Superman/Batman: Public Enemies

Superman/Batman: Public Enemies(2009) IMDb: 7.1/10 Rotten Tomatoes: 67% Superman/Batman: Public Enemies(2009) ဟာ DC Universe Animated Original Movies ရဲ့ ခြောက်ကားမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ စူပါမန်းနဲ့ဘတ်မန်းတို့ နှစ်ယောက်ရဲ့လက်တွဲညီမှုကိုတွေ့ရမှာဖြစ်ပါတယ်။ အတော်လေးလည်းကောင်းမွန်လှတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်း ဥက္ကာခဲ ကြီးတစ်ခု ကမ္ဘာကိုတည့်တည့်ကြီးဝင်လာနေပါတယ်။ ဂေါ့သမ်တစ်မြို့လုံးလည်း ကဗြောင်းကိုသတ်နေပါတယ်။ အားလုံးထဲမှာအဆိုးဆုံးကတော့ လက်စ်လူသာတစ်ယောက် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာတာပါပဲ။ စူပါဟီးရိုးဆိုရင်ကြည့်မရတဲ့ လက်စ်လူသာတစ်ယောက် စူပါဟီးရိုးတွေကို လိုက်လံဖမ်းဆီးပါတော့တယ်။ လူသာဟာစူပါမန်းကိုလူသတ်ကောင်လို့ အကွက်ဆင်ပြီး လူထုနဲ့သွေးခွဲလိုက်ပါတော့တယ်။ တစ်ဖက်မှာက ဥက္ကာခဲ၊ တစ်ဖက်မှာက အာဏာရော ဉာဏ်ရည်ရောပြည့်စုံတဲ့ လက်စ်လူသာ၊ အဲဒီလူနှစ်ယောက်ကို စူပါမန်းနဲ့ဘတ်မန်းတို့နှစ်ယောက်ဘယ်လိုများ ရင်ဆိုင်သွားမှာလဲ။ File size… 1.2 GB / 577 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 7m Genre ….. Animation/Action/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

0 2009
Superman/Batman: Public Enemies
The Girl Locked Upstairs: The Tanya Kach Story
5.8

1996 ခုနှစ်တုန်းက ပန်ဆယ်ဗေးနီးယားမှာ ကန်ညာ ကတ်ခ်ျ ဆိုတဲ့ ၁၄ နှစ်အရွယ်မိန်းကလေးဟာ ‌ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ ဒီလိုပျောက်သွားပြီး ဆယ်နှစ်အကြာ ၂၀၀၆ ခုနှစ်မှာမှ သူ့ကို လုံခြုံရေးအစောင့်ရဲ့ နေအိမ်မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အဲလစ်ဇဘက် ဟာလည်း ပြန်ပေးဆွဲမှုကနေ လွတ်မြောက်လာသူဖြစ်ပြီး ကန်ညာရဲ့ ဇာတ်လမ်းကို ပြန်မျှဝေပေးဖို့အတွက် ကန်ညာ ဆီကိုဆက်သွယ်ခဲ့ပါတယ်။ ဒီလိုကနေ အခု ဒီဇာတ်ကားလေး ရိုက်ဖြစ်သွားကြတာပါ။ ဒီဇာတ်ကားကိုကြည့်ရတာ စိတ်ရှုပ်စရာအခြေအနေတွေတော့ ပါနေပါလိမ့်မယ်။ လုံခြုံရေးအစောင့်က ၁၄ နှစ်အရွယ်သမီးလေးကို မြူစွယ်နေတာတွေ အခန်းထဲမှာပိတ်ပြီး အလိုမတူ ဆက်ဆံတဲ့အကြောင်းအရာတွေ ပါနေတဲ့အတွက် စိတ်မသက်မသာတော့ဖြစ်မိမှာပါပဲ။ ကန်ညာတစ်ယောက် ဘယ်လို ဆင်းရဲ ဒုက္ခတွေခံခဲ့ရတယ် ဘယ်လိုလွတ်မြောက်အောင်လုပ်ခဲ့တယ် ဆိုတာတွေကိုတော့ ဒီကားထဲမှာကြည့်ပေးကြပါဦး။ File size…(1.4 GB)/(600 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:28:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

5.8 2024
The Girl Locked Upstairs: The Tanya Kach Story
We Need to Talk
5.5

အီတလီ ရဲဟာသဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အန်တိုနီယိုနဲ့ပယ်ရာဒို သူငယ်ချင်းနှစ်ယောက်က ဘာအမှုလိုက်လိုက် အဆင်မပြေဘူးဆိုပေမယ့် နာမည်ကြီးလူဆိုးကြီး စကန်နာပီကိုလိုဖမ်းနိုင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ပဲ နှစ်ယောက်လုံးကို တွဲဖက်အဖြစ်ဆက်လက်တာဝန် ထမ်းဆောင်စေခဲ့ပါတယ်။ ဒါပေမယ့်ဘယ်နေရာမဆို တလွဲပဲအမြဲလုပ်တတ်တဲ့ ဒီနှစ်ယောက်ကိုတာဝန်ချပေးရတဲ့ ခေါင်းဆောင် ဘယ်ဒါဆာရီကသူတို့ကြောင့် အမြဲခေါင်းကိုက်နေရတယ်။ ဘယ်လောက်တောင် တလွဲလုပ်လဲဆိုရင် သူတို့ လုပ်သမျှကိုပြောင်းပြန်လိုက်လုပ်ရင် အမှုကိုဖြေရှင်း ပြီးသားဖြစ်ပါတယ်။အဲလောက်ကိုလွဲတာပါ။ ရဲဌာနမှာလည်းအလှောင်အပြောင်ခံရဲအရာရှိနှစ်ယောက်ပေါ့။ အခုလိုဖြစ်နေတာကို အန်တိုနီယိုကမကျေနပ်ပါဘူး။ နာမည်ကြီးဆုံးအမှုကိုဖြေရှင်းနိုင်ရင်သူတို့ဒီဘဝက ကျွတ်ပြီလို့တွေးမိရင်း သူငယ်ချင်းနှစ်ယောက်အကြီးဆုံး အမှုဖြစ်တဲ့ဩဇာရှိသူဌေး မာဆလာရဲ့အမှုကိုစတင် စုံစမ်းကြပါတော့တယ်။ File size… (1.65 GB) / (895 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre …..Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Comedy • Drama • Family • Fantasy • Science Fiction
5.5 2024 101 mins
We Need to Talk