YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

New Vanity Fair E29 CM Fix.mp4

257.66 MB N/A video/mp4 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Iceman
6.5

လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာ လူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊ မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့ လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။ မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာ တစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူ စတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့ လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊ သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊ နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ မပူပါနဲ့ဗျာ။ File Size :(1.8GB)(621MB) and (224MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:54:00 Genre : Crime , Drama , Biography Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo (Kop) Encoded by Phyo Pyae

Drama • Thriller
6.5 2012 105 mins
The Iceman
Cadaver
6.6

ဘယ်သူက တရားခံလဲ... ဘယ်သူက နစ်နာသူလဲ... တရားမှုကို ဘယ်လိုရှာဖွေကြမလဲ... ထောင်ထဲမှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နဲ့ အကျဥ်းကျနေပေမယ့်လည်း သူ့ဘဝကိုဖျက်ဆီးခဲ့သူတွေကို လက်တုံ့ပြန်သတ်ဖြတ်ဖို့ စိုင်းပြင်းနေတဲ့ ဗတ်ထရီ... တစ်ချိန်တည်းမှာပဲ ဗတ်ထရီရဲ့ အကျဥ်းခန်းနံရံမှာ ပုံဆွဲထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ နာမည်ကျော်လူချမ်းသာဆရာဝန်တစ်ယောက် သတ်ဖြတ်ခံရတဲ့အခါ... သူမရဲ့ အမှုလိုက်နိုင်စွမ်းကြောင့် ဒီလူသတ်မှုစုံစမ်းရာမှာပါဝင်လာတဲ့ ရဲဆာဂျင်ဘတ်ဒရာနဲ့ ရဲအရာရှိဗီရှယ်တို့ ဗတ်ထရီကို မေးမြန်းစစ်ဆေးရင်း ဘယ်လိုရှုပ်ထွေးတဲ့နောက်ကြောင်းတွေ ပေါ်ထွက်လာဦးမလဲ... ဗတ်ထရီက တကယ့်လူသတ်တရားခံလား၊ ဒါဆိုရင် အကျဥ်းခန်းထဲကနေ သူဘယ်လိုသတ်လိုက်တာလဲ၊ သူ့ကို ဘယ်သူက ကူညီနေတာလဲ၊ ဘယ်သူတွေ ထပ်ပြီးအသတ်ခံရဦးမှာလဲ၊ ဘာကြောင့်လဲ... စတဲ့မေးခွန်းပေါင်းများစွာ၊ အလှည့်အပြောင်းများစွာ၊ ရင်နင့်ခံပြင်းစရာ အဖြစ်အပျက်များစွာနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် မှုခင်းဒရာမာဇာတ်ကားလေးဖြစ်ပါတယ်... File size…7.69GB / 2.08GB / 1GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khai & OeliuJ & Kevin & Yunni

Comedy • Fantasy • Horror
6.6 2022 119 mins
Cadaver
Sniper: The White Raven
7.6

Imdb-4.8/10 Rotten Tomatoes -86% Voices from the Balcony-4/5 Genre-War,Action, Drama Google users -85% liked this film ယူကရိန်းလို့ပြောလိုက်တာနဲ့ ပူတင်နှင့်ရုရှားကိုပါတွဲမြင်ကြမှာပါ ရုရှားတွေက ယူကရိန်းကို ဒုက္ခပေးကျူးကျော်ဖို့ချောင်းနေတာ အခု 2022မှမဟုတ်ပါဘူး 1994မှာ ယူကရိန်းဟာဆိုဗီယက်အမွေအနှစ်လက်ကျန် Nuclear လက်နက်တွေကို အမေရိကန်၊ဗြိတိန် နှင့်ရုရှားတို့ရဲ့ လုံခြုံရေးအာမခံပေးမှုကြောင့် ဖျက်သိမ်းခဲ့ပါတယ် ဒါပေမဲ့ ရုရှားတွေက 2014မှာ ယူကရိန်းပိုင်ကရိုင်းမီးယားကျွန်းဆွယ်ကိုသိမ်းပိုက်ပြီးအရှေ့ဘက်Donbassဒေသကိုကျူးကျော်ခဲ့ပါတယ် ဒီMovieကတော့ 2014ကရုရှားတို့ကျူးကျော်ချိန်မှာ Donbass region ကျေးလက်ဒေသ မှာအ‌ခြေချနေထိုင်သူမိုင်ကိုလာ ဗော်ရိုနမ်ကိုတို့လင်မယားရဲ့ကြေကွဲစရာအဖြစ်အ‌ပျက်ပေါ်အခြေခံထားပါတယ် မိုင်ကိုလာက ဒေသဆိုင်ရာကျောင်းမှာ ရူပဗေဒဆရာတစ်ယောက်ဖြစ်ပြီ ရူပ‌ဗေဒ၊ သင်္ချာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘွဲ့သုံးခုတောင်ရရှိထားတဲ့ ပညာတတ်တစ်ယောက်ပါ ထို့အပြင် မိုင်ကိုလာတို့လင်မယား က စစ်ပွဲကိုဆန့်ကျင်သူ (ဝါ)ငြိမ်းချမ်းရေးဝါဒီတစ်ဦးဖြစ်ပါတယ် သို့ပေမဲ့ ရုရှားတပ်တွေကျူးကျော်တဲ့နေ့မှာပဲကိုယ်ဝန်လွယ်ထားရတဲ့ မိုင်ကိုလာဇနီးကို သူလျိုလို့စွပ်စွဲပြီး ရုရှားစစ်သားတွေကပစ်သတ်သွားပါတယ် မိုင်ကိုလာတို့အိမ်ကိုလည်းမီးရှို့သွားပါတယ် ရုရှားတွေရဲ့မိုက်မဲမှုက အိပ်နေတဲ့ ကျားကိုသွားလှုပ်နိုးသလိုဖြစ်ပြီး မိုင်ကိုလာက ယူကရိန်းလွတ်မြောက်ရေးစစ်တပ်ထဲဝင်ခဲ့ပါတယ် မိုင်ကိုလာတစ်ယောက်စနိုက်ပါဘဝကိုခံယူပြီး ကို့ယ်နိုင်ငံကိုကျူးကျော်လာတဲ့စစ်မိစ္ဆာတွေကို ဘယ်လိုတိုက်ထုတ်ပြီးဇနီးသေဆုံးမှုအတွက် ကလဲ့စားချေပုံကိုမြင်တွေ့ရမှာပါ ဒီMovieရဲ့အခြားWar action Movieတွေနဲ့ကွဲပြားတဲ့ အလွန်ထူးခြားတဲ့အချက်က လက်ဖြောင့်တပ်သားတစ်ယောက်ရဲ့ တွက်ချက်ပုံ စိတ်ရှည်မှု နည်းစနစ်တွေကို အတိအကျဖော်ပြထားတာတွေ့ရမှာပါ File size…(2.05GB)/(1.03GB)/(667MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Drama /  War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Kevin

Crime • Drama • Mystery • Thriller
7.6 2022 120 mins
Sniper: The White Raven
Bill & Ted Face the Music
5.9

Bill and Ted: Face the Music (2020) IMDb 6.8/10 1989 တုန်းက Bill and Ted's Excellent Adventure အမည်နဲ့ ပထမဆုံး ထွက်ရှိခဲ့ပြီး 1991 မှာ Bill and Ted's Bogus Journey အမည်နဲ့ ဒုတိယအကြိမ် ထွက်ရှိခဲ့ပြီး အခု 2020 August 28 မှာ Bill and Ted: Face the Music ဆိုပြီး sequel ထပ်ပြီး ထွက်ရှိလာခဲ့ပါပြီ comedy science-fiction ဖြစ်ပြီး critics တွေရဲ့ positive review တွေလည်း ရရှိထားပါတယ်။ ဒီ sequel မှာတော့ Bill နဲ့ Ted တို့ဟာ ကမ္ဘာနဲ့ချီတဲ့ mission တစ်ခုကို ထမ်းဆောင်ရတော့မှာပါ။ အားလုံးရဲ့ အနာဂတ်ဟာ သူတို့နှစ်ယောက်အပေါ်မှာ မူတည်နေပါတယ်။ ဒီ mission ကို မအောင်မြင်ရင်တော့ သူတို့အပါအ၀င် အားလုံး အနာဂတ်ဆိုတာ မရေရာမသေချာတွေ ဖြစ်ကုန်တော့မယ့် အခြေအနေပါ။ ဘယ်လို mission တွေကို ထမ်းဆောင်ပြီး ကမ္ဘာကို ဘယ်လိုကယ်တင်မယ်ဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲ ဇာတ်ကားလေးကို ရှုစားလိုက်ကြပါတော့.. Chris Matheson နဲ့ Ed Solomon တို့က ရေးသားထားပြီး ဒါရိုက်တာ Dean Parisot က ရိုက်ကူးပုံဖော်ပေးထားပါတယ်။ Budget $ 25 million တောင် သုံးစွဲထားတဲ့ ဒီဇာတ်လမ်းမှာ John Wick မင်းသားကြီး Keanu Reeves နဲ့ မင်းသားကြီး Alex Winter တို့ အဓိကပါ၀င်သရုပ်ဆောင်ထားပြီး တမူထူးခြားတဲ့ ဇာတ်ရုပ်အသွင်မျိုးတွေနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် File Size : 600mb and 300mb Quality : Webrip 720p/480p Format…mp4 Duration…1hr 28 min Genre :   Adventure, Comedy, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Yoon Sandi Aung Encoded by Littleneo

Action • Crime • Drama • Thriller
5.9 2020 91 mins
Bill & Ted Face the Music
War Dogs
6.9

ဒီကားဟာ ထူးခြားတဲ့ ပေါင်းစပ်မှုကားလေးပါ။ ဟိုးအရင်တုန်းက နာမည်ကြီးခဲ့တဲ့ Hot Shot ကားလို စစ်ကားဟာသလိုင်းလေး ဖြစ် ပါတယ်။ ဟောလိဝုဒ်မှာ Genre ကို တစ်မျိုးတစ်စားတည်း မလုပ်ကြတော့ဘဲ Multi တွေ လုပ်လာကြတယ်။ ဘယ်လိုလဲဆိုတော့ ဟာသဆိုရင် လည်း ဟာသတစ်ခုတည်း မဟုတ်ဘဲ အချစ်လေးပါထည့်ပြီး comedy romance လေးတွေ လုပ်ကြတယ်။ ဥပမာ ကိုရီးယားနိုင်ငံရဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးတွေလိုပေ့ါ။ ဟာသသရဲကား၊ ဟာသအက်ရှင်ကား စသဖြင့် အစုံပေါင်းစပ်ပြီး ပရိသတ်စိတ်ဝင်စားလာအောင် လုပ်ကြတယ်။ ဒီတစ်ပတ်မှာတော့ ပေ့ါပေါ့ပါးပါးအနေနဲ့ ဟာသအက်ရှင်၊စစ်ကားလေးကို ဖော်ပြလိုက်ရပါတယ်။ War Dogs ... မြန်မာလိုဘာသာပြန်ရင် လက်နက်ရောင်းဝယ်သူလို့ အမည်ရပါတယ်။ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ Documentary အမျိုးအစားဖြစ်ပြီး ထူးခြားတာက ပျင်းစရာမကောင်းတာပါပဲ။ တစ်ခြားသော ဇာတ်ကားအမျိုးအစားတွေနဲ့ မတူပဲ တစ်ကားလုံး စိတ်ဝင်စားဖို့ကောင်းပြီး  အဆုံးထိဆွဲဆောင်နိုင်တဲ့ ကားတစ်ကားပါ။ ဇာတ်လမ်းကြောရိုးကတော့ မိုင်ယာမီမှာ သမရိုးကျ အနှပ်သည်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လူငယ်လေးတစ်ယောက်ဟာ မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာတဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းမိပြီး အန္တရာယ်များတဲ့ လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကို ခြေချမိရာကနေပြီး သူမမျှော်မှန်းထားတဲ့ အခြေအနေကို ရောက်ရှိသွားတာကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်ဆောင်အားလုံးကလည်း လူငယ်တွေပေမယ့် အရမ်းပီပြင်ပြီး ဆုံးခန်းတိုင်အောင် စွဲဆောင်နိုင်တဲ့ ကားတစ်ကားပါ။ ဂျိုးနာ့ဟီလ် ဒီကားမှာ ဟာသသရုပ်ဆောင်ဖြစ်တဲ့ ဂျိုးနာ့ဟီလ်အပြင် ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဟာသကား Hangover ထဲက မင်းသားချော ဘရက်ဒလေကူးပါးလည်း ပါဝင်ထားတယ်။ ဒါပေမဲ့ အဓိက သရုပ်ဆောင်ကတော့ ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဂျိုးနာ့ဟီလ်ပဲ ဖြစ်ပါတယ်။ ဂျိုးနာ့ဆိုတာ တခြားသူ မဟုတ်ပါဘူး။ မင်းသားချော ချန်နင်တက်တွန်နဲ့ တွဲပြီး စုံထောက်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားပဲ ဖြစ်ပါတယ်။ ဂျိုးနာ့ဟာ ဟာသသရုပ်ဆောင်ဆိုပေမယ့် ထူးချွန်တဲ့ သရုပ်ဆောင်ပါ။ ၂၀၁၃ခုနှစ်က The Wolf of Wall Street ကားနဲ့ အကောင်းဆုံးဇာတ်ပို့ မင်းသား အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။ ဖော်ဘီမဂ္ဂဇင်းကြီးက ဖော်ပြခဲ့တဲ့ ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးသရုပ်ဆောင်တွေထဲ မှာ အဆင့် ၂၈ချိတ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ လီယိုနာဒိုဆီက အကြံရခဲ့ခြင်း ဂျိုးနာ့နဲ့လီယိုနာဒိုတို့ဟာ The Wolf of Wall Street မှာ အတူတွဲပြီး သရုပ်ဆောင်ဖူးခဲ့ကြတယ်။ အဲဒီတုန်းက လီယိုက ဂျိုးနာ့ကို သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အကြံပေးခဲ့ဖူးတယ်။ ကိုယ်သရုပ်ဆောင်မယ့်ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ဇာတ်ကောင်အလိုက် အပြင်မှာ တူတဲ့ ဇာတ်ကောင်စရိုက်လူတွေကို ရှာပြီး လေ့လာပါ။ ဒါမှမဟုတ် အပြင်လောကမှာ လူတွေနဲ့ တွေ့ပါ။ အကဲခတ်ပါ။ လိုတာကို ယူပါ။ မလိုတာကို ထားခဲ့ပါဆိုပြီး သင်ပေးခဲ့ဖူးတယ်။ ကိုယ့်ဟာကိုယ် တည်းဖြတ်ပြီး သင်ယူပါလို့ ညွှန်ကြားပေးခဲ့ဖူးကြောင်း ဂျိုးနာ့က ပြောကြားခဲ့တယ်။ မိုင်လ်စ်တယ်လာ ဒီမင်းသားဟာလည်း ခေတဲ့သူ မဟုတ်ပါဘူး။ ဝင်ငွေအရရော ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး အနုပညာအရလည်း အောင်မြင်ခဲ့တဲ့ Whiplash ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ လူငယ်မင်းသားတစ်လက် ဖြစ်ပါတယ်။ Whiplash ကားဟာ (၈၇)ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အကယ်ဒမီဆု ငါးဆု ဆွတ်ခူးရရှိခဲ့တဲ့ကားဖြစ်ပါတယ်။ တယ်လာရဲ့ အနုပညာဟာ အသက်ငယ်သလောက် ပြောင်မြောက် လှသလို သူ့ရဲ့ဘဝဟာလည်း ထူးခြားလှပါတယ်။ ၂၀၀၇ခုနှစ်မှာ သေလုမျှောပါး ကားအက်စီးဒန့်စ်ဖြစ်ခဲ့ပြီး မျက်နှာနဲ့လည်ပင်းမှာ သေရာပါ အမာရွတ်တွေ ကျန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့အနုပညာကို သူ့မျက်နှာနဲ့လည်ပင်းက အမာရွတ်တွေဟာ အဟန့်အတားမဖြစ်စေခဲ့ပါဘူး။ (အညွှန်းကို themyanmarreview.com မှကူးယူဖော်ပြပါသည်။) ဒီဇာတ်ကားဟာ IMDb (7.2/10) နဲ့ Rotten Tomatoes (60%) ရရှိထားပါတယ်။ကြည့်ရှုအားပေးပါဦး။ (CM Team မှ Tartee Poe မှတင်ဆက်လိုက်တာပါ။) File size…(900MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Drama
6.9 2016 114 mins
War Dogs
A Monsterous Holiday

A Monsterous Holiday (2013) ===================== IMDb Rating – 6.5/10 Andy ဟာ သိပ္ပံပညာရပ်ကို စိတ်ဝင်စားပြီး တီထွင်ဖန်တီးမှုတွေ လုပ်နေရရင် ထမင်းမေ့ဟင်းမေ့ဖြစ်နေတတ်တဲ့ ကလေးပါ။ ဟောလိုးဝင်းပွဲနေ့မှာ ကျင်းပမယ့် သိပ္ပံပြပွဲမှာ အနိုင်ရဖို့အရေး အတော်ကိုကြိုးစားနေပေမယ့်၊ အိမ်နောက်ဖေးမီးလောင်လိုက် ပေါက်ကွဲလိုက်နဲ့ အဆင်ပြေတဲ့ ဖန်တီးမှုတစ်ခုတောင် မရသေးပါဘူး။ အိမ်တွင်းအောင်း အမှောင်ထဲပဲနေတဲ့ andy ကို သူ့အဖေက သူနည်းပြ လုပ်တဲ့ဘောလုံးအသင်းမှာ အန်ဒီ့ အစ်ကိုနဲ့အတူတူဘောလုံးကစားဖို့ အတင်းဆွဲခေါ်တော့ အန်ဒီ့ခမျာ တီထွင်စမ်းသပ်မှုလုပ်ချင်ပေမယ့် အချိန် ကောင်းကောင်းမရရှာဘူး ဖြစ်နေလေတယ်။ ဒီလိုနဲ့ ဖန်တီးမှုကောင်းကောင်းရဖို့ မြို့ပြင်က နာမည်ကြီး သိပ္ပံပညာရှင် ဒေါက်တာဖရန်ကန်စတိုင်းဆီ သွား တွေ့ပေမယ့် မတွေ့ခဲ့ရဘဲ ဒေါက်တာဖရန်ကန်စတိုင်းဖန်တီးထားတဲ့ အစိမ်း ရောင်မွန်းစတားလေးနဲ့ပဲ သွားတွေ့တယ်။ ဘောလုံးတအားကန်ချင်တဲ့ မွန်းစတားလေး ဖရန့်နဲ့ အန်ဒီတို့ နေရာချင်းလဲပြီး ကိုယ်ကြိုက်တာကိုယ်လုပ် နေကြရင်း မထင်မှတ်ထားတဲ့ မွန်းစတားကြီးတစ်ကောင် အန်ဒီတို့မြို့လေးကို ဝါးမြိုဖို့ ဖြစ်လာတဲ့အခါ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှု ခံစားကြည့်ကြပါဦးနော် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jerrica ဖြစ်ပါတယ်) File Size……….(700 MB) / (300 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 43mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Short, Adventure Translator…….Jerrica Encoder……….SWM

Horror • Mystery • Thriller
0 2013 48 mins
A Monsterous Holiday
The Imperial Cat
5.7

ပေါင်ချိန်ပရိသတ်တွေကတော့ တော်ဝင်ကြောင်ဆိုတာနဲ့ ကိုလူချောကိုယ်ရံတော် ကျန်ကျောင်းကိုပြောတယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ကျန်ကျောင်းတစ်ယောက်ထဲ ခိုင်ဖုန်းမဟုတ်တဲ့ တခြားပြည်နယ်တစ်ခုမှာအမှုလိုက်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ အမှုကတော့ အန်းလီခရိုင်မှာ အမျိုးသမီးပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်။ ကျန်ကျောင်းဟာ ပန်းပဲဖိုမှာလက်နက်ထားတာသွားယူတဲ့အချိန်မှာ ပန်းပဲဆရာနဲ့ သူ့မိန်းမဟာပျောက်နေပြီး သမီးငယ်လေးနဲ့ အဖွားအိုတစ်ယောက်ပဲ အိမ်မှာရှိတာကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ကျန်ကျောင်းဟာ ပန်းပဲဆရာလူပျောက်မှုကိုလိုက်စုံစမ်းရင်း ဒီအမှုဟာ အမျိုးသမီးတွေပျောက်တဲ့အမှုနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။ အန်းယန်ကအင်အားကြီးအိမ်တော်တစ်ခုကဒီကိစ္စနဲ့ပါဝင်ပတ်သက်နေလို့ သံသယတွေရှိပေမယ့် ဘာသက်သေမှမရနိုင်ဘူးဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ အထက်ကလဲဖိအားပေးလာတော့ ကျန်ကျောင်းတို့ဒီအမှုကိုဘယ်လိုပေါ်အောင်စုံစမ်းပြီးဖော်ထုတ်ကြမလဲ။ ဒီကားလေးမှာတော့ ကျန်ကျောင်းဟာသူ့ရဲ့ထောက်လှမ်းရေးစွမ်းရည်နဲ့ အမှုဖော်တဲ့စွမ်းရည်ကိုထုတ်ပြသွားခဲ့ပါတယ်။ ပေါင်ချိန်ဇာတ်လမ်းတွဲအလွမ်းပြေကြည့်ရမယ့် ဇာတ်ကားလေးပါပဲ။

5.7 2021
The Imperial Cat
Ladki: Enter the Girl Dragon
5

Ladki: Enter The Girl Dragon (2022)”အိန္ဒိယဂျက်မ” ဟောင်ကောင်ဂျက်မတွေ ကိုရီးယားဂျက်မတွေ တအားကိုရိုးလွန်းနေပြီဆိုတော့ တမူထူးတဲ့အိန္ဒိယဂျက်မကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Bollywood ကားဆိုပေမဲ့ ချခါနီးမှာ သီချင်းနဲ့ထမကဘဲ အပီအပြင်တကယ်ဖိုက်တာမလို့ female badass ကာရိုက်တာတွေကြိုက်သူတွေအတွက် must tryပါ။ ငယ်စဉ်က အစ်မဖြစ်သူမုဒိမ်းကျင့်ခံရတာကို ဘာမှမလုပ်နိုင်ဘဲ ရပ်ကြည့်ရုံသာတတ်နိုင်ခဲ့တဲ့ပူဂျာတစ်‌ယောက် အစ်မဖြစ်သူက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ချိန်မှာတော့ အကြီးအကျယ်စိတ်ဒဏ်ရာရခဲ့ရတာပေါ့။ စိတ်ရောကိုယ်ပါပြိုလဲနေတဲ့ပူဂျာကို ပြန်လည်ရပ်တည်နိုင်စေတာကတော့ ဘရုစ်လီနဲ့ သူ့ရဲ့အတွေးအမြင်‌ သူ့ရဲ့ဂျီကွမ်ဒိုကိုယ်ခံပညာပါပဲ။ ဒီလိုနဲ့ ရုပ်ရှင်ကနေ ဂျီကွမ်ဒိုပညာကို သင်ယူနေတဲ့ပူဂျာတစ်‌ယောက် ဒီပညာကို ကိုယ်တိုင်လက်ထပ်သင်ကြားပေးနေတဲ့နဂါးကိုယ်ခံပညာသင်တန်းကျောင်းရဲ့သတင်းကိုကြားပြီး မြို့တက်လာချိန်မှာတော့ မိန်းကလေးတွေကို ပါးစပ်သရမ်းတတ်တဲ့လူမိုက်တစ်သိုက်နဲ့တွေ့ပါတော့တယ်။ ဒီလူမိုက်တွေကိုဝင်ဟန့်တဲ့သူကတော့ နီးလ်‌ဆိုတဲ့ကိုလူအေးကြီးပေါ့။ ဒါပေမဲ့ လူအေးကြီးပီပီ လူမိုက်နဲ့ပြိုင်မဖိုက်နိုင်တော့ ပူဂျာကပဲကယ်တင်ပေးလိုက်ရပြီး ရင်းနှီးသွားကြတဲ့သူတို့နှစ်‌ယောက်ကြားကပတ်သက်မှုနဲ့ ဂျီကွမ်ဒိုပညာရှင်ဖြစ်ချင်တဲ့ရည်မှန်းချက်ကြား ပူဂျာတစ်ယောက်ဘယ်လိုတွေဆက်လုပ်မလဲ။ နဂါးကျောင်းတော်ကို ဝင်ခွင့်ရပြီး သူ့ရဲ့အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

5 2022 134 mins
Ladki: Enter the Girl Dragon
Diary of a Wimpy Kid Christmas: Cabin Fever
5.8

ခရစ္စမတ်ချိန်ခါနီးပြီဆိုတော့ Disneyက အသစ်ထွက်ထားတဲ့ ဟာသကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Christmas ရဲ့ ထုံးစံအတိုင်း Santaဟာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေအများကြီး ပေးတယ်လို့ မိဘတွေကပြောကြပါတယ်။ ဒီတော့ ကလေးတွေမှာ ကိုယ်လိုချင်တဲ့ လက်ဆောင်ရဖို့အရေး Christmasရောက်ဖို့တစ်လလုံး လိမ္မာပြရပါတယ်။ Santaကြားသွားရင် လက်ဆောင်မပေးတော့မှာဆိုးလို့ ယောင်လို့တောင် စကားအမှား မထွက်ရဲကြပါဘူး။ ဒီကလေးတွေထဲကမှ Gregဆိုတဲ့ကောင်လေးဟာ ဂိမ်းစက် အသစ်လိုချင်နေပါတယ်။ လိမ္မာမှလိုချင်တာရမယ်ဆိုပေမဲ့ Christmasမရောက်ခင် တစ်ပတ်လောက်အလိုမှာ သူ့သူငယ်ချင်းနဲ့အတူ အပြစ်ကြီးကြီးမားမားတစ်ခုလုပ်မိ သွားပါတယ်။ ဒီအချိန်မှာ ဂိမ်းစက်ကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ‌ဒီကိစ္စကိုဘယ်သူမှ မသိဖို့အရေး လူတကာပျော်နေချိန်မှာ အပူအပင်တွေနဲ့လုံးပမ်းနေရပါတယ်။ Greg တို့သူငယ်ချင်း၂ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ File size…1 GB / 478 MB Quality…DSNP WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 2m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

5.8 2023 64 mins
Diary of a Wimpy Kid Christmas: Cabin Fever
Alienoid: Return to the Future
6.9

Alienoid : Return to the Future (2024) Part 1 မှာကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေ သဘောကျခဲ့တဲ့ Alienoid ‌ကတော့ Part 2 ထွက်လာပါပြီ ဒီတစ်ခါမှာဆိုရင်တော့ Part 1 မှာ အပြီးသတ် မရှင်းလင်းနိုင်ခဲ့တဲ့ ကမ္ဘာမြေပေါ်က ဂြိုဟ်သားအကျဉ်းသားတွေကို သုတ်သင်ပစ်ဖို့ ကြိုးစားသွားကြတော့မှာပါ ဂိုလျောခေတ်ထိ လိုက်လံဒုက္ခပေးခဲ့တဲ့ ဒီအကျဉ်းသားတွေကို အနာဂတ်မှာပါ ပျောက်ကွယ်သွားစေဖို့ ဘယ်သူတွေက ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုဖို့ ပြောချင်ပါတယ် Korea Sci-Fi နယ်ပယ်မှာ ကျေနပ်စရာကောင်းတဲ့ CGI တွေအပြင် Kim Tae-Ri, Kim Woo-Bin, Ryu Jun-Yeol စတဲ့စတဲ့ တကယ့်ထိပ်တန်းသရုပ်ဆောင်တွေကိုပဲ သုံးထားတာဖြစ်လို့ Part 1 ကလိုပဲ စိတ်ကျေနပ်မှုကို ရရှိစေမယ်လို့ ထင်ပါတယ်နော် အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure, Fantasy, Sci-fi Quality…. 1080p | 720p File size… 2.1GB | 861MB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz and Hmwe Encoder ….. Aaron

Drama • Romance
6.9 2024
Alienoid: Return to the Future
Ordinary Angels
7.6

Ordinary Angels (2024) Drama ရုပ်ရှင်ကောင်း ကြိုက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes – 85%, IMDb rating – 7.8 ရရှိထားပါတယ်။ ၁၉၉၄ ခုနှစ် ကန်တက်ကီ ပြည်နယ်၊ လူးဝစ်ဗေးလ်မြို့က အသည်းရောဂါသည် ကောင်မလေးကို အသည်းအစားထိုးကုသနိုင်ဖို့ ရန်ပုံငွေရှာဖွေ ပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း တကယ့်ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အက်ဝါ့ဒ်ရှမစ်ဟာ ဇနီးဖြစ်သူထရီဆာ ရောဂါနဲ့ သေဆုံးပြီးနောက် သမီးလေး၂ယောက်နဲ့ ဘဝကို ရုန်းကန်နေရသူပါ။ ပိုပြီး ကံဆိုးတာက သမီးအငယ်လေး မီရှဲလ်ဟာ အသည်းရောဂါကို ခံစားနေရပြီး အစားထိုးကုသမှုခံယူဖို့ လိုအပ်နေပါတယ်။ သမီးလေးရဲ့ ရောဂါကို ကုပေးရင်း အကြွေးနွံထဲမှာ နစ်နေခဲ့ပါတယ်။ ထရီဆာရဲ့ အသုဘကို သိလည်းမသိဘဲ ယောင်လည်လည်နဲ့ ရောက်လာတဲ့ ရှာရွန်ဆိုတဲ့ အမျိုးသမီးနဲ့တွေ့ဆုံခဲ့ပါတယ်။ ရှာရွန်ဟာလည်း မြို့ထဲမှာ ဆံပင်အလှပြင်ဆိုင်ဖွင့်ထားပေမယ့် အရက်စွဲတဲ့ ပြဿနာရှိနေသူပါ။ လိုနဲ့ ရှာရွန်လည်း အက်ဒ်တို့ မိသားစုကို သနားသွားပြီး ကူညီပေးဖို့ ရန်ပုံငွေ ရှာဖို့ ကြိုးစားပါတော့တယ်…. ဘဝမှာ အဆိုးတွေချည်းပဲ ရှိတယ်လို့ ခံစားရတဲ့အချိန်ဆိုတာရှိမှာပါ။ ငါ့မှာမှ ဘာလို့ဒီလိုဖြစ်ရတာလဲလို့ တွေးမိနေတဲ့အချိန်တွေ ရှိမှာပါ။ အဲလိုအချိန်တွေ ကြုံရတိုင်း ဒီရုပ်ရှင်ကို ကြည့်လိုက်ပါ။ ဘဝခွန်အားတွေ အနည်းငယ်တော့ ရမယ်လို့ ထင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.9GB | 710MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

7.6 2024
Ordinary Angels
Happyend
7.4

Happyend (2024) *************** ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2024 မှာထွက်ရှိခဲ့ပြီး International festival တွေမှာ အကောင်းဆုံးရုပ်ရှင်ဆု ၇ ကြိမ်ရရှိထားပြီးတော့ ဆန်ခါတင် ၁၃ ကြိမ်ဝင်ထားတဲ့ ဂျပန်ဇာတ်ကားလေး ဖြစ်ပါတယ်။ ယူတာနဲ့ ခိုအုဟာ မကြာခင်အနာဂတ်တစ်ခုမှာ ဘွဲ့ယူတော့မယ့် သိပ်ကိုရင်းနှီးတဲ့ အထက်တန်း ကျောင်းသားနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နေထိုင်တဲ့ တိုကျိုမြို့မှာဆိုရင် အနှစ် ၁၀၀မှာ တစ်ကြိမ်ပဲဖြစ်တဲ့ အဓိကမြေငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်ဖို့ နေ့စဉ်ကြိုးစားနေရပါတယ်။ တစ်ညမှာတော့ လူမျိုးရေးခွဲခြားတဲ့ ကျောင်းအုပ်ဆရာကြီးကို စနောက်ကြရင်း မမျှော်လင့်ထားတဲ့ အကျိုးဆက်အဖြစ် ကျောင်းမှာ စောင့်ကြည့်ရေးစနစ်ကို တပ်ဆင်ခံခဲ့ရပါတယ်။ ငလျင်ခပ်ကြမ်းကြမ်း တစ်ခါလှုပ်ပြီးတဲ့နောက် စတိုးဆိုင်တွေက ဈေးတွေလျှော့ရောင်းကြ၊ အစိုးရက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာကြနဲ့ အုတ်အော်သောင်းနင်းပါပဲ။ ဝန်ကြီးချုပ်ခိတိုကို ဆန့်ကျင်တဲ့ “ဂျပန်ဂုဏ်သိက္ခာကို ပြန်လည်မွမ်းမံမယ်” ဆိုတဲ့ဆန္ဒပြပွဲတွေလည်း ဆက်တိုက်ဖြစ်လာပါတယ်။ လုံခြုံရေးအရ အရေးယူမှုတွေ များလာတဲ့အချိန်မှာ နိုင်ငံရေးအခြေအနေကလည်း မလိုလားအပ်တဲ့ ပွက်လောရိုက်မှုတွေ များလာပါတယ်။ ဒီအရာတွေကို ခိုအုဟာ စိတ်ထဲထည့်ပြီး စဉ်းစားလာ‌ပေမဲ့ ယူတာကတော့ အရာအားလုံးကို ဘာသိဘာသာဖြစ်နေဆဲပါ။ ခိုအုဟာ နိုင်ငံရေးသမားခပ်ဆန်ဆန် တက်ကြွတဲ့ ကျောင်းသူတစ်ဦးနဲ့ တွေ့တဲ့အချိန်မှာ သူ့ရဲ့ နိုင်ငံရေးအမြင်က စတင်ပြီး ပေါ်ထွက်လာပါတော့တယ်။ ယူတာက ဒီလိုအရာတွေကို နားမလည်နိုင်ဘူးလို့ ယုံကြည်လာတဲ့ ခိုအုနဲ့… ယူတာတို့ရဲ့သူငယ်ချင်း ဆက်ဆံရေးဟာ အေးစက်စက်ကွာဝေးလာပါတော့တယ်… အမြဲတမ်းအတူရှိခဲ့တဲ့ သူငယ်ချင်းနှစ်ဦးဟာ ပထမဦးဆုံးအကြိမ်အဖြစ် ထင်မြင်ချက်ကွာခြားမှုတွေကို မျက်နှာချင်းဆိုင်လာရတဲ့အခါ…. ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.46GB / 544MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 53 min. Genre ….. Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy & Dao Phyo Encoded by AHtet

Drama
7.4 2024 113 mins
Happyend
Karl Denke

IMDbs 5.6/10 ဒီဇာတ်ကားကတော့ ဂျာမန်လူမျိုး ကားလ်ဒင်ကီဆိုတဲ့ ကွင်းဆက်လူသတ်ပြီး ”လူသားစားတဲ့”လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ပဲဖြစ်ပါတယ် 1924 ခုနှစ် နောက်ဆုံးသားကောင်ဖြစ်တဲ့ ဗင်ဆင့်အိုလီဗာကို ဖျားယောင်းပြီးသတ်ဖို့ကြိုးစားချိန်မှာ မအောင်မြင်ခဲ့ရာက သူ့ကိုရဲက သံသယရှိတဲ့အတွက် ဖမ်းခံခဲ့ရပါတယ် အဲ့ဒီကနေ သူ့ကိုစစ်ဆေးမေးမြန်းတဲ့ အင်စပက်တော်အရာရှိနဲ့ သူနဲ့စကားပြောခန်းကနေ သူလူသတ်ခဲ့ပုံတွေ လူသားစားခဲ့တာတွေနဲ့ စိတ္တဇရာဇဝတ်ကောင်ရဲ့စိတ်နေစိတ်ထားကို ရိုးရိုးလေးနဲ့ ရိုက်ကူးပြထားတဲ့ဇာတ်အိမ်ပဲဖြစ်ပါတယ် File size… (1.2 GB) / (680 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Shwe Eain Si

Action • Thriller • Crime
0 2024
Karl Denke
Stolen
5.3

Stolen 2025 (ကလေးပျောက်တရားစီရင်ခန်း) ဂေါ်တမ်တစ်ယောက် သူ့အမေရဲ့ မင်္ဂလာပွဲအတွက် ညီဖြစ်သူက လေယာဉ်ချိန်နောက်ကျပြီးတော့ ရထားနဲ့လာခဲ့လိုက်တာဖြစ်တဲ့အတွက် ရထားဘူတာကို သွားကြိုဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ညီဖြစ်သူဟာ ဘူတာကိုရောက်လို့ လာကြိုတဲ့အစ်ကိုဖြစ်သူကို စောင့်နေတုန်းမှာပဲ သူ့ဘေးကနေ ဖြတ်သွားတဲ့ အမျိုးသမီးတစ်ယောက်ဆီကနေ ကလေးဦးထုပ်လေး ပြုတ်ကျတာတွေ့လို့ သွားကောက်မိလိုက်တဲ့အချိန်မှာ ဂျမ်ပါလို့ခေါ်တဲ့ အမျိုးသမီးက သူ့ကလေးကို ခိုးပါတယ်ဆိုပြီး စွပ်စွဲပြောဆိုပါတော့တယ်။ ဒါပေမဲ့လည်း ဂျမ်ပါလို့ခေါ်တဲ့ အမျိုးသမီးဟာ အမှန်တကယ် ကလေးပျောက်သွားခဲ့တာဖြစ်ပြီး ကလေးသူခိုးနဲ့ ကလေးအမေကြားမှာ ဂေါ်တမ်ရဲ့ ညီတော်မောင် ကြားညှပ်ပါတော့တယ်။ ဂေါ်တမ်တစ်ယောက်ရောက်လာတဲ့အချိန်မှာတော့ ညီဖြစ်သူရဲ့ ပြဿနာကိုရှင်းပေးပြီး ထွက်သွားမယ်အလုပ် ရထားဘူတာစောင့်က ရဲတွေကို ဆက်သွယ်ထားကြောင်း ထွက်ဆိုချက်ပေးပြီးမှ ပြန်လို့ရမယ်ဖြစ်ကြောင်းပြောလာတဲ့အခါမှာတော့ ကလေးပျောက်တဲ့ ပြဿနာကြားထဲမှာ ကြားညှပ်ရပြီဆိုတာကို ညီအစ်ကိုနှစ်ယောက် သိလိုက်ရပါတော့တယ်။ မိခင်ဖြစ်သူကလည်း သားငယ်ကို တွေ့ချင်နေပြီဖြစ်ပြီး ဖုန်းတစ်ဂွမ်ဂွမ်ဆက်လို့နေပါတယ်။ ဒီလိုနဲ့ ဂေါ်တမ်တစ်ယောက် ညီဖြစ်သူကို ဒီအမှုတွဲထဲကနေ ဘယ်လို ရအောင်ဆွဲထုတ်မလဲ ……… ကလေးပျောက်ပြဿနာကို ဘယ်လိုနည်းလမ်းသုံးပြီး ဖြေရှင်းသွားမလဲ ….. ဂေါ်တမ်တို့ ညီအစ်ကို မိခင်ကြီးရဲ့ မင်္ဂလာပွဲကို အချိန်မီ ရောက်သွားနိုင်ပါ့မလား …. ဆိုတာကို ကြည့်ရှုရမဲ့ Thriller ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ Cym~ Yunni ~ KKKZ~ Zwe Yan တို့ပဲဖြစ်ပါတယ်)

Thriller • Mystery
5.3 2025 94 mins
Stolen
Woken
5.5

CM ပရိသတ်ကြီးကို သိပ္ပံစိတ်ကူးယဉ် Horror /Thriller ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက် သတိရလာတဲ့အချိန်မှာ သူ့ကိုယ်သူ ဘယ်သူလဲဆိုတာကိုလည်း မမှတ်မိသလို ကိုယ်ဝန်အရင့်အမာကြီးနဲ့လည်း ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ သူ့ကို အနီးကပ်ပြုစုနေတဲ့သူတွေ ပြောပုံအရ သူမဟာ ခြေချော် ပြုတ်ကျ ခဲ့ပြီးတော့ ခေါင်းကိုထိပြီး သတိလစ် အတိတ်မေ့သွားတာ ၂ ပတ်ရှိနေပြီလို့ ဆိုပါတယ်။ သူမတို့အခု ရှိနေတာ လူသူပြတ်တဲ့ ကျွန်းလေး တစ်ကျွန်းပေါ်မှာ ဖြစ်ပြီး ကမ္ဘာပေါ်က နေရာအတော်များများမှာ ကြောက်မက်ဖွယ် ကပ်ရောဂါဆိုးကြီး ဖြစ်နေတာကြောင့် သူတို့တွေ ဒီကျွန်းမှာ အဆက်အသွယ်ဖြတ် လာပြီး ခိုနေကြတာလို့ သူမကို ပြုစုနေတဲ့ သူငယ်ချင်းဆိုသူက ပြောတာပါ။ အစပိုင်းက ယုံကြည်သလိုလို ရှိခဲ့ပေမယ့် သူတို့တွေက သူမကို ဒီကျွန်းမှာပဲ ဇွတ်အတင်းနေဖို့ ဝိုင်းဖိအားပေးပြောကြတဲ့ အခါမှာ သံသယတွေ ဝင်လာတဲ့ အန်နာတစ်ယောက် အဖြစ်မှန်တွေကို သိဖို့ ကြိုးစားတဲ့အခါမှာ လုံးဝထင်မထားတဲ့ အကြောင်းအရာတွေကို သိလိုက်ရပြီး ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာကိုတော့ ဆက်လက်ပြီး အားပေးကြည့်ရှုကြပါဦးလို့..။ File Size… (1.20 GB) / (737 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 30m Genre …..Adventure , Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024 90 mins
Woken