YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

New Life Begins E26 CM.mp4

307.27 MB N/A video/mp4 214 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Passengers of the Night
7.1

၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ IMDb 7 ရထားပါတယ်။ ၁၉၈၀ ခုနှစ် ဝန်းကျင်ကာလကို အခြေခံထားပြီးတော့ ပြင်သစ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးလေးနဲ့ ဇာတ်လမ်းထဲကို မျောသွားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Elisabeth ဟာ ခင်ပွန်းသည်ကထားသွားတော့ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်နဲ့ ဘဝကို တစ်ကိုယ်တည်း ရုန်းကန်ရပါတော့တယ်။ အလုပ်မလုပ်ဘဲ အိမ်ရှင်မအလုပ်ပဲလုပ်လာခဲ့တော့ အလုပ်ရှာရခက်နေပါတယ်။ နောက်ဆုံးမှာ ညပိုင်းရေဒီယိုထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုမှာ အလုပ်ဝင်လို့ရသွားတော့ Talualah ဆိုတဲ့ အိမ်ခြေရာမဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံလို့ သနားပြီး အိမ်ကိုခေါ်သွားခဲ့ပါတယ်။ မိသားစုကို တစ်ကိုယ်တည်းတာဝန်ယူရတဲ့ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအပေါ် ကာကွယ်စောင့်ရှောက်ပေးတဲ့အပြင် သွေးမတော်သားမစပ် Talualah ကိုလည်း ကူညီစောင့်ရှောက်ပေးတဲ့ Elisabeth ရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့မိသားစုရဲ့ ဘဝဖြတ်သန်းပုံကို လှလှပပရိုက်ပြထားပြီး အေးအေးငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရမယ့်ဇာတ်လမ်းဖြစ်လို့ ပြင်သစ်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.9Gb | 833MB | 405MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Action • Drama • Science Fiction • Thriller
7.1 2022 111 mins
The Passengers of the Night
The Reader
7.4

IMDb Rating (7.6) မင်းသမီး ကိတ်ဝင်းစလက် အော်စကာဆုရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဂျာမန်စာရေးဆရာ Bernhard Schlink ရဲ့The Reader ဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ရသစုံပါတယ်... ပညာပေးဇာတ်ကားလို့ပြောလို့ရသလို အချစ်အလွမ်းဒရမ်မာလဲ အပြည့်ပါပဲ။ ဟန်နာရှမစ်(ကိတ်ဝင်းစလတ်)ဟာ စာမတတ်သူပါ.. သူဟာ နာဇီတွေရဲ့ လူသတ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဂျူးတွေကိုသတ်ဖို့ လူရွေးချယ်ပေးရတဲ့ အလုပ်ကိုလုပ်ခဲ့သူပါ... ဒါပေမယ့် သူရွေးလိုက်တဲ့လူတွေ သတ်ခံရတယ်ဆိုတာတောင် သူသိပုံမရတဲ့အထိ တုံးအတဲ့ စာမတတ်ပေမတတ်လေးပါ။ ဒါပေမယ့် စစ်ကြီးပြီးသွားတဲ့အခါ သူဟာလဲ သူမသိတဲ့ပြစ်မှုတွေအတွက် တာဝန်ရှိစွာ အစစ်ခံရပါတော့တယ်။ ဒီတော့ စာမတတ်တဲ့ဟန်နာတစ်ယောက် တရားရုံးမှာ စာနဲ့ပေနဲ့တကွ ဖြေရှင်းရတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ....။ စာမတတ်လို့ အမှားကိုအမှားမှန်းမသိ...ပြစ်မှုကိုပြစ်မှုမှန်းမသိပေမယ့် ကျူးလွန်မိရင်တော့ ပြစ်မှုကနေ ရှောင်လွှဲလို့မရဘူး...ဖြေရှင်းဖို့ဉာဏ်လဲမမီဘူးဆိုတာကို ညွှန်းချင်ကြရင် ဒီဇာတ်ကားကို တခုတ်တရညွှန်းဆိုကြပါတယ်။ ကြည့်ကြည့်ကြပါ...တကယ်ကောင်းပါတယ်။ ကိတ်ဝင်းစလတ်နဲ့မင်းသားတို့ရဲ့ အချစ်ခန်းတချို့ကတော့ မိသားစုနဲ့ကြည့်လို့မရပါဘူး။ File size…(2 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:03:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alexon

Comedy • Drama • Romance
7.4 2008 124 mins
The Reader
Taste

~ Rotten Tomatoes - 86%, IMDb - 5.6/10 ~ Taste ဟာ ဇာတ်အိမ်က ဘာမှမရှိပါဘဲ နိမိတ်ပုံဆန်ဆန် သွယ်ဝိုက်ဖော်ပြတဲ့ အပြတွေများတဲ့ ရုပ်ရှင်ပါ။ နိမိတ်ပုံဟာ စကားလုံးထက်ပိုတဲ့ ခံစားမှုတစ်ခုကို ရစေဖို့ပါပဲ။ ဒီရုပ်ရှင်မှာ  စကားသိပ်မပြောပေမဲ့ ကြည့်ပျော်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ သူ့အပြတွေဟာ စကားလုံးထက်ပိုမွန်းကျပ်‌ စေပါတယ်။ Taste ဆိုတဲ့စကားလုံးကို ဒါရိုက်တာ ဘယ်အဓိပ္ပာယ်နဲ့ရွေးထားလဲတော့ တပ်အပ်ပြောရခက်တယ်။ ရသာရုံလို့ဆိုရင်မမှားသလို အမြည်းလို့ဆိုရင်လည်း မမှားလောက်ပါဘူး။  ဒါရိုက်တာဟာ ဗီယက်နမ်က အောက်ဆုံးဘ၀ငရဲတွေအကြောင်း အမြည်းဆန်ဆန်ပြထားတာကိုး။ "စာအုပ်တွေဟာ မှန်လိုပဲ။ စာအုပ်တွေမှာ မင်းရဲ့အတွင်းထဲမှာ ရှိနှင့်နေပြီးသား အရာကိုပဲ မြင်ရတာ"လို့ Jean Luc Godard က ပြောဖူးတယ်။ ရုပ်ရှင်တွေကတော့ ပိုဆိုးတာပေါ့။ ရုပ်ရှင်တွေဟာ ယူသလိုပဲရတဲ့ အနုပညာတွေပါပဲ။ Taste ဟာ ကိုယ့်အတွင်းထဲက အမှောင်မိုက်ဆုံးကမ္ဘာကို ပြန်မြင်ရစေမယ့် ရုပ်ရှင်လို့တော့ ဆိုလို့ရတယ်။ ပသို့ပဲဆိုဆို Taste ဟာ စိတ်ပျော်စေမယ့် ရုပ်ရှင်ကားမဟုတ်ပါဘူး။ ကျွန်တော်ဆို ထမင်းစားရင်း ကြည့်မိတာ ဆက်တောင်မစားနိုင်တဲ့ အထိပါပဲ။ သူ့အပြတွေမှာ ကိုယ်လုံးတီးမိန်းမကြီးတွေ ၊ လိင်တံတွေကို စိတ်ညစ်စရာကောင်းအောင် ပြထားတာမို့ မိသားစုနဲ့မကြည့်သင့်ပါဘူး။ Tasteကို ဗီယက်နမ်ရဲ့ တက်သစ်စ လူငယ်ဒါရိုက်တာ BAO Leeက ရိုက်ထားပြီး streaming serviceတစ်ခုဖြစ်တဲ့ MUBI မှာ ပြသခဲ့ပြီး Feb 16 2022 မှာ အမေရိကက ရုံတွေမှာစပြမှာပါ။ IMDb Rating နိမ့်ပေမဲ့ Art Film တွေပဲ တင်တာများတဲ့ MUBI ရဲ့ Rating ကတော့ 6.9 ပါ။ Rotten Tomatoes က 86% ပါ။ ဘာလင်မှာလည်း Special Jury Award, Encounters ဆုကို ရထားပါတယ်။  ကြည့်ကောင်းတဲ့ Art Film တစ်ကားလို့ ဆိုလို့ရပါတယ်။ ရုပ်ရှင်ဟာ ကိုယ့်အတွင်းထဲက အရာကိုပဲ မြင်ရနိုင်တဲ့အရာဆိုတော့ လူတိုင်းတော့ ကြိုက်မှာမဟုတ်ပါဘူး။ သေချာတာကတော့ စိတ်ညစ်မွန်းကျပ်တဲ့ အရသာကိုမရချင်ရင် မကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ အရသာဆိုတာမျိုးက အာရုံနဲ့ဆိုင်ပြီး အခြေခံအချက်တွေကလွဲ အရသာကို တိတိကျကျ ဖော်ပြဖို့ခက်ပါတယ်။ ရေနွေးကြမ်းတစ်ခွက်ရဲ့ ခါးတာလားဖန်တာလား တခြားတစ်ခုခုပါနေသေးလား မသိတဲ့ အရသာကိုခံစားရသလိုပေါ့။ ကျွန်တော့်အတွက်တော့ Taste ဟာ အခန်းကျဉ်းလေးထဲမှာ ကုန်လွန်ခဲ့ရဖူးတဲ့ နေ့ရက်နေ့တို့ထဲ ပြန်ဆွဲသွင်းခံလိုက်ရတဲ့ ရုပ်ရှင်ပါပဲ။ တစ်ချို့အတွက်ကျ လောကကြီးက သိပ်ကိုကျဉ်းတယ်။ ဘ၀ဟာ ဝေဒနာတွေ ရစ်သိုင်းထားတဲ့ ခန္ဓာကျဉ်းကျဉ်းကလေးမှာ ရှင်သန်ရခြင်း တစ်မျိုးပေါ့။ ငါတို့ မီးပုံးပျံတွေ လုပ်ကြတယ်။ ဒါပေမဲ့ ငါတို့လုပ်ထားတဲ့ မီးပုံးပျံတွေ ကောင်းကင်ထဲ ပျံသန်သွားတာ ငါတို့တစ်ခါမှမြင်ခွင့်မရကြဘူး။ သူ့အရိပ်မှာ ဘယ်တော့မှ ထိုင်နိုင်ခွင့်မရှိမှန်းသိသိလျက် သစ်ပင်ကို စိုက်ပျိုးသူဟာ ဘ၀ရဲ့အဓိပ္ပာယ်ကို နားလည်စပြုလာသူလို့ တဂိုးကပြောဖူးတယ်။  ငါနားလည်တာလား ငါလက်ခံလိုက်ရတာလားတော့ ငါမရေရာ။  ကမ္ဘာကျဉ်းကျဉ်းလေးထဲနေပျော်ဖို့ ဒီလိုပဲ ကြံရင်းဖန်ရင်း ဆက်ပြီးရှင်ရင်းသန်ရင်း။ ဘယ်လိုပဲဖြစ်ဖြစ် လူဟာ သေခဲလှတယ်မလား။ မနေ့က ငါသီချင်းတစ်ပုဒ်နားထောင်ဖြစ်တယ်။ "အစိမ်းလိုက်ရင်ဆိုင်" တဲ့။ ဒီကမ္ဘာကြီးနဲ့ မကင်းသမျှ ဒီအောက်ဆုံးဘ၀ငရဲတွေမှာ လူဟာ အစိမ်းလိုက်ရင်ဆိုင်ရင်း ဆက်ရှင်သန်နေရမှာပဲလား။ တစ်နေ့နေ့တော့ မနက်ဖြန်ကိုရောက်မယ်လို့ ငါမျှော်လင့်မှားခဲ့မိပေါ့...... (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 700MB, 300MB Quality - Web-rip 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 37Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Drama • Thriller • War
0 2022 9 mins
Taste
Akhirat: A Love Story
6.5

ဒီတစ်ခါမှာတော့ ကြည်နူးဆွတ်ပျံ့ဖွယ် အင်ဒိုနီးရှား ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်တဲ့ မိသားစုမှာ မွေးဖွားလာတဲ့ Mentari ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ခရစ်ယာန်ဘာသာကို အလေးအနက်ထား ကိုးကွယ်တဲ့ မိသားစုက Timar ဆိုတဲ့ ကောင်လေးတစ်ယောက်တို့ ဘာကန့်သတ်ချက်မှ မရှိတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချစ်ကျွမ်းဝင်မိခဲ့ကြပါတယ် ဘာသာတရားကို အလေးအနက်ထားကြတဲ့ နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို လှလှပပ ပုံဖော်နိုင်ကြပါ့မလား ကိုယ့်ရဲ့ အိပ်မက် မိသားစု အရာအားလုံး နဲ့ ချစ်ခြင်းမေတ္တာ ဒီနှစ်ခုထဲက တစ်ခုကိုရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ ဘယ်လိုတွေ ရှေ့ဆက်ကြမလဲ ချစ်ခြင်းမေတ္တာကို ဘက်ပေါင်းစုံကနေ လှလှပပလေး ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ လွမ်းမောဖွယ်ရာ ကြည့်ရှူခံစားနိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Fantasy, Romance Quality….WEB-DL 1080p and 720p and 360p File size…1.57GB and 750MB and 300MB Format…mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August

Science Fiction • Thriller
6.5 2021 112 mins
Akhirat: A Love Story
Oliver Twist
6.8

ဂန္ထဝင်စာရေးဆရာကြီး Charles Dickensရဲ့အထင်ရှားဆုံး ပုံပြင်ဇာတ်လမ်းတွေထဲကတစ်ခုဖြစ်တဲ့ အိုလီဗာတွစ်လေးရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မိဘမဲ့လေးအိုလီဗာတွစ်ရဲ့ဘဝမှာ အမျိုးမျိုးသောလူပေါင်းစုံနဲ့ ကြုံတွေ့ပြီးတဲ့နောက်မှာ လန်ဒန်မြို့ကြီးအထိကို ၇ ရက်လောက် လမ်းလျှောက်ပြီးအရောက်သွားခဲ့ပါတယ်. ကလေးလေး တစ်ယောက်ရဲ့တစ်ကိုယ်တည်းသွားတဲ့ခရီးရှည်အဆုံးမှာတော့ မထင်ထားပဲ သူနဲ့ရွယ်တူသူခိုးလေးတွေအုပ်စုနဲ့ကြုံပြီးတော့ ဘဝကိုတစ်ဆစ်ချိုးအကြီးအကျယ်ပြောင်းလဲသွားရှာပါတော့တယ်။ လူဆိုးလေးမဖြစ်ချင်တဲ့အိုလီဗာလေးဟာ ပိုကောင်းတဲ့ဘဝကို ရောက်ခဲ့ပေမယ့်လဲ ကံတရားကမျက်နှာသာမပေးခဲ့တာမလို့ သူ့ရဲ့ဘဝမှာဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ပုံပြင်ထဲကအိုလီဗာလေးအတိုင်းပဲချစ်ဖို့ကောင်းပြီး ခပ်ဆိုးဆိုး လူဆိုးကြီးတွေရဲ့ကြားကဇာတ်ကားလေးမလို့ လူကြီးတွေအပြင် ကလေးတွေပါကြိုက်နှစ်သက်မဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ်။ File size…2.07GB / 898MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 10m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm

6.8 2005 130 mins
Oliver Twist
Where the Devil Can’t Go, He Sends a Woman 2
5.7

ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ IMDb 5.7/10 ရရှိထားတဲ့ ပိုလန်စကားပြော Comedy/Crime/Drama ကားလေးပါ။ ဇာတ်လမ်းကတော့ ၁၉၉၀-၂၀၀၀ခုနှစ် ဝန်းကျင်က ပိုလန်နိုင်ငံရဲ့ စီးပွားရေး အားပြိုင်မှုတွေကြားထဲက လူလိမ်တစ်ဖြစ်လည်း ကုန်သည်ဖြစ်သူ ခါဇုမီယက်ဇ်ဘွန်ချက်ဇ်ရဲ့ မျိုးစုံကြိုးခုန်တတ်တဲ့၊ စီးပွားရေးကွက်ကျော်ရိုက်၊ ကလိမ်စေ့ငြမ်းစင်ပုံတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကျ ကွက်ကျော်ရိုက်တတ်ပေမယ့် ကားခိုးမှုတွေများနေတဲ့နိုင်ငံမှာ သူ့ကားအခိုးခံရမှာကြောက်လို့ ကားစတီယာရင်ကို ဘယ်သွားသွားချွတ်ယူသွားတတ်တဲ့ ခါဇုတစ်ယောက် နိုင်ငံပိုင်ကုမ္ပဏီတွေကို ပုဂ္ဂလိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ပြီး သန်းပေါင်းများစွာကို ဘယ်လိုအိတ်ထဲထည့်ခဲ့သလဲ၊ သတင်းအချက်အလက်တွေရယူဖို့ ဘယ်လိုလမ်းကြောင်းကနေ ကြိုးစားခဲ့သလဲ၊ ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာကို ရှုစားရမှာပါ။ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့သူ့ကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိကိုရော ဘယ်လိုနှစ်ပေါက်တစ်ပေါက်ရိုက် လှည့်ထွက်ခဲ့သလဲ၊ အဲဒီ ရဲအရာရှိကရော သူ့ကို တကယ်ဖမ်းဆီးနိုင်ပါ့မလား၊ ဂျင်ပေါ်ကထုံးဖြစ်တဲ့ ခါဇုတစ်ယောက် ငွေနဲ့ပတ်သက်လာတဲ့အခါ ယုံကြည်ရတဲ့မိတ်ဆွေတွေကို အရင်အတိုင်း ဆက်ယုံကြည်နိုင်မှာလား၊ ခါဇုကိုရော သူ့ရဲ့မိတ်ဆွေတွေက နောက်ဆုံးအချိန်ထိ ယုံကြည်ပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ (ထုံးစံအတိုင်း မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ တချို့ဇာတ်ဝင်ခန်းတွေကို တစ်ယောက်တည်းကြည့်ရင်း) ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပဲဖြစ်ပါတယ်) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Crime, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

5.7 2023
Where the Devil Can’t Go, He Sends a Woman 2
My Father Is A Hero
6.6

1995ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Jet Li ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jet Li ရဲ့ပရိသတ်တွေကိုတော့ ဇာတ်ကားအကြောင်း သိပ်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ကုံဝေ့ဟာတရုတ်ပြည်မကြီးက ရဲဘက်ကသူလျှိုတစ်ယောက်ဖြစ်တယ်။ အလုပ်ကြောင့် မိန်းမနဲ့ကလေးကိုအချိန်မပေးနိုင်ခဲ့ဘူး။ ကိုယ်ခံပညာတော်ပြီး အရမ်းသိတတ်တဲ့သားနဲ့ ရောဂါသည်ဇနီးကို ဂရုမစိုက်ပေးနိုင်ခဲ့ဘူး။ ဇနီးသည်ကရောဂါကြောင့်သူ့ကိုလိုအပ်နေချိန်မှာ သူက အရေးကြီးတဲ့အမှုတစ်မှုအတွက် ရာဇဝတ်သားယောင်ဆောင်ပြီး ဟောင်ကောင်မှာ သူလျှိုသွားလုပ်နေခဲ့ရတယ်။ ရှေးဟောင်းပစ္စည်းမှောင်ခိုရောင်းတဲ့လူဆိုးတွေကို သားအဖနှစ်ယောက် အပီတွယ်မယ့် ဇာတ်လမ်းပဲဖြစ်ပါတယ်။

6.6 1995
My Father Is A Hero
Her Body
5.7

Her Body (2023) ချက်ဇ်နိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတဲ့ Drama ဇာတ်ကားကောင်းလေးပါ။ အပြင်မှာ တကယ်ရှိခဲ့တဲ့ ချက်ဇ်နိုင်ငံက ဒိုင်ဗင်သမားတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ (၁၈+ warning ဝတ်စလစ်အခန်းတွေ၊ လိင်ဆက်ဆံခန်းတွေ ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်ပါဘူး) ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရေယာ ဟာ ချက်ဇ်နိုင်ငံက နာမည်ကြီး ဒိုင်ဗင်သမား တစ်ယောက်ပါ။ သူဟာ ချက်ဇ်သမ္မတနိုင်ငံရဲ့ ချန်ပီယံဖြစ်ပြီးတော့ အတ္တလန်တာမှာ အိုလံပစ်အားကစား ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ အဲမတိုင်ခင် မက်ဒရစ်မြို့က ပြိုင်ပွဲ တစ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ကျောရိုးဒဏ်ရာရရှိသွားပြီး အားကစားလောက ကနေ အနားယူလိုက်ရပါတယ်။ ဒီလိုနဲ့ ဘဝမှာ ရည်မှန်းချက် ပျောက်သွားတဲ့ အန်ဒရေယာ ဟာ အဒမ်ရဲ့ အကူအညီနဲ့ အပြာကားလောကထဲကို ရောက်သွားပြီး နာမည်ကြီး အပြာမင်းသမီး ဖြစ်သွားပါတော့တယ်။ အပြာလောကထဲရောက်သွားတဲ့ အန်ဒရေယာ့ ဘဝမှာ ဘာတွေ ရုန်းကန်ရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.6GB | 828MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

5.7 2023
Her Body
If Only
7

If Only (2004) IMDb: 7.0/10 Genre: Comedy / Drama / Fantasy တစ်ခါတစ်လေမှာ လူတွေက ဘဝအတွက် ကြိုးစားရုန်းကန်ရင်းနဲ့ အနားမှာရှိတဲ့ ကိုယ်ချစ်ရတဲ့သူတွေကို နားလည်ပေးဖို့ အချိန်ပေးဖို့ တန်ဖိုးထားဖို့တွေကို မေ့လျော့နေတတ်ကြပါတယ်။ ဒီကားလေးကတော့ ကိုယ်ချစ်ရတဲ့သူတွေကို တန်ဖိုးထားသင့်ကြောင်းကို သင်ခန်းစာပေးထားတဲ့ ဇာတ်ကားလေးတစ်ခုလို့ပြောရရင် မမှားပါဘူး။ Ian Wyndham က လန်ဒန်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူ Samantha Andrews က ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။ Ian က Samantha နဲ့ ကတောက်ကဆဖြစ်ပြီး နှစ်ဦးသား ပြတ်စဲတော့မလိုဖြစ်ပြီးတဲ့ နောက်မှာ Ian က သူ့ရဲ့ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ နောက်နေ့မနက်ရောက်တဲ့အခါမှာ Samantha ကအသက်ပြန်ရှင်နေတာကို တွေ့ရပြီး အဖြစ်အပျက်အားလုံးကလဲ မနေ့ကအတိုင်းနီးပါးဖြစ်နေတဲ့အခါမှာ…. Ian တစ်ယောက် ချစ်သူရဲ့ ကံကြမ္မာကို ဘယ်လိုဘယ်ပုံတားဆီးဖို့ကြိုးစားမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size… 3.3 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Drama/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Citrus

7 2004
If Only
Rajawali
6.3

Rajawali (2022) IMDb Rating (6.3) ဒီဇာတ်လမ်းလေးကတော့ ပရိုဂရမ်ဟောင်းတစ်ခုထဲက အောက်လမ်းမှော်ကိုဖော်ထုတ်ပြီး စွမ်းအင်ရဖို့ကြိုးစားနေတဲ့ မကောင်းဆိုးဝါးအကပ်ခံရထားတဲ့ Komang နဲ့ သူ့ကိုတားဆီးရမဲ့ Komang ရဲ့သား Abang Long တို့ရဲ့ မလေးရှား horror ကား တစ်ပုဒ်ပဲဖြစ်ပါတယ်။ Komang က မကောင်းဆိုးဝါးတွေကို ထိန်းချုပ်ဖို့ ပရိုဂရမ်တစ်ခုကိုဖန်တီးခဲ့ပြီး ရုတ်တရက် မကောင်းဆိုးဝါးပူးခံရတာကြောင့် သူ့ရဲ့သားသမီးတွေကို စွန့်ပစ်လိုက်တယ်။ Komang ရဲ့သူငယ်ချင်း Tok Wan က Abang Long တို့ကို သူ့သားသမီးအရင်းလို စောင့်ရှောက်ခဲ့ပြီး Abang Long ကြီးပြင်းလာတဲ့အခါမှာတော့ အောက်လမ်းမှော်ရှိတဲ့ ပရိုဂရမ်ဟောင်းကို ဖော်ထုတ်ဖို့အတွက် ကျွမ်းကျင် hackers တွေကို စုဆောင်းနေတဲ့ သူ့အဖေဆီကနေ သူ့ရဲ့ညီလေးနဲ့ညီမလေးကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ပဲဖြစ်ပါတယ်။) File size…(1.5 GB) / (630 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:20:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

6.3 2022
Rajawali
Cypher

သာမန်ကျေးလက်ဘဝလေးကို စိတ်ကုန်နေတဲ့ မော်ဂန်ဆူလီဗန်ဆိုတဲ့ လူတစ်ယောက်က အန္တရာယ်သိပ်များတဲ့ ကော်ပိုရိတ်ထောက်လှမ်းရေးအလုပ်တစ်ခုကို လုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ ဒီဂီခေါ့အတွက် ထောက်လှမ်းရေးစပိုင်လုပ်ရင်း ပြိုင်ဘက််အဖွဲ့အစည်းက ရီတာဖိုစတာဆိုတဲ့ ကောင်မလေးနဲ့ တွေ့သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် မော်ဂန်ဆူလီဗန်အဖြစ် သရုပ်ဆောင်ထားတဲ့ ဂျရမီနော်သန်ဟာ Sitges ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးသရုပ်ဆောင်ဆုကို ဒီကားနဲ့ ရရှိထားပါတယ် ဒီကားဟာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းမြုပ်ကွက်တွေကြောင့် ဝေဖန်မှုတွေ အများကြီးရထားတဲ့ ဇာတ်ကားတစ်ကားလဲ ဖြစ်တာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ File size…(2 GB)/(915 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Crime • Comedy
0 2002
Cypher
Melanie’s Grave
5

သည်းထိပ်ရင်ဖိုဇာတ်ကားတွေကြိုက်နှစ်သက်သူတွေအတွက် Melanie’s Grave ဆိုတဲ့စိတ္တဇဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာအဓိကတွေ့ရမှာကတော့ ကိုယ်ကဘယ်လောက်ပဲ ဖြူစင်အောင်နေခဲ့သည်ဖြစ်စေ ပတ်ဝန်း ကျင်ကအရောင်တွေဝိုင်းဆိုးတဲ့အခါမှာတော့ ယုန်သူငယ်လေးလို ဖြူစင်ခဲ့တဲ့လူတစ်ယောက်က မြေခွေးကြီးလိုပြောင်းလဲသွား တတ်တယ်ဆိုတာကိုပညာပေးနည်းနည်းထည့်ပြီး စိတ္တဇလူသတ် ကားဖြစ်အောင်အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရဲ့အဓိကဇာတ်ကောင်ကတော့ မယ်လ်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး လက်ရှိဖြစ်နေတဲ့အရာတွေနဲ့ သူ့ရဲ့ဆိုးဝါးခဲ့တဲ့အတိတ်ကိုတစ်လှည့်စီပြသသွားတာကိုတွေ့ ရမှာဖြစ်ပါတယ်။မယ်လ်က ငယ်ငယ်လေးကတည်းက အဖေ ဖြစ်သူရဲ့ဒဏ်တွေကိုခံစားခဲ့ရပြီး အမေဖြစ်သူကလည်းနည်းနည်းလေး တောင်မှ သူ့ကိုမကာကွယ်ပေးခဲ့ပါဘူး။အဲ့ဒါကြောင့်ပဲစိတ်ဒဏ်ရာ ရခဲ့ပြီး အသက်ကြီးလာတဲ့အခါမှာတော့ စိတ်ရောဂါသည်တစ်ယောက် ဖြစ်လာပါတော့တယ်။အခုအချိန်မှာတော့ သူ့ဘာသာသူ အိမ်ထဲမှာ တစ်ယောက်တည်းနေထိုင်နေပြီး တစ်ပတ်တစ်ခါ လာတွေ့တဲ့ လူမှုဖူလုံရေးဝန်ထမ်းကလွဲရင်တခြားဘယ်သူနဲ့မှမဆက်ဆံခဲ့တော့ ပါဘူး။ဖြစ်ချင်တော့တစ်နေ့မှာ သူတို့နားမှာဓားပြမှုဖြစ်ပြီး သေနတ်မှန် ထားတဲ့ဓားပြတစ်ယောက်က သူ့အိမ်ထဲဝင်လာပါတော့တယ်။ ဒီလိုနဲ့လူကြောက်တတ်တဲ့မယ်လ်တစ်ယောက် ဒီဓားပြနဲ့တစ်အိမ် တည်းမှာ အချိန်အတိုင်းအတာတစ်ခုအထိအတူနေရမဲ့ကံပါလာတဲ့ အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စား စရာရှုစားရမှာဖြစ်ပါတယ်။ File size… (1.24 GB) / (751 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 101 mins
Melanie’s Grave
Dongeng Sang Kancil
6.7

သမင်ငယ်လေးရဲ့ပုံပြင်လို့အဓိပ္ပါယ်ရတဲ့ Dongeng Sang Kancil ကာတွန်းကားလေးကတော့ မလေးရှား Animation ကားလေးဖြစ်ပါတယ်။ ယုန်သမင်ငယ်လေးတစ်ကောင်ဟာ ဘာမှန်းမသိတဲ့ အရိပ်မည်းကြီးက မိခင်ကိုသတ်ဖြတ်ခဲ့တာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးတဲ့နောက် သူကြီးပြင်းလာတဲ့ အခါ အမေဖြစ်သူအတွက် လက်စားချေဖို့ စိတ်ပိုင်း ဖြတ်ထားခဲ့ပါတယ်။ ယုန်သမင်လေးအရွယ်ရောက်လာချိန်မှာတော့ သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်နဲ့ တောထဲကသတ္တဝါတွေကို ကူညီပေးလေ့ရှိတာကြောင့် တောတွင်းသတ္တဝါတွေ အားကိုးရတဲ့တိရစ္ဆာန်လေးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။ ယုန်သမင်ဟာ မြေပြင်၊ ကောင်းကင်နဲ့ရေထဲက အင်အားကြီးသားရဲတွေဖြစ်တဲ့ ဆင်၊ လင်းယုန်နဲ့ မိချောင်းကိုတောင် သူ့ရဲ့ဉာဏ်ပညာနဲ့ အနိုင်ယူနိုင်ခဲ့ ပါတယ်။ ယုန်သမင်ဟာ သူ့အမေကိုသတ်ခဲ့တဲ့အရိပ်မည်းကို ရှာပုံတော်ထွက်တဲ့ခရီးမှာ အားနည်းတဲ့ယုန်သမင်လေး တစ်ကောင်ဖြစ်သော်ငြားလည်း သူ့ဉာဏ်ရည်ကိုသုံးပြီး အင်အားကြီးတဲ့သားရဲတွေနဲ့ တောတွင်းသတ္တဝါတွေနဲ့ အကူအညီကိုရအောင်ယူရင်း ကြောက်စရာကောင်းတဲ့ သားရဲကြီးတစ်ကောင်ဖြစ်တဲ့အရိပ်မည်းကိုအနိုင်ပြခဲ့ပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (2.15 GB) / (1.30 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre …..Adventure , Animation , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama • Horror • Fantasy
6.7 2024 99 mins
Dongeng Sang Kancil
[18+] Habal
6.5

Habal (2025) IMDb Rating (6.5) အနောက်တိုင်းဆန်တဲ့ ရုပ်ရည်ဘော်ဒီပိုင်ရှင် VMX အလှလေးဖြစ်တဲ့ Athena Red အတွက်ပထမဆုံး အဓိက Role နေရာကပွဲဦးထွက်ထားတဲ့ ဇာတ်ကားဖြစ်ပြီး မင်းသမီးသစ်လေး Karen Lopez ကိုမိတ်ဆက်ပေးထားပါတယ်။ ဒါနီလိုဆိုတဲ့လိင်ကိစ္စနဲ့ပတ်သက်ပြီ စိတ်ဒဏ်ရာရှိပြီး မိန်းကလေးတွေကိုကြောက်ရွံ့တတ်တဲ့ လူပျိုစစ်စစ် ဆိုင်ကယ်ကယ်ရီသမားလေး။ ပါတနာတွေကိုယ်စီရှိပေမယ့် သူတို့နဲ့မတင်းတိမ်မရောင့်ရဲနိုင်ပဲ မိန်းကလေးချင်းအချစ်တော်ထား သာယာမှုရှာနေတဲ့ အယ်ရီကာနဲ့ လာရာတို့သူငယ်ချင်းနှစ်ဦးတို့ကြားက ရမ္မက်အခြေခံပတ်သက်မှုတွေကတစ်ဆင့် သံယောဇဉ်ပိုလာမိရင်း ရှုပ်ထွေးလာတဲ့ပြဿနာတွေကိုရှူစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(900 MB) / (400 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:11:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Comedy • Drama • Romance
6.5 2025 70 mins
[18+] Habal
Mobile Suit Gundam III: Encounters in Space
7.5

Mobile Suit Gundam Movies Trilogy Mobile Suit Gundam III: Encounters in Space (1982) Mobile Suit Gundam ဆိုတာက Anime လောကမှာဆိုရင် သူ့ဟာနဲ့သူ Star Wars လို့တောင် တင်စားလို့ရမယ်ထင်တယ်။ ဒီ ရုပ်ရှင် ၃ ကား Trilogy ကတော့ မူရင်းစီးရီးကို ရုပ်ရှင် ၃ ကားအဖြစ် ဖန်တီးထားပြီး Music ပိုင်း Animation ပိုင်း ပိုအားထုတ်ပေးထားတယ်။ နောက်ပြီး Mecha လို့ ခေါ်ရမယ့် စက်ရုပ်ကြီးတွေနဲ့ တိုက်ပွဲဆင်တာ ဘာညာကို စတင်မိတ်ဆက်ပေးတဲ့ကောင်လည်း ဟုတ်တယ်။ အဲဒီလိုဆိုလို့ စက်ရုပ်အက်ရှင်တွေပဲလားဆိုတော့ မဟုတ်ဘူး သူက လူသားတွေရဲ့ Emotional တွေ စစ်ရဲ့ဆိုးကျိုးတွေ နိုင်ငံရေးတွေပါ ထည့်သွင်းပုံဖော်ထားတာ။ Sci-fi, War, Psycological Drama ဆိုတာတွေကို အချိုးကျကျ ရောသမပေးထားတာမျိုး။ ဇာတ်လမ်းအကျဉ်းမပြောခင် သူတည်ဆောက်ထားတဲ့ကမ္ဘာမှာ လူသားတွေက အာကာသတွေပေါ်မှာ ကိုလိုနီလုပ် နေထိုင်နေကြပြီ။ အဲဒီမှာ Earth Federation နဲ့ Zeon ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့နှစ်ဖွဲ့ကွဲပြီး စစ်ဖြစ်နေကြရော။ Zeon ဖက်က Zaku ဆိုတဲ့ စက်ရုပ်ကြီးတွေနဲ့ လူမောင်းနှင်ပြီး တိုက်ခိုက်သလို Federation ဖက်ကလည်း Gundam, Guntank, Guncannon ဆိုပြီး စက်ရုပ်တွေနဲ့ ပြန်ဆော်ကြတယ်။ အဲဒီမှာ Federation ဘက်သားဖြစ်သူ ဖခင် အင်ဂျင်နီယာကြောင့် အာကာသစခန်းပေါ် လိုက်နေတဲ့ Amuro လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က သူတို့နေရာကို ဆုတ်ခွာမိန့်ပေးထားတာကို မကြားပဲ သူ ဝါသနာပါရာတွေလုပ်နေရင်း ကျန်ခဲ့တာ ။ ဒီမှာတင် Zeon တွေက ဝင်တိုက်တော့ ပြေးကြလွှားကြရင်းနဲ့ လမ်းမှာ သယ်ယူပို့ဆောင်ရေးလုပ်နေတဲ့ Gundam ဆိုတဲ့ စက်ရုပ်ကြီးပေါ်ကို Manual ဖတ်ရင်း ပြန်ချရာကနေ ဒီကောင်က လက်စောင်းထက်လာပြီး White Base ဆိုတဲ့ စစ်ယာဉ်ကြီးနဲ့ လွတ်ရာကိုပြေးရင်း နောက်ကလည်း Zeon တပ်က တိုက်ခိုက်ရာကနေ ဒီ Trilogy တစ်ခု ဖြစ်လာခဲ့တာပါ။ ဒီလိုနဲ့ ပထမကားအရ အူကြောင်ကြောင်နဲ့ စစ်ပွဲထဲဝင်လာတဲ့ ကောင်လေးတစ်ယောက်ဟာ တဖြည်းဖြည်း ဒီ အကျည်းတန်ရုပ်ဆိုးတဲ့ စစ်ပွဲဆိုတာကြောင့် ဘယ်လို စိတ်ဒဏ်ရာတွေဖြစ်လာမလဲဆိုတာတွေ၊ Zaku Vs Gundam ချခန်းတွေ၊ Villain ဂန္ဓဝင်ဇာတ်ကောင် Char နဲ့ Amuro တို့ရဲ့ အဆက်မပြတ် တိုက်ပွဲတွေ ၊ ပြီးပြည့်စုံတဲ့ ကမ္ဘာတည်ဆောက်မှုနဲ့ ဖန်တီးမှုကြောင့် အဟောင်းဖြစ်သော်ငြား Old is Gold မို့ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Anime Team ဖြစ်ပါတယ်) File size… 3.58 GB / 2.22 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 2h 24m Genre ….. Anime/Action/ Sci-fi/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nikobaby

Science Fiction • Action
7.5 1982 140 mins
Mobile Suit Gundam III: Encounters in Space