YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Never.Have.I.Ever.S04E09.720p.(CM).mp4

317.24 MB N/A video/mp4 184 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stepmom
7.2

ကျွန်တော်တို့တွေ ကြားဖူးနေကျ မိထွေဇာတ်လမ်းတိုင်းလိုလိုမှာ သားသမီးဖြစ်သူနေရာက ဝင်ခံစားပြီး မိထွေးဖြစ်သူကို အဆိုးမြင်ခဲ့တာတွေများပါတယ်။ ဒါပေမဲ့ ကိုယ့်သားသမီးလည်းမဟုတ်တဲ့ကလေးတွေကို မိခင်တာဝန်ချက်ချင်းယူလိုက်ရတဲ့ မိထွေးနေရာကနေ တစ်ချက်ဝင်ခံစားကြည့်မယ်ဆိုရင်လည်း သိပ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ။ ကလေးတွေရဲ့ငြိုငြင်မှုတွေ မိခင်အရင်ဖြစ်သူရဲ့ အမြင်မကြည်မှုတွေစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတာချည်းပါပဲ။ ဒီဇာတ်ကားမှာလည်း မင်းသမီးကြီး Julia Robertsက Lucyနေရာကနေ သရုပ်ဆောင်ပြီး မကြာခင်မှာလက်ထပ်မယ့်ချစ်သူ Lukeရဲ့ ကလေးတွေနဲ့ အတူတူနေနေရပါတယ်။ ချစ်သူရပြီးမှ ဝုန်းကနဲ မိခင်တာဝန်ယူလိုက်ရတဲ့ Lucyအတွက်တော့ ကလေးတွေနဲ့ ကီးကိုက်အောင်ကြိုးစားပေမဲ့ စေတနာက ဝေဒနာဖြစ်သွားတာချည်းပါပဲ။ ကလေးတွေအတွက်ကျတော့လည်း အမေ့နေရာကို ဘာမဆိုင်ညာမဆိုင်ဝင်မလာတဲ့ အစိမ်းသက်သက်အမျိုးသမီးတစ်ယောက်ကို ဘယ်အမြင်ကြည်ပါ့မလဲ။ ဒါ့အပြင် ကျောင်းကြိုဖို့နောက်ကျနေတာတွေ ဟင်းကောင်းကောင်းမချက်တတ်တာတွေကြောင့် Lucyအတွက်တော့ ကလေးတွေနဲ့ အဆင်ပြေနိုင်ဖို့ ဝေလာဝေးပါပဲ။ ဒါပေမဲ့ Lucyကတော့ ဒါကိုစိန်ခေါ်မှုတစ်ရပ်အနေနဲ့ ကလေးတွေနဲ့ အဆင်ပြေပြေဖြစ်ဖို့ ကြိုးစားချင်နေဆဲပါ။ Lucyနဲ့ကလေးတွေအကြား ဘာတွေဆက်ဖြစ်မလဲ ကလေးတွေရဲ့အမေအရင်းနဲ့ရော ဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ။ File Size :(1.9GB) and (823MB) Quality : BLU-RAY 1080P, 720p Format…mp4 Duration…02:05:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Drama • Thriller
7.2 1998 125 mins
Stepmom
Ip Man: The Awakening
6.5

"လောကမှာ လူနှစ်မျိုးပဲရှိတယ်။ ဈေးကြီးတဲ့လူနဲ့ ဈေးပေါတဲ့လူ"တဲ့။ ဒါက ရုပ်ရှင်ထဲက လူကုန်ကူးသူပြောတဲ့စကား...... CM ပရိတ်သတ်တို့အတွက် IP Man - The Awakening ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားထဲမှာတော့ IP Man ငယ်ရွယ်စဉ်ဘဝက ဟောင်ကောင်မှာ ပညာသင်နေချိန်ကပေါ့ ဟောင်ကောင်မှာ အင်္ဂလန်ဂိုဏ်းတစ်ခုက အမျိုးသမီးငယ်လေးတွေကိုဖမ်းဆီး နှိပ်စက် ရောင်းစားနေခဲ့တယ်။ တစ်နေ့မှာ IP man ဟာ လူဆိုးဂိုဏ်းတွေ အပိုင်စီးထားတဲ့ ဆိပ်ကမ်းတစ်ခုထဲကို မှားဝင်သွားမိပြီး ထိုဒုစရိုက်မှုကြီးကို မျက်မြင်တွေ့ခဲ့ရပါတယ်...... IP Man ဟာ သူတစ်ယောက်တည်းအားနဲ့ လူကုန်ကူးခံရတဲ့ မိန်းကလေးတွေကို ကယ်တင်နိုင်ပါ့မလား... လူဆိုးဂိုဏ်းကြီးကိုကော IP Man ရဲ့ ကွန်ဖူးပညာနဲ့ ဘယ်လိုချေမှုန်းမလဲဆိုတာကို ရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားလိုက်ရအောင်. Quality : Bluray 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 20min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror • Mystery
6.5 2023 76 mins
Ip Man: The Awakening
Slumber Party Massacre
5.6

(1982)ကထွက်ရှိခဲ့တဲ့ အထက်တန်းကျောင်းသူလေးတွေအပန်းဖြေခရီးထွက်ရင်း လွန်ပူတစ်လက်နဲ့လူလိုက်သတ်တဲ့ လူသတ်သမားနဲ့ကြုံခဲ့ရတဲ့ The Slumber Party Massacreကို အသစ်ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ပူလူသတ်သမားရဲ့လက်ချက်ကနေ တစ်ဦးတည်း သောအသက်ရှင်ကျန်ခဲ့တဲ့သူဖြစ်တဲ့မိခင်အတွက် သမီးဖြစ်သူဒန်နာက ဒီလိုအတိတ်ဆိုးက မိခင်ကိုလွတ်အောင်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။ အဲ့ဒါကတော့ မိခင်ကြုံတွေ့ခဲ့ရတဲ့နေရာကို သူငယ်ချင်းတစ်သိုက်နဲ့ခရီးထွက်တာပါပဲ။ သူတို့တွေကအစီအစဉ်ဆွဲပြီးလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့အရာတွေနဲ့ကြုံခဲ့ပြီးတော့ အသက်ဘေးတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ ဒီလိုအသက်ဘေးတွေကနေ ဆယ်ကျော်သက်ကောင်မလေးတွေ ဘယ်လိုလွတ်အောင် ရုန်းထွက်မလဲဆိုတာကိုကြည့်ရမယ့် horror ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (1.52 GB) / (674 MB) / (439 MB) Quality – BluRay 1080p / 720p/480p Duration - 1h 26mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Thriller Translator – Chit Tee Encoder – SWM

Action • Adventure • Fantasy
5.6 2021 86 mins
Slumber Party Massacre
The Good Liar
6.7

လူလိမ်အဘိုးကြီးတစ်ယောက်ဖြစ်တဲ့ Roy Courtney က သူ့ရဲ့နောက်ဆုံးပစ်မှတ်အနေနဲ့ သန်းချီချမ်းသာတဲ့ ပူပူနွေးနွေးမုဆိုးမ Betty McLeish ဆီကို ချဉ်းကပ်လာခဲ့ပါတယ်။ အရမ်းပီရိတဲ့ လူလိမ်အဘိုးကြီးက အဘွားကြီးဆီက သန်းချီတဲ့ ပိုက်ဆံတွေကို ဘယ်လိုနည်းတွေနဲ့ လိမ်လည်ယူမလဲ။ အဘိုးကြီးရဲ့ အတိတ်ကပြစ်မှုတွေက ဘယ်လိုတွေ လာအနှောင့်အယှက်ဖြစ်နေမလဲ။ နောက်ဆုံးမှာ သန်းချီတဲ့ပိုက်ဆံတွေကို အဘွားကြီးဆီက လိမ်လို့ရသွားမလားဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ မထင်ထားတဲ့လှည့်ကွက်ပေါင်းများစွာပါတဲ့အတွက် အညွှန်းအရှည်ကြီးရေးရင် spoiler ဖြစ်မှာစိုးလို့ တိုတိုနဲ့ လိုရင်းပဲ ညွှန်းလိုက်ပါတယ်။ File Size : ( 1 GB , 330 MB ) Quality : BluRay 720p Running Time : 1 hr 49min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Man Aung Encoded by Moe Myint Lwin

Action & Adventure • Drama
6.7 2019 109 mins
The Good Liar
A Single Man

A Single Man (2009) က Drama/ Romance အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ Kingsman ထဲကမင်းသားကြီး Colin Firth ကို အရှုံးနဲ့ အထီးကျန်မှုကြားမှာ ရုန်းကန်နေရတဲ့ ကောလိပ်ပါမောက္ခ ဂျော့ဂ်ျအဖြစ်နဲ့ ပြောင်မြောက်စွာ သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ဂ်ျက ၁၆ နှစ်ကြာတွဲခဲ့တဲ့ လက်တွဲဖော် ကားမတော်တဆမှုကြောင့် သေဆုံးပြီးနောက်မှာ သူ့ကိုယ်သူ သတ်သေချင်နေတယ်။ သူရဲ့နောက်ဆုံးနေ့မှာ သူက ကျောင်းသား၊ လုပ်ဖော်ကိုင်ဖက်နှင့် သူ့ရဲ့အကောင်းဆုံးသူငယ်ချင်း ချာလေ နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး နောက်မှာ သူ့စိတ်ထဲမှာ ဘာလုပ်ရမလဲ ဘာကြောင့်လဲဆိုတာ ရှင်းလင်းသွားတဲ့ ဇာတ်လမ်းမျိုးပေါ့။ Good Will Hunting လို တွေးစရာဆွေးစရာကားလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် ရွေးစရာပါပဲ။ File size…(1.8 GB)/(800 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Freddy

Action • Comedy • Crime • Romance
0 2009
A Single Man
A Season for Family
7

A Season for Family (2023) ==================== IMDb Rating – 7.0/10 မက်ဒီဟာ မြို့ကြီးကဟိုတယ်တစ်ခုမှာအလုပ်လုပ်ပြီး ခရစ်စမတ် အားလပ်ရက်ရာသီမှာတော့ သူ့ရဲ့မွေးစားသားငယ်နဲ့အတူမွေးရပ် မြေနယ်မြို့လေးဆီပြန်လာခဲ့ပါတယ်။အဲ့ဒီမြို့မှာ သူ့မွေးစားသား ကိုဒီရဲ့ညီအရင်းတစ်ယောက်ရှိနေတယ်ဆိုတာ သိထားရပြီး အဲ့ဒီ ဆန္ဒကို ခရစ်စမတ်လက်ဆောင်အဖြစ်ဖြည့်ဆည်းပေးချင်တဲ့ရည် ရွယ်ချက်လည်း သူ့မှာရှိနေပါတယ်။ မြို့ကိုရောက်ရောက်ချင်းနေ့ နှင်းလွှာလျှောစီးပစ္စည်းတွေရောင်း တဲ့ဆိုင်မှာ ဆိုင်ရှင်အမျိုးသားနဲ့အဖွဲ့ကျရင်းနှီးခဲ့ပြီး မကြာမကြာဆုံ ဖြစ်သလို ရင်းနှီးမှုတွေတိုးလာရာကနေ သူ့မွေးစားသား ဝက်စလေ ရဲ့ညီအရင်းဖြစ်သူဟာ အဲ့ဒီဆိုင်ရှင်အမျိုးသားရဲ့မွေးစားသား ကိုဒီ ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ ညီအစ်ကိုနှစ်ဦးကိုပြန်ပေါင်းစည်း စေချင်တဲ့ သူ့ဆန္ဒအလွယ်တကူပြည့်ဝလေမလား၊ ဘယ်လိုအခက် အခဲတွေကြုံဆုံနိုင်စရာရှိလာမလဲ။ တစ်ကားလုံး christmas vibes တွေအပြည့်နဲ့၊ကြည်နူးနွေးထွေး စရာချစ်ခြင်းမေတ္တာတွေနဲ့ထုံမွှမ်းနေတဲ့ ဗီလိန်မရှိတဲ့ ဒီခရစ်စမတ် ဇာတ်လမ်းလှလှလေးထဲမှာရှုမြင်ခံစားကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.39 GB) / (564 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Alias Encoder……….SWM

Drama • Comedy
7 2023 84 mins
A Season for Family
Neru
7.8

Neru (2023) “အမှန်တရား” IMDb – 7.8/10 (function(f,b,n,j,x,e){})(); လေးတန်းတောင်မအောင်ဘဲ မိသားစုကိုစော်ကားဖို့ကြံတဲ့သူရဲ့အလောင်းကို ဖျောက်ပြခဲ့တဲ့ မူရင်းမလေယာလမ်းရုပ်ရှင်ထဲက မင်းသားကြီး Mohanlal Viswanathanရဲ့ ရုံတင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်အသုံးပြုရိုက်ကူးခဲ့ပြီး ဆယ်ဆကျော် ပြန်လည်ရရှိခဲ့တာပါ။ Jawan (2023)ရုပ်ရှင်ထဲမှာပါခဲ့တဲ့ မင်းသမီးချောလေး ပါရီယာမာနီလည်း ပါဝင်ထားပါသေးတယ်။ ပန်းပုပညာရှင် မျက်မမြင်အမျိုးသမီးလေးရဲ့ ပုံဖော်မှုကြောင့် မုဒိမ်းသမားကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ သက်သေမခိုင်လုံတာကြောင့် မုဒိမ်းကောင်က အာမခံနဲ့ လွတ်သွားခဲ့ပါတယ်။ မုဒိမ်းကောင်မိသားစုက အင်မတန်ချမ်းသာတဲ့မိသားစု ဖြစ်တာရော သူတို့အမှုကို လိုက်ပေးတဲ့ရှေ့နေရဲ့ ဂုဏ်သတင်းကျော်ဇောမှု ဩဇာညောင်းမှုတွေကြောင့်ရောနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်ဘက်ကနေ လိုက်ပေးမဲ့ ရှေ့နေကို ရှာဖို့ရာမလွယ်ကူခဲ့။ ဒီမှာပဲ ကျွန်တော်တို့ရဲ့ လေးတန်းမအောင်တဲ့ဇာတ်လိုက်ကျော်ကြီးက အဓိကနေရာကိုရောက်လာပါတော့တယ်။ တရားကိုစောင့်ပါတယ်ဆိုတဲ့ နတ်က တကယ်ပဲရှိတာလားဆိုတာ ကြည့်ရှုသူအပေါင်းတို့ကပဲ ဝေဖန်သုံးသပ်ကြပါဦးတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.8 2023
Neru
Midwives (Sages-femmes)
7.1

Sages femmes ဆိုတာကတော့ ပြင်သစ်လို သားဖွားဆရာ/မများလို့ အဓိပ္ပာယ်ရပါတယ်။ ဒီဒရာမာရုပ်ရှင်လေးက သားဖွားဆရာ/မတွေရဲ့ လုပ်ငန်းခွင်အကြောင်းကို မီးမောင်းထိုးရိုက်ကူးပြထားတာပါ။ ဆိုဖီယာနဲ့ လူဝိစ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ငါးနှစ်တာလေ့လာဆည်းပူးပြီးနောက်မှာ သားဖွားမီးယပ်အလုပ်ကို လက်တွေ့လုပ်ကိုင်ဖို့ရာ ပြည့်သူ့ဆေးရုံတစ်ခုကို ရောက်ရှိလာခဲ့ပြီး လူအင်အားမလုံလောက်တဲ့ဆေးရုံလေးမှာ အစာစားချိန် အပေါ့သွားချိန်တောင်မရလောက်အောင် လုပ်ကိုင်ပြီး ပြဿနာ၊ အခက်အခဲ၊ ၀မ်းနည်းစရာ၊ ပျော်ရွှင်စရာပေါင်းစုံနဲ့ ကြုံတွေ့ရပါတော့တယ်။ ဒီရုပ်ရှင်လေးထဲမှာ မီးဖွားတဲ့အလုပ်ဟာ ပင်ပန်းခက်ခဲသလောက် မီးဖွားမယ့်သူကိုကူညီပေးတဲ့ သားဖွားမီးယပ် ဆရာ/မတွေရဲ့ အလုပ်အကိုင်ဟာလည်း မလွယ်ကူကြောင်းကို သေချာရိုက်ပြထားပါတယ်။ ဇာတ်အိမ်အချိတ်အဆက်လေးတွေကလည်း နွေးထွေးပြီး ပီတဖြစ်စရာကောင်းတဲ့အပြင် ဆေးပညာနဲ့ပတ်သက်တဲ့ ဗဟုသုတလည်းရစေမယ့် ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုအဆုံးသတ်လိုက်ပါတယ်။ File size…(1.6 GB)/(867 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.1 2023
Midwives (Sages-femmes)
Dig Two Graves
5.7

လောကကြီးထဲက ထွက်ခွာသွားခဲ့ရတဲ့ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို ပြန်ခေါ်ခွင့်ရှိမယ်ဆိုရင် ပရိသတ်ကြီးတို့ရော ပြန်ခေါ်ကြမှာလား။ ဒါပေမယ့် လှည့်ကွက်တစ်ခုတော့ရှိနေပါတယ်။ အဲ့ဒါကတော့ ကိုယ်ပြန်ခေါ်ချင်တဲ့သူနေရာမှာ အသက်ရှင်နေတဲ့ တခြားတစ်ယောက်နဲ့အစားထိုး ပေးရမှာပါပဲ။ဒီလိုမျိုးမှော်ပညာတွေ အောက်လမ်း ပညာတွေကိုထည့်သွင်းရိုက်ကူးထားတဲ့ 2014 ခုနှစ် တုန်းက ထွက်ရှိခဲ့တဲ့ Dig Two Graves ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ IMDb Rating 5.7 ရရှိထားပြီး Horror ကို ပေါ့ပေါ့ပါးပါးကြည့်ရှုချင်သူတွေအတွက် အဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ ဂျိတ်နဲ့ရှောင်ဆိုတဲ့ မောင်နှမ နှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီး ကလေးတွေဆိုတော့ စူးစူးစမ်းစမ်းပေါက်ပေါက်ရှာရှာလုပ်တတ်ကြ သူတွေဖြစ်ပါတယ်။အခုလည်း ချောက်ကမ်းပါးတစ်ခုက နေရေထဲ အတူတူခုန်ဆင်းဖို့လုပ်နေကြပေမဲ့ တကယ်တမ်းခုန်ချသွားတဲ့အခါမှာတော့ ရှောင် တစ်ယောက်ပဲခုန်ချခဲ့ပြီး ကြောက်တတ်တဲ့ဂျိတ်ကတော့ ကျန်နေခဲ့ပါတော့တယ်။ဒါပေမယ့် ရှောင်ကရေထဲ ခုန်ဆင်းသွားပြီးပြန်ပေါ်မလာတဲ့အခါမှာတော့ သူချစ်ရတဲ့အစ်ကိုကို ဆုံးရှုံးလိုက်ရပြီဆိုတာကို ဂျိတ်သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ရှောင်ဆုံးပါးပြီး ကတည်းက ဂျိတ်တစ်ယောက်မအိပ်နိုင်မစားနိုင် တမှိုင်မှိုင်ဖြစ်နေခဲ့ပါတော့တယ်။သိပ်မကြာခင်မှာတော့ သူတစ်ယောက်တည်း ကျောင်းကနေအိမ်ကိုပြန်တဲ့ လမ်းမှာ လူသုံးယောက်နဲ့တွေ့ခဲ့ပြီး အဲ့ဒီလူတွေထဲက ခေါင်းဆောင်က အထက်မှာ ပြောထားခဲ့တဲ့အတိုင်း သူ့အစ်ကိုကိုပြန်ခေါ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ ပါတော့တယ်။ဒါပေမယ့် အဲ့ဒီကမ်းလှမ်းမှုရဲ့ နောက်ကွယ်မှာ မရိုးသားမှုတွေရှိနေပြီး ဂျိတ်ရဲ့အဖိုးဖြစ်တဲ့ရဲမှူးရဲ့ မကောင်းခဲ့တဲ့ အတိတ်တွေကလည်းတစ်ထောင့် တစ်နေရာမှာပါဝင်နေတဲ့အခါမှာတော့ ဘယ်လို စိတ်ဝင်စားစရာတွေကိုမြင်တွေ့ရမလဲဆိုတာတွေကို သည်းထိပ်ရင်ဖို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.17GB / 507MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ….. Horror , Drama , Mysery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.7 2014
Dig Two Graves
Ask the Dust
5.7

ဒီဇာတ်လမ်းကတော့ သူကြိုက်နေတဲ့ ကောင်မလေးကိုမှ စတွေ့ကတည်းက မချေမငံပြောပြီး စော်ကားတတ်တဲ့ မိန်းမတွေအကြောင်းနားမလည်တဲ့ စာရေးဆရာ Arturo Bandini နဲ့ သတ္တိရှိတဲ့ ခပ်စွာစွာ စားပွဲထိုးမလေး Camilla ရဲ့ အချစ်ဇာတ်လမ်းလေးပါ ။ Arturo က Colorado ကနေ LA ကို ဝတ္ထုရေးဖို့ပြောင်းလာတဲ့ အီတလီလူမျိုးစာရေးဆရာဖြစ်ပြီး ဘားတစ်ခုက စားပွဲထိုး မက္ကဆီကန်မလေး Camilla ကို မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဒါပေမဲ့ သူချစ်တာက အဆန်းသား။ Camilla ကို ကော်ဖီသောက်မကောင်းလို့ ရန်တွေ့ပြီး ကော်ဖီကိုသွန်ပစ်ပြီး ထွက်သွားခဲ့တယ်။ ဆင်းရဲတဲ့စာရေးဆရာဖြစ်တဲ့ Arturo နဲ့ ချမ်းသာတဲ့သူကိုမှလက်ထပ်ချင်နေတဲ့ Camilla တို့ နှစ်ယောက် တွေ့တိုင်းရန်ဖြစ်နေရာက တဖြည်းဖြည်း ခံစားချက်တွေပေါက်ဖွားလာရာမှာတော့ နဂိုရှုပ်ပြီးသား သူတို့အချစ်ရေးက လူမျိုးရေးခွဲခြားတတ်တဲ့ခေတ်ရဲ့ ပြဿနာတွေကြောင့် ဘယ်လိုအခက်အခဲတွေ ဆက်ပြီးရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့ Romance ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော Thwal Htoo Zin ပါ ) File size_(2.7GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5.7 2006 117 mins
Ask the Dust
The Killer
7.8

The Killer (1989) ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်… ဂျွန်ဝူးရဲ့ရွှေခေတ်…. ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ရရင်လည်း လူပီပီ နာပြကျင်ပြ ခံစားပြတယ်။ လူကိုး။ ခိုးကိုးရာမဲ့ချိန် တစ်ချိန်ချိန်မှာ စိတ်ရဲ့အမြင့်ကလည်း ပြုတ်ကျလာတတ်တာပဲ။ဒီအက်ရှင်ကားရဲ့ တစ်ချို့အခန်းတွေဟာ ရင်ထဲနင့်စရာ သိပ်ကောင်းတယ်။ ဂျွန်ဝူးဟာ သူ့ခေတ်သူ့အခါက တကယ်တော်ခဲ့တဲ့ ဆရာတစ်ပါးပါပဲ။ ရုပ်ရှင်ကိုတောင် ရိုက်နေရင်းမှ ဇာတ်ညွှန်းရေးခဲ့တဲ့သူ တစ်ယောက်ပါ။ နောက်ဒီရုပ်ရှင်ကို ရိုက်ရာမှာ ပီပီပြင်ပြင်ရှိစေဖို့ ဂျွန်ဝူးဟာ တကယ့်သေနတ်အစစ်တွေသုံးပြီး ရိုက်ခဲ့တယ်။ လမ်းမပေါ် ရိုက်တဲ့အချိန်ဆို ဖြတ်သွားဖြတ်လာ လူတွေကတောင် ဓားပြတိုက်နေတယ်လို့တောင် ထင်ခဲ့ကြတဲ့အထိပါပဲ။ 1991မှာ အနောက်ကလူတွေက ဒန်ဇယ်ဝါရှင်တန်နဲ့ Remakeလုပ်ဖို့ ကြံခဲ့ကြပါတယ်။ နောက်ကျ ဟောလိဝုဒ်က ဒန်ဇယ်နဲ့ Remake လုပ်ဖို့ အဆင်မပြေတော့ ကီယာနူးရိဗ်ကို ငှားခဲ့ပေမဲ့ သူကတော့ ငြင်းလိုက်ပါတယ်။ မငြင်းရင်လည်း အဆင်ပြေမယ်မထင်ပါဘူး။ သို့ပေမဲ့ ကီယာနူးရိဗ်ဟာ John Wickမှာမှ The Killerကို Inspiration ယူခဲ့တယ်။ အစမှာတော့ ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ ပြောကြတာကို နည်းနည်းလွန်တယ် ထင်မိပေမဲ့ ဇာတ်အသိမ်းမှာတော့ ငြင်းဆန်နိုင်စွမ်း မရှိတော့ဘူး။ ဒါရိုက်တာဟာ ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ့် အရသာတစ်ခုကို ထပ်ဆောင်းပေးခဲ့လိုက်ပြီ။ ဒီအရသာက ကျွန်တော် ဘယ်တော့မှ မေ့တော့မှာမဟုတ်တဲ့ အရသာတစ်ခုပဲ။ ရုပ်ရှင်အပြီးမှာ တစ်ခုသောစာသားကလေးကိုပဲ ကျွန်တော် ပြေး သတိရမိတယ်။ ” ဘဝသည် နာကျင်ဖွယ်အတိနဲ့ ကြင်နာတတ်ကြောင်း ပြလိမ့်ဦးမည်”တဲ့…… (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size – 1.3GB, 890MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 51Min Type – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.8 1989 110 mins
The Killer
Escape from the 21st Century
6

CM ရဲ့ တရုတ်ကားချစ် ပရိသတ်တို့ကို Escape from 21 st Century ဆိုတဲ့ အချိန်ခရီးသွား သဘာဝလွန်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းထဲမှာ ဝမ်ချန်ယုံ၊ ဖောင်ဖောင် နဲ့ ဝမ်ကျာ့ တို့ သူငယ်ချင်း ညီအစ်ကို ၃ ယောက်ဟာ လူငယ်တို့ သဘာဝအတိုင်း ရန်ဖြစ်လိုက် ကစားလိုက်အချိန်ဖြုန်းနေခဲ့တာ… သူတို့အတန်းဖော်နဲ့ ရန်ဖြစ်တာ အောင်နိုင်ပြီး သူ့အတန်းဖော်ဦးလေးကြီးတွေရဲ့ လက်စားချေမှုကြောင့် သူတို့ ဓာတုဆေးတွေသောက်မိပြီး… ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ကို နှာချေလိုက်တိုင်း ခရီးသွားနိုင်ခဲ့တယ်.. ရုတ်တရက်ကြီး အနှစ် ၂၀ ခရီးသွားမိတိုင်း… သူတို့အနာဂတ်ကို ပြန်ပြင်နိုင်ဖို့ ကြိုးစားခဲ့တယ်… တစ်ချိန်တည်းမှာ သူတို့ရဲ့ အနှစ် ၂၀ ကြာပြီးနောက် ပြောင်းလဲသွားတဲ့ လူကြီးဘဝရဲ့ အခြေအနေတွေကို လက်ခံနိုင်အောင် ကြိုးစားရင်း ကြိုးစားရင်း… သူတို့ ဒီလို ခရီးသွားနိုင်တဲ့ လျို့ဝှက်ချက်တွေကို ရှာတွေ့ခဲ့တယ်… တကယ်ပဲ သာမန်ခရီးသွားနိုင်တာလား… ဘာလျို့ဝှက်ချက်ရှိနေဦးမှာလဲ… ဘာလို့ သူတို့ ၃ ယောက်ပဲ ခရီးသွားနိုင်သွားတာလဲ… ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ကြားမှာ ဘာပတ်သက်မှုရှိနေမှာလဲ… ထူးခြားဆန်းပြားမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တို့ ကြည့်လိုက်ကြရအောင်နော်…

Horror
6 1900
Escape from the 21st Century
’71
7.2

’71 (2014) ************** IMDb….7.2,,,Rotten….95 (ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့….) ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေ မဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှ ပျော်နေတဲ့သူတွေမဟုတ်ကြဘူး… သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်…… တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်… သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာ ကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်…ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာ ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင် ထိုးကြသေးတယ်.. သို့ပေမယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်း ပုံစံပေးချက်က မညှာတာ…. သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်.. အခြားစစ်ကားကောင်းများစွာရှိပါသေးသည်… ’71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်း အဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်…တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်….တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်.. လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်.. ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ… ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်… File Size : 2.05 GB and 825 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:39:00 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by AHtet

Comedy • Drama
7.2 2014 99 mins
’71
Blood Star
6.1

ဒီတစ်ခါ cm ပရိသတ်ကြီးကို Thriller ဇာတ်ကား‌‌လေး တစ်ကားနဲ့ မိတ်ဆက်‌‌ပေးချင်ပါတယ်။ ဇာတ်ကားအဖွင့်မှာပဲ ပထမဆုံး သားကောင်ဖြစ်တဲ့ ကောင်မလေး ကန္တာရထဲပြေးလွှားရင်း လဲကျနေချိန် ရေဘူးပေး ကျည်တစ်‌‌တောင့်နဲ့ သေနတ် ပစ်ချ‌‌‌‌‌‌‌ပေးပြီး ကားနဲ့တိုက်သတ်တဲ့ အခန်းနဲ့ စတင်ထားပါတယ်။ ရိုဘတ်တာ (ဘော်ဘီ) လို့ခေါ်တဲ့ ‌‌‌‌‌‌ကောင်မ‌‌‌‌လေးတစ်ယောက် စတိုးဆိုင်တစ်ခုမှာ အလစ်သုတ်တဲ့ အမှုနဲ့ အချုပ် ကျရာကနေ လွတ်လာပြီးတော့ သူ့ရဲ့ ရည်းစားဆီကို ပြန်ဖို့ ကန္တာရကို ဖြတ်မောင်း လာခဲ့ပါတယ်။ လမ်းမှာ သူ့အစ်မနဲ့ ဖုန်းပြောရင်း ကားမောင်းနေတဲ့ ရိုဘတ်တာ တစ်ယောက် ဆီဆိုင်မှာ ဆီဝင်ဖြည့်ရင်း သူ့ကို အတင်း အရောဝင် အအေးဘူးတိုက်တဲ့ ကောင်တီရဲ(ရှဲရစ်) ဘီစတိန်းနဲ့ စပြီးတွေ့ဆုံမိကြပါတယ်။ သူစိမ်းတွေကို သိပ်မယုံတတ်တဲ့သူ ဖြစ်တော့ ခပ်တန်းတန်းပဲ ဆက်ဆံပြီး ကားဆက်မောင်းထွက်လာတဲ့ ဘော်ဘီတစ်ယောက် လမ်းမှာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ ကားတွေကို ရှောင်တခင် ဖမ်းတဲ့နေရာမှာ မိပြီး အနောက်ကနေ ရဲကား လိုက်လာပါတော့တယ်။ အဲဒီရဲက တခြားသူတော့ မဟုတ်ပါဘူး သူနဲ့ ဆီဆိုင်မှာ ဆုံခဲ့တဲ့ ကောင်တီရဲ ဘီစတိန်းပါပဲ။ အရှိန်လွန် မောင်းတဲ့ အတွက်ရော လမ်းမှာ ဘော်ဘီပစ်ချလိုက်တဲ့ တစ်ခုခုကြောင့် သူ့ရဲကားက မီးလုံးပြာ ကွဲသွားတယ်ဆိုပြီး ဒဏ်ငွေတောင်းခံ ငွေညှစ်ပါတော့တယ်။ မြို့ပြင်ဘက် နယ်စွန်က ပြည်သူတွေ ဥပဒေကို မလိုက်နာဘဲ ပြစ်မှုလုပ်မိရင် ဖမ်းဆီးထိန်းသိမ်း ဒဏ်ငွေတပ်ဖို့ ကောင်တီရဲခန့်ထားတယ်ဆိုပေမယ့် ဥပဒေဘက်တော်သား ဆိုသူတွေက ဥပဒေကို ခုတုံး လုပ်ပြီး စိတ်ထင်ရာလုပ် ရက်စက်မှုတွေ ကျူးလွန်တဲ့ အခါမှာ ဘယ်သူတွေက သူတို့ကို တားဆီးမှာလဲဆိုတာကို ဥပမာပေး ရိုက်ကူးထားတာ ဖြစ်ပါတယ်.. လူတွေကို အပျော်တမ်း အမဲလိုက်သလို သားကောင်အဖြစ် သဘောထားတဲ့ ကောင်တီရဲ ဘီစတိန်း လက်ထဲကနေ ဘော်ဘီတစ်ယောက် ဘယ်လို ထွက်ပြေးမလဲ လွတ်အောင်ရော ပြေးနိုင်ပါ့မလား ဆိုတာကိုတော့…..။ File size… (1.30 GB) / (737 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama • History • War
6.1 2024 97 mins
Blood Star
Deuce Bigalow: Male Gigolo

IMDb -5.7/10 RT – 23% ဇာတ်လမ်းအကျဉ်း ငါးကန်သန့်ရှင်းရေးသမား ဒုစ့် (Rob Schneider) ဟာ ငါးပြတိုက်ကနေ အလုပ်ပြုတ်ပြီး စိတ်ညစ်နေချိန် ရတောင့်ရခဲအခွင့်အရေးအဖြစ် နိုင်ငံခြားခရီးသွားရမယ့် Gigolo – ယောက်ျားကြေးကြီးပြည့်တန်ဆာတစ်ဦးဖြစ်တဲ့ အန်တွိုင်း(Oded Fehr)ရဲ့ငါးတွေကိုကြည့်ပေးရင်း အိမ်စောင့်ပေးဖို့ အလုပ်တစ်ခုရခဲ့ပါတယ်။ ဒါပေမယ့် တန်ဖိုးကြီးအလှမွေးငါးကန်ကိုခွဲမိပြီး ပြန်ပြင်နိုင်ဖို့ ဒေါ်လာ ၆ဝဝဝ လိုအပ်လာတဲ့အခါမှာတော့ အန်တွိုင်းခြေရာနင်းကြည့်ဖို့ ကြိုးစားကြည့်ပါတော့တယ်။ အလုပ်က ထင်သလောက်မလွယ်သလို အန်တွိုင်းနောက်ကို လိုက်နေတဲ့ စုံထောက် ဖောင်လာ (William Forsythe) ကလည်း ဒုစ့်နောက်ကို အချိန်ပြည့်လိုက်နေပါတယ်။ ဒေါသကြီးတဲ့အန်တွိုင်း ပြန်မရောက်ခင် ဒုစ့်တစ်ယောက် အချိန်မှီငွေရှာနိုင်ပါ့မလား…သူ့ရဲ့ချစ်သူ ကိတ် (Arija Bareikis)ကရော သူ့ကို နားလည်ပေးနိုင်ပါ့မလား စသဖြင့် ဆက်လက်ရှုစားကြည့်ကြပါ။ ၂၀၀၀ပြည့်နှစ်ဝန်းကျင်တွေက ရုပ်ရှင်ဖြစ်တဲ့အတွက် Body shaming ‌‌‌‌တွေများသလို၊ တချို့ဟာသတွေဟာ အခုခေတ်နဲ့ပြန်ကြည့်ရင်တော့ အတော်လေး အဆင်မပြေပါဘူး။ သို့ပေမယ့်လည်း ထိုခေတ် ထိုအခါက Box office မှာ ‌အောင်ပွဲခံခဲ့သလို ၂၀၀၅ ခုနှစ်မှာ Sequale (Deuce Bigalow: European Gigolo) ထွက်လိုက်ပါသေးတယ်။ ဒါရိုက်တာကတော့ Mike Mitchell ဖြစ်ပြီး သူ့ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ မြန်မာပြည်သူပြည်သားအပေါင်း ကပ်ကြီးသုံးပါးဘေးမှ အမြန်ဆုံးလွန်မြောက်ရပါစေ။ အညွှန်းနဲ့ ဘာသာပြန် TLone ဖြစ်ပါတယ်။ File size…(1.7 GB)/(999 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by T Lone

Mystery • Thriller • Horror
0 1999
Deuce Bigalow: Male Gigolo