YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Never Give Up E13 (1080p) CM.mp4

329.9 MB N/A video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Night Blooms
5

ရုပ်ရှင်ဆိုတာ မက်ဆေ့တစ်ခုခုပေးနိုင်ရပါတယ်။ ဘာမက်ဆေ့မှ မပေးတဲ့ ခံစားရုံသက်သက်လို့ ဂျင်းထည့်ကြတာတွေက ဇာတ်ညွှန်းမရှိ ဘတ်ဂျက်မနိုင်လို့ အဆင်ပြေသလိုရိုက်ပြီး အဓိပ္ပာယ်မရှိမှ လျှောက်အာရွှီးတာတွေပါပဲ။ အကောင်းဆုံးရုပ်ရှင်တွေကိုကြည့်ပါ။ IMDb ထိပ်ဆုံးကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူ့ထက်ကောင်းတဲ့ကား ဘာမှမရှိတဲ့ Shawshank Redemption ကနေဆို မျှော်လင့်ချက်ထားသင့်ကြောင်း မက်ဆေ့အကြီးကြီးရသလို Star Wars တို့မှာဆိုလည်း ယူတတ်ရင် မက်ဆေ့တွေချည်းပါပဲ။ ကျွန်တော်အသည်းစွဲ တစ်နေ့၂ကားအထိ ကြည့်နေကျ ဘောလိဝုဒ်နဲ့ တမီးလ်ကားတွေမှာလည်း မက်ဆေ့မပါတဲ့ ကားလုံးဝမရှိသလို ဒိုင်ယာလော့တွေနဲ့ ထိထိမိမိကို မက်ဆေ့ပေးနိုင်တဲ့ ရုပ်ရှင်တွေပါပဲ။ ကြည့်ဖူးတဲ့သူတွေ သိကြမှာပါ။ အခုရုပ်ရှင်ကလည်း မက်ဆေ့ကို ထိထိရောက်ရောက်ပေးနိုင်တဲ့ Coming Of Age ရုပ်ရှင်တစ်ကားပါပဲ။ သိပ်ချစ်ကြတဲ့ သူငယ်ချင်းမလေးနှစ်ယောက်ရှိတယ်။ သူတို့အတူတူ တီးဝိုင်းထောင်ထားပြီး တစ်ယောက်အိမ် တစ်ယောက် ဝင်နေထွက်နေကျဆိုတော့ သိပ်ခင်ကြတာပေါ့။ တစ်နေ့ကျတော့ တစ်ယောက်က တစ်ယောက်ရဲ့ အဖေကို ကြိုက်မိသွားပြီး တစ်ယောက်ရဲ့ အဖေနဲ့ အိပ်ရဖို့ ကြံတယ်။ နောက်ဆုံး ပါသွားတာပေါ့။ အဲဒီနောက်ဆက်တွဲတွေအကြောင်းပါပဲ။ ပညာပေးကားလား ဘာလားတော့ မသိပေမဲ့ လိင်ဆက်ဆံခန်းတွေ ၃ခန်းလောက်ပါတာမို့ မိသားစုနဲ့တော့ ကြည့်ဖို့မသင့်ပါဘူး။ Jessica Clement ဆိုတဲ့ မင်းသမီးချောလေးက သရုပ်ဆောင်ထားပါတယ်။ လောကကြီးမှာ မဖြစ်သင့်တာတွေကို လုပ်မိတဲ့အခါ ဘာတွေဖြစ်တတ်လဲ အားလုံးပညာယူနိုင်ရန်အလို့ငှာ မက်ဆေ့အကြီးကြီးပေးသွားတဲ့ ရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်။ ရုပ်ရှင်ဆိုတာ မက်ဆေ့ယူဖို့ပဲမဟုတ်လား။ ဇာတ်ကားကောင်းကောင်းလေးလားဆိုတာတော့ အာမ,မခံပေမဲ့ မက်ဆေ့‌ကောင်းကောင်းလေးတော့ရဖို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___"မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 555MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 38Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Horror • Music
5 2022 98 mins
Night Blooms
The Monkey King
8.6

နက်ဖလစ်ရဲ့ ကာတွန်းရုပ်ရှင်အသစ်လာပါပြီ။ နာမည်အတိုင်းပါပဲ မရိုးနိုင်တဲ့ စွန်းဝူခုန်းဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့ ဇာတ်လမ်းကိုနည်းနည်းပြောင်းထားပြီး ဟာသတွေ၊ အက်ရှင်ကောင်းကောင်းတွေကို ပုံကောင်းကောင်းနဲ့ ပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖန်တရာတေပါပဲ ကျောက်ဆောင်တစ်ခုကနေ မွေးဖွားလာတဲ့မျောက်ဟာ စွမ်းအားတွေရှိနေပါတယ်။ ဒါပေမဲ့ သူ့ကို မျောက်တွေက လက်မခံသလို နတ်တွေကလည်း လက်မခံတာကြောင့် တစ်ယောက်တည်းဖြစ်နေပါတယ်။ အဲဒီတော့ သူဟာ နတ်ပြည်မှာနေရာရဖို့ မသေမျိုးဖြစ်အောင်ကြိုးစားရင်းနဲ့ ငရဲမင်း၊ နဂါးမင်း၊ နတ်မင်းတွေ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရပုံကို ပြထားတာပါ။ ကြည့်လို့ကောင်းပါတယ်။ ကြည့်လိုက်ပါဦး။

Action & Adventure • Drama • War & Politics
8.6 2023 92 mins
The Monkey King
10 Cloverfield Lane
7

စကားလုံးတွေ ကင်းမဲ့နေတဲ့ New Orleans မြို့ရဲ့ညနေခင်းတစ်ခုရဲ့မြစ်ရေပြင်ကို သူမနေတဲ့ Apartment ခန်းလေးကနေလှမ်းမြင်နေရတယ်။ ဒါပေမဲ့ သူမကတော့ ထိုရှုခင်းလေးကို ခံစားဖို့စိတ်မဝင်စား။ ခရီးဆောင်အိတ်ထဲကို အဝတ်အစားတစ်ချို့ခပ်မြန်မြန်သွပ်ထည့်နေလေတယ်။ အနီးအနားမှာ ရှိတဲ့ ပေကြိုးနှစ်ကြိုးစ သုံးကြိုးစကို လှမ်းမြင်ရတော့ သူမသည် အဝတ်အထည်ချုပ်ခြင်း စသော Designer အလုပ်ကို လုပ်ကိုင်သူ (သို့မဟုတ်) စိတ်ဝင်စား လေ့လာနေသောသူတစ်ယောက်ဖြစ်နိုင်သည်ဆိုသည်ကို ခန့်မှန်းနိုင်ပေတယ်။ ကဗျာကယာ ထုပ်ပိုးပြီး ခရီးဆောင်အိတ်ကို ဆွဲပြီး အခန်းထဲက ထွက်သွားတော့ စားပွဲပေါ်မှာ တင်ထားခဲ့တာက စေ့စပ်လက်စွပ် (သို့မဟုတ်) လက်ထပ်လက်စွပ် တစ်ကွင်းနဲ့အိမ်သော့တစ်ချောင်း … ညက မှောင်သထက်မှောင်လာတယ်။ သူမတစ်ယောက်တည်း မောင်းနေတဲ့ကားဘီးလေးက Louisiana ရဲ့တောလမ်းကတ္တရာပေါ်မှာ။ ထိုစဉ် Phone call တစ်ခုဝင်လာတယ်။ (နာမည်က Ben တဲ့)။ သူမ ကိုင်လိုက်ပါတယ်။ စကားကတော့ တစ်ခွန်းမှ မပြောဘူး။ သူမက ကားမောင်းနေတော့ Phone Speaker ထားတာကြောင့် Ben ဆိုတဲ့ ဟိုဘက်ကလူပြောတဲ့ စကားတွေကတော့ အတိုင်းသားကြားနေရတယ်။ “Michelle, please come back.” ထို့နောက်ဆက်ပြောတာက “Running away isn’t going to help anything.” တဲ့။ ချစ်သူရည်းစား ထွက်သွားတော့ ပြန်လာဖို့ကို Boyfriend လုပ်သူက သနားကြင်နာစွာနဲ့တောင်းဆိုနေဟန်ပါပဲ။ သူမ Phone ကို ချလိုက်တယ်။ နောက်တစ်ခါ Phone ပြန်ဝင်လာတော့ သူမ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်နေပြီ။ အာရုံတွေ ထွေပါးလာပြီး စဉ်းစားရကြပ်နေတုန်း အချိန်မှာ သူမကားကို တစ်ခြားကားတစ်စီးက ဝင်တိုက်လိုက်တယ်။ ကစဉ့်ကလျားဖြစ်သွားတဲ့ သူမရဲ့ကားလေး လမ်းမပေါ်ကနေထိုးကျပြီး အမှောင်ထုထဲသို့မှောက်ကျသွားတယ်။ (10 Cloverfield Lane) သူမ သတိရလာတော့ အခန်းကျဉ်းလေးတစ်ခုတည်းရဲ့အိပ်ယာလေးပေါ်မှာ ရောက်နေတယ်။ သူမ ဒဏ်ရာရရှိနေတဲ့ ခြေထောက်တစ်ဖက်ကို ပတ်တီးစည်းထားပေမဲ့ ရုန်းဖို့ကြိုးစားလိုက်တဲ့အခါ သူမရဲ့ခြေထောက်ကို နံရံနဲ့ခြေထိပ်ခတ်ထားတယ်ဆိုတာ သိလိုက်ရတယ်။ သူမရဲ့မလှမ်းမကမ်းနားမှာ ရှိနေတဲ့ သူမရဲ့ပစ္စည်းတွေထဲက ဖုန်းကိုရအောင်ယူနိုင်ပေမဲ့ Signal မရှိသောကြောင့် မည်သူ့ကိုမှ အကူအညီခေါ်ရန်မဖြစ်နိုင်တော့။ ထိုစဉ် သူမရဲ့ထိုအခန်းလေးကို သော့ခတ်ထားတဲ့ လေးလံသော သံတံခါးကြီး ပွင့်လာတော့ လူဝကြီးတစ်ယောက် ဝင်လာတယ်။ “ရှင် ကျွန်မကို ဘာလုပ်မှာလဲ?” လို့ မေးလိုက်တဲ့ သူမရဲ့မေးခွန်းကို ထိုလူဝကြီး ဖြေလိုက်တဲ့ အဖြေက “ငါ မင်းကို အသက်ရှင်အောင် ထားဖို့”တဲ့။ ထို့နောက် ထိုလူကြီးက ရှင်းပြတယ်။ အပြင်မှာ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်တဲ့။ ကြီးမားတဲ့ တစ်ခုပဲတဲ့။ ဘယ်သူတွေလဲတော့ အတိအကျမပြောနိုင်ဘူးတဲ့။ Chemical စစ်ပွဲ (ဒါမှမဟုတ်) Nuclear စစ်ပွဲကြီးတစ်ခု ဖြစ်နိုင်တယ်တဲ့။ သေချာတာတစ်ခုကတော့ အပြင်မှာ ရှိတဲ့ လူသားတွေအကုန်လုံးသေကုန်ကြပြီတဲ့။ အခု သူမရောက်ရှိနေတဲ့ နေရာက စစ်ပွဲတွေရဲ့ရန်ကို ရှောင်ပုန်းနေထိုင်ရန် တည်ဆောက်ထားသော Bunker တစ်လုံးပဲဖြစ်တယ်ဆိုပြီး ပြောပြတယ်။ အခန်းထဲက ထိုလူကြီးထွက်သွားတော့ သူ့နာမည်ကို လှမ်းပြောပြတယ်။ “Howard” တဲ့။ ---------------------------------------------------------------------------------- ဒီဇာတ်ကားနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ 3 လ လောက်ကထိ ကျွန်တော်တို့ဘာမှ မသိခဲ့ရပေ။ January လလယ်လောက်က ဖြစ်မယ်ထင်တယ်။ Online မှာ 10 Cloverfield Lane ဆိုပြီး Trailer လေးတစ်ခု ပေါ်လာတယ်။ Cloverfield ဆိုတဲ့ နာမည်ပါနေတော့ ပထမဆုံးထင်လိုက်တာက 2008 လောက်ကထွက်ခဲ့တဲ့ Director Matt Reeves ရဲ့Cloverfield ဆိုတဲ့ Found Footage Style ဂြိုလ်သားကားရဲ့အဆက်ဖြစ်မယ်လို့ထင်လိုက်မိတယ်။ ဘာလို့လဲဆိုတော့ ထုတ်လုပ်သူ J. J. Abrams နဲ့ Director Matt Reeves တို့က ထိုဇာတ်ကားရဲ့Sequel ကို ရိုက်ကူးမယ်လို့ပြောလာခဲ့တာ ကြာပြီလေ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်မှာတော့ ထို sequel အကြောင်းလူပြောနည်းသွားပြီး လူတွေရဲ့စိတ်ဝင်စားမှုနယ်ပယ်ကနေ တိတ်တဆိတ်ထွက်ခွာသွားခဲ့တယ်။ (လွန်ခဲ့တဲ့ 2 လခန့်လောက်အထိပေါ့။) ဒါဟာ အမှန်တော့ ကျွန်တော်တို့သတိမထားမိတဲ့ ရုပ်ရှင်ပညာရဲ့ လှည့်ကွက်တစ်ခုပဲ။ နောက်တစ်ခု ထပ်မေးပါရစေ။ Director Dan Trachtenberg ဆိုတာ ကြားဖူးလားလို့။ ကျွန်တော်လည်း အမှန်တိုင်းပဲ ဖြေပါ့မယ်။ ကျွန်တော်တစ်ခါမှ မကြားဖူးပါဘူး။ ဘယ်ကြားဖူးပါ့မလဲ? ဒီဇာတ်ကားဟာ သူ့ရဲ့ပထမဆုံး Director အဖြစ် ရိုက်ကူးတဲ့ ဇာတ်ကားလေ။ ထူးခြားတာတွေက ဇာတ်ကားတစ်ကားမှာ ဇာတ်ကောင်တွေနည်းလေး ပိုပြီး ကောင်းအောင်ရိုက်ကူးနိုင်လေပဲ။ ကျွန်တော်တို့တွေ 2000s ပြည့်နှစ်နောက်ပိုင်းရဲ့First Time Directors တွေကို ကြည့်လိုက်မယ်ဆိုရင် Duncan Jones ရဲ့Moon, Rian Johnson ရဲ့Brick, Colin Trevorrow ရဲ့Safety Not Guaranteed, Gareth Edwards ရဲ့Monsters, Josh Trank ရဲ့Chronicle, Alex Garland ရဲ့Ex Machina တို့ကို ကြည့်လိုက်မယ်ဆိုရင် first time directors တွေ ရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေဟာ အလွန်ကို ကောင်းမွန်နေခဲ့တာကို အသိသာကြီးတွေ့နိုင်တယ်။ ထိုကဲ့သို့ပဲ ယခုဇာတ်ကားက director သည်လည်း သူ့ရဲ့ပထမဆုံး ဇာတ်ကားကို အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တာကို တွေ့ရတယ်။ 10 Cloverfield Lane သည် small movie ဆိုသည့်အတိုင်း ပါဝင်တဲ့ ဇာတ်ကောင်အရေအတွက်ကလည်း 3 ယောက်ပဲရှိတယ်။ Howard ရယ် Michelle ရယ် Emmett ရယ် (Emmett ဆိုတာက ထို Bunker ထဲမှာ ရှိတဲ့ တတိယဇာတ်ကောင်)။ Howard နဲ့ Michelle ရဲ့ဇာတ်ကောင်တွေဟာ အဓိကဇာတ်ကောင်တွေဆိုရင် Emmett သည် သူတို့နှစ်ဦးရဲ့ကြားထဲမှာ ရှိတဲ့ ထိုဇာတ်ကောင် နှစ်ယောက်ကို ဆက်စပ်ပေးသော ဇာတ်ကောင်ပင်ဖြစ်တယ်။ Howard အဖြစ် John Goodman က တစ်သက်တာ အကောင်းဆုံးလို့ပြောလို့ရလောက်အောင် သရုပ်ဆောင်ထားပြီး Michelle အဖြစ်ကတော့ Mary Elizabeth Winstead နဲ့ Emmett အဖြစ် Short Term 12 ထဲက John Gallagher Jr. က သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ John Goodman ကြီး အရမ်းကောင်းတယ်ဆိုတာ ပေါ်လွင်နေပေမဲ့ ဒီဇာတ်ကားဟာ မော်တော်ကားတစ်စီးဆိုရင် ကားမောင်းတဲ့သူဟာ Mary Elizabeth Winstead ပဲ။ သူမကို ယခုလို ဇာတ်ကောင်မျို းနဲ့ကျွန်တော်တို့တွေ Remake “The Thing” မှာမြင်ခဲ့ဖူးပြီဆိုတော့ ယခုဇာတ်ကားဟာ ဒုတိယအကြိမ် Mary Elizabeth Winstead ရဲ့သည်းထိပ်ရင်ဖို ဇာတ်ကောင်ပါပဲ။ သူမရဲ့မျက်လုံးတွေမှာ မည်သည့်အခွင့်အရေးပင်ဖြစ်စေ ရရင် ရသလို ယူမယ်လို့ကြိုးပမ်းနေတဲ့ အရိပ်အယောင်တွေကို အမြဲတစေလို တွေ့မြင်ရတယ်။ ထုံးစံအတိုင်း ဒီဇာတ်ကားဟာလည်း သူမရဲ့Journey အမြင်နဲ့ပဲရိုက်ကူးထားတယ်။ ခုနောက်ပိုင်းထိုကဲ့သို့သော ဇာတ်ကားတွေ ပိုမိုများပြားလာသလိုပဲ။ အခွင့်အရေးကို ရရင် ရသလိုအမြဲယူမယ်လို့ကြံစည်နေတဲ့သူမ တစ်ကယ်လည်း အခွင့်အရေးတွေရတိုင်း ယူခဲ့ပါတယ်။ အောင်မြင်ခဲ့လား ကျဆုံးခဲ့လားဆိုတာကိုတော့ စာဖတ်သူတို့ပဲ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကားအကြောင်း နည်းနည်းပဲသိလေလေ ဒီဇာတ်ကားကို ကြည့်တဲ့အခါ ဒီဇာတ်ကား မည်မျှလောက် ကောင်းမွန်တယ်ဆိုတာ သိစေချင်လို့ပါ။ ဒီရုပ်ရှင်ဖြစ်လာတဲ့ အကြောင်းလေးကို နည်းနည်းပြောချင်ပါတယ်။ 2008 လောက်က ထွက်ခဲ့တဲ့ Cloverfield ဆိုတဲ့ ရုပ်ရှင်ကို သိတဲ့အချို့တော့ မှတ်မိလောက်မယ်ထင်ပါတယ်။ Found Footage Style ပုံစံမျို းနဲ့ရိုက်ကူးထားတဲ့n ဂြိုလ်သားလိုလို Monsters ကောင်တွေ America ကို ရောက်လာတဲ့ ရုပ်ရှင်ပါ။ ထိုဇာတ်ကားရဲ့အောင်မြင်မှုကြောင့် နောက်ဆက်တွဲဇာတ်ကားရိုက်ကူးမယ်လို့စီစဉ်ထားခဲ့ကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မလာခဲ့ပါဘူး။ 2012 လောက်က ထင်တယ်။ Josh Campbell နဲ့ Matt Stuecken ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာ နှစ်ယောက် ရေးသားခဲ့တဲ့ The Cellar ဆိုတဲ့ ဇာတ်ညွှန်းလေးကို J.J. Abrams ရဲ့ Bad Robot Productions က ဝယ်ယူခဲ့ပြီး Damien Chazelle ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာကို ပြန်လည် ရေးသားခိုင်းခဲ့တယ်။ (Damien Chazelle ဆိုတာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က နာမည်ကျော်ခဲ့တဲ့ Whiplash ဆိုတဲ့ ရုပ်ရှင်ကို ဇာတ်ညွှန်းရေးသားခဲ့တဲ့သူလေ။ အဲ့ဒါကြောင့်လည်း ဒီဇာတ်ကားမှာ Whiplash လို Suspense ဆန်ဆန် အငွေ့အသက်လေးတွေ တစ်ဝကြီး ရှုရှိုက်ခဲ့ရတာပေါ့။) ဒီအချိန်မှာ သူတို့ဘာသွားတွေ့ကြလဲဆိုတော့ ဒီဇာတ်ညွှန်းဟာ J.J. Abrams ပဲထုတ်လုပ်ခဲ့တဲ့ Cloverfield နဲ့ ဆင်တူတယ်ဆိုတာ တွေ့ ခဲ့ကြတယ်။ J.J. Abrams ကို ဒီဇာတ်ကားနဲ့ပတ်သက်ပြီး မေးတော့ same fictional universe မှာ ရှိနေတာ မဟုတ်နိုင်သလို Sequel လည်း မဟုတ်ဘူးတဲ့။ ဒါပေမဲ့ “blood relative” (သို့မဟုတ်) “spiritual successor.” လို့တော့ ပြောလို့ရတယ်တဲ့။ သူ့ဘာသာ ဘာပဲပြောပြောပါ။ ကျွန်တော့်အတွက်တော့ 10 Cloverfield Lane သည် Cloverfield ထက် အဆပေါင်းထောင်သောင်းမက ပိုမိုကောင်းမွန်တဲ့ အရည်အသွေးပြည့်မှီတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာပဲ။ ဒီရုပ်ရှင်ကို ကြည့်နေရင်းနဲ့ပရိသတ်တစ်ချို့က ခန့်မှန်းရလွယ်တယ်လို့ပြောကောင်းပြောမိလိမ့်မယ်။ ဒါပေမဲ့ သေချာတာက ခန့်မှန်းရ လွယ်ကူနေတာတောင် တစ်ချို့ဇာတ်ဝင်ခန်းတွေဟာ ပရိသတ်ရဲ့အသက်ရှုသံတွေကို မှားမိစေမှာ အမှန်ပါပဲ။ ရုပ်ရှင်ကြည့်ပြီး ပြန်လာတဲ့ ကျွန်တော်ဆိုရင် လက်တွေတုန်နေတာလေ။ ကြောက်လို့တော့ မဟုတ်ဘူး။ စိတ်တွေ လှုပ်ရှားခဲ့လွန်းလို့။ ဇာတ်လမ်းရဲ့စစချင်း မိနစ်တွေကနေ နောက်ဆုံး မိနစ်တွေအထိ ပရိသတ်စွဲဆောင်စေခဲ့ပါတယ်။ ဇာတ်လမ်းကို ခန့်မှန်းလို့ရတယ်ဆိုပေမဲ့ ဇာတ်ကောင်တွေရဲ့အလှည့်အပြောင်းတွေ ဒေါသတွေ လုပ်ဆောင်ချက်တွေဟာ အလွန်ကို ခန့်မှန်းရ ခက်စေလွန်းတယ်။ ရုပ်ရှင်ရဲ့ဇာတ်လမ်းတစ်နေရာမှာ ကျွန်တော်တို့မတွေ့ရတဲ့ ဇာတ်ကောင်တစ်ယောက်ကို မိတ်ဆက်ပေးခဲ့တယ်။ နာမည်က Megan တဲ့။ ဒါပေမဲ့ ထို Megan ဆိုတဲ့ဇာတ်ကောင်ကပဲ ဇာတ်လမ်းရဲ့ဝှက်ဖဲတွေကို ဖော်ထုတ်ပေးနိင်ခဲ့တယ်။ အခုလို ဇာတ်လမ်းမှာ မမြင်ရတဲ့ ဇာတ်ကောင်တဟ်ယောက်က ဇာတ်လမ်းရဲ့ဝှက်ဖဲကို ဖော်ပြနိုင်ခြင်းဟာ ရုပ်ရှင်ဇာတ်ကြောင်းပြောတဲ့ နေရာမှာ ခက်ခဲလွန်းတာကို ရုပ်ရှင်ချစ်ပရိသတ်တွေ သိကြမှာပါ။ ထို့အပြင် ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းပြောပုံက အခြေအနေတွေနဲ့ဇာတ်ကောင်တွေရဲ့ဆက်ဆံရေးတွေ တင်းကြပ်လာပုံကို ဘာနဲ့ဥပမာပေးရမလဲဆိုရင် Screw ရစ်သလိုပဲလို့ဥပမာပေးရမလိုပဲ။ တစ်ဖြည်းဖြည်းနဲ့ပိုရစ်လာလေ ပိုမိုတင်းကြပ်လာလေလေနဲ့နောက်ဆုံးမှာ အတင်းကြပ်ဆုံး နေရာအဆုံးတစ်ခုကို ရောက်ရှိလာတော့တာပဲ။ ကျွန်တော့်အတွက်တော့ ကမ္ဘာပျက်ခြင်းဟာ အပြင်လောကမှာဖြစ်ပျက်နေတယ်လို့မခံစားခဲ့ရပဲ ထို Bunker လေးထဲမှာပဲ ထိုလူ 3 ယောက်ရဲ့ဆက်ဆံရေးတင်းမာလာပုံဟာ ကမ္ဘာပျက်ခြင်းပဲဆိုတဲ့ ကြောက်ရွံ့ခြင်းတွေကို ပေးစေခဲ့တာပါ။ ဇာတ်ကောင် 3 ယောက်က စားပွဲတစ်ခုမှာ ဖဲကစားနေကြတယ်ဆိုရင် တစ်ယောက်ယောက်ဆီမှာတော့ ဝှက်ဖဲတစ်ချပ်ရှိနေခဲ့တယ်။ ကျွန်တော့်ကို လူတစ်ယောက်က မင်းရဲ့အကြိုက်ဆုံး Movie Genre ကိုပြောပါဆိုရင် Sci-fi thriller ပဲ။ 10 Cloverfield Lane က sci-fi နည်းနည်းနဲ့Thrilling ကိုတော့ ဒီဂရီအမြင့်ဆုံးထိ ရောက်အောင်မြှင့်ပေးခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောပါမယ်။ 10 Cloverfield Lane သည် 2016 အတွက် ကျွန်တော် ကြည့်ဖူးသမျှဇာတ်ကားတွေထဲတင် အကောင်းဆုံးဇာတ်ကားတစ်ကားပင်ဖြစ်ပါသည်။ --------------------------------------------------------------------------------- ဇာတ်ကားရဲ့အစကနေပြီး နောက်ဆုံးခန်းအထိ ပရိသတ်တွေရဲ့စိတ်ကူးတွေထဲမှာ မေးမြန်းနေမဲ့ မေးခွန်းတွေကတော့ .. Howard သည် Michelle ကို လိမ်လည် လှည့်ဖြားခေါ်ဆောင် ဖမ်းဆီးထားတာလား? တတိယဇာတ်ကောင်ဖြစ်သူ Emmett ကရော ယုံကြည်ရမဲ့သူလား? Howard ရဲ့အပေါင်းအပါလား? Howard ရဲ့အတိတ်တွေမှာ ဘာတွေ ရှိခဲ့သလဲ? သူသည် မည်ကဲ့သို့သော လူတစ်ယောက်နည်း? ဒါမှမဟုတ် … သူတို့အမှန်တွေပဲ ပြောနေတာလား? အပြင်မှာ တစ်ကယ်ပဲ ကြီးမားတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ပျက်ခဲ့ပြီး လူသားတွေ သေဆုံးသွားကုန်ကြပြီလား? ဒါမှမဟုတ် .. အဆိုးဆုံးက ထိုမေးခွန်းတွေ အကုန်လုံးက အမှန်တွေပဲလား? ထို့အပြင် ပို၍ စိတ်ဝင်စားဖို့ကောင်းခဲ့သည်မှာ Cloverfield ရဲ့ အဆက်လား? အဆက်မဟုတ်ရင် 10 Cloverfield Lane ဆိုတဲ့ နာမည်က ဘာလဲ? ထိုအဖြေတွေကို ယခု စာဖတ်သူသိချင်နေပါသလား? ကျွန်တော်ကိုယ်တိုင်လည်း မဖြေပါ။ အဘယ့်ကြောင့်ဆိုသော် စောစောက အထက်မှာ ပြောထားတဲ့အတိုင်း ဒီဇာတ်ကားအကြောင်း မသိလေ၊ ဒီဇာတ်ကားက ပိုကောင်းလေပဲဆိုတာပဲ။ အဲ့ဒီ့တော့ တစ်ခြားလူတစ်ယောက်က သင့်ကို Spoil မလုပ်ခင် အခွင့်အရေးရရင် အမြန်ဆုံး ကြည့်စေချင်တယ်လို့ပဲ ပြောလိုက်ပါရစေတော့။ ဘာကြောင့်လဲဆိုတော့ ဒီဇတ်ကားက ပေးတဲ့ “Mystery Box” ကို သင်ကိုယ်တိုင်ပဲ ဖွင့်လိုက်စေချင်လို့ပဲဗျာ။ ဒီဇာတ်ကားကြည့်ပြီး Poster မှာရေးထားတဲ့ စာသားလေးဟာ အလွန်မှန်တယ်ဆိုတာ သိခဲ့ရတယ်။ “Monsters come in many forms.” ဆိုတာပဲ။ အပြင်လူ့လောကမှာလည်း တစ်ကယ်တော့ Monsters တွေဟာ ပုံစံအဆင်သဏ္ဍာန်မျို းစုံနဲ့ကျွန်တော့်တို့ဘဝတွေကို လာရောက်တတ်ကြတယ်လေ။ “People are strange creatures. You can't always convince them that safety is in their best interest.” ~WH~ (ရုပ်ရှင်အညွှန်းကို Movies-we watch,we feel.'s FB Page မှကူးယူဖော်ပြပါသည်။) “People are strange creatures. You can't always convince them that safety is in their best interest.” ~WH~   File size…(853MB) Quality…BR-Rip 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Action & Adventure • Drama
7 2016 104 mins
10 Cloverfield Lane
Kill Shot

Genre – Action အာဖဂန်နစ္စတန်ကနေ ပျံသန်းလာတဲ့ လေယာဉ်လေးတစ်စင်းပေါ်မှာ ဒေါ်လာ ၁၀၀ မီလီယမ် ပါလာခဲ့တယ်။ ပြီးတော့ အဲဒါက အမေရိကန်-ကနေဒါ နယ်စပ်နားလောက်မှာ ပျက်ကျသွားရော။ အဲဒီမှာ စစ်သည်ကြေးစားတစ်သိုက်ဟာလည်း မုဆိုးယောင်ဆောင်ပြီး ဒီပိုက်ဆံတွေကို လာရှာကြပါတော့တယ်။ ဂျက်ဆန်ဆိုတာက သမီးလေးကိုလည်း ဆုံးရှုံးထားပြီး ဇနီးဖြစ်သူကပါ ဖောက်ပြန်ကာ ငွေအခက်အခဲဖြစ်ပြီး ဘဝပျက်နေတဲ့ ကြုံရာ ကျပန်း အလုပ်သမားတစ်ယောက်ပေါ့။ အဲဒီမှာ သူငယ်ချင်းရဲ့ ချိတ်ဆက်မှုနဲ့ ဖောက်သည် တစ်ယောက် တောင်ပေါ် အမဲလိုက်ချင်လို့ လမ်းပြလုပ်ပေးပါလား တောင်းဆိုတော့ လက်ခံလိုက်တဲ့အခါ ဖောက်သည်က ငယ်ငယ်ချောချော ကောင်မလေး ဖြစ်နေပြီး နှစ်ယောက်တူတူ အမဲလိုက်ထွက်လာချိန် လေယာဉ်ပျက်ကျတဲ့နေရာက ပိုက်ဆံတွေ တွေ့ကြပြီး ဘာဆက်ဖြစ်မလဲ ကြည့်ရမယ့် အက်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားအကြောင်း အများကြီး မပြောလိုပေမဲ့ မင်းသမီးချောချောလေးက တောထဲမှာ မဆီမဆိုင် ဖင်ပြောင်လေးနဲ့ ပြေးလိုက် အပေါ်အကျ်ီ ချွတ်လိုက်နဲ့ မျက်စိ ပဒေသာတော့ ဖြစ်စေရမှာ သေချာပါတယ်။ File size…3.36GB / 1.27GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

0 2023 93 mins
Kill Shot
Nam Naani Madve Prasanga

Nam Naani Maduve Prasanga (2023) =================================== ကန်နာဒါစကားပြော ဟာသကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ အိန္ဒိယမှာ လယ်စိုက်တဲ့ တောင်သူအမျိုးသားတွေဟာ ကြင်ဖက်ရှာဖို့ အင်မတန့်အင်မတန် ခက်ခဲနေလျက်ရှိပါတယ်။ ဒီရုပ်ရှင်ထဲက ဇာတ်လိုက် နာနီဟာလည်း အသက် ၃၇ ရောက်တဲ့ထိ ဘိုထီးသီချင်းထဲကလို တစ်ကောင်တည်းမျက်စိလည်နေဆဲဖြစ်တဲ့ တောင်သူလူပျိုကြီးဖြစ်ပါတယ်။ အသက် ၃၇ ရောက်တဲ့ထိ အဖြစ်မရှိသေးတဲ့ လူပျိုကြီးနာနီ့ကို မိသားစု၊ အပေါင်းအသင်းတွေက သတို့သမီးရှာပေးဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်တာကို လယ်သမားအမျိုးသားတွေ အိမ်ထောင်ဖက်ရှာဖို့ခက်ခဲနေတာကို မီးမောင်းထိုးပြထားတဲ့ ဒီရုပ်ရှင်ထဲမှာ ဟာသစွက်ပြီး မြင်ရမှာပဲဖြစ်ပါတယ်…။ ( ဒီရုပ်ရှင်ကိုတော့ စီအမ်ရဲ့ ဘောလိဝုဒ်အဖွဲ့က ဘာသာပြန် အညွှန်းရေးသားထားပါတယ်။ ) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

0 2023
Nam Naani Madve Prasanga
Melodate

Melodate (2024) ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အဆောင်နေဘော်ဒါ တက်တဲ့သူနဲ့ မြို့ထဲကနေ ကျုရှင်တတ်တဲ့သူဆိုပြီး ဆယ်တန်းဘဝမှာ ကျောင်းသားနှစ်မျိုးရှိခဲ့တာပေါ့။ အဆောင်နေတဲ့သူတွေကတော့ မိဘကထိန်းရတာ လက်လန်လို့ ဆရာတို့ပဲထိန်းတော့ဆိုပြီး ဘော်ဒါအပ်ခံရတဲ့သူနဲ့ နယ်ဝေးကနေလာပြီး ကျောင်းတက်ရလို့ အဆောင်နေတဲ့သူ နှစ်မျိူးကွဲတာပေါ့။ ကိုယ်တွေကတော့ ပထမတန်းစားထဲကပေါ့ အိမ်မှာလဲ မိဘကမနိုင် အဆောင်ရောက်တော့လဲ အဆောင်မှူးကို မွေလိုက် ဂိုက်ဆရာမတွေကို စလိုက်နဲ့ ဗရုတ်သုတ်ခကောင်တွေပေါ့။ ဒီလိုအဆောင်နေအဆောင်စား ကျောင်းသားဘဝလေးကလဲ တစ်မျိုးတော့ လွမ်းချင်စရာပါပဲ။ ခုဇာတ်ကားလေးကလဲ အင်ဒိုကနေ ရိုက်ထားတဲ့ Family Drama ဇာတ်ကားလေးဖြစ်ပြီးတော့ ဒီလိုအဆောင်နေကျောင်းသားဘဝအကြောင်းလေးကို ပျော်ရွှင်စရာ လွမ်းမောစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသမီးက အော်ကြောလန် အဖေဖြစ်သူက လန်ဒန်ထိပို့ထားတာတောင် အိမ်ပြန်လာပြီး သောင်းကျန်းတဲ့ကျောင်းသူ နောက်ဆုံးတော့ အဖေဖြစ်သူလဲ မနိုင်တော့တာနဲ့ ဂျာကာတာမြို့က စည်းကမ်းအကြပ်ဆုံး အဆောင်မှာနေဖို့ သမီးဖြစ်သူကိုလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ နဂိုကတည်းက ခြေထောက်မှာဗွေပါတဲ့သူက ထိပ်တုံးခေတ်ထားရင်တောင် ထိပ်တုံးမပြီး လျှောက်လည်တဲ့သူဆိုတော့ သမီးဖြစ်သူက အဆောင်မှာပါ ဇာတိပြပါလေရော။ အဆောင်က စည်းကမ်းတွေလိုက်ဖောက်နေရာကနေ အဆောင်မှူးဆရာမကြီးရဲ့ သားဖြစ်သူနဲ့တွေ့ဆုံမိတဲ့အခါမှာတော့ ဆရာမကြီးကိုပဲ သူ့ဘက်ပါအောင် စည်းရုံးနိုင်မလား သူပဲ စည်းကမ်းတွေကို လက်လျော့ပြီး လိုက်နာနိုင်မလာဆိုတာ ဇာတ်လမ်းမြုးမြုးလေးနဲ့ ကြည့်ရှုအားပေးလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.2GB | 615MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2024
Melodate
A Greek Recipe for Romance
6.5

နယူးယောက်မှာ ဟိုတယ်မန်နေဂျာအဖြစ် ရာထူးတိုးဖို့ မျှော်လင့်ထားတဲ့ အက်ဘီတစ်ယောက် ဝန်ထမ်းလျှော့တဲ့အထဲပါသွားပြီးနောက် သူ့အမေရှိတဲ့ ဂရိကိုသွားလည်ခဲ့တယ် ဂရိမှာလဲ သီရိုတစ်ယောက် ၂ပတ်အတွင်း စားသောက်ဆိုင်မဖွင့်ရင် အမေဖြစ်သူရဲ့ဆိုင် အသိမ်းခံရတော့မှာကြောင့် အပူတပြင်းဖြစ်နေပြီး သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးရာကနေ အက်ဘီနဲ့ အချင်းချင်းသိသွားပြီး နှစ်ယောက်သား စားသောက်ဆိုင်ကိုဖွင့်တာ အဆင်ပြေသွားကြမှာလား သီရိုရဲ့ ဘဝလမ်းကြောင်း ရွေးချယ်မှုအပေါ် သဘောမကျဖြစ်နေတဲ့ အဖေကရော စားသောက်ဆိုင်မဖွင့်ဖြစ်အောင် ဘယ်လိုတွေတားဆီးနှောက်ယှက်မလဲဆိုတာကိုတော့ A Greek Recipe for Romance ဆိုတဲ့ ကားလေးကို ကြည့်ရှုပေးကြပါဦး File size…(1.4 GB)/(730 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

6.5 2024
A Greek Recipe for Romance
Grave Torture
7.1

အခုတင်ဆက်ပေးမဲ့ Horror ဇာတ်ကားလေးကတော့ တွေ့မြင်နေကျ Horror ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ အင်ဒိုနီးရှားဇာတ်ကား လေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Siksa Kubur (Grave Torture) ဖြစ်ပြီး IMDb Rating 7.1 အထိ ထိုက်ထိုက်တန်တန် ရရှိထားပါတယ်။ အစ္စလာမ်တွေမှာအရင်တုန်းက ဇာတ်ကားနာမည်အတိုင်းအုတ်ဂူ နှိပ်စက်ခြင်းဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ပြီး လက်ရှိယုံကြည်နေတဲ့ ဘာသာဝင်တွေလည်း ရှိပါသေးတယ်။ အုတ်ဂူနှိပ်စက်ခြင်းကဘာလဲလို့ဆိုရင်တော့ အသက်ရှင်စဉ်မှာအပြစ်တွေ အများကြီးလုပ်ခဲ့တဲ့ အပြစ်သားတစ်ယောက်က သေဆုံးသွားရင် မင်းဘာဘုရားကိုကိုးကွယ်လဲလို့မေးတဲ့အခါ ယုံကြည်ခြင်းမရှိလို့ အလ္လာလို့မဖြေနိုင်တဲ့အခါ ကြီးမားတဲ့နှိပ်စက်ခြင်းတွေကိုအုတ်ဂူထဲမှာတင် ခံစားရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အဲ့ဒီအယူအဆအပေါ်မှာအခြေခံပြီး ဒီဇာတ်ကားကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆီတာနဲ့အာဒေးလ်ဆိုတဲ့ မောင်နှမ ၂ ယောက်က မိဘဖြစ်သူတွေနဲ့ မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ မိသားစုဖြစ်ပါတယ်။ စီးပွားရေးတွေ ကျဆင်းနေပေမဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုလေး အပေါ်မှာ တစ်နေ့မှာတော့ကြမ္မာငင်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့ အထက်မှာပြောခဲ့တဲ့ အုတ်ဂူနှိပ်စက်ခြင်းကိုယုံကြည်ပြီး ကြောက်ရွံ့နေတဲ့ လူတစ်ယောက်ရဲ့အသေခံဗုံးခွဲမှုကြောင့် သူတို့ရဲ့မိဘနှစ်ပါးဆုံးပါးသွားခဲ့ ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆီတာနဲ့အာဒေးလ်လည်း မိဘမဲ့တွေဖြစ်လာကြပြီး အစ္စလာမ်ဘော်ဒါကျောင်းတစ်ခုမှာ နေခဲ့ရပါတော့တယ်။ဒါပေမယ့် ဆီတာ့ စိတ်ထဲမှာတော့ အဲ့ဒီအုတ်ဂူနှိပ်စက်ခြင်းဆိုတာကြီးကိုမုန်းတီးနေခဲ့ပြီး တကယ်မရှိကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ကြီးလာတဲ့ အခါမှာတော့ အဲ့ဒီအရာကြီးတကယ်မရှိဘူးဆိုတာကိုသက်သေပြနိုင်ပါ့ မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ ကြည့်သင့်တဲ့ Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.62GB / 782MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7.1 2024
Grave Torture
Leah’s Perfect Gift
5.8

Leah’s Perfect Gift (2024) IMDb Rating (5.8) ချစ်ခြင်းမေတ္တာ၊ မိသားစုတန်ဖိုးနဲ့ လက်ဆောင်ပေးခြင်းရဲ့ အမှန်တကယ် အနက်ကို စိတ်ကူးယဉ်ဖွယ် ဖော်ပြထားတဲ့ “Leah’s Perfect Gifts” ဟာ 2024 ရဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရှင်တစ်ကားပါ။ Jessica Lowndes က Leah အဖြစ် ထူးချွန်စွာ သရုပ်ဆောင်ထားပြီး သူမဟာ လူတိုင်းရဲ့ နှလုံးသားကို ထိမိစေတဲ့ လက်ဆောင်တွေကို အမြဲမှန်ကန်စွာ ရွေးပေးနိုင်သူပါ။ ဒါပေမယ့် သူမရဲ့ ကိုယ်ပိုင်ဘဝမှာတော့ အမှန်တကယ် ပြည့်စုံတဲ့ လက်ဆောင်ကို ရှာဖွေရင်း ခရီးတစ်ခု စတင်လိုက်ပါတယ်။ Leah ရဲ့ ခရီးမှာ Christopher Russell က David အဖြစ် ပါလာပြီး ချစ်ခြင်းမေတ္တာရဲ့ အံ့ဖွယ်ကောင်းတဲ့ အခန်းတွေကို ဖြစ်လာစေပါတယ်။ Fiona Vroom က Mrs. Wilson အဖြစ် ပါဝင်ပြီး ဇာတ်လမ်းကို ပိုပြီး ကောင်းသွားစေသလို စိတ်ဝင်စားစရာ ကောင်းစေပါတယ်။ ဒါရိုက်တာ Terry Ingram ရဲ့ လက်ရာက ပရိသတ်ရဲ့ နှလုံးသားကို တစ်ချိန်တည်းမှာပဲ နူးညံ့စွာ ထိမိစေပြီး လက်ဆောင်တစ်ခုရဲ့ တန်ဖိုးဟာ ပစ္စည်းထက် ကျော်လွန်တဲ့ ခံစားချက်တွေဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ ရင်သပ်ရှုမောစရာ ချစ်ခြင်းမေတ္တာ၊ အပြုံးတွေနဲ့ အလှပဆုံး အမှတ်တရတွေကို ပေးစွမ်းတဲ့ “Leah’s Perfect Gifts” ဟာ မိသားစုနဲ့အတူ ကြည့်သင့်တဲ့ စိတ်လှုပ်ရှားဖွယ် ကားတစ်ကားဖြစ်ပြီး ပရိသတ်ရဲ့ နှလုံးထဲမှာ အမှတ်ရစရာ လက်ဆောင်တစ်ခုလို ထာဝရကျန်ရစ်စေမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.6 GB) / (880 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Crime • Action • Comedy
5.8 2024 84 mins
Leah’s Perfect Gift
Kidnapped
6.4

Kidnapped (2010) ********************** IMDb….6.4 ဒီဇာတ်ကားလေးကတော့ ၂၀၁၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Spanish Thriller ဇာတ်ကားတစ်ကားဖြစ်ပြီး Miguel Ángel Vivas က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီးတော့ နိုင်ငံတကာမှာလည်း ဆုပေါင်းများစွာကို ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆင်ခြေဖုံးရပ်ကွက်ကိုပြောင်းလာကြတဲ့ ဟိုင်မဲ၊ မာတာနဲ့ အီစာတို့မိသားစုဟာ တစ်ညမှာတော့ သူခိုးတွေရဲ့ဖောက်ထွင်းမှုကို ခံရပြီး သူတို့မိသားစု အဲဒီသူခိုးတွေရဲ့လက်ကနေ လွတ်အောင်ကြိုးစားကြပုံကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ဒါရိုက်တာရဲ့သေသပ်ပြောင်မြောက်လှတဲ့ရိုက်ကွက်တွေက ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသ အပြည့်အဝပေးပါတယ်။ IMDB မှာလည်း 6.4/10 rating ကို ရရှိထားပြီးတော့ သွေးသံတရဲရဲ Action Thriller ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Austin ပဲဖြစ်ပါတယ်…) File Size : 1.20GB/ 520MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:21:00 Genre : Action, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Austin Encoded by Tiff

Drama • Comedy
6.4 2010 85 mins
Kidnapped
All Hail
5.6

လိုက်မမီနိုင်အောင် တိုးတက်ပြောင်းလဲနေတဲ့၂၁ ရာစုမှာ လူငယ်လူရွယ်လေးတွေတောင် ဒုန်းစိုင်းခုတ်မောင်းကာ အပြေးလိုက်နေရချိန် အာဂျင်တီးနားနိုင်ငံ ဘွယ်နိုစိုင်းရက်စ်မြိုက မိုးလေ၀သ သတင်းတင်ဆက်သူကြီး မီဂဲလ် ဖလောရက်စ်ဟာ ကိုယ်တိုင်မိုးလေး၀သခန့်မှန်းပြီး ကိုယ်တိုင်တတင်ဆက်လာကာ အနှစ်၂၀ တိုင်အောင် အမှားမရှိဘဲ အမှားကင်းသူအဖြစ် ဂုဏ်သတင်ကျော်‌ဇောလှတယ်။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းကြောင့် သူ့ရဲ့မိုးလေ၀သတင်းကို လူငယ်တွေပါ စိတ်၀င်စားလာအောင် ပေါ်ပင်‌တွေလုပ်ပြီး အင်စတာဂရမ်မော်ဒယ်တွေကိုပါ ထည့်သာ သူမပျော်ရွှင်နိုင်တော့။ ဖလောရက်စ်ဟာ အတိတ်က သူမတားဆီးနိုင်ခဲ့တာတွေကို နောင်တရကာ မိုးလေ၀သအကြောင်းကို နှိက်နှိက်ချွတ်ချွတ်ကိုယ်တိုင်လေ့လာရာကနေ စွဲလမ်းလာခဲ့ပြီး စွဲလမ်းမှုကြောင့် အောင်မြင်ကျော်ကြားလာခဲ့တယ်။ ထိုအောင်မြင်ကျော်ကြားမှုကြောင့်ပဲ သမီးကိုပါ ဂရုမစိုက်နိုင် ဖြစ်‌ခဲ့ရတယ်။ သူနှစ်ရှည်လပေါင်းများစွာ တည်ဆောက်ထားခဲ့တဲ့ career တစ်ခုလုံးဟာ ခန့်မှန်းချက်မှားပြီး မိုးသီးမုန်တိုင်းတိုက်ခဲ့ခြင်းကြောင့် အဆုံးသတ်ဖိုဖြစ်လာခဲ့တယ်။ အနှစ် ၂၀ လုံးမှန်နေခဲ့ပေမဲ့ တစ်ခါလေးမှားတဲ့အခါမှာတော့ လူတွေရဲ့ သရုပ်မှန်ပေါ်လာတော့တယ်။ ဘ၀မှာအခက်ခဲနဲ့ကြုံတွေ့မှ မိတ်ဆွေစိတ် မိတ်ဆွေတုကို ခွဲသိရပြီး ကိုယ်တိုင်မေ့‌ေလျာ့နေခဲ့တဲ့ အ‌ရေးပါတဲ့အရ‌ာတွေကိုပါ သိလာပြီး တန်ဖိုးထားဖိုဖြစ်လာတတ်တာကြောင့် ဖလောရက်စ်တစ်ယောက် အခက်ခဲတွေကို ဘယ်လိုရင်ဆိုင်ပြီး ရှေ့ဆက်ဘယ်လိုမျိုးတွေ ဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုလိုကောင်း ရိုက်ကူးတဲ့ စပိန်ကား‌ကောင်းလေးတစ်ကားပါ။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:58:00 Genre… Psychological Drama, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Drama
5.6 2022 118 mins
All Hail
Gossip
5.9

Gossip (2000) IMDb Rating (5.9) / Rotten Tomatoes (28%) 2000 ခုနှစ် ဝန်းကျင် ရုပ်ရှင်တွေက ရသတစ်မျိုးပေးစွမ်းနိုင်လို့ ပရိသတ်တွေအကြိုက်ဖြစ်နေခဲ့တာပါ။ ယခု ရုပ်ရှင် Gossip က 2000 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thriller/Mystery ကားကောင်း တစ်ကား ဖြစ်ပါတယ်။ Casting အနေနဲ့လည်း James Marsden, Kate Hudson, Lena Headey တို့လို စတားတွေ ပါဝင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသားတစ်စု အပျော်အနေနဲ့ အတင်းအဖျင်း ကောလဟာလ တစ်ခုကို ဖန်တီးခဲ့ရာက အပျက်တွေ ဖြစ်ကုန်တဲ့ အကြောင်းပါပဲ။ Derrick, Jones နဲ့ Travis တို့ သုံးယောက် က သူငယ်ချင်းတွေပါ။ Derrick က ဆော်ကြည် ချမ်းသာပြီး လူသိများတယ်၊ သူငယ်ချင်း နှစ်ယောက်ကို သူ့အိမ်မှာ အလကား ပေးနေထားတာပါ။ တစ်ရက် သုံးယောက်သား ပါတီ တစ်ခု သွားကြရင်း Derrick က ကောင်မလေးတစ်ယောက်နဲ့ ငြိနေတုန်း သူ့မြင်ကွင်းထဲကို Naomi Preston ဆိုတဲ့ အချောအလှလေး တစ်ယောက် ဝင်လာပါတယ်။ Naomi က ချောလို့လှလို့ နာမည်ကြီးသလို ဘယ်ယောကျ်ားလေးနဲ့မှ ပတ်သတ်ဖူးခြင်း မရှိတာလည်း အားလုံး သိကြပါတယ်။ Naomi မှာ Beau ဆိုတဲ့ ကောင်လေး ရှိပြီး သူတို့ စုံတွဲ အရက်မူးပြီး အိပ်ခန်းထဲ နမ်းရှုပ်နေတာကို ရေချိုးခန်းထဲက Derrick က လှမ်းတွေ့တာပါ။ အဲ့ဒီည အိမ်ပြန်တဲ့လမ်းမှာ Derrick က သူငယ်ချင်း နှစ်ယောက်ကို Naomi နဲ့ သူ့ရည်းစားနဲ့ အတူနေ နေကြတဲ့ အကြောင်း ကောလဟာလ လုပ်ပြီး သတင်းလွှင့်ဖို့ တိုင်ပင်ခဲ့ပါတယ်။ သူတို့ လွှင့်လိုက်တဲ့ ကောလဟာလဟာ နောက်ဆုံး သူတို့ ကိုယ်တိုင် မထိန်းနိုင်တဲ့အခြေအနေ ဆိုက်ရောက်သွားတဲ့အခါ ဘာဆက်ဖြစ်မလဲ ကြည့်ကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size… (1.2 GB) / (630 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Thriller Duration….01:30:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Leonie

5.9 2000 90 mins
Gossip
The Prophecy: Forsaken
4.4

The Prophecy: Forsaken (2005) IMDb Rating (4.4) / Rotten Tomatoes (21%) နတ်ဆိုးတမန်-ဘီလီယယ်ရဲ့ရန်ကို ရှောင်နိုင်ခဲ့ပေမဲ့ ကမ္ဘာဖျက်စစ်ပွဲအကြောင်း ဘုရားနှုတ်တိုက်ချဟောထားတဲ့ ဗျာဒိတ်ကျမ်းကို တာဝန်ယူထားရသူ အယ်လီဆန်ခမျာမှာ ဒုက္ခငြိမ်းဖို့အရေးနဲ့ ဝေးနေရသေးတယ်။ လူသန်းထောင်ချီ အသက်ဆုံးကြရမယ့် ဒီစစ်ပွဲကို ဟန့်တားလိုစိတ်နဲ့ ဒီကျမ်းကိုရဖို့ တရကြမ်းလိုက်နေတဲ့ နတ်တမန်-စတာ့ခ်လက်က လွတ်အောင်ပြေးနေရင်းကနေ အဲဒီဗျာဒိတ်ရဲ့ အနက်အဓိပ္ပာယ်ကို ပိုသိလာတာနဲ့အမျှ သူလုပ်နေတာတွေက မှန်ရဲ့လားဆိုတာကိုပါ အယ်လီဆန်တစ်ယောက် ဒွိဟဝင်သလို ဖြစ်လာရချိန်မှာ သူဟာ လူသာမန်တစ်ယောက် မဟုတ်ဘူးဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့… … … Uprising နဲ့ ရှေ့ဆင့်နောက်ဆင့် ရိုက်ကူးခဲ့တဲ့ Forsaken ဟာ The Prophecy franchise ရဲ့ ၅ ကားမြောက်နဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပြီး အရှေ့ကားက မင်းသမီး Kari Wuhrer ပဲ အဓိကပြန်ပါထားပြီး ဒီဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း horror legend တစ်ပါးဖြစ်တဲ့ Tony Todd ကြီးကို main villain နတ်တမန် Stark အနေနဲ့ မြင်ရဦးမှာပါ။ ဒါ့အပြင် 90’s kid တွေ Mowgli အနေနဲ့ အဓိကသိကြမယ့် Jason Scott Lee ကိုလည်း အရန်ဇာတ်လိုက်အဖြစ် တွေ့ရဖို့လည်း ရှိပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Costanza ဖြစ်ပါတယ်။) File size…(1.6 GB) / (810 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:15:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Costanza

Romance • Comedy
4.4 2005 75 mins
The Prophecy: Forsaken
Mokshapatam
5.7

Mokshapatam (2025) “အိတ်တစ်လုံးဇာတ်လမ်း” မဆလာပရိတ်သတ်တို့အတွက် တေလဂူးသည်းထိပ်ရင်ဖို ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဂါယာထရီဆိုတဲ့ လူလတ်တန်းစား ကလေးအမေတစ်ယောက်ဟာ ဟိုတယ်ဝန်ထမ်းဖြစ်ပြီး ပိုအဆင်ပြေတဲ့ဘဝကို တောင့်တနေသူပါ သူတို့ အနှစ်နှစ်အလလ စုထားတဲ့ပိုက်ဆံက သူ့ယောကျာ်းသူငယ်ချင်းလက်ချက်ကြောင့် ဆုံးသွားတဲ့အတွက်လည်း ယောကျာ်းလုပ်သူကို စိတ်ပျက်လျက်ရှိပါတယ် ကံကောင်းချင်တော့ ဟိုတယ်ခန်းထဲမှာ တည်းခိုသူတစ်ယောက် မတော်တဆကျန်ခဲ့တဲ့ အိတ်တစ်လုံးကိုဖွင့်လိုက်ရာမှာ မမျှော်လင့်ထားတာကို တွေ့လိုက်ရပါတော့တယ် တစ်ဖက်မှာလည်း လူဆိုးတစ်သိုက်က အဲဒီအိတ်နဲ့ ပတ်သက်နေလေတော့ ဘာတွေဆက်ဖြစ်ကြမလဲ မဆလာပရိသတ်တို့ကပဲ ခံစားကြည့်ရှုလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama • Thriller • Western
5.7 2025 134 mins
Mokshapatam