YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Never Give Up E10 CM.mp4

263.7 MB N/A video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Weird: The Al Yankovic Story
6.7

ဒီ movie genre ကတော့တော်တော်ထူးခြားတယ်ပြောရမယ်။ Biography ကိုမှ ဟာသပြုထားသရော်ထားတဲ့ Biography Parody အမျိုးအစားပါ။ ဒီတော့ဘယ်သူ့ Biography လဲမေးရင် တစ်ခေတ်တစ်ခါက parody songs တွေရဲ့ဘုရင်ကြီး Weird Al ရဲ့Biography ပါပဲ ဒီဟာသပြုအထုပ္ပတ္တိကို Weird Al ကိုယ်တိုင်ပူးတွဲရေးသားထားပြီး သရုပ်ဆောင်တာကလဲထူးထူးခြားခြားဇာတ်လမ်းတွေသရုပ်ဆောင်နေကျ အားလုံးအချစ်တော်ဟယ်ရီပေါ်တာမင်းသားဆိုတော့ တကယ့်ကြည့်ကောင်းတဲ့ဇာတ်လမ်းပါပဲ။ အဆိုကျော်ကြီးတစ်ယောက်ရဲ့ အထုပ္ပတ္တိကိုကြည့်ရမယ့်အပြင် ဟာသပြုထားတော့သာမန်အထုပ္ပတ္တိဇာတ်လမ်းတွေလိုပျင်းစရာလဲမကောင်းတော့ဘူးပေါ့။ ဒါက Weird Al ဘဝဖြစ်ရပ်မှန်နဲ့ဇာတ်လမ်းပြန်ဖန်တီးထားတယ်ဆိုတော့ ဒါကြည့်ပြီးရင်တော့ဘယ်အချက်တွေကများအမှန်လဲဆိုပြီး သိချင်စိတ်နဲ့ အားလုံး ဂူဂဲလ်ရောက်သွားကြမှာသေချာတယ်ဗျာ။ ဒီဇာတ်လမ်းမှာ ပေါ့ပ်ကွင်းမက်ဒေါနားနဲ့အချစ်ဇာတ်လမ်းပါပါသေးတာမို့ Weird Al ပြောတာက လက်ရှိသူ့နာမည်နဲ့ပတ်သက်ပြီး ဂူဂဲမှာအရှာဖွေဆုံးက သူနဲ့မက်ဒေါနားတကယ်ပတ်သက်ခဲ့သလားဆိုတာပါပဲဆိုတော့ အမြန်ကြည့်ပြီး ဂူဂဲလ်မှာအမြန်သာပြေးရှာလိုက်ကြပါတော့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Biography, Comedy, Music Quality…. 1080p | 720p | 480p File size… 1.6GB | 863MB | 465MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Adventure
6.7 2022 108 mins
Weird: The Al Yankovic Story
Magic Crystal
6

စတီဖင်ချောင်ရဲ့ နာမည်ကျော် God Of Gamblers ကားတွေ၊ Royal Tramp ကား‌တွေ၊ Tricky Master, Tricky Brain ကားတွေရဲ့ ဒါရိုက်တာ ဝေါင်ကျင်းရဲ့ လက်ရာကားဟောင်းတစ်ကားပါ။ အပေါ်က ကားတွေကို ကြည့်ဖူးတယ်ဆိုရင် ဒီရုပ်ရှင်က ထိုနည်း‌၎င်း Inner Logic ထဲ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ဟောင်ကောင် အက်ရှင်ကားဆိုတာ မြင်သာမှာပါ။ အဓိကသရုပ်ဆောင်ကတော့ ဟော‌င်ကောင်ရဲ့ A List စာရင်း၀င်တဲ့ Andy Lau ပေါ့။ သူ့ကိုတော့ ဟောင်ကောင်ပရိတ်သတ်တွေဖြစ်ဖြစ် ဝေါင်ကာဝေးပရိတ်သတ်တွေဖြစ်ဖြစ် သိပ်မစိမ်းကြပါဘူး။ ဟောင်ကောင်ဖန် အတော်များများ သဘောကျကြတဲ့ သူပါပဲ။ ဒါရိုက်တာဖြစ်တဲ့ ၀မ်ကျင်းကိုယ်တိုင် ၀င်သရုပ်ဆောင်ထားတဲ့အပြင် ချောင်ဖန်တွေမစိမ်းတဲ့ Sharla Cheung ပါ အဆစ်ပါပါသေးတယ်။ 1986 ဆိုတော့ As tears Go By မရိုက်ခင် နှစ်နှစ်ဆိုတော့ ATGB ထဲကထက်တောင် ပျိုမြစ်ဖျတ်လတ်တဲ့ သရုပ်ဆောင်မှုတွေကိုမြင်ရမှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ပြောရရင်တော့... ဂရိနိုင်ငံကို လုပ်ငန်းကိစ္စနဲ့ရော အလည်အပတ်ရော သွားရောက်ခဲ့ပြီး အပြန်မှာ ထူးဆန်းတဲ့ ကျောက်စိမ်းတုံးတစ်ခု ရောပါလာရာကနေ နောက်ဆက်တွဲအဖြစ်အပျက်တွေ ဖြစ်လာပါတော့တယ်။ ကျောက်စိမ်းတုံးရဲ့နောက်ကနေ ရူးရူးမူးမူးလိုက်လာတဲ့ တိုက်ခိုက်ရေးသိုင်းပညာရှင်ကြီးရဲ့ရန်ကို Andy Lau တစ်ယောက် ဖိုက်တာရဲမမတစ်ယောက်နဲ့ ဘယ်လိုခုခံကာကွယ်မလဲ။ ကျောက်စိမ်းတုံးကရော ဘယ်ကရောက်လာတာလဲ။ ဘယ်ကိုပြန်ထားရမှာလဲ ဆိုတာတွေကို ကြည့်ရှုရမှာပါ။ ဒါရိုက်တာ ဝေါင်ကျင်းကိုယ်တိုင်ကို​က ဒီကားကို စတီဗင်စပီးဘာ့ချ်ရဲ့ E.T နဲ့ Raiders of The Lost Ark ကို ပေါင်းစပ် မှီးပြီးရိုက်ထားတယ်ဆိုတဲ့အတွက်ကြောင့် အင်ဒီယာနာဂျုံးစ်ရဲ့ နောက်ဆုံးကား Kingdom of Crystal Skulls နဲ့တောင် ပိစိလေးဆင်ပါတယ်။ ရှေးဟောင်းသုတေသန‌သမားတွေလည်း ပါတော့ vibe တောင် ဆင်တူလုနီးပါးပါပဲ။ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နဲ့ စိတ်အပန်းနည်းနည်းပြေစေမယ့်ကားလေးရှာနေတာဆိုရင်တော့ ဒီကားဟာ ခင်ဗျားကြည့်သင့်တဲ့ကားတစ်ကားပေါ့။ Asia နဲ့ West ဘာမှမဆိုင်ပေမဲ့လည်း အင်ဒီယာနာဂျုံးစ် Vibe တွေနဲ့ဆိုတော့ အင်ဒီယာနာကားသစ်မလာခင် အလွမ်းပြေကြည့်ရင်လည်း ကောင်းမှာပါပဲ။ (ဇာတ်ကားနဲ့ အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.1GB, 1.2GB, 590MB Quality - 1080p, 720p, 480p IMDb Rating - 6/10 Format - mp4 Duration - 1H 39Min Type - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Fantasy • Science Fiction
6 1986 95 mins
Magic Crystal
The Devil's Tail
5.9

ဒါရိုက်တာ၆ယောက် လက်စွမ်းပြပြီး ဇာတ်လမ်း၆ခုကို ရောသမမွှေပြထားတဲ့ ဇာတ်ကားပါ။ ငယ်ငယ်က သူရဇ္ဇတို့ နက္ခတ္တရောင်ခြည်တို့ထဲက သဲထိတ်ရင်ဖိုဇာတ်လမ်းတိုလေးတွေကို သဘောကျတဲ့ လူတွေအတွက် အံကိုက်ပါပဲ။ မြင်သာထင်သာ ရိုးရိုးရှင်းရှင်းရှိတဲ့ ဇာတ်လမ်းတွေရော၊ စိတ္တဇဆန်တဲ့ ဇာတ်လမ်းတွေရော၊ သရဲလိုလိုဇာတ်လမ်းတွေရော၊ ကွင်းဆက်လူသတ်သမားဇာတ်လမ်းတွေရော အစုံတကာ့အစုံရဲ့ သဲထိတ်ရင်ဖိုရသကို တစ်နာရီခွဲလောက် အချိန်ကလေးမှာ ခံစားလို့ရအောင် ပြသပေးထားပါတယ်။ Horror , Thrillerတွေ ကြိုက်တဲ့သူတွေ လက်လွတ်မခံသင့်တဲ့ မဆိုးလှတဲ့ကားပါပဲ။ ရော်ဘတ်အဂ္ဂါဖန်တွေလည်း သဘောကျကြမှာပါ။ သိသလောက် ၂၀၂၂မှာ ဘာဟော်ရာကားကောင်းကောင်းမှ မရှိသေးပါဘူး။ ဒီရုပ်ရှင်ကို အပြည့်အ၀ Recommend ပေးချင်ပါတယ်။ တစ်ချိန်က သိပ်ခေတ်စားခဲ့တဲ့၊ ခုမရှိတော့တဲ့ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းများစွာအတွက် အလွမ်းပြေကြည့်ကြဖို့ပါပဲ... (ဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.22Gb, 552Mb Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Action • Crime • Thriller
5.9 2021 95 mins
The Devil's Tail
Scary Stories to Tell in the Dark
6.5

မကြာသေးခင်ကမှ ရုံတင်သွားတဲ့ Horror ကား ကောင်းကောင်းလေးပါဗျ။ ဇာတ်လမ်းတွေက နာကျင်စေတယ်။ ဇာတ်လမ်းတွေက အနာကျက်စေတယ်။ ဇာတ်လမ်းတွေက ကျွန်တော်တို့ ဘယ်သူဘယ်ဝါရယ် လို့ ပုံဖော်ပေးတယ်။ ခင်ဗျားတို့ရော ကိုယ်ရဲ့ ရှေ့ဖြစ်ဇာတ်လမ်းကို ကြိုသိရပါမယ် ဆိုပါစို့။ ​အကောင်းတွေတော့ မဟုတ်ဘူးနော်။ အဆိုးတွေ..... ကံကြမ္မာဆိုးတွေ ဇာတ်လမ်းကတော့ ဒီလိုပါ။ ဟောလိုဝင်းနေ့မှာ ကလေးတစ်သိုက်က သရဲခြောက်တဲ့အိမ်ကြီးတစ်အိမ်ကို ရောက်သွားတယ်။ အဲဒီအိမ်မှာ ဒဏ္ဍာရီတစ်ခု ရှိတယ်။ အဲဒီအိမ်က အမျိုးသမီးရဲ့ဇာတ်လမ်းကို နားထောင်ပြီးတဲ့ကလေးတိုင်း ပျောက်ဆုံးသွားလေ့ ရှိတယ်။ မမျှော်လင့်ဘဲ အဲဒီအမျိုးသမီးကြီးရဲ့ ဇာတ်လမ်းတွေ ရေးထားတဲ့ စာအုပ်ကို ရခဲ့တယ်။ စာအုပ်ထဲမှာ ဇာတ်လမ်းတွေ အလိုလိုပေါ်လာခဲ့တယ်။ ပေါ်လာခဲ့တဲ့ ဇာတ်လမ်းတွေကလည်း တကယ်ဖြစ်လာခဲ့တယ်။ အဲဒီကံကြမ္မာဆိုးကို သူတို့ ဘယ်လို ရှောင်လွှဲကြမလဲ????? ရှောင်လွှဲဖို့ရော ဖြစ်နိုင်ပါ့မလား????? စာအုပ်ကရော ဘာရာဇဝင်တွေ ရှိနေတာလဲ????? ဇာတ်လမ်းက ကြောက်ဖို့ကောင်းသလို တော်တော်လေးလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

Action & Adventure • Drama • War & Politics
6.5 2019 108 mins
Scary Stories to Tell in the Dark
White Noise
5.5

ဗိသုကာတစ်ယောက်ဖြစ်တဲ့ဂျိုနာသန်ရေးဗားဟာဇနီးသည်စာရေးဆရာဖြစ်တဲ့အန်နာနဲ့အတူအရင်အိမ်ထောင်ကရတဲ့သားကိုအလှည့်ကျအုပ်ထိန်းရင်းသာယာတဲ့အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ အန်နာကသူကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းဖွင့်ပြောခဲ့တဲ့အတွက်ဂျိုနာသန်တစ်ယောက်ပျော်ရွှင်လို့မဝသေးခင်မှာပဲ အန်နာဟာသူ့ သူငယ်ချင်းဆီကအိမ်အပြန်လမ်းမှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ အန်နာပြန်လာနေတဲ့လမ်းမှာရပ်ထားတဲ့ သူ့ကား၊ဖိနပ် အစရှိတာတွေကိုရဲတွေရှာတွေ့ခဲ့ပေမယ့် အန်နာ့ကိုတော့ အစအနရှာမရပါဘူး။ အဲ့ဒီအချိန်မှာသူ့ကို ရေမွန်ပရိုက်စ်ဆိုတဲ့လူတစ်ယောက် သူ့ဆီရောက်လာခဲ့ပြီး အန်နာဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့အကြောင်းနဲသူ့ဆီကိုဆက်သွယ်လာကြောင်းပြောပြလာပါတယ်။သူ့ဇနီးသည်သေဆုံးပြီဆိုတာကိုလက်မခံနိုင်တဲ့ဂျိုနာသန်ကခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့်မကြာခင်မှာအန်နာ့အလောင်းကိုရှာတွေ့သွားခဲ့တဲ့နောက်၊ဒါ့အပြင်သူကိုယ်တိုင်ဆီကိုပါသေဆုံးသူဇနီးသည်အန်နာဆီကဖုန်းတွေဝင်လာအသံတွေကြားလာတဲ့နောက်မှာတော့ ပဟေဠိဖြစ်နေတဲ့ အန်နာ့သေဆုံးမှုကိုအဖြေသိချင်တဲ့၊ သူ့ဇနီးသည်ကိုနောက်ဆုံးအဖြစ်မြင်လိုတဲ့ စိတ်တွေနဲ့ အန်နာကိုအဆက်အသွယ်ရဖို့ကြိုးစားပါတော့တယ်။ ဒါပေမယ့်တစ်ဖက်လောကမှာကိုယ်ဆက်သွယ်ချင်တဲ့သူ၊ကိုယ်ချစ်ခင်ရတဲ့သူတွေသာမဟုတ်ပဲရန်လိုတဲ့ကြောက်မက်ဖွယ်ဝိဉာဉ်တွေလည်းရှိနေသေးတယ်ဆိုတာကို ဂျိုနာသန်မေ့လျော့နေခဲ့ပါတယ်။မကြာသေးခင်ကမှ The FlashမှာBruceWayneအဖြစ်ပြန်လည်တွေ့ခဲ့ရတဲ့Batmanမင်းသားဟောင်းကြီးMichaelKeatonခေါင်းဆောင်ပါဝင်တဲ့ဒီဇာတ်ကားဟာတစ်ချိန်ကနာမည်ကျော်ခဲ့တဲ့Horrorတစ်ကားဖြစ်ပြီးgenreaudienceတွေလက်မလွတ်သင့်တဲ့ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

5.5 2005
White Noise
Goodnight Mommy
5.7

Goodnight Mommy (2022) ==================== IMDb Rating – 5.7/10 Horror ဆိုပေမဲ့ ပြူးပြူးပြဲပြဲကြောက်စရာတွေမပါဘဲ သို့လောသို့လော စိတ်ခြောက်ခြားစရာတွေ၊ မြှုပ်ကွက်တွေနဲ့အတူ သနားစရာ ဒရမ်လေးပါ ချိုးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကိုတော့ အဲလိယက်စ်နဲ့လူးကပ်စ်တို့အမြွှာညီအစ်ကိုဟာ ဖခင် ဆီမှာနေရာက မိခင်ရှိရာအိမ်ကို ရောက်လာကြပုံနဲ့ စထားပါတယ်။ အဲဒီမှာ မျက်နှာတစ်ခုလုံး ခွဲစိတ်ခံထားသလို မျက်နှာဖုံးတပ်ထားတဲ့ သူတို့အမေကို ထူးထူးဆန်းဆန်း တွေ့လိုက်ရပါတယ်။ အရင်နဲ့မတူဘဲ ပြောင်းလဲနေတဲ့ သူ တို့အမေရဲ့အပြုအမူ အပြောအဆိုတွေကြောင့် တဖြည်းဖြည်းနဲ့ ညီအစ်ကို နှစ်ယောက် သံသယ၀င်လာကြပါတယ်။ နောက်တော့ အခုသူတို့နဲ့ရှိနေသူဟာ သူတိုအမေမဟုတ်ဘူးဆိုတဲ့ သံသယ ပိုမိုခိုင်မာလာပါတယ်။ တစ်နေ့မှာ မိခင်ဖြစ်သူရဲ့ကြမ်းတမ်းတဲ့အပြုအမူတွေ ကြောင့် အိမ်ကထွက်ပြေးဖို့အထိ ကြိုးစားကြပါတယ်။ မိုးတွေလေတွေကြား ထဲ ထွက်ပြေးလာတဲ့ သူတို့ကို ရဲတွေက ကူညီကယ်ဆယ်ခဲ့ပေမဲ့ နောက်ဆုံး တော့ သူတို့အမေအိမ်ပဲ ပြန်ပို့လိုက်တဲ့အခါ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ ဇာတ်ကားကြည့်နေရင်းနဲ့ အမေဖြစ်သူက စိတ္တဇလား၊ ကလေးတွေကပဲ စိတ္တဇ လား၊ ဘယ်သူကဘာဖြစ်နေမလဲဆိုတာ သို့လောသို့လောအတွေးတွေနဲ့ တကယ် ကို စိတ်၀င်တစားကြည့်ရမဲ့ psychological horror ကားလေးမို့ တစ်ခါလောက် တော့ ကြည့်ဖြစ်အောင် ကြည့်ကြည့်စေချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.36 GB) / (450 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Horror Translator…….C’mon Encoder……….SWM

5.7 2022 91 mins
Goodnight Mommy
Twice Born
7.3

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းဖြစ်ရပ်မှန်ကိုနောက်ခံထားတဲ့ အီတလီဒရာမာဇယတ်လမ်းလေးပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 7.3 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ မင်းသားကတော့ Into the wild , the girl next door တို့မှာပါဝင်ထားတဲ့ Emile Hirsch ဖြစ်ပြီး ဇာတ်ဆောင်မင်းသမီးကတော့ Penelope Cruz ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ 1992 ခုနှစ်မှာ Bosnia and Herzegovina နိုင်ငံရဲ့မြို့တော် Sarajevo ကိုအပိတ်ဆိုခံရတာကိုအခြေခံထားပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် အီတလီနိုင်ငံသူ ဂျမ်မာဟာသူ့ရဲ့သား ပီယက်ထရို့နဲ့အတူ Sarajevo မြို့ပိတ်ဆိုခံရတဲ့အထိမ်းအမှတ်ပွဲအတွက် Bosnia နိုင်ငံကိုသွားခဲ့ပါတယ်။ ဂျမ်မာဟာ ၁၉၉၂ ခုနှစ် Sarajevo မြို့ပိတ်ဆို့ခံရတဲ့အချိန်မှာ အဲ့မြို့မှာရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ အဲ့တုန်းကဂျမ်မာကတက္ကသိုလ်စာတမ်းပြုစုဖို့ရောက်ရှိနေခဲ့တာဖြစ်ပြီး အိမ်ထောင်မကျသေးပါဘူး။ အဲ့ဒီမှာသူမရဲ့သား ပီယက်ထရိုရဲ့အဖေဖြစ်မဲ့သူ အမေရိကန်လူမျိုး ဓါတ်ပုံဆရာ ဒီရေဂိုနဲ့တွေ့ရှိပြီးချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမဲ့ဂျမ်မာဟာမြုံနေတဲ့အတွက်ကိုယ်ဝန်မရနိုင်တဲ့အခါ အက်စ်ကာဆိုတဲ့ဂီတပညာရှင်ကောင်မလေးကို အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့စဉ်းစားလာပါတယ်။ ထို့နောက် Sarajevo မြို့ပိတ်ဆို့ခံပြီး စစ်တပ်တွေမြို့ထဲဝင်လာတဲ့အခါ သူတို့ရဲ့ကလေးမရနိုင်တဲ့ပြဿနာဟာ အကြောင်းအမျိုးမျိုးကြောင့်ပိုပြီးရှူပ်ထွေးသွားပါတယ်… ဒီဇာတ်လမ်းရဲ့တင်ဆက်ပုံက အတိတ်နဲ့လက်ရှိကိုတွဲရိုက်ပြထားတာဖြစ်ပြီး အစပထမပိုင်းမှာတော့နဲနဲလေးရှူပ်နေနိုင်ပါတယ်…အဆုံးထိကြည့်ဖို့တိုက်တွန်းချင်ပါတယ်…အဆုံးထိကြည့်နိုင်အောင်လည်းဆွဲဆောင်နိုင်ပါတယ်…မင်းသား၊မင်းသမီးတွေရဲ့သရုပ်ဆောင်ပုံတွေ…နောက်ခံဇာတ်ဝင်တေးတွေကလက်ရာမြောက်လို့ပါ…ခံစားကြည့်ကြပါခင်ဗျာ။ File size…(2.7 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

7.3 2012 127 mins
Twice Born
Cruel Encounters

ဒီဇာတ်ကားကတော့ မိသားစုအမွေအရှုပ်အရှင်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးလိုက် ပြန်ခံရလိုက်နဲ့ လုံးချာလည်နေတဲ့မိသားစုကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ဒေါ်လာဘီလီယံနဲ့ချီပြီးတန်ကြေးရှိတဲ့ကုမ္ပဏီကြီးရဲ့ပိုင်ရှင်ဟာ ကိုယ်ပိုင်လေယာဉ်နဲ့ခရီးသွားတုန်း လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီတော့လဲ ကျန်ခဲ့တဲ့မိသားစုဝင်တွေက ကျန်ခဲ့တာတွေမှန်သမျှကိုမောင်ပိုင်စီးဖို့ကြိုးစားတော့တာပေါ့။ ဒီလိုနဲ့တစ်ယောက်ကိုတစ်ယောက်ချောက်ချလိုက် အရှက်ခွဲလိုက်နဲ့အလုပ်ရှုပ်နေတုန်းမှာ သူတို့မသိသေးတာက လေယာဉ်ပျက်ကျတာက သွေးရိုးသားရိုးမဟုတ်ဘဲ တစ်စုံတစ်ဦးရဲ့ပယောဂကြောင့်ဖြစ်နေတာပါ။ ဒီလိုနဲ့ ထိုသို့လေယာဉ်ပျက်ကျအောင် ဘယ်သူလုပ်ခဲ့တာလဲ, ဘယ်လိုလှည့်ကွက်တွေနဲ့ နောက်ဆုံးမှာ ကုမ္ပဏီကို ဘယ်သူကရသွားမှာလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။ File size…(1.5 GB)/(690 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

0 2023
Cruel Encounters
A Very Vermont Christmas

ကြည်နူး​စရာ​ကောင်း​တဲ့ ခရစ္စမတ်​ရုပ်ရှင်​လေး​တစ်ခုနဲ့ မိတ်​ဆက်​ပေးပါရစေ။ ဇာတ်​ကား​နာမည်​က A very Vermont Christmas ဖြစ်​ပြီး ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိထားတဲ့ Romance​/ Familiy ဇာတ်​ကား​လေး​တစ်ခုပါ။ ဘီယာ​နှစ်​သက်​သူများ ဒီဇာတ်ကားကို သဘောကျ​မှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစု​ဘီယာ​လုပ်ငန်း​တွေကို​ အခြေတည်ပြီး ခရစ္စမတ်​ အငွေ့အသက်​တွေ​ ထုံ​မွှန်းထားတဲ့ မိသားစုနဲ့ အချစ်​ဇာတ်လမ်း​လေးဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ ဗားမွန့်က နှင်း​လျှော​စီး​စခန်း​မြို့​လေး​ဖြစ်​တဲ့ Maple​ Glen မှာ Mongul Joe’s ဆိုတဲ့​ ဘီယာ​ဆိုင်​နဲ့ ဘီယာ​ချက်​ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်​သွား​ပြီဖြစ်တဲ့ ဖခင်​ဖြစ်သူ​ Joe တည်​ထောင်​ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီး​ဖြစ်သူ​ Joy က အမေဖြစ်သူနဲ့အတူ ဆက်​လက်​လည်​ပတ်​နေတာ ဖြစ်​ပါတယ်။ အဲဒီ​အချိန်​မှာ အင်​အား​ကြီး​ ဘီယာ​ကုမ္ပဏီတွေ​ရဲ့ စျေး​ကွက်​လက်ဝါးကြီး အုပ်မှုကြောင့်​ တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်း​လေးတွေ အကြပ်​ရိုက်​ပြီး သူတို့​ပိုင်လုပ်ငန်းလေးတွေကို ကုမ္ပဏီ​ကြီး​တွေထံ ထိုးအပ်ရမလိုဖြစ်နေပါတယ်။ အဲဒီ​အချိန်​မှာပဲ Zac ဆိုတဲ့ မျက်​နှာ​စိမ်း​ဧည့်သည်​တစ်ယောက်​နဲ့ Joy တို့ ခင်​မင်​ရင်းနှီး​သွားကြပြီး Zac က တကယ်​တမ်း​မှာ Joy​ တို့​နဲ့ ပြိုင်​ဘက် ဘီယာကုမ္ပဏီမှာ လုပ်ကိုင်​နေသူမှန်း သိလိုက်ရ​ပါတယ်။ တစ်​ချိန်​တည်း​မှာ နှင်း​လျှော​စီး​ဘီယာ​ပြိုင်ပွဲ​ ကျင်းပ​ဖို့​ရှိနေပြီး ဒီပြိုင်ပွဲမှာ အနိုင်​လိုက်​ရင် Joy​ တို့​ မိသားစု​လုပ်​ငန်း ဆက်​လက်​ရပ်တည်​နိုင်မှာဖြစ်လို့ Zac ရဲ့ အကူအညီ​ယူပြီး ဘီယာ​အသစ်​တစ်​ခု​မျိုး​ကို ဖန်တီး​ဖို့ကြိုးစားပါတော့တယ်။ ခရစ္စမတ်၊ ဘီယာ​နဲ့ နှင်း​လျှော​စီး​အားကစား​ theme သုံး​ခု​ ပေါင်း​စပ်​ထား​တဲ့ ကြည်​နူး​စရာ အချစ်​ရုပ်ရှင်​လေးဖြစ်ပြီး ပေါ့​ပေါ့ပါး​ပါး​ ကြည့်​ရှု​နိုင်​မဲ့ ဇာတ်လမ်း​လေး​တစ်ပုဒ် ဖြစ်ပါတယ်။ ကြာချိန်​ကလည်း တစ်နာရီ​ခွဲတောင် မပြည့်တာမို့ စိတ်​ပင်​ပန်းနွမ်းနယ်နေသူတွေ ကြည့်ပျော်မဲ့ အမေရိကန်​ Family​/ Romance​ ဇာတ်​ကားလေးဖြစ်ပါတယ်။ File size…(1.4 GB)/(814 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

Horror • Comedy
0 2024
A Very Vermont Christmas
Minmini
7.1

Minmini (2024) “ပိုးစုန်းကြူး” အချစ်အလွမ်း နှစ်ခြိုက်သူများအတွက် တမီးလ် coming-of-age ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ ဆက်ဘရီဆိုတဲ့ကောင်လေးဟာ ဘော်ဒါကျောင်းကို ဒီနှစ်မှ ပြောင်းလာတဲ့ကျောင်းသား တခြားကျောင်းသားတွေလို ဟိုကဲဒီကဲမလုပ်ဘဲ ငြိမ်ငြိမ်လေး ပန်းချီဆွဲရတာကို ဝါသနာပါသူ တစ်နေ့မှာ ကံဆိုးမိုးမှောင်ကျတော့ မထင်မှတ်ထားသူတစ်ယောက်က အသက်ပေးပြီး သူ့ကိုကယ်ခဲ့တယ် ရှင်ကျန်ရစ်သူတစ်ယောက်ရဲ့ နောင်တနဲ့ ကောင်လေးကို အလင်းရောင်ပေးမယ့် ပိုးစုန်းကြူးမလေး ပေါ်လာတဲ့အခါမှာ … သူ့သူငယ်ချင်းရဲ့ ဟိမဝန္တာတောင်တန်းက biker အိပ်မက်ကိုရော ဘယ်လိုအကောင်အထည်ဖော်သွားမလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Bluri ~ ToMo ~ Alex တို့ ဖြစ်ပါတယ်

7.1 2024
Minmini
Level Cross
6.1

Level Cross 2024 (စိတ်ရောဂါကုဆရာဝန်မလေးရဲ့ စိတ်ဒဏ်ရာ) ဝေးလံခေါင်ခိုက်ပြီးတော့ လူသူအရောက်အပေါက်နည်းတဲ့နေရာမှာရှိတဲ့ ရထားဂိတ်တစ်ခုမှာ အစောင့်တာဝန်ကျနေတဲ့ ရာဂူး။ သူဟာ တစ်ကိုယ်တည်း အထီးကျန်နေရင်း သူ့မြည်းလေး စစ်ကနယ်နဲ့အတူတူ နေထိုင်ရင်း ရထားဂိတ်စောင့်အလုပ်ကို လုပ်ကိုင်နေတဲ့သူတစ်ယောက်ပေါ့။ ဒီလိုနဲ့ တစ်ရက်မှာ သူစောင့်ကြည့်ပေးရတဲ့ ရထားဂိတ်အနားကို အနီရောင်ဝတ်စုံဝတ်ထားတဲ့ ခေတ်ဆန်ဆန်ကောင်မလေးတစ်ယောက်ဟာ ရထားပေါ်ကနေ ခုန်ချခဲ့ပြီးတော့ ဒဏ်ရာတွေရသွားတဲ့အတွက် ကယ်ဆယ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာမှာ စကားပြောဖော်မရှိ ပျင်းနေခဲ့တဲ့ ရာဂူးကြီးမှာ စကားတွေဖောင်ဖွဲ့ပြောရင်းနဲ့ ကောင်မလေးဟာ သူ ဘာလို့ရထားပေါ်ကနေ ခုန်ချခဲ့ရလဲဆိုတာကို ရင်ဖွင့်လာခဲ့ပါတော့တယ်။ အဲဒီကောင်မလေးဟာ ရထားပေါ်ကနေ ဘာကြောင့်မလို့ ခုန်ချခဲ့ရတာလဲ ……. သူ့ရဲ့ အတိတ်က ဇာတ်လမ်းက ဘယ်လောက်တောင်ဆိုးလို့ ဒီလိုရထားပေါ်က‌နေ ခုန်ချရတဲ့အထိဖြစ်ရတာလဲဆိုတာကို ကြည့်ရှုရမယ့် ဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်)

6.1 2024
Level Cross
Vama Veche Retreat
5

“Retreat Vama Veche” ဆိုတဲ့ရိုမေးနီးယားရုပ်ရှင်က Eva ဆိုတဲ့ ဇာတ်ကောင်ဟာ သူ့ရဲ့မေ့မရနိုင်တဲ့ဘဝဇာတ်လမ်းကို ပြန်ပြောပြတဲ့ ပုံစံအဖြစ်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့အစကိုတော့ Evaနဲ့ သူ့အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးနဲ့အစပြုထားပါတယ်။ Evaဟာ သူမင်္ဂလာဆောင်ဖြစ်မဲ့အချိန်ကျရင်Vamaဆိုရဲ့ရွာလေးကို အတူတူပြန်လာကြမယ်လို့ ကတိပေးခဲ့ပါတယ်။ ကတိပေးထားတဲ့အတိုင်းကမ်းခြေရွာလေးကို သုံးယောက်သား ပြန်သွားဖြစ်တဲ့အခါ Evaတို့က မထင်မှတ်ထားတဲ့အရာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်။ အကြောင်းကတော့ Evaဟာ ငယ်စဥ်ကတည်းက ချစ်ခဲ့ရပြီး အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားခဲ့တဲ့ မေ့မရနိုင်ခဲ့တဲ့ ငယ်ချစ်ဦးနဲ့ပြန်တွေ့ခဲ့ရလို့ပါပဲ။ သူ့ငယ်ချစ်ဦးကလည်း မိန်းမရနေပြီးသားဖြစ်နေပါတယ်။ အဲ့လိုနဲ့ Eva က အကြောင်း ပြချက်မပေးဘဲ ပျောက်ကွယ်သွားရခြင်းရဲ့အမှန်တရားကို သိရဖို့ကြိုးစားပါတော့တယ်။ Evaက အမှန်တရားကို သိရဖို့ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမှာလဲ။ အမှန်တရားကို လက်ခံနိုင်ခဲ့သလား စတာတွေကို ကြည့်ရှူခံစားရမယ့် အပြင် comedy ကားလေးဖြစ်တာမိုလို့ တစ်ကားလုံးမပျင်းရဘဲ သူငယ်ချင်းသုံးယောက်ရဲ့ ဘဝအခက်အခဲပြဿနာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်နိုင်မဲ့ကားလေးလည်းဖြစ်ပါတယ်။ File size… (1.88GB) / (0.99GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Animation • Adventure • Comedy • Family
5 2024 94 mins
Vama Veche Retreat
Screwed
5.7

Screwed (2000) IMDb Rating (5.7) / Rotten Tomatoes (10%) 2000 ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ Screwed ဇာတ်ကားဟာဆိုရင် Comedy/ Crime အမျိုးအစားဖြစ်ပါတယ်။ ကပ်စေးနဲလှတဲ့ မုန့်တိုက်ပိုင်ရှင် Miss Crock ဆီမှာ နှစ်တွေအကြာကြီး အစေခံအနေနဲ့ အလုပ်လုပ်လာရတဲ့ Willard နဲ့ သူ့သူငယ်ချင်း ကြက်ကြော်သည်လေး Rusty တို့က Miss Crock ရဲ့ ခွေးကလေး Muffin ကို ပြန်ပေးဆွဲပြီး ဒေါ်လာတစ်သန်းတောင်းရာကနေ ရှင်းမရတဲ့ အရှုပ်တော်ပုံတွေဖြစ်လာတဲ့အ‌ကြောင်းကို ရယ်မောဖွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် Miss Crock ရဲ့ သောက်ကျိုးနည်း ကပ်စေးနဲပုံတွေ၊ Willard ရဲ့လုပ်အားအမြတ်ထုတ်ခံရပုံ၊ ဘာပံ့ပိုးထောက်ပံ့မှုမှမရပုံတွေ၊ ဒီအလုပ်ကထွက်ဖို့ ကြိုးစားရင်း Rusty နဲ့အတူ ခွေးကလေးကို ပြန်ပေးဆွဲဖို့ ပလန်ကြတဲ့အခါ အလွဲလွဲ အချော်ချော်ဖြစ်လာတာတွေကို ရယ်ရယ်မောမောကြည့်ရှုရမှာမို့လို့ ဟာသကားကြိုက်သူတွေအတွက် ပြောစရာမလိုအောင် လက်မလွှတ်တန်း ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Warning***ကြမ်းတမ်းသော၊ ဆဲရေးတိုင်းထွာသော စကားလုံးများပါဝင်ပါသည်*** (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien ဖြစ်ပါတယ်။) File size…(2.3 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy Duration….01:22:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Vivien

Action • Crime • Drama
5.7 2000 81 mins
Screwed
Need for Speed
6.4

Need For Speed (2014) IMDb – 6.4 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~ ပြိုင်ကားချစ်သူတို့အကြိုက်တွေ့စေမဲ့ Need for Speed (2014) ဟာ အမေရိကန် လူငယ်အက်ရှင်-ဒရာမာ ဇာတ်ကားဖြစ်ပြီး Need for speed ဗီဒီယိုဂိမ်းတွေကိုအခြေခံရိုက်ကူးထားပါတယ်။ အမေရိကန်ရဲ့ နာမည်ကြီးပေ့ဆိုတဲ့ ကားအကောင်းစားတွေကိုမှ CGI နည်းနည်းပဲသုံးထားပြီး တကယ့်ကားစတန့်ပြကွက်တွေ ထည့်သွင်းရိုက်ကူးထားတာကြောင့် Golden Trailer Awards (2014), World Stunt Awards (2015), Teen Choice Awards (2014), BMI Film & TV Awards စတဲ့ဆုတံဆိပ်ပေါင်းများစွာ သိမ်းပိုက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ နာမည်ကျော် Breaking Bad ထဲမှမင်းသား Aaron Paul က Tobey Marshall အဖြစ်လည်းကောင်း၊ Captain America ထဲကမင်းသား Dominic Cooper က Dino Brewster အဖြစ်လည်းကောင်း၊ နာမည်ကျော် မင်းသမီး Imogen Poots က Julia Maddon အဖြစ်လည်းကောင်း ပါဝင်သရုပ်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တိုဘီမာရှယ်ဟာ မြို့ငယ်လေးက ကျွမ်းကျင်တဲ့ ပြိုင်ကားဆင်သူတစ်ဦးဖြစ်ပြီး တရားမဝင် street race တွေမှာ ဝင်ပြိုင်လေ့ရှိပါတယ်။ ဂျူလီယာကတော့ ကားပွဲစားတစ်ဦးဖြစ်ပြီး မြန်ပေ့ဆိုတဲ့ကားတွေကိုမှ အရောင်းဝယ်လုပ်သူပါ။ ဒီနိုကတော့ ကားပြိုင်ပွဲ အကြီးစားတွေထိဝင်ပြိုင်ပြီး နိုင်ပွဲတွေလည်းရခဲ့တာကြောင့် စိတ်ကြီးဝင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ကားပြိုင်ပွဲတစ်ခုနဲ့ပတ်သက်ပြီး ဒီနိုရဲ့ ချောက်ချမှုကြောင့် ထောင်ကျခဲ့ရတဲ့တိုဘီဟာ ဂျူလီယာအကူညီနဲ့ နာမည်ကြီး ဒဲလီယွန်ကားပြိုင်ပွဲမှာ ဒီနိုကို လက်စားချေဖို့ဖြစ်လာပါတော့တယ်။ ထောင်ထွက် မျက်နှာမွဲလေး တိုဘီတစ်ယောက် နောက်ခံအင်အားတောင့်တင်းတဲ့ ဒိုဘီကို ကားပြိုင်ပွဲကြီးမှာ အနိုင်ယူပြီး အမှန်တရားကို သက်သေပြနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားလိုက်ကြပါဦးနော်။ (အညွှန်းကိုတော့ Vic က ရေးသားထားပါတယ်) File Size – 7.06 GB/ / 2.66 GB/ 1.23 GB Quality – BluRay 4K/ 1080p/ 720p Duration -2:11:55 Format – mkv Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Vic Encoded by – Phyo Pyae

Romance • Drama
6.4 2014
Need for Speed