YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

National.Theatre.Live.Vanya.2024.1080p.WEBRip.HEVC (CM).mkv

1.33 GB N/A video/x-matroska 44 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
American Pastoral
6.1

IMDb Rating - 6.1/10 ၁၉၈၀၊ ၁၉၉၀ ဖွား‌တွေ အရမ်းသဘောကျခဲ့ကြရတဲ့ အလှဘုရင်မတစ်ပါး (သို့) ဂျန်နီဖာကော်နယ်လီ။ Star Wars ရုပ်ရှင်ကားတွေနဲ့ရုပ်ရှင်ကားပေါင်းများစွာအပြင် Harley Queen 2020 မှာပါ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောကြီး အီဝမ်မက် ဂရက်ဂေါ။ I am Sam 2001၊ Coraline 2009 ရုပ်ရှင်ကားတွေမှာပါဝင်ခဲ့၊ အသံ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဒါကိုတာဖန်းနင်း။ ဒီတော့ အခုကားဟာ ဒီနာမည်ကျော်သုံးယောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားပါ။ အမေရိကန်/ ဗီယက်နမ်စစ်ပွဲခေတ်ကို အခြေတည်ထားပြီး အောက်ခြေအမေရိကန် ပြည်သူတွေကို အထက်ကလူတွေက ပြန်ငုံ့မကြည့်တဲ့အခါ အောက်ခြေက အမေ ရိကန်ပြည်သူတွေ ဘယ်လိုတွန်းကန်တော်လှန်ကြလဲဆိုတဲ့ အငွေ့အသက်တွေပါတဲ့ ရုပ်ရှင်ကားပေါ့။ ချောပေ့၊ ခန့်ပေ့ ပျိုတိုင်းကြိုက်ပါပေ့ဆိုတဲ့ ဆွိဒ်ဆိုတဲ့ကောင်လေးနဲ့ နယူးဂျာစီမယ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ဒေါင်းလိုလှတဲ့ ဒေါင်းဆိုတဲ့အမျိုး သမီးလေး။ ဒီလိုနှစ်ယောက်က မွေးဖွားလာတဲ့ မယ်ရီဆိုတဲ့ကလေးမလေး။ ဒီတော့ ဇာတ်လမ်းဟာ ဘယ်လိုကနေ ဘယ်လို ဘယ်ကိုဇာတ်ကွေ့သွားမယ်၊ ဘာတွေဟာ ဇာတ်ရှိန်တတ်တာတေွ ဖြစ်လာမလဲ၊ ဇာတ်ရှုပ်ဇာတ်ထွေးတွေနဲ့ ကြုံတဲ့အခါ ဇာတ် ဆောင်တွေဟာ ဘယ်လိုဖြေရှင်းကြမယ်၊ ဇာတ်ထုပ်တွေဘယ်လိုပြေးလာမယ်ဆိုတာ သိချင်ရင်တော့ ယခုရုပ်ရှင်ကားလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ။ Lionsgate က ထုတ်လုပ်ဖြန့်ဖြူးထားတဲ့ ရုပ်ရှင်ကား‌ကောင်းတစ်ကားလို့ ဆိုလို့ရတာ ကြောင့် ဇာတ်အေးကြိုက်သူတွေ ခံစားရင်ခုန်ပေးပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.37 GB) / (554 MB) / (373 MB) Quality............Blu-Ray 1080p / 720p / 360p Duration.........1Hr 48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama Translator.......San Thu Aung Encoder..........SWM

Action • Crime • Thriller
6.1 2016 108 mins
American Pastoral
Justin Bieber's Believe
7.2

ယနေ့ကျရောက်တဲ့ March လ ၁ရက်နေ့ဟာ Justin Drew Bieber ရဲ့ မွေးနေ့ဖြစ်ပါတယ်။ အသက် ၂၈နှစ်ပြည့်သွားပြီဖြစ်တဲ့ Justin ဟာ မိန်းမတောင်ရသွားပြီဖြစ်လို့ Baby သီချင်းကို သီဆိုနေခဲ့တဲ့ ဆယ်ကျော်သက်ကလေးလေး မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း သူ့ကိုမြင်တိုင်း nostalgic ဖြစ်ပြီး သူ့သီချင်းတွေကို ရရမရရ ဝါးချပြီးအော်ဆိုနေခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်အမှတ်ရမိပါတယ်။ မနှစ်ကတည်းက ဒီကားလေးကို တင်ပေးမယ်ပြောထားပေမဲ့ နောက်ကျလက်စနဲ့ သူ့မွေးနေ့ရောက်မှ တင်တော့မယ်လို့ စိတ်ကူးမိတာနဲ့ အခုမှ တင်ဖြစ်သွားတာပါ။ ကျွန်တော် ကလေးဘဝတုန်းက ဒီ Documentary ကိုကြည့်ဖူးပေမဲ့ ပြောစကားတွေကိုရော သီချင်းတွေကိုရော ဘာဆိုဘာမှ နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့လည်း Justin ကို အတော်ရူးသွပ်ခဲ့သူမို့ အခေါက်ခေါက်အခါခါ ပြန်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ဘာသာပြန်တင်ဆက်ခွင့်ရတဲ့အတွက် Belieber တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ ဒီ Documentary လေးဟာ လွန်ခဲ့တဲ့ဆယ်နှစ်က Believe Album ထွက်ရှိပြီး Tour လုပ်နေတဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ နေသားကျလာတဲ့အချိန်ဖြစ်သလို ဝေဖန်မှုများစွာ ခံရပြီး career ရှေ့ဆက်ဖို့ ရုန်းကန်နေရတဲ့ အချိန်လည်းဖြစ်ပါတယ်။ ပါပါရာဇီနဲ့ရန်ဖြစ်လို့ ပြိုင်ကားမောင်းလို့ စသည်ဖြင့် ပြဿနာမျိုးစုံတက်ပြီး မီဒီယာတွေနဲ့ အတော်လေး အခြေအတင်ဖြစ်ခဲ့တာပါ။ ဒီအကြောင်းတွေကိုလည်း ထည့်သွင်းဖော်ပြထားပြီး အောင်မြင်ပြီးနောက် ပြောင်းလဲသွားတဲ့ သူ့ဘဝအလှည့်အပြောင်းအပြင် Believe Tour မှာ ဖျော်ဖြေခဲ့တဲ့ အမိုက်စား performance တွေကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ငယ်ဘဝကို အနည်းနဲ့အများ လွှမ်းမိုးမှုရှိခဲ့တဲ့ Justin Bieber ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ CM က တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…2GB / 1GB Quality…1080p BluRay AAC5.1CH /  720p Format…mp4 Duration….1h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu

Action • Adventure
7.2 2013 92 mins
Justin Bieber's Believe
Unrest
5.8

Horror ကားမျှော်နေကြတဲ့သူတွေအတွက် အလောင်းတစ်လောင်းကြောင့် ဗရုတ်တွေရှုပ်ကုန်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ခန္ဓာနဲ့ဝိဉာဥ်ယှဉ်တွဲနေထိုင်နေကြတဲ့ သတ္တဝါတွေ၊ ခန္ဓာကသေဆုံးပြီးတဲ့အခါ ဝိဉာဉ်ကဘယ်ရောက်သွားမလဲ။ ဘာဆက်ဖြစ်မလဲ။ အကယ်၍ ကျိန်စာသင့်နေတဲ့ ဝိဉာဉ်တစ်ခုဆိုရင်ရော.... ခန္ဓာဗေဒကို ‌လေ့လာနေကြတဲ့ ကျောင်းသားတစ်စုမှာ အယ်လစ်ဆင်၊ ဘရိုင်ယန်၊ ရစ်ခ် နဲ့ ကားလို့စ်တို့ဟာ အလောင်းတစ်ခုကိုခွဲစိတ်ဖို့ တစ်ဖွဲ့တည်းအတူတူကျခဲ့ပါတယ်။ ပထမဆုံးရက်မှာတင် အယ်လစ်ဆင်က အလောင်းကိုမြင်ပြီးတဲ့နောက် ထူးဆန်းတဲ့အာရုံတွေရနေပြီး မူမမှန်တာကို ခံစားနေခဲ့ရတာပါ။ ဒါပေမယ့် သူ့အတန်းဖော်တွေရော၊ သူဆရာကပါ သိပ်ပြီးထွေထွေထူးထူးလို့မထင်ပဲ သူ့ခံစားမှုကို လစ်လျူရှုခဲ့တဲ့နောက် ကြောက်စရာကောင်းတဲ့အရာတွေ စတင်ဖြစ်ပျက်လာပါတော့တယ်။ သူ့အာရုံမှာ ဘာကိုခံစားနေရတာလဲ။ သူတို့ခွဲစိတ်နေခဲ့တဲ့ အလောင်းက ဘာတွေမူမမှန်နေခဲ့တာလဲ။ ဘယ်လိုမကောင်းဆိုးရွားမျိုးက သူတို့ဆီကိုချဉ်းကပ်လာနေသလဲဆိုတာကို ရင်တထိတ်ထိတ်တဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…2.01GB / 727MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 28m Genre ..... Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Fantasy • Horror
5.8 2006 88 mins
Unrest
Before the Fall

နာပိုလာ (NaPoIA) ဆိုတာကတော့ ဟစ်တလာရဲ့ နာဇီဂျာမနီလက်ထက်မှာ အနာဂတ် ဂျာမနီအင်ပါယာအတွက် ခေါင်းဆောင်‌တွေ မွေးထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တဲ့ ပညာရေးစစ်စခန်းကျောင်း တွေဖြစ်ပါတယ်။ ဒီဂျာမာန်ရုပ်ရှင်မှာတော့ 1942ခုနှစ် နွေရာသီ အော့ရှတင်မြို့က နာပိုလာကျောင်းကိုဝင်ခွင့်ရခဲ့တဲ့ ဖရက်ဒရစ်အကြောင်းကို အဓိကထားရိုက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖရက်ဒရစ်က သာမာန်မိသားစုက မွေးဖွားလာသူဖြစ်ပြီး ဘောက်ဆင်ထိုးဝါသနာပါတဲ့အတွက် ကျောင်းပြီးပြီးချင်းမှာ အလုပ်လုပ်ရင်း ဝါသနာပါတဲ့ ဘောက်ဆင်ကိုလေ့ကျင့်နေခဲ့ပါတယ်။ တနေ့မှာတော့ နာဇီလက်ရွေးစင်ကျောင်းကသင်တန်းသားတွေနဲ့ ဘောက်ဆင်ထိုးရင်း နာပိုလာကျောင်းက ဆရာ ‌ဗိုဂလာက သူ့လက်ရည်ကိုသဘောကျသွားတာကြောင့် ကျောင်းဝင်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ ဖရက်ဒရစ်ရဲ့ အဖေက‌တော့ ဒီကျောင်းမတက်ခိုင်းပဲ စက်ရုံမှာအလုပ်ဆင်းဖို့ ဖိအားပေးခဲ့ပေမဲ့ ဖရက်ဒရစ်တယောက် အိမ်ကနေ ခိုးထွက်လာပြီး နာပိုလာကျောင်းဆီ အရောက်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ နာပိုလာကျောင်းက ဖရက်ဒရစ်ထင်သလို သူ့အနာဂတ်ကိုပြောင်းလဲပေးနိုင်မှာလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2004
Before the Fall
The Union
6.7

မင်းသားကြီး Mark Wahlberg ရဲ့ နက်ဖလစ်ရုပ်ရှင်အသစ် လာပါပြီ။ စပိုင် အက်ရှင် ဟာသ အမျိုးအစားပါ။ ဇာတ်လမ်းနာမည်အတိုင်းပဲ ယူနီယံဆိုတဲ့ လျှို့ဝှက်အေဂျင်စီ တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ မိုက်ခ်ဟာ ဆောက်လုပ်ရေးအလုပ်သမား၊ ဘဝကို ပျော်ပျော်ဖြတ်သန်းနေတဲ့ အခြေခံလူတန်းစားတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့ အဆက်ဟောင်း ရော့ဆန်းက သူ့မြို့လေးကို ရောက်လာပြီး သူ့ကို ထူးဆန်းတဲ့အလုပ်တစ်ခု ပေးလာပါတယ်။ ဒါကတော့ လျို့ဝှက်စပိုင်အေဂျင်စီတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ ပါပဲ။ ဒီလို လူသစ်ကို ခေါ်ရတဲ့အကြောင်းက စီအိုင်အေအေးဂျင့် တစ်ယောက်က သစ္စာဖောက်သွားပြီး တစ်ကမ္ဘာလုံးက အမေရိကန် ဝန်ထမ်းတွေ အေးဂျင့်တွေအကုန်လုံးရဲ့ အချက်အလက်တွေကို ရောင်းစားဖို့ ခိုးသွားလို့ပါပဲ။ ဒီတော့ နေ့ချင်းညချင်း စပိုင်ဖြစ်လာတဲ့မိုက်နဲ့ သူ့အဆက်ဟောင်း ရော့ဆန်းတို့ အကြမ်းဖက်သမားတွေ သစ္စာဖောက်တွေနဲ့ အပြိုင် အချက်အလက်တွေကို ပြန်လုရတဲ့အခါ…. File size…1.77GB / 1.01GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Horror • Science Fiction
6.7 2024
The Union
The Shipping News
6.7

ဒုက္ခဆိုတာ ခါးသီးမှုပါ ဒါပေမဲ့ အမြဲတော့ ဒုက္ခချည်းပဲလည်းကြုံမနေတတ်ပါဘူး အသက်၁၀၀မနေရ အမှု၁၀၀ကြုံရဆိုသလို လူတွေမှာ ဒုက္ခကတော့ များကြတာချည်းပါပဲ…..ဒါပေမဲ့ တချို့ အလှည့်အပြောင်းလေးတွေက ကိုယ်မထင်ထားတဲ့အလှည့်အပြောင်းလေးတွေဖြစ်လာတတ်သလို ဒုက္ခကနေ သုခ သုခကနေ ဒုက္ခပြောင်းသွားတတ်တဲ့ အလှည့်အပြောင်းအလဲတွေလည်းဖြစ်တတ်ပါသေးတယ်….. ဒီကားလေးထဲမှာတော့ ပြဿနာပေါင်းသောင်းခြောက်ထောင်လောက်ကြုံပြီးချိန် ဘယ်လိုအလှည့်အပြောင်းတွေကြုံရမလဲ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre… Tragedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Z

6.7 2001 111 mins
The Shipping News
Wild Journey
5.8

သူဌေးကြီးတစ်ယောက်ဟာ ရှေးဟောင်းကျောက်စိမ်းကွမ်ယင်မယ်တော်ရုပ်တုကို နိုင်ငံခြားကနေလေလံနဲ့ဝယ်ပြီးတော့ နိုင်ငံတော်ကိုလှူခဲ့တယ်။ ဒါပေမယ့် လေဆိပ်မှာပဲ ရုပ်တုဟာလုခံလိုက်ရတယ်။ မှောင်ခိုစျေးကွက်မှာ ဒီရုပ်တုဟာ နာမည်အရမ်းကြီးသွားခဲ့တယ်ပါတယ်။ အရမ်းတန်ဖိုးကြီးတဲ့နိုင်ငံ့ရတနာဖြစ်တာကြောင့် လိုချင်တပ်မက်တဲ့ သူတွေများပြီးတော့ ဒီရုပ်တုကိုပိုင်ဆိုင်နိုင်ဖို့ အလုအယက်ကြိုးစားနေကြပါတယ်။ အဲဒီအချိန်မှာ ပညာမတတ်ပေမယ့် ရိုးသားပြီး ကိုယ်ခံပညာတော်တဲ့ တောင်ပေါ်သားတစ်ယောက်က နိုင်ငံ့ရတနာကို မသမာသူတွေလက်ထဲ မရောက်အောင် ကာကွယ်ရင်း သူ့ရဲ့သူရဲကောင်းအိပ်မက်ကို အကောင်အထည်ဖော်သွားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။

5.8 2024
Wild Journey
The Punishment / El castigo

ဇာတ်ကားက ဒါရိုက်တာ Alexander Witt ရဲ့ စပိန်ဒရာမာကားကောင်းတစ်ကားပါ။ အဓိက မင်းသမီး Mónica López, Marga Arnau နဲ့ မင်းသား Xabier Deive တို့ရဲ့ သရုပ်ဆောင်ချက်တွေဟာ ဖြစ်ရပ်မှန်ဆန်ပြီး စိတ်ထိခိုက်ဖို့ကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ မိသားစုဘဝရဲ့ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ကြရပုံကို အမိအဖနဲ့ သားသမီးတို့ကြားမှ ကြည်နူးစရာနဲ့ ရိုက်ကူးထားပါတယ်။ Alexander Witt ရဲ့ ရိုက်ကူးပုံက ကြည့်ရင်း ခံစားရမှုတွေကို ပိုမို ထိတွေ့အောင် ဖန်တီးပေးထားတာလည်း သဘောကျစရာပါပဲ။ ဇာတ်ကားကြည့်နေတုန်း စိတ်ပေါင်းသောင်းခြောက်ထောင်လောက်ကိုဖြစ်ပေါ်စေတဲ့အတွက်ကြောင့် ရိုက်ချက်တွေကတော့ ကောင်းပါတယ်။ ဇာတ်ကားဟာ ထူးခြားတဲ့ ဆုရရှိတာဘာညာ မရှိသေးပေမယ့် စပိန်ဒရာမာကြိုက်သူတွေ စိတ်ဝင်စားဖို့ကောင်းမယ့် ဇာတ်ကားတစ်ကားဖြစ်တယ်လို့ ပြောလို့ရပါတယ်။ File size…(1.1 GB)/(618 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2022
The Punishment / El castigo
The Human Condition II: Road to Eternity
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်” ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.15GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
8.5 1959 178 mins
The Human Condition II: Road to Eternity
Hansel & Gretel: Witch Hunters
6

စုန်းမတွေကို သတ်ဖို့ အကောင်းဆုံးနည်းက မီးရှို့တာပဲ Hanel and Gretel ဆိုပြီး တောထဲမှာ လမ်းပျောက်ပြီး သကြားလုံးတွေနဲ့ အိမ်မှာ စုန်းမတစ်ယောက် ဖမ်းဆီးခြင်းကို ခံရတဲ့ ပုံပြင်လေးကို ကျွန်တော်တို့ ပုံပြင်အဖြစ်ရော ဇာတ်လမ်းတွေ အဖြစ်ပါ ကြားဖူး မြင်ဖူးကြမှာပါ ဒီတစ်ခါမှာတော့ အဲဒီ ပုံပြင်ကိုပဲ အခြေတည်ရိုက်ကူးထားပြီး Marvel က ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား Haekeye မင်းသား Jeremy Renner ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ငယ်စဥ်မှာ မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ Hansel နဲ့ Gretel ဟာ တောထဲမှာ မျက်စိလည် လမ်းမှားပြီး စုန်းမ တစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ် စုန်းမကို မီးဖိုထဲ တွန်းချ ထွက်ပြေးခဲ့တဲ့ နောက်မှာတော့ စုန်းမုဆိုးတွေ အဖြစ် အသက်မွေးဝမ်းကြောင်းပြုပြီး နေထိုင်ခဲ့ပါတယ် ဒီလိုနဲ့ ကြီးလာတဲ့အခါမှာ နာမည်ကြီး စုန်းမုဆိုးတွေ ဖြစ်လာပြီး အော့စ်ဘာ့ဂ်ဆိုတဲ့ မြို့လေးမှာ ကလေးတွေ အများကြီး စုန်းမတွေ ဖမ်းဆီးနေတာကြောင့် သူတို့ကို အလုပ်အပ်လာပါတယ် အဲဒီအချိန်မှာ အကြီးစား စုန်မတွေရဲ့ အကြံကို သိလိုက်ရပြီး သူတို့ တားဆီးအနိုင်ယူနိုင်မှာလား သူတို့ရဲ့ မိဘတွေက ဘာလို့ စွန့်ပစ်သွားတာလဲဆိုတာကို‌ရော သူတို့ သိရမှာလား ဆိုတာကို ကြည့်ရှု ခံစားလိုက်ပါ File Size : 4.3 GB, 1.6 GB, 946 MB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 40min Format : Mkv and Mp4 Audio : AAC and AC-3 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Zin Sann Oo Encode by : Thit San Khant

6 2013 88 mins
Hansel & Gretel: Witch Hunters
Udaan
8.1

Udaan (2010) ************** IMDb….8.1 တစ်ချို့သောမိဘတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာ၊သားသမီးအပေါ်ထားတဲ့ စေတနာ၊အကြင်နာတွေကို ကလေးအိပ်ပျော်သွားတဲ့အချိန်ရောက်မှ ခိုးနမ်းရင်း ပြကြတယ်… ဘာဖြစ်လို့ အဲဒီလိုလုပ်ကြလဲမေးရင် သူတို့ရဲ့ပျော့ညံမှုကို သားသမီးတွေ မမြင်စေလိုတာရယ်တစ်ကြောင်း တအားချစ်မှန်းသိရင် ကလေးကို ဆုံးမရခက်မှာစိုးရိမ်လို့ဆိုတဲ့စကားမျိုးဖြေကောင်းဖြေကြပါလိမ့်မယ်….မိဘတစ်ချို့ဟာ ကလေးစကားစပြောတတ်ပြီဟေ့ ဆိုတာနဲ့ အများဆုံးဘာသင်လဲဆိုတော့ သားလေး သမီးလေး ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့အမေးစကားကို ဆရာဝန်ကြီးလုပ်မယ်… အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့အဖြေစကားပါပဲ….ဧည့်သည်တွေ ဆွေမျိုးတွေကြားထဲမှာ ဒီကလေးတွေရဲ့အဖြေဟာ ဂုဏ်ယူစရာဖြစ်ခဲ့သလို အရွယ်ရောက်လာရင်လည်း ဒီလိုမျိုးတွေဖြစ်လာဖို့ ပြုစုပျိုးထောင်ပုံသွင်းကြတယ်…တချို့သောကလေးတွေအတွက် အဆင်ပြေပေမဲ့ ၀ါသနာနဲ့ နှလုံးသားရဲ့ မြတ်နိုးရာ လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့ကလေးတွေအတွက် အနာဂတ်ဟာ ဝေ၀ါးသွားတတ်တယ်.. ..နားလည်ပေးနိုင်တဲ့မိဘမျိုးဆိုအဆင်ပြေပေမဲ့ အတ္တအနည်းငယ်ကြီးတဲ့မိဘမျိုးရှိသူ ကလေးအတွက်တော့ လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်.. ..ဒီကားက အင်ဂျင်နီယာကြီးဖြစ်စေချင်တဲ့ မိဘနဲ့ စာရေးဆရာ ကဗျာဆရာဖြစ်ချင်တဲ့ သားတစ်ယောက်အကြောင်းရိုက်ပြထားတာပါ….. အိန္ဒိယရုပ်ရှင်တွေရဲ့အကောင်းဆုံး (၄၆) ကားစာရင်းထဲပါခဲ့သလို အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဇာတ်လမ်းဆု၊ အကောင်းဆုံးဇာတ်ပို့ဆုနဲ့ အခြေားဆုပေါင်းများစွာရရှိထားပါတယ်…. ဒီကားမဒေါင်းခင်ကြိုပြောလိုတာက မင်းသမီးမပါသလို ခမ်းနားထည်ဝါတဲ့ အကတွေ သမီးရည်းစားအချစ်ခန်းတွေမပါဘူး…. ပညာပေးကားတွေရိုက်တဲ့နေရာမှာ အိန္ဒိယကားတွေဟာ အဆန့်အတန်းရှိကြောင်း ခင်ဗျားဟာ ဒီကားကြည့်ပြီး သတိထားမိသွားလိမ့်မယ်… အယ် အစကထဲက သတိထားမိပြီးသားဆိုရင်လည်း ခင်ဗျားတို့ကြိုက်တဲ့ အဆင့်အတန်းရှိပညာပေးကားစာရင်းမှာ Udaan ဆိုတဲ့ကားကို စာရင်းထပ်သွင်းလိုက်မှာ ကျွန်တော်ရဲရဲကြီးအာမခံရဲတယ်…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်…..) File Size… 3.64GB/ 1.11GB Quality…Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Lyric Lynn Khant

Horror • Science Fiction
8.1 2010 138 mins
Udaan
The Summer We Died
5.7

The Summer We Died (2024) IMDb Rating (5.7) Dillon Brown ဒါရိုက်တာ ဖန်တီးထားတဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး လူငယ်များရဲ့ အချစ်၊ အန္တရာယ်နှင့် သေဆုံးမှုအကြောင်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ရီနိုမြို့မှာ ဖြစ်ပွားတဲ့ လူငယ်များရဲ့ ရင်သပ်ရှုမောဖွယ် အချစ်ဇာတ်လမ်းများ၊ အန္တရာယ်များနှင့် သေဆုံးမှုများကြား မှာချာချာလည်အောင် ကြည့်ရပါမယ်။ Amanda Morgan (M) နှင့် Grace Winters (Darlin’) တို့ရဲ့ သရုပ်ဆောင်မှုတွေကြောင့် မလို့ စိတ်စားဖွယ်ကောင်းစေပြီး၊ သူတို့ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်၊ အချစ်နှင့် မတူညီသော အတွေးအခေါ်များကိုမြင်ရမယ် ။ ဇာတ်လမ်းအတွင်းမှာ လူငယ်တွေ ရင်ဆိုင်နေကြတဲ့ အန္တရာယ်တွေ စိတ်ကူးယဉ်ပုံတွေ၊ မျှော်လင့်ထားတာတွေဖြစ်မလာဘူးလို့ ထင်နေရင်ဒီကားကိုကြည့်လိုက်ပါ ပိုပြီးတော့မျှော်လင့်ချက်ပျောက်သွားချင်ရင်ပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.1 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:13:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Horror • Mystery
5.7 2024 73 mins
The Summer We Died
Crosspoint
6

Crosspoint (2024) ***************** ၁၉၉၀ ခုနှစ်တွေက ပျိုတိုင်းကြိုက်တဲ့နှင်းဆီဖြစ်ခဲ့တဲ့ ဖိလစ်ပိုင် အဆိုတော်-မင်းသား မန်နွယ် ဟီဒါဂို… ခေတ်ရေစီးကြောင်းအလျောက် နာမည်ကျော်ကြားမှု လျော့ပါးလာခဲ့ပြီး လက်ရှိရေပန်းစားတဲ့ အနုပညာရှင်တွေနဲ့ အစားထိုးခံလာရတဲ့သူဟာ မကြာခင် မီးဖွားတော့မဲ့ ဇနီးသည်အတွက် ငွေကြေးပိုင်ဆိုင်ရာမှာ အကြပ်ရိုက်နေတော့တယ်… အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မန်နွယ်ဟာ ဒီလိုအခြေအနေအမျိုးမျိုးကြောင့် အဆုံးမှာ ဂျပန်နိုင်ငံက ကလပ်ပိုင်ရှင်မိတ်ဆွေနဲ့ ချိတ်ဆက်ပြီး တရားမဝင်အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်… ဝန်ထမ်းတွေကို လစာမပေးနိုင်၊ သမီးဖြစ်သူကိုလည်း မထောက်ပံ့ပေးနိုင်တဲ့ စီးပွားပျက်ခါနီး လုပ်ငန်းရှင် ရှီဂယ်ရူ ယာမာဂူချီ… အကြွေးရှင်ပေါင်းများစွာကို ရင်ဆိုင်နေရပြီး သစ္စာအရှိဆုံးဝန်ထမ်းတွေကပါ အလုပ်ထွက်ကုန်တဲ့အတွက် မွဲပြာကျလုနီးနီးဖြစ်နေတဲ့ ယာမာဂူချီရဲ့ တစ်ခုတည်းသောပိုင်ဆိုင်မှုဟာ သူ့သမီးလေးပါပဲ…သူဟာ သမီးဖြစ်သူရဲ့ ရှေ့ရေးအတွက် ထောက်ပံ့နိုင်စွမ်းမရှိလို့ သူ့ကိုယ်သူ အားမလိုအားမရဖြစ်ပြီး အရက်ဆိုင်မှာပဲ အချိန်ကုန်နေရင်း တစ်နေ့မှာ ရဲတွေ ဆုကြေးထုတ်ပြီး အပူတပြင်းရှာဖွေနေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သိလိုက်ရတော့တယ်…အဘက်ဘက်က ငွေကြေးပိုင်းဆိုင်ရာ ချွတ်ခြုံကျနေတဲ့ မန်နွယ်နဲ့ ရှီဂယ်ရူဟာ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဆုံစည်းမိကြပြီး ဆုကြေးငွေအတွက် အရမ်းကိုအန္တရာယ်များလှတဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းကြဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့… ဇာတ်လမ်းအညွှန်းကို Esther မှ ရေးသားပေးထားပါတယ် File Size : 1.41GB / 533MB Quality : WEB-DL 1080p / 720p Genres : Action / Thriller Duration : 1h 40m Subtitle : Myanmar Subtitle (Hard Sub) Translated by Esther & Mary Encoded by Heather Oo

Drama • Crime • Thriller
6 2024 101 mins
Crosspoint
A Heart That Forgives 2: The Battle Within

ဒီတခေါက်မှာတော့ 2024 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒရမ်မာကားလေးကို တင်ဆက်ပေးပါရစေ။ မန်နီနဲ့ ပမ်တို့ လင်မယားဟာ သမီးလေးနှစ်ယောက်ပိုင်ဆိုင်ထားပြီး ပျော်ရွှင်တဲ့မိသားစုဘ၀လေးကို တည်ဆောက်ထားကြပါတယ်။ မန်နီဟာလဲ အိမ်ထောင့်တာ၀န်ကျေပွန်သလို ပမ်ကလဲ သမီးနှစ်ယောက်ကို ထိန်းကျောင်းရင် တစ်ဖက်တလမ်းက ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ကွတ်ကီးလုပ်‌ငန်း အသေးစားလေးကို ဦးစီးနေပါတယ်။ ပမ်ဟာ အိမ်ရှင်မပီပီ ကလေးနှစ်ယောက်ကို ထိန်းကျောင်းရင်း စီးပွားရှာနေရသူမို့ ကိုယ်ပိုင်အချိန်တောင် မရှိသလောက်ပါပဲ။ တစ်နေ့မှာတော့ ပမ်ဟာ မနက်ပိုင်း လေ့ကျင့်ခန်းထွက်လုပ်ရင်း ရုတ်တရက်ဆုံးပါးသွားပါတယ်။ မန်နီတစ်ယောက် မိန်းမဆုံးပါးပြီးနောက်မှာ ကလေးနှစ်ယောက်နဲ့ ဘ၀ကို ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး…. File size…(1.2 GB)/(668 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

Horror • Action • Thriller
0 2024
A Heart That Forgives 2: The Battle Within