YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

National.Lampoons.Christmas.Vacation.1989.720p {CM}.mp4

873.3 MB 720p video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Origin of Evil
6.6

The Origin of Evil (2022) ~ IMDb - 6.6/10, Rotten Tomatoes - 86% ~ Lesbian အတွဲက အဓိကဇာတ်ကောင်အနေနဲ့ပါ၀င်ထားတဲ့ Mystery ဆန်ဆန် ပြင်သစ်ကားတစ်ကားဖြစ်ပါတယ်။ စတေဖနဲစ်ဆိုတဲ့ အမျိုးသမီးဟာ အသင့်စားငါးဗူးတွေ ထုတ်တဲ့ စက်ရုံမှာ အလုပ်လုပ်ပြီး သူ့ချစ်သူမိန်းမက ထောင် ၅နှစ်ကျနေသူဖြစ်ပါတယ်။ သူ့ကို သတ်မှတ်ရက်ထက် စောလွတ်အောင်လုပ်ဖို့ သူတို့ ကြိုးပမ်းနေကြတာပါ။ စတေဖနဲစ်ငှားနေတဲ့ အိမ်ရှင်အမျိုးသမီးက သူ့သမီးပြန်ရောက်လာမှာဖြစ်တဲ့အတွက် စတေဖနဲစ်ကို ဖယ်ခိုင်းပါတော့တယ်။ အစအစအရာရာ အခက်အခဲတွေ ဖြစ်လာတဲ့အချိန်မှာ စတေဖနဲစ်က သူ့ရဲ့ ကလေးဘ၀တည်းက ကွဲသွားတဲ့ဖခင်ကို ဆက်သွယ်ပါတော့တယ်။ ဒီလိုနဲ့ ဖခင်နဲ့ အဆက်အသွယ်ရပြီးတဲ့အခါမှာ သူ့ဖခင်ရှိတဲ့ မြို့ကို သွားရောက်တွေ့ဆုံပါတော့တယ်။ စတေဖနဲစ်ရဲ့ဖခင်က စီးပွားရေးလုပ်ငန်းတွေ အများကြီးပိုင်တဲ့ သူဌေးကြီးတစ်ဦးဖြစ်ပြီး လက်ရှိမှာ နောက် မိန်းမနဲ့ သမီးဖြစ်သူတို့နဲ့ နေနေတာပါ။ သူ့အဖေက စတေဖနဲစ်ကို သူတို့အိမ်ကြီးဆီခေါ်သွားပြီး မိသားစုတွေနဲ့ တွေ့ဆုံစေပါတယ်။ သူ့ရဲ့ အဖေတူအမေကွဲညီမဖြစ်သူ ဂျော့ရှ်ကတော့ စတေဖနဲစ်ကို မယုံပါဘူး။ ငွေတွေလိုချင်လို့ သမီးယောင်ဆောင်ပြီး ချဉ်းကပ်တယ်လို့ထင်တာပါ။ သူတို့မိသားစုရဲ့ ဆက်ဆံရေးကလည်း အဆင်မပြေကြပါဘူး။ ဖခင်သူဌေးကြီးက သူ့လုပ်ငန်းတွေကို ဂျော့ရှ်က ဦးစီးပြီး ပြောင်းလဲပစ်မှာကို မကြိုက်တဲ့အတွက် စတေဖနဲစ်ကို အရေးပေးလာပါတယ်။ ဒီလိုနဲ့ သူဌေးကြီး‌ရဲ့ အမွေတွေ ရဖို့ ကြံစည်ကြပုံတွေ၊ အားလုံးက စတေဖနဲစ်လို ထင်ကြတဲ့ အမျိုးသမီးရဲ့ တကယ့်ဘ၀အစစ်အမှန်က ဘယ်သူလဲ၊ သူပြောသလို သူဌေးကြီးရဲ့ သမီးရင်း ဟုတ်ပါ့မလား၊ အမွေတွေကို နောက်‌ဆုံးမှာ ဘယ်သူရမလဲ......စတာတွေကို မြှုပ်ကွက်လေးတွေနဲ့ ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 870MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 2H 5Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.6 2022 123 mins
The Origin of Evil
Best Years Gone
5

ဒီတစ်ခါတော့ ပညာပေးကားလေးတစ်ကားပါပဲ အရက်သမားတွေအတွက် ပညာပေးကားလေးပေါ့ ကားပြိုင်ရင်းကားမှောက်ခဲ့ရာကနေ စိတ်ဓာတ်ကျ ပြီး အရက်သမားဖြစ်နေတဲ့ ဂေးလ်တစ်ယောက်ကတော့ ချစ်ရတဲ့သူတွေ့ပါစေ ဆိုပြီး အရက်ဆိုင်မှာနေ့တိုင်းဆုတောင်းနေတာကနေ သူ့ကို ချစ်လာမဲ့အရက် ဆိုင်ကတစ်ယောက်နဲ့တွေ့ပြီး ချစ်ခဲ့ကြတာပါ ဖြစ်ချင်တော့ အဲဒီအမျိုးသမီးမှာ သမီးအမွှာလေးနှစ်ယောက်ရှိနေတာပါပဲ ပထွေးနဲ့ သမီးတွေရဲ့ ထုံစံအတိုင်း အစေးမကပ်ကြဘူးပေါ့ ဒီလိုနဲ့ အရက်သမားစုံတွဲနှစ်ယောက်ဟာ အရက်မူးရူးပြီး နောက်နေ့မှာအမျိုးသမီးအဖမ်းခံလိုက်ရချိန်မှာတော့ ဇာတ်ရှိန်က တဖြည်းဖြည်းနဲ့ တက်လာခဲ့ပါတော့တယ် အဲဒီအချိန်မှာပဲ ဇာတ်လမ်းရဲ့ မြှုပ်ကွက်လေးတွေ တစစ ပေါ်လာပြီးတော့ ပြီးတဲ့အထိကို ဆွဲခေါ်သွားစေနိုင်တဲ့ကားကောင်းလေးပါပဲ File size…(1.25GB)/(671.2MB)/(350.44MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:34:00 Genre...Comedy/ Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

5 2021 94 mins
Best Years Gone
The Shawshank Redemption
8.7

91% Rotten Tomatoes 9.3/10 IMDb မိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ.....မသေခင်ကြည့်သင့်သော ကားများ....ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ဆိုတဲ့အကြောင်းလေးပါပဲ။ ရုပ်ရှင်လေးက ရိုးရှင်းပေမယ့်....ဒါရိုက်တာတိုင်း အိပ်မက်မိမယ့် အောင်မြင်မှုတွေ ရရှိသွားခဲ့ပါတယ်။ အော်စကာ လျာထားမှု (၇) နေရာ တခြား ဆုပေါင်းများစွာ နဲ့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုပေါင်းများစွာနဲ့ အောင်မြင်ခဲ့ပါတယ်။ ခင်ဗျားတို့ဆီက မျက်ရည်တွေ ချူနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့ ဘဝတွေကို ဘယ်လိုရှင်သန်ခဲ့မိပြီလဲလို့ ပြန်တွေးမိစေပါလိမ့်မယ်။ ဘဝရဲ့ အချိန်ကောင်းတွေကို ဖြုန်းတီးမိသွားပြီလားလို့ သံသယဖြစ်လာပါလိမ့်မယ်။ တခါမှ မတွေးမိသေးတာ ဖြစ်နိုင်မယ့် လက်ရှိဘဝရဲ့ လွတ်လပ်မှုတန်ဖိုးကို တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ နောက်ဆုံးမှတော့ ပျော်ရွင်မှုလေး တစ်ခု ခံစားရင်း အဆုံးသတ်သွားပါလိမ့်မယ်လို့.....။ File size…(5.3 GB)/(2.1 GB)/(900 MB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 Duration….02:22:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Sherlock

Fantasy
8.7 1994 142 mins
The Shawshank Redemption
Valiyor Silar
9

ဒီနေ့မှာတော့ Channel Myanmar ရဲ့ အိန္ဒိယရုပ်ရှင်ချစ် ပရိတ်သတ်တွေအတွက် သွေးထွက်သံယိုတွေ မပါတဲ့ ရုပ်ရှင်ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ မှုခင်းစုံထောက်ဇာတ်ကားအများစုရဲ့ အနှစ်က သဲလွန်စတွေနဲ့ ခေါင်းခဲစရာ မြုပ်ကွက်တွေပဲလေ ဟုတ်တယ်မလား။ ဒီရုပ်ရှင်ကလည်း ပုံမှန်ရိုးရိုးရှင်းရှင်း ဇာတ်အိမ်ထဲမှာပဲ လူငယ်တစ်ယောက်နဲ့ ရဲတစ်ယောက်ကြားက ပဋိပက္ခကို သရုပ်ဖော်ထားတာပါ။ မိသားစု စီးပွားရေးမပြေလည်တဲ့ အာဂျွန်တို့မိသားစုက ညီမငယ်လေး ရမ်ယာလက်ထပ်ပွဲအတွက် အိမ်ကိုပေါင်ပြီး ပိုက်ဆံချေးလာတာပေါ့။ ဒါပေမယ့် အပြန်လမ်းမှာ စာရွက်စာတမ်းနဲ့ ကိုယ်ရေးအချက်အလက်တွေ မပါလို့ဆိုပြီး ရဲတွေက သံသယဝင်ပြီး ပါလာတဲ့ ပစ္စည်းတွေကို တစ်ညထိန်းသိမ်းထားလိုက်ပါတယ်။ နောက်နေ့မှ စာရွက်စာတမ်းပြပြီး ပစ္စည်းလာထုတ်ပေါ့။ ဒီတော့ နောက်နေ့ရဲစခန်းမှာ အာဂျွန်သွားယူတော့ သူပေးလိုက်တဲ့ ငွေ သိန်း ၂၀ အစား ၅ သိန်းပဲ ပြန်ရပါတော့တယ်။ ဒီတော့ ဒီငွေသာမရှိတော့ရင် ညီမလေးရဲ့ မင်္ဂလာပွဲပျက်မယ့်အရေးမို့ အာဂျွန်ခမျာ အရူးမီးဝိုင်းဖြစ်တော့တာပေါ့။ ဒီတော့ ငွေတွေကရော ဘယ်ကိုရောက်သွားတာလဲ။ အာဂျွန်ထင်သလိုပဲ ရဲတွေက ကြားကနေ တစ်ပတ်ရိုက်ပြီး အစဖျောက်ယူသွားတာလား။ အခြေအနေက ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို ဖြေရှင်းရမယ့် အာဂျွန်တစ်ယောက် လုပ်မိလုပ်ရာတွေ လုပ်လိုက်ပါတော့တယ်။ မပြေလည်တဲ့ မိဘနှစ်ပါးကိုလည်း အကြောင်းရင်းစုံကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောနိုင်။ ညီမလေးရဲ့ လက်ထပ်ပွဲကိုလည်းအပျက်ခံလို့မဖြစ်။ ဒီလို ရွေးစရာမရှိတဲ့ကြားထဲမှာ အာဂျွန်ဘယ်လိုမျိုး ထွက်ပေါက်ရှာမလဲ။ ဒါတွေကို ရိုးရှင်းတဲ့ဇာတ်အိမ်မှာ ညိမ့်ညိမ့်ညောင်းညောင်းဆွဲယူသွားမယ့် သဲလွန်စတွေနဲ့ အခုပဲ ကြည့်ရှူခံစားလိုက်ပါတော့ဗျာ။ File size…1.3Gb / 650MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM

Action • Comedy • Science Fiction
9 2021 75 mins
Valiyor Silar
Something in the Woods
4.4

Something in the Woods (2022) ======================= Monster Horror ငယ်ငယ်ကဆို လူသားစားတဲ့ အကောင်ကြီးတွေကားဟာ အတော်ကြည့် ကောင်းခဲ့တယ်ပေါ့ဗျာ။ ဘယ်နေရာကနေ အဲအကောင်ကြီးထွက်လာမလဲ၊ တောထဲကို‌လျှာရှည်ပြီး ရောက်လာတဲ့သူတွေ ဘယ်လိုပြေးရမလဲ၊ နောက်ဆုံးမှာ အကောင်ကြီးကို နိုင်သွားလား၊ ရှုံးသွားလား အဲဒါမျိုးတွေ ကြည့်ခဲ့ရတာပေါ့။ ဒီကားတွေရဲ့သဘောတရားတစ်ခုက ဇာတ်လိုက်တွေက အကောင်ကြီးကို နိုင်သွားတာဖြစ်တတ်သလို၊ မနိုင်ဘဲ အကောင်ကြီးကသာ အနိုင်ရသွားတာ မျိုးတည်းက တစ်မျိုးမျိုးနဲ့ အဆုံးသတ်တဲ့ကားတွေပါ။ အမြဲတမ်း happy ending ဖြစ်မယ် ခန့်မှန်းမရ၊ happy ခြင်း happy၊ sad ချင် sad၊ mysterious ဖြစ်ချင်ဖြစ်တဲ့ ကားမျိုးတွေပါ။ ဒီတော့ ဟောဒီ ၂၀၂၂ ရဲ့ Something in the woods ရုပ်ရှင်ကားထဲမှာလည်း ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ မွန်းစတားကားတွေလို ခံစားချက်မျိုးပြန်ရနိုင် မယ်လို့ထင်ပါတယ်။ လူသားစားတဲ့အကောင်ဆန်းကြီးတွေရဲ့ကားကို ကြိုက် တတ်တဲ့သူတွေကြည့်သင့်တဲ့ ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းသဘော တရားကလည်း နည်းနည်းရှုပ်‌ထွေးတာမို့ တော်တော်ကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆိုရင်တော့ လမ်းမတန်းကြီးတစ်ခု ဘေးနားမှာ ရပ်ထားတာသုံးလေးရက်ကြာပြီဖြစ်တဲ့ကားတစ်စီးနဲ့ ပျောက်ဆုံး သွားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ စတင်ထားပါတယ်။ အဆိုပါအမျိုးသမီး ပျောက်ဆုံးသွားစေရတဲ့ အကြောင်းအရင်းက ဘာများဖြစ်မလဲဆိုတာနဲ့ ဇာတ် လမ်းဟာ အထွဋ်အထိပ်ကို ဘယ်လောက်ထိဆွဲခေါ်သွားလဲ၊ ဘယ်လိုကြည့် ကောင်းလဲဆိုတာကိုတော့ Something in the Woods ကားကို ခံစားရင်ခုန် ကြည့်မှသာ သိနိုင်မှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)

Comedy • Drama • History
4.4 2022
Something in the Woods
Windmill

Windmill (2023) စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတစ်ယောက်က သူခံစားခဲ့ရတဲ့အတိုင်း ပြန်ကျူးလွန်မိတတ်ကြသလား? အသစ်ထွက်ရှိထားတဲ့ Windmill 2023 ဇာတ်ကားမှာဆိုရင်တော့ ဖခင်ရဲ့နှိပ်စက်ဆိုးသွမ်းမှုတွေကြောင့် စိတ်ဒဏ်ရာရခဲ့တဲ့ ဂျောင်ဟွန်းဟာ သူ့ဖခင်လိုလူမျိုး ဘယ်တော့မှဖြစ်မလာစေရဘူးလို့ စိတ်ဆုံးဖြတ်ထားပြီး လက်ဝှေ့အားကစားသမားဖြစ်ဖို့ပဲ ကြိုးစားနေခဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်နေ့မှာတော့ ဒုက္ခရောက်နေတဲ့ကောင်မလေး ဆွန်းဟီကိုကယ်တင်ရင်း လူမိုက်အုပ်စုတစ်စုနဲ့ ပတ်သက်မိသွားခဲ့ပြီး သူ့ရဲ့အိပ်မက်ဖြစ်တဲ့ လက်ဝှေ့သမားဖြစ်ဖို့ကို စွန့်လွှတ်လိုက်ရပါတော့တယ် ဒါ့အပြင် အဘိုးဖြစ်သူရဲ့ရောဂါကြောင့် ဂျောင်ဟွန်းတစ်ယောက် ငွေအသည်းအသန်လိုအပ်လာချိန်မှာတော့ လူမိုက်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါ လူမိုက်မဖြစ်ရဘူးလို့ စိတ်ပိုင်းဖြတ်ထားခဲ့တဲ့ ဂျောင်ဟွန်းတစ်ယောက် တကယ်ပဲ အပြစ်ကင်းကင်းစင်စင်နဲ့ နေသွားနိုင်ပါ့မလား ဒါမှမဟုတ် သူကိုယ်တိုင်မသိလိုက်ခင်မှာတင် သူ့အဖေလိုလူမျိုး ဖြစ်လာမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးနော် အဓိကသရုပ်ဆောင်တွေအဖြစ် B1A4 အဖွဲ့ဝင်ဟောင်း Cha Sun-Woo နဲ့ Lovelyz အဖွဲ့ဝင်ဟောင်း Yoo Ji-Ae တို့က ပါဝင်ထားကြတာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Action Quality…. 1080p | 720p | 480p File size… 1GB | 520MB | 131MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

Horror
0 2023
Windmill
SEE HEAR LOVE
6.5

See Hear Love (2023) ဒီနေ့မှာတော့ IMDb 6.8/10 ရ ဂျပန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ Manga Artist တစ်ယောက်ဖြစ်တဲ့ “Shinji Izumoto” က သူရေးဆွဲတဲ့ဇာတ်လမ်းတွေနဲ့ လူငယ်တော်တော်များများကို စိတ်ဓာတ်ခွန်အားပေးနေတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး။ သူ့လက်ရာတွေဟာ တဖြည်းဖြည်းနဲ့လူကြိုက်များလာသလို ရုပ်ရှင်ပြန်ရိုက်ဖို့အထိပါ အောင်မြင်လာပြီဖြစ်တဲ့ Shinji ဟာ တစ်နေ့မှာတော့ အလုပ်ဒဏ်ပိလို့ပဲပြောရမလား သူကိုကကံဆိုးလို့ပဲပြောရမလား မျက်မမြင်ဒုက္ခိတဘဝကိုမထင်မှတ်ဘဲ ရောက်သွားပါတော့တယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ သူချစ်တဲ့အလုပ်ကို ဆက်မလုပ်နိုင်တော့ဘဲ လမ်းပျောက်နေတဲ့ Shinji ဆီကို သူ့ရဲ့စာဖတ်သူတစ်ယောက်လည်းဖြစ်သလို သူ့စာတွေကြောင့် ခွန်အားရခဲ့ရပါတယ်ဆိုတဲ့ “Hibiki Aida” ဆိုတဲ့ မိန်းမလှလေး ရောက်လာတဲ့အခါ ..။ Hibiki က မွေးရာပါ ဆွံ့အနားမကြားသူတစ်ယောက်ဖြစ်တာမို့ ငယ်ငယ်လေးတည်းက ကာတွန်းတွေ စာတွေကိုပဲအဖော်ပြုပြီးနေခဲ့ရတဲ့ကောင်မလေးပေါ့။ ဒီလိုကနေ မျက်မမြင်ကောင်လေးတစ်ယောက်နဲ့ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်အကြား “အချစ်” ဆိုတဲ့အရာ မွေးဖွားလာတဲ့အခါမှာတော့ ..။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 777MB | 397MB Format… mp4 Duration…. 2h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. Aaron

6.5 2023
SEE HEAR LOVE
Let the Dance Begin
6.9

Let the Dance Begin (2023) ~ IMDb – 6.9/10, Rotten Tomatoes – 100% ~ ရယ်လည်းရယ်ချင်တယ်၊ ငိုလည်းငိုချင်တယ်၊ အဲဒါအပြင် ဒရာမာကိုပါ အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ အာဂျင်တီးနားကားကိုသာ ကြည့်လိုက်ပါတော့။ ဒီဇာတ်ကားမှာ အာဂျင်တီးနား နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Dario Grandinetti နဲ့ Mercedes Morán ကနေပြီးတော့ ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါ့အပြင် IMDb မှာ 6.9/10 နဲ့ Rotten Tomatoes မှာ 100% ပါရထားပြီး ဆု နှစ်ဆုလည်း ချိတ်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းဟာဆိုရင်တော့ ငယ်သူငယ်ချင်းသုံးယောက် ခြောက်ဆယ်ကျော်သွားတဲ့အချိန်မှာ ပြန်ဆုံတဲ့အပေါ်ကို ဇာတ်အိမ်တည်ထားတာပါ။ တစ်ပါထဲ “Tango” ဆိုတဲ့ အကတစ်မျိုးအကြောင်းပါ ပြောလိုက်ပါမယ်။ Tango ဆိုတာက ၁၈၈၀ ဝန်းကျင်တုန်းကစပြီး အာဂျင်တီးနားနဲ့ ဥရုဂွေးနှစ်နိုင်ငံကြား ခေတ်စားသွားတဲ့အကတစ်ခုပေါ့။ ဘယ်လောက်ထိခေတ်စားသွားလဲဆိုရင် ၂၀၀၉ မှာ ယူနက်စ်စကိုရဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲပါ ဝင်သွားတဲ့အထိဖြစ်သွားပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတဲ့ သူငယ်ချင်းသုံးယောက်ထဲက နှစ်ယောက်က တစ်ချိန်က နာမည်ကြီးခဲ့တဲ့တန်ဂိုအကပညာရှင်ပေါ့။ ကားလို့စ်ဆိုတဲ့ တစ်ချိန်က နာမည်ကြီး အကလုလင်ဟာ သူ့ရဲ့ အကတွဲဖက်ဖြစ်တဲ့ မာဂရက်ဆိုတဲ့သူ ဆုံးသွားတဲ့သတင်းကိုကြားပြီးတော့ ရေမြေခြားထိ သူ့အသုဘကိုသွားတက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ မာဂရက်က တကယ်မသေသေးဘဲ သူက ကားလို့စ်ကို လျှို့ဝှက်ချက်တစ်ခုရှိလို့ ပြောပြချင်တဲ့ဇောနဲ့ အကြောင်းဖန်လိုက်တာပါ။ လျှို့ဝှက်ချက်ကတော့ ကားလို့စ်က မာဂရက်နဲ့ လမ်းမခွဲခင်မှာပဲ သူနဲ့ ကလေးရခဲ့တဲ့အကြောင်းဖြစ်နေပါတယ်။ ဒါပေမဲ့ ကလေးကိုမွေးမွေးပြီးချင်းမှာ မာဂရက်က ငွေကြေးမပြေလည်တဲ့အတွက် အခြားသူတစ်ယောက်ကို မွေးစားခိုင်းလိုက်ပါတယ်။ မာဂရက်က ကားလို့စ်နဲ့ ပြန်တွေ့တဲ့အချိန်ကျမှ အဲဒီကလေးကို တွေ့ချင်ပါတယ်ဆိုပြီး အတင်းဇောကြီးနဲ့ လိုက်ပို့ခိုင်းပါတော့တယ်။ ဖြစ်ချင်တော့လည်း သူတို့ရဲ့ ကျန်နေတဲ့ တတိယသူငယ်ချင်းဆိုသူကလည်း Third-wheel ကြီးဖြစ်နေပါသေးတယ်။ ဆိုတော့ ဒီသူငယ်ချင်းတွေသုံးယောက် ဘယ်လိုရှာပုံတော်တွေများထွက်ကြမလဲ… လမ်းမှာဘယ်လိုပြဿနာတွေနဲ့ ပက်ပင်းတိုးကြမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ခွီရင်း၊ လွမ်းဆွေးရင်း၊ မိခင်မေတ္တာကို ခံစားရင်းနဲ့ ဇာတ်ကားရဲ့ရသကို အပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 840MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Comedy, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

6.9 2023 99 mins
Let the Dance Begin
Die in a Gunfight
4.7

ရက်သ်ကာ့သ် မိသားစုနဲ့ ဂစ်ဘွန် မိသားစုတွေဟာ နယူးယောက်ခ်မြို့တော်မှာ သြဇာကြီးတဲ့ ထိပ်တန်းမီဒီယာလုပ်ငန်းရှင်ပြိုင်ဘက်ကြီးတွေဖြစ်ပြီး မျိုးရိုးစဉ်ဆက် တစ်ဦးနဲ့ တစ်ဦး ရန်စောင်တိုက်ခိုက်လာတဲ့ မဟာရန်သူတွေပါ။ သူတို့ရဲ့ ဆယ်ကျော်သက်သားနဲ့သမီးတွေဖြစ်တဲ့ ဘင်န်ဂစ်ဘွန်နဲ့ မေရီရက်သ့်ကာသ့်တို့ဟာ ရန်စတွေကို လျစ်လျူရှုပြီး အရူးအမူးချစ်မိသွားတဲ့အခါမှာတော့ ခေတ်သစ်ရိုမီယိုနဲ့ ဂျူလီယက်ဆန်ဆန် ဇာတ်လမ်းမျိုးဖြစ်လာပါတော့တယ်။ ဒီနေရာမှာဇာတ်လမ်းကို ပိုရှုပ်ထွေးတာက ကော်ပိုရိတ်တစ်ခုရဲ့အတွင်းရေးအရှုပ်တော်ပုံ၊ သူတို့ငှားထားတဲ့ ကြေးစားလူသတ်သမား၊ မေရီရက်သ်ကာ့သ်ကို တစ်ဖက်သတ်ချစ်မိနေတဲ့ ဝီလျံရက်သ်ကာ့သ်ရဲ့လူယုံတော်တို့ပါပဲ။ ခေတ်အဆက်ဆက်ရိုးမသွားနိုင်တဲ့ ဇာတ်လမ်းသွားမျိုးကို မြူးကြွသွက်လက်နေအောင်တင်ဆက်ထားပြီး လူငယ်ကြိုက် သရုပ်ဆောင်တွေဖြစ်တဲ့ Diego Boneta (Terminator: Dark Fate,Monster Hunter) နဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသမီးချောလေး Alexandra Daddario တို့က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။

TV Movie • Thriller
4.7 2021
Die in a Gunfight
Prey
5.5

ဇာတ်လမ်းလေးကတော့ အာဖရိက ကာလာဟာရီသဲကန္တာရထဲမှာ လူအုပ်စုတစ်စု အသက်ရှင်ကျန်ဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းလေးပါ…။ ဒီလူအုပ်စုထဲမှာ ခရစ်ယာန်သာသာပြု ဆရာဝန်တစ်ယောက်နဲ့ဇနီးဖြစ်သူ၊ လေယာဥ်မှူးတစ်ယောက်၊ လမ်းပြတစ်ယောက်နဲ့၊ တိုးရစ် သုံးယောက်ပါပါတယ်…။ အာဖရိကကို ပုံပြင်ကိုယ်စီရှိနဲ့ရောက်ရှိလာသူတွေပေါ့။ သို့ပေမယ့် စစ်သွေးကြွတွေသောင်းကျန်းလာတဲ့အခါ အားလုံးဟာ အသက်မသေချင်တော့ လေယာဥ်နဲ့ပြေးဖို့ ကြံပါတော့တယ်…။ ကံဆိုးချင်တော့ သူတို့စီးလာတဲ့ လေယာဥ်ဟာ တောရိုင်းတိရိစ္ဆာန်တွေ ကျက်စားတဲ့‌ အရိုင်းတောလွင်တီးခေါင်တစ်ခုမှာ ပျက်ကျသွားပါလေရော…။ ဒီအဖြစ်ဆိုးကနေ ဘယ်သူတွေရုန်းထွက်သွားနိုင်မလဲ၊ ဘယ်သူ့မှာက လူသိမခံတဲ့ဇာတ်လမ်းတွေရှိဦးမလဲ၊ ဘယ်သူကရော သားကောင်ဖြစ်သွားမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီဗျာ…။ File size…1.11GB / 508MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2024
Prey
Zero Dark Thirty
7.4

Zero Dark Thirty (2012) IMDb Rating (7.4) / Rotten Tomatoes (91 %) “အိုစမာ ဘင်လာဒင် ” ဆိုတဲ့ကမ္ဘာကျော် နာမည်ကိုအားလုံးကြားဖူးကြမှာပါ။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တာဝါ ၂ ခုကို အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲထားတဲ့ လေယာဉ်နဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့တဲ့ (၉/၁၁) ဖြစ်စဉ်ကို အဓိကကြိုးကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ အိုစမာ ဘင်လာဒင်ဟာ ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ၉/၁၁ ဖြစ်စဉ်အပြီး ဆယ်စုနှစ်တစ်ခုနီးပါးကြာတဲ့အထိ ဘင်လာဒင်ရဲ့အရိပ်အယောင်ကို အမေရိကန်တွေ ရှာမတွေ့ခဲ့ကြပါဘူး။ ကမ္ဘာ့အကောင်းဆုံးနည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန်ရဲ့လက်ကနေ နှစ်အများကြီးလွတ်အောင် ဘင်လာဒင် ဘယ်လိုပုန်းကွယ်ခဲ့လဲ။ အဲဒီလိုပုန်းကွယ်နေရင်း အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဘယ်လိုချိတ်ဆက်ပြီး အမေရိကန်ကိုဆက်လက်အထိနာစေတဲ့အကြမ်းဖက်လုပ်ရပ်တွေလုပ်ခဲ့လဲ။ အပုန်းကောင်းသူကြီး အိုစမာ ဘင်လာဒင်ရဲ့ နေရာကို အမေရိကန်တို့ ဆယ်နှစ်ကြာအောင် ဘယ်လို စတေးမှုတွေနဲ့ ဘယ်လိုခက်ခက်ခဲခဲရှာဖွေခဲ့ရပြီး သုတ်သင်ခဲ့ရလဲ ဆိုတာတွေကို ဒီရုပ်ရှင်မှာ အသေးစိတ်ကြည့်ရှုကြရမှာပါ။ ‌Zero Dark Thirty ဆိုတဲ့အဓိပ္ပါယ်ကတော့ သန်းခေါင်ယံကျော်လွန်ပြီး မိနစ် သုံးဆယ်အကြာကို ဆိုလိုတာဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ ဘင်လာဒင်ကို အမေရိကန်တို့ သုတ်သင်နိုင်ခဲ့တာလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးက Rating တွေမြင့်ပြီး ကြည့်ရှုသူတိုင်းကြိုက်ကြတဲ့ ဖြစ်ရပ်မှန်အခြေပြုရုပ်ရှင်ကားဖြစ်ပြီး အော်စကာဆုတဆု ရရှိခဲ့သလို အခြားသော ဆုပေးပွဲတွေမှာလဲ ဆုပေါင်း ၈၆ ဆုထိရရှိခဲ့ပါတယ်။

7.4 2012
Zero Dark Thirty
Wake Up Sid
7.5

Wake Up Sid (2009) ****************** သူနာမည်က ဆစ်ဒ်…ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့သူတစ်ယောက်ပေါ့… လက်ဖျောက်တစ်ချက်အတွင်းမှာ ပန်းတွေပွင့်စေချင်သလား…ရနံတွေ လွမ်းခြုံချင်သလား… ဘာမဆိုဖန်တီးနိုင်လောက်အောင်ချမ်းသာတဲ့သူပီပီ လောကကြီးကို အပြုံးတွေနဲ့ ဂျစ်ကန်ကန်ဖြတ်သန်းနေတဲ့ကောင်လေးတစ်ယောက်… သူငယ်ချင်းတွေနဲ့အချိန်ကုန်ပြီး ဘဝရည်မှန်းချက်ဆိုတာ မတွေးကောင်း မလုပ်သင့်တဲ့အရာလိုသတ်မှတ်ထားတဲ့သူ… ကျောင်းမှာလည်း စာမလုပ်တဲ့ကျောင်းပျော်ကြီးပေါ့…အိုင်ရှားဆိုတဲ့ကောင်မလေးကတော့ သူနဲ့ဆန့်ကျင်ဘက်ပါပဲ… ဘဝရပ်တည်မှုအတွက် ကြိုးစားရုန်းကန်နေရသလို ဆစ်ဒ်နဲ့လည်း ခံယူချက်တွေတော်တော်များများက အတော်ကြီးခြားနားလှပါတယ်.. သို့ပေမဲ့လည်း သူတို့ နှစ်ယောက်က သူငယ်ချင်းပါပဲ… သူတို့တွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး… သိပ်ကိုနူးညံသိမ်မွေ့လွန်းတဲ့ကားလေးပါ…ဒီကားက ဇာတ်လမ်းကမှန်းဆရလွယ်တယ်လို့ခင်ဗျားတို့ထင်ချင်ထင်လိမ့်မယ်.. ဒါပေမဲ့ နေ့စဉ်နဲ့အမျှရုန်းကန်နေရတဲ့ကျွန်တော်တို့နှလုံးသားဟာ ပင်ပန်းနွမ်းနယ်ရှာလွန်းတယ်မဟုတ်လား… ဒီကားကြည့်ပြီးရင်တော့ ခင်ဗျားတို့နှလုံးသားလည်း လှုပ်ရှားခုန်ပေါက်နေမယ်လို့ ပြောရဲပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်… File Size : 2.65GB / 1.01GB Quality : WEB-DL AAC5.1 1080p / 720p Duration : 02:18:00 Genres : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Heather Oo

Horror
7.5 2009 138 mins
Wake Up Sid
Souleymane’s Story
7.7

Original title: L’histoire de Souleymane အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်နိုင်ငံမှာအဆင်မပြေလို့ တိုင်းတစ်ပါးကို ပြောင်းရွှေ့ရတော့မယ်ဆိုရင် အခက်အခဲတွေဆိုတာက အနည်းနဲ့ အများတော့ကြုံရစမြဲပါပဲ။ကိုယ်ပြောင်းရွှေ့ထားတဲ့နိုင်ငံမှာ အလုပ် လုပ်ဖို့အခက်အခဲရှိကြသူတွေရှိသလို နေထိုင်ဖို့အခက်အခဲဖြစ်ကြ သူတွေလည်းရှိပါတယ်။ ဒီလိုရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲတွေကိုမျက်စိထဲကွင်းကွင်း ကွက်ကွက်မြင်သာလာအောင် တောင်အာဖရိက ဂင်နီကနေ ပြင်သစ်ကို ပြောင်းရွေ့လာခဲ့တဲ့ ဆူလေမန်ဆိုတဲ့လူတစ်ယောက်နဲ့နှိုင်းယှဉ်ပြီး ရိုက်ကူးပြသထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Souleymane’s Story ဖြစ်ပြီး IMDb Rating ကလည်း 7.7 အထိရရှိထားတဲ့အတွက် အချိန် ပေးရကျိုးနပ်စေပြီး ရင်ထဲမှာတစ်ခုခုထင်ကျန်စေမှာတော့အသေအချာ ပါပဲ။ ဆူလေမန်က ပြင်သစ်ကိုပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ခိုလှုံခွင့်တောင်းဖို့ ကြိုးစားခဲ့ပါတယ်။လက်ရှိမှာတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ တရားဝင် အလုပ်လုပ်လို့မရသေးတဲ့အတွက် အလုပ်လုပ်ခွင့်ရပြီးတဲ့လူရဲ့အကောင့်ကို ငှားပြီး Food Panda Rider လိုမျိုး စက်ဘီးတစ်စီးနဲ့စားစရာတွေလိုက်ပို့ ပေးနေခဲ့ပါတော့တယ်။သူများကိုအားကိုးပြီးအလုပ်လုပ်ရတာဖြစ်တဲ့ အတွက် သူရှာတဲ့ပိုက်ဆံသူအကုန်မရဘဲ ဝေစုတော်တော်များများကို အကောင့်ပိုင်ရှင်ကိုပေးနေရပါသေးတယ်။ဒါပေမယ့် ဒါတွေအားလုံးက သူခိုလှုံခွင့်ရသွားတဲ့အခါကျရင်တော့ အဆင်ပြေသွားမှာပါဆိုတဲ့အတွေးနဲ့ ဆူလေမန်တစ်ယောက် အံကြိတ်ပြီး အားတင်းကာ ဆက်လုပ်ကိုင် နေခဲ့တာဖြစ်ပါတယ်။သဘက်ခါကျရင် သူ့ခိုလှုံခွင့်အင်တာဗျူးဖြေရ တော့မှာဖြစ်တဲ့အတွက်‌ အေးဂျင့်သဘောလိုမျိုးလူတွေနဲ့ချိတ်ပြီး သူ့ကို လက်ခံပေးနိုင်လောက်မဲ့ မျက်ရည်ခြူဇာတ်လမ်းတွေကိုလည်း ကြိုတင် ကျက်ထားရပါသေးတယ်။ဒီလိုနဲ့ သဘက်ခါမတိုင်မှီ ဆူလေမန်ရဲ့ ခက်ခက် ခဲခဲဘ၀ကိုဖြတ်သန်းနေရပုံနဲ့ တကယ်တမ်းခိုလှုံခွင့် အင်တာဗျူးဖြေတဲ့ အခါ သူ့အားထုတ်မှုတွေက အရာထင်ပါ့မလား သူလိုချင်တဲ့ ခိုလှုံခွင့်ကို ရော ရသွားမလားဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမဲ့ ဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.52 GB) / ( 1.03GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

History • Drama • Adventure
7.7 2024 92 mins
Souleymane’s Story