YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Nang Nak Saphai Phra Khanong (2023) (Ep21).mp4

403.33 MB N/A video/mp4 151 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Strange Talk About Heishiling

အားလုံးပဲ သိုင်းကားတွေအချစ်ကားတွေ မှုခင်းကားတွေပဲကြည့်ပြီး ရိုးအီနေကြလောက်ရောပေါ့ ဒီတစ်ခါတော့ CMကနေသရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးသွားမှာပါ ပဟေဠိပေါင်းစုံ စကားပုံပေါင်းစုံနဲ့ ဟယ်ရှီလင်မြိုကလေး ပိုပြီး လူသိများတာက တော့ ဟယ်ရှီလင်မြိုရဲ့နာကြည်းချက်မြစ်ပါပဲ အဲ့မြစ်နာမည်ဘယ်လိုဖြစ်ပေါ်လာရလဲဆိုရင် အငြိုးအာဃာတ မကျေနပ်ချက် နာကြည်းချက်တွေနဲ့ သေဆုံးရသူတွေဟာ မကျွတ်မလွတ်ဘဲ အဲ့မြစ်မှာသရဲတစ္ဆေသွားဖြစ်ကြလိုပါပဲ လတိုင်းရဲ့၁၅ရက်နေ့မြောက်ရောက်ရင် မှော်ဆရာတွေဟာ အဲ့မြစ်ကိုသွားပြီးဝိဉာဥ်ဆင့်ခေါ်ကာ လူပြန်ဝင်စားဖို အာဃာတတွေလွှတ်ချဖို လုပ် ဆောင်ပေးရပါတယ် မလုပ်ဆောင်ပေးနိုင်ဘဲ စိတ်ဆိုးအောင်လုပ်မိရင်တော့ ဟယ်ရှီလင်တစ်ရွာလုံး ဘေးဒုက္ခဆိုးကြီးကျရောက်ပြီး လူတွေသေကြေကြရမှာပါ ဒီဇာတ်လမ်းထဲမှာလည်းအစပြုထားတာက ရွှအခေါင်းဆိုင်ကအလုပ်သမား ကျိုးလော့ဟန်ပျောက်ဆုံးရာကနေစတင်ခဲ့တာပါ သူက လျိုအိမ်တော်ကလူနှစ်ယောက်သေဆုံးချိန်ရှိသောလူ သူမိန်းမသေဆုံးပြီးပျောက်သွားသောလူဖြစ်တာကြောင့် စုံထောက်လျိုကဒီကိစ္စကိုစုံစမ်းဖို ဟယ်ရှီလင်ရွာရောက်လာပါတော့တယ် အယုံအကြည်မရှိတဲ့လူက ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ရမလဲ? တကယ့်တရားခံကရော ဘယ်သူလဲ? ဒီကိစ္စကိုရော ကိုင်တွယ်နိုင်ပါ့မလား?ဆိုတာ ဇာတ်လမ်းလေးထဲ ရင်တဖိုဖိုနဲ့ ကြည့်ကြရအောင်နော် [ Reviewed By Kong Hou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

0 2022 73 mins
Strange Talk About Heishiling
Days of the Bagnold Summer
5.9

IMDb Rating - 6.5/10 အခုအချိန် ကျွန်တော်တို့ လူငယ်တွေနဲ့ အိမ်က လူကြီးတွေကြားမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို  ပြပေးနေတဲ့ ဇာတ်ကားတစ်ကားကို မီးမောင်းထိုးပြပါ ဆို ဒီကားကို ညွှန်ရမှာပါပဲ။ Broken family က ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက် နွေရာသီမှာ အဖေရှိရာ လိုက်သွားဖို့ စီစဉ်ထားပေမယ့် အစီအစဉ်တွေပျက်သွားခဲ့တယ်။ အတူနေရတဲ့ အမေကလည်း ကိုယ်သိပ်ကြိုက်တဲ့ heavy metal သီချင်းတွေကို အလကား နားဆူတဲ့ဟာတွေ ဆိုပြီး တော်ကီတွေပွားတယ်။ ဒီအချိန်မှာ ရွယ်တူသူငယ်ချင်းနှစ်ယောက် ဆီကလည်း သူတို့ရည်းစားတွေအကြောင်း လာကြွားတာခံရတယ်။ ဒါ့အပြင် အမေ့ရဲ့ နောင်ရည်းစားဖြစ်လာမယ့်သူက ကိုယ့်ကျောင်းက ဆရာ လာဖြစ်နေတဲ့ အခါ၊ အလုပ်တွေလိုက်လျှောက်ပေမယ့် ဘယ်အလုပ်ကမှ လက်မခံတဲ့အခါ။ ဒါတွေကို ဒန်နီရယ် ဘက်နိုးလ်တစ်ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲ၊ သူကတကယ်ပဲ အများထင်သလို ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ဖြစ်နေပြီလား အမေဖြစ်သူ ဆူး ကရော သားဖြစ်သူအတွက် ဘယ်ချိန်ထိ နားလည်မှုပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ ကျွန်တော်တို့ရဲ့ လက်ရှိလူငယ်ဘဝကို ထင်ဟပ်စေတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ဘက်နိုးလ်နေရာမှာ ငါသာဖြစ်နေမယ်ဆိုရင်ရော ဘယ်လိုလုပ်မိမလဲ ဆိုပြီး တစ်လျှောက်လုံးတွေးနေမိစေမှာ အသေအချာပါပဲ။ Rating ကလည်း IMDb 6.5 ထိရရှိထားပြီး မင်းသားချော Eral Cave နဲ့ မင်းသမီးကြီး Monica Doaln တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(700 MB) / (370 MB) Quality............Blu-Ray 1080p / 720p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Music Translator.......May Thet Khine Soe Encoder..........SWM

Horror • Science Fiction • TV Movie
5.9 2020 86 mins
Days of the Bagnold Summer
LEGO Disney Princess: The Castle Quest
7.7

သားသားမီးမီးတို့တင်မက လူကြီးတွေပါ စိတ်ပါရင် ကြည့်လို့ရမယ့် ၂၀၂၃ ခုနှစ် အသစ်ထွက် Lego ရုပ်လေးတွေနဲ့ ပုံဖော်တင်ဆက်ထားတဲ့ Disney မင်းသမီးလေးတွေရဲ့ စွန့်စားခန်း ကာတွန်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ အဓိက လူဆိုးက Beauty and the Beast ထဲက ဂတ်စတွန် ဖြစ်ပြီး မင်းသမီးလေးတွေကတော့ Snow White က စနိုးဝှိုက်တို့ Moana ထဲက မိုအာနာတို့ The Little Mermaid ထဲက အေရီရယ်တို့ Rapunzel ထဲက ရာပန်ဇယ်တို့နဲ့ The Princess and the Frog ထဲက တီအာနာတို့က ပါဝင်ထားကြတာပါ။ ဇာတ်လမ်းလေးကတော့ ဂတ်စတွန်ဟာ မှော်ကြေးမုံနဲ့အတူ မှော်ဝင်ပစ္စည်းတွေကို လိုက်သိမ်းပိုက်နေပြီး ကုန်းမြေတွေကို အပိုင်စားရနေတော့ အေရီရယ်ရဲ့အဖေဖြစ်သူ ထရစ်တွန်ရဲ့ သုံးခွမှိန်းကြီးကို လာယူပြီး ပင်လယ်ကိုပါ အုပ်စိုးဖို့ ကြံစည်နေတာပါ။ ဒီမှာတင် တစ်ကမ္ဘာလုံး လူယုတ်မာလက်အောက် မကျရောက်ရအောင် ပင်လယ်ဘုရင်ကြီးက ရဲရင့်တဲ့စစ်သည်တော် ၅ ပါးကို ဆင့်ခေါ်လိုက်တဲ့အခါမှာတော့ စနိုးဝှိုက်၊ မိုအာနာ၊ အေရီရယ်၊ ရာပန်ဇယ်နဲ့ တီအာနာတို့ ရောက်လာပါတယ်။ ဆိုတော့ ဂတ်စတွန်တစ်ယောက် ဒီ သူရဲကောင်း ၅ ယောက်ကို မှော်ကြေးမုံရဲ့ အကူအညီနဲ့အတူ စိန်ခေါ်မှု ၃ ရပ်ကို တာဝန်ပေးလိုက်ပါတယ်။ ဒီ စိန်ခေါ်မှုတွေကို အချိန်မှီလုပ်နိုင်မယ်ဆို ထရစ်တွန်မသေတဲ့အပြင် သူ လက်လျှော့မယ်ဆိုတာဖြစ်ပြီး မအောင်မြင်ရင်တော့ ကုန်းမြေရော ပင်လယ်ပါ သိမ်းပိုက်မယ်လို့ ဆိုလာပါတယ်။ အဲဒါကြောင့် ဒီ မင်းသမီးလေး ၅ ပါးက ဒီအရာတွေကို ကယ်တင်ဖို့အတွက် ရဲတိုက်ထဲမှာ စိန်ခေါ်မှုတွေကို ဖြတ်သန်းရင်း စွန့်စားခန်း ထွက်ရပါတော့တယ်။ LEGO ရုပ်လေးတွေဆိုတော့ ချစ်စရာကောင်းနေပြီး ပျော်ပျော်ပါးပါး စွန့်စားခန်းထွက်ကြတာကို မိသားစုဆန်ဆန် ကြည့်ရှုခံစားရမယ့် Animation ကားလေးပဲ ဖြစ်ပါတယ်။

Drama • Thriller
7.7 2023 47 mins
LEGO Disney Princess: The Castle Quest
The People We Hate at the Wedding
5.7

The People We Hate at the Wedding (2022) (1080p ရပါပြီ) ဒိုနာရဲ့ဘဝမှာ ဟန်နရစ်နဲ့ ဘေလ်ဆိုတဲ့ ခင်ပွန်းသည်နှစ်ဦးနဲ့ ချစ်ခင်ပေါင်းသင်းခဲ့ပြီး အယ်လိုဝီ ၊ အယ်လစ် နဲ့ ပေါလ်လို့အမည်ရတဲ့ သားသမီးသုံးဦးဖြစ်ထွန်းခဲ့ပါတယ်။ ယခင်ယောက်ျားနဲ့ ရခဲ့တဲ့ သမီးဖြစ်သူ အယ်လိုဝီဟာ ကျောင်းပိတ်ရက်တိုင်း သူနေထိုင်ရာ အင်္ဂလန်ကနေ အမေရိကန်အထိလာပြီး သူ့ရဲ့မောင်ငယ် ညီမငယ်တွေနဲ့ အချိန်ကုန်ဆုံးလေ့ရှိတယ်။ ဒီလိုနဲ့ ငယ်စဉ်အချိန်မှာ ရင်းနှီးပျော်ရွှင်ခဲ့ကြတဲ့ အမေတူအဖေကွဲ မောင်နှမသုံးဦးဟာ လောကကြီးအလည် ရှင်သန်ကြီးပြင်းလာတာနဲ့အမျှ တဖြည်းဖြည်း ဝေးကွာလာခဲ့ကြပြီး ဒါကိုသတိထားမိတဲ့ အစ်မကြီးဖြစ်သူ အယ်လိုဝီက သူ့မင်္ဂလာပွဲမှာ သူ့ရဲ့မိသားစုဝင်တွေကို ဖိတ်ကြားပြီး မိသားစုပြန်လည်ပေါင်းစည်းဖို့ စီစဉ်ခဲ့ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ စကားပြောလာတဲ့ ကြွယ်ဝချမ်းသာမှု၊ အဆင့်အတန်းတွေရဲ့ ကွာဟမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ သူတို့မောင်နှမသုံးဦးကြားက ကတောက်ကဆလေးတွေဟာ အချင်းချင်းထိခိုက်နစ်နာစရာတွေပါ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပေါင်းစည်းဖို့ကြံကာမှ သံယောဇဉ်ကုန်စရာတွေပါ ဖြစ်လာခဲ့ကြတဲ့ သူတို့မိသားစုတစ်ခု အင်္ဂလန်မှာ ဘယ်လိုနှစ်ပါးသွားကြမလဲ? အယ်လိုဝီမျှော်လင့်ထားတဲ့ မိသားစုစုံလင်တဲ့ မင်္ဂလာအခမ်းအနားကရော ဖြစ်လာနိုင်ပါ့မလား? ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြရအောင်ပါ။ သီချင်းငြိမ့်ငြိမ့်လေးတွေအပြင် အင်္ဂလန်နိုင်ငံရဲ့ အလှတရားတွေကိုပါ တခမ်းတနားပြထားတဲ့ ဇာတ်ကားသစ်လေးမို့ လက်မလွှတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hae Areum ပါ။) File Size : 1.9GB, 745MB, 391MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 39mins Genre : Comedy Translated by Hae Areum Encoded by Kinnov

Action & Adventure • Drama • Sci-Fi & Fantasy
5.7 2022
The People We Hate at the Wedding
Golda
6.1

Golda (2023) ~ IMDb – 6.1/10, Rotten Tomatoes – 53% ~ အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် နိုင်ငံအပေါ် ဂိုလ်ဒါရဲ့ကြိုးပမ်းမှုကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 670MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 40Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.1 2023
Golda
Kick
8.4

Kick (2023) IMDb-8.5/10 ဟာသမင်းသားစူပါစတား Santhanam ခေါင်းဆောင်ပါဝင်ထားပြီး ရှာရွတ်တို့ခေတ်တည်းက ဟာသဇာတ်ပို့အနေနဲ့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသား အန်ကယ်ကြီး Brahmanandam လည်း ပါဝင်ထားပါတယ်။ ဒီကားထဲက ရှီဗာနီ့ဘော့စ်နေရာမှာ ပါဝင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ကြီး Manobala မကွယ်လွန်ခင် နောက်ဆုံးသရုပ်ဆောင်‌သွားတဲ့ကားလည်းဖြစ်ပါတယ်။ ဆိုတော့ ဒီကားက ရိုက်ကွင်းရိုက်ကွက်ထက် ဒီဟာသအကျော်အမော်တွေရဲ့ ကြိုးစားမှုနဲ့ အမှတ်တရအဖြစ် ရှုစားကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ ဇာတ်လမ်းအညွှန်း ရှီဗာနီနဲ့ ဆန်တို့ရှ်ဆိုတာ အပြိုင်ကြော်ငြာအေဂျင်စီ ကုမ္ပဏီနှစ်ခုမှာ လုပ်ကြသူတွေ ၊ သူတို့အချင်းချင်းလည်း အပြိုင်အဆိုင်တော်ကြချဲကြသူတွေပေါ့ ဆန်တို့ရှ်က အမြဲဉာဏ်များပြီးနှာတဖျားသာနေတာကြောင့် ရှီဗာနီက ကြော်ငြာကောင်စီကို တိုင်စာတင်တာကအစပြု သူတို့တွေ့ကြတော့တာပါပဲ ဒီနယ်ပယ်အတွင်းက အတော်ဆုံးလူနှစ်ယောက်ထိပ်တိုက်တွေ့ကြတဲ့ပွဲကို အရယ်အမောအလွဲအချော်လေးတွေနဲ့ ကြည့်ရှူရမှာပါ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ Dee ~ Alex ~ Yoon ~ KKKZ တို့ပဲဖြစ်ပါတယ်

Family • Fantasy • Comedy • Adventure
8.4 2023 121 mins
Kick
Alvin and the Chipmunks: The Road Chip

ဒီဇာတ်ကားက Chipmunk​တွေရဲ့ ​နောက်ဆုံးထွက်ရှိထားခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ချစ်ပက်တ်​​​တွေက ဂီတ​​လောကမှာနေရာရ​နေပြီဖြစ်သလို ​ ဒေ့ဗ်ကလည်း ဆမန်သာဆိုတဲ့ ဆရာဝန် တစ်​ယောက်နဲ့ နီးစပ်​နေတဲ့အချိန်ဖြစ်လို့ အယ်ဗင်တို့သုံး​ကောင် အထီးကျန်​နေရတဲ့ ကာလ​တွေ​ပေါ့။ ဆမန်သာမှာ မိုင်းစ်ဆိုတဲ့သားတစ်​ယောက်ရှိပြီး သူတို့နဲ့စ​တွေ့ကတည်းက ကမ္ဘာ့ရန်​တွေဖြစ်​နေခဲ့တာပါ။ အဲဒီလိုနဲ့ ​ဒေ့ဗ်နဲ့ ဆမန်သာတို့ နှစ်​ယောက်တည်း မိုင်ယာမီကို ခရီးထွက်ဖို့ဖြစ်လာတဲ့အခါ ​ဒေ့ဗ်တစ်​ယောက် လက်ထပ်ခွင့် ​တောင်း​တော့မယ်လို့ ထင်သွားကြပြီး ကိုယ့်ရန်သူနဲ့ မိသားစု မဖြစ််ချင်တဲ့ မိုင်းစ်နဲ့ ရှဉ့်သုံး​ကောင်တို့ ပန်းတိုင်တူ မိတ်​ဆွေ ​တွေအ​နေနဲ့ ​ဟောလီးဝုဒ်က​နေ မိုင်ယာမီအထိ လိုက်သွားပြီး ​ဒေ့ဗ် လက်ထပ်ခွင့်​တောင်းမယ့် အစီအစဉ်ကို လိုက်ဖျက်ဖို့ ကြိုးစားပါ​တော့တယ်။ သူတို့ရဲ့ ဖျက်လိုဖျက်ဆီး ခရီးစဉ်မှာ ဘယ်လိုတလွဲ​တွေ လုပ်ဦးမလဲ၊ သူတို့ရဲ့ရည်မှန်းချက်ကြီးကို ​အောင်မြင်စွာ အ​ကောင်အထည် ဖော်နိုင်မလား၊ ဒါမှမဟုတ် ကျရှုံးသွားမလားဆိုတာ ကြည့်ရှုရမှာပါ။ File size… 2.6 GB / 665 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Horror • Science Fiction
0 1900
Alvin and the Chipmunks: The Road Chip
Master Ji Gong

၂၀၂၁ ရုံတင် animation ဇာတ်ကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အခုလိုကာလမှာ ပုံဆွဲတာ ပန်းချီလေ့လာသူတွေများတော့ inspiration ရမယ်လို့လည်း ထင်လို့ ကာတွန်းလေး တင်ပေးတာပါ။ဇာတ်ကားနာမည်က MasterJi Gong တဲ့ ဟုတ်ပါတယ် အားလုံးငယ်ငယ်က ကြည့်ဖူးတဲ့ ကျိကုန်းကိုယ်တော်အကြောင်းပါ။ ဒါပေမယ့် ဒီကျိကုန်းကိုယ်တော်က ငယ်ငယ်က ကြည့်ဖူးတဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။ နဂါးတွေရော နတ်မင်းတွေရော ငှက်မိစ္ဆာတွေရော ဇာတ်လမ်းက အတော်တော့ ရှုပ်သား။ ရှုပ်တဲ့အပြင် နီကျားငယ်ဘဝနဲ့လည်း နည်းနည်းဆင်သေးတယ်။ နီကျားလိုပဲ အမေက အလိုလိုက်ပြီး အဖေက တင်းကြပ်။ သူကလည်းကဲ ။ ဒီလိုနဲ့ မိုးကောင်းကင်အလိုကျ ကမ္ဘာမြေကြီးကိုကယ်တင်မယ် အဲ လူဘုံကို ကယ်တင်ရမယ်ဆိုပြီး နတ်ဆိုးမိစ္ဆာကို ရင်ဆိုင်ဖို့ကြိုးစား အဲ့လိုမျိုးပေါ့။ ဒါပေမယ့် ဒီမှာ တပ်ကူတွေလည်း ပါရတာပေါ့။ နောက်ပြီး သူရဲကောင်းတိုင်းနောက်ကွယ်မှာ ပေးဆပ်မှုတွေရှိစမြဲမို့ သူလည်း ထိုက်သင့်သလောက် ပေးဆပ်လိုက်ရတာပေါ့။ ကဲ နတ်ဆိုးကြီးကို ရင်ဆိုင်နိုင်ပါ့မလားနောက်ပြီး တပ်ကူတွေက ဘယ်သူတွေလဲ ပေးဆပ်မှုက ဘာလဲ ဇာတ်လမ်းလေးကြည့်ပြီးရင် အကုန်နားလည်သွားလိမ့်မယ်

0 2021
Master Ji Gong
Three Kingdoms: Resurrection of the Dragon
6.1

ဒီတစ်ခေါက်ကတော့ တော်တော်များများသိကြမယ့် တရုတ်သမိုင်းက ဝေ့၊ဝူ၊ရှူဆိုတဲ့ သုံးနိုင်ငံအကြောင်းပါ။ ဒီ Movie ကတော့ သုံးရာစုက တရုတ်သမိုင်းပညာရှင်ချန်ရှို့ရေးသားခဲ့တဲ့ သုံးနိုင်ငံမှတ်တမ်းကို အခြေခံထားတဲ့ နာမည်ကြီးသုံးနိုင်ငံဇာတ်လမ်း၀တ္ထုကို မှီငြမ်းထားပါတယ်။ ဟန်မင်းဆက်ပြိုကွဲအပြီးမှာ တရုတ်ပြည်ကြီးဟာ ဝေ့ ၊ ဝူ ၊ ရှူဆိုပြီး သုံးနိုင်ငံကွဲထွက်သွားခဲ့ပါတယ်။ စစ်တပ်တွေကို ဝေ့ဘက်က စစ်ဘုရင်ချောင်ချောင်း၊ ရှူဘက်က စစ်ဘုရင်လျှိုပေ့နဲ့ ဝူဘက်က စစ်ဘုရင်စွန်းချွမ်တို့အသီးသီးက ဦးဆောင်ကြပါတယ်။ဒီလိုဖရိုဖရဲကာလမျိုးမှာ လျှိုနိုင်ငံကနေ ကျောင့်ကျစ်လုံဆိုတဲ့ သူရဲကောင်းတစ်ဦးပေါ်ထွန်းလာခဲ့ပါတယ်။ ချန်ရှန်းက သာမန်လူငယ်လေးအဖြစ်ကနေ မရေတွက်နိုင်တဲ့စစ်ပွဲများစွာကိုအောင်နိုင်ခဲ့ပြီး နာမည်ကျော် ကျားစစ်သူကြီးငါးယောက်ထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရှူဘက်က စစ်ဘုရင်လျှိုပေ့ဆီမှာ ချောင်စစ်တပ်ကြောင့် ဇာမဏီအဟုန်ဆီ တပ်ဆုတ်ရတော့ လျှိုပေ့ရဲ့မွေးကင်းစသားလေးကိုကယ်တင်နိုင်ခဲ့တာကြောင့် အသိအမှတ်ပြုခံခဲ့ရပြီး နာမည်စတင်ကျော်ကြားလာခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံသုံးနိုင်ငံကို စစ်ဘုရင်သုံးပါးအုပ်စိုးခဲ့ပြီး လျှိုပေ့သေဆုံးပြီး သားတော်နန်းတက်တော့ ကျစ်လုံက အသက်ကြီးရင့်နေပါပြီ။ အမတ်မင်းကျူးကဲ့က ဧကရာဇ်ငယ်ကို ရန်သူတော်ဝေ့နိုင်ငံကို တိုက်ဖို့တိုက်တွန်းတော့ နောက်ဆုံးသောစစ်ပွဲကိုတိုက်ဖို့ စစ်မြေပြင်ကို ကျောင့်ကျစ်လုံ ပြန်ချီတက်လာတဲ့အခါ မဟာရန်သူတော်ချောင်ချောင်းရဲ့ မြေးမလေးချောင်ယင်နဲ့ ဇာမဏီအဟုန်မှာ တစ်ဖန်ပြန်ဆုံတွေ့ဖို့ဖြစ်လာပါတော့တယ်။ အဖိုးလောက်နီးနီးဉာဏ်များတဲ့ ချောင်ယင်နဲ့ တစ်မိုးအောက်တစ်ယောက်အရှုံးမရှိစစ်သူကြီးကျောင့်ကျစ်လုံ ဘယ်လိုရင်ဆိုင်သွားမလဲ ရှုစားကြည့်လိုက်ကြပါရှင့်။ ဒီဇာတ်လမ်းကို ဟောင်ကောင်၊တရုတ်ပင်မနဲ့ တောင်ကိုရီးယားတို့က ပူးပေါင်းထုတ်လုပ်ခဲ့ပြီး Cast တွေအနေနဲ့ ကျောင့်ကျစ်လုံအဖြစ် Andy Lau , ဖင်အန်းအဖြစ် Sammo Hung နဲ့ ချောင်ယင်အဖြစ် Maggie Q တို့က ပါ၀င်ထားပါတယ်။ သုံးနိုင်ငံအကြောင်းစိတ်၀င်စားတယ်ဆိုရင်တော့ လက်မလွှတ်သင့်ပါဘူး။ Old but gold movie တစ်ခုပါပဲ။ File size…(2.1 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Action, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phu Thet Khin

6.1 2008 101 mins
Three Kingdoms: Resurrection of the Dragon
The Dreamers
7.2

The Dreamers (2003) IMDb Rating (7.1) Genre: Erotic/Romantic/Drama The Dreamers ကတော့ အီတလီဒါရိုက်တာ Bernardo Bertolucci ရဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။ မင်းသမီး‌ချော Eva Green ရဲ့ ငယ်မူငယ်သွေးအလှတွေနဲ့ သူ့ရဲ့ဇာတ်ကောင်ပေါ် နှစ်ဝင်သရုပ်ဆောင်နိုင်စွမ်းကို တစ်ဝကြီးခံစားရမှာဖြစ်ပြီး ဇာတ်လမ်းလေးကလည်း နားလည်ရခက်တဲ့ ပန်းချီကားတချပ်လို ပြင်သစ်ဆန်ဆန် လှပပါတယ်။ မင်းသမီး Eva Green အပြင် မင်းသား Louis Garrel နဲ့ Michael Pitt တို့ရဲ့ ဝတ်လစ်စလစ်အခန်းတွေအများကြီးပါတာမလို့ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ ++++++++++++++++++++++++++++++ ဇာတ်လမ်းအညွှန်းကိုတော့ Out of Mind Fb Page က အညွှန်းနဲ့ ညွှန်းခဲ့ချင်ပါတယ်။ Spoiler Alert…. The Dreamers (2003) ဇာတ်လမ်းရဲ့အခင်းအကျင်းက ပဲရစ်မြို့ 1968ခုနှစ်က ကျောင်းသားသပိတ်ဖြစ်နေတဲ့အချိန် ဖြစ်တယ်။ Metthewဆိုတဲ့အမေရိကန်လူငယ်တယောက်က ပဲရစ်မြို့မှာ ပြင်သစ်ဘာသာစကားလေ့လာနေရင်း သူ့ရဲ့အချိန်အများစုကို ရုပ်ရှင် တွေကြည့်ရင်း ကုန်ဆုံးနေတဲ့သူ တယောက်။ တစ်ရက်မှာတော့ သူ့လိုပဲ ရုပ်ရှင်ကို အရမ်းဝါသနာပါတဲ့ Isabelle နဲ့ Theo ဆိုတဲ့ အမြွာမောင်နှမနှစ်ယောက်နဲ့ ခင်လာကြတယ်။ သူတို့ မောင်နှမ နှစ်ယောက်က Matthewကို သူတို့ရဲ့ ကိုယ်ပိုင် ပိတ်လှောင်ထားတဲ့ ကမ္ဘာထဲကိုဆွဲခေါ်လာခဲ့တယ်။ တနည်းအားဖြင့် သူတို့ရဲ့အိမ် တနည်းအားဖြင့် မိမိနဲ့တစ်ခြားကြားက မျဥ်းကြောင်းတွေဝေဝါးနေတဲ့ သူတို့ရဲ့ကမ္ဘာထဲကို Matthew ရောက်ရှိလာတယ်။ သူတို့ရဲ့ အိမ်ထဲကို ရောက်တော့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ရုပ်ရှင်တွေကိုအသုံးပြုပြီး တယောက်ကိုတယောက်ချည်နှောင်ကြမှုတွေ ငြင်းခုံမှုတွေ ကိုသိလာတယ်။ နောက်ရုပ်ရှင်ထဲက အမူအယာတွေကို ပုံတူလိုက်သရုပ်​​ဆောင်ရင်း”ဒီရုပ်ရှင်ဟာဘာရုပ်ရှင်လဲ”ဆိုတဲ့မေးခွန်းတွေမေးပြီး သူတို့ဘလောက်သိလဲ ဘယ်လောက်အဖိုးတန်လဲဆိုတာကို ရုပ်ရှင်ဇာတ်လမ်းတွေနဲ့တိုင်းတာကြတယ်။ သူတို့အတွက်တော့ ရုပ်ရှင်သည်သာဘဝပဲ။ ဒီအိမ်လေးထဲမှာပဲ ရုပ်ရှင်ခန့်မှန်းတဲ့ဂိမ်းတွေဆော့ရင်း ရုပ်ရှင်တွေအကြောင်းငြင်းခုံရင်းနဲ့အပြင်မှာဖြစ်နေတဲ့ အရေးအခင်းတွေကိုမေ့ပျောက်ထားပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားကြတယ်။ ဒါ‌ပေမယ့် တဖြည်းဖြည်းနဲ့ Matthewသိလာတာက သူတို့နှစ်ယောက်ကမ္ဘာထဲမှာ သူဟာ ဘယ်တော့မှဝင်ခွင့်ရမှာမဟုတ်ဘူးဆိုတာပဲ။ သူဟာ အပြင်လူတယောက်လို့ခံစားရတယ်။ အမြွာမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ စိတ်ကူးယဥ်မှုတွေ ပြည့်ဖို့သက်သက် သူ့ကိုအသုံးချနေသလို ခံစားရတယ်။ Matthewရဲ့ အပြင်လူဖြစ်မှုကနေ သူတို့အမြွာနှစ်ယောက်ရဲ့ ကမ္ဘာကို ကြည့်ရှုနေခြင်းက ကျနော်တို့က Matthewကို ကြားခံအနေနဲ့အသုံးပြုပြီး သူတို့ရဲ့ကမ္ဘာကို ရုပ်ရှင်ကြည့်သူတွေက တဖန် ပြန်ကြည့်နေခြင်းလည်းဖြစ်တယ်။ ဒါနဲ့ပက်သက်ပြီး Matthewက ရုပ်ရှင်နဲ့ပက်သက်ပြီး သူမြင်တဲ့သီအိုရီတခုကို အခန်းတခန်းမှာရှင်းပြတယ်။ သူ့အမြင်အရတော့ ရုပ်ရှင်တိုင်းဟာ သူတပါးရဲ့လိင်ကိစ္စကိုတိတ်တခိုးကြည့်နေရသလိုပဲ ။ “ရုပ်ရှင်ရိုက်ကူးသူတယောက်ဆိုတာ သူများအဝတ်အစားလဲတာကိုချောင်းကြည့်ရတာ၊သူများလိင်ကိစ္စတွေကိုချောင်းကြည့်ရတာကိုသဘောကျတဲ့လူတယောက်လိုပဲ။ ကင်မရာဆိုတာကတော့ မင်းမိဘတွေရဲ့အိပ်ခန်းထဲက ချောင်းကြည့်ပေါက်ပေါ့။ မင်းသူတို့ကိုချောင်းကြည့်တယ်။ မင်းရွံလာတယ်။ မင်းမလုံမလဲဖြစ်လာတယ်။ ဒါပေမယ့် မင်းဆက်ကြည့်နေတာကိုမရပ်နိုင်ဘူး။ ရုပ်ရှင်တွေဟာ ပြစ်မှုတွေဖြစ်ပြီးတော့ဒါရိုက်တာတွေကတော့ ပြစ်မှုကျူးလွန်သူတွေဖြစ်သွားတယ်။” ကျနော်တို့က ရုပ်ရှင်ကြည့်တဲ့အခါမှာ တနည်းအားဖြင့် ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေကို ချောင်းကြည့်ပေါက်ကနေကြည့်ပြီးအာသာဖြေတာပဲ။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖိနှိပ်ထားတဲ့ဆန္ဒတွေကို ရုပ်ရှင်ကြည့်ရင်း ဖြေဖျောက်နိုင်လို့ပဲ​​​​ဖြစ်တယ်။ကျနော်တို့ဟာ ရုပ်ရှင်ကြည့်တဲ့အခါ ရုပ်ရှင်ကိုကြည့်နေရုံသက်သက်မဟုတ်ဘဲ ကျနော်တို့ကိုယ်တိုင်တောင်မသိတဲ့ သတိမထားမိတဲ့ ဆန္ဒတွေကို ရုပ်ရှင်ဇာတ်ကောင်တွေနေရာကနေဝင်ရောက်ခံစားရင်းနဲ့ အာသာဖြေတာပဲ ဖြစ်တယ်။ တနည်းအားဖြင့် ဇာတ်ကောင်တွေဟာ ကျနော်တို့ရဲ့ ဆန္ဒတွေကို အစားဖော်ဆောင်ပေးသလိုခံစားရလို့ပဲ ဖြစ်တယ်။ ဒါက ဆန္ဒတွေသက်သက်တင်မဟူတ်ဘူး ကျနော်တို့ရဲ့ အကြပ်အတည်းတွေ တခြားတခြားသော ကိစ္စတွေကိုလည်း ဒီလိုပဲ ကျနော်တို့ရဲ့ ကိစ္စရပ်များကိုမှတ်တမ်းတင်ပေးထားသဖွယ် ရုပ်ရှင်များကို ကြည့်နေရင်းနဲ့ ခံစားနိုင်လို့ပဲ။ ရုပ်ရှင်စခရင်တွေကိုယ်တိုင်ဟာ ကျနော်တို့ကိုယ်တိုင်ရဲ့ အမြင်တွေအစိတ်အပိုင်းတွေကို ရုပ်ရှင်တွေအပေါ်မှာprojectလုပ်နေတဲ့ မှန်တချပ်လို့ပြောလို့ရတယ်။ The Dreamers ဟာလည်း ကျနော်တို့ရဲ့ ဖြစ်တည်မှုအကြပ်အတည်းကို ပြန်လည်ရောင်ပြန်ဟပ်နေတဲ့မှန်တချပ်ပဲ။ အဲဒီရုပ်ရှင်ကာရိုက်တာတွေရဲ့ အပြုအမူ သူတို့ရဲ့အခြေအနေတွေကို ကျနော်တို့ရဲ့အခြေအနေနဲ့ ဘယ်လိုမျိုးဆက်စပ်လို့ရမလဲ။ သူတို့ကို ကြည့်နေရတာက ကျနော်တို့ကိုယ်ကျနော်တို့ ပြန်ကြည့်နေရသလို ခံစားချက်ကိုရတယ်။ ပြင်ပကမ္ဘာကိုကြောက်လို့ ဒီရုပ်ရှင်ထဲမှာ လာဖြေဖျောက်နေပေမယ့် ဒီရုပ်ရှင်ကပဲ ထပ်မံပြီးတော့ ကျနော်တို့ရဲ့ အခြေအနေကို မှန်တချပ်လို မီးမောင်းပြန်ထိုးပြ​နေတယ်။ အ​မြွာနှစ်ယောက်ဟာ အရွယ်ရောက်မှုကိုငြင်းဆန်ပြီး ကလေးဘဝထဲမှာ ပြန်ပုန်းတာပဲဖစ်တယ်။ Matthew ကိုလည်း သူတို့လို ကလေးငယ်အဖြစ်ပြန်ပြောင်းချင်တဲ့အတွက် သူ့ရဲ့ လိင်အင်္ဂါ က အမွှေးတွေကို မောင်နှမနှစ်ယောက်က ရိတ်ဖို့ ကြိုးစားတဲ့အခန်းမှာတွေ့ရမယ်။ အဲဒီအခန်းမှာပဲ Matthew ကစိတ်ပေါက်ပြီး သူတို့နှစ်ယောက်ကို ဒီလိုမျိုးကလေးဘဝထဲမှာပဲပိတ်မိနေလို့မရမှန်း ပြောတယ်။ အမြွာမောင်နှမနှစ်ယောက်က တကယ့်အပြင်ကိုထွက်ပြီး သူတို့ရဲ့စိတ်ကူးယဥ်မှုတွေ အိပ်မက်တွေ လွတ်လပ်မှုတွေပျောကိဆုံးသွားမယ့် အခြေအ​နေကိုအမြဲတမ်းကြောက်နေခဲ့တယ်။ ကျနော်တို့လည်းဒီလိုပဲမဟုတ်ပါလား။လူသားတွေရဲ့ အကြောက်ရွံ့ဆုံးအခြေအနေဟာ တဖြည်းဖြည်း အသက်ကြီးလာပြီးလူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်ဖို့ မိမိ ဆန္ဒတွေကိုချိုးနှိမ်လိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် လူ့အဖွဲ့အစည်းရဲ့ ရုပ်သေးရုပ်တရုပ်အဖြစ် မြင်လိုက်ရတဲ့အခြေအနေပဲ ဖြစ်လိမ့်မယ်။ ဒီလိုမျိုး ကြောက်ရွံ့လာတဲ့အခါ ပြင်ပကမ္ဘာကိုငြင်းဆန်ပြီး ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ ပိတ်လှောင်ကြတယ်။ကျနော်တို့က အကန့်အသတ်ဖြစ်မှုတွေကိုကြောက်ရွံ့ကြလို့ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ အတွေးနယ်ချဲ့ ကြရင်း ပြင်ပကမ္ဘာကို ငြင်းဆန်ကြတယ်။ ဘဝရဲ့ရှုပ်ထွေးမှုတွေ ရွေးချယ်မှုတွေ တာဝန်တွေကိုမရင်ဆိုင်ရဲလို့ ရှောင်ပုန်းကြတယ်။ အပြင်ဘက်မှာရှိနေတဲ့ မှန်တွေကိုရင်ဆိုင်ပြီး အဲလိုမျိုး မှန်တွေကိုကြည့်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖွေရမှာပဲ ဖြစ်တယ်။ ဒါမယ့် သူတို့ဟာ အိမ်ထဲမှာပဲနေရင်း သူတို့ရဲ့ပြတင်းပေါက်အပြင်မှာတင်ဖြစ်နေတဲ့အရေးအခင်းတွေကိုမေ့ထားရင်း ကိုယ်ပိုင်ကမ္ဘာတည်ဆောက်နေခဲ့တယ်။ ဇာတ်လမ်းရဲ့အဆုံးမှာ သူတို့အိမ်အပြင်ဘက်ကနေ ကျောက်တုံးတစ်တုံးက သူတို့ရဲ့အခန်းထဲကို ပြတင်းပေါက်ဖြတ်ပြီးဖောက်ခွင်းဝင်လာတယ်။အဲဒီကျမှပဲ သူတို့ရဲ့ ကမ္ဘာငယ်လေးကပျက်ပြယ်သွားပြီး အပြင်ကိုထွက်ကြည့်တော့ ဆန္ဒပြသူတွေနဲ့ပြည့်နေတဲ့ ပဲရစ်ရဲ့လမ်းမကိုတွေ့တယ်။သူတို့တွေအဲ့ဒီလမ်းမပေါ်ကိုရောက်ရှိလာတယ်။ ကျနော်တို့ကရော ကျနော့်တို့ကမ္ဘာငယ်လေးထဲက ပြတင်းမှန်ကိုဘယ်လိုမျိုးခွဲကြမလဲ။ (ရုပ်ရှင်အညွှန်းကို Out of Mind FB Page မှ ကူးယူဖော်ပြပါသည်။)

7.2 2003 115 mins
The Dreamers
Reinas Queens
6.8

Reinas (2024) IMDb Rating (6.8) / Rotten Tomatoes (88%) “Queens” လို လူသိများတဲ့ “Reinas” ကို ဒါရိုက်တာ Klaudia Reynicke ရိုက်ကူးထားပြီး 74th Berlin International Film Festival မှာ Best Film in the Generation Kplus section အတွက် Grand Prix ဆုရရှိခဲ့ပြီး 97th Academy Awards မှာ Switzerland’s entry for the Best International Feature Film အဖြစ် ‌ရွေးချယ်ခံခဲ့ရတဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ စပိန်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ မိသားစုဆက်ဆံရေးနဲ့ ရှုပ်ထွေးတဲ့ နိုင်ငံကူးပြောင်းမှုကိစ္စတွေကို စစ်မှန်အောင်ဖော်ကျူးထားတဲ့ ရင်ထဲထိစရာ မိသားစုဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Plot summary 1990s ခုနှစ်ပိုင်း နိုင်ငံရေးတွေမကောင်းတဲ့ Peru မှာ နေထိုင်တဲ့ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Lucía နဲ့ Aurora က US အလုပ်ကိစ္စနဲ့နိုင်ငံကူးပြောင်းဖို့လုပ်နေတဲ့ သူတို့အမေ Elena နဲ့ အတူ US ကို လိုက်သွားဖိုစီစဉ်နေကြတယ်။ Aurora တို့ရဲ့ အဖေ Carlos ကတော့ တောထဲပျောက်သွားတာကြာနေပြီး သူစိမ်းတစ်ယောက်လိုပဲ သူတို့ရဲ့ဘဝထဲမှာ မရှိခဲ့တဲ့လူလိုဖြစ်နေပါပြီ။ ဒါပေမဲ့ Aurora တို့အမေ US သွားဖို့စီစဉ်နေတဲ့ ရက်ပိုင်းအတွင်းမှာပဲ Carlos က ရုတ်တရက် သူ့သမီးတွေဆီကိုပြန်ရောက်လာပါတယ်။ Carlos က သူ့ရဲ့သမီးတွေကိုအရမ်းချစ်ပြီး ကျပ်တည်းတဲ့အကြောင်းအမျိုးမျိုးကြောင့် ပျောက်သွားရပေမယ့် Aurora တို့ အတွက်တော့ သူတို့ကိုထားခဲ့တဲ့သူမို့ သူတို့အဖေကို ဖော်ဖော်ရွေရွေ ဆက်ဆံတာမျိုးတော့မရှိခဲ့ကြဘူး။ Carlos က သူ့သမီးတွေ US ကို မသွားခင် နောက်ဆုံးတွေ့ရမယ့်အချိန်လေးတွေမှာ အဖေနဲ့သမီးတို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုပြန်ရဖို့ကြိုးစားရင်း ဘယ်လိုအတားအဆီးတွေပေါ်လာမလဲ၊ ဖခင်နဲ့သမီးတို့ရဲ့ ချစ်ခြင်းမေတ္တာတွေရော ပြန်ထူထောင်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (750 MB) Quality….Blu-Ray Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:43:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Horror • Mystery • Thriller
6.8 2024 102 mins
Reinas Queens
Finding Tony

Raven Magwood Goodson က ဒါရိုက်တာဖြစ်ပြီး NBA စတား Anthony Davis ကထုတ်လုပ်တဲ့ 2024 အားကစားဒရာမာတစ်ခုဖြစ်ပါတယ််။ ဒီဇာတ်ကားကတော့ Stephen Bishop ရဲ့ NBA ကစားသမားဟောင်း Tony Greene ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဇနီးဖြစ်သူ အသတ်ခံရပြီးနောက် တိုနီက စိတ်ကျရောဂါနှင့် အရက်စွဲသွားခဲ့ပါတယ် အမျိုးသမီး အငယ်တန်းကောလိပ်ဘတ်စကတ်ဘောအသင်းကို နည်းပြခိုင်းတဲ့အခါ သူ့ဘဝက ပြောင်းလဲသွားတယ်။ အစပိုင်းမှာတော့ သူမလုပ်ချင်ပေမယ့် အသင်းနဲ့စလုပ်တော့ ရည်ရွယ်ချက်ကိုပြန်ရှာတယ်။ ဒီဇာတ်ကားက ဝမ်းနည်းမှု၊ ရုန်းကန်မှုတွေကို ကျော်လွှားတဲ့အကြောင်းပါ။ ဝေဖန်သူအများအပြားရှိပြီးတော့ တစ်ခြားလက်တွေ့ကျတဲ့ ဘတ်စကက်ဘောဇာတ်ကွက်တွေနှင့် စိတ်ခံစားမှုဆိုင်ရာ ဇာတ်လမ်းဇာတ်အိမ်တွေအတွက် ရုပ်ရှင်ကို နှစ်သက်ကြသူတွေလည်းရှိပါတယ်။ Selig Film News က John Strange က ဘတ်စကတ်ဘော ဒရာမာ ဇာတ်ဝင်ခန်းတွေမှာအားကောင်းတယ်လို့ဆိုထားပြီးတော့ The Atlanta Voice က လူတွေ ဒုက္ခကို ဘယ်လိုရင်ဆိုင်ကျော်လွှားနိုင်ကြောင်း ပြခဲ့တယ်ဆိုပြီးတော့ ရုပ်ရှင်ကို ချီးကျူးခဲ့ပါတယ်။ File size…(1 GB)/(586 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2024
Finding Tony
Medium Cool
7.2

သတင်းစာတွေက သမိုင်းကိုပြောတယ်ဆိုရင် သတင်းထောက်တွေက သမိုင်းကို မှတ်တမ်းတင်တဲ့သူတွေပါပဲ။ ဒီရုပ်ရှင်ဟာ ၁၉၆၈ ချီကာဂိုအမျိုးသားဒီမိုကရက်တစ်ညီလာခံကို အခြေပြုရိုက်ခတ်လာတဲ့ နိုင်ငံရေးမုန်တိုင်းကို သတင်းထောက်တစ်ယောက်အဖြစ် လိုက်ပါသတင်းရယူခဲ့တဲ့ သတင်းထောက်ဂျွန်ကတ်ဆဲလတ်စ် ကို အခြေတည်ပြီး ရိုက်ကူးပုံဖော်ထားပါတယ်။ လူဖြူလူမည်း ပဋိပက္ခတွေ၊ဂျူးတွေနဲ့ ဂျူးမဟုတ်တဲ့ လူမျိုးတွေရဲ့ပွတ်တိုက်မှုတွေ၊မင်းမဲ့ဝါဒီတွေ၊ ကွန်မြူနစ်တွေရဲ့ ဆန္ဒပြပွဲတွေ၊အကြမ်းဖက်မှုတွေ လုံခြုံရေးတပ်ဖွဲ့တွေနဲ့အာဏာပိုင်တွေရဲ့ အကြင်နာမဲ့ အင်အားသုံးနှိမ်နနင်းမှုတွေနဲ့၁၉၆၈ နွေရာသီဟာ အမေရိကန်နိုင်ငံအတွက်တော့ ပူပြင်းတဲ့နိုင်ငံရေးနွေရာသီဖြစ်ခဲ့ပါတယ်။၁၉၆၈ ဟာ ဗီယက်နမ်စစ်ပွဲအရှိန်အတက်ဆုံးကာလဖြစ်တာကြောင့် စစ်ပွဲရဲ့ရိုက်ခတ်မှုကိုလည်း ယောကျာ်းဖြစ်သူကို ဗီယက်နမ်စစ်ပွဲမှာဆုံးရုံးလိုက်ရတဲ့ မုဆိုးမလေးအယ်လင်းနဲ့ဟာရိုးတို့ သားအမိရဲ့ဘဝကိုပါ ‌ထည့်သွင်းပြီးရိုက်ပြထားပါတယ်။ ၁၉၆၈ ပြီးနောက်တစ်နှစ် ၁၉၆၉ မှာ ထွက်လာတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တမင်ဖန်တီးထားတဲ့ဆက်တင်တွေမဟုတ်ပဲ ဂျွန်အက်ဖ်ကနေဒီခေတ်အလွန် နည်းပညာခေတ်အကြိုအမေရိကန်နိုင်ငံရဲ့ တကယ်နောက်ခံနေရာတွေ ၊အကြောင်းအရာတွေ၊လူတွေ၊ခံစားချက်တွေ၊ပဋိပက္ခတွေကို စီးမြောကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ် File size… 2.34 GB / 1.26 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 51 m Genre ….. Drama /Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant

Drama
7.2 1969 111 mins
Medium Cool