YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Nandhan.2024.720p.AMZN.WeB.DL.YK(CM).mp4

1.17 GB N/A video/mp4 291 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Breathe In
6

ဒီဇာတ်ကားကတော့ တကယ့်ကိုမှရိုးရိုးရှင်းရှင်းနဲ့ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ် ဇာတ်လမ်းအကြောင်းကတော့ ကျောင်းဆရာတစ်ဦးအနေနဲ့ လုပ်ကိုင်နေတဲ့ ဂီတပညာရှင်တစ်ဦးရဲ့အိမ်မှာ ဇနီးဖြစ်သူက စာသင်နှစ်တစ်ခုစာကျောင်းလာတက်တဲ့ လေ့လာရေးကျောင်းသူကို လက်ခံထားစဉ် လင်မယားနှစ်ယောက်ကြားနှစ်ပေါင်းများစွာ မြိုသိပ်ထားတဲ့ မကျေနပ်ချက်တွေပွင့်ထွက်လာကာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို လေ့လာရေးကျောင်းသူကိုအရင်းတည်ပြီး မိသားစုအတွင်းမပြေလည်မှုတွေဖြစ်လာတဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ် ဒီဇာတ်လမ်းလေးမှာ ဇာတ်လမ်းအဖွင့်နဲ့အပိတ်က ဇာတ်ဝင်ခန်းလေးက တွေးစရာတွေအများကြီးပေးတဲ့ဇာတ်ဝင်ခန်းတွေဖြစ်ပါတယ် ဇာတ်ဝင်ခန်းတိုင်းမှာလည်း သရုပ်ဆောင်တွေရဲ့အကြည့်တွေက တကယ့်ကိုမှသူတို့အတွင်းစိတ်ကို ထွင်းဖောက်မြင်လိုက်ရသလိုခံစားရစေတယ် ခင်ပွန်းဖြစ်သူကဇနိးသည် သူ့ကိုနားလည်မပေးလိုက်တဲ့အချိန်ဖြစ်သွားတဲ့အကြည့်၊ ဇနီးဖြစ်သူက ခင်ပွန်းသည်ဂီတအကြောင်းတွေပြောတဲ့အချိန် စိတ်မဝင်စားပေမယ့် နားလည်နိုင်ဖို့ကြိုးစားနေတဲ့အချိန်ဖြစ်သွားတဲ့သရုပ်ဆောင်ချက်တွေ စသဖြင့်သရုပ်ဆောင်ချက်တွေကိုအသေးစိတ်ရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအေးလေးဖြစ်ပေမယ့် အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆွဲဆောင်သွားမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် File size…1GB / 475MB Quality…1080p BluRay / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eunice

Comedy • Drama • Romance
6 2013 98 mins
Breathe In
Awake
5.9

တစ်ယောက်နဲ့ တစ်ယောက် လုံးဝမသိကြတဲ့ လူသုံးယောက်က တစ်နေရတည်းမှာ နိုးလာကြပြီး ပိတ်လှောင်ခံရတာကို သိသွားကြတဲ့အခါမှာ.... သူတို့ကို ခြောက်လှန့်နေတဲ့အရာက ဘာလဲ၊ သူတို့ကို ပိတ်လှောင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့လူကရော ဘယ်လိုပတ်သက်တာလဲ၊ သူတို့ရဲ့ မှတ်ဉာဏ်တွေကရော ဘယ်ရောက်သွားတာလဲ တစ်ကိုယ်တည်းလှဲလို့ရတဲ့ နေရာတစ်ခုမှာ အပိတ်ခံရတယ်ဆိုတာက တွေးကြည့်ရုံနဲ့ ရူးချင်စရာပါပဲ အကြောင်းအရင်းကို မသိတော့ ပိုဆိုးတာပေါ့ ဂျိုဟယ်ရင်း၊ ဟန်ဆိုဂျင်၊ အီဒုံဟျော့ဆိုတဲ့ လူသုံးယောက်လည်း သူတို့ကို ပိတ်လှောင်ထားတဲ့နေရာကနေ သဲလွန်စရှာပြီး ထွက်သွားနိုင်မလား.... ဆိုတာကို သူတို့နဲ့အတူ ရင်ခုန် စိတ်လှုပ်ရှားရင်း အသည်းယားလိုက်ကြပါဦးစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Thriller Quality…. 1080p | 720p | 480p File size… 681MB | 366MB | 205MB Format… mp4 Duration…. 1h 14mjn Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August

Action • Adventure • Science Fiction
5.9 2021 96 mins
Awake
Luckiest Girl Alive
6.6

မိန်းကလေးတွေ ကြုံဖူးနေကျအတိုင်း ကိုယ်ဟာ victim ဖြစ်ပေမယ့် ပတ်ဝန်းကျင်ကြောင့် မိဘအသိုင်းအဝိုင်းကြောင့် victim ဖြစ်ပါတယ်လို့ ထုတ်ဖော်မပြောရဲဘဲ မြိုသိပ်ခဲ့ရတာအပြင် တစ်ခါတစ်ရံမှာ ကိုယ်ဟာ ကျူးလွန်သူရယ်လို့ တဖန်ပြန်လည် စွပ်စွဲခံကြရပါသေးတယ်။ အများအမြင်မှာတော့ ကံကောင်းတဲ့မိန်းကလေးပါလားလို့ အားကျကြပေမယ့် အတွင်းစိတ်ထဲမှာတော့ ဖုံးကွယ်ထားတဲ့ ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ ဒီဇာတ်ကားလေးကလည်း အဲ့ဒီလိုဖြစ်ရပ်မျိုးကို အခြေခံပြီး ရိုက်ကူးထားတာပါ။ New York မြို့က မဂ္ဂဇင်းတိုက်တစ်ခုမှာ Editor တစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောခင်ပွန်းလောင်းနဲ့လည်း မကြာခင်မှာ လက်ထပ်ရမယ့် Ani တစ်ယောက် မြို့ကြီးပြကြီးမှာတော့ လူအများအမြင် ပြည့်စုံတဲ့ကောင်မလေးတစ်ယောက်ပေါ့။ ဒါပေမယ့် တစ်နေ့မှာ Documentary ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်ဟာ Ani တက်ခဲ့တဲ့ ကောလိပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အကြောင်းရိုက်ကူးဖို့ လာကမ်းလှမ်းတဲ့အခါမှာတော့ အတိတ်က ဖုံးကွယ်ထားတဲ့ ပုံရိပ်တချို့ဟာ တစ်စတစ်စ ပိုမိုထင်ဟပ်လာပါတော့တယ်။ လူအများထင်ထားခဲ့သလို ပစ်ခတ်မှုမှာ ဗီလိန်ဟာ ဗီလိန်မဟုတ်သလို လူစွမ်းကောင်းကြီးဟာလည်း လူစွမ်းကောင်း ဟုတ်မနေခဲ့ပါဘူး။ ဒါ့အပြင် ဒီပစ်ခတ်မှုဖြစ်ပွားဖို့ မြစ်ဖျားခံရာ ဖုံးကွယ်ခဲ့တဲ့ ပြစ်မှုတွေဟာလည်း ပြန်လည်ပေါ်ပေါက်လာတဲ့အခါ ... ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ရင်တထိတ်ထိတ်နဲ့ ဆက်လက် ကြည့်ရှု အဖြေရှာလိုက်ကြပါစို့။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size          : 1.5GB, 691MGB, 385MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 53mins Genre              : Drama, Mystery, Thriller Translated by Jane Encoded by Kinnov

Drama • Thriller
6.6 2022 113 mins
Luckiest Girl Alive
Kanmani Paappa

ကာသစ်လို့ခေါ်တဲ့အစိုးရစီမံကိန်းလေးတွေကို ရင်းနှီးမြှုပ်နှံလေ့ရှိတဲ့ Contractor တစ်ယောက်ရှိပါတယ် သူ့မှာကန်မနီလို့ခေါ်တဲ့အရမ်းလည်တဲ့သမီးလေးတစ်ယောက်ရှိပြီး အရမ်းနားလည်ပေးပြီး supportiveဖြစ်တဲ့ ကန်နာမာဆိုတဲ့ ဇနီးချောလေးတစ်ယောက်ရှိပါတယ် ဒီလိုနဲ့ငွေရေးကြေးရေးအပူတွေနဲ့ပတ်လည်ဝိုင်းနေတဲ့အချိန်မှာ ကာသစ်‌တစ်ယောက် ‌ဇနီးချောလေးရဲ့ emotional supportတွေကြောင့် ကာသစ်တစ်ယောက်စိတ်သက်သာရာရပြီး ကံကောင်းထောက်မစွာနဲ့ ချေးထားတဲ့ငွေတွေပြန်ရကာ ပြေလည်သွားပါတော့တယ် အဲ့ဒီလိုနဲ့ကာသစ်တို့မိသားစုအိပ်မက်အိမ်ကြီးကိုဝယ်ဖို့အတွက် မက်ဒူရိုင်းကနေ ကိုဒိုင်ကန်နယ်ကိုလာကြည့်ပါတော့တယ် အဲ့ဒီအိမ်ကြီးက သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးတာကြောင့် ပွဲစားတွေတောင်အနားမကပ်ရဲတဲ့အိမ်ပါ ဒါပေမဲ့ ပွဲစားတစ်ယောက်ကဂျင်းထည့်ရောင်းတာကြောင့် ကာသစ်တို့မိသားစု အဲ့ဒီအိမ်ကြီးကို လာရောက်ချိန်မှာတော့ သူတို့သမီးလေးပျောက်ပျောက်သွားတာကစပြီး သူတို့ကြားမှာထူးဆန်းလွန်းတဲ့ငဘာဝလွန်ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပါတော့တယ် ဒီလိုနဲ့အဲ့ဒီအိမ်ကြီးကရော လူအများပြောကြသလို သရဲခြောက်တာရောတကယ်ဟုတ်ရဲ့လား အဲ့ဒီအိမ်ကြီးရြဲအရင်ပိုင်ရှင်တွေကရော ဘယ်သူတွေလဲ ဘယ်လိုရာဇဝင်အတိတ်တွေရှိခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ရင်တမမနဲ့ကြည့်ရှုရမှာပါ....။ ။.... File size…1.92GB / 884Mb Quality…`1080p True WEBDL AAC5.1CH/ 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Thet Ko & Taylor & Kham Mon & OeliuJ & Kevin Ag

Action • Animation • Science Fiction
0 2022 130 mins
Kanmani Paappa
Black Crab
6.3

ဒီကားလေးက 2022 ထွက်ဆွီဒင် War,Action,Drama ကားသစ်လေးဖြစ်တဲ့ အပြင် ဆွဲဆောင်မှုရှိတဲ့ မူဗီလို့ပြောလို့ရပါတယ်၊၊ ဇာတ်လမ်းအကျဥ်း စစ်ပွဲတစ်ခုရဲ့ အဆုံးသတ်ဟာ ဘယ်လိုနည်းနဲ့မဆိုမကောင်းတာတော့ သေချာပါတယ်။ ပြည်တွင်းစစ်ကစတဲ့ စစ်ပွဲတစ်ခုအတွင်းမှာ သမီးဖြစ်သူကို ဆုံးရှုံးထားတဲ့မိခင်တစ်ယောက်။ သေနတ်ပစ်လည်းကျွမ်းကျင်သလို ရေခဲပြင် စကိတ်စီးလည်းကျွမ်းကျင်တဲ့သူမကို လူအချို့နဲ့အတူ အစိုးရက ဆင့်ခေါ်ပြီး တာဝန်တစ်ခုပေးအပ်လာတဲ့အချိန်မှာတော့။ သူ့ကိုပေးအပ်တဲ့တာဝန်က ဘာလဲ။ ခက်ခဲလှတဲ့ ဒီတာဝန်ကို သူ ထမ်းဆောင်နိုင်မှာလား ဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ လိုက်ပါစီးမျောလိုက်ကြပါဦး။ တအားကြီးကြမ်းတဲ့ စစ်ကားမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းလေးမဆိုးတာကြောင့်ကြည့်ပျော်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်) File Size - (1.39 GB) / (682 MB) / (438 MB) Quality – WebDL 1080p / 720p/480p Duration - 1h 54mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Drama Translator – Lwin Htoo Aung Encoder – SWM

Drama • Romance
6.3 2022 109 mins
Black Crab
On the Rocks
6.1

IMDb Rating ........ 7.0/10 Rotten Tomatoes ........ 86% ဒီဇာတ်ကားကတော့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းတွေကို ကြိုက်တတ်တဲ့သူတွေအတွက် မဟုတ်ပါဘူး.... ဘာဖြစ်လို့လဲဆိုတော့ ပြင်ပလက်တွေ့ဘ၀မှာ တကယ်ဖြစ်ပျက်နေတဲ့ ပြဿနာလေးတွေကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့်ပါပဲ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် "မင်းရဲ့နှလုံးသားကို ဘယ်ကောင်လေးကိုမှ မပေးနဲ့".... ."တကယ်လို့ လက်ထပ်ပြီးသွားရင်တောင် ငါ့သမီးကအဖေ့အပိုင်ပဲ" လို့ သမီးဖြစ်သူကို ငယ်စဉ်ထဲကပြောထားတဲ့... . အချစ်ကြီးလွန်းတဲ့ ဖခင်တစ်ယောက် ရှိပါတယ်.... ဒီလိုနဲ့အချိန်တန်တော့ သမီးဖြစ်သူ လော်ရာ ဟာ အိမ်ထောင်ကျပြီး သမီးလေးနှစ်ယောက်မွေးပါတယ်… တစ်နေ့မှာ ယောက်ျားဖြစ်သူက သူ့အပေါ်ဂရုစိုက်မှုတွေ နည်းလာပြီး ခြေလှမ်းတွေပျက်နေတယ်လို့ ခံစားရတဲ့အခါ...လော်ရာ ဟာ သူမအဖေကို အကြောင်းစုံရင်ဖွင့်တိုင်ပင်ပါတော့တယ်.... ဒီလိုနဲ့ပဲ ချစ်ရတဲ့သမီးဖြစ်သူရဲ့ အိမ်ထောင်ရေး အခက်အခဲပြေလည်စေဖို့ ဖခင်ဖြစ်သူဟာ ၀င်ရောက်ပြီး စီစဉ်သူ လုပ်ပါတော့တယ်.... ထပ်ပြီးပြောရမယ်ဆိုရင် ဒီဇာတ်ကားကငြိမ့်ငြိမ့်လေးနဲ့ ရသပေးတဲ့ ပုံစံမျိုးပါ....လက်တွေ့ဆန်တဲ့ဇာတ်လမ်း ဖြစ်တဲ့အတွက်ကြောင့် တစ်ကားလုံး အဓိဇာတ်ဆောင်နေရာရောက်သွားသလို ခံစားကြရမှာပါ... . နာမည်ကြီးသရုပ်ဆောင်တွေကိုယ်တိုင် ပါ၀င်ထားတဲ့ ဇာတ်လမ်းကောင်းဖြစ်တဲ့အတွက် ခံစားကြည့်ကြပါဦး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:38:00 Genre :  Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Phyo Pyae

Action & Adventure • Animation • Sci-Fi & Fantasy
6.1 2020 96 mins
On the Rocks
xXx
5.9

XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ ….2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 2002 မှာ အောင်မြင်ခဲ့ပြီး 2005 မှာ xXx-2 ကို မင်းသားပြောင်းလဲရိုက်ကူးခဲ့သလို ၂၀၁၇ မှာ Vin Diesel ပြန်ပါဝင်တဲ့ xXx-3 ကိုလဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။ ၃ ကားလုံးက အက်ရှင်ကြမ်းကြမ်းတွေ စတန့်လန်းလန်းတွေကြောင့် နာမည်ကြီးပါတယ်။ X လို့ စတန့်လောကမှာ နာမည်တွင်နေတဲ့ X(vin diesel)ဟာ အစိုးရအရာရှိတစ်ဦးရဲ့ ကားကိုခိုးယူပြီး တံတားပေါ်ကနေခုန်ချပြခဲ့တာကြောင့် ရဲတွေရဲ့ဖမ်းဆီးထိန်းယူခြင်းခံရပါတယ်၊ တစ်ချိန်တည်းမှာပဲ အစိုးရအကြမ်းဖက်ဖမ်းဆီးနှိမ်နှင်းရေး အဖွဲ့ဟာလည်း မှောင်ခိုးသမားတွေကိုဖမ်းယူဖို့ကြိုးစားတိုင်း သူတို့ရဲ့ အေးဂျင့်တွေသာ အသက်ပေးလိုက်ရတဲ့အဖြစ်ကြောင့် အကြံအစီတစ်ခုအဖြစ် ဖမ်းဆီးထားတဲ့လူတွေထဲကမှ ထူးချွန်သူများကိုပြန်လည်ရွေးချယ်ပြီး အခွင့်ရေးတစ်ချို့နဲ့ အလဲအလှယ်လုပ်ကာ မှောင်ခိုသမားတွေကိုပြန်လည်ဖမ်းဆီးစေပါတယ်…ဒီလိုနဲ့ X တစ်ယောက် နိုင်ငံတော်ကြီးအတွက် ဘယ်လိုတွေစွန့်စားမလဲဆိုတာ…။ File size…(2.3 GB)/(1 GB) Quality…BluRay Remastered HEVC 1080p / 720p Format…mkv/mp4 Duration….02:04:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Wai Yan Maung

Action • Adventure • Science Fiction • Thriller
5.9 2002 124 mins
xXx
Heart In The Mirror
5.9

ဒီတစ်ခေါက်မှာတော့ Douyin မှာလူကြိုက်များနေတဲ့ ဗီဒီယိုအပိုင်းတိုဇာတ်လမ်းတွဲလေးကို အစအဆုံးတစ်ဆက်ထဲတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ အရာအားလုံးဟာအနာဂတ်ကိုမြင်နိုင်တဲ့ မှော်မှန်တစ်ချပ်ကနေ စခဲ့တာပဲဖြစ်ပါတယ်။ တိန့်ဟောက်ဟာ နှလုံးအစားထိုးကုသပြီးတာမကြာသေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နှလုံးအစားထိုးခွဲစိတ်ပြီးနောက်ပိုင်း သူကမှန်ထဲမှာမိန်းကလေးတစ်ယောက်ကို အမြဲမြင်နေပြီး ချစ်မိသွားပါတယ်။ အဲဒီကောင်မလေးကိုချစ်လွန်းလို့ သူ့ရဲ့ဇနီးလောင်းကိုတောင်အဆက်ဖြတ်ခဲ့ပါတယ် ဒါပေမယ့် ဒီမိန်းကလေးကသူထင်သလိုဖြူစင်တဲ့မိန်းကလေးမဟုတ်ပဲ သူ့ကိုရည်ရွယ်ချက်ရှိရှိချဉ်းကပ်နေတာကိုသိလိုက်ရတဲ့အခါ သူ့ရဲ့ဇနီးလောင်းကသူ့ကိုထားသွားခဲ့ပါပြီ။ သူ့ကိုချဉ်းကပ်လာရတဲ့အကြောင်းအရင်းရဲ့နောက်ကွယ်မှာ ဘယ်လိုကြီးကျယ်တဲ့ပြဿနာတွေရှိနေမလဲ။ အဲဒီပြဿနာတွေကိုဘယ်လို ဖြေရှင်းမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။

Drama • Romance
5.9 2023
Heart In The Mirror
Bhaje Vaayu Vegam
7

Bhaje Vaayu Vegam (2024) “ဘာမထီ” IMDb – 7.0/10 Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယတောင်ပိုင်းအက်ရှင်ဇာတ်ကြမ်းကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဗန်ကတ်ဆိုတဲ့ကောင်လေးရဲ့ မိဘတွေက အကြွေးပူတဲ့ဒဏ် မခံနိုင်တဲ့အဆုံးမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ကြတယ်။ ဒီမှာပဲ ဗန်ကတ်အဖေရဲ့ မိတ်ဆွေတစ်ယောက်က စီးပွားရေးအဆင်မပြေတဲ့ကြားထဲက ဗန်ကတ်တို့မိသားစုရဲ့ အကြွေးတွေဆပ်ပြီး ဗန်ကတ်ကို သူ့သားနဲ့ တတန်းထဲထားပြီး သားအရင်းတယောက်လို ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ ညီကိုနှစ်ယောက်လုံး အရွယ်ရောက်လာချိန်မှာ အောင်မြင်ဖို့ဆိုတဲ့ရည်မှန်းချက်နဲ့အတူ ဟိုက်ဒရာဘတ်မြို့ကြီးကိုထွက်လာခဲ့ကြပေမဲ့ ဘ၀က မလွယ်ကူခဲ့။ သူတို့လိုပဲ ဟိုက်ဒရာဘတ်ကိုပြောင်းရွှေ့လာခဲ့ပြီး တန်ခိုးထွားနေတဲ့ မြို့တော်ဝန်တို့ညီကိုနှစ်ယောက်လည်းရှိနေခဲ့ပါတယ်။ ဗန်ကတ်တစ်ယောက် သူ့ကို သားအရင်လိုစောင့်ရှောက်ခဲ့တဲ့ ဖခင်အိုကြီးရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ကြိုးစားရင်း နိုင်ငံရေးသမားတွေ၊ ရဲတွေ၊ လူဆိုးဂိုဏ်းတွေကြားထဲမှာ အန္တရာယ်တွေရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Horror • Drama
7 2024 134 mins
Bhaje Vaayu Vegam
Despicable Me 4
6.3

Despicable Me 4 (2024) IMDb Rating (6.3) / Rotten Tomatoes (56%) နာမည်ကျော် ကာတွန်းရုပ်ရှင်တွဲတွေ ဖြစ်တဲ့ Despicable Me လေးကားမြောက်လာပါပြီ။ ရှေ့ကထွက်ခဲ့တဲ့ ၃ ကားနဲ့ Minions ၂ ကား ကိုလည်း Channel Myanmar Web နဲ့ App မှာ ကြည့်ရှုနိုင်ပါတယ်။ Despicable Me 1 Despicable Me 2 Despicable Me 3 Minions : The rise of Gru 2022 Minions 2015 တို့ပြီးရင် အခုရုပ်ရှင်လာပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ဗီလိန်တိုက်ဖျက်ရေးအဖွဲ့ရဲ့အေးဂျင့် ဖြစ်လာတဲ့ ဂရု ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်း ဗီလိန် မက်ဆင်းကို ဖမ်းပေးလိုက်ပါတယ်။ ဒါပေမဲ့ မက်ဆင်းက ထောင်ကနေ ဖောက်သွားပြီး ဂရုကိုလက်စားချေဖို့ ကြိုးစားလာတဲ့အတွက် ဗီလိန်တိုက်ဖျက်ရေးအဖွဲ့က ဂရုတို့ မိသားစုကို နာမည်ဝှက်နဲ့ မြို့လေးတစ်မြို့မှာ သွား ခြေရာဖျောက်ခိုင်းထားလိုက်ပါတယ်။ အဲဒီမြို့မှာ သာမန်မိသားစုလို နေဖို့ကြိုးစားရင်း တလွဲတွေ ဖြစ်ပုံတွေ၊ မက်ဆင်းနဲ့ တိုက်ခိုက်ရပုံတွေကို မြင်ရမှာပါ။ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး မီနီယံတွေရဲ့ ဟာသတွေ ဂရုရဲ့တလွဲတွေနဲ့ ကြည့်ရမှာမို့ လူကြီးရောကလေးရော မိသားစုလိုက်ရော ကြည့်ဖို့အဆင်ပြေတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်

6.3 2024
Despicable Me 4
Watching
5.8

Watching (2019) ****************** 2019 ထွက် Horror Movie လေးတင်ဆက်ပေးလိုက်ပါတယ်… ယောင်းဝူဟာ အလုပ်အရမ်းကြိုးစားတဲ့ အဖွဲ့မှူး တစ်ယောက်ပါ … သူမက Single Mother တစ်ယောက်ဖြစ်ပြီး ဂုဏ်သိက္ခာအပြည့်နဲ့ ရပ်တည်နေသူပါ … သူမရဲ့ အလုပ်ပြန်ချိ်န်ကတော့ အမြဲနောက်ကျလေ့ ရှိပါတယ် … သူမကို အဖွဲ့ခေါင်းဆောင်ကလည်း အလုပ်တွေအနိုင်ကျင့်ပြီး ခိုင်းတတ်ပါသေးတယ် … ဒါပေမဲ့ သူမကို အမြဲ သတိထားစောင့်ကြည့်နေတဲ့သူရှိပါတယ်… သူကတော့ သူမတို့ Company အဆောက်အဦ ကားပါကင်က ဂျွန်ဟိုဆိုတဲ့ လုံခြုံရေးကောင်လေးပါ… သူမကို အမြဲတမ်း စကားတွေ လိုက်ပြောလေ့ရှိပြီး မမ လို့ တရင်းတနှီးလည်း ခေါ်တတ်ပါသေးတယ်… စွဲလမ်းမှုကနေ စိတ္တဇလိုဖြစ်လာပြီး ဂျွန်ဟိုတစ်ယောက်ဟာ မလုပ်သင့်တာတွေ လုပ်ပါတော့တယ်… ယောင်းဝူဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာကိုတော့…. ခံစားကြည့်ကြပါဦး… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်…) File Size : 1.02GB/ 430MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:39:00 Genre : Thriller,Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Tiff

5.8 2019 97 mins
Watching