YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Namib.2024.E02.720p.WEB-DL.[RMC].mp4

456.13 MB 720p video/mp4 5 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Dyatlov Pass Incident
5.9

၁၉၅၉ ခုနှစ်မှာ အီဂါ ီယာလို့ဗ် ခေါင်းဆောင်တဲ့ ရုရှားတောင်တက်သမား ၉ယောက်အဖွဲ့ဟာ ရုရှားနိုင်ငံ မြောက်ပိုင်း ယူရယ်တောင်ရိုင်းတွေကို စွန့်စားတောင်တက်ခဲ့ကြပါတယ်။ နှစ်ပတ်အကြာမှာ သူတို့စခန်းချထားတဲ့ နေရာနဲ့ နည်းနည်းလှမ်းတဲ့နေရာတွေမှာ ၉ယောက်လုံးကို ထူးဆန်းစွာ သေဆုံးလျက် တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကိုတော့ The Dyatlov Pass incident (ဒီယာလို့ဗ်တောင်ကြားလမ်းမတော်တဆမှု)လို့ ခေါ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ဖြစ်ရပ်မှန်ဖြစ်ပြီး ယနေ့တိုင် ကမ္ဘာပေါ်က ဘယ်သိပ္ပံပညာရှင်မှ အဖြေမထုတ်နိုင်၊မဖြေရှင်းနိုင်သေးတဲ့ လျို့ဝှက်ဆန်းကြယ်ဖြစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဒီဖြစ်ရပ်ကိုအခြေခံပြီး စိတ်ကူးပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ အော်ရီဂွန်တက္ကသိုလ်က ကျောင်းသား ၅ယောက်က အဲ့ဒီမတော်တဆ မှုဖြစ်ရပ်ကို အဖြေထုတ်မယ်၊မှတ်တမ်းရိုက်ကူးထားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဖြစ်ရပ်ဖြစ်ခဲ့တဲ့ ယူရယ်တောင်တွေဆီကို ဒီယာလို့ဗ်တို့ အဖွဲ့လမ်းစဉ်အတိုင်း တောင်တက်လာကြပါတယ်။ အဲ့ဒီနောက်မှာ ဒီ ၅ယောက်အဖွဲ့လည်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားတဲ့ သတင်းတွေ ထွက်ပေါ်လာပါတော့တယ်။ မူလ ဒီယာလို့ဗ်အဖွဲ့တုန်းကလို မဖြေရှင် းနိုင်တဲ့ ပဟေဠိဖြစ်ရပ်တစ်ခုဖြစ်ပြီး တကယ်များတည်ရှိနေကြမလား မသိနိုင်တဲ့ နှင်းလူတွေကြောင့်လား ၊ ဂြိုလ်သားတွေကြောင့်များလား၊ ပရလောက နာနာဘာဝ ဝိနာဘာဝတွေ လုပ်တာလား ၊ ဒါမှမဟုတ် အစိုးရစစ်တပ်ရဲ့လုပ်ရပ်လား ။ သူတို့ရိုက်ကူးထားတဲ့ footage မှတ်တမ်းပုံစံအနေနဲ့ ကြည့်ရှုရမယ့် horror ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ သူတို့တွေ ဘာတွေဆက်ဖြစ်ကြလဲ၊ ဘယ်လိုကြုံတွေ့သွားကြလဲ ဒီလိုသိချင်စိတ်တွေ၊ ကြည့်ချင်စိတ်တွေ ခေါ်ဆောင်ပေးသွားမှာဖြစ်ပြီး ဇာတ်လမ်းပြီးသွားရင်လည်း လျို့ဝှက် ဆန်းကြယ်ကိစ္စကို ဘာကြောင့်လဲ၊ ဘာကဘယ်လိုလဲ ဆိုတဲ့ အတွေးတွေကို စိတ်ထဲတနုံ့နုံ့နဲ့ ဆက်တွေးမိစေမယ့် ဇာတ်လမ်းလေးမျိုးဖြစ်ပါတယ်။ ကျောထဲက အရိုးတွေပါ ချမ်းစိမ့်ကြီးဖြစ်သွားစေမယ့် horror ဇာတ်လမ်းကောင်းလေးလည်း ဖြစ်တာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Orika ဖြစ်ပါတယ်။) File size…1.60GB / 736.5MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 40m Genre ..... Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Orika

Drama • Fantasy • Horror
5.9 2013 100 mins
The Dyatlov Pass Incident
Wetlands
5.2

ဒီဇာတ်လမ်းထဲမှာတော့ ထူးခြားတဲ့ ၁၈နှစ်အရွယ် ဟယ်လင် ဆိုတဲ့ ကောင်မလေးက သူ့ဇာတ်ကြောင်းလေးကို ပြန်ပြော ပြပေးနေတာပါ။ ငယ်ငယ်လေးတည်းက မိဘအုပ်ထိန်းမှုတွေ ထူးဆန်းတာရယ်၊ မိဘတွေ အဆင်မပြေဖြစ်တာတွေ ရန်ဖြစ် တာတွေ နောက်ဆုံးကွာရှင်းတာအထိ ကြုံတွေ့ဖူးထားတာရယ်နဲ့ အခု ဟယ်လင်တစ်ယောက်ဟာ တကယ်ကို ထူးထူးခြားခြား နေထိုင်နေသူဖြစ်ပါတယ် (မိုက်မိုက်ရူးရူးနေတယ်လို့ပြောရင် ပိုမှန်မလား)။ သူ့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုအပေါ်မှာ မသန့်ရှင်းတဲ့ အရာတွေနဲ့ စမ်းသပ်မှုတွေလုပ်နေပြီး ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်သည့်အလျောက် သူ့ရဲ့လိင်ပိုင်းဆိုင်ရာအပေါ်မှာလည်း ပုံမှန်လူတွေနဲ့မတူတဲ့ သဘောထားတွေ ရှိတဲ့သူပါ။ သူ့မှာ လိပ်ခေါင်း ရောဂါလည်းရှိပြီး တစ်နေ့တော့ အမွေးရိတ်တာကနေ anal fissure လို့ခေါ်တဲ့ စအိုကအရေးပြားမှာ ပေါက်သွားပြီး ဆေးရုံရောက်သွားတယ်။ ဆေးရုံမှာ သူ့မိဘတွေအတူ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြိုးစားတာတွေ၊ သူ့ရဲ့ သူနာပြုကောင်လေး ရော်ဘင်ကို ချစ်မိသွားတာလေးတွေ ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းဟာ 2008 ခုနှစ်တုန်းက ဂျာမနီမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို “စာအုပ်တစ်အုပ်အနေနဲ့ဖတ်ဖို့ရော ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ရော ကြည့်ရှုဖို့က မသင့်တော်ပါဘူး၊ ဝမ်းနည်းဖွယ်ရာလူ့အဖွဲ့အစည်းရဲ့ ရောင်ပြန်သက်သက်ပြသခြင်းဖြစ်ပါတယ်”တဲ့။ ညစ်ညမ်းမှုတွေ လိင်အသားပေးမှုတွေနဲ့ မိဘတွေကို ပြန်လည်ပေါင်းစည်းပေးချင်တဲ့ ဆယ်ကျော်သက်လေးအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ပုံမှန်လူ့အဖွဲ့အစည်းမှာ တွေ့ရခဲတဲ့ ဆယ်ကျော်သက်လေးအကြောင်းကို “အို ဘယ်လိုကြီးလဲ …. Omg“ ဒါမျိုးတပြီး ကြည့်ရမယ့် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ (လိင်အသားပေးမှုများတာကြောင့် ၁၈နှစ်အောက် ကလေးများ ကြည့်ရှုရန်မသင့်တော်ပါ၊ မိဘများနဲ့ ကြည့်ရှုရန်မသင့်တော်ပါ။ ဒီဇာတ်လမ်းထဲမှ ကျန်းမာရေးနဲ့မညီညွှတ်သည့်အကြောင်းအရာ များကို တုပလုပ်ဆောင်ရန် မသင့်တော်ပါ။) ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသူက Orika ဖြစ်ပါတယ် ) File size…1.67GB / 674MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 49m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Comedy • Drama
5.2 2013 109 mins
Wetlands
The Absent One
7.1

IMDB – 7.1/10 Q ဌာနပရိတ်သတ်တွေအတွက် ဒုတိယကားတင်ဆက်ပေးလိုက်ပါပြီဗျာ။ ပထမကားမကြည့်ရသေးတဲ့လူတွေလည်း CM မှာ The Keeper of Lost Causes ဆိုပြီး ရိုက်ရှာလို့ရပါတယ်။ ပထမကားကြည့်ထားမှ ဒီ Q ဌာန ဘယ်လိုဖြစ်လာသလဲ သိမှာမို့လို့ပါ။ ကဲ ဒုတိယကားမှာတော့ ပထမဆုံးအမှု အောင်မြင်ထားတော့ Q ဌာနကို ချီးကျုးနေကြပြီပေါ့လေ ကားလ်နဲ့ အာဆတ်တို့လည်း အတွင်းရေးမှူးအသစ် ရိုစ့်ဆိုတာကို အဖွဲ့ထဲခေါ်လိုက်ကြတယ်။ ဒီလိုနဲ့တစ်ရက် ဌာနပါတီအပြီး ကားလ်အပြန် လူတစ်ယောက်က သူ့သားသမီးအမွှာလေး အသတ်ခံရတဲ့ကိစ္စ ကားလ်ဆီကို ပို့ထားတာ မကြည့်ပေးဘူးလား ဘာလား ဇွတ်ပြောတော့ ကားလ်က မောင်းထုတ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဒီလူကြီး ကိုယ့်ကိုကိုယ်သတ်သေသွားကြောင်း ကားလ်သိလိုက်ရပြီး ဒီလူဟာ အရင်တုန်းက ရဲအရာရှိဖြစ်ကြောင်း လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က သူ့သားနဲ့သမီး အသတ်ခံရတာကို စုံစမ်းပြီး အငြိမ်းစား ယူထားကြောင်း သိရတဲ့အပြင် ကားလ်ဆီကိုပို့ဖို့ အထုပ်ကြီးပြင်ထား တာကိုပါ တွေ့လိုက်ရပါတယ်။ ဒါနဲ့ ကားလ်တစ်ယောက် ဒီအမှုကို လိုက်ကြတဲ့အခါ ဒီနှစ်လောင်းပြိုင် လူသတ်မှုဆိုတာက ပင့်ကူအိမ်ထဲက အမျှင်တစ်မျှင်သာ ဖြစ်နေတာကို တွေ့ရှိရပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ က ဖုံးကွယ်ထားတဲ့ ရက်စက်တဲ့နောက်ကြောင်းတွေ ပေါ်လာပါတော့တယ်။ ဂရစ်ဖင်ဟွန်းဆိုတဲ့ ဘော်ဒါကျောင်းမှာ ဘာတွေဖြစ်ခဲ့ကြသလဲ၊ တနင်္ဂနွေဆိုတာကရော ဘာသက်ရောက်မှု ရှိတာလဲ၊ ကင်မီဆိုတဲ့ ကောင်မလေးကရော ဘယ်သူလဲ စသဖြင့် မေးခွန်းပေါင်းများစွာနဲ့ နောက်ထပ် သပွတ်အူအမှုကို ကားလ်တို့ ၃ ယောက်သား စွန့်စွန့်စားစား ဉာဏ်သုံးအဖြေရှာကြတာကို ဇိမ်ရှိရှိ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ ပထမကားလို တရားခံကို နောက်ဆုံးမှ ပြတာမဟုတ်ပဲ အစကတည်းက ပြပြီး ဘယ်လို တစ်ဖက်နဲ့ တစ်ဖက် ဉာဏ်ကစားကြမလဲ ကြည့်ရမှာပါ။ ဒီကားမှာတော့ မုဒိမ်းမှုတွေပါ ပါဝင်တဲ့အပြင် ပြထားတဲ့ ရိုက်ကွက်တွေလည်း ခပ်ရှင်းရှင်းဖြစ်တဲ့အတွက် ကြည့်ရှုသူများအဖို့ သတိပြုစေလိုပါတယ်ဗျ။ File size…1.53GB / 552.7MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 59m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Crime • Drama • Thriller
7.1 2014 116 mins
The Absent One
The Lord of the Rings: The Two Towers
8.4

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ (1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့) (မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်) (2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့) (မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်) (3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့) (မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်) The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(8 GB)/(3.6 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:55:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Dr.Nyan

Drama • Mystery • Thriller
8.4 2002 179 mins
The Lord of the Rings: The Two Towers
A Most Violent Year
7

A Most Violent Year (2014) အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac က သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။ နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။ ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။ ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size : 923MB, 387MB, 240MB Quality : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format : mp4 Duration : 2hr 5mins Genre : Action, Crime, Drama Translated by Themes Encoded by Kinnov

Mystery • Thriller • Horror
7 2014
A Most Violent Year
[18+] Ang Kabit Ni Mrs. Montero
6

Ang Kabit Ni Mrs. Montero (1999) ကယ်လ်မွန်တယ်ရိုဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်သူ သူဌေးကြီးတစ်ဦးဟာ ဆိုင်ကယ်မတော်တဆမှုနဲ့ အောက်ပိုင်းသေသွားခဲ့ပြီး နယ်မှာရှိတဲ့ သူ့ရဲ့စံအိမ်ကြီးမှာ ကုသမှုခံယူရင်း အနားယူဖို့ပြန်သွားခဲ့ပါတယ်။ သူနဲ့အတူ သူ့ကိုပြစုကုသပေးမယ့် ကုထုံးပညာရှင် အန်နီနဲ့ သူ့ချစ်ဇနီးဂေလ် ဆိုတဲ့ မိန်းမလှနှစ်ဦးလည်းပါလာခဲ့ပါတယ်။ ကယ်လ်က ငွေကြေးချမ်းသာသလောက် မောက်မာရိုင်းစိုင်းပြီး ရက်စက်သူတစ်ဦးပါ။ လိင်ကိစ္စနဲ့ပတ်သက်ရင်လည်း ရမ္မက်ကြီးပြီး ပုံမှန်ထက်ထူးခြားတဲ့ကိစ္စမျိုးတွေကိုလည်း စိတ်ဝင်စားတဲ့အတွက် သူ့ဇနီးကိုတစ်ခြားသူတွေနဲ့လိင်ဆက်ဆံခိုင်းပြီး ထိုင်ကြည့်တာမျိုးကအစ လုပ်လေ့ရှိတဲ့သူမျိုးဖြစ်ပါတယ်။ တဖြည်းဖြည်းသူ့ရဲ့ရက်စက်မှုတွေ၊ မောက်မာမှုတွေကိုစိတ်ကုန်စပြုလာတဲ့ ချစ်ဇနီးဟာ ကယ်လ်ရဲ့ခြံကျယ်ကြီးထဲက အလုပ်သမားကောင်လေးတစ်ဦးဖြစ်တဲ့ ဆတော်ဆိုတဲ့လူငယ်လေးနဲ့ ချစ်ကြိုးသွယ်မိပါတော့တယ်။ နာမည်ကျော်ဂန္ထဝင် Erotic Literature တစ်ပုဒ်ဖြစ်တဲ့ Lady Chatterley’s Lover ကိုအလွတ်တမ်းအခြေခံပြီး ဖိလစ်ပိုင်မှုပြုထားတဲ့ကားပါ။ အဲဒီခေတ်အခါက ထိတ်ထိတ်ကြဲတွေဖြစ်တဲ့ Patricia Javier တို့၊ Sunshine Cruz တို့လိုမင်းသမီးကြီးတွေရဲ့ ငယ်နုစဉ်အလှကို တစ်၀ကြီးငေးမောခွင့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.25GB, 1.7GB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 30Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

6 1999
[18+] Ang Kabit Ni Mrs. Montero
Kapalit
6.4

အော်ဒရေးက တစ်ချိန်မှာတိုင်းတစ်ပါးကိုအလုပ်သွားလုပ်ဖို့စိတ်ကူးယဉ်ကြိုးစားနေတဲ့ သူနာပြုမလေးပါ။ လတ်တလောမှာတော့ နိုင်ငံခြားသွားဖို့ချိတ်ထားတဲ့အလုပ်ရှာဖွေရေးအေဂျင်စီက အလိမ်ကုမ္ပဏီတစ်ခုဆိုတာ သိလိုက်ရပြီး ရရာအလုပ်ဖြစ်တဲ့ အိမ်ကြီးတစ်လုံးမှာ မေ့ဆေးဆရာဝန်ရဲ့ဇနီးသည်ကိုပြုစုစောင့်ရှောက်ပေးရသူအဖြစ်အလုပ်ဝင်ခဲ့ပါတယ်။ မကျန်းမာတဲ့ဇနီးသည်ကို အစစအရာရာ၀တ္တရားကျေလွန်းတဲ့၊အောင်မြင်ချမ်းသာရုံမက ရုပ်ရည်ပါပြည့်စုံတဲ့ အိမ်ရှင်အမျိုးသားဖြစ်သူကို သဘောကျသထက်ကျလာတဲ့ အော်ဒရေးဟာ အဲ့ဒီလူကိုအပိုင်ရထားတဲ့ သူ့ဇနီးသည် ဒေမီကို မနာလိုစပြုလာတယ်။ အဲ့ဒီကနေ အလုပ်ရှင်သူဌေးကို သူ့ဘ၀ထွက်ပေါက်တစ်ခုအဖြစ်မြင်လာတဲ့ နောက်ဖြစ်တဲ့နည်းနဲ့ဝင်အောင်းဖို့ကြံစည်မိချိန်မှာ..။ ( အညွှန်းရေးသားထားသူကတေ့ာ alias ပါ ) File size_(1.2GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:52:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.4 2024
Kapalit
Sentinel

ဒီဇာတ်လမ်းထဲမှာတော့ အနာဂတ်မှာ ဂြိုလ်သားတွေက ကမ္ဘာမြေကိုကျူးကျော်သိမ်းယူခဲ့ပါတယ်။ နောက်ဆုံးတိုက်ခိုက်သူတွေ တိုက်ပွဲကျသွားတဲ့အခါမှာ အသက်ရှင်ကျန်ရစ်သူတွေက လကမ္ဘာဆီကိုထွက်ပြေးရင်း ပုန်းကွယ်နေထိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာတော့ လပေါ်မှာရှိတဲ့လူသားတွေက တိုက်ခိုက်ရေးဟီးရိုးသုံးဦးကိုရွေးချယ်ပြီး ကမ္ဘာမြေဆီကိုပြန်စေလွှတ်ခဲ့တယ်။ အဲဒီ ဟီးရိုး၃ဦးရဲ့မစ်ရှင်ကတော့ အချိန်ခရီးသွားပြီး ဂြိုလ်သားတွေကိုနှိမ်နင်းပြီးနောက် ကမ္ဘာမြေကိုပြန်လည်သိမ်းယူဖို့ပါပဲ။ လူသားတွေ ကမ္ဘာမြေပေါ်မှာ နဂိုအတိုင်းပြန်နေခွင့်ရနိုင်မလားနဲ့ မစ်ရှင်ကရော အစီအစဥ်အတိုင်းဖြစ်လာမလားဆိုတာကိုတော့.. File size…(1.8 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

0 2024 90 mins
Sentinel
Kubi
6.7

လည်ပင်းလို့အဓိပ္ပာယ်ရတဲ့ Kubi ဂျပန်ဆာမူရိုင်းရုပ်ရှင်မှာ ခေါင်းဖြတ်တာတွေကိုတော့ ပေါပေါများများမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Takeshi Kitano က ကိုယ်တိုင်ရေးသား ရိုက်ကူးထားတဲ့အပြင် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင် ထားပါတယ်။ ၁၅၈၂ ခုနှစ် စံဂိုကုခေတ်ကာလကဖြစ်ပွားတဲ့ခဲ့ သမိုင်းဝင်အဖြစ်အပျက် Honnō-ji ကို ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၁၆ ရာစုမှာအခြေ တည်ထားပြီး ပြိုင်ဘက်စစ်နယ်ရှင်တွေဟာ ဂျပန်ကို ထိန်းချုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိတဲ့ခေတ် ကာလဖြစ်ပါတယ်။ ဂျပန်နိုင်ငံတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့အရှင်အိုဒါနိုဘူနာဂါဟာ မျိုးနွယ်စုတွေ အများကြီးနဲ့ စစ်ပွဲဆင်နွှဲနေစဉ်မှာပဲ သစ္စာခံတစ်ယောက် ဖြစ်တဲ့အာရာကီမူရာရှီဂီက ပုန်ကန်ထကြွပြီး စစ်ရှုံးချိန်မှာ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ နိုဘူနာဂါက မီဆူဟီဒီနဲ့ဟီဒီယိုရှီအပါအဝင် တခြားသစ္စာခံတွေကိုစုစည်းပြီး ဝရမ်းပြေးမူရာရှီဂီကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အပြင် ကြိုးစားသူတိုင်းကိုလည်း သူ့နေရာကိုဆက်ခံခွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ နိုဘူနာဂါရဲ့နေရာကိုဆက်ခံချင်သူတိုင်းက အမျိုးမျိုးသော စိတ်ကူးတွေ၊ အကြံအစည်တွေ၊ ထောင်ချောက်တွေနဲ့အတူ သိပ်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာ ထိပ်တိုက်ရင်ဆိုင်တွေ့မိကြပါတော့တယ်။ နိုဘူနာဂါလာရောက်မယ့်ဟွန်နိုဂျီဘုရားကျောင်းမှာ နိုဘူနာဂါရဲ့သစ္စာခံတွေအတွက် ဘယ်လိုကံကြမ္မာတွေက စောင့်ကြိုနေမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ File size…2.45GB / 1.2GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre …..Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.7 2023
Kubi
Still Waiting…
4.9

Still waiting (2009) အနည်းငယ်အမြင်ရိုင်းတဲ့ ဇာတ်ဝင်ခန်းနဲ့ စကားအသုံးအနှုန်းလေးတွေပါတဲ့အတွက် အသက်မပြည့်သေးသူများနဲ့ မကြည့်သင့်သလို မိသားစုနဲ့အတူကြည့်ရှုလို့မသင့်ကြောင်းတော့ သတိပေးပါရစေနော်။ ပိတ်ရက်မှာပေါ့ပေါ့ပါးပါးလေးကြည့်ဖို့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာတော့ ဆိုင်မန်နေဂျာလေဖြန်းသွားလို့ သောင်ပြင်မှာလွတ်ကျန်ခဲ့တဲ့ ယဉ်ကျေးလိမ္မာကျောင်းဆင်းဝန်ထမ်းတစ်သိုက်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ ငါ့လူထိရင် ငြိမယ်ဆိုပြီး ဖောက်သည်တွေကို Lesson ပေးလွှတ်တတ်တဲ့ပွကြီးတို့တစ်သိုက်ရဲ့ အကွက်ဆန်းတွေနဲ့အတူ စတိုမန်နေဂျာနေရာကနေ ဆိုင်မန်နေဂျာနေရာတတ်ဖို့ ရှယ်ပလန်နဲ့ချောင်းနေတဲ့ FA အကြီးစားတို့စုနေတဲ့ ဂယက်တစ်သိန်းနဲ့ ဆိုင်ပါပဲ။ ရှေ့လူပြုတ် နောက်လူတက်မယ်လို့ လွယ်လွယ်မှန်းထားခဲ့ပေမဲ့လည်း လက်တွေ့မှာတော့ လွယ်မနေခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Target ဒေါ်လာ ၉၀၀၀ မှ ပြည့်အောင် မရောင်းနိုင်ခဲ့ရင် ဆိုင်ပိတ်ရတော့မှာမို့လို့ပါပဲ။ ဒါပေမဲ့ ပွကြီးဟာကံကောင်းပါတယ်။ တားဂတ်ပြည့်ဖို့လိုခါမှ သူတို့ရဲ့ဆိုင်ရှေ့တည့်တည့်မှာ ဆိုင်အပြိုင်ပေါ်လာတော့တာပါပဲ။ အဝတ်ပါရုံဝတ်ထားတဲ့ စားပွဲထိုးမအလန်းလေးတွေနဲ့ ညတိုင်းအပန်းဝင်ဖြေချင်စရာ Vibe လေးနဲ့ ပုရိသအကြိုက် Performance လေးတွေနဲ့ပေါ့လေ။ ဒီဆိုင်‌ရောက်လာတဲ့ကျေးဇူးကြောင့် သူတို့ဆိုင်က စကီအလန်းလေးတွေကလည်း ကိုင်းကူးချင်ချင်တွေဖြစ်လို့ပေါ့။ ဆိုင်အတွက် အာရုံစိုက်နေရပါတယ်ဆိုမှ ပွကြီးဟာ အားတဲ့အချိန်လေးတွေဆို စတိုထဲကသူ့အခန်းကျဉ်းလေးထဲမှာ စော်လိုက်နည်း Video လေးတွေလည်း အပြေးအလွှားကြည့်ပြီး ပညာယူရရှာသေးတာပါ။ သေချာကြိုးစားပြီး ဆိုင်ကို ဦးဆောင်ကြည့်ဖို့လုပ်ပေမဲ့ ကံကြမ္မာက မျက်နှာသာပေးမခံရတဲ့ ပွကြီးတစ်ယောက် အဆုံးမှာ ဆိုင်ပဲပိတ်ခံရပြီး လူပျိုသိုးကြီးအဖြစ် အရိုးထုတ်သွားရမလား။ Target ပြည့်ပြီး စော်ကြည်၊ ထီပေါက်၊ နိဗ္ဗာန်ရောက်သွားမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။ File size… 1.9 GB / 983 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Aditi

4.9 2009
Still Waiting…
Another Me
6

အားလုံးစိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ကြည့်ဖို့ ဟာသကားလေးနဲ့ တင်ဆက်ပါရစေ။ ဟိုးရှေးရှေးတုန်းက သားအဖ၂ယောက်ရှိသတဲ့။ အဖေကဘုရင်ကြီး သားကအိမ်ရှေ့မင်းသားဖြစ်တယ်။ ဘုရင်ကြီးမှာ မောင်းမမိဿံပေါင်း၃၀၀၀လောက်ရှိပေမယ့် သားတော်တစ်ပါးပဲဖွားမြင်ပါသတဲ့။ သားတော်ရဲ့လုံခြုံရေးအတွက် မျက်ဖုံးတပ်ခိုင်းစေခဲ့တယ်။ အိမ်ရှေ့မင်းသားရဲ့မျက်နှာကိုဘယ်သူမှမမြင်ဖူးပါဘူး ။ ဘုရင်ကြီးသားတော်အပေါ်မျှော်လင့်ချက်ကြီးမားပြီး စာပေအမြောက်အများအတင်းသင်ယူခိုင်းပါတယ်။ ဒါပေမယ့် အိမ်ရှေ့မင်းသားကတော့ အပျော်အပါးပဲမက်ပြီး ဇာတ်ပွဲကြည့်ရင်းသာအချိန်ဖြုန်းနေပါတော့တယ်။ မြို့ပြင်တစ်နေရာမှာ တည်းခိုခန်းပိုင်ရှင်ရဲ့ယောင်္ကျား လီမောက်ဆိုတဲ့ရှိတယ်။ သူကလဲတလွဲကောင်ပါပဲ။ အမှုထမ်းလေးလီမောက်က ယောက္ခမရဲ့လေးစားမှုကိုရဖို့ ရသမျှနည်းလမ်းနဲ့ ရာထူးတိုးရဖို့ကြံစည်နေပါတယ်။ ထူးတာကတော့ သူရုပ်ရည်က အိမ်ရှေ့မင်းသားနဲ့ချွတ်စွပ်တူနေတာပါ။ အပျော်အပါးမက်တဲ့ အိမ်ရှေ့မင်းသားနဲ့ ဂုဏ်မက်တဲ့လီမောက်တို့ သူတို့၂ယောက်နေရာချင်းလဲပြီးဘာတွေ တလွဲလုပ်ကြမလဲဆိုတာကို စိတ်ပြေလက်ပျောက်ကြည့်လိုက်ကြပါဦးနော်

Drama
6 2022
Another Me
Gatlopp
6.4

thriller ကို comedy အနှောနဲ့ မပျင်းရအောင် ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းကိုတော့ အဓိကသရုပ်ဆောင်အနေနဲ့ Emmy Raver-Lampman (ဆမ်) ၊Jim Mahoney(ပေါလ်) ၊ Jon Bass (ကလစ်ဖ်)၊ Sarunas J. Jackson (ထရိုင်) Shelley Hennig (အဲလစ်) တို့က သရုပ်ဆောင်ထားပါတယ်။ သူငယ်ချင်းဟောင်းတွေ တစ်ညတာပြန်လည်ဆုံစည်းပြီး ဂိမ်းဆော့ကြပေမဲ့ သူတို့ကစားတဲ့ဂိမ်းက သာမန်မဟုတ် နေခဲ့ပါဘူး။ Gatlopp ဆိုတဲ့ မြွေနဲ့လှေကားလိုဂိမ်းက အံစာတုံးပစ်၊ ကတ်တွေထဲမေးခွန်းတွေကိုဖြေရတဲ့ ရိုးရိုး ဂိမ်းလို့ထင်ရပါတယ်။ ဒါပေမဲ့ တစ်ယောက်ပြီး တစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေကို ဖြည်းဖြည်းဖော်ထုတ်လာပြီး အချင်းချင်းကြားက ကိစ္စတွေကို ပိုကောင်းစေမှာလား ပိုဆိုးစေမှာလား မသဲကွဲတဲ့အဖြစ်အပျက်တွေကြုံရပါတော့ တာပါပဲ ဂိမ်း type မျိုးကိုသဘောကျပြီး supernatural၊ ပေါ့ပေါ့ပါးပါး စိတ်လှုပ်ရှားရတာမျိုး ကြိုက်တတ်တဲ့သူ ဆိုရင် သေချာပေါက်အကြိုက်တွေ့မဲ့ ရုပ်ရှင်ကားကောင်း တစ်ခုပါပဲ။ rating လည်း 6.4 ရရှိထားပါတယ်။ File size… (1.19 GB) / (686 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 20m Genre …..Comedy , Thriller , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice

Drama • History
6.4 2024 80 mins
Gatlopp
Sabrina
7.6

ဆင်းရဲသားနဲ့ သူဌေးသမီးတို့ရဲ့ အချစ်ဇာတ်လမ်းတို့ဘာတို့ဆိုတာကို ငယ်ငယ်တုန်းက ငှားကြည်ခဲ့ကြတဲ့အခွေတွေထဲမှာတော့ မကြာမကြာ ကြည့်ခဲ့ဖူးကြမှာပါ။ (၁၉၅၄)တုန်းက ထွက်ရှိခဲ့တဲ့အချစ်ဟာသဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ “Sabrina”ဆိုတဲ့ ဇာတ်ကားလေးမှာတော့ကျိကျိတက်ချမ်းသာကြွယ်ဝလှတဲ့ သူဌေးသားညီအစ်ကိုတို့နဲ့ သူတို့အိမ်က ဒရိုင်ဘာသမီး“ဆာဘရီနာ”တို့ကြားက အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုပုံတွေကို သဘောကျဖွယ် ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ ဆာဘရီနာကတော့ ညီဖြစ်သူဒေးဗစ်လာရာဘီးကို ငယ်စဥ်တောင်ကျေးကလေးဘဝကတည်းက တစ်ဖက်သတ်ချစ်မြတ်နိုးနေမိခဲ့တာပါ။ ဒါပေမယ့်လည်း မိန်းမလှလေးတွေ ဝိုင်းနေတဲ့ ဒေးဗစ်တစ်ယောက် သူ့အိမ်က ဒရိုင်ဘာသမီးကို ဘယ်မျက်စိကျပါ့မလဲ။ ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်တာမျိုးပေါ့။ အခုလိုမျိုး အဆင့်အတန်း အဘက်ဘက်က ကွာခြားလှတဲ့ အချစ်မျိုးကိုမမြင်ချင်တာကြောင့် ဆာဘရီနာအဖေက ဆာဘရီနာကို ပဲရစ်က အချက်အပြုတ်ကျောင်းကိုပို့လိုက်ပါလေရော။ ခက်တာက ပြန်ရောက်လာတဲ့အချိန် အလှကြီးလှလာတဲ့ ဆာဘရီနာကိုလေးဆက်မြောက်အိမ်ထောင်အတွက် စေ့စပ်ထားပြီဖြစ်တဲ့ ဒေးဗစ်တစ်ယောက်မျက်စိကျကာချစ်မိသလိုတွေ ဖြစ်ကုန်ပါတော့တယ်။ သံယောဇဥ်မပြတ်သေးတဲ့ ဆာဘရီနာကကော ဒီနွံကိုများဆက်တိုးမလား။ စီးပွားရေးကိုသာ ဇောက်ချလုပ်နေတဲ့ အစ်ကိုဖြစ်သူ လိုင်းနက်စ်ဟာလည်း ဒေးဗစ်လိုပဲဆာဘရီနာကို ရင်ခုန်မိသွားပါတော့တယ်။ နွံထဲပဲ ဆက်နစ်ကြမလား။ သုံးပွင့်ပဲ ဆိုင်မလား။ စတဲ့ မေးခွန်းတွေရဲ့ အဖြေကိုတော့ အဖြူအမည်းခေတ်က ရုပ်ရှင် “Sabrina”ကို ခံစားကြည့်ရှုရင်း အဖြေအတူတူ ရှာကြည့်လိုက်လို့ရပါပြီ။ File size… 3.4 GB / 1.4 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 53m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Family • Drama
7.6 1954 113 mins
Sabrina