YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Namib.2024.E01.720p.WEB-DL.[RMC].mp4

454.61 MB 720p video/mp4 5 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Step Up 3D
6.8

Genre – Drama, Music, Romance IMDB – 6.1/10 Step Up Franchise ရဲ့ ၃ ကားမြောက်လည်းဖြစ် အဲဒီခေတ်က 3D နည်းပညာပေါ်ပြီဆိုတော့ 3D နဲ့ရိုက်ထား တာလည်း ဖြစ်တဲ့ Step Up 3D ကားလေးပါ။ ဒီကားကိုတော့ နံပါတ် ၂ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jon M.Chu ပဲ ဆက်ရိုက်ကူးခဲ့တာပါ အဲဒါကြောင့်လားတော့ မသိ သူ့လူတွေကို ဝေဝေဆာဆာ ပြန်သုံးထားတာကို မြင်ရပါမယ် ဥပမာ မုစ်ပေါ့ ဒီကားမှာဆို အဓိကဇာတ်ရုပ်နီးပါး လုပ်ခွင့် ရသွားခဲ့တယ်။ ဒီကားလေးရဲ့အကြောင်းကတော့ ကျွန်တော်တို့ဆရာသမား မုစ်တစ်ယောက် နံပါတ် ၂ ကားထဲမှာ MSA အဖွဲ့နဲ့ သောင်းကျန်းပြီး တော့ မိဘကို နောက်ထပ်မကတော့ပါဘူး ကတိပေးပြီး NYU ကျောင်းကို အင်ဂျင်နီယာမေဂျာတက်ဖို့ ရောက်လာခဲ့တယ်။ အဲဒီမှာ ဝါသနာကို မစွန့်လွှတ်နိုင်ပဲ ကပွဲတစ်ခုမှာ ဝင်ကရာကနေ ပြဿနာတက်ပြီး လုခ်ဆိုတဲ့ လူတစ်ယောက်က ကယ်သွားခဲ့တယ်။ ဖြစ်ချင်တော့ ဒီ လုခ်ဆိုတဲ့ဘဲက အကပါရမီရှိတဲ့လူတွေကို စုဆောင်း သူ့ဂိုထောင်မှာ အတူတူထားပြီး ဆုကြေးငွေ ၁ သိန်းရှိတဲ့ World Jam ဆိုတဲ့ ပြိုင်ပွဲ ဝင်ပြိုင်ချင်တဲ့လူ။ မုစ်နဲ့ ပြဿနာဖြစ်ခဲ့ တာကလည်း သူတို့ရဲ့ ပြိုင်ဖက်တွေ အဲဒါနဲ့ လုခ်က မုစ်ကို စည်းရုံးသိမ်းသွင်းပြီး အဖွဲ့ထဲကိုခေါ်ပါတော့တယ်။ တစ်ဖက်မှာလည်း လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ပေါက်လာတဲ့ နာတာလီလို့ ခေါ်တဲ့ကောင်မလေးလည်း အဖွဲ့ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒီတော့ မုစ်တစ်ယောက် ကျောင်းပြဿနာ ကောင်မလေးပြဿနာ တွေနဲ့ ပြိုင်ပွဲတွေ ကောင်းကောင်းဝင်ပြိုင်နိုင်ပါ့မလား၊ လုခ်တစ်ယောက် သူ့ရဲ့လူတွေကို ဒီနေရာမှာဆက်ထိန်းထားနိုင်ဖို့ ဘာပြဿနာတွေကြုံရမလဲ၊ နာတာလီဆိုတဲ့ကောင်မလေးကရော ဘယ်သူလဲဆိုတာကို 3D နည်းပညာ တွေနဲ့ ရှယ်က ရှယ်ကြုံးကြတာကို ကြည့်ရမယ့် တတိယမြောက်ကားဖြစ်ပါတယ်။ File size…2.70GB / 1.55GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ..... Drama, Music, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Drama
6.8 2010 107 mins
Step Up 3D
Camellia Sisters 5 - Living Like Royalty
5.5

ဒီဇာတ်ကားလေးကတော့ မတည့်အတူနေညီမ ၃ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဟာသဆန်ဆန်ဗီယက်နမ်ရုပ်ရှင်လေးပါ ကမဲလီးယားပန်းဥယျာဥ်အိမ်ရာမှာ နေထိုင်ကြတဲ့ လိုင်မိသားစုက မိန်းမတွေက ဥယျာဥ်ထဲမှာ ကမဲလီးယားပန်းအနီပွင့်မှသာ လက်ထပ်နိုင်မယ်ဆိုတဲ့ စည်းမျဥ်းတစ်ခုရှိလေတယ်၊ အစ်မကြီးအမိရာဖြစ်တဲ့ "ဟာ" လည်း အပျိုကြီးဖြစ်သလို အစ်မလတ် "ဟုန်" နဲ့ အငယ်ဆုံး "လင့်" ပါ အပျိုကြီးတွေ ဖြစ်ကြတာပေါ့ ဒါပေမဲ့ လက်တွေ့မှာတော့ အဲ့စည်းမျဥ်းဟာ နောက်ကွယ်က လျှို့ဝှက်ချက်‌တွေကို ဖုံးဖိထားဖို့ အပေါ်ယံမျက်နှာဖုံးဆိုတာကို သိလိုက်ရတဲ့အခါ.... အတွင်းရေးပြဿနာကိုယ်စီရှိကြတဲ့ ညီအစ်မ ၃ယောက်အကြောင်းကို ဟာသနှောရိုက်ကူးပြသထားလို့ အပျင်းလည်းပြေသလို မိန်းမတွေက အချစ်ရေးဘဝမှာ အရှုံးဘက်ကသာ ဖြစ်တယ်ဆိုတာကိုလည်း ခံစားထိမိအောင် ရိုက်ပြထားလို့ ကြည့်သင့်တဲ့ကားလေးတစ်ကားပဲ ဖြစ်ပါတယ်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Jinzel ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.6GB | 948MB | 418MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jinzel Encoder ..... August

Horror
5.5 2021 115 mins
Camellia Sisters 5 - Living Like Royalty
Farhana
7

Farhana (2023) IMDb 6.4/10 Drama/Thriller ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး ရှေးရိုးစွဲလွန်းတဲ့ ဘိုင်ဟာ မိသားစုစီးပွားရေးအနေနဲ့ ဖိနပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ ဒီဖိနပ်ဆိုင်ကြောင့်ပဲ သမီးတွေကို မင်္ဂလာဆောင်ပေးနိုင်ခဲ့ပေမယ့် အိမ်ထောင်အသီးသီးကျပြီး မြေးတွေထပ်ရလာတဲ့အခါမှာတော့ ဒီစီးပွားရေးကျဆင်းလာပြီး မလောက်ငှတော့ပါဘူး။ ချေးငွေယူတာကိုလည်း မကောင်းတဲ့အရာလို့ သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် သမီးဖြစ်သူ ဖာဟာနာဟာ ကလေးသုံးယောက်ရဲ့အနာဂတ်လည်းရှိသေးတာမလို့ အလုပ်ထွက်လုပ်ခွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ ရှေးရိုးစွဲလွန်းတဲ့အိမ်ကနေ ခက်ခက်ခဲခဲတောင်းဆိုပြီး အလုပ်ရလာတဲ့အခါ ဖာဟာနာတစ်ယောက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီလိုနဲ့တဖြည်းဖြည်းအဆင်ပြေလာခဲ့ပေမယ့် သမီးဖြစ်သူ အရေးပေါ်ခွဲစိတ်မှုနဲ့ကြုံလာတဲ့အခါ ဒီ့ထက်ပိုပြီးမက်လုံးပေးတဲ့ အလုပ်တစ်ခုကိုရဖို့ကြံပါတော့တယ်။ ဒါပေမဲ့ ဒီအလုပ်ကနေ မထင်မှတ်ထားတာတွေ ကြုံရ‌တဲ့အခါ ဖာဟာနာဘာတွေဆက်လုပ်မလဲ။ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းတွေဖြစ်လာဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry,Zwe,V,BpL,Yunni တို့ပဲဖြစ်ပါတယ်) File size…2.09GB / 858MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  Cherry~Zwe~V~ BpL~ Yunni

Comedy • Crime • Mystery • Thriller
7 2023 140 mins
Farhana
Sanam Re
6.3

နောက်ထပ် ဆက်တိုက်ညွှန်းချင်တာကတော့ ဒီကားလေးပေါ့နော် :P နာမည်ကြီး မင်းသား မင်းသမီးတွေလဲ မဟုတ်။ ဒါရိုက်တာ ထုတ်တဲ့ ကုမ္ပဏီကအစ တစ်ခုမှ မသိပဲ ဘာကြောင့်ကြည့်ဖြစ်သွားလဲဆိုတော့ Sanam Teri Kasam ကို အရမ်းစွဲလန်းနေချိန်မှာ နာမည် ဆင်တာလေးတစ်ခုကြောင့် ထရေလာကိုကြည့်ဖြစ်တယ် သီချင်းတွေရှာကြည့်ဖြစ်တယ်။ ကြည့်ဖြစ်သမျှလဲ အကုန်ကြိုက် ဘယ်တော့ထွက်မလဲ လက်ချိုးစောင့်နေဖူးခဲ့တာရယ်။ထရေလာလေးနဲ့ ကြည့်ဖြစ်သမျှ သီချင်းလေးတွေနဲ့ ဇာတ်လမ်းကို ဘယ်လိုဖြစ်လာ မလဲ ပုံဖော်ကြည့်ရတာက အရသာ တစ်မျိုး မဟုတ်လား။ သရုပ်ဆောင်တွေကလဲ တစ်ခါမှမမြင်ဖူးပေမယ့် အကုန်လုံး လက်ခံလို့ရတယ်။ အဓိက ဇာတ်ဆောင်မင်းသားက Ranbir Kapoor ပေါ်ကာစက ရုပ်မျိုး သူ့ထက် နည်းနည်းပိုချောတယ်။ မင်းသမီးဆိုရင် ပြောမနေနဲ့တော့ ငယ်ငယ်တုန်းက ရေလည်ကြွေခဲ့ရတဲ့ အကအလှ ဘုရင်မ လို့ လူတကာပြောကြတဲ့ Madhuri Dixit - Nene နုစဉ်အခါက ရုပ်မျိုး။ အဲ့ဒါတင်မကဘူး တစ်ခါတစ်လေ Juhi Chawla | Actress နဲ့ တူသလိုလို တစ်ခါတစ်လေကျတော့လဲ Sonali Bendre နဲ့လဲ တူပြန်တယ်။အဲ့ဒီလို တူတယ်ဆိုတာ ကိုယ်တို့နှစ်ယောက်လုံး သဘောချင်းညီနေတာ မယုံရင်တော့ ကြည့်ကြ။ ဇာတ်ပို့လို့ပြောရမယ့် ဒုတိယမင်းသမီး တစ်ယောက်ကတော့ ပြီးခဲ့တဲ့ နှစ်က miss universe ကို အိန္ဒိယ ကိုယ်စားပြုသွားပြိုင်ထားတာ။ မျက်နှာပေါက်က အရိုင်းဆန်ဆန် ကိုယ်လုံးကတော့ ရေလည်လှ။ very hot ပေါ့နော် :P နောက်ထပ် ချီးကျူးချင်တာက အဲ့ဒီ သရုပ်ဆောင် သုံးယောက်လုံးဟာ တစ်ယောက်အပေါ်တစ်ယောက် chemistry ရှိပြီး သရုပ်ဆောင်ချက်တွေဟာလဲ အသစ်တွေ အနေနဲ့ ပိုင်နိုင်ခဲ့ပါတယ်။ ဒီကားက ဂွမ်းတယ်ဆိုရင် script , director , editing ကြောင့်လို့ ပြောရလိမ့်မယ်။ အစကနေ အဆုံးထိ သည်းခံကြည့်ရင် ဇာတ်လမ်းမဆိုးဘူးဆိုတာ လက်ခံရလိမ့်မယ်။ သရုပ်ဆောင်တွေလဲ ကောင်းကြတယ်။ ဒါပေမယ့် အထက်က ပြောခဲ့တဲ့ သုံးမျိုးကြောင့်လာ မသိ ဇာတ်လမ်းကိုကြည့်ရတာ ကန်သင်းရိုး ပေါ် နောက်ပြန်ပစ်ထားတဲ့ အုတ်ခဲကျိုးတွေလိုပဲ။ ဦးတည်ချက်က မမှန် ဟိုရောက်လိုက် ဒီရောက်လိုက် ဘာကိုပြောလို့ ဘာကိုပြချင် မှန်း မသိ။ မင်းသား နဲ့ မင်းသမီးက အသက်ပေးရအောင် ချစ်တယ်ဆိုလဲ ဘာကြောင့် အဲ့လောက် ချစ်သွားတာလဲဆိုတာကို လူယုံအောင် မလုပ်ပြနိုင်။ ဒါရိုက်တာက အမျိုးသမီးပါ။ ရှေ့ကလဲ တစ်ကားရိုက်ဖူးတယ်။ သူကိုယ်တိုင်လဲ တော်တော်လှပါတယ်။ IMDb က တစ်ယောက်ကတော့ ထောပနာပြုသွားတယ်။ သူ့လင်က ထုတ်လုပ်ရေးပိုင်လို့ ဒါရိုက်တာအဖြစ် ထင်တိုင်းကြဲခွင့်ရနေတာ ဆိုပဲ။ ဟုတ်လောက်တယ်... ဒီကားကြည့်ပြီး အစအဆုံးထိုင်ရယ်နေတာ။ ဇာတ်သိမ်းကာနီးမှ မင်းသမီးကို မုဒ်အပြည့်နဲ့ ငိုနေတာ အားနာလို့ ငြိမ်ပေးလိုက်ရတဲ့အဖြစ်။ မင်းသား မင်းသမီး ဘယ်လောက်ကောင်းကောင်း ဘယ်လောက်တော်တော် ဒါရိုက်တာ သတ်ရင် ရတယ်ဆိုတာ အခုမှ နားလည်တယ်။အခုလဲ ဒီကားထဲက သရုပ်ဆောင်တွေကို စပ်မြင်ကပ်လို့ ခေါ်သတ်လိုက်တယ်လို့တောင်ယူဆလို့ရတယ်။ IMDb 3.1 ပါ။ File size…(2 GB)/(870 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:55:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Action • Comedy • Horror
6.3 2016 120 mins
Sanam Re
The Falls
6.7

ဒီတစ်ခါမှာလည်း Netflix ကတင်ဆက်ထားတဲ့ Psycho ဆန်ဆန် Chinese Drama လေးနဲ့မိတ်ဆက်ပေးပါရစေဗျာ။ ဇာတ်လမ်းအကျဉ်း ကိုဗစ်ကာလမှာ Broken Family တစ်ခုက မွေးဖွားပြီး မိခင်နဲ့နှစ်‌ေယာက်ထည်းအတူနေ နေတဲ့ ရှောင်ကျင့်ဆိုတဲ့ကောင်မလေးဟာ ဆယ်တန်းကျောင်းသူတစ်ယောက်ပါ။ လစာ လျော့ချခံရလို့ စိတ်ဖိအားများနေတဲ့မိခင်၊ ကူးစက်ရောဂါကြားမှာ ကျောင်းတက်နေရတဲ့ ရှောင်ကျင့်တို့ တစ်နေ့မှာတော့ ရှောင်ကျင့်ရဲ့အတန်းဖော်မှာ ကိုဗစ်တွေ့တာကြောင့် အိမ်ထဲမှာပဲ Quarantine ၀င်ရဖို့ ဖြစ်လာတဲ့အခါ ဘာတွေကြုံတွေရမှာလဲ။ ဘ၀မှာလဲကျတိုင်း လှဲနေလိုက်လို့မရတာကြောင့် ဘယ်လိုများကြိုးစားမလဲဆိုတာကိုတော့ Psycho Drama အပြင်ကိုမှ မထင်မှတ်တဲ့ဇာတ်သိမ်းလေးပါ ဖြည့်စွက်ပေးထားတာကြောင့် Drama ကြိုက်တတ်တဲ့သူတွေအတွက် အငြိမ့်ကြီးကြည့်ရမယ့်ကားကောင်းတစ်ကားပါပဲလို့ ညွှန်းဆိုလိုက်ပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Lwin Htoo Aung မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ Lwin Htoo Aung, SST တို့ဖြစ်ပါတယ်) File Size - (1.43 GB) /(694.2 MB) / (432.39 MB) Quality – WebRip 1080p / 720p/480p Duration - 2h 09 mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Thriller Translator – Lwin Htoo Aung, SST Encoder – SWM

Action • Fantasy • Horror • Thriller
6.7 2021 129 mins
The Falls
Alice Upside Down
5.2

Alice Upside Down (2007) ==================== ကြည့်တဲ့သူတိုင်းကို စိတ်ကြည်နူးပြုံးရွှင်စေမယ့် ချစ်စရာကောင်းတဲ့ Family/Drama ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါ တယ်။ သရုပ်ဆောင်တွေကလည်း Step Up, Riverdale, High School Musical လို နာမည်ကြီးဇာတ်လမ်းတွေမှာ ပါကြသူတွေမို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့… အဲလစ်ဆိုတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်မလေးဟာ ၅ နှစ်အရွယ်က မိခင်ဆုံးပါးသွားပြီး အဖေဖြစ်သူ ဘန်၊ အစ်ကိုဖြစ်သူ လက်စ်တာတိုနဲ့ အတူနေထိုင်ပါတယ်။ အမေမရှိဘဲ အဖေရယ်အစ်ကိုရယ်နဲ့ပဲ ဖြစဖြစ်သ လို ကြီးပြင်းလာရတဲ့ အဲလစ်လေးဟာ ကိုယ့်ကိုယ်ကို အားမရမှုတွေနဲ့ အရှုံးသမားတစ်ယောက်လို သိမ်ငယ်နေသူပါ။ ဒါပေမဲ့ စိတ်ကူးတွေ ယဉ်ပြီး ကိုယ့်ဘာသာ မာန်တင်းတတ်ပါတယ်။ တစ်နေတော့ သူတို့နေရာထိုင်မြိုကနေ ပြောင်းလာပြီး အိမ်အသစ် ကျောင်းအသစ်ကို အဲလစ်ရောက်လာပါတယ်။ ထုံးစံအတိုင်း မပေါင်းတတ် မသင်းတတ်တဲ့ အဲလစ်မှာ သူငယ်ချင်းမရှိ‌သလောက်ပါပဲ။ ပိုဆိုးတာက ကျောင်းမှာ သူမကျချင်တဲ့ ဆရာမအခန်းထဲ ရောက်သွားခဲ့တာပါ။ တစ်ရက် တော့ သူတို့ကျောင်းမှာ ဂီတပြဇာတ်တစ်ခု လုပ်ဖိုစီစဉ်ကြပါတယ်။ ပြဇာတ် စီစဉ်သူက အဲလစ်သဘောကျမိတဲ့ ဆရာမလေးပါ။ အဲလစ်တစ်ယောက် ပြ ဇာတ်ကိုအကြောင်းပြုပြီး ဆရာမလေးနားကပ်ဖို အကြံရသွားပါတယ်။ ပြီး တော့ ပြဇာတ်မှာ မင်းသမီးလေးနေရာပါ၀င်ရဖို့လည်း အဲလစ်တစ်ယောက် ကြိုးပမ်းပါတော့တယ်။ အဲလစ်လေး ပြဇာတ်မှာပါရပါ့မလား၊ သူငယ်ချင်းတွေ ရနိုင်ပါဦးမလား၊ ကျောင်းမှာရော အိမ်မှာပါ ဘယ်လိုရယ်စရာ ပျော်စရာ ၀မ်းနည်းစရာတွေ ကြုံရဦးမှာလဲ… ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ လောင် စရာတွေမပါဘဲ ပေါ့ပေါ့ပါးပါး ချစ်စရာဇာတ်လမ်းလေးမို့ ခဏတာစိတ်အ ပန်းပြေစေမှာတော့ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.64 GB) / (644 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy, Drama Translator……C’mon Encoder……….SWM

Drama
5.2 2007 91 mins
Alice Upside Down
Perdida
6.1

Perdida (2023) ============ IMDb Rating – 6.1/10 မတူညီတဲ့ ခေတ်နှစ်ခေတ်ကို အခြေခံထားတဲ့ ပေါ်တူဂီစကားပြော ဘရာဇီး အချစ်ကားလေး ဖြစ်ပါတယ်။ ဆိုဖီယာဆိုတာက လက်ရှိအချိန်ကာလမှာ စာအုပ်ထုတ်ဝေရေးတိုက်က ရှေးဂန္ဒဝင်စာအုပ်တွေကို ချစ်မြတ်နိုးတဲ့ ကောင် မလေးတစ်ယောက်၊ အချစ်ဆိုတာကို နာကျင်မှုတွေနဲ့သာ အဆုံးသတ်လေ့ရှိပြီး စာအုပ်တွေထဲမှာသာ ပျော်စရာဇာတ်သိမ်း ရှိနေတယ်လို့ အချစ်ကို အယုံအ ကြည်မရှိ အစွန်းရောက်နေသူလေးပေါ့။ ငယ်စဉ်ကတည်းက တစ်ဦးတည်းရှိတဲ့ သူငယ်ချင်းမလေး နီနာက အချစ်စစ်နဲ့တွေ့ပြီး အိမ်ထောင်ပြုမယ် ယောင်နောက် ဆံထုံးပါတော့မယ်ဆိုတော့ လက်ထပ်တာကို မယုံကြည်သူ ဆိုဖီယာနဲ့ နီနာတို့ စကားများကြပြီး တစ်ယောက်တည်း အိမ်ပြန်လာချိန် ထူးဆန်းတဲ့ အမျိုးသမီး တစ်ယောက်နဲ့ ဆုံစည်းခဲ့ပါတယ်။ ထို အမျိုးသမီးဖြစ်သူက ဆိုဖီယာကို သူ သိပ်နှစ်သက်တဲ့ ရှေးဂန္ဒဝင်စာအုပ်တွေ ထဲကအတိုင်း ၁၈၀၀ ကျော်ကာလဆီကို ပို့ပေးလိုက်ပါတော့တယ်။ အဲဒီမှာ ဆိုဖီ ယာတစ်ယောက် အမျိုးသမီးတွေဆို အပိုးကျိုးကျိုးနေရတဲ့ ရှေးခေတ်ကို ရောက် သွားပြီး လူကုံထံအသိုင်းအဝိုင်းက ရုပ်ချော ဥစ္စာပေါ သူဌေးလေး အီယန်နဲ့ တွေ့ ဆုံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဟာသလေးနှောပြီး အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ အမျိုးသမီးတွေရဲ့ လွတ်လပ်မှုတွေကို ပိတ်ပင်ချုပ်နှောင်ထားတာတွေ အရင်ခေတ် ရဲ့ မတူညီတဲ့ စံနှုန်း ယဉ်ကျေးမှု ဓလေ့စရိုက် ကွာခြားမှုကို ပညာပါးပါး ပုတ်ပြထား ပါသေးတယ်။ ပါဝင်ထားတဲ့ မင်းသား မင်းသမီးလည်း ချောမောပြီး ကျွန်တော်က တော့ အရံလေးတွေကိုတောင် အဓိကမင်းသမီးထက် ပိုသဘောကျမိပါသေးတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.8 GB) / (747 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 55Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thura Aung Encoder……….SWM

Drama
6.1 2023
Perdida
The Exam

ဘယ်သူ့ဆီကမှ ကိုယ်မလုပ်ချင်တဲ့အရာကိုတိုက်တွန်းတာမခံနဲ့ ” ဒီလိုပဲ ဘဝမှာ ကိုယ်မလုပ်ချင်တဲ့အရာတွေဆိုတာ ဘယ်သူမဆို အမြဲလိုလိုကြုံတွေ့ရတတ်ပါတယ်။ တခါတစ်လေ လက်ခံလိုက်ရတဲ့အခါတွေရှိသလို တခါတစ်လေ တွန်းလှန်နိုင်သွားတဲ့အခါမျိုးတွေလည်းရှိပါတယ်။ ဘဝမှာကိုယ်မလုပ်ချင်တဲ့အရာတွေနဲ့ကြုံလာရင် ဘယ်လိုနည်းနဲ့ဖြေရှင်းသင့်လဲ…ရွေးချယ်စရာတွေမရှိတော့တဲ့အခါ ရွေးချယ်စရာ(option)ကို ကိုယ်တိုင်ဖန်တီးယူရပါတယ်။ ဒါပေမဲ့တချို့တွေကတော့ ကိုယ်ပိုင်optionကိုမဖန်တီးနိုင်ခင်မှာပဲ ပင်ပန်းသွားကြတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ရှီလန်နဲ့ ရိုဂျင် ညီအစ်မနှစ်ယောက်မှာ အ​ဖေဖြစ်သူက သမီးအငယ်ဖြစ်တဲ့ရိုဂျင့်ကို စာမေးပွဲမအောင်ရင် အိမ်ထောင်ချပေးဖို့အမိန့်ချထားခဲ့တယ်။ ဒါကြောင့်ပဲ အစ်မဖြစ်တဲ့ရှီလန်က နည်းမျိုးစုံသုံးပြီး ရိုဂျင့်ကိုကယ်တင်ဖို့ကြိုးစားတယ်။ သူမကိုယ်တိုင်အိမ်ထောင်ရေးမှာစိတ်မချမ်းသာရတဲ့အတွက် သူမရဲ့ညီမရိုဂျင်ကိုလည်း သူမနဲ့ထပ်တူညီတဲ့ကံကြမ္မာမျိုးမခံစားရစေချင်တာပါ။ ဒါပေမဲ့… တကယ်ပဲ ညီအစ်မနှစ်ယောက်ရဲ့ကံကြမ္မာကထပ်တူမကျဘူးလား နောက်ဆုံးမှာ ကျရာကံကြမ္မာကိုလက်ခံလိုက်ရမလား တွန်းလှန်နိုင်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာပါ။ ပတ်ဝန်းကျင်မှာမမြင်ဖူးမကြားဖူးရင်တောင် တကယ်ဖြစ်လေ့ရှိတတ်မှန်းတော့သိနိုင်တဲ့ဇာတ်လမ်းမျိုးနဲ့ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တစ်ကားပါ။ File size…(1.3 GB)/(741 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Horror • Thriller
0 2021
The Exam
The End We Start From

အခြေအနေအကြောင်းကြောင့် မိုတီပျောက်နေသူတွေအတွက် reviewကောင်းတွေပိုင်ဆိုင်ထားတဲ့ The End We Start from ဆိုတဲ့ Survival ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ဦးထူးဆန်းBenefict Cumberbatch လည်း supportingအနေနဲ့ ပါဝင်ထားတာဖြစ်လို့ မကြည့်ရသေးရင်တော့ tryကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ မိန်းမတစ်ယောက်အတွက် အနာကျင်ရဆုံး သေမင်းနဲ့အနီးဆုံးကာလတစ်ခုဖြစ်တဲ့ မီးဖွားချိန်ကျမှပဲ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုတဲ့အတိုင်းပဲ လန်ဒန်မြို့မှာ မုန်တိုင်းထန် ရေလွှမ်းပြီး ကပ်ဆိုက်ပါတော့တယ်။ သွေးနုသားနုမှာ ပြုစုယုယတာခံရမယ့်အစား ခင်ပွန်းဖြစ်သူနဲ့အတူ ရေဘေးကနေပြေးပြီး ယောက္ခမတွေနဲ့ အတူနေဖို့ဖြစ်လာတာပေါ့။ သဘာဝကပ်ဘေးနဲ့အတူလိုက်လာတဲ့ အစာရေစာရှားပါးခြင်းနောက်မှာ ခင်ပွန်းဖြစ်သူရဲ့မိဘနှစ်ပါးက အသက်ဆုံးသွားတာနဲ့အတူ ခင်ပွန်းကလည်း စိတ်ဓာတ်ကျပြီး သွေးနုသားနုဇနီးနဲ့သားလေးကိုထားရစ်ခဲ့တာခံရ၊ ကိုယ်တိုင်လည်း သေခြင်းတရားကို နဖူးတွေ့ဒူးတွေ့ကြုံထားရတော့ နှလုံးသားမှာ ကြောက်ရွံ့တုန်လှုပ်မှု အားငယ်မှုတွေပြည့်နေတဲ့တော့တာပေါ့။ ဒါပေမဲ့ သူကတော့ သူ့ကိုပဲအားကိုးရှင်သန်ရမယ့် ရင်ခွင်ပိုက်ကလေးငယ်လေးရဲ့မိခင်ဖြစ်နေတာကြောင့် ကြောက်ရွံ့တုန်လှုပ်ရင်း ပုန်းခိုနေလို့မရပါဘူး။ ဒီလို ငတ်မွတ်ခေါင်းပါးတဲ့ဘေး သူခိုးဓားပြတွေရဲ့ဘေးရန်အသွယ်သွယ်ကနေ အရရုန်းကန်လို့ ဒီကလေးငယ်လေးကို ကပ်ဘေးအသွယ်သွယ်ကနေအရကယ်ထုတ်မယ့် မိခင်တစ်ယောက်ရဲ့သတ္တိကို ဒီရုပ်ရှင်လေးကနေ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…(1.7 GB)/(845 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Thriller • Crime
0 2023
The End We Start From
Imaginaerum

ဒီဇာတ်ကားကတော့ Nightwish တီး​ဝိုင်း​ရဲ့သီချင်းတွေနဲ့ ဖန်တီး​ထားတဲ့ Fantasy​/Musical ဇာတ်​ကားဖြစ်တဲ့ Imaginaerum ဆိုတဲ့​ရုပ်ရှင်​ပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်​ကထွက်ရှိပြီး 6.1/10 rating ရရှိ​ထား​ပါတယ်။ ဒါရိုက်တာ​က Stobe Harju ဖြစ်​ပါတယ်။ ဇာတ်လမ်း​က တွမ် ဆိုတဲ့ တေးရေးဆရာဂီတသမားတစ်ဦးအကြောင်းဖြစ်ပါတယ်။ တွမ်က အသက်​ကြီးလာပြီဖြစ်လို့ Demantia ရောဂါ​စွဲကပ်နေပြီး တစ်နေ့မှာ ကိုမာဝင်သွားရာကနေ သူ့ရဲ့လူကြီးပိုင်းမှတ်ဥာဏ်တွေအကုန် ပျောက်​ဆုံး​သွား​ပြီး သူ့ရဲ့​အတိတ်​ဖြစ်တဲ့ ဆယ်နှစ်သားအရွယ် တွမ်နဲ့ သူ့ရဲ့​စိတ်​ကူးယဥ် ခြောက်​အိပ်မက်တွေ အတိတ်​ဖြစ်ရပ်​ဆိုးတွေပဲကျန်ပါတော့တယ်။ ဒီအိပ်​မက်​တွေကနေ သူ့ကိုယ်သူရှာတွေ့အောင်ကြိုးစားပြီး အတိတ်ကိုလက်လွှတ်နိုင်ပါ့မလားဆိုတာကို တင်ဆက်​ထားတာ​ဖြစ်​ပါတယ်။ Finnish symphonic metal တီးဝိုင်းဖြစ်တဲ့ Nightwish ရဲ့ သီချင်း​တွေနဲ့ ဒီဇာတ်ကားကို​တည်ဆောက်​ထားတာဖြစ်ပြီး Night Wish က ဒီဇာတ်ကားထဲက သီချင်း​တွေကို Imaginaerum​ ဆိုတဲ့​ခေါင်း​စဥ်​နဲ့ပဲ အယ်လ်ဘမ်တစ်ခုထုတ်ခဲ့ပါသေးတယ်။ Fantasy​ အမျိုးအစား​ဖြစ်ပြီး ရှည်​လျားတဲ့လွမ်းမောဆွတ်ပျံ့ဖွယ် တေးဂီတဗီဒီယိုတစ်ပုဒ်နဲ့တူတဲ့ ဒီဇာတ်ကားကို Nightwish ဖန်မှန်ရင် ကြည့်သင့်ပါတယ် File size…(1.1 GB)/(490 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Fantasy , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2012
Imaginaerum
Caught In Time
6.3

ဒီတစ်ခါ ဇာတ်ကားလေးကတော့ အက်ရှင်ကြိုက်နှစ်သက်သူတွေအတွက်တော့ ရှယ်သဘောကျမယ့်ကားအမျိုးအစားပဲဖြစ်ပါတယ် အချိန်ဆိုတာ တစ်မိနစ် တစ်စက္ကန့်လေးကအစ အရေးပါတယ်ဆိုတဲ့ စကားက ဒီကားနဲ့ လုံးဝကွက်တိဖြစ်ပါလိမ့်မယ် ဒီကားထဲကဓားပြအဖွဲ့ဟာ ဘယ်လောက်တောင်ကျွမ်းကျင်အဆင့်လဲဆိုရင် ခေါက်ဆွဲပြုတ်နေတဲ့ ၁၀မိနစ်အတွင်းမှာ ဘဏ်ကို ဓားပြသွားတိုက်ပြီး ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲအေးဆေးပြန်လာစားနိုင်တဲ့အထိကို အလန်းဇယားတော်တာပါနော် ခေါက်ဆွဲပဲစားရုံတင်ပဲမထင်လိုက်ပါနဲ့ ရဲတွေအတွက် ခေါက်ဆွဲတောင် ဝယ်ကျွေးသွားပါသေးတယ် အဲ့လောက်ထိ အခန့်မှန်းမှာရော အလုအယက်မှာရော ရဲတွေထက် ရှေ့တစ်လှမ်းအမြဲစောနေတဲ့ ဓားပြအဖွဲ့ကို အပြောင်းရွှေ့ကျလာတဲ့ ရဲအဖွဲ့ခေါင်းဆောင် ကျုံချန်က အမိ ဖမ်းနိုင်ပါ့မလား ဓားပြအဖွဲ့ကရော လှည့်စားမှုတွေနဲ့ ရဲတွေကို ဆက်ပြီးပိုင်ပိုင်နိုင်နိုင်ကစားသွားနိုင်ဉီးမလားဆိုတာကို ဆက်လက် ကြည့်ရှုလိုက်ကြပါတော့နော်

6.3 2020 95 mins
Caught In Time
Rhapsody in August
7.2

Rhapsody in August (1991) ~ IMDb – 7.2/10, Rotten Tomatoes – 60% ~ ကူရိုဆာဝါရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Madadayo (1993) အရှေ့က ရုပ်ရှင်ပေါ့။ ကူရိုဆာဝါ ရိုက်ခဲ့တဲ့ အဖြူအမည်းမဟုတ်တဲ့ ၇ကားတည်းသော ကားတွေထဲက တစ်ကားပါပဲ။ Kiyoko Murata ရဲ့ ဝတ္တုကို ကူရိုဆာဝါကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ အမျိုးသမီးက ဇာတ်ဆောင်ဖြစ်နေတဲ့ ကူရိုဆာဝါကား၃ကားထဲက တစ်ကားတည်း‌သော ကာလာကားလည်းဟုတ်တယ်။ သူ့အသက်၈၀မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပေါ့။ ဝေဖန်ရေးသမားတွေကတော့ Ran နောက်ပိုင်း Dreams ကလည်း သိပ်မအောင်မြင်ခဲ့သလို Rhapsody in August ကတော့ ကိန်းမှာပွဲဦးထွက်ပြတုန်းက စိတ်ပျက်စရာတောင်ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။ သူတို့အမြင်ပေါ့။ သူတို့အမြင်ဆိုရာမှာ တချို့ကတော့ ဒီကားဟာ အနုမြူဗုံးကြဲခံရတာကိုတော့ စစ်ရာဇဝတ်မှုအနေနဲ့ ပုံဖော်ထားခဲ့ပြီး ပစိဖိတ်စစ်ပွဲကာလမှာ ဂျပန်တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုတော့ ချန်လှပ်သွားတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ Dreams ဟာ ကူရိုဆာဝါရဲ့အကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့သလို Rhapsody in August ကလည်း ရှေ့က တချို့ကူရိုဆာဝါကားတွေထက်ကြိုက်မိတဲ့ ရုပ်ရှင်ပါပဲ။ ရုပ်ရှင်တစ်ကားရဲ့ သက်ရောက်မှုဟာ ကိုယ်ကြိုက်တဲ့ Taste ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ ဆိုင်နိုင်သလို ဖြတ်သန်းမှုနဲ့လည်း ဆိုင်တာပါပဲ။ ဒီလိုပါပဲ မကြိုက်ခြင်းကလည်း ဖြတ်သန်းမှုနဲ့ အမြင်မတူခြင်းနဲ့ ဆိုင်တတ်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဝေါင်ကာဝေးရုပ်ရှင်တွေထဲ ကျွန်တော်အကြိုက်ဆုံးက 2046 ဖြစ်ခဲ့ဖူးတယ်။ ဝေါင်ကာဝေးရုပ်ရှင်အများစုက အချစ်နဲ့မကင်းတဲ့ ခံစားချက်တွေအကြောင်းဆိုတော့ အဲဒီတုန်းက ကျွန်တော့်ယုံကြည်မှုအတိုင်း ကျွန်တော့်ဖြတ်သန်းမှုအတိုင်း တူညီတဲ့ခံစားချက်ရခဲ့တဲ့ ရုပ်ရှင်ကို ပိုကြိုက်မိခဲ့တာပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့တော့ Days Of Being Wild ကိုတော့ လတ်စလီချောင်ကိုရော ဇာတ်လမ်းသွားကိုရော မက်ဂီချောင်ကိုရော ကြိုက်လို့ကြိုက်ခဲ့ပေမဲ့ အဲဒီထဲက လတ်စလီချောင်ကာရိုက်တာကို နားလည်ပေးနိုင်တဲ့ထဲတော့ မပါခဲ့ဘူး။ ဒီနှစ်တွေထဲတော့ အချစ်ဆိုတဲ့အရာနဲ့ပတ်သက်တဲ့ ကျွန်တော့်ဖြတ်သန်းမှုတွေ အမြင်တွေက Days Of Being Wild ထဲက လတ်စလီချောင်ကာရိုက်တာလို ဖြစ်မှန်းမသိဖြစ်လာတဲ့နောက် Days Of Being Wild ကို ပြန်ကြည့်မိပြီးတဲ့နောက် ဝေါင်ကာဝေးထဲ အကြိုက်ဆုံးက Days Of Being Wild ဖြစ်သွားခဲ့တယ်။ တချို့အနုပညာလက်ရာတွေအပေါ် ခံစားမှုတစ်ခုသေချာရနိုင်ဖို့က ဖြတ်သန်းမှုလိုတယ်လို့ ကျွန်တော်တော့ သေချာတယ်။ Rhapsody in August ရဲ့ ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်းများစွာကြာတာတောင် ဒုတိယကမ္ဘာစစ်ကို မျက်မြင်ကြုံခဲ့ရတဲ့ ဂျပန်လူမျိုးတွေအတွက် နာဂါဆာခိနဲ့ ဟိရိုရှိမကို အနုမြူဗုံးကြဲခံခဲ့ရတာက ထရော်မာတစ်ခုဖြစ်နေတုန်းဆိုတာကို ပြထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ ဒါကို သူက မျက်မှောက်ခေတ်ရဲ့ ဂျပန်ရဲ့တိုးတက်မှုအပြောင်းအလဲနဲ့ လူကြီးတွေနဲ့ လူငယ်တွေကြားက အမေရိကန်အပေါ် အမြင်ကွဲလွဲကြပုံတွေ၊ လူကြီးတွေနဲ့ လူလတ်တွေ လူငယ်တွေ သဘောထားကွဲလွဲကြပုံတွေနဲ့ တည်ဆောက်ထားတယ်။ အမေရိကန်နိုင်ငံနဲ့ အမေရိကန်လူမျိုးတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်ထားတယ်။ ရစ်ချက်ဂီရိတောင် ဧည့်သည်သရုပ်ဆောင်လုပ်ထားပေးတယ်။ ပြောရရင် ဟိရှိရှိမရဲ့ဝေဒနာကို ရိုက်ထားတဲ့ Hiroshima Mon Amour က ရှိပြီးသားဆိုတော့ နာဂါဆာခိရဲ့ဝေဒနာကိုရိုက်ထားတဲ့ ဒီကားပါပေါင်းလိုက်ရင် အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ မြို့၂မြို့ရဲ့‌ဝေဒနာတွေ မြင်ရတာစုံသွားပြီပြောရမယ်။ Hiroshima Mon Amour လောက်တော့ ဒီကားက ကဗျာမဆန်ပေမဲ့ မျက်မှောက်ခေတ်ကိုရော အတိတ်သမိုင်းကိုပါ ပြထားတာမို့ သူ့နည်းသူ့ဟန်နဲ့တော့ မညံ့တဲ့ ရုပ်ရှင်လို့ပြောရမယ်။ အစောကပြောခဲ့သလို ကိုယ့်အပြစ်ကိုချန်လှပ်ခဲ့ပြီး သူများအပြစ်ကိုပဲ ထောက်ပြထားတာကို အားနည်းချက်လို့ဆိုချင်ဆိုလို့ရပါတယ်။ ဒါပေမဲ့လည်း ဂျပန်ရုပ်ရှင်တစ်ကားမှာ အနုမြူဗုံးကြဲခဲ့ရတဲ့အတိတ်ကို ခါးသက်တဲ့သမိုင်းတစ်ခုအဖြစ် ပုံဖော်ထားတာကိုတော့ ကျွန်တော်တော့ အလွန်လို့မြင်ပေးလို့မရပါဘူး။ မှန်တာမှားတာထက် သူတို့ရုပ်ရှင်ဟာ သူတို့အမြင်အတိုင်းဖြစ်နေဖို့ပိုလိုလိမ့်မယ်မြင်တယ်။ ဒီတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ Rhapsody in August ဟာ သတိရနေသေးရင် စစ်ကြီးက ဘယ်တော့မှ မပြီးသွားဘူးဆိုတဲ့အကြောင်းပါပဲ။ မီးလုံးကြီးတွေ ကောင်းကင်ယံထိ လျှံတက်ခဲ့တဲ့ ဩဂတ်စ်လရဲ့ အဆွေးသီချင်းတစ်ပုဒ်ကလည်း ဘယ်တော့မှ အဆုံးသတ်မသွားသလိုပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 995MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 38Min Genre – Drama, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Mystery
7.2 1991 98 mins
Rhapsody in August
American Pie Presents: The Naked Mile
5.1

American Pie Presents ဇာတ်ကားတွေကတော့ နာမည်ကျော် American Pie မူလဇာတ်လမ်းရဲ့ Spin-off ဇာတ်ကားတွေဖြစ်ပါတယ်။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ မူလဇာတ်ကြောင်းနဲ့ဆက်စပ်မှုနည်းပါးသွားပြီး မူလဇာတ်လမ်းထဲက Jim ရဲ့ အဖေဖြစ်သူ လက်ဗင်စတိန်းနဲ့ Stifler ရဲ့ အမျိုးတွေလောက်သာ ပါလာပြီး တစ်ကားကို ဇာတ်လမ်းတစ်ခုစီဖြစ်ပါတယ်။ +++++++++++++++ American Pie Presents: The Naked Mile (2006) အားလုံးသိကြတဲ့အတိုင်းပဲ American Pie ထဲက ဇာတ်လိုက်ကျော်တွေထဲက စတိဗ်စတစ်ဖ်လာကို မသိသူမရှိကြသလို စတစ်ဖ်လာ မျိုးရိုးမှာမွေးလာတဲ့ ယောကျ်ားလေးတိုင်းကလဲ စတိဗ်လိုပဲ ခေသူတွေမဟုတ်ပါဘူး။ ဆရာ့ဆရာကြီးတွေတောင်မှ ဆရာလို့ခေါ်ရတဲ့ ထိပ်ခေါင်ဆရာကြီးတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိသားစုမှာပဲပေါက်ဖွားလာတဲ့ အဲရစ်ခ်စတစ်ဖ်လာကတော့ အဲလိုမဟုတ်ပါဘူး။ လုပ်လိုက်ရင်တလွဲ၊ အံဝင်ဂွင်ကျမဖြစ်၊ အဆိုးဆုံးကတော့ စတစ်ဖ်လာတစ်ယောက်ဖြစ်ပြီး လူပျိုရည်မပျက်သေးတာပါပဲ။ စတစ်ဖ်လာ မျိုးရိုးကို အိုးမည်းသုတ်နေတဲ့လူဆိုရင်လည်းမမှားဘူးပေါ့။ ဒါပေမယ့် ခုကြည့်နေတဲ့လူလိုမဟုတ်ပဲ သူ့မှာ ထရေစီဆိုတဲ့ ချစ်သူလေးတစ်ယောက်ရှိတယ်။ ချစ်သူလေးကလည်း နင့်ခရမ်းသီးငါ့လာမနှပ်နဲ့ အပျိုအတိုင်းပဲနေချင်သေးတယ် ဆိုတဲ့လူမျိုး။ အဲဒီတော့ အဲရစ်ခ်တစ်ယောက်တိုင်ပတ်ပြီ။ ဘဝကို အပြာကားကြည့်ပြီး သိုင်းကွက်ကျင့်ရင်း ကုန်ဆုံးနေခဲ့ရပါတယ်။ ဒါကိုသနားသွားတဲ့ ထရေစီဟာ အဲရစ်ခ်ကိုကျောင်းပိတ်ရက်မှာ ဘာနောက်ဆက်ဆွဲဆိုးကျိုးမှမရှိပဲနဲ့ လုပ်ချင်ရာလုပ်ခွင့်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ အဲရစ်ခ်တစ်ယောက် သူ့အစ်ကိုဝမ်းကွဲနာမည်ကြီး ဒွိုက်စတစ်ဖ်လာတက်နေတဲ့ ကောလိပ်မှာ Naked Mile ဆိုတဲ့ပွဲကို ဆင်နွှဲဖို့ သူငယ်ချင်း ငမွှေထိုးနှစ်ကောင်နဲ့တူတူသွားခဲ့ပါတယ်။ Naked Mile ဆိုတာကတော့ စာမေးပွဲပြီးတဲ့အချိန်မှာ စိတ်လွတ်ကိုယ်လွတ်ပျော်ပွဲရွှင်ပွဲအဖြစ် ကိုယ်တုံးလုံးချွတ်ပြီး တက္ကသိုလ်ဝန်းထဲမှာ တစ်မိုင်ပြေးကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ အဲရစ်ခ်ရဲ့ လူပျိုရည်ပျက်ရေး ဒို့အရေးဆိုတဲ့ ဆန္ဒလေး ပြီးပြည့်စုံသွားမလားဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါခင်ဗျာ။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

Comedy • Drama
5.1 2006
American Pie Presents: The Naked Mile
Anyone But Her Todas menos tú
4.9

Anyone But Her (2024) ရိုမန်တစ်ကော်မတီတွေဟာ ကြည့်ရှုသူတိုင်းအတွက် entertain အဖြစ်ဆုံး genre တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သမာရိုးကျ မင်းသားနဲ့မင်းသမီးတင်မဟုတ်ဘဲ ဇာတ်ကွက်ထဲမှာ သူငယ်ချင်းတွေပါ ပါလာပြီဆိုရင်တော့ ဘယ်လိုထင်သွားကြမလဲပေါ့။ ဒီဇာတ်ကားတော့ Romance အပြင် Comedy ကိုပါ ဆန်းပြားတဲ့နည်းလမ်းနဲ့ ထည့်သွင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဆန်ဒရာ၊ လူးဝစ်၊ ဂါဘီ၊ ရောဘတ်တို၊ နော်မာ နဲ့ ဖာဘီယန်တို့ဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက အရမ်းခင်ကြတဲ့သူတွေပါ။ ဘယ်လောက်ထိခင်ကြလဲဆိုရင် သက်ထက်ဆုံးလက်တွဲဖော်ရရင်တောင်မှ သေကွဲပဲကွဲမယ်ဆိုပြီးတော့ တစ်အိမ်ထဲမှာ သွေးနှောတဲ့မိသားစုသဖွယ်နေကြတဲ့သူတွေပါ။ ဖြစ်ချင်တော့ ဆန်ဒရာနဲ့ လူးဝစ်တို့က အရင်က ချိတ်ဟောင်းရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ပြတ်သွားပြီး လူးဝစ်က သူငယ်ချင်းတွေနေရာအိမ်နဲ့ ခဏလောက်ဝေးသွားပါတယ်။ ဒီလိုနဲ့ တစ်ညမှာ သူငယ်တွေအားလုံးမိတ်ဆုံစားဖို့ ချိန်းထားကြတဲ့အချိန်မှာ လူးဝစ်ပါပြန်ရောက်နေတာကို ဆန်ဒရာတစ်ယောက်တွေ့လိုက်ရပါတယ်။ ex ကို ရင်ပြန်ခုန်ချင်သလိုဖြစ်သွားတဲ့ ဆန်ဒရာတစ်ယောက် သူငယ်ချင်းတွေမြှောက်ပေးမှုနဲ့ လူးဝစ်နဲ့ ပြန်ချိန်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကံဆိုးချင်ပြန်တော့ အဲဒီလိုပြောတော့မယ့်အချိန်ကျခါမှ လူးဝစ်က သူ့ရဲ့လက်ရှိကောင်မလေးနဲ့ လက်ထပ်တော့မယ်ဆိုပြီးဖြစ်လာပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေသစ္စာဆိုထားတဲ့ သေတူရှင်မကွဲဆိုတာကို ဥပေက္ခာပြုတဲ့သဘောမျိုးဖြစ်သွားတဲ့ လူးဝစ်ရဲ့မင်္ဂလာပွဲကို ဆန်ဒရာရော တခြားသူငယ်ချင်းတွေကပါ မကူချင်ကူချင်နဲ့ ကူရပါတော့တယ်။ ဒီလိုနဲ့ ဇာတ်လမ်းတစ်လျှောက် ဘယ်လိုဟာသတွေ အဖျက်အမှောက်တွေဖြစ်လာမလဲဆိုတာကို ရသဆန်ဆန်ကြည့်ရှရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.8 GB) / (820 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:32:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

History • Drama
4.9 2024
Anyone But Her Todas menos tú
Suky
6

လက်ဝှေ့တို့ ဖိုက်တင်တို့ကိုမှကြိုက်တဲ့ ခပ်ကြမ်းကြမ်းဘဲကြီးတွေ အတွက် Suky ဆိုတဲ့ နိုက်ဂျီးရီးယား ဇာတ်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ နိုက်ဂျီးရီးယားဆိုပေမဲ့ အထင်တော့မသေးလိုက်ပါနဲ့။ မထင်ရင်မထင်သလို ဇာတ်လမ်းကောင်းကြီးတွေချပြလေ့ရှိလို့ နိုင်ငံတကာရုပ်ရှင်လောကက စောင့်ကြည့်နေရတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။အခုဇာတ်ကားလေးကလည်း အစပိုင်းတော့ဟင်ခနဲ ဟာခနဲဖြစ်ရပေမဲ့ နောက်ပိုင်းမှာဇာတ်လမ်း ဇာတ်ကွက်တော်တော်ကောင်းလာပြီး မြင်တွေ့နေကျ ဇာတ်ညွှန်းတွေနဲ့ကွဲထွက်နေတဲ့အတွက် ရှုစားကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဆူကီဆိုတဲ့ကောင်လေးတစ်ယောက်က လက်ဝှေ့သမားတစ်ဖြစ်လဲ လက်ဝှေ့ဆရာသူ့အဖေကိုအားကျပြီး လက်ဝှေ့သမားကြီးဖြစ်ချင် နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်သူ့အဖေကလုပ်ပွဲတွေထိုးနေမှန်း သိသွားတဲ့အခါမှာတော့ အဖေဖြစ်သူနဲ့အဲ့ဒီအကြောင်းပြောဖြစ်ပြီး နောက်နေ့မှာတော့ သားရဲ့စကားတွေကြောင့် သူ့အဖေအနိုင်ရအောင်ထိုးသတ်ခဲ့ ပါတော့တယ်။ဒါပေမယ့်အဲ့ဒီအကျိုးဆက်ကြောင့် သူ့ရှေ့မှာတင် သူ့အဖေကိုလူဆိုးတွေကလာသတ်ခဲ့ပါတော့တယ်။အဲ့ဒါကြောင့် သူ့အဖေကိုသတ်သွားခဲ့တဲ့လူကိုရအောင်ပြန်သတ်မယ်လို့ ကြုံးဝါးရင်းနဲ့ ၁၂ နှစ်ကြာတဲ့အခါမှာ မွေးစားအိမ်မှာနေထိုင်နေပြီး သူ့ကိုယ်သူအသင့်ပြင်နေခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီလူဆိုးတွေကပဲ သူ့မွေးစားမိဘတွေကိုထပ်သတ်သွားပြန်ပြီး သူ့ကိုပါထောင်ထဲ ရောက်အောင်အကွက်ချခဲ့ပါတော့တယ်။ ဇာတ်လမ်းကြီးကဒီလိုကြီးမလို့မကောင်းဘူးလို့တော့မထင်လိုက်ပါနဲ့။ သူထောင်ထဲရောက်မှသာ ဇာတ်လမ်းကတကယ်စပြီး ဆူကီတစ်ယောက် သူလိုချင်တဲ့ သူ့အဖေအတွက်လက်စားချေပေးမဲ့ပန်းတိုင်ဆီကို ရောက်အောင် ကြိုးစားရုန်းကန်ရပုံတွေကို ထောင်တွင်းကခက်ခဲ ကြမ်းတမ်းမှုတွေနဲ့အတူရှုစားရဦးမှာဖြစ်ပါတယ်။ File size… (1.77 GB) / (1.07 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre …. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Horror • Adventure • Science Fiction
6 2025 109 mins
Suky