YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

My.School.President.S01E10.720p.CM.mp4

412.09 MB N/A video/mp4 92 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Iron Sky
5.7

ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ နာဇီတချို့ဟာ လရဲ့အမှောင်ခြမ်းမှာ ခံတပ်တခုသွားတည်ဆောက်ပြီး ဟီလီယမ်-၃ ဓာတ်ငွေ့တွေကို တူးဖော်ရင်း နှစ် ၇၀ ကျော် ပုန်းအောင်းနေခဲ့ပါတယ်။ တနေ့မှာအမေရိကန်သမ္မတရဲ့ ရွေးကောက်ပွဲ ပရိုမိုရှင်းတဖြစ်လဲ လဆင်းသက်ရေးယာဉ် တစီးက သူတို့စခန်းကို မတော်တဆတွေ့သွားတဲ့အခါမှာတော့ ကမ္ဘာကြီးကို နာဇီတို့ရဲ့စစ်လက်နက်အသစ် ဂိုတာဒန်မယ်ယာဉ်ကြီးနဲ့ အတူတူ ပြန်လည်ဆင်းသက်ပြီး ဂျာမန်စတုတ္ထအင်ပါယာကြီးရဲ့ ကျူးကျော်စစ်စဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီဇာတ်ကားမှာ Marvel နဲ့ Disney တို့မတိုင်ခင် သူ့ခေတ်သူ့အခါရဲ့ ကွန်ပျူတာပြုလုပ်ချက် တွေအနေနဲ့ အတော်လေးကောင်းမွန်သလို နိုင်ငံကြီးတွေရဲ့အကြောင်း မသိမသာ လှော်ထားတဲ့ဟာသတွေ နာဇီတွေနဲ့ပန်းကန်ပြားပျံ သီအိုရီတွေ စသဖြင့်တွေ့ကြရမှာဖြစ်လို့ CMပရိတ်သတ်ကြီးက ရှုစားအားပေးကြပါဦး...... File size…1.48GB / 656MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Comedy • Drama
5.7 2012 93 mins
Iron Sky
Kranti

ဒီတစ်​ခေါက်တင်ဆက်​ပေးမယ့်ကားက​တော့ မကြာခင်ကမှ ထွက်ရှိထားတဲ့ "Kranti"ဆိုတဲ့ အက်ရှင်ဒရာမာဇာတ်ကား​ကောင်းဖြစ်ပါတယ် ဒီကားကBox Office 33 croresထိ​ရရှိထားပြီးဖြစ်တဲ့ ရုံတင်ဇာတ်ကားကောင်းတစ်ကားပါ အိန္ဒိယကားတွေဟာဆိုရင်ဖြင့် အားတိုင်းရဲတွေ‌ကိုထေငေါ့လိုက် နိုင်ငံရေးသမားတွေကို တိုက်ခိုက်လိုက် စသဖြင့်သူတို့အစိုးရစနစ် လူတန်းစားခွဲခြားမှု ကျားမခွဲခြားမှုတွေကို ထောက်ပြဝေဖန်နေတာ ယခုအခါအလှည့်ကျလာတဲ့မင်းသားကတော့ ပညာရေးပါ။ ဒါပေမဲ့ ဒီကားလေးမှာတော့ အဆန်းပါ အစိုးရကျောင်းတွေရဲ့ပညာရေးစနစ်ကို တိုက်ခိုက်တယ်ဆိုတာထက် ယခုမြန်မာပြည်မှာလဲ ခပ်စိတ်စိတ်တွေ့နေရတဲ့ ကိုယ်ပိုင်ကျောင်းစနစ်တွေကိုဝေဖန်ထားတဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းအစမှာ​တော့ လူတစ်စုကနိုင်ငံ​ရေးဖက်ကလူတစ်​ယောက်နဲ့ ​ ပေါင်းပြီးအစိုးရ​ကျောင်း​တွေကို ပျက်စီးပိတ်သိမ်း​အောင် လုပ်ဖို့အတွက် အစီစဥ်ဆွဲ​​နေကြပြီး အဲ့အချိန်မှာတင်သူတို့လုပ်ရပ်ကြောင့် ​ကျောင်းသား​‌တွေ ဆရာတွေရဲ့ ဘဝများစွာဒုက္ခရောက်နေရပါတယ် သူတို့​တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ​ကျောင်းဆရာ​တွေက​ရော သူတို့ရဲ့ယုတ်မာမှုကို Speak outလုပ်နိုင်ပါ့မလား ဒီအခက်အခဲ​တွေကြားထဲက​နေ သူတို့ကိုကယ်တင်​ပေးမယ့် "ကရန်တီ"က​ရော ဘယ်လိုလူမျိုးဖြစ်ပြီး ဘယ်အ​ကြောင်း​ကြောင့် သူပါဒီကိစ္စ​​တွေထဲပါဝင်လာပြီး​ဖြေရှင်းမလဲဆိုတာ​တွေကို စိတ်လှုပ်ရှားစွာကြည့်ရှု့ရမှာပါ ပညာရေးဟာ စီးပွားရေးလား ပညာသင်ကြားဖို့ဆိုတာ ငွေကြေးရှိတဲ့သူတွေပဲရမဲ့အခွင့်အရေးလား စသဖြင့် ဒီဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…3.26GB / 1.47GB Quality…1080p HEVC /720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin ~ Sai Thu Rein~ Yunni ~ BpL

Adventure • Fantasy
null 2023 163 mins
Kranti
Call of Heroes
6.4

Call of heroes (2016) ဒီကားလေးကတော့ နိုင်ငံရေးအရှုပ်အထွေးတွေ ကွန်ဖူးသဘောကျသူတွေ ကြည့်သင်တဲ့ကားလေးပါနော် မြင်းတစ်ကောင်ကိုပဲ မှီခိုပြီး မြင်းသွားရာနောက်သာလိုက်တတ်တဲ့ မာဖုန်း... သူ့မှာဘယ်လိုအတိတ်တွေရှိခဲ့လို့ လောကကြီးကိုစိတ်ကုန်ပြီး လေလွင့်နေတာလဲ? တောမီးလောင် တောကြောင်လက်ခမောင်းခတ်သလို တိုင်းပြည်မငြိမ်သက်ချိန် ချောင်ယင်းက စစ်အင်အားစုပြီး မြို့လေးတွေကို လိုက်သိမ်းပိုက်ပါတော့တယ် စိတ္တဇဆန်ဆန် လူပဲသတ်ချင်နေတဲ့ ချောင်ယင်းရဲ့သား ချောင်ရှောလန်ကြောင့် မာဖုန်းနဲ့ ဆရာမလေး​ပိုင်တို့ တွေ့ဖို့ဖြစ်လာတဲ့အခါ... ဘယ်လိုကံကြမ္မာတွေကြုံတွေ့ရမလဲ? ချောင်ယင်းတို့ကို ဘယ်လိုနှိမ်နှင်းမလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ရအောင်နော် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ ) File Size__(2.7GB) / (1.3GB) Quality__Bluray_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__02:00:00 Type__Action, Adventure, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt

Thriller
6.4 2016 120 mins
Call of Heroes
Bullet in the Head
7.6

Bullet In The Head ကို တစ်ချို့က ဂျွန်ဝူးရဲ့ အကောင်းဆုံးကားလို့ ဆိုကြတယ်။ Bullet မှာလည်း ဂျွန်ဝူးဟာ သူရဲ့ Trademark ဖြစ်တဲ့ Heroic Bloodshed ပုံစံအတိုင်းပဲ ရိုက်ထားတာပါပဲ။ ဂျွန်ဝူးဟာ ဟောင်ကောင်စီနီမာက စလိုက်တဲ့ ဒီ Genreရဲ့ Pioneer တစ်ယောက်ဖြစ်သလို ဒီ Genre ကို အပိုင်ဆုံးကလည်း ဂျွန်ဝူးပါပဲ။ ဇာတ်လမ်းသာပြောင်းသွားမယ် ညီအစ်ကိုစိတ်ဓာတ်တွေ သွေးသံရဲရဲတွေ အကြမ်းပတမ်းတိုက်ခန်းခိုက်ခန်းတွေ လူမိုက်တွေ ဒါတွေပဲမြင်နေရမှာပေမဲ့ ဂျွန်ဝူးကတော့ ကြည့်လို့မရိုးအောင်ကို ဆွဲဆောင်မှုရှိအောင် ရိုက်ပြနိုင်ပါတယ်။ ဟောင်ကောင်ကစခဲ့တဲ့ ဒီ Heroic Bloodshed Genre ဟာ အနောက်မာစတာပိစ် အက်ရှင်တွေကို လွှမ်းမိုးနိုင်တဲ့အထိ ဂျွန်ဝူးတို့ခေတ်က ပေါက်မြောက်ခဲ့ပါတယ်။ အနောက်ကို လွှမ်းမိုးမှုများခဲ့ပါတယ်။ အထင်ရှားဆုံးပြောရရင် Quentin Tarantino ဟာ City on Fire (1987)ကို Inspire ယူပြီး Reservoir Dogs ကိုရိုက်ခဲ့တာဖြစ်သလို The Killer ကလည်း Léon: The Professional ကားအပေါ် လွှမ်းမိုးမှု အတော်ကြီးခဲ့ပါတယ်။ Bullet In The Head ဟာ ဒီကားနဲ့ရှေ့ဆင့်နောက်ဆင့်ထွက်ခဲ့တဲ့ သူဆက်မရိုက်ဖြစ်ခဲ့တဲ့ A Better Tomorrow 3 လိုပဲ ဆိုင်ဂုံမှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ဒီလိုဖြစ်ရတာလည်း အစက Bullet in the head ကို Better Tomorrow 3 အဖြစ်ရည်ရွယ်ခဲ့ပေမဲ့ Tsui Hark နဲ့ ပြဿနာတက်ရာက ခွာပြဲသွားကြလို့ပါပဲ။ မဟုတ်ရင် A Better Tomorrow Trilogy ဟာ အကောင်းဆုံးအပိတ်ကားကို ရသွားမှာပါပဲ။ BiTH ဟာ လွယ်လွယ်နဲ့ ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ ဟောင်ကောင်ရုပ်ရှင်ရဲ့ ဩဇာအရှိဆုံးလူတွေထဲကတစ်ယောက်နဲ့ ပြဿနာတက်ခဲ့တဲ့အတွက် ဂျွန်ဝူးအတွက် အတော်အဆင်မပြေခဲ့ပါဘူး။ ဂျွန်ဝူးဟာ ဒီရုပ်ရှင်အတွက် သူခက်ခဲခဲ့ရပုံကို သမိုင်းမှာရိုက်ကူးရေးမှာ အခက်အခဲအများဆုံးကြုံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ Apocalypse now နဲ့တောင် တင်စားပြောခဲ့ပါတယ်။ Apocalypse now ဟာ ဖရန်စစ်ဖို့ဒ်ကော်ပိုလာအတွက် ရိုက်ရအခက်ဆုံးကားဖြစ်သလို BiTH ဟာ ဂျွန်ဝူးရဲ့ ရိုက်ရအခက်ဆုံးကားပါပဲ။ ဒါပေမဲ့လည်း ငွေကြေးအရတော့ မအောင်မြင်ခဲ့ပြန်ပါဘူး။ ပါးစပ်ရာဇ၀င်တွေအရတော့ Tsui Hark ဟာ ဂျွန်ဝူးကို Box Office မှာ အလဲထိုးဖို့ သူ့ BT 3 ကို အဆောတလျင်ရိုက်ခဲ့တယ်ဆိုပါတယ်။ ဟုတ်ချင်လည်းဟုတ်မှာပါပဲ။ Bt 3ဟာ Bullet in the head ထက် ရုံ၀င်ငွေ ဟောင်ကောင်ဒေါ်လာ တစ်ကုဋေကျော်သာပါတယ်။ Bullet in The Head မှာ ဂျွန်ဝူးဟာ နဂိုကတည်းက ကြမ်းနေတဲ့ သူ့ပုံစံကို အကြမ်းဆုံးနေရာဖြစ်ခဲ့တဲ့ ဗီယက်နမ်, ဆိုင်ဂုံမှာ ဇာတ်အိမ်တည်ပြီး အမေရိကန်နဲ့ ဗီယက်နမ်တွေကြားက တိုက်ပွဲတွေ၊ ဟောင်ကောင်နဲ့ ဗီယက်နမ်က ဆန္ဒပြပွဲရဲ့ အနိဌာရုံတွေကိုပါထည့်ပြီး အကြမ်းဆုံးဖြစ်အောင် ရိုက်ပြသွားခဲ့တယ်။ ဒီကအခြေအနေတွေနဲ့ ချွတ်စွတ်တူနေတဲ့ အခန်းတွေလည်း မနည်းပါဘူး။ ဇာတ်အိမ်ကလည်း စစ်ကားမဟုတ်ပေမဲ့ ဗီယက်နမ်မှာပဲ တိုင်ပတ်နေပြီး စစ်ပါတိုက်နေရတာကြောင့် ဗီယက်နမ်ဇာတ်အိမ်တည် စစ်ကားအရသာမျိုးတောင် ထွက်ပါတယ်။ အဓိကဇာတ်ကောင်တွေကတော့ ခုထိလည်း နာမည်ကျော်တွေဖြစ်နေဆဲသူတွေဖြစ်တဲ့ တိုနီလျောင်ချူဝေ, ဂျက်ကီချောင်, ဆိုင်မွန်ယန်းတို့ ပါပဲ။ တစ်ချို့က တိုနီလျောင်ချူဝေရဲ့ အကောင်းဆုံး ပါဖောမန့်တွေထဲ Bullet in The Head ပါတယ်လို့ဆိုကြပါတယ်။ တိုနီလျောင်ကိုတော့ ချီးမွမ်းခန်းထပ်ဖွင့်စရာ မလိုလောက်ပါဘူး။ ဝေါင်ကာဝေးရဲ့ As Tears Go By နဲ့ တရုတ်ပြည်ရဲ့ သရုပ်ဆောင်ရအခက်ဆုံး ဇာတ်ကောင်ဆယ်ခုစာရင်းမှာ ဂျက်ကီချောင် ဝင်ခဲ့တဲ့အကြောင်း တလောကပဲ ဖတ်လိုက်ရပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဂျက်ကီချောင်ဟာ ဒီရုပ်ရှင်ထဲလည်း အလားတူဇာတ်ရုပ်ကိုပဲ ပြန်သရုပ်ဆောင်ထားခဲ့ပါတယ်။ တစ်ခန်းဆို As Tears Go By နဲ့ ဇာတ်ဝင်ခန်းပါ သွားဆင်နေပါတယ်။ Bullet in The Head ဟာ ဂျွန်ဝူးရဲ့ ဟောင်ကောင် Heroic Bloodshed ကားတွေထဲ ချောင်ယွန်ဖတ်မပါတဲ့ ကား၂ကားထဲက တစ်ကားဖြစ်ပြီး တစ်ကားတည်းသော ချောင်ယွန်ဖတ်မပါဘဲ သူ့အကောင်းဆုံးစာရင်းဝင်နေတဲ့ Heroic Bloodshed ကားလည်းဟုတ်ပါတယ်။ Bullet in The Head ဟာ ဝေဖန်ရေးသမားသီးသန့်သာပေးကြတဲ့ Rotten Tomatoes Rating မှာ ၁၀၀အပြည့်ရထားတဲ့ ဂျွန်ဝူးရဲ့ တစ်ကားတည်းသောရုပ်ရှင်လည်း ဟုတ်ပါတယ်။ Bullet in The Head ဟာ ရုံ၀င်ငွေအရ အောင်မြင်မှုမရခဲ့ပေမဲ့ တစ်ခါကြည့်တိုင်း ထူးခြားချက်တစ်မျိုးထပ်မြင်ရတတ်တဲ့ ဂျွန်ဝူးရဲ့ မာစတာပိစ် ဧကန်ဖြစ်တဲ့ရုပ်ရှင်လို့လည်း ဝေဖန်ရေးသမားအချို့က ဆိုပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.6GB, 589MB Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 2H 16Min Type - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.6 1990 130 mins
Bullet in the Head
My Little Monster
5.9

My Little Monster (2018) ~ MyDramaList – 7.8/10 ~ ဂျပန်ပရိသတ်တွေ အတော်ရင်းနှီးလောက်မယ့် မင်းသား၊ မင်းသမီးတွေ ခေါင်းဆောင်ပါဝင်ထားတဲ့ ဂျပန်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Shizuku ဆိုတဲ့ကောင်မလေးရှိတယ်။ စာအရမ်းတော်တယ်။ အတန်းထဲမှာလည်း ထိပ်ဆုံး။ သူဟာ ပန်းခေတ်က လမင်းလေးပေါ့။ ကြယ်မြင်လမြင် လောကဓံတွေကိုလည်းမသိဘူး။ စာကလွဲ ဘာမှမသိတဲ့ သူ့ကမ္ဘာလေးဟာ ကျဉ်းကျဉ်းလေးပေါ့။ ‌သူ့ရဲ့ နေ့ရက်အချိန်အခါတွေကို ကျက်စရာ စာတွေကပဲ ကြီးစိုးထားခဲ့တယ်။ ဒီလိုနဲ့ တစ်ခုသောနေ့ကို ရောက်လာခဲ့တယ်။ အဲဒီနေ့မှာ Shizuku ဟာ Haru လို့ခေါ်တဲ့ ပင်လယ်တစ်၀က် တောင်တန်းတစ်၀က် လူပေလူတေလေးနဲ့ ကံကြမ္မာမိုး‌မည်းတွေရွာနေတုန်း ချစ်ခြင်းတရားမှတ်တိုင်ကလေးမှာ အတူတူထိုင်ပြီး မိုးအတူခို မိုးအတူစိုခဲ့ရတယ်။ စစချင်းတော့ သူတို့ဇာတ်လမ်းဟာ ပန်းလက်ဖဝါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေးနဲ့ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းပေါ့။ Haru ဟာ လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်ကို ရေးရင်း Shizuku ရဲ့ ကမ္ဘာကိုဖွင့်ရင်း နတ်ပျိုမအတွက်ပန်းကို ဆက်လေရဲ့။ ဒီလိုနဲ့ ကောင်းကင်အကြွေကောက်တဲ့လက်တွေနဲ့ Shizuku ရဲ့ ၀င်္ကပါကိုဖွင့်ရင်း Shizuku ရဲ့ နံနက်ခင်းထဲကို ၀င်ခွင့်ရဖို့ကြိုးစားတဲ့ ဇာတ်လမ်းလေးဖြစ်လာခဲ့တာပေါ့… (ဒီဇာတ်ကားကို Nay Lin Thar မှ ပြန်ဆို‌ပေးထားပါတယ်) Size – 1.3GB, 761MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 45Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Nay Lin Thar Encoded by Chuck

Crime • Drama
5.9 2018 105 mins
My Little Monster
Last Radio Call

ဒီတစ်ခါမှာတော့ Horror ကြိုက်တဲ့ CMပရိသတ်ကြီးအတွက် ကြည့်လို့ကောင်းမယ့် Horrorကာားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း သရဲခြောက်တယ်လို့ နာမည်ကြီးလှတဲ့ ယော့ခ်တောင်းအောက်မေ့ဖွယ်ဆေးရုံကြီးနဲ့ပတ်သတ်ပြီး တိုင်ကြားချက်ရောက်လာတာကြောင့် ရဲအရာရှိဒေးဗစ်တို့နှစ်ယောက် သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲ သွားရောက်စစ်ဆေးသူနှစ်ယောက်မှာ ဒေးဗစ်က ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ပြီး သူ့လုပ်ဖော်ကိုင်ဖက်ကတော့ အလုပ်ကထွက်သွားခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ဒေးဗစ်ရဲ့ အမျိုးသမီးဖြစ်သူ ဆာရာက သူ့ယောက်ျားပျောက်ဆုံးသွားတာနဲ့ပတ်သက်ပြီး အမှန်အတိုင်း သိလိုတာကြောင့် ကင်မရာမန်းတစ်ယောက်ကိုငှားပြီး ယောက်ျားရှာပုံတော် အမှန်တရားရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ တစ်စပြီးတစ်စ အမှန်တရားနဲ့ နီးကပ်လာချိန်မှာပဲ ထူးဆန်းတဲ့အရာတွေကို ပိုပိုသိလာရတဲ့အခါ.. ဆာရာက သူ့ယောက်ျားဒေးဗစ်ကို ရှာတွေ့သွားနိုင်မှာလား.. ဒေးဗစ်ကရော အသက်ရှင်လျက်ရှိနေသေးတာလား.. တကယ်လို့ အသက်ရှင်လျက်ရှိနေတုန်းဆိုရင် ဘာလို့ဆာရာ့ဆီ ပြန်မလာတာလဲ.. ဆာရာတစ်ယောက်ရော ဒေးဗစ်ကို အသက်ရှင်လျက်ပြန်တွေ့နိုင်ဖို့အရေး ဘယ်လိုအရာမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ… documentary ဇာတ်လမ်းလေးတစ်ပုဒ်အနေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုလိုက်ကြပါဦးနော်။ File size…(1,54GB) / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:16:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily Sue

Action • Adventure • Animation • Comedy • Family
0 2022
Last Radio Call
He Went That Way
5.1

ချစ်သူကမုန်း၊ ဖဲကရှုံး… ကံဆိုးမသွားရာ၊ မိုးလိုက်လို့ရွာ… ဒါတွေကတော့ တစ်ခါတစ်လေ စာရေးသူတို့လူ့လောကကြီးမှာ မဖြစ်ချင်ဘဲဖြစ်ရတဲ့၊ အတောမသတ်နိုင်လွဲချော်နေရတဲ့အခြေအနေတစ်ခုကို ထင်ဟပ်ဖော်ပြတဲ့ စကားပုံတွေပဲဖြစ်ပါတယ်။ ကံမကောင်းလို့ ကိစ္စတစ်ခုခုမှာလွဲချော်ပြီးတာတောင် အားမရသေးဘဲ ကံတရားက ထပ်နှိပ်စက်တဲ့အခြေအနေ၊ လောကဓံသရုပ်ကို ပြောချင်တာပါ။ ဒါပေမဲ့လည်း တခါတလေမှာ အဲ့လိုကံဆိုးမိုးမှောင်ကျမှုတွေ၊ အဆင်မပြေလွဲချော်မှုတွေကြားထဲကနေပဲ စာရေးသူတို့တွေဟာ အကောင်းဆုံးရုန်းကန်ကြိုးစားထွက်မြောက်ပြီး အောင်မြင်သွားတတ်ကြသလို အဲ့လိုအဆိုးဆုံးအခြေအနေတွေကြားထဲမှာပင်လျှင် စာရေးသူတို့ဘဝအတွက် သင်ခန်းစာယူစရာတွေ၊ ဆင်ခြင်သုံးသပ်စရာတွေ၊ ဘဝအတွက်ဒဿနတွေ ရှိနေတတ်တယ်ဆိုတာ သတိမူမိဖို့လိုပါတယ်။ တခါတလေမှာ အခြေအနေတစ်ရပ်၊ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို အကျပ်အတည်းကြားမှာမှတွေ့ရတတ်သလို အဆိုးဆုံးဆိုတဲ့ အခြေအနေ၊ လူတစ်ယောက်မှာလည်းပဲ သူ့ရဲ့အကောင်းမြင်စရာအနေအထားတစ်ခုတော့ ရှိတတ်စမြဲဆိုတာကို တွေ့ရတတ်ပါတယ်။ ဒါတွေကတော့ အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကိုကြည့်ရင်း စာရေးသူစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ အတွေးစုတွေဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ပေးချင်တဲ့ message က တခြားဟာဖြစ်ကောင်းဖြစ်ပေမယ့် ဒါတွေကတော့ စာရေးသူဆက်စပ်တွေးဖြစ်တဲ့ဟာလေးတွေပါ။ အခုဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Jacob Elordi နဲ့ နာမည်ကြီး Star Trek ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ Zarchari Quinto တို့ အဓိကဦးဆောင်ပါဝင်ထားပါတယ်။ ဒါရိုက်တာကတော့ Jeffrey Darling ဖြစ်ပြီး အမေရိကန်စာရေးဆရာ Conrad Hilberry ရဲ့ ၁၉၈၇ ခုနှစ်ထွက် မှုခင်းဝတ္တု Luke Karamazov ဝတ္တုထဲကဇာတ်ကောင်ပေါ်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ Evan M Wiener ကရေးသားပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဂျင်မ်ဟာ တောရိုင်းတိရစ္ဆာန်တွေလေ့ကျင့်ပေးပြီး ပြစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လောလောဆယ်မှာ စပန်ကီဆိုတဲ့ ချန်ပန်ဇီတစ်ကောင်ကို လေ့ကျင့်မွေးမြူထားပြီး ဝယ်လက်တစ်ယောက်ဆီ သွားပို့ဖို့ ထွက်လာတာဖြစ်ပါတယ်။ မျောက်ဝံပြစားတာ ယခင်လိုအလုပ်အကိုင်မကောင်းလို့ စပန်ကီကို ဝယ်လက်ဆီသွားပို့ကာမှ လမ်းမှာကားကပါပျက်ပါတော့တယ်။ ကားပျက်တာပြင်ပြီးလို့ ပြန်အထွက်မှာ ကားကြုံလိုက်မယ့် လူငယ်တစ်ယောက်ကို သနားစိတ်ဝင်ပြီး တင်မိရာကနေ အဲ့လူငယ်ဟာ သူထင်ထားသလို သာမန်ကောလိပ်ကျောင်းသားချာတိတ်မဟုတ်ဘဲ လူငါးယောက်ကိုပူပူနွေးနွေးသတ်လာတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်နေတဲ့အခါ၊ သူ့ကိုပါ အနုကြမ်းစီးပြီး ပါတာလေးတွေ ယူလိုက်တဲ့အခါ ဂျင်မ်တစ်ယောက် စုပ်လည်းဆူး၊ စားလည်းရူးအခြေအနေနဲ့ အဆိုပါလူငယ်နဲ့ ရှေ့ဆက်ဖို့ အတော်လေးအခက်ကြုံလာရပါတော့တယ်။ File size…(1.3GB)/(633 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Drama • Thriller • Action
5.1 2023
He Went That Way
Pasukan Garuda: I Leave My Heart In Lebanon
7.1

Pasukan Garuda: I Leave My Heart in Lebanon (2016) IMDb – 7.2/10 စစ်ပွဲဆိုတဲ့အရာက လူသားတွေရဲ့သမိုင်းမှာ ခေတ်အဆက်ဆက် တည်ရှိလာခဲ့တဲ့အရာ။ အဆိုးဆုံးဖြစ်ရပ်လို့ လက်ညှိုးထိုးပြရရင် ဒုတိယကမ္ဘာစစ်ပေါ့၊ အရပ်သားပြည်သူတွေနဲ့ စစ်တပ်ဖွဲ့ဝင် နှစ်ခုလုံးပေါင်းလိုက်ရင် အသက်ပေါင်း ၆၂သန်းဆုံးရှုံးခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့အချိန်မှာတော့ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ သိလာကြတာက နောက်ထပ် တတိယကမ္ဘာစစ်ဆိုတာကြီး ဖြစ်ပွားခဲ့ရင် နျူကလီးယားလက်နက်တွေ ဓာတုဇီ၀လက်နက်တွေ စတာတွေကြောင့် လူသားတွေ မျိုးတုန်းသွားနိုင်စေတယ်ဆိုတာပါပဲ။ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ၁၉၄၅ခုနှစ်မှာ ကုလသမဂ္ဂကိုဖွဲ့စည်းတည်ထောင်ခဲ့တယ်။ ၁၉၅၇ခုနစ်မှာ အီဂျစ်နဲ့ အစ္စရေးကြား တိုက်ပွဲဖြစ်ပွားတော့ အင်ဒိုနီးရှားနိုင်ငံကနေ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းဖို့ တပ်ဖွဲ့တစ်ခုကို စေလွှတ်ခဲ့တယ်။ အဲဒီတပ်ဖွဲ့ကို ဂါရူဒါလို့ နာမည်ပေးထားတယ်။ဂါရူဒါတပ်ဖွဲ့ကို တခြားစစ်ရေးပဋိပက္ခဖြစ်ပွားတဲ့ ဆူဒန် ကွန်ဂိုနဲ့ လက်ဘနွန်တို့လိုနိုင်ငံတွေကိုလည်း စေလွှတ်ခဲ့တယ်။ ဒီဇာတ်လမ်းမှာတော့ လက်ဘနွန်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောက်ရွက်ဖို့ စေလွှတ်ခြင်းခံရတဲ့ စစ်သည်တွေနဲ့ အမိမြေမှာကျန်ခဲ့တဲ့ ချစ်ခင်ရသူတွေကြားက ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ အင်ဒိုနီးရှားမှာ ချစ်ရသူရှိရက်နဲ့ ဇာတ်လမ်းရဲ့နာမည် လက်ဘနွန်မှာ ကိုယ့်နှလုံးသားကိုထားရစ်ခဲ့ဆိုပြီး ဘယ်လိုဖြစ်ရတာလဲဆိုတာတော့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ပဲဖြစ်ပါတယ်) Genre….. Action, Drama, War Quality…. 1080p | 720p File size… 1.9GB | 848MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

7.1 2016
Pasukan Garuda: I Leave My Heart In Lebanon
The Group

၂၀၂၂ ခုနှစ်ထွက် Crime thriller ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ မူးယစ်ဆေးစွဲသူတွေ ဆေးဖြတ်တဲ့ကာလမှာ အထောက်အကူပြုပေးရတဲ့ ပံ့ပိုးရေးအဖွဲ့တစ်ခုအကြောင်း ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ လူခြောက်ယောက်ပါ မူးယစ်ဆေးဖြတ်အထောက်အကူပြုအဖွဲ့တစ်ခုဟာ ပုံမှန်အပတ်စဉ်တွေ့နေကျ တွေ့ဆုံပွဲတစ်ခုလုပ်ပါတယ်။ ပုံမှန်အစီအစဥ်အတိုင်း ဆောင်ရွက်နေစဉ်မှာ အမည်မသိ မျက်နှာစိမ်းလူတစ်ယောက် ရောက်ချလာပြီး ဝင်ဆွေးနွေးပါတယ်။ နောက်ပိုင်းမှာ အဲ့လူဟာ ပုံမှန်စကားပြောနေရာကနေ ခေါင်းဆောင်ဆရာမကိုသေနတ်နဲ့ပစ်ပြီး အကြမ်းဖက်လာရာကနေ သူ့ရဲ့ဘီလူးခေါင်းကွာကျသွားပြီး သရုပ်မှန်ပေါ်လာပါတော့တယ်။ အမှန်တော့သူဟာ ဒီတွေ့ဆုံပွဲကို သဘောရိုးနဲ့မဟုတ်ဘဲ ဒုက္ခပေးဖို့ရောက်လာတဲ့ သေနတ်သမားတစ်ယောက်ပါ။ အဲ့လိုဖြစ်ပေမယ့် သူဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာ ကျန်တဲ့သူတွေက မသိကြသလို အဖြစ်အပျက်ကို နားလည်မလည်နိုင်ဖြစ်နေကြပါတယ်ပါ။ သေနတ်သမားဟာ အဖွဲ့သားတွေကိုဖမ်းချုပ်ပြီး ညွှန်ကြားချက်တွေပေးကာ လိုက်လုပ်ခိုင်းပါတယ်။ အဲ့လိုလုပ်နေရင်းကနေ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ၊ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေဖြစ်လာပြီး နောက်ဆုံးမှာ သေနတ်သမားရဲ့မူလဇာစ်မြစ် ဘွားခနဲ ပေါ်လာပါတော့တယ်။ Dylan Baldwin၊ Mike Kelson၊ Tom Coulston၊ Jennifer Aries၊ Evangelina Burton၊ Luke Day Hill၊ Nobuse Junior၊ Alicia Novak တို့ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာကတော့ William Higo ဖြစ်ပါတယ်။ File size…(812 MB)/(428 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:11:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

0 2022
The Group
A Chinese Ghost Story 2
7

A Chinese Ghost Story 1 ရဲ့အဆက်ပဲဖြစ်ပါတယ်.. စုစုပေါင်းသုံးကားတိတိရှိပြီး ဒီလင့်မှာ သုံးကားလုံးကိုရှာနိုင်ပါတယ် နင့်ချိုင်ချန်ရဲ့ ချစ်သူတစ္ဆေမလေး နင့်ချိုင်ချန်တစ်ယောက် နောက်ဘဝကို ကူးသွားပြီးတဲ့နောက်မှာတော့ နှစ်အနည်းငယ် အကြာကနေ ဇာတ်လမ်းပြန်ဆက်ပြီးရိုက်ကူးထားပါတယ်.. အကြွေးလိုက်တောင်းတဲ့အလုပ်အဖြစ် တာဝန်ယူရတဲ့နင့်ချိုင်ချန်တစ်ယောက် ဇာတိမြေကို ပြန်အရောက်မှာ အားလုံးအပြောင်းအလဲတွေဖြစ်ကုန်ပါပြီ.. မတရားမှုတွေကြီးစိုးပြီး သရဲတစ္ဆေတွေ ပေါများလှတဲ့ နယ်မြေတစ်ခုမှာ နင့်ချိုင်ချန်တစ်ယောက် ဘယ်လိုအသက်ရှင်အောင်ကြိုးစားရမလဲ. ပြီးတော့ နင့်ချိုင်ချန်နဲ့ပတ်သတ်တဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်မလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုပါ

7 1990 104 mins
A Chinese Ghost Story 2
Ten Inch Hero
7.3

Ten Inch Hero (2007) Genre – Comedy, Drama, Romance IMDB – 7.3/10 ကြည့်နေရင်းနဲ့ ပီတိဖြစ်လို့ ပြုံးရယ်ရတာမျိုး Heartwarming ဖြစ်တဲ့ ဒရမ်မာအချစ်ဟာသကားလေးပါ။ အချစ်ဟာသဆိုလို့ မင်းသမီး မင်းသားဆိုပြီး နှစ်ယောက်တည်းကို Focus ထားတာမျိုး မဟုတ်ပဲ အသိုင်းအဝန်းလေးတစ်ခုက လူသားတွေရဲ့ ကိုယ်စီ ပြဿနာလေးတွေ အခက်အခဲလေးတွေကို အချင်းချင်း ဖေးမကူညီပြီး ဘယ်လိုကျော်လွှားကြမလဲ ဆိုတာကို ရိုက်ပြထားတာလေး ဖြစ်ပါတယ်။ ဒရမ်မာကားဆိုလို့ မိသားစုနဲ့ ကြည့်ဖို့ဆိုရင် အိပ်ရာပေါ်ကအခန်းကို အပေါ်ဗလာကျင်းနဲ့ ၂ ခန်းလောက်လေး ပါဝင်လို့ သတိတော့ထားရမှာပါ။ သရုပ်ဆောင်တွေဆိုရင်လည်း အရင်ဆုံး ပြေးမြင်မိမှာက Supernatural က ကျွန်တော်တို့ အချစ်တော်ကြီး Dean (Jensen Ackles) ဟာ ဒီကားထဲမှာ ဖက်ရှင်အလန်းစားနဲ့ ထူးထူးခြားခြား ပါဝင်ထားပါသေးတယ်။ ဒါတင်မကပဲ ယခုလက်ရှိ သူ့ ဇနီးဖြစ်သူ Danneel Ackles လည်း ပါဝင်ထားပါသေးတယ် ဒီရုပ်ရှင်တုန်းကတော့ လင်မယားမဖြစ်ကြသေးဘူးပေါ့လေ (ချောတာလည်းအတော်ချောဗျ)။ နောက်ပြီး မင်းသမီးလေး ၂ ယောက်ဆိုလည်း ချစ်စရာလေးတွေပါ တခြားသရုပ်ဆောင်တွေလည်း ကိုယ်စီနေရာက တာဝန်ကျေပွန်ကြပါတယ်။ ဇာတ်လမ်းလေးကို ပြောရမယ်ဆို ကမ်းခြေမြို့လေးရဲ့ ဆန်းဝှစ်ချ်ဆိုင်က လူထူးဆန်း အချိန်ပိုင်းဝန်ထမ်းတွေနဲ့ ဆိုင်ပိုင်ရှင်ကြီးကို အခြေပြုတင်ဆက်ထားပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ တခြားမြို့ကနေ ပြောင်းလာတဲ့ အနုပညာကောလိပ်ကျောင်းသူလေးရှိမယ် ကောင်လေးတွေကို တစ်ညတာအနေနဲ့ပဲ သဘောထားပြီး အပျော်ရှာ ပေါ့ပေါ့နေတဲ့ ကောင်မလေးရှိမယ် ဆံပင်ပုံအဆန်း အဝတ်အစားအဆန်းတွေနဲ့ ရော့ခ်ကာလေးရှိမယ် အွန်လိုင်းပေါ်ကနေ တွေ့ထားတဲ့ ကောင်လေးကို အပြင်မှာတွေ့ဖို့ ကြိုးစားနေတဲ့ ကွန်ပြူတာကြမ်းပိုးမလေးရှိမယ် လမ်းတစ်ဖက်က သဘာဝတရားကို ချစ်မြတ်နိုးတဲ့ ဗေဒင်ဆရာမကို ကြွေဆင်းနေတဲ့ ဟစ်ပီဆိုင်ပိုင်ရှင်ကြီး ရှိမယ်။ ဒီလူတွေရဲ့ ကိုယ်စီ ဇာတ်လမ်းလေးတွေ လျှို့ဝှက်ချက်လေးတွေ တစ်ယောက်နဲ့တစ်ယောက် အချစ်ရေး လူမှုရေး စတာတွေကို ရိုင်းပင်းကူညီကြပြီး ကိုယ့်ပန်းတိုင် ရည်ရွယ်ချက်ကို ရောက်ရှိအောင် ဘယ်လိုလေးတွေ လုပ်ကြမလဲဆိုတာ နွေးထွေးစွာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ တွေးမိလိုက်တာကတော့ ဒီလိုဆိုင်လေးမှာ ဒီလိုလူတွေနဲ့ လုပ်ကြည့်လိုက်ချင်သေးတယ်ဆိုပြီး Heartwarming ဖြစ်ရသေးပါတယ်။ Rating ကလည်း 7.3 ဆိုတော့ မကောင်းမှာတော့ မပူပါနဲ့။ နောက်ဆုံးတစ်ခုပြောချင်တာကတော့ ကျွန်တော်တို့ Dean ကြီး ဒီကားထဲမှာ ဝတ်ထားသမျှ တီရှပ်တွေရဲ့စာသားတွေကို သတိထား ဖတ်စေချင်ပါတယ် အတော်ရယ်ရတဲ့ အိုင်ဒီယာလေးတွေမို့လို့ပါ။ File size… 938 MB Quality… WEB-DL 720p Format… mp4 Duration…. 1h 42m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

7.3 2007
Ten Inch Hero
When Frank Met Carlitos aka Cuando Frank conoció a Carlitos
7.1

When Frank met Carlitos 2023 Frank Sinatra အမေရိကန်မှာ ဆယ်စုနှစ် ၅၀ ခုစာလောက်အထိ အောင်မြင်မှုတွေရရှိခဲ့တဲ့ နာမည်ကျော်အဆိုတော် ရုပ်ရှင်သရုပ်ဆောင်ကြီးတစ်ယောက် သူငယ်စဉ်ဘဝ အတွေ့အကြုံနုစဉ်က သူ့ရဲ့အိုင်ဒေါကြီးဖြစ်ခဲ့တဲ့ ကာလို့စ်ဂါဒယ်ကို NBC Stand up showမှာ သွားတွေ့ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် အခက်အခဲတွေအားလုံးကို ဖိုက်တာတစ်ယောက်လို ကျော်လွှားပြခဲ့တဲ့ Frankရဲ့နောက်ကွယ်က inspiration ဖြစ်ခဲ့တဲ့ ကာလို့စ်ဂါဒယ်နဲ့ ပထမဆုံးတွေ့ဆုံမှုမှသည် အတွေ့အကြုံနုသေးတဲ့ Frankကို ခုလို သမိုင်းဝင် အနုပညာရှင်ကြီးအဖြစ် ဘယ်လိုတွေသင်ပြသွားမလဲဆိုတာ ရှုစားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Yunni တို့ပဲဖြစ်ပါတယ်)

Action • Animation • Family
7.1 2023
When Frank Met Carlitos aka Cuando Frank conoció a Carlitos
Love on the Danube: Love Song

ဆာရာနဲ့ ဂျူလီယာတို့ သားအမိဟာ အားလပ်ရက်မှာ အချိန်အတူတူ ကုန်ဆုံးချင်တဲ့အတွက် အပျော်စီးသဘ်ောခရီးစဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဂျက်တို့ သားအဖဟာလည်း အချင်းချင်း ပိုရင်းနှီးလာအောင် သဘ်ောခရီးစဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ ဒီလိုနဲ့ ဆာရာနဲ့ ဂျက်တို့ သင်္ဘောပေါ်မှာ အမှတ်မထင် ဆုံတွေ့မိပြီး ရင်းနှီးသွားရာက မိဘတွေအကြောင်း စကားစပ်မိပြီး ဆာရာ့အမေနဲ့ ဂျက်ရဲ့အဖေတို့ဟာ အိမ်ထောင်ဖက်တွေ ဆုံးသွားလို့ စိတ်ဒဏ်ရာရနေတဲ့အကြောင်း ပြောဖြစ်ကြပြီး သူတို့ မိဘတွေကို အောင်သွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူတို့ထင်ထားသလို သူတို့မိဘတွေက ချစ်ကျွမ်းဝင်သွားမလား၊ စီစဉ်တဲ့သူနှစ်ယောက်ကပဲ ချစ်ကျွမ်းဝင်သွားမလားဆိုတာကို ကြည်နူးဖွယ်ကြည်ရှုရမဲ့ Romance Comedy ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(829 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… TV Movie , Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

0 2024
Love on the Danube: Love Song
The Room
6.6

The Room(2019)အညွှန်း *********************** IMDb …… 6.6 ဒီကားလေးကတော့ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်ကြိုက်တတ်တဲ့ပရိသတ်တွေသဘောကျနှစ်သက်ကြမယ့်ကားပါ… မတ်တ်နဲ့ကိတ်တို့ဟာကိုယ့်ဝါသနာပါရာကိုလုပ်ပြီးရုန်းကန်ကြိုးစားနေကြတဲ့စုံတွဲနှစ်ယောက်ပါ တစ်နေ့မှာတော့လူမနီးသူမနီးတဲ့မြို့ပြင်နားလေးကအိမ်တစ်လုံးကိုဝယ်လိုက်ကြပါတယ် အဲဒီအိမ်ကပုံမှန်မဟုတ်တဲ့အရာတွေဖြစ်တတ်တဲ့အိမ်ဆိုတာကိုဝယ်ပြီးမှသိလိုက်ကြတယ် အိမ်ကတော်တ်ောလေးပြင်ဆင်ဖို့လိုနေတဲ့အိမ်ဖြစ်နေတော့ ပြင်ဖို့ရှင်းလင်းရင်းနဲ့ထူးထူးဆန်းဆန်းအခန်းတစ်ခုကိုသွားတွေ့ပါတယ်… လိုချင်တဲ့ပစ္စည်းတွေပြောလိုက်တာနဲ့မျက်စိတစ်မှိတ်အတွင်းအခန်းထဲမှာပေါ်လာပါတယ် ပြောလိုက်ရုံနဲ့ သူတို့ဆန္ဒတွေပြည့်မြောက်တယ်လို့ဆိုရပါ့မယ်… မတ်တ်နဲ့ကိတ်တို့နှစ်ယောက်လိုတရအခန်းကြီးရှိနေတဲ့နောက် ဘယ်လိုနှစ်ပါးသွားကြမလဲ လူတွေရဲ့လိုအင်ဆန္ဒလောဘတွေဟာရှိသင့်တာထက်ကျော်လာတဲ့အခါ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ကြပါ…. ချစ်ခြင်းမေတ္တာအကြောင်းတွေကိုလဲသွယ်ဝိုက်နဲ့နည်းနဲ့ဖော်ပြထားတာကိုတွေ့ရပါတယ် CMပရိသတ်ကြီးကြည့်မိလို့စိတ်ပျက်သွားမယ့်ကားမဟုတ်ဘူးဆိုတာအာမခံပါကြောင်း.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်… File Size : 1.25GB / 520MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:40:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Tiff

6.6 2019
The Room
Heat
8.3

HEAT (1995) ****************** IMDb…8.3,,,,Rotten…86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာ ရိုးစင်းလွန်းတယ် …ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့ အဲဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်…. ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး .. ဒါပေမဲ့ ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်…. ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ…. တစ်ယောက်က ရဲ။… သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. . ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်…..အယ် ဒါပေမဲ့ တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်.. တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်… အဲဒီဓားပြက အကွက်ချတာတော်တယ်… ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်း အကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ….လက်အောက်ငယ်သားတွေကိုကြည့်တယ်…ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ… ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ… အရံသရုပ်ဆောင်တွေကလည်း ထိပ်တန်းသရုပ်ဆောင်တွေအတော်များတယ်.. ဇာတ်အိမ်ခိုင်သလား ဒိုင်ယာလော့တွေလန်းသလား သရုပ်ဆောင်တွေလန်းသလားဆိုတာကျွန်တော်ပိုမပြောချင်ဘူး. ဒီကားဒေါင်းကြည့်ပြီးတဲ့အချိန် ကျွန်တော်ပြောတာမလွန်ဘူးဆိုတာ ခင်ဗျားတို့သဘောပေါက်သွားလိမ့်မယ်….. File Size…2.11GB/ 900MB Quality…Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…02:52:00 Genre : Action, Crime, Drama Subtitle…Myanmar Subtitle(Hardsub) Encoder…..Tiff Translated by Oung Xix Ming

Romance • Drama
8.3 1995 170 mins
Heat