YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

My.School.President.S01E04.720p.CM.mp4

346.74 MB N/A video/mp4 94 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Animal
5.1

ပါးစပ်မစေ့ပဲနဲ့ ရယ်နေရမယ့် ဟာသကားလေး လာပါပြီဗျာ တစ်ခုတော့ပြောမယ် IMDB Rating သွားမကြည့်လိုက်နဲ့ ဒီကားမှာတော့ အဲဒီဟာ တကယ်မှားတယ်၊ ကြည့်ကြည့်လိုက် မင်းသား Rob Schneider ရဲ့ အဖောက်သရုပ်ဆောင်ချက် တွေနဲ့တင် တန်စေရမယ်။ ဇာတ်လမ်းအကျဉ်းလေးက ဒီလို ကိုယ်တွေဆရာသမား မာဗင်ဆိုတာ သောက်တလွဲကောင် အရှုံးသမား၊ အဖေက ရဲဖြစ်ခဲ့လို့ ရဲဖြစ်ချင်ပေမဲ့ အရည်အချင်း မပြည့်မှီတဲ့ကောင် ရဲဖြစ်ဖို့ စာမေးပွဲ ဖြေတိုင်းလည်း အမြဲကျနေကြ၊ ကြိုက်တဲ့ ဆော်လေးကလည်း သဘာဝထိန်းသိမ်းရေးနဲ့ တိရစ္ဆာန်ချစ် ဘာညာပေါ့ဗျာ။ စခန်းမှာလည်း အကုန်လုံး ဝိုင်းနှိမ်ခံထားရတော့ တစ်ရက်ကျ တစ်စခန်းလုံး ဘောပွဲသွားနေကြတုန်း ဓားပြမှု ဖုန်းဝင်လာတယ်၊ အရာရှိတွေ ဆက်မရတဲ့အဆုံး သူကိုယ်တိုင် သွားကယ်တင်ရာကနေ လမ်းမှာတင် ကားမှောက် ခွေးဖြစ်ပါ လေရော သေလုနီးပါးပဲ။ ဒါပေမဲ့ နောက်နေ့ကျ ပြန်ကောင်းလာတယ် ထင်တာ တကယ်က မဟုတ်ဘူး သူပျောက်နေတာ ၈ ရက်လောက် ရှိနေပြီ နောက်ပြီး သူ ထူးဆန်းနေတယ် သတ္တဝါပေါင်းစုံလို ပြုမူနေပြီး ထိန်းချုပ်မှု လွတ်လွတ်သွားတယ်။ တကယ်တမ်း အဲဒီအတွက် အဖြေက သူ ကားမှောက်နေတဲ့အချိန် သိပ္ပံပညာရှင် ဆရာဝန်ကြီးက တွေ့ပြီး ကယ်ဖို့ အင်္ဂါအစိတ်အပိုင်းလိုတာကို တိရစ္ဆာန်ဟာတွေ ထည့်ပြီး ခွဲစိတ်ကုသလိုက်ရာကနေ လူစင်စစ် ကနေ တိရစ္ဆာန်လုံးလုံး ဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ တဖြည်းဖြည်း လူသားစိတ်ကိုကျော်လွန်ပြီး တိရစ္ဆာန်စိတ် များလာတဲ့အချိန် မှာတော့…..။ အညွန်းအတိုင်းပါပဲ ဒီဘဲကြီး တိရစ္ဆာန်စိတ်ပေါက်ပြီး ပရမ်းပတာလုပ်တဲ့အချိန်တွေ အခွီရဆုံး အချိန်တွေပါပဲ ခွေးတွေ လိုဖြစ်တာတို့ မိတ်လိုက်ချင်တာတို့ဆို တကယ်အတောမသတ်ရပဲ ရယ်နေရတာ။ ဒီဟာသမင်းသားကြီး သရုပ်ဆောင်ပြီး ထိန်းသွား တာလည်းပါတယ် မင်းသမီးလေးကလည်း ငယ်ဘဝတုန်းက ချစ်သုဝေ တို့လို ဒီဇိုင်းနဲ့ ချစ်စရာလေး ခက်တာ ဒီကားပြီးတော့ ဆက်ရိုက်ကူးခြင်း မရှိခဲ့တော့ အလွမ်းပြေပဲ ကြည့်ရတာပေါ့လေ။ ကဲ စိတ်ညစ်နေရင် တော့ ဒေါင်းသာကြည့်လိုက်ပါတော့ တစ်ခုရှိတာက အဖော်အချွတ် အိပ်ရာခန်းမပါပေမဲ့ လိင်ဟာသလေးတွေ ပါတာမို့ ကလေးသူငယ်ရှိ တစ်ချက် သတိထားစေလိုပါတယ်ဗျ။ File size…1.54GB / 820MB Quality…WEBRip 1080p / 720p Format…mp4 Duration….1h 24m Genre ..... Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Horror • Mystery • Thriller
5.1 2001 84 mins
The Animal
Arrest The Wicked
3

CM ချစ်ပရိသတ်တို့အတွက် ဆတိုးချေးငွေနဲ့ပတ်သက်ပြီး ဗဟုသုတလည်းရ မှတ်သားဖွယ်ရာ တရုတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးထဲမှာ ဘယ်ကမှန်းမသိတဲ့ ငွေတွေနဲ့ ချေးငွေလုပ်ငန်းကြီးလုပ်ကာ အတိုးပေါ်အတိုးဆင့် ပြီး အတိုးကလူကိုပြန်ဝါးမြိုအောင် တမင် လှည့်ကွက်တွေဆင်ထားတဲ့ ထောင်ချောက်ကြီးအကြောင်းကို ရိုက်ကူးပုံဖော်ထားပါတယ်... ဇာတ်လမ်းအကျဉ်းလေးကိုဆိုရရင် ကျားဖောင်ဆိုသူဟာ သူ့စားသောက်ဆိုင်လေး တိုးချဲ့ဖို့ဆိုတဲ့ စိတ်ကူးနဲ့ ငွေတိုးချေးလုပ်ငန်းမှာ ငွေချေးမိရာကနေ နောက်ဆုံး အသက်အန္တရာယ်ကြုံတဲ့အထိ အတိုးက လည်ပင်းပေါ်တက်လာတာပေါ့... ဒီလိုနဲ့ ဟောင်ကောင်ဘားမှာ အလုပ်လုပ်တဲ့ ဟောက်ဇီတစ်ယောက် လမ်းခွဲကြေး ၃ သိန်းရပြီးကြီးပွားတိုးတက်ဖို့ စိတ်ကူးနဲ့ ကျားဖောင်ဆီရောက်လာတာပေါ့... တိုက်တိုက်ဆိုင်ဆိုင် ကျားဖောင်ကလည်း သူ့ကို ပါတနာအဖြစ် စိတ်လိုလက်ရ ကြိုဆိုနေတာမြင်တော့ သူအပျော်ကြီးပျော်သွားတာပေါ့... တစ်ဖက်က ကျားဖောင်လည်း အပျော်ကြီးပျော်ကာ ဟောက်ဇီကို စားသောက်ဆိုင်လွှဲပြီး ထွက်ပြေးသွားလေရဲ့ အဲ့တော့ကာ ငွေတိုးချေးသမားတွေကို ငွေပြန်ဆပ်ရမယ့်သူက ဟောက်ဇီဖြစ်သွားတာပေါ့... နေ့ချင်းညချင်း ဆိုင်ရှင်ကနေ အကြွေးထူဘဝရောက်သွားတဲ့ ဟောက်ဇီတစ်ယောက် အတိတ်မေ့နေတဲ့ လူနာတစ်ယောက်နဲ့ ဆုံမိခဲ့ရာကနေ... ကဲ ဒီတော့ကာ ကျားဖောင်တစ်ယောက် တကယ်ပြေးလွတ်မှာလား... ဟောက်ဇီရော ဘယ်လို ကျော်ဖြတ်မလဲ... ကျားဖောင်လိုပဲ သူလည်း နောက်တစ်ယောက်ပုခုံးပေါ် အကြွေးလွှဲပေးမှာလား... အမြန်သာ ကြည့်လိုက်ကြပါတော့... [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Adventure • Science Fiction
3 2022 74 mins
Arrest The Wicked
2037
7.2

အကျဥ်းထောင်ထဲကဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် လတ်တလောထွက်ရှိထားတဲ့ "2037" ဆိုတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း ... ၁၉နှစ်အရွယ် ယွန်းယောင်းဆိုတဲ့ ကောင်မလေးဟာ အချိန်ပိုင်းအလုပ်လုပ်ရင်း အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ပြင်ဆင်နေပါတယ်။ ဉာဏ်ကောင်းတဲ့သူဖြစ်တဲ့အလျောက် သူငယ်ချင်းတွေလို ကျောင်းတက်ချင်ပေမယ့် မသန်စွမ်းမိခင်ကြီးအတွက် အစိုးရဝန်ထမ်းစာမေးပွဲ အောင်မြင်ဖို့သာ ဦးစားပေးနေရသူလေးဖြစ်ပါတယ်။ ငွေကြေးချို့တဲ့တာကလွဲရင် အမေဖြစ်သူနဲ့ ပျော်ရွှင်နေတဲ့ ယွန်းယောင်းတို့ဘဝထဲ ကံကြမ္မာမုန်တိုင်းတစ်ခု တိုက်ခတ်လာပါတော့တယ်။ မမျှော်လင့်ထားတဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ယွန်းယောင်းတစ်ယောက် "နစ်နာသူ" ကနေ "လူသတ်သမား" ဖြစ်သွားပြီး မတရားသဖြင့် ထောင်ငါးနှစ် ကျခံခဲ့ရပါတယ်။ အကျဥ်းထောင်ထဲမှာ "ယွန်းယောင်း" ဆိုတဲ့နာမည်အစား "၂၀၃၇" ဆိုတဲ့ အကျဥ်းသားနံပါတ်ကို ခေါ်ဝေါ်သံနဲ့အတူ မျှော်လင့်ချက်မဲ့နေတဲ့ ကောင်မလေးကို ဇာတ်လမ်းကိုယ်စီရှိကြတဲ့ အကျဥ်းခန်းအဖော်တွေက ဘယ်လိုလက်ကမ်းကူညီပေးကြမလဲဆိုတာ ဒီကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (အညွှန်းကိုတော့ က Ei Phyu Khin ရေးပေးထားပါတယ်) File Size : 2.6GB, 902MB, 418MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 2hr & 6min Genre : Family, Drama Translated by Ei Phyu Khin & Hnin Pale Encoded by Kinnov

Horror • Thriller
7.2 2022 126 mins
2037
Species: The Awakening
4.8

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 4 : The Awakening (2007) ဇာတ်လမ်းအကျဉ်း.... ဒီကားမှာလဲ ဂြိုလ်သားကိုတူမအဖြစ်မွေးထားတဲ့ သိပ္ပံပညာရှင်ကြောင့် ဇာတ်လမ်းက စတာပါပဲ...ဒီဂြိုလ်သားမလေးကတော့ အရမ်းကို Sexy ကျ လှပပြီးတော့ သူမကိုယ်ထဲက ဂြိလ်သား DNA ဟာလဲ အရမ်းကို ရမ္မက်စိတ်ပြင်းထန်လွန်းတာကြောင့် ပုရိသယောကျာ်းတို့ ဒုက္ခရောက်ပုံတွေကို ဝေဝေဆာဆာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(3.5 GB)/(1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:37:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Comedy • History
4.8 2007 98 mins
Species: The Awakening
Jungle Cruise
7.4

တောတွင်း အပျော်စီး သင်္ဘောကြီး စီးဖို့ အသင့်ဖြစ်ကြပြီလားဗျိုု့ မာလိန်မှူး ထူးစိန် တော့ မဟုတ်ဘူး ပရိတ်သတ်များရဲ့အချစ်​တော်ကြီး မာလိန်မှူးကြီး ​မောင်​ကျောက်ခဲ (The Rock) နဲ့ "ရူးတိုးတိုး"part 1 and 2ဇာတ်ကားထဲက မင်းသမီး "Emily Blunt" တို့ရဲ့ Jungle Cruise ဆိုတဲ့ အခွီ၊ စွန့်စားခန်း၊ အက်ရှင်ကားသစ်​ကြီးကို ဒီ​နေ့ထွက် ဒီ​နေ့ချက်ချင်း ချန်နယ်မြန်မာပရိတ်သတ်ကြီးဆီ တင်ဆက်​ပေးလိုက်ပါပြီ ပထမကမ္ဘာစစ်​ခေတ်ကို ​ကျောရိုးယူထားပြီး သ​င်္ဘောမာလိန်မှူးကြီး "ဖရန့်"ဦး​ဆောင်ကာ ​ဒေါက်တာ"လီလီဟော်တန်"နဲ့ သူ့အကိုတို့ပါဝင်တဲ့ လူစွန့်စားသုံး​ယောက်အဖွဲ့ဟာ အ​မေဇုန်​တောနက်ကြီးထဲမှာရှိတဲ့ "လမျက်ရည်"ဆိုတဲ့ သစ်ပင်ကြီးကို သွား​ရောက်ရှာ​ဖွေခဲ့ကြပါတယ်။ ဒီသစ်ပင်ကြီးဟာဆိုရင် ဖျားနာမှုမှန်သမျှကို ယူပစ်သလို သက်သာ​စေတဲ့ နတ်​ဆေးပင်ကြီး တစ်ပင်ပါ အဲ့ဒီနတ်​ဆေးပင်ကြီးကို သွား​ရောက်ရှာ​ဖွေရင်း ​တောကြီးမျက်မည်းတို့ရဲ့မာယာအတိုင်း ကြုံ​တွေ့ရမယ့်သတ္တဝါဆိုးတွေ၊ ​​ဘေးအန္တရာယ်တွေကို သူတို့ဘယ်လို စွန့်စွန့်စားစား​ကျော်ဖြတ်ကြမလဲ ဒီ​လောက်အစွမ်းထက်လှတဲ့ နတ်​ဆေးပင်ကြီးကို ရှာ​ဖွေဖို့ ကြိုးစား​နေတာ သူတို့သုံး​ယောက်ထဲ ဟုတ်ပါ့မလား၊ ဘယ်လိုလူဆိုး​​တွေပါ​နေဦးမလဲဆိုတာကို ကြည်​တောက်ရှင်းခံစားကြည့်ရှူလိုက်ပါဦး ပရိတ်သတ်ကြီးတို့... အညွှန်းကိုတော့ JimX က ရေးသားပေးထားပါတယ်။ ဘာသာပြန်တွေကတော့ CM Team ပဲ ဖြစ်ပါတယ်။ File size… (5GB) /(2.6GB)/ (1.3 GB) / (673 MB) Quality….BluRay 4K HEVC / WEBDL 1080p/720p/480p Format…mp4 Duration….2h 7min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... Nyeinseya Aung and August

Comedy • Drama • Family
7.4 2021 127 mins
Jungle Cruise
Three Lines of Reincarnation
5.9

မြေအောက်သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားတွေကိုရိုးအီနေကြပြီလား….. ဒီတစ်ခါတော့ မြေအောက်မှာရတနာတွေဖွက်တဲ့အခါ ခိုးယူခံရနိုင်တဲ့အန္တရာယ်များတဲ့အတွက် ယိ၊ကျန်း၊တင်း မျိးနွယ်(၃)စုရဲ့အကူအညီနဲ့ရေအောက်မှာ ရတနာသိုက်တည်ပြီးမြှုပ်နံကြပါတယ်တဲ့။ မျိုးနွယ်(၃)စုရဲ့ထူးခြားချက်ကတော့ ရေအောက်မှာအသက်ရှူနိုင်ပြီး စိတ်ကြိုက်သွားလာနိုင်တဲ့ ရေသရဲလို့ခေါ်တဲ့ထူးခြားတဲ့လူတွေရှိနေခြင်းပါပဲ။ ယိဆာ့ဆိုတဲ့ကောင်မလေးဟာ ထူးဆန်းတဲ့ရောဂါကိုကုသဖို့အတွက်နဲ့ သူငယ်ငယ်တုန်းက သူတို့မျိုးနွယ်တစ်စုလုံး မျိုးတုန်းလုမတတ်ဖြစ်ခဲ့ရတဲ့ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အားလုံးပဲရေအောက်ကမ္ဘာရဲ့လျှို့ဝှက်ချက်တွေကိုအတူဖော်လုပ်လိုက်ကြပါဦးနော်……

5.9 2023
Three Lines of Reincarnation
Moon Students
5.4

Moon Students (2023) ~ IMDb – 5.4/10, Rotten Tomatoes – 92% ~ သူငယ်ချင်းတစ်စုနဲ့ ဒုက္ခရောက်နေတဲ့ ပါမောက္ခတစ်ဦး Pandemic အတွင်း စိန်ခေါ်မှုတွေနဲ့ စာသင်နှစ်ကို ဖြတ်ကျော်ပြီး သူတို့ရဲ့စစ်မှန်တဲ့အသံတွေကို ရှာဖွေဖို့ ကြိုးစားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားတာတွေ၊ လူမည်းတွေအတွက် Black Lives Matter ကြိုးပမ်းမှုတွေနဲ့ Apollo 11 အာကာသယာဉ် လပေါ်ဆင်းသက်ခဲ့တာတွေကိုပါ ထည့်သွင်းပြီး အဆိုးဆုံးအချိန်တွေမှာတောင် ကိစ္စတွေပြီးအောင်လုပ်နိုင်တာ ကျော်လွှားနိုင်တာကို မက်ဆေ့ပေးထားပါတယ်။ အချိန်အပိုင်းအခြားတွေကို လပြည့် လဆုတ် Moon Phase တွေနဲ့ ယှဉ်ပြထားပါသေးတယ်။ ဇာတ်လမ်းအစမှာ COVID ကြောင့် Lockdown မချခင် အတန်းနောက်ဆုံးရက်မှာ ပါမောက္ခက ကျောင်းသား၂ယောက်ကို Presentation ပေးခိုင်းပါတယ်။ သူတို့၂ယောက်က မပြင်ဆင်ရသေးဘဲ အလွဲတွေဖြစ်တဲ့အတွက် ရုံးခန်းခေါ်ခံရပြီး ပြသာနာတက်ခဲ့ပါတယ်။ ဒီကျောင်းသားတွေရော ဆရာရောက ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်စီ ဆုံးရှုံးထားသူတွေပါ။ သူတို့တွေရဲ့ ပူဆွေးမှု ကိုယ့်ကိုကိုယ်အပြစ်တင်မှုတွေကိုပါ ပေါ်လွင်အောင် ထည့်ထားပြီး ဗဟုသုတအစုံ ရသစုံပေးစွမ်းနိုင်တဲ့ ကားတစ်ကားလို့ ဆိုချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 885MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 49Min Genre – Adventure Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.4 2023
Moon Students
I Am: Celine Dion
8.1

ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ဒါရိုက်တာ Irene Taylor ရိုက်ကူးတဲ့ ကနေဒါလူမျိုး အဆိုကျော် Celine Dion အကြောင်း မှတ်တမ်းရုပ်ရှင် လေးပါပဲ။ Celine Dion ဟာ Titanic ရုပ်ရှင်ဇာတ်ဝင်တေးသီဆိုသူအဖြစ် မြန်မာပရိတ်သတ်နဲ့ မစိမ်းလှသူလည်း ဖြစ်ပါတယ်။ Dion ကို Charlemagne မြို့၊ Quebec ပြည်နယ်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၁၄ ယောက်အနက် အငယ်ဆုံး သမီးဖြစ်ပါတယ်။ သီချင်းခွေပေါင်း သန်း ၂၀၀ ကျော်အထိ ရောင်းချခဲ့ရတဲ့ Dion ဟာ သမိုင်းတလျှောက် ရောင်းအားအကောင်းဆုံး အဆိုတော်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ပေါ့ပ်ဘုရင်မလို့ တင်စားကြတဲ့ သူမဟာ သူမရဲ့ အသံပါဝါနဲ့ ဆိုနည်းဆိုဟန်တွေက တမူထူးခြားသူအဖြစ် ကမ္ဘာမှာ ကျော်ကြားလှတဲ့ အဆိုတော်တစ်ဦးဆိုတာ အထူးတလည် ရည်ညွှန်းဖို့ လိုမယ် မထင်တော့ပါဘူးနော်။ ဒီလို အောင်မြင်မှုတွေ များစွာရခဲ့တဲ့ တစ်ခေတ်မှာ တစ်ယောက်ထွန်းတဲ့ သူမဟာ အခုအခါ stiff-person syndrome လို့ ခေါ်တဲ့ ကြွက်သားတွေ တင်းကျပ်သွားတတ်တဲ့ ရှားရှားပါးပါးရောဂါဝေဒနာကို ခံစားနေရရှာပါတယ် ဒီ documentary လေးမှာတော့ Dion ရဲ့ ဘဝအကြောင်း၊ သူ့မရဲ့ ဂီတအပေါ် ရူးသွပ်မြတ်နိုးမှုတွေ၊ အဆိုတော်သက်တမ်းတလျှောက် အောင်မြင်မှုတွေ၊ မိသားစုနောက်ခံအကြောင်းတွေနဲ့ နောက်ဆုံးမှာတော့ stiff-person syndrome ရောဂါကို ရင်ဆိုင်တွန်းလှန်နေရပုံတွေကို ဝေဝေဆာဆာ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်လို့ Dion ရဲ့ ပရိသတ် ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ကြည့်ရှုသင့်ပါကြောင်း အကြံပေးချင်ပါတယ် File size…(2 GB)/(1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:43:00 Genre… Documentary, Biography, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ladybug

Action • Animation • Science Fiction • Fantasy
8.1 2024 103 mins
I Am: Celine Dion
Bloody Johann Krvavý Johann
3.2

Bloody Johann (2024) ဇာတ်ကားက Horror ရုပ်ရှင်အမျိုးအစားပါ။ ဂျာမဏီရဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတစ်ပုဒ်ကို အမှီပြုပြီးတော့ ဒီရုပ်ရှင်ကို ရိုက်ကူးထားတာပါ။ ယောဟန်ဖော့စ်က မားဂရက်ကို ရဖို့အတွက် နတ်ဆိုးနဲ့ အလောင်းအစားလုပ်ခဲ့ပါတယ်။ အဲဒီအတွက် ပြန်ပေးဆပ်လိုက်ရတာကတော့ သူရလိုက်တဲ့ မားဂရက်ရဲ့ ချစ်ခြင်းမေတ္တာဟာ အစစ်အမှန်မဟုတ်ဘူးဆိုတာပါပဲ။ မားဂရက်က သူ့ကို ဒီလို အောက်လမ်းနည်းနဲ့ ရယူလိုက်မှန်းသိသွားတဲ့အခါမှာတော့ သူတို့ရဲ့ မိသားစုဘဝက ရာစုနှစ်ပေါင်းများစွာ မကျေမချမ်းဖြစ်မှုတွေနဲ့ ရှေ့ဆက်ကြရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(1.6 GB) / (870 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Fantasy, Horror Duration….01:31:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

3.2 2024
Bloody Johann Krvavý Johann
Wynonna Earp: Vengeance
5.6

Wynonna Earp: Vengeance (2024) IMDb Rating (5.6) ဝိုင်နုန်နားအာ့ပ် – နာမည်ကျော် ဥပဒေဘက်တော်သားကြီးဝိုင်းယက်အာ့ပ်၊ ကနေဒါ ရော့ကီးတောင်တွေနားက ပါဂတိုရီဆိုတဲ့ မြို့လေးက သူ့ဇာတိ။ မှော်အစွမ်းရှိတဲ့ ငြိမ်းချမ်းချင်သူကြီးဆိုတဲ့ သေနတ်ကိုကိုင်ပြီး နတ်ဆိုးတွေကို ငရဲပြည်ပြန်ပို့ပေးသူ။ ဝေဗာလီဆိုတဲ့ ဘာလာလာအကုန်ဒေါင်းတဲ့ အထန်ညီမတစ်ယောက်နဲ့ အသက်ရာချီရှည်တဲ့ ဒေါက် ဟော်လီဒေးဆိုတဲ့ ချစ်သူရှိတယ်။ ဒါတွေ အားလုံးဟာ Beau Smith ရဲ့ comic book series ကို အခြေခံရိုက်ကူးထားတဲ့ Wynonna Earp ဆိုတဲ့ Supernatural Western ရုပ်ရှင်စီးရီးထဲကပါ။ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အထိ season ၄ခုထွက်ထားပါတယ်။ ဆုတွေလဲ အတော်ရဖူးပါတယ်။ ခုရုပ်ရှင်ကတော့ အဆိုပါစီးရီးကို ပြန်အသက်သွင်းတဲ့အနေနဲ့ မူရင်းဇာတ်ကောင်တွေကို အသုံးပြုပြီး ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာပါ။ ကြိုပြီးသတိပေးထားချင်တာ တစ်ကားလုံးမှာ ပက်ပက်စက်စက်ကို ဆဲပါတယ်။ စကား ၁၀ခွန်းမှာ ၇ခွန်းခွဲလောက်က Slang တွေ Idiom တွေပါ (ဘာသာပြန်သူ စိတ်အတော်လေရပါတယ် – အမေရိကန်အစစ်တွေတောင် အလုံးစုံနားလည်ရဲ့လား မသိပါ) Straight ‌ရော LGBTရော အခန်းလေးတွေပါပါတယ်။ Horror အဆင့်လောက်တော့ ကြောက်စရာမပါပါဘူး။ စီးရီးကြည့်ဖူးသူတွေကတော့ ပြဿနာမရှိနိုင်ပေမယ့် ခုမှကြည့်ဖူးသူတွေကတော့ အတော်တိုင်ပတ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ပါဂတိုရီဆိုတဲ့ မြို့လေးမှာ ဝိုင်နုန်နားအာ့ပ် ရဲ့ အချစ်ဆုံးသူငယ်ချင်းတစစီဖြတ်ပြီး အသတ်ခံလိုက်ရပါတယ်။ ဝိုင်နုန်နားလဲ ဒီကိစ္စကို စုံစမ်းဖို့ ပြန်လာရင်း တရားခံဟာ လွန်ခဲ့တဲ့ အနှစ် ၂၀လောက်တုန်းက သူနဲ့ ပတ်သတ်ခဲ့ဖူးတဲ့ လူတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။ အဲဒီလူက ဘာအကြောင်းကြောင့် သူ့ကို ဦးတည်ပြီး တိုက်ခိုက်နေတာလဲ ဆိုတာကတော့ ဆက်လက်ရှုစားကြပါ။ ဇာတ်ဆောင်တွေအနေနဲ့ Melanie Scrofano, Tim Rozon, Dominique Provost-Chalkley နဲ့ Katherine Barrell တို့က ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TLone ဖြစ်ပါတယ်။) File size…(1.6 GB) / (950 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller, Drama, Fantasy, Horror Duration….01:36:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TLone

5.6 2024 96 mins
Wynonna Earp: Vengeance
Christmas at the Amish Bakery
6.1

Christmas at the Amish Bakery (2023) Imdb 6.1 ဟင်းချက်နည်းစာအုပ်ရဲ့ အယ်ဒီတာဆာရာ သူတိုရဲ့စာအုပ်က နှစ်ကုန်ခါနီးမှာပဲ သိသိသာသာရောင်းအားထိုးကျလာပြီး အရင်နှစ်ကနဲ့ ၁၅%လောက်ထိကို ‌ကျဆင်းခဲ့တာဖြစ်လို ထုတ်ဝေသူအနေနဲ့ သူတိုနဲ့ လက်မတွဲချင်တော့တဲ့ အနေအထားပေါ့ ဒါကိုကယ်တင်ဖို ဆာရာ့ကြီးကြပ်သူက ဆာရာတိုမျိုးနွယ်ရဲ့လျှိဝှက်ဟင်းချက်နည်းရဖို မွေးရပ်မြေကိုပြန်လွှတ်လိုက်ပါတယ် အချိန်အတော်ကြာတော့မှ ခရစ္စမတ်အနေနဲ့ မွေးရပ်မြေကိုချက်ပြုတ်နည်းလေ့လာဖိုဆာရာပြန်ရောက်လာပြီပေါ့ သူ့အစ်မကတော့ မုန့်တွေလိုက်ပိုပြီး စီးပွားရေးမကောင်းလို ဆိုင်ပိတ်ရတော့မဲ့အနေအထားဆိုတာ အိမ်ပြန်ရောက်မှ သိလိုက်ရပါတယ် ဒီတော့ သူလည်းလိုအပ်နေတဲ့ချက်ပြုတ်နည်းရဖိုနဲ့ သူ့အစ်မတွေစီးပွားရေးကို ကယ်တင်ဖိုကြိုးပမ်းပုံတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ခရစ္စမတ်‌ကာလလေးမှာ ထင်မထားတဲ့အချစ်ဇာတ်လမ်းလေးတွေကိုလည်း ခံစားလိုက်ကြပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ် )

Comedy • Fantasy • Horror
6.1 2023 85 mins
Christmas at the Amish Bakery
#Viral Prapancham
6.3

Viral Prapancham” (2025) အွန်လိုင်းကမ္ဘာ၏ လျှို့ဝှက်အန္တရာယ်များ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲနေတဲ့ ဒီဂျစ်တယ်ကမ္ဘာကြီးထဲမှာ အွန်လိုင်းယုံကြည်မှုရဲ့ နောက်ကွယ်က လျှို့ဝှက်အန္တရာယ်တွေကို စူးစမ်းချင်ပါသလား ဒါဆိုရင်တော့ ဒါရိုက်တာဘရီဂျက်ရှ်တန်ဂီရဲ့ လက်ရာ “Viral Prapancham” က ကြည့်ရှုသူတို့ကို ဗိုင်းရပ်စ်ကမ္ဘာထဲ ရင်တထိတ်ထိတ်နဲ့ ဆွဲဆောင်သွားပါလိမ့်မယ် ဒီဇာတ်ကားက ခေတ်မီဆန်းသစ်တဲ့ “screenlife thriller” ပုံစံနဲ့ တင်ဆက်ထားတာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကွန်ပျူတာမျက်နှာပြင်တွေ၊ ဗီဒီယိုခေါ်ဆိုမှုတွေနဲ့ ဆိုရှယ်မီဒီယာ ပို့စ်တွေကနေတစ်ဆင့် ပုံဖော်ထားတာကြောင့် တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံကို ပေးနိုင်မှာပါ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေကတော့ ဆွာပနာနဲ့ အာဒီတီဆိုတဲ့ အမျိုးသမီးနှစ်ဦးပါ ဆွာပနာ အမေရိကန်မှာနေထိုင်တဲ့ ချစ်သူရာဗီ နဲ့ LDRS ချစ်သူဘဝကို လေးနှစ်ကြာအောင် ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားနေသူပေါ့ တစ်ဖက်မှာလည်း ညီမဖြစ်သူ အာဒီတီက တစ်ယောက်တည်းနေထိုင်ရင်း ပရာဗင်န်ဆိုသူနဲ့ အွန်လိုင်းကနေ အဆက်အသွယ်တွေ လုပ်နေပါတယ် သူတို့နှစ်ဦးစလုံးက အွန်လိုင်းရည်းစားအပေါ် ယုံကြည်မှုအပြည့်အဝထားရှိခဲ့ကြပေမဲ့ မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခုက သူတို့ရဲ့ဘဝတွေကို လုံးဝပြောင်းလဲပစ်လိုက်တဲ့အခါ မထင်မှတ်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ် ဒါက ဘာများဖြစ်မလဲဒီဇာတ်ကားက အွန်လိုင်းပလက်ဖောင်းတွေက လူမှုဆက်ဆံရေးအပေါ် ဘယ်လိုနက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိတယ်ဆိုတာကို လက်တွေ့ဆန်ဆန် ပုံဖော်ပြထားပါတယ် အွန်လိုင်းကိုယ်ရေးကိုယ်တာ လုံခြုံရေးချိုးဖောက်မှုတွေ ဆိုက်ဘာရာဇဝတ်မှုတွေလိုမျိုး ဒီဂျစ်တယ်ခေတ်ရဲ့ အမှောင်ဘက်ခြမ်းကိုလည်း မီးမောင်းထိုးပြထားတာကြောင့် ပရိသတ်ကို စဉ်းစားစရာတွေ အများကြီး ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Science Fiction • Action • Adventure
6.3 2025 95 mins
#Viral Prapancham