YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

My Lucky Star (2023) (Ep13).mp4

661.18 MB N/A video/mp4 178 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Holy Spider
7.4

လာမယ့် ၂၀၂၃ အော်စကာရဲ့ best Interanational Features ဆုအတွက် တစ်ပြေးနေတဲ့ ထိပ်ဆုံးငါးကားထဲက တစ်ကားဖြစ်တဲ့ “Holy Spider”ဟာ ကားကတော့ အီရန်ကားဖြစ်ပေမဲ့ ဂျော်ဒန်မှာရိုက် ပြင်သစ်မှာ Release လုပ်ပြီး အော်စကာအတွက် နိုင်ငံကိုယ်စားပြုတာကတော့ ဒိန်းမတ်အနေနဲ့ ဝင်ထားပါတယ်။ အီရန်မှာတော့ အပိတ်ခံထားရရုံတင်သာမကပဲ Ministry of Culture and Islamic Guidanceကနေ ဒီရုပ်ရှင်ကမင်းသမီးကို best actress ဆုပေးခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်ကို ပြဿနာရှာထားသလို ဒီရုပ်ရှင်ဟာ မွတ်စလင်တွေရဲ့ယုံကြည်မှုကို စော်ကားတယ်လို့လည်း ဆိုကြပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးတာမှာ ပါဝင်ပတ်သက်နေတဲ့ အီရန်ပြည်တွင်းကလူတွေရှိခဲ့ရင် အီရန်ရုပ်ရှင်အစည်းအရုံးက ဒဏ်ခတ်မယ်လို့ပါ ကြေညာထားခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၀၀ခုနှစ်တုန်းက ပြည့်တန်ဆာ၁၆ယောက်ကိုသတ်ခဲ့တဲ့ အီရန်ကွင်းဆက်လူသတ်သမား တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ထားတဲ့ရုပ်ရှင်ဖြစ်ပြီး တစ်ချို့ကလည်း မာစတာပိစ်ကားလို့ ပြောကြပါတယ်။ အမျိုးအစားကတော့ crime thrillerရုပ်ရှင်ဖြစ်ပြီး အီရန်ရဲ့ မြင့်မြတ်တဲ့ဘာသာရေးမြို့လို့ ပြောလို့ရတဲ့ Mashhadမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့မှာ ပြည့်တန်ဆာလုပ်စားနေတဲ့ အမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ အသတ်ခံခဲ့ရပြီး ဘာသဲလွန်စမှ မကျန်ပါဘူး။ အဲဒီလိုသတ်တဲ့လူကိုတော့ Spider Killer လို့ သိထားကြပါတယ်။ ဘယ်သူမှန်းတော့ သေချာမသိခဲ့ရပါဘူး။ ဒီအမှုကို စုံစမ်းဖို့ သတင်းထောက်မလေးတစ်ယောက်ဟာ Mashhadကိုရောက်လာခဲ့တယ်။ သူဟာ ဒီအမှုဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေပြီး ဒီအမှုရဲ့နောက်ကွယ်မှာ လက်မဲကြီးတွေ ရှိနေတယ်လို့ ယုံကြည်ထားခဲ့တဲ့သူပါ။ သူ့အသက်ပါသူ ရင်းပြီး ပြည့်တန်ဆာအယောင်ဆောင်ပြီး အဲဒီလူကို ဖမ်းဖို့ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ တရားခံကို သူ ပက်ပင်းမိသွားခဲ့ပေမဲ့ အဲဒီနောက်က လက်မဲကြီးတွေကို သူဖော်ထုတ်နိုင်မလားဆိုတာကို ကျွန်တော်တို့ဆက်ကြည့်ကြရမယ့် ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thirller Quality…. 1080p | 720p | 480p File size… 1.27GB | 645MB | 319MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Drama • History • War
7.4 2022 118 mins
Holy Spider
The Novelist's Film
6.3

~ IMDb - 7/10, Rotten Tomatoes - 100% ~ Directed by Hong Sang-soo ဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist's Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တစ်ခုခုခံစားရအောင် ရေးနိုင်စွမ်းရှိတဲ့ သူမျိုးပေါ့။ အရင်ကတော့ ဒီလိုရေးနိုင်တာက သူ့အတွက် ပါရမီလိုလို ဘာလိုလို သူခံစားခဲ့ရတယ်။ ကြာတော့ သူ့ဘာသာ ဒါကြီးက ဟန်များပြီး မရိုးသားဘူးလို့ မြင်လာရော။ စာရေးဆရာရဲ့ အလုပ်က စာဆက်ရေးနေဖို့ပဲလေ။ ဒီတော့ သူဆက်ရေးတယ်။ မကြိုက်ဘူး။ ဖြဲပစ်တယ်။ ဒီလိုနဲ့လည်နေတာပဲ။ ဒီလိုနဲ့စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်ကြိုက်တဲ့၊ ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီးနဲ့တွေ့တယ်။ ဂင်မင်ဟီးပေါ့။ သူနဲ့တွေ့တဲ့အခန်းမှာ ဂင်မင်ဟီး အပြင်ဘဝနဲ့ ခပ်ဆင်ဆင်စကားတွေသုံးပြီး ဂင်မင်ဟီး ကားသိပ်မရိုက်ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းသွားတယ်။ ပြီးကျ စာရေးဆရာမက သူစာရေးမရလို့ ဇာတ်ကားတစ်ကားရိုက်ကြည့်ချင်တဲ့အကြောင်း ဂင်မင်ဟီးကိုပြောပြီး အတူတူရိုက်ကြတယ်။ စာကျတော့ ရေးလို့မရဘူး။ ရုပ်ရှင်ကိုကျ ဇာတ်ညွှန်းပါရေးပြီး ရိုက်ဖို့လုပ်တာက နည်းနည်းတော့ မဆီလျော်ဘူးထင်စရာပဲ။ ဒါကိုလည်း သူက သူရိုက်ချင်တဲ့ ပုံစံကိုပြောပြပြီး ပြန်ရှင်းသွားတယ်။ သူ့ရုပ်ရှင်ရိုက်နည်းက ဇာတ်ညွှန်းမရှိတာလည်း မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ သူတည်ဆောက်ထားတဲ့ ဇာတ်ညွှန်းထဲ သူ့အလိုလို ဆင့်ပွားဖြစ်လာတဲ့အရာတွေကိုလည်း ဇာတ်ညွှန်းအတိုင်းကိုက်အောင် ပိတ်ဆို့ပစ်တာမျိုးမရှိတဲ့ပုံစံမျိုးပေါ့။ စာရေးတာမှာလည်း ဒီလိုမျိုး ခပ်ဆင်ဆင်တော့ရှိပေမဲ့ ရုပ်ရှင်မှာလောက်တော့ မလွတ်လပ်ဘူးပေါ့။ စာရေးတာမှာက ကိုယ့်ဇာတ်ကောင်တွေကို ကိုယ်မထိန်းနိုင်တော့တာမျိုး သူ့ဘာသာ အသက်ဝင်လာတာမျိုးပေါ့။ မင်းလူတော့ အမှာစာတစ်ခုမှာ ဒီလိုဖြစ်ဖူးတယ်လို့ ရေးထားတာပဲ။ ခပ်ဆင်ဆင်ပြောရရင် ဇာတ်ညွှန်းက ပန်းပွင့်တစ်ပွင့်ပွင့်တာကို ရိုက်မယ်ထား။ ဒါရိုက်တာက ပန်းပွင့်လာတာကို ထိုင်ရိုက်တယ်ထား။ သူရိုက်နေတုန်း ပွင့်ပွင့်ချင်း ပန်းကတစ်လွှာ အလိုလိုကြွေသွားတယ်ထား။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းအရ ပွင့်တဲ့အထိပဲဖြစ်ရမယ်ဆိုပြီး တစ်လွှာကြွေတာကို ကန့်သတ်ပြီး ဖယ်မပစ်တဲ့ပုံစံမျိုး ရိုက်တယ်ပေါ့။ ဒီရုပ်ရှင်ဟာ စာရေးသားခြင်းမှာ သူမရတဲ့ လွတ်လပ်ခြင်းမျိုးကို စာရေးဆရာမက ရုပ်ရှင်ရိုက်ပြီး ပြန်ရှာတဲ့ အကြောင်းပါပဲ။ ဟုံဆန်ဆူးဟာ သူပြချင်တဲ့ပွိုင့်ကို တော်တော်လှလှပပကို ပြသွားပါတယ်။ မနှစ်ကအကောင်းဆုံးကားတွေထဲ ဟုံဆန်ဆူးရဲ့ In Front of Your Face ကို ထည့်ခဲ့ရသလို ဒီနှစ်လည်း ဟုံဆန်ဆူးရဲ့ The Novelist's Film ကို ဒီနှစ်ရဲ့အကောင်းဆုံးကားတွေ စာရင်းထဲ ထည့်ရဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.73GB, 1.13GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 32Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
6.3 2022 92 mins
The Novelist's Film
Transformers: The Last Knight
6.1

၅ ကားမြောက် ထရန်စဖော်မာကားကို တင်ပေးထားပါတယ်။ အရင်ဇာတ်လမ်းမှာ အော့ပ်တိမက်စ် ပရိုင်းဟာ သူ့ရဲ့ဖန်ဆင်းရှင်တွေကို ရှာဖို့ အာကာသထဲကိုထွက်သွားပြီး ပြန်မလာခဲ့ပါဘူး။ သူမရှိချိန်အတွင်းမှာ လူသားတွေဟာ အရင်ရုပ်ရှင်က တိုက်ပွဲအကျိုးဆက်အဖြစ် အော်တိုဘော့တွေကိုပါ တရားမဝင်ကြေညာပြီး တိုက်ခိုက်နေပါပြီ။ ခေါင်းဆောင်မဲ့နေတဲ့ အော်တိုဘော့တွေကို ကိတ်ရေဂါက ဖွက်ပေးထားစောင့်ရှောက်ထားရပါတယ်။ ဒီဇာတ်လမ်း အစကတော့ ဘုရင်အာသာနဲ့ မာလင်ခေတ်က ထရန်စဖော်မာတွေရဲ့ လျို့ဝှက်သမိုင်းကြောင်းကို အခြေခံထားပါတယ်။ အော့ပ်တိမက်စ်ရဲ့ ဖန်ဆင်းရှင်က ကမ္ဘာကိုဖျက်ပြီး ဆိုက်ဘာထရွန်ကို ပြန်မွေးဖွားဖို့ကြိုးစားတာကို အော်တိုဘော့တွေ၊ မာလင်ရဲ့မျိုးဆက် နဲ့ ရွေးချယ်ခံရတဲ့ နောက်ဆုံးသူရဲကောင်းစစ်သည်တို့ စုပေါင်းကာကွယ်ကြပုံကို တွေ့ရပါလိမ့်မယ်။ (Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.org/?s=transformers  မှာရှာပြီး Download လုပ်လို့ရပါတယ်။ ) 4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(8.2 GB)/(4.2 GB)/(1.5 GB) Quality….BluRay 4K HDR HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:34:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Adventure • Fantasy
6.1 2017 154 mins
Transformers: The Last Knight
Sing A Song
5

အခု လူကြီးမင်းတို့ကို Channel Myanmar ကနေတင်ဆက်ပေးမယ့် ရုပ်ရှင်လေးကတော့ “Sing A Song” (싱어송)ဆိုတဲ့ သီချင်းကားလေးဖြစ်ပါတယ် - သီချင်းဆိုချင်လို့ ဆိုးလ်ကို ရူးရူးမိုက်မိုက် လာခဲ့တဲ့ Seon Hye - နာမည်ကြီးကျော်ကြားဖို့ စိတ်ကူးထားတဲ့ အမည်မသိ တီးဝိုင်း အဆိုတော် Hyeon Do နဲ့ - မိသားစုရဲ့ ကန့်ကွက်မှုတွေကြားထဲကနေ သီချင်းဆိုဖို့ ရွေးချယ်ခဲ့တဲ့ အဆိုတော် Si Joon ဆိုတဲ့ သုံးယောက်က မတော်တဆ အဆိုတော်တွေခေါ်တဲ့အဖွဲ့ဆီကိုရောက်သွားပါတယ် သူတို့ရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုခံရပြီး "ဂျိုဘဲ့ဂင်" ဆိုတဲ့ တီးဝိုင်းတစ်ဖွဲ့ကို ထောင်ခဲ့ပါတယ် သူတို့ တဖြည်းဖြည်း Si Joon ရဲ့တေးရေးလက်ရာတွေ‌နဲ့ နာမည်ကြီးလာခဲ့ပါတယ် ဒါပေမယ့်‌ ဘီလီဖ်ဆိုတဲ့ ကုမ္ပဏီက Si Joon ကလွဲရင် Seon Hye နဲ့ Hyeon Do တို့နှစ်ယောက်ကိုပဲ ကမ်းလှမ်းခဲ့ပါတယ် အဲတော့ သူတို့ ကမ်းလှမ်းမှုကိုလက်ခံနိုင်မလား သူတို့ဘာကိုရွေးချယ်မလဲ အိပ်မက်လား သူငယ်ချင်းလား.... ဒီကားလေးကို အချစ်, အိပ်မက်,သူငယ်ချင်းတွေရဲ့ကြားထဲက ပဋိပက္ခလေးတွေပါရောပြီး ဒရာမာဆန်ဆန်လေးကြည့်လို့ရပါပြီ သီချင်းဆိုတာဝါသနာပါတဲ့သူတွေနဲ့ Idol fan တွေအတွက်ဆို ကွက်တိပါပဲရှင် Cast တွေလည်း အလန်းတွေပါ။ Kpop Wave 2nd Gen နဲ့ 3rd Gen တွေ ဖြစ်တဲ့ - 4Minute ရဲ့ Gayoon - B.A.P Member Yoo Young Jae - A-Jax ရဲ့ Moon Ji-hoo တို့ပဲ ဖြစ်ကြပါတယ်။ ဒီတော့ သီချင်းတွေ မကောင်းမှာကတော့ စိတ်ပူစရာကို မလိုတော့တာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Htet Eaindray Khin ပဲ ဖြစ်ပါတယ်။ Genre.....Friendship, Musical, Romance Quality….WEB-DL 1080p and 720p and 360p File size…1.4GB and 752MB and 239MB Format…mp4 Duration….1h 42min Subtitle….Myanmar Subtitle (Hardsub) Translator ..... Htet Eaindray Khin Encoder ..... August

Crime • Drama
5 2022 102 mins
Sing A Song
Padmini
8

Padmini(2023) ‌ဘောလိဝုဒ်ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.8/10 ,The TIMES Of india 3/5, Gadgets 360 မှာ 4.3/5 ရထားတဲ့ ဟာသကားသစ်လေးပဲဖြစ်ပါတယ်။ ဒီကားမှာကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကတော့ မိသားစုလုပ်ငန်းစီမံတာလည်းတော်၊ အလုပ်အကိုင်ကလည်း ကောလိပ်ကဆရာ ဒါ့အပြင် အချိန်ပိုင်းကဗျာဆရာပါလုပ်သေးတဲ့ ပညာရော ဝမ်းစာပါပြည့်စုံတဲ့အပြင် နှလုံးသားလည်း နူးညံ့လှတဲ့သူပါပဲ။ဒီလိုလူဆီကို အိန္ဒိယရဲ့ရိုးရာအတိုင်း အိမ်ထောင်ရေးဆိုတာကြီးက အိမ်အ‌ရောက်လာရှာပါတော့တယ်။ ဒီမှာကံကောင်းချင်တော့ ကောင်မလေးက အချောလေးပါ။ လိမ္မာရေးခြားလည်းရှိတယ် ယဉ်လည်းယဉ်ကျေးတယ်ဆိုတဲ့ အပျံစားရီဗျူးတွေနဲ့အတူ ကျောင်းဆရာတဖြစ်လဲ အချိန်ပိုင်းကဗျာဆရာဇာတ်လိုက်ကျော်ရဲ့နှလုံးသားထဲ အမှတ်တရလို့အဓိပ္ပါယ်ရတဲ့ကောင်မလေး ဝင်လာပါတယ်ပေါ့လေ။ ဘဝကိုရိုးရိုးအေးအေးပဲဖြတ်သန်းလာရတဲ့ဆရာသမား အိမ်ထောင်လည်းကျရော ကြံသကာမြိုထားသလို တပြုံးပြုံးတဖြဲဖြဲပေါ့လေ။ ဒီလိုနဲ့ မင်္ဂလာဦးညမှာ မီးကပျက်ရိုကရိုမရ ကောင်မလေးက ‘လ’ကြည့်ရင်း လမ်းလျှောက်ထွက်ချင်တယ်ဆိုလို့ လယ်ကွင်းထဲဆင်းလမ်းလျှောက်ပေးရင်း ဟိုက သူ့ချစ်သူနောက်ခိုးရာလိုက်သွားပါလေရော။ ဇာတ်လိုက်ကျော်ခဗျာ ဟတ်ကော့ကြီးပေါ့ဗျာ။ ဒီလိုနဲ့ဂုဏ်သတင်းကျော်စောတဲ့ အမောင်ဇာတ်လိုက်ကျော်တစ်ယောက် သွားလေရာအလှောင်ခံ အရယ်ခံအဖြစ် တော်ပါပြီ အချစ်ဆိုစိတ်ကနာဆိုတဲ့အတိုင်း ညတိုင်းမင်္ဂလာကုတင်ပေါ်မှာ မင်္ဂလာမရှိစွာလူးလွန့်နေရင်း သူ့ဘဝမှာ ဘာတွေဆက်ဖြစ်လာမလဲ။ ရှက်စရာပုံရိပ်ကနေရော ရုန်းထွက်နိုင်သွားမလားဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, YH, V, Cherry, BpL, Yunniတို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ File size…1.7GB / 768MB Quality…1080p  WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ YH~ V~ Cherry~ BpL~ Yunni

Animation • Sci-Fi & Fantasy
8 2023 120 mins
Padmini
Christmas Island
7

ခရစ္စမတ်လည်းနီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားလေးဖြစ်တဲ့ Christmas Island ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ ကိတ်ဂါဘရီယယ်ဆိုတဲ့ လေယာဉ်မှူးမလေးတစ်ယောက် သူဌေးမိသားစု​ဖြစ်တဲ့ ရှာ့ဘ်မိသားစုရဲ့ အားလပ်ရက်ခရီးကို တာဝန်ယူပို့ဆောင်ပေးရတဲ့အချိန်မှာအတ္တလန်တစ်သမုဒ္ဒရာမှာ မုန်တိုင်းပြင်းထန်စွာတိုက်ခတ်နေတာကြောင့် ဘယ်လိုမှ ပျံသန်းလို့မရဘဲ နီးစပ်ရာနေရာကို အရေးပေါ်ဆင်းသက်ရပါ​တော့တယ်။ ဆင်းသက်လိုက်တဲ့မြို့နာမည်က ခရစ္စမတ်ကျွန်းတဲ့ ခရစ္စမတ်ကျွန်းမှာ ရှိနေတဲ့အချိန်မှာ မြို့တော်ဝန်တို့အိမ်မှာတည်းခိုရပြီး အဲ့မှာနေရင်း ခရစ္စမတ်ကျွန်းမှာရှိတဲ့ ခရစ္စမတ်ကာလအတွက်ပြင်ဆင်ထားတဲ့အပြင်အဆင်တွေ အခမ်းအနားတွေကို တက်ရောက်ရင်း အဲ့မှာနေရင်း အဲ့ကမိသားစုနဲ့လည်း ခင်မင်ရင်းနှီးအသားကျသွားပါတယ် မြို့တော်ဝန်ရဲ့မောင်ဖြစ်သူ အိုလီဗာနဲ့ကိတ်ဟာလည်း ရက်တိုတိုအတွင်းမှာပဲ အနေနီးပြီး ရင်ခုန်သံတွေနိုးကြားလာတဲ့အခါ… ဒီဇာတ်ကားလေးဟာ ခရစ္စမတ်အားလပ်ရက်မိသားစုခရီးစဥ်အကြောင်းကိုပျော်ပျော်ပါးပါးရိုက်ကူးထားတာမလို့ အိမ်ကမိသားစုတွေနဲ့အတူ အပျင်းပြေကြည့်လို့ကောင်းမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်….. File size…(1.6 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7 2023
Christmas Island
The Miracle Worker
8.1

RT 96% နဲ့ IMDb 8.1 ရရှိထားတဲ့ ဇာတ်ကားဟောင်းလေးကို CM ကနေ ပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကို ဒါရိုက်တာ အာသာပန်က ရိုက်ကူးထားတာ ဖြစ်ပြီး မင်းသမီး အန်းဘန်ခရော့ထ်နဲ့ ပတ်တီဒုခ်တို့က အဓိက သရုပ်ဆောင်ထားပါတယ်။ ၁၉၆၂ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားတစ်ကား ဖြစ်ပြီး သရုပ်ဆောင်တွေရဲ့ အကောင်းဆုံးသော တင်ဆက်မှုတွေကို ခံစားကြရမှာပါ။ ဒီဇာတ်လမ်းက လူတိုင်းနဲ့ မစိမ်းတဲ့သူ၊ စာပေနိုဗယ်ဆု မရရှိခဲ့ပေမဲ့ ဆန်ကာတင်စာရင်းထဲထိ ပါဝင်နိုင်ခဲ့တဲ့ မျက်မမြင် စာရေးဆရာမ ဟယ်လင်ကယ်လာရဲ့ ငယ်ဘဝဇာတ်ကြာင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူတိုင်းလေးစားရတဲ့ ဟယ်လင်ကယ်လာရဲ့ သနားစရာ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ အချိန်အပိုင်းအခြားတစ်ခုကို အံ့ဩမှင်သက်စွာ ခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မွေးကင်းစ အရွယ်မှာ နေမကောင်းဖြစ်ပြီး မျက်စိကွယ်၊ နားမကြား ဖြစ်သွားရတဲ့ ဟယ်လင်ကယ်လာလေးကို အန်နီ ဆော်လီဗန်က သင်ကြားပေးဖို့ ဖြစ်လာပါတယ်။ ငယ်စဉ်ကတည်းက မျက်မမြင်ဖြစ်တဲ့ အန်နီဆော်လီဗန်ဟာ ဟယ်လင်ကယ်လာလေးကို ကမ္ဘာကြီးမှာ ရှိသမျှအရာတွေ အားလုံးကို သိစေချင်စိတ် ဖြစ်လာခဲ့ပါတယ်။ သင်ကြားပေးရာမှာလည်း မသန်စွမ်းသူတစ်ယောက်အ‌နေနဲ့ မဟုတ်ဘဲ သာမန်လူတစ်ယောက်လို ဘဝကို ဖြတ်သန်းနိုင်ဖို့ သင်ကြားပေးခဲ့ပါတယ်။ ဟယ်လင်ကယ်လာလေးကို သနားချစ်နဲ့ အလိုလိုက်ထားတဲ့ မိဘတွေနဲ့ ကလေးကို သင်ကြားပေးချင်တဲ့ စေတနာအပြည့်နဲ့ ဆရာမကြားမှာ အပြိုင် လွန်ဆွဲနေကြတဲ့ အကြောင်းကို ရသစုံလင်စွာ ကြည့်ရှုရမှာပါ။ File size… 2.2 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Zin Sann Oo

8.1 1962
The Miracle Worker
Planetquake

2024 ခုနှစ်ထွက် Disaster, sci-fi ကားလေးတစ်ကား လာပါပြီ။ ထုံးစံအတိုင်း ကမ္ဘာကြီးကို ဘေးအမျိုးမျိုးနဲ့ ဒါရိုက်တာတွေက လက်စွမ်းပြဖျက်ဆီးကြမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဦးသန်မာကမ္ဘာကြီးပဲ ယက်ကန်ယက်ကန်နဲ့ ဆက်လက်တည်ရှိသွားမယ့် ဇာတ်လမ်းကျောရိုးပါ။ ကဲ အခုတစ်ခါလည်း ကမ္ဘာကြီးကို ဘယ်လိုဇာတ်လမ်းဆင်ပြီး ဖျက်ပြကြဦးမလဲ ကြည့်ကြရအောင်ပါ။ ဒေါက်တာ မီလီ၊ ဒေါက်တာ ဒရက်စ်ဒန်မောင်နှမဟာ ငလျင်ဗေဒပညာရှင် ဉာဏ်ကြီးရှင်ငတော်ကြီးနှစ်ယောက်ပါ။ ပြောရရင် အစ်ကိုဖြစ်သူဒရက်စ်ဒန်က ပိုတော်ပါတယ်။ တော်လွန်းလို့ အမေရိကန်စစ်တပ်က အာကာသနျူကလီးယားလက်နက်အခြေစိုက်စခန်းစီမံကိန်းမှာ ခေါ်ခန့်ပါတယ်။ ကောင်းစေချင်လို့ နတ်ပြည်တင်ပေးတာကို မြင့်တယ်ထင်တဲ့သကောင့်သားက ဒီလိုလက်နက်တွေမရှိသင့်ဘူးဘာညာစသဖြင့် စာရိတ္တတရားတွေ စွတ်ရှိပြပြီး လျို့ဝှက်ဖိုင်တွေခိုးပြေးကာ တစ်လောကလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်တည်းနေပါတယ်။ ဇာတ်လမ်းက အခုမှစမှာပါ။ နျူကလီးယားအကြွင်းအကျန်တွေရှင်းတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဘယ်ကဘယ်လိုကလိလိုက်တယ်မသိ၊ ကမ္ဘာ့မြေအောက်ကျောက်ချပ်လွှာတွေ ဆက်စပ်နေတဲ့ ငလျင်ပြတ်ရွှေ့ကြောတွေကို လှုပ်နိုးလိုက်သလို ဖြစ်ပြီး ငလျင်တွေထလှုပ်ပါတယ်။ ရစ်ချ်တာ ၈ လောက်အထိတက်တဲ့ငလျင်တွေဆိုတော့ ပြင်းအားကတော့ ခန့်မှန်းသာကြည့်ကြပါတော့ခင်ဗျာ။ အဲ့အချိန်မှာ ဒေါက်တာ မီလီက ငလျင်စောင့်ကြည့်ရေးဌာနတာဝန်ခံဖြစ်တဲ့အတွက် ဒီငလျင်တွေကိုခန့်မှန်းတွက်ချက်ပြီး နောက်လာမယ့် ငလျင်တွေမတိုင်ခင် ကြိုတင်ဆောင်ရွက်စရာတွေအတွက် စီမံဆောင်ရွက်ပေးဖို့ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ သမီးဖြစ်သူဆိုဖီကလည်း အဲ့နေ့မှာပဲ လေယာဥ်စီးပြီးသူ့ဆီလိုက်အလာ လေယာဥ်ကွင်းထဲမဆင်းနိုင်ခင်မှာတင် ငလျင်ကြောင့်တိုင်တွေပတ်ပြီး အကုန်ဇယားတွေနောက်ကုန်ပါတယ်။ မီလီ့အမျိုးသား ဆိုဖီ့အဖေကလည်း ခေသူတော့မဟုတ်ပါဘူး။ အမျိုးသားအစောင့်တပ်က ဗိုလ်မှူးပါ။ တိုက်ဆိုင်လိုက်ပုံက သူ့သမီးကိုသူကိုယ်တိုင်သွားကယ်ရမယ့် မစ်ရှင်ခေါင်းဆောင် အခန့်ခံရပါတယ်။ တစ်ဖက်မှာလည်း ဒေါက်တာမီလီတစ်ယောက် အားပြင်းငလျင်တွေကို ဘာလုပ်ရမှန်းမသိ၊ ခြေမကိုင်မိလက်မကိုင်မိနဲ့ ပျားတွေတုပ်နေပါတယ်။ အဲ့အချိန်မှာပဲ NSC ညွှန်မှူး ဗိုလ်ချုပ်ကြီးဝက်စ်ရဲ့ ညွှန်ကြားချက်နဲ့ သူ့အစ်ကို မာစတာဘရိန်းကြီး ဒရက်စ်ဒန်ကိုပြန်ခေါ်ပြီး ဂြိုဟ်ဖျက်ငလျင်ကြီးတွေကို လူလေးလက်တစ်ဆုပ်စာလောက်နဲ့ အံ့မခန်းတားဆီးပြမယ့် ဇာတ်လမ်းပဲဖြစ်ပါတယ်။ Erica Duke၊ Phillip Andre Botello၊ Anthony Jensen၊ Erin Gall၊ Doug Jeffery၊ Michael Pare တို့ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာကတော့ Monroe Robertson ပါ။ ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားလိုက်ကြပါစို့ဗျာ။ File size…(1.5 GB)/(793 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Adventure, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

0 2024 85 mins
Planetquake
Arthur the King
7.2

မင်းသားကြီး Mark Wahlberg နဲ့ Shang-Chi မင်းသား Simu Liu တို့ပါဝင်ထားပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Rating အတော်လေးကောင်းတဲ့ Sport Drama ကားကောင်းလေးဖြစ်ပါတယ် ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့တင် လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ကားပါ.. ဇာတ်လမ်းအညွှန်းကတော့.. လှေလှော်၊ တောင်တက်, မာရသွန် စက်ဘီးစီး..စတဲ့ ၅ မျိုုးစုံ စွန့်စားခန်းခရီးကြမ်းပြိုင်ပွဲကို နှစ်စဉ် နိုင်ငံအနှံ့မှာကျင်းပကြပြီး နိင်ငံကိုယ်စားပြုအသင်းတွေက ၄ ယောက်တစ်ဖွဲ့စီနဲ့ ၅ ရက်တာ ယှဉ်ပြိုင်ကြပါတယ်.. ဒီပြိုင်ပွဲကို ၁၉ နှစ်တိတိယှဉ်ပြိုင်ခဲ့တဲ့ မိုက်ကယ်ဟာ နာမည်ကြီးထမင်းငတ်ပါပဲ…ထိပ်တန်း အဆင့် ၁၀ ထဲ အမြဲဝင်ခဲ့ပေမယ့် ချန်ပီယံဆုကိုရခဲ့ခြင်းတစ်ကြိမ်မှ မရှိပါဘူး.. အိမ်ထောင်ကျ ကလေးတွေရပြီးနောက်ပိုင်း အသက်အရွယ် ရလာလို့ ဒီအားကစားကိုစွန့်လွှတ်လိုက်ပေမယ့်.. ပြိုင်ပွဲ တစ်နှစ်ပြီးကျင်းပတိုင်း သူ့စိတ်ထဲက ဝါသနာပိုး ကထိန်းမရပါဘူး ဒီလိုနဲ့ တစ်နှစ်မှာ သူ့အရင်နယ်ပယ်ထဲက မိတ်ဆွေ‌တွေကို ပြန်လည်စုစည်းပြီး…နောက်ဆုံးတစ်ကြိမ် ဝင်ပြိုင်ဖို့ဖြစ်လာရင်းနဲ့ လမ်းခရီးမှာ လမ်းပျောက်နေတဲ့ ခွေးလေးအာသာနဲ့လည်း တွေ့ရှိခဲ့ပါတယ်.. ဒီခွေးလေးကို ပြိုင်ပွဲတွင်းမှာပဲ မွေးစားပြီး သူတို့ပြိုင်ပွဲအနိုင်ရဖို့ အဓိကသော့ချက်ဖြစ်လာပါတယ်… File size…(4.8 GB) / 2.28GB , 1.1GB Quality…WEB-DL 4K HEVC/1080p 5.1CH , 720p Format…mp4 Duration….1h 47m Genre ….. Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Ka Naung Translated by Act Molemy & Thiha Yan Naing

7.2 2024 107 mins
Arthur the King
Laandhar
5.6

Laandhar 2024 ( လူထူးဆန်း) Imdb -7.8 လူနေထူထပ်လှတဲ့ Coimbatore မြို့တော်ကြီးမှာထူးဆန်းတဲ့အမှုကိစ္စတစ်ခုထွက်ပေါ်လာပါတယ် ဂေါ်ပြားကိုကိုင် မိုးကာကြီးဝတ်ထားတဲ့လူတစ်ယောက်က သူ့လမ်းမှာရှိသမျှလူတိုင်းကို မညှာမတာရိုက်ပစ်တာပါ သူ့ကြောင့်ဆေးရုံတင်ရပြီး အသက်လုနေရတဲ့နစ်နာသူတွေလည်းဒုနဲ့ဒေးဖြစ်လာခဲ့တယ် ဒါကြောင့်ရဲတွေဝင်ပါလာရပြီး ဒီလူကိုအင်တိုက်အားတိုက်ရှာရပါတော့တယ် ဒါပေမဲ့သာမန်လူမဟုတ်တဲ့ ဒီလူထူးဆန်းကြောင့် ရဲတွေပါဆေးရုံတင်ရတဲ့အထိဖြစ်လာတော့ ဒီအမှုထဲ ACP အာရာဗင်ဝင်ပါလာရပါတော့တယ် ACP အာရာဗင်အကြောင်းပြောရရင် ဒီလူကလာဘ်မစား တရားမျှတမှုဘက်တော်သားပေါ့ဗျာ သူ့အထက်ကလူတွေတောင် သူ့ကိုပြန်ကြောက်ရတဲ့အထိ‌ လုပ်ရည်ကိုင်ရည်လည်းရှိတယ် သူ့အမျိုးသမီးကတော့ လူတအားကြောက်ပါတယ် ပြောရရင်တစ်ယောက်တည်းနေရမှာလည်းကြောက်တတ်ပြီး ‌အကြောက်လွန်ရင် မေ့လဲတတ်တဲ့ရောဂါရှိသူတစ်ဦးပါ ကံဆိုးချင်တော့ ဒီလူထူးဆန်းကိစ္စကိုလိုက်မိရာကနေ မိန်းမဖြစ်သူပျောက်သွားလေတော့ သူဘယ်လိုတွေကြိုးစားအားထုတ်ပြီး ပြန်ရှာဖို့ကြိုးစားမယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Thura ~ ToMo တို့ပဲဖြစ်ပါတယ် )

5.6 2024 117 mins
Laandhar
The Zen Diary
6.7

တကယ်လို့ဖြစ်နိုင်ခဲ့ရင် တစ်နေ့မှာ ဟင်းချက်ဖို့ ကျွန်တော်တို့ ၃နာရီလောက်တော့ အချိန်ပေးသင့်တယ်။ စားခါနီးမှ ဟင်းတစ်ခွက်ကိုချက်ရတဲ့အရသာက ဘာနဲ့မှမတူဘူး။ ထမင်းကပူနေရင် ငရုတ်သီးကြော်နဲ့‌တောင် စားကောင်းသလို အခုမှကျက်တဲ့ ဟင်းတစ်ခွက်ကလည်း မနက်ကချက်တဲ့ဟင်းတစ်ခွက်ထက် အဆပေါင်းများစွာသာတယ်။ အားလုံးသိတဲ့ အားလုံးမလုပ်နိုင်တဲ့ အမှန်တရားတစ်ခုပါပဲ။ ဘယ်လိုပုံစံနဲ့ ဘာဟင်းချက်မလဲတောင် စဉ်းစားဖို့ အချိန်မပေးနိုင်တဲ့ ကျွန်တော်တို့ဘဝတွေမှာပေါ့။ အောင်မြင်တာတွေ ကြီးမြင့်တာတွေ ကျော်ကြားတာတွေထက် ချစ်တဲ့သူနဲ့ အတူစားရတဲ့ ထမင်းပူပူတွေက အဓိပ္ပာယ်ပိုရှိမှန်း ကျွန်တော်တို့သိပြီးကြပေမဲ့ ဘဝဟာ တစ်ခုမဟုတ်တစ်ခုလိုနေရင်း အဲဒီရွေးချယ်မှုကို ကျွန်တော်တို့ကို လုပ်ခွင့်မပေးခဲ့ဘူး။ အခိုက်အတန့်တစ်ခုအထိတော့ ဒီလိုအခြေအနေမျိုး ရကောင်းရနိုင်ပေမဲ့ အခြေအနေအကြောင်းကြောင်းတွေဟာ ဒီလိုဘဝတွေနဲ့ ကျွန်တော်တို့ကို အမြဲတမ်း ဝေးကွာစေတယ်။ မြေကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ကျေးလက်ဘက်တစ်နေရာမှာ သီးပင်စားပင်တွေ စားလောက်အောင်လေး မခမ်းမနားစိုက်။ ညနေမှာ စီးကရက်တစ်လိပ်နဲ့ လွမ်းစရာကောင်းအောင် တောင်စွယ်မှာ နေကွယ်တာကို ခင်ဖုန်းသက်ဝေ ၅ပုဒ်ကို ရွတ်တတ်သလိုရွတ်ရင်း ငေး ။ စိတ်လိုလက်ရမှောင်နေတဲ့ညတွေဆို ဆေးလိပ်တစ်လိပ် ကော်ဖီတစ်ခွက် ကိုနေဝင်းဆိုတဲ့ မောင့်လပြည့်ဝန်းနဲ့ အိပ်ရာဝင်။ အဲဒီကမ္ဘာမှာ ညနေခင်းလမ်းလျှောက်တဲ့အခါ တိမ်တွေကလည်း အမြဲတမ်းရှိနေလိမ့်မယ်။ တက်သုတ်ရိုက်မဟုတ်တဲ့ အလုပ်တစ်ခုခုလည်း ရှိနေလိမ့်မယ်။ ဘယ်သူ့အတွက်မှမဟုတ်တဲ့ ဆွဲတတ်သလိုဆွဲထားတဲ့ပန်းချီတစ်ကား ကဗျာတစ်ပုဒ်လောက်တော့ ကြုံရင်ကြုံသလို ရေးကောင်းရေးဖြစ်လိမ့်မယ်။ ချက်ပြုတ်ခြင်းဆိုတာလည်း ဘဝရဲ့အချိန်ပေးနိုင်တဲ့အရာတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါဟာ စိတ်ဓာတ်ကျစရာတွေမရှိတဲ့ ရုပ်ရှင်တစ်ခုဖြစ်ကောင်းဖြစ်လိမ့်မယ်။ The Zen Diaryက ဒီလိုတကယ်နေနေတဲ့ ဘဝတစ်ခုအကြောင်းကို ဇင်အတွေးအခေါ်တွေနဲ့ ရစ်သိုင်းထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ သဘောကျစရာကောင်းတာက ပူစရာတွေ မရှိနေတာတော့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့လည်း သူ့ဘဝထဲရောက်လာတဲ့အပူတွေကို သူရင်ဆိုင်ဖြေရှင်းပုံတွေကိုပြထားတာလည်းလှတယ်။ ဇင်ဒိုင်ယာရီဟာ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုထားတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရတယ်။ ပြောလို့ပြောတာတော့မဟုတ်ပါဘူး။ ကျရှုံးမှုတွေနောက်ပိုင်းမှာ အေးချမ်းမှုကို ပြန်တွေ့သွားကြတဲ့ရုပ်ရှင်တွေကို ကျွန်တော်တို့သဘောကျကြတယ်မလား။ ကျွန်တော်တို့ဟာ အမြဲတမ်း ကျရှုံးနေတဲ့လူတွေပဲ။ ဇင်ဒိုင်ယာရီကတော့ တော်တော်လေးလက်တွေ့ကျတယ်။ ဇင်ဒိုင်ယာရီဟာ မမြဲခြင်းတရားတွေအောက်မှာပဲ တည်နေတယ် File Size : 2.2 GB / 1 GB Quality : WEB-DL 1080p / 720p Running Time : 1hr 51min Format : Mkv and Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

Science Fiction • Adventure • Action
6.7 2022 112 mins
The Zen Diary
Kabali
6.4

ခပ်ကြမ်းကြမ်းအက်ရှင်ကားတွေကြိုက်နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်.. IMDb ကတော့ 6.4 ပဲဖြစ်ပါတယ် သူ့နာမည်က ကာဘာလီ..လူတိုင်းလေးစားရတဲ့သူတစ်ဦးဖြစ်သလို ဂိုဏ်းစတားတစ်ဦးလည်းဖြစ်ပြန်တယ်.. သူဟာ လူအများကြီး ရုန်းရင်းဆန်ခတ် ဖြစ်တဲ့နေရာမှာ မတရားစွပ်စွဲခံရပြီး ထောင်ဒဏ် ၂၅ နှစ်တိတိချမှတ်ခြင်းခံခဲ့ရတယ် သူ့မိသားစုတစုလုံးဟာလည်း..အဲ့ရုန်းရင်းဆန်ခတ်ဖြစ်တဲ့နေရာမှာ အကုန်လုံးသေဆုံးခဲ့တယ်.. လူမသေပေမယ့် ဘဝသေသွားတဲ့ ကာဘာလီ.. ကံကောင်းထောက်မစွာနဲ့ ပြန်လွတ်လာတဲ့အခါမှာ သူချစ်ရတဲ့မိသားစု..အတွက်.. သူ့ကိုမကောင်းကြံခဲ့တဲ့သူတွေကို ပြန်လည်ရှာဖွေရေးစတင်ပါတော့တယ်.. ဒီလိုနဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့…………… Genre….. Action, Crime, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 2.81GB | 1.5GB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Encoder ….. Aaron

6.4 2016
Kabali
Taste of Freedom
6.6

ဒီကားလေးကတော့ ၂၀၂၃ ကထွက်ရှိခဲ့တဲ့အပြင်မှာတကယ်ရှိတဲ့ ယူကရိန်းဟင်းချက်စာအုပ်ကိုအခြေခံထားတဲ့ Comedy/Romance ရုပ်ရှင်‌လေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့… အဆင့်မြင့်တဲ့စားသောက်ဆိုင်တစ်ခုမှာစာဖိုမှူးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက်ကသူ့ဇာတိရွာသေးသေးလေးကနေထွက်ပြေးလာရင်နဲ့နာမည်ကျော်စာဖိုမှူး Olga Franko ရဲ့ ၁၉၂၉ကရေးခဲ့တဲ့ဟင်းချက်စာအုပ်ကိုရှာတွေ့သွားတာကနေစပြီးတော့ သူကြုံ‌တွေ့လာရတဲ့အခက်အခဲတွေသူ့ဘဝပြောင်းလဲသွားပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရူရမယ့်စာဖိုမှူးရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.7 GB)/(925 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:57:00 Genre… Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

6.6 2023 116 mins
Taste of Freedom
Stealing Jokes
4

Stealing Jokes (2024) ဟာသလောကရဲ့နောက်ကွယ်ကဖြစ်ရပ်တွေ၊ ဟာသတွေ ခိုးယူခံရခြင်းတွေနဲ့ပတ်သက်ပြီး အပြင်လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူရွှင်တော်တွေရဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ ဟာသကားတစ်ကားဖြစ်ပါတယ်။ လူရွှင်တော် Jake Burman နဲ့ သူ့သူငယ်ချင်းတွေက ပထမဆုံးဖျော်ဖြေရေးပွဲမှာ ပိုက်ဆံမရတာကြောင့် ပိုက်ဆံကို လုယက်ခဲ့ကြတယ်။ လုလို့ရလာတဲ့ပိုက်ဆံတွေနဲ့ ခရီးထွက်လာတဲ့လမ်းမှာ ကောင်မလေးနှစ်ယောက်နဲ့ တွေ့ခဲ့ပြီး ပိုက်ဆံတွေအကုန်လုံး ဓားပြတိုက်ခံလိုက်ရတယ်။ သူတို့လုယက်ခဲ့တဲ့ပိုက်ဆံတွေက လူဆိုးဂိုဏ်းတစ်ခုရဲ့ ငွေတွေဖြစ်နေတဲ့အခါမှာ ဂိုဏ်းစတားအဖွဲ့က သူတို့နောက်ကို လိုက်နေခဲ့တာကြောင့် လုလာတဲ့ပိုက်ဆံတွေကို ပြန်ဆပ်နိုင်ဖို့ ဖျော်ဖြေပွဲတစ်ခုကိုလုယက်ဖို့ စီစဉ်ခဲ့ကြတယ်။ သူတို့စီစဉ်ထားသလို အောင်မြင်စွာ လုယက်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားမှာပဲ ကြည့်ရှုလိုက်ရအောင်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.9 GB) / (880 MB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Comedy Duration…. 01:29:29 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su Mon

Romance • Comedy • Horror
4 2024 88 mins
Stealing Jokes