YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

My Lovely Journey (2025) E06 720p WEB-DL [RMC].mp4

461.89 MB 720p video/mp4 2 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Athena
6.6

အသီနာဆိုတဲ့ပြည်နယ်လေးမှာ ပြည်သူတွေမကြာခဏ ရဲအရာရှိတွေ အကြမ်းဖက်ခံရပေမယ့် ဒီပြည်နယ်ငယ်လေးကို ဘယ်သူမှအရေးမလုပ်ကြတာကြောင့် အကြမ်းဖက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာပါတယ်။ ၂ လအတွင်းမှာ တတိယအကြိမ် ရဲဘက်အကြမ်းဖက်မှုဖြစ်ပြီး ရဲဝတ်စုံနဲ့လူတွေက အီဒီရာဆိုတဲ့လူငယ်လေးကို ရိုက်နှက်ပြီး သတ်လိုက်တဲ့ဗီဒီယို ပျံ့သွားချိန်မှာတော့ အစိုးရနဲ့လူထုကြား တင်းမာမှုတွေဖြစ်လာပါတော့တယ်။ အီဒီရာရဲ့အစ်ကိုကြီးဖြစ်သူ အက်ဘ်ဒဲလ်ကတော့ စစ်သားတစ်ယောက်ပီပီ အစိုးရကိုယုံကြည်ပေမယ့် ကာရင်းမ်ကတော့ အစိုးရကိုအယုံကြည်မရှိတဲ့ လက်ယာဝါဒီအစွန်းရောက်ပီပီ အဓိကရုဏ်းတွေကို အစပျိုးရင်းနဲ့ ပြင်သစ်တစ်နိုင်ငံလုံး အကြမ်းဖက်မှုတွေ ပျံ့နှံ့သွားစေပါတယ်။ အကြမ်းဖက်မှုနဲ့ ညီဖြစ်သူအတွက် တရားမျှတမှုကို ကိုယ်တိုင်တိုက်ယူရမယ်လို့ ယုံကြည်ထားတဲ့ ကာရင်းမ်၊ စစ်သားပီပီ ဥပဒေအတိုင်းလိုက်နာရင်းနဲ့ အစိုးရကဖြေရှင်းပေးမယ်လို့ယုံကြည်တဲ့ အက်ဘ်ဒဲလ်၊ ဒီကြားထဲမှာမှ စီးပွားရေးထိခိုက်လို့ အထိကရုန်းတွေဖြစ်မှာကို လိုက်လံတားဆီးနေတဲ့ အစ်ကိုအကြီးဆုံးမော့ခ်တာ ဒီလိုမတူညီတဲ့အယူအဆအသီးသီးနဲ့ အဓိကရုဏ်း မှာ ဘာ‌တွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ Athena ဆိုတဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 799MB | 417MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... August

Drama • History
6.6 2022 97 mins
Athena
Semantic Error: The Movie
8.8

Semantic Error ဆိုတဲ့ စီးရီးလေးကို ကြည့်ဖူးတဲ့သူတွေကတော့ ဒီဇာတ်လမ်းလေးနဲ့ အကျွမ်းတဝင်ရှိကြမှာပါ။ ဒီမူဗွီလေးကတော့ စီးရီးအပြီးမှာ ထပ်မံထွက်ရှိလာတဲ့ မူဗွီလေး။ ကွန်ပြူတာသိပ္ပံမေဂျာက အမှန်တရားရဲ့ဘက်တော်သားလေးချူဆန်းဝူက ဖြောင့်မတ်ပြီး အေးတိအေးစက်နိုင်သူလေးပါ။ ဘယ်လောက်အသည်းမာလဲဆိုရင် ချူဆန်းဝူတစ်ယောက် ကျောင်းမှာ အဖွဲ့လိုက် Presentationလုပ်ဖို့ဖြစ်လာတဲ့အချိန် သူတစ်ယောက်တည်းပဲ ဒိုင်ခံလုပ်ရလို့ အခြားအဖွဲ့ဝင်တွေနာမည်ကို လူသိရှင်ကြားဖျက်ပြီး သူ့နာမည်ကိုသာ Presentationမှာရေးခဲ့တဲ့အထိပါပဲ။ ချူဆန်းဝူမသိလိုက်ဝာာကတော့ သူ့လုပ်ရပ်ကြောင့် စီနီယာကျောင်းသားဖြစ်သူ ဂျန်ဂျယ်‌ယောင်းရဲ့ ပညာရေးမှတ်တိုင်က ထင်သလိုမဖြစ်တော့ဘဲ တိုင်ပတ်သွားပါတော့တယ်။ ဂျန်ဂျယ်ယောင်းကတော့ ဒီဇိုင်းမေဂျာက လူချစ်လူခင်ပေါများပြီး ဆန်းဝူနဲ့ဆန့်ကျင်ဘက်စတိုင်ရှိတဲ့သူပါ။ နိုင်ငံခြားပညာတော်သင်သွားမယ့် ဂျန်ဂျယ်ယောင်းဟာ ဆန်းဝူကြောင့် သူ့ရဲ့မဟာစီမံကိန်းကြီးပျက်ရလို့ ပြဿနာရှင်းဖို့ ဆန်းဝူကို မရမက စရှာပါတော့တယ်။ ဒီလိုနဲ့ စရိုက်မတူတဲ့ သူတို့နှစ်ယောက် အတူတူတွဲလုပ်ဖို့အကြောင်းဖန်လာပြီး အစအနောက်သန်တဲ့ဂျန်ဂျယ်ယောင်းနဲ့ ရေခဲတုံးလေးချူဆန်းဝူတို့ကြားမှာ ထူးခြားတဲ့သံယောဇဉ်လေးတစ်မျိုး စတင်ရစ်ပတ်ချည်‌နှောင်လာတဲ့အခါမှာတော့ ... ရည်းစားမရှိတဲ့ CMပရိသတ်ကြီးတို့ကပဲ စောင်ကိုက်ပြီး ဆက်လက်ရှုစားပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Khine Khine Wai ပါ။) File Size          : 2.1GB, 969MB, 517MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 58mins Genre              : Drama, Romance Translated by Ei Phyu Khin & Khine Khine Wai Encoded by Kinnov

Horror • Mystery • Thriller
8.8 2022 177 mins
Semantic Error: The Movie
BTS: Permission to Dance on Stage – LA
9

BTS Permission To Dance On Stage – LA 2022 ကျွန်မတို ARMY တွေ အလုအယက် မှောင်ခိုကြည့်ခဲ့ရတဲ့ ဒီ LA Concert ကြီးကို သီချင်းတွေက အစ မြန်မာဘာသာပြန်နဲ့ CM မှာ အကြည်အပြည့်အဝကြည့်ရပါတော့မယ် သီချင်းစာသားတွေကအစ ခရမ်းရောင်ကို သုံးပေးထားပါတယ်။ ကိုဗစ်ကာလနားနေခဲ့ရာမှာ ပြန်လည်စတင်ခဲ့တဲ့ BTS ရဲ့ PTD Concert တွေထဲက တစ်ခုဖြစ်ပြီး LA က ARMY ပေါင်းများစွာနဲ့ အကြီးအကျယ်ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲကြီးဖြစ်ပါတယ် သီချင်းပေါင်း များစွာကိုဖျော်ဖြေသွားတဲ့အပြင် အမှတ်တရစကားလေးတွေ ပြောသွားကြတာ အရမ်းကြည်နူးစရာကောင်းပြီး မန်ဘာ ၇ ယောက်နဲ့ ARMY တွေအတွက် မမေ့နိုင်စရာ ပျော်စရာအခိုက်အတန့်လေးတွေဖြစ်ခဲ့တာပေါ့နော် ကျွန်မတိုကိုယ်တိုင် အတူမရှိခဲ့ရပေမဲ့ ဒီပွဲဟာ ကိုယ့်အနားမှာ ဖျော်ဖြေနေသလို ခံစားရစေတဲ့အတွက် (မှောင်ခိုကြည့်ပြီးသားဆိုရင်လည်း) အမှတ်တရဒေါင်းပြီး သိမ်းထားလိုက်တော့နော် BTS ?ARMY BORAHAE!! အညွှန်းကိုတော့ Khaing Khin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM ARMY ပဲ ဖြစ်ပါတယ်။ Genre….. Music Quality…. 1080p | 720p | 480p File size… 5.78GB | 2.74GB | 1.18GB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. CM ARMY Encoder ….. August

Action • Adventure • Fantasy • Science Fiction
9 2022
BTS: Permission to Dance on Stage – LA
Moving On
6.5

Moving On(2022) **************** ကလဲရာ၊ အက်ဗ်လင်းနဲ့ ဂျွိုက်စ်တို့ဟာ ကောလိပ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ပြီး အိမ်ထောင်ကိုယ်စီကျသွားလို့ ဝေးသွားကြသူတွေပါ။ အဘွားအရွယ်ကိုရောက် မြေးတွေရလို့ရနဲ့ ဘဝရဲ့သက်တမ်းအတော်များများကိုဖြတ်သန်းပြီးခဲ့ကြပါပြီ။ ဒီလိုနဲ့ ဂျွိုက်စ် ကွယ်လွန်သွားတဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူရဲ့အသုဘကိုလာရင်း လေဒီကြီးနှစ်ယောက်ပြန်ဆုံစည်းမိကြပါလေရော။ ဇာတ်လမ်းကခုမှစမှာပါ။ သူတို့ဒီအသုဘကို လာခဲ့တာက အခြားရည်ရွယ်ချက်တွေ ကိုယ်စီကိုယ်စီနဲ့ပါ။ ပြောရရင် ကလဲရာဟာ ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူနဲ့က ရန်ကြွေးတွေရှိလို့ အသေသတ်ဖို့ကြံနေတာပါ။ အက်ဗ်လင်းကလည်း ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူကိုမကြည်တဲ့အကြောင်းရှိလို့ ကလဲရာကိုကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နှစ်ပေါင်းလေးဆယ်ကျော်ကြာခဲ့တဲ့ သူတို့ကြားက ရန်ငြိုးကဘာဖြစ်မလဲ၊ လေဒီကြီးနှစ်ယောက်ကရော ဘယ်လိုအတူတကွပူပေါင်းလုပ်ကြံမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comdedyဇာတ်ကားလေးဖြစ်ပါတယ်။ File Size :(1.4GB) and (521MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:25:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

6.5 2022
Moving On
Mendarat Darurat
6.1

“တစ်ခုပြောပြမယ်ကွာ ၊ မင်းက ဖောက်ပြန်ပြန် မပြန်ပြန် အရေးမကြီးဘူး…. သူကတော့ ဖောက်ပြန်တယ်ပဲ ထင်နေမှာ ဒါဆိုရင် တကယ်ဖောက်ပြန်လိုက်တာမှ ကောင်းဦးမယ် အနည်းဆုံးတော့ ပျော်ရတာပေါ့….” အဲ့ဒီလို နားယောင်ကောင်းပြီး အတတ်ကောင်းတွေတတ်မယ့် သူကတော့ အိမ်ထောင်ရှင် ယောကျာ်းဖြစ်တဲ့ ဂလန်ပါ…။ အိမ်ထောင်သက်တမ်းကြာလာတဲ့အလျှောက် ဂလန်တစ်ယောက် ဇနီးဖြစ်သူ မာယာဆီက ဗျစ်တောက်တောက်နဲ့ နေ့မအားညမနား ဖောက်ပြန်တယ် ချည်းပဲစွပ်စွဲခံရ ပူညံ့ပူညံ့ဆူခံရပါတော့တယ်…။ ဘယ်လောက်ထိ ပူညံ့ခံရလည်းဆို အမြဲလိုလို ဘယ်ရောက်‌ရောက် ဘာလုပ်လုပ် ဓာတ်ပုံရိုက်ပြီး မိန်းမကိုအစီရင်ခံတင်ပြရသူပါ…။ တကယ်ဖောက်ပြန်တာလည်း မဟုတ်ဘဲ ခဏခဏ နားငြီးလာတော့ ပုရိသသားပီပီ ဂလန်ဟာ ရုံးကသူ‌ဌေးမြှောက်ပေးတဲ့ “တကယ်ဖောက်ပြန် လိုက်တာမှ ကောင်းဦးမယ်”ဆိုတဲ့ စကားကိုနားယောင်ပြီး ဖောက်ပြန်ဖို့ကြံပါတော့တယ်…။ အရံသင့်ချင်တော့ ရုံးကလုပ်ဖော်ကိုင်ဖက်လေး ကာနီယာကလည်း သူ့ကိုသဘောကျနေပြီးသားဖြစ်နေလေရဲ့…။ ဒီတော့ ဂလန်တစ်‌ယောက် မိန်းမမသိအောင် ခြေရှုပ်ဖို့ကြံရင်းက ဘာတွေဆက်ဖြစ် ကြမလဲဆိုတော့ ဒီ အင်ဒို comdey romance ကားလေးထဲမှာကြည့်ရှုနိုင်ပါပြီ..။ File size…1.34GB / 650MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Horror • Thriller
6.1 2022
Mendarat Darurat
My Mom’s New Boyfriend
5.2

My Mom’s New Boyfriend (2008) ဒီကားလေးကတော့ Romance Comedy ရောထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါး ရယ်စရာလေးတွေနဲ့ အပျင်းပြေ ကြည့်ရှုလို့ရမှာပါ။ တစ်ခေတ်တစ်ခါရဲ့ Romcom Queen တစ်ပါးဖြစ်ခဲ့တဲ့ Meg Ryan နဲ့ ဇောရိုးမင်းသားကြီး Antonio Banderas ပါတဲ့အပြင် Selma Blair နဲ့ Tom Hanks ရဲ့သား Colin Hanks တို့ပါ ပါဝင်ထားလို့ လူစုံတက်စုံလို့ ပြောရမှာပါပဲ။ လူငယ် FBI Agent တစ်ယောက်ဖြစ်တဲ့ ဟင်နရီက ၃နှစ် ကွင်းဆင်းပြီးတော့ အမေ့အိမ်ကို ပြန်ရောက်လာတာကနေစပါတယ်။ အဲဒီအချိန်မှာ အရင်က ဝတုတ်ကြီးဖြစ်ခဲ့တဲ့ သူ့အမေက ဝိတ်တွေကျ၊ ပိန်ပိန်ပါးပါး၊ ခန္ဓာကိုယ်လှလှ၊ စမတ်ကျကျနဲ့ စော်အလန်းတပွေဖြစ်နေပြီး ဘဲတွေထည်လဲတွဲနေတဲ့ အမိုက်စားလေးပေါ့။ ဟင်နရီတို့စုံတွဲ အိမ်ရောက်ပြီး တစ်ရက်အတွင်းမှာပဲ သူ့အမေ မာတီက တွမ်မီဆိုတဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့ပြီး ရင်းနှီးသွားတယ်။ တွမ်မီက စီးပွားရေးအကြံပေး ဟန်ဆောင်ထားတဲ့ နိုင်ငံတကာ အနုပညာလက်ရာ သူခိုးတစ်ယောက်ဖြစ်ပြီး သူတို့မြို့မှာရောက်နေတဲ့ ဘာနီနီ ကျောက်ဆစ်ရုပ်ကို ခိုးယူဖို့ ကြိုးစားနေတာပါ။ မာတီနဲ့ တွမ်မီနဲ့ ကြိုက်နေတဲ့အချိန်မှာမှ တွမ်မီ သူခိုးဆိုတာကို ဟင်နရီသိသွားတယ်။ သူ့အထက်လူကြီးတွေက တွမ်မီတို့ ရုပ်ထုခိုးမယ့်အကြံကို တားဆီးပြီး တွမ်မီကို ဖမ်းချင်လို့ တွမ်မီနဲ့ သူ့အမေကို စောင့်ကြည့်ဖို့ ဟင်နရီကို တာဝန်ပေးလိုက်တယ်။ အချစ် ဥပဒေအမိန့် သားသမီးသံယောဇဉ်တွေ ရောယှက်ရှုပ်ထွေးကုန်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ… သူ့အမေအိပ်ခန်းထဲ အသံဖမ်းစက်တပ်ပြီး ခိုးနားထောင်တာကနေ မဟုတ်ကဟုတ်ကအသံတွေ ကြားကုန်တာတွေရော… အလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရင်း ရယ်မောလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 655MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 59Min Genre – Comedy, Crime, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

5.2 2008 97 mins
My Mom’s New Boyfriend
The Graduate
8

“မစ္စရော်ဘင်ဆင် ခင်ဗျားကျွန်တော့်ကိုဖြားယောင်းဖို့ကြိုးစားနေတာပဲ” အသက် ၂၀အရွယ် လူငယ်ကလေးတစ်ယောက်ရဲ့နှုတ်က ထွက်လာသောစကားသံများ။ လိုက်ဖက်ညီစွာ ကင်မရာAngleက ထိုအမျိုးသမီးကြီးရဲ့ပေါင်တံအောက်မှာ။ “ငါ့ယောကျ်ားပြန်လာဖို့က နာရီနဲ့ချီကြာဦးမှာ။ ပြန်မလာခင်ထိငါ့ကိုဝိုင်းစောင့်ပေးပါဦး ” “ကျွန်တော် ပိုက်ဆံအိတ်ကိုအဝနားမှာပဲချခဲ့မယ်နော်” “ဘန်ဂျမင် ကြောင်တောင်တောင်တွေလုပ်မနေတော့ဘဲ အခန်းထဲကိုလာပေးလိုက်တော့” “လာမပေးတာကောင်းလိမ့်မယ်ဗျာ” အီလိန်းအခန်းထဲတင်ပဲ လာခဲ့ ” ခြိမ်းခနဲ တံခါးပိတ်သံနဲ့အတူ မြင်ကွင်းရှေ့ပေါ်ထွက်လာတဲ့ အမျိုးသမီးရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အဝတ်ဗလာကိုယ်ခန္ဓာ။ မနေ့တစ်နေ့မှကောလိပ်ကပြန်ရောက်လာတဲ့ ငတိတစ်ယောက် ထိုအမျိုးသမီးကြီးရဲ့ကျားကွက် စားကွက်အောက် အလွတ်မရုန်းနိုင်ခဲ့ပြန်။ ကာမတဏှာရဲ့နှိုးဆော်မှုနဲ့အတူ လူငယ်လေးကိုပါ မိုက်ပြစ်ကျူးလွန်စေမဲ့ အပြစ်သားအဖြစ်အတူဆွဲခေါ်ခဲ့တယ်။ သူမ ကဘယ်သူလဲ… သူ(မ) တိုက်ကြီး ကားကြီး ဇိမ်ခံအသုံးအဆောင်တွေနဲ့ လိုချင်တာရနိုင်တဲ့ ငွေကြေးပြည့်စုံတဲ့ ဘဝ။ သူ(မ)ဘယ်တော့မှ မတင်းတိမ်နိုင်ဘူး။ သူ(မ) ငတ်မွတ်နေတယ်။ ဆာလောင်နေတယ် ။ တကယ်တည်းက သူ(မ) အထီးကျန်နေတယ်။ မထင်မှတ်ဘဲ ရရှိခဲ့တဲ့ကိုယ်ဝန်ကြောင့် အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်ရေးက ပြဿနာလည်းမရှိ။ ဒုက္ခလည်းမရှိခဲ့။ တစ်ဖန်သုခလည်း မရှိပြန်။ သမီးကျောင်းတက် ယောကျ်ားအလုပ်သွား။ မစ္စရော်ဘင်ဆင် အိမ်မှာတစ်ယောက်ပဲကျန်ခဲ့တယ်။ ဒီလမ်းကိုရွေးဖို့မစတင်ခဲ့ပေမဲ့ မစ္စရော်ဘင်ဆင်ရဲ့ဇာတ်လမ်းက ဒီမှာစတင်ခဲ့တယ်။ Dee Dee Dee…Mrs.Robinson အပြစ်ကျူးလွန်နေတဲ့ မစ္စရော်ဘင်ဆင် ငရဲမှာမခံစားချင်ရင်တော့ ဘုရားမှာဆုတောင်းပါတော့။ ကိုယ့်ကိုကိုယ်ကူကယ်နိုင်မဲ့နိုင်ဖို့ ကူညီပေးချင်တယ်။ ဒီမှာထပ်မံထည့်သွင်းရေးသွားချင်တာက ရုပ်ရှင်တစ်လျှောက်ထည့်သွင်းထားတဲ့ Simon & Garfunkel ရဲ့သီချင်းများနဲ့ တေးဂီတgenre အမျိုးအစားရဲ့ အကြောင်းပါ။ အိမ်ကိုပြန်လာပေမဲ့ နွေးထွေးမှုမရှိဘူး။ အိမ်ဟုတ်မနေဘူး။ နွေးထွေးမှုရဖို့ သူ(မ) အခြားနည်းနဲ့ရှာတယ်။ ဒါပေမဲ့ တစ်ခါပြီးဆုံးသွားတိုင်း အဲ့အရာကိုလုံလောက်အောင်မခံစားရပြန်ဘူး။ ဒီလိုနဲ့ သူကြိမ်ဖန်များစွာ ဒီလမ်းမတွေထက်လျှောက်နေခဲ့တာ ကြောင်ခံတွင်းပျက်ကြီးတောင် ဖြစ်နေခဲ့ပြီ။ ဘေးလူတွေကတော့ ဝိုင်းသနားကြမှာပါတဲ့ မစ္စရော်ဘင်ဆင်။ ဒါပေမဲ့ ဒီအပြစ်တွေကျူးလွန်ထားတဲ့ လျှို့ဝှက်ချက်ကိုဘယ်လောက်ဖုံးဖုံး ကိုယ်တိုင်ကတော့ သိနေတာပါပဲ။ ဘုရားသခင်ကတော့နားလည်မှာပါ။ နောက်ငရဲမီးမှာမလောင်မြိုက်ချင်ရင် နွံတွင်းကထွက်ပြီး ဘုရားမှာဆုတောင်းရင် မီနိုင်ပါဦးမယ်။ ဒီမှာစဥ်းစားစရာက သူ(မ) ဒီလိုလုပ်ခဲ့တာပေါင်းမနည်းတော့ပေမဲ့ ဘာလို့မိတ်ဆွေသူငယ်ချင်းရဲ့ သားလေးကျမှ မလွှတ်နိုင်တခဲခဲဖြစ်ရတာလဲ။ လူငယ်တွေရဲ့အချစ်ဇာတ်လမ်းကိုဆေးမဲခြယ်ပြီး ကိုယ့်ဆန္ဒပြည့်ဝဖို့ကို သမီးရဲ့ချစ်သူနဲ့တောင် ကွဲအောင်လုပ်တဲ့ထိ မာနထားခဲ့ရတာလဲ။ ကိုယ့်သမီးကိုတောင် ကိုယ်မနာလိုဖြစ်မိခဲ့ရတာလဲ။ ဒီတစ်နေရာမှာ သမီးနဲ့ထိုယောကျ်ားမပေါင်းရဖို့အရေးဇောက သားအမိသံယောဇဥ်ကိုပါ ရန်မီးခြားစေတဲ့အထိဖြစ်သွားရတယ်။ ဒီပြဿနာမီးအားလုံးရှို့စေလောက်တဲ့ အထိ မစ္စရော်ဘင်ဆင်ဘာလို့အတ္တကြီးတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့ရတာလဲ။ မစ္စရော်ဘင်ဆင်တစ်ယောက်မခံစားနိုင်တော့ဘူး။ မျက်မြင်ရှေ့မှာတင် ကိုယ်တပ်မက်ရတဲ့ယောကျ်ားတစ်ယောက်က ကိုယ့်ကိုကျော်ပြီး သမီးကိုစွဲလမ်းသွားတဲ့ အဖြစ်က မစ္စရော်ဘင်ဆင်ကို ခေါင်းကြီးစေခဲ့တယ်။ အတ္တကို အထွတ်အထိပ်ရောက်စေခဲ့တယ်။ အဘက်ဘက်မှာ ရှုံးနိမ့်နေတဲ့မစ္စရော်ဘင်ဆင်တစ်ယောက် မရရတဲ့နည်းနဲ့ အနိုင်ယူဖို့ကြိုးစားရင်းနဲ့ ဒဿဂီရိဖြစ်ခဲ့ပုံကို ဒါရိုက်တာကပီပြင်စွာ သရုပ်ဖော်သွားတယ်။ တစ်ဖက်ကကြည့်ရင်တော့ ယောကျ်ားကလည်းကိုယ့်ကိုမတပ်မက် အချစ်ရေးမှာလည်းအနိုင်မရ မေတ္တာငတ်မွတ်အထီးကျန်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ သနားစရာဇာတ်လမ်းလို့လည်း ပြောလိုက်လို့ရပါဦးမယ်။ သရုပ်ဆောင်တွေအဖြစ်နဲ့ Dustin Hoffman၊ Katharine Ross နဲ့ မစ္စရော်ဘင်ဆင်အဖြစ် Anne Bancroft တို့ကပါဝင်သရုပ်ဖော်ထားပါတယ်။ နောက်ခံသီချင်းတွေအနေနဲ့လည်း ဇာတ်လမ်းသရုပ်ဖော်သီချင်းဖြစ်တဲ့ Mrs.Robinson အပြင် Scarborough Fair ၊ April comes she will တို့လို Simon & Garfunkel ရဲ့လက်ရာမြောက်တေးသွားတွေ ထည့်သွင်းထားတာ အလွန်သဘောကျစရာကောင်းပါတယ်။ April, come she will When streams are ripe and swelled with rain May, she will stay Resting in my arms again June, she’ll change her tune In restless walks she’ll prowl the night July, she will fly And give no warning to her flight တစ်ချိန်က နာမည်ကြီးအောင်မြင်ခဲ့တဲ့ရုပ်ရှင်ကိုဂီတများအပါအဝင် ပရိသတ်များအပြည့်အဝခံစားနိုင်အောင် အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးထားပါတယ်။ (ဘာသာပြန်နှင့်အညွန်းရေးသားသူကတော့ Nwe Hnin Thazin ဖြစ်ပါတယ်) File size… 1.49 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

8 1967 106 mins
The Graduate
Rajathanthiram: The Piano
9

Rajathanthiram: The Piano (2023) “စန္ဒယားတစ်လုံးရဲ့ လျှို့ဝှက်ချက်” IMDb – 9.5/10 တခါတုန်းက အာရူမူဂမ်ဆိုတဲ့ စန္ဒယားဆရာတစ်ယောက်ကို သူ့ရဲ့စိတ်ထားကောင်းမွန်မှုကြောင့် အင်္ဂလိပ်ကြီးတစ်ယောက်က သစ်သားဘူးလေးတစ်ဘူး လက်ဆောင်ပေးသွားခဲ့တယ်။ အာရူမူဂမ်ဟာ အဲဒီသစ်သားဘူးကို စစ်ဆေးကြည့်တဲ့အခါမှာတော့ အလွန်တရာတန်ဖိုးကြီးမားလှတဲ့ ပန်းရောင်စိန်တုံးကြီးကို တွေ့ရှိခဲ့တယ်။ သူ့သူငယ်ချင်း စန္ဒယားဒီဇိုင်းပညာရှင်နဲ့ပူးပေါင်းပြီး လျှို့ဝှက်ခန်းပါတဲ့ စန္ဒယားတစ်လုံးဖန်တီးကာ အဲဒီစိန်တုံးကြီးကိုဖွက်ထားခဲ့တယ်။ စန္ဒယားက လျှို့ဝှက်ခန်းကိုဖွင့်ဖို့အတွက် ထူးခြားတဲ့တေးသွားတစ်ပုဒ်ဖန်တီးပြီး အပိုင်းလေးပိုင်းခွဲလို့ သူ့သားသမီးလေးယောက်ကို တပိုင်းစီ သင်ကြားပေးခဲ့ပေမယ့် စိန်တုံးရှိတဲ့လျှို့ဝှက်ချက်ကိုတော့ မပြောခဲ့ပါဘူး။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ အာရူမူဂမ်တစ်ယောက် အယ်လ်ဇိုင်းမားရောဂါခံစားလာရပြီး စန္ဒယားထဲက စိန်တုံးကြီးကို သူပါမေ့လျော့သွားခဲ့ပါတော့တယ်။ သူတို့မိသားစုကလည်း ပြဿနာတွေ တစ်ခုပြီးတစ်ခုတက်နေတဲ့ကြားမှာမှ အန္တရာယ်များလှတဲ့ လူတစ်စုက ဒီလျှို့ဝှက်ချက်ကို သိသွားတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Animation • Action • Adventure • Comedy • Family • Science Fiction
9 2023
Rajathanthiram: The Piano
Little Miss Rawther
7.9

Little Miss Rawther (2023)”အချစ်ရူးမလေး မိရော်သာ” ======================================= IMDb 8.3/10 စီအမ် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် Little Miss Rawther ဆိုတဲ့ မလျာလမ်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်လေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ နိုင်နာရော်သာဆိုတဲ့ ကောင်မလေးဟာ အရာဝတ္ထုတွေ အစီအစဉ်တကျဖြစ်မနေရင် ရင်ဘက်ထဲ ကျလိကျလိဖြစ်တတ်တဲ့ OCD ရောဂါပိုင်ရှင် အရပ် ၅ ပေ ဝန်းကျင်ကောင်မလေးပဲဖြစ်ပါတယ်။ သူ့ဘဝမှာ အခက်အခဲဆိုလို့ သူများမျက်နှာ မော်ကြည့်ရတာလောက်သာ ရှိပြီး ဘဝကို သက်တောင့်သက်သာဖြတ်သန်းနေရတဲ့ ကံကောင်းသူလေးပေါ့။ သူဟာ အရပ်ငါးပေဝန်းကျင်သာ ရှိပေမဲ့ သူ့ရဲ့ ရည်းစားဦး အာဘီဂျစ်ကတော့ အရပ် ၆ ပေကျော်တဲ့ ကလန်ကလားကိုကိုပဲဖြစ်ပါတယ်။ အာဘစ်ဂျစ်ကတော့ နီနာ့လို ဖယောင်းလမ်းကို သက်တောင့်သက်သာလျှောက်ခွင့်မရဘဲ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အခက်အခဲတွေကြားမှာ ဘဝကို ကန့်လန့်တိုက်ဖြတ်သန်းနေရတဲ့ မအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမဲ့ အရပ်ကစလို့ အစစအရာရာကွာခြားနေတဲ့ သူတို့နှစ်ယောက်ကြား မတူညီမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ရယ်ရယ်မောမောကြည့်ရှုခံစားကြရမှာပါ…။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.9 2023
Little Miss Rawther
Pamali
5.5

ဒီရုပ်ရှင်လေးကတော့ အင်ဒိုနီးရှား horror game “Pamali”ကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ… အင်ဒိုနီးရှားယုံတမ်းပုံပြင်တစ်ခုကို ပဟေဠိဆန်ဆန်ဗီဒီယိုဂိမ်းအဖြစ် ထုတ်ဝေခဲ့တုန်းက လူကြိုက်များခဲ့သလို အခုတစ်ခါမှာတော့ ရုပ်ရှင်အဖြစ်မြင်တွေ့ရမှာပါ “Pamali”ဆိုတာက ဘာသာရေး၊ ယုံကြည်မှုတို့အရ မလုပ်သင့် မလုပ်အပ်သည်ကို ညွှန်းချင်တာပါ…။ ငယ်ငယ်တုန်းကဆိုကြားဖူးကြမှာပါ… ညဘက်ကြီးလက်သည်းမညှပ်နဲ့၊ ညဘက်အိမ်ပြန်လာရင် ဖတ်၊ဖတ်၊ဖတ် သုံးခါရွတ်တို့ ဘာတို့ပေါ့….။ မဟုတ်ရင် မကောင်းဆိုးဝါးကပ်တတ်တယ်ဘာညာပေါ့….။ ခုဇာတ်လမ်းလေးကလည်း ဒီလိုတားမြစ်ချက်တွေကို မလိုက်နာမိလို့ ကံကြမ္မာဆိုးဝင်ခဲ့ရတဲ့ မိသားစုအကြောင်းပုံပြင်လေးပါ…။ အင်ဒိုကားတွေက သိပ်ညွှန်းစရာမလိုအောင် သူ့ရသနဲ့သူရှိပြီးသားမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဗျာ… File size…1.51 GB / 554 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action • Comedy
5.5 2022 99 mins
Pamali
Room 0

Room 0 (2024) အချိန်နဲ့ပတ်သက်ပြီးတော့ ဇာတ်ကားတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ တကယ်ကောင်းတဲ့ ဇာတ်ကားဆိုတာရှားပါတယ်။ ဒါပေမဲ့ ဒီကားလေးမှာတော့ အချိန်နဲ့ပတ်သက်ပြီးတော့ ရိုက်ထားတာလေးက ထူးထူးခြားခြားနဲ့ ကြည့်ကောင်းလှပါတယ်။ တခြား အချိန်နဲ့ပတ်သက်တဲ့ကားတွေဆို ဇာတ်ကောင်တွေကများ ဇာတ်လမ်းတွေကလဲ ဆရာကြီးအထာနဲ့ ဘာတွေမှန်းမသိ ကြည့်ပြီးရင်တောင် ဘာမှန်းမသိလိုက်လို့ သူများတွေပြန်ရှင်းပြထားတာတွေ သွားသွားဖတ်နေရတာ။ ဒါပေမဲ့ ဒီကားမှာတော့ ဇာတ်ကောင်က တစ်ယောက်ထဲ ဇာတ်ဝင်ခန်းကလဲ အခန်းလေးတစ်ခုထဲ ဒါပေမဲ့ ဇာတ်လမ်းကိုကြည့်နေရင်း သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုပြီး မွန်းကြပ်နေမိမှာတော့ အမှန်ပဲ။ ဒီလိုဇာတ်လမ်းမျိုးတွေက ရိုက်လေ့ရိုက်ထမရှိကြပေမဲ့ ရိုက်လိုက်ရင်လဲ တကယ်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းတွေပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုပဲ ဆက်ပြောလိုက်ရအောင်။ မိန်းမပျိုလေးတစ်ယောက် ငွေအသဲအသန်လိုနေတဲ့အတွက် သူ့ကောင်လေးကနေတဆင့် ငွေတွေအများကြီးအလွယ်ရမဲ့ အလုပ်တစ်ခုကို ရှာခိုင်းခဲ့ပါတယ်။ အလုပ်ကလဲ ခက်ခက်ခဲခဲဘာမှမရှိပါဘူး မိုတယ်တစ်ခုကအခန်းတစ်ခုကိုသွားပြီး လာပေးတဲ့ ပါဆယ်ကိုယူထားရုံပါပဲ။ နောက်မှ လာတောင်းတဲ့သူကိုပြန်ပေးရမှာပါ။ ဒါပေမဲ့ လာပေးတဲ့ သေတ္တာလေးက ထူးထူးဆန်းဆန်းတွေဖြစ်လာပြီးတော့ ဒီအခန်းကျဉ်းလေးထဲမှာပဲ သူတစ်ယောက်ထဲ ပိတ်မိသွားတဲ့အခါမှာတော့ …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller, Sci-fi Quality…. 1080p | 720p File size… 749MB | 314MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2024
Room 0
A Shine of Rainbows
7.1

သက်တန့်အလင်းရောင် “A Shine of Rainbows” ရတော့ ကြည်နူးစရာဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အိုင်ယာလန်က မိဘမဲ့ကလေး တောမတ်စ်ဟာ စရိုက်ကြမ်းတဲ့ မိဘမဲ့ဂေဟာတခုမှာ အထီးကျန်ဆန်စွာနေထိုင်ပြီး ဘဝကို ရင်ဆိုင်နေရတာပါ။ သူက လူကောင်‌သေးပြီး ရှက်ရွံ့တတ်သလို စကားထစ်တာကြောင့် ဂေဟာမှာ အနိုင်ကျင့်ခံနေရပါတယ်။ ‌ဒါပေမဲ့ အပြုံးအလှပိုင်ရှင် မိုင်ယာဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံတဲ့အခါမှာတော့ တောမတ်စ်ရဲ့ဘဝက တဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။ သူ့ရဲ့စိတ်ဝိညာဉ်နဲ့ နှလုံးသားကို တောက်ပစေတဲ့ မိုင်ယာဟာ သူ့ကို သဘာဝကျွန်းတခုမှာ ခေါ်ယူမွေးစားပြီး ခင်မင်ရင်းနှီးမှု၊ လက်ခံမှုနဲ့ ချစ်ခြင်း မေတ္တာရဲ့စွမ်းအားတွေကို ရှာဖွေတွေ့ရှိစေခဲ့ပါတယ်။ သဘာဝတရားနဲ့ သက်တန့်အလင်းရောင်ရဲ့ သာယာအေးချမ်းတဲ့ အလှအပတွေထဲမှာ တောမတ်စ်ဟာ အတိတ်က ဒဏ်ရာတွေကို ကုစားတတ်ဖို့ သင်ယူပြီး ပိုမိုတောက်ပတဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ကို ရှာဖွေနေပုံကို ကြည်နူးဆွတ်ပျံ့စွာခံစားရမယ့် မိသားစုဒရာမာဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ File size…1.86GB / 869MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Romance • Fantasy • Horror
7.1 2009 101 mins
A Shine of Rainbows
Kisah Tanah Jawa: Pocong Gundul
6.8

ဒီဇာတ်ကားကတော့ ကျောတချမ်းချမ်းနဲ့ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမယ့် အင်ဒိုနီးရှားနိုင်ငံသရဲကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ခေတ်နောက်ပြန်ဆွဲနိုင်စွမ်းရှိပြီး အတိတ်ကို အချိန်ခရီးသွားရင်း အဖြစ်အပျက်တွေကို မြင်နိုင်စွမ်းရှိတဲ့ Hao ဟာ မထင်မှတ်ဘဲ ပျောက်ဆုံးသွားတဲ့ ကျောင်းသူလေး Sari ကို ပြန်လည်ရှာတွေ့အောင် ကြိုးစားခဲ့ပါတယ်။ ကျောင်းတက်ရင်း ရုတ်တရက် ကျောင်းဝန်းထဲမှာ ပျောက်ဆုံး သွားတဲ့ Sari ကို ဟောင်က သူ့အစွမ်းအစနဲ့ရှာဖွေတဲ့အခါ ကျောင်းသူလေးကို ပြန်ပေးဆွဲသွားခဲ့တဲ့ သင်္ချိုင်းဖုံးမှာ ရစ်ပတ်နေတဲ့ ခေါင်းပြောင်တစ္ဆေကြီးပိုချောင်နဲ့ ထိပ်တိုက် တွေ့ခဲ့ပါတယ်။ ဟောင်ရဲ့လုပ်ရပ်တွေကို မနှစ်မြို့တဲ့ ခေါင်းပြောင်တစ္ဆေကြီး ပိုချောင်ဟာ ဟောင်နောက်ကိုလိုက်လာပြီး ဒုက္ခပေးဖို့ ကြိုးစားပါတော့တယ်။ ဒီအခါမှာတော့ ဟောင်နဲ့သူ့ကောင်မလေး ရီဒါတို့ကြားမှာ ရင်တုန်စရာ အဖြစ်အပျက်တွေက ဆက်တိုက် ဖြစ်ပျက်လာခဲ့ပြီး ဟောင်က ပိုချောင်ရဲ့အတိတ်ကို စူးစူးစိုက်စိုက် ကြည့်ရင်း သူ့ရဲ့ဇစ်မြစ်နဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေဖော်ထုတ် သွားမှာဖြစ်ပါတယ်။ ဆယ်နှစ်တကြိမ် လူတွေကိုဒုက္ခပေးနေတဲ့ ခေါင်းပြောင်တစ္ဆေကြီးကို ဟောင်တယောက် ဘယ်လိုပညာပေး သွားနိုင်မလဲဆိုတာ သဘာဝလွန်ဖြစ်ရပ်တွေ၊ သည်းထိတ် ရင်ဖိုစရာတွေနဲ့ အင်ဒိုနီးရှားရိုးရာပုံပြင်တွေကို ပေါင်းစပ်ပြီး ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ File size…1.26GB / 487MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Thriller • Horror
6.8 2023
Kisah Tanah Jawa: Pocong Gundul
Hello!
7.3

Hello (2017) IMDb: 7.3/10 Genre: Action/Romance ဒီရုပ်ရှင်ကို “ငယ်ကချစ်နှစ်တစ်ရာ” လို့ပဲဆိုမလား၊ “နဖူးစာရွာလည်တယ်” လို့ပဲဆိုမလားမသိတော့ပါဘူး။ တော်တော်လေးကို ရင်ထဲကလိကလိဖြစ်စေတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုဆိုရင်လည်းမမှားပါဘူး။ Serendipity ကိုကြည့်ဖူးတဲ့လူတွေဆိုရင်တော့ ဒီဇာတ်လမ်းလေးက ဆင်သယောင်ယောင်ဖြစ်နိုင်ပေမယ့် ပြန်တွေးကြည့်တော့လည်း သိပ်မဆင်ပြန်ပါဘူး။ ပြောချင်တာကတော့ ရင်ထဲမှာနွေးကနဲဖြစ်သွားစေမယ့် ဇာတ်လမ်းလေးပါ။ အတော်လေးလည်း ကြည်နူးဖို့ကောင်းပါတယ်။ ဇာတ်ညွှန်း ဂျန်နူးဆိုတာကတော့ အနေအထားကြီးတဲ့ မိသားစုက တစ်ဦးတည်းသောသမီးလေးဖြစ်ပါတယ်။ ဆီနူးဆိုတာကတော့ မိဘမဲ့လမ်းဘေးက ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ နောက်တစ်နေ့မှာဘာဆက်ဖြစ်မလဲတောင်မသိတဲ့ ဆီနူးဆိုတဲ့ကောင်လေးနဲ့ ဂျန်နူးလိုကောင်မလေးမျိုးက ဖူးစာပါတယ်လို့ပြောရင် ယုံချင်စရာတောင်မရှိပါဘူး။ သူတို့နှစ်ယောက်ဟာ ငယ်ဘဝမှာ အတော်လေးကို ခင်တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်ခဲ့ပြီး ကံအကောင်းအကြောကင်းမလှတော့ နှစ်ယောက်ဝေးကွာခဲ့ရပါတယ်။ အချစ်တွေများစစ်လာရင် လမ်းက မဖြောင့်ဖြူးတတ်ပါဘူး။ ဝေးကွာလိုက်တာမှမဖြစ်နိုင်လောက်တဲ့အထိပါပဲ။ လမ်းမရှိတဲ့အမှောင်ထုထဲမှာ အပ်ပျောက်ရှာပုံတော်ဖွင့်နေရသလိုပါပဲ။ ကိုဗဒင် ရဲ့ နေရာ(၂)သီချင်းထဲကလိုပဲပေါ့ “ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်အမြဲတမ်းပဲရှင်းလင်းထားပါတယ်” တဲ့။ ဒီစာသားလေးထဲကလိုပဲ အချိန်တွေဘယ်လောက်ကြာကြာ တစ်ဦးတည်းသောသူအတွက် ပြန်လာလို့ ရအောင် နှလုံးသားတစ်ခါးကိုဖွင့်ထားတတ်ကြပါတယ်။ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမယ့် တကယ့်တကယ် ချစ်သောသူနှစ်ယောက်ဝေးကွာတဲ့အခါမှာတော့ ကမ္ဘာကြီးကထင်သဘောလည်း ကျဉ်းမနေပါဘူး။ဂျန်နူးနဲ့ဆီနူးတို့နှစ်ယောက်ရဲ့ ကံတရားကဘယ်လိုများအကြောင်းဖန်လာမှာလဲ။ ကျွန်တော်ကတော့ တော်တော်လေးကိုသဘောကျဖို့ကောင်းတယ်လို့ပဲပြောပါရစေခင်ဗျာ။ File size… 2.7 GB / 1.3 GB Quality… WEBRip 1080p / 720p Format… mp4 Duration…. 2h 11m Genre ….. Action/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

7.3 2017 131 mins
Hello!
Hustle & Flow
7.3

Hustle & Flow ဆိုတဲ့ ဒီကားက ဘဝမှာ ရုန်းကန်နေကြရတဲ့သူတိုင်း .. ကြိုးစားနေတဲ့သူတိုင်း ကြည့်ရမယ့် ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားထဲမှာ အောင်မြင်တဲ့ ရက်ပါ တစ်ယောက် ဖြစ်အောင် ကြိုးစားနေတဲ့ ဖျာခေါင်းတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြ ပေးထားတာဖြစ်ပါတယ်။ ဖျာခေါင်းတစ်ယောက်ဟာ သူ့ဘဝကို သူကိုယ်တိုင် မရှက်ဘဲ ဘဝရဲ့ ဆင်းရဲ မွဲတေမှုတွေကြားထဲက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့အကြောင်း၊ ဂီတဖန်တီးတဲ့အခါ ဘယ်လို အခက်အခဲတွေ ကြုံရတတ်သလဲဆိုတဲ့အကြောင်းနဲ့ သူ့ဘဝအကြောင်း တွေကို ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းရှင်းရှင်း ရွတ်ထားတဲ့ ရက်ပ် စာသားတွေအကြောင်း ဒီကားထဲမှာ ကြည့်ရှုလေ့လာခွင့် ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားထဲမှာ တကယ့် အပြင်က ရက်ပါ Ludacris လည်း ပါဝင် အားဖြည့်ပေးထားပါသေးတယ်။ ဒီဇာတ်ကားက လူရာမသွင်းခံရတဲ့ ဖျာခေါင်းတစ်ယောက်ရဲ့ ဘဝကိုပဲ ရိုက်ပြပေးထားတာ မဟုတ်ပါဘူး။ ဘဝမှာ ဘာတွေပဲ အခြေအနေတွေ ဘယ်လောက်ဆိုးဆိုး ကိုယ့်မှာ ရှိတဲ့ အင်အားနဲ့ ရှေ့ဆက် ကြိုးစားတဲ့ သူတစ်ယောက်အကြောင်း ရိုက်ပြပေးထားတာလည်းဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ အိပ်မက်တွေ .. မျှော်လင့်ချက်တွေအကြောင်း အရမ်းကောင်းတဲ့ မက်ဆေ့နဲ့ ကြည့်ရှုသူတွေ ခွန်အားဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားတစ်ကားကို ရှာနေတယ်ဆိုရင်တော့ ဒီကားက သေချာပေါက် ကြည့်ရမယ့် ဇာတ်ကားပါပဲ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ BZW ပဲ ဖြစ်ပါတယ် ) File size…3.57GB / 1.53GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 56m Genre ….. Crime , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

7.3 2005 116 mins
Hustle & Flow