YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

My Love Mix-Up TH 2024 S01E05 720p CM.mp4

277.39 MB N/A video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Internship
6.3

Billy McMahon နဲ့ Nick Campbell တို့ဟာ အလွန်တော်တဲ့ အရောင်းသမားတွေ ဖြစ်ကြပါတယ်။ အလုပ်လည်း ကြိုးစားကြသလို သူတို့ဘဝဟာ ခိုင်မာတယ်လို့ မြင်ခဲ့ကြပါတယ်။ ကံကြမ္မာ အလှည့်အပြောင်းမှာတော့ သူတို့ရဲ့ နာရီကုမ္ပဏီဟာ လုပ်ငန်းဖျက်သိမ်းလိုက်တာကို မသိလိုက်ကြပါဘူး။ အသက်ကြီးမှ ခက်ခက်ခဲခဲ အလုပ်လိုက်ရှာကြတဲ့အခါမှာလည်း ခက်ခဲပြီး စိတ်ဓာတ်ဆိုးဝါးတဲ့ အလုပ်ရှင်တွေနဲ့ပဲ တွေ့ရပါတယ်။ နောက်ဆုံး Billy ဟာ အင်တာနက်ကနေတဆင့် အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Google ကို သုံးပြီး အလုပ်ရှာနေတဲ့ Billy ဟာ Google က ခေါ်တဲ့အလုပ်တစ်ခုကို တွေ့ပါတယ်။ အဲဒီအလုပ်ဟာ အမြဲတမ်းအလုပ် မဟုတ်သေးပဲ အလုပ်သင်အနေနဲ့ ခေါ်တာ ဖြစ်ပေမယ့် Bill က စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ တိုက်တွန်းတာကြောင့် Nick လည်း စိတ်ပါသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို အွန်လိုင်းကနေ အင်တာဗျူးတဲ့အခါ သက်ဆိုင်ရာနယ်ပယ်မှာ အတွေ့အကြုံလည်း မရှိ၊ အသက်အားဖြင့်လည်း အတော်ကြီးနေပေမယ့် ရှေးရိုးမဆန်ပဲ သွက်လက်တဲ့ အဖြေကြောင့် အလုပ်သင်အဖြစ် ရွေးချယ်ခံရပါတယ်။ သူတို့ Google ကို ရောက်တဲ့အခါမှာတော့ စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေထဲမှာသာ မြင်ဖူးတဲ့ နည်းပညာတွေကို စတင်တွေ့ရှိရပါတော့တယ်။ ဒါ့အပြင် တခြားကုမ္ပဏီတွေလို မဟုတ်ပဲ အစစအရာရာ အလကား အသုံးပြုနိုင်တဲ့အပြင် လုပ်ငန်းခွင်အတွင်း အနားယူချိန်မှာလည်း ပြည့်ပြည့်ဝဝနဲ့ သက်တောင့်သက်သာ အနားယူနိုင်တာကြောင့် သူတို့နှစ်ယောက် သဘောကျသွားကြပါတယ်။ ပြဿနာကတော့ အလုပ်သင်တွေကို အဖွဲ့ခွဲ၊ အဖွဲ့လိုက်ပြိုင်ပွဲ ကျင်းပပြီး အနိုင်ရတဲ့ အဖွဲ့ကသာ Google မှာ အလုပ်ရဖို့ အာမခံမှာ ဖြစ်ပါတယ်။ သူတို့နဲ့ အတူ ပါဝင်ရမယ့် သူတွေဟာ တက္ကသိုလ် ပြီးကာစ လူငယ်တွေ ဖြစ်ပြီး အသက်အရွယ်ကြောင့် သူတို့နဲ့ ဘယ်သူကမှ အဖွဲ့မဖွဲ့ချင်ကြပါဘူး။ နောက်ဆုံး သူတို့အဖွဲ့မှာ ဘယ်သူကမှ မခေါ်ချင်တဲ့လူတွေချည်း ကျန်နေခဲ့ကြပါတယ်။ Nooglers လို့ခေါ်တဲ့ ဒီအလုပ်သင်တွေဟာ အုပ်စုဖွဲ့ပြီး သူတို့ကို ပေးအပ်လာမယ့် တာဝန်ကို စောင့်နေကြရပါတယ်။ သူတို့အဖွဲ့ထဲမှာ Stuart လို့ခေါ်တဲ့ သူ့ဖုန်းကိုပဲ စိတ်ဝင်စားသူ၊ Yo-Yo လို့ခေါ်တဲ့ အိမ်မှာပဲ စာသင်ဖူးပြီး ပြင်ပလောကကို ခုမှ စတင်ထိတွေ့သူ၊ Neha လို့ခေါ်တဲ့ ပေါက်ကရတွေးတတ်တဲ့ ကောင်မလေးတို့ ပါဝင်လာပြီး အဖွဲ့ခေါင်းဆောင်ကတော့ သူ့ရဲ့ စိတ်မလုံခြုံမှုကြောင့် အမြဲတမ်းလိုလို တက်ကြွချင်ယောင်ဆောင်နေတဲ့ Lyle ဆိုတဲ့ Google က ဝန်ထမ်းငယ်လေးပါ။ Mr. Chetty ဟာ ဒီအလုပ်သင်တွေကို အကဲဖြတ်ပေးမယ့်သူဖြစ်ပြီး သူတို့အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ၊ အားကစားနဲ့ နည်းပညာပိုင်းမှာ ဘယ်လို အကျွမ်းတဝင်ရှိသလဲဆိုတာတွေကို လေ့လာစောင့်ကြည့်နေပါတယ်။ Billy နဲ့ Nick ရဲ့ ရှေ့ခရီးဟာ ဘာတွေ ဖြစ်လာမလဲ။ မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာပြီး လူတွေနဲ့ အဆင်မပြေတဲ့ သူတို့အဖို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ။ သူတို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက ဘာတွေလဲ။ သူတို့ထက် အင်အားကြီးမားသူတွေ၊ ငယ်ရွယ်ထက်မြက်သူတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။ ဒါရိုက်တာ Shawn Levy ရိုက်ကူးပြီး Vince Vaughn နဲ့ Owen Wilson တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ The Internship ဇာတ်ကားဟာ Google ကို ကြော်ငြာပေးတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ လူမှုဘဝဟာသတွေနဲ့ Google ရဲ့ လူသစ်စုဆောင်းမှုကို ပေါင်းစပ်ထားပြီး အရောင်းမြှင့်တင်ရေး သဘောမျိုး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Vince Vaughn နဲ့ Owen Wilson တို့ အတူပူးတွဲပါဝင်တဲ့ တတိယမြောက် ဟာသဖာတ်ကားလည်း ဖြစ်ပါတယ်။ IMDb မှာ Rating 6.3 ပေးထားပေမယ့် Rotten Tomatoes မှာတော့ Tomatometer 34% ပဲ ပေးထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဇာတ်ကား ကြည့်ချင်သူတွေ၊ ခေတ်သစ် ဟာသအရသာ ခံစားချင်တဲ့သူတွေ၊ ဘဝအတွက် ရည်မှန်းချက် ပျောက်ပြီး စိတ်ညစ်နေသူတွေ ကြည့်သင့်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဝေဖန်သူအများစုကတော့ Google ကို အလွန်အမင်း ပုံရိပ်မြှင့်တင်ပေးထားခြင်းနဲ့ ကြော်ငြာဆန်နေခြင်းကို အပြင်းအထန် ဝေဖန်ထားကြပါတယ်။ အလုပ်ခွင်မှာ စိတ်ညစ်နေသူတွေအတွက်တော့ အပန်းဖြေကြည့်ရှုစရာ ဇာတ်ကားတစ်ကား ဖြစ်ပါလိမ့်မယ်။ File size…2.18GB / 970MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi

Drama • Mystery • Thriller
6.3 2013 119 mins
The Internship
Mad Heidi
6

ဒီဇာတ်ကား‌လေးက ဆွစ်ဇာလန်က Alps တောင်တန်းတွေမှာ ဇာတ်အိမ်စတည်ထားပြီး အသည်းတစ်ခြမ်း မိန်းမကြမ်းကားကိုမှ ဟာသလေးနည်းနည်းနှောပြီးကြည့်ရမယ်ကားလေးပါပဲ။ ဟာသနှောဆိုပေမယ့် ခပ်ပေါ့ပေါ့ကားတော့မဟုတ်ဘဲ သွေးထွက်သံယိုနဲ့ကြည့်ရမှာပါ။ ဖြစ်ကြောင်းကုန်စင်ကတော့ အဲ့အချိန်အခါက ဆွစ်ဇာလန်မှာ ဆွစ်ချိစ်ကို မစားရင်၊ ချိစ်မှာပါတဲ့ နို့သကြားဓာတ်ကိုမခံနိုင်ရင် ရာဇဝတ်မှုဆိုပြီး ဖမ်းဆီးသတ်ဖြတ်ခံရပါတယ်တဲ့။ အဲ့အမိန့်ချတဲ့ ဆွစ်ခေါင်းဆောင်ကြီးဟာဆိုရင်ဖြင့် သူ့ချိစ်ကို ပြည်တွင်းမှာတင်မက နိုင်ငံအနံ့တင်ပို့ပြီး ကမ္ဘာကို အပိုင်သိမ်းချင်နေတာပါ။ တောင်ပေါ်သူ ဟိဒ်ဒီလေးရဲ့ ချစ်သူဆိတ်ပီတာဟာ အဲ့ကိစ္စနဲ့ပတ်သက်ပြီး အသတ်ခံလိုက်ရလို့ ကလဲ့စားချေလိုမှုကစတာပါပဲ။ အသည်းတစ်ခြမ်းနဲ့ မုဆိုးမ မိန်းမကြမ်းကြီး ဟိဒ်ဒီတစ်ယောက် ဘယ်လိုကလဲ့စားချေမလဲ? ကမ္ဘာကိုရောကယ်တင်နိုင်မလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ ဆွစ်ဇာလန်သူလေးရဲ့အဖြစ်ကို ဆွဇ်ဇာလန်ရိုးရာ လက်နက်တွေ၊ ဝတ်စုံတွေအပြင် ဆွစ် ချိစ် လှိုင်လှိုင်နဲ့ ကြည့်ရမယ့်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို ကို Themes က ရေးပေးထားပါတယ်။) File Size          : 1.9GB, 886MB, 418MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 32mins Genre              : Thriller Translated by Themes Encoded by Kinnov

Horror
6 2022 92 mins
Mad Heidi
The Harbinger

The Harbinger (2022) ပုဗ္ဗနိမိတ် (သို့) ရှေ့တော်ပြေး ဆိုတဲ့ခေါင်းစဥ်အတိုင်း Omen လို နိမိတ်တွေကို အဓိကထားတာ မဟုတ်ဘဲ Devil ရဲ့ ရှေ့တော်ပြေးအကြောင်းကို ရိုက်ကူးထားတဲ့ Horror, Thriller အမျိုးအစားပါ။ ဒန်နီယယ်တို့ဟာ တစ်ချိန်တုန်းက သိပ်ကိုပျော်စရာကောင်းတဲ့ မိသားစုလေးပါ။ ယခုအခါမှာတော့ သမီးလေး ရိုဆလီရဲ့ ထူးဆန်းတဲ့အပြုအမူတွေနဲ့အတူ အလုပ်ကိစ္စကြောင့် တစ်မြို့ပြီးတစ်မြို့ပြောင်းရွေ့နေထိုင်ကြပါတယ်။ ဒီတစ်ခါရောက်သွားတဲ့ မြို့လေးမှာတော့ မိမိကိုယ်ကို သတ်သေမှုတွေ ဆက်တိုက်ဆိုသလို ကြုံလာရတယ်။ အမှုတိုင်းမှာလည်း ရှေးဟောင်းပစ္စည်းလေးတစ်ခုက ရှိနေတယ်။ အဲဒီမြို့လေးမှာ ကျိန်စာသင့်နေတယ်လို့ သမုတ်ကြတဲ့ မူလဇာတိသား အင်ဒီးယန်းလူမျိုးစုတွေရဲ့ ​နယ်မြေလည်း ရှိနေပြန်တယ်။ ဒီသတ်သေမှုတွေက ဒန်နီယယ်တို့ မိသားစုနဲ့ ဘယ်လိုပတ်သတ်နေမလဲ မူရင်း အင်ဒီးယန်းလူမျိုးတွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုအားပေးရင်း ရင်ဖိုနိုင်ရန် ညွှန်းဆိုလိုက်ပါရစေ… (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 730MB Quality – 1080p, 720p Format – mp4 Duration – 1H 54Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama • Fantasy • Horror • Thriller
0 2022 114 mins
The Harbinger
Have a Nice Day!
6.7

Have a Nice Day!(2023) ********************** Enrique Guerrero ဆိုတဲ့ လူဟာ radio host အနေနဲ့ La bomba ဆိုတဲ့အမျိုးသမီးနဲ့အတူ Rock and roll သီချင်းတွေကို တင်ဆက်တဲ့လူ လုပ်ခဲ့ပါတယ်….. ဒါပေမယ့် တကယ့်တကယ် အစီအစဉ်အောင်မြင်လာတာတော့ ရေဒီယိုဌာနက သူ့ကိုပစ်လိုက်ပြီး La bomba နဲ့ပဲ ဆက်လက် လုပ်ဆောင်ပါတော့တယ်… La bomba ဟာ သူ့ဘဝရဲ့ တစ်ဦးတည်းသောချစ်ရတဲ့ အမျိုးသမီးလေးလည်း ဖြစ်ပြန်ပါတယ်… တစ်နေ့တော့ ရေဒီယိုဌာနက သူတို့နှစ်ယောက်အတွက် ဂုဏ်ပြုပွဲလေးလုပ်ပေးဖို့ ဖိတ်စာရောက်လာပါတယ် … အဲ့ဒီပွဲလေးတက်မှ သူ့ငယ်ချစ်ဦးလေး La bomba နဲ့အတူ တွေ့နိုင်မှာမို့လို့ အဲ့ဒီပွဲကို သွားဖို့ ပိုက်ဆံတွေစုပါတော့တယ်… အဲ့ဒီပွဲနေ့ရောက်လာတဲ့နေ့မှာတော့ သူမမျှော်လင့်ထားတွေဖြစ်ပါတော့တယ်… File Size :(1.5GB) and (697MB) Quality : NF.WEB-DL1080P,720p Format…mp4 Duration…01:33:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

6.7 2023 93 mins
Have a Nice Day!
Against the Sun
6.5

ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံသန်းရင်း ပျောက်ဆုံးသွားကြတဲ့ လေယာဥ်တွေ၊ သင်္ဘောတွဆိုတာ ဒုနဲ့ဒေးပါ။ ပျောက်ဆုံးရာကနေ အသက်ရှင်လျက်ပြန်လာနိုင်သူက အနည်းအကျဥ်းပဲရှိပါတယ်…။ ဒီဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံရင်း ရေပေါ် ထိုးဆင်းခဲ့ရတဲ့ အမေရိကန်စစ်သားသုံးဦးရဲ့ ဖြစ်ရပ်မှန်လေးပါ။ ရေတပ်လေယာဥ်မှူး Harold Dixon၊ ဗုံးကြဲသမား Tony Pastula နဲ့ ရေဒီယိုသမား Gene Aldrich တို့သုံးဦးအကြောင်းပါ။ တစ်ကားလုံး သူတို့သုံးဦးနဲ့ပဲ ဇာတ်အိမ်ဖော်ရိုက်ကူးထားပါတယ်…။ သူတို့ရဲ့လေယာဥ်ဟာ ကင်းထောက်တာဝန်တစ်ခုနဲ့ ကင်းလှည့် နေတုန်း မိခင်သင်္ဘောနဲ့ ရေဒီယိုမမိဖြစ်ကာ အဆက်အသွယ် ပြတ်သွားပါတယ်…။ရေဒီယိုမမိတော့ တည်နေရာမသိတော့ဘူး…။ ဆက်လက်ပျံသန်းရင်းနဲ့ ဆီကုန်ပြီး ပျက်ကျမယ့် အခြေအနေရောက်နေပါပြီ…။ မတတ်သာတဲ့အဆုံး လေယာဥ်မှူး Harold Dixonဟာ ရေပြင်ပေါ်မှာ အရေးပေါ်ဆင်းပြီး လာကယ့်မယ့် အစီအစဥ်ကိုပဲ စောင့်နေရပါတယ်…။ တစ်ရက်ပြီးတစ်ရက်သာကြာသွားတယ် ကယ်ဆယ်မယ့်လေယာဥ်လည်းမလာ…၊ တစ်နေ့ တစ်နေ့ အပြောကျယ်တဲ့ ပင်လယ်ကြီးကိုသာထိုင်ကြည့်ရင်း… ရန်သူနဲ့အရင်တွေ့သမား သေမင်းနဲ့အရင်တွေ့မလား ဖြစ်နေပါပြီ… ဒီလို ဖောင်တစ်စီးနဲ့ လူသုံးယောက်..လှော်တက်၊စားစရာ၊ရေ ဘာတစ်ခုမှမရှိဘဲ သမုဒ္ဒရာထဲမှာ မိုင်တစ်ထောင်ကျော်ဖြတ်ခဲ့ကြပုံကို အမှန်အတိုင်းမြင်တွေ့ရမယ့် survivalဆန်ဆန် Biography movieလေးဖြစ်ပါတယ်…။ File size…2.26GB / 1.18GB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 40m Genre ….. Biography , Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama • Horror • Mystery
6.5 2014 99 mins
Against the Sun
The Front Runner
6.1

Genre – Drama, History, Biography IMDB – 6.1/10 ၁၉၈၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ သမ္မတနေရာအတွက် ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်အမတ်လောင်းတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အမတ်လောင်းနေရာကိုတော့ ကျွန်တော်တို့ မင်းသားကြီး Hugh Jackman က သရုပ်ဆောင်ထားပြီး Conjuring အပနှင် ကျွမ်းကျင်သူ Vera Famiga နဲ့ ဇာတ်ပို့မင်းသားကြီးဖြစ်တဲ့ JK Simmon တို့လည်း ပါဝင်ထားတဲ့ သမိုင်းနောက်ကြောင်းခံ နိုင်ငံရေးကားပါ။ ၁၉၈၄ ခုနှစ်မှာ ကော်လိုရာဒိုက လွှတ်တော်အမတ် ဂယ်ရီဟာ့တ်ဟာ တခြားတစ်ယောက်ဖြစ်သူကို ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်မှာ အမေရိကန်သမ္မတဖြစ်ဖို့အတွက် ဝင်ရွေးကောက်ပွဲ ပြိုင်ပါတော့တယ်။ ကမ်ပိန်းတလျှောက်လုံး အဆင်ပြေပြီး တစ်ပြေးနေတဲ့အချိန်ကျမှ သတင်းထောက်တစ်ယောက်ကို ဂယ်ရီ စိန်ခေါ်လိုက်ရာကနေ ပြဿနာတွေ ဖြစ်ပါတော့တယ်။ သူက အဲဒီသတင်းထောက်ကို ပိတ်ရက်တွေ ကမ်ပိန်းလုပ်မနေတဲ့အချိန် ဇရှိရင် နောက်ကလိုက်ကြည့်ပေါ့ မင်းပျင်းတောင်ပျင်းသွားမယ်ဆိုပြီး စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ တစ်ဖက်မှာလည်း ဒီ အမတ်လောင်းနဲ့ ဖောက်ပြားနေတာရှိပါတယ်ဆိုပြီး သတင်းပေးတဲ့ လူတွေကလည်းပေးဆိုတော့ Miami Herald သတင်းစာတိုက်ကနေ နောက်ကွယ်ကချောင်းမြောင်းလိုက်ရာကနေ ဇနီးသည်မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အိမ်မှာ ညအချိန်ကုန်ဖြုန်းပါတယ်ဆိုပြီး သတင်းမပြည့်စုံရာကနေ အမြန်နာမည်ကြီးချင်တာနဲ့ တင်လိုက်တဲ့ အချိန်မှာတော့…။ လွှတ်တော်အမတ်လောင်းတစ်ယောက်ရဲ့ အခက်အခဲဒုက္ခတွေ ဖိအားတွေ၊ သတင်းစာတိုက်တွေရဲ့ စည်းမစောင့်မှုတွေ၊ နိုင်ငံရေးလောကက လူတွေရဲ့အကြောင်းတွေ ရိုက်ကူးထားတဲ့ နိုင်ငံရေးအခြေစိုက် ဖြစ်ရပ်မှန်ကားပါ။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းကိုတော့ Thura Aung မှ ရေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ Thura Aung , Elizabeth Khant ဖြစ်ပါတယ် ) File size…2.09GB / 803MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung & Elizabeth Khant

6.1 2018 113 mins
The Front Runner
Velayudham
6.1

Velayudham 2011 ( IMDb 6.1/10) ပရိတ်သတ်များအချစ်တော် စွယ်စုံရမင်းသားဗီဂျေးရဲ့ ရုံတင်ငွေအရလဲအောင်မြင်ခဲ့ပြီး ဇာတ်လမ်းအရလဲ ရသစုံလင်တဲ့ ဇာတ်ကားကောင်းတွေကို CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးပါရစေ ဇာတ်လမ်းအစမှာတော့ အိန္ဒိယတောင်ပိုင်းမှာ လူကုန်ကူးမှုတွေ ဗုံးခွဲမှုတွေကို စီစဉ်နေတဲ့အဖွဲ့ကို ဝင်ရောက်သတင်းထောက်တဲ့ မင်းသမီးတို့ သူငယ်ချင်းသုံးယောက်နဲ့စပါတယ်… လူဆိုးတွေက သူတို့ကို သတင်းခိုးယူနေတာသိလို့ လိုက်သတ်တဲ့အခါမှာ မင်းသမီးက ဓားဒဏ်ရာနဲ့လွတ်သွားပြီး ကျန်တဲ့နှစ်ယောက်ကသေဆုံးသွားပါတယ်.. လူဆိုးတွေလဲ ကံဆိုးချင်တော့ အပြန်မှာ အက်ဆီးဒင့်ဖြစ်ပြီး သေသွားပါတယ်… အဲ့ဒါကို မင်းသမီးက အမှန်တရားဘက်တော်သား ဗယ်လာယူဒမ်က လုပ်ကြံခဲ့တာလို့ စာရေးခဲ့ပြီး ဘတ်မန်းလိုမျိုး နာမည်ကြားတာနဲ့ လူဆိုးတွေကြောက်ရွံ့မဲ့ အမှတ်အသားတစ်ခုကို စတင်ဖန်တီးခဲ့ပါတော့တယ် နာမည်အရင်းက တကယ့် ဗယ်လာယူဒမ်ဖြစ်တဲ့ ရွာသားတွေ ဗယ်လူလို့ခေါ်ကြတဲ့ ဗီဂျေးကတော့ ဒါတွေကိုဘာမှမသိပဲ သိပ်ချစ်ရတဲ့ ညီမလေးကိုခေါ်ပြီး မြို့တက်လာခဲ့တဲ့ တောသားလေးပါ ဒါပေမဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး ဗယ်လူဟာ ဗယ်လာယူဒမ်ဖြစ်လာတဲ့အခါ…. ဇာတ်လမ်းလေးလန်းသလို ဗီဂျေးရဲ့ အချစ်အကြမ်းအကခန်းတွေနဲ့ မြိုင်ဆိုင်တဲ့အပြင် ဂိမ်မာတွေအတွက် Assassin Creed စတိုင် ဗီဂျေးရဲ့ သောက်ကြမ်းကြီး ဗယ်လာယူဒမ်ကို ခံစားကြည့်ရှုနိုင်ဖို့ ပြန်လည်ကာရှာဖွေတင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Drama • Crime
6.1 2011
Velayudham
Maria Full of Grace
7.4

IMDB 7.4 ရရှိထားတဲ့ ကိုလံဘီယာဘတ်ဂျတ်ရုပ်ရှင်တစ်ကားပါ။ ဘတ်ဂျတ်ရုပ်ရှင်ဆိုပေမဲ့ သရုပ်ဆောင်ချက်တွေက လက်ဖျားခါစရာပါပဲ။ ကိုလံဘီယာက အမှီအခိုကင်းပြီး စိတ်ဓာတ်ပြင်းတဲ့ ၁၇ နှစ်အရွယ် မာရီယာဟာ ထိုက်သင့်သလောက် လခမရတဲ့ ပန်းထုပ်ပိုးတဲ့အလုပ်မှာ လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ဘဝက အသုံးမကျတဲ့ရည်းစား ဝမ်ကြောင့် စိတ်ပျက်စရာကောင်းသလို မျှော်လင့်မထားဘဲ ကိုယ်ဝန်ရသွားပြီး အလုပ်ရှင်နဲ့ ဆက်ဆံရေးအဆင်မပြေလို့ အလုပ်ထွက်လိုက်ပြီးတဲ့နောက်မှာ ပိုဆိုးလာတော့တယ်။ အစ်မနဲ့အမေဖြစ်သူရဲ့ ဖိအားကြောင့်ရော ငွေကြေးအခက်အခဲရောကြောင့် မာရီယာဟာ မူးယစ်ဆေးတို့လိုမျိုး တရားမဝင်ပစ္စည်းတွေပို့ဆောင်ပေးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အမေရိကားကိုသွားရတဲ့ သူ့ရဲ့ပထမဆုံးပို့ဆောင်မှုမှာတင် အခြေအနေက ထင်သလိုဖြစ်မလာခဲ့ဘဲ အဆိုးဘက်ကိုပဲ ဆက်သွားနေတဲ့အခါ နောက်ဆုံးမှာ မာရီယာနဲ့ သူ့ကလေးဟာ ဘေးကင်းတဲ့အနာဂတ်တစ်ခု ရလာနိုင်မလားဆိုတာကိုတော့… File size… 2 GB / 958 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

7.4 2004 101 mins
Maria Full of Grace
Amerikatsi
7.2

Amerikatsi (2023) ~ IMDb – 7.2/10, Rotten Tomatoes – 88% ~ Amerikatsi ဟာ သူ့ Tagline နဲ့ တော်တော်လိုက်ဖက်တဲ့ ရုပ်ရှင်တစ်ကားလို့ပြောရမယ်။ ပြောရရင် ဒီဇာတ်ကားတစ်ခုလုံးရဲ့ Point of View ဟာ “Freedom is a state of mind.” ဆိုတဲ့ သူ့ Tagline ပဲ။ ၁၈၉၀ကနေ ၁၉၁၉အထိ အာမေးနီးယားနိုင်ငံသားတွေ ၃ကြိမ်တိတိ အစုအပြုံလိုက်အသတ်ခံရဖူးတယ်။ အဲဒီလိုအခြေအနေတွေမှာ နိုင်ငံကနေထွက်ပြေးပြီး အမေရိကန်ကို ဝင်ရောက်ခိုလှုံခဲ့တဲ့ အာမေးနီးယန်းတွေ ရှိခဲ့တယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ၁၉၁၅မှာစခဲ့တဲ့ Armenian Genocide ကာလမှာ ကလေးပေါက်စလေးဘဝနဲ့ အမေရိကန်ကိုထွက်ပြေးခိုလှုံခဲ့တဲ့သူပေါ့။ သူ့နာမည်က ချာလီဘတ်ချင်ရန်။ နှစ်တွေတော်တော်ကြာပြီး လူကြီးဖြစ်လာတဲ့အချိန် သူ့ဇစ်မြစ်နိုင်ငံ ဇာတိမြေ အာမေးနီးယားနိုင်ငံအကြောင်းသိချင်သလို အာမေးနီးယားနိုင်ငံသားတွေကိုလည်း တွေ့ချင်တယ်ဆိုတဲ့ စိတ်နဲ့ အမေရိကန်နိုင်ငံသားအဖြစ်ကိုစွန့်လွှတ်ပြီး ဆိုဗီယက်သမဂ္ဂနိုင်ငံရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ ဆိုဗီယက်အာမေးနီးယားကို ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ အာမေးနီးယားနိုင်ငံစစ်စစ်မဟုတ်ဘဲ ဆိုဗီယက်အောက်က အာမေးနီးယားဆိုတော့ တကယ်တမ်းအာဏာကို ကိုင်ထားတာက ရုရှတွေ။ သူတို့က အာမေးနီးယားတွေကို ရွံစရာကောင်တွေလို့ပဲမြင်ပြီး ဖိနှိပ်ကြတယ်။ ချာလီဟာ ဒီလို အာမေးနီးယားကို ပြန်ရောက်လာခဲ့တယ်။ ကံကောင်းချင်တော့ ရာထူးကြီးကြီးထဲက လူတစ်ယောက်ရဲ့ မိန်းမတစ်ယောက်ရဲ့ ကလေးကို ကယ်ပေးလိုက်ရင်း အဲဒီမိန်းမနဲ့ သိကျွမ်းသွားရာက ချာလီ အဆင်ပြေဖို့ လမ်းစလေး ပွင့်မလိုဖြစ်လာတယ်။ ဒါပေမဲ့ တကယ်တမ်း အဲဒီရာထူးကြီးကြီးလူကမှ သူ့ကို အန္တရာယ်ပေးမယ့်သူဖြစ်နေပြီး နက်ကတိုင်တပ်တဲ့အမှုနဲ့ ထောင်ထဲထည့်ပစ်ပြီး ထောင်ဒဏ်၁၀နှစ်နဲ့ ဆိုက်ဘေးရီးယားကို အလုပ်ကြမ်းနဲ့နယ်နှင်ဖို့အထိပါ သူ့တပည့်တွေကို ခိုင်းခဲ့တယ်။ ဒါပေမဲ့ ငလျင်လှုပ်ပြီး ထောင်ရော တစ်မြို့လုံးရော ပျက်စီးသွားတဲ့နောက် မြို့ပေါ်မှာပဲ ထောင်သားတွေကို ပျက်စီးသွားတာတွေကို ပြင်ဖို့ဆင်ဖို့ အလုပ်ကြမ်းတွေ ခိုင်းဖို့အကြောင်းဖန်လာခဲ့တယ်။ အဲဒီထောင်ကလည်း တော်တော်ကြမ်းတယ်။ အလုပ်ကြမ်းလည်း ဆက်တိုက်ခိုင်းနေရင်းကို သောကြာနေ့ဆို ပလိန်းကြီး ထောင်သားတွေကို တစ်ယောက်ချင်းစီ အခန်းထဲခေါ်ပြီး ထောင်စောင့်တစ်ယောက်ကို အသေရိုက်ခိုင်းတဲ့ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်မျိုးအထိပါ လုပ်တယ်။ ဒီလိုနဲ့ မတရားခံပြီးနေနေရင်း သူ့ကို တိုက်ပိတ်ထားတဲ့ ထောင်ခန်းပြတင်းပေါက်ကနေ အာမေးနီးယားသား ထောင်စောင့်တစ်ဖြစ်လဲ ပန်းချီဆရာဟောင်းလင်မယားနေတဲ့ တိုက်ခန်းကို သူနေ့တိုင်းကြည့်နေခဲ့တယ်။ အဲဒီလိုကြည့်ပြီးနေရတာကိုက သူ့ဘဝအဓိပ္ပာယ်လို ဖြစ်လာခဲ့တယ်။ ဒီမတရားမှုကြီးကို သူစိတ်မပျက်ခဲ့သလို လက်လည်းမလျှော့ခဲ့ဘူး။ ဟိုးဘက်ခြမ်းက မီးလင်းနေတဲ့ တိုက်ခန်းလေးမှာ လှုပ်နေရှားနေတာတွေကို ကြည့်ရင်း ပျော်ပျော်ကြီး သူနေလာခဲ့တယ်။ ပြတင်းပေါက်က သူမြင်နေရတဲ့အရာဟာ သူသိချင်ခဲ့တဲ့ သူ ဒီနိုင်ငံကိုရောက်လာခဲ့တဲ့အကြောင်းရင်းဖြစ်တဲ့ အာမေးနီးယားနိုင်ငံသားတွေရဲ့ ဘဝဆိုတာကို သူကောင်းကောင်းကြီး နားလည်ခဲ့တယ်။ ပြတင်းပေါက်က သူမြင်နေရတဲ့လူရဲ့ဘဝကိုကပဲ ဆိုဗီယက်တွေ ဖိနှိပ်ခံထားရတဲ့ အားမေးနီးယားတွေရဲ့ အခြေအနေကို ထပ်ဟပ်နေခဲ့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာထက် ဒီဇာတ်က ဘာအကြောင်းလဲဆိုတာက ပိုအဓိကကျလိမ့်မယ်။ ဆက်ဖြစ်တာတွေကတော့ ဆန်းတယ်လို့ပြောလည်းရတယ် မဆန်းဘူးလို့ ပြောလည်းရတယ်။ ဘာလို့ဆို ဆက်ဖြစ်တာတွေက ဒီလိုကားမျိုးတွေမှာ ကျွန်တော်တို့ မလွဲမသွေမြင်ရမယ့် အခြေအနေတွေပဲ… အဲဒါတွေတော့ မဆန်းဘူး။ ဆန်းတာက ချာလီ့ တုံ့ပြန်ပုံပဲ။ သူ့မျက်နှာမှာရော သူ့လုပ်ရပ်တွေမှာရောပေါ်နေတဲ့ သူ့နှလုံးသားဟာ ပကတိရှင်းလင်းနေတယ်။ မကျေနပ်ချက်‌တွေ မတွေ့ရဘူး။ ဘယ်လောက်ရှင်းလင်းနေသလဲဆို မျှော်လင့်ချက်ထားတာကိုတောင် မမြင်ရဘူး။ လွတ်လပ်ခြင်းဆိုတာ စိတ်ရဲ့အခြေအနေသက်သက်ပဲဆိုတဲ့ Tagline နဲ့ လုံးဝအံဝင်ခွင်ကျဖြစ်နေတယ်။ အဓိကဇာတ်ကောင် ချာလီနေရာက သရုပ်ဆောင်တဲ့သူလည်းဖြစ် ဒါရိုက်တာလည်းဖြစ် ဇာတ်ညွှန်းဆရာလည်းဖြစ် တည်းဖြတ်သမားလည်းဖြစ်တဲ့ Michael A. Goorjian ဟာ တော်တော်တော့မခေပါဘူး။ Amerikatsi ဟာ ဒီနှစ်အော်စကာမှာ အာမေးနီးယန်းကိုယ်စားပြုရုပ်ရှင်ဖြစ်ခဲ့သလို Shortlist ၁၅ကားထဲလည်း ဝင်ထားပါတယ်။ ဆန်ခါတင်ထဲဝင်ရင်တော့ အော်စကာဆန်ခါတင်ပထမဆုံးဝင်တဲ့ အာမေးနီးယားရုပ်ရှင်ဖြစ်လာပါလိမ့်မယ်။ မသေတော့မသေချာပါဘူး။ ဒီ၁၅ကားမှာ ဂန္ထဝင်ဒါရိုက်တာကြီးတွေရဲ့ကားတွေပါ ပါနေသလို ကားကောင်းတွေလည်းတော်တော်များနေတယ်။ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်က ရုပ်ရှင်ကောင်းတစ်ကားဆိုတဲ့ အချက်ကတော့ ငြင်းမရပါဘူး။ ဒီရုပ်ရှင်ဟာ တစ်ခါတလေကျ ကျွန်တော်တို့ခေါင်းထဲရှိနေဖို့ လိုအပ်တဲ့ အကြောင်းအရာတစ်ခုကိုပြထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ အဆိုးဆုံးအခြေအနေမှာတောင် မယိမ်းယိုင်ခဲ့တဲ့ နှလုံးသားတစ်ခုအကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 940MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 1Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • History • War
7.2 2023
Amerikatsi
Seoulmeyt

Seoulmeyt (2024) ******************* ကေဒရာမာတွေ ကေပေါ့တွေကို အားပေးကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေရဲ့အချစ်ကို အခြေခံထားပြီး ရိုက်ကူးထားတဲ့ ချိုချိုမြိန်မြိန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို Channel Myanmar မှ တင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်း- အရာအားလုံးဟာ Lunie လိုခေါ်တဲ့ ကောင်မလေး နေထိုင်တဲ့ ပင်လယ်ကမ်းရိုးတန်း ဒေသလေးကို မုန်တိုင်းတိုက်ခတ်ရာကနေ စတင်ပါတယ်။ မုန်တိုင်းကြောင့် လူတွေရော အိုးအိမ်တွေရော အရာအားလုံးပျက်ဆီးသွားတဲ့ ပင်လယ်ကမ်းရိုးတန်းဒေသလေးကို ကိုရီးယားအပါအဝင် အခြားနိုင်ငံခြားကုမ္ပဏီတွေက ဝင်ရောက်ပြီး လုပ်ငန်းအသစ်တွေ ထူထောင်ဖို့ ငြင်းမရလောက်အောင် ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေပေးလာတဲ့အခါမှာ မြို့နေထိုင်သူတွေရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ Lunie နဲ့ ကိုရီးယားကုမ္ပဏီရဲ့ ကိုယ်စားပြုအဖြစ်ရောက်လာမဲ့ ကိုရီးယားကုမ္ပဏီရဲ့ ဆက်ခံသူတို့ရဲ့ ဇာတ်လမ်းလေးနဲ့ အရာအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အခြေအနေမှာ ကေပေါ့တွေ ကေဒရာမာတွေအပေါ် စိတ်ရင်းနဲ့ ချစ်ကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေအတွက် မျှော်လင့်ထားစရာကြီးဖြစ်နေတဲ့ ကိုရီးယားလူမျိုးတစ်ယောက် သူတို့ဆီကို ရောက်လာမယ်ဆိုတဲ့သတင်း…။ ဒါပေမဲ့ တကယ်တမ်း ရောက်လာတဲ့သူက ကိုရီးယားလူမျိုးအစစ်တစ်ယောက် မဟုတ်တဲ့အခါမှာတော့ သူ့ရဲ့ သရုပ်မှန်ကဘာလဲ…။ သူနဲ့ Lunie နဲ့ရော ဘယ်လိုဆက်ဖြစ်သွားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေပါရောနှောပြီး ကြည့်ရှုရမဲ့ ဖိလစ်ပိုင် အချစ်ကားချိုချိုလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Yati Naing မှ ရေးသားပေးထားပါတယ်။) File size…2.4GBGB /1GB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Yati Naing

0 2024 118 mins
Seoulmeyt
The Invisibles
6.7

လက်ရှိအသက်ရှင်နေထိုင်နေရတဲ့ဘ၀ကို ပိုတန်ဖိုးထားတတ်သွား‌အောင် ပညာပေးသွားမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ The Invisibles ဖြစ်ပြီး လက်ရှိ IMDb Rating 6.7 အထိရရှိထားပါတယ်။ ဇာတ်ကားနာမည်လေးအတိုင်း ကိုယ်ပျောက်လူသားတွေအကြောင်းတွေ့ရမှာဖြစ်ပြီး ဒရာမာဆိုပေမဲ့စိတ်ဝင်စားစရာကောင်းအောင်ဆွဲဆောင်နိုင်တဲ့ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ချာလီဆိုတဲ့လူက အာမခံကုမ္ပဏီဝန်ထမ်းဖြစ်ပြီး သူ့ရဲ့ဘ၀ကြီးကထူးထူး ခြားခြားတော့မရှိပါဘူး။အလုပ်သွားအလုပ်ပြန် မိန်းမနဲ့စကားနည်းနည်းပါးပါးပြောနဲ့ ရိုးရှင်းတဲ့ဘ၀ပါပဲ။ဒါပေမယ့်တစ်နေ့မှာတော့ အဲ့ဒီအရာတွေ အားလုံးကပြောင်းလဲ သွားပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ သူမနက်နိုးလာတဲ့အချိန်မှာသူ့ကို သူ့မိန်းမကမမြင်ရတော့လို့ပါပဲ။စကားတွေအကျယ်ကြီးအော်ပြော လက်ဟန် ခြေဟန်တွေပြနေပေမဲ့လည်း ဘာမှမထူးခြားလာပါဘူး။ဒီလိုနဲ့သိပ်မကြာခင်မှာပဲ သူကဒီလောကကြီးနဲ့မသက်ဆိုင်တော့တဲ့ လူသားတွေမမြင်ရတော့တဲ့ ကိုယ်ပျောက် လူသားတစ်ယောက်ဖြစ်နေပြီဆိုတာကို သိလိုက်ရပါတော့တယ်။ကံကောင်းချင်တော့ သူ့လိုတခြားလူတွေနဲ့တွေ့ခဲ့ရပြီး ဘာတွေဖြစ်နေတယ်ဆိုတာကိုတဖြည်းဖြည်း အဖြေရှာရင်းနဲ့ သူ့မိန်းမရှိတဲ့တကယ့်လူ့လောကအစစ်ထဲကို ပြန်သွားဖို့ ကြိုးစားပုံတွေကိုတွေ့ရမှာဖြစ်ပါတယ်။ File size…1.07GB / 658MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 51m Genre ….. Fantasy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2024
The Invisibles
No Mercy
7.4

IMDb 7.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါ ဇာတ်လမ်းအမျိုးအစားကတော့ Action , Crime , Thriller ဖြစ်ပြီးတော့ 2010 မှာ ထွက်ရှိထားတဲ့ ကိုရီးယားရုပ်ရှင် No Mercy ဟာ ဒါရိုက်တာ Hyeong-Joon Kim က ရိုက်ကူးတင်ဆက်ထားတဲ့ အလန်းစားရုပ်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် One Of The Best Thriller Movie လို့တောင် တင်စားပြောရမလိုဖြစ်နေပါတယ် ဇာတ်လမ်းအညွှန်းကိုတော့ ရှည်ရှည်ဝေးဝေးကြီးသိပ်မပြောလိုတော့ဘူး နာမည်ကြီးဆရာဝန်တစ်ယောက်.ရယ် ငါးပိုင်းပိုင်းပြီးတော့ အသတ်ခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်နဲ့ လူသတ်သမား…ပြီးတော့ ပြည်ပမှာ စာသင်ပြီး ပြန်လာမယ့် မှုခင်းဆရာဝန်ရဲ့သမီးကလည်း ထပ်ပြီးပြန်ပေးဆွဲခံရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုယ်တိုင်သာဆက်လက်ခံစားကြည့်ရှုပါ အဆုံးသတ်လေးကလည်း အတော်ကိုထိသွားနိုင်ပါတယ် ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါပဲ 18+ အခန်းတွေအနည်းငယ်တော့ပါပါတယ်

Drama • Family • Fantasy
7.4 2010 125 mins
No Mercy
Tears of the Shark: Kunlun Tribulation
5.7

ရေသူမမျက်ရည်ဟာ ရောဂါဒဏ်ရာအားလုံးကိုကုသပေးနိုင်တယ်လို့ဆိုကြတယ်။ သိုင်းလောကရဲ့ အင်အားကြီးဂိုဏ်းဖြစ်တဲ့ ခွန်လွန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးဟာ သူ့ရဲ့ရောဂါကိုကုဖို့အတွက် ရေသူမျိုးနွယ်တွေကိုအကြပ်ကိုင်ပြီးတော့ ရေသူမမျက်ရည်ကိုအတင်းတောင်းယူပြီး မရတဲ့အတွက် ရေသူမတွေကိုဖမ်းခေါ်သွားပြီး ကျန်တဲ့ရေသူမျိုးနွယ်တွေကိုသတ်ပစ်လိုက်တယ်။ ဒီလိုနဲ့ ရေသူမျိုးနွယ်နဲ့ခွန်လွန်ဂိုဏ်းကြားက ရန်ငြှိုးမီးဟာ စတင်လာခဲ့တယ်။ စိတ်ထားကောင်းပြီး စာနာတတ်တဲ့ ခွန်လွန်ဂိုဏ်းရဲ့အမွေဆက်ခံသူ ထျန်းယန်ဟာ သစ္စာဖောက်ခံရပြီး ခွန်လွန်ဂိုဏ်းကနေထွက်ပြေးလာခဲ့ရတယ်။ ဒီလိုနဲ့ သူကခွန်လွန်ဂိုဏ်းသားတွေလိုက်သတ်တဲ့ရန်က ထွက်ပြေးနေရတဲ့အချိန်မှ ာ ရေသူမမင်းသမီးလေးကသူ့အသက်ကိုကယ်လိုက်ပါတယ်။ နှစ်ယောက်လုံးကခွန်လွန်ဂိုဏ်းကိုလက်စားချေချင်တဲ့ ရည်ရွယ်ချက်ချင်းတူတာကြောင့် အတူလက်စားချေဖို့သဘောတူလိုက်ကြပါတယ်။ သူတို့ရဲလက်စားချေတဲ့လမ်းခရီးမှာဘယ်လိုအန္တရာယ်တွေနဲ့ပြည့်နှက်နေမလဲ ……

Thriller • Drama
5.7 2023
Tears of the Shark: Kunlun Tribulation
Brokedown Palace

“Brokedown Palace (1999)”ဇာတ်ကားက…..တကယ်တမ်းခံစားလို့ကောင်းတဲ့ကားတစ်ကားပါ။ ကြည့်ရင်းနဲ့ စိတ်ထဲမှာ တစ်ခုသိသွားတာက… လူချင်း၊သူငယ်ချင်း အချင်းချင်း “ယုံကြည်မှု” ဆိုတာ နောက်ဆုံး အကျဉ်းထောင် ထဲအထိပါသယ်သွားလို့ရတယ်ဆိုတာပဲ။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုမေးမိတယ်— “မင်းဆိုမင်းရဲ့အချစ်ဆုံးသူငယ်ချင်းအတွက် တကယ်စတေးခံနိုင်လား”ပေါ့….. အားလုံးသိကြတဲ့အတိုင်း ဘဝမှာသူငယ်ချင်းတွေကြား နားလည်မှုတွေ ချစ်ခင်မှုတွေနဲ့ တည်ဆောက်ထားတာ တစ်ခါတစ်ရံ အဲ့ဒီယုံကြည်​မှုတွေကို လောကဓံက စမ်းသပ်လေ့ရှိပါတယ်။ ကုန်ကုန်ပြောရရင် ကြည့်နေရင်း ဇာတ်ကားထဲမှာ စီးမျောခံစားရင်း ထပ်ပေါင်းစဥ်းစားစရာတွေလဲ အများကြီးပါပါတယ်။ — ဇာတ်လမ်းအကျဉ်း — အဲလစ်နဲ့ ဒါလိန်းတို့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဒါလိန်းက အဝေးမှာတက္ကသိုလ်သွား တက်ရတော့မှာမို့ သူငယ်ချင်းနှစ်ယောက် မခွဲခွာခင် ခရီးအတူတူထွက်ဖို့ စီစဥ်ခဲ့ကြတယ်။ Hawaii ကိုသွားမယ်လို့ အိမ်ကိုလိမ်ပြောပြီး ထိုင်းနိုင်ငံရောက်သွားတဲ့ သူငယ်ချင်းနှစ်ယောက် အဲ့မှာ Nick Parks ဆိုတဲ့သူတစ်ယောက်နဲ့ ရင်းနှီးသွားကြတော့…. ဒီလိုနဲ့ ရင်းနှီးလာကြရင်း Nick Parks က ဟောင်ကောင်ကိုအပျော် ခေါ်သွားပေးချင်တယ်ဆိုပြီး အဲလစ်နဲ့ ဒါလိန်းကို ကမ်းလှမ်းလာပါတယ်။ နောက်တော့ လေဆိပ်မှာ မူးယစ်ဆေးတွေ ခိုးသယ်တဲ့အမှုနဲ့ သူငယ်ချင်းနှစ်ယောက် အဖမ်းခံလိုက်ရတဲ့အခါမှာ……. File size… (1.4 GB) / (778 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

Drama • Horror
0 1999
Brokedown Palace
Simon Birch
6.8

Simon Birch (1998) IMDb Rating (6.8) / Rotten Tomatoes (44%) 1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ “ Simon Birch “ ရုပ်ရှင်ဟာဆိုရင်ဖြင့် ဂန္တဝင်စာရေးဆရာကြီး “ John Irving “ ရေးသားထုတ်ဝေခဲ့သော စာအုပ် တစ်အုပ်ဖြစ်တဲ့ 1989ခုနှစ်ထုတ် “ A Prayer For Owen Meany “ ဆိုတဲ့ဝတ္ထုစာအုပ်ကို ပြန်လည်အသက်သွင်းထားခဲ့တဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျိုး နဲ့ ဆိုင်မွန်ဘာ့ချ်တို့ဟာ လူတောမတိုးသော်ငြား စွယ်တော်ရွက်ကလေးလို အမြဲတူယှဉ်မခွဲမခွာဖြင့် အရမ်းကိုချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ပါ။ ဆိုင်မွန်ကတော့ မွေးရာပါလူကောင်ပိစိလေးအဖြစ်မွေးလာခဲ့လို့ ကျန်းမာရေးလည်းချူချာရှာသလို မြို့ထဲကလူတွေကလည်း သူ့ရဲ့အရွယ်အစားကြောင့် သူ့ကိုလူထူးလူဆန်းလို့ပဲ မြင်နေကြတာကို အသက်ငယ်ငယ်လေးနဲ့ခါးစည်းခံနေရသူတစ်ယောက်ပါ။ ဂျိုးဟာလည်း မြို့ထဲကလူတွေဆီကနေ အဖေမပေါ်ဘဲမွေးတဲ့ကောင်ဆိုပြီး နောက်ပြောင်ခံနေရသူတစ်ယောက်ပါ။ ဒါကြောင့် မထုံတတ်သေး လူတောမတိုးတဲ့သူငယ်ချင်းနှစ်ယောက် ဘယ်လိုတောင်အတွဲညီညီနဲ့ရောသမမွှေကြမလဲဆိုတာကို ကြည်နူးစွာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဒါရိုက်တာ Mark Steven Johnson ရဲ့ပွဲဦးထွက်လက်ရာလည်းဖြစ်သလို ဆိုင်မွန်အဖြစ် former child actor တစ်ယောက်လည်းဖြစ်တဲ့ Ian Michael Smith အပြင် Bohemian Rhapsody / The Social Network /Jurassic Park စတဲ့နာမည်ကြီးရုပ်ရှင်တွေမှာပါဝင်ခဲ့တဲ့ Joseph Mazzello ဟာလည်း ဂျိုးရဲ့ငယ်ဘဝမှာပါဝင်အားဖြည့်ပေးထားပြီး ဂန္တဝင်မင်းသားကြီး Jim Carrey ကလည်း ဂျိုးရဲ့လူကြီးဗာရှင်းအဖြစ်နောက်ကြောင်းပြန်ပေးရုံသာမက တစ်စိတ်တစ်ပိုင်းလည်းပါဝင်ပေးထားလို့ cast မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Ya Mone ဖြစ်ပါတယ်။) File size…(2.7 GB) / (1.3 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Family Duration….01:54:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Myat Noe Ya Mone

Comedy • Crime
6.8 1998 114 mins
Simon Birch