YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

My Lethal Man E20 CM.mp4

205.07 MB 720p video/mp4 153 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Until Tomorrow
5

လူ့သဘာဝ ဒုက္ခ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေရဲ့ ဒုက္ခတွေကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင်ရိုက်တတ်တဲ့ အီရန်ရုပ်ရှင်တစ်ချို့ရဲ့ဟန်အတိုင်း အမျိုးသမီးတစ်ယောက်ရဲ့ ဒုက္ခတွေကို ပီပီပြင်ပြင်ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရိုက်ပြထားတဲ့ အီရန်ရုပ်ရှင်ကားပါ။ IMDb လည်း 7/10 ရထားပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ရိုးလည်းရိုးရှင်းသလို ဆန်းလည်းဆန်းတယ် ပြောရမှာပဲ။ ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်နဲ့ ကိုယ်ဝန်ရသွားတယ်။ ကောင်လေးက ဖျက်ချခိုင်းတယ်။ ကောင်မလေးက မဖျက်ဘဲ မွေးထားတယ်။ ကျောင်းထွက်လိုက်ရတယ်။ ကလေးအတွက် ကိုယ့်ဘာသာရုန်းကန်ရှာဖွေရတယ်။ ဒါတွေက မပြပါဘူး။ ဒါပေမဲ့ စကားနဲ့တင် သိသာတဲ့နောက်ကြောင်းတွေ၊ မြင်နေရတဲ့အခြေအနေနဲ့တင် တကူးတက မပြောလည်းသိနေတဲ့ အတိတ်ကာလတွေပေါ့။ မိန်းကလေးတစ်ယောက်တည်းဆို တည်းခိုခန်းတောင် ငှားမပေးချင်တဲ့ အီရန်လို နိုင်ငံမှာ အဖေမပေါ်ဘဲ မွေးတဲ့ကလေးနဲ့ ဒီမိန်းကလေး ရင်ဆိုင်ရမယ့် ဒုက္ခတွေက မနည်းပါဘူး။ အိမ်ကိုလည်း ပေးသိလို့မရဘူး။ ပတ်ဝန်းကျင်ကလည်း မေးငေါ့ခံရတယ်။ ဒီကြားထဲကမှ အိမ်က မိဘတွေက သူ့ဆီ တစ်ရက်လာလည်ဖို့လုပ်တော့ ကလေးကို တစ်ရက်တလေလေး ထိန်းပေးဖို့လူပတ်ရှာတာတောင် ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်နေရသလိုလိုပါပဲ။ ဒီကားကတော့ အစအဆုံး ကောင်မလေးတစ်ယောက် သူ့ကလေးကို တစ်ရက်တာထိန်းပေးဖို့ အသိမိတ်ဆွေတွေဆီ အကူအညီပတ်တောင်းတဲ့ကားပါပဲ။ ရသွားလား မရသွားလား ငြင်းတဲ့လူတွေကရော ဘယ်လိုအကြောင်းပြချက်တွေနဲ့ငြင်းကြလဲ... ကလေးပေါက်စနလေးကို သူစိမ်းလက်ထဲ ထားခဲ့ရတဲ့ မိခင်ရဲ့ ရင်ထဲရော ဘာတွေဖြစ်နေမလဲ... အစရှိသဖြင့် တစ်ရက်တာ အချိန်လေးအတွင်းတင် ဘာမှမဟုတ်တဲ့အကြောင်းလေးနဲ့ လူတစ်ယောက် ကမ္ဘာပျက်နိုင်တဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစအဆုံးကို တစ်ရက်တာအတွင်းမှာပဲ ဇာတ်အိမ်တည်ထားတဲ့ ကားတွေ သိသလောက်ဆို လက်ချိုးရေလို့ရပါတယ်။ ဒီလိုရိုက်ဖို့က လွယ်တာလည်းမဟုတ်သလို ဒီလိုရိုက်ပြီး ပရိသတ်ကိုပါဆွဲဆောင်နိုင်ဖို့ကတော့ မလွယ်လောက်ပါဘူး။ ဒီလိုကားမျိုး မနှစ်ကတော့ Hong Sang Soo ရဲ့ In Front of Your Face ထွက်ခဲ့ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ အကောင်းဆုံးတွေထဲ ထည့်တွက်လို့ရတဲ့ကားပါပဲ။ ဒီနှစ်တော့ Until Tomorrow ထွက်လာပါတယ်။ ဒီရုပ်ရှင်ဟာ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ကမ္ဘာကြီးကို ချစ်စိတ်နဲ့ ရင်ဆိုင်နေရသူတွေအကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 26Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance • TV Movie
5 2022 86 mins
Until Tomorrow
Ghost Game
5.3

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ခန့်က ကမ္ဘောဒီးယားက တားဆီးနယ်မြေ Case ၁၇ မှာ ဝင်သွားတဲ့လူတွေ အကြောင်းရင်းမရှိဘဲ သေဆုံးခဲ့ကြပါတယ် အဲ့နောက်ပိုင်း အဲ့နေရာကို ဘယ်သူမှမသွားရဲတော့ပါဘူး ဒါကို Reality Show တခုက ဂိမ်းပြိုင်ပွဲတခုလုပ်လိုက်ပါတယ် အဲ့ဒီနေရာကိုသွားပြီး အကြောက်တရားတွေကိုခံနိုင်သူ နောက်ဆုံးကျန်ရစ်ခဲ့သူက အနိုင်ရသူဖြစ်ပြီး ဆုငွေ ၅ သန်းရမှာဖြစ်ပါတယ် ယှဉ်ပြိုင်သူအားလုံး ၁၁ ယောက်ရှိပြီး သူတို့တွေ ဘယ်လိုရုန်းကန်ကြမှာလဲ အဲ့ထဲမှာရော ဘယ်လောက်တောင်ခြောက်ခြားစရာကောင်းနေမလဲ ဇာတ်ကားထဲမှာကြည့်ရှုရအောင်နော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__(1.6GB) / (900MB) Quality__1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:48:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Comedy • Drama
5.3 2006 100 mins
Ghost Game
Mona Lisa Smile
6.9

၁၉၅၃ / ၅၄ ခုနှစ်တွေဆီက အမျိုးသမီး အခန်းကဏ္ဍ၊ သူတို့ရဲ့ ပညာသင်ယူရေး၊ အိမ်ထောင်ရေးတို့ရဲ့ ရှေးရိုးစွဲအခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် တင်ပြထားတဲ့ ဇာတ်လမ်းကောင်း တစ်ခုပါ။ အဲဒီခေတ်တွေဆီက အမျိုးသမီးတွေ ပညာသင်ယူခွင့် ရတာကိုပဲ ဘုရားပေးတဲ့ဆုလို့ ခံယူရတဲ့အချိန်ပေါ့။ ကောလိပ်တက်၊ ဘွဲ့ယူဆိုတဲ့ မဟာ့မဟာ အခွင့်အရေးကြီး ရကာစ။ အင်္ဂလန်ဆိုတာ ကိန်းကြီးခန်းကြီးနိုင်တဲ့နေရာမှာ သိပ်ကို နာမည်ကြီး တယ်ဗျ။ ညစာကို မိသားစုအချင်းချင်း စားဖို့အရေးတောင်မှ လည်စည်း မပါဘဲမစားရတာ၊ ညနေ ၅ နာရီ အမီစားရတာ ဘာညာ။ အဲဒါကိုမှ လူကုံတန်အသိုင်းအဝိုင်းဆိုရင်တော့ ပိုဆိုးပြီသာမှတ်။ အဲဒီလိုနိုင်ငံ၊ အဲဒီ စနစ်ကို ရေရှည်တည်မြဲရေးလုပ်ပေးနေတဲ့ ကောလိပ်တစ်ခုကိုမှ လွတ်လပ် ပြီး တက်ကြွတဲ့ ဆရာမလေး ‌အမေရိကားကနေ ရောက်လာခဲ့တယ်။ ဘွဲ့ ရတဲ့အထိ လွှတ်ပေးထားပြီး ဘွဲ့ရတာနဲ့ ခင်ပွန်းသည်အတွက် ညအိပ်ပြည့် တန်ဆာ၊ အိမ်မှာ အစေခံတစ်ယောက်ဖြစ်သွားတဲ့အိမ်ထောင်ရေးထဲ ဆွဲ သွင်းလိုက်ကြရောတဲ့။ အဲဒီလိုအဖြစ်တွေကို မကြည့်နိုင်တဲ့ ဆရာမလေး ဟာ အဲဒီကျောင်းကြီးမှာ ကျောင်းသူတွေက အမြင်မကြည်၊ ကျောင်းတာ ဝန်ခံအဖွဲ့ကမုန်းနဲ့ စာသင်နှစ်တစ်ခုကို အလူးလူး အလဲလဲ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းပါပဲ။ ဒီလိုစနစ်ကြီးကို ယောက်ျားတွေက အပင်ပန်းခံ တည်ဆောက်ယူနေစရာ မလိုဘူး။ မိန်းမတွေကိုယ်တိုင်ကကို လိုလိုချင်ချင်နဲ့ ပုံဖော်ပေး၊ သမီးတွေကို အတင်းဆွဲသွင်းနေကြတာ တွေ့ရဦးမှာပါ။ ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေလို့ ဆောက်တည်ရာမရဖြစ်နေတဲ့သမီးကို အမေလုပ်တဲ့သူက အိမ်ကိုပြန်၊ ယောက်ျားပြန်လာတာကို ပြုံးပြုံးလေးကြိုနေစမ်းလို့ ပြောနေတဲ့ခေတ်ကာ လကြီး။ အနုပညာကို ထွင်းဖောက်မြင်တတ်ဖို့၊ အနုပညာကို သတ်မှတ်ထားတဲ့စံနှုန်း တွေအပြင်ကိုထွက်ပြီး အနုပညာရဲ့ အတွင်းပိုင်းကို မြင်အောင်ကြည့်တတ်ဖို့ ရှေးရိုးစွဲသင်ရိုးတွေချိုးဖောက်ပြီး သင်ပေးနေတဲ့ဆရာမလေးဟာ သူ့ကျောင်း သူတွေရဲ့ ဘဝနေထိုင်မှုအမြင်ကိုပါ ပြောင်းလာအောင် သင်ပေးနေခဲ့တယ်။ သိပ်ထက်မြက်တဲ့ကျောင်းသူတစ်ယောက် ရှေ့နေတက္ကသိုလ်ဆက်တက်ဖို့ထက် လင်ဖြစ်သူကို ညနေ ၅ နာရီအမီ ထမင်းပြင်ကျွေးဖို့ကို ပိုအားသန်နေတာကြောင့် အားမလိုအားမရဖြစ်ရတဲ့ ဆရာမလေး။ ဒီလိုနဲ့ ရှေးရိုးစွဲအမေရဲ့ ပုံသွင်းမှုအောက် မှာ ခေါက်ရိုးကျိုးလုလုဖြစ်နေတဲ့ ကျောင်းသူ အိမ်ထောင်သည်လေး ဘတ်တီ နဲ့ ဒီစနစ်၊ ဒီခေတ်ကို တော်လှန်ချင်တဲ့ ဆရာမလေး ကတ်သရင်း ရဲ့ကြားမှာ အစပြု ဇာတ်လမ်းတည်ခဲ့တဲ့ ဝက်စလေကောလိပ်ကြီးရဲ့ တစ်ခါတုန်းက ကောလိပ်မှာရုပ် ရှင်ကို ခံစားကြည့်ရအောင်လား။ ကြည့်လိုက်စမ်း။ မိုနာလီဆာရဲ့ အပြုံးကို။ သူပျော်နေပါတယ်လို့ ဟန်ဆောင်နေပေမဲ့ သူ့ရင်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ သူ့မျက်လုံးနဲ့ ငါတို့ကို ပြသွားတယ်။ တွေ့လား။ (ဘတ်တီ) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size..........(3.5 GB) / (1.07 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 57Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Arr Khun Winchester Encoder..........Zin Phyo Aung

Action • Adventure • Crime • Drama • Fantasy • Horror • Mystery
6.9 2003 117 mins
Mona Lisa Smile
Parallel Mothers
6.8

လက်ရှိအော်စကာမှာ Best Actress နဲ့ Best Original Score ဆန်ခါတင် ၀င်ထားတဲ့ စပိန်ရုပ်ရှင်ပါ။ စပိန်ကားပေမဲ့ စပိန်က Oscar Entry အဖြစ် မရွေးခဲ့တာကြောင့် International Feature Film ထဲ ဆန်ခါတင်မ၀င်ပဲ Main Category တွေထဲ ၀င်သွားတဲ့ ရှားရှားပါးပါးရုပ်ရှင်ပါပဲ။ ဟိုးတုန်းကတော့ အလားတူ ဂျပန်ကလည်း ခုရိုဆ၀ရဲ့ Ran ကို မရွေးဘဲ တခြားကားကိုရွေးခဲ့တာကြောင့် အော်စကာရဖို့ လက်လွတ်ခဲ့ရဖူးပါတယ်။ ခုလည်း စပိန်က Parallel Mothers ကို မရွေးခဲ့ပေမဲ့ အော်စကာကတော့ IFF ထဲမ၀င်တဲ့ နိုင်ငံခြားကားကို Main Category တွေထဲ ထည့်လိုက်ပါတယ်။ Parallel Mothers ရဲ့ ဒါရိုက်တာ Pedro Almodóvar ဟာ ရှေ့မှာ အော်စကာ nominations ကိုးခါ၀င်ထားပြီး နှစ်ခါဆုရထားတဲ့သူ ဖြစ်တဲ့အပြင် နောက်ဆုံးသူရိုက်ခဲ့တဲ့ Pain and Glory ဟာလည်း သူ့နှစ်က အတော်လေးအောင်မြင်ခဲ့ပါတယ်။ Parallel Mothers နဲ့ Best Actress Nominations ၀င်ထားတဲ့ Penélope Cruz ဟာ ရှေ့မှာလည်း Best Supporting Actress ဆုကို ရထားတဲ့သူဖြစ်ပြီး ဒီနှစ် BA ရခဲ့ရင် နှစ်ဆုလုံးရထားတဲ့ အော်စကာသမိုင်းတစ်လျှောက်လုံးက ၈ယောက်မြောက်သူဖြစ်မှာပါ။ ရှေ့ကရထားတဲ့သူတွေကတော့ Helen Hayes, Renée Zellweger, Maggie Smith, Jessica Lange , Cate Blanchett, Ingrid Bergmanနဲ့ Meryl Streep တို့လို Legend Actress တွေချည်းပါပဲ။ ဇာတ်ကြောင်းကတော့ Pedro Almodóvar ရဲ့ ဟန်အတိုင်းပဲ Melodrama ဇာတ်ကြောင်းပါပဲ။ စပိန်က Single mother နှစ်ယောက်ရဲ့ ဘ၀ကို ဖော်ပြရင်း စပိန်ရဲ့ ရင်နာစရာကောင်းတဲ့ သမိုင်းကို ပါးပါးလေး လှစ်ပြသွားခဲ့တယ်။ "သမိုင်းကို နှုတ်ပိတ်ပစ်လို့မရပါဘူး။ သမိုင်းကို ဖုံးကွယ်ချင်သူတွေက ဘယ်လိုပဲ သမိုင်းကို မီးလောင်ပြာကျအောင်လုပ်ဖို့ ကြိုးစားပါစေ။ သမိုင်းကို ဘယ်ပုံပဲဖျက်စီးပါစေ။ သမိုင်းကို ဘယ်‌လောက်ပဲ အတုလုပ်ပါစေ။ သမိုင်းကတော့ အမှန်တရားကို ပြောပြနေမှာပါပဲ" 1930‌ နှောင်းပိုင်းက စပိန်ပြည်တွင်းစစ်နောက်ပိုင်းမှာ စပိန်အာဏာရှင် Francisco Franc ဟာ လူထောင်ပေါင်းများစွာကို မတရားသတ်ဖြတ်ခဲ့ပြီး သူသေတဲ့ 1975 အထိ စပိန်ကို အာဏာသိမ်းထားခဲ့ပါတယ်။ ဒါရိုက်တာကတော့ စပိန်လူမျိုးတွေဟာ သူတို့သမိုင်းရဲ့ အမှောင်မိုက်ဆုံး အပိုင်းတွေကို ထုတ်ဖော်ပြောပြရတာမကြိုက်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မတရားသတ်ဖြတ်ခံခဲ့ရတဲ့ လူထောင်ချီကို အောက်မေ့သောအားဖြင့် ရိုက်ကူးခဲ့တယ်လို့ ဒါရိုက်တာက ဖြေထားခဲ့ပါတယ်။ ရုပ်ရှင်မှာလည်း အမေနှစ်ယောက်ရဲ့ ဘ၀ကိုပြရင်း အဲဒီတုန်းက မတရားသတ်ဖြတ်ပြီး ကျင်းထဲစုမြုပ်ခံခဲ့ရတဲ့ သူတို့ဘိုးဘေးတွေရဲ့ ရုပ်အလောင်းကို ပြန်တူးဖော်ချင်တဲ့လူတွေကိုလည်း ဆက်စပ်ချိတ်ပြသွားခဲ့တယ်။ ပြည်တွင်းစစ်ကြီး ပြီးတာကြာပေမဲ့ သူတို့ ဒီအလောင်းတွေကို မဖော်နိုင်မချင်း မပြီးဘူးဆိုတဲ့ သမိုင်းကိုမမေ့တဲ့ စပိန်ပြည်သူတစ်ချို့ရဲ့ သဘောထားကိုလည်း လှစ်ပြသွားခဲ့တယ်။ Parallel Mothers ဟာ IMDb 7.1 နဲ့ Rotten Tomatoes 97% ရထားတဲ့အပြင် ရခဲလှတဲ့ Metacritic Rating 88% ပါရထားပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.86GB, 871.3MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 3Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.8 2021 123 mins
Parallel Mothers
D@bbe 6: The Return
5.6

IMDb- 5.5 Rotten Tomatoes- 80% ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းကတော့ မူခက်ဒါ ရာမန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ကျိန်စာတိုက်ဖို့ ဘယ်သူမှန်းမသိရတဲ့အမျိုးသမီးတစ်ဦးက စုန်းကဝေတစ်ယောက်ဆီမှာ အစီအရင်ပြုလုပ်ခိုင်းရာကနေ အစပြုထားပါတယ်။ နောက်နေ့မှာတော့ မူခက်ဒါ ဟာ သေဆုံးသွား ပါတယ်။ မှုခင်းဆေးပညာရှင်တွေက သေဆုံးခြင်းအကြောင်းရင်းဟာ ဦးနှောက်သွေးယိုစိမ့်မှုလို့ ကောက်ချက်ချပေမယ့် သူ့အမေသေဆုံးတာကို မျက်မြင်တွေ့ထားတဲ့ သမီးငယ် အိုင်လာကတော့ သူ့အမေကို ဂျင် သတ်သွားတာလို့ပဲ ပြောနေတာပါ။ အဲ့နောက်ပိုင်းမှာစိတ်ကယောင် ချောက်ချားတွေဖြစ်ပြီး အပြုအမူတွေလည်း ထူးဆန်းလာတဲ့ အိုင်လာကို ဆေးပညာအရလည်း အဖြေရှာကုသလို့မရဖြစ်နေတဲ့အခါ အမ ဖြစ်သူ ဇီရန်က ဘယ်လို အဖြေရှာ ကုသပေးသွားမလဲ။ အမေဖြစ်သူ သေဆုံးသွားရတာက တကယ်ပဲ ဂျင်က သတ်သွားတာလား။ ကျိန်စာအစီအရင်ကြောင့်လား။ကျိန်စာကြောင့်ဆိုရင်ရော ဘယ်သူက ဘာလို့လုပ်ရတာလဲ။ ညီမဖြစ်သူ အိုင်လာကရော ဘာတွေကြုံတွေ့နေရ တာလဲ။ ဇီရန် တစ်ယောက် ဘာတွေဆက်လုပ်မလဲဆိုတာကို အံဩစရာ ဇာတ်လမ်းဇာတ်ကွက်တွေထဲ စီးမြောပြီး ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ Dabbe ဇာတ်လမ်းတွေထဲက ၆ကားမြောက် တူရကီ horror ဇာတ်လမ်းလေးဖြစ်ပါတယ်။ အခန်းမီးကိုပိတ်ပြီး ညအမှောင်ထဲ တစ်ယောက်တည်းကြည့်လိုက်လို့ကတော့ horror ရဲ့ အရသာကို အပြည့်အဝပေးမယ့်ဇာတ်လမ်းဖြစ်တာကြောင့် horror ပရိတ်သတ်တွေအတွက် တကယ် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။) File size…1.62GB / 746MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 40m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

5.6 2015
D@bbe 6: The Return
Cats Don’t Dance
6.9

Cats Don’t Dance (1997) ================== IMDb Rating – 6.9/10 တစ်ခါတုန်းက ဒန်နီဆိုတဲ့လယ်လုပ်သားကြောင်လေးတစ်ကောင် သီဆိုကပြဖျော်ဖြေချင်လို့ သူ့ရဲ့တောရွာလေးကနေ ဟောလိဝုဒ်မြို့ကို တက်လာခဲ့တယ်။ အဲဒီမြို့မှာ ဒါလာဒင်ပယ်လ်ဆိုတဲ့ ကလေးမလေးက နာမည်ကြီး ဟောလိဝုဒ်ကြယ်ပွင့်ပေါ့။ ဒါပေမဲ့ ဒန်နီမသိခဲ့တာက အဲဒီဟောလိဝုဒ်မှာ လူတွေကသာနေရာရပြီး တိရိစ္ဆာန်တွေက သီဆိုကပြဖို့အရွေးမခံရတာပါပဲ။ သူထင်ထားတဲ့ အိပ် မက်အတိုင်း လက်တွေ့ဖြစ်မလာတဲ့ ကြောင်လေးက သူ့အိပ်မက်ကို လက်မလျှော့ဘဲ ဘယ်လိုရအောင် ဆက်ကြိုးစားမလဲဆိုတာကိုတော့ ဒီကာတွန်းဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.35 GB) / (549 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 15Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Comedy, Family Translator…….Thwal Htoo Zin Encoder……….SWM

Drama
6.9 1997 74 mins
Cats Don’t Dance
Sarkaaru Noukari
8.4

Sarkaaru Noukari (2024) “အစိုးရဝန်ထမ်း” IMDb-8.4/10 အိန္ဒိယကားဆို ဘယ်မင်းသား ဘယ်မင်းသမီးဆိုပြီးရွေးမနေဘဲ ဇာတ်လမ်းကောင်းမှ ကြည့်ချင်တာဆိုသူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၆ခုနစ် တယ်လာဂန်နာပြည်နယ် ကိုလာပူရ်မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာ။ လူသားတွေဆိုတာ သက်ရှိတွေကြားထဲမှာ သူတို့ကိုသူတို့ ကြီးမြတ်တယ်ထင်တဲ့သတ္တဝါတွေ… ဒီလူသားတွေက ကိုယ့်ကိုယ်ကိုယ် အားကောင်းလှပြီအထင်နဲ့ သဘာ၀တရားကြီးနဲ့ ပြိုင်ဆိုင်လာချင်ကြတယ်… ဘယ်လောက်ပဲ အားကောင်းလှပါချည်ရဲ့ဆိုဆို သဘာ၀တရားနဲ့ပြိုင်လို့ ဘယ်နိုင်မလဲ… သဘာ၀တရားကြီးကပြန်ပေးတဲ့ ကပ်ဘေးတွေကိုရင်ဆိုင်ရတဲ့အခါ လူသားတွေပြိုလဲရတာပဲ.. မကြာခင်ကဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုပဲကြည့်… အယုတ်အလတ်အမြတ်မရွေးဘဲ လူသားပေါင်း သန်းနဲ့ချီတဲ့ဘ၀တွေကို နှုတ်ယူသွားခဲ့တာ… ဒီလိုကပ်ဘေးတွေကြားထဲကမှ ၁၉၈၆ခုနစ်ကစပြီး ဒုက္ခပေးလာတဲ့ အေအိုင်ဒီအက်စ်ပိုးကတော့ အခုချိန်ထိ လူတွေရဲ့အသက်ကို တဖြုတ်ဖြုတ်ချွေနေတုန်းပါပဲ… ကျွန်တော်က ဒီကပ်ရောဂါကြောင့် တောသူတောင်သားတွေ မသိလိုက်ရဘဲ အသက်ဆုံးရှုံးရတာကနေ ကာကွယ်ချင်တာပဲ… ရုံးခွဲအသစ်မှာ တာဝန်ကျမဲ့ ဒါကတော့ အိမ်ထောင်ကျခါစ ကျန်းမာရေးဝန်ထမ်းလေး ဂိုပါလ်ရဲ့ စကားသံတွေပေါ့။ အဲဒီခေတ်အခါ သူလုပ်ရတဲ့ အလုပ်အကိုင်နဲ့ သူကြုံတွေ့ရမဲ့ အခက်အခဲတွေကို ရီရခက်ငိုရခက်နဲ့ခံစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V~ToMo~Alex~BpL~Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.4 2024
Sarkaaru Noukari
[18+] Katas
7.2

Katas (2024) လူသူမနီး သီးခြားရှိနေတဲ့ခြံကျယ်ကြီးထဲက အိမ်ကြီးတစ်လုံးကို ကာမီနာဆိုတဲ့တောသူလေးတစ်ယောက် အိမ်အကူအဖြစ်အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်။ အိမ်ကြီးရှင်သူဌေးမက ယောက်ျားငယ်ငယ်လေးယူထားတာဖြစ်ပြီး မွေးကတည်းက အလိုလိုက်ခံ ဖူးဖူးမှုတ်ခံထားရတဲ့ဘ၀နဲ့ကြီးပြင်းလာတာဖြစ်တဲ့အတွက် မောက်မာပြီး မူမမှန်တဲ့စိတ်ထားရှိတဲ့သူပါ။ အိမ်ကြီးကိုရောက်တဲ့အချိန်မှာ သူတစ်ဖြည်းဖြည်းသိလာရတာကတော့ အိမ်ရှင်မရဲ့ယောက်ျားဟာ အိမ်အကူတွေကို ငယ်ငယ်ချောချောလေးတွေမှတမင်ရွေးခန့်ထားတာဖြစ်ပြီး စိတ်ပါရင်ပါသလို နေရာမရွေး ခြေတော်တင်လေ့ရှိတဲ့သူပါ။ ဒီအကြောင်းတွေကိုသိလာရပေမဲ့ ကာမီနာကတော့ အဲဒီအမျိုးသားကိုကြုံရင်ကြုံသလို အထာပေးမျက်စပစ်လေ့ရှိပါတယ်။ ဒါတွေကိုသဘောပေါက်နားလည်တဲ့ ဘ၀တူစီနီယာတစ်ယောက်က ကြိုသတိပေးတဲ့ကြားက ရှေ့ဆက်တိုးနေတဲ့ ကာမီနာနဲ့ စားနေကျကြောင်ပါး အိမ်ရှင်အမျိုးသားနဲ့ထိပ်တိုက်တွေ့တဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 4.6GB, 2GB, 835MB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 41Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Romance • Drama
7.2 2024
[18+] Katas
Lineman
7

Lineman 2024 (လျှပ်စစ်မီးသမားလေး နာတာရာ့ဂျ်) ယခုတစ်ခေါက်မှာတော့ မီးခဏခဏလာတတ်တဲ့ တို့တွေလိုမျိုးပဲ မီးမပေးလို့ ပြဿနာတက်ရတဲ့ ရွာလေးတစ်ရွာရဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ရွာလေးရဲ့နာမည်ကတော့ ဆာသီပါလီလို့ခေါ်ပါတယ်။ ယခုခေတ် ရွာတွေဟာလည်း အရင်ကလို အိမ်တိုင်းမှာ နွားလှည်းကိုယ်စီမဟုတ်ဘဲ ဆိုင်ကယ်ကိုယ်စီဖြစ်နေကြပြီး ရေဒီယိုတွေအစား စမတ်ဖုန်းတွေကိုင်ကြတဲ့ခေတ်ကို ရောက်ရှိနေပါပြီ။ တီဗီကိုယ်စီရှိနေကြပြီး အိမ်ထောင်ရှင်မတွေဟာလည်း ဇာတ်လမ်းတွဲတွေစွဲလို့နေကြပါပြီ။ ဒီရွာလေးရဲ့ လျှပ်စစ်မီးပေးရုံးမှာ တာဝန်ထမ်းဆောင်နေရတဲ့ကောင်လေးကတော့ နာတာရာ့ဂျ်လို့ခေါ်ပြီး တစ်ရွာလုံးကတော့ သူ့ကို နာတူလို့ခေါ်ကြပါတယ်။ နာတူဟာ သူ့အဖေရဲ့အစိုးရဝန်ထမ်းနေရာကို ဆက်ခံရင်း လျှပ်စစ်မီးသမားလေးလုပ်နေရင်း အောင်မြင်မှုကြီးကြီးမားမားကို လိုချင်နေသူလေးတစ်ယောက်ပေါ့။ အလုပ်လေးကလည်းရှိ အသက်ကလည်း ရှိသင့်သလောက်ရှိပြီဆိုတော့ အမေဖြစ်သူက နာတူကို အိမ်ထောင်ပြုစေချင်ပေမယ့် နာတူကတော့ အမြဲငြင်းရင်း သူတို့သားအမိဟာလည်း ဒီကိစ္စနဲ့ အမြဲပြဿနာဖြစ်လို့နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ရွာရဲ့အသက်အဘွားကြီးရဲ့ အသက်(၁၀၀)မွေးနေ့ကို ကျင်းပဖို့ ညဘက်မှာ မီးပေးဖို့အတွက် နာတူကိုပြောကြတဲ့အခါ နာတူကတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုငြင်းဆန်လိုက်တဲ့အခါမှာတော့ မီးသမားလေးနာတူကတစ်ဖက် တစ်ရွာလုံးက တစ်ဖက်နဲ့ ပြဿနာတွေဖြစ်ကြပါတော့တယ်။ ဘာလို့ နာတူက မီးပေးဖို့အတွက် ငြင်းဆန်ရတာလဲ …… အမေဖြစ်သူရဲ့ သူ့သားအတွက် မိန်းမရရေးစီမံကိန်းကရော အောင်မြင်သွားမှာလား …… စတဲ့ အကြောင်းပြချက်တွေနဲ့ မီးသမားလေးရဲ့ဘဝအကြောင်းလေးကို ကြည့်ရှုအားပေးလိုက်ကြပါဦးနော် (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Romance • Drama • Thriller • Crime
7 2024
Lineman
Kurangu Pedal
6

Kurangu Pedal(2024) IMDb-7.9/10 နွေရာသီ ပျော်စရာလေးများ နွေရာသီပိတ်ရက်မှာ ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီးတွေးပျော်ကြတာ ကျောင်းသားဘဝမှာလူတိုင်းစိတ်ကူးခဲ့ကြတာဖူးပါပဲ ရွာတစ်ရွာရဲ့ ပူလောင်လောင်နွေရာသီတစ်ခုမှာ ကျောင်းပိတ်ရက်ရှည်ရလို့ ပျော်နေကြတဲ့ကလေးတစ်သိုက်မှာ နွေရာသီအစီအစဉ်တွေအပြည့်နဲ့ပေါ့ လူကြီးတွေကလည်း ကလေးတွေပိတ်ရက်မှာ ဘာလေးတွေကူခိုင်းမယ် ဘယ်အမျိုးတွေဆီပို့မယ်ဆိုတဲ့အစီအစဉ်နဲ့ပေါ့ ဒီနှစ်နွေရာသီမှာတော့ ကလေးတွေကနွေရာသီအစီအစဉ်အပြည့်နဲ့ လူကြီးတွေရဲ့အစီအစဉ်တွေကို ကန့်ကွက်ကြတော့တာပဲဒီနွေရာသီမှာကလေးတွေရဲ့ ထူးခြားတဲ့အစီအစဉ်လေးကတော့ စက်ဘီးစီးသင်ကြဖို့ပါပဲ စက်ဘီးစီးသင်ဖို့ စက်ဘီးငှားခဆိုတာလိုအပ်လာကြတဲ့အချိန် မိဘတွေဆီကတောင်းဖို့ခက်ခဲနဲ့ ကြံကြဖန်ကြတာပေါ့ ကလေးအတွေး ကလေးအကြံလေးတွေနဲ့ နွေရာသီပိတ်ရက်ဖြတ်သန်းကြပုံလေးတွေက ခဏတာပေါ့ပါးအပျင်းပြေရှုစရာတော့ဖြစ်မှာမို့ ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်

6 2024
Kurangu Pedal
Killer Klowns from Outer Space
6.2

1988 က ထွက်ခဲ့တဲ့ Classic Horror ကားတစ်ကားဖြစ်တဲ့ Killer Klowns from outerspace ကိုတင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်သူ့အခါက အရမ်းနာမည်ကြီးခဲ့ပြီး နောက်ဆက်တွဲရုပ်ပြစာအုပ်တွေ ဂိမ်းတွေ ထုတ်ခဲ့တဲ့အထိပါပဲ။ နာမည်အတိုင်းပါပဲ အာကာသအပြင်က ဂြိုလ်သားလူပြက်တွေ ကမ္ဘာပေါ်ရောက်လာတာပါ။ Crescent Coveဆိုတဲ့မြို့ငယ်လေးမှာ မိုက်ခ်နဲ့ဒက်ဘီတို့အပါအဝင် လူငယ်တွေညဘက်သောက်စားပျော်ပါးနေကြတုန်း ကြယ်ကြွေကျလာတာကို မြင်လိုက်ရပါတယ်။ ဒက်ဘီနဲ့ မိုက်ခ်တို့သွားကြည့်တဲ့အခါ ကြယ်ကြွေတဲ့နေရာမှာ ဆပ်ကပ်တဲကြီးပဲရှိနေပြီး အထဲမှာ လူပြက်ပုံစံသတ္တဝါတွေနဲ့ လူသေအလောင်းတွေကိုတွေ့လိုက်ရပါတယ်။ မြို့ကရဲစခန်းကိုသွားပြောတော့လည်း မယုံပေမယ့် ရဲတစ်ယောက်ဖြစ်တဲ့ ဒက်ဘီရဲ့ ရည်းစားဟောင်း ဒေ့ဗ်က လိုက်ကြည့်မယ်ဆိုပြီး လာခဲ့ကြပေမယ့် နောက်ကျသွားခဲ့ပါပြီ။ ဆပ်ကပ်တဲကြီးလည်းမရှိပဲ လူပြက်သတ္တဝါတွေက မြို့ထဲမှာ သောင်းကျန်းလို့နေပါပြီ။ ဒါ့အပြင် ဒက်ဘီကပါအဖမ်းခံလိုက်ရတော့ မိုက်ခ်နဲ့ ဒေ့ဗ်တို့နှစ်ယောက် ဒက်ဘီနဲ့ မြို့ကိုကယ်တင်ဖို့ကြိုးစားပုံကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:28:00 Genre… C0medy, Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew

6.2 1988 86 mins
Killer Klowns from Outer Space
Sirocco and the Kingdom of Winds aka Sirocco et le royaume des courants d’air
7

Sirocco and the Kingdom of the Winds 2023 (စီရိုကိုနဲ့ လေတိုင်းပြည်) ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကာတွန်းကားလေးကတော့ ပြင်သစ်ကာတွန်းကားလေးဖြစ်ပြီး Stuttgart Festival for Animated Film 2024 ပွဲတော်မှာ ဆုရရှိထားတဲ့ ကာတွန်းကားလေးဖြစ်ပါတယ်။ ပြင်သစ်ဒါရိုက်တာဖြစ်သူ Benoît Chieux ဖန်တီးပုံဖော်ထားတဲ့လက်ရာဖြစ်ပြီးတော့ ဂျပန်အန်နီမေးရှင်းကားတစ်ကားဖြစ်တဲ့ Yellow Submarine ကို မှီငြမ်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။ Box officeအနေနဲ့လည်း $902,063ရရှိထားတဲ့ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။ ကာမန်နဲ့ ဂျူလိယက်တို့ ညီအစ်မနှစ်ယောက်ဟာ အမေဖြစ်သူ အလုပ်မအားတဲ့အချိန်မျိုးဆိုရင် အမေ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ အန်တီအာညက်စ်ဆီမှာ သွားပြီးတော့ နေရပါတယ်။ အာညက်စ်ကတော့ စာရေးဆရာမဖြစ်ပြီးတော့ ကာမန်တို့ညီအစ်မနှစ်ယောက်ကိုလည်း အရမ်းချစ်ပါတယ်။ ဂျူလိယက်ရဲ့ အသက်၅နှစ်ပြည့်မွေးနေ့ကိုရောက်တဲ့အချိန်မှာတော့ မွေးနေ့ပွဲကို လုပ်ပေးခဲ့ပေမယ့် ထုံးစံအတိုင်း အမေဖြစ်သူက မအားတဲ့အခါမှာ အာညက်စ်ဆီကို ဂျူလိယက်တို့ ညီအစ်မနှစ်ယောက်‌ ရောက်လာရပါတော့တယ်။ ဒီအခါမှာတော့ အာညက်စ်ဟာလည်း တစ်ညလုံးစာရေးထားတဲ့အတွက် အရမ်းအိပ်ချင်နေလို့ ကလေးနှစ်ယောက်ကို ခဏလောက် နှစ်ယောက်တည်းဆော့နေဖို့ပြောပြီး တစ်ရေးတမောအိပ်ပါတော့တယ်။ အကြီးမကာမန်ကတော့ အာညက်စ်ကိုနားလည်ပေးနိုင်ပေမယ့် အသက်၅နှစ်ပဲရှိသေးတဲ့ ဂျူလိယက်ကတော့ သူနဲ့ဆော့မပေးတဲ့အတွက် ဂျီကျပြီး သောင်းကြမ်းပါတော့တယ်။ ဒီအချိန်မှာပဲ အာညက်စ်ဖတ်ပြနေကြဖြစ်တဲ့ “လေတိုင်းပြည်” စာအုပ်ထဲကနေ သစ်သားရုပ်လေးတစ်ရုပ်ထွက်လာပါတော့တယ်။ ဒီအရုပ်လေးနဲ့အတူ ဂျူလိယက်တို့ညီအစ်မနှစ်ယောက် လေတိုင်းပြည်ကို တကယ်ရောက်သွားပြီး ကြောင်လူသားလေးတွေဖြစ်သွားတဲ့အခါမှာတော့ ……. လေတိုင်းပြည်ထဲရောက်သွားတဲ့ ညီအစ်မနှစ်ယောက် ဘယ်လိုတွေ ကြုံတွေ့ရမလဲ ……. လေတိုင်းပြည်ထဲက အထီးကျန်ဝမ်းနည်းမှုတွေပြည့်နေတဲ့ စီရိုကိုဆိုတဲ့ မှော်ဆရာနဲ့ရော ဘယ်လိုတွေ ပတ်သက်ကြဦးမလဲ …… လေတိုင်းပြည်ထဲကနေ အပြင်ကမ္ဘာကို ပြန်ပြီးထွက်လာနိုင်ကြမှာလား….. ဆိုတာတွေကို ကြည့်ရှုရမယ့် Adventure ဆန်ဆန် ကာတွန်းကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~Yunni~V~KKKZ တို့ပဲဖြစ်ပါတယ်)

Drama
7 2023 80 mins
Sirocco and the Kingdom of Winds aka Sirocco et le royaume des courants d’air
The Wrong Track
6

The Wrong Track (2025) IMDb Rating (6.0) ငွေကြေးအခက်အခဲဖြစ်နေတဲ့ အလုပ်လက်မဲ့ single mother တစ်ယောက်ဖြစ်တဲ့ Emilie က သူ့ရဲ့သမီးလေး Lilith ကို သူ့ရဲ့အရင်ယောက်ျားဟောင်းနဲ့ တစ်ပတ်စီမျှပြီး ခေါ်နေတတ်တယ်။ အရင်ခင်ပွန်းဟောင်းကတော့ နောက်မိန်းမယူထားပြီးတော့ Emilie ကို ဝင်ငွေလည်းမရှိ ဘာကိုမှမလုပ်တဲ့ မိန်းမပျော့လို ဝေဖန်ပြီး Lilith ကို သူနဲ့ပဲအတူလာနေတာ အကောင်းဆုံးလိုမြင်ခဲ့တယ်။ Emilie လည်း အလုပ်အကိုင်အခြေတကျနဲ့ အဆင်ပြေနေတဲ့ သူ့အစ်ကိုဆီမှာ ထုံးစံအတိုင်းလာနေပေမယ့် သူ့အစ်ကိုရဲ့ဇနီးက ငြိုငြင်လာပြီမို့ Emilie ကို 54 ကီလိုမီတာရှည်တဲ့ နှင်းလျှောစီးမာရသွန်ပြိုင်ပွဲ Birkebeinerrennet မှာ ဝင်ပြိုင်ဖို ရာဇသံပေးလိုက်တယ်။ အရာရာကို နည်းနည်းလေးခက်ခဲလာတာနဲ့ လက်လျှော့တတ်တဲ့ Emilie တစ်ယောက် ပင်ပန်းကြမ်းတမ်းတဲ့ အပြေးလမ်းရှည်မာရသွန်ကြီးကို ပန်းတိုင်ရောက်အောင် ကြိုးစားနိုင်မလားဆိုတာကိုတော့ ဒီနော်ဝေးဟာသဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါပြီ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.7 GB) / (940 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:34:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Drama • Comedy
6 2025 94 mins
The Wrong Track