YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My Lethal Man E12 CM.mp4

173.02 MB 720p video/mp4 156 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
In the Name of Love
7.5

In the name of love (2011) ၂၀၁၁ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင် အချစ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အကသမား အမ်မန်ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့သားလေးပညာရေး အတွက် နိုင်ငံခြားမှာပိုက်ဆံရှာရင်းနဲ့ စီးဒီးစ် ဆိုတဲ့ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့အချစ်ခရီးလမ်းဟာ အိပ်မက်တွေနဲ့ အပြည့်ပေါ့။ ပြန်ရောက်ရင် လက်ထပ်ကြမယ် သူ့ရဲ့သားလေးကိုလဲ ကျောင်းကောင်းကောင်းမှာ ထားမယ်ဆိုပြီးပေါ့။ ဒီလိုနဲ့ ပျော်ရွှင်နေခဲ့ရတာကနေ လေဆိပ်မှာ အဖမ်းခံလိုက်ရတာကနေ သူ့ရဲ့ဘဝကြီး ပျက်စီးသွားခဲ့ရတယ်။ သူ့ရဲ့စွန့်ပစ်သွားတဲ့ ကောင်မလေးကို စိတ်နာရင်းနဲ့ပဲ ဖိလစ်ပိုင်ကို ပြန်ရောက်လာတဲ့အခါ ဇိမ်ခံကားကြီးပေါ်မှာ သူ့ကောင်မလေးကို ပြန်တွေ့လိုက်ရတော့ .... ။ မင်းသမီးလေးကြည့်ရင်ကို ဇာတ်လမ်းက တန်နေပြီ လို့ ပြောလို့ရတယ်။ ဒီထက်ပိုကာကတော့ ဇာတ်လမ်းကလည်းကောင်း ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဖိလစ်ပိုင် ကားဆိုပေမဲ့ အနုပညာကတော့ အရှေ့တောင်အာရှမှာ မခေဘူးဆိုတဲ့အထဲကပါ။ "အချစ်ဟူသော အမည်နာမအားဖြင့်" ဇာတ်ကာလေးကို ကြည့်ရှု အားပေးလိုက်ကြပါဦး .... အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 2.5Gb | 1.1GB | 512MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Crime • Drama
7.5 2011 115 mins
In the Name of Love
Somebody I Used to Know
6.1

ဒီရုပ်ရှင်လေးကတော့ ရည်းစားဟောင်းရဲ့ မင်္ဂလာဆောင်ကို သွားရှုပ်တဲ့အကြောင်းကိုမှ ပူရဆွေးရတာတွေ၊လက်ခံပေးရတာ၊အသည်းကွဲရတာ၊ အသစ်ပြန်စရတာမျိုးတွေစတဲ့ ချိုချဥ်စပ်ခါးအရသာလေးနဲ့ကြည့်ရှုရမှာပါ၊ ဇာတ်လမ်းကိုတော့ မမAlison Brieနဲ့ ခင်ပွန်းဖြစ်သူ now you see meထဲက မင်းသားDave Francoတို့အတူတူဇာတ်ညွှန်းရေးပြီး အယ်လီနေရာမှာ မမAlison Brieကသရုပ်ဆောင်၊ Dave Francoက ဒါရိုက်တာလုပ်ပြီးအပြိုင်ကြဲထားကြပါတယ်။ အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်မှာပဲထားခဲ့၊ လက်ရှိဘဝကိုယူလာရင်တော့ အနာဂတ်ပါရှုပ်ထွေးသွားနိုင်တာကိုရိုက်ပြထားပြီး ကိုယ့်ကိုယ်ကိုလက်ခံတတ်စေဖို့ စိတ်ဝင်စားစရာဇာတ်လမ်းလေးနဲ့ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ အယ်လီဟာ အစီအစဥ်တင်ဆက်သူတစ်ယောက်၊ အလုပ်ကိုပဲတမ်းတမ်းစွဲလုပ်တတ်သူပေါ့၊ ဒီအလုပ်ကိုရွေးချယ်ခဲ့တာကြောင့် ရည်းစားဟောင်းဖြစ်သူ ရှောင်နဲ့ ကွေကွင်းခဲ့ရတာပေါ့နော်။ သူလုပ်ချင်တဲ့ ရှိုးကို သုံးနှစ်လောက်လုပ်အပြီးမှာ အကြောင်းမလှဘဲရှိုးပွဲကရပ်နားခံလိုက်ရတေ ာ့ အယ်လီတစ်ယောက်စိတ်ဓာတ်တွေကျပြီး မိခင်ရှိရာနယ်မြို့လေးကိုပြန်လာခဲ့တယ်ပေါ့၊ ရောက်တဲ့နေ့မှာပဲ မထင်မှတ်ဘဲ ရီးစားဟောင်း ရှောင်နဲ့ပြန်တွေ့ပြီး ဇာတ်လမ်းလေးတွေပြန်စမယ်ကြံမိခါမှ သူက မင်္ဂလာဆောင်တော့မှာတဲ့၊ အဲ့ဒီနောက်မှာတော့ File Size :(1.5GB) and (644MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:46:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Horror • Western
6.1 2023 106 mins
Somebody I Used to Know
Sumeru

အခုတစ်ခေါက်မှာတော့ လွန်ခဲ့တဲ့နှစ်နှစ်ကထွက်ရှိခဲ့တဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်အချစ်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆာဗီဆိုတဲ့ သူဌေးသမီးလေးတစ်ယောက်ရှိပါတယ်.. သူ့ရဲ့သူတို့သားလောင်းနဲ့အတူ အိပ်မက်‌ထဲကမင်္ဂလာပွဲကိုကျင်းပဖို့ တောင်ပေါ်ဒေသလေးတစ်ခုကို ရောက်ရှိလာခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့မင်္ဂလာပွဲဟာ မိဘတွေစီစဉ်ပေးထားတဲ့ မင်္ဂလာပွဲသက်သက်ဖြစ်တာကြောင့် စိတ်ညစ်ညစ်နဲ့ ခြေဦးတည့်ရာထွက်လာလိုက်ရင်း တောအုပ်ထဲမှာလမ်းပျောက်သွားပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ အကူအညီတောင်းဖို့လူလိုက်ရှာရင်းဆုံတွေ့လိုက်ရတာက ဘာဗာဆိုတဲ့လူတစ်ယောက်ပါ။ သူကရော ဒီတောအုပ်ထဲကိုဘာအကြောင်းကြောင့်ရောက်နေရတာလဲ... သူတို့နှစ်ဦးကြားမှာ ဘယ်လိုဇာတ်လမ်းလေးတွေရှိလာမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ File size…1.9GB / 858MB Quality…1080p WEBRIP /720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Adventure • Crime • Drama • Thriller
0 2021 95 mins
Sumeru
Alpha Rift
4.7

ဒီဇာတ်ကားကတော့ 21 ရာစုကြီးမှာ မှော်ခေါင်းဆောင်းတစ်ခု ကြောင့် ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်မယ့် သူရဲကောင်းတစ်ဦး ပေါ်ထွက်လာတဲ့ comedy, sci-fi ဇာတ်ကားဖြစ်ပါတယ်။ နိုလန်ဆိုတဲ့ ကောင်လေးက သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ စပ်တူ ဖွင့်ထားတဲ့ ဂိမ်းဆိုင်ပိုင်ရှင်ဖြင်ပြီး ကလေးများအကြိုက် နိုဘယ် မန်းပုံပြင်တွေအကြောင်းကို နေ့တိုင်းပြောပြရင်း ဘဝကို အေးဆေး ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ တစ်နေ့ သူ့ဆိုင်ကို မှော်ခေါင်း ဆောင်းတစ်ခု ရောက်လာပြီး ယူဆောင်းလိုက်မိတဲ့အချိန်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီ အကျဥ်းကျခံထားရတဲ့ နတ်ဆိုးရဲ့တမန် တော်ဝိညာဥ်နဲ့ ဆက်စပ်မိသွားပါတော့တယ်။ နောက်တစ်ရက်မှာတော့ နိုလန်ရဲ့အဖေအမြဲပြောပြနေတဲ့ နိုဘယ်မန်း ပုံပြင်တွေက ပုံပြင်သက်သက်မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝမှာ ရှိကြောင်းသိလိုက်ရပြီး နိုလန်ကလည်း နိုဘယ်မန်းတွေရဲ့သွေးသား ဖြစ်ကြောင်း သိလိုက်ရတဲ့အချိန်မှာတော့ နိုလန်က နိုဘယ်မန်းရဲ့သွေး သားလား၊  သူနဲ့ နတ်ဆိုးက ဘယ်လိုရန်ငြိုးတွေရှိခဲ့ကြတာလဲ၊ နောက် ဆုံးမှာ နိုလန်တစ်ယောက် နတ်ဆိုးတွေကို တိုက်ထုတ််နိုင်ပါ့မလား ဆို တာကို ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ ဒီဇာတ်ကားက ပေါ့ပေါ့ ပါးပါးနဲ့ ဟာသဆန်ပြီး Fanasty, Sci-Fi ကားတစ်ကားဖြစ်တာမို့ အားလုံးကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.87 GB) / (784 MB) / (478 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Fantasy, Sci-Fi Translator.......Parris Encoder..........SWM

Comedy
4.7 2021 94 mins
Alpha Rift
The Stolen Years
6.2

The Stolen Years (2013) (အညွှန်း) လူနှစ်ဦးချစ်ကြတဲ့အခါ အဲဒီလူနှစ်ဦးလက်ထပ်နိုင်ဖို့အရေး၊ ဇာတ်ပေါင်းထုပ်နိုင်ဖို့အရေးကိုပဲ များသောအားဖြင့် ပဓာနထားတတ်ကြတယ်။ ချစ်သူနှစ်ဦးပေါင်းဖက်နိုင်သွားရင် အရာအားလုံးအဆုံးသတ်သွားပြီ အောင်မြင်သွားပြီလို့ထင်မှတ်တတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး .. လက်ထပ်ပြီးနောက်ပိုင်းကမှသာ အဲဒီလူနှစ်ယောက်ရဲ့ တကယ့်ဘဝအစလို့ပြောရမှာပါ။ Xie Yu နဲ့ He Mann က တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတဲ့ ချစ်သူတွေအဖြစ်ကနေ အခုမှပူပူနွေးနွေးလက်ထပ်ပြီးကာစ အချစ်ငှက်ကလေးတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီး နှစ်ယောက်အတူရှိလိုက်ရင် အချင်းချင်းစနောက်ပြီး အမြဲပျော်ရွှင်ရယ်မောနေတတ်တာမို့ အများကဝိုင်းအားကျရတဲ့စုံတွဲလေးဆိုလည်းမမှားပါဘူး။ ဒီလိုနဲ့ကြင်စဦးတို့ရဲ့ထုံးစံအတိုင်း ဟန်းနီးမွန်းခရီးစဉ်တစ်ခုထွက်ရာကနေ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ် ..။ 2012 ခုနှစ်ရဲ့မနက်ခင်းတစ်ခုမှာ မတော်တဆမှုနဲ့ဆေးရုံရောက်နေတဲ့ He Mann သတိပြန်ရလာခဲ့တယ်။ နိုးနိုးလာချင်း မတော်တဆဖြစ်တုန်းကအတူတူရှိခဲ့တဲ့ ယောက်ျားဖြစ်သူ Xie Yu ကိုရှာတာပေါ့။ အဲဒီအချိန်မှာ မထင်မှတ်ထားတဲ့ထိတ်လန့်စရာအဖြစ်မှန်တွေကို He Mann ကြုံလိုက်ရတော့တယ်။ သူမှတ်မိနေတဲ့မှတ်ဉာဏ်က 2007 ခုနှစ်ကမှတ်ဉာဏ်တွေဆိုတာရယ် .. လက်ရှိခုနှစ်က 2012 ခုနှစ်ဆိုတာရယ် .. သိပ်ချစ်ခဲ့ကြတဲ့ သူနဲ့ Xie Yu က ကွာရှင်းပြီးသားဆက်ဆံရေးဖြစ်သွားပြီဆိုတာရယ် .. သူကမတော်တဆမှုတစ်ခုကြောင့် ဆေးရုံမှာတစ်လလောက် ကိုမာဖြစ်နေရာကနေ မှတ်ဉာဏ်တချို့ပျောက်ဆုံးသွားပြီဆိုတာရယ် .. ။ “ခိုးယူခံလိုက်ရတဲ့ သက္ကရာဇ်တွေ” မှာ ဘာတွေဖြစ်ပျက်ခဲ့လို့ He Mann ရဲ့ကမ္ဘာကြီးကပြောင်းလဲသွားရတာလဲ .. လူတွေကပဲပြောင်းလဲသွားခဲ့တာလား အချစ်စစ်ဆိုတာကပဲတည်မြဲမှုမရှိတာလား .. သိပ်ချစ်လွန်းလို့ပေါင်းဖက်နိုင်ခဲ့ပြီးကာမှ ဘယ်အရာတွေက သူတို့ကိုဝေးကွာသွားစေခဲ့တာလဲ .. ဒီအမှန်တရားကို He Mann တစ်ယောက်လက်ခံနိုင်စွမ်းရှိပါ့မလား .. နှစ်ယောက်သားနဲ့ကံကြမ္မာကရော ဘာတွေဆက်ဖြစ်ဦးမှာလဲ .. ။ IMDb 6.2/10 ရ တရုတ် romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အချစ်ဇာတ်လမ်းအဆွေးဇာတ်တွေကိုကြိုက်တတ်သူတွေအဖို့ကတော့ မိုးအေးအေးနဲ့ငြိမ့်ငြိမ့်လေးဆွေးလို့ကောင်းတဲ့ ဇာတ်လမ်းဟောင်း ဇာတ်လမ်းကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်။

Action • Adventure • Fantasy • Science Fiction
6.2 2013
The Stolen Years
Just For Meeting You
5.8

ဒီတစ်ခေါက်တော့ CM ရဲ့ ပရိသတ်တွေအတွက် ကျောင်းသား အချစ်ရုပ်ရှင်ချိုချိုလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကျောင်းပြောင်းလာတဲ့ ရွှီညန့်ညန့်ဟာ ယန်ရိနဲ့ အထင်လွှဲမှုတစ်ခုကြောင့် ရန်ငြိုးထားခံရပြီး ပြဿနာလုပ်ခံရပါတယ်။ မတည့်အတူနေ နှစ်ယောက်ဟာ အချင်းချင်းပြိုင်ဆိုင်နေကြပါတယ်။ အနိုင်လိုချင်စိတ်ကြောင့်လို့ ထင်နေကြပေမယ့် မသိမသာအတွင်းမှာ ချစ်မေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ ကောင်မလေးနဲ့ ကောင်လေးတို့ဟာ ဒီလိုနဲ့ တက်ကြွတောက်ပပြီး မေ့လို့မလွယ်တဲ့ အထက်တန်းအချိန်တွေကို အတူတူဖြတ်သန်းခဲ့ကြပါတယ်။ ဒါပေမယ့်လဲနောက်ဆုံးမှာတော့ ခွဲခွါခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ အချင်းချင်းမေ့မရတဲ့ နှစ်ယောက်သား ပြန်တွေ့တဲ့အချိန်မှာ သတ္တိရှိစွာနဲ့ အခက်အခဲအားလုံးကို ကျော်ဖြတ်ပြီး ကိုယ့်ရင်ထဲက အချစ်တွေကို ရင်ဆိုင်နိုင်ကြမလား ဆိုတာကို ကြည့်ရှုခံစားလိုက်ရအောင်နော်။

5.8 2023
Just For Meeting You
Danur 2: Maddah
5.2

Danur 2 (2018) သရဲတွေကိုမြင်နိုင်စွမ်းရှိပြီး သရဲသူငယ်ချင်းသုံးယောက်ရှိနေတဲ့ ဆယ်ကျော်သက်ကောင်မလေး ရီဆာ။အစ်မဖြစ်သူရဲ့ သရဲမြင်နိုင်တဲ့စွမ်းရည်ရှိတာကို ရှက်တတ်တဲ့ ညီမလေး ရီရီ။သူတို့နှစ်ယောက်ဟာ မိဘတွေအိမ်မှာမရှိကြတာမို့ ဘန်ဒေါင်းမြို့ကိုပြောင်းလာခါစဖြစ်တဲ့ အဒေါ်ဖြစ်တဲ့တီနာတို့မိသားစုဆီကို မကြာခဏသွားလည်ပြီး ညအိပ်လေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ အဒေါ်ရဲ့ယောက်ျားဖြစ်သူ အဟ်မဒ်ကို အပြင်မှာ‌ ကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်ပါတော့တယ်။ ဦးလေးဖြစ်သူ အဟ်မဒ်ဖောက်ပြန်နေတယ်လို့ထင်ခဲ့ပြီး ရီဆာဟာ တစ်‌ယောက်တည်းစုံစမ်းနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ အဒေါ်ရဲ့အိမ်မှာ ထူးဆန်းတဲ့အရာတွေကိုခံစားလာရပြီး ဦးလေးဖြစ်သူအဟ်မဒ်ရဲ့အပြုအမူတွေဟာလည်း ထူးဆန်းလာတယ်လို့ အစ်ကိုဝမ်းကွဲ အန်ကီကပြောလာခဲ့ပါတယ်။ ဦးလေးဖြစ်သူနဲ့တွေ့လိုက်တဲ့ကောင်မလေးဟာ ဘယ်သူဖြစ်မလဲ အိမ်မှာရှိနေတဲ့သရဲမနဲ့တစ်ခုခုများပတ်သက်နေမလား။ ဦးလေးအဟ်မဒ်ရဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ဘာကြောင့်လဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 711MB | 356MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron

Crime • Drama • Family
5.2 2018
Danur 2: Maddah
Lila & Eve
5.8

ဒီနေ့မှာတော့ အားလုံးရဲ့အသည်းစွဲ Jennifer Lopez ပါဝင် သရုပ်ဆောင်ထားတဲ့ မူခင်းရုပ်ရှင်တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် ။ Lila and Eve လို့ အမည်ရတဲ့ ဒီရုပ်ရှင်ထဲမှာတော့ Lila ဆိုတဲ့ အမျိုးသမီးက သူ့သား Stephon ကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူပါ ။ ဘာအပြစ်မှမရှိဘဲ မတရားသဖြင့် သေသွားရတဲ့ သားဖြစ်သူအတွက် ပူဆွေးနေရတဲ့ Lila ဟာ သူ့လိုမျိုး ဘဝတူမိခင်တွေအတွက် ဖေးကူရေး အဖွဲ့တစ်ခုရဲ့ စကားဝိုင်းကို သွားခဲ့ပါတယ် ။ အဲဒီမှာပဲ သူ့လိုမျိုးပဲ သားသမီးဆုံးရှုံးထားတဲ့ Eve နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ် ။ တကယ်တော့ Lila လိုချင်တာက သူ့သားကို သတ်ခဲ့တဲ့ တရားခံကို ရှာဖို့ပါပဲ ။ ရဲတွေကို အမျိုးမျိုးဆက်သွယ်ခဲ့ပေမယ့် အဖတ်မလုပ်တဲ့နောက်မှာတော့ Eve က သူ ကူညီပေးမယ်လို့ ဆိုလာပါတယ် ။ Stephon ကို သတ်သွားတဲ့ တရားခံကို Lila နဲ့ Eve တို့ ရှာတွေ့နိုင်မလား ။ တရားခံရှာရင်းကနေ ဘယ်လိုပြဿနာမျိုးတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို သားဖြစ်သူကို ဆုံးရှုံးထားတဲ့ မိခင်တစ်ယောက်ရဲ့ နေရာကနေ ဝင်ခံစားနေရသလိုမျိုး ကြည့်ရှုရမှာဖြစ်ပါတယ် ။ ဒီရုပ်ရှင်မှာတော့ Lila အဖြစ် အော်စကာဆု ၊ ဂရမ်မီဆုတွေအပြင် သရုပ်ဆောင်ဆု သုံးထပ်ကွမ်း ပိုင်ရှင် Viola Davis က ပါဝင်သရုပ်ဆောင်ထားပြီး Eve အဖြစ် အားလုံးသိကြတဲ့ မင်းသမီးကြီး Jennifer Lopez က ပါဝင်ထားပါတယ် ။ Lila and Eve ရုပ်ရှင်ဟာ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Out of Sight ရုပ်ရှင်ပြီးရင် Viola Davis နဲ့ Jennifer Lopez တို့ရဲ့ ဒုတိယအကြိမ် တွဲဖက်ရိုက်ကူးရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ် ။ File size…1.31 GB / 602 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

5.8 2015 94 mins
Lila & Eve
Triple Tap
6.2

ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟောင်ကောင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Triple Tap လို့ခေါ်ပြီးတော့ One Night in Mongkok နဲ့ Double Tap အစရှိတဲ့ ဇာတ်ကားတွေရဲ့ sequel ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Louis Koo နဲ့ Daniel Wu တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သေနတ်ပြိုင်ပွဲချန်ပီယံရဲ့ မစ္စတာကန်ကွမ် (Louis Koo) က IPSC ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးတော့ အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ပြန်လမ်းမှာ ဓားပြတိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဓားပြတိုက်သူတွေဟာ ကျည်ကာကားပေါ်မှာပါတဲ့ သန်းရာချီတန်တဲ့ ပိုင်ဆိုင်မှုစာချုပ်ကို လိုချင်ကြတာပါ။ ဓားပြတိုက်သူတွေက ကားပေါ်မှာ လိုက်ပါလာသူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း သေနတ်ပစ်ဖောက်ခဲ့ကြတယ်။ ဒါတွေကို ကန်ကွမ်က အစအဆုံးမြင်လိုက်ရပါတယ်။ ခဏကြာပြီးနောက်မှာ ယာဉ်ထိန်းရဲ ရောက်လာခဲ့တယ်။ ယာဉ်ထိန်းရဲကိုလည်း သေနတ်နဲ့ ပစ်တော့မှာကို မြင်သွားတဲ့အခါ ကန်ကွမ်ဟာ ဓားပြတွေကို သူ့မှာပါလာတဲ့သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကန်ကွမ် လူသတ်လိုက်တာ မှန်တယ် မမှန်ဘူးဆိုပြီး တရားရုံးရောက်တဲ့အထိ အငြင်းပွားကြပါတော့တယ်။ စာချုပ်ဓားပြတိုက်တဲ့ အမှုကို စုံစမ်းမယ့် ရဲအရာရှိ ဂျယ်ရီချုံက ကန်ကွမ်နဲ့ ပြိုင်ပွဲမှာ ရှေ့ဆင့်နောက်ဆင့် ဆုရသူတွေပါ။ မျက်မြင်သက်သေတွေလည်းအကုန်သေ သံသယတရားခံတစ်ယောက်ကလည်းလွတ်သွား ဘာသက်သေမှမကျန်ခဲ့တဲ့ ဒီအမှုကို ဂျယ်ရီချုံတစ်ယောက် ဘယ်လိုစုံစမ်းဖော်ထုတ်မလဲ။ အခင်းဖြစ်ပုံကို အစအဆုံးမြင်ခဲ့တဲ့ ကန်ကွမ်ကရော အားလုံးထင်သလို အရာရှိကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် ဟုတ်ရဲ့လား၊ နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိနေဦးမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဒီကားထဲမှာ ကြည့်ရှုလိုက်ကြပါနော်။ File size… 2.6 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Action/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

6.2 2010
Triple Tap
Valentine
5

Valentine (2001) ================= ၁၉၈၈ တုန်းက ဂျူနီယာအထက်တန်းကျောင်းတစ်ကျောင်းရဲ့ဗယ်လင်တိုင်းနေ့ အထိမ်းအမှတ်ကပွဲဖြစ်ပါတယ်။ ဘယ်သူမှအရောမဝင်တဲ့ ဂျယ်ရမီဆိုတဲ့ကျောင်း သားလေးတစ်ယောက်ဟာ သူနဲ့တွဲကဖို့မိန်းကလေးတွေကို တစ်ယောက်ပြီးတစ် ယောက်လိုက်မေးနေခဲ့ပေမယ့် အားလုံးကလှောင်ပြောင်ငြင်းပယ်တာကိုခံခဲ့ရပါ တယ်။ အဲ့ဒီထဲကမှ သူဌေးသမီးတစ်ယောက်ဖြစ်တဲ့ ဒေါ်ရသီက သူ့ဖိတ်ကြားချက် ကို လက်ခံခဲ့သလိုနမ်းတာကိုလည်းလက်ခံခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားကြီးတစ်ချို့နဲ့ဒေါ်ရသီ သူငယ်ချင်းတွေ သူတို့နှစ်ယောက် ကိုမြင်သွားတဲ့အချိန်မှာတော့..ဒေါ်ရသီက သူ့ကို ဂျယ်ရမီက အတင်းဝင်လုံးတာ ဖြစ်ကြောင်းငြင်းတဲ့အတွက် အားလုံး၀ိုင်းပြီးထိုးကြိတ်ကန်ကြောက်တာကို ဂျယ် ရမီခံခဲ့ရပြီးကျောင်းကထွက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။ လက်ရှိခေတ်ကာလမှာတော့ အဲ့ဒီတုန်းက ဒေါ်ရသီနဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကိတ်၊ လီလီ၊ ပေ့ချ် နဲ့ ရှယ်လီတို့ဟာ တစ်ယောက်တစ်ယောက်နေရာစီမှာ ကိုယ့်ဘ၀နဲ့ ကိုယ်ဖြစ်နေကြပါပြီ၊ သူတို့ကိုပြန်လည်ဆုံဆည်းစေခဲ့တာကတော့ ရှယ်လီတစ် ယောက်ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုကြောင့်ဖြစ်ပြီး ဒီအမှုဟာ အစပဲရှိ သေးတာကို သိလိုက်ကြရချိန်မှာတော့ မေ့ထားချင်တဲ့အတိတ်ကို ပြန်အစဖော်ဖို့ ဖြစ်လာပါတော့တယ်။ Slasher ကားတွေခေတ်စားတဲ့ကာလ၊ထွက်တိုင်းလည်းပေါက်ခဲ့တဲ့ ကာလက ဇာတ်ကားဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ဇာတ်ကားမဟုတ်ပေမယ့် ဇာတ် လမ်းဇာတ်အိမ်၊ သရုပ်ဆောင်တွေနဲ့ twist တွေအရပါ ပေါ့ပေါ့ပါးပါးကြည့်ပျော် တာထက်ပိုတဲ့ကားပါ။ Denise richards ကလည်း အရမ်းလှပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.5 GB) / (700 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator…….Alias Encoder……….SWM

5 2001
Valentine
Deadpool & Wolverine
7.9

Deadpool & Wolverine (2024) IMDb Rating (7.9) / Rotten Tomatoes (78%) Official WED-DL Version ရုပ်သံအကြည်ထွက်လာလို့ 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါပြီ။ Deadpool & Wolverine (2024) အပြင် အရင်ထွက်ခဲ့တဲ့ Deadpool နှစ်ကားကိုလည်း Channel Myanmar Web and App မှာ ကြည့်နိုင်ပါပြီ။ ပြီးတော့ ဒီရုပ်ရှင်နဲ့ဆက်စပ်တဲ့ MCU ရုပ်ရှင်အကုန်၊ Fantastic Four နှစ်ကား၊ Blade ၃ ကား၊ Loki စီးရီး စတာတွေကိုလည်း Channel Myanmar Web and App မှာ အသင့်တင်ပေးထားပါတယ်။ Deadpool & Wolverine (2024) ရုပ်ရှင်ဟာ Loki စီးရီးထဲက TVA အချိန်ခရီးသွားအဖွဲ့နဲ့ ချိတ်ထားတာမို့ ဒါမကြည့်ခင် Loki စီးရီး ကို အရင်ကြည့်ရင် ပိုနားလည်မှာပါ။ ဇာတ်လမ်းအကျဉ်း ဒက်ပူးဟာ အဗန်ဂျာအဖွဲ့ထဲကို ဝင်ဖို့ကြိုးစားပေမဲ့ မအောင်မြင်တာရယ်၊ စော်နဲ့ ပြတ်တာရယ်ကြောင့် စိတ်ဓာတ်ကျပြီး ကားအရောင်းစာရေးပဲ လုပ်နေတော့တာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ အချိန်စီးကြောင်းကွဲထွက်တာတွေကို ထိန်းချုပ်တဲ့ TVA ဆိုတဲ့အဖွဲ့က လာဖမ်းသွားပါတယ်။ အဓိက အကြောင်းရင်းကတော့ ဒက်ပူးရဲ့ စကြဝဠာက ပျက်စီးတော့မှာဖြစ်လို့ ဒက်ပူးကို ပျက်စီးတဲ့အထဲ မပါအောင် သူတို့အေးဂျင့်အဖြစ်ခိုင်းလို့ရအောင် ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စကြဝဠာကို မပျက်စီးအောင် ကယ်ဖို့ ဝူးဗရင်းရဲ့ အကူအညီနဲ့ ဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရတဲ့အခါ စကြဝဠာပေါင်းစုံကို ခြေဆန့်ပြီး ဝူးဗရင်းတစ်ယောက်ကိုရှာပါတော့တယ်။ နောက်ပိုင်းမှာတော့ ဝူးဗရင်းနဲ့ဒက်ပူး နှစ်ယောက်သား အချင်းချင်းချလိုက်၊ စွန့်စားခန်းတွေဖွင့်လိုက်ဖြစ်နေတာကို ဆက်ကြည့်ရုံပါပဲ။ ဒီရုပ်ရှင်မှာ အရင်ရုပ်ရှင်တွေထဲက နာမည်ကြီး ဇာတ်ကောင်တွေကို ဧည့်သည်အဖြစ်ထည့်ပြီးဟာသတွေလုပ်ထားတာမို့ ရယ်လည်းရယ်ရ ကြည့်လို့လည်း ကောင်းပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။

Comedy • Horror • Science Fiction
7.9 2024
Deadpool & Wolverine
The Unseen Sister
6.2

အသက် ၁၄ နှစ်အရွယ်မှာတည်းက စာပေလောကထဲကို စာရေးဆရာအနေနဲ့ ရောက်လာခဲ့တဲ့ ကျန်းယွဲ့ရန်ရဲ့ (Da Qiao Xiao Qiao)တချောင်ရှောင်ချောင် (ခ) ချောင်ညီအစ်မဇာတ်လမ်းက အွန်လိုင်းဝတ္ထုတိုလေးဆိုပေမယ့်လည်း…. အခု ကျောက်လိယင်းနဲ့ ရှင်းကျစ်လေ မင်းသမီးနှစ်လက်အသားပေးပြီး The Unseen Sister (2024) ရုပ်ရှင်ကားအဖြစ်တစ်မျိုး၊ တစ်ဖက်မှာလည်း Tencent က ကျောက်လုစီနဲ့ ချန်ဝေထင်တို့က ဇာတ်လိုက်သရုပ်ဆောင် ဖန်တီးထားတဲ့ Love’s Ambition ( 2025 မျှော်မှန်း) ဇာတ်လမ်းတွဲအဖြစ် တစ်ဖုံ စင်ပြိုင် အလုခံရတဲ့ ဝတ္ထုတိုလေးပါ… ဒီလိုစင်ပြိုင်လုခံရတဲ့ ဇာတ်ကားလေးက ဘယ်လို ဇာတ်အိမ်တွေနဲ့ တည်ဆောက်ထားတယ်ဆိုတာကတော့ မူရင်းဝတ္ထုလေးဖတ်ဖူးသူတွေသိကြမှာပါ… ဒီနေ့မှာတော့ ယင်းပေါင်(ခ) ကျောက်လိယင်ရဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ရုပ်ရှင်ဗားရှင်းမှာတော့… နာမည်ကြီးသရုပ်ဆောင်မင်းသမီး ချောင်ယန် (ကျောက်လိယင်)က အမည်မသိလူတစ်ယောက်ရဲ့ လျို့ဝှက်ခြိမ်းခြောက်မှုကို ခံနေရတာပေါ့… တစ်ဖက်မှာလည်း သူ့ကို ငွေရှာစက်လိုသဘောထား အသုံးချ အသားယူဖို့ကြိုးစားနေတဲ့ ရှန်ဟောက်မင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ်ကိုလည်း ခံနေရပြန်တယ်… တစ်ဖက်မှာလည်း ချောင်ယန်ရဲ့ အောင်မြင်မှုကို တရုတ်နယ်စပ် မြန်မာနိုင်ငံကနေ ဗိုက်တစ်လုံးနဲ့ ကြည့်နေတဲ့သူကတော့ တချောင်( ရှင်းကျစ်လေ) ပါပဲ… တချောင်က တခြားသူမဟုတ်ပါဘူး… ချောင်ယန်နဲ့ ၁၇ နှစ်တာ ကွဲနေတဲ့ သူ့အစ်မအရင်းပါပဲ… သူ့မှာလည်း ဗိုက်တစ်လုံးနဲ့ ထားသွားတဲ့ ယောက်ျားက ဒီတိုင်းမထားဘဲ အကြွေးရှင်တွေနဲ့ ထားသွားတော့… ကူသူကယ်သူမဲ့နေရာကနေ နောက်ဆုံးမှာတော့…. ချောင်ယန်ရှိတဲ့ ပေကျင်းကို ထွက်လာဖို့ဖြစ်လာခဲ့တယ်… ၁၇ နှစ်တာ ဝေးကွာနေတဲ့ ညီအစ်မတွေ ပြန်ဆုံချိန်မှာ အမှတ်မထင် တချောင်ပြောတဲ့စကားက… “နင့်ဆီက ချောင်ယန်ဘဝကို ပြန်လိုချင်လို့”တဲ့… ဟုတ်ပါတယ်… ချောင်ယန်ဆိုတဲ့နာမည်နဲ့ဘဝက အခုမင်းသမီးချောင်ယန်ရဲ့ ဘဝမဟုတ်ဘဲ တချောင်ရဲ့ နာမည်ပါတဲ့… ဒါပေမယ့် ဘာလို့ ရှောင်ချောင်က တချောင်ရဲ့ နာမည်နဲ့ဘဝကိုရသွားတာလဲ… ချောင်ယန်ကို လျို့ဝှက်ခြိမ်းခြောက်နေတဲ့သူကရော ဘယ်သူလဲ… နောက်ပြီး ချောင်ယန်တစ်ယောက် သူ့ကို ငွေရှာစက်လို သဘောထားတဲ့ ရှန်ဟောက်မင်လက်က ဘယ်လိုရုန်းထွက်နိုင်မှာလဲ… တချောင် ရှောင်ချောင် ညီအစ်မနှစ်ယောက်ဘဝက ဘယ်လိုပြောင်းလဲသွားမှာလဲ… CM မှာ ဘာသာပြန်ပေးထားတာမို့ ကြည့်ရှုအားပေးလိုက်ကြရအောင်

6.2 2024
The Unseen Sister
Black Eagle

1988 ရဲ့ အက်ရှင်ကားတစ်ကားဖြစ်တဲ့ Black Eagle ဇာတ်ကားမှာတော့ မင်းသားကြီး Sho Kosugi နဲ့ Jean-Claude Van Damme တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဗန်ဒိန်းလို့ ပရိသတ်ကြားမှာ လူကြိုက်များရေပန်းစားခဲ့တဲ့ မင်းသားကြီးကို ထူးထူးဆန်းဆန်း ဗီလိန်ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားတာ တွေ့ရပြီး Kane Kosugi လည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားတာကို တွေ့ရပါတယ်။ Kane Kosugi ကလည်း အဖေ့ခြေရာနင်းပြီး နောက်ပိုင်းမှာ ကိုယ်ခံပညာအသားပေး ဇာတ်လမ်းတွေနဲ့ အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ မော်တာ ဆိုတဲ့ကျွန်းနိုင်ငံလေးအနီးမှာ ပျက်ကျသွားခဲ့တဲ့ F1-11 လေယာဉ်ပေါ်က ဒုံးကျည်လေဆာပဲ့ထိန်းစနစ်နည်းပညာကို ရုရှားတို့လက်ထဲကို မရောက်စေဖို့ အမေရိကန်အစိုးရအနေနဲ့ လင်းယုန်နက်လို့ အမည်ဝှက်ပေးထားတဲ့ (ကန်တာနီ)ကို ဆယ်ယူဖို့ စေခိုင်းခဲ့ပါတယ်.။ သူ့ရဲ့ကလေးတွေကို တစ်နှစ်မှာ ၂ ပတ်ပဲ အချိန်ပေးနိုင်တဲ့ ကန်တာနီကို ချုပ်ကိုင်နိုင်ဖို့ ဒင်းရစ်ကတ်အနေနဲ့ ဒန်နီနဲ့ ဘရိုင်ယန်တို့ကို ကြိုတင်ပြီး မော်တာကို ခေါ်ထားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကေဂျီဘီအေးဂျင့်တွေဖြစ်တဲ့ ကာနယ်ကလီမန်ကို နဲ့ ညာလက်ရုံး (အန်ဒရေး) တို့ကလည်း သူတို့ရဲ့အကျိုးအတွက် အသုံးချနိုင်ဖို့ မော်တာနိုင်ငံအနားမှာ ပျက်ကျသွားတဲ့ လေယာဉ်ဆီက လေဆာပဲ့ထိန်းစနစ်နည်းပညာကို အမေရိကန်တွေထက် လက်ဦးမှုရယူဖို့ ကြိုးစားလာခဲ့ပါတယ်။ ကန်တာနီဟာ သူတို့မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လင်းယုန်နက်ရဲ့အမွေကို ဆက်ခံမယ့် သား (၂) ယောက်ကို စစ်ဆင်ရေးကြားထဲကနေ ကာကွယ်ပေးဖို့ ကြိုးစားလာခဲ့ရပါတယ်။ သူ့ကို လက်စဖျောက်ဖို့ ကြိုးစားလာတဲ့ ကလီမန်ကိုတို့ ရန်ကနေ သား (၂) ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့ လင်းယုန်နက်ဝိညာဉ်ကို နိုးထဖို့ အချိန်တန်လာခဲ့ပါတယ်။ Jean-Claude Van Damme နဲ့ Sho Kosugi တို့ရဲ့ ကိုယ်ခံပညာအားပြိုင်မှု ဇာတ်ကွက်တွေကို တစ်ဝကြီးကြည့်ရှုနိုင်ဖို့ CM ကနေပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File Size : 2 GB, 1.2 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

Drama
0 1988 93 mins
Black Eagle
Susheela Sujeet
5.5

Susheela-Sujeet (2025) – အခန်းထဲက ကံကြမ္မာ Imdb -5.6 ဒီကားကတော့ လတ်တလောထွက်ရှိထားတဲ့ အိန္ဒိယမာရသီဘာသာစကား ရုပ်ရှင် ဖြစ်ပြီး ကြည့်ရှုသူတွေကို ပေါ့ပေါ့ပါးပါး ရယ်မောစေနိုင်တဲ့ ဟာသဒရာမာ တစ်ကားအဖြစ် ဖန်တီးတင်ဆက်ထားပါတယ် နေ့စဉ်ဘဝရဲ့ ရိုးရှင်းတဲ့ အခြေအနေတစ်ခုကနေ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို ဖော်ကျူးထားတာကြောင့် အချစ်ကား ဒရာမာကားကြိုက်သူတိုင်းအတွက် သင့်တော်ပါတယ်ရှင် ဇာတ်လမ်းအကျဉ်းကတော့ ရိုးသားတဲ့ အိမ်ရှင်မ ဆူရှီလာနဲ့ အတွေ့အကြုံနည်းပါးသေးတဲ့ ရေပိုက်ပြင်သမားလေး ဆူဂျိတို့နဲ့ အစပြုထားပါတယ် ဆူရှီလာရဲ့ ရေချိုးခန်းပြွန် ပေါက်ပြဲနေတာကို ပြင်ဆင်ဖို့ ဆူဂျစ်ရောက်လာချိန်မှာ လက်ကိုင်တံခါးကပါမကောင်းနေတာကြောင့် မထင်မှတ်ဘဲ သူတို့နှစ်ဦးက အခန်းတစ်ခန်းထဲမှာ အတူပိတ်မိသွားပါတော့တယ် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး ဖုန်းတွေလည်း မပါကြတဲ့ အခြေအနေမှာ အချိန်တွေကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်ဟာ အပြင်ထွက်ဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးစားပုံတွေကို အူနာအောင်ရယ်နေရမှာပါ ရေပိုက်ပြင်သမားလေး ဆူဂျစ်က ပုံမှန်အားဖြင့်တော့ ရိုးအအနိုင်ပြီး ဆူရှီလာကတော့ အိမ်ရှင်မပီပီ စိတ်ရှုပ်ထွေးတတ်သူတစ်ဦးပါ ကနဦးမှာတော့ တစ်ယောက်နဲ့တစ်ယောက် စိမ်းကားခဲ့ကြပြီး အမြင်မကြည်လင်မှုတွေ ရှိခဲ့ကြပေမဲ့ အခန်းထဲမှာ ပိတ်မိနေတဲ့ အချိန်တွေကြာလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦးရဲ့ အတွေးအမြင်တွေ ခံစားချက်တွေနဲ့ နေ့စဉ်ဘဝ အတွေ့အကြုံတွေကို ဝေမျှရင်း ပိုမိုနားလည်လာကြပါတယ် ဒီလို မထင်မှတ်တဲ့ အခြေအနေကနေ ဖြစ်ပေါ်လာတဲ့ ပေါ့ပါးတဲ့ ဟာသဇာတ်ဝင်ခန်းတွေ စိတ်ခံစားမှုလှိုင်းဂယက်တွေနဲ့ မမျှော်လင့်ထားတဲ့ အချစ်ရေးရာ လှည့်ကွက်တွေက ဇာတ်ကားကို ပိုမိုဆွဲဆောင်မှုရှိစေပါတယ် သူတို့နှစ်ဦးရဲ့ ဘဝနဲ့ ဆက်ဆံရေးအပေါ် ဒီဖြစ်ရပ်က ဘယ်လို သက်ရောက်မှုရှိလာမလဲ ဘယ်လိုပြန်လွတ်မြောက်ပြီး ဘာဆက်ဖြစ်မလဲဆိုတာကို ရယ်မောပျော်ရွှင်ဖွယ် တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Horror
5.5 2025 92 mins
Susheela Sujeet
Pie To Die For: A Hannah Swensen Mystery
6.4

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Hannah Swensen ထုတ်ကုန်များထဲက ၂၀၂၅ ခုနှစ်ထွက် ဇာတ်ကားလေးဖြစ်ပါတယ်.. စာရေးဆရာမ Joanne Fluke ရဲ့ Mystery/Crime အမျိုးအစား Hannah Swensen စာအုပ်များကို Hallmark ချန်နယ်မှ ဖန်သားပြင်ပေါ်သို့ ပြောင်းလဲတင်ဆက်ပေးနေတာဖြစ်ပြီး အခုဆိုရင် ၁၂ ကားမြောက်အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်… ဒီကားလေးမှာဆိုရင် ဟန်နာ့မိခင်ဖြစ်သူရဲ့ အနုပညာပြိုင်ဘက်တစ်ယောက် နေအိမ်တွင် အသတ်ခံရပြီး ထိုလူသတ်မှုကို ဟန်နာတို့ မိသားစုက စုံစမ်းဖော်ထုတ်ကြပုံကို တင်ဆက်ရိုက်ကူးထားပါတယ်.. ဗစ်တိုးရီးယားဟာ ဟန်နာ့မိခင်ဖြစ်သူနဲ့ ပြဇာတ်အတူကသူဖြစ်ပြီး နာမည်ကျော်စတားတစ်ယောက်လည်းဖြစ်ပါတယ်.. ငွေကြေးချမ်းသာသူဖြစ်တဲ့အပြင် နာမည်ကျော်ဖြစ်သောကြောင့် ပရိသတ်အများအပြား ချစ်ခင်နှစ်သက်သူအများအပြားရှိသူဖြစ်ပါတယ်.. သို့သော်လည်း တစ်ရက်မှာတော့ ကံမကောင်းစွာနဲ့ နေအိမ်အတွင်း လူမသိသူမသိ အသတ်ခံခဲ့ရပါတယ်… ၎င်းအသတ်ခံရပြီးနောက် ချက်ချင်းဆိုသလို ဗစ်တိုးရီးယားနေအိမ်သို့ ဟန်နာရောက်ရှိခဲ့ပြီးနောက် ရဲဌာနကို ဖုန်းဆက်အကြောင်းခဲ့ပါတယ်.. မူလက ရန်ငြိုးရန်စရှိသူ ဟန်နာ့မိခင်ဟာ ဒီအမှုအတွက် သံသယရှိသူစာရင်းမှာ ထိပ်ဆုံးက ပါဝင်ခဲ့တဲ့နောက်မှာတော့ ဟန်နာတို့မိသားစုအတွက် လက်ရှိအမှုကို ကိုယ်တိုင် စုံစမ်းစစ်ဆေးရေးလုပ်ဖို့ အခက်တွေ့ခဲ့ရပါတယ်.. သို့သော်လည်း မိသားစုလိုက် စည်းစည်းလုံးလုံးနဲ့ ရဲများရဲ့ အငြူစူမခံရအောင် ရှောင်ရှားရင်း လူသတ်သမားအစစ်ကို ဖော်ထုတ်ဖို့ကြိုးစားကြတဲ့အခါမှာတော့ လူသတ်မှုကျူးလွန်နိုင်စရာ အကြောင်းပြချက်များစွာနဲ့ လူသတ်သမားဖြစ်နိုင်သူများစွာကြားမှာ အမှုဟာ ရှုပ်ထွေးလာခဲ့ပါတော့တယ်… ဒီကားလေးဟာ တီဗွီဇာတ်လမ်းဖြစ်ပြီး ၁၂ ကားအထိ ဆက်တိုက်ရိုက်ကူးလာခဲ့တဲ့ ကားလေးဖြစ်လို့ ပရိသတ်အခိုင်အမာရှိပြီးသား ဇာတ်လမ်းဖြစ်ပါတယ်.. စုံထောက်ရုပ်ရှင်ကြိုက်နှစ်သက်သူ ရုပ်ရှင်ချစ်ပရိသတ်များ ခေါင်းစားရတာ ကြိုက်နှစ်သက်သူပရိသတ်များအတွက် ကြည့်ပျော်မယ့်ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှုခံစားနိုင်ကြစေရန် ညွှန်းဆိုတင်ဆက်လိုက်ရပါတယ်ခင်ဗျာ… File Size… (1.31 GB) / (666 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 32m Genre ….. Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

6.4 2025 84 mins
Pie To Die For: A Hannah Swensen Mystery