YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My Friend, The Enemy(2022).EP.3.WEB-DL1080P(CM).mp4

1.05 GB N/A video/mp4 331 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Jingle All the Way
6

ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990‌ ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်‌တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ နှစ်ဆကျော်ဝင်ငွေပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ ဒေါင်းကြည့်ဖို့တကယ်ထိုက်တန်လှတာမို့ ခရစ္စမတ်မှာ chill ဖို့ Jingle All the Way လေးကို ဒေါင်းကြည့်ကြပါဦး။ ပြောဖို့တစ်ခုကျန်ခဲ့တယ်ဗျို့။ ဇာတ်ဝင်သီချင်းတွေ တကယ်ရှယ်ကောင်းပဲဗျ။ ကဲ Jingle All the Way လေးကို ရှုစားအားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို San Thu Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 29Min Genre - Adventure, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Y

Crime • Horror • Thriller
6 1996 89 mins
Jingle All the Way
Spiderhead
5.8

IMDb Rating 6.2/10 Thor မင်းသား Christ Hemsworth ဦးဆောင်ပါ၀င်ထားပြီး၊ Miles Teller လည်း ပါဝင်တဲ့ Netflix ရဲ့ရုပ်ရှင် အသစ်လေးထွက်လာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ သေဒဏ်ချခံထားရပြီး ဘ၀ဆုံးနေတဲ့ အကျဉ်းသားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့အတွက် စပိုက်ဒါဟက်ဆိုတဲ့ ဆေးဝါးထိန်းချုပ်ရေးပရိုဂရမ် တစ်ခုမှာ စေတနာ့၀န်ထမ်းလုပ်ကြပါတယ် ။ ဒီပရိုဂရမ်ကို ဦးဆောင်တဲ့ သူကတော့ စတိဗ် အက်ဘနက်စ်ကိ( Chris Hemsworth ) ပါ ။ ဒီအကျဉ်းသားတွေရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ် လေ့လာရင်း N-40 ဆိုတဲ့ ပီယ ဆေးဝါးအသစ်ကို ဆန်းသစ်တီထွင်ကြပါတယ် ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီစပိုက်ဒါဟက်အကျဉ်းထောင်နဲ့ ကျွန်းကြီးမှာ မထင်မှတ်ထားစရာတွေကလည်း အများကြီး စောင့်မျှော်လို့နေသေးတာမို့ ဆက်လက်အားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Thiha Yan Naing, Mr.Anderson, Chit Tee တို့ဖြစ်ပါတယ်။) File Size..........(1.05 GB) / (576 MB) / (319 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Drama Translator.......Thiha Yan Naing, Mr.Anderson, Chit Tee Encoder..........SWM

Drama • Thriller
5.8 2022 106 mins
Spiderhead
The Legion
6.1

ပဉ္စမမြောက် ရောမဧကရာဇ် နီရိုကလောဒီးယပ်စ်ဆီဆာ အုပ်ချုပ်နေတဲ့ကာလ အေဒီ၆၂မှာ ရောမအင်ပါယာနယ်နမိတ်ထဲကို ပါသီယမ်တွေ ကျူးကျော်ဝင်ရောက်လာပါတယ်။ ဒီအတွက် နီရိုဧကရာဇ်က တပ်နှစ်တပ်ကိုစေလွှတ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ပေးတဒ်စ်ဦးဆောင်တဲ့ တပ်မကြီးဟာ အာမေးနီးယားရဲ့နှင်းတောင်တွေအလယ်မှာ တပ်စခန်းချတယ်။ ဗိုလ်ချုပ်ကူဘူလိုရဲ့ တပ်ကတော့ နီရိုဧကရာဇ်ရဲ့အမိန့်အရ ဆီးရီးယားဘက်မှာ အစောင့်တပ်အနေနဲ့နေပြီး ဗိုလ်ချုပ်ပေးတဒ်စ် စစ်ကူတောင်းချိန်ကို စောင့်စားနေရတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်ပေးဒ်စ်တို့တပ်စခန်းက နှင်းတောင်တွေအလယ်မှာ ပါသီယမ်တွေရဲ့ ဝိုင်းရံထားခံရပြီး ရိက္ခာလမ်းကြောင်းတွေလည်း ဖြတ်တောက်ခံထားရတယ်။ ဗိုလ်ချုပ်ကူဘူလိုဆီ စစ်ကူတောင်းဖို့ သတင်းပို့သမားတွေ စေလွှတ်ခဲ့ပေမယ့်လည်း လမ်းမှာ ပါသီယမ်သတ်ဖြတ်တာခံရပြီး စစ်ကူတောင်းဖို့ သတင်းစကားမပေးပို့နိုင်ဘူး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ဆောင်းရာသီလည်း ရောက်တော့မယ့်အချိန်၊ ရိက္ခာလည်း ပြတ်တောက်တော့မယ်အချိန်မှာ တပ်တစ်ခုလုံးက စစ်သည်ပေါင်းထောင်ချီရဲ့အသက်တွေ၊ ဒီတပ်တစ်ခုလုံးရဲ့ကံကြမ္မာဟာ နော်ရန်နို ဆိုတဲ့ တပ်သားလေးတစ်ယောက်ရဲ့လက်ထဲကျရောက်သွားပါတယ်။ နော်ရန်နိုဟာ စစ်ကူတောင်းခံမယ့် သတင်းစကားကို အာမေးနီးယားကနေ ဆီးရီးယားက ဗိုလ်ချုပ်ကူဘူလိုဆီ ပေးပို့ရမှာဖြစ်ပါတယ်။ ပါသီယမ်တပ်သားတွေကလည်း အသည်းအသန်လိုက်သတ်နေပြီး နှင်းတောင်အထပ်ထပ်၊ တောထဲအထပ်ထပ်၊တောင်အထပ်ထပ် ခက်ခဲကြမ်းတမ်းတဲ့ ဒီခရီးလမ်းမှာ နော်ရန်နိုဟာ ဘယ်လိုကြိုးစားသွားမလဲ၊ဘယ်လိုအခက်အခဲတွေ တွေ့ဦးမလဲ၊ သူ့ရဲ့တာဝန်ကို ကျေပွန်အောင်အမှုထမ်းနိုင်ပါ့မလား။ ဆက်လက်ကြည့်ရှုကြပါဦး။

Crime • Mystery
6.1 2020 96 mins
The Legion
Teenage Mutant Ninja Turtles: Mutant Mayhem
7.5

Teenage Mutant Ninja Turtles: Mutant Mayhem (2023) ~ IMDb – 7.5/10, Rotten Tomatoes – 97% ~ 2023 ထွက် လိပ်နင်ဂျာကာတွန်းကားအသစ်ရပါပြီ။ လိပ်နင်ဂျာကာတွန်းတွေက ဖန်တရာတေအောင်ထွက်ပြီးသားဖြစ်ပေမဲ့ ဒီတစ်ခါ ကာတွန်းရုပ်ရှင်ကိုတော့ တမူထူးခြားတဲ့ ကာတွန်းစတိုင်နဲ့ ဖန်တီးထားပါတယ်။ 3-D CG Animation နည်းနဲ့ အလင်းအမှောင် လှုပ်ရှားမှုတွေကိုဖန်တီးထားပါတယ်။ Spider-Man: Into the Spider-Verse ဟာ ကာတွန်းရုပ်ရှင်လောကကို အသစ်တီထွင်ဖို့ တစ်ခေတ်ဆန်းပေးခဲ့တာပါပဲ။ ဒါရိုက်တာ Jeff Rowe ကလည်း ဆရာကြွက်နေရာမှာ သရုပ်ဆောင်ဖို့ ဂျက်ကီချန်း၊ စူပါဖလိုင်းနေရာမှာ သရုပ်ဆောင်ဖို့ Ice Cube, ရော့စတက်ဒီနေရာအွက် ဂျွန်စီနာ တို့ကို တစ်ယောက်ချင်း လိုက်ဖိတ်ခေါ်ခဲ့တာပါ။ ဇာတ်လမ်းကိုလည်း အရင်ပါနေကျ ဗီလိန်ရှရက်ဒါကိုပါ မထည့်ဘဲ မြူးတန့်အချင်းချင်း တိုက်ပွဲအနေနဲ့ ပြန်ရေးထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ တိရစ္ဆာန်တွေကိုစမ်းသပ်ပြီး သန္ဓေပြောင်းစစ်တပ်တစ်ခုဖန်တီးချင်တဲ့အဖွဲ့တစ်ဖွဲ့ကနေ သိပ္ပံပညာရှင် တစ်ယောက်ဟာ ဆေးရည်တွေကိုခိုးယူပြီး သူ့ရဲ့ သန္ဓေပြောင်းကောင်လေးတွေနဲ့အတူ ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက်ကို လိုက်ဖမ်းရင်း တိုက်ပွဲတွေဖြစ်ပြီး ဆေးရည်တွေ မြောင်းထဲကျသွားရာကနေ ဆရာကြွက်တို့ လိပ်နင်ဂျာလေးဖော်တို့ ဖြစ်လာပါတယ်။ လိပ်နင်ဂျာလေးတွေ ဆယ်ကျော်သက်ဖြစ်လာချိန်မှာ မြောင်းထဲမှာပဲ ပုန်းမနေချင်တော့ဘဲ လူတွေကြားမှာ ဝင်ဆန့်ချင်လာပါတယ်။ သူတို့ကို လူတွေလက်ခံအောင် သူရဲကောင်းဖြစ်ဖို့ ကြိုးစားရာကနေ စူပါဖလိုင်းဆိုတဲ့ သန္ဓေပြောင်းယင်ကောင် ဗီလိန်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – (6.1 GB) /(2.5GB)/ (1.25GB) Quality – 4K HEVC,1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 39Min Genre – Action, Adventure, Animation Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

7.5 2023 100 mins
Teenage Mutant Ninja Turtles: Mutant Mayhem
Society of the Snow
8

Society of the Snow (2023) ~ IMDb – 8/10, Rotten Tomatoes – 90% ~ Society of the Snow ဟာ လာမယ့်အော်စကာမှာ Best International Feature Film ဆုအတွက် စပိန်ကိုယ်စားပြုရုပ်ရှင်ဖြစ်သလို Shortlist ၁၅ကားထဲလည်း ဝင်ထားတယ်။ ဒါရိုက်တာကတော့ A Monster Calls, Jurassic World: Fallen Kingdom နဲ့ The Impossible တို့ရဲ့ ဒါရိုက်တာ J. A. Bayona ဖြစ်တယ်။ The Lord of the Rings: The Rings of Power ရဲ့ ပထမဆုံး၂ပိုင်းကိုလည်း သူပဲရိုက်ထားတာ။ ကားတော့ သိပ်မရှိပေမဲ့ ရိုက်ထားသလောက်တော့‌ ကောင်းတယ်လို့ပြောရမယ့် ဒါရိုက်တာပဲ။ Society of the Snow ကိုတော့ သူ့ရဲ့အကောင်းဆုံးလက်ရာလို့ ဆိုကြတယ်။ Society of the Snow ရဲ့ ဇာတ်က အမှန်ဆိုမဆန်းတော့ဘူး။ ဥရုဂွေးကနေ ချီလီကိုသွားတဲ့ လေယာဉ် အန်းဒိဇ်တောင်ကြားမှာပျက်ကျပြီး နှင်းတွေကြား အစာရေစာမရှိဘဲ ရှင်ကျန်ဖို့ကြိုးစားခဲ့တဲ့သူတွေအကြောင်းပေါ့။ မဆန်းဆို ဒီဖြစ်ရပ်က တော်တော်ဟိုးလေးတကြော်ဖြစ်ခဲ့သလို စာအုပ်တွေထွက်တာလည်း ၁၆အုပ်လောက်ရှိသလို ရုပ်ရှင်တွေလည်း တော်တော်ထွက်ခဲ့ဖူးတယ်။ စတီဖင်ကင်းရဲ့ The Shining အပြင် Rick and Morty မှာတောင် ထည့်ပြောသွားဖူးတယ်။ နောက် Yellowjackets ဆိုတဲ့ နာမည်ကြီးစီးရီးတစ်ခုရဲ့ မူလဘူတကလည်း ဒီဖြစ်ရပ်ပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကိုယ်တိုင်လည်း ၂၀၁၂တုန်းက The Impossible ရိုက်ဖို့ လေ့လာကတည်းက ဒီရုပ်ရှင်ဖြစ်လာမယ့်စာအုပ်ကို ဖတ်ပြီး မူပိုင်ခွင့်ဝယ်ထားခဲ့တာ။ သေချာအချိန်ယူခဲ့သလို သေချာလည်းလေ့လာခဲ့တယ်။ ဒီဖြစ်ရပ်ကို ရိုက်ခဲ့သမျှကားတွေထဲ ဒီကားက ဝေဖန်ရေးသမားတွေရဲ့ မျက်နှာသာအရဆုံးလို့ ဆိုရမယ်။ ဒီလေယာဉ်ပျက်ကျတဲ့ဖြစ်ရပ်ရဲ့ အထူးခြားဆုံးအချက်က လူသားစားခဲ့ကြတဲ့ အချက်ပဲ။ နှင်းတောထဲ အချိန်တစ်ခုထိ ရိက္ခာမရှိ နေလာရင်း ဘာမှမရှိတော့တဲ့အချိန် သူတို့ရွေးချယ်မှုက သေသွားတဲ့လူတွေကို စားဖို့ဖြစ်လာခဲ့တဲ့နောက် ဒီဖြစ်ရပ်ကို အဲဒီအချက်ကပဲ ပိုထူးခြားသွားစေခဲ့တယ်။ ဒီဖြစ်ရပ်ကနေ ရှင်ကျန်တဲ့သူ၁၆ယောက်ရှိတယ်။ ဒီထဲက ၁၅ယောက်နဲ့ ဒါရိုက်တာက စကားပြောခွင့်ရခဲ့သလို သူတို့ကိုရုံမတင်ခင် ကြိုလည်းပြခဲ့တယ်။ ဒီဖြစ်ရပ်အပေါ် ဒါရိုက်တာရဲ့အမြင်တွေက အဲဒီလူတွေဆီကလာတော့ ဒီဖြစ်ရပ်ရဲ့ အကျည်းတန်ခြင်းတွေကို ဒါရိုက်တာက သူတို့ရဲ့လုပ်ရပ်ကောင်းတွေနဲ့ပဲ ပြန်ဖုံးသွားခဲ့တယ်။ လူသားစားတဲ့ အခန်းတွေပါနေပေမဲ့ ဒီကိုဦးတည်မသွားခင် ပြသွားတဲ့အရာတွေရော နောက်မှာပြတဲ့အရာတွေရော၊ Narrative တွေရောက ဒီအကျည်းတန်ခြင်းကို စွ့န်လွှတ်အနစ်နာခံခြင်းအသွင်နဲ့ပဲ လူသားစားတာကို လူသားဆန်ဆန်ပြသွားတယ်။ ဒီလိုပြတာကိုကပဲ ဒီကားကို ထူးခြားစေတယ်။ ဒီလေယာဉ်တစ်စီးလုံးကလူတွေထဲက ခရီးသည်၄၀မှာ ရက်ဂီဘောလုံးအသင်းက လူ၁၉ယောက်ပါသလို ကျန်တဲ့လူတွေကလည်း သူတို့နဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေဆိုတော့ ဒီလိုပြန်စားလိုက်တာက တော်တော်တော့ ခေါင်းကျိန်းစရာကောင်းပေမဲ့ အကျိုးနဲ့အကြောင်းနဲ့ပဲ လူသားဆန်အောင်ပြထားတယ်။ ရှင်သန်ချင်စိတ်တွေ၊ ရဲဝံ့မှုတွေ၊ ယုံကြည်ချက်တွေ၊ စွန့်လွှတ်ခြင်းတွေ၊ လူသားဆန်မှုတွေနဲ့ ဖြစ်ရပ်က ရက်စက်သလို ကားကလည်း Survival ကားပေမဲ့ တော်တော်လေး လူသားဆန်နေတယ်။ ဒီလိုထူးသွားလို့ပဲ အော်စကာ Shortlist ထဲ ဝင်သွားသလားတော့မသိဘူး။ Society of the Snow ဟာ အကျည်းတန်တဲ့ဇာတ်လမ်းတစ်ပုဒ်ကို လှပတဲ့အဖြေပေးသွားတဲ့ ဇာတ်လမ်းလို့ပြောရမယ်။ ဒီလိုအချင်းအရာမျိုးကို ကျွန်တော်တို့ ဒါဦးဆုံးတွေ့ဖူးတာလည်း မဟုတ်တော့ပါဘူး။ My Neighbor Totoro တို့လို အရှိတရားရဲ့ရက်စက်ခြင်းတွေကို အနုပညာက ထွက်ပေါက်တစ်ခုပေးသွားတဲ့ ရုပ်ရှင်မျိုးတွေ မြင်ရပေါင်းမနည်းတော့ပါဘူး။ ကမ္ဘာကြီးမှာ အကျည်းတန်တဲ့နေရာတွေရှိသလို လူသားမှာလည်း ရက်စက်တဲ့အခါတွေ မကင်းနိုင်ဘူး။ တစ်ခါတလေ အနုပညာက အဲဒီအတွက် ထွက်ပေါက်တစ်ခုတော့ ပေးနိုင်တတ်တယ်။ မလှပတဲ့အရာတွေကို လှပစေလိုက်တာမျိုးပေါ့။ Society of the Snow ဟာ ဒီဖြစ်ရပ်အတွက်ပေးသွားတဲ့ ထွက်ပေါက်တစ်ခုလို့ ယူဆလို့ရနိုင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.95GB, 990MB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 24Min Genre – Adventure, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
Society of the Snow
Neighbors 2: Sorority Rising
5.7

Neighbors 2 : Sorority Rising (2016) IMDb-5.7/10 2014 မှာထွက်ရှိခဲ့တဲ့ Neighbors ရဲ့ ဒုတိယမြောက်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းသားကလပ်ကိစ္စကို ဖြေရှင်းပြီးသွားတဲ့ မက်ခ်နဲ့ ကယ်လီတို့ စုံတွဲနှစ်‌‌ယောက် နှစ်နှစ်အကြာမှာ နောက်ထပ်ကိုယ်ဝန်ထပ်ရသွားခဲ့ပါယ်။ ကလေးနောက်တစ်ယောက်ထပ်ရတော့မှာမလို့ ပြဿနာပေါင်းစုံတက်ခဲ့တဲ့ သူတို့အိမ်ကိုလည်း ရောင်းပြီး မြို့ပြင်မှာ အေးအေးချမ်းချမ်းနေဖို့ စီစဉ်ထားခဲ့ကြတာပါ။ ပြဿနာက အိမ်အရောင်းအဝယ်လုပ်‌နေတဲ့ကာလမှာ သူတို့ဘေးအိမ်ကို ကပ်ပါ နူး ဆိုတဲ့ ကျောင်းသူကလပ် အသစ်ရောက်လာကြပြီး အရင်ကျောင်းသားကလပ်‌ထက် နှစ်ဆပိုသောင်းကျန်းပြပါတော့တယ်။ ဒီလိုနဲ့ မက်ခ်နဲ့ကယ်လီတို့လည်း အိမ်အရောင်းအဝယ်မပျက်ရအောင်လို့ သူတို့ရဲ့ရန်သူဟောင်းကြီးဖြစ်ခဲ့ဖူးတဲ့ ဒယ်တာ ဆိုင်လ်အဖွဲ့ ဥက္ကဋ္ဌဟောင်း တက်ဒီရဲ့ အကူအညီကိုယူပြီး ‌ကပ်ပါ နူးအဖွဲ့ကိုဖျက်ဖို့ ဘယ်လိုကြိုးစားကြမလဲ၊ ဒီတစ်ကြိမ်မှာရော သူတို့နိုင်ပါဦးမလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File size… 1.8 GB / 966 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Drama
5.7 2016 92 mins
Neighbors 2: Sorority Rising
Moscow Square (Moszkva Ter)
7.8

IMDb 7.8 အထိရရှိထားတဲ့ ဟန်ဂေရီ ရိုမန့်စ် ကော်မဒီ ကျောင်းသား ဒရာမာ ရုပ်ရှင်ကောင်းလေးတစ်ခုပါ။ ၁၉၈၉ နွေရာသီရဲ့ တက္ကသိုလ်၀င်တန်းစာမေးပွဲ နေ့ရက်များဆီသို့… ၁၉၈၉ ဟာ ဟန်ဂေရီနိုင်ငံရဲ့ နိုင်ငံရေး‌အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တဲ့နှစ်ဖြစ်တယ်။ ပတ်ယာတို့ သူငယ်ချင်းတစ်အုပ်အတွက်တော့ ဒီကိစ္စတွေဟာ တက္ကသိုလ်၀င်တန်းစာမေးပွဲလောက် ခေါင်းထဲမှာမရှိကြ။ သူတို့ဟာအထက်တန်းပြီး‌ကြတော့မယ်။ မကြာခင် တက္ကသိုလ်ဆက်တက်သူကတက်၊ အလုပ်ခွင်၀င်မယ့်သူက၀င်နဲ့ ဘ၀အတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ချကြရတော့မယ်။ ပတ်ယာတို့ခေတ်မှာက အခုခေတ်လို ကွန်ပြူတာတွေ ဖုန်းတွေသုံးနိုင်ဖို့နေနေသာသာ အပြာဗီဒီယိုကြည့်ရင်တောင် သူငယ်ချင်းတစ်ယောက်အိမ်မှာဝိုင်းစုရင်း ကြည့်ကြရတာ။ ပတ်ယာတို့ လူငယ်လေးတွေအတွက်တော့ လူငယ်ဘ၀မှာ ကျောင်းလစ်၊ ဘီယာဆိုင်ထိုင်၊ ညဖက် ကပွဲပါတီတွေခိုးသွားတာတွေကလွဲရင် တခြားလုပ်စရာ များများစာစားမရှိဘူး။ သူငယ်ချင်းအုပ်စုတွေရဲ့ ထုံးစံအတိုင်း သူတို့အုပ်စုထဲမှာလည်း စော်ကြည်ဘဲပါတယ်၊ ပြိုင်ကား စီးနိုင်တဲ့ သူဌေးသားပါတယ်၊ လေးလုံးနဲ့ စာဂျပိုးပါတယ်၊ အားလုံးထက်ပိုထွားပြီး လူရည်ပိုလည်တဲ့ကောင်ပါတယ်၊ ဇာတ်လိုက်ကျော် ကောင်မလေးတစ်ယောက် စသဖြင့် လူပေါင်းစုံ ပါကြတယ်ပေါ့။ စာသင်နှစ်တစ်နှစ်လုံး ပျော်ချင်တိုင်းပျော် ဆိုးချင်တိုင်းဆိုးခဲ့ကြပေမဲ့ အချိန်တန်တော့လည်း အများနည်းတူ စာမေးပွဲကိုအောင်သွားချင်ကြသူချည်းပဲမဟုတ်ပါလား။ ဒီလိုအောင်ချင်တဲ့သူတွေထဲမှာ အချိုအချောင်နဲ့အောင်ဖို့နည်းလမ်းကို ဖင်ကုန်းဆုတောင်းနေကြတဲ့ ပတ်ယာတို့အုပ်စုလည်း အပါအ၀င်ပဲ။ ကံကောင်းချင်တော့ ၁၉၈၉ ဟန်ဂေရီနိုင်ငံရေးပြောင်းလဲမှုတွေကြောင့် ပတ်ယာတို့အုပ်စုဟာ နေရင်းထိုင်ရင်း ထီထပေါက်ပါတော့တယ်။ ၂၀၀၁ မှာရိုက်ခဲ့တယ်ဆိုပေမဲ့ ၁၉၈၉ ကာလနဲ့ တကယ်တူအောင် ရိုက်ကူးနိုင်ခဲ့တယ်။ သရုပ်ဆောင်တွေ၊ ဒိုင်ယာလော့‌တွေဟာ ကိုယ်တစ်ခါမှမကြုံ‌တွေ့ခဲ့ရဖူးတဲ့ ၁၉၈၉ က စာမေးပွဲကြီးဖြေခါနီး နွေရာသီနေ့ရက်တွေကို ပြန်လည်ပတ်လို့ရအောင် ခေါ်ဆောင်ပေးသွားလိမ့်မယ်။ ဟန်ဂေရီရုပ်ရှင်ဖြစ်တာကြောင့်လည်း ဇာတ်ကောင်နာမည်တွေ၊ ဘာသာစကားတွေဟာ ကြည့်ဖူးနေကျ ရုပ်ရှင်တွေထက် ပိုမိုကွဲထွက်နေဦးမှာပါ။ ဟန်‌ဂေရီရုပ်ရှင်သမိုင်းထဲမှာ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ညွှန်းဆိုကြတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ဒီရုပ်ရှင်လေးနဲ့အတူ အထက်တန်းကျောင်းသားဘ၀ကို ပြန်လည်လွမ်းဆွတ်တမ်းတလိုက်ကြပါဦးလို့ ညွှန်းဆိုပေးရင်းနဲ့ပဲ… File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01281:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Drama • Romance
7.8 2001 88 mins
Moscow Square (Moszkva Ter)
Mean Girls
6.1

အားလုံးပဲစောင့်မျှော်နေကြမယ့် Mean Girls (2024) ဇာတ်ကားသစ်လေးလာပါပြီ။ အားလုံးသိကြမယ့်အတိုင်း ဒီဇာတ်ကားလေးကတော့ ၂၀၀၄ တုန်းက ထွက်ရှိခဲ့ပြီးအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ မှတ်မှတ်ရရဖြစ်ခဲ့ကြတဲ့ နာမည်ကြီး Mean Girls ဇာတ်ကားလေးကိုမှ adapation သဘောမျိုး ပြန်လည်ရိုက်ကူးထားတာပါ။ ဒီတစ်ခေါက် ဇာတ်ကားလေးမှာ ထူးခြားတာကတော့ အရင်ဇာတ်လမ်းကျောရိုးကိုမှ Gen-Z အသုံးအနှုန်း၊ စတိုင်လ်တွေ ထပ်မံအားဖြည့်ထားပြီး Musical ဘက်သွားထားတဲ့အတွက် သစ်လွင်တဲ့ခံစားချက်မျိုးနဲ့ အတိတ်ကို ပြန်တမ်းတပြီး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဉ်း ကေဒီဟာ ကန်ညာမှာ သုတေသနလုပ်နေတဲ့မိဘတွေနဲ့ အတူနေရာကနေ ကျောင်းပြောင်းလာတဲ့အခါမှာတော့ မကြုံဖူးတာတွေ ကြုံရပါတော့တယ်။ ကျောင်းမှာ သူ့အဖွဲ့အုပ်စုနဲ့ သူရှိတာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဆိုင်ကြတာ၊ သမီးရည်းစားကိစ္စတွေ၊ အတင်းအုပ်တာတွေကို ကြုံတွေ့ရတဲ့အခါမှာ အထူးအဆန်းဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ကျောင်းမှာ နာမည်ကြီးတဲ့ အလှပဂေး ပလတ်စတစ်မလေး သုံးယောက်က သူ့ကိုသတိထားမိသွားပြီး သူတို့အဖွဲ့ထဲပါဖို့ ဖိတ်ခေါ်ပါတော့တယ်။ ဒီလိုနဲ့ ဘုမသိ ဘမသိ ကေဒီတစ်ယောက် သူတို့အဖွဲ့ထဲပါသွားပြီး သူတို့လို ဝတ်တတ်စားတတ် သမီးရည်းစားကိစ္စ စိတ်ဝင်စားလာပြီး ကောင်လေးတစ်ယောက်ကို စကြိုက်မိရာကနေ ဘယ်လိုတွေ ဇာတ်လမ်းရှုပ်ကြမလဲဆိုတဲ့ ကျောင်းတွင်းအရှုပ်တော်ပုံကို ဟာသဇာတ်မြူးအနေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(3.1 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Comedy, Musical Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Act Molemy and Matteo

6.1 2024 113 mins
Mean Girls
Young Woman and the Sea
7.5

ဒီဇာတ်ကားလေးဟာ တကယ့်အပြင်ကဖြစ်ရပ်မှန် နယူးယောက်မြို့က ဂျာမန်သူ ရေကူးကစားသမား ထရူဒီ အယ်ဒါလီအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ လက်ရှိအခြေအနေအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျနေသူတွေ၊ စိတ်ပျက်အားလျော့နေသူတွေ မိုတီယူဖို့အတွက် ကြည့်နိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ကြည့်နေရင်းနဲ့ကို ဇာတ်က ဆွဲဆောင်သွားပြီး ထိုင်ရာကမထ ကြည့်ရှုရမှာပါ… ဇာတ်လမ်းအစကိုတော့ ဝက်သက်ပေါက်ပြီး အိပ်ရာပေါ်မှာ လဲနေတဲ့ ကောင်မလေး ထရူဒီနဲ့ စထားပါတယ် ဝက်သက်ဝေဒနာကို အပြင်းအထန်ခံစားနေရလို့ “ဒီနေ့ညကို မကျော်နိုင်ဘူး” လို့ ဆရာဝန်ကပြောခဲ့ပေမဲ့ ရောဂါကို အံတုပြီး အသက်ဘေးကလွတ်ခဲ့တဲ့ ထရူဒီ သူနေမကောင်းဖြစ်နေတုန်းမှာ ရေမကူးတတ်လို့ သင်္ဘောပေါ်မှာ မီးလောင်သေဆုံးကြတဲ့ အမျိုးသမီးတွေအကြောင်းကို ကြားထားရတဲ့ အမေဖြစ်သူက သားသမီးတွေ အကုန်လုံးကို ရေကူးသင်ပေးမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ် ဖြစ်ချင်တော့ ထရူဒီဟာ ဝက်သက်ရောဂါက နားအထိဝင်ခဲ့တာမလို့ ရေထဲဆင်းရင် နားကန်းမှာဆိုတဲ့အတွက် ရေကူးသင်ခွင့် မရခဲ့ပါဘူး ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ခေါင်းမာမာနဲ့ ရအောင်လုပ်ခဲ့တဲ့ ထရူဒီဟာ ရေကူးတာကို ဝါသနာ ပါတဲ့အလျောက် ရေကူးတဲ့နေရာမှာလည်း သူမတူအောင် ထူးချွန် ခဲ့ပါတယ်.. မိန်းကလေးဆို အချိန်တန် ယောကျ်ားယူ၊ ကလေးမွေး၊ အိမ်မှု ကိစ္စပဲလုပ်ရမယ်ဆိုတဲ့ အယူအဆတွေ၊ ပတ်ဝန်းကျင်တွေရဲ့ ကြားထဲမှာ ထရူဒီတစ်ယောက် အမေနဲ့ အစ်မဖြစ်သူရဲ့ အားပေးမှုကို အကူအညီယူလို့ ရအောင်တွန်းလှန်ခဲ့ပါတယ် သို့ပေမဲ့လည်း ဘယ်လိုနေရာမှာမဆို ကျရှုံးအောင် ထိုးချမယ့် သူတွေက ရှိနေလေတော့ အမျိုးသမီးတွေကလည်း စွမ်းဆောင် နိုင်တယ်၊ ယောကျ်ားသားတွေနဲ့ ရင်ဘောင်တန်းနိုင်တယ်ဆိုတာကို ပြသပြီး ထိုက်သင့်တဲ့ အခွင့်အရေး ရဖို့အတွက်… အမျိုးသားကျွမ်းကျင်ရေကူးသမားအနည်းငယ်သာ ဖြတ်ကူးနိုင်ခဲ့ပြီး အတော်များများ အသက်ဆုံးရှုံးရတဲ့ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကူးဖို့ ထရူဒီတစ်ယောက် ဆုံးဖြတ်လိုက်ပါတယ်… အဲဒီလိုဖြတ်ကူးရာမှာရော သူ့ကိုယ်သူ ယုံကြည်ထားသလို ထရူဒီ တစ်ယောက် ဖြတ်ကူးနိုင်ခဲ့မလား.. ရေခဲရေလို အေးစက်နေတဲ့ ပင်လယ်ရေ၊ ရာသီဥတုအလိုက် ပြောင်းလဲတတ်တဲ့ ရေစီးကြောင်းတွေ၊ လှိုင်းတံပိုးတွေ၊ ပင်လယ်ထဲက ရေသတ္တဝါတွေနဲ့ ကြိုတင်တွက်ဆလို့မရတဲ့ အန္တရာယ်တွေကြားမှာ ပြင်သစ်ကနေ အင်္ဂလန်အထိ ဖြတ်ကူးရတဲ့ အင်္ဂလိပ်ရေလက်ကြားရဲ့ ၂၁ မိုင်ကွာဝေးတဲ့လမ်းခရီးကို ဘယ်လို ရေကူးပြီး ဖြတ်သန်းမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်…. ဒီကားလေးကိုကြည့်ပြီး ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချ၊ လုပ်စရာ ရှိတာကို ယုံကြည်မှုရှိရှိနဲ့လုပ်ဆောင်ရင် အချိန်တန်တဲ့အခါ ရလဒ်ကောင်းတစ်ခု ရလာနိုင်ပါကြောင်း အားပေးလိုက်ရပါတယ် အားလုံး ဖိုက်တင်းပါ…Nothing is impossible! File size… 5.55GB / 2.55GB / 1.21GB Quality…WEB-DL 4K HEVC 1080p / 720p Format…mp4 Duration….2h 9m Genre ….. Biography , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Horror
7.5 2024 129 mins
Young Woman and the Sea
The EGGsplosive Easter
7.2

မင်္ဂလာပါရုပ်ရှင်ချစ်သူတို့ရေ ၊ဒီနေ့မှာတော့Eggsplosive Easterဆိုနဲ့Ukrainရဲ့2024 ရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာကတော့ Ukrainစစ်ပွဲတွင်းမှာ Ivan Zabiyakaဆိုတဲ့ရထားလမ်းအလုပ်သမားအဘိုးအိုကြီးကဖောက်ခွဲမှုလုပ်လို့အဖမ်းခံလိုက်ရပါတယ်။Zabiakမိသားစုဟာတစ်ဦးနဲ့တစ်ဦးမတွေ့ကြတာကြာပါပြီ။ဖခင်ဖြစ်သူ Ivan အဖမ်းခံရပြီးနောက်နေ့မှာပဲသူ့ရဲ့သားသမီးတွေက အီစတာပွဲကျင်းပဖို့သူတို့အဖေဆီလာခဲ့ကြပါတယ်။ အဲ့မှာပဲ သူတို့အဖေကိုအဖမ်းခံရတဲ့အဖြစ်ထပ်မဖြစ်စေဖို့Mikhailo Pulianskyiဆိုတဲ့မြေးဖြစ်သူကိုအဘိုးကိုလိုက်လံစောင့်ကြည့်ဖို့ခိုင်းလိုက်ပါတယ်။Ivanကရုရှားကိုကိုယ်တိုင်တိုက်ဖို့ဒုံးပျံဆောက်နေမှန်းသိတဲ့အခါမှာ မြေးအဖိုးပေါင်းဒုံးပျံဆောက်ဖို့ကြံကြပါတယ်။သူတို့လုပ်တဲ့အကြံအစည်အောင်မြင်ရဲ့လားဆိုတာကိုတော့ဇာတ်လမ်းလေးကြည့်ပြီးရှုစားပေးပါဦး။ File size…(1.7 GB)/(950 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Ye Htut

7.2 2024
The EGGsplosive Easter
New World
7.5

New World (2013) ******************* IMDb….7.5 ပိတ်ရက်မှာ ကြည့်ဖို့အတွက် Lee Jung-Jae ,Choi Min-Sik ,Hwang Jung-Min, Park Sung-Woong , Song Ji-Hyo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းရုပ်ရှင်ဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – အမျိုးသားရဲတပ်ဖွဲ့မှ ဌာနမှူးဖြစ်သူ ဂန်ဟျောင်းချော (Choi Min-Sik) က အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Goldmoon ကို လျှို့ဝှက်စုံစမ်းဖို့အတွက် ရဲဝန်ထမ်းသစ်လေးဖြစ်တဲ့ အီဂျာဆောင်း (Lee Jung-Jae) ကို Goldmoon လုပ်ငန်းစုထဲ သူလျှိုအဖြစ် သွင်းခဲ့ပါတယ်။ Goldmoon ဥက္ကဌကိုသာ ဖမ်းထည့်နိုင်ခဲ့မယ်ဆိုရင် ဂျာ‌ဆောင်းကို ပြည်ပမှာ တာဝန်သွားရောက်‌ ထမ်းဆောင်ဖို့ စေလွှတ်ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပေါ့။ ၈ နှစ်အကြာမှာတော့ ဂျာဆောင်းက Goldmoon လုပ်ငန်းစုရဲ့ နံပါတ် ၂ အာဏာရှိသူ ဂျောင်ချောင်း (Hwang Jung-Min) ရဲ့ ညာလက်ရုံးဖြစ်လို့နေခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ Goldmoon ရဲ့ အကြီးဆုံးအာဏာရှိသူ ဥက္ကဌ ဆော့ချူဒုံကလည်း ရုတ်တရက် ကားတိုက်မှုနဲ့ ဆုံးပါးသွားတာဖြစ်လို့ Goldmoon လုပ်ငန်းစုတွင်းက ဂျောင်ချောင်းနဲ့ သူ့ရဲ့ပြိုင်ဘက် အီဂျွန်ဂူ (Park Sung-Woong) တို့ကြားဆက်ခံသူနေရာအတွက် အပြိုင်အဆိုင်ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း အီဂျာဆောင်းက Goldmoon ဥက္ကဌ ဆုံးပါးသွားပြီဖြစ်လို့ သူလျှိုအဖြစ်ကနေ ရပ်လိုက်ဖို့ ဆန္ဒရှိလာပါတယ်။ ဒါပေမဲ့ ဌာနမှူးဂန်က Goldmoon ဥက္ကဌ‌နေရာ ဆက်ခံသူကို ရွေးချယ်မှုမှာ ဝင်ရောက်စွက်ဖက်မဲ့ “ကမ္ဘာသစ်” စစ်ဆင်ရေးအတွက် ဂျာဆောင်းကို လိုအပ်သေးတာဖြစ်လို့ လက်မခံခဲ့ပါဘူး။ ဂျာဆောင်းတစ်ယောက် စစ်ဆင်ရေးအောင်မြင်ဖို့ တစ်ခုပဲ ခေါင်းထဲရှိတဲ့ ဌာနမှူးဂန်နဲ့ အစ်ကိုရင်းတစ်ယောက်နဲ့ မခြားတဲ့ ဂျောင်ချောင်းတို့ကြား ဘက်ရွေးချယ်ရခက်လာတဲ့အခါမှာတော့… ဂျာဆောင်းက သူလျှိုဆိုတဲ့ သရုပ်မှန်ကို အဆုံးအထိ ပိပိရိရိ ဖုံးကွယ်ထားနိုင်ပြီး စစ်ဆင်ရေး အောင်မြင်သွားမလား။ Goldmoon လုပ်ငန်းစု ဥက္ကဌနေရာကိုရော ဘယ်သူရသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက် စောင့်ကြည့်ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Wai Oo ပဲဖြစ်ပါတယ်…) File Size : 1.79GB/ 890MB Quality : Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

Thriller • Drama • Crime
7.5 2013 134 mins
New World
Jail
6.2

Jail (2009) “ဘဝတစ်ကွေ့” ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ၂၀၀၉ ခုနှစ်က ထွက်ရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ ဟင်ဒီစကား‌ပြော ဒရာမာဇာတ်‌လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါရာ့ဂ်ဟာ ရုပ်ရည်သန်ပြန့်ချောမောတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ။ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ကောင်းကောင်းရထားပြီး ချစ်သူချောချောလေးလည်း ပိုင်ဆိုင်ထားပါတယ်။ သိပ်မကြာခင်မှာပဲ အလုပ်ရာထူးလည်းတိုးသွားတာကြောင့် ပါရာ့ဂ်ရဲ့ရှေ့ရေးဟာ ဖြောင့်ဖြူးလို့ပေါ့။ ဒါပေမဲ့ ‌တစ်နေ့တော့ အဲဒီလိုအလားအလာကောင်းနေတဲ့ သူ့ဘဝကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒါကတော့ လူပေါင်းမှားသွားတဲ့ အဖြစ်ပါပဲ။ လူပေါင်းမှားရာက သူပါ ပြစ်မှုတစ်ခုမှာ အပြစ်မရှိဘဲ ရောယောင်အဖမ်းခံလိုက်ရပါတော့တယ်။ အဲဒီလိုနဲ့ အမှုစစ်ဆေးဆဲကာလ ထောင်ထဲမှာ အကျဉ်းသားဘဝနဲ့ ပါရာ့ဂ်တစ်ယောက် ဘယ်လိုအရာတွေကို ရင်ဆိုင်ရမလဲ၊ အကြောင်းတွေတိုက်ဆိုင်လွန်းပြီး သက်သေပြဖို့ခက်တဲ့ အမှုမှာ အမှန်တရားပေါ်ပေါက်လာနိုင်ပါဦးမလားဆိုတာကို ဆက်လက်ရှူစားကြရမှာ ဖြစ်ပါတယ်။ လူပေါင်းတစ်ခါမှားတာနဲ့ တစ်သက်တာ ဘယ်လိုခံစားသွားရနိုင်လဲဆိုတာ ပညာယူစရာ ‌ တွေးတောဆင်ခြင်စရာတွေအများကြီးမို့ တကယ်ကြည့်ရတန်မဲ့ ဇာတ်လမ်း‌ကောင်းတစ်ပုဒ်အဖြစ် ညွှန်းဆိုပေးလိုက်ပါရစေ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Horror • Thriller
6.2 2009 155 mins
Jail
Detective Dee: The Celestial Mystery
5.9

စုံထောက်ကြီးဒီးရန်ကျယ်ရဲ့ အမှုသစ်ဇာတ်ကားသစ်လာပါပြီ။ ယန်ကျိုးမြို့မှာ လူသတ်မှုတွေဆက်တိုက်ဖြစ်နေတဲ့အတွက် စုံထောက်ကြီးဒီးကို စုံစမ်းပေးဖို့ခေါ်လိုက်ကြပါတယ်။ အလောင်း(၇)လောင်းဟာ ယဇ်ပူဇော်တဲ့ အခမ်းအနားဆန်ဆန်ရက်ရက်စက်စက် သတ်ဖြတ်ပြင်ဆင်ခံထားရတာဖြစ်ပြီးတော့ သဲလွန်စတွေဟာရှုပ်ထွေးနေတဲ့အတွက် ကန့်သတ်အချိန်အတွင်း အမှုကိုဖော်နိုင်ဖို့ ဒီးရန်ကျယ်ဟာအကြပ်ရိုက်နေပါတယ်။ သဲလွန်စတွေက အလောင်းတစ်ခုချင်းဆီရဲ့ဖော်ဆောင်တဲ့ အဓိပ္ပါယ်တွေကြားမှာရှိနေတဲ့အတွက် သဲလွန်စတွေနောက်ကိုလိုက်ရင်း လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အမှုဟောင်းတစ်ခုဆီကိုဦးတည်နေပါတယ်။ လျှို့ဝှက်ချက်တွေကို တစ်ခုချင်းစိတ်ဝင်စားစရာကောင်းအောင်ဖော်ထုတ်သွားပြီးတော့ လှည့်ကွက်တွေအပြည့်နဲ့ စုံထောက်ကြီးဒီးရဲ့အမှုလိုက်စွမ်းရည်တွေကိုရှုစားလိုက်ပါဦးနော်…… 4K & 1080p Quality >> Only On CM App ( www.cmapp.tv )

Action • Crime • Drama
5.9 2025
Detective Dee: The Celestial Mystery