YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

My Eternal Star E08 (1080p) CM.mp4

477.73 MB N/A video/mp4 54 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghost Rider
5.5

Ghost Rider ဆိုတာနဲ့ အရိုးခေါင်းကြီးမှာ မီးတွေတောက်နေပြီး ဆိုင်ကယ်ကြီးနဲ့ အထာကျကျဖြဲတတ်တဲ့ Marvel ဇာတ်ကောင်ကြီးကို တန်းမြင်ကြမယ်ထင်ပါတယ်။ Marvel မှာ Ghost Rider တွေ အများကြီးရှိပါတယ်။ဒါပေမယ့် အဲ့ဒီအထဲမှာ အထင်ရှားဆုံးကတော့Johnny Blaze ပါ။2007 မှာ မင်းသားကြီး Nicolas Cage နဲ့ LA ရိုက်လိုက်တဲ့နောက်ပိုင်း superhero fan မဟုတ်တဲ့သူတွေကြားမှာလည်း Ghost Rider Character ဟာ ပိုပြီးထင်ရှားပါတယ်။(Nicolas Cage ကို ခုနောက်ပိုင်းလူငယ်တွေ သိပ်မသိနိုင်တော့ပေမယ့်။သူ့ခေတ်သူ့အခါတုန်းကတော့ သူမှသူဆိုပြီး ဖြစ်ခဲ့ရတဲ့ မင်းသားကြီးတစ်လက်ပါ။Leaving Las Vegas နဲ့ အော်စကာဆုကို ရရှိခဲ့ပြီးNational Treasure, Con Air ,Face/Off စတဲ့ သူ့ရဲ့ဇာတ်ကားတွေဟာ Skynet ခေတ်မှာကျွန်တော်တို့ အရူးအမူးထိုင်စောင့်ကြည့်ခဲ့ရတဲ့ ကားတွေပေါ့ဗျာ။အခုထွက်မယ့် Renfield မှာလည်းDracula အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။) MCU မှာ multiverse ဘာညာနဲ့ characterတွေ ပြန်ပေါင်းနေပြီဆိုတော့ Ghost Rider ပါလာနိုင်တယ်ဆိုတဲ့ သတင်းတွေဟိုတစ်ဒီတစ်စ ကြားလာရပါတယ်။ဆိုတော့ အရင် Ghost Rider ကားလေးကို ပြန်နွှေးနိုင်ဖို့ သေချာပြင်ဆင်ပြီး ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Ghost Rider:Extended ဟာ Ghost Rider (Johnny Blaze) ရဲ့ origin story လို့ပြောလို့ရပါတယ်။ဒီဇာတ်ကားမှာတော့ သေခါနီးအဖေရဲ့ကင်ဆာကိုကုပေးဖို့အတွက် သူ့ဝိညာဉ်ကို နတ်ဆိုးဆီမှာရောင်းပြီးGhost Rider ဖြစ်လာတဲ့ Johnny Blaze ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နတ်ဆိုးဟာ စာချုပ်အတိုင်းသူ့အဖေရဲ့ ကင်ဆာကို ကုပေးခဲ့ပေမယ့်လည်း Johnnyကို နှောင်ကြိုးတွေမရှိစေချင်တာကြောင့်ချက်ချင်းပဲ ပြန်သတ်ပစ်ခဲ့ပါတယ်။ပြီးတော့ လိုအပ်တဲ့အခါပြန်လာရှာမယ်လို့ပြောပြီး ပျောက်ကွယ်သွားပါတယ်။Johnnyဟာလည်း သူ့အဖေသူ့ကြောင့်အချိန်မတိုင်ခင်သေရတာဆိုတဲ့နောင်တကြီးနဲ့ သူ့ဘဝကိုရှင်သန်ပြီး သေမှသေတော့ဆိုတဲ့စိတ်မျိုးနဲ့ အန္တရာယ်များတဲ့စတန့်ကွက်တွေ လုပ်ရင်းနာမည်ကြီးလာပါတယ်။ဒီလိုနဲ့ အရာအားလုံးပြန်အဆင်ပြေနေပြီဆိုတဲ့ တစ်နေ့မှာတော့ နတ်ဆိုးဟာ သူ့ဆီကို ပြန်ရောက်လာပါတော့တယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ပြီးသူတွေ သိပါလိမ့်မယ်။မကြည့်ရသေးဘူးဆိုလဲ အခုကြည့်ကြပါ(ဟဲ ဟဲ) MCUမှာပါလာခဲ့သည်ရှိသော်ဆိုပြီး နွှေးပြီးသားလည်းဖြစ်၊ ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးတဲ့ကားလည်း ဖြစ်တာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အဲ့တော့ကြည့်ကြပါဗျာ။ ဒီဇာတ်ကားရဲ့အဆက် Ghost Rider: Spirit of Vengeance (2011) ကို ဒီမှာ https://channelmyanmar.org/ghost-rider-spirit-of-vengeance-2011/ ကြည့်ပါ။ File size…(2.2 GB)/(1.2 GB) Quality….BluRay(Extended Version)1080p HEVC/720p Format…mkv/mp4 Duration….02:03:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Damien

Action • Comedy • Drama • Family
5.5 2007 114 mins
Ghost Rider
Mechanic: Resurrection
6

လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။ ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။ အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း အားဖြည့်ပါဝင်ပါတယ်။ Fantastic Four ဇာတ်ကားတွေထဲက ကိုယ်ပျောက်လူသားမလေးအဖြစ်ရယ်၊ The sleeping Dictionary ထဲက ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကို လှစ်ဟပြခဲ့တဲ့ မင်းသမီးလေးဆိုရင်ဖြင့် မှတ်မိကြပါလိမ့်မယ်။ Michelle Yeoh လည်း ပါသေးတယ်နော်။ ဇာတ်လမ်းအကျဉ်းကတော့ လုပ်ကြံရေးသမားဘဝကနေ အနားယူပြီး ဘရာဇီးမှာ ဇာတ်မြှုပ်နေတဲ့ ဘစ်ရှော့ပ် ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကနေ သူ့ဘဝကို ဖော်ကောင်လုပ်သွားတာကနေ စတင်ပါတယ်။ သူ့အ‌ကြောင်းကိုသိတဲ့ သူ့ရန်သူက အရည်အချင်းရှိတဲ့ ဘစ်ရှော့ပ် ကို အသုံးချပြီး ရန်သူတွေကို ရှင်းပစ်ချင်တာပါ။ သူတို့နှစ်ယောက်ကလည်း ကျောင်းတော်ကရန်စနဲ့ ကမ္ဘာမကြေ ရန်သူတော်နှစ်ပါးပေါ့။ ငယ်ငယ်က ‌ရန်စကိုလည်း လက်စားချေရင်း၊ သူ့လုပ်ငန်းအတွက်လည်း အသုံးလည်းချရင်း တစ်ချက်ခုတ်ပြီး နှစ်ချက်ပြတ်ချင်တဲ့ ခရိန်း ရယ်၊ ကြားထဲက ဘာမဆိုင် ညာမဆိုင် ညပ်ပါလာတဲ့ မိန်းမလှလေး ဂျီနာ ရယ်၊ လုပ်ကြံရေးသမားဟောင်းကြီး ဘစ်ရှော့ပ် ရယ်တို့ ဉာဏ်ကိုလွှာသုံးပြီး တစ်ယောက်နဲ့တစ်ယောက် အနိုင်ကြဲကြပုံတွေ ရှုစားရဖို့ရှိကြောင်းပါခင်ဗျာ။ File size…(4GB) /(1.5 GB) / (1.1 GB) Quality….BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….01:38:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • Horror • Thriller
6 2016 98 mins
Mechanic: Resurrection
Ingrid Goes West
6.4

Ingrid Goes West(2017) ဇာတ်ကားလေးကတော့Social Media တွေမှာဖြစ်တတ်တဲ့ သဘောသဘာဝလေးတွေကို ဟာသနှောပြီး ရိုက်ပြထားတာပါ။ လေ့လာချက်တွေအရ Social Media တွေကြောင့် လူတွေက မနာလိုစိတ်တွေ စိတ်ဖိစီးမှုတွေ စိတ်ကျရောဂါတွေ ပိုခံစားလာရပါတယ်တဲ့။ သင်ကိုယ်တိုင်ရော အဲ့လိုတွေခံစားနေရရင်တော့ ဒီကားလေးကိုကြည့်ကြည့်ပါ။ လက်တွေ့ဘဝနဲ့ ကွာဟမှုတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေ စွဲလမ်းမှုတွေ ကို ဒီကားထဲမှာကောင်းကောင်းကြီး ပြသထားနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဂရစ်ဆိုတဲ့ကောင်မလေးက အမေသေသွားပြီးနောက်ပိုင်း အင်စတာဂရမ်ကိုသာအဖော်ပြုနေခဲ့ရတာပါ။ ကြာလာတော့ အပေါင်းအသင်းမရှိပဲ အကုန်လုံးနဲ့ကင်းကွာသွားချိန်မှာ အမေ့အမွေ ဒေါ်လာ ၆သောင်းကျော်ကို ရလိုက်ပါတော့တယ်။ အဲ့အချိန်မှာ ဘဝအသစ်ကိုစတင်တော့မယ်ဆိုပြီး LA ကိုထွက်လာပါတော့တယ်။ အင်စတာဂရမ်ထဲက နာမည်ကြီးcele တွေလို စိတ်တိုင်းကျနေထိုင်ခွင့်သူ့မှာရှိလာတဲ့အခါ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့စိတ်ဝင်စားစရာပါ။ ကြည့်ပြီး တစ်ခုခုတော့မှတ်သားစရာရသွားမှာပါ။ Rating တွေအနေနဲ့ကတော့ Imdb 6.9/10 Rotten Tomatoes 86ရရှိထားတာမို့ကားကောင်းလေးပါလို့ပဲ ညွှန်းလိုက်ပါတော့တယ် (ဘာသာပြန်သူကတော့ အေးမွန်ကျော်ပါ) File Size : (750 MB) and (340 MB) Quality : Blu-Ray 720p Running Time : 1hr 38min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Thanhtike Zaw

Comedy • Drama
6.4 2017 97 mins
Ingrid Goes West
My Father Is a Playboy
6.7

My Father Is a Playboy (2022)အညွှန်း ********************************** ‌၂၀၂၂ အောက်တိုဘာ ၃၀ ကမှ ထွက်ရှိထားပြီး “Instructions Not Included” ဆိုတဲ့ Mexican ဇာတ်ညွှန်းအပေါ် မှီငြမ်းထားတာပါ။ နာမည်အတိုင်းပဲ ကွမ်က အရမ်းကိုမှ အရမ်း ပွေရှုပ်တတ်တဲ့သူတစ်ယောက်ပါ စကားလှလှလေးတွေနဲ့ မိန်းကလေးတွေကို သိမ်းပိုက်တတ်သူမျိုး တစ်နေ့တော့ ထုံးစံအတိုင်း မိန်းကလေးတစ်ယောက်နဲ့ ချစ်စကားဖောင်ဖွဲ့နေတုန်း လိုင်ဆိုတဲ့ မိန်းကလေးက သူ့ဆီ ကလေးကြီးထားပြီး ထွက်ပြေးသွားလေရဲ့.. အရင်ရည်းစားဟောင်းလိုလို မိန်းမဟောင်းလိုလို လိုင်ရဲ့ “သူက ရှင့်ကလေး” ဆိုတဲ့စကားတစ်ခွန်းကြောင့် ကွမ်ခမျာ ကလေးကြီးတန်းလန်းနဲ့ ကျန်ခဲ့ပါတော့တယ်။ တစ်ဘဝလုံး မိန်းမမှ မိန်းမပဲလိုက်စားရင်း ကလေးတစ်ယောက်ကောက်ရလိုက်တဲ့ ကွမ်ဟာ သူ့သူငယ်ချင်းမိသားစုအကူအညီနဲ့ ကလေးပိစိလေးကို စောင့်ရှောက်ဖို့ အကြောင်းဖန်လာပါတော့တယ်… အဲ့ဒီနောက်မှာတော့…. File Size :(1.5GB)(759 MB) and (371 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:28:00 Genre : Comedy , Family, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Phoo Pone Encoded by Phyo Pyae

Drama
6.7 2022
My Father Is a Playboy
The Seven’s Dog PDU
6

CM ပရိသတ်တွေအတွက် The Seven Dogs ဆိုတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ရဲတပ်ဖွဲ့ဝင် အသစ်ဖြစ်တဲ့ ချန်ရှောင်ထျန်းဟာ မှုခင်းရဲတစ်ယောက် ဖြစ်ချင်ခဲ့ပေမဲ့ ရဲခွေးတပ်ဖွဲ့ကို အပို့ခံလိုက်ရပါတယ်။ သူတာဝန်ယူရတဲ့ ခွေးလေး ဖက်ထုပ်လေးက သူ့စကားကို နားမထောင်ပဲ လေ့ကျင့်ရခက်ခဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဖြစ်အပျက် အမျိုးမျိုး ဖြတ်သန်းပြီးနောက် အချင်းချင်း ပူးပေါင်းကူညီပြီး သူတို့ဟာ အကောင်းဆုံးရဲဘော်ရဲဘက်တွေ ဖြစ်သွားကြပါတော့တယ်။ ဖက်ထုပ်လေးကို ချန်ရှောင်ထျန်းက ဘယ်လို လေ့ကျင့်ပေးမလဲ…… သူတို့နှစ်ယောက် သံယောဇဉ်က ဘယ်လို ဆက်သွယ်သွားမလဲကို…… ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုကြရအောင်နော်။

6 2023
The Seven’s Dog PDU
Department Q: A Conspiracy of Faith
7

IMDB – 7.0/10 Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံး အထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူး ခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက် ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီ တောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာ နေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမား မိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့ လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ် အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကို ဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရော ဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်း ပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင် နွဲရတဲ့အမှု ဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာတော့ ကျွန်တော်တို့ စုံထောက်ကြီးကားလ်က ခါတိုင်းထက် အခြေအနေဆိုးနေတဲ့ပုံစံပါ ဘာယုံကြည်မှုမှ မရှိတဲ့ စုံထောက်တစ်ယောက် အာဆတ်နဲ့ ယုံကြည်မှုကိစ္စတွေ ရိုးရာမပြတ် ရန်သတ်ပြီး ဘယ်လိုဖော်ထုတ် ကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာပါဝင်လာတဲ့ အဓိကနောက် ဇာတ်ကောင်ကတော့ ကျွန်တော် CM မှာ ပြန်ဆိုထားတဲ့ ပင်လယ်ထဲကို ဖောင်နဲ့ စွန့်စွန့်စားစား အပြင်မှာ တကယ်သွားခဲ့တဲ့ Kon Tiki ရုပ်ရှင်ထဲ သော်ရ်နေရာ သရုပ်ဆောင်ထားတဲ့ မင်းသားလည်း အထူးသရုပ်ဆောင်ထားပါသေးတယ်။ File size…1.74GB / 674.8MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 52m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Drama
7 2016 108 mins
Department Q: A Conspiracy of Faith
The Book of Vision
6.4

IMDb – 6.2/10 ဇာတ်လမ်းအညွှန်း အေဗာ ဟာ ဆရာဝန်တစ်ယောက်အဖြစ် ရပ်တည်မယ့်အစား တက္ကသိုလ်တစ်ခုမှာ ဆေးပညာသမိုင်းကို သုတေသနလုပ်ဖို့ ဆုံးဖြတ်လာခဲ့ပါတယ်။ သူက ၁၈ရာစုပိုင်း ရှေးဟောင်းဆေးပညာ သမိုင်းကို လေ့လာမှာဖြစ်ပြီး သူရှာတွေ့သွားတာကတော့ သမားတော် ဂျိုဟန်အန်းမက်သ် ရဲ့ လက်ရေးမှတ်တမ်းစာအုပ် ဖြစ်ပါတယ်။ သမားတော် အန်းမက်သ်က လူနာတွေရဲ့ ခံစားချက်တွေ၊ အကြောက်တရားတွေနဲ့ စိတ်ကူးအိပ်မက်တွေကို နားထောင်ပေးရင်း ဒါတွေကို အခြေခံပြီး လူနာတွေကို ကုသပေးတာဖြစ်ပါတယ်။ အဲ့ခေတ်အခါက သစ်ပင်၊တောတောင်တွေကို နတ်ကိုးကွယ်သလို ကိုးကွယ်ကြတဲ့သူတွေနဲ့ အကျိုးသင့်အကြောင်းသင့် တွေးခေါ်ယူဆ ကြတဲ့သူတွေအကြား ပဋိပက္ခဖြစ်မှုတွေနဲ့အတူ ယနေ့ခေတ်ဆေး ပညာအနေနဲ့ ဖြစ်တည်လာမယ့် ဆေးပညာအသစ်ကို အစားထိုး အသုံးပြုလာကြတော့မယ့် အချိန်ကာလဖြစ်ပါတယ်။ ဒီခေတ်ကြီးထဲမှာ ဖြစ်တည်ခဲ့ကြတဲ့ လူနာတွေရဲ့ စိတ်ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ ၊ စိတ်ကူးအိပ်မက်တွေအကြောင်းကို အန်းမက်သ်ရဲ့ စာအုပ်ထဲမှာ ရေးသားထားပါတယ်။ အေဗာ တစ်ယောက် ဒီစာအုပ်ကို ဖတ်ရင်း သူကိုယ်တိုင် ဇာတ်ဆောင်နေရာတွေမှာ ခံစားကြည့်ပြီး သူကြုံတွေ့ နေရတဲ့ အကျဉ်းအကျပ်အတွက် ဒီစာအုပ်ကနေ ဘယ်လို စိတ်ခွန်အား ရသွားသလဲဆိုတာကို ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက မိနစ်၉၀သာ ကြာမြင့်ပြီး ၁၈ရာစုအပြင်အဆင်လေး တွေလည်း ကြည့်ရှုနိုင်မယ့်အပြင် mystery တွေကို လိုက်ပါခံစားလို့ ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.58 GB / 619 MB Quality…Web-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 39m Genre ….. Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

6.4 2021 100 mins
The Book of Vision
Your Boyfriend Is Mine

ဒီဇာတ်ကားလေးကတော့ ထူးထူးဆန်းဆန်း လင်လုတဲ့ဇာတ်ကားလေးပါပဲ။ ဇာတ်ကားနာမည်ကတော့ Your Boyfriend Is Mine ဖြစ်ပြီးတော့ မြန်မာလိုဆိုရင်တော့ နင့်ဘဲကိုငါပိုင်တယ်ပေါ့နော်။ သူဌေးမမကြီးက ပိုက်ဆံအရမ်းလိုနေတဲ့ကောင်လေးကို သူ့ကောင်မလေးဆီက စနိုက်တဲ့အကြောင်းကိုတွေ့ရမှာပါ။ ဘန်ဆိုတဲ့ကောင်လေးတစ်ယောက်က ကျောင်းပြီးအောင်တက်ပြီး ဘွဲ့ရအောင် လုပ်ဖို့အတွက်ပိုက်ဆံ လိုအပ်နေတဲ့ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူက Gentleman Caller ဆိုတဲ့ကောင်မလေးတွေကို စကားချိုချိုပြောပြီးတော့ စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးရတဲ့အလုပ်တစ်ခုမှာ လုပ်နေတာပဲဖြစ်ပါတယ်။ သူ့မှာ ကယ်လီဆိုတဲ့ကောင်မလေးတစ်ယောက်လဲရှိပြီး သူတို့က နှစ်ကိုယ်တူဘဝကို အတူတူထူထောင်ဖို့ ကြိုးစားနေကြတာပါ။အဲ့ဒီအလုပ်လုပ်လုပ်နေရပေမဲ့လဲ ဘန်အပေါ်မှာကယ်လီက စိတ်ချယုံကြည်ထားတဲ့အတွက်လဲပျော်ရွှင်တဲ့ သမီးရည်းစားစုံတွဲ ဖြစ်နေတာပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ဘန်ရဲ့ အလုပ်မှာတွေ့ခဲ့တဲ့ သူဌေးမမကြီးတစ်ယောက်က ဘန်ကိုအရမ်းတွေသဘောကျ သွားပြီးတော့ သူ့အိမ်မှာအလုပ်လုပ်ဖို့ပါ ငွေတွေပစ်ပေးပြီးသိမ်းသွင်းခဲ့ပါတော့တယ်။ အဲ့နောက်ပိုင်းမှာတော့သူတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်လာမလဲ ဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ စနိုက်ကြော် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.67GB / 664MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 25m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Drama
0 2022 85 mins
Your Boyfriend Is Mine
Walk the Line
7.8

Walk the Line (2005) ~ IMDb – 7.8/10, Rotten Tomatoes – 82% ~ ကန်းထရီးအဆိုတော် ဂျွန်နီကတ်ရှ်ရဲ့ I Walk the Line သီချင်းဟာ ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်အကျော်ကြားဆုံးသီချင်းငါးရာ စာရင်းမှာ နံပါတ်၃၀ချိတ်ဖူးသလို ၂၀၁၄မှာ စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးကန်းထရီးသီချင်းတစ်ရာစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့ဖူးတယ်။ ဂျွန်နီကတ်ရှ်ရဲ့တချို့အယ်လ်ဘမ်တွေဆိုရင်လည်း The Beatles တွေထက်တောင် ရောင်းအားကောင်းခဲ့ဖူးတယ်။ ခု Walk the Line ကတော့ သူ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ Walk the Line မှာ ဂျွန်နီကတ်ရှ်ပေါက်စနလေးဘဝကနေ ဘာမှပြစရာမရှိတော့တဲ့အထိ ဂျွန်နီကတ်ရှ်အကြောင်း အကုန်ပြထားတယ်။ ဂျွန်နီကတ်ရှ်ရဲ့ ဘိုင်အိုဖြစ်တဲ့ ဒီကားက ကြည့်ဖူးတဲ့ ဘိုင်အိုဂရပ်ဖီကားတွေထဲတော့ တော်တော်ဒရာမာများတဲ့ ရုပ်ရှင်လို့ပြောရမယ်။ ဘိုင်အိုကားလို့ကို ထင်စရာမရှိနေဘူး။ မရှိဆို James Mangold ရဲ့ အသက်သွင်းပုံကလည်း လှသကိုး။ ဂျိမ်းစ်မန်းဂိုးဒ်ရဲ့ သမိုင်းတစ်လျှောက် ဒီနှစ်ထွက်ခဲ့တဲ့ Indiana Jones and the Dial of Destiny တစ်ကားကလွဲ Cop Land ကနေ Ford v Ferrari အထိ ပယ်စရာကားမရှိဘူးဆိုတော့ သူ့တင်ဆက်ပုံ သိပ်ကောင်းတာတော့ ပြောစရာမလိုဘူး။ ဒီရုပ်ရှင်ကိုလည်း သူကိုယ်တိုင် ကတ်ရှ်ရဲ့ ဘိုင်အိုစာအုပ်နှစ်အုပ်ကနေ အချက်အလက်တွေယူပြီး သူ့ဘာသာဇာတ်ညွှန်းရေးခဲ့တာပဲ။ ဂျွန်နီကတ်ရှ်အကြောင်းကို သူက ဟိုးပေါက်စနလေးကတည်းကနေ ပြတာဆိုတော့ ကတ်ရှ်ရဲ့ ငယ်ဘဝထရော်မာတွေကနေ စသိရလိမ့်မယ်။ အာကန်ဆက်စ် ကျေးလက်ဘက်က မိသားစုတစ်ခုက အချစ်မခံခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ဘဝကို မြင်ရလိမ့်မယ်။ ဒါလည်းလိုအပ်လို့ပါပဲ။ ခဏအတွင်းမှာပဲ ကတ်ရှ် စစ်မှုထမ်းခဲ့ရတဲ့ကာလတွေဆီ ရောက်သွားတယ်။ မန်းဂိုးဒ် ဒီလိုပြတာမှာ ကတ်ရှ်ရဲ့သီချင်းတွေ ဖြစ်လာတဲ့အချိန်တွေကို အသားပေးပြထားတယ်။ ကတ်ရှ်ဟာ သူကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတာများတဲ့ ကန်းထရီးအဆိုတော်ဆိုတော့ သူ့သီချင်းအားလုံးနီးပါးက သူ့ဘဝကို ထင်ဟပ်နေတယ်။ ဒီလို သူ့ဘဝကို ထင်ဟပ်နေတဲ့အကြောင်းလည်း ထည့်ပြောသွားတယ်။ တပ်ထဲကနေ ထွက်လာပြီးတဲ့နောက် မိန်းမယူထားပြီ။ ကတ်ရှ်မှာ သူရေးထားတဲ့သီချင်းတွေလည်းရှိနေပြီ… တီးဝိုင်းလေးဖွဲ့ပြီး သီချင်းဆိုဖို့လည်း ကြိုးစားနေပြီ။ သူ့အိပ်မက်နောက် သူလိုက်နေပြီပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ သူမအောင်မြင်ခဲ့ဘူး။ ဒီလိုနဲ့ သူ့တီးဝိုင်းရှိတဲ့မြို့လေးးကနေ သူပြောင်းရဖို့အကြောင်းဖန်လာတယ်။ ဒီမှာ ကတ်ရှ်က နောက်ဆုံးအခွင့်အရေးအနေနဲ့ Sun Records ကို သွားပြီး အော်ဒီးရှင်းဝင်ခဲ့တယ်။ ဒီ Sun Records က တော်တော်နာမည်ကြီးတယ်။ ပရက်စလေတို့ ဂျယ်ရီလီလူးဝစ်တို့နဲ့ အလုပ်လုပ်နေတဲ့ တေးသံသွင်းပေါ့။ ဒီလိုနဲ့ သူအဆိုတော်ဖြစ်ဖို့ လမ်းကြောင်းပေါ် စရောက်သွားရာကနေ သူ့သီချင်းကလည်း ဝက်ဝက်ကွဲ အောင်မြင်သွားခဲ့တယ်။ ဒီတော့ သူနယ်လှည့်ပွဲတွေမှာ လိုက်ဆိုတာတွေတော်တော်လုပ်လာရတယ်။ ဒီမှာ သူ June Carter နဲ့ စတွေ့တယ်။ June က မျိုးနဲ့ရိုးနဲ့ အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့သူဖြစ်သလို ဆွဲဆောင်မှုလည်း‌တော်တော်ရှိတော့ ကတ်ရှ်က သဘောကျသွားတယ်။ ဒီနောက် သူငယ်ချင်းတွေဖြစ်လာရင်း ချစ်မိသွားတယ်။ တခြား ဂီတသမားတွေအကြောင်း ရိုက်ပြထားတဲ့ ဘိုင်အိုတွေနဲ့မတူမှာက ဒီထဲ ကတ်ရှ်ရဲ့ နယ်လှည့်ပွဲတွေကို ပြတဲ့အချိန် သူနဲ့အတူတူတွဲဖက် သီဆိုရတဲ့ တခြားနာမည်ကျော်ဂီတသမားတွေကိုလည်း ပြတယ်။ သူတို့နဲ့ကတ်ရှ်ကြားက ခင်မင်မှုတွေ။ အကုန်ပေါင်းပြီး ဗရုတ်ကျကြတာတွေကိုပြတယ်။ တော်တော်လေးကြည့်လို့ကောင်းတယ်။ အဲဒီလိုအပေါင်းအသင်းကောင်းရင်း နာမည်ကြီးလာရင်းနဲ့ပဲ ကတ်ရှ်က မူးယစ်ဆေးပြဿနာလည်းရှိလာတယ်။ လုပ်ချင်တာတွေလည်း အကုန်လျှောက်လုပ်လာတယ်။ ဒီမှာကတ်ရှ်ရဲ့အကျပိုင်း စရောက်လာတာပဲ။ June ကလည်း နောက်အိမ်ထောင်တစ်ဆက်ပြောင်းသွားပြန်တော့ ကတ်ရှ်လည်းကြေကွဲပြီး လုပ်မိလုပ်ရာတွေ လျှောက်လုပ်ရာကနေ သူ့အိမ်ထောင်ပြိုကွဲတဲ့အထိပါဖြစ်လာတယ်။ ဒီလိုနဲ့ ဆေးသုံးတာပါမိပြီး ခြူးတစ်ပြားမှမရှိတော့တဲ့ ဘဝအထိပါရောက်တယ်။ သဘောကျစရာကောင်းတာက ဒီမှာ ကတ်ရှ်က တဇောက်ကန်းလုပ်ချင်တာလုပ်တဲ့ကောင်ဆို‌တော့ တစ်ပြားမှမရှိ စီးစရာကားတောင်မရှိတော့တာတောင် တစ်မျှော်တခေါ်ဆီက June အိမ်ကို လမ်းလျှောက်ပြီး ရောက်အောင်သွားခဲ့တယ်။ တကယ့်ကို ကမှူးရှုးထိုးလုပ်ချင်တာလုပ်တဲ့လူပေါ့။ အဲဒီလိုလူနေရာမှာ Joaquin Phoenix က ပိုင်ပိုင်နိုင်နိုင်ကြီး သရုပ်ဆောင်နိုင်ခဲ့တယ်။ တော်တော်လည်းကြိုးစားခဲ့ပါတယ်။ ကတ်ရှ်သီချင်းတွေကို သူဆိုတဲ့ပုံက ကတ်ရှ်ရဲ့ဟန်နဲ့ ထပ်တူညီအောင်ဆိုနိုင်ခဲ့တယ်။ June နဲ့ ကတ်ရှ် အတူတူဖျော်ဖြေတဲ့ပွဲတွေမှာ June ကိုကြည့်တဲ့ Joaquin ရဲ့အကြည့်တွေက တော်တော်လေး အသက်ဝင်ခဲ့သလို သူနဲ့ June နေရာမှာ သရုပ်ဆောင်တဲ့ Reese Witherspoon တို့ စုံတွဲသီချင်းတွေဆိုတဲ့အခန်းတွေဆိုလည်း မူရင်းဗီဒီယိုထက်တောင် ဆွဲဆောင်မှုတော်တော်လေးပိုရှိနေတယ်။ အသံတွေအထိပါ သေချာလေ့ကျင့်ခဲ့ကြတယ်။ ဒီလိုသရုပ်ဆောင်ကောင်းကြလို့ပဲ နှစ်ယောက်စလုံး အော်စကာတွေရော ရွှေကမ္ဘာလုံးတွေရော ဆန်ခါတင်ဝင်ပြီး Joaquin က ရွှေကမ္ဘာလုံး၊ Witherspoon က အော်စကာ စသဖြင့် သရုပ်ဆောင်ဆုတွေ အသီးသီးရခဲ့ကြတယ်။ ဇာတ်ကားကလည်း Golden Globe Award for Best Motion Picture ရခဲ့သလို Best Actress, Best Actor, Best Sound, Best Costume Design နဲ့ Best Film Editing စတာတွေမှာ အော်စကာဆန်ခါတင်ဝင်ခဲ့တယ်။ ဘိုင်အိုဂရပ်ဖီကားလို့ မထင်ရလောက်အောင်လည်း ကားက ဆွဲဆောင်မှုရှိနေပြီး ဒရာမာခန်းတွေမှာလည်း ဖီလင်အပြည့်ရတော့ ဒီလောက်တော့ဖြစ်သင့်တာပါပဲ။ နောင်ဆယ်နှစ်အကြာမှာထွက်လာတဲ့ Straight Outta Compton မတိုင်ခင်အထိ Music Biopic တွေထဲ ရုံဝင်ငွေအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မန်းဂိုးဒ် ဒီလိုရိုက်ပြနိုင်လောက်အောင်လည်း ဂျွန်နီကတ်ရှ်ဟာ သီချင်းတွေတင် ဇာတ်နာတာမဟုတ်ဘဲ ဘဝပါဇာတ်နာခဲ့တဲ့ အတက်အကျတွေ မထင်မှတ်ထားတာတွေအပြည့်နဲ့ ဘဝမျိုးရှိခဲ့တာကိုး။ ဂျွန်နီကတ်ရှ်ဟာ ထင်ရာအကုန်စိုင်းပြီး လုပ်ချင်တာလုပ်ခဲ့တဲ့သူဟုတ်သလို သူ့ဘဝနဲ့ရင်းပြီးကို သူ့အချစ်ကို ချစ်ခဲ့တဲ့သူလည်းဟုတ်တယ်။ June ကိုပဲ သူသေသည်အထိချစ်သွားခဲ့တယ်။ June မရှိတော့တဲ့နောက်လည်း သူ့နောက်လိုက်သွားခဲ့တယ်။ Walk the Line ဟာ သူ့ခံစားချက်တွေအကြောင်း သူဆိုတဲ့ ဂျွန်နီကတ်ရှ်ရဲ့ ဘဝကို ထပ်ဟပ်နေတဲ့သီချင်းတွေနဲ့ ဂျွန်နီကတ်ရှ်ရဲ့ဘဝကို တွဲဖက်ခံစားရစေမယ့် ရုပ်ရှင်တစ်ကားပေါ့။ သီချင်းတွေကလည်း နားဝင်လွယ်တဲ့ ကန်းထရီးသီချင်းတွေဆိုတော့ သူ့သီချင်းတွေ နားမထောင်ဖူးတောင် ကြည့်ရင်းနားထောင်ရင်း အကြိုက်တွေ့သွားကြမှာပါပဲ။ ဂျွန်နီကတ်ရှ်ရဲ့အကြောင်းဟာ လူကောင်းတစ်ယောက်အကြောင်းမဟုတ်သလို လူယုတ်မာတစ်ယောက်အကြောင်းလည်း မဟုတ်ပါဘူး။ ဂျွန်နီကတ်ရှ်အကြောင်းဟာ သူချစ်ချင်တာကိုချစ်ပြီး သူလုပ်ချင်တာကို လျှောက်လုပ်နေတဲ့ အနုပညာသမားတစ်ယောက်အကြောင်းပါပဲ။ ” I wear this crown of thorns Upon my liar’s chair Full of broken thoughts I cannot repair… “ ~ Hurt by Johnny Cash (1932 – 2003) (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.3GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 16Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.8 2005 136 mins
Walk the Line
Narayana & Co
5.9

Narayana & Co (2023) “နာရာယာနာနဲ့ အပေါင်းအပါများ” IMDb – 5.9/10 ပေါ့ပေါ့ပါးပါးနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့ မိသားစုဒရာမာ ဟာသရုပ်ရှင်လေးကိုတင်ဆက်ပေးပါရစေဗျ။ ဇာတ်လမ်းရဲ့နာမည်အတိုင်းပါပဲ နာရာယာနာဆိုတဲ့ ဘိုးတော်နဲ့ သူ့အပေါင်းအပါတွေဖြစ်တဲ့ ဗြောင်းဆန်အောင် တလွဲတွေလုပ်ကြတဲ့မိသားစုပေါ့။ နာရာယာနာဆိုတာ နှစ်ပေါင်းသုံးဆယ်လုံး ဘဏ်တစ်ခုမှာ ငွေကိုင်ဆိုတဲ့အလုပ်ကလွဲ ဘာမှစိတ်မဝင်စားတဲ့သူ။သူ့ဘ၀တလျောက် ဒီအလုပ်ကိုပဲ လုပ်လာခဲ့တာ။ ဇနီးသည်ဖြစ်သူကကျ ဆာရီကလွဲဘာမှစိတ်မဝင်စား။ဘ၀တလျောက်လုံး ဘယ်သူကဘယ်ဆာရီဝတ်ထားတာနဲ့ သူ ဘယ်ဆာရီကြိုက်တယ်ဆိုတာကိုပဲ အာရုံထားတဲ့သူ။ သားအကြီးကောင်ကကျ လောင်းကစားသမား။အချိန်ပြည့် သူ့ခေါင်းထဲမှာ လောင်းကစားလုပ်ဖို့အတွေးရှိတဲ့သူ။ အငယ်ကောင်ကကျ တဏှာရူး နှာဘူး။ဘေးအိမ်ကအဒေါ်ကြီး အင်္ကျီလဲတာပဲ မှန်ပြောင်းတစ်လက်နဲ့ ချောင်းကြည့်နေတဲ့ကောင်။ ရထားပေါ်မှာ တောင်းစားရတဲ့ဘ၀ကနေ လူချမ်းသာတစ်ယောက်ဖြစ်လာတဲ့ ဂန်းစတားကြီးတစ်ယောက်လည်းရှိသေးတယ်။ သူက နာရာယာနာတို့မိသားစုနဲ့ ဘာမှမဆိုင်။ ဆိုင်လာတာက သားနှစ်ယောက် ယူလာတဲ့ဒုက္ခတွေကနေ နာရာယာနာတို့တစ်မိသားစုလုံး ရာဇဝင်အိုးကို ဒုတ်နဲ့သွားထိုးမိရာကစတဲ့ဇာတ်လမ်းပေါ့။ ဒီလိုအလွဲလွဲအချော်ချော်တွေနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့ တလေဂူးလ်ဟာသဇာတ်လမ်းလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Drama
5.9 2023
Narayana & Co
The Bride and The Beast
5.8

ကွေ့ထုံနဲ့ လန်သယ်တို့ဟာ ငယ်ငယ်ကတည်းက ခင်မင်ရင်းနှီးကြပြီး လူငယ်အချင်းချင်းမေတ္တာမျှနေကြပါတယ်။ ဒါပေမဲ့ ကွေ့ထုံရဲ့ အဖေဟာ သူ့သမီးကို ရွာသူကြီးရဲ့ သားဖြစ်သူ ချီဖုန်းနဲ့ လက်ထပ်ပေးဖို့ စီစဉ်နေပါတယ်။ ဒီအချိန်မှာ သူတို့ ကွေမိသားစုဆီကို ကံဆိုးမှုကြီးတစ်ခု ရောက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ရွာရဲ့ ရိုးရာအရ မိန်းမပျိုလေးကို လော့ဟွားဂူထဲက တောင်နတ်ဆီ ဆက်သဖို့အတွက် ကွေ့ထုံက အရွေးခံလိုက်ရတာပါပဲ။ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ မလွတ်မြောက်ခဲ့တဲ့ ကွေ့ထုံဟာ သူ့ကံကြမ္မာကိုပဲ လက်ခံလိုက်ရပါတော့တယ်။ ညကြီးသန်ခေါင် သတို့သမီးဝေါယာဉ်ကို သတို့သမီးအရံမိန်းမပျို ယောကျာ်းပျိုလေးတွေနဲ့ တောင်ပေါ်ကို လိုက်ပို့ကြတဲ့အခါ ဘယ်လို ထိတ်လန့်စရာအဖြစ်တွေနဲ့ ကြုံရမလဲ…… လော့ဟွားဂူထဲကို အပို့ခံခဲ့ရတဲ့ မိန်းမပျိုလေးတွေကရော ဘယ်လိုအဖြစ်မျိုးတွေ ကြုံတွေ့ခဲ့ကြတာလဲ…… ဒီလို အဖြစ်တွေက နတ်ကလုပ်တာလား လူတွေရဲ့ ယုတ်မာတဲ့ အကြံပဲလား ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
The Bride and The Beast
Clown in a Cornfield
6.1

Clown in a Corn Field (2025) လျို့ဝှက်ဆန်းကြယ်ဆန်ဆန် အသတ်အဖြတ် အကြမ်းအရမ်းဇာတ်ကားတွေကို ကြည့်ချင်ရင်တော့ ၂၀၂၅ ထဲမှာပဲ ပူပူနွေးနွေးထွက်ထားတဲ့ ဒီဇာတ်ကားလေးကို ကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။ Ginny & Georgia ဇာတ်လမ်းတွဲထဲက အက်ဘီနေရာမှာ သရုပ်ဆောင်တဲ့မင်းသမီး ကေတီလည်း အဓိကပါဝင်ထားပြီး IMDb မှာ 6.1/10 နှင့် Rotten Tomatoes မှာ 74% ရရှိထားလို့ တကယ့် ကြည့်ပျော်ရှုပျော် ရင်ထိတ်စရာ ဇာတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်း ဒေါက်တာ မေဘရွတ်ခ်ဟာ သူ့မိန်းမ ရောဂါနဲ့ ဆုံးသွားပြီးတဲ့နောက်မှာ မဖြည်ဆည်နိုင်လို့ စိတ်ဖြတ်နိုင်အောင် သမီးဖြစ်သူ ကွင်းန်နဲ့အတူ ရှေးရိုးစွဲပြီး ဖုန်းလိုင်းတောင် သိပ်မကောင်းချင်တဲ့ နယ်မြို့ကလေးကို ပြောင်းလာခဲ့ပါတယ်။ ကွင်းန်ကလည်း သူ့အိမ်နှင့် သူ့သူငယ်ချင်းတွေကို ထားခဲ့ရလို့ စိတ်မချမ်းသာပေမဲ့ ဒီမြိုသစ်ကလေးရဲ့ ကျောင်းမှာ ကိုးလ်၊ တပ်ကာ၊ မတ်နဲ့ ရွန်နီ အစရှိတဲ့ လူရမ်းကား ဆယ်ကျော်သက်ကလေးတွေနဲ့ အဖွဲ့ကျသွားပါတော့တယ်။ အဲမြို့မှာ ကိုးလ်က လူချမ်းသာမြို့မျက်နှာဖုံးရဲ့သားဖြစ်ပြီး သူ့ရဲ့အဘေးက ပြောင်းသကြားရည်ကို ဖန်တီးရောင်းချရာက ချမ်းသာလာတာဖြစ်ပါတယ်။ အဲပြောင်းသကြားရည်ရဲ့တံဆိပ်မှာ ထူးဆန်းစွာပဲ ကျောချမ်းစရာ လူပြက်ပုံလည်း ပါပြီးတော့ အဲလူပြက်ကို မြို့ခံတွေက ဖရန်ဒိုလို့ နာမည်ပေးထားပါတယ်။ အဲမှာ သူတို့သူငယ်ချင်းအုပ်စုက ယူကျုမှာ နာမည်ကြီးချင်တဲ့အတွက် ဖရန်ဒိုက တကယ်ရှိကြောင်း၊ လူသတ်တတ်ကြောင်း ဇာတ်လမ်းတွေဆင်ရိုက်ရာကနေ တကယ်ပဲ သူတို့အဖွဲ့ထဲက လူသေလာပါတော့တယ်။ အဲတော့ ဒီဖရန်ဒိုဆိုတဲ့လူပြက်က တကယ်ပဲ သဘာဝလွန်သတ္တဝါလား၊ သာမာန်မျက်နှာဖုံးစွပ် ကွင်းဆက်လူသတ်သမားလား သူတို့သူငယ်ချင်းအုပ်စု အဲလူပြက်ဆီကနေ ဘယ်လိုလွတ်အောင်ရုန်းကန်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

6.1 2025 96 mins
Clown in a Cornfield
Café Noir
7.5

Café Noir (2009) ************************** IMDb – 7.5 ဒီတစ်ခါမှာတော့ Extreme Job, Beyond Evil, The Auditors အစရှိတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်တွေ သိလာကြတဲ့ မင်းသားကြီး Shin Ha Kyun နဲ့ မင်းသမီး Moon Jeong Hee, Jung Yu Mi တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Cafe Noir ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ ရုရှားစာရေးဆရာ Fyodor Dostoyevsky ရဲ့ “White Nights” နဲ့ ဂျာမန်စာရေးဆရာ Johann Wolfgang von Goethe ရဲ့ “The Sorrows of Young Werther” စာအုပ်ကို အခြေခံထားပြီး အချစ်နဲ့အလွမ်းအဆွေးကို တစ်ပြိုင်နက်တည်း ခံစားရနိုင်တဲ့ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ******************** ယောင်းဆူ (Shin Ha Kyun) ဟာ ဂီတဆရာတစ်ဦးဖြစ်ပြီး ကျောင်းသားမိဘဖြစ်တဲ့ မီယွန်း (Moon Jeong Hee) နဲ့ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မီယွန်းရဲ့ ခင်ပွန်းဖြစ်သူ ပြန်လာတဲ့အခါမှာ မီယွန်းက လမ်းခွဲသွားခဲ့တဲ့အတွက် မီယွန်းရဲ့ ခင်ပွန်းကို သတ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာတော့ သူချစ်ရတဲ့အမျိုးသမီးကို ပျော်ရွှင်စေဖို့အတွက် ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုမျိုး စိတ်ဒဏ်ရာတွေနဲ့ ယောင်းဆူဟာ တစ်နေ့မှာ ဆွန်းဟွာ (Jung Yu Mi) ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံပြီးနောက် ဆွန်းဟွာရဲ့ ဇာတ်ကြောင်းတွေကို နားထောင်ပေးရင် ချစ်မြတ်နိုးမိလာပါတော့တယ်။ ဒါပေမဲ့ ဆွန်းဟွာနဲ့ ပတ်သက်ပြီးတော့လည်း ထပ်တူညီတဲ့ စိတ်ဒဏ်ရာကိုပဲ ထပ်ရလာတဲ့အခါမှာတော့…. ဇာတ်အိမ်က ရုတ်တရက်ကြည့်ရင်တော့ ရိုးရှင်းတယ်ထင်ရပေမဲ့ ဇာတ်သိမ်းပြီးသွားတဲ့အခါမှာတော့ တွေးစရာတစ်ခု ချန်ထားပေးနိုင်တဲ့ ရုပ်ရှင်လို့ပဲ ပြောရပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာနဲ့ အလွမ်းအဆွေးတွေအကြောင်းကို အနုပညာဆန်ဆန် ကြည့်ရှုခံစားလို့ရနိုင်တဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တာကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Nyein Sandiက ရေးသားထားပါတယ်) File Size – 3.68 GB/ 1.31 GB Quality – WEB-DL 1080p/ 720p Duration – 3h 41m Format – mp4 Genre – Romance, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Nyein Sandi Encoded by – Treasure Htet

7.5 2009 198 mins
Café Noir