YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

My.Demon(2023)E11.WEB-DL.720P(CM).mp4

337.63 MB N/A video/mp4 2374 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+)Rigodon
6

2012 ခုနှစ်မှာ ထွက်ရှိခဲ့တဲ ဖိလစ်ပိုင် အိမ်ထောင်ရေးကားလေးပါ Rigodon ဆိုတာက စပိန်ကနေ ဆင်းသက်လာတဲ့ စကားဖြစ်ပြီးတော့ ဖိလစ်ပိုင်လိုကတော့ "ကချေသည်" လို့ ဆိုလိုတာပါ။ ဘဝ ဆိုတာက တီးလုံးနဲ့လိုက်ပြီး ကနေရတဲ့ ကချေသည်လိုပါပဲ နိမ့်ချည်တစ်ခါ မြင့်ချည်နဲ့တစ်လှည့်နဲ့ပေါ့။ ရစ်ကီဆိုတဲ့ လူငယ်တစ်ယောက်ဟာ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ခါနီး အိမ်ထောင်စောစောစီးစီးကျပြီးတော့ ကိုယ့်ရဲ့ အိပ်မက်နောက် မလိုက်နိုင်ခဲ့ပဲ လမ်းပျောက်နေခဲ့တယ်။ ဒါပေမဲ့လဲ သူဟာ သူ့ရဲ့သရုပ်ဆောင်ဘဝကို ပြန်လိုချင်ပြီး လုပ်မိလုပ်ရာ လုပ်ခဲ့မိပါတယ်။ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းဟာလဲ သူ့လို အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ လူတစ်ယောက်အတွက် နေရာဆိုတာ မရှိခဲ့ပါဘူး။ နောက်ဆုံးတော့ အိမ်ထောင်ရေးကို လျစ်လျှူရှုကာ မိမိ ငယ်ဘဝက မလုပ်ခဲ့ရတာ မဖြစ်ခဲ့ရတာတွေကို ပြန်လည်အကောင်ထည်ဖော်ရင်း ရစ်ကီရဲ့ နောက်ကွယ်က ဘဝဟာ ဘယ်လိုလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ *** တစ်ခုသတိချပ်စရာရှိတာက အိမ်ထောင်ရေးကားဆိုပေမဲ့ အဖော်အချွတ်နဲ့ ကုတင်ပေါ်ကအခန်းတွေ ပါဝင်တဲ့အတွက် မိသားစုနဲ့တော့ ကြည့်ရှုလို့ မသင့်တော်ပါဘူး။ အကြံပေးတဲ့အနေနဲ့ မြသန်းတင့် ဘာသာပြန်ထားတဲ့ "စစ်နဲ့ငြိမ်းချမ်းရေး" စာအုပ်ထဲက စာသားလေးအတိုင်း " ပီယာ မင်းဟာ မင်းဘဝမှာ လုပ်ချင်တာတွေ အကုန်လုပ်ပြီးလို့ မိန်းမတွေကို စိတ်ကုန်လာတဲ့အခါ မိန်းမတွေကို ဘယ်လိုမှ စိတ်မဝင်စားတော့တဲ့အခါမှသာ အိမ်ထောင်ပြုပါ " ဆိုတာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.4GB | 648MB | 292MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Blank

Action • Thriller
6 2012 85 mins
(18+)Rigodon
Dark Phoenix
6

Xmen တွေရဲ့ နောက်ဆုံးထွက် ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်း ချားစ်ရဲ့ အိတ်စ်မန်းတွေ ဖြစ်တဲ့ ဟန့်ခ် ကာ့ထ် ရေဗင် စကော့ ဂျင်းဂရေးတို့ဟာ အာကာသယာဉ်မှူးတွေကို ကယ်တင်ဖို် အာကာသထဲကို သွားရင် အပူလှိုင်းကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အဲဒီ အပူစွမ်းအင်တွေကို တားဖို့ကြိုးစားရင်းနဲ့ ဂျင်းဂရေးကိုယ်ထဲကို စွမ်းအင်တွေ အကုန် ဝင်သွားခဲ့တယ်။ သူတို့ ကမ္ဘာပေါ်ကို ပြန်ရောက်ချိန်မှာ ဂျင်းဂရေးဟာ စိတ်ဖောက်ပြန်ပြီး ထိန်းမရဖြစ်လာပါတော့တယ်။ လူသားတွေနဲ့ ငြိမ်းချမ်းရေး မပျက်စီးအောင် ဂျင်းဂရေးကိုလည်း ပြန်ကောင်းလာအောင်ကြိုးစားဖို့ အိတ်စ်မန်းတွေဟာ ဒီစွမ်းအင်တွေနောက်ကိုလိုက်လာတဲ့ ရန်သူတွေက်ုရော ဂျင်းကိုရော ပြန်ရင်ဆိုင်ရပါတော့တယ်။

Drama
6 2019 114 mins
Dark Phoenix
Shaft
6.5

နက်ဖလစ်ကနေ ဆမ်မြူရယ် ဂျက်ဆန် ကားတစ်ကား အသစ်ထွက်လာပါတယ်။ Hitman bodyguard တုန်းက ရခဲ့တဲ့ ရသမျိုး ပြန်ရတာပါပဲ။ အခွီတွေရယ် အက်ရှင်ရယ် ပေါင်းထားတာပါ။ တကယ်ကို ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ရှက်ဖ်ထ်ဆိုတဲ့ ရဲဟောင်းကြီးဟာ ပေပေတေတေ လူ့ခွစာ အလွတ်စုံထောက်အဖြစ် အသက်မွေးပါတယ်။ သူ့ကို သည်းမခံနိုင်တော့လို့ စွန့်ပစ်သွားတဲ့ သူ့မိန်းမနဲ့အတူ သူ့သားလေး ပါသွားခဲ့တယ်။ ၂၅ နှစ်လောက် ကြာချိန်မှာတော့ သူ့ရဲ့ သားက အက်ဖ်ဘီအိုင်မှာ အလုပ်ရသွားပါတယ်။ တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်ကရော ရဲတွေရော မလိုက်နိုင် အမှုကြီးတစ်ခုကို ရှက်ဖ်ထ်ရဲ့ သားက ကိုုယ်တိုင်လိုက်ဖို့ ရှက်ဖ်ထ်ကို အကူအညီလာတောင်းပါတော့တယ်။ သူတို့ သားအဖနှစ်ယောက် နယူးယောက် ဟာလမ်မှာ ဘယ်လိုတွေသောင်းကျန်းပြီး ဘယ်လိုတလွဲတွေ လုပ်ကြမလဲ ကြည့်ရမှာပါ။ (Littleneo ဘာသာပြန်ပေးထားပါတယ်)

Drama • Mystery
6.5 2019 111 mins
Shaft
First Knight
6

First Knight (1995) ဒီကားကတော့ ရုပ်ရှင်လောကရဲ့ ဂန္ထဝင်သရုပ်ဆောင်များစွာပါဝင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ အော်စကာဆုကိုရရှိထားဖူးတဲ့အပြင် ရာစုနှစ်တစ်ဝက်စာလောက် အထူးသဖြင့် 80s’ တွေအတွက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ James Bond Franchise ကြီးတစ်ခုလုံးကို အသက်သွင်းခဲ့သူ ဂန္ထဝင်မင်းသားကြီး “Sean Connery” ကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် အခြားဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ Richard Gere နဲ့ Liam Cunningham တို့ကပါ ဇာတ်ပို့အဖြစ်ပါဝင်ခဲ့တာဖြစ်တဲ့အတွက် ဇာတ်လမ်းရဲ့ Entertain နိုင်မှုကတော့ အံ့မခန်းပါပဲ။ ~ ဇာတ်လမ်းအကျဉ်း ~ ဘုရင်ကြီး အာသာဟာ ကမ်းမလော့မြို့အတွက် စစ်ပွဲပေါင်းများစွာတိုက်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့တဲ့နောက်မှာ လောကကြီးမှာအခြေချဖို့အတွက် အိမ်ထောင်ပြုဖို့စီစဉ်တော့ပါတော့တယ်။ ဒီအချိန်မှာပဲ အာသာနဲ့ တစ်ချိန်က အတူစစ်ပွဲဝင်ခဲ့ဖူးတဲ့ လီယွန်နက်စ်မြို့စားကြီးက ဖြစ်စေချင်ခဲ့တဲ့ သူ့သမီး ဂွီနဗီးယားနဲ့လက်ထပ်ဖို့ကို စဉ်းစားလာပါတယ်။ တစ်ဖက်မှာလည်း ဖခင်သေဆုံးပြီးနောက်ပိုင်း မြို့စားကတော်သခင်မတစ်ယောက်ဖြစ်လာတဲ့ ဂွီနဗီးယားဟာ ကမ်းမလော့ကို တစ်ယောက်ထဲအပိုင်စီးချင်တဲ့အတွက် အာသာရဲ့ The Round Table ကနေ နှုတ်ထွက်သွားတဲ့ မယ်လဂန့်ဆိုသူရဲ့ ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တစ်ဖက်မှာလည်း လန်းစလော့ဆိုတဲ့ ခြေသလုံးအိမ်တိုင်ဓားရေးကျွမ်းကျင်သူတစ်ယောက်ဟာ ဂွီနဗီးယားနဲ့ အမှတ်မထင်တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘုရင်ကြီးအာသာတစ်ယောက် နောက်ဆုံးမှာသူ့အချစ်အိပ်မက်ကိုအကောင်အထည်ဖော်သွားနိုင်မှာလား… ဂွီးနဗီးယားနဲ့ လန်းစလော့တို့အချစ်ဇာတ်လမ်းကရော ဘယ်လိုတွေဆက်ဖြစ်လာမလဲ… ဒါ့အပြင် တစ်ချိန်ကအတွင်းလူဖြစ်ခဲ့တဲ့မယ်လဂန့်ကရော ဒီလိုဖြစ်နေတဲ့အခြေအနေတွေအပေါ် ဘယ်လိုအခွင့်ကောင်းယူသွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ အပြည့်အဝရှုမြင်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.8GB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 2H 14Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

6 1995 134 mins
First Knight
Eternal Sunshine of the Spotless Mind
8.3

Eternal Sunshine of The Spotless Mind (2004) IMDb Rating (8.3) / Rotten Tomatoes (93%) သံယောဇဉ်အတိတ်တို့မရှိတဲ့ စိတ်ဝိဉာဉ်ဟာ ထာဝရငြိမ်းချမ်းနေမှာပဲတဲ့…. မင်းသားကြီး ဂျင်မီကာရေး မင်းသမီး ကိတ်ဝင်းစလက်တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဆုတွေတလှေကြီးရထားတဲ့ အချစ်ရိုမန့်ဇာတ်ကားဖြစ်ပြီး ရာစုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ အပြင်လောကမှာ ချစ်ရသူကြောင့်အသည်းကွဲပြီး ပြင်းထန်တဲ့စိတ်ကျဝေဒနာခံစားရနေတဲ့ ဂျင်မီကာရေးတစ်ယောက် လုံးဝထိခိုက်ကြေကွဲနေတဲ့အချိန်ကာလမှာ ဒါရိုက်တာ Michael Gondry ဟာ ဒီရုပ်ရှင်ကို စီစဉ်ရိုက်ကူးခဲ့ပါတယ်။ ဒါကြောင့်လဲ ဟာသမင်းသားကြီးလို့ မြင်နေကျ ဂျင်မီကာရေးကို လုံးဝမတူကွဲပြားတဲ့သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်ရှင်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ++++++++++++++++++++++++++++++ “ဒီလောကကြီးမှာ ကိုယ့်ကိုသတိရတဲ့သူ မှတ်မိတဲ့သူ တစ်ယောက်မှမကျန်တော့ဘူးဆိုရင် အဲ့လူကတကယ်ပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ ပြောရရင် ဘဝဆိုတာ အဆုံးမှာတော့ မှတ်ဉာဏ်တွေကအရာအားလုံးပါဘဲ။ တစ်စုံတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ငါ ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက် မှတ်ဉာဏ်တစ်ခုချင်းစီမှာ အားလုံးဟာ မတူညီတဲ့ပုံစံနဲ့ အသီးသီးဖြစ်တည်နေကြတယ်။” အမှတ်တရတစ်ခုချင်းစီမှာ ခံစားချက်ဗဟိုချက်ဆိုတာရှိတယ်တဲ့။အဲ့ ဗဟိုချက်ကိုသာဖယ်ရှားလိုက်ရင် မှတ်ဉာဏ် ( တနည်းအားဖြင့် အမှတ်တရ ) ပြိုကွဲခြင်းလုပ်ငန်းစဉ်စပါပြီ ။ ဒီရုပ်ရှင်ဇာတ်လမ်းလေးနာမည်ကတော့ Eternal Sunshine of the Spotless Mind ပါ။ Warning– This content contains spoilers !!! ဇာတ်လမ်းအစမှာ Joel တစ်ယောက် မရည်ရွယ်ထားတဲ့ခရီးတစ်ခုမှာ Clementine ဆိုတဲ့ကောင်မလေးတစ်ယောက် နဲ့ ဆုံမိပြီး အပြန်ရထားပေါ်မှာ နှစ်ယောက်တူတူစကားလက်ဆုံကျရင်း ရင်းနှီးကျွမ်းဝင်သွားကြတယ်။ သူတို့နှစ်‌ယောက်လုံးရဲ့ မှတ်ဉာဏ်ထဲမှာတော့ ဒါက သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုပေါ့။ တကယ်တမ်းကတော့ ဒါကသူတို့ရဲ့ ဒုတိယမြောက်ပြန်တွေ့ဆုံမှုပါ။ နှစ်ယောက်လုံးက အရင်ကဆုံခဲ့ဖူးကြပြီး ချစ်ခဲ့ကြပြီး တွဲခဲ့ဖူးကြတဲ့သူနှစ်ယောက်ပါ။ တဖြည်းဖြည်းနဲ့ toxic ဆန်လာတဲ့ သူတို့နှစ်ယောက်ရဲ့ relationship မှာ Clementine က မပျော်တော့လို့ ဆိုပြီး အကြောင်းပြချက်နဲ့ မှတ်ဉာဏ်ဖျက်ပေးတဲ့ ဆေးခန်းကိုသွားပြီး Joel နဲ့ပက်သတ်ခဲ့ဖူးတဲ့ အမှတ်တရတွေ မှတ်ဉာဏ်တွေအားလုံးကို ဖျက်ပစ်လိုက်တယ်။ မှတ်ဉာဏ်ဖျက်ပေးတဲ့ဆေးခန်းရဲ့စည်းမျဉ်းစည်းကမ်းအရ အမှတ်တရကိုမဖျက်စီးပစ်ခင် ဖျက်စီးခံရမယ့် မှတ်ဉာဏ်ထဲကလူနဲ့ ပက်သတ်ခဲ့ဖူးတဲ့ ဖလှယ်ခဲ့ဖူးတဲ့ ပစ္စည်းတွေ လက်ဆောင်တွေအားလုံးကို ဆေးခန်းကိုယူသွားရပြီး တချို့ပစ္စည်းတွေကိုတော့ ဆေးခန်းကဖျက်စီးပစ်ပြီး ကြီးမားလွန်းတဲ့အမှတ်တရတွေတည်ရှိနေတဲ့ပစ္စည်းတွေကိုတော့မူရင်းပိုင်ရှင်ဖြစ်တဲ့ တနည်းအားဖြင့် အမှတ်တရတွေကိုတူတူဖန်တီးခဲ့တဲ့ ကာယကံရှင် Joel ဆီ လိပ်မူပြီး Clementine က Joel နဲ့ ပက်သတ်တဲ့မှတ်ဉာဏ်တွေအားလုံးကို ဖျက်စီးပစ်လိုက်ပြီ delete လုပ်လိုက်ပြီ ဖြစ်တာမလို့ Clementine နဲ့ပြန်တွေ့ရင် မသိသလို နေပေးပါဆိုတဲ့ အသိပေးစာဆန်ဆန်စာတစ်စောင်ကိုပို့ထားပေးတယ်။ Joel ကလည်း ဒီလိုအမှတ်တရတွေကို ဖျက်စီးပစ်ရမလားဆိုပြီး ဒေါသတွေထွက် Anxiety တွေဝင်ပြီး လောကကြီးမှာ ကိုယ့်အကြောင်းကိုမေ့ပစ်ထားတဲ့လူရဲ့ မှတ်ဉာဏ်တွေကို ဘာလို့ သယ်ဆောင်ထားရဦးမှာလဲဆိုပြီး သူပါ မှတ်ဉာဏ်ဖျက်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ Joel ဆေးခန်းသွားတဲ့နေ့က Valentine Day မတိုင်ခင်တစ်ရက်အလိုဖြစ်ပြီး ဆေးခန်းမှာ လူအရမ်းကျတဲ့နေ့ပေါ့။ အမှတ်တရနေ့မတိုင်ခင် အမှတ်တရတွေကို လာဖျက်နေကြတဲ့သူတွေအမြောက်အများကြောင့် Joel တစ်ယောက် awkward ဖြစ်သွားတယ်။ နာမည်ကြီးတဲ့စကားတစ်ခွန်းဖြစ်တဲ့ တွယ်ငြိရာသာဆုံးရှုံးရာဆိုသလိုပေါ့။ မှတ်ဉာဏ်တွေသာမရှိတော့ရင် နာကျင်ရတာတွေလည်းရှိတော့မှာမဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်ကြီးကြီးနဲ့ side effects အရမ်းများတဲ့ မှတ်ဉာဏ်ဖျက်တဲ့လုပ်ငန်းစဉ်ကို မကြောက်မရွံ့ လုပ်ကြတဲ့သူတွေပေါ့။ နောက်ဆုံးမှာ Joel တစ်ယောက် Clementine နဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်ပြီမလို့ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်မသိ ကြတော့ဘဲ တစ်ယောက်နဲ့တစ်ယောက် မမှတ်မိကြတော့ဘဲ ကိုယ်စီကိုယ်စီ သူတို့ရဲ့ ပုံမှန်လူနေမှုဘဝမှာ ကျင်လည်လှုပ်ရှားနေကြရင်းနဲ့ နောက်ထပ်တစ်ကြိမ် ရထားပေါ်မှာ ဆုံဖြစ်သွားကြပြီး ပြန် ချစ်သွားကြတယ်။ ပြန်ပြီး တွယ်ငြိသွားကြပြီး ချစ်သူတွေပြန်ဖြစ်သွားကြပြန်တယ်။ ဒီလို meant to be သဘောတရားတွေကို what if ထဲက absolute point တွေလို့ သတ်မှတ်ရမယ်ထင်တယ်။လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတစ်ခုမှာ absolute point တစ်ခုကတော့ သေချာပေါက်ကို ရှိကိုရှိနေမယ်ထင်တယ်။ ကြုံဆုံရမယ့်သူတွေက ဆုံကိုဆုံမှာဖြစ်ပြီး သူတို့ကို ဘယ် what if တွေကမှ တားဆီးနိုင်မှာ မဟုတ်ဘူး။ မှတ်ဉာဏ်တွေ ဖျက်ပစ်ခံထားရရင်တောင် သူတို့ကနောက်တစ်ခါထပ်ဆုံတဲ့အချိန်ကြရင် နောက်ထပ် ထပ်ချစ်မိကြဦးမှာ။ ထပ်ပြီးတစ်ယောက်ကိုတစ်ယောက် နာကျင်အောင်လုပ်မိကြဦးမှာ။ Joel နဲ့ Clementine တို့နှစ်ယောက် အဲ့နေ့က ရထားပေါ်မှာမဆုံဖြစ်ခဲ့ရင်တောင် သူတို့အမြဲသွားနေကြ စာအုပ်ဆိုင်မှာ ပြန်ဆုံဖြစ်ကြဦးမှာဘဲ။ မှတ်ဉာဏ်တွေမရှိတော့ပေမယ့်လည်း သူတို့ရဲ့မသိစိတ်ထဲမှာ အဲ့လူရဲ့ဖြစ်တည်မှုက တည်ရှိနေတာမလို့ မှတ်ဉာဏ်တွေဖျက်လို့ရရင်တောင် သူတို့ရဲ့ရွေးချယ်မှုအပြောင်းအလဲတွေကနေ ထပ်ထပ်ပြီး ခွဲထွက်သွားတဲ့ နောက်ထပ်သက်ရောက်မှုအသစ်တွေက သူတို့ကိုမဆုံဆုံအောင် ပြန်ဖန်တီးပေးနေဦးမှာပဲ။ ဖတ်ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ထဲမှာ ရေးထားတာကိုကိုးကားပြောရရင် လောကကြီးမှာ လူနှစ်မျိုးနှစ်စားရှိပြီး တစ်မျိုးကတော့ ဘဝမှာ အချစ်ကို ရှာဖွေရင်း အချိန်ကုန်ဆုံးပြီး တစ်မျိုးကတော့ ဘဝမှာ အချစ်ကို စောင့်ဆိုင်းရင်း အချိန်ကုန်ဆုံးကြတယ်တဲ့။ တိုက်ဆိုင်တာက ရှာဖွေတဲ့သူက စောင့်ဆိုင်းနေတဲ့သူကိုတွေ့ပြီး စောင့်ဆိုင်းနေတဲ့သူက ရှာဖွေတဲ့သူကို စောင့်နေကြတယ်တဲ့။ ဒါကြောင့်ပဲ ရွေးချယ်မှုမတူညီကြရင်တောင် တစ်ယောက်အတွက် တစ်ယောက် ဖြစ်တည်လာစေတဲ့ butterfly effect ဆိုတဲ့ မမြင်ရတဲ့ ကံကြမ္မာဝဲဂယက်တွေက ကူးလွန့်နေကြတာပါ။ နှစ်ယောက်လုံးကရှာဖွေသူဖြစ်နေရင် ဒါမှမဟုတ် နှစ်ယောက်လုံးက စောင့်ဆိုင်းသူဖြစ်နေရင် သေချာပေါက် လွဲချော်သွားကြမယ့် သူတွေပါတဲ့။ ဒီရုပ်ရှင်ရဲ့ alternate endingတစ်ခုလည်း ရှိပါသေးတယ်။ အဲ့ထဲမှာ Clementine က အသက် 50ကျော် အဘွားကြီးတစ်ယောက် ဖြစ်နေပြီး မှတ်ဉာဏ်ဖျက်ဖို့ ဆေးခန်းကိုထပ်လာတယ်။ ဆရာဝန်က Clementine ကို သိနေပြီး nurse assistant ကတောင် Clementine နဲ့သူငယ်ချင်းတွေဖြစ်နေပေမယ့် Clementine ကတော့မှတ်ဉာဏ်ဖျက်ထားတဲ့သူမို့ ဘာမှမမှတ်မိပါဘူး။ ဆရာဝန်က ထုံးစံအတိုင်း ဘယ်သူနဲ့ ပက်သတ်တဲ့ မှတ်ဉာဏ်ကိုဖျက်ပစ်မလဲမေးတော့ ” Joel ဆိုတဲ့ လူနဲ့ ပက်သတ်တဲ့မှတ်ဉာဏ်ကို ဖျက်ပစ်ချင်လို့ပါ။ သူနဲ့ ကျွန်မ senior ကပွဲမှာ ‌ဆုံခဲ့ကြတာလေ။ နှစ်ယောက်လုံးကလူလွတ်တွေမလို့ ကျွန်မတို့ တွဲဖြစ်ခဲ့ကြတယ် ။ ခုတော့ ကျွန်မသူ့ကိုတော်တော်စိတ်ကုန်သွားပြီ။ ဒါကြောင့်မလို့ သူနဲ့ပက်သတ်တဲ့မှတ်ဉာဏ်တွေကို ဖျက်ပေးပါရှင်။ ဒီလောက်နှစ်တွေအကြာကြီး ကျွန်မ ဘာလို့ကောင်းကောင်းမွန်မွန် လူတစ်ယောက်နဲ့များ အိမ်ထောင်မကျဘဲ ခုထိ အတည်တကျ ဘဝမရှိနေရလဲဆိုတာ ကျွန်မဖြင့်နားကိုမလည်နိုင်တော့ပါဘူးရှင်”ဆိုပြီး Clementine ကငြီးငြီးငြူငြူပြောတော့ ဒေါက်တာက Clementine နာမည်ကို ကွန်ပျုတာမှာရိုက်လိုက်ပြီး ဆေးမှတ်တမ်းဖွင့်ကြည့်တော့ နာမည်တူ ဆေးမှတ်တမ်း 15 ခုကျလာပြီး မှတ်တမ်း 15 ခုလုံးမှာ Clementine က Joel ဆိုတဲ့ လူကိုသူ့မှတ်ဉာဏ်ထဲက လာလာဖျက်နေတယ်ဆိုတာပေါ့။ ဒါကဖတ်ဖူးတဲ့ alternate ending တစ်ခုပါ။ ဒွိဟဖြစ်ကျန်စရာကတော့ Joel ဘက်ခြမ်းကို ပြောမပြထားတာမလို့ Clementine မှတ်ဉာဏ် ဖျက်တဲ့ 15ကြိမ်လုံးမှာ Joelကကော ဖျက်ပစ် မဖျက်ပစ်ဆိုတာကိုတော့ မသိရပါဘူး။ မဖျက်ပစ်ရင် Joel ကတမင် Clementine နဲ့ ပြန်‌ဆုံအောင် ဖန်တီးတွေ့ဆုံနေတာဖြစ်ပြီး Joel ဘက်ကလည်းမှတ်ဉာဏ်ကိုဖျက်ပစ်ရင် သူတို့ မှတ်ဉာဏ် 15ကြိမ်ဖျက်ပြီးတာတောင် ပြန်ပြန်ဆုံကြပြီး အကြိမ်ကြိမ်ထပ်ထပ် ပြန်ချစ်မိသွားကြတာမလို့ စစ်မှန်တဲ့အချစ်လို့ပဲခေါင်းစဉ်တပ်ရမလား ဝဋ်ကြွေးလို့ပဲဆိုရမလား။ တကယ်တော့ မှတ်ဉာဏ်ဆိုတာက နေရောင်သေးသေးလေးနဲ့တူပါတယ်။ မှောင်မည်းနေတဲ့ချောင်ကြိုချောင်ကြားလေးထဲမှာတောင် ဖွင့်ပေးလိုက်တာနဲ့ တိုးဝင်လာတတ်တဲ့ နေရောင်ခြည်ပေါ့။ အမှတ်တမဲ့ ဘာမဟုတ်တာလေးကို စဉ်းစားမိရင်တောင် တသီကြီးတတန်းကြီး အတွေးတွေပေါ်လာစေတဲ့ ကြည်နူးစေနိုင်သလို နာကျင်စေနိုင်တဲ့ မှတ်ဉာဏ် နေရောင်အပိုင်းအစတွေပေါ့။ Eternal Sunshine of the Spotless Mind ဆိုတဲ့ ခေါင်းစဉ်ကို အဓိပ္ပါယ်ဖွင့်ကြည့်ရင် ဒါမှမဟုတ် ဇာတ်လမ်းအကြောင်းအရာ မှတ်ဉာဏ်တွေနဲ့ တွဲဖက်စဉ်းစားကြည့်လိုက်ရင် နေရောင်(မှတ်ဉာဏ်) ဆိုတာ စိတ်အခံပေါ်မူတည်ပြီး နွေးထွေးမှုကိုပေးသလို တစ်ခါတစ်ရံတော့လည်း တောက်လောင်အောင် မီးမြိုက်ပေးနေတဲ့ အမှတ်တရတချို့ပေါ့။ နာကျင်ရတာချင်းတူရင်တောင် လူတစ်ယောက်ဆီက အကြိမ်ကြိမ်အခါခါ နာကျင်ရတာထက် မတူတဲ့သူတွေဆီက မတူတဲ့ ပုံစံကြောင့် နာကျင်ရတာက ပိုသက်သာမယ်ထင်တယ်။ ဒါကြောင့် Clementine ကအမြဲတမ်း မှတ်ဉာဏ်တွေ ဖျက်ပစ်တဲ့နည်းကိုဘဲ ရွေးပြီး အဆိပ်အတောက်ဖြစ်ဖြစ်သွားတဲ့ သူတို့ဆက်ဆံရေးကနေ ရုန်းထွက်နိုင်ဖို့ကြိုးစားခဲ့တာထင်တယ်။ မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်ပြီး quitလုပ်တဲ့နည်းက အဆုံးသတ်လိုက်ဖို့ အလွယ်ဆုံးလို့ တွေးမိလို့ Clementine တစ်ယောက် ဒီနည်းကိုရွေးခဲ့ပေမယ့်လည်း တကယ်တမ်းကျတော့ သူ့မသိစိတ်မှာကျ Joel အပေါ် တွယ်ငြိ စွဲလမ်းနေလို့ ပြန်ဆုံတွေ့တိုင်း အရင်ကမှားတယ်လို့ သူယူဆခဲ့တဲ့ လမ်းကိုဘဲ သူအကြိမ်ကြိမ်ပြန်ရွေးချယ်နေခဲ့တုန်းပါပဲ။ (ရုပ်ရှင်အညွှန်းကို Midnights Film Cafe FB Page မှ ကူးယူဖော်ပြပါသည်။)

Action
8.3 2004 108 mins
Eternal Sunshine of the Spotless Mind
Fate/Grand Order: First Order
5.7

Fate/Grand Order: First Order(2016) ရင်းနှီးပြီးသားဖြစ်တဲ့ Fate/Grand Order ဂိမ်းရဲ့ Live action ဖြစ်တဲ့ Fate/Grand Order ရုပ်ရှင်စီးရီးတွေထဲက ပထမဆုံး prequel ပါ။ လူသားမျိုးနွယ် ဆက်တည်တံ့ဖို့ Chaldea အဖွဲ့အစည်းဟာ ပညာရှင်တွေစုစည်းပြီးတော့ အချိန်ခရီးသွားခြင်း(ရေးရှစ်ဖ်)နဲ့ လူသားမျိုးနွယ်မပျက်သုဉ်းသွားအောင်ကာကွယ်ဖို့ကြိုးစားနေတာပါ။ မာစတာဖြစ်နိုင်တဲ့ လူသားတွေကိုစုစည်းပြီးတော့ အချိန်ခရီးသွားစေပြီး လူသားမျိုးနွယ်ပျက်သုဉ်းစေတဲ့အကြောင်းရင်းကို ဖြေရှင်းတဲ့နည်းလမ်းကိုသုံးတာပါ။ ပထမဆုံးစမ်းသပ်တဲ့မစ်ရှင်မှာပဲ မတော်တဆပေါက်ကွဲမှုဖြစ်ပြီး စီစဉ်ထားသလိုမဖြစ်လာခဲ့ပါဘူး။ ပေါက်ကွဲမှုထဲမပါဘဲ ကျန်ခဲ့တဲ့မာစတာဖြစ်နိုင်သူ ဖူဂျီမာရုနဲ့ သူရဲကောင်းဝိဉာဉ်နဲ့ပေါင်းပြီး အစေခံတစ်ပိုင်းဖြစ်သွားတဲ့ မက်ရှ်တို့နှစ်ယောက် ရေးရှစ်ဖ်နဲ့ အချိန်ခရီးသွားမိသွားပြီး မစ်ရှင်ကိုဆက်လုပ်ဖို့ဖြစ်လာပါတော့တယ်။ ဖူဂျီမာရု နဲ့ မက်ရှ်တို့ မစ်ရှင်အောင်ပြီးတော့ လူသားမျိုးနွယ်ကိုထိန်းသိမ်းနိုင်မှာလား ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရပြီးတော့ ဘယ်လိုမြင့်မြတ်တဲ့ သူရဲကောင်းတွေက‌ရော မစ်ရှင်မှာဝင်ကူညီမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။ File size… 1 GB / 490 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Aniamtion/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

5.7 2016
Fate/Grand Order: First Order
Godzilla
7.5

Godzilla ( 1954 )Directed by Ishirō HondaKaiju Genreကို အစပျိုးပေးခဲ့တဲ့ ပထမဆုံး ဂေါ်ဇီလာရုပ်ရှင်ကို ၁၉၅၄မှာ အိရှိရိုဟွန်ဒါက ဇာတ်ညွှန်းရေးသား ရိုက်ကူးခဲ့တယ်။ Special effects ပိုင်းကိုတော့ Eiji Tsuburayaက ကိုင်ခဲ့တယ်။ သူတို့နှစ်ယောက်တွဲဟာ Kaiju Genreကို ထောင်ခဲ့တဲ့လူတွေ ဂေါ်ဇီလာယူနီဗာ့စ်ကြီးကို စဖန်တီးခဲ့သူတွေပါပဲ။ ဒီဂေါ်ဇီလာကားတွေကို နာမည်ကျော် တိုဟိုကနေ ထုတ်ပေးခဲ့တယ်၊ ဒီဂေါ်ဇီလာတစ်ကားရဲ့ အောင်မြင်မှုကနေ Godzilla franchiseကြီးဖြစ်ခဲ့လာပြီး တိုဟိုက ထုတ်ခဲ့တဲ့ ဂျပန်ဂေါ်ဇီလာရုပ်ရှင်တင် ၃၃ကား , ခုနောက်ပိုင်းထွက်တဲ့ အမေရိကန်ရုပ်ရှင် ငါးကား , စုစုပေါင်း ၃၈ကား ထွက်ခဲ့ပြီးပြီ။ တိုဟိုက ထုတ်ခဲ့တဲ့ ၃၃ကားထဲမှာ မူရင်းဖန်တီးရှင်တွေဖြစ်တဲ့ အိရှိရိုနဲ့ အိဂျီတို့ ရိုက်ခဲ့တာက ၈ကားပဲရှိခဲ့တယ်။ သူရိုက်ခဲ့တာတွေက အအောင်မြင်ဆုံးနဲ့ အခမ်းနားဆုံး Godzilla (1954), နောက် King Kong vs. Godzilla (1962) , Mothra vs. Godzilla (1964), Ghidorah, The Three-Headed Monster (1964), Invasion of Astro-Monster (1965),Destroy All Monsters (1968), All Monsters Attack (1969),Terror of Mechagodzilla (1975)တို့တွေပါပဲ။ Godzilla: King of Monsters (1956)မှာလည်း သူဝင်ရိုက်ပေးခဲ့ပေမဲ့ သူ့စာရင်းက ၈ကားပဲဆိုတော့ ထည့်တွက်မထားပုံပါပဲ၊၊ ပထမဆုံး ၁၉၅၄အတွက်ပဲ ဇာတ်ညွှန်းပါသူရေးခဲ့ပြီး ၁၉၅၄ကားကလည်း ထွက်ခဲ့သမျှ ဂေါ်ဇီလာတွေထဲ အကောင်းဆုံးအဖြစ်ရပ်တည်နေတယ်။ တိုဟိုဗားရှင်း ဂေါ်ဇီလာ ၃၃ကားကို ဂျပန်တွေထုံးစံအတိုင်း Eraတွေနဲ့ခွဲထားပြီး Era၅ခုရှိပြီး Shōwa era (1954–1975)အတွင်းမှာ ၁၅ကားရိုက်ကူးခဲ့ပါတယ်။ ဒီ၁၅ကားဟာ ဂျပန်ပြည်ရဲ့ နိုင်ငံရေးရဲ့ သူ့ခေတ်အခြေအနေကို ထင်ဟပ်ခဲ့တယ်လို့ ဆိုကြတယ်။ Eraတွေပြီးတိုင်း သူ့ယူနီဗာ့စ်ကို Reboot ပြန်ချလိုက်ပေမဲ့ ၁၉၅၄ကားကိုတော့ လုံးဝမပယ်ခဲ့ကြဘူး။ ဂေါ်ဇီလာရဲ့ Originအဖြစ် ထားထားခဲ့တယ်။ 2019ကစတဲ့ Reiwa Eraမှာတော့ ဒီ Originကို ပြောင်းလဲပစ်ခဲ့တယ်။ Godzilla Minus Oneကတော့ ဒီ၁၉၅၄ကားကို ပြန်လည်ပုံဖော်ထားတဲ့ Remakeကားလို့ ဆိုပါတယ်။အိရှိရိုဟွန်ဒါဟာ ခိုင်ဂျူ ရုပ်ရှင်Genreရဲ့ ဖန်တီးရှင် ဂေါ်ဇီလာရဲ့ ဖခင်ဖြစ်ပေမဲ့လည်း အကီရာ ကူရိုဆာဝါရဲ့ ရုပ်ရှင်တွေမှာ လက်ထောက်ဒါရိုက်တာအဖြစ်တစ်မျိုး အနုပညာအကြံပေးအဖြစ်တစ်ဖုံ လုပ်ခဲ့ဖူးတဲ့သူပါပဲ။ ကူရိုဆာဝါရဲ့နောက်ဆုံးငါးကားဟာ သူ့နောက်ဆုံးငါးကားလို့ ပြောရင်လည်းရပါတယ်။ ဂေါ်ဇီလာတွေအပြီးမှာ သူအနားယူခဲ့ပေမဲ့ ကူရိုဆာဝါက သူ့ကိုနားချပြီး သူ့ညာလက်ရုံးအဖြစ် ခေါ်သုံးခဲ့တာပါ။ ကူရိုဆာဝါ ဒီနှောင်းပိုင်း ကာလတွေမှာ မျက်စိလည်းသိပ်မမြင်တော့ဘူးဆိုတော့ ကူရိုရဲ့ နောက်ဆုံးငါးကားမှာ အိရှိရိုရဲ့ လက်စွမ်းလည်း မကင်းဘူးလို့ ယူဆလို့ရတယ်။ Guillermo del Toro, Tim Burton , John Carpenter , Martin Scorsese တို့ကတော့ ဟွန်ဒါရဲ့ လွှမ်းမိုးမှုနဲ့ သူတို့မကင်းဘူးလို့ ကြေညာဖူးပါတယ်။ စပီးဘာ့ခ်ဟာလည်း ဒီ၁၉၅၄ဂေါ်ဇီလာကို တော်တော်ကြိုက်ခဲ့တဲ့သူဖြစ်ပြီး။ ဒီဂေါ်ဇီလာ ၁၉၅၄နဲ့ အနီးစပ်ဆုံးတူတဲ့အရသာကို စပီးဘာ့ခ်ရဲ့ Jaws (1974) မှာပဲ ကျွန်တော်တော့ရဖူးပါတယ်။ စပီးဘာ့ခ်ဟာ ဂေါ်ဇီလာကို သိပ်ကြိုက်တဲ့သူပီပီ Jawsကို ငါးမန်းကားအဖြစ်ရိုက်ခဲ့ပေမဲ့ ၁၉၅၄ဂေါ်ဇီလာနဲ့ ထပ်တူညီတဲ့ အငွေ့အသက်ကို ပေးနိုင်ခဲ့တယ်။ဇာတ်ရဲ့အဖွင့်မှာ ပင်လယ်ထဲ သင်္ဘောတွေတစ်စီးပြီးတစ်စီး မြုပ်သွားတာကနေ စထားတယ်။ ဘယ်လိုအကြောင်းကြောင့်လဲတော့ ဘယ်သူမှမသိရဘူး။ သွားကယ်တဲ့ သင်္ဘောတွေပါ မြုပ်သွားရင်း မြုပ်သွားရင်း အဆုံးအရှုံးတော်တော်များလာသလို တံငါသည်တွေလည်း ငါးမမိတော့တဲ့နောက် ဒီပြဿနာကို အဖြေရှာကြဖို့ဖြစ်လာခဲ့တယ်။ အိုဒိုကျွန်းက ရှေ့မီနောက်မီလူကြီးကတော့ ဟိုးရှေးခေတ်ကတည်းက ရှိနေခဲ့တဲ့ ဂေါ်ဇီလာကြီးလို့ ပြောကြပေမဲ့ ဘယ်သူမှမယုံကြဘူး။ ဒီလိုနဲ့ ပညာရှင်တွေ သုတေသနသွားလုပ်တဲ့အချိန် ဂေါ်ဇီလာကို မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။ သတ္တဗေဒပညာရှင်ကတော့ ဂေါ်ဇီလာ Jurassicခေတ်နောက်ပိုင်း ဆင့်ကဲပြောင်းလဲလာတဲ့ သတ္တဝါကြီးလို့ သက်သေပြခဲ့တယ်။ ဒီလိုနဲ့ ဂေါ်ဇီလာဟာ မြို့ပေါ်ကိုပါ ဖျက်ဆီးလာတဲ့အခါ သူတို့ ဂေါ်ဇီလာကို နှိမ်နှင်းရဖို့ဖြစ်လာတယ်။ ဟိုက်ဒရိုဂျင်ဗုံးခေါ် နျူးကလီးယားကြောင့် နိုးထလာတဲ့ သတ္တဝါကြီးဖြစ်သလို လူ့လက်နက်တွေ ဒဏ်ကို ခံနိုင်ရည်ကောင်းကောင်းရှိနေတော့ သူ့ကို ဘယ်လက်နက်နဲ့မှ မနိုင်ဘူးဖြစ်နေတဲ့နောက် ဂေါ်လီလာကို နှိမ်နှင်းဖို့ အဖြေတစ်ခုရှာရတော့တယ်။သရုပ်ဆောင်တွေအနေနဲ့တော့ ကူရိုဆာဝါရဲ့ လက်စွဲ Ikiruထဲက မင်းသားကြီး Takashi Shimuraလည်း ပါဝင်သရုပ်ဆောင်ထားပေမဲ့ ဒီဂေါ်ဇီလာ ရုပ်ရှင်မှာ ကျွန်တော်တို့ မမေ့မယ့် ဇာတ်ရုပ်ကတော့ Akihiko Hirataရဲ့ ဒေါက်တာ Serizawaပါပဲ။ ခုလက်ရှိနောက်ဆုံး ဂေါ်ဇီလာစီးရီးအထိ သူ့ကို Homageပေးကြတုန်းပါပဲ။ ဒေါက်တာSerizawa ဇာတ်ကောင်ဟာ Iconicဇာတ်ကောင်တစ်ခုဖြစ်လာခဲ့သလို 1954 ဂေါ်ဇီဟာလည်း အခုနေ ပြန်ကြည့်တာတောင် ဘာကြီးလဲကွာဆိုပြီး ပြောစရာဖြစ်မနေဘဲ အစအလယ်အဆုံးသုံးပါးလုံး ဇာတ်ရော သရုပ်ဆောင်ရော တင်ဆက်ပုံရော အပြောင်မြောက်ဆုံးဖြစ်နေတုန်းပါပဲ။File size… 1.4 GB / 747 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

7.5 1954 96 mins
Godzilla
Super Nani
4.8

Super Nani (2014)”တုနှိုင်းမဲ့မေတ္တာ” ============================= 3 idiots ထဲက ရာဂျူးနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ရှာရ်မန်ဂျိုရှီရဲ့ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ မိဘမေတ္တာဖွဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ကမ္ဘာပေါ်မှာ ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး နားရက်မယူ နားချိန်မထားဘဲ အလုပ်တွေလုပ်နေရပြီး လစာမရဘဲ အလုပ်လုပ်နေရတဲ့သူပေါင်း သန်းနဲ့ချီပြီးရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ သူတို့ကတော့ မိခင်တွေဖြစ်ပါတယ်။ မိခင်တွေဟာ သူတို့ရဲ့ဘဝသက်တမ်းတွေကို မိသားစုအတွက်ပဲ အချိန်ပြည့်ပေးဆပ်ထားပေမဲ့ များသောအားဖြင့်တော့ သူတို့ထိုက်တန်သလောက် အသိအမှတ်ပြုမခံကြရပါဘူး။ ဒီရုပ်ရှင်ထဲမှာလည်း မာနိုရာရဲ့ အဘွားဖြစ်သူ ဘာတီဟာ ငယ်ရွယ်ချိန်ကတည်းက မိသားစုအတွက်ပဲတွေး၊ မိသားစုအတွက်ပဲ အကောင်းဆုံး လုပ်ကိုင်ပေးခဲ့ပေမဲ့ လင်ယောက်ျားကနေစပြီး သား၊ သမီး၊ ချွေးမတွေအထိ သူ့ကို အနှောင့်အယှက်လို့ပဲမြင်ပြီး အသိအမှတ်မပြုခဲ့ကြပါဘူး။ အဲဒီလို သူ့အဘွားကို မလေးမစားလုပ်နေတာတွေကို မျက်လုံးထဲ ကန့်လန့်ဖြစ်နေတဲ့ မာနိုရာဟာ သူ့အဘွားရဲ့တန်ဖိုးကို သူတို့မိသားစုဝင်တွေသိဖို့အတွက် သူ့အဘွားကို ပုံစံပြောင်းပေးပြီး အခွင့်အလမ်းအသစ်တွေလည်း ရှာပေးခဲ့ပါတယ်။ သူတို့တွေ ဘာတီရဲ့တန်ဖိုးကို နားလည်လာကြမှာလား၊ အပြင်မှာရော အဲဒီလို ထိုက်သင့်သလောက် အသိအမှတ်အပြုမခံရတဲ့မိခင်တွေ ဘယ်လောက်တောင်ရှိနေလဲ၊ မိခင်တွေရဲ့ ပေးဆပ်မှုတွေက ဘယ်လောက်ကြီးမြတ်လဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

4.8 2014 133 mins
Super Nani
The Wait La espera
6.1

The Wait (2023) La esperaIMDb Rating (6.1)2023 ခုနှစ်ထွက် စပိန်ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ The Wait ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။Rings(2017) ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ F. Javier Gutiérrez က ဒီကားလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ Eladio ဟာ Don Francisco ပိုင်ဆိုင်တဲ့ အမဲလိုက်တဲ့ခြံအကျယ်ကြီးမှာခြံစောင့်အဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။သူ့မှာ မိန်းမနဲ့ သားလေးတစ်ယောက်လဲရှိပါတယ်။အမဲလိုက်သမားတစ်ဦးရဲ့ လာဘ်ထိုးတဲ့ငွေကို သူ့ပိုင်ရှင်မသိအောင် လက်ခံပြီးနောက်ပိုင်းမှာ သူ့ဘ၀ကအရင်လိုမဟုတ်တော့ပဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။တစိမ့်စိမ့်တွေးပြီးကြောက်ဖို့ကောင်းမယ့် ဇာတ်ကားဆိုလဲမမှားပါဘူး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)File size…(1.5 GB) / (870 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Fantasy, Horror Duration….01:43:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

6.1 2023 99 mins
The Wait La espera
The Fantastic Three Les trois fantastiques
6.4

The Fantastic Three (2024) IMDb Rating (6.4) Coming of Age ရုပ်ရှင်လို့ ပြောလို့ရတဲ့ ပြင်သစ်ရုပ်ရှင်ပါ။ ဒါပေမဲ့ လှပတဲ့ ဇာတ်လမ်းတော့ မဟုတ်ဘူးပေါ့။ လှလာမယ်လို့ ထင်ရအောင်လုပ်ရင်း ရက်ရက်စက်စက်ကို ချိုးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။ အသက်၁၂အရွယ် ကောင်လေး၃ယောက်ရဲ့ဇာတ်လမ်းပေမဲ့ သူတို့မှာ အသက်၁၂နဲ့မလိုက်တဲ့ ဘဝကြီးကို လွယ်ထားရတဲ့ အကြောင်းကို ပြထားတယ်။ သူတို့မြို့လေးရဲ့ အဓိက ပင်မအလုပ်အကိုင်အရင်းအမြစ် စက်ရုံက‌ ဒေဝါလီခံသွားတော့ သူတို့မိဘတွေအလုပ်မရှိကြသလို ကျောင်းရဲ့ စခန်းချခရီးထွက်ဖို့ငွေပေးစရာလည်းမရှိကြဘူး။ ဒီငွေကို ရအောင်ကြံရင်း သူတို့ဒုက္ခများနေတာကိုမှ တခြားဒုက္ခတွေပါ နွယ်လာတာကို တင်ဆက်ထားတဲ့ရုပ်ရှင်ပါပဲ။ ကြည့်တော့ကောင်းပေမဲ့ တော်တော်ရက်စက်တဲ့ ရုပ်ရှင်လို့ပြောလည်း မမှားပါဘူး။ ၁၂နှစ်သားလေးတွေရဲ့ မောလွန်းစရာဘဝကို ပြထားတာမို့ နည်းနည်းတော့ ထူးထူးခြားခြားလေးဖြစ်နေမှာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.4 GB) / (740 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:37:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Adventure • Animation • Comedy • Family
6.4 2024 95 mins
The Fantastic Three Les trois fantastiques
Penelope
6.7

Penelope (2006) IMDb Rating (6.7) / Rotten Tomatoes (53%) ခေတ်တွေက ဘယ်လိုတိုးတက်လာပါစေ နည်းပညာတွေက ဘယ်လောက်မြင့်လာပါစေ ဖျော်ဖြေရေးအတွက်ဖြစ်ဖြစ် အနုပညာအတွက်ဖြစ်ဖြစ် ဘယ်လောက်ပြောင်မြောက်တဲ့ ရုပ်ရှင်တွေ ထုတ်လာကြပါစေ ကျွန်တော်တို့အတိတ်က ရုပ်ရှင်တွေကိုတော့ ကျွန်တော်တို့ ဘယ်လိုပြစ်ချက်တွေရှိနေပါစေ ချစ်မိနေလောက်ဆဲပဲထင်တယ်။ Shark boy and Lava Girl ရုပ်ရှင်ကို ကျွန်တော်မုန်းမရသလိုမျိုးပေါ့။ ခံစားချက်နဲ့ယှဉ်လာရင် စံနှုန်းတွေရဲ့ အလုပ်မဖြစ်တဲ့ အပိုင်းတွေပဲ။ အဲဒီလိုရုပ်ရှင်တွေဆီ ရောက်ဖြစ်တိုင်း အတိအကျတော့မမှတ်မိပေမဲ့ ရမ်ဘိုကားကို ပိတ်ကားမှာ ကြည့်ခဲ့ရတဲ့အရသာက ဘာနဲ့မှမတူဘူး ဘာသာစကားတွေနဲ့ ဘာမှမဆိုင်ဘူးကွာ ဆိုတဲ့ ဦးလှိုင်စကားကို ပြေးမြင်တာပဲ။ သူပြောတာတော့ ဒီထက်တော်တော်လှပါတယ်။ ရခဲ့တဲ့ ခံစားချက်ကိုတော့ မှတ်မိပေမဲ့ စကားလုံးကိုတော့ အတိအကျမမှတ်မိတော့ဘူး။ နှမြောစရာတော့ကောင်းတယ်။ Penelopeထဲမှာ James McAvoyလည်း တော်တော်ငယ်သေးတယ်။ Casperတို့ Addams Familyတို့ Sleepy Hollowတို့နဲ့ ကလေးသရုပ်ဆောင်အနေနဲ့ တော်တော်အောင်မြင်ခဲ့တဲ့ Christina Ricciလည်း ဒီထဲ တော်တော်လှတုန်းပဲ။ ကလေးပုံပြင်ဆန်ဆန် ဇာတ်လမ်းပေမဲ့လည်း ကျွန်တော်တို့အရွယ်တန်းအတွက်တော့ လွမ်းဖို့ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(1.9 GB) / (910 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Fantasy,Romance Duration….01:44:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Wi Ra Aung

Drama • Romance
6.7 2006 103 mins
Penelope
Sakura
6.9

Sakura (2024) *************** တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက် နောက်ယောင်ခံလိုက်ပြီး သတ်တာခံလိုက်ရပါတယ်။ ခရီးစဉ်တစ်ခုစီစဉ်နေရတာကြောင့် သူမရဲ့ အမှုကို ရဲတွေက အချိန်ဆွဲခဲ့လို့ နှောင့်နှေးခဲ့ရတာဆိုပြီး သတင်းတိုက်တစ်ခုကနေပြီး ဖွင့်ချလာတဲ့အခါမှာ အဲဒီသတင်း ပေါက်ကြားတဲ့ကိစ္စကို ရှာဖွေရင်း စခန်းမှာရှုပ်သွားခဲ့ရပါတယ်။ အီဇုမိဆိုတဲ့ ရဲဌာနတစ်ခုရဲ့ လူမှုဆက်ဆံရေးဌာနမှာအလုပ်လုပ်နေတဲ့ ကောင်မလေးက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ချီကာက အဲဒီသတင်းကို ပေါက်ကြားအောင်လုပ်တာလို့ ထင်နေခဲ့တာဖြစ်ပြီး ချီကာက သူလုပ်တာမဟုတ်ကြောင်း ငြင်းခဲ့ပါတယ်။ တစ်ပတ်အကြာလောက်မှာတော့ ချီကာ့ကို သေဆုံးလျက်သားတွေ့ခဲ့ရပြီး အီဇုမိက သူ့ကြောင့်ဆိုတဲ့ အပြစ်ရှိစိတ်နဲ့ ချီကာ့သေဆုံးမှုကို အားစိုက်ပြီး စုံစမ်းရင်းနဲ့ သူသိခဲ့ရတဲ့ ခါးသက်တဲ့အမှန်တရားတွေကို လက်ခံနိုင်ပါ့မလားဆိုတာ…. (အညွှန်းကို Kim မှ ရေးသားထားပါတယ်) File size…1.73GB / 760MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Thriller, Mystery Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou & Kim Encoded by AHtet

6.9 2024 119 mins
Sakura
Love Xiaoman’s little satisfaction
5.6

အထက်တန်းကျောင်းသူအဆိုတော်မလေးတစ်ယောက်ရဲ့ ဘာမှနားမလည်တဲ့ အခြေအနေကနေပြီးတော့ အောင်မြင်မှုနောက်ကွယ်ကအခက်အခဲတွေ တွေရင်ဆိုင်ကြုံတွေ့ရတဲ့အခါဘယ်လိုလုပ်မလဲ လျန့်ရှောင်မန်ဟာကျောင်းမှာဆိုရင်သာမန်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီးတော့ စင်မြင့်ပေါ်မှာဆိုရင်တော့ လူကြိုက်များတဲ့အဆိုတော်မလေးတစ်ယောက်ဖြစ်တယ်။ ဒီအဆိုတော်မလေးရဲ့ထူးခြားချက်ကတော့ မျက်နှာတစ်ဝက်ကို အုပ်ထားတဲ့မျက်နှာဖုံးတပ်ထားတာပါပဲ။ လျန့်ရှောင်မန်ဟာ မျက်နှာဖုံးတပ်ထားတဲ့သူကိုစစ်မှန်တဲ့သူလို့မခံစားရပဲ သူ့ကိုယ်သူလျန့်ရှောင်မန်အဖြစ်ချပြချင်လာခဲ့တယ်။ ကိုယ့်ကိုယ်ကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့တယ်။ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ပီပီ အမှားတွေကိုစိတ်လိုက်မာန်ပါနဲ့လုပ်ခဲ့တယ်။ သူငယ်ချင်းတွေဆရာတွေရဲ့အကူအညီနဲ့ ဒီအခက်အခဲအမှားတွေကနေသူဘယ်လိုဖြတ်ကျော်နိုင်မလဲ

Family • Fantasy
5.6 2025
Love Xiaoman’s little satisfaction