YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My Deepest Dream E21 (720p) CM.mp4

164.3 MB N/A video/mp4 37 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Everything Is Illuminated
7.2

အဓိကဇာတ်ဆောင်ကတော့ The Lord of The Ringထဲက ဖရိုဒိုဘတ်ဂင်ဖြစ်တဲ့Elijah Woodကသရုပ်ဆောင်ထားပါတယ် ဒုတိယကမ္ဘာစစ်တုန်း ဂျူးလူမျိုးတွေ သန်းနဲ့ချီအသတ်ခံခဲ့ရတာ၊ နေရပ်စွန့်ပြီး နိုင်ငံပြောင်းနေခဲ့ကြတာကို အားလုံးသိမှာပါ။ စစ်ကြီးပြီးသွားတော့ အချို့ဂျူးတွေက နေရာသစ်မှာပဲအခြေချသလို၊ အချို့ကလည်းနေရပ်ပြန်လာကြပြီး ဆုံးသွားတဲ့မိသားစုဝင်တို့ရဲ့ နေရာတွေ၊ အမှတ်တရတွေ၊ အကြောင်းအရာတွေကို ပြန်မှတ်မိဖော်ထုတ်ကြပါတယ်။ ဇာတ်ကြောင်းကတော့ အမေရိကန်ဖွား ဂျူးလေးတစ်ယောက်က သူ့အဘိုးရဲ့ဇာတိကိုပြန်လာပြီး သူ့အဘိုးငယ်စဥ်ကနေထိုင်ခဲ့တဲ့နေရာလေးကို ပြန်လည်ရှာဖွေတဲ့အကြောင်းပါပဲ။ အဘိုးဖြစ်သူအမေရိကန်ကိုစစ်ဘေးရှောင်မလာမီ နာဇီလက်ကနေအဘိုးဖြစ်သူကိုကယ်တင်ပေးခဲ့ဖူးတဲ့ အမျိုးသမီးကိုလည်း ကျေးဇူးတင်ချင်လို့လည်းပါတာပေါ့။ ဒီလိုနဲ့ သူ့ရဲ့စွန့်စားခန်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာအပြင် လူတွေရဲ့စိတ်သဘောထား၊ အချို့လူမျိုးစုတွေရဲ့ တလွဲအမြင်တွေကို comedyလေးနှောပြီးကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့်လည်း အတင်းဟာသလုပ်ယူမထားဘဲ ငြိမ့်ငြိမ့်အေးအေးလေးနဲ့ ရှုခင်းလှလှလေးတွေကိုခရီးသွားရင်းကြည့်ရသလိုကားမျိုးပါ။ File Size :(2.02GB) and (982MB) Quality : BLU-RAY 1080p, 720p Format…mp4 Duration…01:46:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Comedy • Drama
7.2 2005 106 mins
Everything Is Illuminated
End of Days
6

ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။ လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ Y က year၊ 2K က 2000။ အပြည့်အစုံပြောရရင် သက္ကရာဇ် ၂၀၀၀ ပေါ့ဗျာ။ သက္ကရာဇ် ၂၀၀၀ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ကိစ္စက ၂၀၁၂ ကမ္ဘာပျက်မယ့်ကိစ္စထက် ပိုပြီးကျယ်ကျယ်လောင်လောင်ဖြစ်ခဲ့တယ်။ ပိုပြီး လက်တွေ့ဆန်တဲ့ သီအိုရီတွေရှိခဲ့တယ်။ ဇာတ်ကားအကြောင်းမပြောခင် နည်းနည်းလေပေါဦးမယ်ဗျာ။ သက္ကရာဇ် ၂၀၀၀ ဟာ သိပ္ပံနည်းကျ လက်တွေ့သဘောအရ လူသားတွေ ရင်ဆိုင်ရမယ့် ကပ်ဘေးကြီးနှစ်ခုရှိပါတယ်။ ငွေကြေးဖောင်းပွခြင်းနဲ့ ငွေကြေးတန်ဖိုးမငြိမ်ခြင်း တပြိုင်နက်တည်းဖြစ်ခဲ့တာမလို့ စီးပွားရေးလုပ်ငန်းတွေရဲ့ သင်္ချိုင်းကုန်းကြီးဖြစ်ခဲ့တာပါ။ ကုန်ပစ္စည်းသိုလှောင်ရောင်းချခြင်းနဲ့ လည်ပတ်တဲ့စီးပွားရေးက မတည်ငြိမ်တဲ့ ငွေတန်ဖိုးကြောင့် ဘာမှဆက်လုပ်လို့မရဘဲ ထိုးရပ်သွားတယ်။ နောက်တစ်ခုကတော့ ကွန်ပျူတာတွေပါပဲ။ မောင်းနှင်ထားတဲ့စနစ်က ၁၉၉၉ ခုနှစ်အထိပဲ ကွန်ပျူတာတွေက သိမှာမလို့ သက္ကရာဇ် ၂၀၀၀ အရောက်မှာ ကွန်ပျူတာတွေက ၂၀၀၀ ကိုမသိတော့ဘဲ ၁၉၀၀ ကိုပဲ ဖတ်တော့မှာမလို့ နှစ်တစ်ရာ နောက်ပြန်ရောက်သွားတဲ့အဖြစ်ပေါ့။ အဲဒီအတွက် ပြင်ဆင်နိုင်ဖို့ အသည်းအသန်ကြိုးစားကြပေမဲ့ ၁၉၉၉ နှစ်ကုန်ကာနီးအထိ ဘယ်သူမှ စနစ်သစ်ကို Launch မလုပ်နိုင်သေးလို့ ရုံးသုံးကွန်ပျူတာတွေ ရပ်ဆိုင်းမယ်လို့ သတင်းဌာနတွေကနေ တစ်မိနစ်ကို အကြိမ်တစ်ရာလောက် မြိန်ရေယှက်ရေ ပြောခဲ့ကြချိန်ပေါ့ဗျာ။ ကဲ အဲဒါကတော့ ဝိုင်တူးကေရဲ့ သိပ္ပံနည်းကျ ကမ္ဘာပျက်ခြင်းပေါ့လေ။ အခု ဇာတ်ကားအကြောင်းပြောပါတော့မယ်။ လူစီဖာ ဆိုတဲ့ ဘုရားသခင်ရဲ့ ဒုတိယသားဦး ကောင်းကင်တမန်နတ်က စေတန် ဆိုတဲ့နာမည်နဲ့ အဆိုးဘက်ကို ကူးပြောင်းသွားပြီး ငရဲပြည်မှာ ငရဲမင်းသားအဖြစ် စိုးစံနေတာကို သိကြမှာပါ။ အဲဒီနောက် ကမ္ဘာကိုဖျက်မယ့် အတွေးဆိုးတွေကြောင့် ငရဲရဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်းချခံခဲ့ရပါတယ်။ ထောင်စုနှစ်တစ်ခုရဲ့အဆုံးမှာ စေတန်ဟာ အကျဉ်းထောင်ကနေလွတ်မြောက်လာပြီး ကမ္ဘာပေါ်ကိုတက် ကမ္ဘာပျက်နေ့ ကို ယူဆောင်လာမယ်တဲ့။ သမ္မာကျမ်းစာ အခန်း ၂၀ အပိုဒ်ငယ် ၇ မှာ အတိအလင်း ပါပါတယ်။ ကဲ မခက်လားဗျာ။ ကမ္ဘာကိုက ပျက်ချင်နေတာလားမသိပါဘူးနော်။ ဒီတော့ ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးအကြိုည။ ကမ္ဘာပျက်မပျက် ငြင်းခုန်ကြတာတွေ ဘေးဖယ်ထား။ လူတွေစိတ်အဝင်စားဆုံးညမလို့ နယူးယောက်မြို့ရဲ့ ညဘက်လမ်းမတွေပေါ်မှာ ကြက်ပျံမကျ စည်ကားနေချိန်ပေါ့ဗျာ။ လူစီဖာက ကမ္ဘာပေါ်ကိုတက်လာမယ်။ ရွေးချယ်ခံမိန်းကလေးကိုရှာဖွေပြီး ကိုယ်လက်နှီးနှောရမယ်။ သူ့ရဲ့မျိုးစေ့ကို ချန်ခဲ့ရမယ်။ ငရဲတံခါးကိုဖွင့်လို့ ကမ္ဘာပျက်နေ့ကိုယူဆောင်လာရမယ်။ အဲဒီအချိန်မှာပဲ မင်းသားကြီးအာနိုး တာဝန်ယူစောင့်ရှောက်ရမယ့် လုပ်ငန်းရှင်ကိုယ်ထဲကို လူစီဖာ ဝင်ပူးသွားတယ်။ အဖြစ်တွေ ဆင့်ကဲဖြစ်လာရင်းနဲ့ ရွေးချယ်ခံမိန်းကလေးကို မင်းသားကြီးကစောင့်ရှောက်ပေးဖို့လိုအပ်တဲ့အဖြစ်ကိုရောက်လာပြီး မိန်းကလေးအနား လူစီဖာ မရောက်နိုင်ဖို့ ပြေးလွှားရှောင်တိမ်းကြရတဲ့အကြောင်းတွေပါ။ လူသားနဲ့ စေတန် နတ်ဆိုးရဲ့ တိုက်ပွဲကြီးပေါ့။ Oldie but Goodie လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.3GB, 670MB Quality - 1080p, 720p, 480p IMDb Rating - 5.8/10 Format - mp4 Duration - 2H 2Min Genre - Action, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action
6 1999 121 mins
End of Days
Bheemadevarapally Branchi

Bheemadevarapally Branchi (2023) IMDb-7.9/10 လတ်တလောထွက်ရှိထားတဲ့ တောင်ပိုင်းဘောလိဝုဒ်ဟာသအရောလေးနဲ့ မိသားစုဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ပညာတတ်နည်းပါးလှတဲ့ ရွာလေးဆီကိုကောလဟလတခုရောက်လာတယ်။ အစိုးရကနေပြီး ဆင်းရဲတဲ့လူတွေကို ဘဏ်ကနေတဆင့်ပိုက်ဆံထောက်ပံ့မယ်ဆိုတဲ့ ကောလဟလ။ ဘာလုပ်ရမလဲဆိုတော့ ဘဏ်ကိုသွားပြီး ဘဏ်စာအုပ်ဖွင့်ရမယ်ဆိုတော့ ပညာလည်းမတတ် ဆင်းလည်းဆင်းရဲကြတဲ့ရွာသူရွာသားတွေ အကုန်လုံး ဘဏ်မှာသွားတန်းဆီပြီး ဘဏ်အကောင့်ဖွင့်ကြတော့တာပေါ့။ ကံကောင်းတာလား ဆိုးတာလားမသိ ဂျမ်ပန်နားအမေရဲ့အကောင့်ထဲကို ရူပီးဆယ့်ငါးသိန်းဝင်လာပါရော။ အစိုးရက ပြောထားတဲ့အတိုင်းပေးတယ်ဆိုပြီး ဂျမ်ပန်နားတယောက် ရသမျှပိုက်ဆံ ထင်ရာလျောက်သုံး လျောက်ဖြုန်းပါတော့တယ်။ လူတွေဟာ လောဘသားကောင်တွေ ဖြစ်ကြတယ်ဆိုတဲ့အတိုင်း လောဘကြောင့်ဘာမှမမြင်တော့တဲ့အခါ အခွင့်ကောင်းစောင့်နေတဲ့ လူယုတ်မာတွေဆိုတာပေါ်လာကြတာပဲလေ။အသိဉာဏ်နည်းပါးတဲ့ ရွာသားတစ်စုကပါ သူတို့အကောင့်တွေဆီကိုလည်း ဂျမ်ပန်နားတို့လို ရောက်လာမလားဆိုပြီး ပွဲစားကိုပိုက်ဆံတွေပေးကြတဲ့အခါ။ ဂျမ်ပန်နားတယောက် သူ့ဆီရောက်လာတဲ့ပိုက်ဆံတွေကနေ ကြုံလာရတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မှာလား။ လောဘနဲ့ ပွဲစားကိုယုံအပ်မိကြတဲ့ရွာသားတစ်စုရော ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲဆိုတာ။ ရယ်ရင်း မောရင်းနဲ့ပဲ ဒီလောဘသားကောင်တွေ ဘယ်လိုရင်ဆိုင်ကြမလဲကြည့်ကြတာပေါ့။ (အညွှန်းနဲ့ဘာသာပြန်သူတွေက V ~ Cherry ~ Zwe ~ BpL ~ Yunniတို့ပါပဲ) File size…2.66GB / 1.27GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ Cherry ~ Zwe ~ BpL ~ Yunni

Action
0 2023 134 mins
Bheemadevarapally Branchi
Oppenheimer
8.3

ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို တင်ပေးထားပါတယ်။ အကြည်ထွက်ဖို့က အတော်ကိုကြာဦးမှာမို့ အကြည်ဆုံး cam ဗားရှင်းကို ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ ဘာသာပြန်ဖို့ စာဖိုင်အမှန်လည်းမရသေးတာကြောင့် ကွက်လပ်အချို့တော့ပါပေမဲ့ အားလုံးနီးပါး နားလည်အောင်တော့ ပြန်ပေးထားပါတယ်။ Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malek တို့ အစုံပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။ အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့ မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာ ဦဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။ အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာ ရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါ အတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကို လှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။ ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကို ဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်း နာမည်ကြီးနေပါသေးတယ်။ ပြီးတော့ အော့ပန်ဟိုင်းမားနဲ့ခေတ်ပြိုင် နာမည်ကြီး သိပ္ပံပညာရှင်တွေလည်း အချက်အလက်အသေးစိတ်ထည့်သွင်းထားပါသေးတယ်။ အဲဘတ်အိုင်းစတိုင်း၊ ကာ့ထ်ဂိုဒဲ၊ ရစ်ချက်ဖိုင်းမန်းတို့လို ဇာတ်ကောင်တွေကိုလည်း အသေးစိတ်ဖန်တီးထားပါတယ်။ အတော်ကိုကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။

Comedy • Drama • Fantasy • Romance
8.3 2023 181 mins
Oppenheimer
The Warrior
6.9

ကိုရီးယားနဲ့ တရုတ်တို့ကြား သံတမန်ဆက်ဆံရေးဟာ မင်သံတမန်အဖွဲ့သေသွားချိန်မှစပြီး နှစ်နိုင်ငံကြားဆက်ဆံရေးက ယိုယွင်းခဲ့ရပါတယ်။ မင်ဧကရာဇ်က ဂိုလျောသံတမန်တွေကို သူလျှိုလို့စွပ်စွဲပြီးနယ်နှင်ဒဏ်ပေးပြီး နှင်ထုတ်လိုက်ပါတယ်။ အပြန်လမ်းမှာ သံတမန်စစ်သူကြီးတို့အဖွဲ့ဟာ မွန်ဂိုတပ်သား‌တွေ ပြန်ပေးဆွဲလာတဲ့မင်တိုင်းပြည်ရဲ့ မင်းသမီးလေးကိုမွန်ဂိုတပ်သားတွေ လက်ထဲကနေကယ်တင်ဖို့ဖြစ်လာပါတယ်… မင်းသမီးလေးကို အန္တရာယ်ကင်းကင်းနဲ့ မင်တိုင်းပြည်ကို ပြန်ပို့နိုင်ပါ့မလား မွန်ဂိုတွေက‌ရော မင်းသမီးလေးကို ပြန်ခေါ်သွားနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် ခေါင်းဆောင်စိတ်ဓာတ်နဲ့ အနစ်နာခံမှုတွေကို သေချာလေးရိုက်ပြထားတာမလို့ လုံးဝကို အချိန်ကုန်မှန်းမသိလိုက်ပဲ ကြည့်ရတန်စေမယ့်ကားလေးပါနော်

Comedy • Romance
6.9 2001 155 mins
The Warrior
Shoplifters
7.9

ဂျပန်နိုင်ငံရဲ့လုပ်သားနဲ့အလုပ်ရှင်ဆက်ဆံရေးတင်းမာမှုတွေကနေမှတစ်ဆင့် အချိန်ပိုင်းအလုပ်တွေဟာနိုင်ငံတွင်းမှာတွင်ကျယ်လာပါတယ် မိရိုးဖလာလုပ်စားနေတဲ့လူအများစုဟာအလုပ်လက်မဲ့ဖြစ်လာကြပြီး အဲ့လိုလူတွေထဲမှာအိုဆာမူတို့မိသားစုလည်းအပါအဝင်ပဲဖြစ်ပါတယ် ပိုက်ဆံမရှိ အလုပ်မရှိတဲ့အချိန်မှာ ထမင်းတစ်နပ်စားရဖို့ ဈေးဆိုင်တွေဆီကနေအလစ်သုတ်ရတဲ့မိသားစုဖြစ်လာပါတော့တယ် အိုဆာမူနဲ့သူရဲ့သားဟာထုံးစံအတိုင်းအလစ်သုတ်နေတုန်း အိမ်ခြေယာမဲ့ကလေးမတစ်ယောက်နဲ့တွေ့ကာ အိမ်ကိုခေါ်သွားခဲ့ပါတယ် အိုဆာမူရဲ့မိန်းမဖြစ်သူကအစကငြင်းပေမယ့်ကလေးမကို ကိုယ်ချင်းစာမိကာအိမ်ပေါ်တင်မွေးစားလိုက်ပါတော့တယ် ဒီမိသားစုကပိုက်ဆံမရှိတဲ့အပြင်ထမင်းတောင်နပ်မှန်အောင်မစားနိုင်ပါဘူး ဒါပေမယ့်သူတို့ဟာမိသားစုရဲ့အရသာကိုရှာတွေ့ထားကြတဲ့လူတွေဖြစ်ပြီး အမြဲပျော်ရွှင်နေလေ့ရှိပါတယ် ဒါပေမယ့်ဒီလိုစရိုက်လူတွေကိုလောကဓံကဘယ်လိုဒုက္ခပေးဦးမလဲ ဒီစိတ်ဆင်းရဲလောက်အောင်ပျော်ရွှင်နေကြတဲ့မိသားစုကရော ရေရှည်ဘယ်လိုဖြစ်သွားကြမလဲဆိုတာကိုကြည်နူးစရာဖြစ်အောင် ဒါရိုက်တာHirokazu Koreedaကသူကိုယ်တိုင်ရေးပြီးသူကိုယ်တိုင်ရိုက်ပြထားပါတယ် Release Date - 23,November,2018 Running time - 2h1m Genre - Drama,Crime,18 Translated by Chit Oo May Encoded by sithu

7.9 2018 120 mins
Shoplifters
Alex/October
7.2

Alex/October (2022) ~ IMDb rating – 7.2/10 ~ ဒီဇာတ်လမ်းဟာ ကြေကွဲနေတဲ့ လူကြီးတစ်ယောက်နဲ့ လောကကြီးကို ငြီးငွေ့စိတ်ကုန်နေတဲ့ ကောင်မလေးတစ်ယောက်ကြားက ဇာတ်လမ်း။ အဲလက်စ်ဆိုတာကတော့ အသက် ၄၀ ကျော်အရွယ် အရက်ဖြတ်ထားရသူ တစ်ဦး။ ငြီးငွေ့ဖွယ်အလုပ်တစ်ခု၊ ဖြေမဆည်နိုင်စရာအတိတ်တစ်ခု၊ ကွာရှင်းထားတဲ့ အိမ်ထောင်တစ်ခု… အဲ့ဒါတွေအားလုံးထက်ပိုပြီး ခုထိ မအောင်မြင်သေးတဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းတစ်ခုနဲ့ ဘဝရဲ့ အဆုံးစွန်ကိုရောက်နေတဲ့ သက်လတ်ပိုင်းအကျပ်အတည်းထဲက လူ။ အောက်တိုဘာကတော့ ၂၀ ကျော်ကျော် အနုပညာကျောင်း နှစ်ဝက်နဲ့ နားထားတဲ့သူ။ အပေါင်းအသင်းတွေနဲ့ ဆိုးသွမ်းလိုက်၊ ကလပ်လေးတက်လိုက်၊ အလုပ်လေးထွက်လိုက်နဲ့ ဒါပေမဲ့ ဘဝမှာ နေထိုင်ရမယ့်အကြောင်းအရင်း တစ်နည်းပြောရရင် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးရင်း အနာဂတ်ကို ရှာမတွေ့သူလေး။ အဲလက်စ်က တစ်ရက်မှာ သူ့ကို သတ်ပေးဖို့ လူငှားတဲ့ ပို့စ်တစ်ခု လိုင်းပေါ်တင်ခဲ့ပြီး အောက်တိုဘာလေးက စူးစမ်းလိုစိတ်နဲ့ အလုပ်လက်ခံခဲ့တဲ့အခါမှာတော့ သူတို့ ကိုယ်ပိုင်ဘဝတွေမှာ အံဝင်ခွင်ကျမှုကို ရှာမတွေ့နိုင်ကြတဲ့ စိတ်ပျက်အားလျော့နေတဲ့ လူ၂ဦးကြား ခံစားမှုတွေထိခတ်မိရင်း မီးပွင့်လေးတွေ ထွက်လာပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 780MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.2 2022 84 mins
Alex/October
The Kite Runner
7.6

The Kite Runner (2007) ================== IMDb Raitng – 7.6/10 လူတွဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးတဲ့။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ် ကိုယ်ထက် သူတပါးကို ပိုချစ်လိုက်မိရင် အရှုံးသမားလုံးလုံး ဖြစ်ရတာ ကြောင့်ပဲပေါ့။ အချစ်ဆိုတာ အသက်အရွယ် လိင်မခွဲခြားတတ်ပါဘူး။ လည်ပင်းဖက်ပေါင်းတယ်ဆိုတဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝက ကိုယ့် သူငယ်ချင်းဟာ နှလုံးသားတစ်တောင့်မှာတော့ အနက်ရှိုင်းဆုံး နေရာယူ သွားတတ်ကြတယ်မဟုတ်လားဗျာ။ ဒါကလည်း သူငယ်ချင်းအပေါ်ထားရ တဲ့ သူငယ်ချင်းအချစ်ပေါ့။ ကိုယ့်ကိုသိပ်ချစ်ပြီး ကိုယ့်အတွက် အစစအရာရာ အနစ်နာခံ၊ ကိုယ့်အတွက်ဆို မြေကြီးခဲကောက်စားရ ကောက်စားရ၊ စွန်ကလေးတစ်ခုအတွက် အစစ အရာ ရာစွန့်စားပေးဆပ်ပြီး ကိုယ့်အတွက်ပြန်ယူလာတဲ့ သူငယ်ချင်းကိုမှ ကိုယ်က နှင် ထုတ်ရက်ရတာလား။ အပြစ်ကို ရှောင်လွဲချင်စိတ်၊ ကိုယ့်ကိုယ်ကိုယ် သတ္တိကြောင်သူအဖြစ် အားမလို အားမရစိတ်ကို ကိုယ်နိုင်တဲ့ဘက်ကို ဖောက်ခွဲခဲ့တဲ့ လူတွေထဲက လူယုတ်မာလေး တစ်ယောက်နဲ့၊ ကိုယ့်မျက်နှာကိုပဲ တကြည့်ကြည့်နေတတ်တဲ့ ချစ်တတ်သူလေးတို့ လောကတစ်ကွေ့မှာ တွေ့ဆုံခဲ့ဖူးသတဲ့။ ဇာတ်လမ်းလေးက ရိုးရှင်းပါတယ်။ သူငယ်ချင်းနှစ်ယောက်ရဲ့ ရိုးသားဖြူစင်တဲ့မေတ္တာ ကို လူ့သဘာဝနဲ့ရောယှက်ပြီး တင်ပြသွားတာပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့ပြီး ငွေကြေးအားဖြင့်လည်း မြတ်စွန်းခဲ့ပါတယ်။ အာဖကန်နစ်စတန်နိုင်ငံရဲ့ မူစလင်ဇာတ် လမ်းလေးတစ်ပုဒ်ကို ဇာတ်နာနာနဲ့ ကြည့်ရမှာပါ။ အမေရိကန်မှာ အသားကျနေတဲ့ လူရွယ်တစ်ယောက်ဆီကို ပါကစ်စတန်က ဦးလေးတစ် ယောက်က ဖုန်းဆက်ပြီး တာလီဘန်လက်အောက်ရောက်နေ‌တဲ့ ကာဘူးလ် ကို ပြန်လာ ခိုင်းပါတယ်။ လာခိုင်းတာကလည်း ကလေးတစ်ယောက်ကို မိဘမဲ့ကျောင်းက ကယ်ထုတ် နိုင်ဖို့ပါ။ အမေရိကန်ကနေ ပါကစ်စတန်၊ အဲဒီနောက် အာဖကန်နစ်စတန် ကာဘူးလ်အထိ ခရီးကြမ်းနှင်၊ အသက်အန္တရာယ်စွန့်ခဲ့တဲ့ အကြောင်းက ဘာကြောင့်လဲ။ ဘယ်သူတွေလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။ စွန်ကလေးတွေ ကောင်းကင်မှာ ပျံဝဲနေတဲ့အချိန်မှာ လေနီကြမ်းဆင်လာတော့၊ စွန်ကလေးတွေ တကွဲတပြား လွင့်ထွက်ရခဲ့တယ်။ ဒါပေမဲ့ ကြည်လင်တဲ့ကောင်းကင်မှာ စွန်ကလေးတွေ တစ်နေ့ ပြန်ပြီး ပျံဝဲခွင့် ရဦးမှာပါလေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(2 GB) / (755 MB) Quality…………BLU-RAY 1080p / 720p Duration………2Hr 08Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……Arr Khun Winchester Encoder……….SWM

7.6 2007 128 mins
The Kite Runner
Ring of Desire
4.1

Ring of Desire (2021) ================= Horror လို ဆိုပေမဲ့ အထွေအထူးကြောက်စရာလန့်စရာမျိုးတော့ မပါပါဘူး။ ရှေးဟောင်း မှော်၀င်လက်စွပ်တစ်ကွင်းကို အခြေတည်ပြီး ဇာတ်လမ်းကို စိတ် ၀င်စားစရာ ပုံဖော်ထားတာပါ။ ဇာတ်လမ်းအကျဉ်း – ဟိုးရှေးရှေးတုန်းက‌ စုန်းမနှစ်ယောက် မှော်လက်စွပ်တစ်ကွင်းကိုလုရင်း တိုက် ခိုက်ကြရာက ဇာတ်လမ်းစပါတယ်။ နောင်နှစ်ပေါင်းရာချီအကြာမှာ အဲဒီ‌‌မှော် လက်စွပ်ဟာ တိုနီနဲ့မာရီယာတို့ လင်မယားဆီ မထင်မှတ်ဘဲ ရောက်ရှိလာပါ တယ်။ တစ်နေ့မှာ တိုနီနဲ့မာရီယာဟာ လင်မယားပြန်အဆင်ပြေဖို့ တောအုပ်ထဲ က အိမ်လေးဆီ ဒုတိယမြောက်ဟန်နီးမွန်းဆန်ဆန် ခရီးထွက်လာကြပါတယ်။ ဖြစ်ချင်တော့ တိုနီ့ညီမဖြစ်သူဂျန်နီဖာနဲ့ သူ့ရည်စားမလေးဟော်လီတိုလည်း အဲဒီအိမ်ကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့ပါတယ်။ အဲဒီမှာ သူတို့လေးယောက်လက်ထဲကို ရမ္မက်လက်စွပ်လို လူသိများတဲ့ မှော်လက် စွပ်ရောက်လာတဲ့အခါ… ဘာတွေဆက်ဖြစ်လာမလဲ၊ လက်စွပ်က ဘယ်လိုတွေ ပတ်မွှေမလဲဆိုတာကို ကြည့်ကြရမှာပါ။ (ဒီနေရာမှာ 18+ ဆန်ဆန်ဇာတ်၀င်ခန်းတွေ ပါ၀င်တဲ့အကြောင်း ကြိုသတိပေးထားပါရစေနော်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.26 GB) / (448 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….C’mon Encoder……….SWM

Adventure • Comedy • Drama
4.1 2021 85 mins
Ring of Desire
Batman Unlimited: Mechs vs. Mutants
5.8

Batman Unlimited Mechs vs. Mutants(2016) IMDB: 5.8 Rotten Tomatoes: 90% Genre: Animation/Action/Sci-fi Batman Unlimited Mechs vs. Mutants ဟာ DC Animation ဇာတ်လမ်းတစ်ခုဖြစ်ပြီး Batman Unlimited ရဲ့သုံးကားမြောက် (သို့) နောက်ဆုံးကားဖြစ်ပါတယ်။ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်း ပင်ဂွင်းတစ်ယောက် ဘတ်မန်းရဲ့နယ်နှင်ခြင်းကိုခံလိုက်ရပြီး မစ္စတာဖရိဇ်ရဲ့ နယ်မြေကိုရောက်နေပါတယ်။ သိတဲ့ အတိုင်း မစ္စတာ ဖရိဇ်ဆိုတာကလည်း အတိတ်မှာသနားစရာဇာတ်လမ်းတွေရှိခဲ့ပြီး ဗီလိန်ဆိုတာထက် တစ်ယောက်တည်းနေချင်နေတဲ့ ကြေကွဲလူကြီးဖြစ်ပါတယ်။ ခက်တာက ပင်ဂွင်းဆိုတာက လည်း အကျော်အခွလေးတွေနဲ့ ကုတုံးပေါ်ထိပ်ကွက်တဲ့ကောင် ခေါင်းကိုမှခေါက်တတ်တဲ့အကျင့်လေးကရှိတော့ နှစ်ယောက်သားဘုဘောက်ဖြစ်နေပါတယ်။ မစ္စတာဖရိဇ်ဟာတကယ်တမ်းပြောရရင် တစ်ယောက်တည်းပဲနေချင်ခဲ့တာဖြစ်ပါတယ်။ သူ့ဆီမှာအကောင်သေးသေးလေးတွေကိုတောင်အကြီးကြီးအဖြစ်ပြောင်းလို့ရတဲ့ စက်ကရှိနေပြန်ပါတယ်။ သိတဲ့အတိုင်းပင်ဂွင်းဆိုတဲ့ကောင်ကလည်း အမြဲကွက်ကျော်ရိုက်ဖို့ ချောင်းနေတာဆိုတော့ ဘာများဆက်ဖြစ်မှာလဲ။ File size… 1.2 GB / 628 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

5.8 2016
Batman Unlimited: Mechs vs. Mutants
Hellraiser: Deader

Hellraiser: Deader (2005) Hellraiser ရဲ့ အခန်း နောက်တစ်ခု စဖွင့်ပါပြီ။ သေတ္တာလေးက သေခြင်းတရားကို လှည့်စားနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာကို သိလာရပါလိမ့်မယ်။ ဒီဇာတ်ကားမှာတော့ နောက်ထပ်သတင်းထောက်တစ်ယောက် အလှည့်ပါ။ သတင်းရှာရင်း သေတ္တာနဲ့တိုင်ပတ်သွားတဲ့ နောက်သတင်းထောက်တစ်ယောက်ပေါ့။ သေခြင်းတရားကိုလှည့်စားဖို့လုပ်တဲ့သူနဲ့ Pinhead ကြားက ဓားစာခံဖြစ်သွားပေမဲ့ သူ့ဘာသာလွတ်လမ်းရှာသွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီအကြောင်းကိုတော့မရှင်းသေးပါဘူး။ သေတ္တာရဲ့အစွမ်းကတော့ ထင်တာထက်ပိုကြမ်းတယ်ဆိုတာကို တဖြည်းဖြည်းသိလာရပါပြီ။ တခြား Hellraiser တွေထက် ထူးခြားကောင်းမွန်နေတာမျိုး မရှိပေမဲ့ Franchise ထဲမှာ ၅/၁၀ ပေးလို့ရလောက်တဲ့ ဇာတ်ကားမျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 910MB Quality – 1080p, 720p Format – mp4 Duration – 1H 28Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama
0 2005 89 mins
Hellraiser: Deader
Munda Southall Da
6.4

Munda Southall Da (2023) “အမြဲတမ်း” IMDb 6.4 ရင်ကိုအေးစေမယ့် ပန်ဂျာဘီ အချစ်ဟာသကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ပုံမှန်မြင်တွေ့နေကျ ပန်ဂျာဘီကားတွေလို ခေါင်းပေါင်းတွေနဲ့ မဟုတ်ဘဲ UK က အိန္ဒိယပြောင်းရွှေ့ရပ်ကွက်လို နေရာမျိုးမှာ ဇာတ်လမ်းတည်ထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ရိုးရိုးလေးပါပဲ အာဂျွန်က ဘော်ဒါနှစ်ယောက်နဲ့ ပေါင်းပြီး ခြေဦးတည့်ရာသွား မိဘပိုက်ဆံလက်ဖြန့်တောင်းပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းသူတစ်ယောက် ကောင်မလေးတွေကို သိပ်ဂရုမစိုက်တတ်တဲ့ အာဂျွန် ပါတီညတစ်ညမှာ ပြဿနာတက်နေရာကနေ ကောင်မလေးတစ်ယောက်က သူ့ကိုကူညီပေးခဲ့တယ် သွက်လက်ချက်ချာပြီး ရဲရဲဝံ့ဝံ့ရှိတဲ့ ကောင်မလေးက သူ့အသည်းနှလုံးကို လှုပ်နှိုးနိုင်ခဲ့တယ်ပေါ့ ထိုမှတဆင့် နောက်ထပ်အဆင့်တက်လာတဲ့အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမလဲ ဆိုတာကတော့ ပရိသတ်ကြီးပဲ ခံစားကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

6.4 2023 114 mins
Munda Southall Da
[18+] Unang tikim
6.7

First Taste (2024) Original title: Unang tikim IMDb Rating (6.7) တစ်ချိန်က Vivamax Sweetheart ဖြစ်ခဲ့တဲ့ အမြဲတမ်းခံဘက်က မင်းသမီးလေး အိန်ဂျလီခံ (Angeli Khang) တစ်ယောက်အခု နောက်ပိုင်း ကားရိုက်ကျဲသွားတာ သတိထားမိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ပထမဆုံး Mainstream ဇာတ်ကားဖြစ်လာမယ့် အခုဇာတ်ကားကိုအချိန်ပေးအားစိုက်နေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ တစ်ခြားသော မင်းသမီးများစွာလိုပဲ ဘယ်လမ်းကြောင်းက ဝင်ဝင်သူတို့ရဲ့အိမ်မက်က Mainstream လောကထဲကိုတိုးဝင်နေရာယူနိုင်ဖို့ပဲဖြစ်ပါလိမ့်မယ်။ ဒီဇာတ်ကားကိုတော့ Vivamax ကပဲအတူနာမည်ကြီးလာတဲ့ Robb Guinto နဲ့အတူမင်းသမီးနှစ်ယောက်အပြိုင်ကြဲထားတဲ့ GL ဇာတ်လမ်းလေးအဖြစ်မြင်ရမှာပါ။ ဘတ်ကာနဲ့ယူနာတို့က တစ်ယောက်နဲ့တစ်ယောက်အသည်းအသန်ချစ်ကြသလို သဝန်လည်းတိုကြ ရန်ဖြစ်လည်းသန်ကြတဲ့ မိန်းမချင်းချစ်သူတွေပါ။ ဘတ်ကာက မိသားစုနောက်ခံတောင့်တင်းပြီး အမေရိကားကို ကျောင်းသွားတက်ဖို့အစီအစဉ်ရှိပေမယ့် အမေဖဲသမား ပထွေးဘိန်းစားနဲ့နေရတဲ့ ယူနာကတော့ ဒီဘ၀က ရုန်းထွက်ဖို့အတွက် သူ့အိမ်မက်က ကျောင်းပြီးအောင်တက်ပြီး ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်နိုင်ဖို့ပါပဲ။ အဲ့ဒီအိမ်မက်အတိုင်း ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ အလုပ်ဝင်လုပ်ရင်းအတွေ့အကြုံယူချိန်မှာ ကော်ဖီဆိုင်ပိုင်ရှင်က ယူနာကို အသည်းအသန်စွဲလန်းပြီး နဂိုကတည်းက အဆင်မပြေတဲ့ သူတို့ဇာတ်လမ်းထဲကိုတတိယလူအဖြစ်နဲ့ဝင်ရောက်လာချိန်မှာတော့၊ တစ်ချိန်ချိန်မှာလက်ထပ်ကြဖို့အထိ စိတ်ကူးရှိ အချစ်ကြီးချစ်ခဲ့ကြတဲ့ ကောင်မလေးနှစ်ယောက်ပျော်ရွှင်စရာဇာတ်သိမ်းကိုရနိုင်ခွင့်ရှိပါဦးမလားဆိုတာ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (580 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:41:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

6.7 2024 99 mins
[18+] Unang tikim
The Battleship Island
7.1

The Battleship Island (2017) **************************** ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားပြီး ရုံတင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၇သန်းကျော် ရရှိခဲ့တဲ့ အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်… ၂၀၁၇ ခုနှစ်အတွက် တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပြီး သမိုင်းဝင်ဇာတ်ကားတွေထဲမှာလည်း အမြတ်ငွေအများဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပါတယ်… ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားကြီး Hwang Jung Minနဲ့အတူ မင်းသား So Ji Sub, Song Joong Ki, မင်းသမီး Lee Jung Hyunတို့က ပါဝင်ထားပါတယ်… ဇာတ်လမ်းအကျဉ်း ————– ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်အင်ပါယာလက်အောက်က ဟာရှီးမားကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို အခြေခံထားတာပါ… ဒီကျွန်းပေါ်မှာ ဂျပန်တွေက ကိုရီးယားလူမျိုးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းပြီး ကျောက်မီးသွေးတွင်းတွေမှာ အလုပ်လုပ်စေခဲ့တယ်… ကျွန်းက လုံခြုံရေးအရမ်းတင်းကျပ်တာကြောင့် ထွက်ပြေးဖို့ လမ်းမရှိသလောက်ပါပဲ…ဂျပန်တွေရဲ့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံးမှာတော့ ကျွန်းပေါ်က ကိုရီးယားအလုပ်သမားပေါင်း ၄၀၀ကျော်ဟာ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်…သူတို့တွေ ဒီကျွန်းကြီးပေါ်ကနေ အမှန်တကယ်ပဲ လွတ်မြောက်သွားနိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Phyo Pa Pa Liwn ဖြစ်ပါတယ်… File Size : 3.14GB / 1.24GB Quality : WEB-DL 1080p 5.1ch / 720p Duration : 2h 12m Genres : Action, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Pa Pa Lwin Encoded by Heather Oo

Animation • Family • Comedy • Fantasy • Adventure
7.1 2017 132 mins
The Battleship Island
Delicious
5.5

အက်စတာနဲ့ ဂျွန်တို့မိသားစု ၄ဦးဟာ နွေရာသီအားလပ်ရက်မှာ ပြင်သစ်ကိုအလည်အပတ်ခရီးထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်ရက် အပန်းဖြေအိမ်အနီးနားက ဟိုတယ်မှာ ညစာ စားပြီးအပြန် လမ်းမှာကောင်မလေးတစ်ယောက်ကို ကားနဲ့ တိုက်မိခဲ့ပါတယ်။ ကားတိုက်ဒဏ်ရာကလည်းသိပ်မပြင်းတော့ အမှုပတ်မှာစိုးတာနဲ့ ကောင်မလေးကို ဆေးရုံမပို့ဘဲ အိမ်ခေါ် သွားခဲ့ကြပါတယ်။ နောက်ရက်မှာ ကောင်မလေးက သူတို့အိမ် ပြန်ရောက်လာပြီး ဒဏ်ရာ‌ေကြာင့် အလုပ်ထုတ်ခံလိုက်ရတဲ့ အတွက် အက်စတာတို့အိမ်မှာ အိမ်အကူအနေနဲ့အလုပ်လုပ် ပါရစေလို့ ခွင့်တောင်းလာပါတော့တယ်။ ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားအတိုင်း ကောင်မလေးကို အိမ်ပေါ်ခေါ်တင်မိရာကနေ မိသားစုထဲမှာ ပြဿနာတွေတစ်စ တစ်စတက်လာပြီး ကောင်မလေးရဲ့သရုပ်မှန်ဟာလည်း တဖြည်းဖြည်းပေါ်လာပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလောက်ပါပဲ။ ဒီရုပ်ရှင်က ဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့ အချိတ်အဆက် ပိုင်နိုင်ပြီး ကြည့်ရတာအတော်လေး အားရစရာကောင်းတဲ့ အထဲမှာပါပါတယ်။ background music ကောင်းကောင်း နဲ့ ကင်မရာအယူအဆ cinematography အပိုင်းမှာလည်း ကာလာလွင်လွင်နဲ့ တော်တော် လေးလှတာပါ။ အဲလိုအရောင်လှလှလေးနဲ့ပဲ ဇာတ်လမ်းကို တဖြည်းဖြည်းဆွဲခေါ်လာပြီး အတွင်းထဲက လှိုက်စားပစ်လိုက် သလိုမျိုး ရသကိုပေးနိုင်တဲ့ ရုပ်ရှင်မျိုးပါ။ ရုပ်ရှင်ဝေဖန်ရေးဆရာများကတော့ ဒီရုပ်ရှင်ကို နာမည်ကျော် Parasite နဲ့ Saltburn ရုပ်ရှင်တို့ကို ရောထားတဲ့ ခံစားချက်မျိုး ရတယ်လို့ပြောထားကြပါတယ်။ သူတို့ပြောတာတကယ်ဟုတ်မဟုတ်ကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ဟာ slow burn ရုပ်ရှင်တွေကို ကြည့်ရတာ နှစ်သက်သူတွေ အတွက် သဘောတွေ့စေမဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်းညွှန်းဆို လိုက်ချင်ပါတယ်။ File size… (1.13 GB) / ( 698 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Horror • Thriller
5.5 2025 102 mins
Delicious