YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My Dearest(2023)EP5.HDTV.1080P(CM).mp4

1.17 GB N/A video/mp4 601 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Get Shorty
6.5

IMDb Rating (6.9) / Rotten Tomatoes (88%) သူ့နာမည် Chili Palmer ။ သူ့လုပ်က loanshark လို့ခေါ်တဲ့ တရားမဝင်ငွေတိုးချေးတဲ့လုပ်ငန်းတစ်ခုမှာ လုပ်နေတဲ့သူ။ အတိုးကြီးကြီးနဲ့ချေးထားတဲ့သူတွေဆီကနေ အကြွေးလိုက်တောင်းပေးရတဲ့အခါ ဂိုဏ်းစတားဆန်ဆန်လည်း လုပ်ရတာရှိတယ်။ ချီလီ တောင်းသမျှတော့ မရတဲ့အကြွေးမရှိပါဘူး။ သူက Look at me (ကျုပ်ကိုကြည့်စမ်းပါ) လို့ စပြောလိုက်ရင် သတိသာထားပေရော့။ သူလိုရာကိုလိုက်လျောမိတော့မှာ အသေအချာပဲ။ အဲဒီစကားတစ်ခွန်းက ဒီရုပ်ရှင်ရဲ့ catchphrase ပါပဲ။ သွေးအေး၊ သတ္တိကောင်းပြီး ရည်ရည်မွန်မွန်ဆဲတတ်တဲ့ ချီလီဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်လည်းဖြစ်နေလေရဲ့။ တစ်နေ့တော့ အကြွေးမဆပ်ဘဲပြေးတဲ့သူတစ်ယောက်နောက်ကို ရေဆုံးရေဖျားလိုက်ရှာရင်း ချီလီတစ်ယောက် ရုပ်ရှင်မြို့တော်လို့ခေါ်ရမယ့် Los Angeles ထိရောက်သွားပါလေရော။ သူစိတ်မပါတော့တဲ့ ငွေချေး၊ကြွေးတောင်းအလုပ်ကို မလုပ်ချင်တော့တဲ့ချီလီဟာ ဇာတ်ကားတစ်ကားလောက် ထုတ်လုပ်သူလုပ်ရင်ကောင်းမလား လို့ စိတ်ကူးပေါက်ရာကနေ ဟောလီးဝုဒ်လောကသားတွေနဲ့ လုံးထွေးသွားတော့တာပဲ။ အဲဒီမှာဗျာ။ လေယာဉ်ပျက်ကျရာမှာမပါဘဲ ပါသွားချင်ယောင်ဆောင်ပြီး လေကြောင်းလိုင်းကပေးတဲ့အာမခံငွေကို လိမ်ပြေးတဲ့ လီယို ဆိုတဲ့ ငတုံးတစ်ကောင်။ သူက ချီလီတို့ဆီကအကြွေးယူထားတာ။ အဲဒါကို မဆပ်ဘဲပြေးတာ။ ဇာတ်ညွှန်းကောင်းကောင်းတစ်ပုဒ် တွေ့ထားပေမယ့် မဝယ်နိုင်တာနဲ့ ထုတ်လုပ်သူတွေပေးထားတဲ့ငွေတွေကို ဘောပွဲလောင်းပြီးအပွကြံမိမှ ရှူံးပြီး တိုင်ပတ်နေတဲ့ ဟယ်ရီ ဆိုတဲ့ ဒါရိုက်တာကြီးတစ်ယောက်။ ဇိမ်ခံကားအငှားလုပ်ငန်းကို ဗန်းပြပြီး မူးယစ်ဆေးရောင်းနေတဲ့၊ ရုပ်ရှင်လုပ်ငန်းထဲကိုပါ ဝင်ပါချင်နေတဲ့ လူဆိုးတစ်စုရယ်။ အရည်အချင်းရှိရဲ့သားနဲ့ သရဲကားတွေထဲမှာပဲ ပါနေရလို့ စိတ်ကုန်နေတဲ့ မင်းသမီး‌ချောလေးတစ်ယောက်ရယ်။ အဲဒီမင်းသမီးရဲ့ခင်ပွန်းဟောင်း အရပ်အလွန်ပုပေမယ့် သရုပ်ဆောင်ကောင်းလှတဲ့ စူပါမင်းသားကြီးတစ်ယောက်ရယ်။ ဇာတ်လမ်းအစမှာကတည်းက ချီလီ့ကို ဩဇာပြချင်လှတဲ့ (ပြီးတော့လည်း ချီလီဗျင်းတာချည်း လှိမ့်ခံနေရတဲ့) ဘာဘိုနီ ဆိုတဲ့ ငွေချေးသမားကြီးရယ်။ ရဲတွေက ဘယ်သူလာဖွင့်မလဲလို့ အချိန်ပြည့်စောင့်ကြည့်နေကြတဲ့ လေဆိပ် အာမခံသေတ္တာ လော့ကာခန်းတစ်ခုထဲက အိတ်တစ်လုံးရယ်။ အရာရာနဲ့အကြောင်းကြောင်းတွေစုသွားတဲ့အခါ အမျိုးမျိုးနဲ့အဖုံဖုံတွေဖြစ်လာတော့တာပါပဲ။ (ဂိုဏ်းစတားကရုပ်ရှင်ပိုးဝင်လာချိန်မှာ ရုပ်ရှင်သမားတွေက ဂိုဏ်းစတားစိတ်ပေါက်ပြီး အကုန်လျှောက်လုပ်ကြတော့တာမျိုးပေါ့။ 1995ခုနှစ်မှာထွက်ရှိခဲ့တဲ့ Action-comedyဇာတ်ကားတစ်ကားဖြစ်တဲ့ "Get Shorty" ဟာ ratingတွေမှာ IMDb 6.9/10 ၊ Rotten Tomatoesမှာ 88% နဲ့ Metacritic မှာ 82%ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် ချီလီအနေနဲ့ပါဝင်ထားသူကတော့ နာမည်ကျော် John Travolta ဂျွန်ထရာဗိုလ်လ်တာ ပဲဖြစ်ပါတယ်။ (Face-offဇာတ်ကားမှာ မြန်မာပရိသတ်တွေ သတိအထားမိဆုံး အကြိုက်ကြီးကြိုက်ခဲ့ကြတဲ့ မင်းသားကြီးပါ။ ) သူ့ရဲ့ဂန္ဓဝင်ဇာတ်ကားကောင်းတွေလည်း အများကြီးရှိပါတယ်။ ဒီဇာတ်ကားရဲ့အောင်မြင်မှုကြောင့် နောက်ဆက်တွဲအနေနဲ့ "Be Cool" ဆိုတဲ့ ဇာတ်ကားကို 2005ခုနှစ်မှာ ဂျွန်ထရာဗိုလ်လ်တာ ကပဲ ခေါင်းဆောင်မင်းသားအနေနဲ့ ဆက်လက်ရိုက်ကူး ထွက်ရှိခဲ့ပါသေးတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားတာပါ။) File size…(1.8 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:44:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Adventure • Fantasy
6.5 1995 105 mins
Get Shorty
In His Shadow
6.4

In His Shadow(2023) ******************** Ibrahim ဆိုတဲ့ကောင်လေးဟာ တစ်ဦးတည်းသောသားလေးမို့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေရတဲ့ ကလေးတစ်ယောက်ပေါ့... ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့အပျော်တွေအားလုံး ပျောက်ဆုံးရမယ့်နေ့ ရောက်ရှိလာပါတယ် ... Osumane ဆိုတဲ့ သူ့ရဲ့အဖေဟာ ခရီးတစ်ခုထွက်သွားရာကနေ ပြန်အလာမှာ မိန်းမမတစ်ယောက်ကို ခေါ်လာခဲ့ပါတယ်... အဲ့ဒီမိန်းမဟာ သူ့ရဲ့မိထွေး သူ့အဖေရဲ့ နောက်မိန်းမပေါ့... အဲ့ဒီကတည်းက ပြဿနာတွေတက်နေခဲ့ပေမယ့် သူ့ရဲ့မိထွေးက ကလေးမွေးလာတဲ့ အခါမှတော့ သူဟာ ဖခင်မေတ္တာကို ရသင့်သလောက်မရနိုင်တော့ပါဘူး... အဲ့ဒီလိုပြဿနာတွေကြောင့် လုပ်မိလုပ်ရာ လုပ်ရာကနေ လူမိုက်နီးပါးကိုဖြစ်လာပါတော့တယ်.. ဒါကိုသိသွားတဲ့ သူ့အဖေက သူ့ကို အိမ်ပေါ်ကနေဆင်းခိုင်းလိုက်ပါတယ်... အိမ်ပေါ်ကနေ ဆင်းသွားပြီးတော့ သူဘာတွေဆက်လုပ်မလဲ.. သူ့မိထွေးကမွေးတဲ့ သူ့အဖေတူအမေကွဲညီလေးနဲ့ရော ဘယ်လိုဆက်ဆံရေးတွေ ရှိမလဲဆိုတာကိုတော့... File Size :(1.2GB) and (553MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Horror • Mystery • Thriller
6.4 2023 89 mins
In His Shadow
Get Out
7.6

IMDb - 7.7/10_____Rotten - 98% Won 1 Oscar. Another 152 wins & 201 nominations လူမည်းအမျိုးသား ခရစ်တစ်ယောက် သူ့ချစ်သူ လူဖြူမလေး ရို့စ် ရဲ့မိဘအိမ်ကို သွားဖို့သူ့ချစ်သူက တောင်းဆိုလာတဲ့အခါမှာ သူ မငြင်းဆန်ပဲ လိုက်သွားခဲ့ပါတယ်သူတို့နှစ်ယောက် အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ ရို့စ် ရဲ့မိဘတွေက သူ့ကို ဖော်ဖော်ရွေရွေပဲ ဆက်ဆံပါတယ် ... ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့အိမ်အကူတွေပါ ... ခရစ် လည်း ဒါကို သတိထားမိပါတယ် ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့အိမ်မှာ နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ ပါတီပွဲတစ်ခုလုပ်ပါတယ် ... အဲ့ဒီမှာတော့ လွန်ခဲ့တဲ့ ၆လလောက်က ပျောက်ဆုံးခဲ့တဲ့ အန်ဒရီ ဟေးဝေ့ါသ် နဲ့ဆုံခဲ့ပါတယ် ... မြင်မြင်ချင်းမှာ သူလည်းမမှတ်မိပေမဲ့ နောက်ပိုင်း သတိထားမိလာတဲ့အခါမှာတော့ ... အာမီတေ့ဂျ် မိသားစုရဲ့ မသင်္ကာဖွယ်ရာတွေကို သူ ကြောက်လန့်လာပြီး ထွက်ပြေးဖို့ကြိုးစားပါတော့တယ် သူ အဲ့ဒီလို ထွက်ပြေးဖို့ကြိုးစားတာက အောင်မြင်ပါ့မလား သူ့ချစ်သူ ရို့စ် ကကော ... သူ့ရဲ့မိသားစုဝင်တွေဘက်ကဖြစ်မလား ဒါမှမဟုတ် သူ့ချစ်သူ ခရစ် ဘက်ကဖြစ်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်Horror/Mystery/Thriller အမျိုးအစားဖြစ်ပြီး IMDB rating လည်း 7.7 ထိ ရထားတာဖြစ်တာကြောင့် CM ပရိသတ်များ ကြိုက်နှစ်သက်ကြဦးမယ်လို့ထင်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Scrn ဖြစ်ပါတယ်) File Size : 752 MB Quality : Bluray 720P Running Time : 1hr 44minutes Format : Mp4 Genre : Horror,Mystery Translator : Scrn Encoder :Thanhtike Zaw

Action
7.6 2017 104 mins
Get Out
Kisna
4.5

ဤဘဒ္ဒကမ္ဘာလောကမှာ ကမ္ဘာဦးအစကတည်းက ဆင့်ကဲပြောင်းလဲခြင်းတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်.. လူသားတွေ ပြောင်းလဲလာတယ်…မြစ်ချောင်းအင်းအိုင်တွေ ပြောင်းလဲလာခဲ့တယ်..နိုင်ငံတွေ ဖြစ်ပေါ်လာတယ် လူ့စိတ်သဘောထားတွေ ပြောင်းလဲလာတယ်… ဒီထဲမွာမွ မပြောင်းလဲဘဲ တည်မြဲနေတာဆိုလို့ အချစ်စစ်ပဲရှိပါတယ်… ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ကစ္စနဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ အချစ်စစ်တို့သက်သေထူရာကို ဖေါ်ပြထားတဲ့ ကားလေးပါ.. ၁၉၄၇ခုနှစ် အစောပိုင်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးမရခင် ဗြိတိသျှတို့ အိန္ဒိယမြေပေါ် အုပ်စိုးခဲ့စဉ်က…။ ကစ္စန..ကက်သရင်း..လက်ရှမီးဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖေါ်ကျူးရိုက်ကူးထားပါတယ်… ဒီကားလေးဟာ သိပ်ကိုနူးညံ့လွန်းတယ်.. ရင်ထဲလည်း ပီတိဖြစ်ရပါတယ် အိန္ဒိယကို လွတ်လပ်ရေးပေးဖို့ ကြေညာလိုက်တော့ နိုင်ငံတွင်း ဗြိတိသျှအရာရှိတွေကို အင်္ဂလန်အမီ ပြန်ခိုင်းတယ်.. ဒီထဲမွာ ကက်သရင်းရဲ့အဖေနဲ့ အေမဟာ အသတ်ခံလိုက်ရပါတယ် တစ်ဦးတည်းကျန်ခဲ့တဲ့ သူငယ်ချင်းမလေး ကက်သရင်းကို အိန္ဒိယသားလေး ကစ္စနက ဘေးမသီရန်မခဘဲ ဘေးကင်းရာကို ပို့ပေးရမှာပါ… ကိုယ့်မိသားစုက သူ့မိဘတွေကို ရန်သူလို့ သတ်မှတ်ပြီး လိုက်သတ်နေတဲ့ကြားထဲက မိသားစုနဲ့ အတိုက်အခံလုပ်ပြီး ကက်သရင်းကို ကယ်တင်ရင်းနဲ့….။ ပိုင်ဆိုင်ရမှ အချစ်မဟုတ်ပါဘူး ခွဲခွာခြင်းဟာလည်း အချစ်ရဲ့တစ်စိတ်တစ်ဒေသပါပဲ တစ်ခါတလေကျရင် စွန့်လွှတ်ခြင်းက အချစ်ကို ပိုလို့တိုးလာစေပါတယ် အချစ်မှာ ကောင်းခြင်းတွေရတတ်သလို ခွဲခွါခြင်းမှာလည်း ကောင်းခြင်းတွေ ရတတ်ပါတယ် အချစ်ဆိုတာက အတူတူနေရဖို့ပဲမှ မဟုတ်တာ.. ဒီတော့ ရိုချင်သူ FA နဲ့ ဆော်ပစ် ဘဲပစ်များ စောက်ကိုက် တစ်သျှူးဆောင်ပြီး ကြည့်လို့ရပါပြီလို့ ညွှန်းပေးလိုက်ပါတယ်…

Comedy • Romance
4.5 2005
Kisna
Guermantes
5.6

Guermantes (2021) =============== စကားပြောဖော်မရှိလို့ တစ်ယောက်တည်း ပျင်းနေရပါတယ်ဆိုတဲ့ သူတွေအတွက် ပျင်းချိန်မရှိလိုက်အောင်ကို ပေါက်ပေါက်ဖောက်ပေးမယ့် ဟာသဇာတ်ကားလေးလာပါပြီ။ အရင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထားပြီးမှ ကြည့်ပါ။ မဟုတ်ရင် ဟာသကားကြည့်ရင်း ထစိတ်တိုရတဲ့အဖြစ်တွေ ပေါ်လာနိုင်ပါတယ်။ ဤကားအရိုးရှင်းဆုံး အညွှန်းဖြစ်၏။ ကဲ ဇာတ်လမ်းအကြောင်းလေး ဆက်ရရင်ဖြင့် ဒီကားက ပြင်သစ်ဟာသ ကားလေးပါ။ ကော်မီဒီ-ဖရန်စီ လို့ခေါ်တဲ့ ပြဇာတ်အဖွဲ့တစ်ဖွဲ့ဟာ ရှိုးပွဲအတွက် ရီဟာဇယ်လေ့ကျင့်နေကြရင်း ရုတ်တရက် ရှိုးပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခံလိုက်ရပါတယ်။ အဲဒီမှာပဲ ရှိုးကနေ နှုတ်ထွက်မယ့်သူတွေ၊ ဘာလုပ် ရမလဲမသိ လမ်းပျောက်ကုန်တဲ့သူတွေ နဲ့ ဆက်လေ့ကျင့်ချင်တဲ့သူတွေဆိုပြီး အဖွဲ့တွေကွဲကုန်တာပေါ့။ ရှိုးရဲ့ဒါရိုက်တာကတော့ ရီဟာဇယ်ကိုဆက်လေ့ကျင့်စေချင်ပြီး ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ဖို့ပဲ ပြောရာကနေ တစ်ယောက်တစ်ပေါက် ပေါက်ပေါက်ဖောက် ကြမယ့် ဇာတ်လမ်းစတင်လာပါတော့တယ်။ Plot twist တွေမပါဘဲ ရိုးရိုးရှင်းရှင်းနဲ့ ရယ်ရမယ့်ကားလေးဖြစ်တာမို့ အပန်းပြေ ကြည့်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ သရုပ်ဆောင် ဆယ့်ခြောက်ယောက်တိတိကနေ သင့်ကို မနားတမ်း အဖော်ပြုပေးပါ လိမ့်မယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)

Crime • Drama
5.6 2021
Guermantes
Dante’s Peak
6

ဂျိမ်းစ်ဘွန်းမင်းသားကြီး Pierce Brosnan ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ မီးတောင်ပညာရှင် ဟယ်ရီဒေါ်လ်တန်ဟာ ကတ်စ်စတိတ်မြောက်ပိုင်းမှာလှုပ်နေတဲ့ ငလျင်တွေအကြောင်းစမ်းသပ်တိုင်းတာဖို့ Dante’s Peak ဆိုတဲ့မြို့လေးကိုရောက်သွားတဲ့အချိန်မှာ မီးတောင်ပေါက်ကွဲတော့မှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ မြို့တော်ဝန်ရေချယ်ဝန်ဒိုနဲ့ ဟယ်ရီဟာ မြို့ကောင်စီဝင်တွေကို မြို့သူမြို့သားတွေအားလုံးကိုဘေးလွတ်ရာကိုရွှေ့ပြောင်းသင့်ကြောင်းရှင်းပြခဲ့ပေမယ့် မသေချာဘူးဆိုပြီးလက်မခံခဲ့ကြပါဘူး။ ဒီလိုနဲ့ ရက်သတ္တပတ်အကြာမီးတောင်ပေါက်လုဆဲဆဲမှာ ဟယ်ရီသဘောကျနေတဲ့ မြို့တော်ဝန် ရေချယ်ရဲ့ ကလေးနှစ်ယောက်ဟာ မပြောမဆိုနဲ့တောင်ပေါ်တက်သွားပါတော့တယ်။ ရေချယ်နဲ့ ဟယ်ရီနှစ်ယောက် ကလေးတွေကိုပြန်ခေါ်ရင်း မီးတောင်ပေါက်ကွဲနေတဲ့ကြားကနေ ချော်ရည်တွေဆီကလွတ်အောင်ပြေးနိုင်ကြမလားဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.86GB) / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre…Action / Adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao

Drama
6 1997
Dante’s Peak
The Exorcist: Believer
6.7

The Exorcist: Believer(2023) ************************* ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်ကျောင်းသူလေးနှစ်ယောက်ဟာ တောအုပ်ထဲမှာ ဝိညာဉ်ခေါ်တမ်းကစားဖို့ ထွက်လာခဲ့ပါတယ်။ အဒီကနေ ပြန်မလာဘဲ ပျောက်ဆုံးနေပြီးမှ ၃ ရက်အကြာမှာ ပြန်ပေါ်လာခဲ့ပါတယ်။ ပြန်လာချိန်မှာ သူတို့တွေ ပျောက်နေတာ ၃ နာရီလောက်ပဲ ကြာသေးတယ်လို့ ထင်နေပြီး ဘာတွေဖြစ်ခဲ့လဲ သေချာမမှတ်မိတော့ပါဘူး။ သူတို့ကို ဆေးရုံ တင်ပြီး မျိုးစုံဆေးစစ်ပေးပေမဲ့ အားလုံးကောင်းနေတာကြောင့် ဆေးရုံဆင်းပေးလိုက်ပေမဲ့ ကိုယ့်အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ စိတ်နဲ့လူနဲ့မကပ်၊ အတက်ရောဂါတွေဖြစ်၊ အကြမ်းပတမ်းတွေလုပ်လာတာကြောင့် မိသားစုနှစ်ခု ပူးပေါင်းပြီး သူတို့ကို ကုပေးဖို့ အဖြေရှာကြတဲ့အခါ…. ဒီရုပ်ရှင်ဟာ နာမည်ကျော် ဟော်ရာ ရုပ်ရှင်တွဲတွေဖြစ်တဲ့ Exorcist ရုပ်ရှင်တွေထဲမှာပါဝင်ပါတယ်။ သရဲရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်တွေကအစ ဖောဖောသီသီသုံးနေတဲ့ အပနှင်ခြင်းကို ကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့တာဟာ The Exorcist 1973 ပါပဲ။ အဲဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေဟာ မိစ္ဆာပူးခံရတယ်ဆိုတာကို လွယ်လွယ်ယုံမသွားပါဘူး။ ဆရာဝန်တွေ၊ နားလည်သူတွေနဲ့ မျိုးစုံအဖြေရှာပြီးမှ ဘာမှအဖြေရှာလို့မရတော့တဲ့အချိန်မှာမှ ဘုန်းတော်ကြီးကိုအကူအညီတောင်းရတဲ့အဆင့်ရောက်လာတာပါ။ လက်တွေ့နဲ့အရမ်းနီးစပ်ပြီး ကြောက်ဖို့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကြည့်ချင်ရင်တော့ ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ အပနှင်ရုပ်ရှင် စုစုပေါင်း ၇ ကားအထိ ကြေညာထားပြီး အခုတင်ထားတဲ့ရုပ်ရှင်ကတော့ ၆ ကားမြောက်ဖြစ်ပါတယ်။ ချန်နယ်မြန်မာမှာ မတင်ရသေးတဲ့ ရုပ်ရှင်တွေလည်း တင်ပေးသွားမှာပါ။ The Exorcist (1973) Exorcist II: The Heretic (1977) The Exorcist III (1990) Exorcist: The Beginning (2004) Dominion: Prequel to the Exorcist (2005) The Exorcist: Believer (2023) The Exorcist: Deceiver (2025) တို့ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ မူလရုပ်ရှင်အပြီး နှစ် ၅၀ အကြာ အချိန်ကို အခြေခံထားတာဖြစ်ပြီး မူရင်းရုပ်ရှင်ထဲက သားအမိနှစ်ယောက်လည်း လူကြီးပုံတွေနဲ့ ပြန်ပါဝင်ထားပါတယ်။ ၁၉၇၃ တုန်းက နတ်ဆိုးအပူးခံရသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Linda Blair ကပဲ ဒီကားထဲက ကလေးမလေးတွေကို သရုပ်ဆောင်အကြံပေးအဖြစ် ကူညီထားပါသေးတယ်။ Imdb 8.1 ထိရောက်တဲ့ ဟော်ရာရုပ်ရှင်ဆိုတာ လက်ချိုးရေလို့ရပေမဲ့ Exorcist 1973 ကတော့ ရခဲ့ပါတယ်။ အဲဒီရုပ်ရှင်ရဲ့ ဒါရီုက်တာကြီးကတော့ ဆက်ပြီးမရိုက်စေချင်တာမို့ ဒီကားနဲ့ လုံးဝမပတ်သတ်ခဲ့သလို ၂၀၂၃ ၈ လပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိရုပ်ရှင်ကိုတော့ Halloween Kills (2021), Halloween (2018) ရဲ့ ပရိုဂျူဆာ David Gordon Green ကရိုက်ကူးခဲ့တာပါ။ နာမည်ကျော် Halloween (1978) ရဲ့ အဆက်တွေကို ရိုက်ကူးခဲ့ပေမဲ့ Imdb 6 နဲ့ 5 သာ ရရှိခဲ့တာမို့ Exorcist ဖခင်ကြီးတွေက သဘောမကျတာလည်းဖြစ်မှာပါ။ ဒါပေမဲ့ ဂန္ဓဝင်ကားကြီးတွေရဲ့ လောင်းရိပ်ကိုထည့်မတွက်ဘဲ ရိုးရိုးရှင်းရှင်း ကြည့်လိုက်ရင်တော့ ဖျော်ဖြေမှုပေးတဲ့ ဟော်ရာရုပ်ရှင်အဆင့်အနေနဲ့တော့ သတ်မှတ်လို့ရပါတယ်။ ဟုတ်မဟုတ်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါဦး။ File size… 3.3GB,1.7G B & 622MB Quality… WEB-DL4K,1080P,720p Format…mp4 Duration….1hr 51min Genre ….. Horror Translated by Mr.Anderson Encoded by Phyo Pyae

6.7 2023 111 mins
The Exorcist: Believer
Justice League: Crisis on Infinite Earths Part One

DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။ အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။ File size…(3 GB)/(1.7 GB)/(866 Mb) Quality….Webrip 4K/1080p/720p Format…mp4 Duration….01:33:00 Genre…Animation, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson

0 2024
Justice League: Crisis on Infinite Earths Part One
Pathfinder
5.4

ဒီဇာတ်လမ်းကတော့ ၁၀ ရာစု Scandinavia ဒေသမှာ ဇာတ်အိမ်တည်ထားပါတယ်။ Ghost ဆိုတဲ့ Viking သင်္ဘောပျက်မှာ တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ကောင်လေးကို နယ်ခံတိုင်းရင်းသားမျိုးနွယ် တွေက ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ တနေ့ကြီးပြင်းလာတဲ့အခါ ထိုမျိုးနွယ်ရဲ့ လက်ရွေးစင် တစ်ဦးဖြစ်လာပြီးတော့ လမ်းကြောင်းရှာဖွေစူးစမ်းသူ (pathfinder) ဖြစ်လာဖို ကြိုးစားလို့နေပါတယ်။ ဒါပေမယ့် ကြမ္မာငင်ချင်တော့ တနေ့မှာတော့ Dragon Men လိုခေါ်တဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ Viking တွေဟာ စစ်ဘုရင် Gunner ရဲ့ဦးဆောင်မှုနဲ့ ထိုဒေသကို ကျူးကျော်နယ်ချဲ့တဲ့ အခါ Ghost ရဲ့ရွာလေးကိုပါ ဖျက်စီးပြီးတော့ လူတွေကိုအကုန်သတ်သွားပါတော့တယ်။ လက်စားချေချင်စိတ်တွေနဲ့ ဖုန်းလွှမ်းနေတဲ့ Ghost တစ်ယောက် ဘာလုပ်မှာလဲ၊ ပြုစုပျိုးထောင်ခဲ့တဲ့ မွေးစားမျိုးနွယ်ဖက်ကိုပါမှာလား ဒါမှမဟုတ် သွေးသားတော်စပ်ပေမယ့် ယုတ်ရင်းကြမ်းတမ်းတဲ့ မျိုးနွယ်ဖက်ကို ပါမှာလား၊ စိတ်ဝင်စားစွာကြည့်ရှုရမှာပါ။ ထိုခေတ်အခါက viking တိုရဲ့ရက်စက်မှုကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားတာကြောင့် သတ်ခန်းဖြတ်ခန်း သွေးထွက်သံယိုတွေတော့များပါတယ်။ Norse ဇာတ်လမ်းတွေ Viking တွေကိုသဘောကျရင်တော့ ဒီဇာတ်ကားကို သဘောကျမှာ သေချာပါတယ်ခင်ဗျာ။ ကြည့်ရှူခံစားကြပါအုံးလိုပဲ အကြံပေးလိုက်ပါတယ်။ File size… 1.7 GB / 686 MB Quality… BluRay Unrated 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by DrZac

5.4 2007 99 mins
Pathfinder
Worlds Apart
7.4

Genre – Drama, Romance IMDB – 7.4/10 တစ်နေရာရာမှာ စစ်ပွဲတွေဖြစ်ရင် အဲ့ဒီ့စစ်ရဲ့အကျိုးဆက်ကို ခံစားရတာက အဲ့ဒီတစ်နေရာတည်းမဟုတ်ပါဘူး။ ကမ္ဘာဟာရွာကြီးလိုဖြစ်လာတဲ့အလျောက် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ တခြားနိုင်ငံတွေကိုပါ မတူညီတဲ့ပုံသဏ္ဍာန်တွေနဲ့ အနည်းနဲ့အများတော့ ရိုက်ခတ်စေမြဲဖြစ်ပါတယ်။ ဒီလိုပါပဲ ၂၀၁၁ လောက်ကတည်းကနေ အခုထက်တိုင်ဆို ၁၃နှစ်ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် တိုင်းပြည်စွန့်ခွာသူတွေအများကြီးရှိခဲ့ပါတယ်။ ဒီလိုတိုင်းပြည်စွန့်ခွာသူတွေဟာ တခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သွားရောက်နေထိုင်ကြရပြီး အများစုဟာ ခက်ခက်ခဲခဲ ရုန်းကန်ကြရပါတယ်။ ဒါမျိုးဟာ သိပ်စိမ်းလှတဲ့အခြေအနေလည်း မဟုတ်တဲ့အလျောက် ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ ဇာတ်လမ်းဘက်ကို သွားရမယ်ဆိုရင်တော့ အပေါ်က ဆီးရီးယားဒုက္ခသည်တွေထဲက အများစုဟာ တဆင့်ခံ တထောက်နားရာနေရာအဖြစ် ဂရိနိုင်ငံထဲကိုခိုဝင်ကြပါတယ်။ ဂရိနိုင်ငံလို့ပြောရင် လူတွေက.. ရှေးခေတ်ဒဏ္ဍာရီတွေ.. အိုလံပစ်ပြိုင်ဂိမ်းကို ပြေးသတိရမှာပါ။ တချို့လည်း သိမှာပေမယ့် အများစု မေ့နေကြမှာက ‘ဒီမိုကရေစီ မွေးဖွားရာနေရာ’ ဆိုတာပါပဲ။ ဒီလို သမိုင်းကြီးတဲ့ ဂရိနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဒဏ်ကို စ,ခံလာရပါတော့တယ်။ အပြန်အလှန်ပါပဲ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေဟာလည်း ဖက်ဆစ်ဆန်လာတဲ့ တချို့သောဂရိနိုင်ငံသားတွေရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတာပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံထားပြီဆိုရင် လက်ခံထားရုံနဲ့မပြီးပါဘူး၊ စီးပွားရေးအပေါ်မှာလည်း အများကြီး ရိုက်ခတ်မှုရှိပါတယ်။ ဥရောပနိုင်ငံချင်းအတူတူဆိုပေမယ့် ရွှေ့ပြောင်းတွေရဲ့ဒဏ်ကို အဲ့လောက်မခံရသေးတဲ့ မြောက်ပိုင်းဥရောပနိုင်ငံကြီးတွေက ဒါကို သဘောမပေါက်တဲ့အလျောက် ဥရောပသမဂ္ဂရဲ့ ဂရိနိုင်ငံအပေါ် စီးပွားရေးမူဝါဒတွေဟာလည်း နိုင်ငံကို ပိုလို့ ကျဉ်းထဲကျပ်ထဲရောက်စေပါတယ်။ ဒီလိုအခြေအနေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို အသေအလဲမုန်းတဲ့ ဖက်ဆစ်ဝါဒီဖခင်တစ်ဦးရယ် .. အကျပ်အတည်းတွေကြောင့် မိသားစုမှာလည်း မပျော်ရွှင်နိုင်တော့တဲ့ အိမ်ထောင်ရှင်မတစ်ဦးရယ်… နိုင်ငံရဲ့ လူမှုစီးပွားချွတ်ခြုံကျမှုတွေကို တိုက်ရိုက်ခံစားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးရယ်…. … သူ့ကို ကယ်တင်ခဲ့တဲ့ ဆီးရီးယားဒုက္ခသည် ပန်းချီကျောင်းသားကောင်လေးကိုမှ ချစ်မိသွားတဲ့ နိုငံရေးမေဂျာလေ့လာနေတဲ့ ကျောင်းသူလေးတစ်ဦးရယ်.. မတူညီတဲ့ မျိုးဆက်တစ်ခုချင်းစီရဲ့ ရုန်းကန်မှုတွေကို ရုပ်ရှင်တစ်ကားထဲမှာတွေ့မြင်ရမှာပါ။ ဒီလိုတွေပြောနေလို့ ဒီကားက ခပ်လေးလေးနိုင်ငံရေးကားကြီးမဟုတ်ပါဘူး။ အရွယ်အပိုင်းအခြားမရွေးတဲ့ အချစ်ကို လက်တွေ့ကျကျချဉ်းကပ်ပြီး ရှေးခေတ်ဂရိဒဏ္ဍာရီတွေနဲ့ နှိုင်းယှဉ်လို့ ပြသသွားပါတယ်။ ဒဏ္ဍာရီတွေကို စိတ်ဝင်စားရင် လေ့လာဖို့အခွင့်အရေးပါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ရသွားနိုင်ပါတယ်။ ဒီ Worlds Apart ရုပ်ရှင်ဟာ ဂရိနိုင်ငံမှာ ၂၀၁၅ ခုနှစ်တုန်းက ရုံဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒေါ်လာ ၄.၈ သန်း ရှိခဲ့ပါသလို ၂၀၁၅-၂၀၁၆ ရာသီအတွက် ဂရိရဲ့ နံပါတ် ၁ ရုပ်ရှင်အဖြစ် တည်ရှိခဲ့ပါသေးတယ်။ မျိုးဆက် ၃ခု အသီးသီးဆီက ဂရိလူမျိုးတစ်ယောက်ဆီနဲ့ နိုင်ငံခြားသားတစ်ယောက်ဆီကြားက မတူညီတဲ့ မေတ္တာတွေဟာ ဇုနတ်ဘုရားက ပေးသနားတဲ့ ‘’ဒုတိယ အခွင့်အရေး’’ရဖို့ ထိုက်တန်သလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော့်။ အညွှန်းရေးသူကတော့ Z ဖြစ်ပါတယ်။ File size… 1.6 GB / 751 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Z

Drama • Romance
7.4 2015
Worlds Apart
Sniper: Ultimate Kill
5.6

ဒီကားလေးကတော့ Sony ရဲ့ နိုင်ငံတကာမှာအောင်မြင်မှုရထားတဲ့ စနိုက်ပါရုပ်ရှင်စီးရီးထဲမှာပါဝင်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Hollywood စတား မိုက်ကယ်ကောလင်း က စနိုက်ပါ ဘရန်ဒန်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ စနိုက်ပါရုပ်ရှင်ကောင်းကောင်းကြည့်ရှုလိုသူတွေအတွက် ချန်မထားသင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်း ************** ဘရန်ဒန် ဟာ အမေရိကန် မရိန်းတပ်ရဲ့ စနိုက်ပါတစ်ယောက်ပါ။ တစ်နေ့မှာတော့ မူးယစ်ဆေးနှိမ်နင်းရေးမစ်ရှင်တစ်ခုအ‌နေနဲ့ ကိုလံဘီယာနိုင်ငံကိုသွားရဖိုဖြစ်လာတယ်။ ကိုလံဘီယာ မူးယစ်ရာဇာ မိုရယ်လေး က ဒီယာဘလို လိုခေါ်တဲ့ ကြေးစား စနိုက်ပါတစ်ယောက်ကိုငှါးပြီး သောင်းကြမ်းနေတယ်။ မူးယစ်နှိမ်နင်းရေး တပ်ဖွဲနဲ့ မိုရယ်လေးတိုအဖွဲ ဘယ်လိုတွေ အပြန်အလှန်နွှဲကြမလဲ… ဘရန်ဒန်နဲ့ ဒီယာဘလိုတိုရဲ့ စနိုက်ပါချင်း နွှဲတဲ့ အက်ရှင်အခန်းတွေကို အမေရိကန်ကားပီပီ အက်ရှင်ခန်းတွေအပြည့်နဲ့ ရှုစားကြရမှာပါ။ တစ်ကားလုံး ပျင်းစရာမရှိအောင် ဇာတ်လမ်းဇာတ်ကွက် အပိုအလိုမရှိ အနှစ်အပြည့်နဲ့ဆွဲခေါ်သွားတာကြောင့် အက်ရှင်ကား ချစ်သူတွေအနေနဲ့ အားလပ်ရက်မှာ ကြည့်ဖို ရုပ်ရှင်တစ်ကား ရှာနေတယ်ဆိုရင်တော့ ဒီကားလေးကိုလည်း ကြည့်ရှုသင့်ပါကြောင်း…. File size…1.76GB / 807MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.6 2017
Sniper: Ultimate Kill
Last Passenger
5.7

ဒီကားလေးတော့ နာမည်အတိုင်း ရထားပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ခရီးသည်တွေအကြောင်းရိုက်ကူးထားတာပါ။ လူး၀စ်က ဆင်ဂယ်အဖေတစ်ယောက်ဖြစ်ပြီး ဆရာ၀န်တစ်ယောက်ဖြစ်ပါတယ်။ အိမ်ပြန်ရထားပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့အသိအကျွမ်းဖြစ်ခဲ့ပါတယ်။ ခရစ်စမတ်အချိန်ဖြစ်တဲ့အတွက် ရထားပေါ်မှာ သူတို့သုံးယောက်နဲ့ အဖွားကြီးတစ်ယောက်ရယ် ဘုကလန့်အဖိုးကြီးတစ်ယောက်ရယ် လူမိုက်လိုလိုရုရှားလူမျိုးတစ်ယောက်ရယ်ပဲကျန်ခဲ့ပါတယ်။ ဆင်းရမယ့်ဘူတာရောက်ပေမဲ့ ရထားကမရပ်တဲ့အခါ အကုန်လုံးခြောက်ခြားပြီး အရေးပေါ်ဘရိတ်တွေအကုန်လိုက်ဆွဲကြည့်ပေမဲ့ တစ်ခုမှအလုပ်မဖြစ်ပါဘူး။ ရထားမောင်းသမားကလည်း တံခါးသွားခေါက်ပေမဲ့ ပြန်မဖြေတဲ့အခါ အကုန်လုံး ရထားမောင်းရဲ့အစီအစဥ်ကို ရိပ်မိပြီး စည်းစည်းလုံးလုံးနဲ့ ရထားပေါ်ကလွတ်မြောက်အောင် ကြံကြပါတော့တယ်။ ဘတ်ဂျက်နည်းကား‌ဖြစ်ပေမဲ့ သည်းထိတ်ရင်ဖိုအရသာအပြည့်ပေးနိုင်တဲ့ကားလေးဖြစ်ပြီး character developmentတွေကအစ ပြီးပြည့်စုံနေတဲ့ကားလေးဖြစ်လို့ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ File size…(2.1 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Action, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

5.7 2013 96 mins
Last Passenger
Love Fool
5.9

ဘဝပေးအခြေအနေအရ ငယ်ငယ်ကတည်းက လူမိုက်တစ်ယောက်ဖြစ်လာပေမယ့် သမာရိုးကျဘဝကိုပဲ တပ်မက်တဲ့ထိုင်ဝမ်လူငယ်တစ်ယောက်ရဲ့ ဘဝဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အားချွမ်ဟာ ဆုန်းရန်ဆိုတဲ့လူမိုက်ခေါင်းဆောင်ဆီမှာ ငယ်ငယ်ကတည်းကခိုလှုံခဲ့ပြီးတော့ သူ့ရဲ့ညီအစ်ကိုရင်းလို့ချစ်ရတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်။ သူကလူမိုက်တစ်ယောက်ဖြစ်ပေမယ့် သာမန်လူတွေလိုပဲ အလုပ်လုပ်ပိုက်ဆံရှာပြီး အိမ်ထောင်ပြုကလေးမွေးပြီး သမာရိုးကျနေနိုင်ဖို့ အိပ်မက်ရှိခဲ့တယ်။ တစ်ရက်မှာတော့ သူတို့အားကိုးရတဲ့အစ်ကိုကြီးဆုန်းရန်ဟာ တခြားလူမိုက်အဖွဲ့ကသတ်တာကိုခံလိုက်ရပြီးတော့ ညီအစ်ကိုတွေက သာမန်ဘဝနဲ့ပဲဇာတ်မြှုပ်နေခဲ့ကြတယ်။ သူတို့ဘဝကိုဒီလိုပဲ သမာရိုးကျနိုင်သွားပြီလို့ထင်ပေမယ့် သူတို့အစ်ကိုကြီးထားခဲ့တဲ့မြေကို ပြန်လည်တည်ဆောက်ရေးအတွက် အင်အားစုတစ်ခုက မျ က်စိကျနေတော့ အားလုံးဟာ မထင်မှတ်ထားတာတွေဖြစ်လာခဲ့တယ်။ ကိုယ့်ရဲ့အရင်းနီးဆုံးသူက ရန်သူဖြစ်လာပြီး သစ္စာဖောက်လာတဲ့အခါ ကိုယ်ချစ်ရတဲ့သူတွေအတွက်အန္တရာယ်ဖြစ်လာတဲ့အခါ အားချွမ်တို့ညီအစ်ကိုတွေဟာ အရင်လမ်းကိုပြန်လျှောက်ဖို့ဖြစ်လာခဲ့ပါတယ်။ အစ်ကိုကြီးထားခဲ့တဲ့မြေကို ကာကွယ်ဖို့အတွက် သူတို့ရဲ့နောက်ဆုံးတိုက်ပွဲဟာ ဘယ်လိုဖြစ်လာမလဲ …… ဂိုဏ်းစတားဇာတ်လမ်းမျိုးတွေကိုကြိုက်တတ်တဲ့ပရိသတ်အတွက် အကြိုက်တွေ့စေမယ့် ထိုင်ဝမ်ကားကောင်းပဲဖြစ်ပါတယ်။

Romance
5.9 2023
Love Fool
My Nanny Stole My Life
5.8

မော်လီကတော့ သမီးလေးမွေးဖွားပြီးတာ သိပ်မကြာသေးတဲ့ မေမေအသစ်ကလေး တစ်ယောက်ပါ။ သူ့ခမြာ မီးဖွားပြီးစ မိခင်တွေခံစားရတတ်တဲ့ စိုးရိမ်ပူပန်တာတွေလည်း ခံစားနေရပြီး သမီးလေးကို အမျိုးသမီးတစ်ယောက်က ခိုးယူသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီးက ခဏခဏနှိပ်စက်နေလို ကလေးထိန်းခေါ် ဖိုကိုလည်း စိုးရိမ်နေပြန်ပါတယ်။ မော်လီရဲ့ အမျိုးသား ဖြစ်သူ နိုအာ ကတော့ ဆရာဝန်နဲ့ပြပြီး ကုသစေပါတယ်။ ဆရာဝန်ရဲ့အကြံပြုချက်နဲ့ မေမေအသစ် ကလေးတွေရှိတဲ့ အွန်လိုင်းအဖွဲမှာ အဖွဲဝင်ကြည့်ရာကနေ မေမေတစ်ယောက်က သူတိုဆီမှာ လုပ်ဖူးတဲ့ နစ်ကီ ဆိုတဲ့ ကလေးထိန်ကို ညွှန်းပေးပါတယ်။ ဒါနဲ့ နစ်ကီကို တွေ့ကြည့်ပြီး လင်မယား နှစ်ယောက်လုံး သဘောကျသွားလို ငှားလိုက်ရာကနေ ဇာတ်လမ်းစတော့တာပါပဲ။ ဒီလို ငှားပြီးတဲ့နောက် မော်လီရဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေက ပိုဆိုး၊ မရှိတာတွေရှိတယ်ထင်ပြီး စိတ်ကယောင်ချောက်ချားတွေ ဖြစ်တော့တာပါပဲ။ နစ်ကီရဲ့ အပြုအမူတွေက သံသယ ဖြစ်ဖို ကောင်းတယ်၊ သူ့ကိုစိတ်ထင်ယောင်ထင်မှားတွေဖြစ်အောင်လုပ်ပြီး ကလေးခိုးဖိုပါကြံနေတယ်လို ခံစားရပေမယ့် သူ့ဘက်မှာဘယ်သူ မှမရှိ၊ အရင်းနှီးဆုံး သူငယ်ချင်း လင်ဆေးကလည်း သူ့ကို နားမလည်နိုင်၊ အားလုံးက သူ့ကိုစိတ်ရောဂါသည်လိုပဲ သတ်မှတ် လာတဲ့နောက် တစ်အိမ်တည်း အတူရှိနေရတဲ့ ကလေးထိန်းရဲ့ လက်ကနေ သမီးကလေးကို မော်လီ တစ်ယောက် ဘယ်လို ကာကွယ်မလဲ၊ အကုန်လုံးထင်နေသလို သူစိတ်ရောဂါ ဖြစ်နေတာလား၊ ဒီလိုတွေဖြစ်အောင် လုပ်နေတဲ့ တရားခံ အစစ်ကကော ဘယ်သူလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ File size… (1.34GB) / (660MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

Action • Crime • Drama • Thriller
5.8 2024 87 mins
My Nanny Stole My Life