YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My.Dear.Gangser.Oppa.S01E07.1080p.CM.mp4

562.7 MB 1080p video/mp4 32 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Family
7.2

A Family (RT 71% , IMDb 7 ) ယာကူဇာ... ယာကူဇာဆိုတာ ကျွန်တော်နဲ့ မစိမ်းတဲ့ စကားလုံးပါ... ဂျပန်နိုင်ငံက လူမိုက်ကြီးတွေပေါ့... ယာကူဇာမှာ အလွှာအမျိုးမျိုးရှိတယ်.. တချို့ဟာ ဂုဏ်သိက္ခာတွေ စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ခြင်းတွေ အစရှိတဲ့ ဂုဏ်ဒြပ်တွေကို ဦးစားပေးတဲ့ လူမိုက်မျိုးနဲ့ ... ငွေရမယ် အာဏာရမယ်ဆိုရင် မူးယစ်ဆေးကအစ ထဲထဲဝင်ဝင်လုပ်ကိုင်တဲ့ ရာဇဝတ်ဂိုဏ်းတွေအထိ အမျိုးမျိုးရှိလို့နေပါတယ်... မည်သို့ပင် ဆိုစေကာမူ ယာကူဇာမှန်သမျှဟာ သာမန်လူ့လောက တရားဥပဒေကို တနည်းတဖုံ ဆန့်ကျင့်ဖောက်ဖျက်နေကြသူတွေသာ ဖြစ်ပါတယ်... ဒီဇာတ်ကားမှာ ယာမာမိုတိုရဲ့ ဖခင်ဟာ ယာကူဇာတွေရဲ့ မူးယစ်သားကောင်ဖြစ်ခဲ့ရပြီး ဆေးသုံးစရာ ခြူးတစ်ပြားတောင် မရှိတော့လို့ ဘဝနိဂုံးကို ကိုယ်တိုင်ချုပ်ခဲ့သူပါ... ယာမာမိုတိုဟာ အဲ့အတွက်ကြောင့် ယာကူဇာနဲ့ သူတို့ရဲ့ မူးယစ်ဆေးဝါးကို အင်မတန်စက်ဆုပ်ရွံရှာနေခဲ့ပါတယ်... ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့် သူဟာလည်း သူမုန်းတီးရတဲ့ ယာကူဇာတစ်ယောက် ဖြစ်လာပါတော့တယ်... ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ ယာကူဇာဂိုဏ်းဖြိုခွင်းရေး ဥပဒေတွေ မပေါ်ပေါက်ခင် အခြေအနေနဲ့ … ဥပဒေပြဌာန်းပြီး ယာကူဇာတွေရဲ့ ဘဝဟာ ဘယ်လောက်တောင် ကြပ်တည်းသေးသိမ်သွားသလဲဆိုတာကို ယာမာမိုတိုကို အခြေတည်ပြီး ဖော်ပြထားတာပါ... ဂျပန်လူ့အသိုင်းအဝိုင်းရဲ့ ဝိုင်းကျဉ်ခြင်းကို ခံရတဲ့ လူမိုက်ကြီးတွေ အကြောင်းကို ရိုက်ကူးပြထားတဲ့ ဒီဇာတ်လမ်းရဲ့ ရိုက်ချက်တွေ ဇာတ်ကွက်တွေက ကြည့်ကောင်းသလား မကောင်းသလား rating တွေကတော့ တစ်ဖက်တစ်လမ်းက ထောက်ပြပေးနေပါတယ်... ယာကူဇာကားတွေ ဂိုဏ်းဂဏကားတွေ ကြိုက်တတ်ရင်တော့ ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2.3GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:10:00 Type__Action, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Drama • Thriller
7.2 2021 136 mins
A Family

အခုမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အုပ်စုဖွဲ့မုဒိမ်းကျင့်ခံလိုက်ရတဲ့ ကောင်မလေးတစ်ယောက်က လက်စားချေဖို့ကြိုးစားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဂျနီဖာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့စာအုပ်ကို တစ်ကိုယ်တည်း လက်စသတ်ချင်တာကြောင့် လူဝီစီယားနား မှာရှိတဲ့ တောထဲကိုလာခဲ့ပါတယ်။ ဒါပေမယ့် လမ်းမသိတာကြောင့် ဆီဆိုင်မှာတွေ့တဲ့လူတစ်ယောက်ကို လမ်းမေးခဲ့ပါတယ်။ အဲဒါဟာ သူသွားမယ့်‌နေရာအကြောင်း လူစိမ်းကို အသိပေးလိုက်သလိုဖြစ်သွားခဲ့ပြီး သူ့ရဲ့တောအုပ်ထဲက အိမ်လေးဆီကို အန္တရာယ်တွေ လိုက်လာခဲ့ပါတော့တယ်။ အဲဒီညမှာပဲ လူတစ်စုဟာ သူ့ဆီရောက်လာကြခဲ့ကြပါတယ်။ သူတို့ဟာ ဂျနီဖာကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြပြီးတော့ သူ့ကိုသေအောင် နေရာမှာတင် ပစ်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ဂျနီဖာဟာ မသေခဲ့ပဲ သူ့ကိုကျူးလွန်ခဲ့တဲ့သူတွေကို လိုက်လက်စားချေဖို့ကြိုးစားပါတော့တယ်။ File Size          : 1.67GB, 803MB Quality            : Blu-Ray 1080p , 720p format            : mp4 Duration         : 1hr & 48mins Genre              : Horror , Thriller Encoded by   Thit San Khant

Horror
null 2010
I Spit on Your Grave
Adarna Gang
6

ဒီကားလေးကတော့ March11ကထွက်ရှိထားတဲ့ ဖိလစ်ပိုင်ကားသစ်လေးပါ။ မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေတဲ့ အင်အားကြီးဂိုဏ်းတစ်ခုမှာ ဂိုဏ်းကိုစတင်တည်ထောင်ခဲ့ချိန်ကတည်းက ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ မူးယစ်ဆေးအရောင်းအဝယ်လုပ်နေစဉ်အထင်လွဲမှုတစ်ခုကြောင့် ဇာတ်လိုက်မင်းသမီးဖြစ်သူAndrianaရဲ့ ဖခင်သေဆုံးခဲ့ရပြီးနောက် ငြိမ်းချမ်းမှုကိုနှစ်သက်ပြီး ဓမ္မတေးတွေသီဆိုလေ့ရှိတဲ့ Andrianaဟာ အဖေဖြစ်သူကို သတ်ခဲ့တဲ့လူကို လက်တုံ့ပြန်ဖို့ဖြစ်လာခဲ့ပြီး ဖခင်ရဲ့သူငယ်ချင်းဖြစ်သူ Patriarch နဲ့သား၃ယောက်က သူ့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတော့တယ်။ အမုန်းရန်ငြှိုးတွေကြောင့် Andrianaနဲ့ Patriarchရဲ့ သားဖြစ်သူ Juanတို့ကြားထဲက အခြေ‌အနေတွေက ပြောင်းလဲသွားဦးမလား Andrianaရဲ့ အစီအစဉ်တွေကရောအောင်မြင်သွားမလားဆိုတာကို အမုန်းတွေ အတ္တတွေအပြည့်နဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ လက်တုံ့ပြန်တာတို့ Female lead Strong ဖြစ်တဲ့ ကားမျိုးတွေကို နှစ်သက်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Action Quality….WEB-DL 1080p and 720p File size…1.5GB and 741MB Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Milkeux Encoder ..... LK

Horror
6 2022 120 mins
Adarna Gang
My Favorite Girlfriend

My Favorite Girlfriend (2022) ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Drama, Comedy ကားကောင်းလေးဖြစ်တဲ့ My Favorite Girlfriend ပါ။ ဇာတ်လမ်းအကျဥ်းကတော့ ကွန်ရတ်ဆိုတဲ့ကောင်ချောလေးဟာ တစ်နေ့မှာ စားဖိုမှူးဖြစ်ချင်သူဆိုတော့ စားသောက်ဆိုင်တစ်ခုမှာ တောက်တိုမယ်ရဝင်လုပ်နေသူတစ်ယောက်ပါ။ သူဟာ သိပ်ဇီဇာကြောင်လွန်းတော့ ဘယ်မိန်းကလေးနဲ့မှ ကြာကြာမတွဲဖြစ်ပါဘူး။ တွဲလိုက်တဲ့သူတိုင်းကိုလည်း ဘာမဟုတ်တဲ့အကြောင်းပြချက်လေးတွေနဲ့ လမ်းခွဲပါတယ်။ ပလေးပါတယ်။ တစ်နေ့သူ့အလုပ်က သူဌေးက တောက်တိုမယ်ရခိုင်းရင်း မိန်းကလေးတစ်ယောက်နဲ့ ဆုံဖြစ်စကားပြောဖြစ် ဖုန်းနံပါတ်ပေးကြပြီး ရင်းနှီးသွားကြတယ်။ အဲဒီမိန်းကလေးနဲ့ date လုပ်ရင်း မိန်းကလေးဟာ ရုတ်တရက် တခြားမိန်းကလေးစရိုက်အသွင် ပြောင်းလဲသွားပါတယ်။ ဒါကိုသူကတော့ နောက်နေတယ်ထင်ပြီး အမှုမဲ့အမှတ်မဲ့ နေလိုက်ပါတယ်။ ကောင်မလေးကလည်း အလန်းဆိုတော့ ကွန်ရတ်ခမျာ ကြွေဆင်းပြီး စိတ်ဝင်စားပါတော့တယ်။ ဒုတိယအကြိမ်ကောင်မလေး ထပ်စရိုက်ပြောင်းချိန်မှာတော့ ဒါဟာ သာမန်မဟုတ်ဘဲ စရိုက်ကွဲစိတ်ရောဂါရှိနေမှန်း သိလိုက်ရပါတော့တယ်။ ဒီလို စရိုက်အမျိုးမျိုးကွဲနေတဲ့ မိန်းကလေးကို ကွန်ရတ်တစ်ယောက် ဘယ်လိုကြောင်မလဲ၊ ဘယ်လိုကူညီမလဲဆိုတာတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဒရာမာကောင်းလေးမို့ လက်မလွှတ်ဖို့ အကြံပြုလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 650MB Quality – 1080p, 720p Format – mp4 Duration – 1H 33Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Chuck

Drama • Romance
0 2022
My Favorite Girlfriend
Baby Shark’s Big Movie

Baby Shark ဆိုတာက Pinkfong ကနေထုတ်ထားတဲ့ Youtube ပေါ်မှာ ကြည့်ရှုသူအများဆုံး ကလေးသီချင်းဖြစ်တယ်ဆိုတာ ကလေးလူကြီးအကုန် သိကြမှာပါ။ သီချင်းရဲ့ဆွဲဆောင်မှုနဲ့ လွယ်ကူမှုတွေကြောင့် တစ်ခါနားထောင်ဖူးရုံနဲ့ နားထဲမှာစွဲစေတဲ့ သီချင်းလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ အဲ့ဒီသီချင်းကိုပဲကာတွန်းဇာတ်ကားအဖြစ် ကလေးလူကြီး အားလုံးကြိုက်မယ့်ပုံစံအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Baby Shark သီချင်းနဲ့ ကိုရီးယားနာမည်ကြီးအဆိုတော်အဖွဲ့ Enhypen တို့ရဲ့ သီချင်း Keep Swimmin’ Through အပါအဝင် သီချင်းကောင်းများစွာပါဝင်တဲ့အပြင် Cardi B နဲ့ Enhypen တို့နဲ့အတူ နာမည်ကြီးအနုပညာရှင်များလည်း ဧည့်သည်အဖြစ် ပါဝင်ထားတဲ့အတွက် ကလေးတွေအပြင် လူကြီးတွေအနေနဲ့လည်း ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမယ့် Animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့ကတော့ သမုဒ္ဒရာရေပြင်တစ်ခုလုံးက ဂီတအားလုံးကိုခိုးယူပြီး သူတစ်ယောက်တည်းလွှမ်းမိုးချင်နေတဲ့ စတားရီးယားနားဆိုတဲ့ကြယ်ငါးမလေးကို Baby Shark တို့အဖွဲ့ ဂီတကိုဂီတနဲ့ပြန်တိုက်ထုတ်ဖို့ကြိုးစားကြပုံကို သူငယ်ချင်း နှစ်ယောက်ကြားက သံယောစဉ်နဲ့ချစ်ခြင်းတွေ ဂီတဆိုတာ ကမ္ဘာကြီးလှပဖို့အတွက် လိုအပ်ကြောင်းတွေကို သီချင်းတွေအများကြီးနဲ့ မပျင်းရအောင်တင်ဆက်ထားတဲ့အတွက် လူကြီးလူငယ်အားလုံး ကြိုက်ကြမယ့် ကာတွန်းကားမျိုးပဲဖြစ်ပါတယ်။ File size…1.58GB / 701MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe

0 2023
Baby Shark’s Big Movie
Wolf Garden

ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် Horror/Thriller ဆန်ဆန်ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ အချစ် စိတ်ပျက်မှု အမှောင်ထုကြားမှာပိတ်မိနေတဲ့လူတစ်ယောက်။ အစကတော့ သူနဲ့သူ့ချစ်သူလေးက ပျော်ပျော်ရွှင်ရွှင်ပဲ လူတွေနဲ့ကင်းကွာတဲ့တောအုပ်လေးထဲက တစ်ထပ်အိမ်လေးထဲမှာ အပူအပင်းကင်းမဲ့စွာနဲ့ဖြတ်သန်းနေတာပါ။ ရုတ်တရက်ကြီး ချစ်သူလေးရဲ့”ရှင်ကျွန်မကို အမြဲတမ်းကာကွယ်စောင့်ရှောက်ပေးမယ်မဟုတ်လား”ဆိုတဲ့စကားက ဘာအဓိပ္ပာယ်လဲ။ သူကတော့ သေချာပေါက်စောင့်ရှောက်ပေးပါမယ်ဆိုပြီး ကတိပေးလိုက်တာပေါ့။ ဒီကတိတစ်ခုကစတင်လာတဲ့သံသရာ။ ဘာလို့ဒီသံသရာစက်ဝန်းထဲမှာပိတ်မိနေတာလဲ ဘာတွေဖြစ်နေတာလဲ ဘာတွေမှားယွင်းနေတာလဲ ငါပြန်တွေ့နေရတဲ့ ငါ့ရှေ့ကိုရောက်တဲ့ချစ်သူလေးက ငါ့ချစ်သူလေးရောဟုတ်ရဲ့လား…ဆိုပြီး ဇာတ်လိုက်နဲ့အတူ ဇာတ်လမ်းထဲမှာဇာတ်ရှိန်အနိမ့်အမြင့်ကို အတူတူလိုက်ခံစားကြည့်ရှူလို့ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားပေးကြပါဦး။ File size…(839 MB)/(421 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2023
Wolf Garden
Alvin and the Chipmunks

ငယ်ဘဝတုန်းက တိရစ္ဆာန်​လေး​တွေနဲ့ လူ​တွေ တွဲဖက်ရိုက်ခဲ့ကြတဲ့ ရုပ်ရှင်​တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။ အဲဒီတုန်းက​ 3D effectဘာညာလည်း မသိနားမလည်​သေးတဲ့ အရွယ်ဆို​တော့ တိရစ္ဆာန် အစစ်​လေး​​တွေကို သေချာသင်​ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့ အကြိမ်​ရေလည်း မနည်းပါဘူး။ ဒီလိုဇာတ်ကား​​တွေထဲမှာ Alvinတို့ ရှဉ့်​လေးသုံး​ကောင်ရဲ့ ဇာတ်ကား​တွေလည်း အပါအဝင်ပါပဲ။ သူတို့ရဲ့ င​မွှေထိုးလုပ်ပုံ​၊ ဗရုတ်ကျပုံ​တွေ၊ သူတို့အသံနဲ့ ဆိုထားတဲ့ သီချင်း​တွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို ​နောက်ပိုင်းမှာ နာမည်ကြီးသီချင်းအ​များစုကို Chipmunks versionလို့ ပြန်ပြီး ဖန်တီးလာတဲ့အထိ ဒီရှဉ့်​လေး​တွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံး အတိုင်းအတာထိ ရှိခဲ့တာပါ။ ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunk ရှဉ့်​လေးသုံး​ကောင်ကို စတင်မိတ်ဆက်​ပေးခဲ့တဲ့ ဇာတ်ကားပါ။ မ​အောင်မြင်တဲ့ ​တေး​ရေးဆရာ ​​ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်​လေး သုံး​​ကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။ ဖိအားများ​နေတဲ့ ​ဒေ့ဗ်တစ်​ယောက် ရှဉ့်​လေး​တွေနဲ့ စ​တွေ့ချိန် သူတို့ရဲ့ ​သောင်းကျန်းမှုကို မခံနိုင်လို့ ​မောင်းထုတ်ခဲ့​ပေမဲ့ မထင်မှတ်ဘဲ သူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီး​နောက် Chipmunkတွေအတွက် ပင်တိုင်သီချင်း​ရေး​​ပေးသူ ဖြစ်လာပြီး ​အောင်မြင်မှု​တွေ ရလာခဲ့ပါတယ်။ ဒါကိုမနာလိုတဲ့ ​တေးသံသွင်းပိုင်ရှင်က ​ဒေ့ဗ်ဆီက​နေ ရှဉ့်​တွေကို လုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့​ရဲ့ကိုယ်ကျိုးအတွက်ပဲ ကြည့်ကာ ရှဉ့်​လေး​တွေကို အသုံးချဖို့ ကြိုးစားခဲ့ပါတယ်။ သူနဲ့ရှဉ့်​လေး​တွေကြားက အထင်လွဲမှု​​တွေကို ​ဖြေရှင်းဖို့ကြိုးစားရင်း ​​ဒေ့ဗ်အ​နေနဲ့ လောဘအိုး producerရဲ့လက်​က​နေ ရှဉ့်​လေး​တွေ လွတ်​မြောက်နိုင်​အောင် ဘယ်လိုကယ်တင်မလဲဆိုတာ သီချင်း မြူးမြူး​လေး​တွေ၊ chipmunk​​လေးတွေရဲ့ချစ်စရာ​ကောင်းတဲ့ သီဆိုပုံ​တွေနဲ့အတူ ခံစားရမှာပါ။ File size… 2.2 GB / 629 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Action • Drama • Thriller • Science Fiction
0 2007
Alvin and the Chipmunks
Garfield: A Tail of Two Kitties
5

ဒီကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Gerfield 1 ရဲ့အဆက်ဖြစ်တဲ့ Gerfield 2 ပဲဖြစ်ပါတယ်… Gerfield ဆိုတဲ့နာမည်ကိုကြားလိုက်ရင် အရမ်းကိုလည်ပြီးကြောင်ပါးဝတတ်တဲ့ လိမ္မော်ရောင်ကြောင်ဖက်တီးကို ပြေးမြင်ကြမှာပဲဖြစ်ပါတယ်…သူ့ရဲ့စကားပြောဟန်တွေနဲ့ ဝနေတဲ့ သူ့ကိုယ်လုံးကြီးက ပရိတ်သတ်တွေကြားမှာ လွန်စွာကိုချစ်စရာကောင်းနေခဲ့ပါတယ်… Gerfield 1 မှာတုန်းက သူဟာသူ့ရဲ့သူငယ်ချင်းအသစ်ဖြစ်တဲ့ ခွေးလေးအိုဒီနဲ့ တွေ့ဆုံခဲ့ပြီးတော့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်…အဲ့နောက်မှာခွေးလေးအိုဒီကို မကောင်းတဲ့လူတွေလက်ကနေပြန်လည်ကယ်တင်ရင်းကနေ သူ့ရဲ့စွန့်စားခန်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်… အခုတင်ဆက်ပေးမယ့် အပိုင်းသစ် Gerfield 2 မှာတော့ ခွေးလေးအိုဒီအပြင် သူ့နဲ့ရုပ်ချင်းလုံးဝတူနေတဲ့ ကြောင်ဘုရင် Gerfield Prince နဲ့ထပ်မံတွေ့ဆုံရမှာပဲဖြစ်ပါတယ်… သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံပြီးတော့ ဘယ်လိုတွေစွန့်စားမှု့တွေလုပ်ကြမလဲ… ဘယ်လိုဟာသတွေထည့်သွင်းရိုက်ကူးထားလဲဆိုတာကတော့ အားလုံးစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်…အားလုံးကြည့်ပြီးကြတဲ့ကားဟောင်းလေးပေမယ့် ”Old but Gold”ဆိုတဲ့စကားအတိုင်း ပြန်လည်သိမ်းဆည်းထားချင်သူများနဲ့ မကြည့်ရသေးတဲ့ပရိတ်သတ်များ ကြည့်ရှု့နိုင်ရန်အတွက်သာဖြစ်ပါတယ်… Gerfield ကတော့ ကျွန်တော့အကြိုက်ဆုံးဇာတ်ကောင်ဖြစ်လို့ Gerfield 1 ကို ကိုယ်တိုင်ဘာသာပြန်ခဲ့ပြီး အခု ညီငယ် Pyae Phyo Hein ရဲ့ ဘာသာပြန်မှု့နဲ့ Gerfield 2 ကိုအားလုံးကြည့်ရှု့နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်…. File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre… Animation, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

5 2006 77 mins
Garfield: A Tail of Two Kitties
American Pie Presents: Beta House
5.3

American Pie Presents ဇာတ်ကားတွေကတော့ နာမည်ကျော် American Pie မူလဇာတ်လမ်းရဲ့ Spin-off ဇာတ်ကားတွေဖြစ်ပါတယ်။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ မူလဇာတ်ကြောင်းနဲ့ဆက်စပ်မှုနည်းပါးသွားပြီး မူလဇာတ်လမ်းထဲက Jim ရဲ့ အဖေဖြစ်သူ လက်ဗင်စတိန်းနဲ့ Stifler ရဲ့ အမျိုးတွေလောက်သာ ပါလာပြီး တစ်ကားကို ဇာတ်လမ်းတစ်ခုစီဖြစ်ပါတယ်။ +++++++++++++++ American Pie Presents: Beta House (2007) ဒီကားကတော့ သူ့ရှေ့ကကားဖြစ်တဲ့ American Pie Presents: The Naked Mile (2006) ရဲ့ အဆက်အနေနဲ့ထွက်ရှိခဲ့တာပါ။ ရှေ့ကကားမှာ အထက်တန်းကျောင်းသားလေး အီရစ်စတစ်ဖ်လာတို့တစ်သိုက် သူ့အစ်ကိုရှိတဲ့ ကောလိပ်ကျောင်းမှာ သွားကဲခဲ့ကြပါတယ်။ ယခုဇာတ်ကားမှာတော့ အိမ်မက်တွေ တကယ်ပြည့်ဝလာပြီလို့ပြောရမလား၊ အဆိုပါကောလိပ်ကို အီရစ်တို့တသိုက် တကယ်တက်ရောက်ခွင့်ရခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းမှာ သိတဲ့အတိုင်း အသင်းငယ်လေးတွေဖွဲ့လေ့ရှိပြီး အဆိုပါအဖွဲ့တွေထဲမှာ Beta House ဟာအတော်လေးကိုနာမည်ကြီးပါတယ်။ ဒါပေမယ့် Beta House နဲ့ အတော်လေးကွဲပြားပြီး ဆန့်ကျင်ဖက် “စဆရက အသင်း” တစ်ခုလည်းရှိနေပါသေးတယ်။ အဆိုပါ စဆရက များဟာ Beta အသင်းကိုဖျက်သိမ်းဖို့ ကြံလာကြပါတော့တယ်။ ဒီလိုနဲ့ နှစ်ဖက်အသင်းဟာ ထိပ်တိုက်တွေ့ဆုံလာပြီး ဘယ်လိုတလွဲတွေနဲ့ ပြိုင်ကြဆိုင်ကြရင်း ဘယ်လိုတွေ ခွီနေရမယ်ဆိုတာ……။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

5.3 2007 89 mins
American Pie Presents: Beta House
The Brutalist
7.9

The Brutalist (2024) IMDb Rating (7.9) / Rotten Tomatoes (94%) အော်စကာ စကာတင် ၁၀ ဆု ဝင်ထားတဲ့ ၂၀၂၄ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခု လာပါပြီ။ မင်းသားကတော့ The pianist နဲ့ လူသိများကြတဲ့ Adrien Brody ပါပဲ။ ဇာတ်လမ်းနာမည်ကတော့ Brutal – ရက်စက်သောဆိုတဲ့ စာလုံးကနေလာတာပါ။ ဒါပေမဲ့ လူ့လုပ်ရပ်နဲ့ဆိုင်တာမဟုတ်ဘဲ Brutalism ဆိုတဲ့ ဗိသုကာသဘောတရားကနေလာတာပါ။ အဆောက်အဦဒီဇိုင်းကို ခပ်ကြမ်းကြမ်းပုံဖော်တာပေါ့။ အလှအပတွေ အကွေ့အကောက်တွေထက် သင်္ချာကျကျ လေးထောင့်ကျကျ ခိုင်ခိုင်မာမာနဲ့ တောင့်တောင့်တင်းတင်း ဆောက်လိုက်တဲ့စတိုင်မျိုးပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒုတိယကမ္ဘာစစ် ချွေးတပ်စခန်းကနေ လွတ်မြောက်လာတဲ့ ဂျူးဗိသုကာပညာရှင်ဟာ အမေရိကန်အိပ်မက်နောက်ကိုလိုက်ရင်း ၁၉၅၀ ကာလ ရှုပ်ထွေးတဲ့လူမျိုးရေးနိုင်ငံရေးတွေကြားမှာ သမိုင်းတွင်တဲ့လက်ရာတစ်ခုကို တည်ဆောက်ခဲ့ပုံကို အခြေခံထားတာပါ။ ဖြစ်ရပ်မှန်မဟုတ်ဘဲ သမိုင်းနောက်ခံ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လက်စလိုတော့သ်ဟာ ဂျူးဗိသုကာပညာရှင်ကြီးတစ်ယောက်ဖြစ်ပြီး ချွေးတပ်စခန်းကနေ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ကို ရောက်လာခဲ့တဲ့လူပါ။ ရောက်ရောက်ချင်း ပရိဘောဂဆိုင်လေးတစ်ခုမှာ အလုပ်လုပ်နေပေမဲ့ မကြာခင်မှာပဲ သူ့လက်ရာဟာ နိုင်ငံတော်အဆင့်ဆိုတာ သဘောပေါက်သွားတဲ့ မီလီယံနာကြီးတစ်ယောက်က ဧရာမစီမံကိန်းကြီးတစ်ခုကိုပေးလာပါတယ်။ အဲဒီအချိန်မှာလက်စ်လိုရဲ့ ဇနီးနဲ့ တူမက အမေရိကန်ကိုတောင် ရောက်မလာနိုင်သေးဘဲ နယ်စပ်မှာ ဒုက္ခရောက်နေခဲ့တာပါ။ ဒီလိုအခက်အခဲတွေ လူမျိုးရေးနိုင်ငံရေးပြဿနာတွေကြားထဲမှာမှ လက်စလိုဟာ သမိုင်းကိုကိုယ်စားပြုတဲ့၊ သူခံစားခဲ့ရတဲ့ချွေးတပ်စခန်းက ဒုက္ခတွေကို ကိုယ်စားပြုတဲ့၊ သူ့ဇနီးနဲ့သူကွဲကွာရတာတွေကို ကိုယ်စားပြုတဲ့ အဆောက်အဦကြီးတစ်ခုကို နိမိတ်သင်္ကေတပေါင်းများစွာနဲ့ မရရအောင် တည်ဆောက်ပါတော့တယ်။ မြန်မာဆန်ဆန်ပြောရရင်တော့ မနူဟာဘုရားလို အကျဉ်းချခံရတဲ့ ခံစားချက်ကို ကိုယ်စားပြုတဲ့ ဗိသုကာလက်ရာမျိုးပါပဲ။ ဒီဇာတ်လမ်းကိုမှ အစ္စရေး ဂျေရုဆလင်သမိုင်းတွေ၊ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံရေးလူမျိုးရေးအမြင်တွေနဲ့ ရောမွှေပြသထားတဲ့ရုပ်ရှင်ဖြစ်လို့၊ ဇာတ်လမ်း သရုပ်ဆောင် ရိုက်ကွက်တွေအားလုံးကလည်း ကောင်းမွန်နေလို့ ဆုပေါင်း ရာနဲ့ချီရပြီး ၂၀၂၅ အော်စကာဆုပေးပွဲမှာ ထိပ်ဆုံးကနေ ဆန်ကာတင်အများဆုံးရုပ်ရှင်၊ အကောင်းဆုံးရုပ်ရှင်ဆု ဆန်ကာတင်အဖြစ် ပါဝင်နေတာပါပဲ။ သမိုင်း ဒရာမာ အေးအေးဆေးဆေးခံစားချင်တဲ့သူတွေရှိရင် အကြိုက်တွေ့မှာပါ။ မူးယစ်ဆေးဝါးနဲ့ အိပ်ရာအခန်းတွေပါလို့ ကလေးတွေ မကြည့်သင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (13.8 GB) / (4.3 GB) / (1.9 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….03:30:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

TV Movie • Comedy • Romance
7.9 2024
The Brutalist
The Silent Planet
5.5

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Sci-fi/ Thriller အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် အခြားသောဂြိုဟ်ပေါ်သို့ အကျဉ်းသားအဖြစ် ပို့ဆောင်ခံရသူ နှစ်ဦးရဲ့ အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်.. Niyya ဟာ အိုဝီယန်ဂြိုဟ်သားအမျိုးသမီးတစ်ဦးက ကောက်ယူ မွေးစားထားတဲ့ ကမ္ဘာဂြိုဟ်သားတစ်ဦးဖြစ်ပါတယ် အိုဝီယန်တွေဟာ ကမ္ဘာဂြိုဟ်ပေါ်ကို စစ်ဘေးဒုက္ခသည်အနေနဲ့ ရောက်လာကြသူတွေဖြစ်ပြီး ကမ္ဘာဂြိုဟ်သားများဟာ လိုလို လားလားကြိုဆိုမှုမရှိခဲ့ပါဘူး စစ်ဘေးရှောင်စခန်းများမှာ ကမ္ဘာဂြိုဟ်သားများရဲ့ နှိပ်စက်ကလူပြုမှု ညှင်းပန်းနှိပ်စက်မှုကိုများ ခံစားကြရတဲ့ အိုဝီယန်တွေကို နေ့စဉ်မြင်တွေ့ပြီး ကြီးပြင်းလာသော Niyya ထံသို့ အလားတူအဖြစ်အပျက်မျိုးဟာ မလွဲမရှောင်သာ ကျရောက်လာခဲ့ပါတော့တယ်. ထိုညှင်းပန်းနှိပ်စက်မှုအတွင်း Niyya ကို မွေးစားခဲ့သူ အိုဝီယန် ဂြိုဟ်သားမိသားစုတို့ အသတ်ဖြတ်ခံခဲ့ရပြီး Niyya ဟာ ကမ္ဘာ ဂြိုဟ်သားမိသားစုအိမ်သို့ ပို့ဆောင်ခံရကာ မွေးစားခံခဲ့ရပါတယ် အိုဝီယန်တွေဟာ ကမ္ဘာဂြိုဟ်သားတွေရဲ့ နှိပ်စက်ကလူပြုမှုကို နေ့စဉ်ခံစားနေရပြီး ၎င်းတို့အားသတ်ဖြတ်မှုကို အစိုးရကလည်း မျက်ကွယ်ပြုပေးထားခဲ့ပါတယ် တစ်ဖက်မှာလည်း အစိုးရဟာ တန်းတူညီတူဆက်ဆံရေးအတွက် တက်ကြွလှုပ်ရှားပေးသူများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနှိပ်ကွပ်နေခဲ့ပါတယ် ကလေးဘဝကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်းခဲ့သူ Niyya ဟာ အစိုးရအဖွဲ့ဝင်တစ်ယောက်ကို လုပ်ကြံကာ လက်စားချေဖို့ကြိုးစား နေစဉ်မှာပဲ အသွင်ယူရဲတစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံရကာ တစ်သက်တစ်ဂြိုဟ်ပြစ်ဒဏ်ကျခံရပါတော့တယ် ဂြိုဟ်တစ်လုံးကို တစ်ယောက်သာပို့ဆောင် ပြစ်ဒဏ်ပေးသော စနစ်မှာ အလွဲအချော်တစ်ခုဖြစ်ခဲ့ပြီး Niyya ရောက်ရတဲ့ဂြိုဟ်မှာ ရှေ့က ပို့ဆောင်ထားပြီးသား သေလူအဖြစ်သတ်မှတ်ထားတဲ့ Theodore တစ်ယောက်နဲ့ အသက်မသေသေးဘဲ တွေ့ရတဲ့အခါမှာတော့… ဒီဇာတ်ကားလေးဟာဆိုရင် နိုင်ငံပျောက်သူ နေရာပျောက်သူ စစ်ဘေးဒုက္ခသည်တွေရဲ့ ဒုက္ခကို အရိပ်အယောင်ပြ တင်ဆက်ပုံ ဖော်ထားပြီး အကျယ်လောင်ဆုံးသောအသံဖြစ်တဲ့ တိတ်ဆိတ်မှုရဲ့ ကြောက်မက်ဖွယ်ရာအသွင်ကို ရုပ်လုံးဖော်ပြထားလို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကြိုက်နှစ်သက်သူ ရုပ်ရှင်ပရိသတ်များ အာသာပြေမြည်းစမ်း ကြည့်ရှုနိုင်ဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…. File size… (1.18 GB) / ( 597 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

TV Movie • Comedy • Romance
5.5 2024 95 mins
The Silent Planet
Taken at a Basketball Game
6.5

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ တုန်းက ထွက်ရှိထားတဲ့ Drama Thriller ဇာတ်ကားလေးပါ။ ဒါရိုက်တာ Ruba Nadda က ရိုက်ကူးထားပြီးတော့ D.B. Woodside, Claire Qute, L.A. Sweeney, Moni Ogunsuyi တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဘတ်စကတ်ဘောပွဲကို သွားကြည့်ကြတဲ့ အဖေနဲ့သမီး သားအဖနှစ်ယောက်ထဲက သမီးဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ အထူးရဲတပ်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အဖေဖြစ်သူဟာ ပြန်ပေးဆွဲသွားတဲ့သူကို ခြေရာခံလိုက်ရင်း မမျှော်လင့် ထားတဲ့အခြေအနေတွေ အခက်အခဲတွေကို ကျော်ဖြတ်ကာ သူ့သမီးကို ဘယ်လိုပြန်လည်ကယ်တင်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ။ သမီးဖြစ်သူအတွက် အတိတ်ကစိတ်ဒဏ်ရာတွေကို ကျော်လွှားရင်း အဖေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို လှလှပပလေး ပုံဖော်ထားပါတယ်။ ဇာတ်လမ်းအသွားက စိတ်ဝင်စားဖို့ကောင်းပြီးတော့ ကြည့်ရှုသူတွေကို အစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။ IMDb မှာ rating ကောင်းကောင်းရထားပြီးတော့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပါ။ File size… (904 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 28m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Comedy • Drama • Family
6.5 2025 88 mins
Taken at a Basketball Game
Jarnail: The Warrior

Khilre Hoye Warke Kudrat (2025)”နွံ” =============================== အသစ်ထွက်ထားတဲ့ ပန်ချာပီစကားပြော လူငယ်ဒရာမာ အချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ပန်ဂျပ်ပြည်နယ်ထဲမှာ မူးယစ်ဆေးကိစ္စတွေဟာ ထိန်းမရသိမ်းမရဖြစ်နေပါတယ်။ ရွေးကောက်ပွဲတွေမှာလည်း မဲဆွယ်အဖွဲ့တွေဟာ မူးယစ်ဆေးဝါးတွေကို ရအောင်ထိန်းချုပ်မယ်ဆိုတဲ့ကတိနဲ့ မဲဆွယ်ကြပါတယ်။ တစ်နေ့မှာတော့ လက်ရှိအာဏာရပါတီရဲ့ ဝန်ကြီး မဲဆွယ်နေတုန်းမှာ ကာရန်ဆိုတဲ့ ပန်းချီဆရာတစ်ယောက်က မူးယစ်ဆေးဝါးတွေကို နောက်ကွယ်ကဖြန့်နေတာ အစိုးရကိုယ်တိုင်ဖြစ်တယ်လို့ အများရှေ့မှာစွပ်စွဲလိုက်တဲ့အတွက် ပါတီကလူတွေက ရန်ရှာလာတာကြောင့် တခြားနေရာမှာ သွားရှောင်ရဖို့ဖြစ်လာပါတယ်။ အဲဒီလိုရှောင်ရင်းတိမ်းရင်း ကူဒရတ်ဆိုတဲ့ ဆေးစွဲနေတဲ့ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက်လုံးရဲ့ဘဝ ပြောင်းလဲဖို့ဖြစ်လာပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

0 2025 86 mins
Jarnail: The Warrior