YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My.Boyfriend.is.Better.S01E07.220506.480p-CM.mp4

287.18 MB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Argentina, 1985
8

~ IMDb - 7.7/10, Rotten Tomatoes - 98% ~ တလောက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲသွားခဲ့တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးဖြတ်သန်းမှု မိုင်တိုင်တစ်ခုကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီရပြီးကာစ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်က တရားဥပဒေဘက်တော်သားတွေရဲ့ အားထုတ်ခဲ့မှုတစ်ခုဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရုံးတင်စစ်ဆေးခဲ့တဲ့ ကာလတစ်လျှောက်လုံးကို မြင်တွေ့ရမှာပါ။ ဒိတ်ဒိတ်ကြဲ စစ်ခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုဖို့ ဆွဲချရှေ့နေအဖြစ်တာဝန်ပေးခံလိုက်ရတဲ့ အစိုးရရှေ့နေ စထရက်စဲရာရဲ့ ရင်ပူစရာတွေကို အတူတူလိုက်ပူပေးလို့ရမယ့်၊ အားတက်စရာတွေကို အတူတူလိုက်ပျော်ပေးလို့ရမယ့်၊ မိသားစုအရေးနဲ့ တရားရေးကြားက ချိန်ခွင်လျှာကို ဘက်စောင်းမသွားအောင် ထိန်းဖို့ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးတဖြစ်လဲ အစိုးရရှေ့နေတစ်ယောက်ရဲ့ အပူမီးတွေကိုလည်း မျှဝေခံစားနိုင်ဦးမယ့် ပစ်ရက်စရာတစ်ကွက်မရှိတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အာဂျင်တီးနား နိုင်ငံရေးကားလေးဖြစ်တဲ့အလျောက် လက်ရှိ အရမ်း Hot ဖြစ်နေတဲ့ "အာဂျင်တီးနား" နဲ့ "နိုင်ငံရေး" ၂မျိုးလုံးကို တစ်ကားထဲမှာ ကြည့်ရမှာမို့ ရှယ်တန်နေပါပြီ။ ဒီနှစ် အောက်တိုဘာလတုန်းကထွက်ခဲ့တဲ့ ဒီကားဟာ လက်ရှိမှာ ဆု ၇ဆုပိုင်ဆိုင်ထားတဲ့အပြင် လာမယ့်နှစ်အတွက် ရွှေကမ္ဘာလုံးဆု (Golden Globes) မှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် အမည်စာရင်းဝင်ထားပြီးပါပြီ။ ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးနိုင်ငံတကာရုပ်ရှင် အကယ်ဒမီဆုအတွက်လည်း လျာထားစာရင်းထဲမှာလည်း ပါဝင်ထားပါတယ်။ ဆိုတော့ ကောင်း/မကောင်း သိပ်ညွှန်းနေစရာ လိုမယ်မထင်တော့ပါဘူး။ အခုမကြည့်သေးဘဲ အကယ်ဒမီနဲ့ ရွှေကမ္ဘာလုံးတစ်ခုခုရပြီးမှ ကြည့်ချင်ရင်တောင် ခုပဲ ကြိုတင်ဒေါင်းထားဖို့မမေ့နဲ့ဦးနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB, 565MB Quality - 1080p, 720p, 480p IMDb Rating - 7.7/10 Format - mp4 Duration - 2H 20Min Genre - Biography, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime
8 2022 141 mins
Argentina, 1985
War Of The God Monsters
5.8

ဒေါက်တာဂင်ဆိုတဲ့လူတစ်ယောက်ဟာ ကမ္ဘာဦးခေတ် ဒိုင်နိုဆောတွေ ပြန်ရှင်လာပြီလို့ ကြေညာချက်ထုတ်ပြန်ပြီးတော့ ပျောက်ကွယ်သွားတဲ့လူပါ။ လူတွေကတော့ ဒီထုတ်ပြန်ချက်ကိုရော သူ့ကိုရော ရူးနေတယ်လို့ပဲ ထင်ခဲ့ကြပါတယ်။ သို့သော်လည်း သတင်းစာတိုက်တစ်ခုဟာ ဒီအကြောင်းကို လိုက်ဖို့အတွက် မိန်းမလှလေးတစ်ယောက်ကို တာဝန်ပေးခဲ့ပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သတင်းရအောင်ယူခဲ့ဖို့လိုတဲ့မိန်းမလှလေးဟာ ဘယ်လိုအကြံတွေထုတ်မလဲ..။ သူတို့တွေ ဘာတွေ ကြုံရလိမ့်ဦးမလဲ..။ ၁၉၈၅ ခုနှစ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အလျှောက် ဇာတ်လမ်းကြောင်းက အတော်လေးကောင်းမွန်နေပြီးတော့ CGI တွေတော့ အတော်လေး အားနည်းနေခဲ့ပါတယ်။ သို့သော်ငြား ပြန်ကြည့်ရင်တော့ လွမ်းစရာပါပဲ။ ငယ်ငယ်တုန်းက ဒီလိုပဲ ကြည့်ရတာကိုး။ ပြောခဲ့တဲ့အတိုင်း CGI တွေ အားနည်းပေမဲ့လည်း ဒိုင်နိုဆောချစ်သူတွေ သဘောကျလိမ့်မယ့်ဇာတ်ကားတစ်ကားပါပဲ။ ဘာကြောင့်လဲဆို...၊ ဇာတ်လမ်းကြောင်း.. ကောင်းတယ်...။ ရသအမျိုးအစား.... စုံတယ်..။ အဲဒီခေတ်အခါက ကြမ်းသင့်သလောက် ကြမ်းခဲ့တဲ့ ဒိုင်နိုဆောတွေကို ကြည့်ပြီးတော့လည်း စိတ်ကျေနပ်ရမယ်။ ဟိုးအရင်ကြာခဲ့ပြီဖြစ်တဲ့ ရုပ်ရှင်တစ်ကားဆိုတော့ လူတိုင်း ကြိုက်ပါလိမ့်ဦးမလား မသိဘူး။ ဒါပေမဲ့လည်း တချို့လူတွေအတွက်ကတော့ ဒီလိုအရည်အသွေးကောင်းတဲ့အဟောင်းတွေ ပြန်ကြည့်ရတာကိုက အရသာပဲကိုး။ အရင်ခေတ်က ရုပ်ရှင်တစ်ကားဆိုပေမဲ့လည်း အရင်လို မှုန်ဝါးဝါးဖြစ်မနေအောင် CM team က Quality ကောင်းကောင်းနဲ့ တင်ဆက်ပေးထားတာမို့ ကြည့်ကြည့်ကြပါဦး။ File size…(2.78GB)  / (1.43GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Mann Htet Myat

Comedy • Drama
5.8 1985 85 mins
War Of The God Monsters
Iris Warriors
5.2

ဘာဆိုဘာမှ လုပ်ပေးဖို့စိတ်ကူးမရှိတဲ့ လူကောင်းပါဆိုတဲ့ ပုဂ္ဂိုလ်တွေကြောင့်ပဲ ဆိုးယုတ်ခြင်းက အောင်လံလွှင့်ထူနိုင်တာပါပဲလေ။ ကောင်းမွန်သန့်စင်ခြင်းအလင်းရောင်က လောကကို အလှဆင်ရုံနဲ့ တာဝန်ကျေပြီလား။ စေတန်နတ်ဆိုးကတော့ အမှောင်ကမ္ဘာမှာ သူ့တာဝန်ကို သူကျေတယ်။ မဆုတ်မနစ် ကြိုးစား၊ စဉ်ဆက်မပြတ်အားထုတ်၊ ကောက်ကျစ်ခြင်းအပြုံးရဲ့ အမှုန်တွေ လေထုထဲကို အဆိပ်ခတ်လို့ သူယုံကြည်ရာသူ့လမ်းကြောင်းကို တည်ဆောက်နေလေရဲ့။ လှပသွားတဲ့လောကကြီးကို ထိုင်ကြည့်ပြီး တာဝန်ကျေပါတယ်ဆိုတဲ့ အထာနဲ့ ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ လူကောင်းကြီး‌တွေ။ ကာကွယ်သူမဲ့နေတဲ့ မြေကမ္ဘာကို သိမ်းပိုက် အမှောင်တိုက်လိုသူတွေကတော့ စက္ကန့်မလပ်အားထုတ်ရင်း ပန်းတိုင်ဆီကို ဖြည်းဖြည်းမှန်မှန် ဝေ့ဝဲပျံသန်းလာနေတုန်း။ အရွယ်မတိုင်ခင်မှည့်တဲ့ ပန်းသီးကိုစားပြီး ကိုယ်ကျင့်တရားလက်ဖက်တစ်ရိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မျက်နှာလုပ်ကြသူတွေကတော့ လေးစားခံဘဝမှာ ယစ်မူးသာယာရင်း တာဝန်တွေမေ့၊ သေနေ့စေ့မှ " မတရားဘူး " ကုန်းအော်ကြတယ်။ ပင်လယ်ပြာတဝှမ်း ရေခမ်းရင်တော့ အသိတရား ရလောက်ရဲ့။ အစွန်းနှစ်ဖက်ဟာ သိပ်ဝေးကွာသလိုလိုနဲ့ သူ့ရဲ့အထိအတွေ့ကို ကျောဖက်မှာ ရှတတခံစားရတာမျိုး။ အမုန်းတရားနဲ့ အဆုံးထိသွားမယ်ဟန်ပြင်မှ နှလုံးသားတောင့်မှာ မသိလိုက်ဘဲ ဖုန်တက်နေတဲ့ မောင်မင်းကြီးသားထရှုပ်လို့ မျက်ရည်ပေါက်ပေါက်ကျရတာကလည်း မြေကြီးကိုလက်နဲ့ပုတ်လို့ လက်သာကျိုးသွားမယ့်အဖြစ်ပဲပေါ့။ ရင်ကဖြစ်လို့ ရင်နှစ်သည်းချာဆိုမလား။ ရန်သူလို ရန်ငြိုးထား ကျောင်းတော်က ရန်စလို ကမ္ဘာပြိုတဲ့အထိ အမုန်းတွေ မအိုတာလည်း ကြုံဖူးကြမယ်ထင်ပါရဲ့။ ဒီဇာတ်လမ်းက မဆန်းပါဘူးဗျာ။ မြေတိုက်တစ်ခန်းမှာ ကလေးတသိုက်နဲ့ အထိန်းတော်တစ်ယောက် ဗုံးမိုး ခိုနေကြတဲ့ တစ်ခန်းစာပါပဲ။ ကိုယ်တိုင်ကြောက်တာထက် ကိုယ်ကြောက်နေတာကို သိသွားမှာ ပိုကြောက်ရတဲ့အဖြစ်က မှိုဟင်းစားရင်း ငရုတ်သီးစပ်တဲ့အဖြစ်ပဲဗျ။ အမူအယာကိုဖုံးဖိရင်း တဂျိမ်းဂျိမ်းကျနေတဲ့ ဗုံးသီးတွေအောက်မှာ မတစ်ထောင်သားသမီးတွေကို ပုံပြင်ဖတ်ပြရနေရတဲ့ အပျိုရည်တောင် မပျက်လောက်သေးတဲ့ ကောင်မလေးက ရဲရင့်တယ်ခေါ်မလား။ ကြံရာမရ ကောက်ရိုးတစ်မျှင်ဆွဲတယ် ခေါ်မလား။ ပုံပြင်ဆိုတော့ ပုံကို လိုအပ်သလို ပြင်ထားတာဖြစ်မှာပေါ့။ အကောင်းနဲ့အဆိုး တိုက်ခိုက်ကြတဲ့အခါ အကောင်းကပဲ နိုင်လေသတည်းတဲ့။ စာအုပ်ထဲကထွက်လာတဲ့ မှော်ပရိုဂျက်တာမှာ မှော်ဆန်တဲ့ ကကွက်တွေ ပုံဖော်၊ အံ့မခန်းတဲ့ နောက်ခံဂီတကတော့ အဖန်တရာ ဖန်အပ်သော ဝါဂွမ်းကို အဖန်တရာစစ်အပ်သော ဆီထဲနှစ်သကဲ့သို့ပေါ့။ ဘဲလေးအကကြိုက်သူ‌တွေကတော့ ရတနာပုံဆိုက်တာပဲဗျာ။ ပုံပြင်လေးကို ဘဲလေးအကနဲ့ သရုပ်ဖော်သွားတာမြင်တော့ ရာမဇာတ်တော်ကြီးကိုတောင် သတိရမိသေး။ ရောင်စဉ်ခုနှစ်သွယ်ကို ပုံဖော်ကြတဲ့ ရောင်စဉ်ခုနှစ်မျိုး မိတ်ကပ်မျက်နှာလှလှ‌လေးတွေ၊ ‌အမှောင်သခင်မရဲ့ မဟူရာဆန်တဲ့အလှနဲ့ကျက်သရေတွေက ဒီဇာတ်ကားရဲ့အနှစ်သာရပေါ့။ ဇာတ်ကားနာမည်လေးက "ရောင်စဉ်ခုနှစ်ဖော် စစ်သည်တော်" ပါတဲ့... (ဇာတ်ကားအညွှန်းကို Arr Khun Winchester မှ ရေးသားပေးထားပါတယ်) Size - 1.53GB, 720MB, 330MB Quality - WEBrip 1080p, 720p, 480p Duration - 1Hr 20mins Subtitles - Myanmar Hardsub Format - MP4 Genre - Family, Fantasy, Musical Translated by Arr Khun Winchester Encoded by Y

Action • Fantasy • Romance
5.2 2022 107 mins
Iris Warriors
Corner Office
6

ကိုယ်လုပ်နေရတဲ့ရုံးအလုပ်တွေမှာ စိတ်တွေမွန်းကြပ်လွန်းလာရင် တချို့လူတွေကစိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ဒီ Corner Office ဆိုတဲ့ကားထဲက အော်ဆန်ဆိုတဲ့လူရဲ့စိတ်ထွက်ပေါက်ကတော့ အရမ်းထူးဆန်း လွန်းပါတယ်။ အော်ဆန်က သူ့ရဲ့ရုံးအသစ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ဘယ်သူမှမသုံးတဲ့ အခန်းတစ်ခန်းကိုတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့သူအဲ့ဒီအခန်းထဲကို သုံးလေးခေါက်ဝင်ပြီးတဲ့နောက်မှာတော့ အဲ့ဒီအခန်းကိုအရမ်းစွဲလမ်းသွားခဲ့ ပါတော့တယ်။ အဲ့ဒီအခန်းကသူ့အတွက်စိတ်ကိုအေးချမ်းစေပြီး အလုပ်တွေ လုပ်ရတာ ပိုကောင်းစေတဲ့ အခန်းတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့လုပ်ငန်းခွင်က လူတွေ အားလုံးရဲ့ အဝေးကိုထွက်သွားစေနိုင်တဲ့စိတ်ထွက်ပေါက်လေးပဲဖြစ်ပါတယ်။ ပြဿနာလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒီအခန်းက အမှန်တကယ်မရှိပါဘူး။ အော်ဆန်ကတော့ အဲ့ဒီအခန်းကိုစိတ်ကြိုက်ဝင်ထွက်သွားလာနေပေမဲ့ တခြားလူတွေကတော့ အဲ့ဒီအခန်းနေရာမှာ နံရံကြီးတစ်ခုကိုပဲ မြင်ရပြီးတော့ သူအခန်းထဲဝင်သွားတယ်ဆိုတာလဲ နံရံကြီးရှေ့မှာကြောင်တောင်တောင်ကြီး မတ်တပ်ရပ်နေတာကိုပဲ မြင်ရတာဖြစ်ပါတယ်။ဒီလိုနဲ့အော်ဆန်က သူ့ရဲ့လုပ်ဖော် ကိုင်ဖက်တွေအပြင် သူဌေးနဲ့ပါပြဿနာတွေတက်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်း သူပြောပြောနေတဲ့ အခန်းထဲကိုသွားပြီးအလုပ်တွေကြိုးစားလိုက်တဲ့အခါမှာ သူဌေးကသဘောကျပြီးရာထူးတွေဘာတွေတက်သွားပြီး နောက်မှာ သူ့ရဲ့အဲ့ဒီအခန်းကို စွဲလမ်းစိတ်က ပိုပြင်းထန်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို Storytelling ပုံစံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.19GB / 407MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance
6 2022 102 mins
Corner Office
Tokyo Revengers 2 Part 1: Bloody Halloween – Destiny
6.5

Tokyo Revengers 2 Part 1: Bloody Halloween – Destiny (2023) Anime ရော Manga ပါ နာမည်ကြီးခဲ့တဲ့ Tokyo Revengers 2 ရဲ့ Live Action ထွက်ရှိလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ Takemichi ဟာ သူ့မျက်စိရှေ့မှာတင် Tokyo Manjikai ဂိုဏ်းက သူ့ချစ်သူ Hinata ကို သတ်သွားတာကို မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ Takemichi တစ်ယောက် ချစ်သူကိုကယ်တင်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ဆီကို အချိန်ခရီးသွားခဲ့ပါတော့တယ်။ Hinata ကို ကယ်တင်ဖို့ အတိတ်ကအဖြေကို ရှာဖွေရမယ့် Takemichi ဟာ တကယ့်‌အဖြေကို တွေ့ရှိသွားချိန်မှာတော့…။ Tokyo Manjikai ဂိုဏ်းကို တည်ထောင်ခဲ့သူ လူ ၆ ယောက်ရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်နဲ့ဆက်စပ်နေတဲ့ အဲဒီအဖြေကို Takemichi တစ်ယောက် ဘယ်လိုကိုင်တွယ်သွားမလဲ။ သူ့ချစ်သူ Hinata ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာမို့ Tokyo Revengers ပရိသတ်ကြီး လက်လွှတ်မခံကြနဲ့ဦးနော်။ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p File size… 1.2GB | 644MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe & Khaing Encoder ….. Aaron

6.5 2023
Tokyo Revengers 2 Part 1: Bloody Halloween – Destiny
The Hyperions

“ဟိုက်ပါရီရန်များ” 2022 မှာထွက်ရှိထားတဲ့ စူပါဟီးရိုး parody ဟာသကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ၁၉၇၉ မှာ တည်ထားပြီး ကျွန်တော်တို့မြင်နေကျ အခုခေတ်ကားတွေလို ရိုက်ထားတာ မဟုတ်ဘဲ ကျွန်တော်တို့ ငယ်ငယ်က အခွေနဲ့ကြည့်လို့ကောင်းခဲ့တဲ့ B-movie တွေလိုမျိုး ဇာတ်ကားပါ ဇာတ်လမ်းအကျဥ်းကတော့ ၁၉၆၀ မှာ ပရော်ဖက်ဆာ ရက်ကတ်စ်ဆိုသူက စူပါ ပါဝါတွေ အသုံးပြုလို့ရတဲ့ Titan တံဆိပ်ကို တီထွင်ခဲ့ပြီး ဟိုက်ပါရီရန်(The Hyperions) ပရောဂျက်ကို တည်ထောင်ခဲ့ပါတယ် ပထမဆုံး Hyperions တွေဖြစ်ကြတဲ့ ဗစ်စတာနဲ့ အန်ဆယ်တို့နှစ်ယောက်က တစ်နေ့မှာ ရာထူးက ရပ်ဆိုင်းခံလိုက်ရပြီး Titan Badge တွေ ရုတ်သိမ်းခံလိုက်ရပါတယ် … Hyperion မျိုးဆက်သစ်တွေနဲ့ ရှေ့ဆက်လာခဲ့ရာကနေ တစ်နေ့တော့ ဗစ်စတာနဲ့ အန်ဆယ်တို့ မောင်နှမက Hyperion ပြတိုက်ကို ဝင်စီးပြီး ဓားစာခံတွေ ဖမ်းထားပါတယ် ပရော်ဖက်ဆာ ရက်ကတ်စ်ကို ခြိမ်းခြောက်ပြီး ဓားစာခံတွေကို Titan Badge တွေနဲ့ ပြန်လဲဖို့ လုပ်တဲ့အခါမှာ… တစ်ချိန်က သားအဖအရင်းလို ဆက်ဆံရေးရှိခဲ့တဲ့ ပရော်ဖက်ဆာနဲ့ ဗစ်စတာတို့ ဘယ်လို တင်းမာမှုတွေ ဖြစ်လာမလဲ သူတို့နှစ်ယောက်ရဲ့ လူတွေမသိတဲ့ တကယ့်အကြောင်းရင်းက ဘာလဲဆိုတာကိုတော့… DVD/EVD ခေတ်က ဘတ်ဂျက်နည်း B ရုပ်ရှင်တွေရဲ့ အရသာကို ပြန်လည်ခံစားနိုင်မယ့် ဒီကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဘာသာပြန်ကတော့ Sike Tanဖြစ်ပါတယ်။ File size…(1.8 GB)/(536 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Action, Science Fiction, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Crime • Thriller
0 2022
The Hyperions
Ayalaan
6.3

Ayalaan 2024 ချစ်သောဤကမ္ဘာ IMDb – 6.4 ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ကိုဗစ်‌ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။ တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊ သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင် တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆို တစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။ ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကို ကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့ အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။ ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်း လည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့ မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကို ကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ… သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့ တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်း အလွဲလေးတွေကြုံရမလဲဆိုတာ ကြည့်ရှုခံစားရင်း ဘဝအမောတွေဖြေဖျောက်လိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.3 2024 156 mins
Ayalaan
Thirteen

IMDb rating- 6.8/10 Award – 14wins & 49nominations ဒီကားလေးကတော့ နာမည်အတိုင်းပဲ ၁၃နှစ်အရွယ် ကောင်မလေးနှစ်ယောက်အကြောင်းကိုရိုက်ထားတဲ့ ဒရာမာကားလေးပါ။ မြီးကောင်ပေါက်အရွယ်တွေက သစ်ရွက်လှုပ်ရင်တောင် စိတ်လှုပ်ရှားတတ်တဲ့အရွယ်တွေဖြစ်ပြီး မိုက်ရူးရဲဆန်တတ်ကြတဲ့အရွယ်ပါ။ ထရေစီက အစတုန်းတော့ စာတော်ပြီးလိမ္မာတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူနဲ့အတူနေတာပါ။ ကျောင်းမှာ အီဗီဇိုမိုရာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ပေါင်းမိပြီး နောက်မှာတော့ အလစ်သုတ်တာ ခိုးတာ ဆေးသုံးတာနဲ့ လိင်ကိစ္စတွေကိုပါ အစုံလုပ်လာခဲ့ပါတယ်။ ဒီကားလေးက လက်တွေ့ဆန်ပြီး တချို့ဇာတ်၀င်ခန်းတွေက တော်တော်disturbing ဖြစ်ပါတယ်။ သရုပ်ဆောင်နှစ်ယောက်ကလည်း အဲဒီအချိန်မှာ ၁၄နှစ်သာရှိကြပါသေးတယ်။ ပြီးတော့ အီဗီအဖြစ်သရုပ်ဆောင်တဲ့ Nikki Reedက ဒီကားဇာတ်ညွှန်းကို co-writerအဖြစ် ပါ၀င်ရေးသားထားပြီး သူ့ဘ၀တစ်စိတ်တစ်ပိုင်းကိုထည့်ရေးသားထားတာပါတဲ့။ ဆုတွေလည်းအများကြီးရထားတဲ့အပြင် အော်စကာဆုတစ်ဆုအတွက်လည်း ဆန်ခါတင်၀င်ထားပါသေးတယ်။ (ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ကိုယ်လုံးတီးဇာတ်၀င်ခန်းအချို့ကြောင့် Rated-Rအမျိုးအစားဖြစ်ပါတယ်။) File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama, Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

Drama
0 2003
Thirteen
Alien³
6.4

Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ…..အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်…..ထွက်ရှိပြီးသားကားတွေကတော့…… (1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) – အကြည်မထွက်ရှိသေး….. Timeline အရကြည့်မယ်ဆိုရင်တော့….. (1) Prometheus (2012) – 2093 (2) Alien: Covenant (2017) – 2104 (3) Alien (1979) – 2122 (4) Alien: Romulus (2024) – 2142 [အကြည်မထွက်သေး] (5) Aliens (1986) – 2192 (6) Alien³ (1992) – 2197 (7) Alien Resurrection (1997) – 2381 တို့ဖြစ်ပါတယ်……Alien: Romulus (2024) ကလွဲပြီး ကျန်၆ကားလုံးကို CM မှာတင်ဆက်ထားပြီးဖြစ်လို့ ကြည့်ရှုအားပေးနိုင်ပါပြီ….. ***************************************************************************************************************** ဂြိုဟ်တစ်ဂြိုဟ်ပေါ်မှာ တစ်သက်တစ်ကျွန်းကျနေတဲ့ ထောင်သားတစ်စုဆီ လူသာားစားဂြိုဟ်သားတစ်ကောင်နှင့် မိန်းမတစ်ယောက်ပါတဲ့ ယာဉ်ပျံ ပျက်ကျလာတဲ့အခါ…… ဇာတ်လမ်းအကျဉ်း အနာဂါတ်ကာလမှာ အစိုးရက ဆိုးရွားရက်စက်တဲ့ မုဒိန်းကောင်တွေ လူသတ်သမားတွေ ရာဇဝတ်ကောင်တွေ အယောက်သုံးဆယ်လောက်ကို လူသူအရောက်အပေါက်မရှိတဲ့ ဂြိုဟ်သိမ်တစ်ခုမှာ အလုပ်ကြမ်းနဲ့ အကျဉ်းချထားခဲ့ပါတယ်။ တနေ့မှာတော့ သူတို့ဆီကို ယာဉ်ပျံတစ်စီး ပျက်ကျလာခဲ့ပြီး မိန်းမတစ်ယောက်ကလွဲလို့ ယာဉ်ထဲက စီးနင်းလိုက်ပါသူအားလုံး သေဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့က ဒီမိန်းမကို ကယ်တင်ထားပြီး သူ့ကို လာခေါ်မယ့် ကယ်ဆယ်ရေးယာဉ်ကို စောင့်နေခဲ့ပါတယ်။ သူတို့မသိလိုက်တာက ဒီယာဉ်ထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ အသားစား ဂြိုဟ်သားတစ်ကောင်ပါလာတာကိုပါပဲ။ ဒီယာဉ်ပေါ်က လူတွေသေပြီး ပျက်ကျခဲ့တာ ဒီအကောင်ကြောင့်လား ဒါဆို ဘာလို့ ရှင်ကျန်တဲ့ မိန်းမတစ်ယောက်ကို မသတ်ပဲထားခဲ့တာလဲ၊ ဒီဂြိုဟ်သားက ဘယ်လိုလုပ် ယာဉ်ပေါ်ရောက်လာတာလဲ၊ ဒီဂြိုဟ်သားရန်က ထောင်သားတွေ ဘယ်လိုလွှတ်မြောက်အောင် ကြံကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် သိပ္ပံဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2.5 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:54:00 Genre… Action, Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.4 1992
Alien³
Ghost House
4.7

ဒီရုပ်ရှင် ကားဟာ ထိုင်းနိုင်ငံတွင် ရိုက်ကူးထားတာ ဖြစ်ပြီး ယုံကြည်မှု တစ်ခုကို အခြေခံထားတဲ့ ကြောက်မက်ဖွယ်ရာ ကျိန်စာသင့် အိမ်တွေ အကြောင်းဖြစ်ပါတယ် ဒါနဲ့ သက်ဆိုင်တဲ့ အနေအထား ပြောရရင် ကျနော်တို့ မြန်မာနိုင်ငံမှာ သစ်ပင်တွေ အိမ်တွေမှာ နတ်စင်တွေ ထားရှိပြီး ယုံကြည်စွာ ကိုးကွယ်ကြပါတယ် ထိုင်းတွေမှာလဲ နတ်စင်တွေ ရှိပါတယ် ဒါပေမယ့် သူတို့ကတော့ နတ်စင် လို့ မသုံးနှုန်းပါဘူး သေတဲ့သူတွေ ခိုကိုးရာ ရဖို့ ဝိဉာဉ်အိမ် (Ghost House) တွေလို့ သုံးနှုန်းတာကို အခုမှ ကျနော်လဲ သေချာသိပါတယ် ထိုင်းနိုင်ငံရဲ့ Shopping Mall တစ်ချို့မှာ ဆိုလျင် ထိုမြေပိုင်ရှင်များကို နတ်ကွန်း (Ghost House ) များဖြင့် အမွှေးတိုင် ပူဇော် ဆီမီးပူဇော် အစားအသောက်များ ကပ်ရုံ မကပဲ သူတို့ ကြိုက်နှစ်သက်သော ရှေးဟောင်း ထိုင်းသီချင်းများကိုပါ ဖွင့်ပေးထားရသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရဖူးပါတယ် ထို (Ghost House ) များအတွင်းတွင်လဲ ပုံတူ ရုပ်ထုများကို ထည့်သွင်းထားသည်ကို တွေ့ရှိရပါတယ်။ သေချာ တွေးရင်တော့ သရဲမွေးထားတယ်လို့ စဉ်းစားမိပြီး ကျောချမ်းမိပါသေးတယ် ? အခု တင်ပေးတဲ့ Ghost House ဆိုတဲ့ Horror ရုပ်ရှင်ကတော့ 2017 တွင် ထွက်ရှိထားတာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ Ghost House ကျိန်စာကို သေချာ ရှင်းပြထားတဲ့ ရုပ်ရှင်ကားလို မြင်မိပါတယ် Review လေးကိုတော့ သေချာဖတ်ပြီးမှ ရုပ်ရှင်ကိုကြည့်ပါနော် ============================================== ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ရှိလာတဲ့ ချစ်သူနှစ်ဦး ဂျင်မ် နှင့် ဂျူလီယာ တို့ဟာ ဂိုဂို လို့ ခေါ်တဲ့ ဧည့်လမ်းညွှန်လေး နှင့်သိကျွမ်းကာ ဟိုတယ် တစ်ခုမှာ တည်းခိုရင်း ထိုင်းနိုင်ငံရဲ့ လှပတဲ့ ရှုခင်းများ ရိုးရာ ဓလေ့များကို လေ့လာခဲ့ကြပါတယ်… ဂျင်မ် ကတော့ ဂျူလီယာ ကို အရိပ်တကြည့်ကြည့်ဖြင့် ချစ်မြတ်နိုးသူ ဖြစ်ပြီး ချစ်သူ ဂျူလီယာ ကတော့ ဒီခရီးစဉ်ကို စိတ်လှုပ်ရှားပျော်ရွှင်နေပြီး ကင်မရာ တစ်လုံးဖြင့် ကောင်းကောင်းအလုပ်ရှုပ်နေခဲ့ပါတယ်…. တစ်နေ့မှာတော့ ကော်ဖီဆိုင်တစ်ခုတွင် ဂျင်မ် မှ ဂျူလီယာ ကို စေ့စပ်လက်စွပ် ပေး၍ လက်ထပ်ခွင့် တောင်းခဲ့ပါသည် ပျော်ရွှင်နေသော ချစ်သူနှစ်ဦး ဟိုတယ် သို့ အပြန် သူတို့ တည်းခိုနေသည့် ဟိုတယ်တွင် ဗြိတိန် နိုင်ငံသား ၂ ယောက်ဖြင့် သိကျွမ်းကာ မိတ်ဆွေ တွေဖြစ်သွားကြပါတယ် ထိုနှစ်ယောက်မှာ ရောဘတ် နှင့် ရီနို ဖြစ်ပြီး ထိုကဲ့သို့ လက်ထပ်ခွင့်ရရှိတဲ့ အတွက် ဂုဏ်ယူကြောင်း ဒီ တစ်ညတော့ သူတို့ ၂ ဦး ဒကာခံမည်ဟု ဆိုကာ ဂျင်မ် နှင့် ဂျူလီယာ တို့အား Night Out ခေါ်သွားပြီး စကားစပ်မိ၍ ဂျူလီယာ ဓါတ်ပုံရိုက်ကူးရန် နတ်စင် များစွာ ရှိကြောင်း အမှတ်တရ ဖြစ်စေရန် လိုက်ပို့မည်ဖြစ်ကြောင်း ပြောကာ ထို့ညမှာပင် တောအုပ်တစ်ခု အတွင်း စွန့်ပစ်ထားသော နတ်စင်များ ရှိရာသို့ စတင် ထွက်ခွာခဲ့ပါတော့တယ်… ထိုခရီးစဉ်သည် ဂျူလီယာ အတွက် အထူးအဆန်းများစွာ တွေ့ရမည်လား ထိတ်လန့်တုန်လှုပ်စရာများ ကြုံရမည်လား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါကြပါရန်….

Drama • Romance
4.7 2017 92 mins
Ghost House
After Midnight
5.5

After Midnight (1989) ================ အလီဆင်နဲ့ရှရဲဆိုတဲ့ ကောလိပ်ကျောင်းသူလေးနှစ်ဦးဟာ အက်ဒွပ်ဒဲရတ်ခ် ဆိုတဲ့ထူးဆန်းပြီးပဟေဠိဆန်တဲ့ ဆရာအသစ်တစ်ယောက်ကသင်ကြားတဲ့ အကြောက်တရားစိတ်ပညာဆိုတဲ့အတန်းကိုတက်ဖို့ရွေးချယ်ခဲ့မိကြပါတယ်။ ဆရာရဲ့တမူထူးခြားတဲ့သင်ကြားပုံနည်းစနစ်ကြောင့် ပထမဆုံးအတန်းချိန်မှာပဲ ကျောင်းသားတစ်ဦးအကြောက်လွန်ပြီးအရှက်ကွဲတဲ့အထိဖြစ်သွားခဲ့တဲ့အ တွက် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ပရော်ဖက်ဆာဒဲရတ်ကို သင်ရိုးအတိုင်း သင်ကြားဖို့ကန့်သတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ပရော်ဖက်ဆာဒဲရတ်က တကယ့်အကြောက်တရားဆိုတာကို တွေ့ကြုံခံစားချင်တဲ့ ကျောင်းသားတွေအနေနဲ့ သူ့အိမ်ကိုလာနိုင်ကြောင်း ဖိတ် ခေါ်ခဲ့ပြီးနောက် ရောက်လာကြတဲ့ ကျောင်းသားတစ်စုနဲ့ ထိတ်လန့်ဖွယ်ဇာတ် လမ်းသုံးခုကို အကြောက်တရားသင်ခန်းစာအဖြစ်ဖလှယ်ပြောပြကြပါတော့ တယ်။ အဲ့ဒီအချိန်မှာပဲ သူတို့မသိလိုက်တာကတော့ ပထမဆုံးနေ့မှာအရှက်ကွဲ သွားခဲ့တဲ့ကျောင်းသားဟာ ဆရာ့ကိုလက်တုန့်ပြန်ဖို့ ပုဆိန်တစ်လက်နဲ့ချောင်း မြောင်းနေပြီဆိုတာပါပဲ။ Creepshow တို့ Tales From the Darkside တို့လို Horror Anthology တစ်ကားဖြစ်ပြီး၊ လူသိနည်းတဲ့ဇာတ်ကားကောင်းတစ် ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.42 GB) / (675 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Alias Encoder……….SWM

5.5 1989
After Midnight
The Fire Inside

The Fire Inside ဇာတ်ကားက စိတ်ဝင်စားဖွယ်ရာ ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်ကောင်အဓိကကတော့ သူရဲ့အိပ်မက်ကို လိုက်ချင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ််။ သူဟာ လက်ဝှေ့လောကမှာ အောင်မြင်ချင်တဲ့သူဖြစ်ပြီး၊ အခက်အခဲတွေကြုံရပါတယ်။ ဒါပေမယ့် သူဟာ စိတ်အားထက်သန်တွေ လျော့သွားတတ်သူမဟုတ်ပါဘူး။ သူရဲ့ရင်ဆိုင်မှုတွေကိုကြည့်ပြီး တော့ပြန်ပြီးစိတ်အားထက်သန်လာအောင် လုပ်ပေးနိုင်တဲ့ဇာတ်ကားပါပဲ။ ဒါရိုက်တာ ရေချယ် မော်ဆန်က ဇာတ်လမ်းကို တင်ဆက်ရာမှာ ရှုခင်းတွေ၊ စိတ်ကူးတွေအပြည့်အဝ ထည့်သွင်းထားပြီး မိန်းကလေးရဲ့ စိတ်အခြေအနေတွေကို ခံစားရစေပါတယ်။ ဇာတ်ကောင်ရဲ့ရင်ဆိုင်မှုတွေက ပရိသတ်ကို လည်းဘယ်လိုကျော်လွှာရမလဲဆိုတာမျိုးကို အားဖြစ်စေခဲ့တယ် လမ်းပြတဲ့သူ ကိုယ်စားပြုပေးတဲ့သူတစ်ယောက်ဖြစ်ပေးခဲ့တယ်။ ဒီဇာတ်ကားဟာ လူတိုင်းရဲ့ အိပ်မက်တွေနဲ့ ရင်ဆိုင်ကြိုးစားနေတဲ့သူတွေအတွက် အဓိပ္ပာယ်ရှိပါတယ်။သူဟာ အခက်အခဲတွေကို ကျော်လွှားပြီးတော့ လက်တွေ့ကျတဲ့ အောင်မြင်မှုတစ်ခုကိုရရှိခဲ့ပါတယ်။ အခက်အခဲတွေကြောင့် ဘယ်လို မချိုးမလှဖြတ်လို့မရတဲ့အခါမျိုးမှာလည်း အောင်မြင်ဖို့အတွက်မဖြစ်မနေကြိုးစားနေခဲ့တယ်။ “The Fire Inside” ကတော့ အိပ်မက်တွေကို ယုံကြည်စွာလိုက်ခဲ့တဲ့သူတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ပေးတဲ့ ဇာတ်ကားတစ်ကားပါပဲ။ အားလုံးကိုလည်းကြိုးစားလာဖို့အတွက်အားဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ Imdb rating 7-10 ၊ File size…(1.6 GB)/(912 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

History • Drama
0 2024
The Fire Inside
This Time Next Year
5.6

This Time Next Year (2024) IMDb Rating (5.6) / Rotten Tomatoes (39%) ခုလို ရာသီဉတုကလည်းပူ ထွက်သမျှဇာတ်ကားတွေကလည်း လောင် နှစ်ခုပေါင်းလိုက်တော့ ပူလောင်ဒီလို အလောင် တွေကြားကနေ ခဏတာရုန်းထွက်ဖို့အချိန်တန်ပါပြီ။ အချစ်ဇာတ်လမ်းတွေဟာ ဘယ်လောက်ပဲဖန်တရာတေနေပါစေ နောက်ဆုံးမှာတော့ ချစ်သူနှစ်ယောက်မှာ တစ်ယောက်ယောက်ကတော့ ဘဝကြီးကို လက်ပြနှုတ်ဆက်သွားတာပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း ချစ်တိုင်းမငြားကြတာပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင် သက်ဆုံးတိုင်ပေါင်းဖက်သွားတာပဲဖြစ်ဖြစ် ဘယ်လိုပုံစံနဲ့ပဲလာလာ ကွာလတီရော ကွမ်တန်တီရော ကောင်းမွန်တဲ့ အချစ်ဇာတ်လမ်းတွေကို လူတိုင်း နှစ်ခြိုက်ကြပါတယ်။ 2024တုန်းက ထွက်ခဲ့တဲ့ This Time Next Year ရုပ်ရှင်မှာဆိုလည်း မီနီကူးပါးအဖြစ် Kingsman: The Secret Service ( 2017 ) မှာပါဝင်ခဲ့တဲ့ Sophie Cookso ကွင်းဟယ်မီတန်အဖြစ် Emily in Paris မှာ Alfie ဇာတ်ကောင်နဲ့ နာမည်မြင့်တက်လာတဲ့ Lucien Laviscountတို့က အဓိက Love Interest အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ နှစ်သစ်ကူးညမှာ ည၁၂ နှစ်နာရီကျော် ဇန်နဝါရီ ၁ ရက်နေ့ကို ရောက်တာနဲ့ ကံဆိုးတတ်ပြီး ပေါက်ကရတွေဖြစ်တတ်လို့ ကိုယ့်ကိုကိုယ်ကျိန်စာမိနေတယ်ဆိုပြီး မီနီကူးပါးက ယူဆထားပါတယ်။ သူမရဲ့ အလုပ်အကိုင် နောက်ခံဘက်ဂရောင်းဟာလည်း မတင့်တယ်လှသော်လည်း မိဘရဲ့မေတ္တာ သူငယ်ချင်းတွေရဲ့ချစ်ခင်မှုတွေကို ခိုင်ခိုင်မာမာရရှိထားသူတစ်ယောက်ပါ။တစ်ဖက်မှာလည်း သူနဲ့မွေးနေ့တူ ကွင်းဟယ်မီတန်ကတော့ ဉစ္စာပေါ ရုပ်ချောတဲ့ လူဖြောင့်လူတော်တစ်ယောက်လည်းဖြစ်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ နယူးရီးယားမှာပဲ ကံဆိုးမိုးမှောင်ကျလို့ အိမ်သာခန်းထဲမှာ ပိတ်မိနေတဲ့ မီနီကူးပါး ကိုကယ်တင်ပေးရင် နှစ်ယောက်သား တွေ့ဆုံလာခဲ့ကြပါတော့တယ်။ထူးဆန်းတဲ့ဇာတ်လမ်းအလှည့်အပြောင်းတွေ မီနီကူးပါးရဲ့ကံဆိုးမှုအရင်းအမြစ်တွေက ဘယ်ကလာသလဲ နှစ်ယောက်သား ဘယ်လိုတွေ လွန်ဆွဲပွဲနွှဲကြမလဲဘဝဆိုတာ ကိုယ်ဖြစ်ချင်သလို မဖြစ်လာနိုင်ဘူးဆိုတာကိုလည်း Slice Of Life ဆန်ဆန် တစ်ဖြတ် မီနီရဲ့အလွဲတွေကို Comedy ဆန်ဆန် တစ်ဖုံ ကွင်း နဲ့ မီနီ တို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုတွေ ဆွဲလိုက် တွန်းလိုက် ဖြစ်လာမလဲဆိုတာကို တစ်ဖန် ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Ya Mone ဖြစ်ပါတယ်။) File size…(2.5 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:56:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Myat Noe Ya Mone

5.6 2024 116 mins
This Time Next Year