YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My Bossy Girl.2018.FHD-Rip720p.pp.mp4

851.11 MB N/A video/mp4 281 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Devildom Elephant Man

ရှင်းလော်(ယခင် ထိုင်းနိုင်ငံအခေါ်အဝေါ်)ဆိုတဲ့နိုင်ငံမှာ ရှင်းလော်ဆင်မျိုးနွယ်ဆိုတဲ့ ဒဏ္ဍာရီလာမျိုးနွယ်တစ်စုရှိပါသတဲ့။ မင်းသမီးစင်သီယာရဲ့ဖခင်ဖြစ်သူမျိုးနွယ်ခေါင်းဆောင်ဟာ ယဇ်ဆရာ"ဆာဖော့်ခွမ်း"ရဲ့ယုတ်မာသွေးဆောင်မှုကြောင့် အစီရင်လုပ်ထားတဲ့ဆေးတစ်မျိုးကို သောက်သုံးခဲ့ပါတယ် ၊ အဲ့နောက်ပိုင်းကစပြီး....ပုံပြင်ဟာအစပြုလေပါတော့တယ်... မင်းသမီး'စင်သီယာ'ဟာ ဖခင်ဖြစ်သူရဲ့အမှန်တရားကိုဖော်ထုတ်ဖိုကြိုးစားပါတော့တယ် ထိုစဉ်မှာ ယွင်ချင်ဘုရင်နဲ့လက်ဆက်ဖိုပိုလိုက်တဲ့ ရှင်းလော်ဆင်း မျိုးနွယ်မင်းသမီးစင်သီယာဟာ ‌ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါ... "ဟုန်လူစုသတ်ဖြတ်မှု"ဆိုတဲ့ လူပေါင်းရာချီအသက်‌သေဆုံးခဲ့ရတဲ့အမှုမှာ မိသားစုဝင်ကိုဆုံးရှုးခဲ့ရတဲ့-"ဟုန်ရှီးကွမ်း" ရန်သူကို ကလဲ့စားချေဖိုလုပ်ရင်း အကျိုးတူအလဲလှယ်တစ်ခုကြောင့် စင်သီယာမင်းသမီးပျောက်ဆုံးမှုကို ဟုန်ရှီးကွမ်တစ်ယောက် ပါဝင်ရှာဖွေဖိုဖြစ်လာတဲ့အခါ... -မိမိကိုယ်တိုင်ပျောက်ဆုံးနေတဲ့မင်းသမီးလေးရော ဖခင်ဖြစ်သူရဲ့အမှုကို ရှင်းလင်းနိုင်ပါ့မလား -ဟုန်ရှီးကွမ်းလုပ်ခဲ့တဲ့အလဲအလှယ်ကရော ဘာများဖြစ်နေမလဲ -လမ်းသွယ်လေးနှစ်ခွဲကနေ နောက်ဆုံးမှာဘယ်လိုလမ်းဆုံးဆုံမှတ်ကို ရောက်သွားနိုင်မလဲ.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK

Crime • Mystery
0 2023 73 mins
The Devildom Elephant Man
Spider-Man: Across the Spider-Verse
8.5

IMDb 9.1 အထိရသွားပြီး အားပေးမှုတွေအပြည့်ရနေတဲ့ ကာတွန်းကားလာပါပြီ။ ဒါကတော့ 2018 တုန်းက Spider-Man: Into the Spider-Verse ရဲ့အဆက်ပါပဲ။ အရင်ကာတွန်းမှာလည်း စပိုက်ဒါမန်းမျိုးစုံနဲ့ ဟာသတွေနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ လူကြိုက်များခဲ့သလို အခုကားမှာလည်း နောက်ထပ်တဆင့်ပါ မြှင့်ထားလိုက်ပါပြီ။ 2 hours and 20 minutes ရှိလို့ ကာတွန်းကား တွေထဲမှာ အရှည်ဆုံးကာတွန်းလည်းဖြစ်သွားပါတယ်။ မိုင်းစ် မိုရားလစ်စ်ဟာ အပြိုင်စကြဝဠာတွေက သူငယ်ချင်းတွေနဲ့ ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့တာ ကြာပါပြီ။ သူသတိရနေပေမဲ့ တစ်ယောက်မှ လာမတွေ့ဖြစ်ကြပါဘူး။ တစ်နေ့မှာတော့ အပြိုင် စကြဝဠာတွေကြားထဲကို ခရီးသွားနိုင်တဲ့ စပေါ့ဆိုတဲ့ စူပါဗီလိန်နဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ စပိုက်ဒါဂွမ်တို့ ပီတာပါကာတို့ တွေနဲ့တွေ့ပြီး အပြိုင်စကြဝဠာတွေကို စောင့်ရှောက်တဲ့ အဖွဲ့ခေါင်းဆောင် စပိုက်ဒါမန်း မီဂဲဆီကိုရောက်သွားပါတယ်။ အဲဒီမှာမှ စကြဝဠာပေါင်းစုံက စပိုက်ဒါမန်းရာထောင်ချီနဲ့ထပ်တွေ့ပြီး စကြဝဠာကြီးကို ဘယ်လိုကယ်တင် ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲဖြစ်ပါတယ်။

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
8.5 2023 140 mins
Spider-Man: Across the Spider-Verse
[18+] Entrails of a Beautiful Woman
4.8

ဟိုအရင် သုံးကားတွဲ-ခြောက်ကားတွဲ-ရှစ်ကားတွဲ DVD တွေခေတ်ထတဲ့ကာလတုန်းက အာရှ NC အခွေတွဲတွေမှာ မကြာခဏပါလာတတ်တဲ့ ဇာတ်ကားတွေထဲ အပါအဝင်ဖြစ်တဲ့ကားတွေပါ။ Pink Film တွေကနေ Subgenre တစ်ခုအဖြစ် "Splatter-Eros" ဆိုပြီး ပွဲထွက်လာခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နာမည်အတိုင်းပဲ ကြမ်းတမ်းရက်စက်တဲ့ အခုတ်အထစ်အသတ်အဖြတ်တွေကို ညစ်ညမ်းမှုနဲ့ရောစပ်သမထားတဲ့ ဇာတ်ကားမျိုးတွေပါပဲ။ ရုံတင်စဉ်ကနဲ့ တချို့အခွေတွေမှာတော့ ဝါးပြီး ဆင်ဆာဖြတ်ထားပေမယ့် အခုကားတွေမှာတော့ ကြည်တောက်ရှင်းဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ယာဂူဇာဂိုဏ်းဝင်တစ်စုဟာ မိန်းကလေးငယ်တွေကို ဖြားယောင်းသွေးဆောင်ပြီး ငွေလိမ်လည်မှုတွေ လူကုန်ကူးမှုတွေကျူးလွန်နေကြပါတယ်။ တစ်နေ့မှာတော့ သူ့အစ်မပျောက်ဆုံးမှုကိုစုံစမ်းတဲ့မိန်းကလေးတစ်ယောက်ကို ဂိုဏ်းသားတွေက မူးယစ်ဆေးထိုးပြီး အဓမ္မကျင့်ရာကနေ အဲ့ဒီမိန်းကလေးဟာ ထွက်ပြေးလွတ်မြောက်ပေမယ့် ဆေးအရှိန်နဲ့စိတ်ကုဆရာဝန်မတစ်ဦးရှေ့မှာ သတ်သေသွားခဲ့ပါတယ်။ ကောင်မလေးဆီက အကြောင်းစုံသိလိုက်ရတဲ့ ဆရာဝန်မလေးဟာ အဲဒီဂိုဏ်းသားတွေကို ကလဲ့စားချေဖို့ပြင်ဆင်ပါတော့တယ်။ ဒါပေမယ့်လဲ သူ့ထက် ပါးနပ်တဲ့ဂိုဏ်းဝင်တွေဆီမှာ သူကိုယ်တိုင်ကြမ္မာဆိုးကြုံလိုက်ရာကနေ လိင်တံသဏ္ဍာန် မိစ္ဆာကောင်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပြီး ဂိုဏ်းသားတွေကိုအမဲဖျက်ပါတော့တယ်။ ကြမ်းတမ်းရက်စက်တဲ့ အသတ်အဖြတ်တွေနဲ့ ပွင့်လင်းတဲ့လိင်ဆက်ဆံခန်းတွေ တစ်ကားလုံးနီးပါးပါဝင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 540MB Quality - 1080p, 720p Format - mp4 Duration - 1H 8Min Genre - Fantasy, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Romance
4.8 1986 68 mins
[18+] Entrails of a Beautiful Woman
Damascus Time
5.4

၂၀၁၈မှာ ထွက်ရှိခဲ့ပြီး ဆု၃ဆုနဲ့ စကာတင် ၈နေရာအထိ ရခဲ့တဲ့ ပရိသတ်အကြိုက်တွေ့မယ့် အီရန်အက်ရှင်ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Sanction ရှိတဲ့နိုင်ငံဖြစ်တာကြောင့် Criticတွေ သိပ်အလေးပေးတာ မခံခဲ့ရပေမယ့် ပြည်တွင်းမှာတော့ အတော်လေးအောင်မြင်ခဲ့သလို အနုပညာတန်းလည်း မနိမ့်လှတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ ၂၀၁၁ခုနှစ် ISISပြဿနာ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ကာလကို ဇာတ်အိမ်တည်ထားတာပဲ ဖြစ်ပါတယ်။ ISISတွေရဲ့ ကြီးစိုးမှုကြောင့် ဆီးရီးယားတစ်နိုင်ငံလုံး အကျပ်အတည်းကြုံတွေ့ကာ အကူအညီလိုအပ်နေချိန် အီရန်နိုင်ငံသားပိုင်းလော့ ၂ယောက်ဟာ Palmyra မြို့တွင်း ပိတ်မိနေတဲ့ ဆီးရီးယားပြည်သူတွေကို လေယာဉ်ဖြင့် ကယ်ထုတ်ဖို့ အကြောင်းဖန်လာပါတယ်။ သူတို့ရဲ့ ခရီးစဉ်ဟာ Palmyraမြို့တွင်းက ပျံထွက်လာချိန်အထိ အဆင်ပြေခဲ့ပေမယ့် ခရီးသည်တွေထဲမှာ မလိုလားအပ်တဲ့ဧည့်သည်တွေ ပါလာရာ... ဒီရုပ်ရှင်ဟာ အက်ရှင်ကားလို့ နာမည်တပ်ရပေမယ့် ဘာသာရေးဆိုင်ရာ အယူအဆတွေနဲ့ ယုံကြည်မှုတွေအကြောင်း အတော်လေးထည့်သွင်းထားသလို ကိုးကွယ်ရာခြင်းတူရင်တောင် ယုံကြည်မှုလွန်ကဲတဲ့ ပြဿနာက ဘယ်လောက်ထိ ဒုက္ခပေးနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။ ဘာသာရေးဆိုင်ရာ အသုံးတွေများပြီး မူရင်းအင်္ဂလိပ်စာဖိုင်မှာ လိုအပ်ချက်တချို့ ပါတာဖြစ်လို့ အတတ်နိုင်ဆုံး ဆီလျော်အောင်ပြန်ဆိုပေးထားလို့ တချို့သော လွဲမှားမှုများရှိခဲ့ရင် နားလည်ပေးဖို့ တောင်းဆိုပါရစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.7GB | 931MB | 476MB Format… mp4 Duration….1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... Brian

Drama • Romance
5.4 2018 115 mins
Damascus Time
Fear Street: 1666
7.2

အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားရဲ့အပိုင်း(၃) ဖြစ်ပါတယ် ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့ ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်... ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့ စုတ်ပြတ် နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ... အပိုင်းတစ်မှာတော့ ရှိတ်ဒီဆိုဒ်မြို့ခံချစ်သူစုံတွဲ ဒီနာနဲ့ဆမ်မှာ  ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့ လမ်းခွဲကြရာက မထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့် သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတာကို ရှူစားရမှာဖြစ်ပြီး . အပိုင်းနှစ်မှာတော့  ၁၉၇၈ ခုနှစ် နိုက်ဝင်းကမ့်စခန်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေအကြောင်း ပိုထဲထဲဝင်ဝင်ပြသထားတာဖြစ်ပြီး မြို့ရဲ့သမိုင်းကြောင်း ပိုရုပ်လုံးပေါ်လာတာကို ကြည့်ရှူခံစားရမှာဖြစ်ပြီး၊ အခုဇာတ်သိမ်းပိုင်းမှာတော့ ၁၆၆၆ ခုနှစ်တုန်းက ဆာရာဖီအာရဲ့ဇာတ်ကြောင်းကိုကြည့်ရှူရမှာဖြစ်ပါတယ်။ သူကတကယ်ပဲစုန်းမလား ဘာတွေဖြစ်ခဲ့တာလဲ ကျိန်စာကတကယ်လားဆိုတာကို ဒီနာတို့နဲ့အတူ လိုက်ပါဖော် ထုတ်လိုက်ကြပါဦးဗျာ . . . (စုစုပေါင်း Part 1(1994), Part 2 (1978), Part 3 (1666) - Trilogy အပြီးဖြစ်ပါတယ်။) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ဖြစ်ပါတယ်။) Quality – 1080p, 720p WebDL Duration - 1h 47min Subtitle – Myanmar Hardsub Format – Mp4 Genre : Horror, Mystery Source : 1080p.WebDL Translator – May Myat Thu Encoder – SWM

Crime
7.2 2021 114 mins
Fear Street: 1666
Paterson
7.1

Patersonဇာတ်ကားဟာ အချစ် ကဗျာစာပေ နဲ့ မျှော်လင့်ချက်အိမ်မက် တွေအကြောင်း အသားပေးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တယ်။ Patersonမြို့ရဲ့အလှအပကိုကဗျာဆန်ဆန် ခံစားပြထားသလို Paterson အမည်ရှိဇာတ်ကောင်က နေ့စဉ်ကြုံတွေ့ရသမျှကိုလည်း ကဗျာ ဆန်ဆန်တွေးပြီးခံစားပြထားပါတယ်။ ကဗျာခံစားတတ်သူတို့ရဲ့နူးညံ့တဲ့စိတ်သဘောထားနဲ့ တခြားသာမန်လူတွေရဲ့နေ့စဉ်ဘဝအပေါ်မှာတုန့်ပြန်မှုစိတ်သဘောထားကို ယှဉ်ပြီးပြထားတယ်။ ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ဇနီးမောင်နှံနှစ်ဉီးရဲ့အပြန်အလှန်ချစ်ခင်ဖေးမမှုတွေကို ဇာတ်လမ်းထဲမှာကြည်နူး ဖွယ်တွေ့နိုင်တယ်။ မျှော်လင့်ချက်တွေဟာ လက်တွေ့လုပ်ရင်ဖြစ်လာကြောင်းကို ပညာပေးဆန်ဆန် ပြထားပါတယ်။ အဆိုးတွေကြုံလာသည့်တိုင်အောင် အေးဆေးတည်ငြိမ်စွာတုံ့ပြန်တတ်တဲ့ ကဗျာဆရာတစ်ဉီးရဲ့လှပတဲ့နှလုံးသားကိုမြင်တွေ့ရမှာပါ။ မင်းသားကြီးAdam Driverအဓိကသရုပ်ဆောင်ထားပြီး ကဗျာဆရာRon Padgettရဲ့ကဗျာတွေကိုအသုံးပြုထားတဲ့ စိတ်နှလုံးအေးချမ်းမှုရသ ကိုပေးစွမ်းနိုင်တဲ့ စွဲမက်စရာဇာတ်ကားကောင်းလေးပါ။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mya Phyo Nandar ပဲဖြစ်ပါတယ်။) Quality –  1080p, 720p BluRay Duration - 1hr 49min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Romance Source : 1080p. BluRay Translator – Mya Phyo Nandar Encoder – SWM

Drama
7.1 2016 118 mins
Paterson
Anatomy of Time
6.4

Anatomy of Time (2021) နာမည်နဲ့လိုက်အောင်ကိုပဲ ဒီကားရဲ့ အချိန်စဉ်တွေက ဟိုတစ်စ ဒီတစ်စဆိုသလိုဖြစ်နေတယ်။ အဖြစ်အပျက်စဉ်အလိုက်တော့မဟုတ်ဘူး ဒါပေမဲ့ အချိန်ကာလအားဖြင့်တော့ ၂ခုကို သုံးထားတယ်။ မိန်းမတစ်ယောက်ရဲ့ အပျိုဘဝနဲ့ အဘွားကြီးဖြစ်သွားတဲ့အချိန်ပေါ့။ ဒီနေရာမှာ သူက ဒီအမျိုးသမီးရဲ့ ငယ်ဘဝကို ပုံဖော်တဲ့နေရာမှာ အရောင်တွေစိုစိုပြည်ပြည်သုံးထားသလို ခန္ဓာလှုပ်ရှားပုံဖော်မှုတွေကအစ ရမ္မက်နဲ့သိချင်စိတ်ကို မြင်နေရတယ်။ တော်တော်လေးသိသိသာသာပါပဲ။ ဒါတော့ ဒီထိုင်းဒါရိုက်တာရဲ့ အားသာချက်လို့ပြောရမလား မင်းသမီးရဲ့သရုပ်ဆောင်စွမ်းကိုပဲ ချီးကျူးရမလားပါပဲ။ နောက် သူ့အဖေက နာရီပြင်ဆရာဖြစ်သလို ဒီကားရဲ့ အပြတွေရဲ့ ဖြည့်စွက်မှုတစ်ခုလိုဖြစ်နေတဲ့ အရှေ့တိုင်းဖလော်တွေကို ပြောသွားတဲ့လူပေါ့။ ဒီဇာတ်ကောင်ကို တည်ဆောက်ထားတာ တော်တော်ဝေဝါးပေမဲ့ သူ့ထည့်ချင်တဲ့အဖြည့်တစ်ခုနဲ့ ပဟေဠိတစ်ခုကို ထည့်ပေးနိုင်တဲ့ ဇာတ်ကောင်လို့မြင်ရတယ်။ နောက်ထပ်မြင်ရတဲ့ ဇာတ်ကောင်က မင်းသမီးရဲ့ ယောက်ျားဖြစ်လာမယ့်သူတစ်ဖြစ်လဲ ဖြစ်နေတဲ့သူတစ်ဖြစ်လဲ စစ်ခေါင်းဆောင်တစ်ယောက်။ သူလည်းမထူးဘူးပြောရမလိုလိုပဲ ။ သူ့မကောင်းမှုတွေများတာကို သိရပေမဲ့ အဲဒီမကောင်းမှုတွေက ဘယ်လောက်ထိတာသွားသလဲတော့ ရေရေရာရာပြမသွားဘူး။ ဒါတော့ သူ့အပြအပိုင်းပေါ့။ သူ့ခေတ်က ထိုင်းနိုင်ငံရဲ့ အာဏာရှင်စနစ်နဲ့ ကွန်မြူနစ်သူပုန်တွေကြားက တင်းမာမှုတွေရှိခဲ့တဲ့ ဆိုးဆိုးရွားရွားခေတ်တစ်ခုမှာတည်ထားတယ်။ တိုင်းပြည် ဒုက္ခဝေတဲ့ခေတ်ပေါ့။ ဒီကားရဲ့ အဓိကပုံဖော်မှုဟာ ခေတ်ရယ် သူ့ဖလော်အတိုင်း အကျိုးအဆက်ရယ်လို့တော့ ထင်သာမြင်သာရှိနေတယ်။ ခုနဇာတ်ကောင်တွေအားလုံးဟာလည်း အချိန် နိုင်ငံနဲ့ လူတွေကို ကိုယ်စားပြုထားတဲ့ ဇာတ်ကောင်တွေလို့လည်း မသိမသာတော့ ပုံပေါ်နေတယ်။ ဘာအကြောင်းလဲမေးလာရင်တော့ ခေတ်ပျက်ကြီးတစ်ခုပေါ့ အဲဒီထဲကလူတွေပေါ့။ အဲဒီထဲက အမိနိုင်ငံတစ်ခုပေါ့။ နောက်ပြီးတော့ အဲဒီအရာတွေအားလုံးကို တိုက်စားသွားတဲ့အချိန်ပေါ့။ အဲဒီလူတွေရဲ့မကောင်းမှုတွေကိုလည်း အချိန်အဆက်ဆက်ကိုဖြတ်ပြီး အဲဒီနိုင်ငံကြီးက မစွန့်မပစ် ထွေးပိုက်ထားတုန်းပဲ။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.9GB | 946MB | 468MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sandaku Encoder ….. Aaron

Comedy
6.4 2021
Anatomy of Time
Angel Whispers
5.6

ဒီကားလေးကတော့ ပြည့်တန်ဆာတွေကိုပဲလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားကားဖြစ်လို့ (၁၈)ယောက်ပေါင်းပြီးမှကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အစ်မလီလီဟာ ပြည့်တန်ဆာတွေကိုအခန်းငှါးစားတဲ့ တိုက်ရှင်တစ်ယောက်ဖြစ်တယ်။ အစ်မလီလီဟာ သဘောကောင်းပြီး သူ့ဆီမှာနေတဲ့ပြည့်တန်ဆာမလေးတွေကို မိသားစုလိုပဲ သဘောထားဆက်ဆံပေးတတ်တယ်။ တစ်ညမှာတော့ အခန်းငှါးတဲ့ပြည့်တန်ဆာတစ်ယောက်ဟာ ပျောက်နေပါတယ် အပြင်လဲမထွက်သွားဘူးလို့ဆိုတဲ့အတွက် တိုက်ပေါ်ကအခန်းလွတ်တွေမှာလိုက်ရှာကြပါတယ်။ မထင်မှတ်ပဲတွေ့လိုက်ရတာတော့ လွန်ခဲ့တဲ့တစ်လကအိမ်ပြန်သွားပြီဆိုတဲ့ ကောင်မလေးရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ပြည့်တန်ဆာတွေကိုသတ်တဲ့လူရှိပြီး ဒီတိုက်ထဲမှာပဲတရားခံကရှိနေတာကို သိလိုက်တဲ့အချိန်မှာ နောက်ကျသွားခဲ့ပါပြီ။ တရားခံကဘယ်သူဖြစ်နေမလဲဆိုတာကတော့ ဆက်ကြည့်လိုက်ဦးနော်။

5.6 2015
Angel Whispers
Batman Unlimited: Mechs vs. Mutants
5.8

Batman Unlimited Mechs vs. Mutants(2016) IMDB: 5.8 Rotten Tomatoes: 90% Genre: Animation/Action/Sci-fi Batman Unlimited Mechs vs. Mutants ဟာ DC Animation ဇာတ်လမ်းတစ်ခုဖြစ်ပြီး Batman Unlimited ရဲ့သုံးကားမြောက် (သို့) နောက်ဆုံးကားဖြစ်ပါတယ်။ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်း ပင်ဂွင်းတစ်ယောက် ဘတ်မန်းရဲ့နယ်နှင်ခြင်းကိုခံလိုက်ရပြီး မစ္စတာဖရိဇ်ရဲ့ နယ်မြေကိုရောက်နေပါတယ်။ သိတဲ့ အတိုင်း မစ္စတာ ဖရိဇ်ဆိုတာကလည်း အတိတ်မှာသနားစရာဇာတ်လမ်းတွေရှိခဲ့ပြီး ဗီလိန်ဆိုတာထက် တစ်ယောက်တည်းနေချင်နေတဲ့ ကြေကွဲလူကြီးဖြစ်ပါတယ်။ ခက်တာက ပင်ဂွင်းဆိုတာက လည်း အကျော်အခွလေးတွေနဲ့ ကုတုံးပေါ်ထိပ်ကွက်တဲ့ကောင် ခေါင်းကိုမှခေါက်တတ်တဲ့အကျင့်လေးကရှိတော့ နှစ်ယောက်သားဘုဘောက်ဖြစ်နေပါတယ်။ မစ္စတာဖရိဇ်ဟာတကယ်တမ်းပြောရရင် တစ်ယောက်တည်းပဲနေချင်ခဲ့တာဖြစ်ပါတယ်။ သူ့ဆီမှာအကောင်သေးသေးလေးတွေကိုတောင်အကြီးကြီးအဖြစ်ပြောင်းလို့ရတဲ့ စက်ကရှိနေပြန်ပါတယ်။ သိတဲ့အတိုင်းပင်ဂွင်းဆိုတဲ့ကောင်ကလည်း အမြဲကွက်ကျော်ရိုက်ဖို့ ချောင်းနေတာဆိုတော့ ဘာများဆက်ဖြစ်မှာလဲ။ File size… 1.2 GB / 628 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

5.8 2016
Batman Unlimited: Mechs vs. Mutants
Lust, Caution
7.6

Lust, Caution (2007) IMDb Rating (7.6) / Rotten Tomatoes (73%) အန်းလီဟာ သူ့ရဲ့ အင်တာနေရှင်နယ်အနေနဲ့ အအောင်မြင်ဆုံးရုပ်ရှင်လို့ဆိုလို့ရနိုင်တဲ့ Brokeback Mountains ရုပ်ရှင်အောင်မြင်ပြီးတဲ့နောက် Eileen Changရဲ့ Lust, Caution ကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တယ်။ Lust , Cautionရဲ့ မူရင်းဝတ္တုကိုက တကယ့်အပြင်မှာရှိခဲ့တဲ့ တရုတ်စပိုင် ကျန်းဖင်းယု (Zheng Pingru)ကို အခြေခံထားတယ်။ Eileen Changကို အန်းလီမှတ်ချက်ပေးတာက Eileen Changလောက် တရုတ်စကားလုံးတွေကို ရက်ရက်စက်စက်သုံးတဲ့ စာရေးဆရာမျိုး သူမတွေ့ဖူးဘူးတဲ့။ ဒါကြောင့်ပဲထင်ပါတယ်။ အန်းလီရဲ့ Lust, Caution ဟာလည်း လိင်မှုခန်းတွေရဲ့နောက်ကွယ်မှာ တော်တော်လေးရက်စက်တဲ့အသွင်ကိုဆောင်နေတယ်။ Lust, Caution ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆို နိုင်ငံရေးနဲ့ ကိုယ်ပိုင်ခံယူချက်တွေရဲ့ မျဉ်းပေါ် နှလုံးသားရေးရာတွေရဲ့ ဆုံမှတ်တစ်နေရာကို ပြထားတဲ့ရုပ်ရှင်လို့ဆိုရမယ်။ ဒါပေမဲ့လည်း သစ္စာဖောက်တွေကို အမွှန်းတင်တဲ့ကားဖြစ်နေတာကြောင့်ရော လိင်မှုခန်းတွေ အသက်ဝင်လွန်းတာကြောင့်ရော တရုတ်အစိုးရက သဘောမကျခဲ့သလို ထျန်းဝေကိုယ်တိုင်လည်း တရုတ်မှာ နှစ်ပါင်းများစွာ ရုပ်ရှင်ရိုက်ခွင့်အပိတ်ခံခဲ့ရတယ်။ ဇာတ်အိမ်တည်ထားတာက ၁၉၃၈ဟောင်ကောင်နဲ့ ၁၉၄၂ရှန်ဟိုင်းမှာ။ ဒုတိယကမ္ဘာစစ်မတိုင်ခင်တစ်နှစ်နဲ့ မပြီးသေးခင်ကာလပေါ့။ ၁၉၃၇မှာ တရုတ်ပြည်ကို ဂျပန်တွေ ဝင်ကျူးကျော်ခဲ့ပြီးတစ်နှစ်အကြာ ၁၉၃၈မှာ ဟောင်ကောင်က လင်းနန်တက္ကသိုလ်မှာ ဝမ်ကျားချီဆိုတဲ့ ကောင်မလေးက ကျောင်းလာတက်တယ်။ ဒီအချိန်မှာ ဝမ်ကျားချီဟာ ယင်ဖိုတောင်မသန်းဖူးသေးတဲ့ ဘာအတွေ့အကြုံမှ မရှိသေးတဲ့ ရိုးသားတဲ့ ကောင်မလေးတစ်ယောက်ပဲ။ ဝမ်ကျားချီဟာ တက္ကသိုလ်မှာ မျက်စိပွင့်နားပွင့်အမြင်ကျယ်လာသလို အပေါင်းအသင်းတွေလည်းရလာတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းမတစ်ယောက်ကနေတစ်ဆင့် တက္ကသိုလ်ပြဇာတ်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ကွမ်ယုမင်နဲ့ ချိတ်မိသွားတယ်။ ကွမ်ယုမင်က ဝမ်ကျားချီကို မင်းသမီးတင်ပြီး မျိုးချစ်ပြဇာတ်တစ်ပုဒ်ကရာမှာ တော်တော်လေးအောင်မြင်သွားခဲ့တယ်။ မျိုးချစ်စိတ်ဓာတ်တွေလည်း ပိုများလာခဲ့တယ်။ ဒီလိုနဲ့ ကွမ်ဟာ သူ့အစ်ကိုရဲ့သူငယ်ချင်းဖြစ်တဲ့ တရှိုနဲ့သွားတွေ့တယ်။ တရှိုက အဲဒီအချိန်မှာ ဂျပန်အလိုတော်ရိဖြစ်နေတဲ့ ဝမ်ကျင်းဝေရဲ့ ထိပ်တန်းအေးဂျင့်ဖြစ်တဲ့ မစ္စတာရီဆိုတဲ့လူဆီမှာ အလုပ်လုပ်နေတာသိတော့ သူတို့တွေ ဂျပန်အလိုတော်ရိ မစ္စတာရီအိမ်ထဲ ချည်းဝင်ပြီး လုပ်ကြံဖို့ကြံကြတယ်။ ပြဇာတ်လောက်နဲ့တင်းတိမ်မနေဘဲ တကယ့်သစ္စာဖောက်တွေကို သတ်ရမယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒီလိုနဲ့ သူတို့ တရှိုရဲ့အချိတ်အဆက်ကိုသုံးပြီး မစ္စတာရီနဲ့ ရင်းနီးလာအောင်လုပ်ကြတယ်။ ပြဇာတ်သမားတွေဆိုတော့ သူတို့ချည်းကပ်ပုံကလည်း ပြဇာတ်ဆန်ဆန်ပါပဲ။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မစ္စတာမာနဲ့ သူ့မိန်းမ မဒမ်မာအနေနဲ့ သရုပ်ဆောင်ပြီး ရှန်ဟိုင်းက လာတာမို့ ဟောင်ကောင်ကို သိပ်မကျွမ်းသေးတဲ့ မစ္စတာရီ့ဇနီးကို ဟောင်ကောင်ကို လိုက်ပတ်ပြပေးမယ်ဆိုပြီး ချဉ်းကပ်ခဲ့တယ်။ မဒမ်ရီနဲ့ ရင်းနှီးသွားတဲ့နောက် မဒမ်မာတစ်ဖြစ်လဲ ဝမ်ကျားချီဟာ မစ္စတာရီတို့အိမ်ကို အမြဲလိုမာကျောက်သွားကစားပြီး သူတို့ကြားပိုရင်းနှီးလာအောင်လုပ်ခဲ့တယ်။ အောင်မြင်ခဲ့ပါတယ်။ ဝမ်ကျားချီဟာ မစ္စတာရီ သူ့အပေါ် အတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားလာအောင် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ မစ္စတာရီက သူ့ကိုစိတ်ဝင်စားလာတဲ့နောက် သူ့ခန္ဓာကိုပါ ဆက်ရင်းဖို့ လုပ်ခဲ့တယ်။ ဒီနေရာမှာ သူက မဒမ်မာအနေနဲ့ နေနေတာဆိုတော့ အပျိုဖြစ်နေလို့မရသလို အတွေ့အကြုံမရှိမဖြစ်နေလို့လည်း မရတာကြောင့် သူတို့ထဲက တစ်ယောက်နဲ့ သူပန်းဦးခြွေခဲ့တယ်။ ဒီအခန်းရဲ့ရက်စက်မှုကတော့ ဝမ်ကျားချီရဲ့နောက်ပိုင်း ရမ္မက်ကြီးမှုတွေမှာ ဖုံးသွားသလိုလိုရှိပေမဲ့ သူချစ်တဲ့သူရှေ့မှာတင် တခြားတစ်ယောက်ဆီ ခန္ဓာပေးခဲ့ရတဲ့အထိ ရက်စက်မှုမျိုးဟာ ဒီအပြာရောင်သန်းတဲ့အခန်းတွေနောက်မှာ ကွယ်ဝှက်နေခဲ့တယ်။ ဒီလောက်ထိ လုပ်ခဲ့ကြပေဲ့လည်း အထက်က အမိန့်မရတာကြောင့် ဘာမှဆက်မလုပ်နိုင်နေတဲ့အချိန် မစ္စတာရီက ရှန်ဟိုင်းကိုပြန်ရဖို့အကြောင်းဖန်လာပြီး သူတို့ရဲ့ တော်လှန်ရေးအိပ်မက်ဟာ ပျက်သုဉ်းသွားတယ်။ ဇာတ်ရဲ့နောက်ထပ်ကာလက လေးနှစ်အကြာ ၁၉၄၂မှာ ရှန်ဟိုင်းမှာ ဝမ်ကျားချီပြန်ရောက်နေတာက စတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ပေါ့။ ဂျပန်တွေက တရုတ်ကိုသိမ်းထားတုန်းပဲ။ ဝမ်ကျင်းဝေကလည်း ရုပ်သေးအစိုးရရဲ့ သမ္မတဖြစ်နေပြီ သူ့အောက်က မစ္စတာရီကလည်း ထောက်လှမ်းရေးခေါင်းဆောင်ဖြစ်နေပြီ။ ချိန်ကေရှိတ်တို့ ပြည်တွင်းစစ်ရှုံးပြီး ထိုင်ဝမ်ကို မကူးခင်ကာလပေါ့။ ဝမ်ကျင်းဝေရဲ့ အဓိကရန်ဘက်က ချန်ကေရှိတ်ရဲ့ ကူမင်တန်တွေ။ ရှန်ဟိုင်းက ပြည်သူတွေ နိုင်ငံခြားသားတွေကတော့ ဒုက္ခတွေ ပေါင်းစုံနေအောင် ခံနေရပြီ။ မစ္စတာရီကလည်း သတိလည်းပိုကြီးလာသလို သူ့အာဏာကလည်းပိုကြီးလာတဲ့အလျောက် သူ့ကိုလုပ်ကြံဖို့ဆိုတာ တော်တော်ခက်သွားပြီ။ တော်လှန်ရေးသမားတွေအနေနဲ့ သူ့ကိုလုပ်ကြံဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ဒီအချိန်မှာ ကွမ်ယုမင်ကလည်း ကူမင်တန်ထောက်လှမ်းရေးအေးဂျင့်ဖြစ်နေပြီ။ သူက ဝမ်ကျားချီကိုလာရှာပြီး သူတို့အပြီးမသတ်နိုင်ခဲ့တဲ့ စစ်ဆင်ရေးကို ပြန်စဖို့ကြံကြတယ်။ Spoilerd Alert အန်းလီဟာ Lust, Cautionရဲ့ ဇာတ်က ကျွန်တော်တို့ကို ခေါ်သွားချင်တဲ့နေရာဆီ အရင်ခေါ်သွားပြီးမှ နောက်ပြန်ခေါ်ပြီး ဒီနေရာဆီ ဘယ်လိုရောက်လာခဲ့လဲ တဖြည်းဖြည်းချင်း ရုပ်လုံးပြန်သွင်းပြထားတယ်။ ပြောရရင် ဝမ်ကျားချီဟာ မစ္စတာရီကို မဒမ်မာအဖြစ် မလှည့်စားခင် ကျွန်တော်တို့ကို အရင်လှည့်စားသွားခဲ့တယ်။ Lust, Cautionရဲ့ တရုတ်နာမည်ဟာ လက်စွပ်ဆိုတဲ့ အဓိပ္ပာယ်လည်း ထွက်သေးတယ်။ အန်းလီဟာ စစမှာတင် ဒီကားရဲ့ symbolicဖြစ်တဲ့ လက်စွပ်ကိုလည်း ထည့်ပြောထားခဲ့တယ်။ မစ္စတာရီရဲ့ အတွေ့အောက်မှာ ဝမ်ကျားချီဟာ သူ့နှလုံးသားပါသွားတော့မလိုလိုဖြစ်ခဲ့တယ်။ ဝမ်ကျားချီဟာ ရမ္မက်ကနေ ပြောင်းလဲသွားတဲ့ တရွေ့ရွေ့တက်လာတဲ့ချစ်စိတ်တွေကို သတိနဲ့ ချွန်းအုပ်ထားခဲ့ရပေမဲ့ အဲဒီသတိကို ပြိုလဲစေခဲ့တဲ့အရာက လက်စွပ်တစ်ကွင်းဖြစ်ခဲ့တယ်။ မစ္စတာရီရော ဝမ်ကျားချီပါ သတိကြီးကြတဲ့လူတွေပါပဲ။ မစ္စတာရီရဲ့ သတိကိုပြိုလဲစေခဲ့တဲ့အရာက ရမ္မက်ဖြစ်ခဲ့ပြီး ဝမ်ကျားချီရဲ့သတိကိုပြိုလဲစေတဲ့အရာကတော့ လက်စွပ်တစ်ကွင်း ဖြစ်ခဲ့တယ်။ အဲဒီလက်စွပ်ဟာ ဝမ်ကျားချီအတွက်တော့ အချစ်ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်။ Lust, Cautionဟာ ကြမ်းကြုတ်တဲ့ခေတ်တစ်ခေတ်နောက်ခံက ဘက်မတူတဲ့လူနှစ်ယောက် သတိလွန်ဆွဲကြတဲ့ ဇာတ်ဆိုလည်းဟုတ်တယ်။ နိုင်ငံရေးအမြင်တွေ ကိုယ်ပိုင်ခံယူချက်တွေ, ရမ္မက်တွေ အချစ်တွေ သတိတွေလွန်ဆွဲကြတာဆိုလည်း ဟုတ်တယ်။ အန်းလီအတွက် ဒီမတိုင်ခင်က သူ့ဇာတ်ကားတိုင်းလိုလိုမှာ ဒီလိုလွန်ဆွဲကြတဲ့အကြောင်းအရာမျိုးတွေ ရိုက်ပြဖူးပြီးသားဆိုတော့ Lust, Cautionမှာ သူ့ကာရိုက်တာတည်ဆောက်ပုံဟာ ဒီလိုဇာတ်အတွက် တော်တော်ပိုင်နိုင်နေပြီ။ ကာရိုက်တာနှစ်ကောင်တည်းရဲ့ လွန်ဆွဲပွဲနဲ့တင် အန်းလီဟာ ဒီဇာတ်တစ်ခုလုံးကို ကောင်းကောင်းအသက်သွင်းနိုင်ခဲ့တယ်။ ဇာတ်အိမ်ကတော့ သူပြထားတဲ့ခေတ်နဲ့မလိုက်အောင်ကို ခေတ်ထက် ဒီလူ၂ယောက်ကိုပဲ အကုန်ပုံထားခဲ့တယ်။ ဒါကလည်း အန်းလီထက် မူရင်းစာရေးဆရာမ Eileen Changလက်ချက်။ သူ့ခေတ်က နိုင်ငံရေးကို ပိုထည့်ရေးကြတဲ့ခေတ်ဖြစ်ခဲ့ပေမဲ့ Eileen Changကတော့ နိုင်ငံရေးကို အရန်လောက်ပဲသုံးပြီး ဇာတ်ကောင်၂ကောင်ဆီပဲ ဦးတည်ထားခဲ့တယ်။ အန်းလီကလည်း ဒီတိုင်းပဲ အသက်သွင်းခဲ့တယ်။ Lust, Cautionရဲ့ ကာရိုက်တာနှစ်ယောက်ထဲက ထျန်းဝေရဲ့ကာရိုက်တာအပေါ်မှာတော့ မတရားလှတဲ့ရက်စက်ခြင်းတွေ လွှမ်းခြုံထားတယ်။ အဲဒီရက်စက်ခြင်းတွေဟာလည်း ကျွန်တော်တို့ဘဝထဲက အရာများစွာလိုပဲ အဖြေမရှိဘူး။ ဝမ်ကျားချီရဲ့ ရွေးချယ်မှုအတွက်လည်း အဖြေမရှိဘူး။ ဒါပေမဲ့ ကိုယ်က ဘယ်အရာအတွက် ပိုတာဝန်ရှိလဲ ရွေးချယ်ဖို့လိုလာတဲ့အခါ နှလုံးသားအတိုင်းလိုက်ရင် အမှားများကောင်းများလိမ့်မယ်။ ဒါပေမဲ့ အသိစိတ်အတိုင်းလိုက်ရင်တော့ ကိုယ့်အတွက် နောင်တပိုများနေမှာပဲ။ ပထမလမ်းအတိုင်းလိုက်တာက မှားနေရင်တောင် မှန်နေမယ်လို့ ကျွန်တော်တော့ သေချာတယ်။ ဝမ်ကျားချီမှာတော့ နောင်တရှိခဲ့မယ်မထင်ဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

7.6 2007 158 mins
Lust, Caution
Within
5.5

အမေရိကန် Horror ကားကိုမှ Parasite လို Vibe မျိုးလေးနဲ့ ကြည့်ရှုချင်ရင်တော့ အခုတင်ဆက်ပေးမဲ့ ကားလေးက ကွက်တိပဲဖြစ်မှာပါ။Parasite လိုမျိုးကြီးလုံး၀တူနေတာတော့ မဟုတ်ဘဲနဲ့ အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့ ခံစားချက်ကြီးနဲ့ ကျောချမ်းစေမှာကတော့အသေအချာပါပဲ။ ခေါင်းကြီးတွေကတော့ မင်းသမီးချောချောလေးကို ငေးနေတာနဲ့တင် ကြောက်ချိန်ရမယ်မထင်ပါဘူး။ဇာတ်လမ်းနာမည်ကတော့ Within ဖြစ်ပြီး IMDb Rating 5.1 ရရှိထားတဲ့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အမေရိကန် သည်းထိပ်ရင်ဖို ဇာတ်ကားတွေကတော့ ထုံးစံအတိုင်းပဲ မိသားစုတစ်စုက အိမ်သစ်တစ်လုံးကို ပြောင်းရွှေ့လာရာကနေ စပါတယ်။သူတို့မိသားစုမှာ အဖေ မိထွေးနဲ့ ဆယ်ရာဆိုတဲ့သမီးဖြစ်သူ ဆိုပြီးမိသားစုဝင် ၃ ယောက်ရှိပါတယ်။မိထွေးဆိုပေမဲ့ ဆယ်ရာနဲ့ အရမ်းအဆင်ပြေပြီး သင့်မြတ်ကြပါတယ်။အိမ်ကိုရောက်လာ ခါစမှာတော့ ဘာပြဿနာထွေထွေထူးထူးမှမရှိခဲ့ပေမဲ့ သူတို့ခေါ် ခိုင်းတဲ့ ဘေးအိမ်ကသော့ပြင်ဆရာကတော့ ကြောက်စရာ ကောင်းပြီးတော့ ကြောင်တောင်တောင်နိုင်ပါတယ်။အဲ့ဒီအပြင်ကိုမှ ဆယ်ရာက တစ်ခါတစ်လေအိမ်ထဲမှာ လူရိပ်တွေ့တာတွေ အသံတွေကြားနေရတာတွေ ခဏခဏဖြစ်လာပြီး စိတ်ခြောက်ခြား နေပါတော့တယ်။ ဆယ်ကျော်သက်တစ်ယောက်ရဲ့ စကားဆိုတော့လည်း အဖေနဲ့ မိထွေးဖြစ်သူက သိပ်မယုံချင်ကြပါဘူး။ဒီလိုနဲ့ ဆယ်ရာပြောနေတာ အမှန်တွေဖြစ်တယ်ဆိုတဲ့ အကြောင်းသက်သေထွက်ရှိလာပြီး နောက်မှာတော့ သူတို့ရဲ့အိမ်ထဲမှာသူတို့မထင်မှတ်ထားတဲ့ ဘယ်လို ကြောက်စရာကောင်းတဲ့ အရာတွေရှိနေမယ်ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.22GB / 470MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2016 88 mins
Within
Painkili
5.2

Painkili (2025) “ကြက်တူရွေး” IMDb – 5.2/10 အသစ်ထွက် မလေယာလမ်းအချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဘ၀ကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေတဲ့ လူပျိုကြီး ဆူကူ။ သူတွေးမထားမိတဲ့ ပြဿနာတွေပေါ်လာတဲ့အတွက်ကြောင့် သူငယ်ချင်းဖြစ်သူအကြံနဲ့အရူးလက်မှတ်ယူဖို့ ဖြစ်လာခဲ့ပါတယ်။ တစ်နေ့ သူငယ်ချင်းဖြစ်သူကျေးဇူးနဲ့ပဲ ဆူကူတစ်ယောက် အိမ်ကို မိန်းကလေးတစ်ယောက်ခေါ်လာမိရက်သား ညားပါတော့တယ်။ ကောင်မလေးနာမည်က ရှီဘာ။ ကောလိပ်ဆက်တက်ချင်ပေမဲ့ ယောကျ်ားအတင်းပေးစားနေကြတဲ့ မိဘတွေဆီကထွက်ပြေးဖို့ အမျိုးမျိုးကြံနေတဲ့ ရှီဘာ။ ညီမဖြစ်သူအကြံပေးတဲ့အတိုင်း လျောက်လုပ်ရာကနေ ဆူကူ့အိမ်ကို ရောက်ချလာခဲ့ပါရော။ ဒီမှာပဲ အိမ်ကနေနှင်ချဖို့ အမျိုးမျိုးကြိုးစားတဲ့ ဆူကူနဲ့ မရမကတွယ်ကပ်နေတဲ့ ရှီဘာတို့ကြားကဇာတ်လမ်းကို ရှုစားကြရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Action • Drama • Thriller
5.2 2025 139 mins
Painkili
The Marching Band

သီယာဘတ်က နိုင်ငံတကာမှာတောင် နာမည်ကြီးတဲ့ အောင်မြင်နေတဲ့ ဂီတမှုးတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့ဘဝအတွက် တုန်လှုပ်စရာသတင်းတစ်ခုကို ကြားလိုက်ရပါတယ်။ အဲ့တာကတော့ သူ့ဆီမှာ လူကီးမီးယား သွေးကင်ဆာရှိတာပါပဲ။ အဲ့လိုနဲ့ သီယာဘတ်က သူ့အတွက် ရိုးတွင်ခြင်ဆီအစားထိုးကုသဖို့ သူ့ညီမကို အလှုရှင်အဖြသ် အကူအညီတောင်းလိုက်ပါတယ်။ ဒါပေမဲ့ အဲ့မှာပဲ ပိုထူးခြားတဲ့ အမှန်တရားတစ်ခုကို သိလိုက်ရပြန်ပါတယ်။ တကယ်တော့ သူက မွေးစားသားဖြစ်ကာ သူ့ဆီမှာ ဂျင်မီလို့ခေါ်တဲ့ ညီတစ်ယောက်ရှိနေပါတယ်။ ဂျင်မီကတော့ ကန်တင်းတစ်ခုက စားသောက်ဆောင်မှာအလုပ်လုပ်နေပြီး နယ်ခံသံစုံတီးဝိုင်းမှ ထရမ်ဘုန်းတီတဲ့သူပါ။ သီယာဘတ်က သူ့ညီကို သွားရှာရင်းကနေ ဂျင်မီ့ရဲ့ ပါရမီနဲ့ အလားအလာကိုပါ မြင်လာရပြီး မြေတောင်မြှောက်ပေးဖို့ကြိုးစားကြည့်ပါတော့တယ်။ ဝေးကွာနေတဲ့ ညီအစ်ကိုနှစ်ယောက် တဖြည်းဖြည်းချင်း ပြန်ရင်နီးလာကြတာကို ဂီတသံတွေနဲ့ရောနှောကြည့်ရှုရမယ့် ပြင်သစ်ဇာတ်ကားကောင်းလေးပါပဲ File size…(1.7 GB)/(930 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lwin

Horror • Thriller • Drama
0 2024
The Marching Band