YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My Boss E14 720p WEB-DL CM.mp4

295.97 MB N/A video/mp4 174 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spirited
7.1

ခရစ္စမတ်နီးပြီဆိုတော့ ခရစ္စမတ်ဇာတ်လမ်းလေးတွေလဲစပြီးထွက်လာပါပြီ။ ခရစ္စမတ်ဇာတ်လမ်းကိုမှ Ryan Reynolds နဲ့ Will Ferrell တို့က Christmas Carol ကိုပြန်အသက်သွင်းထားတဲ့ဇာတ်လမ်းဆိုရင်တော့ Christmassy feeling အပြည့်အဝနဲ့ စခွီလဲထရမယ့်ဇာတ်လမ်းဆိုတာ တကူးတကပြောစရာမလိုလောက်ပါဘူး။ Dickens ရဲ့ Christmas Carol ကို အားလုံးသိထားပြီးသားနေမှာပါ။ အကျဥ်းချုံးပြောရရင် ခရစ္စမတ်ညမှာလူတစ်ယောက်ကိုပြောင်းလဲစေဖို့ ခရစ္စမတ်တစ္ဆေသုံးကောင်လာတယ်။ အတိတ်ပစ္စုပ္ပန်နဲ့အနာဂတ် ခရစ္စမတ်တစ္ဆေတွေပေါ့။ သူတို့ကဒီလူကိုသူ့ရဲ့ အတိတ်လက်ရှိနဲ့အနာဂတ် တစ်လျှောက်ခေါ်သွားပြီး သူ့ကိုအပြောင်းအလဲတွေဖြစ်စေဖို့ကြိုးစားကြတဲ့ဇာတ်လမ်းပေါ့။ ဒီဇာတ်လမ်းမှာတော့ Clint လို့ခေါ်တဲ့ Ryan Reynolds က မီဒီယာအကြံပေးတစ်ယောက်ဖြစ်ပြီး သူ့ကိုအလုပ်အပ်သူတွေအတွက် မီဒီယာမှာသူတို့ပြိုင်ဘက်တွေကိုနိုင်ဖို့ကူညီပေးသူပေါ့။ ပြိုင်ဘက်တွေရဲ့အပုပ်အစပ်ပေါင်းစုံကိုရှာပေးသူ ပွဲရှာပေးသူဆိုပါတော့။ သူကလူတွေအပေါ်သိပ်လွှမ်းမိုးနိုင်သူလဲဖြစ်နေတော့ သူသာပြောင်းလဲသွားရင် သူ့နောက်ကတခြားလူပေါင်းများစွာလဲလိုက်ပြောင်းလဲမယ်ဆိုပြီး ခရစ္စမတ််တစ္ဆေတွေက လာမယ့်နှစ်ခရစ္စမတ်အတွက်သူ့ကိုခြောက်လှန့်ပြောင်းလဲဖို့ ကလင့်ကိုရွေးချယ်လိုက်တော့ တစ္ဆေတွေရဲ့ပရောဂျက်ကြီးအောင်မြင်မလားကြည့်ရမှာပါ။ ဒီဇာတ်လမ်းက Muscial လဲဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ကောင်းလို့ ဒီနှစ်ရဲ့ Holiday Movies ထဲက ကားကောင်းတစ်ကားပါပဲ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Kevin တို့ပဲ ဖြစ်ကြပါတယ်။ Genre..... Comedy, Family, Musical Quality…. 1080p | 720p | 480p File size… 2GB | 1.19GB | 500MB Format… mp4 Duration…. 2h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Roman NoX, Kevin Encoder ..... August

Crime • Drama • Thriller
7.1 2022 127 mins
Spirited
Lost in Florence
5

လူတိုင်းလိုလိုရဲ့ဘဝမှာ ကိုယ်ဖြစ်ချင်၊ လုပ်ချင်တဲ့အရာနဲ့ အများပတ်ဝန်းကျင်က လက်ခံထားကြတဲ့ ဖြစ်သင့်လုပ်သင့်တယ်ဆိုတဲ့အရာကြားမှာ ဘာရွေးချယ်ရမှန်း မသိဘဲ လမ်းပျောက်တွေဝေနေတာမျိုးရှိဖူးကြမှာပါ။ ဒီကားထဲက အဓိကဇာတ် ဆောင်ဖြစ်သူ အဲရစ်ခ်ဆိုတဲ့ အမေရိကန်သားလေးဟာလည်း ဒီလိုမျိုးပဲဖြစ်နေ တာကိုတွေ့ရမှာပါ။ ဇာတ်လမ်းအစမှာဆိုရင် သူနဲ့နှစ်လကြာရှည်တွဲလာခဲ့တဲ့ ကောင်မလေးဖြစ်သူ ကော် လင်းတို့ဟာ အဲရစ်ခ်ရဲ့ဝမ်းကွဲရှိတဲ့ အီတလီနိုင်ငံရဲ့ ဖလောရန့်စ်မြို့ကို အလည်လာခဲ့ ကြပါတယ်။ အဲဒီမှာ အဲရစ်ခ်တစ်ယောက် ကော်လင်းကိုရိုဆန်ဆန်လေး လက်ထပ်ခွင့် တောင်းခဲ့ပေမယ့်လို့ ကော်လင်းက အဲရစ်ခ်ဟာ ဖြစ်သင့်တဲ့ ဥပဒေကျောင်းကိုတက်ဖို့ မလုပ်ဘဲ၊ မဖြစ်သင့် မဖြစ်လာနိုင်တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးကစားတဲ့ အိပ်မက် နောက်ကိုပဲလိုက်နေတာကြောင့်အနာဂတ်အလားအလာမရှိဘူးဆိုပြီးလမ်းခွဲလိုက် ပါတယ်။ အဲဒီနောက်မှာတော့ အဲရစ်ခ်ဟာ အသည်းကွဲသမားလေးဖြစ်နေပြီးတော့ အမေရိကန်မှာရှိတဲ့သူ့အိမ်ကိုပြန်မသွားသေးဘဲ ဖလောရန့်စ်က သူ့ဝမ်းကွဲအိမ်မှာပဲ သောင်တင်နေပါတော့တယ်။ အဲဒီလိုနေရင်းနဲ့ သိပ်မကြာခင်မှာပဲ ဖလောရန့်စ်ရဲ့ရိုးရာ ကစားနည်းတစ်ခုဖြစ်တဲ့ ကာချီယိုစတိုရီကိုဆိုတဲ့ ဘောလုံးကစားနည်းတစ်ခုကို ဆော့ ကစားဖြစ်သွားပြီး အဲရစ်ခ်တစ်ယောက်သဘောကျသွားမိပါတယ်။ ဒါပေမယ့်လည်း ဒီကစားနည်းဟာ ခက်ခဲကြမ်းတမ်းလှသလို အီတလီလူမျိုးတွေမှပဲ ဆော့ခွင့်ရတယ်ဆိုတဲ့အားကစားနည်းတစ်ခုဖြစ်နေတော့ အဲရစ်ခ်တစ်ယောက်ဇွဲမ လျှော့ဘဲဆက်ဆော့ကစားနိုင်ပါ့မလား၊ ဒါမှမဟုတ် ဒီလိုမျိုးသူဖြစ်ချင်၊ လုပ်ချင်တဲ့ ဟာတွေထက် ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတဲ့ ဥပဒေကျောင်းကိုပဲဆက်တက်သွားမလား။ သူ့ကောင်မလေးကြောင့်ရလာတဲ့ အသည်းကွဲဒဏ်ရာတွေကိုရော ဘယ်လိုကုစားမလဲ၊ ကိုယ့်မွေးရပ်မြေမဟုတ်တဲ့ အီတလီမှာရော ဘယ်လိုတွေရှေ့ဆက်သွားမလဲဆိုတာ ကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size..........(2.07 GB) / (938 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Drama, Romance Translator......Fiona Gillen Encoder..........SWM

Crime • Drama • Romance
5 2017 97 mins
Lost in Florence
The Father Who Moves Mountains
5.9

ဒီ Romanian ဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Daniel Sandu က ရိုက်ကူးထားပြီး 2021 ကထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက တော့ စစ်တပ်အရံအရာရှိဖြစ်တဲ့ မစ္စတာဂျီအာနူ ဟာဇနီးဟောင်းနဲ့ကွဲပြီး အိမ်ထောင်အသစ်ရှိသူပါ။ သူ့မှာဇနီးဟောင်းနဲ့ရခဲ့တဲ့ ကော့စ်မင် ဆိုတဲ့ သားလေးတစ်ယောက်လည်းရှိပါတယ်။ သူဟာသူ့သားလေးကိုသိပ်ချစ် တာကြောင့်မလို့ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် မဖြစ်နိုင်တာတွေကိုပါ ရအောင် လုပ်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သားလေး ကော့စ်မင် ကသူ့ကောင်မလေးနဲ့အတူ ရေခဲတောင်ခြေလျှင်ခရီးတက်ရင်း ပျောက်ဆုံးသွားတယ်လို့ ရဲတွေက အကြောင်းကြားလာပါတယ်။ အဲဒီအခါမှာတော့ သူအရမ်းချစ်ရတဲ့သား လေးကို ကယ်တင်ဖို့အတွက် သူ့တပည့်ကိုခေါ်ပြီး ရေခဲတောင်တန်းတွေ ရှိရာကိုလာပါတော့တယ်။ အဲဒီမှာတောင်တက်ကယ်ဆယ်ရေးတွေကလည်း ကယ်ဆယ်ပေးနေပေမယ့် စိတ်အရမ်းလောနေတဲ့ မစ္စတာဂျီအာနူကတော့ တောင်ပေါ်တက်မယ်တကဲကဲနဲ့ ဖြစ်နေပါတော့တယ်။ နောက်ပိုင်း တောင် တက်သမားတွေနဲ့ အစပ်အဟပ်မတည့်တော့ သူ့ရဲ့အဆက်သွယ်တွေနဲ့ စစ်တပ်ထောက်လှမ်းရေးကိုပါ ခေါ်ချလာပြီး ကယ်တင်ဖို့လုပ်ပါတော့တယ်။ အရင်ကသူ့သားကိုအနိုင်ကျင့်တဲ့ ဘယ်သူကိုမဆို အနိုင်ယူနိုင်ခဲ့ပေမယ့် ဒီတစ်ခါတော့ ရေခဲတောင်ကြီးဖြစ်နေတဲ့အခါ သူ့ရဲ့ဖခင်မေတ္တာတွေနဲ့ အနိုင် ယူနိုင်ဦးမှာလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size..........(1.72 GB) / (733 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 48Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator......Theo Kat Encoder..........SWM

Action • Drama • War
5.9 2021 108 mins
The Father Who Moves Mountains
The Silencing
6.5

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ IMDb 6.1 ရရှိထားတဲ့ The Silencing ဆိုတဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားဟာ action, crime, thriller အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ရေဘန်ဆွမ်ဆန်ဟာ အမဲလိုက် မုဆိုးဘဝကိုစွန့်လွှတ်ပြီးတော့ တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောကြီးကို စောင့်ရှောက်နေတဲ့လူတစ်ယောက်ပါ။ တစ်နေ့မှာတော့ မိန်းကလေးငယ်လေး တွေရဲ့ မူမမှန်တဲ့အသတ်ခံရခြင်းတွေဖြစ်လာတဲ့အခါ......သူ့ရဲ့ ရုတ်တရက်ပျောက်ဆုံးသွားတဲ့သမီးဖြစ်သူကရော ဒီကွင်းဆက်လူသတ်မှုထဲမှာ ပါဝင်နေမလားဆိုတာကို ရဲအရာရှိဂက်စတက်ဆင်နဲ့အတူ လိုက်လံစုံစမ်းကြတာကို လျှို့ဝှက်သည်းဖိုဆန်ဆန်ကြည့်ရှုရမှာပါ။ ရေဘန်ဆွမ်ဆန်အဖြစ် ကျွန်တော်တို့အကြိုက်မင်းသားတစ်ယောက်ဖြစ်တဲ့ Game of Thrones ဇာတ်လမ်းတွဲထဲမှ Jaime Lannister (Nikolaj Coster-Waidau) က ပါဝင်သရုပ်ဆောင်ထားပြီးတော့၊ ရဲအရာရှိဂက်စတက်ဆန်အဖြစ် Peaky Blinders ထဲက Thomas Shelby ရဲ့ အမျိုးသမီးလေး Grace က ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thingyan ပဲဖြစ်ပါတယ်။) Quality – 720p WebRip Duration - 1hr 33 min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Crime, Thriller Source : 1080p.WebRi[ Translator – Thingyan Encoder – SWM

Drama • Mystery
6.5 2020 93 mins
The Silencing
Suzhou River
7.4

Suzhou River (2000) ———————– Directed by Lou Ye အဖြူစွတ်စွတ်တွေ… အလွမ်းပြာပြာတွေ… အမှီသဟဲတွေ… ဒိုက်သရိုက်တွေ… မုသားတွေ… ဝေးလွင့်ကင်းကွာခြင်းတွေ… ဒဏ္ဍာရီတွေ… မြစ်တစ်စင်းဟာ သိမ်ဆည်းထားတယ်။ အသစ်တွေ ဘယ်လိုပဲ ကမ်းကုန်အောင်ခြယ်သပါစေ လမ်းဆုံအောင်ဆယ်မရပါတဲ့ မြစ်တစ်စင်းရဲ့ ရပ်ဝန်းက အဟောင်းတွေ ။ မြစ်တစ်စင်းပေါ် စီးဆင်းနေတဲ့ အတိတ်အက်ကြောင်း နေ့ရက်ဟောင်းတွေကို ဘယ်လိုမှော်ဆေးနဲ့ ဖာထေးမလဲ။ ဒီအိပ်မက်တွေ လွမ်းသူပျိုု့မစပ်ချင်တော့လည်း ဒီမြစ်ကြီးကို မီးတင်ရှို့လို့မှမရနိုင်ခဲ့။ ဆူကျိုးတံတားထက် လက်ပိုက်ရင်းလျှောက်လာတဲ့ သူမရဲ့ ပုံရိပ်တွေ။ ရပ်တန့်ရင်းစောင့်လည်း အဖတ်ဆည်မရတော့ပါတဲ့ ဒဏ္ဍာရီအပျက်တွေ။ ပြောကြတယ် ဒီမြစ်ကြီးထဲမှာ ရေသူမတစ်ကောင်ရှိသတဲ့။ ကျွန်တော်မယုံခဲ့ပါဘူး။ လူတွေပြောနေကျ ယုံတမ်းစကားတွေဟာ ဖြေရှင်းမဆုံးနိုင်အောင် မကုန်မခန်းနိုင်တွေပဲမို့လား။ သူမနဲ့ပထမဆုံးတွေ့တော့ ဘာရယ်ဘာကြောင့်မသိ အဲဒီယုံတမ်းစကားကို ကျွန်တော်ယုံခဲ့ရတယ်။ သူမဟာ ရေသူမလေးတစ်ကောင်ပါပဲ။ သူမဟာ ရေသူမပါလို့ ဘာအတွက်ဘာကြောင့် ကျွန်တော်ယုံစားခဲ့မိလဲတော့ မသေချာပါဘူးပေါ့။ ချစ်ခြင်းဟာ ဒီလိုပဲမို့လား။ အကျိုးလည်းမသိ အကြောင်းလည်းမသိ အဆိုးလည်းမရှိ အပြောင်းလဲမရှိ။ သူ့မျက်ဝန်းတွေ ကောက်ကာငင်ကာကြီး ညှိုးကျသလို သူ့နှုတ်ခမ်းတွေ ကောက်ကာငင်ကာကြီး ပြုံးပြသလို ရေသူမလေးတစ်ကောင်ဟာ ကျွန်တော့်ဘဝထဲ ဗိန်းဗောင်းဆင့် ရောက်ချလာခဲ့တယ်။ ဒီလိုပါပဲ မနက်မိုးလင်းပေါက်လို့ လူပျင်းတစ်ကောင်ကျောခင်းလောက်ပြီဆို အဲဒီရေသူမကလေးဟာ ဆိုင်းမဆင့်ဗုံမဆင့် ထွက်သွားတတ်တယ်။ အဲဒီရဲ့နေ့တွေဆို မြစ်ခင်းတံတားလေးတစ်စင်းပေါ် သူလက်ပိုက်လို့လျှောက်မလာခင်အထိ ပြတင်းပေါက်နံပါးကနေ ရပ်စောင့်လို့ ကျွန်တော်မျှော်နေတတ်တယ်။ တစ်ခါတလေကျ အဲဒီရေသူမလေးက ကျွန်တော့်ကို အသစ်မဟုတ်တော့တဲ့ ဆူကျိုးမြစ်ရဲ့ ဒဏ္ဍာရီတစ်ပုဒ်ကို ပြောပြတတ်တယ်။ ဟိုးတမျှော်တခေါ် တံတားပေါ်က ခုန်ချသွားတဲ့ကောင်မလေးတစ်ယောက်ကို ရွာရိုးကိုးပေါက် အရှာမဆုံးခဲ့တဲ့ မာဒါလို့ခေါ်တဲ့ လူတစ်ယောက်အကြောင်းပေါ့။ သူပျောက်သွားခဲ့ရင် ကျွန်တော်လည်း သူ့လို ရှာပုံတော်ဖွင့်မလား မေးတော့ ကျွန်တော်လည်း ဘူမသိကိုးမသိ ခေါင်းညိတ်ခဲ့ရတယ်။ အဲဒီနေ့ကစ အိမ်ဝင်းတံခါးအပျက်ကနေ သူကျောခိုင်းလို့ထွက်သွားတိုင်း ဒီနေ့ဟာ သူမကိုမြင်ရတဲ့ နောက်ဆုံးနေ့များဖြစ်နေမလားဆိုတဲ့စိုးစိတ်နဲ့ တိုးတိတ်စိုးထိတ်ခဲ့ရတာပါပဲ။ သာမန်ညနေတစ်ခုရဲ့ သာမန်တိမ်တွေအောက်မှာ သာမန်မဟုတ်တော့တာကတော့ ပိုက်ထားတဲ့လက်ကလေးတွေရဲ့ လမ်းကူးဖို့အပြင်ကို ကျွန်တော် မဖူးမမြင်ရတော့တာပါပဲ။ သာမန်လိုပါပဲ။ ဆူကျိုးမြစ်ကနေ ပင်လယ်ပြင်အထိ ဘောလောမျောရင်း အရှေ့အရပ်ကနေ နေဝန်းထွက်လာလိမ့်မယ်။ မြစ်ရေက ကြည်လင်အေးမြလို့ ငါးတွေ တဖွေးဖွေးလှနေလိမ့်မယ်။ မာဒါက သူ့ကောင်မလေးကို ရှာပုံတော်ဖွင့်သလို သူပုန်းကွယ်ရာအရပ်ကို ကျွန်တော်ရှာမယ်။ ညနေဆို သူလက်ကလေးပိုက်လို့ မြစ်ခင်းတံတားလေးထက်ဆိုက်လာချိန်ကို ကျွန်တော်စောင့်မယ်။ ဒီလိုသာလုပ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းကလေးက ဆက်လျက်ဖူးပွင့်နေမှာပဲ။ ဒါပေမဲ့လည်း ကျွန်တော် အဲဒီရေသူမလေးကို မရှာဖြစ်ခဲ့ပါဘူး။ ထာဝစဉ်မြဲတဲ့တရားဆို ဒီကမ္ဘာမှာ ဘယ်ရှိလို့တုန်း။ အရက်နောက်တစ်ခွက်သောက်ရင်း မျက်လုံးတွေမှိတ်ရင်း နောက်ထပ် အချစ်တစ်ပွင့် ပွင့်လို့လာမှာကိုပဲ ကျွန်တော် စောင့်စားနေလိုက်တော့တယ်…. ဆူကျိုးမြစ်ရုပ်ရှင်ဟာ တရုတ်ပြည်မရုပ်ရှင်ရဲ့ ခြောက်ဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ လုရီရဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပါပဲ။ သူဟာ ဆင်ဆာကြမ်းတဲ့ တရုတ်အစိုးရရဲ့ ဘန်းတာကို ပထမကားနဲ့တင်ခံခဲ့ရတဲ့သူဖြစ်ပြီး ဒီဒုတိယရုပ်ရှင်ကိုလည်း တရုတ်အစိုးရ ခွင့်ပြုချက် မရှိဘဲ ရုပ်ရှင်ပွဲတော်တစ်ခုမှာပြခဲ့လို့ ၂နှစ်အဘန်းခံခဲ့ရပါတယ်။ တန်ပါတယ် ဆုတော့ရခဲ့ပါတယ်။ သူ့တင်ပြပုံနဲ့ အပေါက်အလမ်းမတည့်တဲ့ တရုတ်အစိုးရ ဘန်းတာကို ခဏခဏခံခဲ့ရပေမဲ့ လုရီဟာ နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ ဒါရိုက်တာတစ်ယောက်တော့ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကို မြစ်ကမ်းဘေးက ဂိုဒေါင်တွေ ဘာတွေလို အဟောင်းအနွမ်းနေရာတွေမှာပဲရိုက်ထားပြီး တိုးတက်နေတဲ့ အသစ်အသစ်သောပုံရိပ်တွေကို မသုံးထားခဲ့ပါဘူး။ သူဟာ ဟောင်ကောင်ဒါရိုက်တာ ဝေါင်ကာဝေးရဲ့ လွှမ်းမိုးမှုတစ်ပိုင်းတစ်စရှိနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်လို့ ဆိုကြသလို ဒီရုပ်ရှင်ကနေလည်း ခပ်ဆင်ဆင်အရသာလေးရပါတယ်။ ထူးတာကတော့ အဓိကဇာတ်ကောင်လို့လည်း ပြောလို့ရတဲ့ Narratorကို လူလည်းမပြထားသလို Creditလည်းမပေးထားဘဲ ကိုယ်က အဲဒီလူလို ဝင်ခံစားလို့ရအောင် သူမြင်ရတဲ့ပုံစံကနေ ပြသွားတာကလည်း ဒီရုပ်ရှင်ကို ကျွန်တော်တို့နဲ့ ပိုနီးစပ်သွားစေတဲ့ တစ်ချက်ပဲလို့ထင်ပါတယ်။ နောက်နီးစပ်စေတဲ့အချက်ကတော့ အချစ်နဲ့မြစ်ပေါ့။ မြစ်တစ်မြစ်မှာ ရေနှစ်ခါချိုးမရနိုင်ဘူးလို့ ဘယ်လိုပဲဆိုဆို ကျွန်တော်တို့စိတ်တွေကတော့ ဘယ်သောအခါမှ သစ်မလာနိုင်ဘူးမလား။ စိတ်သစ်လူသစ်ဆိုတာ ပုံပြင်ဟောင်းတွေပဲမို့လား။ ဆူကျိုးမြစ်ရုပ်ရှင်ဟာ လူအဟောင်း စိတ်အဟောင်းတွေကို မြစ်အဟောင်းထဲက ရပ်ဝန်းအဟောင်းကိုခေါ်သွားပြီး အဖြစ်ဟောင်းတွေနဲ့ ခင်ဗျားရဲ့မသိစိတ်ထဲက အဟောင်းတွေကို ပြန်တူးဖော်ပေးမယ့်ရုပ်ရှင်ပါပဲ။ အောက်ဖော်ပြပါကတော့ ခင်ဗျားစိတ်ပါရင် တွဲဖက်ခံစားလို့ရမယ့် သီချင်းဟောင်းလေးပေါ့။ ” တစ်ညမက နှစ်ညမက တစ်ညတစ်ည မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့ ငါငြိမ်သက်မြဲပါ ” – ခင်ဝမ်း ( မြစ် ) ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(3.5GB) / (1.22GB) Quality__BluRay_1080p, 720p IMDb Rating__7.4/10 Format__mp4 Duration__01:30:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Western
7.4 2000 83 mins
Suzhou River
Massu Engira Maasilamani
5.9

Masss (2015) ============== အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Horror ဆိုပေမယ့် အရမ်းကြောက်စရာကောင်းနေတာမျိုးမဟုတ်ပဲ တစ်ကားလုံးကို ဆက်ကြည့်နေချင်အောင်၊ စိတ်၀င်စားစရာကောင်းအောင် ဆွဲခေါ်သွားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသား Suriya က နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ကောင်နှစ်ယောက်လုံးက လူအတူတူပဲလို့ကိုမထင်ရအောင် သရုပ်ဆောင်ပီပြင်လွန်းနေတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တဲ့ မားစ်ဟာ သူ့သူငယ်ချင်း ဂျက် နဲ့အတူ ကြီးပြင်းလာခဲ့ပြီး ဓားပြတိုက်လုယက်မှုတွေ လုပ်ရင်းနေခဲ့ပါတယ်။ တစ်ရက်မှာ ငွေတွေဓားပြတိုက်ပြီးပြန်လာတုန်း ကားတိုက်မှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ပဲ ပြန်သတိရလာတဲ့အခါမှာ သူဟာ သရဲတွေကိုပါ မြင်နိုင်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ သရဲတွေနဲ့ပူးပေါင်းပြီး စီးပွားရှာ ကြီးပွားလာခဲ့ပေမယ့် ရှက်တီ ဆိုတဲ့ သရဲပေါ်လာတဲ့အခါမှာ သူ့ဘ၀ အလှည့်အပြောင်း‌ဖြစ်သွားခဲ့ပါတယ်။ မားစ် ဟာ တဖြေးဖြေးနဲ့ သူ့ဘ၀အဖြစ်မှန်တွေကို သိလာရပြီးတဲ့အချိန်မှာ ဘယ်လိုတွေဆက်ပြီး ရှေ့ဆက်သွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။

Drama • Horror • Mystery
5.9 2015 151 mins
Massu Engira Maasilamani
The Pope’s Exorcist
6.2

The Pope’s Exorcist (2023) ” R-rated အကြမ်းပတမ်းဇာတ်ကားမို့ မိသားစုနဲ့အတူကြည့်လို့အဆင်‌မပြေနိုင်ပါဘူးခင်ဗျာ “ မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ အတော်လည်းကောင်းသလို ဇာတ်အိမ်ကြီးတာမို့ အဆက်တွေလည်းထွက်လာနိုင်တဲ့ရုပ်ရှင်မျိုးပါပဲ။ အဓိကဇာတ်ကောင်ကိုလည်း အပြင်မှာ တကယ်ရှိခဲ့တဲ့ နာမည်ကြီး အပနှင် ဘုန်းတော်ကြီး Gabriele Amorth ကို အခြေခံထားပါတယ်။ ဇာတ်လမ်းကလည်း Gabriele Amorth ရဲ့ အပနှင်တဲ့အတွေ့အကြုံတွေကို အခြေခံထားတာဖြစ်ပါတယ်။ Gabriele Amorth ဟာ နတ်ဆိုးဗေဒနဲ့ အပနှင်ခြင်းအကြောင်းကို ကမ္ဘာကသိလာအောင် လုပ်ခဲ့တာကြောင့် ခရစ္စယာန်သမိုင်းမှာ ထင်ရှားတဲ့ အီတလီဘုန်းတော်ကြီးတစ်ဦးပါပဲ။ ~ ဇာတ်လမ်းအကျဉ်း ~ ပုပ်ရဟန်းမင်းကြီး ယုံကြည်ရတဲ့ အပနှင်အဖွဲ့ခေါင်းဆောင် ဂါဘရီရဲ အာမော့ဟာ သာမန် အပနှင်အမှုလေးတွေကို လိုက်နေရင်းနဲ့ တစ်နေ့မှာ စပိန်က ကလေးတစ်ယောက်နတ်ဆိုးပူးခံရတာကို ကူညီဖို့ ဖန်လာပါတယ်။ ဒါပေမဲ့ ကလေးကိုဝင်ပူးနေတဲ့နတ်ဆိုးက သာမန်မဟုတ်ဘဲ အရမ်းအစွမ်းထက်နေပြီး ဂါဘရီရဲကို တမင်မျှားခေါ်လိုက်တဲ့ နတ်ဆိုးဖြစ်နေပါတယ်။ အဲဒီနတ်ဆိုးရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်သူလဲဆိုတာကို သိအောင်လုပ်ရင်း တန်ပြန်ဖို့ ကြိုးစားရပုံတွေကို တွေ့ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 620MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 43Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

6.2 2023 103 mins
The Pope’s Exorcist
Last Call for Istanbul
Parallel

ဇာတ်ကားနာမည်အတိုင်း Prallel Universeသီအိုရီနဲ့ ဇာတ်အိမ်တည်ထားတဲ့ Drama Thrillerကားလေးတစ်ကားဖြစ်ပါတယ်…။ ဗီနက်ဆာဟာ မတော်တဆမှုတစ်ခုမှာ သားဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ ဖြေမဆည်နိုင်ဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ပါ…။ သားဖြစ်သူနေသွားတဲ့ တောစပ်ကအိမ်လေးမှာပဲ ခင်ပွန်းဖြစ်သူရယ်၊ ခဲအိုဖြစ်သူရယ်နဲ့ အတူနေထိုင်ရင်း ကြေကွဲနေရရှာပါတယ်။ တစ်နေ့ စိတ်သက်သာရာရလို့ရငြား တောအုပ်ထဲကို လမ်းလျှောက်အထွက်မှာ သူနဲ့ချွတ်စွပ်တူတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို သေနတ်နဲ့ပစ်ခတ် တိုက်ခိုက်ပါတယ်။ ဗီနက်ဆာကလည်း ပြန်လည်ပစ်ခတ်ထွက်ပြေးရင်း အိမ်သို့ပြန်ရောက်တဲ့အခါ သူရောက်ရှိနေတဲ့နေရာဟာ သူ့အရင်ကရှိခဲ့တဲ့နေရာမဟုတ်မှန်းသိလိုက်ရပါတော့တယ်…။ မျက်စိရှေ့မှာ မြင်တွေ့နေရပေမယ့်၊ ချွတ်စွပ်တူနေပေမယ့် ကိုယ့်ရဲ့ နေရာဟုတ်မနေခဲ့ပါဘူး။ ဗီနက်ဆာတစ်‌ယောက်က ဘယ်နေရာကိုရောက်သွားတာလဲ ဒါမှမဟုတ် ဘယ်အချိန်ကိုရောက်သွားတာလဲ၊ ဒီတောအုပ်ထဲမှာပဲ ဘယ်လိုလူတွေနဲ့ထပ်ဆုံတွေ့ရဦးမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…1.42GB / 558MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Thriller
0 2024
Parallel
Susuk
5.5

Susuk (2024) အညွှန်း ဒီအင်ဒိုသရဲကားကိုမကြည့်ခင်မှာ အားလုံးကို Susuk ရဲ့ အဓိပ္ပါယ်ကိုရှင်းပြပါမယ်။ Susuk ဆိုတာ ‌ရွှေအပ်လေးတစ်မျိုးဖြစ်ပြီး လူခန္ဓာကိုယ်ရဲ့ တစ်ရှူးအလွှာထဲကို ထိုးထည့်ရတဲ့အရာပါ။ Susuk မှာ အလှအပသက်သက်အပြင် အဆစ်အမြစ်နာကျင်ခြင်းနှင့် အခြားအသေးစားရောဂါများကို ကုသခြင်းအထိ ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။ ဤအလေ့အကျင့်ကို ထိခိုက်ဒဏ်ရာရခြင်းနှင့် မတော်တဆထိခိုက်မှုမှ အကာအကွယ်အဖြစ်လည်း အသုံးပြုကြပါတယ်။ Susuk အလေ့အကျင့်ကို ဒေသအတွင်း အစ္စလာမ္မစ်အသွင်ကူးပြောင်းရေး မတိုင်မီကတည်းက ယခုခေတ်အစ္စလာမ့်ပညာရှင်များ ( ဟရာမ် ) မှ တားမြစ်ပိတ်ပင်ထားပါတယ်။ Susuk ကို ဂါထာများဖြင့် မြှပ်နှံထားသည်ဟု ဆိုကာ ၎င်း၏ ထိရောက်မှုကို တိုးမြှင့်ရန်အတွက် တစ်ချိန်တည်းတွင် ပြုလုပ်လေ့ရှိပါတယ်။ Susuk ကို မသေဆုံးမီ ဖယ်ရှားရန် လိုအပ်ပြီး မဟုတ်ရင် လူက သေဆုံးရန် ခက်ခဲမည် ဟုလည်း ဆိုကြတယ်။ ထို့ကြောင့် သက်ဆိုင်သူက အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ် နာမကျန်းဖြစ်တဲ့အခါတွေမှာ Susuk ကို ဖယ်ရှားကြတာများတယ်။ Susuk ကို ဖယ်ရှားခြင်းက တတ်ကျွမ်းသူ၏ ကျွမ်းကျင်မှုလည်း လိုအပ်တာပေါ့။ နဂိုကတည်းက အလှအပအတွက် သုံးတဲ့ Susuk ကို ဖယ်ရှားလိုက်ပါက ခြောက်လအတွင်း သူ၏ နဂိုမျက်နှာကို ပြန်လည်ရောက်ရှိမည်ဟုပြောစမှတ်တွင်ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ လာရက်စ်တစ်ယောက် လိင်အလုပ်သမအဖြစ်လုပ်စားနေပြီး သူ့ရဲ့ညီမ ယူ နဲ့လည်း ဆက်ဆံရေးမပြေလည်ပါဘူး။ တစ်နေ့ကျတော့ လာရက်စ်တစ်ယောက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရောက်လာတဲ့အခါမှာတော့ သူ့ညီမက အစ်မကို ကယ်တင်ရန်အလို့ငှာ နည်းပေါင်းစုံနဲ့ ကြံလာပါတော့တယ်။ ဖြစ်ချင်တော့ အစ်မခန္ဓာကိုယ်ထဲမှာလည်း Susuk (ဆူဆု) ရှိနေတဲ့အတွက် သေလည်းမသေနိုင်ဘဲ ဆန့်တငင်ငင်ကြီး ဖြစ်နေတဲ့အခါ ဘယ်လိုပယောဂတွေ ဝင်ရောက်လာမလဲ။ ယူ တစ်ယောက် သူ့အစ်မ လာရက်စ်ကို ကယ်တင်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ရအောင်လားနော်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 1GB | 562MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

5.5 2024
Susuk
Blades of Glory

2007 ခုနှစ်ကထွက်ရှိထားတဲ့ Blades of Glory ဆိုတဲ့ comedy ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ရေခဲပြင်စကိတ်စီးအားကစားသမားနှစ်ယောက်ဖြစ်တဲ့ ချက်ဇ်နဲ့မက်အယ်လ်ရွိုင်းတို့ဟာ ပြိုင်ဘက်တွေဖြစ်တဲ့အလျောက်လုံးဝမတည့်ကြပါဘူး တစ်ရက်မှာ သူတို့နှစ်ယောက်ဟာဆုပေးပွဲမှာ ရွှေတံဆိပ်ဆုကိုပူးတွဲရရှိတာကြောင့် ဆုလက်ခံနေစဥ်မှာရန်ဖြစ်ခဲ့ကြပါတယ် အဲ့ဒါကြောင့်မလို့အဖွဲ့ချုပ်ကသူတို့ကိုပြိုင်ပွဲဝင်ခွင့်ရာသက်ပန်ပိတ်လိုက်ပါတယ် ဒီလိုနဲ့သုံးနှစ်ကြာအပြီးမှာ သူတို့ဟာ သူတို့ပြိုင်နေကြမဟုတ်တဲ့ နှစ်ယောက်တွဲစကိတ်စီးပြိုင်ပွဲကိုယှဥ်ပြိုင်ဖို့အသင်းဖော်တွေဖြစ်လာတဲ့အခါ “မတည့်အတူနေ”သူတို့နှစ်ယောက် ဘယ်လိုတွေရှေ့ဆက်ရမလဲ နှစ်ယောက်တွဲပြိုင်ပွဲမှာရော သူတို့အကောင်းဆုံးလုပ်နိုင်ပါ့မလား နောက်ဆုံးမှာတည့်သွားကြမလား ရွှေတံဆိပ်ဆုကိုထပ်မံရရှိဖို့အတွက်ဘယ်လိုတွေကြိုးစားသွားရမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို ဟာသနှောပြီးရိုက်ကူးထားတာဖြစ်ပါတယ် File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2007
Blades of Glory
Super/Man: The Christopher Reeve Story
8.1

ဒီဒိုကူမန်ထရီက စူပါမန်းသရုပ်ဆောင် ခရစ္စတိုဖာရိဗ်အကြောင်းပါ။ ခရစ္စတိုဖာရိဗ်ဟာ စူပါမန်းမင်းသားအနေနဲ့‌ ကျော်ကြားခဲ့သလို မြင်းပေါ်က ပြုတ်ကျပြီး လည်ပင်းကျိုးရာကနေ သွက်ချာပါဒါလိုက်ပြီး သေသည်အထိ လည်ပင်းအောက်ပိုင်း လုံးဝလှုပ်မရတော့ဘဲ ဖြစ်သွားတဲ့ သတင်းနဲ့ ပတ်သက်ပြီးလည်း နာမည်ကျော်ခဲ့ပါတယ်။ သူတို့ဆီမှာတော့ ခရစ္စတိုဖာရိဗ်ဟာ သွက်ချာပါဒဖြစ်သွားပြီးနောက်ပိုင်းတောင် မသန်မစွမ်းအရေး သွက်ချာပါဒရောဂါသည်အရေး လှုပ်ရှားမှုတွေနဲ့ တော်တော်လေး လူသိပိုများခဲ့ပါတယ်။ နောက် ကျွန်တော်ပဲ ပိန်းလို့လားမသိပေမဲ့ သူ့စူပါမန်းကားကိုရော သူ့စူပါမန်းကာရိုက်တာကိုရော သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မမြင်ခဲ့မိဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စူပါမန်းရုပ်ရှင်ဟာ သမိုင်းဝင်ခဲ့သလို ရိဗ်ကလည်း အပြင်မှာပါ စူပါမန်းအနေနဲ့ နာမည်ကျော်ခဲ့တာကို သိခဲ့ရတယ်။ ပြောရရင် ရိဗ်ရဲ့ စူပါမန်းဟာ သူ့ခေတ်သူအခါက အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။ ဒီလိုလူတစ်ယောက်က သွက်ချာပါဒလုံးလုံးဖြစ်သွားတဲ့နောက် အမြင့်ကြီးကနေ ဟိုးအောက်ဆုံးထိုးကျသွားတဲ့ ဖြတ်သန်းမှုကို ဒီဒိုကူမန်ထရီမှာ ကျွန်တော်တို့မြင်ရမှာပါ။ ထူးခြားတာက ဒီရုပ်ရှင်မှာ ခရစ္စတိုဖာရိဗ်ရဲ့ ဖြစ်တည်မှုအဓိပ္ပာယ်နဲ့ ချစ်ခြင်းသံယောဇဉ်အပေါ် ခံယူချက်တွေက ဒီကာလ၂ခုကြားပြောင်းလဲသွားတာကို ရိဗ်ကိုယ်တိုင် သေချာပြောပြထားတာပါပဲ။ ရိဗ်ဟာ ဒီမတော်တဆမှုမတိုင်ခင်မှာ ရုပ်ပိုင်းကို အလေးထားလွန်းသူဖြစ်ခဲ့ပေမဲ့ ဒီမတော်တဆမှုနောက်ပိုင်းမှာ စိတ်ပိုင်းကို ပိုအလေးထားတဲ့သူဖြစ်လာပါတယ်။ ချစ်ခြင်းသံယောဇဉ်တွေနဲ့ပတ်သက်ပြီး သူ့အမြင်ကလည်း တော်တော်လေးပြောင်းလဲလာခဲ့တယ်။ ဖြတ်သန်းမှုကိုလိုက်ပြီး အမျိုးမျိုးဖြစ်နေတဲ့ ပုံသေတွက်မရတဲ့ ဒီဖွင့်ဆိုချက်တွေဟာ ဗုံးဗုံးကျသွားတဲ့ ရိဗ်အခြေအနေနဲ့ အရင်ကအခြေအနေကြား လူသားပိုဆန်လာတယ်ပြောရမယ်။ ဒါပေမဲ့လည်း ဒီအတွေးအခေါ်တွေကို ဒီလိုအခြေအနေမှာမှ ပြောင်းလဲသွားတာက ဒီအတွေးအခေါ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ပြန်ဆန်းစစ်ကြည့်ချင်ရင် အခြေအနေတွေကို ထည့်တွက်ရတဲ့ ဖြစ်ရပ်ကို ပိုထင်ရှားလာစေတဲ့အချက်ကို ကျွန်တော်‌တော့ တော်တော်သဘောကျပါတယ်။ ဒီဒိုကူမန်ထရီက ခရစ္စတိုဖာရိဗ်ရဲ့ ကောင်းကြောင်းချည်းရိုက်ထားတဲ့ ရုပ်ရှင်ပေမဲ့ တစ်ဘက်တစ်လမ်းမှာ ကျွန်တော်တို့ မြင်နေရတာတွေမှာ ရိဗ်ရဲ့ ကောင်းကျိုးဆောင်တဲ့လုပ်ရပ်ဆန်တာတွေမှာတောင် သူ့အတ္တကထင်းနေသလိုဖြစ်နေတော့ တစ်ဘက်တစ်လမ်းက မြင်ကြည့်ချင်လည်းရပါတယ်။ ဒါပေမဲ့လည်း လုံးဝအတ္တကင်းတဲ့ ကောင်းကျိုးဆောင်တဲ့လုပ်ရပ်မရှိတာလားတော့ မသိလေတော့ သိပ်တော့မဆိုးသေးဘူးပြောရမှာပါပဲ။ တခြားအချက်တွေလည်းရှိပါတယ်။ ဒီဒိုကူမန်ထရီဟာ လူတစ်ယောက်ရဲ့ကောင်းကြောင်းကို ရိုက်ပြထားတဲ့ဗီဒီယိုပေမဲ့ ဒါရိုက်တာရဲ့အတတ်ပညာလား ဒီတိုင်းပဲဖြစ်သွားတာလေလားမသိနိုင်ပေမဲ့ သူ့ရဲ့တခြားဘက်ခြမ်းကိုပါ ကျွန်တော်တို့ တွေးဆကြည့်လို့ရမှာပါ။ ကြည့်သင့်တဲ့ ဒိုကူမန်ထရီပါပဲ။ File Size : 6 GB, 2 GB, 1 GB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 44min Format : Mkv and Mp4 Audio : AAC and E-AC-3 Genre : Biography, Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

8.1 2024
Super/Man: The Christopher Reeve Story
The Wig
6.2

ဒီရုပ်ရှင်ထဲမှာတော့ အားလုံးရင်းနှီးပြီးသားဖြစ်မဲ့ Xiaoming Huang ကို တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံနဲ့ မြင်ရမှာ ဖြစ်ပါတယ်။ အက်ရှင်၊ မှုခင်း၊ ပြစ်မှု၊ သဲထိတ်ရင်ဖိုစတဲ့ ရသအစုံကို ခံစားရမဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ရှေ့နေမုံ့ကျုံးရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာပြီး ငယ်စဉ်ကတည်းက အမေမရှိတော့တဲ့ မုံ့ကျုံးဟာ ကြီးလာတဲ့အချိန်မှာ အဖေ့အလုပ်ကို ဆက်ခံဖို့ထက် ရှေ့နေကြီးတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေစာမေးပွဲဟာ နတ်ကြီးတယ်လို့ ပြောရမလားပဲ ထူးချွန်လှပါတယ်ဆိုတဲ့ မုံ့ကျုံးတစ်ယောက် ၄ ကြိမ်တိတိဖြေပြီးမှ အောင်ခဲ့ပါတယ်။ ရှေ့နေဖြစ်ပြီးနောက် နှစ် ၂၀ ခန့်ကြာတဲ့အခါ ရှေ့နေလောကမှာ ရပ်တည်နိုင်လာတဲ့ မုံ့ကျုံးဟာ အကူအညီလိုအပ်သူတွေကိုပဲ လိုက်ကူညီပေးပါတော့တယ်။ မိန်းကလေးကို မုဒိမ်းကျင့်မှုတစ်ခုကို လိုက်လံစုံစမ်းနေတဲ့အချိန်မှာ ဝေ့ရှန်ဆိုတဲ့ မိန်းကလေးနဲ့ တွေ့ခဲ့ပါတယ်။ မိန်းမကို စိတ်မဝင်စားဘဲ အလုပ်ထဲပဲ စိတ်နစ်ထားတဲ့ မုံ့ကျုံးဟာ ဝေ့ရှန်အပေါ်တော့ ထူးခြားနေခဲ့ပါတယ်။ ဒါပေမဲ့ ကျားမမေတ္တာတော့ မဟုတ်ပါဘူး။ ဝေ့ရှန်ဟာ ဘယ်သူဖြစ်မလဲ…… မုံ့ကျုံးဆီမှာရော ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲ…… သူစုံစမ်းနေတဲ့ အမှုကရော အဆင်ပြေနိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Action • Comedy • Drama • Thriller
6.2 2024
The Wig
Jathara
7

Jathara (2024) “ဆုတောင်း” ကျေးလက်နေ တောသူတောင်သားတို့ရဲ့ ကိုးကွယ်မှုယုံကြည်မှုတွေနဲ့ ထူးခြားဆန်းကျယ်မှုတို့ကို ပုံဖော်ထားတဲ့ တလေဂူးကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ တိုက်ပွဲမှာ ဆုံးပါးသွားခဲ့တဲ့ ခေါင်းဆောင်ကြောင့် ကိုးကွယ်ခဲ့ကြတဲ့ နတ်ဘုရားမကို လက်အောက်ငယ်သားတွေ မေ့မေ့လျော့လျော့နဲ့ ထားခဲ့ကြရာကစ နတ်ဘုရားမ အမျက်တော်ရှပြီး ထွက်သွားချိန် ကျေးရွာတွေမှာ အငတ်ဘေးကြီး ကြုံရပါတော့တယ်။ တစ်ရွာပြီးတစ်ရွာ အငတ်ဘေးကြောင့် သေကြေပျက်ဆီးနေကြချိန် တစ်နေ့မှာတော့ ယန်ကတ်တရာမူဒူကို နတ်ဘုရားမက အိပ်မက်ပေးပါတယ်။ ဒါနဲ့ ယန်ကတ်တရာမူဒူက ဗိမာန်တော်ဆောက်ပြီး နတ်ဘုရားမကို ကိုးကွယ်အမှုပြုတဲ့အချိန်မှာတော့ ရွာကလေးက ပြန်သာယာလာပေမဲ့ သူ့မျိုးဆက်တစ်ယောက် ဗိမာန်တော်မှာ အောက်လမ်းအတတ်တွေ လုပ်နေတယ်ဆိုပြီး နတ်ဘုရားမ အမျက်တော်ရှလို့ ပြန်ထွက်သွားချိန် ရွာလည်းအငတ်ဘေးပြန်ဆိုက်ပါတော့တယ်။ ဒီမှာပဲ အောက်လမ်းအတတ်လုပ်ပါတယ်လို့ စွပ်စွဲခံရသူလည်း သေဆုံး ကျန်ခဲ့တဲ့သားငယ်လေးနဲ့ အဘွားအိုကြီးလည်းရွာပြင်ကိုနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ကျန်ခဲ့တဲ့ သားငယ်လေး ကြီးပြင်းလာချိန်မှာတော့ အမှန်တရားတွေ ထူးခြားဆန်းကြယ်မှုတွေကို ကြုံတွေ့လာရတဲ့အခါ….။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

7 2024 129 mins
Jathara
Bystanders
4

Bystanders (2024) အက်ဘီနဲ့ သူ့သူငယ်ချင်းတွေဟာ သူတို့နဲ့သိတဲ့အခြားကောင်လေးတွေလုပ်တဲ့ ပါတီပွဲတစ်ခုကိုသွားဖို့ ဖြစ်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီပွဲက ဟိုးတောနက်တစ်ခုထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အဖေပိုင်တဲ့ အားလပ်ရက်သစ်သားအိမ်လေးမှာဖြစ်ပါတယ်။ အက်ဘီတို့ဟာ ရောက်ရောက်ချင်းမှာတော့ လူငယ်တွေဆိုတဲ့အတိုင်း ပျော်ပါးခဲ့ကြပေမယ့်လည်း ရုတ်ချည်းဆိုသလို မူးလဲသွားကြပါတယ်။ ပြန်နိုးလာတဲ့အချိန်ကျမှ သူတို့ ဆေးခတ်ခံရပြီး အကြမ်းဖက်ခံရတော့မယ်ဆိုတာကို သိသွားပါတယ်။ ပိုဆိုးချင်တော့ ကောင်လေးတွေက သူတို့ကို ဒီတိုင်း မထားဘဲ အသက်အန္တရာယ်ခြိမ်းခြောက်ပြီး စိန်ပြေးလိုက်တမ်း ကစားရင်း လွှတ်အောင်ပြေးနိုင်ရင် လွှတ်ပေးမယ်ဆိုလို့ ညသန်းခေါင်အချိန်လောက်မှာ သူတို့ကို တောထဲပြေးခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ဖမ်းမိခံလိုက်ရတဲ့နောက်မှာ အက်ဘီတစ်ယောက်ထဲ လွတ်ကျန်နေခဲ့ပြီး မျှော်လင့်ချက်မဲ့ချင်သလိုဖြစ်တဲ့အချိန်မှာ သူပြေးသွားခဲ့တဲ့ ကားလမ်းမပေါ်ရောက်လာတဲ့ လင်မယားနှစ်ယောက်ရဲ့ကားကို တားလိုက်ပါတယ်။ အစတုန်းကတော့ ထွက်ပြေးဖို့လုပ်နေခဲ့ပေမယ့်လည်း လင်မယားနှစ်ယောက်က အက်ဘီ့ကို လိုက်ဖမ်းနေတဲ့ကောင်တွေထက် ပိုဆိုးတဲ့ စိတ္တဇလူသတ်သမားတွေဖြစ်နေတဲ့အခါမှာတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.6 GB) / (770 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:21:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

Horror
4 2024 82 mins
Bystanders