YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

My.Big.Fat.Greek.Wedding.2002.720p.(CM).mp4

933.7 MB 720p video/mp4 47 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Me Before You
7.9

Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou နဲ့ အရာရာကို စိတ်အချဉ်ပေါက်ပြီး တစ်ချိန်လုံးဒေါသထွက် လောကကြီးကို မကောင်းမြင်နေတဲ့ Will တို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာ သူတို့ထင်ထားတာထက်ပိုပြီး ယှက်နွယ်လာခဲ့ကြပါတယ်။ . --- Review --- . Jojo Moyes ရဲ့ Best seller ဝတ္တုကို ပြန်ရိုက်ထားတဲ့ ဒီကားကို သေချာပေါက် ကြိုက်မယ့်လူ ၂မျိုးရှိပါလိမ့်မယ်။ ၁) The Fault in Our Stars လို မငိုငိုအောင် လုပ်ထားတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေရယ် ၂) British accent ကို ကြိုက်ပြီး အင်္ဂလန်တောတောင်ရေမြေသဘာဝအလှကို ကြိုက်တဲ့သူတွေရယ်။ . ဘယ်နေရာကိုမဆို သွားနိုင်လာနိုင်တဲ့အခွင့်အရေးရှိနေပါရက်နဲ့ ဒီမြို့လေးကလွဲရင် ဘယ်ကိုမှ မသွားချင် မသွားဖူးတဲ့ မိန်းကလေးနဲ့ ကမ္ဘာကြီးရဲ့ အလှအပတွေကို ကိုယ်တိုင်မြင်ဖူးခဲ့ပြီးမှ ဘယ်မှ သွားလို့မရပဲ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်ကုန်နေရတဲ့ အမျိုးသားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားကျနေကြရတာပေါ့။ လူတိုင်းက သူ့ဆို ငပေါ ဉာဏ်ထိုင်းလို သဘောထားတဲ့အပေါ် အသားကျနေတဲ့ Lou ကို အမြဲတမ်းထိပ်ဆုံးမှာပဲ နေချင်တဲ့ Will က အားမရဖြစ်၊ ချမ်းသာပြီး အရာအားလုံးပြည့်စုံ (ကျန်းမာရေးကလွဲ)နေရဲ့သားနဲ့ အားလုံးကလဲ ဝိုင်း ဂရုစိုက်နေရဲ့သားနဲ့ ဂျစ်ကန်ကန်ဖြစ်နေရလားဆိုပြီး Lou က သိပ်သည်းမခံချင်။ ဒါပေမယ့် သံယောဇဉ်တွေ အပြန်အလှန်တွယ်ခဲ့ပြီး Lou ရဲ့ အမြင်တွေ တဖြည်းဖြည်း ပြောင်းလဲလာပြီးမှ ဘာကြောင့် သူ့ကို ခြောက်လပဲ ငှားရမ်းရလဲ ဆိုတာရဲ့ အကြောင်းပြချက်ကို သိသွားတဲ့အခါမှာ Lou ဘက်ကကော Will Traynor ရဲ့ စိတ်ကို ပြောင်းလဲနိုင်ပါ့မလားဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါတော့။ . အင်္ဂလိပ်ကားတို့ ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေ မြင်ကွင်းလှလှလေးတွေနဲ့ လှတပတလေး ရိုက်ထားတာပါ။ နောက်တစ်ခုက မင်းသားမင်းသမီးတွေက မြင်ဖူးနေကြမျက်နှာတွေပါပဲ။ Louisa Clark အဖြစ် GOT ရဲ့ အသည်းကျော် နဂါးမေမေ Emilia Clarke ဖြစ်ပြီး Will Traynor အဖြစ် hottie လေး Sam Claflin တို့ပါ။ နောက် Harry Potter ထဲက Neville Longbottom ဖြစ်တဲ့ Matthew Lewis၊ နောက် Doctor Who series ထဲက Doctor’s Companion လေး Clara Oswald ဖြစ်တဲ့ Jenna Coleman တို့လဲ ပါဝင်ပါတယ်။ နဂါးမေမေပါတယ်ဆိုပြီး GOT ထဲကလိုတော့ မထင်ထားကြပါနဲ့ဦး။ Emilia Clarke တို့ ဒီကားထဲမှာ လုံခြုံချက်များ ဘာဆို ဘာမှ မပေါ်ပါဘူး။ . အချစ်ဇာတ်လမ်းလို့ပြောပေမယ့် ဖက်ရမ်းနမ်းရှုံ့အခန်းတွေတောင် မပါမဖြစ်နေရာလောက်လေးပဲ ပါတဲ့အတွက် ကလေးတွေကြည့်လို့ရပါတယ်။ တစ်ခုပဲ… British accent နဲ့ဆိုတော့ သူတို့ပြောတာတွေ ဖမ်းမိဖို့ တော်တော်မလွယ်။ စာတန်းထိုးနဲ့ ကြည့်မှပဲ ဇာတ်ကားအရသာကို ကောင်းကောင်း ဖမ်းမိမယ် ထင်ပါတယ်။ . အစမှာ ပြောခဲ့သလိုပဲ ဝမ်းနည်းလာတာ ဝမ်းနည်းလာတာဆိုတာ မျက်ရည် ဘူးသီးလုံးလောက်ကျရပါတယ်။ သရုပ်ဆောင်ကောင်းလွန်းလို့တော့ မဟုတ်လှဘူး။ မင်းသားကော မင်းသမီးကောက ကားစ ကားဆုံး ရုပ်သေနေသလိုပဲ။ မင်းသားကတော့ ထားပါတော့ သူ့ဇာတ်ကောင်ကိုက တစ်ကိုယ်လုံးသေနေတာဆိုတော့။ ဇာတ်လမ်းကပေးချင်တဲ့ message ကိုက ဝမ်းနည်းစရာကောင်းနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ငိုရမယ်ဆိုသလိုပါပဲ။ ဒီကားပြီးရင်တော့ စဉ်းစားစရာလေးတွေ ကျန်ခဲ့မှာပါ။ အသက်ရှင်နေထိုင်ဖို့ ဘာလိုလဲ။ ဘဝကို ဘယ်လိုနေမလဲဆိုတာ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိရင် ဘယ်လိုသေမလဲဆိုကော ရွေးချယ်ခွင့် ရှိပါ့မလား။ စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်ရဲ့ အရိပ်ဆိုးတွေကို လက်မြှောက်အရှုံးပေးလိုက်တော့မှာလား။ Will ပြောသလို “Will you let this moment define you?”.. စသဖြင့် စသဖြင့် မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးမိမှာပါ။ ဒဿနိကပိုင်းအရ အရမ်းနက်နဲလှတယ် မဆိုနိုင်ပေမယ့် အသက်ရှင်နေရခြင်းကို bite size စဉ်းစားစရာလေးတွေ ပေးမှာပါ။ စာအုပ်ဖတ်ပြီးသားလူတွေကတော့ ဖြစ်နေကြအတိုင်း သိပ် စိတ်တိုင်းကျမယ် မထင်ပါဘူး။ . --- Movie Info --- Director: Thea Sharrock Top-billed Cast: Emilia Clarke, Sam Claflin Runtime: 1 hour 50 min Screenplay: Jojo Moyes, Scott Neustadter, Michael H. Weber Distribution : Warner Bros. Budget : $20 Million Box Office : $157.8 Million --- Ratings --- Datshin: 3.5/5 IMDb: 7.6/10 Rotten Tomatoes: 43% -Jen (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(3.2 GB)/(1.3 GB)/ (830 MB) Quality….WEB-DL 4K HEVC /1080p HEVC/720p Format…mkv/mp4 Duration….01:50:12 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ^May^

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
7.9 2016 110 mins
Me Before You
A Tale of Sorrow and Sadness
5.9

A Tale of Sorrow and Sadness ( 1977 ) ဒီ Erotic ကားကို ရိုက်တဲ့လူက seijun suzuki။ လူတော့သိပ်သိမှာမဟုတ်ပေမဲ့ ဂျပန်ရုပ်ရှင်ကို ဂိတကာဂိနေတဲ့လူတစ်ချို့တော့ သိကြလိမ့်မယ်။ Branded to Killတို့ Tokyo Drifterတို့လို ထိပ်တန်းစာရင်းဝင်တွေရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ Action Crime ကားတွေကို ရိုက်ခဲ့တဲ့သူ။ ဒါပေမဲ့သူက ၁၉၅၆ လောက်ကတည်းကနေ ၁၉၆၇အထိ B Movies တွေရိုက်လာတဲ့သူဆိုတော့ ဒီကားကို သူပိုင်ပိုင်နိုင်နိုင်ရိုက်နိုင်တာ ဆန်းတော့လည်းမဆန်းဘူး။ ဒါပေမဲ့လည်း သာမန် Erotic ကားတွေနဲ့ နည်းနည်းမှ မတူတဲ့အချက်ကိုတော့ ကျွန်တော်တို့လက်ခံရမှာပဲ။ စတိုရှိခွန်ရဲ့ Perfect Blue တောင် ဒီကားရဲ့ အငွေ့အသက်နည်းနည်းယူထားသလားလို့ပါ မြင်မိတဲ့အထိ Erotic ကားပေမဲ့ တော်တော်လေး ဆိုက်ကိုဆန်ပြီးကြမ်းတယ်။ Perfect Blueကိုယ်တိုင်လည်း တော်တော်လေးကြမ်းနေတာ ဒီအငွေ့အသက်မကင်းခဲ့လို့လားလို့ ထင်ချင်စရာကောင်းတယ်။ ထင်မြင်ချက်သက်သက်ပါပဲ။ ဒီလိုခံစားရတာတော့ ကျွန်တော့်ဘက်ကသေချာတယ်။ ကိုယ့်အထင်နဲ့ ကိုယ်တိုက်ကြည့်ပေါ့။ seijun suzukiဟာ Takeshi Kitanoလို ဂျပန်ဒါရိုက်တာဆရာကြီး, Wong Kar-waiလို ဟောင်ကောင်ဒါရိုက်တာဆရာကြီးနဲ့ Quentin Tarantinoလို ဟောလိဝုဒ်ဆရာကြီတွေကပါ အထင်ကြီးလေးစားရတဲ့သူဆိုလည်း မမှားဘူး။ နူးညံ့တဲ့ကမ္ဘာကြီးကို မြင်ချင်တဲ့လူတွေအတွက်တော့ ကားကောင်းဟုတ်ချင်မှဟုတ်မှာပေမဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်တဲ့ဘက်ခြမ်းကို မြင်ချင်တဲ့လူတွေအတွက်တော့ A Tale of Sorrow and Sadness ဟာ တကယ်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ သူ့ဇာတ်ကတော့ ဂေါက်ရိုက်သမလေးတစ်ယောက်ကို ကုမ္ပဏီတစ်ခုက ဟုန်းဟုန်းတောက်အောင်မြင်အောင်လုပ်ပေးလိုက်ပြီးတဲ့နောက် အဲဒီဂေါက်ရိုက်သမလေး ခံခဲ့ရတဲ့ အောင်မြင်မှုဒဏ်တွေ အတိုက်အခိုက်တွေ လဲပြိုမှုတွေ အတုအယောင်တွေအကြောင်းပါပဲ။ ပြောရရင် Perfect Blue နဲ့ အတိုင်းအတာတစ်ခုအထိ ထပ်တူညီပါတယ်။ မတူတာက စတိုရှိခွန်ဟာ အန်နမဲသမားပီပီသသ သူ့စိတ္တဇကမ္ဘာကို ပိုစိတ္တဇဆန်အောင်ပုံဖော်သွားပြီး ဆူဇူကီးကတော့ သူ့စိတ္တဇကမ္ဘာကို လူတွေကြားမှာပဲ ပီပြင်လာအောင် ပုံဖော်သွားခဲ့ပါတယ်။ အသိရခက်တဲ့ရုပ်ရှင်တစ်ကားမို့ လူတိုင်းတော့ အကြိုက်တွေ့မှာမဟုတ်သလို Erotic Scene တွေလည်းပါလို့ မိသားစုနဲ့မကြည့်သင့်ပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Wပါ ) File Size__(1.8GB) / (750MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:30:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Action • Adventure • Drama
5.9 1977 93 mins
A Tale of Sorrow and Sadness
Waking Karma
2.7

ခါမာဆိုတဲ့ ကောင်မလေးဟာ သူ့မိခင်ဖြစ်သူဆန်နီနဲ့ နှစ်ယောက်တည်းနေထိုင်ပါတယ်။ သူတို့သားအမိနှစ် ယောက်ဟာ တစ်စုံတစ်ယောက်လက်ကနေလွတ်အောင် ပုန်းရှောင်ပြီးနေနေရတာပါ။ ပုန်းနေတာလုံပြီထင်ခါမှ တစ်နေ့ကျတော့ သူတို့ကိုလိုက်ဖမ်းနေတဲ့သူဆီကနေ စာတစ်စောင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာ ပါတော့တယ်။ သူတို့ ဘာကြောင့် ထွက်ပြေးနေရတယ်၊ သူတို့ကိုဘယ်သူက ဘာလို့လိုက်ဖမ်းနေတယ်၊ နောက်ဆုံးမှာ သူတို့ တကယ်ရော လွတ်မြောက်သွားနိုင်မှာလားဆိုတာကို ကြည့်ရှုခံစားရမှာပါ။ One time watch အနေနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကား လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူ ကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.34 GB) / (451 MB) / (271 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM

Drama
2.7 2023 86 mins
Waking Karma
Hermitage Girl

ပြဿနာစုံ ဂယက်စုံနဲ့ အခန်းတွင်းအောင်းပြီး ဂိမ်းဆော့ဖို့ပဲသိတဲ့ကောင်လေးတစ်ယောက်ရဲ့အိပ်မက်ကတော့ ရုပ်ရှင်ဇာတ်လမ်းထဲက မကောင်းသူပယ် ကောင်းသူကိုကယ်တင်မဲ့ သူရဲကောင်းကြီးပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ သူ့ဆီမှာ သူရဲကောင်းနဲ့တူတာဆိုလို့ ရင်းရှုံဆိုတဲ့ သူရဲကောင်းလို့အဓိပ္ပာယ်ရတဲ့ သူ့နာမည်ပဲရှိပါတယ်။ တစ်နေ့တစ်နေ့ ဂိမ်းဆော့လိုက် တစ်ကိုယ်တော် အာသာဖြေလိုက်နဲ့ ဘာမှမဖြစ်မြောက်တဲ့ရင်းရှုံဟာ သူ့ရဲ့ငွေမပေးရတဲ့အိပ်မက်ကိုတော့ ခဏခဏစိတ်ကူးနဲ့ပုံဖော်လေ့ရှိပါသတဲ့။ ရင်းရှုံရဲ့အိမ်မှာ အိမ်ငှားလာနေတဲ့ နာ့နာ့ဆိုတဲ့ကောင်မလေး တစ်နည်းအားဖြင့် ရင်းရှုံအကျင့်ဆိုးသမျှ ညစ်ပတ်သမျှခံနေရသူလေးပေါ့။ အပြင်က မိန်းမလှလေးကို ကယ်တင်ချင်နေတဲ့ သူရဲကောင်းရူးရူးနေတဲ့ရင်းရှုံဟာ သူ့ရဲ့အိမ်ငှား နာ့နာ့အပေါ်တော့ သဘောကောင်းတဲ့အိမ်ရှင်မဟုတ်ပါဘူး။ ဒီလိုနဲ့ မီးမီးဆိုတဲ့ အင်တာနက်ဆယ်လီရဲ့လိုက်ဖ်ကိုကြည့် ဒုက္ခရောက်နေတဲ့မီးမီးကို ဟီးရိုးကြီးလုပ်ကယ်တင်မယ်ဆိုပြီး တထစ်ချဆုံးဖြတ်လို့ အိမ်ကနေပြေးထွက် ကားတိုက်ခံရလုဆဲဆဲမီးမီးကိုဝင်ကယ်ရင်းနဲ့ မနက်မိုးလင်းတဲ့အခါ မီးမီးရဲ့ခန္ဓာကိုယ်နဲ့ ကိုယ့်ကိုယ်ကိုယ် မြင်လိုက်ရတဲ့အခါ... တစ်ညတာကာလအလွန်မှာ ညစ်ပတ်တဲ့ဂိမ်းရူးကနေ အချောလေးဖြစ်သွားတဲ့ရင်းရှုံတစ်ယောက် ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ။ နေသားမကျဖြစ်နေတဲ့သူ့ကို နာ့နာ့နဲ့သူငယ်ချင်း‌တွေကရော ဘယ်လိုကူညီပေးမှာလဲ။ သူ့ခန္ဓာကိုယ်ကရော နေ့ချင်းညချင်း ဘာလို့မိန်းမဖြစ်သွားရတာလဲဆိုတာ အားလုံးအတူကြည့်ရှုရင်းနဲ့ ရယ်မောခြင်းဖြင့် အပန်းဖြေလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Mystery Quality…. 1080p | 720p | 480p File size…834MB | 435MB | 211MB Format… mp4 Duration….1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... August

0 2017 83 mins
Hermitage Girl
The Chalk Line (a.k.a) Jaula

(1080p ရပါပြီ) Thriller/Crime Genre စပိန်ဇာတ်ကားသစ်လေးဖြစ်ပြီး မဲပြာပုဆိုးမဟုတ်ပဲ plot twist တွေနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။ ပေါလာနဲ့ ဆီမွန်က အသက် လေးဆယ်ကျော်ဇနီးမောင်နှံဖြစ်ပြီး ကလေးယူဖို့ အပူတပြင်းကြိုးစားနေကြသူတွေပါ။ ကံဆိုးစွာပဲ ကိုယ်ဝန်မရခဲ့ကြပါဘူး။ စိတ်ညစ်နေတဲ့ သူတို့ဘဝထဲကို ကလဲရာဆိုတဲ့ ခြောက်နှစ်အရွယ် ကလေးမလေးဝင်လာခဲ့ပါတယ်။ ကလဲရာကို ကားလမ်းမကြီးပေါ်မှာ ညကြီးသန်းခေါင် သူတို့ကားနဲ့ ဝင်တိုက်မိမလို ဖြစ်ပြီး စတွေ့ခဲ့ကြတာပါ။ နေမကောင်းဖြစ်နေတဲ့ ကလဲရာဟာ စကားမပြောတတ်သလို အပြုအမူတွေကလည်း ထူးခြားနေပါတယ်။ မြေဖြူနဲ့စည်းတားထားရင် အဲဒီစည်းအပြင်ကို မထွက်ရဲတာတို့၊ ဂျာမန်ဘာသာစကားကို နားလည်နေတာတို့၊ အစရှိသဖြင့်ပေါ့။ ဒီလိုနဲ့ ဆေးရုံက အကူညီတောင်းတာကြောင့် သူတို့ ကလဲရာကို အိမ်ခေါ်လာပြီးနောက်မှာတော့ ဘယ်လိုဆိုးရွားတဲ့ကိစ္စတွေ ကြုံတွေ့ရမလဲဆိုတာ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။) File Size          : 1.7GB, 605MB, 320MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 46mins Genre              : Horror, Mystery, Thriller Translated by May Myat Thu Encoded by Kinnov

Animation • Drama
null 2022
The Chalk Line (a.k.a) Jaula
Aadavaallu Meeku Johaarlu
3.6

အားလုံးစောင့်မျှော်နေတဲ့ မင်းသမီး ရှက်ရ်မီး ရဲ့ကားလေး ရောက်လာပါပြီ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လုံးဝနားမလည်နိုင်ပါဘူး ဘုရားက လူယောက်ျားကို အဲ့ဒီအစွမ်းပေးဖို့ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ် မိန်းမတစ်ယောက်ကိုတောင် နားလည်ဖို့ခက်တဲ့ဒီလောက ကြီးမှာ မိန်းမ ၁၅ ယောင်လောက်ဝိုင်းနေတဲ့ ချီရူရဲ့ဘဝကတော့ သနားစရာပါ ဟိုးငယ်ငယ်လေးတည်းက အမေနဲ့ အဒေါ် ၄ယောက်ရဲ့ ဖူးဖူးမှုတ်ထားတာကိုခံရပြီး အစ်မ ညီမတွေရဲ အချစ်ကိုရထားတဲ့ ကံကောင်းတဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒါက သူ့အတွက် အချုပ်အနှောင်တွေဖြစ်နေခဲ့ပါတယ် အထူးသဖြင့် လက်ထပ်ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့ အကောင်းဆုံးကို ပေးချင်တယ်ဆိုပြီးအိမ်ထောင်ဖက်လာတွေ့တဲ့ မိန်းကလေးမှန်သမျှကို အကြောင်းမျိုးစုံရှာပြီး ငြင်းခဲ့တဲ့ သူ့မိသားစုကြောင့် ချီရူတစ်ယောက် အသက် ၃၅နှစ်အထိ မိန်းမမရခဲ့ပါဘူး ဒီလိုနဲ့ မိုးရွာတဲ့နေ့တစ်နေ့မှာ အာဒီယာနဲ့ အမှတ်တမဲ့ဆုံခဲ့ပါတယ် ပြီးတော့ အိမ်ထောင်ဖက်တွေ့တာကအစ လက်ထပ်ပွဲအထိ သူကိုယ်တိုင် စီစဥ်ဖို့ ဆုံးဖြတ်ခဲ့တယ် ချီရူရဲ့ လက်ထပ်ပွဲဘယ်လိုဆက်ဖြစ်မှာလဲ သူ့မိသားစုနှောင်ကြိုးတွေထဲက ဘယ်လိုရုန်းထွက်နိုင်မှာလဲ အာဒီယာနဲ့ကော ဘယ်လို အချစ်ဇာတ်လမ်းတွေရှိလာမှာလဲ..... လှမြဲလှနေပြီးExpression Queen လို့တင်စားကြတဲ့ နာမည်ကြီး မင်းသမီးချောလေး ရှက်ရ်မီး ပါဝင်သရုပ်ဆောင်ထားတဲ့ကားမလို့ အခုပဲ ဒေါင်းပြီးကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်နော် File size…950MB / 1.6GB Quality…720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by  Shwe Pyae & Eliza & Yate & Myo Myo &Haruko

Comedy • Horror
3.6 2022 139 mins
Aadavaallu Meeku Johaarlu
[18+] Alapaap
7.3

Alapaap (2022) ~ IMDb rating – 7.3/10 ~ အဲရစ်ဦးဆောင်တဲ့ သူငယ်ချင်းအုပ်စုဟာ အခုချိန်မှာ ရုပ်ရှင်ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ အဲရစ်ရဲ့ Thesis အတွက် မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်မြောက်ရေးကို ဝိုင်းဝန်းကူညီနေကြပါတယ်။ အားလုံးဟာ လူချမ်းသာ အသိုင်းအဝိုင်းကြီးတွေက မွေးဖွားဆင်းသက်လာတဲ့ ဘဝအပေါ်ရှုမြင်တွေးခေါ်ပုံတွေကအစ အစဉ်အလာနဲ့ဖောက်ထွက်ဆန့်ကျင်ကြတဲ့ လူငယ်ပညာတတ်တွေဖြစ်ပြီး K တွေ E တွေကို ပဲကြီးလှော်လိုသုံးစွဲ လိင်မှုကိစ္စအရာမှာလဲ ပွင့်လင်းလွတ်လပ်အစွန်းရောက်လွန်းပြီး Orgy တွေ သီရိစံတွေ ဘာညာဆိုတာ သူတို့ဘဝမှာနေ့စဉ်ထမင်းစားရေသောက်ပါ။ အားလုံးဟာ အတိတ်စိတ်ဒဏ်ရာတွေ အမှောင်ကိုယ်စီရှိတဲ့လူတွေဖြစ်ပေမယ့် လက်ရှိဘဝမှာတော့ အားလုံးကိုမေ့ထားပြီး ပေါ့ပေါ့ပါးပါးနေထိုင်ကြပါတယ်။ အဲရစ်ရဲ့မှတ်တမ်းရုပ်ရှင်ဟာ ဖိလစ်ပိုင်အစွန်အဖျားက ဘန်ယန်ဆိုတဲ့ ရှေးဟောင်းတိုင်းရင်းမျိုးနွယ်စုတစ်ခုအကြောင်းဖြစ်တဲ့အတွက် အဲ့ဒီနေရာကို ကုန်းတစ်တန်ရေတစ်တန်နဲ့ ခရီးသွားဖို့ဖြစ်လာတဲ့နောက်မှာတော့ အဲ့ဒီခရီးဟာ သူတို့ဘဝတွေကို တစ်ဆစ်ချိုးပြောင်းလဲစေမယ့် တစ်သက်မမေ့နိုင်စရာ ခရီးတစ်ခုဖြစ်လာပါတော့တယ်။ အဖော်အချွတ်တွေ လိင်ဆက်ဆံခန်းတွေ ပုံမှန်ထက်ပိုကြမ်းတမ်းတဲ့အပြင် သွေးထွက်သံယိုတွေ၊ ရက်စက်တဲ့ပြကွက်တွေလဲ အများကြီးပါဝင်တဲ့အတွက် စိတ်မထိန်းနိုင်တဲ့သူတွေ အသည်းငယ်တဲ့သူတွေကြည့်ဖို့မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.91GB, 950MB Quality – 1080p, 720p Format – mp4 Duration – 2H 10Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Animation • Comedy • Family
7.3 2022 130 mins
[18+] Alapaap
Paranormal Activity 4

Fangoria Chainsaw Awards နဲ့ Young Artist Awards ရရှိထားတဲ့ ခြောက်ခြားဖွယ်ကောင်းတဲ့ သဘာဝလွန်ဖြစ်ရပ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့က ၃ကား ကြည့်ပြီးသား လူဆိုရင်တော့ ဒီရုပ်ရှင်အမျိုးစားက ဘယ်လောက်တောင် ကောင်းလဲဆိုတာကို အထူးတလည် ညွှန်းနေစရာ လိုမယ် မထင်ပါဘူး။ Supernatural, Detective Pikachu, The society, The map of tiny perfect things, Ant man 1,2,3 အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာထဲက ကျွန်တော်တို့ရဲ့ အချစ်တော် ကောင်မလေး Kathryn Newtonနဲ့အတူ Paranormal Activity ရုပ်ရှင်တွဲရဲ့ မပါမဖြစ် Katie Featherstonနဲ့အတူ နောက်ထပ် သရုပ်ဆောင်ပေါင်းများစွာကို ဒီကားထဲမှာ ခြောက်ခြားဖွယ်မြင်တွေ့ရမှာပါ။ အေးချမ်းလှတဲ့ ရပ်ကွက်ထဲမှာ နေထိုင်ကြတဲ့ အဲလက်စ်နဲ့ ဝိုင်းရက်တို့မိသားစုရဲ့ မျက်နှာချင်းဆိုင်အိမ်ကို မိသားစု တစ်စုပြောင်းလာကြပါတယ်။ အဲလက်စ်နဲ့ ဝိုင်းရက်တို့ မောင်နှမ ၂ယောက်ရဲ့ မိသားစုဘဝလေးထဲကို မျက်နှာချင်းဆိုင်အိမ်က ကလေး ရော်ဘီ ဝင်ရောက်လာတဲ့အခါမှာတော့ မထင်မှတ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်ပျက်လာပါတယ်။ ဒီသဘာဝလွန်ဖြစ်ရပ်တွေက ဘယ်လိုတွေဖြစ်လာတာလဲ၊ ဘယ်လိုတွေ ကြမ်းပြသွားမလဲဆိုတာကို Paranormal Activity ရဲ့ ရိုးရာမပျက် စိတ်ခြောက်ခြားဖွယ် ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2012
Paranormal Activity 4
True Story
6.3

127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုး နာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့ နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင် သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကား တစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက် ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်း ဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက် တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့ သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေ အဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေ သွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက် တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေက လက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့ သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ် ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါ တော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့ လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာ ကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ အချိန်မှာတော့ ဒီဇာတ်လမ်းက သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေထဲမှာ အကောင်းဆုံး ဖြစ်နိုင်တယ်ဆိုပြီးတော့ နှစ်ယောက်သား စာအုပ်ထုတ်ဖို့ အတူတူလုပ်ကြရင်းနဲ့ ကြုံတွေ့လာရမဲ့ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…1.75GB / 751MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.3 2015 99 mins
True Story
Bantay-Bahay
4.3

Bantay-Bahay (2024) ကေလတ်ဘ်က မအောင်မြင်သေးတဲ့ vlogger နဲ့ podcaster တစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့လူသူမနီးတဲ့တောအုပ်ကြီးအလယ်က ရည်းစားဖြစ်သူအဘွားရဲ့အိမ်ကိုတစ်ညတာစောင့်ပေးဖို့ ရည်းစားခိုင်းထားလို့ ရောက်နေပါတယ်။ ငွေရေးကြေးရေးမှာရော၊ရုပ်ရည်မှာပါချို့တဲ့တဲ့အတွက် မတန်မရာရထားတဲ့ ရည်းစားလေးတစ်ယောက်ကို မျက်နှာအပျက်မခံနိုင်အောင်ကြောက်ရတဲ့ သူဟာ အိမ်ကိုလည်းမထောက်ပံ့နိုင်တဲ့အတွက် မိခင်ဖြစ်သူကဖုန်းဆက်ပြီး နှိမ်တာကိုလည်းခံရပါသေးတယ်။ အခုလိုလှပခမ်းနားတဲ့ အိမ်ကြီးမှာ Live လွှင့်ဖို့အစီအစဉ်ရှိတဲ့ ကေလတ်ဘ်ဟာ သူ့ပစ္စည်းပစ္စယာတွေဆင်ပြီး တစ်ခန်းဝင်တစ်ခန်းထွက်လိုက်စပ်စုရာကနေ မဝင်ရမယ့် အခန်း၊မဖွင့်ရမယ့် တံခါးတွေကိုဘုမသိဘမသိသွားဖွင့်မိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ Livestream စတင်ချိန်မှာ အိမ်ထဲကနေ ထူးဆန်းတဲ့အသံတွေ အရိပ်ယောင်တွေတင်မက သူ့ရှေ့တည့်တည့်မှာပါကိုယ်ထင်ပြလာတဲ့ ဝိဉာဉ်တွေ သဘာ၀လွန်သတ္တဝါတွေနဲ့ Live လွှင့်ရင်းတစ်ညတာနပမ်းလုံးရမယ့် စွန့်စားခန်းကြီးစတင်ပါတော့တယ်။ အဲ့ဒီ Live နဲ့ကျမှသူ့ရဲ့မဖြစ်စလောက် ဖော်လိုဝါဦးရေကနေထိုးတက်ပြီး ကြည့်ရှုသူပါသန်းချီတဲ့အထိအောင်မြင်သွားချိန်မှာတော့..။ အစကနေအဆုံးထိ သဘာ၀ကျကျဟာသတွေနဲ့ခွီနေရမယ့် သရဲဟာသဇာတ်လမ်းပါ။ ဟာသဇာတ်ဆိုပေမယ့် နောက်ခံဇာတ်ကြောင်းအခိုင်အမာ၊လှည့်ကွက်ကောင်းကောင်းတွေနဲ့တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:27:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama
4.3 2024
Bantay-Bahay
Pind Aala School
6

Pind Aala School (2024) ကျေးရွာကျောင်းကလေး IMDb 7.5/10 ကျေးရွာလေးတစ်ရွာမှာကျောင်းဆရာအသစ်တစ်ယောက်ရောက်လာပါတယ် ကျောင်းကိုသူရောက်တဲ့အချိန် ပထမဆုံးသူတွေ့ရတဲ့မြင်ကွင်းက ကျောင်းစောင့်တစ်ဦးကကလေးတွေကို ကိုးလေးလီ သုံးဆယ့်ငါးလို့သင်နေတာကိုပါပဲ ကျောင်းစာသင်တဲ့နေရာနံဘေးမှာလဲ ရွာလူကြီးရဲ့နွားတွေကိုလာချည်ထားလို့အနံ့တွေအသံတွေနဲ့ဆူညံနေတာပါပဲ ရွာလူကြီးကိုနွားတွေမချည်ဖို့ပြောတဲ့အခါမှာလည်း ရွာလူကြီးကလှောင်လိုက်ပါသေးတယ် ဒါတင်မကနောက်ရက်ကျောင်းကိုလာတဲ့အခါ ကလေးတွေစားပွဲပေါ်ကိုလက်ဆောင်ပဏာအပြည့် လာတင်ထားတာတွေ့လို့မေးကြည့်တဲ့အခါမှာတော့ အရင်ကျောင်းဆရာကက‌လေးတွေကို လက်ဆောင်ယူလာခိုင်းတတ်တဲ့အကျင့်ရှိမှန်းလဲသိလိုက်ရပါတယ် အသစ်ခန့်ထားတဲ့ကျေးလက်ကျောင်းဆရာတစ်ယောက်က သူ့ရဲ့ဆင်းရဲနွမ်းပါးလှတဲ့ကလေးတွေရဲ့ အလားအလာရှိတဲ့အနာဂတ်ကိုပံ့ပိုးဖို့ရာ အရည်အသွေးပြည့်မှီတဲ့ပညာရေးကို ဘယ်လို ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ သင်ကြားအကောင်အထည်ဖော်ဆောင်ရွက်သွားမလဲကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)

6 2024
Pind Aala School
The Ranger
5.8

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမအောင်တဲ့ကောင်လေးတစ်ယောက်ဟာ သူ့ကိုယ်သူသက်သေပြဖို့အတွက် ရွာကထွက်ပြေးလာပြီး မြို့ကသူငယ်ချင်းနဲ့အတူအလုပ်လုပ်ဖို့ရောက်လာခဲ့တယ်။ ဘိလိယက်ခုံမှာအလုပ်လုပ်ရမယ်ထင်ပေမယ့် တကယ်တမ်းကျတော့ သူတို့ရဲ့သူဌေးဟာနောက်ကွယ်မှာတရားမဝင်အလုပ်တွေလုပ်နေတာဖြစ်နေပါတယ်။ အဖေကဒါကိုသိပြီး လိုက်တားပြီးရွာကိုပြန်ခေါ်ပေမယ့် ဒါကိုမသိတဲ့ရိုးအတဲ့ကောင်လေးဟာ ရွာကအဖေကိုဆန့်ကျင်ပြီးတော့ မြို့မှာပဲလုပ်ဖို့ဂျစ်တိုက်ခဲ့တယ်။ အဲဒီနေ့ညမှာပဲ သူ့အဖေက တရားမဝင်အမဲလိုက်တဲ့သက်သေတွေကိုရသွားတဲ့အတွက် သတ်ခံလိုက်ရပါတယ်။ တော်တော်နဲ့အိမ်ပြန်မလာပဲ ရုတ်တရက်ပျောက်နေတဲ့အဖေကို ရှာတဲ့အခါမှ ကောင်လေးဟာအမှန်တရားကိုသိလိုက်ရတဲ့အခါ……

Action • Thriller
5.8 2025
The Ranger
[18+] Enjoy Dot Com
6.6

************************** အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ one-night ကဖေးဖြစ်တဲ့ “သိသာတဲ့ Joy” ဆိုတဲ့ ကဖေးမှာ တစ်ခါ အတူအိပ်ပြီးတာနဲ့ လုံးဝ မေ့မရနိုင်တဲ့ မိန်းကလေးအဖြစ် သတင်းထွက်နေတဲ့ အိုင်ဒီအမည် “ဘယ်ဖိုဗီတာမင်” နဲ့ မိန်းကလေးအဖွဲ့ဝင်အားလုံးနီးပါးနဲ့ one-night stand နေတာ အောင်မြင်ပြီးဖြစ်တဲ့ အိုင်ဒီအမည် “အန်ဂျို” တို့ အဖွဲ့ဝင်အဖြစ် ရှိကြပါတယ် .. ။ အချင်းချင်း မတွေ့ဖူးကြတဲ့ သူတို့နှစ်ယောက်က တစ်နေ့မှာတော့ ကဖေးတွေ့ဆုံပွဲမှာ ဆုံဖြစ်ခဲ့ကြတယ်။ အန်ဂျိုက မျက်နှာဖုံးနဲ့ မျက်လုံးကို ကာထားပေမဲ့ ဆွဲဆောင်မှုအရမ်းရှိတဲ့ မိန်းကလေးကို မြင်ပြီးတဲ့နောက် အဲဒီမိန်းကလေးက “ဘယ်ဖိုဗီတာမင်”မှန်း ရိပ်မိသွားပြီး သွေးဆောင်ဖို့ ကြိုးစားတဲ့အခါမှာတော့… File Size : 1.1GB, 426 MB Quality : 1080p,720p Format…mp4 Duration…1 hr. 20min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Drama
6.6 2016
[18+] Enjoy Dot Com
Rang De Basanti
8.3

Rang De Basanti (2006) IMDb Rating (8.1) / Rotten Tomatoes (89%) ကဲ အခုတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb rating (8.1/10) အထိ ရရှိထားတဲ့ အမီးရ်ခန်းနဲ့ ဆေ့ဖ်အလီခန်းရဲ့ညီမ ဆိုဟာအလီခန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Political Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ 3 Idiots ရုပ်ရှင်မှာ အမီးရ်ခန်းနဲ့ တွဲဖက်ညီခဲ့တဲ့ ရာဂျူးတဖြစ်လဲ မင်းသား Sharman Joshi လဲ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ဆူလ်ဆိုတဲ့ ဗြိတိသျှသူလေးဟာ အိန္ဒိယနိုင်ငံ ဗြိတိသျှအင်ပါယာလက်အောက်ရောက်‌ခဲ့စဉ် အရာရှိတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရတဲ့ ဗိုလ်ချုပ် မက္ကလင်းရဲ့ မြေးဖြစ်ပါတယ်။ မစ္စတာမက္ကလင်းဟာ သူတာဝန်ထမ်းဆောင်ခဲ့စဉ်က ဗြိတိသျှအင်ပါယာကို တော်လှန်ပုန်ကန်ခဲ့တဲ့ တော်လှန်ရေးတပ်သား ၅ဦးအကြောင်းကို သူ့ရဲ့ ဒိုင်ယာရီထဲမှာ ရေးသားခဲ့ပါတယ်။ ဆူလ်ဟာ သူ့အဖိုးဒိုင်ယာရီထဲက တော်လှန်ရေးတပ်သား ၅ယောက်ဖြစ်တဲ့ ဘဂတ်ဆင်းဂ်၊ ချန်ဒရာရှေခရ်အာဇားဒ်၊ ရားဂ်ျဂုရု၊ ဒူရ်ဂါဘာဘီနဲ့ အက်ရှဖာခူလာခန်းတို့ရဲ့ မှတ်တမ်းတင်ဇာတ်လမ်းကို ရိုက်ကူးနိုင်ဖို့ အင်္ဂလန်က‌နေ အိန္ဒိယကို ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ အိန္ဒိယကို ရောက်တယ်ဆိုရင်ပဲ သူ့ဇာတ်လမ်းအတွက် ကိုက်ညီမယ့် ဒေလီက ကျောင်းသား ၅ယောက်ကို ရှာတွေ့သွားခဲ့ပြီး ဇာတ်လမ်းကို စတင်ရိုက်ကူးဖို့ စီစဉ်ပါတော့တယ်။ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ဆိုတာ ဘာမှန်းနားမလည်ကြတဲ့ သူတို့တော်လှန်ရေး ဇာတ်ကောင်တွေနေရာမှာ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ကြမှာလား … လက်တွေ့ဘဝမှာရော ဘယ်လိုပြဿ‌နာတွေ ကြုံဆုံကြရမှာလဲ… ဆူလ်ရဲ့ သူ့အဖိုးရဲ့ ဒိုင်ယာရီကို ရုပ်သံရိုက်ကူးချင်တဲ့ ဆန္ဒကရော ပြည့်နိုင်မှာလား…ဆိုတာတွေကိုတော့။ ဇာတ်လမ်းက အစမှာ ခပ်သောသောဟာသလေးတွေနဲ့ အစချီထားတာကြောင့် ခပ်ပေါ့ပေါ့ဇာတ်ကားလို့ထင်ပြီးစိတ်ပျက်မသွားဖို့လိုပါတယ်…အဆုံးထိသေချာကြည့်ကြည့်ရင် သိပ်ကောင်းတဲ့ကားမှန်းသိမှာပါ။ ဒီရုပ်ရှင်က အသင့်ရှိနေတဲ့ ဝတ္တုတစ်ပုဒ်ကို ဟိုဒီ တည်းဖြတ် ဇာတ်ညွှန်းရေးပြီး ရိုက်ခဲ့တာ မဟုတ်ပါဘူး။ ဇာတ်လမ်း ဖန်တီးဖို့ကို ၇နှစ်ကျော် ကြာခဲ့ပါတယ် ဆိုပါတယ်။ ဖန်တီးခဲ့တဲ့သူဟာ အပြင်မှာ ခေတ်လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံ ၇နှစ်ကြာ သုတေသနပြုရင်း ဒီဇာတ်လမ်းကို တဖြည်းဖြည်းချင်း အဆင့်ဆင့် ပြင်ဆင်တည်းဖြတ် ရေးသားခဲ့ရတယ်လို့ဆိုပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို သိုက်ဆန်းမှ တင်ဆက်ထားပါတယ်။)

8.3 2006 157 mins
Rang De Basanti