YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Murder.at.Yellowstone.City.2022.1080p.WEBRip.CM.mp4

1.34 GB N/A video/mp4 343 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Goonies
7.5

The Goonies (1985) Rt - 76% , IMDb - 7.7 Everything Everywhere All At Once မှာ အမျိုးသားဇာတ်ပို့ဆုအတွက် အော်စကာရသွားခဲ့တဲ့ မင်းသားကြီး Ke Huy Quan ငယ်စဉ်ကပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒါရိုက်တာကြီး Steven Spielberg ရေးခဲ့တဲ့ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ မိသားစု စွန့်စားခန်း ဟာသကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အပေါင်ငွေကိုဆက်ပြီးမသွင်းနိုင်တော့လို့ အိမ်ကိုအသိမ်းခံရတော့မဲ့ Goon Docks မှာနေကြတဲ့ "ဂူနီ" လို့ခေါ်တဲ့ မိုက်ကီ၊ ဘရန်း၊ မောက်ပ်၊ ချန့်ခ်၊ ဒေတာ တို့ သူငယ်ချင်းတစ်သိုက်က သူတို့နောက်ဆုံးအတူရှိနေရမဲ့နေ့လေးကို ကျင်းပဖို့အတွက် မိုက်ကီနဲ့ ဘရန်း ညီအစ်ကိုတို့ရဲ့အိမ်မှာစုပြီးရောက်နေခဲ့ကြပါတယ်။ ဒီလိုနဲ့ မိုက်ကီတို့အိမ်ထပ်ခိုးပေါ်က မိုက်ကီအဖေ့ရဲ့ ပစ္စည်းတွေကိုမွှေနှောက်ကြရင်း နာမည်ကြီးပင်လယ်ဓားပြကြီး မျက်လုံးတစ်လုံး ဝီလီရဲ့ရတနာမြေပုံကိုတွေ့ရှိသွားပါတယ်။ ဒီလိုနဲ့သူငယ်ချင်းတစ်သိုက် အကိုကြီး ဘရန်းကို တစ်ပတ်ရိုက်ကာ အိမ်မှာထားပစ်ခဲ့ကြပြီး ရတနာမြေပုံထဲမှာပြောထားတဲ့နေရာကိုလိုက်ရှာပါတော့တယ်။ ဖြစ်ချင်တော့ ရတနာသိုက်ကိုညွှန်ပြထားတဲ့နေရာက နာမည်ကြီးရာဇဝတ်မိသားစုဖြစ်တဲ့ ဖရာတဲလိစ် မိသားစုပုန်းခိုရာနေရာဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ ဖရာတဲလိစ် မိသားစုကို‌ရော၊ မျက်လုံးတစ်လုံး ဝီလီ လုပ်ထားပစ်ခဲ့တဲ့ ထောင်ခြောက်တွေကိုရော ရှောင်းတိမ်းရင်းနဲ့ ဂူနီ တစ်သိုက် ရတနာသိုက် ရှာပုံတော်ဖွင့်ကြပါ‌တော့တယ်။ ဂူနီ တစ်သိုက် ဝီလီထားပစ်ခဲ့တဲ့ ရတနာတွေကိုရနိုင်ပါ့မလား၊ ဖရာတဲလိစ်တွေကပဲ သူတို့ကိုမိသွားမလား၊ ရတနာတွေကရော တကယ်ရှိ‌နေမှာလား၊ နောက်ဆုံးမှာသူတို့ရဲ့ အိမ်တွေဆုံးရှုံးရမဲ့အခြေအနေက‌နေ ကယ်တင်ပေးနိုင်မလားဆိုတာကို ကလေးတစ်သိုက်ရဲ့ စွန့်စားခန်းအပြည့်နဲ့အတူ 1985 မှာထွက်ရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်တာမလို့ အတိတ်ကိုသတိရရင်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…  2.1GB / 1GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 54m Genre .....  Adventure , Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Drama
7.5 1985 114 mins
The Goonies
Operation Sniping
5

ဒီဇာတ်ကားလေးဟာဆိုရင် တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ ဖြစ်ရပ်မှန် ကွမ်တုန်း မူးယစ်ဆေးဝါး အမှုတစ်ခုဖြစ်တဲ့ "GG Project" ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် လူငယ်ရဲတပ်ဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဝမ်ရှင်း / ခေါင်းဆောင် လီကွမ်းဖုန်းတို့နဲ့အတူတူ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များဟာ မူးယစ်ဆေးဝါး နှိမ်နှင်းရေး တိုက်ပွဲတစ်ခုကို အသေအကျေ ဝင်ရောက်ခဲ့ပုံတွေကို ပုံဖော်ပြထားတဲ့ ကားလေးဆိုရင်လဲ မမှားပါဘူး နိုင်ငံတကာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်မှု အမှုတစ်ခုကို စစ်ဆေးဖို့အတွက် ဆောင်ရွက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်တွေ / လက်တွေ့ကျကျ စေ့စပ်မှုတွေနဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ ပုံရိပ်တွေ ကိုလဲ ရိုက်ပြထားပါသေးတယ် ဒါ့အပြင် ပစ်ခတ်မှုတွေ ရန်ပွဲတွေ ဖောက်ခွဲမှုတွေကြားက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မြင်ကွင်းများကို မီးမောင်းထိုး ရိုက်ကူးထားတဲ့ ကားလေးဖြစ်တာမို့ Action ကားတွေ ကြိုက်နှစ်သက်တဲ့ သူတွေ အနေနဲ့ကတော့ ဒီကားလေးကိုကြိုက်နှစ်သက်မိမှာအမှန်ပါပဲရှင် အဲ့တော့ အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် [ Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Thriller
5 2021 91 mins
Operation Sniping
La traversée
6.1

ပြင်သစ်စကားပြော ဟာသဇာတ်ကားလေးဖြစ်ပြီးတော့ IMDb 5.5 ရထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်ငါးယောက်နဲ့အတူတူ ပင်လယ်ကို လေ့လာရေးခရီးထွက်လာတဲ့ နည်းပြနှစ်ယောက်ရယ် မာလိန်မှူး ရဲဝန်ထမ်းဟောင်းတစ်ယောက်ရယ် သင်္ဘောပေါ်မှာ ဖြစ်ပျက်ကြတာတွေကို ရိုက်ကူးထားတာပါ။ ဆယ်ကျော်သက်အရွယ်တွေ ဆိုးသွမ်းကြတာကို သည်းမခံနိုင်တဲ့ ရဲဝန်ထမ်းဟောင်းရယ် ကလေးတွေရယ် ပင်လယ်ထဲက သင်္ဘောပေါ်မှာ ဘယ်လိုဆက်သွားကြမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.8GB | 963MB | 463MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August

Drama
6.1 2022 109 mins
La traversée
The Heroic Trio
6.4

Michelle Yeoh , Maggie Cheung , Anita တို့သုံးယောက်ပေါင်းလောင်းကျော်ထားတဲ့ ဟောင်ကောင်ဂျက်မသုံးဖော်ဇာတ်ကားလေးလာပါပြီ။ သူတို့သုံးယောက်ငယ်နုတုန်းက ပုံရိပ်အလန်းတွေကိုတစ်ဝကြီးရှုစားရမယ့်အပြင် ၁၉၀၀ ခုနှစ်လောက်က ဟောင်ကောင်အက်ရှင်ကားအကြမ်းကိုကြည့်ရမှာဆိုတော့ ရွှေခေတ်ဇာတ်ကြမ်းတွေပေါ့... ဇာတ်လမ်းကတော့ သုံးလအတွင်း ကလေး (၁၈)ယောက်ပျောက်တာနဲ့စပါတယ်။ ဘယ်လိုမှရှာမတွေ့တဲ့အပြင် ရဲမှူးကြီးရဲ့ကလေးကိုလည်း ခိုးမယ်လို့ပေါ်တင်ပြောပြီး စိန်ခေါ်ပါတော့တယ်။ တစ်ခါတစ်လေ ဥပဒေဘောင်ထဲကလုပ်လို့အဆင်မပြေတဲ့အရာတွေ၊ မလုပ်ရဲတဲ့အရာတွေကို ပြည်သူ့သူရဲကောင်းတွေက မျက်နှာဖုံးတွေနောက်ကွယ်ကနေ ကူညီပေးတတ်ကြတယ်မလား....ဘယ်လိုသူရဲကောင်းတွေလဲဆိုတာ ဆက်လက်ရှုစားကြပါ။ IMDb Rating (6.5)ထိ ရရှိထားပြီး တကယ်လဲ ကောင်းတဲ့အက်ရှင်ဇာတ်ကားမလို့ အက်ရှင်ပရိတ်သတ်တွေအတွက် အမိုက်စားပါပဲ။ File size…(1.8 GB) / (750 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:25:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by JoJoVa

Action • Adventure • Science Fiction
6.4 1993 88 mins
The Heroic Trio
Teambuilding
6.9

IMDb 6.5 အထိရရှိထားပြီးအသင်းအဖွဲ့နဲ့စည်းလုံးညီညွှတ်တာကိုဦးတည်ရိုက်ကူးထားတဲ့ဟာသကားတစ်ကားဖြစ်ပါတယ် Team building ဆိုတာအဖွဲ့အစည်းစိတ်ဓာတ်မြင့်တက်လာအောင် အဖွဲ့လိုက်လှုပ်ရှားမှုတွေ ပြိုင်ပွဲတွေလုပ်ကြတဲ့ပွဲတစ်ခုပါ ဇာတ်လမ်းထဲမှာတော့ အီမီက FU Global ကုမ္ပဏီကဝန်ထမ်းတစ်ယောက်ဖြစ်ပြီးအလုပ်ကြိုးစားပေမဲ့အသင်းအဖွဲ့စိတ်ဓာတ်မရှိလို့သူ့ဘော့စ်ကသူ့ကိုသိပ်သဘောမကျပါဘူး အီမီတစ်‌ယောက် မလိမ့်တစ်ပတ်နဲ့ရာထူးချခံလိုက်ရပြီးလာမဲ့ Team building မှာပါဝင်ယှဉ်ပြိုင်ဖို့အကြောင်းဖန်လာပါတော့တယ် ပေါက်ကရလူတွေချည်းစုထားတဲ့အီမီတို့အဖွဲ့ပြိုင်ပွဲမှာအခြေအနေကောင်းပါ့မလား ဖလားကိုရောအရယူနိုင်ပါ့မလား သူတို့ team building သွားရင်းဘာတွေတွေ့ကြုံကြရမလဲဆိုတာကိုပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ

Action • Crime • Thriller
6.9 2022 91 mins
Teambuilding
Every Day in Kaimukī
5.8

အထီးကျန်မှုဆိုတာ လူတွေကို ရက်စက်စွာ နှိပ်စက်တတ်ပါတယ်။ လူတွေဟာ အထီးကျန်မှုခံစားရတိုင်း အိမ်ဆိုတဲ့အရာကို တောင့်တကြတယ်လေ။ ဇာတိမြိုမှ ကိုယ့်ရဲ့အိမ်လို မဆိုလိုပါဘူး။ ကိုယ်သိပ်ချစ်တဲ့မြိုလေးဟာ ဘယ်သူတွေက ပျက်စီးနေပြီလို ပြောနေပါစေ… ကိုယ်မြတ်နိုးရင်တော့ ကိုယ့်ရဲ့အထီးကျန်မှုတွေကို ဖြေဖျောက်ရာဘုံလေးပဲ မဟုတ်ပါလား…? ဒီဇာတ်ကားလေးကတော့ နာ့ဇ်ဆိုတဲ့‌ ကောင်လေးတစ်ယောက်ဟာ ဟာဝိုင်အီမြိုမှာ ကြီးပြင်းခဲ့ပြီး ဘော်ဒါဘော်ဂျက်တွေနဲ့အတူ ဝါသနာပါရာတွေ လျှောက်လုပ်နေခဲ့ပါတယ်။ လူငယ်ပီပီ စကိတ်စီးကြတယ်။ ညဘက်မှာဆိုလည်း နောက်ထပ်ဝါသနာတစ်ခုဖြစ်တဲ့ ရေဒီယို ရုပ်သံလိုင်းတစ်ခုကို ထုတ်လွှင့်ပါတယ်။ အဲဒီရေဒီယိုရုပ်သံလိုင်းမှာ အပြင်မှာလည်း တကယ်ရှိပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကိုဗစ်ကာလအတွင်းမှာ အဖော်မဲ့နေတဲ့လူတိုင်းအတွက် ရည်ရွယ်ပြီး အခုလိုထုတ်လွှင့်ဖြစ်တာပေါ့။ တစ်ခါတလေ လူငယ်လေးတွေကို ဖိတ်ပြီး အတူတကွ ထုတ်လွှင့်ဖြစ်နေရင်းပေါ့။ အဖော်မဲ့တယ်ဆိုပေမယ့် ကောင်မလေးတော့ ရှိပါတယ်။ သူ့ကောင်မလေးက နယူးယော့ခ်မြိုတော်ကြီးမှာ အလုပ်အသစ်ရတဲ့အတွက် သွားဖိုပြင်ဆင်နေပါတယ်။ သူကလည်း ကိုယ့်ရဲ့မွေးရပ်မြေ ဟာဝါအီကို စွန့်ခွာပြီး “ဆံထုံးနောက် သျှောင်ပါ” ဖို လုပ်ရင်း စိတ်ကူးတွေယဉ်ခဲ့တာပေါ့။ စိတ်တွေလည်း အရမ်းလှုပ်ရှားနေပြီး လိုအပ်တဲ့ ပစ္စည်းတွေလှမ်းပို၊ မလိုတာတွေကို တခြားသူတွေကို ပေးပစ် စတာတွေအကုန်ပြင်ဆင်နေပါတယ်။ သူသိပ်ချစ်ရတဲ့ ကြောင်လေးကိုတောင် လေယာဉ်နဲ့သယ်ဖိုအထိ ပြင်ဆင်နေတာပေါ့။ ဘော်ဒါတွေကိုလည်း ထုံးစံအတိုင်း ပတ်ကြွားတယ်။ ကောင်မလေးနဲ့ တွေ့ရတော့မယ် ဘာညာနဲ့ ခဏခဏ တဖွဖွ ပြောရင်းကနေ ရုတ်တရက်… သူ့ကောင်မလေးက မသွားဖြစ်တော့ဘူးပေါ့ဗျာ။ မိန်းမတွေရဲ့ထုံးစံအတိုင်း ခုတစ်မျိုး တော်ကြာတစ်မျိုးပေါ့။ အဲဒီလိုနဲ့ ကွိင်တက်ရာကနေ သူဆုံးဖြတ်ပြီးသားဖြစ်တာကြောင့် သွားဖိုကိုပဲ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ နာ့ဇ်တစ်ယောက် ဇာတိချက်ကြွေ မွေးရပ်မြေ သိပ်လှတဲ့ ဟာဝါအီကို စွန့်ခွာပြီး ထွက်သွားနိုင်ပါ့မလား…? ဝါသနာပါရာဖြစ်တဲ့ ရေဒီယိုစခန်းလေးကိုရော ပစ်ထားနိုင်ပါ့မလား…? စကိတ်တူတူစီးနေကြ သူငယ်ချင်းတွေကိုရော ထားခဲ့နိုင်ပါ့မလား…? ကောင်မလေးနဲ့ ဘာတွေဆက်ဖြစ်မလဲ…? သူ့ရဲ့အထီးကျန်ခြင်းတွေကို ဇာတိမြေဖြစ်တဲ့ ဟာဝါအီမှာပဲ ဖြေဖျောက်နိုင်မလား…? မီးရောင်တထိန်ထိန်နဲ့ စည်ကားတဲ့ နယူးယော့ခ်ကပဲ ကုစားပေးမနိုင်မလား…? စတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(2.73GB) / (1.03GB) /483MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:21:00 Genre…Drama / Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kham Mon

5.8 2022
Every Day in Kaimukī
The One I Love
7

အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ‌ဆက်ဆံရေးတွေခြောက်ကပ်လာတာ အဆင်မပြေတော့တာ၊ လင်စိတ်သားစိတ်ကုန်တာဖြစ်တတ်စမြဲပါပဲ။ အဲ့ဒီလိုပဲ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ အီသန်နဲ့ဆိုဖီဟာ ထိုပြဿနာကိုကြုံနေရပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူတို့ရဲ့အိမ်ထောင်‌‌ရေးက ‌ အသစ်အဆန်းမရှိခြောက်ကပ်နေတာကြောင့် အရင်ကလုပ်ခဲ့ဖူးတာတွေပျော်ခဲ့ဖူးတာတွေကို ပြန်လုပ်ကြည့်ပေမယ့်လဲ အဆင်ပြေမလာတာကြောင့် တစ်နေ့မှာ အိမ်ထောင်ရေးအကြံပေးတစ်ယောက်ကိုတွေ့ရပါတော့တယ်။ အဲ့တာ‌နဲ့ပဲအကြံပေးက ဗီလာတစ်ခုကိုဒီပိတ်ရက်မှာသွားနေဖို့၊ အဲ့ဒီဗီလာမှာနေခဲ့ပြီးပြန်လာတဲ့စုံတွဲတွေ လင်မယားတွေက ဘယ်လောက်ပြန် အဆင်ပြေသွားကြောင်းပြောပြတဲ့အခါ အီသန်တို့လဲ သွားနေဖို့ ဆုံးဖြတ်လိုက်ကြတာ‌ပေါ့။ ဆိုတော့ အဲ့ဒီဗီလာကြီးကြောင့်စုံတွဲတွေဘယ်လိုပြန်အဆင်ပြေလာကြတာလဲ၊ တကယ်အဆင်ပြေတာရောဟုတ်ရဲ့လား၊ အဲ့ဒီဗီလာကြီးကဘယ်လိုထူးခြားနေတာလဲဆိုတာကို Thriller ဆန်ဆန် Ro-Comedy လေးနှောပြီးတော့ကြည့်ရမှာပဲဖြစ်ပါတယ်။ Genre fusion လေးကတော့တော်တော်လှတယ်ဗျ။ IMDB 7.0 နဲ့ ခရမ်းချဥ်သီး ၈၀ရာခိုင်နှုန်းတောင်ရထားတာမလို့ ဒီလိုပုံမှန်မြင်တွေ့နေကြနဲ့မတူတဲ့ကားလေးကို ရုပ်ရှင်ချစ်သူများလက်လွှတ်မခံဖို့ပဲအကြံပေးပါရစေဗျာ။ File size… 1 GB / 582MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac

7 2014 91 mins
The One I Love
I, Daniel Blake

ဒီတစ်ခါမှာတော့ IMDB 7.8/10 ရထားပြီး RT 92% တောင်ရရှိထားတဲ့ ဇာတ်‌ကားကောင်းလေးကို CM က တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ မင်းသား ဒေ့ဗ်ဂျွန်နဲ့ မင်းသမီး ဟေးလေး စကွိုင်ရာက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက် ၅၉ နှစ်အရွယ်ရှိတဲ့ ဒန်နီယယ်ဘလိတ်ခ်ဆိုသူက အလုပ်လုပ်ရင်း နှလုံးဖောက်လာလို့ ထောက်ပံ့ကြေး လျှောက်ရာမှာ ပယ်ချခံလိုက်ရပါတယ်။ လုပ်သက် နှစ် ၄၀ ရှိတဲ့ လက်သမားတစ်ယောက်ဖြစ်တဲ့ ဒန်နီယယ်ကို ဆရာဝန်တွေက အလုပ်မလုပ်သင့်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ထောက်ပံ့ကြေးဌာနက အလုပ်လုပ်သင့်တယ်ဆိုပြီး ဆုံးဖြတ်တာကြောင့် ဒန်နီယယ်တစ်ယောက် အလုပ်ရှာ ထောက်ပံ့ကြေးကို လျှောက်ဖို့ လုပ်ရပါတော့တယ်။ ဘဝတစ်လျှောက်လုံးကို ရိုးရှင်းစွာ ဖြတ်သန်းလာတဲ့ ဒန်နီယယ်တစ်ယောက် ကွန်ပျူတာ မသုံးတတ်ဘဲ အွန်လိုင်းကနေ လျှောက်ဖို့အတွက် ရုန်းကန်ရပါသေးတယ်။ ဒီလို အခက်အခဲတွေကြားမှာ သူနဲ့ ဘဝတူ အမျိုးသမီးငယ်လေး ကေတီတို့ မိသားစုနဲ့ တွေ့တဲ့အခါမှာ သားသမီးမရှိတဲ့ ဒန်နီယယ်တစ်ယောက်ရဲ့ ဘဝမှာ အနည်းငယ် စိုပြေလာပါတော့တယ်။ ဒီအခါမှာ သူတို့ရဲ့ ဘဝတွေမှာ ဘာတွေဆက်ဖြစ်လာမှာလဲ? အခက်အခဲတွေနဲ့ သူတို့ရဲ့ ဘဝအတွက် ရုန်းကန်ပုံတွေကို မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့အတူ ကြည်နူးတစ်လှည့် ဝမ်းနည်းတစ်လှည့်နဲ့ ရသ‌စုံအောင် ကြည့်ရှုရမှာပါ။ File size… 1.7 GB / 710 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Zin Sann Oo

Documentary
0 2016 100 mins
I, Daniel Blake
Between Calmness and Passion
6.6

Reisei to jônetsu no aida (2001) Between Calmness and Passion ~ IMDb – 6.6/10, MyDramaList – 7.3/10 ~ ဟောင်ကောင်ရုပ်ရှင် Lost and Found ထဲက ညှို့ဓာတ်အပြည့်နဲ့ မင်းသမီး Kelly Chan ပါလို့ကတစ်ကြောင်း၊ စကားလုံးမပါတဲ့ နောက်ခံတေးဂီတသံသက်သက်နဲ့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ဆောင်နှစ်ယောက် လူအုပ်ကြားထဲ တွေ့ကြတာကို ရိုက်ပြထားတဲ့ ဇာတ်၀င်ခန်းကိုကြည့်မိပြီး တော်တော်သဘောကျသွားက တစ်‌ကြောင်း၊ ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်။ ဟောင်‌‌ကောင်မင်းသမီး ကယ်လီချန်းပါထားပေမဲ့ တကယ်က ဒီရုပ်ရှင်က ဂျပန်ကား။ ဂျပန်မှာ ဘတ်ဆဲလ်လားဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာ။ ဒါပေမဲ့ ဇာတ်အိမ်ကတော့ အဓိကအားဖြင့် အီတလီက ဖလောရန့်မှာ တည်ထားတယ်။ အီတလီအငွေ့အသက် အီတလီမြင်ကွင်းတွေကို နောက်ခံထားထားတဲ့ ရုပ်ရှင်လို့ ပြောရမယ်။ နောက် မင်းသားရဲ့ အလုပ် Art Restoration ခေါ် ပျက်စီးသွားတဲ့အနုပညာလက်ရာတွေကို ပြန်အဖတ်ဆည်မွမ်းမံပေးရတဲ့အလုပ်။ ဖလောရန့်က အဲဒီပညာရဲ့ အချက်အချာမြို့လို့ ရုပ်ရှင်ထဲပြောထားတယ်။ တစ်မြို့လုံး အဲဒီအလုပ်ပဲလုပ်ကြတယ်ပေါ့။ ဒီလိုအလုပ်ကို စိတ်နှစ်လုပ်နေတဲ့ မင်းသားကို ကြည့်ရတာလည်း တော်တော်ကြည့်ကောင်းနေတယ်။ မင်းသားနဲ့ ကယ်လီချန်းက ကောလိပ်မှာကတည်းက ချစ်ခဲ့ကြတဲ့လူတွေ။ အကြောင်းကြောင်းနဲ့ဝေးသွားခဲ့ပြီး အီတလီမှာ သူတို့ပြန်တွေ့ကြတဲ့အခါမှာလည်း ဆိုင်သူကိုယ်စီရှိနှင့်ပြီးနေပြီ။ ပြီးတော့ သူတို့ကြားက အဖုအထစ်တွေကလည်း မပျက်ပြယ်သေးဘူး။ ဒီတော့ သံယောဇဉ်လက်ကျန်နဲ့ တွေ့ချင်ကြလို့ ပြန်တွေ့ဖြစ်ကြပေမဲ့ အလိုက်မသိခဲ့တဲ့ အခြေအနေတွေကို မကျော်လွှားနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ အစကတည်းက ဝေးပြီးသားဘ၀‌တွေ အဝေးကြီးကို ထပ်ဝေးလွင့်ခဲ့ကြတယ်။ ဇာတ်က အဲဒီအခြေအနေကမှ ရိုးရှင်းလှပတဲ့စကားလုံးတွေပါတဲ့ နှုတ်ဆက်စာလို့ ပြောရမယ့် စာလေးတစ်စောင်နဲ့ သူတို့အတိတ်ကို ပြန်လှစ်ဟပြသွားတယ်။ ကြင်နာတာတွေကို ပြန်ပြောင်းအောက်မေ့မိတဲ့အခါ နာကျင်တာတွေရဲ့ ပိုထင်ရှားလာခြင်းတွေအကြောင်းပေါ့။ ဒီဇာတ်ဟာ လှပတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်သက်သက်ပါပဲ။ ဂီတတွေ အနုပညာတွေနဲ့ အနုပညာမြို့ကြီးတစ်မြို့မှာ အခြေတည်ထားတဲ့ ဒီအချစ်ဇာတ်လမ်းဟာ တည်ဆောက်ပုံလှပသလို ဟောင်ကောင် ကလပ်စစ်အရသာလည်း ပေးနိုင်တယ်။ ဂျပန်ကားပေမဲ့ ဇာတ်ရဲ့အရသာကတော့ ဂျပန်ကားဆိုတာထက် ဝေါင်ကာဝေးကားကလိုလို အရသာလေးတော့ သန်းနေတယ်။ ဇာတ်ကြောင်းပြန်ပြောင်းပြောပြခြင်းတွေကလည်း ဒီအရသာပိုသန်းစေခဲ့တယ်။ ဒီရုပ်ရှင်ဟာ ဟောင်ကောင်ရိုမန့်တွေ ကြိုက်တဲ့လူတွေအတွက်တော့ အရသာသိပ်တွေ့မယ့် လွမ်းတတ်ရင် မျက်ရည်ဝေစေမယ့် ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 920MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 5Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 2001 125 mins
Between Calmness and Passion
Charlie Wilson’s War
7.1

“ကျုပ်မှာ အတော်ဆိုးတဲ့အိမ်နီးချင်းလူကြီးတစ်ယောက်ရှိခဲ့ဖူးတယ်.. မစ္စတာချားတဲ့…ဒီလူကြီးက အိမ်နီးချင်းတွေရဲ့ခွေးတွေ သူ့ပန်းခင်းကို လာနှောင့်ယှက်တာကိုမနှစ်မြို့ဘူး…တစ်နေ့တော့ လမ်းမှာ အော်သံတစ်ခုကြားလိုက်ရတယ်…ကျုပ်ရဲ့ခွေးဟာ သွေးတွေနဲ့မချိမခံမဆန့်ခံစားရင် လူးလှိမ်နေတယ်…မစ္စတာချားဆိုတဲ့သူက ခွေးစာနဲ့ဖန်ပုလင်းအကြေတွေနဲ့ရောကြိတ်ပြီးကျွေးလိုက်လို့ပါ…သွေးတွေအန်ရင်း ကျုပ်ခွေးသေသွားတယ်…” “အဲ့ဒီတော့ရှင်ဘာပြန်လုပ်လိုက်လဲ” “သူ့က ရွေးကောက်ခံအာဏာပိုင်ဗျ…မြို့ကောင်စီရဲ့ဥက္ကဌ..(၂)နှစ်ပြည့်တိုင်း ပြန်ရွေးခံရင်သူပဲပြန်ရမှာမြေကြီးလက်ခတ်မလွဲပဲ…ရွေးကောက်ပွဲရက်ကြတော့ တစ်ခါမှမဲမပေးဖူးသေးတဲ့ လူမဲတွေဆီကျုပ်ကားမောင်းသွားလိုက်တယ်…ကျုပ်အသက်(၁၃)နှစ်အရွယ်ပေါ့..လူမဲတွေကို မဲပေးမဲ့နေရာထိကားမောင်းပို့တယ်..မဲပေးပြီးရင်အိမ်ပြန်ပို့ပေးတယ်” “မဲပေးဖို့ကားထဲက မထွက်ခင်သူတို့ကိုပြောတာတော့ရှိတယ်..ခင်ဗျားတို့ဆန္ဒကိုချုပ်ချယ်တာတော့မဟုတ်ဘူး..မစ္စတာချားကတော့ ကျုပ်ခွေးကိုရက်ရက်စက်စက်သတ်ခဲ့တာကိုတော့ ခင်ဗျားတို့သိသင့်တယ်လို့အကုန်လုံးကိုပြောခဲ့တယ်…အဲ့ဒီမှာ မစ္စတာချားကြီး (၁၄)မဲနဲ့ရှုံးသွားတယ်…” ဒီစကားကိုပြောနေတဲ့သူကတော့ အမေရိကန်လွှတ်တော်အမတ် ချာလီဝီလ်ဆင်ပင်ဖြစ်သည်..သူက ရုံးမှာတောင်မိန်းမလှတွေချည်း ခန့်ထားသူ..အရက်ကို တစ်ဂွပ်ဂွပ်သောက်သည်..ရုံးချိန်တွင်းပါသောက်သည်..ပြောရရင်တစ်ချိန်လုံးသောက်နေတယ်လို့တောင်ပြောရမည်… ဇိမ်မယ်တွေနဲ့တောင်ပျော်ပါးတတ်တဲ့သူ..သို့ပေမယ့် သူဟာ အထက်ကပြောခဲ့သလိုပင် အဓိကပျော့ကွက်ဟာကွက်တွေကို ခလုတ်နှိပ်ရမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူပင်…ဒါကြောင့်လည်း လွှတ်တော်အမတ်နေရာမှာ ဖင်မြဲနေတဲ့သူ… ဒီလိုနဲ့သူဟာ အာဖဂန်နစ္စတန်နဲ့ ရုရှားတို့ရဲ့ တို့ရဲ့စစ်ပွဲကိုမြင်တွေ့ပြီးတဲ့အချိန်မှာ ကူညီပေးလိုစိတ်ပေါ်လာတယ်… ဒါပေမယ့် အမေရိကန်က ဝင်ကူတာလို့ ရုရှားကို မသိစေလိုတဲ့အခါ၊ အမေရိကန် အစိုးရအဖွဲ့ဝင်တွေကလည်း အာဖဂန်နစ္စတန်တွေကို မယုံကြည်တဲ့အခါ ချာလီတစ်ယောက် နိုင်ငံရေး လှည့်ကွက်တွေသုံးပြီး မိမိလိုချင်တဲ့အကွက်ရအောင် ကြိုးစားရပါတော့မယ်။လွှတ်တော်အမတ်ချာလီဝီလ်ဆင်အဖြစ် ကျွန်တော်တို့ရဲ့ မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်…. ဖြစ်ရပ်မှန်ဇာတ်ကားကောင်းဖြစ်တဲ့အပြင် မင်းသားကြီး တွမ်ဟန့်ကိုယ်တိုင်သရုပ်ဆောင်ထားပြီး သူဘယ်လိုတွေ ခလုတ်နှိပ်မလဲဆိုတာတော့ ခံစားကြည့်လိုက်ဦးဗျို့…. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myo Khant Maung ပဲဖြစ်ပါတယ်…. File size…(2.3 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre…Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myo Khant Maung

7.1 2007 102 mins
Charlie Wilson’s War
A View To Kill For

မိသားစုနဲ့ပိုက်ဆံကြားလွန်ဆွဲတဲ့ဖြစ်ရပ်ဆိုး အမွေအတွက်နဲ့တလွဲတွေဖြစ်ကုန်တဲ့ ဖြစ်ရပ်မျိုးတွေဖြစ်နေတာမြင်ဖူးကြမယ်ထင်ပါတယ်။ A View to Kill For ရုပ်ရှင်ဟာဒီသဘောကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မိသားစုနဲ့ပိုက်ဆံ ချစ်ခြင်းနဲ့ငွေကြေးကြားက သဘောကိုရိုက်ပြသွားတာဖြစ်ပါတယ်။ မော်လီနဲ့သူ့မိသားစုဟာငွေရေးကြေးရေးမပြည့်သုံပဲ အခက်အခဲတွေရင်ဆိုင်​နေရပါတယ်။ ဒါပေမယ့်ကံတရားဆိုတာတစ်ဆစ်ချိုးတတ်ပြီး ကောင်းတဲ့ဘက်ကိုဦးတည်သွားတတ်ပါတယ်။ မော်လီတို့မိသားစုမှာလည်းအဲလိုပဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မော်လီပေါ့လေ။ သူ(မ)ရဲ့မမြင်တောင်မမြင်ဖူးတဲ့ဖခင်ဟာ ငွေကြေးများစွာနဲ့အိမ်ကြီးကိုပါ အမွေပေးခဲ့ပါတယ်။ တစ်ခါမှတောင်မမြင်ဖူးတဲ့ဖခင်ဆီကအမွေရခဲ့တာက တကယ်ကိုကံကောင်းခြင်းပါပဲ။ ဒါမှမဟုတ်ကံကောင်းတာရောဟုတ်ရဲ့လား… ဘလန်ကာဘေး ဆိုတဲ့အိမ်ကြီးရှိရာကိုတစ်မိသားစုလုံးပြောင်းရွှေ့သွားခဲဲ့ကြပါတယ်။ ခက်တာက သူတို့ကိုကြိုဆိုတဲ့လူသိပ်မရှိဘဲ ဘလန်ကာဘေးဟာလူရွတ် လူချမ်းသာ လူ့ကန့်လန့်တွေနေတဲ့ မြို့ဖြစ်နေပါတယ်။ ဘယ်လိုများဆက်ဖြစ်မှာလဲ။ ရုတ်တရတ်ရလာတဲ့အမွေအပေါ်ကိုလူတိုင်းကကြည်ဖြူနေမှာလား။ မကြိုဆိုတဲ့ပတ်ဝန်းကျင်မှာ မော်လီတစ်​ယောက်ဘယ်လိုခရီးဆက်မှာလဲ။ မထင်မှတ်ထားတဲ့ အချိုးအကွေ့လည်းပါတာကြောင့် အဆုံးထိကြည့်ဖို့အကြံပေးပါရစေ။ File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff

Horror
0 2023
A View To Kill For
The Stepfather
5.6

The Stepfather (2009) မင်းသမီးချော Amber Heard , မင်းသားချော Penn Badgley , မင်းသားကြီး Dylan Walsh ,မင်းသမီးကြီး Sela Ward တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားက 1987 တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားကို ပြန်ရိုက်ထားတာဖြစ်ပြီး Crime,Thriller အမျိုးအစား ထိတ်လန့်ခြောက်ခြားစရာဇာတ်ကားပါ။ သူက လူကြီးလူကောင်းတစ်ယောက်ပါ ဆိုတာကတော့ ဒီကားထဲမှာ အကြားရများဆုံးစကားပါ။ ပြေပြစ်တဲ့အပြုံးတွေရှိမယ် .. စကားလုံးလှလှတွေနဲ့ ‘မိသားစု’ ဆိုတာကို ပါးစပ်ကမချဘဲ ပြောတတ်မယ် .. အရာရာမှာ နားလည်ဂရုစိုက်ပေးပြီး ကြင်နာတတ်မယ်… ဒါတွေဟာ ဒီကားရဲ့ အဓိကဇာတ်ဆောင် ပထွေးဖြစ်သူရဲ့ အများသိစရိုက်လက္ခဏာတွေပေါ့.. ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ‘သိပ်ကိုပြီးပြည့်စုံတဲ့မိသားစု’ လို့ သူယူဆသတ်မှတ်ထားတဲ့ စံတစ်ခုကို စွဲကိုင်ပြီး ဒီစံနဲ့ မကိုက်လာဘူးထင်ရင် သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့ အမေရိကရဲ့ အလိုရှိဆုံးလူသတ်သမားတစ်ယောက်ဟာ ခိုအောင်းလို့နေပါတယ်.. ဒီကားရဲ့ ဇာတ်ကြောင်းသရုပ်မှန်ကို ကြည့်သူပရိတ်သတ်ကို ဖွင့်ပြပြီးသားအနေအထားပေါ်မှာပဲ နောက်ထပ်သားကောင်ဖြစ်လာမယ့် သားအမိတွေနဲ့ သူနဲ့ကြားက ဇာတ်လမ်းကိုကြည့်ရမှာဖြစ်ပါတယ်.. ။ အထူးသဖြင့်တော့ မိသားစုအသစ်ရဲ့ သားအကြီးဆုံးဖြစ်သူ မိုက်ကယ်နဲ့ နာမည်အတည်တကျမရှိသူ လူကြီးလူကောင်းယောင်ဆောင်သူ ပထွေးကြားက သံသယနဲ့ အားပြိုင်မှုတွေကိုကြည့်ရပါမယ်။ ဒီဇာတ်လမ်းမှာ နောက်ထပ်အသတ်ခံသားကောင်တွေပဲတိုးလာမလား.. ပထွေးဖြစ်သူရဲ့ မျက်နှာဖုံးတွေပဲ ကွာကျသွားမလားဆိုတာတော့ ….။

5.6 2009
The Stepfather
Spirit in the Blood
4.8

Spirit in the Blood (2024) IMDb Rating (4.8) အမ်မာဆန်ဆိုတဲ့ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးက သူ့အဖေရဲ့မွေးရပ်မြေလေးကို မိသားစုလိုက် ပြန်လာခဲ့ကြတယ်။ သူပြန်ရောက်ပြီးမကြာခင်မှာ အဲ့ဒီမြို့က ရီဘာကာဆိုတဲ့ ကောင်မလေးတစ်ယောက် ပျောက်ဆုံးသွားခဲ့တယ်။ ပျောက်ဆုံးသွားတဲ့ ကောင်မလေးရဲ့ တစစီဖြစ်နေတဲ့ အလောင်းကို တွေ့ရှိကြတဲ့အခါမှာ တစ်မြို့လုံးက သားရဲကောင်တစ်ကောင်ကောင် သတ်ခဲ့တာလို့ ယူဆထားချိန်မှာ အမ်မာဆန်က မကောင်းဆိုးရွားလုပ်တာလို့ ယုံကြည်နေခဲ့တယ် ရီဘာကာကို သတ်လိုက်တာက မကောင်းဆိုးရွားတစ်ကောင်ပဲလို့ ယုံကြည်နေတဲ့ အမ်မာဆန်တို့ အဖွဲ့က သူတို့ကိုယ်ထဲက စိတ်ဝိဉာဉ်ဆိုးကို ခေါ်ထုတ်ပြီး ဒီမကောင်းဆိုးရွားနဲ့ ရင်ဆိုင်ဖို့ လုပ်ကြတဲ့အခါ…. ရီဘာကာကို သတ်လိုက်တာက တစ်မြို့လုံးထင်ထားတဲ့ သားရဲကောင်လား ဒါမှမဟုတ် အမ်မာဆန်တို့ထင်နေတဲ့ မကောင်းဆိုးရွားကောင်လားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.9 GB) / (930 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:38:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

Drama • Action • Horror
4.8 2024 98 mins
Spirit in the Blood
Suffocating Love
6.2

ဒီနေ့မှာတော့ ထိုင်ဝမ်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…. “ကြေကွဲလွယ်တဲ့ငါ့ရဲ့ အစိတ်အပိုင်းတစ်စချင်းစီကို ချစ်ရတဲ့ နင် ပင်ပန်းမှာပဲ” ဆိုတဲ့ စကားလေးအတိုင်းပါပဲ… အချစ်နဲ့ပတ်သက်တဲ့အခါမှာ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူ… ဗီဇမတူ… ခံယူချက်ချင်းမတူ.. အမြင်တွေမတူကြတဲ့အခါမှာတော့… ချစ်စခင်စမှာတော့ တွယ်တာမြတ်နိုးပြီး အပြန်အလှန် နားလည်ပေးနိုင်သလောက်… တဖြည်းဖြည်း အနေကြာလာရင် ပိုချစ်ရတဲ့သူက ပိုပြီး ခံစားရတတ်ပါတယ်…. ဒီကားလေးထဲက ဇာတ်လိုက်မင်းသားလည်း ဒီလိုပါပဲ… သဘာဝတရားကြီးကို မြတ်နိုးတဲ့ သက်သတ်လွတ်ပဲစားတဲ့ ပိုင်ကျားချီဆိုတဲ့ ကောင်မလေးကို ချစ်တုန်းက… သူအရမ်းကြိုက်လွန်းတဲ့ ကြက်သား ဝက်သားတွေကို စတေးနိုင်ခဲ့တယ်… သူမကြိုက်တဲ့ စာအုပ်တွေကို ဖတ်လာပြီး… ပိုင်ကျားချီနဲ့အတူ ဘုရားကျောင်းတက်ဖို့ထိကိုလည်း ဝန်မလေးခဲ့ဘူး… ဒါပေမယ့်လည်း… တဖြည်းဖြည်း ကြာလာတော့ ပိုင်ကျားချီတောင်းဆိုတာတွေက သူ့အတွက် ဖိအားတွေဖြစ်လာပြီး… ဖိအားပြေလျော့ဖို့အတွက် ကျောင်းနေဖက်ဟောင်း လင်အန်းရွှမ်နဲ့ ဖောက်ပြန်တဲ့ အဆင့်ထိဖြစ်လာတော့တယ်… သိတဲ့အတိုင်းပဲ ခြံခုန်တဲ့နွားဆိုတာက စည်းဘယ်လောက်ပဲ တားထားပါစေ ခြံပြင်မရောက်ရောက်အောင် ခုန်ထွက်တဲ့အမျိုး… ဒါပေမယ့် ပိုင်ကျားချီကို အသိမပေးဘဲတွဲလာပြီး… နောက်ဆုံး အသိပေးလမ်းခွဲဖို့လုပ်တဲ့နေ့မှာတော့…. မင်းသားဘဝမှာ မယုံကြည်နိုင်လောက်တဲ့ ကိစ္စတစ်ခုနဲ့ ကြုံတွေ့ပြီးတော့… သူဟာ မျဉ်းပြိုင်လောကမှာ နောက်အမျိုးသမီးတစ်ယောက်ရဲ့ ရည်းစားအဖြစ် နိုးထလာခဲ့ပါတယ်… ကဲ ဒီအချစ်ဝင်္ကပါထဲက သူရုန်းထွက်နိုင်မှာလား… နောက်ပြီး ဘာလို့ မျဉ်းပြိုင်လောကကို ရောက်သွားတာလဲ…. နောက်ပြီး ဒီအမျိုးသမီး ၃ ယောက်ကရော ဘယ်လိုတွေပတ်သက်နေတာလဲ…. ဒီကားလေးကြည့်ပြီး ဘာအတွေးလေးရနိုင်မှာလဲ… ဆိုတာ သိရအောင် CM နဲ့အတူ ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်

Thriller • Crime • Drama
6.2 2024
Suffocating Love
Metropolis
8.3

Metropolis (1927) ~ IMDb – 8.3/10, RT – 97%, Meta – 98% ~ Fritz Lang ရိုက်တဲ့ မက်ထရိုပိုလစ်ဟာ အသံတိတ်ရုပ်ရှင်ခေတ်ရဲ့ ဂန္ထဝင်အမြောက်ဆုံး Science Fiction ရုပ်ရှင်ဖြစ်ခဲ့တယ်။ အသံတိတ်ခေတ်ပဲလို့တော့ ပြောဖို့ခက်တယ်။ ဒီဘက်ခေတ်အထိလည်း မက်ထရိုပိုလစ်ကို Science Fiction လိုင်းရဲ့ ဘိုးအေကြီးလို့ ခံယူထားကြတုန်းပဲ။ Science Fiction လိုင်းရဲ့ မပြောမဖြစ်တဲ့ Blade Runner (1982) လိုကားမျိုးတောင် သူ့ဆီကပဲ မြစ်ဖျားခံလာခဲ့တယ်။ စတားဝါးတို့ မက်ထရစ်တို့လည်း မကင်းခဲ့ဘူး။ Fritz Lang ဟာ Genre မျိုးစုံမှာ ပိုင်အိုနီးယားလိုဖြစ်နေခဲ့သလို Nosferatu လို၊ The Cabinet of Dr. Caligari တို့လို ကားမျိုးတွေထွက်ခဲ့တဲ့ ဂျာမန်ရဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင် ရုပ်ရှင်လောက အရည်အသွေးက ကြောက်ခမန်းလိလိပါပဲ။ ဂျာမန်ရုပ်ရှင်တွေရဲ့ ရွှေခေတ်ကလည်း ၁၉၁၈ကနေ ၁၉၃၃ကြားကာလဖြစ်ခဲ့တယ်။ မက်ထရိုပိုလစ်က Science Fiction ဘိုးအေကြီးပေမဲ့ ဇာတ်လမ်းပိုင်းမှာတော့ အရမ်းကြီးတော့ အားရစရာမကောင်းနေဘူး။ Visual ကတော့ ခမ်းနားပေမဲ့လို့ ဇာတ်လမ်းက ပေါ်လစီနည်းနည်းတော့ဆန်နေတယ်။ အဲဒီကာလက ဂျာမနီ KPD က ဥရောပမှာ အကြီးဆုံး ကွန်မြူနစ်ပါတီဖြစ်ခဲ့တယ်ဆိုတော့ ဒါက မဆန်းတာလည်းဖြစ်ချင်ဖြစ်မယ်။ ဆိုးရွားနေတာတော့မဟုတ်ပေမဲ့ Fritz Lang ရဲ့ ဇာတ်လမ်းတင်ဆက်နိုင်စွမ်းနဲ့ဆိုရင်တော့ ဒီအနေအထားက မဖြစ်သင့်တဲ့ အနေအထားလို့မြင်စရာရှိတယ်။ ဒါကြောင့်မို့လည်း မက်ထရိုပိုလစ်ဟာ ချီးကျူးခံရသလို ဝေဖန်ခံရတာတွေလည်းရှိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မက်ထရိုပိုလစ်ဟာ Sci-Fi လိုင်းရဲ့ အခရာကျတဲ့ရုပ်ရှင်၊ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့ ဖယ်ထားလို့မရတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 2H 33Min Genre – Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8.3 1927 153 mins
Metropolis