YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mr. Brooks (2007) Blu-ray 1080p (CM).mp4

1.89 GB 1080p video/mp4 141 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Max Manus: Man of War
7.1

တတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်မှာ နာဇီလက်အောက်ကိုကျရောက်နေခဲ့တဲ့ နော်ဝေနိုင်ငံလွတ်မြောက်ရေးအတွက် မက်စ်မာနက်ကြိုးပမ်းခဲ့ပုံကိုရိုက်ကူးထားတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ မက်စ်မာနက်စ်ဟာ ဗြိတိန်နိုင်ငံနဲ့ နော်ဝေနိုင်ငံကချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်တွေ ရရှိခဲ့သူဖြစ်ပြီး နော်ဝေနိုင်ငံလွတ်မြောက်ရေးအတွက် အဓိကဦးဆောင်ခဲ့သူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ မက်စ်မာနက်စ်ဟာ နော်ဝေစစ်တပ်နဲ့အတူ ဆို‌ဗီယက်တွေကို တိုက်ထုတ်ပြီးတဲ့နောက်မှာ နာဇီတွေနော်ဝေကိုသိမ်းပိုက်လိုက်တဲ့သတင်းကြားကြားချင်း နော်ဝေနိုင်ငံကိုပြန်လာခဲ့ပါတယ်။ နော်ဝေမှာ ဂျာမနီရဲ့ ဂက်စတာပိုရဲတပ်ဖွဲ့က အုပ်ချုပ်နေပြီး လူအင်အားမရှိတဲ့ မက်စ်တို့ဟာ မြေအောက်စစ်ဆင်ရေးလုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါနဲ့ သူတို့တွေဟာ စကော့တလန်မှာ စစ်သင်တန်းတက်ရောက်ခဲ့ကြပြီ အမိမြေကိုပြန်ရယူဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ဟာ ဂက်စတာပိုရဲ့ချောင်ပိတ်ဖမ်းတာတွေ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး သူတို့ရဲ့စစ်ဆင်ရေးကို ဘယ်လိုမျိုး အောင်မြင်အောင်လုပ်ခဲ့လဲဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.22GB / 744.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ..... Action , Biography , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Action • Thriller
7.1 2008 118 mins
Max Manus: Man of War
10-Day Lover
4

ဒီတစ်ခေါက်တော့ လူကြီးကားဆိုပေမဲ့ Sex အခန်းသာမပါရင် တကယ့်ကို ကျားမမရွေး ကြည့်သင့်တဲ့ ပညာသားပါတဲ့ ကားလေးကို ညွှန်းပါရစေ ဇာတ်လမ်းက တက္ကသိုလ်က ဆရာတစ်ယောက်က ကျောင်းသူလေးနဲ့ ချစ်သူဖြစ်တယ် အဲလိုနဲ့ တစ်နေ့တာ့ကျောင်းသူလေးက ကျောင်းနားလိုက်ရတယ် ဘာလို့မှန်းမသိ ကျောင်းသူလေးနဲ့ ဆယ်နှစ်ကျော်ကြာ အဆက်ပြတ်သွားတယ် အဲနောက်မှာ သူငယ်ချင်း အကူအညီနဲ့ အချစ်ဦးရှာဖွေရေး အေဂျင်စီတစ်ခုကနေ အဲကောင်မလေးကို ရှာအတွေ့မှာ ကောင်မလေးနဲ့ တစ်ရက်ကို တစ်နှစ်စာ အချစ် စုစုပေါင်းဆယ်နှစ်စာအချစ်ကို ဆယ်ရက်နဲ့ ဖြေဖျောက်ခဲ့တဲ့ ဇာတ်ကားလေးပါ။ ဒါ့အပြင် သူငယ်ချင်းဖြစ်သူရဲ့ မျှော်လင့်မထားတဲ့ သစ္စာဖောက်မှု နဲ့ Are we dating the same girl လို့ ဆိုရလောက်တဲ့ အနေအထားတွေပါ ပါတဲ့ ဇာတ်ကားမို့ ညိုကီတို့ ဘရိုဝီတို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Rookie ပဲ ဖြစ်ပါတယ်။ Genre..... Adult, Drama, Romance Quality…. 1080p | 720p | 480p File size… 969MB | 450MB | 218MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rookie Encoder ..... Blank

Drama • Romance
4 2023 88 mins
10-Day Lover
Men in Black II
6.4

ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းက အေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေ အကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေ အနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါ ဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး မေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဉာဏ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ... MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက် အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေး အဆင်မပြေ ကို ဖြစ်နေပါတယ်... အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီး MIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ် သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ငယ်ရွယ်တဲ့ အချိန် ဇာသန် တွေဟာ သူတို့ ဂြိုလ်ရဲ့ တန်ဖိုးရှိ အရာကို စောင့်ရှောက်ပေးဖို့ အေးဂျင့် ကေ နဲ့ MIB ကို အပ်ထားခဲ့တာ ဖြစ်ပြီး ထိုအရာကို လုယူဖို့ ဆယ်လီနာ ပြန်လာခဲ့တာပါ... ဒီသမိုင်းတွေကို သိတဲ့ အေးဂျင့် ကေ ကို ပြန်ခေါ်ဖို့ အေးဂျင့် ဂျေ မှာ တာဝန်ရှိလာတဲ့ အခါမှာတော့... ဒီရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ် File size…9.5GB / 2.22GB / 907MB Quality…4k HEVC BlyRay / 1080p / 720p Format…mkv / mp4 Duration….1h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Archi Than Gyi

Action • Adventure • Mystery • Science Fiction • Thriller
6.4 2002 88 mins
Men in Black II
Silmido
7

ရှီမီဒို ​ခေါ် ရှီမီကျွန်းဟာ ​တောင်ကိုရီးယားနိုင်ငံ၏ အ​နောက်ဘက်ကမ်းရိုးတန်း၊ အင်ချွန်းမြို့နယ်နိမိတ်ထဲမှာရှိတဲ့ လူသူ​နေထိုင်ခြင်း မရှိတဲ့ ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လူမ​နေတဲ့ ကျွန်းမှာပဲ ​တောင်ကိုရီးယားနိုင်ငံ​​ရေးသမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု အ​ခြေတည်ခဲ့ဖူးပါတယ်။ အချိန်က ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ပါ။ ​မြောက်ပိုင်း​ခေါင်း​ဆောင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​​​​ရေးဆိုပြီး ​တောင်ကိုရီးယားသမ္မတ Park Chung Hee ကို လုပ်ကြံဖို့ အမှတ် ၁၂၄ တပ်ဖွဲ့ကို ​စေလွှတ်ခဲ့​ပေမယ့် ကျရှုံးခဲ့ပါတယ်။ တစ်ဖန် ​တောင်ကိုရီးယားဘက်က တုံ့ပြန်မှုကလည်း ငိုအားထက် ရယ်အားသန်​ပေ။ ​ အမိကိုရီးယားနိုင်ငံ ​ပေါင်းစည်း​​ရေး၊ ၂ နိုင်ငံငြိမ်းချမ်း​ရေးအတွက်ဟု ဆိုကာ ​မြောက်ပိုင်း​ခေါင်း​ဆောင် Kim Il Sungကို လုပ်ကြံဖို့ ပြန်ပြင်ဆင်​စေသည်။ လုပ်ကြံရမည့်အဖွဲ့မှာ အမှတ်၆၈၄ အထူးတပ်ဖွဲ့ဟု​ခေါ်သည်။ တပ်ဖွဲ့သည် နှယ်နှယ်ရရမဟုတ်၊ ​ သေဒဏ်ကျခံထားရသည့် အကျဉ်းသား ၃၁​ ယောက်ကို တပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့ရဲ့စစ်​ရေး​လေ့ကျင့်ရာငရဲခန်းကတော့ ရှီမီကျွန်း ​ခေါ် ရှီမီဒိုဖြစ်သည်။ ငရဲခန်းဟု​ ခေါ်သည်မှာ လွန်သည် ဟု မဆိုနိုင်၊ သူတို့၏စစ်​ရေး​လေ့ကျင့်ခန်းများသည် သာမန်စစ်တပ်ထက် အဆ​ပေါင်းများစွာ သာ၍ခက်သည်၊ ပြင်းထန်သည်၊ ကျွန်း​ပေါ်မှာ အ​သေထွက် မှ လွဲ၍ တခြားထွက်နည်းမရှိ​ပေ။ သို့ပေတည့် တပ်ဖွဲ့ ၆၈၄၏ ရဲ​ဘော်များသည် ဤဒဏ်များကို ​​ပေတေပြီး ခံသည်၊ ​သေဒဏ်ထက် အသက်ရှင်​နေခြင်းက ပို​ကောင်းသည်မဟုတ်ပါလား။ ​မြောက်ပိုင်း​ခေါင်း​ဆောင်ကို သတ်နိုင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​ရေးမှာ အ​ရေးပါဆုံး သမိုင်းဝင်စစ်သည်များဖြစ်လာမည်၊ စည်းစိမ်ချမ်းသာ ခံစားရမည်၊ လူတန်း​စေ့ပြန်​နေနိုင်မည်မဟုတ်ပါလား။ သို့​သော် လူ့သ​ဘောလူ့မ​နောသည် ဆန်းကြယ်သလို ဒီလိုလူ့သ​ဘော အ​ပေါ် မူတည်​နေသည့် နိုင်ငံ​ရေးဆိုသည်မှာ ပို၍ တွက်ဆရခက်သည်။ ၁၉၆၈နှစ်က နီးရာဓါးဆွဲ ​သေနတ်ကိုင်ဆွဲ၍ စစ်​သွေးကြွချင်​နေသည့် နိုင်ငံ့​ခေါင်း​ဆောင်များသည် ၁၉၇၁ အ​ရောက်မှာ​တော့ စားပွဲဝိုင်းဖွဲ့ငြိမ်းချမ်း​ရေး​ဆွေး​နွေးချင်သူများ ဖြစ်သွားကြပြီ။ အမိန့်အာဏာသည် လုပ်ပိုင်ခွင့်ရှိသူတို့၏ နှုတ်ဖျားတွင်တည်၍ ​အောက်​ခြေကလူများအ​ပေါ်တွင် ​အ​ကောင်းအဆိုးသက်​ရောက်သည်။ အနုနည်းဖြင့်​ဖြေရှင်းချင်သည့် အထက်လူကြီးများအတွက် အကြမ်းနည်းသုံးရန် လျှို့ဝှက်ဖွဲ့စည်းထားသည့် အထူးတပ်ဖွဲ့ ၆၈၄​သည် မျက်စိစပါး​မွေးစူးသလိုဖြစ်သည်၊ နိုင်ငံတကာသိလျှင် သူတို့၏ငြိမ်းချမ်း​ရေးအိပ်မက် ပျက်စီးသွားမှာ သိပ်စိုးရွံ့သည်၊ ထို့​ကြောင့် တပ်ဖွဲ့ ၆၈၄ကို နှုတ်ပိတ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ​မျှော်လင့်ချက်​တွေ တနင့်တပိုးထားခဲ့တဲ့ဘဝက သဲတစ်မှုန်​လောက်မှ တန်ဖိုးမရှိ​တဲ့ဘဝက သိပ်နာကျင်ရသည်၊ ရှင်လျက်နဲ့ ​သေစာရင်းကို အလိုလိုမှတ်ခံလိုက်ရသလိုဖြစ်သည်။ တပ်ဖွဲ့ ၆၈၄အတွက်လည်း ထို့အတူခံစားရသည်။ တိုင်းပြည်ငြိမ်းချမ်း​​ရေးအတွက် အားကိုးရာ ဟူ​သော ဘဝမှသည် ​သေဒဏ်ကျအကျဉ်းသားဘဝသို့ ပြန်​ရောက်သွားသည်။ မိမိရဲ့နိုင်ငံ​တော်က မိမိကိုစွန့်ပစ်လိုက်ပြီ။ တပ်ဖွဲ့ ၆၈၄ အဖို့ ​ပေါက်သည့်နဖူး မထူး​တော့ပြီ၊ တပ်ဖွဲ့ ၆၈၄ တို့ မိုက်လုံးကြီးပြရ​တော့မည်။ ဘယ်​လောက်ထိ လုပ်ပြနိုင်မလဲဆိုတာ​တော့ ဘုရားသခင်သာ အသိဆုံးဖြစ်သည်။ ၁၉၆၈ မှ ၁၉၇၁ အထိ ၃နှစ်ကြာရှိခဲ့​သော တပ်ဖွဲ့ ၆၈၄အ​ကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခြင်းဖြစ်ပြီး ဆု​ပေါင်း၈ဆုအထိ ရထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ IMDb 7.1အထိ ရရှိထားပြီး သရုပ်​ဆောင်များမှာလည်း လက်ရှိမှာ ဒိတ်ဒိတ်ကြဲ​အောင်မြင်​နေသည့် ဇာတ်ပို့မင်းသားကြီးများနဲ့ ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ လူလူချင်းစာနာသနားမှု၊ အမိန့်နဲ့ လူ့ကျင့်ဝတ်ကြားက မျဉ်းပါးလေးတစ်​ကြောင်း၊ စစ်သား​ကောင်းတို့ရဲ့ သူရဲသတ္တိနဲ့ ရဲ​ဘော်ရဲဖက် စိတ်ဓါတ်တို့ကိုပီပြင်​အောင် ရိုက်ပြသထားသည့် ဒီစစ်ကားကို စစ်ကားမဟုတ်​သော စစ်ကားလို့ပဲ ​ခေါ်လို့ရနိုင်မယ်ထင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Action, Drama Quality….WEB-DL 1080p and 720p File size…1.9GB and 980MB and 324MB Format…mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Horror • Mystery • Thriller
7 2003 135 mins
Silmido
Pathaan
6.6

Pathaan (2023) (FUL HD အကြည်ဗားရှင်း) Action, Crime, Drama IMDb 6.4/10 (122K) ကဲ လူတွေပါးစပ်ဖျားရေပန်းစားနေကြပြီး ဘတ်ဂျတ်ကုဋေ၂ရာကျော်ရင်းပြီး ရုံတင်ငွေကုဋေ၁သိန်းကျော်ထိ အမြတ်ပြန်လည်ရရှိထားတဲ့ ရှာရွတ်ခန်းရဲ့ ပထန်ဇာတ်ကားကြီးရဲ့ ကြည်တောက်ရှင်ဗားရှင်ကိုတင်ဆက်ပေးပါတော့မယ်နော်။ မင်းသားကြီး ရှာရွတ်ခန်း...ဂျွန်အေဗရာဟင်..ဒီပီကားပါဒူကွန်တို့က Lead Role နေရာကနေ သရုပ်ဆောင်ပေးထားကြပြီး တခြားသော သရုပ်ဆောင်ပေါင်းများစွာလည်းပါဝင်ထားသလို မင်းသားကြီးဆလ်မာန်ခန်းကလည်း cameo အနေနဲ့ ပါဝင်ပေးထားပါသေးတယ်နော်။ ဒီဇာတ်ကားကို အိန္ဒိယနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Yash Raj Films မှ တာဝန်ယူထုတ်လုပ်ပေးထားပြီး လက်ပွားမင်းသားရဲ့ War ဇာတ်ကားကို တာဝန်ယူရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ဆစ်ဒါသ်အာနန်းရဲ့အက်ရှင်လက်ရာတစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဆလ်မာန်ရဲ့ (Tiger)..လက်ပွားရဲ့ (War) တို့နဲ့ချိတ်ဆက်ပေးမယ့် Pathaan ဇာတ်ကောင်ရဲ့ spin-off ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Yash Raj ကုမ္ပဏီဟာ နောက်ပိုင်းမှာ spy universe ကို တည်ဆောက်သွားမယ့်ပုံပေါ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံသမ္မတကြီးကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ ဒူဘိုင်းက အခမ်းအနားပွဲတစ်ခုမှာ ပြန်ပေးဆွဲဖို့ရှိနေခဲ့ပါတယ်။ ဒီတော့ လုံခြုံရေးကို သုံးဆတိုးမြှင့်ပြီး စောင့်ကြပ်ပေးနေခဲ့ပါတယ်။ မထင်မှတ်ထားတဲ့ ကိစ္စက အကြမ်းဖက်အဖွဲ့အစည်းဟာ သမ္မတကြီးကိုပြန်ပေးမဆွဲဘဲ သမ္မတကြီးနဲ့အတူလိုက်ပါလာတဲ့ သိပ္ပံပညာရှင်နှစ်ယောက်ကို ပြန်ပေးဆွဲလိုက်ပါတော့တယ်။ ခေါင်းခဲစေတဲ့ကိစ္စက ဘာလို့ သိပ္ပံပညာရှင်တွေကို ပြန်ပေးဆွဲခဲ့တာလဲ...။ ဆိုတော့ အက်ရှင်ခန်းတွေ အကြမ်းအရမ်းတွေနဲ့ ရေလည်မိုက်အောင် ရှုစားရဦးမှာမို့ ပေါက်ပေါက်...အားလူးကြော်လေးတွေစားပြီး ဇိမ်ကျပေတော့နော်။ File size…(9GB)/(3.1 GB) / (1.3 GB) Quality…WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….02:26:00 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San, Taylor

Drama
6.6 2023 146 mins
Pathaan
Race 3
4.3

ရှမ်ရှာဆင်းန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အင်ပါယာ ကြီးတစ်ခုတည်ထောင်ပြီး လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ အ ရောင်းအဝယ်ပြုလုပ်နေတာပါ။ ရှမ်ရှာမှာ ဆန်ဂျာနာနဲ့ ဆူရက်ဂျ် ဆိုတဲ့ အမြွှာသားနှစ်ယောက်ရှိပြီး ဆီကန်ဒါဆင်းန်ကတော့ မွေးစား သားပါ။ ရက်ရှ်က ဆီကန်ဒါရဲ့ လူယုံတစ်ယောက်ဖြစ်ပြီး ရှမ်ရှာအင်ပါ ယာနဲ့ နီးစပ်သူလည်းဖြစ်ပါတယ်။ ရာနာဗီဂျေးဟာ ရှမ်ရှာရဲ့ စီးပွားပြိုင်ဘက်ဖြစ်ပြီး ရှမ်ရှာမိသားစု ရဲ့ စီးပွားရေးကို တစ်ချိန်လုံး ဒုက္ခ ပေးနေသူလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ မိသားစု ရှေ့နေဟာ အိမ်ကိုရောက်လာပြီး ဆန်ဂျာနာနဲ့ ဆူရက်ဂျ်တို့လည်း အသက် (၂၅)နှစ်ပြည့်ပြီမို့ ရှမ်ရှာက ဆီကန်ဒါကို သူပိုင်ဆိုင်သမျှ ၅၀ ရာခိုင်နှုန်း၊ ဆန်ဂျာနာနဲ့ ဆူ ရက်ဂျ်တို့ကို တစ်ယောက် ၂၅ ရာခိုင်နှုန်းစီ ခွဲဝေပေးခဲ့ပါတယ်။ အဲဒီအခါမှာ မိသားစုထဲမှာ ပြဿနာလေးတွေရှိလာပြီး အမြွှာညီ အစ်ကိုနှစ်ယောက်က ဆီကန်ဒါ ကို မကျေနပ်လို့ တိုက်ခိုက်လာ တဲ့အတွက် ဆီကန်ဒါနဲ့ ပြဿနာ စပါတော့တယ်။ တကယ်တော့ ရက်ရှ်ဟာ ရှမ်ရှာရဲ့သားအရင်းဖြစ်ပြီး အကျင့်ပျက်နိုင်ငံရေးသမားတွေနဲ့ ပေါင်းနေကာ တစ်ရက်မှာတော့ ဆီကန်ဒါကို ရှင်းပစ်ခဲ့ပါတယ်။ ရှမ်ရှာဟာလည်း ဆီကန်ဒါရဲ့ မိဘတွေကို သတ်ပစ်ခဲ့သူဖြစ်ပြီး အမြွှာညီအစ်ကိုက ဆီကန်ဒါရဲ့ ညီအ ရင်းတွေလည်း ဖြစ်ပါတယ်။ ရှမ်ရှာနဲ့ရက်ရှ်ရဲ့ အကြံအ စည်က ညီအစ်ကိုအရင်းတွေ ကတောက်ကဆဖြစ်ပြီး အချင်းချင်းသတ်မိအောင် လုပ်တာဖြစ်ပါတယ်။ သေပြီထင်ထားတဲ့ ဆီကန်ဒါက တစ်ရက်မှာတော့ ဗြုန်းဆို ပြန်ပေါ်လာပြီး ရက်ရှ်၊ ရှမ်ရှာတို့ သားအဖနဲ့ ထိပ်တိုက်တွေ့ခဲ့ပါ တော့တယ်။ ဆီကန်ဒါတို့ ညီအစ်ကိုတွေ နဲ့ ရှမ်ရှာတို့ရဲ့ ပြိုင်ပွဲက ဘယ်လိုရလဒ်ထွက်မလဲ။ ဒုစရိုက်လောက ထဲက ရှမ်ရှာတို့တစ်တွေ ဘယ်လို ဇာတ်သိမ်းရမလဲဆိုတာ အမိုက် စားအက်ရှင်ဇာတ်ကွက်တွေနဲ့ ဆက်ကြည့်လိုက်ဦးနော်။ ပါဝင်ထားသူတွေက Salman Khan၊ Anil Kapoor၊Bobby Deol၊ Daisy Shah၊Saqib Saleem၊ JacquelineFernandez စသူတွေပဲဖြစ်ပါ တယ်။ (ဇာတ်လမ်းအညွှန်းကို 7daydaily မှကူးယူဖော်ပြပါသည်) (BrilliantStar နဲ့ d3mon တို့ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (1.2 GB) Quality : AMZN WEB-DL 720p Running Time : 2hr 40min Format : Mp4 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.AMZN WEB-DL H264 DDP5.1-M2Tv Translated by BrilliantStar and d3mon Encoded by Thanhtike Zaw

Horror • Thriller
4.3 2018 160 mins
Race 3
House Party
4.4

House Party ရုပ်ရှင်ကားကို ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ယခင် ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်ကပြသခဲ့တဲ့ House Party 1 နဲ့ 2 ကိုreboot ပြန်လည်ရိုက်ကူးထားတဲ့ Comedy Drama ဟာသဒရမ်မာ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကယ်ဗင်နဲ့ ဒါ့မွန်ဆိုတာက အယ်လ်အေမြို့မှာနေတဲ့ သန့်ရှင်းရေးအလုပ်သမားတွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူတို့ကအိမ်ပါတီပွဲစီစဥ်တဲ့သူတွေ ဖြစ်နေ​ပြန်ပါတယ်။ တစ်နေ့မှာ သူတို့အလုပ်လုပ်နေရင်း အလုပ်လည်းပြုတ် ပိုက်ဆံစိုက်ထားတဲ့ ပါတီပွဲကနေလည်း အနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ပိုက်ဆံလိုနေတဲ့တစ်ချိန်တည်းမှာပဲ ကံဆိုးမိုးမှောင်ကျတာမလို့ ကြံမိကြံရာလုပ်ဖို့ ရည်ရွယ်တဲ့အခါမှာတော့ သူတို့သန့်ရှင်းရေးလုပ်နေဆဲ အိမ်ကြီးဟာ ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်ရဲ့အိမ်ကြီးဖြစ်နေပြီးတော့ အိမ်ရှင်ကလည်း ခရီးထွက်သွားပါတယ်။ ဆိုတော့ကာ လူမရှိတဲ့အိမ်မှာ သူတို့ပါတီပွဲပေးပြီး ငွေရှာဖို့လုပ်ပါတော့တယ်။ သူတို့ ပိုက်ဆံကို ဖြောင့်ဖြောင့်တန်းတန်းရှာနိုင်လေမလား ဘာပြဿနာတွေတက်ကြမလဲ ဘယ်လိုတွေရော ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးမှာ အဆဲစကားလုံးတွေကို ဖောဖောသီသီသုံးထားတဲ့အပြင် မူးယစ်ဆေးသုံးတဲ့ပြကွက်တွေ တစ်ချက်တစ်ချက် သွေးထွက်သံယို​ပြကွက်တွေပါဝင်လို့ Rated R သတ်မှတ်ထားတာကြောင့် တစ်ချိန်လုံးဆဲတာတွေကြားနေရမှာပါ။ ရှေ့ကမှီငြမ်းထားတဲ့ ဇာတ်ကားလိုမျိုး ယခုကားမှာလည်း နာမည်ကြီး Celebrityတွေ အဆိုတော်တွေ ကစားသမားတွေ cameo အနေနဲ့ အများအပြားပါဝင်ထားပါသေးတယ်။ အဲဒါကြောင့် စိတ်ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာမောစရာ ကြည့်ချင်တယ်ဆိုရင်တော့ လောလောလတ်လတ် ထွက်ရှိထားတဲ့ House Party ရုပ်ရှင်ကားကို ကြည့်ရှု့ကြည့်ဖို့ အကြံပြုလိုပါတယ် File size…(2.62GB) / (1.11GB) /794MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace

4.4 2023
House Party
Hell House LLC
6.4

Hell House LLC ဟာ၂၀၁၅ ခုနှစ်မှာ ဒါရိုက်တာ Stephen Cognetti က ရိုက်ကူးတင်ဆက်ခဲ့တဲ့ Found Footage Horror Film အမျိုးအစား ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပြီး IMDb 6.4/10 ရရှိထားပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဟောလိုးဝင်းပွဲတော်ဆင်နွှဲလိုသူများ လည်ပတ်နိုင်ဖို့အတွက် ခြောက်ခြားဖွယ် သရဲအိမ်ကြီးတစ်အိမ်ကို လူငယ်တစ်စုက နယူးယော့ခ်မြို့ တော်ရဲ့အပြင်ဘက်ရှိ မြို့ငယ်တစ်မြို့မှာ ဖန်တီးခဲ့ကြပါတယ်။ ထိုနေရာကတော့ အစွန့်ပစ်ခံ အက်ဘဒန်ဟိုတယ်ဟောင်း ဖြစ်ပြီး သူတို့ရဲ့ ခြောက်ခြားဖွယ်ဂေဟာ ကြီးကို ငရဲအိမ် (Hell House) လို့ အမည်ပေးထားကြပါတယ်။ လူငယ်များရဲ့ အင်အားနဲ့ ကြိုးစားပမ်းစားဖန်တီးခဲ့ကြသော်လည်း ဖွင့်ပွဲနေ့မှာပင် လူပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့သော ကြေကွဲဖွယ် အဖြစ်အပျက်ကြီး ပေါ်ပေါက်လာပါတော့တယ်။ ထိုဖြစ်ရပ်ရဲ့နောက်ကွယ်မှာ…ဘာများ ရှိနေလိမ့်မလဲ…၊ လူအများစုထင်ထားသလို စက်ပစ္စည်းချွတ်ယွင်းမှုကြောင့်များလား…၊ ထိုဖြစ်ရပ်ဆိုးဟာ အက်ဘဒန်ဟိုတယ် ဟောင်းရဲ့ သမိုင်းကြောင်းနဲ့များ ပတ်သက်နေမလား…စသဖြင့်..ဖုံးကွယ်ထားတဲ့ ဗဟေဠိကို documentary ဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးကြည့်ရင်း အဖြေညှိလိုက်ကြပါစို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Su ပဲ ဖြစ်ပါတယ်) File size…1.79GB / 620.4MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thae Su

6.4 2015
Hell House LLC
Island Escape

Island Escape (2023) Science-Fiction နဲ့ Horror ကြိုက်တဲ့သူအတွက် တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ လူမသိသူမသိကျွန်း တစ်ကျွန်းပေါ်မှာ အခြေခံထားပါတယ်။ ဒီကျွန်းက “Elite Soldier” တွေကို မွေးထုတ်ဖို့အတွက် လေ့ကျင့်ပေးတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဒါပေမဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာ ဒီကျွန်းဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ သုတေသီတစ်ယောက်ဖြစ်တဲ့ စီအီးအိုတစ်ယောက်ရဲ့သမီးကလည်း မတော်တဆမှုထဲပါသွားတဲ့အတွက် စီအီးအိုရဲ့ သမီးကို သွားကယ်ဖို့ ကုမ္ပဏီကနေပြီးတော့ စစ်ပြန်နဲ့ ပရော်ဖက်ရှင်နယ်တစ်စုကို ငှားပါတော့တယ်။ ဒီအဖွဲ့ထဲမှာဆိုရင် ဇာတ်လမ်းရဲ့ မင်းသားဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ ချေ့စ်နဲ့ ရပ်စ်ဆိုပြီးပါလာပါတယ်။ သူတို့နှစ်ယောက်က ဒီစစ်ဆင်ရေးမတိုင်ခင် အရင်စစ်ဆင်ရေးတစ်ခုမှာအတူလုပ်ခဲ့ဖူးကြပေမဲ့ အဲဒီစစ်ဆင်ရေးမှာဖြစ်ခဲ့တဲ့မတော်တဆတစ်ခုကြောင့် ချေ့စ်ဟာ အတိတ်မေ့ရောဂါဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့စိတ်ထဲမှာတော့ ရပ်စ်ကို မယုံသင်္ကာဖြစ်နေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ချေ့စ်တို့နှစ်ယောက်ဟာ စစ်ဆင်ရေးအတူထွက်ဖြစ်ခဲ့ကြတာပေါ့။ လူမသိသူမသိကျွန်းကို ရောက်သွားတဲ့အခါမှာတော့ စစ်ဆင်ရေးထဲပါသွားတဲ့သူတွေအားလုံး ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုနဲ့စတင်ကြုံတွေ့လာရပါတော့တယ်။ ကျွန်းပေါ်မှာ သုတေသီတစ်ယောက်မှ ရှာမတွေ့တော့တဲ့အပြင် အလောင်းများစွာကို ရှာတွေ့ကြပါတယ်။ ဒါ့အပြင် ဒီကျွန်းပေါ်မှာ ညဘက်ဆို ထူးဆန်းတဲ့မကောင်းဆိုးဝါးတွေပေါ်လာတတ်ပါသေးတယ်။ ဒီလိုနဲ့ပဲ ချေ့စ်တို့အဖွဲ့ သူတို့ရဲ့စစ်ဆင်ရေးကို အောင်မြင်အောင် ဘယ်လိုဆက်ပြီး ဆောင်ရွက်သွားကြမှာလဲ… ကျွန်းပေါ်က မကောင်းဆိုးဝါးတွေကရော ဘယ်လိုတွေဖြစ်တည်လာတာလဲ… ဒါ့အပြင် ကျွန်းပေါ်မှာဖြစ်နေတဲ့ တခြားသဘာဝလွန်ဖြစ်ရပ်ပေါင်းများစွာကို ဒီရုပ်ရှင်ထဲမှာ ဖီးလ်အပြည့်နဲ့ခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 580MB Quality – 1080p, 720p Format – mp4 Duration – 1H 26Min Genre – Action, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2023 86 mins
Island Escape
Mischievous Kiss the Movie Part 3: Propose
7.5

Mischievous Kiss: Proposal arc (2017) My Drama List – 7.5 IMDb rating – 7.5 ဒီ Proposal Arc မှာတော့ ခိုတိုခိုတို့ရဲ့ တက္ကသိုလ်ဒုတိယနှစ်နဲ့ တတိယနှစ်ကာလကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တက္ကသိုလ်ပြီးခါနီးလာတာနဲ့အမျှ အလုပ်ခွင်ဝင်ဖို့လည်း စဉ်းစားလာကြရတာ ထုံးစံပါပဲ။ ဒီလိုနဲ့ ကိုယ်စီ အနာဂတ်အစီအစဉ်တွေ ရေးဆွဲနေကြတဲ့အချိန်မှာ အီရိအဲကို သူ့အဖေက အိမ်ရဲ့စီးပွါးရေးကို ဆက်ခံဖို့အတွက် တိုက်တွန်းပါတော့တယ်။ အီရိအဲကတော့ အိမ်ရဲ့စီးပွါးရေးကို ဆက်မလုပ်ဘဲ သူ့ရဲ့ ဆရာဝန်ဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည် ဖော်ချင်နေပါတယ်။ အဲဒီလို အတိုက်အခံလုပ်နေတုန်းမှာ အီရိအဲရဲ့အဖေ နှလုံးဖောက်ပြီး ဆေးရုံတင်လိုက်ရတဲ့အခါမှာတော့ အီရိအဲခမျာ ရွေးချယ်စရာမရှိဘဲ အိမ်အလုပ်ကို ဦးစီးရပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အီရိအဲတို့ကုမ္ပဏီရဲ့ရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ ဥက္ကဌအိုအိဇုမိက မြေးဖြစ်သူနဲ့ စေ့စပ်ကြောင်းလမ်းဖို့ စကားစလာပါတော့တယ်။ အီရိအဲတစ်ယောက် သဘောတူလိုက်မလား… ခိုတိုခိုနဲ့အီရိအဲတို့ကြား ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ အခု Proposal Arc လေးမှာ ဆက်လက်ကြည့်ရှုကြရအောင်။ File size… 2.3 GB / 985 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

7.5 2017
Mischievous Kiss the Movie Part 3: Propose
Sars Wars: Bangkok Zombie Crisis

SARs War : Bangkok Zombie Crisis (2004) ဆားဗိုင်းရပ်စ်နံပါတ်၄ အာဖရိကမှာ ဖြစ်ပွားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီရောဂါကို ကူးစက်လိုက်တဲ့သူတွေဟာ သွေးဆာနေတဲ့ ဇွန်ဘီတွေဖြစ်ကုန်ကြပါတယ်။ ဒီလိုနဲ့ ရောဂါဟာ ပျံ့နှံ့လာရင်းနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း ကောင်မလေးတစ်ယောက်ဟာ အဆောက်အဦတစ်ခုတည်းမှာ ပြန်ပေးဆွဲခံထားရပါတယ်။ အဲဒီကောင်မလေး ပြန်ပေးဆွဲခံထားရတဲ့ အဆောက်အဦဟာ ဆားဗိုင်းရပ်စ်ပျံ့နှံ့ရာရဲ့ အစကနဦးဖြစ်နေတဲ့အခါမှာတော့ ဒီကောင်မလေး အဆောက်အဦထဲကနေ ဘယ်လို လွတ်မြောက်အောင်လုပ်မလဲ …… ပြန်ပေးဆွဲတဲ့သူတစ်သိုက်နဲ့ ပြန်ပေးဆွဲခံရတဲ့ကောင်မလေး ဇွန်ဘီတွေနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ … ပြန်ပေးဆွဲခံရတဲ့ကောင်မလေးကို လာကယ်တဲ့ကောင်လေးကရော ဘယ်လိုတွေစွန့်စားကယ်ထုတ်သွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ထိုင်းဇွန်ဘီကားလေးတစ်ကားဖြစ်ပါတယ်။ အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, Dao Phyo တို့ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Fantasy, Horror Quality…. 1080p WEB-DL | 720p WEB-DL File size… 1.7GB | 932MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat, Mary, Char Ou, Dao Phyo Encoder ….. Aaron

Fantasy • Romance • Comedy • Drama
0 2004
Sars Wars: Bangkok Zombie Crisis
Volcano High
5.9

Volcano High (2001) ကိုရီးယားဇာတ်ကား ကြည့်ရှုသူတိုင်း မစိမ်းမဲ့ မင်းသား၊ မင်းသမီးတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဟောင်း တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးကို အုပ်စိုးနိုင်မယ့် ဆက်ခံသူသာ လက်ဆင့်ကမ်းနိုင်မယ့် “လျှို့ဝှက်ကျမ်းစာအုပ်” တစ်အုပ် ရှိပါတယ်။ ဝမ်ဆန်ဟိုအထက်တန်းကျောင်းမှာလည်း ကျောင်းအုပ်ဆီကနေ ဒီကျမ်းစာအုပ်ကို ရနိုင်ဖို့ လှုပ်လှုပ်ခတ်ခတ်နဲ့အချင်းချင်း သူတစ်လူ ငါတစ်မင်း အုပ်စုဖွဲ့ အားပြိုင်နေကြချိန်။ ဒီလိုနဲ့ မိုးကြီးလေထန်တဲ့တစ်နေ့မှာ ၉ ကျောင်းမြောက် ကျောင်းပြောင်းလာတဲ့ ဂင်မ်ဂယောင်ဆူးလည်း ဝမ်ဆန်ဟိုအထက်တန်းကျောင်းဆီ ရောက်လာပါတော့တယ်။ ဒီကျောင်းမှာတော့ အေးအေးချမ်းချမ်းနဲ့ ကျောင်းပြီးဖို့ပဲ မျှော်လင်ထားတဲ့ ဂင်မ်ဂယောင်ဆူးတစ်ယောက် ဝမ်ဆန်ဟိုကျောင်းက တိုက်ပွဲတွေကို ရှောင်ရှားနိုင်မလားဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ် Genre….. Action, Comedy, Fantasy Quality…. 1080p WEB-DL | 720p WEB-DL File size… 3.1GB | 1.5GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

5.9 2001
Volcano High
Buzzy Noise
6.1

Buzzy Noise (2024) ******************* ဒီကားလေးက manga series ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးတင်ဆက်ထားပြီး ဒါရိုက်တာ Hiroki Kazama ရဲ့ လက်ရာဖြစ်ပါတယ် .. ဇာတ်ကားထဲမှာ Hana Amano, Kai Inowaki, Takumi Kawanishi နဲ့ Wan Marui တို့ ပါဝင်သရုပ်ဆောင်ထားပြီး Music, Romance, Life အမျိုးအစားဖြစ်တာမို့ ရိုရိုချိုချိုကြိုက်နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအကျဉ်းကတော့ ********************* နေ့ခင်းမှာ တိုက်ခန်းမန်နေဂျာအဖြစ် လုပ်ကိုင်နေသူ ကီယိုဆူမီဟာ ညဘက်မှာဆို သူ့အခန်းထဲမှာပဲ အီလက်ထရွန်နစ်နဲ့ သံစဉ်တီးရင်း ဘဝကို သာမန်ပဲ ဖြတ်သန်းနေတဲ့သူပါ။ တစ်နေ့မှာတော့ ညဘက် သူ့ရဲ့သီချင်းသံကြောင့် အနှောင့်အယှက်ဖြစ်ကြောင်း တိုက်ခန်းမှာ နေထိုင်သူက တိုင်ကြားလာတာကြောင့် သူ့ကို တိုက်ခန်းအုပ်ချုပ်သူက အလုပ်ဖြုတ်တဲ့အထိ အရေးယူမှာဖြစ်ကြောင်း သတိပေးလာခဲ့ပါတယ်။ အူရှီယိုဆိုတဲ့ မိန်းကလေးကတော့ နေ့ခင်းဘက် စားသောက်ဆိုင်မှာ လုပ်ရင်း ညဘက်မှ တိုက်ခန်းကို ပြန်လာသူဖြစ်ပါတယ်။ ကီယိုဆူမီရဲ့ အခန်းကနေ ညဘက်မှာ ထွက်လာတတ်တဲ့ သီချင်းသံကို တိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ တစ်နေ့ အူရှီယိုရဲ့ လှေကားမီးပျက်နေတာကို ပြုပြင်ခိုင်းပြီးနောက်မှာ သူ့ရဲ့အောက်ထပ်က နေထိုင်သူဟာ တိုက်ခန်းမန်နေဂျာမှန်း သိသွားခဲ့ပါတယ်။ ရည်းစားနဲ့ပြတ်ပြီး အသည်းကွဲနေတဲ့ အူရှီယိုက ကီယိုဆူမီရဲ့ သီချင်းသံစဉ်လေးအပေါ် အမြင်ပြောင်းလဲသွားမလား… ကီယိုဆူမီကရော ဒီလောက်ထိ ဝါသနာကြီးတဲ့ ဂီတကို ရှေ့ဆက်လုပ်ဆောင်နိုင်ပါ့မလား… ဘဝရည်မှန်းချက်၊ ဝါသနာ ၊ အောင်မြင်မှု ၊ ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်ချက်တွေကြောင့် သူတို့တွေ ဘယ်လိုရင်ဆိုင်ရှေ့ဆက်သွားကြမလဲဆိုတာ… (အညွှန်းကို Dao Phyo မှ ရေးသားထားပါတယ်) File size…1.56GB / 590MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Music, Romance, Life Subtitle….Myanmar Subtitle (Hard Sub) Translated by Kim & DaoPhyo Encoded by AHtet

TV Movie • Comedy • Romance • Drama
6.1 2024 119 mins
Buzzy Noise