YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Moonlight.Mystique.2025.S01.E40.2160p.4K.WEB-DL.DDP5.1.[RMC].End.mkv

1.53 GB N/A video/x-matroska 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Life As We Know It
6.9

ရုပ်ရှင်ကြည့်ပရိတ်သတ်များအနေနဲ့ ဟာသဆန်ဆန် မတည့်အတူနေ ဇာတ်လမ်းမျိုးကို စိတ်ဝင်စားပါသလား... ဒီလိုဆိုရင်တော့...Josh Duhamel နဲ့ Katherine Heigi တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ Greg Berlanti ရိုက်ကူးတင်ဆက်ထားတဲ့ "Life as we know it" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအစမှာတော့ အဲရစ်မက်ဆာနဲ့ ဟောလီဘာရမ်ဆန် တို့နှစ်ဦးဟာ အချစ်ဆုံးသူငယ်ချင်းစုံတွဲရဲ့ မိတ်ဆက်ပေးမှုကြောင့် blind date လုပ်ခဲ့ကြပေမယ့် အချင်းချင်းမုန်းတီးစွာနဲ့ လမ်းခွဲခဲ့ကြပါတယ်။သူငယ်ချင်း နှစ်ဦး ကားမတော်တဆမှုနဲ့ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ သူတို့နှစ်ဦးရဲ့ ဘဝဟာလဲ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရ ပါ​တော့တယ်။ ကျန်ရစ်သူ တစ်နှစ်အရွယ်သမီးလေး ဆိုဖီကို သူငယ်ချင်းစုံတွဲရဲ့ စံအိမ်ကြီးမှာထိန်းကျောင်းရင်း အတူနေထိုင်ဖို့ ဖြစ်လာရာက မက်ဆာနဲ့ ဟောလီတို့နှစ်ယောက် သံယောဇဥ်ကြိုးတွေ နှောင်ဖွဲ့သွားကြမှာလား...မိသားစုတွေ တကွဲတပြားဖြစ်ကြဦးမလားဆိုတာကိုတော့...ရသပေါင်းစုံပါဝင်တဲ့ ရုပ်ရှင်လေးကြည့်ရင်း အပန်းဖြေကြပါစို့။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကို Thae Suu မှ တင်ဆက်ထားပါတယ် ) File size…1.45 GB / 553.9 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 54m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thae Su

Action & Adventure • Crime • Drama
6.9 2010 114 mins
Life As We Know It
[21+] Baise-moi
4.8

ဒီပြင်သစ်ကားက အိပ်ရာခန်းတွေရော သတ်ဖြတ်ခန်းတွေရော အတော်ကြီးကိုကြမ်းတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး... သူ့နာမည်က နာဒင်း ၊ ပြည့်တန်ဆာအလုပ်ကိုလုပ်ပြီးပိုက်ဆံရှာတယ်။ သူ့သူငယ်ချင်းနဲ့အတူတူနေပြီးတယ်ဆိုပေမယ့် တစ်နေ့မှာအချင်းချင်းစကားများ ရန်ဖြစ်ပြီး သူငယ်ချင်းကိုသတ်လိုက်မိပြီးတော့ အိမ်ကနေထွက်ပြေးလာတယ်နောက်တစ်ယောက်ကတော မန်နူ မုဒိမ်းကျင့်ခံရပြီးတော့ စိတ်မသက်သာဖြစ်နေတာကို အရက်ဘားပိုင်ရှင်နဲ့စကားပြောအဆင်မပြေလို့ သေနတ်နဲ့ပစ်သတ်လိုက်ပြီးတော့ အိမ်ကနေထွက်ပြေးလာတယ်။ ဒီလိုနဲ့နှစ်ယောက်သား အိမ်ကနေထွက်ပြေးလာရင်းနဲ့ ဘူတာတစ်ခုမှာဆုံဖြစ်ကြတယ်။ ဘယ်သွားလို့ဘာလုပ်ရမှန်း မသိတဲ့နှစ်ယောက်ပေါင်းမိပြီးပြင်သစ်တစ်ခွင်မှာသောက်စားပျော်ပါးကြတဲ့အခါမှာတော့... File Size :(2.1GB) and (1.01GB) Quality :Blu-Ray 1080P,720p Format…mp4 Duration…01:17:00 Genre : Crime, Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Comedy
4.8 2000 77 mins
[21+] Baise-moi
The Advocate: A Missing Body
7.3

ဥပဒေရုံးကြီးတစ်ခုရဲ့နာမည်ကျော်ရှေ့နေဗြောန်းဟိုဆောင်းဟာ လိုက်သမျှအမှုတိုင်းလိုလို နိုင်အောင်စွမ်းဆောင်နိုင်ပြီး "အနိုင်ရတာကတရားမျှတမှုပဲ" လို့ခံယူထားသူတစ်ဦးဖြစ်ပါတယ်။ ဆေးဝါးကုမ္ပဏီကြီးအတွက် အမှုနိုင်အောင်လုပ်ပေးပြီးတဲ့နောက်မှာတော့ လူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ ဥက္ကဌမွန်းဂျီဟွန်းရဲ့ဒရိုင်ဘာအတွက် အမှုလိုက်ပေးဖို့ ငှားရမ်းခံရပါတယ်။ အလောင်းရော၊ သက်သေရောမရှိတဲ့လူသတ်မှုဖြစ်နေပေမယ့် ရှေ့နေဗြောန်းက သူ့ထုံးစံအတိုင်း တရားပြိုင် အပြစ်မရှိအောင် ခုခံချေပပေးခဲ့ပါတယ်။ ဒီလိုနဲ့ တရားခွင်နောက်ဆုံးနေ့ အမှုနိုင်ခါနီးမှာမှ သူ့အမှုသည်က သူသတ်ခဲ့တာဖြစ်ကြောင်း ရုတ်တရက်ထဝန်ခံလိုက်တဲ့အခါမှာတော့ အမှုရှုံးနိမ့်သွားပါတော့တယ်။ ရှေ့နေဗြောန်းတစ်ယောက် အရှက်တကွဲဖြစ်ခဲ့ရတဲ့အပြင် မျက်မြင်သက်သေအတုဖန်တီးမှုနဲ့ပါ သံသယဝင်ခံရတဲ့အတွက် ဂုဏ်သိက္ခာပြန်ဆယ်ဖို့ အမှုပြန်စုံစမ်းရင်းက နောက်ကွယ်မှာ သူမထင်ထားတဲ့ ဖြစ်ရပ်ပေါင်းများစွာရှိနေတဲ့အခါမှာတော့... File Size :(1.7GB) and (688MB) Quality :WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:57:00 Genre : Crime , Thriller, Mystery, Comedy, Law Subtitle : Myanmar Subtitle (Hard Sub) Translated by  Ei Phyu Khin & Shoon Encoded by Phyo Pyae

Fantasy • Romance
7.3 2015 117 mins
The Advocate: A Missing Body
The Gabby Petito Story
4.6

ဂက်ဘီပတ်တီတိုဆိုတဲ့ မိန်းကလေးဟာ ကြင်နာတတ်ပြီး လူချစ်လူခင်ပေါ်များတဲ့ မိန်းမလှလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ စတိတ်ကျောင်းတုန်က ရည်းဇားဟောင်းဘရိုင်ယန်နဲ့ ပြန်ဆုံတွေ့ကြရင်း ငယ်ချစ်တွေတစ်ဖန် ရှင်သန်လာကြပြီး သူ့ချစ်သူရှိရာ ဖလော်ရီဒါကို အတူလိုက်သွားခဲ့ပါတယ်။ မနာလိုသဝန်တိုတတ်လွန်းတဲ့ ဘရိုင်ယန်နဲ့ လူတိုင်းကိုဖော်ရွေကြင်နာတဲ့ ဂက်ဘီတို့ ဆက်ဆံရေးက ဘယ်လိုအခြေအနေတွေအထိရောက်အောင် အဆိပ်အတောက်ဆန်သွားမလဲဆိုတာတော့ ... သဝန်တိုတတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့သူတိုင်း တစ်ခါလောက်တော့ ကြည့်ထားသင့်တဲ့ ဖြစ်ရပ်မှန်ပညာပေးဇာတ်လမ်းလေး တစ်ခုဖြစ်တာမို့ လက်မလွှတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hae Areum ပါ။) File Size          : 885MB, 397MB Quality            : 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 28mins Genre              : Drama Translated by Hae Areum Encoded by Kinnov

Action • Comedy • Crime
4.6 2022 85 mins
The Gabby Petito Story
Koati
7.1

အသစ်ထွက်ရှိလာတဲ့ Animation ကာတွန်းကားလေး တင်ဆက်လိုက်ပါတယ်... ဇာတ်လမ်းကတော့.... Balam ဆိုတဲ့ဂျာဂွားအုပ်ချုပ်နေတဲ့ မိုးသစ်တောလေးထဲမှာ Nachi လေးက တစ်ကောင်တည်းသော coati ကောင်လေးပေါ့။ သူတို့နေတဲ့မိုးသစ်တောလေးမှာမထင်မှတ်ထားတဲ့ဘေးအန္တရာယ်ကျရောက်ခဲ့ပြီးတော့ Balmလည်းအသက်ဆုံးရှုံးခဲ့ရသလို အကုန်လုံးကလည်း ဒီတောထဲကနေရွှေ့ပြောင်းမလား တောထဲကဘေးကင်းတဲ့နေရာမှာပဲနေမလားဆိုတဲ့အခြေအနေမျိုးနဲ့ကြုံလာရပါတယ်။ နောက်ဆုံးမှာ Zaina ဆိုတဲ့မြွေမကြောင့် သူ့စကားတွေအောက်မှာကြွေကျပြီး အကုန်လုံးကပြောင်းရွှေ့ဖို့လုပ်ခဲ့ကြပေမယ့် Nachi ကတော့တောထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူဒီလိုဆုံးဖြတ်ခဲ့တာကလည်း နောက်ကွယ်မှာအကြောင်းအရင်းတစ်ခုရှိနေလို့ဖြစ်ပြီးတော့ အဲ့ဒီအကြောင်းအရင်းကိုအဖြေရှာဖို့အတွက်လည်း Nachi တစ်ကောင် Pako ဆိုတဲ့ခရားရေလွှတ်စကားပြောတတ်တဲ့ဖားလေးရယ် အကြောက်အလန့်မရှိတဲ့ Xochi ဆိုတဲ့လိပ်ပြာမလေးရယ်နဲ့ သုံးကောင်သားစွန့်စားခန်းရှာပုံတော်ဖွင့်ခဲ့ပါတယ်။ သူတို့တွေရဲ့စွန့်စားခရီးလေးမှာ ဘယ်လိုအန္တရယ်တွေကစောင့်ကြိုနေပြီး ဘယ်လိုတွေဖြတ်ကျော်ကြမှာလဲ။ Nachi တစ်ကောင် တောထဲမှာကျန်နေခဲ့ဖို့ဆုံးဖြတ်ခဲ့ရတဲ့နောက်ကွယ်ကအကြောင်းအရင်းကဘာလဲ... စတာတွေကိုတော့ ကြည့်ရှုခံစားရမှာပါ။ File size…(1 GB)/(640 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:31:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Chit Tee , Htet Kyaw Myo

Fantasy
7.1 2021 92 mins
Koati
Thoroughbreds
6.4

ဒီကားလေးကတော့ ၂၀၁၇ခုနှစ်ထွက် Drama/Thiller ဇာတ်ကားလေးဖြစ်ပါတယ်။ Rating 7.2 အထိရရှိထားတဲ့ဇာတ်ကားဖြစ်ပြီး Thiller ဆိုတဲ့အတိုင်းလူတစ်ကာကရင်ထိတ်အောင်ရိုက်ပြနေတဲ့ခေတ်မှာ အရမ်းရင်ထိတ်အောင်ရိုက်ပြထားတာ မဟုတ်ဘဲဇာတ်ကွက်အလှည့်အပြောင်း၊ မြုပ်ကွက်တွေနဲ့ တင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီး တင်ဆက်ပုံကွဲထွက်လာမှုနဲ့အတူ ဝေဖန်မှုကောင်းကောင်းရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ငယ်ငယ်ကရင်းရင်းနှီးနှီးမရှိခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်၊ ပြဿနာကိုယ်စီနဲ့အတူတူတွဲလာမိကြပါတယ်။ အထက်တန်းလွှာကဆင်းသက်ပေါက်ဖွားလာသူတွေအဖြစ်သရုပ်ဖော်ထားပြီး၊ အဓိကဇာတ်ကောင်နှစ်ခုရဲ့သရုပ်ကို သေချာသရုပ်ဆောင်ပြထားပါတယ်။ ဘာကိုစိတ်ခံစားချက်မရှိဘဲ ထုံပေပေမျက်နှာပေးမျိုးနဲ့ ကြည့်ရင်းကျောချမ်းလာစေတဲ့ အမန်ဒါ၊ ပထွေးရဲ့ဆိုးဝါးတဲ့အမူအကျင့်တွေကြောင့် စိတ်သောကရောက်နေရပြီး အမြဲအပူရုပ်ကိုဟန်လုပ်ပြနေရတဲ့ လီလီ။ သူတို့နှစ်ယောက်ရဲ့ပြဿနာကိုယ်စီဟာ ဘာတွေလဲ။ ဆယ်ကျော်သက်မိန်းကလေး၂ယောက် ဘယ်လိုဖြေရှင်းကြမှာလဲ။ သူတို့ဘဝဟာဘယ်လိုဖြစ်နေလို့လဲဆိုတာတွေကို Dialogue တွေအများကြီးမထည့်ပဲ သရုပ်ဆောင်တင်ဆက်သွားတာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ။ ဇာတ်ရှိန်အေးအေးနဲ့စိတ်ဝင်တစားအေးဆေးကြည့်ချင်တဲ့သူတွေအတွက် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (750 MB) and (320 MB) Quality : WEB-DL 720p Running Time : 1hr 32min Format : Mp4 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-CMRG Translated by Thura Zarni Aung Encoded by Thanhtike Zaw

Comedy • Drama
6.4 2018 92 mins
Thoroughbreds
Indian Predator: The Butcher Of Delhi

Indian Predator: The Butcher of Delhi (2022) ========================================= ဒီနေ့မှာတော့ Netflix က ထွက်ရှိထားတဲ့ အိန္ဒိယရဲ့ဖြစ်ရပ်မှန် “ကွင်းဆက်လူသတ်မှု မှတ်တမ်းရုပ်ရှင်စီးရီး” ကိုတင်ဆက်ပေးလိုက်ပါတယ်။ အပိုင်းစုစုပေါင်း ၃ပိုင်းပါရှိပြီး တစ်ချိန်ကအိန္ဒိယရဲ့လူတိုင်းထိတ်လန့်ခဲ့ရတဲ့နာမည်ကြီးကွင်းဆက်လူသတ်မှုကြီးဖြစ်ခဲ့တာမို့ ဖြစ်ရပ်မှန်မှတ်တမ်းရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအဖို့ကတော့ အသည်းတအေးအးနဲ့ကြည့်လို့ကောင်းမှာ အသေအချာပါပဲ။ “Chandrakant Jha” .. ဆရာမဖြစ်သူမိခင်နဲ့ ဆည်မြောင်းဦးစီးဌာနမှာအလုပ်လုပ်ကိုင်သူဖခင်တို့ရဲ့သား .. မွေးချင်းညီအစ်ကို ၆ယောက်ရှိတဲ့ထဲကမှ တတိယမြောက်သား။ ကလေးကိုမွေးရုံပဲမွေးထုတ်ပေးခဲ့ပြီး မချစ်ပေးတတ်တဲ့မိဘတွေကြားကြီးပြင်းခဲ့ရသူမို့ ငယ်စဉ်ကတည်းကမိဘမေတ္တာငတ်ခဲ့ပြီး မိသားစုနွေးထွေးမှုကိုမခံစားခဲ့ရတဲ့ Chandrakant တစ်ယောက် အရွယ်ရောက်လာတဲ့အခါ ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ နေထိုင်ရာ Ghosai ရွာလေးကနေ Delhi ကိုပြောင်းလာခဲ့တယ်။ Chandrakant အပေါ် Delhi ရဲ့ကြိုဆိုမှုက မလှပခဲ့ပါဘူး။ ခရီးရောက်မဆိုက်ပဲ မြို့ခံလူဆိုးဂိုဏ်းအဖွဲ့ဝင်နဲ့ထိပ်တိုက်ရင်ဆိုင်မိပြီး ဓားထိုးခံခဲ့ရပါတော့တယ်။ ဗိုက်တစ်ခုလုံးပွင့်ထွက်သွားပြီး ကလီစာတွေပါထွက်ကုန်ပေမယ့် အသိမိတ်ဆွေမရှိတဲ့ Chandrakant တစ်ယောက် ပွင့်နေတဲ့ဗိုက်ကိုပဝါနဲ့ပတ် ကိုယ့်အားကိုယ်ကိုးပြီးဆေးရုံကိုသွားခဲ့ရတယ်။ ဒီအဖြစ်ကပဲ Chandrakant ရဲ့အမုန်းတရား အာဃာတတွေနဲ့ ကလဲ့စားဆိုတဲ့အရာကို အစပျိုးပေးခဲ့ပြီး Chandrakant ကိုယ်တွင်းကနတ်ဆိုးကို လှုပ်နှိုးပေးလိုက်ပါတော့တယ်။ “မြေနိမ့်ရာ လှံစိုက်” ဆိုသလိုပဲ နိမ့်ပါးတဲ့သူကိုမှ ပိုအားထည့်နင်းနေကြတဲ့လူတွေ .. အထူးဖြင့်ရာထူး၊ အာဏာကိုအလွဲသုံးစားလုပ်ပြီ း နွမ်းပါးသူတွေကိုခေါင်းပုံဖြတ်နေကျဖြစ်တဲ့ အစိုးရအမှုထမ်း “ရဲ” တွေရဲ့ကောက်ကျစ်ယုတ်မာမှုတွေက Chandrakant ကို “ဒေလီရဲ့ သားသတ်သမားကြီး” အဖြစ်ရောက်သွားစေခဲ့တယ်။ မိမိအပေါ်အပြစ်ကျူးလွန်သူတွေကို ဘယ်သူကမှအရေးမယူတဲ့နောက် အဲဒီလူတွေကို ကိုယ်တိုင်ဒဏ်ခတ်ပါတယ်ဆိုတဲ့ခံယူချက်နဲ့ “၁၉၉၈ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ၉နှစ်တာအတွင်းမှာ လူသတ်မှုပေါင်း ၈ခု” ကျူးလွန်ခဲ့ပါတော့တယ်။ ကျူးလွန်ခဲ့သမျှအမှုတိုင်းမှာလည်း အလောင်းတွေကိုပုံမှန်အတိုင်းမစွန့်ပစ်ဘဲ အပိုင်းပိုင်းခုတ်ထစ်ပြီး |Delhi မြို့တွင်းကနေရာတွေမှာ ခြေတစ်နေရာ၊ လက်တစ်နေရာ၊ ခေါင်းတစ်နေရာ နေရာပေါင်းစုံမှာတစ်စစီ စိမ်ပြေနပြေလိုက်ပစ်ထား .. နောက်ဆုံးဘယ်သူဘယ်ဝါမှန်းမသိနိုင်တော့တဲ့ ခန္ဓာကိုယ်အပြတ်ကြီးကိုတော့ သူနဲ့ရေစက်ဆိုးရှိခဲ့ဖူးတဲ့ Tihar ထောင်ရှေ့မှာသွားပစ်ထားတတ်ပြီး ရဲတွေကိုဖုန်းဆက်ပြီး “ငါအလောင်းတစ်လောင်းထားခဲ့တယ် မင်းတို့ရဲတွေဖမ်းနိုင်ရင်ငါ့ကိုလာဖမ်းကြ ငါစောင့်နေမယ်” လို့လည်းစိန်ခေါ်တတ်ပါသေးတယ်။ ကိုယ့်ခွန်ကိုယ်အားနဲ့ ရိုးရိုးသားသားရှာဖွေလုပ်ကိုင်စားသောက်နေတဲ့ သာမန်လူတစ်ယောက်ကို ဘယ်လိုအရာတွေကများ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ စိတ္တဇလူသတ်သမားအဖြစ်ကိုရောက်သွားစေခဲ့တာလဲ .. တာဝန်ရှိသူတွေကရော သက်သေတွေကိုဘယ်လိုရှာပြီး အရေးယူနိုင်သွားခဲ့တာလဲ .. စတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ File Size – 650MB / 300MB Quality – 1080p NF WEB DL / 720p Total Episodes: 3Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Documentary ~ Crime ~ Drama Translator – Lai Laii ~ Sora ~ Yunni Encoder – YK

Drama • Family
0 2022
Indian Predator: The Butcher Of Delhi
[18+] Ahasss

Ahasss (2023) ဂျိတ်ခ်က ငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ ခိုကိုးရာမဲ့ အိမ်စေကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘော့စ်ဖြစ်သူ မစ္စတာစတုန်းဟေးလ်ကတော့ ချမ်းသာပြီး အပေးအကမ်းရက်ရောပေမယ့် အရက်မူးတဲ့အခါ သွေးဆိုးတတ် သူ့ဇနီးဖြစ်သူကိုနှိပ်စက်ပြီး အကြမ်းပတမ်း လိင်ဆက်ဆံတတ်သူပါ။ သူ့ဇနီးတင်မက သူနဲ့ဘဝတူအိမ်ဖော်အမျိုးသမီး ဂျန်နီကိုလည်းအလွတ်မပေးပါဘူး။ စတုန်းဟေးလ်ကို သူတုန်နေအောင်ကြောက်ပေမဲ့လည်း စတုန်းဟေးလ်ရဲ့ဇနီးသည် အိမ်ရှင်မ အယ်ဒလင်းက သူ့ကိုအထာပေး အစာကျွေးလိုက်တဲ့အခါမှာတော့ အရူးအမဲသားစားမိသလို တန်းတန်းစွဲသွားတဲ့ ဂျိတ်ခ်ဟာ အချစ်အတွက် အသက်ပင်သေသေ ဖင်ညှောင်ရိုးပင်ကျိုးကျိုး စွန့်စားရဲတဲ့သတ္တိတွေရှိလာပြီး မမအယ်ဒလင်းကို ဒီဘဝကြီးက ကယ်တင်ဖို့အတွက် သူ့ဘော့စ် စတုန်းဟေးကိုသတ်ဖို့ကြံပါတော့တယ်။ သူ့အကြံအစည်အောင်မြင်မလား… သူနဲ့အယ်ဒလင်းတို့လွတ်မြောက်ရာမှာနှစ်ကိုယ်တူဘဝထူထောင်နိုင်မလား… ဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p Format – mp4 Duration – 1H 47Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Science Fiction • Horror
0 2023
[18+] Ahasss
The Boxer and the Butterfly
6.4

The Boxer and the Butterfly [2023] ( IMDb 6.6/10 ) ရိုဝမ်နဲ့ နိုအာတို့ စုံတွဲဟာ ပက်ဗ်လိုဗာ ဖိတ်ခေါ်ပြိုင်ပွဲကြီးအတွက် အများကြီးကြိုးစားအားထုတ်ခဲ့ရပါတယ်… ဒါပေမယ့်လည်း ပြိုင်ပွဲနဲ့ နီးကပ်လာသည့်တိုင် သူတို့ရဲ့ ကကွက်တွေ စင်းလုံးမချောသေးတဲ့အတွက်ကြောင့် နိုအာကပဲ ရိုဝမ့်ကို လမ်းခွဲစကားပြောပြီး တခြားသော ကဖော်ကဖက်အသစ်ဆီ ကူးပြောင်းသွားခဲ့ပါတယ်… ဒီလိုမျိုး နိုအာက လုပ်သွားခဲ့သည်တိုင် ရိုဝမ်က အတတ်နိုင်ဆုံးနားလည်ပေးရင်း ချစ်ရသူနဲ့ ပြန်တွဲကရဖို့ ကကွက်တွေကို အပြင်းအထန်ပြန်လေ့ကျင့်ပါတော့တယ်… ဒီလိုနဲ့ပဲ ကကွက်အဆင်ပြေသွားလို့ နိုအာ့ဆီ ပြန်သွားခဲ့ပေမယ့် နိုအာက ပြိုင်ပွဲကိစ္စအတွက်တင်မဟုတ်ဘဲ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကိုပါ အဆုံးသတ်ချင်ခဲ့တာဖြစ်ကြောင်း ပြောပါတော့တယ်… အပစ်ပယ်ခံဖြစ်သွားတဲ့ ရိုဝမ်တစ်ယောက် နိုအာကို ပြိုင်ပွဲမှာ အနိုင်ယူချင်တာကြောင့် အခြားသော ကျွမ်းကျင်အကသမားတွေနဲ့ ချိတ်ဆက်ဖို့ ကြိုးစားပေမယ့် အဆင်မပြေခဲ့ပါဘူး… ဒီလိုနဲ့ သူ့ကို ကကွက်တိုင်မင်မှန်အောင် အကြံပေးခဲ့တဲ့ လက်ဝှေ့သမားဝေါ့တ်ကိုပဲ အကူအညီတောင်းဖို့ ဖြစ်လာပါတော့တယ်… လက်ဝှေ့နဲ့ အကဟာ ဘာတစ်ခုမှ မအပ်စပ်တာကြောင့်မို့ ရိုဝမ့်အနေနဲ့ ပြိုင်ပွဲအနိုင်ရရေးအတွက် ဘယ်လိုကြိုးစားအားထုတ်သွားမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 624MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

6.4 2023
The Boxer and the Butterfly
Model House
4.8

Model House (2024) ================ Social Media မှာ ဖော်လိုဝါတွေများအောင် ကြိုးစားနေကြတဲ့ ခေတ်ကြီးထဲ အဲဒါဖော်လိုဝါတွေကြောင့်ပဲ ဘယ်လိုဒုက္ခအန္တရာယ် တွေ ကျလာလဲဆိုတာကို ဒီဇာတ်လမ်းက ရုပ်လုံးဖော်ပြသထား ပါတယ်။ ဖော်လိုဝါအများကြီးရှိတဲ့ နာမည်ကြီးမော်ဒယ်လ်တွေ အလုပ်ကိစ္စနဲ့ အိမ်တစ်အိမ်မှာ တစ်ညနားပြီးတည်းကြတယ်။ မော်ဒယ်ကောင်မ လေးတွေ အပန်းဖြေအိမ်မှာ ပျော်ပါးနေကြတုန်းမှာပဲ အိမ်ဖောက်ပြီး ဓားပြတိုက်တဲ့သူတွေ ရောက်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုးတွေ ဓားပြ တိုက်တာက မော်ဒယ်လ်တွေဆီကမဟုတ်ဘဲ မော်ဒယ်လ်​တွေကိုအ သုံးချပြီး သူတို့ရဲ့ဖော်လိုဝါတွေကို ငွေပို့ခိုင်းတာပဲဖြစ်ပါတယ်။ စစချင်း မှာတော့ ထိခိုက်မှုမရှိတဲ့ ငွေလိမ်လည်မှုသက်သက်ဆိုပေမဲ့ နောက်ပိုင်း မှာ ဘယ်လိုသွေးသံရဲရဲနဲ့ ကပ်ဆိုက်ပြီး မော်ဒယ်လ်တွေရော လွတ်မြောက် နိုင်ပါ့မလားဆိုတာကို သဲထိတ်ရင်ဖို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.17 GB) / (500 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thwal Htoo Zin Encoder……….SWM

4.8 2024
Model House
How Is Katia?
6.9

ယူကရိန်းသရုပ်ဆောင်မင်းသမီး အန်နာစတေးရှားက ဒီရုပ်ရှင်ထဲမှာ သမီးလေးအတွက်ရုန်းကန်ရတဲ့ အမေတစ်ယောက်အဖြစ်ရော၊လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေမှာ ရှင်သန်ရုန်းကန်နေရတဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်အဖြစ်ရောကို အကောင်းဆုံးပီပြင်စွာ ခံစားသက်ဝင်နိုင်ခဲ့တဲ့အတွက် ၂၀၂၂ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရခဲ့ပါတယ်။ ကာတီယာဆိုတဲ့ ဆယ့်တစ်နှစ်သမီးလေးရဲ့ ကိုယ်ပိုင်တိုက်ခန်းနဲ့နေချင်တဲ့အိပ်မက်ကို ဖြည့်ဆည်းဖို့ အလုပ်သုံးလေးခုလုပ်ရင်း ကြိုးစားနေတဲ့ မိခင်ဖြစ်သူ အာနီယာ။ အာနီယာတို့သားအမိက စိတ်အခြေအနေသိပ်မကောင်းတော့တဲ့ မိခင်အိုကြီးရယ်၊ အစ်မဖြစ်သူရယ်နဲ့ အတူနေနေပေမဲ့ ဘဏ်ကြွေးယူပြီး သားမိနှစ်ယောက်အတူနေဖို့ တိုက်ခန်းဖိုးကြေအောင်ဆပ်နေရသူ။ တစ်ရက်မှာ သမီးဖြစ်သူ ကျောင်းအသွား ကားတိုက်ခံလိုက်ရတာကနေ အာနီယာရဲ့ဘ၀က ပြိုလဲပျက်စီးဖို့ အစပြုလာပါတော့တယ်။ သမီးဖြစ်သူရဲ့ ကျန်းမာရေးစရိတ်၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာကနေ တရားမျှတမှုရရှိဖို့၊ တိုက်ခန်းဖိုးဆက်မသွင်းနိုင်လို့ ဘဏ်ကနေ တိုက်ခန်းကိုသိမ်းဖို့အကြောင်းကြားတာတွေ။ ဒီလိုအဖြစ်အပျက်တွေကြားမှာ ရုန်းကန်ရတဲ့ အာနီယာရဲ့ဘ၀ကို ပီပီပြင်ပြင်ရိုက်ကူးပြထားလို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

6.9 2022 101 mins
How Is Katia?
The Town
7.5

The Town (2010) ******************** FBI ရဲတွေ ဒေါသအရမ်းထွက်နေကြတယ်…FBIအဖွဲ့ခေါင်းဆောင်ကလည်း ဆဲဆိုသံနဲ့အတူ ” ဒီသောက်ဘဏ်ဓားပြတွေက သောက်ချဉ်တော့မဟုတ်ဘူးကွ” ဆိုပြီးအော်ဟစ်နေတယ်… ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတော့ ဘဏ်ကိုဓားပြတိုက်ခံရပြီး အချိန်မီ အချက်ပေးသံကြောင့် ဘဏ်ကိုရဲတွေဝိုင်းခဲ့ပေမယ့် တစ်ယောက်မှမမိလိုက်ဘူး.. ..မှုခင်းသဲလွန်စတွေရှာပြန်တော့လည်း cctv မှတ်တမ်းတွေဖျက်ဆီးသွားတဲ့အပြင် လက်ဗွေရာတစ်စွန်းတစ်စတောင် မကျန်အောင် ဆပ်ပြာရည်တွေ ဘဏ်အတွင်းပက်ပြန်းသွားလို့ပါပဲ….တစ်ခုတော့ရှိတယ် … ဘဏ်ဓားပြတွေက ဓားစာခံအဖြစ် ဘဏ်စာရေးမတစ်ယောက်ကို ဖမ်းခေါ်သွားပါတယ်.. ..ဒီကားရဲ့ ဒါရိုက်တာက Ben Affleck ဖြစ်ပါတယ်… Gone Baby Gone ကိုလည်း သူကိုယ်တိုင်ရိုက်ကူးခဲ့ပြီး အဲ့ဒီကားမှာ သူ့ရဲ့အရည်အချင်းကိုကြည့်ဖူးသူတိုင်း မချီးကျူးဘဲမနေနိုင်အောင်ဖြစ်ခဲ့ကြမှာပါ… မှုခင်း ဘဏ်ဓားပြ နဲ့အချစ်ဇာတ်လမ်းလေးတွေ အချိုးကျတင်ဆက်ထားလေတော့ ခံစားကြည့်လိုက်ပါဦးလို့…. File size…2.5GB / 1.03GB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 31m Genre ….. Chrime, Drama, Thriller Subtitle….Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by AHtet

Comedy • Drama • Romance
7.5 2010 125 mins
The Town
Taya
6.1

တစ်ခါ CMက တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဖေ့စ်ဘွတ်ပေါ်က online endingဆိုတဲ့ လောင်းကစားဂိမ်းလေးအကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ ဒီလောင်းကစားဟာဆိုရင် တရားမဝင်ဖွင့်ထားတာဖြစ်ပြီးတော့ အဲ့ဒီမှာ ဆုကြေးတွေကတော့ သေနတ်တို့ ပြည့်တန်ဆာတို့ ဆေးတွေပါ အစုံ ကိုယ်ကြိုက်ရာ ဆုအတွက် လောင်းကြေးထည့်လို့ရပါတယ် တကယ်လို့ ကိုယ်လောင်းတာနိုင်သွားရင် အဲ့ဒီဆုရတာ ဖြစ်ပြီးတော့ ရှုံးရင်တော့ ဒိုင်စားတာပါ ဇာတ်လမ်းစပုံလေးကတော့ စစ်တိုဆိုတဲ့ ကောင်လေးဟာ နှစ်ကျ ကျောင်းပျော်ကြီးတစ်ယောက်ပေါ့နော် thesisလုပ် အောင်ပြီးမှ ဘွဲ့ရမဲ့ သူ့ဘဝကြီးအတွက် thesis ခေါင်းစဉ်ရှာရင်း Online endingလောင်းကစားကို တွေ့သွားတဲ့အခါမှာတော့ စစ်တိုတစ်ယောက် ရှာဖွေမှုတွေလုပ်ပါတော့တယ် ရှာဖွေရေးလုပ်ရင်တင်မကဘဲ သူအရမ်းကြိုက်ရတဲ့ ကောင်မလေးက လောင်းကစား ဆုကြေးဖြစ်နေတဲ့အခါမှာ ရှိသမျှပိုက်ဆံလေးကို လောင်းပြီးတော့ သူ့အချစ်ကိုလည်း အရလှမ်းဖို့ ကြံပါတော့တယ် အဲ့ဒီနောက်မှာ စစ်တိုတစ်ယောက် ဒီလောင်းကစားဂိမ်းကြီးနဲ့ ဘယ်လိုတွေ ဆက်လက်ပတ်သတ်မိမလဲဆိုတာကို ဆက်လက်ပြီးတော့ကြည့်ရှုကြရမှာပါ အိပ်ယာပေါ်ကဇာတ်ဝင်ခန်းများနှင့်အဖေါ်အချွတ်အခန်းများပါဝင်သောကြောင့် လူကြီးမိဘများ နှင့်အတူမကြည့်သင့်ပါ အသက်မပြည့်သေးသူများမကြည့်သင့်ပါ

6.1 2021
Taya
Christmas Eve in Miller’s Point
5.4

Christmas Eve in Miller’s Point (2024) IMDb Rating (5.4) / Rotten Tomatoes (78%) သိပ်မကြာခင်မှာ ခရစ္စမတ်ကို ရောက်တော့မှာဆိုတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်ကားလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။ ခရစ္စမတ်အကြိုနေ့မှာ အီတလီအမေရိကန်မိသားစုတစ်စုက မိသားစုစုံညီစွာ ကျင်းပဖို့ ကျေးလက်ဒေသလေးကို ပြန်လည်ရောက်ရှိလာကြပါတယ်။ ဒီအိမ်လေးကို ရောင်းချတော့မှာဖြစ်လို့ ဒီနေရာမှာ မိသားစုစုံညီစွာ ခရစ္စမတ်အကြိုကို ကျင်းပတာနောက်ဆုံးမို့ ဝမ်းနည်းဝမ်းသာ ကြည်နူးစရာမိသားစုပုံစံလေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအိမ်လေးထဲမှာ မိသားစုတွေ အတူတူဆုံစည်းစားသောက်ကြတာတွေ၊ ခရစ္စမတ်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပုံတွေ၊ ဆယ်ကျော်သက်တွေရဲ့ မိဘနဲ့ ကတောက်ကဆဖြစ်မှုလေးတွေ၊ ခရစ္စမတ်လက်ဆောင်တွေ အချင်းချင်းဖလှယ်ကြပုံတွေကို ကြည်နူးစွာ မြင်တွေ့ရမှာ ဖြစ်လို့ ပျော်စရာကောင်းတဲ့ ခရစ္စမတ်ညလေးမှာ ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ ကိုယ်တိုင် ဒီမိသားစုထဲကို ရောက်ရှိသွားသလို ခံစားရပြီး ပျော်ရွှင်ကြည်နူးစရာတွေ ရရှိမှာဖြစ်လို့ ခရစ္စမတ်ကာလလေးမှာ ဒီကားလေးကို မဖြစ်မနေကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(2.5 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:47:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

5.4 2024 107 mins
Christmas Eve in Miller’s Point
Psycho II
6.6

Psycho II (1983) Review Bates Motel နဲ့ နော်မန်ဘိတ်စ်တို့မိသားစုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်၊ Series တွေ ရှိတဲ့အထဲမှာမှ 1960 ခုနှစ်က ဒါရိုက်တာ Alfred Hitchcock ရဲ့ Psycho ရုပ်ရှင်ကားကြီး ထွက်ရှိပြီး ၂၃ နှစ်အကြာမှာ နော်မန်ဘိတ်စ်ရဲ့ မပြီးဆုံးသေးတဲ့ဘဝဇာတ်လမ်းကို Psycho II အနေနဲ့ တင်ဆက်လာပါတယ်။ စိတ်ကျန်းမာရေးဆေးရုံက လူကောင်းပကတိအဖြစ်ကို ပြန်ရောက်ရှိပြီဆိုတဲ့ ထောက်ခံချက်နဲ့အတူ တရားရုံးကနေ နော်မန်ဘိတ်စ်ကို လူ့အသိုင်းအဝိုင်းထဲကို ပြန်လည်ဝင်ရောက်ခွင့် ပေးခဲ့ပါတယ်။ ဒေသခံစားသောက်ဆိုင်လေးတစ်ခုမှာ အကူအဖြစ်နဲ့ ဘဝကို ပြန်လည်စတင်ခဲ့တဲ့ နော်မန်ဘိတ်စ်ဟာ လုပ်ဖော်ကိုင်ဖက် စားပွဲထိုးမလေး မေရီကို မျက်စိကျလာခဲ့ပါတယ်။ ရည်းစားပြဿနာကြောင့် တစ်ညတာအိပ်စက်ရမယ့်နေရာပါ အခက်အခဲတွေ့နေတဲ့ မေရီကို သူ့ရဲ့မိုတယ်မှာ တည်းခိုဖို့ နော်မန်က ကမ်းလှမ်းခဲ့ပါတယ်။ သူ့မိုတယ်ကို ပြန်ရောက်ရောက်ချင်းမှာပဲ Bates Motel ဟာဆေးသမားတွေ၊ အပျော်အပါးလိုက်စားသူတွေ ကျက်စားရာ ညစ်ညမ်းဟိုတယ်အဖြစ်ကို ရောက်နေမှန်း မျက်မြင်သိခဲ့ရပါတယ်။ ဟိုတယ်မန်နေဂျာကို နေရာမှာတင် အလုပ်ထုတ်ပြီး မေရီကို သူ့ရဲ့အိမ်ထဲမှာပဲ တည်းခိုခွင့်ပေးခဲ့ပါတယ်။ ဘဝမှာ အခြေကျအနည်ထိုင်ဖို့ အစပြုလာစဉ်မှာပဲ ဟိုတယ်မန်နေဂျာ တွန်းမီရဲ့ စားသောက်ဆိုင်အထိ လာရောက်နှောက်ယှက်မှုတွေ၊ သူ့ရဲ့သေဆုံးသွားပြီဖြစ်တဲ့ အမေဆီက ရောက်လာတဲ့ စာတွေ၊ ဖုန်းကောလ်တွေကြောင့် နော်မန်ရဲ့ဘဝဟာ ခြောက်ခြားဖွယ်ဇာတ်လမ်းတစ်ပုဒ်အဖြစ်ကို ပြန်ရောက်ရှိလာခဲ့ပါတယ်။ စွန့်ပစ်အိမ်ကြီးလိုဖြစ်နေတဲ့ နော်မန်တို့အိမ်ဟာ နှစ်ပေါင်းများစွာ ဆေးသမားတို့ပျော်စံပုန်းခိုရာ ဖြစ်ခဲ့ပါတယ်။ နော်မန်ပြန်ရောက်ပြီးမကြာခင်မှာပဲ သူတို့အိမ်မြေအောက်ခန်းကို ခိုးဝင်ပြီးပျော်ပါးတဲ့ စုံတွဲတစ်တွဲဟာ အဖြစ်ဆိုးတစ်ပတ်ပြန်လည်လာတဲ့အခိုက်မှာ ပဟေဠိလူသတ်သမားကောင်ရဲ့ သားကောင်အဖြစ် ကျရောက်ခဲ့ရပါတယ်။ သူ့ကို စာတိုတွေ၊ ဖုန်းကောလ်တွေနဲ့ နှောက်ယှက်နေတာကရော ဘယ်သူလဲ သူ့ဘဝထဲကို ဝင်လာပြီး ရဲတွေသူ့ကို သံသယဝင်မယ့်အဖြစ်ကနေကာကွယ်ပေးနေတဲ့ မေရီရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကရော ဘာလဲ သူ့အိမ်ထဲမှာ မကြာခဏတွေ့နေရတဲ့ အမျိုးသမီးသဏ္ဌာန်ကရော သူ့အမေအစစ်ပဲလားဆိုတဲ့ မေးခွန်းများစွာနဲ့အတူ အတိတ်က အိပ်မက်ဆိုးကတော့ နော်မန်ဘိတ်စ်ဆီကို တစ်ကျော့ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Thriller
6.6 1983 113 mins
Psycho II