YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Moonlight.Mystique.2025.S01.E38.2160p.4K.WEB-DL.DDP5.1.[RMC].mkv

1.49 GB N/A video/x-matroska 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) Virgin People
5.5

Virgin People ဆိုပေမယ့် အသိဉာဏ်နုနယ်လွန်းတဲ့လူသားတွေလို့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်ဗျ။ အသိဉာဏ်နုနယ်တဲ့အပြင် လောကကြီးအကြောင်း ဘာမှမသိသေးတဲ့အဖြူထည်လေးတွေအကြောင်းကို ရင်နင့်စရာကောင်းအောင် ရိုက်ကူးထားတာမို့ စဉ်းစားစရာအတွေးတစ်ခုရသွားနိုင်မယ့် ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုပဲကော်ဖီတစ်ခွက်သွားဖျော်လိုက်ပါ။ ကိုယ်ခံစားလို့ကောင်းအောင် ဆေးလိပ်တိုပဲဖြစ်ဖြစ်၊ Vape ပဲဖြစ်ဖြစ် အရင်ဆုံးရှူပြီး မီးခိုးလေးတွေမှုတ်ထုတ်လိုက်ပါ... ဒါဆိုဇာတ်လမ်းစကြည့်လို့ရပါပြီ။ မြို့ပေါ်ကလူတွေက အရမ်းကိုမူယာမာယာများတတ်ပြီး ဖြူစင်တဲ့လူတွေကို နှိပ်စက်တတ်တာမို့ သမီးသုံးယောက်ရှိလာတဲ့အခါ မြို့ပြနဲ့ဝေးရာ တောင်ပေါ်မှာပဲနေထိုင်ခဲ့ကြပါတယ်။ အီခန်၊ တိုင်လာ၊ အာနင်တို့ ညီအစ်မသုံးယောက်က မွေးကတည်းက တောမှာပဲမို့လို့ လူတွေရဲ့အကျင့်စရိုက်ကို ကောင်းကောင်းနားမလည်ခဲ့ပါဘူး။ သူတို့ကို အဖော်ပြုပေးတာ ကျမ်းစာပဲရှိပါတယ်။ ပြီးတော့ သူ့အဖေဆီတစ်လတစ်ခါလာတတ်တဲ့ ချိုအင်ဂါလို့ခေါ်တဲ့ ဦးလေးကြီးတစ်ယောက်။ သူလာတိုင်း မြို့ပေါ်ကနေ လက်ဆောင်ပစ္စည်းတွေ ယူလာတတ်တာမို့ မြင်းလှည်းအသံကြားတိုင်း စောင့်မျှော်ရတဲ့ဦးလေးကြီးပေါ့.... တစ်နေ့မှာ သူတို့ညီအစ်မသုံးယောက်ရဲ့အဖေ ရုတ်တရက်ဆုံးပါးသွားပြီးနောက် ချိုအင်ဂါကလည်း လူကြီးမပီသပဲနဲ့ ဘယ်လိုမျိုးအနိုင်ကျင့်အကျင့်ပုတ်မလဲ ပြီးတော့ ညီအစ်မသုံးယောက်ရဲ့ကံကြမ္မာကရော ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ ..... File size…3.24GB  /  1.36GB Quality…1080p Restored WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark V

Comedy
5.5 1984 120 mins
(18+) Virgin People
Good Luck Jerry
5.4

Drama / Crime IMDb - 6.4 / 10 Disney+Hoster ကထွက်ရှိလာပြီး အမှုအခင်းနဲ့ပတ်သက်တဲ့ ကားကိုမှ ဒရမ်မာဆန်ဆန်လေး ကြည့်ချင်ရင် ဒီကားကို ကြည့်သင့်ပါတယ် ဂျယ်ရီဟာ အဖေမရှိတော့တဲ့ မိသားစုတစ်ခုက အစ်မကြီးတစ်ယောက်ဖြစ်ပြီး ကျောင်းသူ ညီမလေး တစ်ယောက်လည်း ရှိပါတယ် အဆင်သိပ်မပြေတဲ့ မိသားစုထဲ ဂြိုလ်ဆိုးဝင်လာတာကတော့ သူ့အမေမှာ အဆုတ်ကင်ဆာ ရှိနေတာပါပဲ အဲဒီလိုနဲ့ သူ့အမေကို ဆေးကုပေးဖို့အတွက် ဘိန်းအရောင်းအဝယ်လုပ်တဲ့ အဖွဲ့အစည်းတစ်ခုထဲ ပစ္စည်းပို့ပေးရတဲ့အလုပ် ဝင်လုပ်ခဲ့ပါတော့တယ် အဲဒီလိုနဲ့ပဲ သူ့ရဲ့ရွေးချယ်မှုဟာ မှန်ကန်ပါ့မလား အဲဒီအဖွဲ့အစည်းကို ခြေရာခံနေတဲ့ ရဲတွေကလည်း ရှိတော့ သူ့အနေနဲ့ ဘာဆက်ဖြစ်မလဲ သူ့အမေကိုရော ဆေးကုပေးနိုင်ပါ့မလားဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File size…2GB / 1GB Quality…1080p DNSP WEB DL AAC5.1CH / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Yunni & Sora & Lai Laii

5.4 2022 118 mins
Good Luck Jerry
The King of Staten Island
7

IMDb Rating - 7.2/10 #Unicode ဒီဇာတ်ကားကတော့ ၂၀၂၀ ခုနစ်ထွက် Comedy/Drama ဇာတ်ကားပါ။ Comedy ဆိုတဲ့နေရာမှာ ခါတိုင်းလို Punch Lines ပေါင်းများစွာနဲ့ သောခနဲ ဝေါခနဲရယ်ရတာမျိုး မဟုတ်ဘဲ ရသတစ်မျိုးကို ပေးစွမ်းနိုင်တာမို့ ကိုယ်တိုင်ပဲ ခံစားလိုက်ပါ။ ဇာတ်လမ်းအကျဉ်းကို မပြောခင် Pete Davidson အကြောင်းနည်းနည်းပြောပြချင်ပါတယ်... သူကတော့ Stand up Comedian တစ်ယောက်ပါ ။ Ariana Grande ရဲ့ Ex တစ်ယောက်အနေနဲ့လည်း သိကြမယ်ထင်ပါတယ်။ အခု ဒီ ၂ နာရီကျော်တဲ့ဇာတ်ကားက Pete ရဲ့ autobiography မဟုတ်ပေမယ့် သူ့ရဲ့ ဘဝမှန်ကိုလည်း ထင်ဟပ်နေတယ်လို့ဆိုပါတယ်။ သူကိုယ်တိုင် တွဲဖက်ဇာတ်ညွှန်းရေးသားထားတယ် လို့လည်း သိရပါတယ် သရုပ်ဆောင်လည်း တော်တော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၇ နှစ်သားအရွယ်မှာ မီးသတ်သမားဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စကော့ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။ သူက အဲဒါကို အကြောင်းပြပြီး အသက် ၂၄ နှစ်အထိ မိခင်မုဆိုးမအိမ်မှာ ကပ်နေပြီး ဘာအလုပ်မှ မယ်မယ်ရရမလုပ်ပဲ တစ်ချိန်လုံး weed သောက်ရင်း ဘဝကို ရေစုန်မျောနေသူပေါ့။ တစ်နေ့မှာတော့ သူ ဆတ်ဆော့လိုက်တဲ့ကိစ္စတစ်ခုအရင်းပြုပြီး သူ့အမေ နောက်ရည်းစားရသွားပါတော့တယ်။ အဲဒါကို သဘောမကျတဲ့ စကော့ဟာ သူ့အမေကို ရည်းစားနဲ့ လမ်းမခွဲခွဲအောင် ကြိုးစားတော့တာပါပဲ။ ဒါပေမဲ့ ကိစ္စတွေက သူထင်သလိုဖြစ်လာပါ့မလားဆိုတာကတော့.... IMDB 7.2 အထိ ရရှိထားပြီး Worth to watch ပါလို့ညွှန်းလိုက်ပါတယ်နော် . . . (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) #Zawgyi ဒီဇာတ်ကားကတော့ ၂၀၂၀ ခုနစ်ထွက် Comedy/Drama ဇာတ်ကားပါ။ Comedy ဆိုတဲ့နေရာမှာ ခါတိုင်းလို Punch Lines ပေါင်းများစွာနဲ့ သောခနဲ ဝေါခနဲရယ်ရတာမျိုး မဟုတ်ဘဲ ရသတစ်မျိုးကို ပေးစွမ်းနိုင်တာမို့ ကိုယ်တိုင်ပဲ ခံစားလိုက်ပါ။ ဇာတ်လမ်းအကျဉ်းကို မပြောခင် Pete Davidson အကြောင်းနည်းနည်းပြောပြချင်ပါတယ်... သူကတော့ Stand up Comedian တစ်ယောက်ပါ ။ Ariana Grande ရဲ့ Ex တစ်ယောက်အနေနဲ့လည်း သိကြမယ်ထင်ပါတယ်။ အခု ဒီ ၂ နာရီကျော်တဲ့ဇာတ်ကားက Pete ရဲ့ autobiography မဟုတ်ပေမယ့် သူ့ရဲ့ ဘဝမှန်ကိုလည်း ထင်ဟပ်နေတယ်လို့ဆိုပါတယ်။ သူကိုယ်တိုင် တွဲဖက်ဇာတ်ညွှန်းရေးသားထားတယ် လို့လည်း သိရပါတယ် သရုပ်ဆောင်လည်း တော်တော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၇ နှစ်သားအရွယ်မှာ မီးသတ်သမားဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စကော့ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။ သူက အဲဒါကို အကြောင်းပြပြီး အသက် ၂၄ နှစ်အထိ မိခင်မုဆိုးမအိမ်မှာ ကပ်နေပြီး ဘာအလုပ်မှ မယ်မယ်ရရမလုပ်ပဲ တစ်ချိန်လုံး weed သောက်ရင်း ဘဝကို ရေစုန်မျောနေသူပေါ့။ တစ်နေ့မှာတော့ သူ ဆတ်ဆော့လိုက်တဲ့ကိစ္စတစ်ခုအရင်းပြုပြီး သူ့အမေ နောက်ရည်းစားရသွားပါတော့တယ်။ အဲဒါကို သဘောမကျတဲ့ စကော့ဟာ သူ့အမေကို ရည်းစားနဲ့ လမ်းမခွဲခွဲအောင် ကြိုးစားတော့တာပါပဲ။ ဒါပေမဲ့ ကိစ္စတွေက သူထင်သလိုဖြစ်လာပါ့မလားဆိုတာကတော့.... IMDB 7.2 အထိ ရရှိထားပြီး Worth to watch ပါလို့ညွှန်းလိုက်ပါတယ်နော် . . . (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p  WebRip Duration - 2 hr 16 min Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Drama Source : 1080p.WebRip Translator – May Myat Thu Encoder – San Win Maung

Drama
7 2020 137 mins
The King of Staten Island
Hush
6.7

မက်ဒီ ဟာ တောစပ်ကိုစာရေးဖို့ရောက်လာခဲ့ပါတယ် တောစပ်ဆိုပေမဲ့ အိမ်လေးတွေတော့ရှိပါတယ် အလှမ်းတော့ဝေးတာပေါ့ အိုကေ ဆက်ရအောင် အံဩစရာကောင်းတာက မက်ဒီဟာ ဆွံ့အနားမကြားသူ တစ်ယောက်ပါ သူစာရေးလို့ စာမူခရတာတွေကိုလည်း နားထိုင်းစောင့်ရှောက်ရေး ဝက်ဆိုဒ်အတွက် ကူညီပေးပါတယ်... "She is alone.... But She is not alone.... သူ့အတွက် ကံကြမ္မာဆိုးတွေစတင်ဝင်ရောက်လာပါပြီ သူ့ဆီကိုဖိတ်မခေါ်ပဲရောက်လာတဲ့လူတစ်ယောက်.... သူ့အသက်ကိုတစ်စစီခြွေမဲ့သူ...... အကူအညီအော်တောင်းလည်းမရနိုင် ...ပြေးလည်းမလွှတ်... မက်ဒီဟာ ထိုသူလက်ခုပ်ထဲကရေဖြစ်နေမလား.... ဒါမှမဟုတ်.... ဖိတ်မခေါ်ပဲရောက်လာတဲ့သူကိုမက်ဒီက ပြန်မလာနိုင်တဲ့လမ်းကိုပို့ပေးမလား..... လူတွေက သေခြင်းတရားနဲ့နီးကပ်လာရင် ဘယ်လိုတွေဖြစ်တက်ကြတာလဲ ပြင်းထန်တဲ့အခက်အခဲတွေကြုံလာတိုင်း အလျှော့မပေးပဲ အဖြေကိုရအောင်ရှာပါတဲ့..... ဒီကားကတော့ အင်းအားကြီးသူနဲ့ အားနည်းသူတို့ ယှဉ်ပြိုင်တိုက်ခိုက်တဲ့ပွဲပဲလို့ပြောရတော့မှာပဲ ကိုင်း ....အညွန်းကိုတော့ဒီမှာတင်တစ်ခန်းရပ် ကျွန်တော် John LaYaungဆိုတဲ့လူချောလေးနားပါရစေတော့လားခင်ဗျား File Size : (600 MB) and (230 MB) Quality : 720p WebRip  Running Time : 1hr 21minutes Format : Mp4 Genre : Horror, Thriller Translated By John La Yaung Encode By Thanhtike Zaw

Comedy • Drama • Romance
6.7 2016 82 mins
Hush
Criminal
6.2

မင်းသားကြီး Kevin Costner ရဲ့ ဇာတ်ကြမ်းကားပါ။ IMDb (6.3/10) ရရှိထားပါတယ်။ ဓါတ်ပူးမင်းသား Ryan Reynolds ဟာ CIA အေးဂျင့်တစ်ယောက်ပါ... ကမ္ဘာနဲ့ချီ ဒုက္ခရောက်မယ့် ကိစ္စတစ်ခုမှာ ဝင်ရောက်ကယ်တင်ရင်း မအောင်မြင်ဘဲ ဂန့်သွားပါတယ်.... အဲ့ဒီမပြီးပြတ်သေးတဲ့ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့ သူ့ရဲ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေကို လူကြမ်းကြီး Kevin Costner ထဲကို ကော်ပီကူး ရွှေ့ပြောင်းပါတယ်....။ အဲ့ဒီထူးဆန်းတဲ့ကိစ္စကြီးအောင်မြင်သွားမလား... ကမ္ဘာနဲ့ချီဒုက္ခရောက်မယ့်ကိစ္စကြီးရော အောင်မြင်သွားမလား.... လူကြမ်းကြီးရဲ့နှလုံးသားရော နူးညံ့သွားမလားဆိုတာ ရင်တမမကြည့်ရှုရမှာပါ။ Spoil လုပ်ရရင် လူကြမ်းကြီးရဲ့ နှလုံးသားကတော့ မင်းသမီး Gal Gadot (Wonder Woman ) ကြောင့် သေချာပေါက် အရည်ပျော်သွားဖို့ရှိနေပါတယ်...:P ။ File size…(814 MB) Quality…Blu-Ray 720p Format…mp4 Duration….01:53:00 Subtitle….Myanmar Subtitle (Hardsub) Fixed By  Naing Aung Latt Encoded By  Nyeinsaeya Aung

Action • Adventure • Crime • Thriller
6.2 2016 113 mins
Criminal
Empire of Light
7

Empire of Light(2022) ********************* “အင်ပါယာ” ဆိုတဲ့ ပင်လယ်နားကရုပ်ရှင်ရုံကြီး။ အဲဒီမှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေလည်း မိသားစုလိုချစ်ချစ်ခင်ခင်နဲ့ပါ။ ထူးခြားနေတာကတော့ ဟီလာရီဆိုတဲ့အမျိုးသမီးပဲ။ သူက စိတ်ကစဉ့်ကလျားရောဂါကြောင့် ဆေးရုံပြပြနေရသူ.. တစ်နေ့မှာတော့ စတီဖင်ဆိုတဲ့ လူမည်းကောင်လေးတစ်ယောက် ဝန်ထမ်းအသစ်အနေနဲ့ သူတို့ဆီရောက်လာခဲ့ပါတယ်.. စိတ်ဓါတ်ကျနေတတ်တဲ့ဟီလာရီ့ဘဝထဲဝင်လာတဲ့ စတီဖင်၊ လူမည်းလို့အမြဲခွဲခြားခံနေရပြီး အိပ်မက်တွေလက်လျှော့ခဲ့ရတဲ့ စတီဖင့်ဘဝထဲဝင်လာတဲ့ ဟီလာရီ.. သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဘယ်လိုတွေအကူအညီဖြစ်သွားစေမလဲဆိုတာကတော့….. File Size :(1.4 GB) and (554 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:55:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

7 2022
Empire of Light
The Year of the Dog
5.8

The Year of the Dog (2023) ~ IMDb – 5.8/10, Rotten Tomatoes – 100% ~ ဇာတ်လိုက်ဟာ အရက်စွဲနေတဲ့ တစ်ကိုယ်ရည်တစ်ကာယသမားတစ်ယောက်။ နာတာရှည်ဆေးရုံမှာတင်ထားရတဲ့ သူ့မိခင်ရဲ့ “ရက်၃၀တိတိ အရက်မသောက်ဘဲ နေနိုင်မှ အမေ့ကိုလာတွေ့ပါ” ဆိုတဲ့ စကားအရ အရက်ဖြတ်ဖို့ ကြိုးစားနေတဲ့သူ။ ဒီလိုနဲ့ တစ်ရက်မှာ လေလွင့် Husky ခွေးတစ်ကောင်နဲ့ ဆုံပါတယ်။ လေလွင့်လူနဲ့ လေလွင့်ခွေးရဲ့ကြားဆက်ဆံရေးက အစပိုင်းတော့ မရေမရာပါပဲ။ မွန်တားနားပြည်နယ်ဟာ စွတ်ဖားခွေးပြိုင်ပွဲတွေနဲ့ပတ်သတ်လို့ နာမည်ကြီးပါတယ်။ ဖြစ်ချင်တော့ ဒီ Husky လေးဟာ စွတ်ဖားခွေးဖြစ်နေနိုင်တယ်ဆိုတဲ့ အတွေးနဲ့ မြို့ထဲက စွတ်ဖားခွေးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တခြားစွတ်ဖားခွေးတွေနဲ့ယှဉ်ရင် အရွယ်အစားအရ သေးငယ်လွန်းနေလို့ အထင်မြင်သေးခံရတာတွေနဲ့ စကြုံရပါတယ်။ ၂ယောက်သားကြား ဆက်နွယ်မှုလေးချိတ်မိသွားပြီးနောက် ကိုယ်စီပန်းတိုင်တွေဆီကို ဘယ်လိုလျှောက်လှမ်းကြမလဲ… ဇာတ်လိုက်ကရော သူ့အမေကို သွားတွေ့နိုင်မှာလား… ဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ အရင်က သေချာမသိခဲ့တဲ့ စွတ်ဖားခွေးတွေအကြောင်းနဲ့ ခွေး ဆိုက်ကိုလိုဂျီအကြောင်းလည်း ဟောဒီ ခွေးနှစ်ဆိုတဲ့ ကားထဲမှာ အထိုက်အသင့်မြင်ရမှာပါ။ ခွေးချစ်ရင်တော့ လက်လွှတ်မခံပါနဲ့ ဒါပေမဲ့ အရက်စွဲပြီး ကိုယ့်ကို ဂရုစိုက်တဲ့သူတွေကိုမှ ဘုကလန့်လုပ်ချင်တဲ့သူမျိုးကို ကြည့်မရရင်တော့ ခွေးချစ်လည်း ဒီကားကို ကျော်သွားလိုက်ပါ။ မျက်ရည်မလွယ်ဘဲ သည်းခံနိုင်စွမ်းရှိမှ ခွေးလေးစွတ်ဖားဆွဲတာ လာကြည့်ပါလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 715MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 35Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

5.8 2022 96 mins
The Year of the Dog
[18+] Next Door Lady

************************** ကွီးယားအလှအပအကိတ်လေးများအထူးပါဝင်တာမို့ ဒေါင်းကြည့်ရကျိုးနပ်စေမှာပါ… အလုပ်လက်မဲ့ဖြစ်နေတဲ့ ဂယူနမ်ကို ရည်းစားဖြစ်သူ မီရန်းက အလုပ်မြန်မြန်ရအောင် ကြိုးစားဖို ဖိအားပေးနေပါတယ် စိတ်ဖိစီးမှုတွေများလာလို စိတ်ပြေလက်ပျောက်ဖြစ်အောင် ပန်းခြံမှာ သွားထိုင်နေတုန်း ဟယ်ဂျောင်းဆိုတဲ့ မိန်းကလေးနဲ့ တွေ့ပြီး ဘဝတူချင်း ရင်းနှီးသွားခဲ့ပါတယ် တစ်ရက်မှာ နတ်ဆရာဆီမှာ ဗေဒင်သွားမေးတော့ အခုလို ကံဆိုးမှုတွေဖြစ်နေတာက သရဲမတစ်ကောင်က သူ့နားကို ကပ်နေလိုဆိုတာ သိလိုက်ရပါတယ် ဒီတော့ ဂယူနမ်အနေနဲ့ သူ့နားမှာ ရှိနေတဲ့ မိန်းကလေးနှစ်ယောက်ထဲက ဘယ်သူက သရဲမဖြစ်မလဲ သရဲမကို ဘယ်လိုနှိမ်နင်းသွားမလဲ File size… 1GB& 488MB Quality… WEB-DL1080p,720p Format…mp4 Duration….1hr 33min Genre ….. Adult , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….DS Translated by SD

Thriller • Action
0 2018
[18+] Next Door Lady
Imprisoned Ⅱ : There is No Escape from Fate
5.9

ဒီကားလေးကတော့ ၂၀၂၃မှာထွက်တဲ့ Imprisoned ဒုတိယကားဖြစ်ပြီးတော့ ဒီကားမှာ ဝူကျိုင်နဲ့ စီးထူးတို့ပြန်ပါလာပေမယ့် အရင်ကားရဲ့ဇာတ်လမ်းနဲ့တော့ဆက်စပ်မှုမရှိပါဘူး။ ဒီကားမှာတော့ ဝူကျိုင်တို့အကျဉ်းထောင်လူထူးလူဆန်းတစ်ယောက်လာခဲ့တယ်။ ဒီလူဟာသူ့ရဲ့အတွင်းရေးမှူးကိုသတ်တယ်ဆိုပြီး ထောင်တစ်သက်တစ်ကျွန်း ကျထားတဲ့သူတစ်ယောက်ဖြစ်တယ်။ သူကဘယ်လိုထူးဆန်းတာလဲဆိုတော့ နိုင်ငံခြားမှာအမှုဖြစ်ပြီး ထောင်ကျတာဖြစ်လို့ သူ့အမှုကိုသူပြန်ပြီး အယူခံဝင်နိုင်ဖို့ ဘာသာစကားကစပြီး ဥပဒေပညာအထိထောင်ထဲမှာလေ့လာခဲ့တယ်။ သူအယူခံဝင်နိုင်ဖို့လျှောက်ထားချက်ကို တရားရုံးကလက်ခံခဲ့ပါတယ်။ ဒါပေမယ့် သက်သေအသစ်ထုတ်ပြနိုင်တာမျိုးမရှိတဲ့အတွက် တရားရုံးကပြန်ပယ်ချလိုက်တဲ့အခါမှာတော့ ဝူကျိုင်၊ စီးထူတို့နဲ့အတူထောင်ဖောက်ပြီးထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဉာဏ်ကြီးရှင်တစ်ယောက်ထောင်ဘယ်လိုဖောက်မလဲဆိုတာ လုံးဝမထင်မှတ်ထားတဲ့အကွက်တွေနဲ့ လုပ်ပြသွားတာမလို့ တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။

5.9 2023
Imprisoned Ⅱ : There is No Escape from Fate
Joy Ride 2: Dead Ahead

မယ်လီဆာနဲ့ခင်ပွန်းလောင်း ဘော်ဘီတို့ဟာ လက်ထပ်ဖို့အတွက်Las vegas ကိုကားမောင်းလာခဲ့ကြပါတယ်။ သူတို့နဲ့အတူ မယ်လီဆာရဲ့ညီမကေလာနဲ့အွန်လိုင်းရည်းစား နစ်ခ် ဆိုတာ ပါလာပါတယ်။ လမ်းတစ်ဝက်ကန္တာရထဲမှာ ကားပျက်သွားတဲ့နောက် လမ်းဆင်းလျှောက်ကြရာကနေ စွန့်ပစ်လယ်တောအိမ်ကြီးတစ်လုံးနဲ့အတူ ကားတစ်စီးကို တွေ့ခဲ့တဲ့အတွက် ပိုင်ရှင်ရှိရင် နောက်မှတောင်းပန်မယ် အလျော်ပေးမယ်ဆိုပြီးကားကိုယူသွားဖြစ်ခဲ့ကြပါတယ်။ နောက်တစ်နေ့မှာ စားသောက်ဆိုင်ထဲထိုင်နေတုန်း မယ်လီဆာဆီကို ကားပိုင်ရှင်ဆိုသူဆီက ဖုန်းဝင်လာခဲ့ပြီး ကားကိုယူသွားတဲ့အတွက် ဘော်ဘီကိုသူဖမ်းခေါ်သွားပြီလို့ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ်။ ဘော်ဘီကိုအသက်ရှင်ရက်ပြန်လိုချင်ရင် သူခိုင်းသမျှလိုက်လုပ်ပေးရမှာဖြစ်ပြီး ပထမဆုံးတောင်းဆိုလာတာကတော့ သူ့ညီမကေလာရဲ့ လက်ခလယ်တစ်ချောင်းပါပဲ။ Joy ride ရဲ့ဒုတိယကားဖြစ်ပြီး သတ်ခန်းဖြတ်ခန်းတွေပထမကားထက်ပိုကြမ်းသလို horror ဘက်ပိုသွားပါတယ်။ rating ဘာညာမှာဩဇာကြီးတဲ့ ပထမကားကို မမှီပေမယ့် ကြည့်ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Drama
0 2008
Joy Ride 2: Dead Ahead
Alone
6.2

Alone (2020) IMDb Rating (6.2) / Rotten Tomatoes (94 %) Rating မြင့်တဲ့ Thriller ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဂျက်စီဆိုတဲ့ကောင်မလေးဟာ အတိတ်တုန်းကဖြစ်ပျက်ခဲ့တဲ့ဆိုးရွားတဲ့ကိစ္စတွေကြောင့် စိတ်ဒဏ်ရာရနေတဲ့သူတစ်ယောက်ပါ ဒါကြောင့် အရာအားလုံးကိုမေ့ဖျောက်ပစ်လိုက်ဖို့အတွက် သူမ နေတဲ့မြို့ကနေတစ်ယောက်တည်း ခရီးထွက်လာခဲ့ပါတယ် ခရီးထွက်လာရင်းနဲ့ လမ်းမှာ လူစိမ်းတစ်ယောက်နဲ့အမှတ်မထင်ဆုံခဲ့ရပါတယ် မကြာခင်မှာပဲ အဲ့ဒီလူစိမ်းက သူမနောက်ကို နောက်ယောင်ခံလိုက်နေတယ်ဆိုတာကို သတိထားမိလိုက်တဲ့အခါမှာတော့……… ဆက်ညွှန်းနေရင် Spoiler ဖြစ်သွားမှာစိုးလို့ ဒီလောက်နဲ့ပဲအညွှန်းကိုရပ်ပါရစေ။ ကြည့်နေရတဲ့သူတောင်မွန်းကြပ်ပြီး ဇာတ်လမ်းထဲ ကိုယ်တိုင်ပါဝင်နေရသလို ခံစားရစေမှာပါ။ သေချာပေါက် လက်မလွှတ်သင့်တဲ့သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားလို့ပဲ အပြည့်အဝညွှန်းချင်ပါတယ်။

6.2 2020
Alone
Lost Girl Perdida
7

Lost Girl (2019) IMDb Rating (7.၀) စပိန်ကရိုက်တဲ့ The Hidden Face (2011)ကို မက္ကဆီကိုက ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ စပိန်ကားလည်းကောင်းသလို ဒါလည်းမဆိုးပါဘူး။ အဲရစ်ဆိုတဲ့ လူတစ်ယောက်ရှိတယ်၊ သူ့အလုပ်အကိုင်က ဂီတမှူး၊ သူ့ရည်းစား ကာရိုလီနာကတော့ ဗိသုကာသမားလုပ်တယ်။ အဲရစ်က တခြားနိုင်ငံမှာ ဂီတမှူးလုပ်ဖို့အကြောင်းဖန်လာတော့ သူတို့အတူတူ ပြောင်းလာခဲ့ကြတယ်။ ဒီတော့ သူတို့တွေ အဲဒီနိုင်ငံ အသိုင်းကြီးအဝိုင်းကြီးက အမျိုးသမီးတစ်ယောက်ရဲ့အိမ်မှာ နေဖြစ်သွားကြတယ်။ အောင်မြင်တဲ့ဂီတမှူးဖြစ်တဲ့ အဲရစ်ဟာ သူ့တီးဝိုင်းက တယောသမလေးနဲ့ ခြေရှုပ်ချင်သလိုလိုဖြစ်နေတယ်။ တစ်နေ့ အဲဒါကို ကာရိုလီနာက ပက်ပင်းမိသွားတယ်။ မိသွားပြီး နောက်ရက်မှာပဲ ကာရိုလီနာ ပျောက်သွားတယ်။ သူ့နိုင်ငံကိုလည်းမပြန်သလို ဘယ်မှာမှမှ သူ့အရိပ်အယောင်မတွေ့ရလို့ ရဲတွေဟာ သူ့ကိုအသည်းအသန်ရှာနေကြတယ်။ သူ့ရည်းစား အဲရစ်ကလည်း သံသယတရားခံအလိုလိုဖြစ်သွားတယ်။ အသည်းတွေကွဲ အရက်တွေသောက်နဲ့ နည်းနည်းကြာတော့ အဲရစ်က ဘားက ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်သွားတယ်။ သူ့အိမ်မှာပဲ အတူတူလာနေရင်း အဲဒီကောင်မလေးဟာ ကာရိုလီနာ့နေရာကို အစားယူသွားတယ်။ ဒီတော့ ကာရိုလီနာက ပေါ်လာမှာလား။ အဲရစ်က ကာရိုလီနာ့ကို သတ်လိုက်တာလား။ တကယ်တမ်းဘာတွေဖြစ်ခဲ့လဲ ဇာတ်အချိုးအကွေ့တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်မှာ သည်းထိတ်ရင်ဖိုကြည့်ကြရမှာပါ… (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.7 GB) / (700 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Thriller Duration….01:47:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

7 2019
Lost Girl Perdida
Jawbreaker
5.7

Jawbreaker (1999) IMDb Rating (5.7) / Rotten Tomatoes (14%) နှစ် ၂၀ ကြာခဲ့တဲ့အထိ လန်းနေဆဲ ကြည့်ကောင်းနေဆဲ ဆိုးသွမ်းလုံမေလေးတွေရဲ့ ရုပ်ရှင်အဟောင်း အကောင်းတစ်ခုပါ။ အဲဒီခေတ်ကတော့ အရမ်းဟော့ပြီး အရမ်းဖက်ရှင်မိုက်ခဲ့လို့ ရေပန်းစားခဲ့တာပေါ့။ 1999 ကတည်းက ဆိုပေမယ့် ယနေ့ခေတ်ထိ ခေတ်စားနေဆဲ ဖြစ်တဲ့ Prank လုပ်တာကနေ ဇာတ်လမ်းစထားပါတယ်။ ကျောင်းရဲ့ စူပါးစတား Girl Squad အဖွဲ့ရဲ့ အလှဆုံး သဘောအကောင်းဆုံးကောင်မလေး လစ်ဇ်ရဲ့ မွေးနေ့မှာ သူ့သူငယ်ချင်းတွေက Prank လုပ်ကြတာပေါ့။ ကားနောက်ဖုံးထဲထည့်ပြီး ပြန်ပေးဆွဲရင်း အသံမထွက်အောင် ပါးစပ်ထဲကို Jawbreaker ဆိုတဲ့ သကြားလုံးအကြီးကို ဆို့ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ ကားဖုံးပြန်ဖွင့်တော့ သကြားလုံးကြီးက လည်ချောင်းထဲဝင်ပြီး လစ်ဇ်ဟာ သေဆုံးသွားပါတော့တယ်။ အဲ့ဒီလိုနဲ့ ဆယ်ကျော်သက်ကလေးသုံးယောက်ဟာ မတော်တဆလူသတ်မှုဖြစ်သွားပြီး ဘယ်လိုဖုံးဖိကြသလဲ…? လစ်ဇ်ရဲ့ မိဘတွေနဲ့ ရဲတွေကရော ဘယ်လိုမျိုးရှာဖွေကြမလဲ…? လစ်ဇ်ရဲ့ သူငယ်ချင်းသုံးယောက်ရော ဘာဆက်ဖြစ်မှာလဲ…? လူငယ်ဆန်ဆန်ရိုက်ကူးထားပြီး R-rated လည်း မဆန်တာမို့ စိတ်ဝင်တစားကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kham Mon ဖြစ်ပါတယ်။) File size…(2.8 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime Duration….01:27:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Kham Mon

Comedy • Crime
5.7 1999 87 mins
Jawbreaker