YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Moonlight.Mystique.2025.S01.E30.2160p.4K.WEB-DL.DDP5.1.[RMC].mkv

1.56 GB N/A video/x-matroska 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Women Talking
7

ဒီဇာတ်ကားဟာ အော်စကာ ဆန်ကာတင်(၂) ဝင်ခဲ့သလို အခြားဆုပေါင်း ၄၆ဆုလည်းရရှိခဲ့ပါတယ်.. " ကျွန်မတို့အပေါ် အပြစ်လုပ်သူတွေကို ခွင့်လွှတ်ခဲ့တာပဲလေ ဘာဖြစ်လို့အခုလည်း မလုပ်နိုင်ရမှာလဲ" "အခုကျွန်မတို့ ပိုသိသွားလို့ပေါ့" Stockholm Syndrome ဆိုတဲ့ ပြဿနာက နောက်ပိုင်းsocietyမှာ အတော်လေးအတွေ့ရများလာသလို ဒါကိုawarenessရဖို့အတွက်လည်း ပညာပေးတာတွေ ဆောင်းပါးရေးလာကြတာတွေကို မြင်ဖူးဖတ်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီStockholm Syndrome ဆိုတဲ့အရာရဲ့ကနေဦးအစကို သင်တွေးခဲ့ဖူးပါသလား။ သင်ဟာအရာရာအမှောင်ချခံထားရတဲ့ဘဝမှာ ရှင်သန်ရဖို့ဖြစ်လာခဲ့ရင်၊ အလင်းလေးတစ်ပေါက်ရဖို့အတွက် အရာရာစတေးရတဲ့ အသိုင်းအဝိုင်းတစ်ခုမှာမွေးလာပြီး အနိုင်ကျင့်ခံနေရမှန်းသိရက်နဲ့ မြိုသိပ်ဖို့သာရွေးချယ်ခွင့်ရခဲ့ရင်ကော.... ဒီနေ့မှာကတော့ Oscar Norminee ၂ ခု ဝင်ထားတဲ့ ရုပ်ရှင်လေးဆိုလည်းဟုတ် Activistတစ်‌ယောက်ဖြစ်တဲ့Sarah Polley ရဲ့လက်ရာ‌ဆိုလည်းဟုတ်တဲ့ Women Talkingဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဇာတ်ကားကအနှစ်ဆိုပေမဲ့ လောကကြီးရဲ့အမှောင်ခြမ်းကို မီးမောင်းထိုးပြမဲ့ ရုပ်ရှင်ကားလေးဆိုတော့ PG-13 rating‌ ရထားပြီးနဲ့ Darkဖြစ်တဲ့အကြောင်းအရာတွေတော့ပါမှာပါ။ အမျိုးသားတွေသာ အခရာဖြစ်နေခဲ့တဲ့ မြို့ငယ်လေးတစ်ခု၊ အမျိုးသမီးဆိုတာ ပညာသင်ယူခွင့်မရ အရေးအဖတ်တောင် မသိတဲ့ဘဝမှာနေရတဲ့ ဒီမြို့ငယ်လေးမှာနေရတဲ့သူတို့တွေဟာ အမြဲတမ်း အမျိုးသားတွေရဲ့ အနိုင်ကျင့်ခံ အောက်ကျို့ခံတွေပါပဲ။ အရာရာ ပစားပေးခံရလွန်းတဲ့ ဒီအမျိုးသားတွေက ရဲတင်းလာပြီးတော့ တစ်ဆင့်တက်လို့ အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုပါ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာချိန်မှာတော့ အရှက်သိက္ခာကို ထိပါးလာတာကိုသည်းမခံနိုင်တဲ့ အမျိုးသမီးတွေစုပြီး ဒီလူတွေကိုဖမ်းလိုက်ပါတယ်။ မကြာခင်မှာပဲ ဒီလူတွေကို ရဲကလာခေါ်သွားပါတယ် ဒါပေမဲ့... ကျူးလွန်သူတွေကို ဒေါသဖြစ်နေတဲ့ အမျိုးသမီးတွေဆီက ကာကွယ်ပေးဖို့ပါပဲ။ တစ်မြို့လုံးက ယောက်ျားသားများက ပန်းနု‌သွေးနေတဲ့ ဒီလူတွေအတွက် အာမခံပေးတဲ့အပြင်ကို မြို့မှာရှိတဲ့အမျိုးသမီးတွေကို ၂ ရက်အချိန်ပေးပါတယ်.... ဒီလူတွေကို ခွင့်လွှတ်ပေးဖို့ပါတဲ့။ ခွင့်မလွှတ်နိုင်ရင်တော့ မြို့ကနေ နှင်ထုတ်ခံရမှာပါ။ ဒီတော့ Do nothing, stay and fight, leave ဆိုတဲ့ ၃ ခုထဲက ရွေးချယ်ဖို့အတွက် မြို့ခံအမျိုးသမီးများကိုယ်စား အမျိုးသမီးတစ်စုက ‌၂ ရက်တိတိဆွေးနွေးဖို့ ဖြစ်လာပါတော့တယ်။ ဒီခေတ်ကြီးမှာသာလို ပွင့်လင်းမြင်သာပြီး Gender equalityနဲ့ Democracyရတဲ့နိုင်ငံမှာဆိုရင်တော့ ဒါဟာ ဆွေးနွေးဖို့လိုလားလို့ ပြောစရာဆိုပေမဲ့ အရာရာအညွန့်ချိုးခံထားရတဲ့အမျိုးသမီးငယ်တွေ ဗဟုသုတဆိုတာ ကြားတောင်မကြားဘူးတဲ့သူတို့အတွက် တစ်သက်လုံး Victim blaming လုပ်ခံထားရ ကိုယ်ကအနိုင်ကျင့်ခံရပြီး ကိုယ်ပဲခင်မို့မို့အေးဖြစ်ဖြစ်သွားတဲ့ သူတို့အတွက်၊ ဒီမြို့ကနှင်ခံရရင် ကောင်းကင်ဘုံမရောက်နိုင်ဘူးလို့ ဘာသာရေးမှိုင်းတိုက်ခံထားရတာကတစ်ဖက်၊ Comfort Zoneက ရုန်းမထွက်နိုင်တာကတစ်ဖုံ၊ Victim Blaming ကိုကြောက်ပြီး ကြိတ်မှိတ်နေရင်းနဲ့ Stockholm Syndrome ‌ဝင်‌နေသူတွေကတစ်မျိုး ဒီကြားထဲမှာမှ အတိတ်ရဲ့အရိပ်ဆိုးကနေ ဒီလူမဆန်တဲ့ဆင်းရဲတွင်းကနေ လွတ်မြောက်ဖို့ ကိုယ်ပိုင်အခွင့်အရေးရဖို့ သူတို့အကြိတ်အနယ်ဆွေးနွေးတာကို အချိန်ကုန်လို့ကုန်မှန်းမသိ မျောပါခံစားမိစေမဲ့ ဇာတ်လမ်းကောင်းလေးပါပဲ။ Single space settingနဲ့ Dialogue တွေနဲ့ပဲဆွဲခေါ်သွားမဲ့ရုပ်ရှင်ဆိုတော့ ပျင်းစရာကြီးလို့ထင်သွားနိုင်ပေမဲ့ IMDb 7.2/ Rotten Tomatoes 91%ဆိုတဲ့ ratingကောင်း‌တွေပိုင်ဆိုင်ထားတဲ့အပြင် Castingကလည်း Claries Foyတို့ Rooney Maraတို့လို ဝါရင့်သဘာရင့်တွေထည့်သုံးထားတာပြီး ဇာတ်လမ်းကစိတ်ကူးယဉ်ဆိုပေမဲ့ ဒီလိုအဖြစ်မျိုးတကယ်ရှိခဲ့တယ်ဆိုတာရယ် ဒီရုပ်ရှင်က သရုပ်ဆောင်တွေကိုပါ Impactတစ်ခုဖြစ်စေတဲ့အထိ Deepမဲ့ရုပ်ရှင်ဆိုတော့ မကြည့်ရသေးဘူးဆိုရင် စကားပြောတာပျင်းစရာကြီးလို့မ‌တွေးဘဲ မြည်းစမ်းသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ File Size :(1.07GB) and (479MB) Quality :AMZN Web-Dl 1080P,720p Format…mp4 Duration…01:44:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Animation • Science Fiction
7 2022 104 mins
Women Talking
Shazam! Fury of the Gods
6.7

ရှဇမ်းရဲ့ ဒုတိယမြောက်ရုပ်ရှင်လာပါပြီ။ ပထမရုပ်ရှင်ရဲ့အဆက်အတိုင်းပါပဲ။ ပထမရုပ်ရှင်ရဲ့ ဒါရိုက်တာက David F. Sandberg ပါပဲ။ ရှဇမ်းလူကြီးအဖြစ်တော့ Zachary Levi ပဲ ပါဝင်ထားပေမဲ့ ကလေးသရုပ်ဆောင်အဖြစ်တော့ အသက်နည်းနည်းကြီးတဲ့ Asher Angel က ပါဝင်ထားပါတယ်။ စူပါဟီးရိုးမမ အလန်းအဖြစ် Grace Caroline Currey ပါပါတယ်။ ပထမကားထက် ဟာသတွေပိုများပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ အပမ်းပြေကြည့်ရှုဖို့သက်သက် ဖန်တီးထားတာပဲဖြစ်ပါတယ်။ မိသားစုပညာပေးကားလေးဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဂရိနတ်ဘုရားတွေနဲ့ တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ရှဇမ်းတို့ကို စွမ်းအားတွေပေးခဲ့တဲ့ မှော်တောင်ဝှေးဟာ ဂရိနတ်ဘုရားတွေရဲ့ အစွမ်းတွေကိုခိုးယူထားပြီး နတ်ဘုရားလောကကို မှော်အစွမ်းတွေမရှိတော့အောင် ဖန်တီးခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှဇမ်း (၂၀၁၉) မှာ ဘီလီဘတ်ဆန်က ချိုးပစ်လိုက်တဲ့နော်က နတ်ဘုရားတွေ ကမ္ဘာပေါ်ကို ဆင်းလာနိုင်ပြီး သူတို့ရဲ့အစွမ်းတွေကို ပြန်ယူဖို့ ထိပ်တိုက်တွေ့ကြတဲ့အခါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Comedy Quality…. 4k HEVC | 1080p | 720p | 480p File size… 4.96GB | 2GB | 1.1GB | 539MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron, Kagyaung

Crime • Drama
6.7 2023 130 mins
Shazam! Fury of the Gods
The Town of Ghosts
2

မြို့ပြင်ကလူတွေဝင်လာလို့ပဲရပြီး မြို့ထဲက ဘယ်သူမှ အပြင်ကိုအသက်ရှင်လျက်ထွက်မသွားနိုင်တဲ့ တစ္ဆေမြို့... မြို့ရဲ့တားမြစ်ထားတဲ့စည်းမျဉ်းတွေကို ဖောက်ဖျက်မိရင်လည်းအသေဆိုးနဲ့သေရတတ်တယ် ဒီလိုမျိုး တစ္ဆေကျိန်စာသင့်နေတဲ့မြို့ကို အရာရာစူးစမ်းချင်ပြီးတားမြစ်ထားတဲ့အရာကိုမှ လုပ်ချင်ပါတယ်ဆိုတဲ့ ရတနာသိုက်ရှာဖွေသူ ကောင်လေးနှစ်ယောက်ရောက်လာကာ မြို့စည်းမျဉ်းကို ဖောက်ဖျက်မိချိန်မှာတော့... တစ်မြို့လုံးကံဆိုးမိုးမှောင်ကျပြီး ဘာတွေဆက်ဖြစ်ကြမှာလဲ မြို့ထဲကနေရော သူတို့နှစ်ယောက်အသက်ရှင်လျက်ပြန်ထွက်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ စိတ်လှုပ်ရှားချောက်ချားဖွယ်ကြည့်ရှုလို့ရပါပြီနော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ ) File Size__(1.7GB) / 850MB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:42:00 Type__Horror, Thriller, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt

Comedy • Drama • Romance
2 2022
The Town of Ghosts
King Knight
5.2

2022 မှာ ထွက်ရှိလာတဲ့ Comedy, Horror ကားသစ်လေးပါ . သွန်းနဲ့ ဝတ်လိုးတို့ဟာ ခေတ်သစ်စုန်းအုပ်စုရဲ့ ယဇ်ပုရောဟိတ်နှင့် ယဇ်ပုရောဟိတ်မတို့ ဖြစ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ သွန်းရဲ့ ဖုံးကွယ်ထားတဲ့ အတိတ်တစ်ခုရှိနေပြီး တစ်နေ့မှာ အဲ့ဒီအတိတ် ဟာ ဖုံးမရဘဲ ပေါ်လာတဲ့နောက်ပိုင်း သူတို့ရဲ့ဘဝတွေ ဘယ်လို ကမောက် ကမဖြစ်ပြီး ဘယ်လိုရယ်စရာကောင်းတဲ့ ခရီးထွက်ရမလဲဆိုတာကို Horror, Comedy တို့ ထုံးစံအတိုင်း ကြောက်စရာကောင်းအောင်ရော ရယ်စရာကောင်းအောင်ပါ ရိုက်ထားတဲ့  ဇာတ်ကားအမျိုးအစားလေးမို့ CM ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Zaw Myo Thu, Roman Nox တို့ဖြစ်ပါတယ်) File Size - (1.23 GB) / (568 MB) / (367 MB) Quality – WebRip 1080p / 720p/480p Duration - 1h 21mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Horror Translator – Zaw Myo Thu, Roman Nox Encoder – SWM

Action • Comedy • Mystery
5.2 2022 78 mins
King Knight
Miller’s Crossing
7.7

IMDb 7.7/10 ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ Miller’s crossing ဆိုတဲ့ ဂန်းစတားရုပ်ရှင်ပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ မြို့မှာအကြီးဆုံးဂိုဏ်းရဲ့ ခေါင်းဆောင် Leo ဟာ တခြားဂိုဏ်းခေါင်းဆောင် Caspar တောင်းဆိုတာကို ငြင်းလွှတ်လိုက်တာကနေစထားပါတယ်။ Caspar တောင်းဆိုတာကတော့ Leo ကောင်မလေးရဲ့မောင်ဖြစ်သူ Bernie က သူ့ကို သစ္စာဖောက်သွားလို့ သူ့လက်ထဲထည့်ဖို့ပါ တောင်းဆိုတာပါ။ အဲတော့ Leo ကမပေးဘူးပေါ့။ Leo ရဲ့ အယုံကြည်ရဆုံး Tom ကတော့ တခြားဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို စိတ်ကွက်အောင်လုပ်ဖို့ထက် Bernie ကိုပေးလိုက်ဖို့ အကြံပေးပါတယ်။ အဲလိုနဲ့ Tom တစ်ယောက် ဂိုဏ်းနှစ်ဂိုဏ်းကြားက ပါဝါဘက်ညီမှု ပြိုပျက်သွားတာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြရမှာပါ File size…(1.9 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre…Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

Comedy • Romance • Drama
7.7 1990
Miller’s Crossing
Nothing But the Truth
7.1

Conjuring ဇာတ်ကားတွေနဲ့လူသိများတဲ့ မင်းသမီးကြီး Vera Farmiga နဲ့ မင်းသမီးချော Kate Beckinsale တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Nothing But Truth ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားလေးရဲ့အစမှာ အမေရိကန်သမ္မတလုပ်ကြံခံရတာနဲ့အစချီထားပါတယ်။ ကံကောင်းတယ်ပဲပြောရမလား ဆိုးတယ်ပဲပြောရမလား လုပ်ကြံခံရတဲ့ သမ္မတမသေဘဲ ဗင်နီဇွဲလားနိုင်ငံက သူ့ကိုလုပ်ကြံတာနဲ့ပတ်သတ်နေပါတယ်ဆိုပြီး ဗင်နီဇွဲလားနိုင်ငံရဲ့ စစ်တပ်အခြေစိုက်စခန်းတွေကိုဗုံးကြဲလိုက်ပါတော့တယ်။ ဒါပေမယ့်အမှန်တကယ်မှာ ဗင်နီဇွဲလားဟာ သူ့ကိုလုပ်ကြံတာနဲ့ဘာမှဆိုင်မနေဘဲ သမ္မတက CIAထောက်လှမ်းရေး ဘက်ကအစီရင်ခံတာကိုပယ်ချပြီး လုပ်ချင်တာလုပ်လိုက်တာမျိုးပါ။ ဒါကို ရေချယ်အမ်းစထောင်းဆိုတဲ့ သတင်းထောက်က လူထုဆီကို‌ဖော်ထုတ်ချပြလိုက်ပါ တော့တယ်။ နိုင်ငံနဲ့ချီပြီးကြီးတဲ့ ကိစ္စဖြစ်တဲ့အပြင် သေချာလုံခြုံရေးချမှတ်ထားတဲ့ လျှို့ဝှက်အချက်အလက်တွေပေါက်ကြားသွားတာမို့ CIAဘက်က ရေချယ့်ကို သတင်းပေးတဲ့ လူကိုအသည်းအသန်လိုက်ရှာကြပါတော့တယ်။ ရေချယ်တစ်ယောက် ဒီသတင်းကိုရေးမိတဲ့အတွက် ဘာတွေကြုံရမလဲ… CIAဘက်ကရော ဘယ်လိုတွေလှုပ်ရှားကြမလဲ… ဒီသတင်းကိုပေးတဲ့သူကရောဘယ်သူလဲ စတာတွေကိုဇာတ်ကားထဲမှာမြင်တွေ့ရမှာပါ။ ဇာတ်လမ်းကိုပုံမှန်‌လေးပဲဆွဲခေါ်သွားပြီး plot twist လိုမျိုးလေးလည်းပါတာမို့ နောက်ဆုံးခန်းမှာအံ့ဩသွားကြရမှာပါ။ ဘာများဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…3.85GB / 987MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 48m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Crime • Thriller
7.1 2008 108 mins
Nothing But the Truth
The Russian Bride
5.2

The Russian Bride (2019) =================== ဆေးသမားရဲ့ မိန်းမဖြစ်ရတာ ဘယ်လောက်သနားဖို့ကောင်းမလဲ။ ဆေးသမားရဲ့ ဆိုးမွေတွေကိုပဲ ထပ်တလဲလဲခံစားရတဲ့ သနားစရာ ရုရှားအမျိုးသမီးတစ်ဦး။ တကယ်တော့ သားသမီးဆိုတာ တန်ဖိုးဖြတ်လို့မရတဲ့ ရတနာပါပဲ။ သားသမီးကို ဆုံးရှုံးရတော့မယ့် ဖခင်တစ်ယောက်က ဘယ်လိုခံစားနေရမလဲ။ ငွေပုံပေါ်မှာထိုင် ပြီး မပျော်နိုင်တဲ့ ယောက်ျားတစ်ယောက်နဲ့ ငွေမရှိတဲ့ မျက်နှာမွဲဘဝမှာ ဒုက္ခရောက် ရလေသူ အမျိုးသမီးတစ်ဦး။ ရုရှားမတစ်ယောက် အမေရိကန်ကို လက်ထပ်ဗီဇာနဲ့ ရောက်လာတယ်။ သူနဲ့လက် ထပ်မယ့်သူက သူဌေးကြီး။ သူတို့က အွန်လိုင်းက ဖူးစာရှာရေးဝက်ဆိုက်ကနေ တွေ့ကြတာ။ အမျိုးသမီးမှာ သမီးလေးတစ်ယောက်ပါတယ်။ အမျိုးသားမှာ သား လေးတစ်ယောက်ရှိတယ်။ သူတို့ရဲ့ဖူးစာက မရိုးရှင်းလှဘူးပေါ့လေ။ အမျိုးသမီးက ငွေရှိတဲ့သူနဲ့လက်ထပ်ပြီး ဘဝထွက်ပေါက်ရှာသူဖြစ်သလို အမျိုးသားကလည်း အကြံအစည်နဲ့ လက်ထပ်ခဲ့သူပါ။ Horror ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း သတို့သမီးက အဲဒီအိမ်ကြီးထဲမှာ အသက် ရှင်ရေးအတွက် ရုန်းကန်ရဖို့ဖြစ်လာတယ်။ အနီးဆုံးအိမ်နီးချင်းက မိုင် ၂၀ အကွာ မှာတဲ့။ သမီးတစ်ဖက်နဲ့ ရုရှားဂျက်မ ကြမ်းပြမယ့်ဇာတ်ကားပေါ့လေ။ သရဲလိုလို မိစ္ဆာလိုလိုတွေလည်း ပါရဲ့ဗျာ။ ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်တာမလို့ ကြည့် လိုက်ကြပါစို့ရဲ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(1.89 GB) / (856 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator……Arr Khun Winchester Encoder……….SWM

Action • Thriller • Fantasy • Crime
5.2 2019
The Russian Bride
The Graduates
6.4

အခုတစ်ခေါက်ဇာတ်ကားလေးကတော့ 2007ခုနှစ်ကထွက်ရှိထားတဲ့ The graduates ဆိုတဲ့ ဂျပန်ကျောင်းသားဇာတ်ကားလေးဖြစ်ပါတယ်။ Kayoko Akimotoဟာဆိုရင် ကျောင်းမှာဘက်စုံတော်ပြီးတော့ တိုကျိုမှာ တက္ကသိုလ်သွားရောက်တက်ဖို့မျှော်မှန်းထားတဲ့ စီနီယာအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဘေ့စ်ဘောအသင်းရဲ့ ace pitcher ဖြစ်တဲ့ Sasaki Tomizoကတော့ Kayokoကို သဘောကျနေသူတစ်ယောက်ပါ။ တစ်ဖက်မှာလည်း အတန်းရဲ့နောက်ဆုံးမှာထိုင်ပြီး အမြဲတမ်းသီချင်းနားထောင်နေတတ်တဲ့ Kei Shirataဆိုတဲ့ တေးရေးဆရာတစ်ယောက်ဖြစ်တဲ့ ကျောင်းသူလေးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ Keiဟာ သူမနဲ့အတန်းတူ Tsujimoto Kazuyaဆိုတဲ့ ကျောင်းကရော့ခ်တီးဝိုင်းမှာ ဝင်ရောက်တီးခက်နေတဲ့ ကျောင်းသားလေးကိုသတိထားမိသွားခဲ့ရာက Tsujimoto ဟာ သူ့လိုမျိုးပဲ ဂီတကိုခံစားတတ်တဲ့သူတစ်ယောက်ဆိုတာကို ခံစားမိခဲ့ပါတယ်။ ဂီတအကြောင်းပြောရင်း နှစ်ယောက်သားရင်းနှီးသွားခဲ့ကြရာကနေ သူနဲ့ဝါသနာပါရာနယ်ပယ်ချင်းတူတဲ့ Tsujimoto အပေါ်မှာ Kei ဟာ ခံစားချက်တွေရှိလာပါတော့တယ်။ Kei ရဲ့ခံစားချက်တွေကို Tsujimotoက သိရှိပြီးလက်ခံသွားမှာလား။ Kei ရဲ့တေးရေးဆရာဖြစ်ချင်တဲ့အိပ်မက်ကရော ပြည့်ဝသွားမှာလားဆိုတာရယ်။ ‌Kayokoတက်ချင်တဲ့ တိုကျိုကတက္ကသိုလ်ကို တက်နိုင်သွားမလား။ Sasaki ရဲ့ Kayokoအပေါ်ထားတဲ့ခံစားချက်တွေက ထပ်တူကျသွားနိုင်မှာလားဆိုတာတွေကိုစောင့်ကြည့်ရမယ့်အပြင် အထက်တန်းကျောင်းသားဘဝရဲ့ အနာဂတ်ရည်မှန်းချက်တွေ ချစ်ခြင်း‌မေတ္တာတွေ စတဲ့ လူငယ်ဘဝခံစားချက်လေးတွေကို ပြန်ပြီးသတိရနိုင်မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Khaing ပဲဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p | 720p File size… 2GB | 750MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron

6.4 2007
The Graduates
Self Reliance
6.1

(function(f,b,n,j,x,e){})(); သောမတ်စ် ဝဲကော့ဒ်ဟာ (၂၃) နှစ်တာ အတူနေပြီးတွဲလာခဲ့တဲ့ ကောင်မ‌လေးဖြစ်သူနဲ့ လမ်းခွဲပြီးကတည်းက ဘဝကြီးမှာပိတ်မိနေသလိုမျိုး စိတ်ဓာတ်ကျနေခဲ့သူပါ။ တစ်နေ့မှာတော့ သူ့ရှေ့ကို လီမိုစင်ကားကြီးရောက်လာပြီး ကစားပွဲတစ်ခုမှပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ကစားပွဲကတော့ ဒက်ခ်ဝဘ်ပေါ်မှာလွှင့်မဲ့ ဖြစ်ရပ်မှန်ရှိုးဖြစ်ပြီး ကမ္ဘာပေါ်ကနေရာအနှံ့မှာရှိနေတဲ့ မုဆိုးတွေက အမဲလိုက်မှာကို ရက်ပေါင်း (၃၀) တိတိ အသက်မသေပဲ ရှင်သန်နေထိုင်နိုင်ရင် ဒေါ်လာ တစ်သန်းရမှာပဲဖြစ်ပါတယ်။ စည်းကမ်းချက်ကတော့ တစ်ခုပဲရှိပြီး အဲဒါကတော့ ပါဝင်တဲ့သူတစ်ယောက်ထဲ ရှိနေတဲ့အချိန်မှာပဲ အမဲလိုက်လို့ရမှာဖြစ်ပြီး တခြားလူတစ်ယောက်ယောက်နဲ့အတူနီးကပ်စွာရှိနေရင် အမဲလိုက်လို့ရမှာ မဟုတ်ပါဘူး။ ဒီစည်းကမ်းချက်က သူ့အတွက်လွတ်ပေါက်ဖြစ်နေမှာကို သဘောပေါက်သွားတဲ့ သောမတ်စ်တစ်ယောက်ကတော့ သူ့ရဲ့ ပိတ်မိနေတဲ့ဘဝကြီးထဲကနေ ရုန်းထွက်ချင်စိတ်နဲ့ လက်ခံလိုက်ပါတော့တယ်။ ဒါပေမဲ့ သူ့အမေဖြစ်သူအပါအဝင် မိသားစုဝင်တွေအကုန်လုံးကပါ သူပြောတာကို မယုံကြတဲ့အခါမှာတော့ ရက် (၃၀) လုံးကို အမဲလိုက်မခံရပဲ ဘယ်လို ဖြတ်ကျော်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.32 GB)/(618 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre… Comedy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

6.1 2023 91 mins
Self Reliance
Moonlight Warrior
5.8

လူငယ်လေးတွေမှာ ငယ်ဘဝတုန်းကစွဲလမ်းခဲ့ရတဲ့ မမတစ်ယောက်တော့ရှိတတ်တယ်မဟုတ်လား။ သူနာပြုမမကိုစွဲလမ်းမိတဲ့ ကောင်လေးတစ်ယောက်အကြောင်း ဒရာမာကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ အမေတစ်ခုသားတစ်ခုနုဲ့ ဘဝလေးကိုသမာရိုးကျ ရှင်သန်လာတဲ့ကောင်လေးတစ်ယောက်ဟာ တစ်နေ့မှာတော့ သူတို့မြို့လေးရဲ့အလှဆုံးမမနဲ့ဆုံတွေ့ခဲ့တယ်။ မမရဲ့ဘဝကခက်ခဲတယ်။ မမရဲ့ယောင်္ကျားက မမကိုနှိပ်စက်ပြီး သူများနဲ့ဖောက်ပြန်တယ်။ ကောင်လေးကမမကိုကာကွယ်ပေးတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တယ်။ တစ်နေ့ကျတော့ မမကဂျပန်ကိုသွားဖို့ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့မမနဲ့ကောင်လေးကွဲခဲ့ရတာပေါ့။ မမကိုစာတွေပို့ပေမယ့် စာတွေကပြန်ပြန်ပို့ခံရတယ်။ မမကသူ့ကိုမေ့သွားပါပြီလို့ ထင်မိလာတယ်။ သူ့ဘဝနဲ့သူနေထိုင်နိုင်ဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် မအောင်မြင်ပါဘူး မမကပဲကြီးစိုးနေတာကိုး…… မမတစ်ယောက်ကိုစွဲလမ်းမိတဲ့မောင်လေးရဲ့ ဇာတ်လမ်းလေးဟာဘယ်လိုအဆုံးသတ်မလဲ။ မမပေးတဲ့စိတ်ဒဏ်ရာတွေနဲ့ကောင်လေးတစ်ယောက်အကြောင်းကို ခံစားကြည့်လိုက်ပါဦးနော်။

5.8 2024
Moonlight Warrior
Amores Perros
8.1

ဒီဇာတ်ကားရဲ့အမည်ဖြစ်တဲ့Amores Perrosဆိုတာကို ဘာသာပြန်ရရင် အဓိပ္ပါယ်က နှစ်မျိုးသုံးမျိုးကွဲနေပေမယ့် တိုက်ရိုက်ပြောရရင်တော့ ခွေးချစ်တတ်သောသူများပေါ့။ ဒီဇာတ်ကားက The Revenant တို့ Birdmanတို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Alejandro González Iñárritu ကပဲရိုက်ကူးထားတာဖြစ်ပြီး IMDbမှာလဲ 8.1ရခဲ့သလို Rotten Tomatoesမှာလဲ 93%အထိရခဲ့တာမို့လို့ ဇာတ်ကားကောင်းတစ်ကားဆိုတာတော့ ပြောစရာတောင် မလိုပါဘူး။ ဒီဇာတ်ကားထဲမှာတော့ ကားအက်စီးဒန့်တစ်ခုကြောင့် ခွေးချစ်တတ်တဲ့လူသုံးယောက်ရဲ့ဘဝတွေဟာ သူတို့ရည်ရွယ်ထားတဲ့အတိုင်းမဟုတ်ဘဲ ကောင်းတာရော ဆိုးတာရောဒွန်တွဲပြီး တဆစ်တချိုး ပြောင်းလဲသွားတဲ့အကြောင်းကို တစ်ယောက်တစ်ပိုင်းနှုန်းနဲ့ခွဲပြီး ရိုက်ပြပေးထားပါတယ်။ ထိုအက်စီးဒန့်ဖြစ်တဲ့အထဲမှာ ပါခဲ့တာကတော့ အစ်ကိုဖြစ်သူရဲ့ဇနီးကို တိတ်တခိုးချစ်နေပြီး အလုပ်အကိုင်မရှိ ပိုက်ဆံလဲမရှိနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိတာကြောင့် သူ့ရဲ့ခွေးနဲ့ ခွေးတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေတဲ့ အိုတာဗီယို… လှပတဲ့အတွက် အရမ်းနာမည်ကြီးပြီး လူတကာကချစ်ခင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်ပေမဲ့ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ကို အိမ်ထောင်ကွဲစေခဲ့ပြီး ထိုအမျိုးသားနဲ့ တိတ်တခိုးပေါင်းနေခဲ့တဲ့ ဗာလဲရီယာ… ဇနီးနဲ့သမီးကို ထားခဲ့ပြီး နိုင်ငံရေးထဲမှာဝင်ပါပြီးနောက် အနှစ်၂၀ထောင်ကျပြီးပြန်ထွက်အလာမှာ မိသားစုကလက်မခံတော့လို့ ခြေသလုံးအိမ်တိုင်လျှောက်သွားပြီး သူ့ဘဝကိုလမ်းဘေးခွေးတွေနဲ့ပဲဖြတ်သန်းနေတဲ့ ချီဗို…တို့ပဲဖြစ်ပါတယ် ထိုသုံးယောက်ရဲ့ဘဝတွေဟာ ကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာတော့ ဘာတွေဘယ်လိုပြောင်းလဲသွားကုန်ကြမလဲဆိုတာကိုတော့ ဇာတ်ကားလေးကိုပဲကြည့်ပြီး အဖြေရှာလိုက်ကြတာပေါ့။ (ဒီဇာတ်ကားထဲမှာ သွေးသံရဲရဲခွေးတိုက်ပွဲတွေပီပြင်စွာပါဝင်နေတဲ့အတွက် source တွေမှာသေချာရှာကြည့်တော့ “ခွေးတွေက ကစားနေတာသာဖြစ်ပြီး သူတို့ကို လုံးဝမထိခိုက်စေခဲ့ပါ” တဲ့ခင်ဗျ) File size…(3.75 GB)/(2.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:34:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

8.1 2000
Amores Perros
Come and See
8.4

Come and See ( 1985 ) IMDb Rating (8.4) / Rotten Tomatoes (90%) Greatest War Films of all time စာရင်းမှာ ကူးဘရစ်ရဲ့ Paths of Glory (1957)နဲ့ Full Metal Jacket (1987)တို့ ကော်ပိုလာရဲ့ Apocalypse Now (1979)တို့ Jean Renoirရဲ့ Grand Illusion (1937)တို့နောက်မှာ ကပ်ပါလာတာကတော့ ဆိုဗီယက်ကား Come and See ( 1985 )ဆိုတဲ့ရုပ်ရှင်ကားပါပဲ။ တစ်ချက်ရှိတာက ဒီကားတွေကို အကောင်းဆုံးစစ်ကားတွေလို့ ပြောကြပေမဲ့ ဒီကားတွေအကုန်လုံးက Anti-war filmsစာရင်းမှာ ဝင်နေတာပါပဲ။ Anti-war filmsတွေဆိုတာကတော့ စစ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့အရာ အနိဠာရုံများတဲ့အရာလို့ဖော်ပြထားတဲ့ စစ်ရဲ့မကောင်းခြင်းတွေကို မီးမောင်းထိုးပြနေတဲ့ ရုပ်ရှင်တွေပါပဲ။ The Thin Red Lineတို့ Platoonတို့လိုကားတွေ ဒီနောက်ပိုင်းထွက်တဲ့1917တို့ All Quiet on the Western Frontရဲ့ ဗားရှင်း၃ခုလုံးတို့အကောင်းဆုံးဆိုတဲ့စာရင်းဝင် စစ်ကားမှန်သမျှဟာ စစ်ကိုဆန့်ကျင်တဲ့ကားတွေ ဖြစ်နေတာတော့ သမိုင်းတစ်လျှောက် အနုပညာရဲ့ရပ်တည်ချက်ကို ပြနေသလိုလိုပါပဲ။ Come and See ဟာ ဆိုဗီယက်ရုရှား ရုပ်ရှင်ဒါရိုက်တာ Elem Klimovရဲ့ အအောင်မြင်ဆုံးကားဖြစ်သလို သူ့ရဲ့နောက်ဆုံးပိတ်ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ Klimov ငယ်ဘဝက စစ်တွင်းအတွေ့အကြုံတွေကို နည်းနည်းထင်ဟပ်နေတယ်လို့လည်း ဆိုထားတယ်။ Klimov ဟာ Come and See နောက်ပိုင်းမှာတော့ ဘာရုပ်ရှင်မှ မရိုက်ခဲ့ပါဘူး။ သူလုပ်နိုင်သလောက် လုပ်ပြပြီးပြီလို့ ခံစားရလို့လို့လည်း ပြောခဲ့တယ်။ Greatest Films of all Time စာရင်းမှာ အဆင့်၄၁ချိတ်နေတဲ့ကားကို ရိုက်ပြီးပြီဆိုတော့ သူပြောသလိုဟုတ်ရင်လည်းဟုတ်ပါလိမ့်မယ်။ သူနဲ့ဇာတ်ညွှန်းတွဲဖက်ရေးတဲ့သူကလည်း ဒီစစ်ကို တကယ်တိုက်ခဲ့တဲ့သူဆိုတော့ ဒီဇာတ်လမ်းရဲ့ အများစုကတော့ သူတို့အတွေ့အကြုံတွေကပဲ လာတယ်လို့ ပြောရပါမယ်။ ပြတာတွေကလည်း အပေါ်ကစာရင်းထဲက စစ်ကားတွေအားလုံးမှာ အရက်စက်ဆုံးလို့ပြောရပါမယ်။ တစ်နည်းနဲ့ပြောရရင် သူကစစ်တိုက်တာထက် စစ်ရဲ့နစ်နာသူတွေကို အဓိက မီးမောင်းထိုးပြထားတဲ့ ကားလို့ပြောရမယ်။ ဇာတ်အိမ်ကိုတော့ ဒုတိယစစ်လယ်ကာလ ၁၉၄၃မှာ တည်ထားတယ်။ သူတို့ဆီက ယောက်ျားလေးအများစု တိုက်ပွဲဝင်နေရတဲ့ကာလပေါ့။ အဲဒီကာလမှာ ကလေးသာသာကောင်လေးတစ်ယောက်က စစ်တော်တော်ဝင်တိုက်ချင်ခဲ့တယ်။ မြေကြီးတွေပတ်တူးပြီး မြေကြီးထဲက လက်နက်ရှာနေခဲ့တယ်။ လက်နက်ရှိမှ လက်ခံမကိုး။ ဘယ်သူတွေဘာလို့မြုပ်ထားကြလဲတော့ မပြောတတ်ဘူး။ ဒီလိုနဲ့ကောင်လေးဟာ လက်နက်ကို တွေ့သွားတော့ စစ်ထဲလိုက်သွားခဲ့တယ်။ အဲဒီနောက် အနိဠာရုံအတိနဲ့ သူမမြင်ဖူးခဲ့တဲ့လောကကို သူမြင်ခဲ့ရတယ်။ Come and See ဆိုတဲ့ စကားလုံးက သမ္မာကျမ်းစာရဲ့ Revelation 6- Four Horsemen & Six Sealsထဲက Apocalypse ဖြစ်ဖို့ ဘုရားသခင်ရဲ့ Seals ၄ခုပွင့်ပြီးတဲ့နောက်မှာ four living beasts ထဲက တစ်ကောင်က ပြောခဲ့တဲ့စကားပါပဲ။ တစ်နည်းအားဖြင့် Come and See ဆိုတာကလည်း Apocalypse Now လို့ပြောတာပါပဲ။ ဒါပေမဲ့ Come and See ဟာ Apocalypse Now ထက် အများကြီး ပိုရက်စက်တဲ့ ရုပ်ရှင်, ပိုရက်စက်တဲ့ အနိဠာရုံတွေအကြောင်းပါပဲ။ ရုပ်ရှင်အစက ကောင်လေးဟာ စစ်ဟာ ဘယ်လောက်ရက်စက်လဲ မသိခဲ့ပါဘူး။ ဒီတော့ သူ့မှာဝင်တိုက်ချင်စိတ် အပြည့်ရှိခဲ့တယ်။ တကယ်တမ်းဝင်တိုက်တဲ့အခါမှာ စစ်ရဲ့အနိဠာရုံတွေကို မခံစားနိုင်ဘဲ ရူးသွားခဲ့တယ်။ ဆယ်ကျော်သက်ကောင်လေးအဖြစ်ကနေ နေ့တွင်းချင်းပဲ အိုမင်းရင့်ရော်သွားခဲ့တယ်။အနိဠာရုံတွေဟာ လူတွေကို ရူးသွားစေနိုင်တဲ့အကြောင်း ကျွန်တော်တို့ ခဏခဏမြင်ခဲ့ပြီးပါပြီ။ Come and See ကလည်း ဒါကိုပြထားတဲ့ မာစတာပိစ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ဒီရုပ်ရှင်ရဲ့ အရက်စက်ဆုံးဆိုတဲ့အရာတွေမလာခင်မှာ လှပတဲ့အရာတစ်ချို့အရင်လာခဲ့တယ်။ ကောင်လေးဟာ အနိဠာရုံတွေနဲ့ ပက်ပင်းမတိုးခင်မှာ သူ့အချစ်ကို တွေ့ရှိသွားခဲ့တယ်။ မိုးစက်တွေ နူးညံ့ခြင်းတွေ အနွေးဓာတ်တွေ နေရောင်ခြည်တွေနဲ့ စိမ်းစိုနေအောင်လှနေတဲ့‌ တောအုပ်ကလေးကို သူတွေ့ရှိသွားခဲ့တယ်။ ချစ်ချင်တယ်ဆိုတဲ့ ကောင်မလေးကို သူတွေ့ရှိသွားခဲ့တယ်။ အနိဠာရုံတွေရဲ့အရှေ့မှာ ဒီလိုအရာကို အရင်ထည့်တာက ဒါရိုက်တာက နောက်လာတော့မယ့် ရက်စက်ခြင်းတွေအတွက် ကျွန်တော်တို့ကိုရော ဇာတ်ကောင်တွေကိုရော သက်ညှာတဲ့အနေနဲ့ ခဏလေးစိတ်အေးစေခဲ့တာလား။ ဒါမှမဟုတ် ပိုရက်စက်လိုက်တာလားတော့ မသိနိုင်ဘူး။ အခုတော့ ချစ်ချင်ခဲ့တဲ့ကောင်မလေးရဲ့ ခြေထောက်တွေဟာ သွေးစိမ်းရှင်ရှင်ယိုလို့။ သေချာတာတော့ အဲဒီမျက်ဝန်းတွေဟာ ဒီကမ္ဘာမှာ အချစ်ရှိပါတယ်လို့ ဘယ်တော့မှ မယုံတော့မယ့်မျက်ဝန်းတွေ ဖြစ်သွားခဲ့ပြီ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)

8.4 1985
Come and See
Starve Acre
5.5

ဒါကတော့ ဗြိတိန်ကျေးလက်ရိုးရာ Horror ရုပ်ရှင် တစ်ကားဖြစ်ပါတယ်။ လယ်ကွင်းထဲက စတာ့ဗ်ဧကလို့ခေါ်တဲ့ မိသားစုအိမ်ကြီးကို ပြောင်းရွှေ့လာကြတဲ့ ရစ်ချတ်နဲ့ ဂျူးလိယက် ဝေလ်လဘီလို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ အိုဝင်လို့ခေါ်တဲ့ တစ်ဦးတည်းသောသားလေး ရှိပါတယ်။ သားဖြစ်သူက ပန်းနာရင်ကျပ်ရှိလို့ လေကောင်းလေသန့်ရတဲ့ နေရာကို ပြောင်းလာရင် ပိုကောင်းမယ်ဆိုတဲ့အတွေးနဲ့ ပြောင်းလာကြတဲ့ လင်မယားနှစ်ယောက်…. သူတို့ရဲ့သားလေးဖြစ်သူက တစ်နေ့မှာ ရန်လိုတဲ့အပြုအမူတွေ စလုပ်လာခဲ့တဲ့အတွက် ဆေးခန်းပြ စစ်ဆေးနေရင်းနဲ့မှ ပန်းနာရင်ကျပ်ရောဂါထပြီး ရုတ်တရက်သေဆုံးသွားတဲ့အခါ… သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် အမေဖြစ်သူက ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပြီး ဝိညာဉ်ပိုင်းဆိုင်ရာအကူအညီတွေ ရယူလို့ ဝမ်းနည်းမှုကို ကျော်လွှားဖို့ကြိုးစားနေခဲ့ပါတယ်… အဖေဖြစ်သူကတော့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့တဲ့ ဒဏ္ဍာရီလာသစ်ပင်ကြီးရဲ့ သဘာဝလွန်ဒြပ်စင်တွေကို တူးဖော်တွေ့ ရှိခဲ့ရာကနေ.. အဲဒီသစ်ပင်ကြီးက အမှောင်ဘက်ခြမ်းစွမ်းအားတွေနဲ့ ပတ်သက်မှုရှိနေကြောင်းသိရှိလာတာနဲ့အမျှ သူ့သားသေဆုံးမှုနဲ့ ပတ်သက်နေရမယ်လို့ ယူဆရင်း… သူတို့အိမ်ပတ်လည်က နယ်မြေရဲ့လျှို့ဝှက်ချက်တွေကို စတင်ရှာဖွေပါတော့တယ်… အဲဒီလိုနဲ့ သားဖြစ်သူသေဆုံးရတဲ့ အကြောင်းအရင်းမှန်ကို ရှာတွေ့သွားမလား လင်မယားနှစ်ယောက်လုံး ဝမ်းနည်းပူဆွေး ရမှုတွေကနေ လွတ်မြောက်သွားမလားဆိုတာကိုထိတ်လန့်မှုတွေ၊ တွေးတောစရာတွေအပြည့်နဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.24GB / 644MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

5.5 2023 98 mins
Starve Acre
Ghost Walk
6.1

“ဝိညာဉ်တွေမှာ နက်ဖြန်ဆိုတာ မရှိဘူးတဲ့ အဲ့ဒါကြောင့် ပျောက်ကွယ်မသွားအောင် မနေ့ကအချိန်ကို တွယ်ကပ်နေတတ်ကြတယ်” ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဟေးဂျောင်ဆိုတဲ့ ဝိညာဉ်မလေးဟာ အသတ်ခံရပြီး သတိမေ့မျောနေချိန်မှာ အသက်ရှင်ချင်လွန်းပြီး သူ့ရဲ့ နေ့ရက်တွေကို အနောက်ကို တဖြည်းဖြည်းချင်းပြန်သွားတဲ့ ပုံစံမျိုးလေး ရိုက်ကူးတင်ဆက်ထားတာပါ ဇာတ်လမ်းအကြောင်းအရာလေးကတော့… ဟေးဂျောင်ဟာ မိသားစုကို စွန့်ခွာပြီး တစ်ကိုယ်တည်း ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ပါ သူဟာ လက်ထပ်ဖို့ရော ရည်းစားထားဖို့ရော စိတ်ကူးမရှိဘဲနဲ့ ဘဝကို အလုပ်လုပ်ရင်း အဓိပ္ပါယ်မရှိစွာဖြတ်သန်းနေတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ် ဒါပေမဲ့ တစ်နေ့ သူအသတ်ခံရပြီး မေ့မျောနေချိန်မှာတော့ သူရဲ့ ဘဝကို တန်ဖိုးထားရကောင်းမှန်းသိပြီး အသက်ရှင်ချင်လာပါတော့တယ် အဲ့ဒီနောက်မှာ ဟေးဂျောင်အနေနဲ့ သူ အသတ်မခံရဖို့အတွက် အရင်ရက်တွေကို ပြန်သွားပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်းစားဖွယ်ကြည့်ရှုရမှာပါ

6.1 2019 90 mins
Ghost Walk
Homestead
5.8

ယခုတစ်ခေါက် CM ပရိသတ်များအတွက် တင်ဆက်ပေးလိုတဲ့ ဇာတ်ကားလေးကတော့ စွန့်စွန့်စားစားအက်ရှင်ကားလေး တစ်ကားပဲဖြစ်ပါတယ်… အနုမြူဗုံးပေါက်ကွဲမှုရဲ့နောက်ဆက်တွဲဖြစ်လာတဲ့ ကမ္ဘာပျက် ကပ်ဘေးကို ရင်ဆိုင်ကြဖို့ပြင်ဆင်ရင်း ကြုံတွေ့လာရတဲ့အခက်အခဲတွေ အကြောင်း ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး တတိယကမ္ဘာစစ် ဖြစ်ပေါ်ချိန်ကာလကို ဟောကိန်းထုတ်ကြည့်ဖို့ ကြိုးစားထားတဲ့ ရုပ်ရှင်ကားလေးတစ်ကား ဖြစ်တယ်ဆိုရင်လည်း မလွဲနိုင်ပါဘူး အစာရေစာပြတ်လပ်ရှားပါးမှုတွေ၊ ကူကယ်ရာမဲ့နေတဲ့ဒုက္ခသည်တွေ၊ အဖောက်ထွင်းခံနေရတဲ့ ကုန်တိုက်တွေ၊ ရှေ့ဆက်မတိုးနိုင်လောက်အောင် ပိတ်နေတဲ့ယာဉ်တန်းတွေ စတဲ့ ရုတ်ရုတ်သဲသဲအခြေအနေတွေကို စိတ်လှုပ်ရှားဖွယ်တင်ဆက်ပြသထားပြီး သဘာဝတရားကိုချစ်ကြဖို့ ငြိမ်းချမ်းရေးကို အချိန်မီထိန်းသိမ်းနိုင်ဖို့လည်း သတင်းစကားတစ်ခု အနေနဲ့ ပုံဖော်ဖန်တီးထားတယ်လို့လည်း ဆိုနိုင်ပါတယ်… Ian Ross တစ်ယောက်ဟာ ကမ္ဘာပျက်မယ့်ဘေးအတွက်ကို ရိက္ခာတွေ သိုလှောင်ရင်း လိုအပ်တာတွေစုဆောင်းကာ ကြိုတင်ပြင်ဆင်ထားသူ တစ်ယောက်ဖြစ်ပါတယ်.. တစ်နေ့မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း အင်အားပြင်း ပေါက်ကွဲမှုတစ်ခုမှ အစပြုကာ အမေရိကန်ပြည်ထောင်စုအတွင်း လျှပ်စစ်မီးတွေ ပြတ်တောက်ကာ အနုမြူဗုံးအန္တရာယ်စတင်ဖြစ်ပေါ် နေပြီဖြစ်ကြောင်း ကောလဟာတွေပျံ့နှံ့လာပြီး ရှောင်ကြတိမ်းကြရင်း တစ်တိုင်းပြည်လုံးလှုပ်လှုပ်ရှားရှား ဖြစ်လာပါတော့တယ် Ian Ross နဲ့ နီးစပ်သူများဟာ Ian Ross တစ်ယောက် ထိုအခိုက်အတန့် အတွက် ပြင်ဆင်ထားကြောင်းသိရှိကြပြီး Ian Ross ဆီ ဝင်ခိုလှုံဖို့ တဖွဲဖွဲရောက်ရှိလာကြပါတယ်. သို့သော်လည်း Ian Ross ဟာ ၎င်းငှားရမ်းထားတဲ့ လုံခြုံရေးခေါင်းဆောင်ရဲ့ အကြံပြုချက်ကို မလွန်ဆန်နိုင်ဘဲ ၎င်းရဲ့ မိတ်ဆွေရင်းတွေကို အိမ်ထဲပေးမဝင်နိုင် အစာရေစာအကူအညီမပေးနိုင်ဘဲရှိနေကာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြား ဗျာများနေရတော့ပါတယ် ထိုအခိုက်မှာပဲ ဇနီးဖြစ်သူ Jenna Ross တစ်ယောက်က လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ စားရေရိက္ခာတွေ ခြံပြင်ထွက်ပေးရာ ဗိုက်ဆာနေတဲ့ လူအုပ်ကြီးက အလုအယက်ဝိုင်းယူ ကြသဖြင့် လုံခြုံရေးတပ်ဖွဲဝင်များကပါ ဝင်ဆွဲရတဲ့အထိ ဖြစ်ပေါ်ခဲ့ရပါတယ် ဒုက္ခရောက်နေတဲ့သူတွေကို ကူညီချင်နေတဲ့ Jenna နဲ့ စိတ်ခံစားချက်ထက် ကျိုးကြောင်းဆီလျော်မှုကို ဦးစားပေးတဲ့ Ian တို့ လင်မယားနှစ်ယောက်ရဲ့ အပြန်အလှန်ပဋိပက္ခဖြစ်မှုအပေါ်မှာကျောရိုးတည်ပြီး ကမ္ဘာပျက်ကပ်ဘေး ဆိုက်လာတဲ့အခါ လူသားတွေရဲ့ အလိုအလျောက်တုံ့ပြန်မှုသဘာဝကို အမြင်ဖွင့်ပေးထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူများအနေနဲ့ အတွေးပွားဖွယ်ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ လက်မလွတ်ရလေအောင် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…. File size… (1.40GB) / (691MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Action • History
5.8 2024 111 mins
Homestead