YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Moonlight.Mystique.2025.S01.E23.2160p.4K.WEB-DL.DDP5.1.[RMC].mkv

1.57 GB N/A video/x-matroska 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Emily the Criminal
6.8

ဒီရုပ်ရှင်ကတော့ Crime Thriller အမျိုးအစားပါ။ Imdb 7.1 အထိ ရရှိထားပြီး လူကြိုက်များတဲ့ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ John Patton Ford တဲ့။ အရင်က ရုပ်ရှင်ကြီးကြီးမားမား မရိုက်ဖူးပေမဲ့ သူ့ရဲ့ပွဲဦးထွက် ဒီရုပ်ရှင်က ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့စရာဖြစ်လာပါတယ်။ သရုပ်ဆောင်တွေကလည်း A list မင်းသားမင်းသမီးတွေမဟုတ်ပေမဲ့ အတော်လေးပီပြင်ပြီး ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရထားပါပြီ။ ဒီရုပ်ရှင်ကို ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ကူးထားတာပါပဲ။ ဇာတ်လမ်းကတော့ ဒုစရိုက်လောကထဲက မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ ရာဇဝတ်မှုကားတွေမှာဆို နှစ်မျိးရှိတတ်တယ်။ ဆရာ့ဆရာကြီးတွေအကြောင်းပြတဲ့ဇာတ်လမ်းမျိုးနဲ့ Breaking Bad လို လုပ်မိလုပ်ရာလုပ်ရင်းနဲ့ ဆရာကြီးဖြစ်လာတဲ့ဇာတ်လမ်းမျိုးပေါ့။ သူကတော့ Breaking Bad လိုပါပဲ။ ကျောင်းစားရိတ်ချေးငွေ ၇၀၀၀၀ ကို မဆပ်နိုင်တော့ ငွေရလွယ်တဲ့ အလုပ်တွေရှာရင်းနဲ့ ခရက်ဒစ်ကတ်လိမ်လည်တဲ့ လူမိုက်လောကထဲကိုရောက်သွားပါတယ်။ အဲဒီမှာမှ တဖြည်းဖြည်းကျင်လည်ရင်း ကျွမ်းလာသလို အခက်အခဲတွေ တစ်ခုပြီးတစ်ခုတွေ့ရတဲ့အကြောင်းကို ပြသထားတာပါ။ ဘက်ဂျက်နည်းနည်းနဲ့ သဘာဝကျကျ ဇာတ်အိမ်ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်း မျက်နှာသစ်ရုပ်ရှင်လေးတွေကြည့်ချင်ရင်တော့ ဒီကားကို ရွေးရမှာပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပါ။) File Size          : 2.5, 663MB, 370MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 37mins Genre              : Crime, Drama, Thriller Translated by Mr.Anderson Encoded by Kinnov

Comedy • Drama • Romance
6.8 2022 97 mins
Emily the Criminal
The Adventures of Maid Marian
5

ရော်ဘင်ဟုဒ်ဆိုတာနဲ့ အကျင့်ပျက်နေတဲ့လူချမ်းသာတွေဆီကနေ ငွေတွေခိုးယူပြီး မရှိဆင်းရဲသားတွေကို ပြန်လည်ဝေမျှတတ်တဲ့သူဆိုတာ သိပြီးသားဖြစ်ကြမှာပါ ဒါကြောင့်လည်းရောဘင်ဟုဒ်ကို လူချမ်းသာတွေက သခင်အတန်းစားတွေကို အလွန်မုန်းကြပါတယ်။ ဒီကားလေးကတော့ ရော်ဘင်ဟုဒ်ထက် သူ့ရဲ့ချစ်သူ မာရီယမ်ကို အဓိကထားရိုက်ထားတဲ့ စွန့်စားခန်းကားလေးဖြစ်ပါတယ်။ ရော်ဘင်ဟုဒ်တစ်ယောက် ဘုရင်ရစ်ချက်ခေါ်ဆောင်ရာ စစ်ဖြစ်ရာနောက်ပါသွားတဲ့ အချိန်မှာ မာရီယမ်ကတော့ သီလရှင်ကျောင်းမှာ သီလရှင်ဝတ်ရင်း ချစ်သူပြန်အလာကို စောင့်နေခဲ့ပါတယ်။ ဘုရင်ရစ်ချက်လုပ်ကြံခံရပြီးနောက် စစ်ပွဲပြီးဆုံးသွားချိန်မှာတော့ ရော်ဘင်ဟုဒ်တစ်ယောက်လည်း မာရီယမ်ဆီ ပြန်လာခဲ့တာပေါ့။ သုံးနှစ်လောက်ခွဲခွာ နေခဲ့ရတဲ့ ချစ်သူနှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံမှုဟာ ကြည်နူးစရာဖြစ်မနေခဲ့ပါဘူး။ ရော်ဘင်ဟုဒ်ကို လက်စားချေချင်နေတဲ့လူတစ်ယောက်ရဲ့ လှည့်ကွက်ကြောင့် သူတို့နှစ်ဦး ဘယ်လိုတွေဒုက္ခရောက်ပြီး ဘယ်လိုစွန့်စားမှုတွေလုပ်ကြမလဲဆိုတာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ရော်ဘင်ဟုဒ်ရဲ့ချစ်သူ မာရီယမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဘယ်လို တွေထက်မြက်လဲ ဘယ်လိုတွေရဲရင့်လဲ ဘယ်လိုတွေချစ်တတ်လဲဆိုတာကို တွေ့မြင်ရမယ့် စွန့်စားခန်းဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(1.34 GB) / (674 MB) Quality............Web-DL 1080p / 720p Duration.........1Hr 22mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Fantasy Translator....... Zaw Myo Thu Encoder..........SWM

Action • Adventure • Fantasy
5 2022 82 mins
The Adventures of Maid Marian
Blue’s Big City Adventure
7

Blue’s Big City Adventure (2022) (1080p ရပါပြီ) Blue’s Big City Adventure ဆိုတဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးတကား အကြောင်းပြောပြချင်ပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ ဂျော့ရှ် ဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့ခွေးလေး ဘလူးတို့ဟာ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ ပြဇာတ်သရုပ်ဆောင်တွေ ဖြစ်လာကြဖို့ နယူးယောက်မြို့က လူရွေးပွဲကို ရောက်လာကြတာဖြစ်ပါတယ်။ ဖြစ်ချင်တော့ လူရွေးပွဲလုပ်မယ့် ပြဇာတ်ရုံရဲ့ လိပ်စာရေးထားတဲ့ မှတ်စုစာအုပ်ဟာ အိမ်မှာကျန်နေခဲ့ပါတယ်။ မှတ်စုစာအုပ်မပါတဲ့ ဂျော့ရှ်နဲ့ ဘလူးတို့ နယူးယောက်မြို့ကြီးမှာ ဘာအခက်အခဲတွေ ကြုံရမလဲ? သူတို့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်ဖို့ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ကြမလဲ? ဆိုတာ … တေးသီချင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ကားလေးကို ကြည့်ရင်း ရင်ခုန်ကြတာပေါ့။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zeul Thwin ပါ။) File Size : 2.2GB, 883MB, 481MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 22mins Genre : Comedy, Family, Musical Translated by Zeul Thwin Encoded by Kinnov

Horror
7 2022 74 mins
Blue’s Big City Adventure
The Magician’s Elephant
6.6

The Magician’s Elephant (2023) “ဘောလ်တိစ်” ဆိုတဲ့ မြို့ငယ်လေးက မျှော်လင့်ချက်တွေဆိတ်သုဥ်းနေတဲ့မြို့လေးလို့ပြောရမယ်။ သူတို့ကြုံခဲ့ရတဲ့စစ်ပွဲကြီးအပြီးမှာ လူတွေကမပျော်ရွှင်ကြတော့ပါဘူး။ စစ်ကြီးကလဲ ပြီးတာ ဒီကားထဲက ဇာတ်လိုက်လေးရဲ့တစ်သက်ရှိနေပြီ။ ဒါပေမဲ့လူတွေက ပျော်ရွှင်မှုတွေမရကြသေးဘူး။ မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်မရှင်သန်ကြသေးဘဲ အဆိုးတွေပေါ်ပဲအာရုံစိုက် အဆိုးတွေကိုပဲမျှော်လင့်ပြီးနေကြသူတွေပေါ့။ တစ်နေ့မှာမျက်လှည့်ဆရာကြီးက ဒီလူတွေအတွက် မျှော်လင့်ချက်တွေပြန်ရှင်သန်စေဖို့ မန္တန်ကြီးတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ခဗျာမှာလဲ သိပ်မကျွမ်းကျင်တော့ ဆင်ကြီးတစ်ကောင်သာအမိုးကနေပွင့်ပြီးပြုတ်ကျလာပါတယ်။ မျက်လှည့်ဆရာကြီးက သူ့မန္တန်ကမအောင်မြင်ဘူးထင်တာပေါ့။ မျက်လှည့်ဆရာကြီးကိုယ်တိုင်လဲ သူ့ဆင်ကြီးက အဖွားကြီးတစ်ယောက်ပေါ်သွားပိတာကြောင့် ဂျေးထဲအောင်းသွားရပါတယ်။ ဒါပေမဲ့ ဒီဆင်ကြီးရောက်လာတာကပဲ ဒီကားထဲကဇာတ်လိုက်လေးအတွက် ယုံကြည်မှုတွေကိုအသက်သွင်းရာမှာ၊ သူ့မိသားစုကိုရှာဖွေရာမှာ အရေးအကြီးဆုံးနဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး ဘယ်လိုအံ့ဖွယ်ရာတွေကိုထပ်ဖြစ်စေမလဲဆိုတာကြည့်ရမှာပါ။ ဇာတ်လမ်းလေးက ကာတွန်းဆန်ဆန် ရယ်စရာမောစရာမှော်ဆန်ဆန်ဇာတ်လမ်းလေးဖြစ်တဲ့အပြင် ပေးချင်တဲ့မက်ဆေ့ချ်ကလဲ မျှော်လင့်ချက်ပျက်သုဥ်းနေသူတွေအတွက်၊ အကောင်းတွေအများကြီးထဲကအဆိုးတစ်ခုလောက်ကိုမှရွေးပြီး မျှော်လင့်ချက်ပျက်တတ်တဲ့လူတွေအတွက် အရာအားလုံးကဖြစ်နိုင်တယ်ဆိုတာမျိုးစိတ်ခွန်အားပေးထားတဲ့အတွက် ကလေးတွေရောလူကြီးတွေပါကြည့်သင့်တဲ့ဇာတ်လမ်းလှလှလေးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Animation, Adventure, Comedy Quality…. 1080p | 720p | 480p File size… 1.35GB | 766MB | 362MB Format… mp4 Duration….1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

6.6 2023 99 mins
The Magician’s Elephant
Almost Che
6

Almost Che (2012) ဒီ Almost Che ဆိုတဲ့ ကားလေးကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာလည်း လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးအကြောင်းနဲ့ ဆင်တူပါတယ်။ ဒီကားလေးမှာက ကိုးရီးယားကစစ်အာဏာသိမ်းအစိုးရကို အမေရိကန်တွေ ထောက်ပံ့ပေးမှုနဲ့ပတ်သတ်ပြီး ဆန္ဒပြကြတာကို အခြေခံရိုက်ကူးထားတာပါ။ ဂန်ဒယ်အို ဆိုတဲ့ဇာတ်လိုက်ဟာ တရုတ်စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း ပဲခေါက်ဆွဲလိုက်ပို့တဲ့သူပါ။ တစ်နေ့မှာတော့ သူဟာ ပဲခေါက်ဆွဲလိုက်ပို့ရင်းနဲ့ ဆောယယ်ရင်း ဆိုတဲ့ကောလိပ်ကျောင်းသူကိုချစ်မိသွားတဲ့အတွက် နီးစပ်ဖို့ကြိုးစားရင်း တော်လှန်ပုန်ကန်မှုထဲကို ဘုမသိဘမသိပါဝင်သွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဆောယယ်ရင်းကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့ပဲ တလွဲလုပ်ရင်း ဘယ်လိုတွေဆက်ဖြစ်မလဲ၊ ကောင်မလေးရဲ့အချစ်ကိုလည်း ရအောင် ကြိုးစားနိုင်မလားဆိုတာ.. လက်ရှိအခြေအနေကိုလည်း ထင်ဟပ်ရင်း ရယ်ရွှင်စရာ ဇာတ်နှောလေးနဲ့ အတူတူကြည့်ရှုလိုက်ကြရအောင်နော်… အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo Htet ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.9GB | 954MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Myo Myo Htet Encoder ….. Aaron

6 2012
Almost Che
Jules
7.1

Jules (2023) ~ IMDb – 7.1/10, Rotten Tomatoes – 83% ~ ဂြိုဟ်သားတစ်ကောင် အဘိုးကြီးတစ်ယောက်ရဲ့ အိမ်နောက်ဖေးကို ပန်းကန်ပြားပျံ ပျက်ကျပြီးရောက်လာတယ်။ အဘိုးကြီးက တစ်ယောက်တည်းနေရတာဖြစ်ပြီး သူ့အိမ်ထဲ ပန်းကန်ပြားပျံပျက်ကျပြီး ဂြိုဟ်သားရောက်နေတယ်ဆိုတာလည်း သူတို့မြို့လေးက ဘယ်သူမှ မယုံပါဘူး။ အဘိုးကြီးကလည်း အသက်ရလာတော့ မှတ်ဉာဏ်လည်း ယိုယွင်းလာပြီး သူ့သမီးကတောင် စိတ်ပူနေရတာမို့ ပိုမယုံကြတာပါ။ ဒါပေမဲ့ သူ့ရဲ့ အသိ အဘွားကြီးတစ်ယောက်က အိမ်လာရင်း ဂြိုဟ်သားနဲ့မတော်တဆ တွေ့သွားတယ်။ နောက်ထပ် အဘွားကြီးတစ်ယောက်လည်း ထပ်တွေ့သွားရင်း သူတို့သုံးယောက်ပေါင်းပြီး ဂြိုဟ်သားကို ပြန်ပို့နိုင်ဖို့ ကူညီကြတဲ့အကြောင်းပါ။ ဟာသ၊ ဒရာမာ၊ Sci-Fi အမျိုးအစားဖြစ်ပြီး ဖျော်ဖြေရေးအတွက် သင့်တော်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဇာတ်သိမ်းကတော့ မချင့်မရဲဖြစ်စရာပါပဲ။ ကိုယ်သာဆို ဒီလိုမလုပ်ဘူးဆိုပြီး တွေးမိစရာမျိုးပေါ့။ ဒီရုပ်ရှင်ဟာ Little Miss Sunshine ရဲ့ ပရိုဂျူဆာ Marc Turtletaub ရိုက်ကူးထားခဲ့တာပါ။ ခေါင်းဆောင်မင်းသားအဖြစ် အိုင်ရွန်းမန်းထဲက လူဆိုးအဖြစ်၊ မဟတ္တမဂန္ဓီအဖြစ် လူသိများကြတဲ့ မင်းသားကြီး Ben Kingsley ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ထဲက ဂြိုဟ်သားဟာ စကားမပြောပါဘူး။ နားပဲထောင်ပါတယ်။ သူ့ကိုဗဟိုပြုရင်းနဲ့ အဘိုးကြီးအဘွားကြီးသုံးယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာတယ်၊ အချင်းချင်းလည်း ပိုရင်းနှီးလာကြတယ်။ တစ်ခါတလေမှာ နားထောင်ပေးနေသူသက်သက်အဖြစ်ပဲ လုပ်ပေးနေရုံနဲ့ လူတွေရဲ့ဘဝကို အဓိပ္ပါယ်ရှိသွားစေနိုင်တယ်ဆိုတာမျိုးကို ပြလိုက်သလိုပါပဲ။ အထူးသဖြင့် သားတွေသမီးတွေနဲ့ မတွေ့ရတော့တဲ့ အဘိုးကြီးအဘွားကြီးတွေရဲ့ဘဝမှာ နားထောင်ပေးတဲ့သူတစ်ယောက်ဟာ အရာရာပါပဲ။ သက်ကြီးရွယ်အိုတွေစကားကို ထိုင်နားထောင်ဖို့ စိတ်မရှည်မိတဲ့သူတွေတောင် ဒီရုပ်ရှင်ကြောင့် အမြင်ပြောင်းသွားနိုင်ပါတယ်။ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 27Min Genre – Comedy, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Horror • Mystery • Thriller
7.1 2023 87 mins
Jules
Stalked by My Stepsister
6.4

Stalked by My Stepsister (2023) ======================= IMDb Rating – 6.4/10 ဒီတစ်ခါမှာတော့ CMပရိတ်သတ်ကြီးတို့ကို အသည်းတယားယား၊ ရင်ထဲကလိကလိနဲ့ လောင်မြိုက်ကြည့်ရှုရမဲ့ ကားတစ်ကားကိုတင် ဆက်ပေးပါမယ်။ အပြင်ပန်းမှာ ပန်းနုသွေးအင်နိုးစန့်ပြီး နောက်ကွယ် မှာ ချောက်ချကြိုးကိုင်နေတဲ့ လင်ပါသမီးနဲ့ သူ့လှည့်ကွက်ထဲရောက် နေတဲ့မယားပါသမီးတို့ရဲ့ အားပြိုင်မှုလို့ပဲပြောရမ‌ပေါ့။ ဇာတ်လမ်းကတော့ဒီလိုပါ။ ခန့်နဲ့ လော်ရာတို့လက်ထပ်လိုက်ကြတော့ သူတို့မှာ သမီးတစ်ယောက် စီပါလာတယ်။ ခန့်ရဲ့သမီးကဒက်ဗင်၊ လော်ရာ့သမီးက မက်ဒီ။ ခန့်နဲ့လော် ရာတို့က အခုကြိုက်အခုလက်ထပ်လုပ်လိုက်တော့ အဲဒီညီအစ်မလောင်း နှစ်ယောက်က အချင်းချင်းမသိခဲ့၊မတွေ့ဖူးကြဘူး။ တစ်ရက်ကျ ဒက်ဗင် က လန်ဒန်မှာကျောင်းတက်နေရာကနေပြန်လာပြီး အဲဒီ၄ယောက်လုံး တစ်အိမ်တည်းအတူနေဖို့ဖြစ်လာတယ်။ ဒက်ဗင်က အရမ်းချိုသာယဉ်ကျေးပြီး ပြီးပြည့်စုံတဲ့ညီမတစ်ယောက်ပုံစံ ဟန်ဆောင်နေပေမဲ့ သူအိမ်ရောက်လာကတည်းက အမေနဲ့သမီးကြား သွေးခွဲ၊ ကိစ္စတွေတစ်ခုပြီးတစ်ခု ဖြစ်လာပြီး အကုန်မက်ဒီ့အမှားအဖြစ် ပုံချခံရ၊ မက်ဒီ့ဘေးနားက ချစ်ရတဲ့သူတွေလည်း အန္တရာယ်ကျရောက် လာတဲ့အခါမှာတော့…။ မက်ဒီတစ်ယောက် ဒက်ဗင့်လှည့်ကွက်တွေကြားဘယ်လောက်ထိ ခံနေ ရပြီး ဘာတွေပေးဆပ်လိုက်ရမလဲ၊ သူဒက်ဗင့်လှည့်ကွက်ထဲကနေရုန်း ထွက်နိုင်ပါ့မလား၊ နောက်ဆုံး မက်ဒီပဲဖော်ထုတ်နိုင်မလား၊ အရင်က ဒက် ဗင်ရှင်းပစ်ခဲ့တဲ့ သူ့အဖေရဲ့ဇနီးလောင်းတွေလိုပဲ မက်ဒီတို့သားအမိ အဆုံး သတ်သွားပြီး ဒက်ဗင်ပဲနိုင်သွားမလားဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.42 GB) / (514 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

Drama • Comedy • Romance
6.4 2023
Stalked by My Stepsister
The Naughty Nine

ခရစ်စမတ်ရာသီလေးမှာ ဆန်တာရဲ့ ရွာကို သွားဖောက်ကြမဲ့ လူဆိုးလေး ၉ ယောက် ❄️ 2023 မှာမှ အသစ်စက်စက်လေး ထွက်ထားတဲ့ ဒီဇာတ်ကားကတော့ Adventure, comedy အမျိုးအစားလေပဲ ဖြစ်ပါတယ်။ ဆန်တာဆီမှာ “လူဆိုးစာရင်း” ဆိုတာရှိတယ်။ လူဆိုးစာရင်းဝင်တဲ့ကလေးတွေက ခရစ်စမတ်နေ့မှာ လက်ဆောင်မရဘူးတဲ့။ ကမ္ဘာကြီးမှာ လက်ဆောင်မရတဲ့ကလေးတွေလဲ အများကြီးပါပဲ။ ဒါပေမဲ့ အန်ဒီစတီးဆိုတဲ့ ‌လူဆိုးစာရင်းဝင်ကောင်လေးကတော့ လက်ဆောင်မရတဲ့ကိစ္စကို မခဲမကျေပါဘူး။ အဲဒါနဲ့ သူက သူအပါအဝင် လက်ဆောင်မရတဲ့ နောက်ထပ် “လူဆိုးစာရင်းဝင်” ကလေး ၈ ယောက်ကို စည်းရုံးပြီး ဆန်တာရွာကို ဖောက်ဖို့ စီစဉ်တော့တယ်။ ဆန်တာရွာဆိုတာက မြောက်ဝင်ရိုးစွန်းမှာ တည်ရှိတာဖြစ်ပြီး ကလေးတွေအနေနဲ့ သွားဖို့ လုံးဝမဖြစ်နိုင်တဲ့ နေရာတစ်ခု။ ဒါပေမဲ့ စိတ်သာထည့်လိုက်ရင် မဖြစ်နိုင်တဲ့အရာမရှိတဲ့ ‌အန်ဒိီစတီးဆိုတဲ့ကောင်လေးက ဘယ်လိုမျိုးတွေ အကြံ‌ထုတ်ပြီး ဆန်တာရွာကို အရောက်သွားကြမလဲ❓ ဆန်တာရွာကို ရောက်သွားကြတော့လဲ ဘယ်လိုပြန်ထွက်လာမလဲ❓ ခရစ်စမမတ်ရာသီလေးမှာ လူဆိုးလေး‌ ၉ ယောက်ရဲ့ သူခိုးခရီးစဉ်လေးကို ကြည့်ရင်း ဘဝအမော ဖြေနိုင်ပါပြီ File size…(1.6 GB)/(933 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Family, Adventure, Comedy, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshi Moshi

0 2023
The Naughty Nine
The Hangover
7.7

The Hangover (2009) IMDb Rating (7.7) / Rotten Tomatoes (79%) ❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို သာမန်သောက်စားပြီးပဲဖြတ်သန်းဖို့ စီစဉ်ထားကြပေမယ့် စိတ်ရောဂါရှိတဲ့ Alan ဟာ သူတို့အုပ်စုကို Wolf Pack လို့သတ်မှတ်ထားပြီး Party Drug တွေခိုးထည့်ကာ အမြဲမွှေလေ့ရှိပါတယ်..အကြောင်းအရင်းကတော့ ပိုပျော်ရအောင်၊ ပိုသောင်းကျန်းလို့ကောင်းအောင်ပေါ့..ဒါပေမယ့် အမြဲတမ်းလွဲပြီး ပြဿနာတက်ကြတာပါပဲ.. • ညဘက်မှာ လေးငါးပင်လိမ်ပြီး လုပ်ချင်တိုင်းလုပ်ထားကြ၊ မနက်ကြရင်ဘာမှမမှတ်မိပဲ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို သဲလွန်စရှာ လိုက်ရှင်းကြရတော့တာပါပဲ.. • ဒီထဲမှာတော့ သူငယ်ချင်းတွေပျော်အောင် အလိုလိုက်ပြီး လိုက်လုပ်ပေးနေပေမယ့် အမြဲပျောက်သွားလိုက်၊ ကျန်နေခဲ့လိုက်၊ ပြန်ပေးဆွဲခံလိုက်နဲ့ ခံနေရတဲ့ Doug.. • မိန်းမတွေကလေးတွေရှိပေမယ့် အမြဲတစ်ဇွတ်ထိုးလုပ်တတ်ပြီး သောင်းကျန်းဖို့မြှောက်ပေး၊ မနက်ပြဿနာတက်ရင် ရှေ့ကနေဒိုင်ခံရှင်းတဲ့ Phil.. • ပျော်ရပါးရဖို့ဆို ရှေ့ဆုံးကနေတက်ကြွနေပေမယ့် တကယ်ပြဿနာတက်လာပြီဆို သေလောက်အောင်ကြောက်တဲ့ သွားဆရာဝန် Stu.. • စိတ်ရောဂါအခံလေးသာရှိတာ တကယ်သောင်းကျန်းရပြီဆို သူပဲအမြဲစမွှေ၊ မဟုတ်ကဟုတ်ကလူတွေနဲ့လျှောက်ပက်သက်ပြီး ပြဿနာကိုမကြီးကြီးအောင်လုပ်၊ အသက်ကြီးနေပေမယ့် မိဘလုပ်စာပဲထိုင်စားနေလို့ အနှိမ်ခံရတာကနေ အဖော်မက်ပြီး လျှောက်လုပ်တတ်တဲ့ Alan.. • ဒီလိုမျိုး Characters တွေနဲ့ Trilogy ကို ဖြတ်သန်းရမှာဖြစ်ပါတယ်..ဒီထဲမှာမှ Leslie Chow ဆိုတဲ့ Ken Jeong သရုပ်ဆောင်ထားတဲ့ Iconic ဖြစ်တဲ့ ဇာတ်ကောင်ကလဲ သောက်မြင်ကပ်စရာကောင်းအောင် ပါလာဦးမယ့်အပြင် Mike Tyson ကြီးရဲ့ Cameo ကလဲ ရယ်နေရဦးမှာပါ.. • The Hangover Trilogy မှာ Iconic ဖြစ်စရာ Moments တွေ၊ တကယ်ရယ်ရတဲ့ ဟာသတွေ၊ သောက်တလွဲ Lines တွေနဲ့ လူလတ်ပိုင်းတွေဘယ်လို ဗရုတ်ကျလဲဆိုတာကို မြင်တွေ့မှာပါ..Part I နဲ့ Part II က ဇာတ်လမ်းကျောရိုးတူပြီး Part III ကတော့ Conclusion သဘောမျိုးနဲ့အဆုံးသတ်ထားပါတယ်.. • ဒီရုပ်ရှင်က တကယ်မောပန်းနွမ်းနယ်နေချိိန် Comfort ရုပ်ရှင်တစ်ခုအနေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး Movie Night မှာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ Comedy ရုပ်ရှင်တစ်ခုပါ..ဒါပေမယ့် R-Rated ဖြစ်တာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို တော်တော်ပွင့်လင်းမှရပါမယ်..နောက်ပြီး Credit ထိုးတဲ့အထိကြည့်ဖို့မမေ့ပါနဲ့လို့ပြောရင်း အကြံပြုလိုက်ရပါတယ်ခင်ဗျာ.. #cultureflix #thehangover (ရုပ်ရှင်အညွှန်းကို Culture Flix FB Page မှ ကူးယူဖော်ပြပါသည်။) The Hangover ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=the+hangover+2009 ကြည့်ပါ။

Science Fiction • Horror • Action • Drama
7.7 2009
The Hangover
Cecil B. Demented
6.3

ဒီရုပ်ရှင်လေးကတော့၂၀၀၀ခုနှစ်ကထွက်ရှိခဲ့တဲ့black comedyရုပ်ရှင်အမျိုးအစားကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ Hollywood ကအခုနောက်ပိုင်း mainstream ရုပ်ရှင်တွေကို sequel ထုတ်လိုက် remake ထုတ်လိုက်နဲ့ပိုက်ဆံပဲရှာနေပြီး original ဇာတ်ကားကောင်းတွေမထုတ်တော့တာကိုသတိထားမိကြမှာပါ အဲဒီလိုဖြစ်နေတာကိုသဘောမကျတဲ့ရူးနေတဲ့ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Cecil B. Demented က Honey Whitlock ဆိုတဲ့နာမည်ကြီးရုပ်ရှင်မင်းသမီးကိုဖမ်းခေါ်ပြီးတော့သူ့ရဲ့ရုပ်ရှင်မှာဝင်သရုပ်ဆောင်ခိုင်းတာကနေဖြစ်လာတာတွေကိုဟာသနှောပြီးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre… Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

6.3 2000
Cecil B. Demented
Strange Tales of Mountain Folk
5.8

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်ဘဝအမောပြေ ပျောက်စေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ တူလုံဆိုတဲ့ရွာလေးတစ်ရွာမှာ ညဘက်ဆိုလူတွေကိုလိုက်ဖမ်းစားနေတဲ့ သရဲမရှိတယ်ဆိုပြီးပျံ့နှံ့နေတဲ့ ကောလဟာလသတင်းတွေအပေါ် မိစ္ဆာဖမ်းဆီးတဲ့ဆရာကြီး လင်နဲ့သူ့တပည့် ရူယွဲ့တို့ကဒီနောက်ကွယ်က အမှန်တရားကိုဖော်ထုတ်ဖို့အတွက်တူလုံဆိုတဲ့ရွာကိုသွားခဲ့တာပေါ့။ ဒီလိုနဲ့ လမ်းမှာတင်တူလုံရွာသူကြီးနဲ့လက်အောက်ငယ်သားတွေကို မကောင်းဆိုးဝါး တစ်ကောင်ဖမ်းဆီးနေတာကို မြင်သွားပြီး တားဆီးခဲ့ပေမဲ့ မမှီလိုက်တော့နောက်တစ်နေ့မှာ ဝမ်လူဆိုးထိန်းတို့ကို မုံရွာသူကြီးက သွားတိုင်ကြားခဲ့တယ်။ဒီလိုနဲ့ရွာသူကြီး လက်အောက်ငယ်သား မုံကယ်ကညကမကောင်းဆိုးဝါး မြင်ခဲ့တာကြောင့် ရူးသွားတာကိုရွာဓလေ့နတ်ဆရာမ ဖေးရှန်းအဖွားကနတ်မကောင်းဆိုးဝါးတွေ ပင့်ဆောင်ပြီး ဝိဉာဉ်ပြန်ခေါ်ပွဲ ကျင်းပခဲ့တယ်။ သို့ပေမဲ့ မုံကယ်ကအတင်းရုန်းရင်းမီးတောထဲခုန်ချသေသွားခဲ့ပြီး ဖေးရှန်းအဖွားကလည်း ကွေဘုရားကျောင်းရှိရာဆီ ထွက်သွားခဲ့တယ်။ ဒါကိုဆရာကြီး လင်ကကွေဘုရားကျောင်းမှာသဲလွန်စရှိမယ်ဆိုတဲ့ အတွေးနဲ့ ဖေးရှန်းအဖွားကိုကွေဘုရားကျောင်းသွားမယ့် လမ်းကြောင်း ပြောပြခိုင်းပေမဲ့ အဖွားကဘုရားကျောင်းနားကပ်လို့မရကြောင်း၊ ကပ်ဘေးဆိုက်မယ်ဖြစ်ကြောင်းရေတွတ်နေတဲ့အပေါ် ဆရာကြီး လင်ကသံသယတွေဝင်သွားစေခဲ့တယ်။ ဒီ့အပြင် ရွာမှာမြွေတွေသောင်းကျန်းနေတာကြောင့် ရွာသူကြီးကဝမ်လူဆိုးထိန်းတို့ကိုတစ်ခါတည်းမြွေရှင်းလင်းခိုင်းဖို့ အကူအညီတောင်းခဲ့ရာကနေ ဘုရားကျောင်းရှိရာတောနက်ထဲဝင်သွားတဲ့အချိန်မှာ တစ်လမ်းလုံး ဒုက္ခမျိုးစုံအန္တရာယ်မျိုးစုံနဲ့တွေ့ကြုံခဲ့ကြပြီး တွေ့ကြုံလာတဲ့အန္တရာယ်တွေကနေတစ်စ တစ်စစီ သဲလွန်စတွေထွက်ပေါ်လာတဲ့အခါမှာ ဒီမကောင်းဆိုးဝါးဆိုတာတကယ်ကြီးရှိနေတာလား။ ဘာကြောင့်များဖြစ်ပေါ်လာရတာလဲ။ ဒီရွာကဘယ်လိုတွေထူးခြားမှုတွေနဲ့ ပြည့်စုံနေလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးကနေဖော်ပြသွားမှာဖြစ်တာကြောင့်စောင့်မျှော်ကြည့်ရူလိုက်ရအောင်

Action • Crime • Thriller
5.8 2024
Strange Tales of Mountain Folk
American Psycho
7.6

American Psycho (2000) ********************************* IMDb….7.6,,,,Rotten…69% အမေရိကန် ပြည်ထောင်စု ၉၀နှစ်ဝန်းကျင်မှာ ကုမ္ပဏီ လူကြီးမင်းတွေကြားက အချင်းချင်းပြိုင်ဆိုင်မှုတွေ မနာလိုမှုတွေ အဆင့်အတန်းခွဲ ခြားမှုတွေပြည့်နှက်နေခဲ့တယ် .. ..ရယ်မောစကားပြောနေပေမဲ့ အတွင်းစိတ်က မုန်းတီးနေကြတဲ့ ပတ်ဝန်းကျင်တစ်ခု…. . ဒီလိုအနေအထားမှာ ပက်ထရစ် ဘိတ်မန်း တစ်ယောက် သူကြည့်မရတဲ့ လုပ်ဖော်ကိုင်ဘက်ကို သတ်ပစ်ခဲ့တယ် .. .သူ့လုပ်ရပ်တွေက အကုန်အဆန်းတွေကြီးပဲ… ဒီကားဟာ TOP IMDB ထဲမှာပါသလို ရုပ်ရှင်ဝေဖန်ရေးသမားတွေအသိအမှတ်ပြုဇာတ်ကားတစ်ကားဖြစ်တယ်… .ဒီကားကိုကြည့်တဲ့သူတွေအဖို့ ဘိတ်မန်းရဲ့ စရိုက် အမူအကျင့်တွေ ပတ်ဝန်းကျင်ကို ဆက်ဆံပုံတွေ အသေးစိတ် မျက်ခြေမပြတ်လိုက်ရပါ့မယ်.. ….သူလုပ်ရပ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့တာလား…စိတ်ကူးယဉ်သက်သက်လား….သူစီစဉ်ခဲ့တာတွေဟာ ဘာအတွက်လဲ…. ဘာကြောင့်လဲ…ဒီကားက အတော်ကို ခေါင်းစားပါတယ်.. .နောက်ပြီးအဖော်အချွတ်အခန်းတစ်ချို့ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ဒီကားရဲ့ အဓိကသရုပ်ဆောင် Christian Bale ကိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်.. .ဒီကားဟာ ကျွန်တော့်အမြင်ပြောရရင် ကြည့်ရှူသူကို အဖြေတွေရှာခိုင်းတာ ဒါမှမဟုတ် ခံစားဆုံးဖြတ်နိုင်စွမ်းဘယ်လောက်ရှိသလဲ စမ်းသပ်နေတာနဲ့ပိုတူပါတယ်. ..ဆိုတော့ကား ဒီကားကြည့်ပြီး ခံစားသိမြင်တာလေးတွေကို ကျွန်တော်တို့ channel myanmar group မှာ လာရောက်ဆွေးနွေး မျှဝေပေးဖို့ဖိတ်ခေါ်အပ်ပါတယ်… File Size : 1.39GB/ 680MB Quality : Blu-Ray 1080p/720p Format…mp4 Duration…01:44:00 Genre : Thriller, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Thet Htet Oo

7.6 2000 102 mins
American Psycho
Woods of Ash
4

Woods of Ash (2025) တောကြီးတောင်ကြီးထဲမှာ ဆီးတွေဝမ်းတွေဘာတွေသွားချင်ရင် ခွင့်တောင်းပြီးမှ သွားရတယ်.. တောခြောက်ရင် ဝင်္ကပါကြီးတစ်ခုထဲကို ရောက်သွားသလိုမျိုးပဲ လွတ်လမ်းမရှိဘူး.. သစ်ပင် ပန်းမန်တွေ သစ်ကိုင်းတွေအပေါ်မှာ ရုက္ခစိုးနတ်တွေ နေတယ် နာနာဘာဝသရဲတွေနေကြတယ်.. တောထဲတောင်ထဲတွေမှာ ပါးစပ်တွေ လက်တွေမသရမ်းရဘူး.. မဟုတ်ရင် နတ်ကိုင်လိမ့်မယ် စသဖြင့်ကြားဖူးကြလောက်မှာပါ.. ဒီရုပ်ရှင်ဟာလည်း ဒီလို ဆိုရိုးတွေ ကြားစကားတွေအပေါ်ကို မူတည်ပြီး ဖန်တီးထားတဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့် Thriller အမျိုးအစားကို ကြိုက်ကြသူတို့အဖို့ အပေါ်စီးရိုက်ချက်ကောင်းများစွာနဲ့ သဘာဝပတ်ဝန်းကျင် သစ်ပင်ပန်းမန်တွေရဲ့အလှအပတွေကိုပေါ်လွင်အောင်တင်ပြထားတာကို အရသာရှိစွာခံစားကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (1.8 GB) / (920 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:34:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Yamone

Thriller • Horror • Mystery
4 2025 93 mins
Woods of Ash
Big Picnic
5.4

Big Picnic (2024) IMDb Rating (5.4) ဒီယူကရိန်းဟာသရုပ်ရှင်ကို စစက ၂၀၂၂မှာ ပြသဖို့ ရည်ရွယ်ထားပေမဲ့ နိုင်ငံရေးအခြေအနေအရ အခုမှပဲ ပြသဖြစ်ခဲ့တယ်။ ဇာတ်လမ်းကတော့ အကျင့်ပျက်ခြစားတဲ့ ယူကရိန်း အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ တိုမက်ဟာ ငွေဘုန်းထားတာတွေပေါ်သွားလို့ အဖမ်းခံရတော့မယ့်အချိန်မှာစထားတယ်။ သူက သူ့ပုန်းခိုအိမ်ရှိတဲ့ဆီကိုထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ အဲဒီအိမ်က မြို့ပြင်က မိသားစုတွေ ပျော်ပွဲစားထွက်ကြတဲ့နားမှာရှိနေတယ်။ သူပိုင်တဲ့ရတနာတွေက အဲဒီမိသားစုတွေနားမှာ ရှိနေတာကြောင့် အဲဒီမိသားစုတွေကို ခြောက်ထုတ်ပြီး သူ့ရတနာတွေကို ယူဖို့လုပ်တာက အလွဲလွဲအချော်ချော်တွေလည်းဖြစ်လာတာမို့ အလွဲလွဲအချော်ချော်မိသားစုနဲ့ အလွဲလွဲအချော်ချော်လူဆိုးကြားက အလွဲလွဲအချော်ချော်အဖြစ်တွေကို ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.6 GB) / (1.3 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:36:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

5.4 2024 90 mins
Big Picnic