YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Moonlight.Mystique.2025.S01.E19.1080p.WEB-DL.[RMC].mp4

704.81 MB N/A video/mp4 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Praise This
7.2

Praise This IMDb 5.7 ဒီဇာတ်ကားကတော့ ခရစ်ယာန်ဓမ္မတေးအဖွဲ့တွေအကြားက ပြိုင်ပွဲအကြောင်း ရိုက်ပြထားတာပါ... ဆမ်ဆိုတဲ့ ကောင်မလေးဟာ မိခင်ဆုံးသွားကတည်းက ဖအေဖြစ်သူနဲ့နေရင်း LAမြို့မှာ ငဆိုးငပေလေးအဖြစ် ကြီးပြင်းလာခဲ့သူပါ... ဆမ်တစ်ယောက် ရုံးရောက်ဂတ်ရောက်ဖြစ်တာတဲ့အခါ LAမှာ ဆက်ထားဖို့ မသင့်တော့တာမို့ ဦးလေးလင်မယားရှိရာ အတ္တလန္တာကို ပို့လိုက်ပါတော့တယ်... ဘာသာတရားကိုင်းရှိုင်းတဲ့ ဦးလေးတို့လင်မယားမှာ ဆမ်ရဲ့ ညီမဝမ်းကွဲတော်စပ်သူ ဂျက်စ်ဆိုတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်... လူဆိုးနဲ့ လူကောင်း အတူယှဉ်တွဲနေထိုင်တဲ့အခါ တံငါနားနီး တံငါဆိုသလို ဆမ်လည်း ပြောင်းလဲလာပါတော့တယ်... ဒီဇာတ်လမ်းဟာ ဆမ်ဆိုတာထက် ဓမ္မတေးအဖွဲ့တွေအကြောင်း ချာ့ချ်တွေအကြောင်း တစ်ကျောင်း တစ်ဖွဲ့ချင်းစီရဲ့ ပုံစံလက္ခဏာ စည်းမျည်းစည်းကမ်းတွေနဲ့ အဆိုအကတွေကြောင့် ခပ်မြူးမြူးလေး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ပုဒ်ပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2.3GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:50:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Crime • Mystery
7.2 2023 111 mins
Praise This
Burn Notice: The Fall of Sam Axe
6.5

2011 ခုနစ်ကထွက်ရှိခဲ့တဲ့ စစ်ဟာသကား တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ The Last of Us မှဘဲကြီး Pedro Pascal ကလူဆိုးနေရာက ပါဝင်သရုပ်ဆောင် ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆမ်အက်ဇ်လို့ခေါ်တဲ့ SEAL ရေတပ်မှူးက မိန်းမပွေတဲ့နေရာမှာ သူမတူဘဲ အထက်အရာရှိ ရဲ့မိန်းမတစ်ယောက်နဲ့ သွားမှားမိရာကစပါတယ်။အဲ့တာနဲ့ သူ့အထက်ဗိုလ်မှူးယောကျ်ားလည်း မိရော သူ့ကို ကိုလံဘီယာဆီ စစ်ဆင်ရေးအနေနဲ့အပို့ခံလိုက်ရပါတယ်။ ကံဆိုးလို့ပွေရှုပ်ရာကနေ ချောင်အပို့ခံလိုက်ရပေမဲ့လည်း ဆမ်ရဲ့ကံအကြောင်းမတိုက် ဆိုင်မှုက ဒီမှာတင်မရပ်သေးပါဘူး။ ဖြစ်ချင်တော့ သူရောက်သွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့က ထင်သလို လူကောင်းတွေ မဟုတ်နေပြန်ဘဲ သူတို့ကယ်ထုတ်ရမဲ့ လူတွေကို ကိုယ်တိုင်ပြန်တိုက်ခိုက်ဖို့အစီ အစဉ်ဆွဲနေမှန်း သိလိုက်ရပါတယ်။ဒါတင်မကဘဲ သူ့ကိုပါလုပ်ကြံ နှုတ်ပိတ်မဲ့အကြောင်းကိုလည်းကြားရော ဆမ်ဟာ ထိုကနေထွက်ပြေးပြီး ဆေးခန်းကသူတွေရှိရာကို သတိပေးဖို့ဉီးတည်လာခဲ့ပါတယ်။ အဲ့မှာ ဆန့်ကျင်သူပုန်အဖွဲ့ဖြစ်တဲ့ အယ်စပါဒါ အယ်ဒီယန်တဲ ကလည်း သူတို့နဲ့ဝိုင်းဝန်းပြီး ကူညီခဲ့ပြန်ပါတယ်။ အပြစ်မရှိသူတွေကို ကိုယ့်ကိုယ် ကျိုးအတွက် ယုတ်မာပြီး တပ်ကူနဲ့ ဒေသဆိုင်ရာ ချုပ်ပိုင်နိုင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ဗယ်ရာခရူစ်တို့အဖွဲ့ကလည်း အခြေအနေတွေ မလွယ်ကူတော့ဘဲ အရင်ကထက် အများကြီးရှုပ်ထွေးလာရော သူတို့အကြံအစည်အောင်မြင်ရေးအတွက် ဆမ်တို့ကို ရှင်းလင်းနှုတ်ပိတ် ဖို့ မြေလှန်ရှာပါတော့တယ်။အဲ့မှာ လယ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့ ဆမ်တို့ရဲ့တပ်ဖွဲ့က လက်နက်ကိုင်တပ်မကြီးကို ဘယ်လိုခုခံ တွန်းလှန်သွားမလဲ။ ခုမှတွေ့ရတဲ့သူတွေ အတွက်ဆမ်ရဲ့ အနစ်နာခံမှုက ဘယ်လိုရှိမှာလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရူလိုက်ပါ။ နယ်စပ်ဒေသတွေ မှာဖြစ်လေ့ဖြစ်ထ ရှိတဲ့ဖြစ်ရပ်တွေကို ထင်ဟပ်ရိုက် ပြထားတာဖြစ်တဲ့အတွက် ဗဟုသုတလည်း အတော်ရမဲ့ဇာတ်လမ်းပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ ဆမ်အဖြစ် Bruce Campbell နဲ့ RonReaco Lee၊Kiele Sanchez၊ Ilza Ponkoတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…2.47GB / 1.09GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 30m Genre ..... Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

Thriller
6.5 2011 120 mins
Burn Notice: The Fall of Sam Axe
Hondisi Bareyiri
7

IMDb 7.5/10 ဇာတ်လမ်းအကျဉ်း ခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတစ်သိုက်ဟာ နှစ်တွေအကြာကြီးဝေးကွာသွားကြလို့ တစ်နေ့မှာပြန်လည်ဆုံတွေ့ချိန်မှာ သူတို့အရင်ကျောင်းသားဘ၀ကို စမြုံပြန်ကြပါတော့တယ်။ စကားစပ်မိကြရင်း တစ်ယောက်အကြောင်းတစ်ယောက်ပြောကြရာမှ သူတို့တွေရဲ့ဘ၀က ကျောင်းသားဘ၀လိုမပျော်တော့ပဲ အိမ်ထောင်ရေးတွေ အချစ်ရေးတွေ အလုပ်အကိုင်တွေ အဆင်မပြေမှုများစွာ ကိုယ်စီကြုံတွေ့ခဲ့ကြပါတယ်။ တစ်ယောက်ချင်းစီမှာ အဆင်မပြေမှုတွေရှိလာကြတဲ့အခါ သူတို့တွေအရင်လို ခင်မင်ကြဦးမှာလား၊ ပြဿနာတွေကို ကျောင်းသားဘ၀လိုမဟုတ်ဘဲ ရင့်ကျက်တဲ့လူကြီးတစ်ယောက်အနေနဲ့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို သူ့တို့ရဲ့ ကျောင်းတုန်းက‌ပျော်စရာတွေကို နောက်ကြောင်းပြန်ရင်း လက်ရှိအနေအထားနဲ့ယှဉ်ပြရင်း ဇာတ်လမ်းကိုတင်ဆက်ထားပါတယ်။ Rating ကောင်းပြီးမြင်နေကျဇာတ်လမ်း ဇာတ်အိမ်ဆိုပေမယ့် ရိုးအီမသွားဘဲ နာမည်ကြီးကန်နဒါသရုပ်‌ဆောင်အချောအလှတွေနဲ့အတူ ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားရင်း ပင်ပန်းပြီး ရင့်ကျက်တဲ့လူကြီးဆိုတာကိုခဏ‌မေ့ပြီး ကျောင်းသားဘ၀ကိုခဏပြန်သွားကြရအောင်လား... File size…2.01GB /1GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Khin Khin~Nyein Aye ~BpL~Yunni

Horror
7 2023 133 mins
Hondisi Bareyiri
(18+) Tasty Brother
Little Ukraine
4.8

ဒီတစ်ခါတော့ ရုရှားမှာဖိနှိပ်ချုပ်ခြယ်ခံရလို့ အမေရိကန်ကို ထွက်ပြေးခဲ့ရတဲ့ ဂျူးလူမျိုးနှစ်ယောက်အကြောင်းကို တင်ဆက်လိုက်ပါတယ် သူတို့ဟာ အမေရိကန်ကိုရောက်ပြီး ချွေးထုတ်ရေချိုးခန်းလေးနဲ့ ညီအစ်ကိုနှစ်ယောက် တစ်ယောက်တဝက်စီပိုင်တဲ့ စီးပွားရေးလေးကိုအတူတူလုပ်ကိုင်ကြတာပေါ့ ဒီလိုနဲ့ သူတို့တွေဟာ ရုရှား မာဖီးယားတွေဆီမှာအကြွေးတင်တာကနေ အဲဒီအကြွေးကိုဆပ်ဖို့ခေါင်းခဲနေကြတာပေါ့ ဒါပေမဲ့ သူတို့ရဲ့ ညီတစ်ယောက်က အဲဒီအကြွေးတွေကိုဆပ်ပြီး ကူညီပေးခဲ့ရတာပေါ့ ဒီလိုနဲ့ သူတို့ရဲ့သားတွေအရွယ်ရောက်လာတဲ့ အခါမှတော့ အဲဒီတုန်းက ပတ်သက်ထားတဲ့ မာဖီးယားတွေရဲ့ အကျိုးဆက်တွေကို ခံစားရတော့တာပါပဲ အဲဒီလိုမျိုးအကျိုးဆက်တွေကို သူတို့ဘယ်လိုဖြေရှင်းကြမလဲ ဘယ်သူကရောယုံရပြီး ဘယ်သူက ကလိန်ကျတာလဲ ဒုက္ခရောက်နေတဲ့အချိန်မှာရော ကိုယ့်ဘေးမှာတကယ်ရှိပေးနိုင်တာက ဘယ်သူလဲဆိုတာကို မြင်သာအောင်ရိုက်ပြပေးတဲ့ကားကောင်းလေးတစ်ကားပါပဲ File size…(1.42GB)/(595MB)/(349MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre…Crime / Action / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
4.8 2022
Little Ukraine
Master Gardener
6.3

Master Gardener (2022) ~ IMDb – 6.3/10, Rotten Tomatoes – 70% ~ “God’s Lonely Man” ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတာလေးဖြစ်ဖို့ အ‌ကြောင်းခံလေးတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။ “God’s Lonely Man” ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။ အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက “ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ” ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 540MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 51Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.3 2022 111 mins
Master Gardener
The Recipe
6.6

Genre – Drama, Romance, Mystery IMDB – 6.6/10 အမြီး ၉ ချောင်း မြေခွေးအလန်းစားကြီး Lee Dong-Wook ရဲ့ ၂၀၁၀ ခုနှစ်တုန်းက လွမ်းဆွတ်ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေး တစ်ပုဒ် တင်ဆက်ပေးလိုက်ချင်ပါတယ်။ အတိအကျ ပြောရမယ်ဆို ပဲပိစပ်ဟင်းရည် ဒွမ်ဂျန်ဆိုတဲ့ ရိုးရာ ဟင်းတစ်ခွက်ကို အသုံးချပြီး Marketing ကောင်းကောင်းထည့်ပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း အစပိုင်းမှာ စိတ်လှုပ်ရှားဖွယ် မှတ်တမ်းရုပ်ရှင်အထာနဲ့ တဖြည်းဖြည်းချင်း ဇာတ်ကို ပံ့ပိုးထားပြီး နောက်ပိုင်းမှ လျှို့ဝှက်ချက်တွေကို ဇာတ်ထုပ်ပြန်ဖြည်တဲ့ စတိုင်မျိုးပါ။ ဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာ လူ ၁၂ ယောက်ကို သွေးအေးအေးနဲ့သတ်ဖြတ်ပြီး အာဏာပိုင်တွေလက်အောက်က နှစ်ပေါင်းကြာရှည်စွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူသတ်သမားကြီးက တောထဲတောင်ထဲက စားသောက်ဆိုင်လေးထဲ ရဲတွေလာဖမ်းတာကို အသာတကြည်နဲ့ ပြန်မခုခံပဲ အေးဆေး အဖမ်းခံခဲ့ပါတယ်။ အဲဒါနဲ့ သေဒဏ်ပေးခါနီး နောက်ဆုံးဆန္ဒကို ပြောပါဆိုတော့ ဘာပြောတယ် ထင်လဲ…”အဲဒီဆိုင်က ဒွမ်ဂျန်ဟင်းရည် သောက်ချင်တယ်” တဲ့ဗျာ။ အဲဒါနဲ့ သေခါနီးလူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒက ထူးထူးခြားခြား ဒီဒွမ်ဂျန်ကို သောက်ချင်ရအောင် ဘာတွေများ ထူးခြားနေလို့လဲဆိုပြီး သတင်းထောက်ကြီးဟာ အဖြေကိုလိုက်ရှာတဲ့အချိန် နောက်ကွယ်က လွမ်းဆွေးဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ ထူးခြားတဲ့ ဟင်းအမယ်တွေကို သိရှိလိုက်ရပါတော့တယ်…..။ သရုပ်ဆောင်တွေဆိုလည်း အများနဲ့မစိမ်းလောက်ဘူးထင်ရတဲ့ နာမည်ကြီး ဇာတ်ပို့မင်းသားကြီး Seung-ryong Ryu က သတင်း ထောက်နေရာက သရုပ်ဆောင်ထားပြီး Goblin သေမင်းတွေ အမြီး ၉ ချောင်းမြေခွေး စသဖြင့် အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အာဂျီးရှီး Lee Dong-Wook နဲ့ တည်ငြိမ်တဲ့အလှပိုင်ရှင် မင်းသမီး Lee Yo-Won တို့ ပါဝင် သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ ပဲပိစပ်ဟင်းရည်လေး သွားရည်ကျပြီး မျက်ရည်သုတ်ကြရတာပေါ့ဗျာ။ File size…1.85 GB / 871 MB Quality…WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 47m Genre ….. Drama , Mystery , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • Comedy • Romance
6.6 2010
The Recipe
Fred Claus
5.6

ဆန်တာကလေ့ာစ်ကိုတော့ အားလုံးသိကြမှာပါ…။ ခရစ်စမတ်ဆိုရင် ဒရယ်စွတ်ဖားလှည်းကြီးစီးပြီး ဝတ်စုံနီကြီးနဲ့ ကလေးတွေကို လက်ဆောင်တွေလိုက်ပေးတဲ့ ဖိုးဖိုးကြီးပေါ့…။ ဒါပေမဲ့ လူတိုင်းမသိကြတာက သူ့မှာ ဖရက်ဒ်ကလော့စ်ဆိုတဲ့ အစ်ကိုတစ်ယောက်ရှိပါတယ်…။ ဒီပုံပြင်လေးက သူ့ရဲ့ပုံပြင်လေးပါ…။ ပုံပြင်လေးကဘယ်လိုလဲဆိုတော့ လိမ္မာပြီး စိတ်ထားလှတဲ့ ဆန်တာကိုဆိုရင် ငယ်ငယ်လေးကတည်းက လူတိုင်းကချစ်ခင်ကြ ချီးကျုးကြတယ်ပေါ့…။ ဖရက်ဒ်လေးဟာ ဆန်တာရဲ့လောင်းရိပ်အောက်မှာ ရောက်နေခဲ့တာကြောင့် ဘယ်လိုပဲကြိုးစားကြိုးစား လျစ်လျူရှုခံရမှုနဲ့သာ ကြီးပြင်းခဲ့ရပါတယ်…။ ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက် သဘောထားတွေကွဲလွဲခဲ့ပြီး မခေါ်မပြောဖြစ်ခဲ့ကြပါတယ်…။ သို့ပေမဲ့ တစ်ခုသော ခရစ်စမတ်မှာ ညီအစ်ကိုနှစ်ယောက် ပြန်ညီညွှတ်ဖို့အခွင့် အလမ်းတစ်ခုပေါ်လာတော့တယ်…။ ကဲဇာတ်ကြောင်းလေးက ဘယ်လိုလေးဆက်ဖြစ်မလဲ…ညီအစ်ကိုနှစ်ယောက်တကယ်တမ်း သင့်မြတ်ကြပါ့မလားဆိုတာကို…. ဒီComedy,Family, Fantasy movieလေးထဲမှာ ကြည့်ရှုလို့ရပါပြီ…။ File size…2.08GB / 946MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 56m Genre ….. Comedy , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Horror • Drama • Crime
5.6 2007 115 mins
Fred Claus
Super 30
7.9

IMDb Rating (7.9) ကားရိုက်နည်းတဲ့ လက်ပွားမင်းသား ခေါ် မင်းသားကြီး Hrithik Roshan ရဲ့ ၂၀၁၉ ခုနှစ်ထွက် ဒရမ်မာရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ဖြစ်ပြီး အိန္ဒိယနိုင်ငံက သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပုံဖော်တင်ဆက်ထားတာပါ။ ဇာတ်လမ်းအညွှန်းမဖတ်ဘဲ ရုပ်ရှင်ကိုကြည့်တာကတော့ ပိုပြီး သင့်တော်ပါမယ်။ တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ စာမဖတ်ဘဲ ရှောင်နိုင်တာ အကောင်းဆုံးပါ။ ဇာတ်လမ်းကိုညွှန်းရမယ်ဆိုရင်ဖြင့်… နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ ‌ သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ ‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ‌ ‌ ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် ‌သူ့မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ‌ ကမ့်ဘရစ်ချ် (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက ‌သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ‌ ‌ ဒါပေမယ့် ဆင်းရဲတဲ့လူတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။ ‌ ‌ ဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့….။ ပညာရွှေအိုး လူမခိုး ဆိုတဲ့ ဆိုရိုးပဲကြားဖူးကြမှာပေါ့။ ရွှေအိုးရှိမှ ပညာရ ဆိုတဲ့ စကားပုံတော့ မတွင်ကျယ်ခဲ့ဘူး။ ပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာကြတဲ့ လူအသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ များလာတယ်။ ကျောင်းနေရင် ကျူရှင်မယူနိုင်တဲ့ ကလေးတွေမှာ လကုန်တိုင်း ကျူရှင် ဆရာ မျက်နှာမဲ့မှာကို ကြောက်လာကြရတယ်။ ကျူရှင်စရိတ်(လခ)ပေးနိုင်ဖို့ အိမ်ကနေ အတင်းတောင်းရင်း ကျူရှင်ပျက်ရာက ကျောင်းထွက်သွားရတဲ့အထိ မြင်ဖူးခဲ့ကြမယ်။ အဲ့ဒီလိုနဲ့ ဆင်းရဲလို့ ပညာရေးနဲ့ဝေးကွာခဲ့ရတဲ့ ကလေးတွေ ရှိကြတယ်။ ဒါတွေကို သူတို့မြို့မှာ အတော်ဆုံး လူဆင်းရဲဘဝက ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့….. Super 30 အိပ်မက် ဖြစ်တည်လာခဲ့ပါတော့တယ်။ ဇာတ်လမ်းက ကျောင်းဆရာနဲ့တပည့်ဇာတ်လမ်းဖြစ်ပေမယ့် စာသင်ပြပုံတွေကို ရောထွေးပြီး ရိုးအီနေအောင်မထည့်ထားဘဲ အဓိက အထွတ်အထိပ်ရောက်မှ လိုအပ်သလို ဆွဲယူပြတာတွေက တော်တော်လေးကောင်းပါတယ်။ နောက်ခံတီးလုံးတွေလည်း သစ်တယ်။ အခက်အခဲတွေ မျိုးစုံကို ရင်ဆိုင်နေရတဲ့ ဆရာတစ်ယောက်အတွက် တပည့်တွေက အတူဖြေရှင်းကြပုံတွေက အတုယူဖွယ်။ မျက်ရည်ကျလောက်တဲ့ ဘဝသရုပ်ဖော်တွေနဲ့ ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာက အာနန်းကူးမားကို မျက်စိရှေ့မြင်တွေ့ရသလို ရင်ထဲရောက်လာမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို ညီညီကိုးနဲ့ မြင့်သူ မှ တင်ဆက်ထားပါတယ်။)

7.9 2019
Super 30
Bolt
6.8

Walt Disney Animation Studio ရဲ့ ၂၀၀၈ ခုနှစ်ထွက် Animation ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင် ပါတယ် ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာ ထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကို တစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက် ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကို ကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလို မဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာ အချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်း အတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ ဘို့တ်ဟာ ရိုက်ကွင်းကနေ ထွက်ပြေးပြီး သခင်ဖြစ်သူကို ကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။ ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာ အစစ်အမှန်တွေလို့ ယုံကြည်နေပြီး အပြင်လောကကြီးထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။ နောက်ဆုံးမှာတော့ လမ်းကြားက ကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူ ကြွက်ကလေး ရိုင်နို တို့နဲ့အတူ ပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ခွေးအစစ်ပီပီသသ မဖြစ်ဖူးသူ ခွေးလေးဘို့တ်ဟာ သူသိထားတဲ့ကမ္ဘာကြီး ပြိုလဲသွားချိန်မှာတော့ အပြင်လောကရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပုံ နဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု နဲ့ ရဲစွမ်းသတ္တိတို့ရဲ့ စွမ်းအားအစစ်တွေကို ထင်ဟပ်ပြသနိုင်တဲ့ Animation ဇာတ်ကားကောင်းလေးကို CM က ပရိသတ်များ ကြည့်ရှုနိုင်ဖို တင်ဆက်ပေးလိုက်ရပါတယ် File size… 1.74 GB / 784 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Adventure, Comedy , Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6.8 2008
Bolt
Heaven Down Here
7

Heaven Down Here (2023) ==================== IMDb Rating – 7.0/10 Heaven Down Here 2023 ကို ဒါရိုက်တာ Anne Wheeler က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 7.၀ ရရှိထားပါတယ်။ ခရစ်စမတ် ဒရာမာကားလေးပါနော်။ မိသားစုတွေ ပြန်ပြီး ဆုံစည်းကြတာ ၊ ပျော် ရွှင်ကြတာ တွေကို တင်ဆက်ထားတာပါ။ အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ မိသားစုတွေ ဆုံစည်းနိုင်အောင်ကြိုး စားကြခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။ မိသားစုဝင်တွေဟာ အကြောင်း အမျိုးမျိုးကြောင့် ပြန်မတွေ့နိုင်တာ ၊ သဘောထားတွေ မတိုက်ဆိုင်ကြ တာ ဒါတွေကြောင့် ကွဲကွာနေကြတာရှိပါတယ်။ အားလုံး ကြိုးစားပြီး တော့ နားလည်မှုတွေ ပြန်ပြီးရယူကြဖို့ခရစ်စမတ်ကာလရှိနေရတာလို့ သုံးသပ်တင်ပြထားပါတယ်။ အားလုံးမယ်ရီခရစ်စမတ်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.72 GB) / (615 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thy Santa Encoder……….SWM

Drama • Music
7 2023
Heaven Down Here
Kaulayaw
5

အယ်လာနဲ့ကာရာဟာကျောင်းနေဘက်တွေဖြစ်သလို တိုက်ခန်းတစ်ခန်းမှာအတူစပ်နေထိုင်ကြတဲ့ အခန်းဖော်တွေပါ ကာရာမှာတော့ချစ်သူလည်းဖြစ် စပွန်ဆာလည်းဖြစ်တဲ့ရည်းစားရှိပါတယ် အယ်လာကတော့ ဆင်ဂယ်ဖြစ်ပြီး သူ့ရဲ့အဓိကအလုပ်မှာလူလျှော့ခံလိုက်ရတဲ့နောက် ဘ၀အတွက်အားငယ်နေတာပေါ့ ကာရာရဲ့ချစ်သူသစ္စာဖောက်မှုကြောင့် သူတို့နှစ်ယောက်ပြတ်စဲသွားပြီးနောက် ကာရာနဲ့ အယ်လာတို့ရဲ့ သူငယ်ချင်း အချစ်ကို ဖော်ပြထားတဲ့ Romance , Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(600MB)/(300MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:48:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Action • Crime • Thriller
5 2024 48 mins
Kaulayaw
The Beat Beneath My Feet
6.4

IMDB: 6.4 Rotten Tomatoes: 50% Genre: Comedy/Drama ဒီရုပ်ရှင်လေးကတော့ ၂၀၁၄ မှာထွက်ခဲ့တဲ့ ကြည့်လို့ကောင်းသော ဟာသ/ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း တွမ်ဟိဆိုတာက အနုပညာပိုးတော်တော်လေးပါပေမယ့် အတော်လေးရှက်တတ်ကြောက်တတ်တဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ပါရမီရှိပေမယ့် တကယ့်တကယ်တမ်းလူတောမတိုးရဲပါဘူး။ အဖေနဲ့အမေကလည်း ငယ်ငယ်ထဲက ကွဲသွားတာကြောင့် Broken Family တစ်ခုကနေ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ သူတို့အိမ်အောက်ကိုပြောင်းလာတဲ့ လူကလည်း လူမှုရေးနားမလည်၊ နေ့နေ့ညည သီချင်းတွေဖွင့်ပြီး သောင်းကျန်းနေတဲ့လူဖြစ်ပါတယ်။ ဒါပေမယ့် သိလိုက်ရတာက အဲဒီလူဟာ နာမည်ကြီးတီးဝိုင်းတစ်ခုက အခွန်ရှောင်လာတဲ့ ဂစ်တာသမား/အဆိုတော် မက်စ်စတုန်းဖြစ်ပါတယ်။ ဒါကိုသိသွားတဲ့ တွမ် ဟာ မက်စ်စတုန်းကိုဆရာတင်လိုက်ပါတယ်။ ဒီလိုနဲ့ ဆရာသမားနှစ်ယောက် ဘယ်လိုများရှေ့ဆက်ကြမှာလဲ။ File size… 1.7 GB / 766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

6.4 2014
The Beat Beneath My Feet
Maborosi
7.5

Maborosi (1995) ~ IMDb – 7.5/10, Rotten Tomatoes – 100% ~ Maborosi ဟာ Hirokazu Kore-eda ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်မှာ Kore-edaနဲ့ ပတ်သက်ပြီး တော်တော်လေးသိသာတာက Kore-edaဟာ သူ့ရုပ်ရှင်သက်တမ်း အစကတည်းကို အိုဇုရဲ့လွှမ်းမိုးမှု တော်တော်ကြီးခဲ့တယ်ဆိုတဲ့အချက်ပေါ့။ ဇာတ်ကတော့ ယုမိခိုဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ကို ဗဟိုပြုထားတယ်။ သူ့ဘဝနဲ့ သူဆုံးရှုံးခဲ့ရသူတွေ၊ သူ့ဘဝကို သူရှေ့ဆက်ပုံတွေကို တင်ပြထားတယ်။ ဇာတ်လမ်းသွားက တကယ်ဆို ဒီလောက်ပဲလို့ပြောလို့ရတယ်။ ဒါပေမဲ့ ဒါကို Kore-eda က ဘယ်လိုလှည့်ကွက်တွေနဲ့ တင်ပြသွားလဲဆိုတာက ဒီရုပ်ရှင်ရဲ့အသက်ပဲ။ ဒီကားနာမည်က Maboroshi no Hikari သူ့ရဲ့ အကောင်းဆုံးဘာသာပြန်ကတော့ Trick of The Light အလင်းရဲ့ပရိယာယ်တဲ့။ သူ့ဆိုလိုရင်းက တံလျှပ်တော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တော့ တံလျှပ်လို့ပဲ လှလိုက်ချင်ပါတယ်။ Kore-eda က ဒီရုပ်ရှင်ကို တင်ဆက်ရာမှာ အဲဒီအလင်းကို တော်တော်သုံးသွားတယ်။ ကားကမှိုင်းပေမဲ့ ဇာတ်ဆောင်ရဲ့ စိတ်ခံစားချက်တွေကို အလင်းရောင်ကိုသုံးပြီး ပုံဖော်ထားသလို ကားတစ်ခုလုံးရဲ့ အသက်ကလည်း အဲဒီအလင်းရဲ့ပရိယာယ်နောက်ပါသွားတဲ့ ဇာတ်ဆောင်ချစ်ရတဲ့ လူတစ်ချို့ဖြစ်ခဲ့တယ်။ ၁၉၉၅ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ စီနီမာတိုဂရပ်ဖီဆုလည်းရထားတော့ စီနီမာတိုဂရပ်ဖီကို Kore-eda က အလင်းနဲ့ရောပြီး ဒီကားကို ဘယ်လိုလှပစေခဲ့လဲလည်း မြင်ရလိမ့်မယ်။ ဇာတ်နဲ့ပတ်သက်ပြီး ပြောနိုင်တာကတော့ ဒီလောက်ပါပဲ။ ပုံမှန်ဆို Kore-eda ရုပ်ရှင်တွေမှာ ကျွန်တော်တို့ အိုဇုကို မြင်ရတဲ့ပုံက ဇာတ်အိမ်နဲ့ဇာတ်လမ်းမှာပဲ အမြင်ရများပေမဲ့ ဒီမှာတော့ အိုဇုရဲ့ Tatami Shot ကိုပဲ တော်တော်သုံးသွားတယ်။ နောက် အိုဇုရဲ့ Pillow Shot ဆိုတဲ့ တင်ဆက်ပုံကိုလည်း သုံးသွားတယ်။ Pillow Shot ကို အိုဇုကိုယ်တိုင်ကလည်း ဂျပန်ကဗျာက Pillow Word Makurakaotoba ဆိုတဲ့ဟန်ကနေ ယူသုံးထားတယ်။ ကဗျာရဲ့တစ်ထောက်နားနေရာဆိုတဲ့ သဘောပဲ။ အဲဒီနေရာမှာ သုံးတဲ့စကားလုံးတွေက ကျန်တဲ့ကဗျာတစ်ပုဒ်လုံးနဲ့ ဝေးလည်းဝေးကွာမသွားသလို တိုက်ရိုက်လည်းမဆက်စပ်နေတဲ့ ကဗျာကနေ တစ်ထောက်နားလိုက်တဲ့စကားလုံးတွေတဲ့။ ဆိုတော့ Maborosi မှာ Kore-eda ဟာ ဇာတ်လမ်းအမျိုးအစား၊ တင်ဆက်ပုံ၊ ရိုက်ပုံ အကုန်လုံး အိုဇုကို Homage အပြည့်ပေးထားခဲ့တယ်။ အိုဇုအငွေ့အသက်ကိုအမြင်ရဆုံး သူ့ရုပ်ရှင်လည်း ဖြစ်နေခဲ့တယ်။ အိုဇုရဲ့ Floating Weeds အဖွင့်က လှေရဲ့အသံကိုလည်း ဒီမှာ Kore-eda က ယူသုံးထားခဲ့တယ်။ တစ်ချက်ရှိတာက အိုဇုရုပ်ရှင်တွေမှာ ပါတတ်တဲ့ Kore-eda ရဲ့ ခုနောက်ပိုင်းရုပ်ရှင်တွေအထိ ပါတတ်တဲ့ ရေခဲတုံးကြီးရဲ့ အောက်ဘက်လို့ခေါ်မလား။ ဒါမှမဟုတ် ဇာတ်လမ်းရဲ့ မပြောသွားတဲ့ အပိုင်းတွေလို့ ခေါ်မလား။ အဲဒီဟာတွေပါတာက သူတို့ရုပ်ရှင်တွေကြည့်ရတာ ကျွန်တော့်အတွက် အရသာအရှိဆုံးအချက်တစ်ချက်ပါပဲ။ Maborosi မှာတော့ အဲဒီမပြောသွားတဲ့ဇာတ်လမ်းက သိသိသာသာကို ရှိနေပြီး မပြောသွားတာဖြစ်နေတယ်။ ဒီမှာ ကျွန်တော်ဝေဝါးသွားတာက ဘယ်ဟာက ပိုအားကောင်းလဲဆိုတာပါပဲ။ ဇာတ်လမ်းထဲ ပေါ့ပေါ့ပါးပါးနဲ့ ဒီတိုင်းရှိနေတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ ဇာတ်လမ်းထဲ သိသိသာသာနဲ့ ဇာတ်လမ်းတစ်ခုလုံးကို သက်ရောက်သွားတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ နောက်ပိုင်းမှာတော့ Kore-eda ကိုယ်တိုင်လည်း ပထမလမ်းကိုပဲ ရွေးခဲ့ပါတယ်။ သူ့ဟာနဲ့သူတော့ ကောင်းကြပေမဲ့ မဖြစ်မနေဆိုရင်တော့ ကျွန်တော်တော့ ပထမလမ်းကိုပဲ ရွေးမိပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 440MB Quality – BluRay 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 50Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.5 1995 110 mins
Maborosi
It Feeds
5.6

It Feeds (2025) IMDb Rating (5.6) / Rotten Tomatoes (84%) စင်သီယာနဲ့ဂျော်ဒန်တို့သားအမိဟာ ပရလောကကိုမြင်နိုင်စွမ်းရှိသူတွေဖြစ်ပြီး အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့်အခုချိန်မှာတော့ ကုထုံးပညာရှင်အဖြစ်အသက်မွေးနေပေမယ် သူတို့ကူညီနိုင်လောက်တဲ့ ပေါ့ပေါ့ပါးပါးကိစ္စလေးတွေကိုတော့ကူညီလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူတို့အိမ်ကို ရိုင်လီဆိုတဲ့ မိန်းကလေးတစ်ယောက် ရုတ်တရက်ရောက်လာခဲ့ပြီး သူ့ကိုကူညီဖို့ဇွတ်အတင်းတောင်းဆိုခဲ့ပေမယ့် သူ့အဖေဖြစ်သူရဲ့ဆွဲခေါ်မှုကြောင့်ပြန်ပါသွားခဲ့ပါတယ်။ ကောင်မလေးကို ပူးကပ်နေတဲ့အရာ/မကောင်းဆိုးဝါးဟာ အလွန်ကြမ်းတမ်းပြီးကြောက်စရာကောင်းတဲ့သူဆိုတာပညာပိုရင့်သန်တဲ့ စင်သီယာက မြင်လိုက်ရလို့ဆက်မလုပ်ဖို့တားပေမယ့် ပြောဆိုရခက်တဲ့ ဆယ်ကျော်သက်အရွယ်ဂျော်ဒန်ကရှေ့ဆက်တိုးရင်း သူကိုယ်တိုင်မကောင်းဆိုးဝါးရဲ့သားကောင်ဖြစ်သွားချိန်မှာတော့ စင်သီယာတစ်ယောက်အကြောက်တရားကိုဘေးချိတ်ပြီး သမီးဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ထင်မှတ်မထားပဲ ကြည့်ကောင်းနေတဲ့ ဇာတ်ကားပါပဲ။ နာမည်ကျော် ဟော်ရာကားတစ်ချို့ရဲ့အငွေ့အသက်တွေမြင်ရတာမျိုးလိုတစ်ချို့ဟာကွက်လေးတွေ ဖယ်ကြည့်မယ်ဆိုရင် သရုပ်ဆောင်ကောင်းကောင်း၊ Jump scare ကောင်းကောင်းတစ်ချို့နဲ့ဟော်ရာအရသာကောင်းကောင်းခံစားရစေမယ့် ဟော်ရာချစ်သူတွေအတွက် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (480 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:42:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.6 2025 102 mins
It Feeds