YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Monsieur.Spade.S01E02.1080p.(CM).mp4

1.04 GB N/A video/mp4 65 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Hunted
6.2

ဒီကားကတော့ မင်းသားကြီး Tommy Lee Jones နဲ့ Benecio del Toro တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားဖြစ်ပါတယ်။ ခြေရာခံကျွမ်းကျင် ဆရာကြီး Bonham(Tommy Lee Jones) ဟာ FBI နဲ့ ပေါင်းပြီး သူ့ရဲ့ အတော်ဆုံး တပည့် ဖြစ်သူ ကို လိုက်လံ ဖမ်းဆီးရမယ့် စိတ်လှုပ်ရှားစရာ Action/Thriller genre ပါ။ The Exorcist တို့ Cruising တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး William Friedkin ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားပဲ ဖြစ်တာကြောင့် ကားဟောင်းထဲကမှ အက်ရှင်ကားကောင်းကောင်းကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါ။ ရှုပ်ရှုပ်ထွေးထွေးဇာတ်လမ်း မဟုတ်ဘဲ ကြည့်ရင်းနဲ့မှ စိတ်လှုပ်ရှားရမယ့် ကားဖြစ်တာမို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ Khay Mar ပဲ ဖြစ်ပါတယ်) File size…1.74GB / 778MB Quality…Blu-Ray1080p / 720p Format…mp4 Duration….1h 34m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Khay Mar

Drama
6.2 2003 94 mins
The Hunted
The Wildflower
1

CMကနေပြီးတော့ တမူထူးခြားစွာနဲ့ နိုင်ဂျီးရီးယားရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ စာအုပ်တစ်အုပ်ကို စာအုပ်အဖုံးနဲ့ မဆုံးဖြတ်နဲ့ဆိုတဲ့အတိုင်း နိုင်ဂျီးရီးယားရုပ်ရှင်ဆိုပြီး ဒီဇာတ်ကားကိုအထင်မသေးလိုက်ဘဲ ကြည့်ရှု့သင့်ပါတယ်။ လောကမှာ ပိုက်ဆံ၊ အာဏာ၊ ပါဝါကိုအသုံးပြုပြီး မတော်မတရားပြုလုပ်နေတဲ့ လူအမြောက်အများရှိပြီး ဖိုဝါဒီကြီးစိုးမှုဟာ အခု၂၁ရာစုရောက်သည်အထိ ဖျောက်ပစ်မရနိုင်သေးတာ လက်မခံချင်လည်း လက်ခံရပါလိမ့်မယ်။ ရိုလာကဲ ဒါဘရီ ဆိုသူက Ocean Height ဆောက်လုပ်ရေးမှာ PAအနေနဲ့ အလုပ်ဝင်လုပ်မိတဲ့ ခေတ်ပညာတတ်ဘွဲ့ရတစ်ယောက်ဖြစ်ပါတယ်။ ရိုလီ့မှာ အမတစ်ယောက်ရှိပြီး ထိုအမဖြစ်သူမှာ အက်ဒါလို့ခေါ်တဲ့ သမီး၂ယောက်ရှိပါတယ်။ ရို့လီ အမရဲ့ယောင်္ကျားက ရို့လီ အမကို ရိုက်နှက် နှိပ်စက်ရင်း အသက်ဆုံးရှုံးသွားရပါတယ်။ ဒီလိုနဲ့ အက်ဒါနဲ့ ရိုလီတို့ညီအမ၂ယောက် အတူနေထိုင်ရဖို့ဖြစ်လာပါတော့တယ်။ အခုမှ ဇာတ်လမ်းက စတာပါ။ အက်ဒါရော ရိုလီရော ၂ယောက်လုံး မဒိန်းကျင့်ခံလိုက်ရပါတယ်။ ရိုလီကို မုဒိန်းကျင့်လိုက်တဲ့လူက ပိုက်ဆံ၊ အာဏာ၊ ပါဝါနဲ့ ပြည့်စုံတဲ့လူတစ်ယောက်ပါ။ ထိုသူနဲ့ရင်ဆိုင်ရတဲ့အခါ ရိုလီတို့ ထိုသူကို အနိုင်ရရှိနိုင်ပါ့မလား။ ရိုလီတို့က အဲလူရဲ့ ပထမဆုံးသားကောင်လား၊ တခြားနစ်နာသူတွေရော ရှိသေးလား၊ အဘက်ဘက်က အသာရနေတဲ့ လူတစ်ယောက်ကို ရိုလီတို့ မိန်းမသားတွေ ဘယ်လိုတိုက်ခိုက်သွားမလဲ နိုင်ရောနိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Personally အရပြောရရင်တော့ နိုင်ဂျီးရီးယားရုပ်ရှင်မို့လို့ အစက အထင်မကြီးဘဲ ဖြစ်နေတာပါ။ ဒါပေမဲ့ ထင်ထားသလိုမဟုတ်ဘဲ ဇာတ်လမ်းက ကောင်းသထက်ကောင်းလာပြီး လက်ထဲကနေ မချနိုင်တော့တဲ့အထိပါပဲ။ ရသမျိုးစုံလည်းပေးနိုင်ပြီး ဇာတ်ရှိန်ကလည်း အတက်အကျနဲ့ emotionalဆန်တဲ့အခန်းလေးတွေလည်း ပါဝင်ပါတယ်။ ဆက်ပြောရင် စာအတော်ရှည်နေမှာမို့လို့ Reviewလေးကို အဆုံးသတ်လိုက်ပြီး အပြေးလေးကြည့်ရှု့လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…(2 GB)/(1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Crime • Drama • Mystery • Thriller
1 2022
The Wildflower
Plebs: Soldiers of Rome
5.7

~ IMDb rating - 6.5/10 ~ ဒီကားကို ညွှန်းရမယ်ဆိုရင်တော့... - ရယ်ရမယ် - ရယ်ရမယ် - ရယ်ရမယ်ဆိုတဲ့ သူငယ်ချင်းသံယောဇဉ် အခြေတည်တဲ့ ရောမခေတ်နောက်ခံ စစ်ထွက်ကားလေးပေါ့။ တစ်ရံရောအခါက ရောမမှာ စစ်ပြန်သူရဲကောင်းတွေကို စားသောက်ဆိုင်တွေမှာ အခမဲ့စားသောက်ခွင့်ပေးဖို့ အမိန့်ထုတ်လိုက်ပါသတဲ့...။ ဒါကို မခံမရပ်နိုင်တဲ့ ဇာတ်လိုက်ကျော် စားသောက်ဆိုင်ပိုင်ရှင်လေးဟာ အဲဒီအမိန့်ကို ကလန်ကဆန်ပြုမိလို့ သူတို့ဆိုင်ဟာ လုံးလုံးပျက်စီးသွားပါတော့တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အမိန့်စာအကပ်ခံရတဲ့ အိုးအိမ်တွေကို စစ်ပြန်တွေဆီ ရောင်းရမယ်ဆိုတဲ့ အမိန့်ကြောင့် အိမ်ရှင်ကပါ သူ့ကို အိမ်ပေါ်ကနှင်ချလိုက်တဲ့အခါမှာတော့… သူရဲကောင်းတွေကို အပစားပေးပြီး စစ်သားတွေဟာ ရေပေါ်ဆီလိုဖြစ်နေတဲ့ ကာလမှာ စစ်ပွဲတွေအပြီးတိုင်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကာလဆီ ဦးတည်ဖို့ အမိန့်တစ်ရပ်ထုတ်ပြန်လိုက်တဲ့အခါမှာတော့ ဇာတ်လိုက်ကျော်နဲ့ သူငယ်ချင်းတစ်စုဟာ တပ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ကဲ… စစ်ပွဲတွေကော အပြီးတိုင်ရပ်နားရဲ့လား စစ်ပွဲတွေက ရပ်နားလို့ရော ရရဲ့လား..။ ဟာသကားပါနော် ဟာသကား။ ဒေါင်းလို့ကြည့်ရှုကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 26Min Genre - Adventure, Comedy, War Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action • Science Fiction • Thriller
5.7 2022 86 mins
Plebs: Soldiers of Rome
The Reader
7.4

IMDb Rating (7.6) မင်းသမီး ကိတ်ဝင်းစလက် အော်စကာဆုရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဂျာမန်စာရေးဆရာ Bernhard Schlink ရဲ့The Reader ဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ရသစုံပါတယ်... ပညာပေးဇာတ်ကားလို့ပြောလို့ရသလို အချစ်အလွမ်းဒရမ်မာလဲ အပြည့်ပါပဲ။ ဟန်နာရှမစ်(ကိတ်ဝင်းစလတ်)ဟာ စာမတတ်သူပါ.. သူဟာ နာဇီတွေရဲ့ လူသတ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဂျူးတွေကိုသတ်ဖို့ လူရွေးချယ်ပေးရတဲ့ အလုပ်ကိုလုပ်ခဲ့သူပါ... ဒါပေမယ့် သူရွေးလိုက်တဲ့လူတွေ သတ်ခံရတယ်ဆိုတာတောင် သူသိပုံမရတဲ့အထိ တုံးအတဲ့ စာမတတ်ပေမတတ်လေးပါ။ ဒါပေမယ့် စစ်ကြီးပြီးသွားတဲ့အခါ သူဟာလဲ သူမသိတဲ့ပြစ်မှုတွေအတွက် တာဝန်ရှိစွာ အစစ်ခံရပါတော့တယ်။ ဒီတော့ စာမတတ်တဲ့ဟန်နာတစ်ယောက် တရားရုံးမှာ စာနဲ့ပေနဲ့တကွ ဖြေရှင်းရတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ....။ စာမတတ်လို့ အမှားကိုအမှားမှန်းမသိ...ပြစ်မှုကိုပြစ်မှုမှန်းမသိပေမယ့် ကျူးလွန်မိရင်တော့ ပြစ်မှုကနေ ရှောင်လွှဲလို့မရဘူး...ဖြေရှင်းဖို့ဉာဏ်လဲမမီဘူးဆိုတာကို ညွှန်းချင်ကြရင် ဒီဇာတ်ကားကို တခုတ်တရညွှန်းဆိုကြပါတယ်။ ကြည့်ကြည့်ကြပါ...တကယ်ကောင်းပါတယ်။ ကိတ်ဝင်းစလတ်နဲ့မင်းသားတို့ရဲ့ အချစ်ခန်းတချို့ကတော့ မိသားစုနဲ့ကြည့်လို့မရပါဘူး။ File size…(2 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:03:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alexon

Comedy • Drama • Romance
7.4 2008 124 mins
The Reader
The Good, the Bad, the Weird
7.2

IMDb Rating (7.2) / Rotten Tomatoes (82%) ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေဖြစ်ကြတဲ့ လီဗျောင်ဟွန်း , Jung Woo-sung , Song Kang-Ho တို့ ပါဝင်ထားပြီး နာမည်ကျော်ဂန္တဝင်ရုပ်ရှင်ကားကြီး The Good,The Bad and The Ugly (1966) ကို အခြေခံရိုက်ကူးထားတာပါ။ ထူးခြားတာကတော့ သာမန်ကောင်းဘွိုင်ကားတွေလိုမဟုတ်ဘဲ ခွီနေရမယ့် Comedy အမျိုးအစားလဲ ဖြစ်ပါတယ်။ ရှုခင်းကောင်းကောင်းတွေမှာ အက်ရှင်စွန့်စားခန်းတွေနဲ့ ခွီနေရမယ့် အနောက်တိုင်းစတိုင်ကောင်းဘွိုင်အမျိုးအစား ကိုရီးယားရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာမည်နဲ့လိုက်အောင် စရိုက်စုံတဲ့ လူရှုပ် ၃ ယောက် ဂျပန်စစ်တပ် တရုတ်ဓားပြတွေကြားထဲက ရတနာမြေပုံကို လုကြမှာပါ။ 2008 ခုနှစ်ရဲ့ ဆုပေးပွဲတွေမှာလဲ အောင်ပွဲခံခဲ့တဲ့ဇာတ်ကားဖြစ်ပြီး Rating တွေလဲ ကောင်းသလို သရုပ်ဆောင်တွေလဲ အလန်းတွေမို့ BluRay 1080p Quality နဲ့ ပြန်လည်ခံစားဖို့ တင်ဆက်လိုက်ပါတယ်။ File size…(3.8 GB)/(1.5 GB) Quality….BluRay (Korean Cut) 1080p/720p Format…mp4 Duration….02:15:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WeWe

Adventure • Family
7.2 2008 130 mins
The Good, the Bad, the Weird
The Devil Conspiracy
6.4

The Devil Conspiracy (2022) ကမ္ဘာဦးအစ ဒုတိယနေ့ အာရုဏ်ဦးမှာ ဘုရားသခင်ဟာ ကောင်းကင်ဘုံနဲ့ မြေကြီးကို ဖန်ဆင်းတော်မူခဲ့ပါတယ်။ ပြီးနောက် ကြီးမြတ်တော်မူသော နတ်သားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီနတ်သားတွေဟာ ကောင်းကင်မှာ စံပယ်ကြတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲ အရေးအပါဆုံးတစ်ခုဖြစ်ခဲ့တဲ့ လူစီဖာဟာ အဲဒီနတ်သားတွေထဲက တစ်ယောက်ပေါ့။ လူစီဖာဟာ မောနင်းစတားလို့အမည်တွင်တဲ့အထိ ကောင်းမြတ်ခြင်းတွေ ပြည့်နေသလို တစ်ချိန်တည်းမှာ မာနနဲ့အတ္တကလည်းကြီးပြန်တယ်။ ဒီတော့ လူစီဖာက ဘုရားသခင်ကို ပုန်ကန်ပြီး ကိုယ်ပိုင်အာဏာဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။ တခြားနတ်သားတွေကိုလည်း စည်းရုံးခဲ့တယ်။ ဒီနောက် မိုက်ကယ်နဲ့ တိုက်ခိုက်ခဲ့တယ်။ မိုက်ကယ်နဲ့လူစီဖာဟာ ကောင်းကင်တလင်းမှာ စီးချင်းထိုးကြတယ်။ ဒီဇာတ်လမ်းက လူစီဖာ ဘုရားသခင်ကို ပုန်ကန်လို့ မိုက်ကယ်နဲ့ လူစီဖာ စစ်ခင်းကြတဲ့အချိန်က စတယ်။ မိုက်ကယ်နဲ့ လူစီတိုက်ခိုက်ကြရင်း လူစီဖာ ကောင်းကင်ဘုံက ပြုတ်ကျလာတယ်။ ကမ္ဘာပေါ် သူပြုတ်ကျသွားတဲ့ကျင်းကြီးက ငရဲထိပေါက်တယ်။ မိုက်ကယ်က လူစီဖာကို ငရဲမှာ ချုပ်နှောင်ထားခဲ့တယ်။ ဒီနောက် နတ်ပြည်ကို ပြန်သွားတယ်။ နောက်တော့ ဒီဘက်ခေတ်ရောက်လာတယ်။ ယေရှု့ခြုံထည်အပိုင်းအစလေးကို ပြပွဲလုပ်ပြီး ပြသတဲ့ပွဲတစ်ခုမှာ တမန်တော်တွေကို မယုံတဲ့ မိန်းကလေးနဲ့ ဖာသာတစ်ပါး အတူတူရှိနေကြတယ်။ လူစီဖာ့တပည့်မကောင်းဆိုးရွားတွေက အဲဒီခြုံထည်ကို လာခိုးကြတယ်။ ခရစ်တော်ရဲ့ ဒီအန်အေကနေ ခရစ်တော်ကိုပြန်မွေးဖွားလာအောင်လုပ်ပြီး လူစီဖာရဲ့အခွံအဖြစ်အသုံးချမလို့ပေါ့။ မကောင်းဆိုးရွားတွေ ယေရှု့ခြုံထည်ကို လာခိုးတာနဲ့တိုးပြီး ဖာသာကသေပြီး ကောင်မလေးက အဖမ်းခံလိုက်ရတယ်။ အဖမ်းခံရတဲ့အကြောင်းရင်းက လူစီဖာဝင်ပူးဖို့အတွက် ဖန်ပြွန်သန္ဓေသားနဲ့ ယေရှု့ကို ကိုယ်ဝန်ပြန်ဆောင်ခိုင်းဖို့ပါတဲ့။ ယေရှု့ခြုံထည်က ဒီအန်အေနဲ့ သူက ယေရှု့ဒီအန်အေကိုသုံးပြီး ဖန်ပြွန်သန္ဓေသားလိုစနစ်နဲ့ ကောင်မလေးထဲထည့်ပြီး ကောင်မလေးကို ကိုယ်ဝန်ဆောင်ခိုင်းပြီး လူစီဖာအတွက်အခွံဖန်တီးကြမှာပါ။ ဖာသာဟာ နောက်ဆုံးထွက်သက်မှာ မိုက်ကယ်ကို ဆုတောင်းလိုက်တယ်။ ဖာသာ့ကိုယ်ထဲ မိုက်ကယ်ဝင်သွားပြီး ကောင်မလေးကိုပြန်ကယ်ဖို့ လူစီဖာကိုတားဖို့ လုပ်လာတယ်။ ဒီနောက် ကောင်းကင်နဲ့ငရဲ အမှန်တရားနဲ့ဆိုးယုတ်မှု အကောင်းနဲ့အဆိုး လူစီဖာနဲ့ မိုက်ကယ်ကြားက ဒီဘက်ခေတ်တိုက်ပွဲအစစ်ကို မျက်မြင်ကိုယ်တွေ့ မြင်ရမယ့်ကားအလန်းကြီးမို့ ကြည့်ကိုကြည့်သင့်ပါတယ်။ ဘာလို့ဆို ဒီလောက်ပေါက်တီးပေါက်ရှာဇာတ်ကိုမှ ဘုရားသခင်က ဂျင်းထည့်ပြီး ထပ်ပေါက်ပေါက်ရှာရှာလုပ်ထားသေးတော့ ဒီလောက်ပေါက်တီးပေါက်ရှာဇာတ်မျိုးကို ခင်ဗျားဘဝမှာ ထပ်မြင်ရဖို့ မသေချာလို့ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Lucifer မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 51Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Sci-Fi & Fantasy
6.4 2023 111 mins
The Devil Conspiracy
Operation Finale
6.7

ဒီနှစ်ထဲမှာတော့ ဖြစ်ရပ်မှန် စစ်ကားတွေ အများကြီးထွက်တဲ့ အထဲမှာ မှ ကမ္ဘာမှာ အထင်အရှားဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ နာဇီ အရာရှိကြီး အိုက်ခ်မန်းကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ထဲဟာ ဂျူးသတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတဲ့ ဂျာမန်အရာရှိကြီးကို အစ္စရေးထောက်လှမ်းရေးတွေက ဖမ်းဆီးခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Hein Thet Naing မှ ဘာသာပြန် တင်ဆက်ပေးထားပါတယ်။ စစ်ကားကောင်း ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Thit San Khant

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
6.7 2018 124 mins
Operation Finale
Raiders of the Lost Ark
7.9

BluRay 1080p 5.1 Ch နဲ့ပြန်လည်တင်ဆက်ထားပါပြီ။ IMDb Rating (8.4/10) နဲ့  Rotten Tomatoes (95% ) ရရှိထားပါတယ်။ (Raiders of the Lost Ark ဆိုတဲ့ဒီဇာတ်လမ်းထဲမှာ နာဇီတွေ အသဲအသန်လိုက်ရှာနေတဲ့ ဒီသေတ္တာလေးဟာ သူတို့ရန်သူတော် ဂျူူ းတွေရဲ့ ဘာသာရေးပစ္စည်းပါ။ Torah နဲ့ Bible ကျမ်းစာတွေအရ ဒီသေတ္ကာလေးကို ပညတ်တော် (၁၀)ပါးကို ရေးထားတဲ့ ကျောက်တုံးနှစ်တုံး ထည့်ဖို့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်က ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဂျူူ းတွေ အီဂျစ်ကနေ မြေထဲပင်လယ်ကိုဖြတ်၊ ဘုရားသခင်(ဂျူ း အခေါ်ဂျေဟိုးဗ)ကတိပြုထားတဲ့ လွတ်မြောက်နယ်မြေ ခုဆီးရီးယားကျွန်းဆွယ်ကို သွားတဲ့လမ်းတစ်လျှောက်မှာ ဒီသေတ္တာက အခက်အခဲဟူသမျှကို ဖြေရှင်းပေးခဲ့တယ်လို့ မှတ်တမ်းရှိခဲ့ပါတယ်။ ခရစ်ယာန်တွေရော၊ ဂျုးတွေပါ ယုံကြည်ကိုးကွယ်ကြတဲ့ ဒီပစ္စည်းဟာ ဘီစီ ၅၉၇၊ ၅၈၆နှစ် ဘေဘီလိုနီးယန်းတွေ ဂျေရူဆလင်ကို ဝင်စီးချိန်မှာ ဘုရားကျောင်းမှပျောက်သွားခဲ့ပါတယ်။ ခိုးခံရတာလား၊ ဖွက်လိုက်ကြတာလား၊ ဖျက်ဆီးခံလိုက်ရလားဆိုတာ ခုထိမသိကြရသေးပါဘူး။ ပါးစပ်ရာဇဝင်တွေအရ သေတ္တာဟာ ပထမဆုံးဘုရားကျောင်းထဲက ဝင်္ကပါလှိုဏ်လမ်း တနေရာရာမှာ လှုံခြုံစွာရှိဆဲပဲလို့ဆိုပါတယ်။ ဒါပေမယ့် ခုခေတ်မှာ ထိုလှိုဏ်တွေထဲ ဝင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အကြောင်းက ခုအဲဒီနေရာဟာ မူဆလင်တွေရဲ့ နာမည်ကြီး Dome of Rock ဗလီ ဖြစ်နေလို့ပါပဲ။ နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်မှာတော့ Ark ကို အီသီယိုးပီးယား မင်းညီမင်းသားတစ်ပါးက လွတ်ရာကို ပင့်ဆောင်သွားခဲ့ပြီး မြို့ငယ်တစ်ခုက ဘုရားကျောင်းထဲမှာ ဖွက်ထားခဲ့ပါသတဲ့။ ခုထက်ထိ အဲဒီ ဘုရားကျောင်းမှာ Ark ကို ဂျူးဘုန်းတော်ကြီးတွေက စောင့်ရှောက်နေကြပါတယ်။ ပညာရှင်အဖွဲ့တွေက လေ့လာခွင့်တောင်းတော့ စောင့်တဲ့လူကလွဲရင် ဘယ်သက်ရှိကမှ Ark ကို ကြည့်ခွင့်၊ ဖွင့်ခွင့်မရှိပါဘူးတဲ့ခင်ဗျား။ ဒီဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို phothagyan ဘလော့မှကူးယူဖော်ပြပါသည်။) File size…(2 GB) and (1.3 GB) Quality…BluRay 1080p 5.1 DTS Format…mkv Duration….01:55:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Action • Comedy • Crime
7.9 1981 115 mins
Raiders of the Lost Ark
Beneath Us All

ဒီလမှာမှ ထွက်ရှိထားတဲ့ Horror, Mystery & thriller အမျိုးအစား ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို ရိုက်ကူးပြီး ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာကတော့ မင်းသား Harley Wallen (The Devil’s Left Hand)ဖြစ်ပြီး မင်းသမီး Angelina Danielle Cama (Ash and Bone), မင်းသမီး Kaiti Wallen (A Bennett Song Holiday)နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ပေးထားကြပါတယ်။ Cinematography နဲ့ အသံပိုင်းဆိုင်ရာဆုတွေအပြင် စုစုပေါင်း ဆု ၂၃ ဆုရရှိခဲ့ပြီး ဇကာတင်ဆုတွေလည်းဝင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ နယ်မြို့လေးက တောအုပ်လေးနားမှာ မိသားစုဝင်တွေအများကြီးနဲ့ အိမ်ကြီးတစ်အိမ်ရှိပါတယ်။ အဲဒီအိမ်က လင်မယားက ကလေးတွေကို ခေါ်ယူမွေးစားထားပြီး သူတို့အရွယ်ရောက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အထိ စောင့်ရှောက်ထားပေးကြတာပေါ့လေ။ အဲဒီကလေးတွေထဲ မကြာခင် ၁၈ နှစ်ပြည့်တော့မဲ့ ကောင်မလေး ဂျူလီလည်း အပါအဝင်ပေါ့။ ဟိုမရောက် ဒီမရောက်အရွယ်မို့ မွေးစားမိဘတွေနဲ့လည်း သိပ်အကြောမတည့်လှဘဲ တစ်ခုခုဆို ကလန်ကဆန်လုပ်ချင်တာမို့ မွေးစားမိဘနှစ်ပါးကလည်း သူ့ကိုမြန်မြန်ထွက်သွားစေချင်နေတာပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဂျူလီက တောအုပ်ထဲမှာ ဒဏ်ရာရနေတဲ့ လူတစ်ယောက်တွေ့ခဲ့ပါတယ်။ ပုံမှန်နဲ့မတူဘဲ ထူးခြားနေတဲ့ အဲဒီလူကို သိချင်စိတ်ပြင်းပြတဲ့ လူကြီးမဖြစ်တဖြစ် ဂျူလီတစ်ယောက် စူးစမ်းလိုစိတ်နဲ့ ဘယ်သူမှမသိအောင် ကယ်တင်ထားခဲ့ပြီးနောက်မှာတော့ ထင်မှတ်မထားတာတွေ ဖြစ်ပျက်ခဲ့ပါတော့တယ်။ ဂျူလီထူးခြားနေတာတွေကို သတိထားမိတဲ့သူက သူ့ရဲ့မွေးစားမိဘတွေမဟုတ်ဘဲ သူတို့နယ်ကို အသစ်ပြောင်းလာတဲ့ လူမူဝန်ထမ်းအမျိုးသမီး ရေဗက်ကာပါ။ အနိုင်ကျင့်ခံရတဲ့ပုံစံလိုမျိုး ဂျူလီ့ရဲ့အရိပ်အယောင်တွေကြောင့် သံသယများစွာနဲ့ ရေဗက်ကာတစ်ယောက် အဖြစ်မှန်ကို ရှာဖွေဖို့ ကြိုးစားတဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ.. ဂျူလီကယ်တင်ထားတဲ့သူကရော ဘယ်သူလဲ.. ဂျူလီကရော ဘယ်လိုတွေထူးခြားပြီး ပြောင်းလဲသွားခဲ့တာလဲ.. ရေဗက်ကာတစ်ယောက်ရော အဖြစ်မှန်ကိုရှာဖွေတွေ့ရှိသွားပြီး ဂျူလီ့ကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.1GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

0 2023
Beneath Us All
The Wedding Veil Legacy
7.3

ဒီဇာတ်ကားလေးက 2022 ခုနှစ်မှာထွက်ရှိထားပြီး rainting 7.3 ရရှိထားတဲ့ Romanceအမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းကတော့ သူငယ်ချင်းသုံးယောက်အတူတူဝယ်မိခဲ့တဲ့ ဒဏ္ဍာရီတစ်ပုဒ်ရှိတဲ့ မင်္ဂလာဇာပဝါခေါင်းဆောင်းလေးအကြောင်းပါ အဲ့ဒီခေါင်းဆောင်းလေးကိုပိုင်ဆိုင်ရတဲ့သူတိုင်းက သူတို့ဘဝလက်တွဲဖော်နဲ့ဆုံတွေ့ရပါတယ်တဲ့ ကျန်တဲ့သူငယ်ချင်းနှစ်ယောက်က ဒီဒဏ္ဍာရီကိုယုံကြည်ပြီး ဒီခေါင်းဆောင်းလေးဆောင်းပြီးချစ်တဲ့သူတွေနဲ့လက်ထပ်နိုင်ခဲ့ကြပါတယ် နောက်ဆုံးခေါင်းဆောင်းလေးကိုထရေစီဆီလက်ဆင့်ကမ်းပေးရမယ့်အလှည့်ရောက်လာပါတယ် ဒဏ္ဍာရီကိုမယုံတဲ့ထရေစီတစ်ယောက် ချစ်ရသူနဲ့တွေ့နိုင်ပါ့မလား ဒီခေါင်းဆောင်းကိုပိုင်ဆိုင်ခဲ့တဲ့ တကယ့်မူလပိုင်ရှင်အစစ်အမှန်ကရောဘယ်သူများလဲ ဒီခေါင်းဆောင်းလေးမှာတကယ်တမ်းဘယ်လိုဒဏ္ဍာရီမျိုးရှိခဲ့တာလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ သိရှိရမှာပဲဖြစ်ပါတယ်….. File size…(1.6 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucoris

Documentary
7.3 2022 84 mins
The Wedding Veil Legacy
Wrongfully Accused
6

ကျွန်တော်တို့ငယ်ငယ်တုန်းက နှစ်ခြိုက်ခဲ့ရတဲ့ အမေရိကန် ဟာသရုပ်ရှင်ပုံစံမျိုး အမှန်အကန် ရယ်ရမယ့်ခေတ်ဟောင်းကားလေးဖြစ်ပါတယ် ဒီလိုကားတွေမှာ ထုံးစံအတိုင်း အသက်ကြီးကြီး ဟာသမင်းသားပါမယ် ခေတ်စနစ် ယဥ်ကျေးမှု stereotype တွေကို သရော်တာမျိုးတွေ ပါမယ် နောက်ပြီး ဆွဲဆောင်မှုရှိတဲ့ ရွှေရောင်ဆံပင်နဲ့ မင်းသမီးတစ်ယောက်ရောပေါ့ တယောဆရာ ရိုင်ယန်က နာမည်ကျော်ပြီး လူချစ်လူခင်လည်း ပေါတဲ့ ပုဂ္ဂိုလ်ပေါ့… စပွန်ဆာသူဌေး မစ္စတာ Hibbing Goodhue တို့နဲ့လည်း ရင်းနှီးပါတယ် Hibbing ရဲ့ဇနီး လောရန်က ရိုင်ယန်ကို ခိုးစားဖို့ ခေါ်တယ် အဲဒီညမှာ မျက်လုံးတစ်လုံး၊ လက်တစ်ဖက်၊ ခြေတစ်ဖက်သာရှိတဲ့ လူတစ်ယောက်က မီလျံနာသူဌေး Hibbing ကို သတ်သွားပါလေရော ဒါပေမဲ့ ရိုင်ယန်က အကွက်ဆင်အဖမ်းခံလိုက်ရပြီး လူသတ်မှုနဲ့ သေဒဏ်ကျသွားတဲ့အခါ ထွက်ပြေးဖို့ကြိုးစားပါတော့တယ် ဒီကနေ ဇာတ်လမ်းနာမည်အတိုင်း မှားယွင်းစွာစွပ်စွဲခံလိုက်ရတဲ့ ရိုင်ယန် သူအပြစ်မရှိကြောင်း ဘယ်လိုသက်သေပြဖို့ ကြိုးစားမှာလဲ ဆိုတာကို ……. ပရိသတ်ကြီး အမောပြေစေဖို့ ဒီဟာသကားလေးမှာ ဆက်ကြည့်ပေးကြပါဦး File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre…Action, Comedy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

6 1998 87 mins
Wrongfully Accused
Wishmaster: The Prophecy Fulfilled
4

Genre – Fantasy, Horror ဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ၄ ကားမြောက်နဲ့ နောက်ဆုံးကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အရင် ၃ ကားလုံးမှာ မဖြစ်ဖူးတဲ့ တတိယမြောက်ဆုတောင်း ပြည့်တဲ့ထိ ပါဝင်တာကို မြင်ရမှာပါ။ ဒါပေမဲ့လည်း အခက်အခဲလေးတော့ ရှိနေပါတယ် ဒါကတော့ ဂျင်ဘဲကြီးဟာ ဒီကားထဲမှာ လူသားဆန်လာပြီး ကောင်မလေးကို ချစ်ကြိုက်သွားမိခဲ့တာပဲ ဖြစ်ပါတယ်။ ထားပါ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို လီဆာနဲ့ ဆမ်ဆိုတာ သိပ်ချစ်ကြတဲ့ စုံတွဲလေးပါ ဒါပေမဲ့ ဆမ်တစ်ယောက် ဆိုင်ကယ်မတော်မဆဖြစ်ပြီး အောက်ပိုင်းသေရာကနေ ဒီအတွဲလေးက အရင်တုန်းကလို ချစ်ဇောဟုန်တွေ မပြင်းထန်တော့ပဲ ဆမ်လည်း အရက်သမားဖြစ်ပြီး လီဆာတစ်ယောက်ပဲ အမှုနိုင်ဖို့ မိတ်ဆွေရှေ့နေ ဗာဒယ်နဲ့အတူ ပူးပေါင်း ကြိုးစားနေပါတယ်။ ပြဿနာတွေမှာ ဒီရှေ့နေလည်း ပါပါတယ် သူကလည်း လီဆာလေးကို အခွင့်ရရင် ရသလို စားချင်နေတဲ့ ကြောင်ဖားကြီးပါ တစ်ရက်ကျ ကြောင်ဖာကြီးလုပ်ဖို့ လက်ဆောင်ဝယ်ပေးရာကနေ ထုံးစံအတိုင်း ဂျင်ကို နိုးထစေခဲ့ပါတယ်။ ဒီလိုနဲ့ ခါတိုင်းလိုပဲ လူတွေကို ဆန္ဒတွေထုတ်ဖော် ပြဿနာတွေပေးပြီး သူ့မျိုးနွယ်ဂျင်တွေကို ကမ္ဘာပေါ်ခေါ်နိုင်မလား ချစ်မိသွားတဲ့ လူသားမလေးနဲ့ အဆင်ပြေအောင်နေမလားဆိုပြီး ဂျင်ဇိုးကြီးတစ်ယောက် ဗြာတွေများပြီး ပြဿနာတက်ရတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကိုယ်လုံးတီးတွေ အိပ်ရာပေါ်အခန်းတွေ ဇာတ်လမ်းစကတည်းက ပါဝင်နေတာကြောင့် ကြည့်ရှုတွေ သတိပြုစေလိုပါတယ်ဗျ။ ဆုတောင်းသခင်ကြီး ၄ ကားလုံးကို အကုန်တင်ဆက်ပေးလိုက်ပြီ ဖြစ်လို့ ကြည့်ရှုရင်း အပန်းပြေစေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ File size… 4.2 GB / 1.4 GB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Fantasy/ Horror / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

4 2002
Wishmaster: The Prophecy Fulfilled
Come Drink with Me

Come Drink with Me ( 1966 ) IMDb: 6.9/10 Genre: Action/Crime Come Drink with Me ခေါ် Great Drunken Heroကို one of the greatest wuxia films of all time လို့ သတ်မှတ်ထားကြတယ်။ သိုင်းကားတွေနဲ့ပတ်သက်ရင် နာမည်ကျော်တဲ့ ရှောဘရားသားကထုတ်ပြီး ကင်းဟူက ရိုက်ထားတယ်။ ကင်းဟူနဲ့ ရှောဘရားသားဟာ ဒီကားအပြီးမှာ ခွာပြဲပြီး ကင်းဟူက ဒရာဂွန်အင်းတွေ ဘာတွေဆက်ရိုက်ခဲ့တယ်။ ဒီကားအပြီးမှာ သူတို့ခွာပြဲကြတယ်ဆိုပေမဲ့လည်း ဒီကားက မညံ့ခဲ့တဲ့အပြင် ခရမ်းချဉ်းသီး အလုံးတစ်ရာရထားတယ်။ရထားတာနဲ့တန်အောင်လည်း ကောင်းပါတယ်။ ပုဂ္ဂလိကအမြင်အရဆို သူ့ရဲ့ ဒရာဂွန်အင်းတို့ဘာတို့ထက်တောင် ပိုကြိုက်တယ်။ ဘာလို့ဆို ကျွန်တော့်အနေနဲ့ အကြိုက်ဆုံးဖြစ်သိုင်းဝတ္တုဆရာ ကျင်းယုံရဲ့ ဇာတ်ကောင်တွေကို မတူညီတဲ့ပုံစံနဲ့မြင်နေရတာကို သဘောကျလို့လို့ပဲဖြေရမယ်။ ဒီကားထဲက အဓိကဇာတ်ကောင်က အမူးသမား သူတောင်းစား။ သိုင်းမတတ်သလိုလို ပေါသလို ကြောင်သလိုနေနေတဲ့ကောင်။ သူက မကောင်းတဲ့ သူ့ဆရာတူအစ်ကိုလက်ထဲ သူ့ဆရာရဲ့အမွေအနှစ်ဖြစ်တဲ့ ဝါးတုတ်ပါမသွားအောင်ကာကွယ်ရင်း ပညာလျှိုရင်း သူတောင်းစားလေးတွေနဲ့ ရောရောနှောနှော ပေါတောတောနေရင်း တောင်းစားနေတဲ့လူ။ ပြောရရင် သူ့ဆရာက‌ရှောင်လင်ကလိုလိုပြောလို့ရတော့ သူ့ဇာတ်ကောင်က ချောင်ဖုန်းနဲ့ ဟုန်ချီကုန်းကို ပေါင်းထားသလို ဇာတ်ကောင်မျိုးပဲ။ မင်းသမီးကတော့ လူဆိုးထိန်းသဘောမျိုး။ လူဆိုးတွေက သူ့ကိုကြောက်ကြတယ်။ သူ့နာမည်က ရွှေပျံလွှား။ ဇာတ်အစမှာ လူဆိုးဂိုဏ်းကမြို့တော်ဝန်ရဲ့သားကို ဖမ်းပြီး အဖမ်းခံထားရတဲ့ သူတို့ဆရာနဲ့လဲဖို့လုပ်တယ်။ မြို့တော်ဝန်ရဲ့သားကို ကယ်ဖို့ ရွှေပျံလွှားက လူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း အမူးသမား သူတောင်းစားတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားတယ်။ ဒီလိုနဲ့ ရွှေပျံလွှားနဲ့လူဆိုးဂိုဏ်ကကောင်တွေရဲ့ တိုက်ပွဲထဲကို သူတောင်းစားက ဝင်ပါလာရာကနေ ဘာတွေဆက်ဖြစ်မလဲကြည့်ရမယ့်ဇာတ်ပဲ။ Drunken Heroဆိုတဲ့နာမည်နဲ့ Remakeတွေ ဘာတွေ ပြန်ရိုက်ထားသေးတော့ မမှားရင်တော့ ဒီကားက ပထမဆုံး အရက်မူးသိုင်းသမားကားဖြစ်ချင်ဖြစ်လိမ့်မယ်။ နောက် Mask of Zorroထဲက ဓားသိုင်းချရင်း အဝတ်ချွတ်တဲ့အကွက်က ဒီကလာတာဖြစ်ဖို့ ရာနှုန်းတော်တော်များတယ်။ ဒီကားထဲက မင်းသားရဲ့ Life Stlyleက သဘောကျချင်စရာတော်တော်ကောင်းတယ်။ ဒါကြောင့်ပဲ ကျွန်တော်တော့ ကင်းဟူကားတွေထဲ Come Drink with Meကို သဘောအကျမိဆုံးပဲ။ သိုင်းကားကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကိုကြည့်ရမယ်ကားဖြစ်သလို သိုင်းကားရယ်လို့ တကူးတကမကြိုက်တောင် Come Drink with Meဟာ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ File size… 1.8 GB / 943 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Action/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

0 1966 91 mins
Come Drink with Me
Yes, Chef! Christmas
6.3

Yes, Chef! Christmas (2024) IMDb Rating (6.3) / Rotten Tomatoes (50%) ခရစ္စမတ် ဟင်းချက်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟင်းချက်တော်တဲ့ အယ်လီရှာဟာ မွေးစားအဖေနဲ့အတူနေထိုင်ပြီး ကျောင်းတစ်ကျောင်းမှာပဲ ဟင်းချက်သင်နေပါတယ်။ သူ့ရဲ့ စားဖိုမှူးဘဝဟာ အကြောင်းတစ်စုံတစ်ရာကြောင့် နိဂုံးချုပ်သွားခဲ့ပြီးကတည်းက စားသောက်ဆိုင်မီးဖိုချောင်နဲ့ အဆက်ပြတ်နေခဲ့ရာမှာ တစ်ရက်တော့ နာမည်ကြီးဟင်းချက်ပြိုင်ပွဲ Kringle-Cookoff က ပြိုင်ပွဲဝင်ခွင့်ရကြောင်း ဖိတ်စာရလာတဲ့အခါ သူကိုယ်တိုင် အံ့သြသွားရတယ်။ အစကတည်းက မလျှောက်ထားဘဲ သူ့ကို ဒီလိုနာမည်ကြီးပြိုင်ပွဲမှာ ဘယ်သူက ဝင်ပြိုင်စေချင်ခဲ့တာလဲ? ပြိုင်ပွဲအဖွဲ့အစည်းက သူနဲ့ တွဲပေးတဲ့ ဘုကလန့်နည်းပြနဲ့ ဘယ်လိုနှစ်ပါးသွားကြမှာလဲ ကြည့်ရှုခံစားလိုက်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(1.5 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:28:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Sike Tan

Horror • Thriller
6.3 2024 88 mins
Yes, Chef! Christmas
We’re All Gonna Die
6

ပရိတ်သတ်ကြီးကို ၂၀၂၄ထွက် We’re all gonna die ဆိုတဲ့ Sci-fi romance comedy ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းရဲ့နာမည်ကိုက သေခြင်းတရားနဲ့နီးစပ်နေသလိုပဲ ဇာတ်လမ်းအစဟာလည်း လူသားတွေအတွက် ဆိုးဝါးတဲ့ ကပ်ဆိုးကြီးတစ်ခုနဲ့အစပြုခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အမျိုးအမည်မသိ အရွယ်အစား မိုင် တစ်သောင်းလောက်ရှိတဲ့ ဆူးချွန်(spike)ပုံအရာဝတ္ထုကြီးတစ်ခု ရုတ်တရက်ပေါ်ပေါက်လာပြီး လူတွေအများကြီးသေဆုံးသွားပါတယ်။ ပိုဆိုးတာက ဒီလောက်ကြီးမားတဲ့အရာကြီးက တစ်နေရာထဲမှာငြိမ်ငြိမ်နေနေတာမဟုတ်ပဲ ရွေ့နေတတ်တဲ့အပြင် ရုတ်တရက်ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတာကလည်း အခြေအနေတွေကိုပိုပြီး ဆိုးဝါးအောင် လုပ်နေသလိုဖြစ်နေပါတယ်။ အစိုးရပေါင်းများစွာက ဒါကြီးကိုဖယ်ရှားဖို့ ကြိုးစားပေမဲ့လည်း အရာမထင်ခဲ့ဘဲ ကမ္ဘာကြီးကသာ ဒီဆူးချွန်ကြီးကြောင့် ပြောင်းလဲလာခဲ့ရပါတယ်။ ဇာတ်လမ်းလေးကတော့ ဒီဆူးချွန်ကြီးပေါ်လာအပြီး ၁၂ နှစ်အကြာကိုဇာတ်အိမ်တည်ထားတာပါ။ အကြွေးတွေပိနေတဲ့ ထာလီရာဆိုတဲ့ ပျားမွေးတဲ့ကောင်မလေးဟာ သူပျားတွေကိုအလုပ်ကိစ္စအတွက်ပို့ရင်း လမ်းမှာ ကိုင် ဆိုတဲ့ ကောင်ချောလေးတစ်ယောက်နဲ့ဆုံမိသွားပါတယ်။ အဲဒီအချိန်မှာပဲ ဆူးချွန်ကြီးက ရုတ်တရက်နေရာရွေ့သွားတဲ့အတွက် သူတို့နှစ်ယောက်က တစ်နေရာရာကိုအပို့ခံလိုက်ရပါတော့တယ်။ ဘဝမှာဆုံးရှုံးမှုတွေကိုယ်စီရှိပြီးသားနှစ်ယောက်က သူတို့လက်ကျန် လက်ရှိပိုင်ဆိုင်နေတဲ့အရာလေးတွေ ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါ ….. သူတို့ရဲ့ပစ္စည်းတွေကို ပြန်လည်ရှာတွေ့ဖို့ စရိုက်မတူတဲ့နှစ်ယောက်အတူတူခရီးဆက်ရပါတော့တယ် Minor spoiler လေးအနေနဲ့ကတော့ ဒီဇာတ်ကားက တခြား Sci-fi တွေလိုမျိုး ဆန်းဆန်းပြားပြားတွေထက် ဒီလိုရှောင်လွှဲလို့လည်းမရ နားလည်ဖို့လည်းခက်ခဲတဲ့ သေခြင်းတရားနဲ့ရင်ဆိုင်နေရတဲ့ လူသားတွေ ဘယ်လိုအသက်ရှင်နေကြလည်း ရုန်းကန်လှုပ်ရှားနေကြလည်းဆိုတာကို ပိုပြီးအာရုံစိုက်ပြသထားတဲ့ ကားကောင်းလေးလို့ညွှန်းဆိုပါရစေ။ ဒါရိုက်တာ Matthew Arnold နဲ့ Freddie Wong တို့ကရိုက်ကူးထားပြီး Jordan Rodrigues, Ashly Burch တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ File Size… (1.93 GB) / (1.05 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 50m Genre …..Comedy , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

Action • Fantasy • Comedy
6 2024 110 mins
We’re All Gonna Die