YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Mission.Impossible.Dead.Reckoning.Part.One.2023.1080p.AMZN.WEB-DL.DDP5.1[CM].mp4

3.83 GB N/A video/mp4 13972 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Twelve Nights
6.7

The Warlords နဲ့ Dragon တို့လို ကားကောင်းတွေမှာ ဇာတ်ညွှန်းရေးခဲ့တဲ့ စာရေးဆရာမ Aubrey Lam ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဟောင်ကောင်ရဲ့ အကျော်အမော် မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Cecilia Cheung နဲ့ သူ့ခင်ပွန်းဟောင်း လက်ရှိခေတ်ရဲ့ နာမည်ကျော်တစ်ယောက်ဖြစ်တဲ့၊ ကျွန်တော်တို့တော့ ဟွားဝူချွဲအဖြစ်နဲ့ စသိခဲ့ကြတဲ့ Nicholas Tse တို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်း အချစ်တို့ရဲ့ ၁၂ညတာ အကြောင်းပါပဲ။ အချစ်ရဲ့ ပြေးတော့လိုက် လိုက်တော့ပြေးခြင်းတွေ၊ အချစ်ရဲ့မရင့်ကျက်ခြင်းတွေ၊ ဘဝရဲ့လှည့်စားခြင်းတွေကို ၁၂ညတာအချိန်အတွင်း ဘောင်သွင်းပြသွားတဲ့ ဟောင်ကောင်ရိုမန့်ကားတစ်ကားဆိုလည်း မမှားပါဘူး။ အလှတရားနဲ့ ညှို့ကွင်းထောင်နေတဲ့ ယန်တစ်ခုလို Cecilia Cheung နဲ့တင် ဒီဇာတ်လမ်းကို ကြည့်သင့်နေပြီ ပြောရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 770MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 32Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.7 2000 92 mins
Twelve Nights
The Princess
6.9

The Conjuring , Kissing Booth တို့နဲ့ လူတော်တော်များများသိလာကြတဲ့ မင်းသမီး Joey King ရဲ့ အလန်းစားကားတစ်ကားထွက်လာပြန်ပါပြီ ဇာတ်လမ်းအကျဥ်း လှပပြီး စိတ်ဓာတ် ခံယူချက်ပြင်းထန်တဲ့ မင်းသမီး ‌ချော‌လေးကို လာရောက်တောင်းရမ်း စေ့စပ်ထားတဲ့သူကို လက်မထပ်ချင်လို့ မင်းသမီးကငြင်းလိုက်တဲ့နောက်... အငြင်းခံရတဲ့ စစ်သည်တော်က ခံပြင်းပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းကာ နန်းတော်ကို သိမ်းလိုက်တယ် ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်မှဖြစ်မယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားတော့တာပေါ့ မင်းသမီးလေးကလည်း ရဲတိုက်ထဲကနေ မိဘတွေကိုကယ်တင်ပြီး ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားမလဲဆိုတာတွေကို ကြည့်ရှုကြရမှာပါ ။ File Size__( 1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Action, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Myinn Encoded by Naing Aung Latt

Drama • War
6.9 2022 94 mins
The Princess
The Most Reluctant Convert: The Untold Story of C.S. Lewis
6.1

ဒီရုပ်ရှင်ကတော့ နာနီရာလိုမျိုး ကမ္ဘာကျော်ဝတ္ထုကြီးတွေကိုရေးခဲ့တဲ့ စာရေးဆရာကြီး CS Lewis ရဲ့ ဘဝအကြောင်းကို သူ့အမြင်တွေကနေ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ စာရေးဆရာကြီးလူးဝစ်ဟာ နာနီရာဝတ္ထုတွေနဲ့ ကျော်ကြားသလို သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်နဲ့ အလောင်းအစားလုပ်ပြီး သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေဖြစ်တဲ့ Out of the Silent Planet, Perelandra, and That Hideous Strength ဆိုတဲ့ စာအုပ်တွေကို ရေးခဲ့လို့လည်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။ ဂျေအာအာ တိုကင်းန်ကတော့ သိပ္ပံစိတ်ကူးယဉ်စာအုပ်ပြိုင်ရေးဖို့ အလောင်းအစားလုပ်ခဲ့ပေမဲ့ ရေးဖို့ကြိုးစားရင်းကြိုးစားရင်း The Lord of the Rings စာအုပ်တွေ ထွက်ပေါ်လာပြီး ပိုအောင်မြင်သွားခဲ့ပေမဲ့ အလောင်းအစားမှာတော့ရှုံးခဲ့တယ်လို့ပဲပြောရမှာပါပဲ။ ဆရာလူးဝစ်ဟာ အင်္ဂလန်ရဲ့ နာမည်ကျော် စာရေးဆရာကြီးဖြစ်ခဲ့သလို ငယ်စဉ်က အောက်စ်ဖို့မှာ စာပေလေ့လာခဲ့စဉ်မှာ ဘာသာမဲ့အဖြစ်လည်း အခိုင်အမာကျော်ကြားပါတယ်။ သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်ကတော့ ခရစ္စယာန်ဘာသာကို ယုံကြည်တဲ့သူပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူ့ရဲ့ငယ်ဘဝကနေ ဘုရားကို မယုံကြည်ခဲ့ပုံတွေဘာလို့ မယုံခဲ့ရလဲဆိုတဲ့အယူအဆတွေနဲ့ စာပေပညာရှင်ဘဝတစ်လျှောက် ငြင်းခုန်ခဲ့ပုံတွေနဲ့ နောက်ဆုံးမှာ ခရစ်တော်ကို ယုံကြည်လာပုံတွေအထိ လေးလေးနက်နက်ရိုက်ကူးပြသထားခဲ့ပါတယ်။ ဇာတ်လမ်းနာမည်ကတော့ ဘုရားကိုယုံကြည်ဖို့အတွန့်ဆုတ်ဆုံး ယုံကြည်သူဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဘာသာတရားနဲ့ ဆက်စပ်တဲ့ အတွေးအခေါ်တွေကို စာပေပညာရှင်ကြီးတွေ ဆွေးနွေးတွေးခေါ်ခဲ့ကြပုံလေးတွေကို အရသာခံကြည့်ချင်ရင်တော့ သင့်တော်ပါတယ်။ စာကြမ်းပိုးတွေ၊ အတွေးအခေါ်သမားတွေအတွက် ရုပ်ရှင်တစ်ကားပါပဲ။ နောက်ပြီးတော့ ဂျေအာအာ တိုကင်းန်အကြောင်းကြည့်ချင်ရင်လည်း ၂၀၁၉ ထွက် ရုပ်ရှင် Tolkien (2019)ကို ချန်နယ်မြန်မာမှာ တင်ပေးထားပါသေးတယ်။ File size…(1.02GB)/(534MB)/(282MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:13:00 Genre...Biography /Drama /History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr.Anderson

Comedy • Drama • Mystery • Romance
6.1 2021 87 mins
The Most Reluctant Convert: The Untold Story of C.S. Lewis
They Look Like People
6.3

“They Look Like People” ကတော့ 2015 က ထွက်ရှိထားတဲ့ စိတ္တဇ horror ဇာတ်ကားလေးပါ။ Wyatt လို့ ခေါ်တဲ့ ဇာတ်ကောင်က စိတ္တဇရောဂါဖြစ်နေပါတယ်။ သူ့အနားမှာ ရှိတဲ့လူတွေက လူမဟုတ်တော့ဘဲ မကောင်းဆိုးဝါးဖြစ်သွားကြပြီလား တွေးရင်း ကြောက်လန့်နေရသူပါ။ တစ်နေ့မှာတော့ သူ့သူငယ်ချင်းကပါ မကောင်းဆိုးဝါးဖြစ်သွားမလား အတွေးနဲ့ သူငယ်ချင်းရှိရာ မြို့ကို အရောက်လာခဲ့ပါတယ်။ သူစဥ်းစားတာကတော့ သူငယ်ချင်းကို သူကယ်မယ်ပေါ့၊ သူ့ရည်ရွယ်ချက်နဲ့ လက်တွေ့မှာ တကယ်ဖြစ်နေတာတွေက ထပ်တူကျမနေခဲ့ပါဘူး။ Wyatt ရဲ့ စိတ်ကျန်းမာရေး ယိုယွင်းလာတာနဲ့အမျှ သူနဲ့ သူရဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ ဆက်ဆံရေးက ပျက်စီးလာပြီး ဒီဟာကို Wyatt အနေနဲ့ ပြုပြင်ဖို့ သတ္တိမွေးပြီး ကြိုးစားမလား၊ ဒါမှမဟုတ် အရှုံးပေးလိုက်မလား သူဆုံးဖြတ်ရပါတော့မယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ် ) File size…802.1MB Quality…Blu-Ray 1080p Format…mp4 Duration….1h 20m Genre ..... Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin

6.3 2016 80 mins
They Look Like People
The Admiral
7

The Admiral (2015) ============== IMDb Rating – 7.0/10 ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ကျူး​ကျော်​နေတာ​ကြောင့် ပြည်ပရန်ကိုလည်း တပြိုင်တည်းရင်ဆိုင်​​နေရတယ်လို့ ​ပြောရမှာပါ။ ဒီအချိန်မှာ ပြည်တွင်း​ရေးကို ဝန်ကြီးချုပ် ယိုဟန်ဒီဗစ်က ထိန်းကာ ပြည်ပရန်ကို​တော့ ​ရေ​ကြောင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူး ​နိုင်ခဲ့ဖူးတဲ့ မီခယ်ဒီရိုက်တာကို ​ရေတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး ကာကွယ်ခိုင်း ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဒီရိုက်တာရဲ့ စစ်​သေနင်္ကဗျူဟာ​တွေ၊ သင်္ဘောတိုက်ပွဲအမိုက်စားကြီး​တွေ ကြည့်ရှုရမှာဖြစ်သလို တစ်ဖက် ပြည်တွင်း​ရေးမှာ ရီပတ်ဘလစ်ဝန်ကြီးချုပ်နဲ့ အောရိန့်မင်းသားတို့ရဲ့ အာဏာအားပြိုင်မှု​​တွေကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒတ်ချ် ဇာတ်ကားဆို​ပေမယ့် ဇာတ်လမ်းအသွားအလာက ခပ်သွက်သွက်နဲ့ တမျိုးကြည့်​ကောင်းပါတယ်။​ ​သင်္ဘောတိုက်ပွဲ​​တွေလည်း ခဏခဏ ဖြစ်​နေတာ​ကြောင့် ပြည်တွင်းပြည်ပ အ​ရေး၂ခုက Non-stopဇာတ် ပုံစံ ဇာတ်ရှိန်က ​တောက်​လျောက်တက်​​​နေတာပါ။ ပ​ဒေသရာဇ်​ခေတ်ပုံစံလည်း ဖြစ်ရမယ်၊ နိုင်ငံ​ရေးအားပြိုင်မှု​တွေကို စိတ်ဝင်စားတယ်။ ​ရေ​တိုက်ပွဲ​တွေကိုလည်း သ​ဘောကျတယ်ဆိုရင် ဒီဇာတ်ကားက ရထားတဲ့ rating​တွေနဲ့ သူ့အိုးနဲ့သူဆန် တန်တယ်လို့ ​ပြောနိုင်ပါတယ်။ ကြာချိန်ကလည်း ၂နာရီခွဲနီးပါးရှိပြီး ဇာတ်အိမ်က ခိုင်လို့ အကြိုက်​တွေ့တဲ့သူ​တွေ ရှိမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်)

Crime • Documentary • Drama
7 2015 128 mins
The Admiral
[18+] Y Tu Mamá También
7.7

Y Tu Mamá También (2001) ~ IMDb – 7.7/10, Rotten Tomatoes – 92% ~ (လိင်ဆက်ဆံခန်းများနှင့် ကြမ်းတမ်းသောစကားများပါဝင်သောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါ) သူငယ်ချင်းတွေကြားမှာ အမှန်တရားတွေ ဝင်လာရင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လောက်အတိုင်းအတာထိများ စည်းကျော်မိရင်ရော သူငယ်ချင်းသံယောဇဉ်တွေ ပြတ်တောက်သွားနိုင်သလဲ။ Tenoch နဲ့ ဂျုလီယိုတို့ဟာ အတွဲညီညီနဲ့ သိပ်ကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပါ။ ဒါ့အပြင် သူတို့ရဲ့ရည်းစားတွေဖြစ်တဲ့ကောင်မလေးနှစ်ယောက်ဟာလည်း အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်နေပါသေးတယ်။ ​သူတို့တွေရဲ့ရည်းစားဖြစ်သူ ကောင်မလေးနှစ်ယောက် ဥရောပတစ်ခွင်ကို ခရီးထွက်သွားလို့ ကျန်ခဲ့ရတဲ့ကောင်လေးနှစ်ယောက်ရဲ့ အထက်တန်းကျောင်းပြီးကာစ အားလပ်ရက်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းကြောင်းတစ်ခု… ဆေးခြောက်လေးသောက်လိုက်၊ ရေကူးပြိုင်လိုက်နဲ့ သာယာနေတဲ့ကောင်လေးနှစ်ယောက်ဟာ မတော်တဆ မမတစ်ယောက်နဲ့ တွေ့မိတဲ့အခါ… မမဝေဒနာကြောင့် ဖြစ်လာကြမယ့် နောက်ဆက်တွဲတွေ၊ ခိုက်ရန်ဖြစ်ပွားရခြင်းတွေကို ပေါ့ပေါ့ပါးပါး သို့မဟုတ် ခါးသီးတဲ့အမှန်တရားတွေကြောင့် အံ့သြတကြီးကြည့်ရှုနေရမှာ အသေအချာ… မမတစ်ယောက်နဲ့ Road-trip တစ်ခု။ Road-trip တစ်ခုနဲ့ မမတစ်ယောက်ကြားမှာ အဝေမတည့်ဖြစ်နေကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ကလေးဆန်မှု၊ မရင့်ကျက်မှုတွေကို ဒီဇာတ်ကားကနေတဆင့်တွေ့မြင်ရမှာဖြစ်တဲ့အတွက်ကြောင့် ဆိုးခဲ့ မိုက်ခဲ့ဖူးတဲ့အချိန်တွေရှိခဲ့ရင်လည်း သေချာပေါက် လွမ်းရမှာပါ။ သုံးလောကမှာ တစ်ခုတည်းသောဝေဒနာရှိရင် အဲဒီဝေဒနာဟာ မမပဲဆိုပေမဲ့… ဒီဇာတ်ကားထဲက မမ လူဝီဆာတစ်ယောက်ရဲ့ စိုးရိမ်မှုတွေဟာရော ဘာများဖြစ်လိမ့်မလဲ စိတ်ဝင်စားစရာပဲ။ ဒီ့အပြင် ဒီဇာတ်ကားကိုရိုက်ခဲ့တဲ့ ဒါရိုက်တာဟာ အဲဒီနှစ်ကာလတွေတုန်းက မက္ကဆီကိုဒေသရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေရဲ့ အပုပ်အပွတွေ အကြောင်းကို ခပ်ပါးပါးလှစ်ဟပြထားခဲ့သေးတယ်။ ဒီလိုလေးနက်တဲ့အကြောင်းတွေကို ပေါ့ပေါ့ပါးပါးဖြစ်နေတဲ့ဇာတ်လမ်းကြောင်းထဲ ဆီလျော်အောင်ထည့်ပြီး တင်ဆက်ပြသနိုင်တာ သိပ်လေးစားဖို့ကောင်းတယ်ဆိုရလိမ့်မယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းပြသခဲ့ချိန်တုန်းက ပြင်းထန်တဲ့ဝေဖန်မှုတွေရခဲ့ပေမယ့်လည်း Golden Globe Awards လို ဆုပေးပွဲမျိုးမှာ Best Foreign Language Film အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တာဖြစ်လောက်မယ်။ ပြီးတော့ အပိုထပ်ဆောင်းအချက်အလက်တစ်ခုအနေနဲ့ပြောရရင် ဒီဇာတ်ကားဟာကောင်လေးတွေရဲ့ အရွယ်ရောက်ကြီးပြင်းလာခြင်း အဆင့်ဆင့်ကို အပိုအလိုမရှိ ကွက်တိပုံဖော်ထားနိုင်တဲ့ဇာတ်လမ်းမျိုးတစ်ခုဖြစ်တာကြောင့် ကြည့်ရှုရမယ့်စာရင်းထဲ သေချာပေါက်ထည့်ထားသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို tadaa_j မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 960MB Quality – REMASTERED 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 46Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by tadaa_j Encoded by Y

Action • Horror • Thriller
7.7 2001
[18+] Y Tu Mamá También
The Last Subway
5.8

သဲထိတ်ရင်ဖို ဟော်ရာကြိုက်သူတွေအတွက် အဆုံးမဲ့နောက်ဆုံးရထားဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါ။ တစ်နေ့မှာ ကာတွန်းရေဆရာကောင်လေးတစ်ယောက်က ညကြီးမိုးချုပ် နောက်ဆုံးရထားကိုမဖြစ်မနေစီးပြန်အိမ်ပြန်ရပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီရထားပေါ်ကို မတူညီတဲ့အလုပ်အကိုင်တွေနဲ့ အကျင့်စရိုက်တွေရှိတဲ့ ခရီးသည်(၆)ယောက်ပါတက်လာပါတယ်။ ဒီရထားကြီးစထွက်ခွာပြီး မကြာခင်မှာပဲ ထိတ်လန့်စရာဖြစ်ရပ်နဲ့ကြုံတွေ့ခဲ့ပါတယ်။ သူတို့တွေဟာ ဒီရထားတွဲပေါ်မှာပဲ တဝဲလည်လည်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ ရထားပေါ်ကဆင်းလဲ နဂိုဘူတာ တခြားဘက်ကပြန်တက်ရင်လဲ ဒီရထားတွဲပဲဆိုတော့ ဘာတွေဖြစ်နေတာလဲ…… ဒီဒုက္ခကလွတ်မြောက်ချင်ရင် နည်းလမ်းတစ်မျိုးပဲရှိလိမ့်မယ်….. အဲဒါကဘာများလဲ အချိန်ကြာလာတဲ့အမျှ ခရီးသည်အချင်းချင်း သံသယတွေပိုများလာပြီး မြေအောက်ရထားရဲ့လျှို့ဝှက်ချက်တွေဟာ တစ်ခုချင်းပေါ်လာပါတော့တယ်….. သွေးလွှမ်းတဲ့ဖြစ်ရပ်တွေကလဲ တဖြည်းဖြည်းစတင်လာပါတော့တယ်……

Comedy • Family
5.8 2017
The Last Subway
Kandasamys: The Baby
6

Kandasamys The Baby (2023) “ကန်ဒါဆာမီတို့ရဲ့ အရှုပ်တော်ပုံ” CM ပရိသတ်ကြီးအတွက် Netflix မှာ အသစ်ထွက်ရှိထားတဲ့ ဟာသကားတစ်ကား တင်ပေးလိုက်ပါတယ် IMDb 6 လည်းရထားတာမို့ နောင်တမရစေရပါဘူးနော် ကန်ဒါဆာမီ franchise ဆိုပြီးအရှေ့မှာလည်း “Trippin’ with Kandasamys”, “Keeping up with Kandasamys” နဲ့ “Kandasamys : The Wedding” ဆိုပြီး ထွက်ထားတဲ့နောက်မှာ အခု ကလေးလေးတစ်ယောက် ထပ်ပါလာတဲ့ ဇာတ်ကားသစ်ပါ ပရီရှန်နဲ့ ဂျိုဒီတို့ ဇနီးမောင်နှံက ကိုယ်ဝန်လစေ့ခါနီးမို့ မာရီရှက်စ်ဆိုတဲ့ နေရာလေးမှာ အေးဆေး လာနေကြရင်း ကလေးမွေးတော့မှာကို သိတဲ့ နှစ်ဖက် ကန်ဒါဆာမီ မိသားစု ဘိုးဘိုးဘွားဘွား ဦးလေး ဒေါ်ဒေါ်တို့က အုပ်လိုက်လူစုပြီး ရောက်လာကြပါတယ် တစ်ဖွဲ့လုံးမှာ တစ်ဖက်နဲ့တစ်ဖက် အစေးမကပ်တာလေးတွေ ရှိပေမယ့် မွေးတော့မယ့် မြေးမလေး (သို့) မြေးထီးလေးကို တွေ့ချင်ဇော နဲ့ ရောက်ချလာတာဖြစ်ပါတယ် စိတ်မနှံ့ပဲ ဘုပြောပြောတဲ့ အဘွားကြီးတစ်ယောက်လည်း ပါပါသေးတယ် စိတ်မနှံ့ဆိုလို့ သူသုံးတဲ့ အင်္ဂလိပ်ဗန်းစကား အသုံးအနှုန်းကတော့ ရှိတ်စပီးယားတောင် ထိုင်ငိုသွားလောက်တယ်ဗျ အဲဒီကနေ အထည်ကြီးဂွကျကျ ကန်ဒါဆာမီ မိသားစု ဘယ်လိုတွေ ပြဿနာတွေ တက်ကြမလဲဆိုတာကို အားလပ်ချိန်လေး အပန်းပြေ ကြည့်ရှုခံစားပေးကြပါဦး အိန္ဒိယကားဆိုပေမယ့် ဒီကားက အသက် ၈၀ အရွယ် အဘွားကြီးကအစ အီးလိုပဲ slang တွေ အထိ ထိုင်မှုတ်နေတာကြောင့် အီးစကေး တက်ချင်တဲ့သူတွေလည်း ပညာယူစရာရှိကြောင်းပါ (ဤကား စကားချပ်) အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL ~ V ~ KKKZ ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6 2023 93 mins
Kandasamys: The Baby
Wall Street
7.3

IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်ချင်စိတ်နဲ့ အလားအလာကိုမြင်တဲ့ ဂတ်ကိုကလည်း ငွေဖြစ်လွယ်တဲ့နည်းတွေ သင်ကြားပေးခဲ့တာပေါ့လေ။ ဒါပေမဲ့ ဂတ်ကို့ရဲ့နည်းလမ်းတွေက ဖြတ်လမ်းနည်းဆိုတဲ့အတိုင်း နောက်ဆက်တွဲဆိုးကျိုးတွေရှိလာခဲ့ချိန်မှာတော့ ဘတ်ဒ်ဖော့စ်တစ်ယောက် ကြုံတွေ့လာတဲ့ အခက်အခဲ အကျပ်အတည်းတွေကို အောင်မြင်အောင်ကျော်လွှားနိုင်ပါ့မလားဆိုတာ.. Old but Gold ကားမို့ အသေးစိတ်ညွှန်းစရာမလိုတော့ဘူးထင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာထွက်တဲ့ ဇာတ်ကားနဲ့ မတူတဲ့ရသကို ပေးစွမ်းနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စီးမျောကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2.7 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Comedy • Crime
7.3 1987
Wall Street
The Hangover
7.7

The Hangover (2009) IMDb Rating (7.7) / Rotten Tomatoes (79%) ❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို သာမန်သောက်စားပြီးပဲဖြတ်သန်းဖို့ စီစဉ်ထားကြပေမယ့် စိတ်ရောဂါရှိတဲ့ Alan ဟာ သူတို့အုပ်စုကို Wolf Pack လို့သတ်မှတ်ထားပြီး Party Drug တွေခိုးထည့်ကာ အမြဲမွှေလေ့ရှိပါတယ်..အကြောင်းအရင်းကတော့ ပိုပျော်ရအောင်၊ ပိုသောင်းကျန်းလို့ကောင်းအောင်ပေါ့..ဒါပေမယ့် အမြဲတမ်းလွဲပြီး ပြဿနာတက်ကြတာပါပဲ.. • ညဘက်မှာ လေးငါးပင်လိမ်ပြီး လုပ်ချင်တိုင်းလုပ်ထားကြ၊ မနက်ကြရင်ဘာမှမမှတ်မိပဲ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို သဲလွန်စရှာ လိုက်ရှင်းကြရတော့တာပါပဲ.. • ဒီထဲမှာတော့ သူငယ်ချင်းတွေပျော်အောင် အလိုလိုက်ပြီး လိုက်လုပ်ပေးနေပေမယ့် အမြဲပျောက်သွားလိုက်၊ ကျန်နေခဲ့လိုက်၊ ပြန်ပေးဆွဲခံလိုက်နဲ့ ခံနေရတဲ့ Doug.. • မိန်းမတွေကလေးတွေရှိပေမယ့် အမြဲတစ်ဇွတ်ထိုးလုပ်တတ်ပြီး သောင်းကျန်းဖို့မြှောက်ပေး၊ မနက်ပြဿနာတက်ရင် ရှေ့ကနေဒိုင်ခံရှင်းတဲ့ Phil.. • ပျော်ရပါးရဖို့ဆို ရှေ့ဆုံးကနေတက်ကြွနေပေမယ့် တကယ်ပြဿနာတက်လာပြီဆို သေလောက်အောင်ကြောက်တဲ့ သွားဆရာဝန် Stu.. • စိတ်ရောဂါအခံလေးသာရှိတာ တကယ်သောင်းကျန်းရပြီဆို သူပဲအမြဲစမွှေ၊ မဟုတ်ကဟုတ်ကလူတွေနဲ့လျှောက်ပက်သက်ပြီး ပြဿနာကိုမကြီးကြီးအောင်လုပ်၊ အသက်ကြီးနေပေမယ့် မိဘလုပ်စာပဲထိုင်စားနေလို့ အနှိမ်ခံရတာကနေ အဖော်မက်ပြီး လျှောက်လုပ်တတ်တဲ့ Alan.. • ဒီလိုမျိုး Characters တွေနဲ့ Trilogy ကို ဖြတ်သန်းရမှာဖြစ်ပါတယ်..ဒီထဲမှာမှ Leslie Chow ဆိုတဲ့ Ken Jeong သရုပ်ဆောင်ထားတဲ့ Iconic ဖြစ်တဲ့ ဇာတ်ကောင်ကလဲ သောက်မြင်ကပ်စရာကောင်းအောင် ပါလာဦးမယ့်အပြင် Mike Tyson ကြီးရဲ့ Cameo ကလဲ ရယ်နေရဦးမှာပါ.. • The Hangover Trilogy မှာ Iconic ဖြစ်စရာ Moments တွေ၊ တကယ်ရယ်ရတဲ့ ဟာသတွေ၊ သောက်တလွဲ Lines တွေနဲ့ လူလတ်ပိုင်းတွေဘယ်လို ဗရုတ်ကျလဲဆိုတာကို မြင်တွေ့မှာပါ..Part I နဲ့ Part II က ဇာတ်လမ်းကျောရိုးတူပြီး Part III ကတော့ Conclusion သဘောမျိုးနဲ့အဆုံးသတ်ထားပါတယ်.. • ဒီရုပ်ရှင်က တကယ်မောပန်းနွမ်းနယ်နေချိိန် Comfort ရုပ်ရှင်တစ်ခုအနေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး Movie Night မှာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ Comedy ရုပ်ရှင်တစ်ခုပါ..ဒါပေမယ့် R-Rated ဖြစ်တာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို တော်တော်ပွင့်လင်းမှရပါမယ်..နောက်ပြီး Credit ထိုးတဲ့အထိကြည့်ဖို့မမေ့ပါနဲ့လို့ပြောရင်း အကြံပြုလိုက်ရပါတယ်ခင်ဗျာ.. #cultureflix #thehangover (ရုပ်ရှင်အညွှန်းကို Culture Flix FB Page မှ ကူးယူဖော်ပြပါသည်။) The Hangover ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=the+hangover+2009 ကြည့်ပါ။

Science Fiction • Horror • Action • Drama
7.7 2009
The Hangover
Temptation Under the Sun

ဒီထရိုက်မြို့မှ စုံထောက်မလေး”ကာဆေဒီခရူးဇ်”ဟာ အာဏာရှိအကောင်ကြီးကြီးတစ်ယောက်ရဲ့အမှုကို အလွတ်မပေးဘဲ စုံစမ်းစစ်ဆေးနေတာကြောင့် သူမကိုခဏပထုတ်ချင်တာကြောင့် အားလပ်ရက်ခရီးတစ်ခုစေလွှတ်ခြင်းခံလိုက်ရပါတယ် သူမကို ကာရေဘီယာပင်လယ်နားက စိန့်လုခ်ဆိုတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို အပန်းခရီးထွက်ခိုင်းခဲ့တာပါ အဲ့ကျွန်းပေါ်မှာ ခရီးသွားဧည့်သည်တွေအတွက် လှေငှားတဲ့အလုပ်လုပ်တဲ့ “ထရာဗစ်ကင်း”ဆိုတဲ့ လူနဲ့ဆုံမိပြီး ရင်ခုန်သံတွေနိုးကြားခဲ့ပါတယ် ဒါပေမဲ့ တစ်ရက်မှာ ထရာဗစ်ရဲ့ရည်းစားဟောင်းဖြစ်တဲ့ “မင်နာဗာ”တစ်ယောက်အသတ်ခံလိုက်ရတာနဲ့ပက်သက်ပြီး အဲ့ကျွန်းရဲ့ရဲမှူးက တရားခံဟာ “ထရာဗစ်”ဖြစ်တယ်လို့ သတ်မှတ်ပြီး ဖမ်းခေါ်သွားခဲ့ပါတယ် အဲ့တော့ အမှုတစ်ခုကိုအမှန်တရားမပေါ်မချင်းလိုက်လံဖော်ထုတ်တတ်တဲ့ စုံထောက်မလေးဟာ ထရာဗစ်မှာအပြစ်မရှိကြောင်းသက်သေပြဖို့နဲ့ တရားခံအစစ်ကိုရှာဖွေဖို့အတွက်ကူညီပေးပါတော့တယ် မင်နာဗာကို သတ်တဲ့တရားခံကတကယ်ပဲ ထရာဗစ်လား ဒါမှမဟုတ် အခြားတစ်ယောက်လား……. သတ်ရတဲ့အကြောင်းပြချက်ကရော ဘာဖြစ်မလဲ…… ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.7 GB)/(888 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre… Thriller, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Drama
0 2022
Temptation Under the Sun
Masked Hearts
6.2

Masked Hearts ( 2023 ) ==================== ဒီဂျပန်ကားက ကြည့်ရတာတော့ အရမ်းသွက်ချင်မှသွက်မှာပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ရည်လာတဲ့အချိန် အရသာတော်တော်လေးပေါ်လာမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ ဒါရိုက်တာပေါက်စမလေးတစ်ယောက်ရဲ့ ရုပ်ရှင်လောကက အခက်အခဲတွေနဲ့ စထားတယ်။ သူ့ရဲ့ရုပ်ရှင်အပေါ် ရှုမြင်ပုံတွေ ဘာတွေနဲ့ စတယ်။ ဒါက စီးပွားရေးသမားတွေအတွက် အံမကိုက်တာလား သူ့ကိုအသုံးချလိုက်တာလားတော့မသိပေမဲ့ သူစဉ်းစားထားတဲ့ဇာတ်ကို သူရိုက်ခွင့်မရလိုက်ရဘူး။ ဒီလိုနဲ့ သူက အိပ်မက်တွေကို လက်လျှော့ထားတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ သူတို့နှစ်ယောက်အတူတူ ဒါရိုက်တာမရဲ့ဇာတ်လမ်းအတိုင်းပဲ ကိုယ်ထူကိုယ်ထရိုက်ဖို့လုပ်ကြတယ်။ ဒီလိုလုပ်ရင်း သူ့ဇာတ်လမ်းကို သူ့ဘာသာတောင် နားမလည်ခဲ့တဲ့အချက်တွေကို ဒါရိုက်တာမလေးက နားလည်လာတယ်။ သူ့အပြစ်တင်ချင်ခဲ့သမျှတွေက သူထင်သလိုမဟုတ်နေတာကိုလည်းး နားလည်လာတယ်။ ဇာတ်က အေးအေးလေးပေမဲ့ အဲဒီအေးအေးလေးကိုမှ စိတ်ဝင်စားစရာလည်းကောင်းသလို ကြာလေ ထိလေဖြစ်လာအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂျပန်ရုပ်ရှင်တွေထုံးစံအတိုင်း သူ့ရဲ့လေးပင်တဲ့တန်ပိုကို စိတ်ရှည်နိုင်တဲ့ သူ့ပရိသတ်တွေနဲ့ပဲ ပိုကီးကိုက်ပါလိမ့်မယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

Horror
6.2 2023 140 mins
Masked Hearts
Shoshana
6.5

ဒီ ဇာတ်ကားလေးကတော့ ဒုတိယကမ္ဘာစစ်မစတင်ခင်အချိန်နဲ့ ဒုတိယကမ္ဘာစစ်ပြီးကာလကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ၁၉၀၀ ပြည့်နှစ်တွေအတွင်း ပါလက်စတိုင်းကို စတင်အခြေချရွှေ့ပြောင်း လာခဲ့ကြတဲ့ ဂျူးလူမျိုးတွေနဲ့ ဒေသခံအာရပ်လူမျိုးတွေအကြား တင်းမာမှုတွေအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဝီလ်ကင်က ရဲတပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒေသတွင်းက အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ တာဝန်ယူထားရသူဖြစ်ပါတယ်။ တယ်အာဗိ ဒေသတွင်းမှာ ဂျူး နဲ့ အာရပ် မြေအောက်တော်လှန်ရေးအဖွဲ့ အစည်းတွေအများကြီးခြေရှုပ်နေကြပြီး အချင်းချင်းလည်း လုပ်ကြံ သတ်ဖြတ်ကြသလို အုပ်ချုပ်သူ ဗြိတိသျှတွေပါ မထင်ရင်မထင်သလို လုပ်ကြံခံနေရတဲ့အခြေအနေလည်းဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာတော့ ရှိုရှားနားလို့ခေါ်တဲ့ ဂျူးအမျိုးသမီး နဲ့ ဝီလ်ကင်ဆိုတဲ့ ဗြိတိသျှရဲအရာရှိတစ်ယောက်ရဲ့ အချစ်ရေးနဲ့ နိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ ဂျူး-အာရပ်-ဗြိတိသျှ ပဋိပက္ခတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပါ။ File size…1.80GB / 973MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 1m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Comedy
6.5 2024 121 mins
Shoshana
A Great Divide
5.7

A Great Divide ရုပ်ရှင်ဟာဆိုရင် ဟာသသရုပ်ဆောင် Ken Jeong, The Last Airbender မင်းသမီး Miya Cech တို့လိုနာမည်ကြီးသရုပ်ဆောင်များပါဝင်ပြီး Emmy Award winner director Jean Shim ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ဆုပေးပွဲများမှာလည်း Best Feature Narrative,Best Picture, Best Performances, and Audience Awards အစရှိတဲ့ ဆုပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ ဘန်ဂျမင်လီတို့ မိသားစုရဲ့ ဝါယိုမင်းမြို့ကိုပြောင်းရွှေ့လာပုံနဲ့ အစပြုထားပါတယ်။ အဲ့နောက်မှာဘန်တို့က အာရှသားတွေအနေနဲ့ အမေရိကမှာ လူမျိုးရေးခွဲခြားမှုတွေကို ကြုံတွေ့လာရပါတော့တယ်။ ဘန်ရဲ့သူငယ်ချင်း အယ်လီကလည်း ဘန်တို့ဆီ အလည်အပတ်ရောက်ရှိလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သစ်တောထိန်းအရာရှိရဲ့အကြပ်ကိုင်မှုကိုခံရပြီး ဘန်ဂျမင်တို့ မိသားစု အခက်တွေ့ပါတော့တယ်။ ဒီအခက်အခဲကနေမှ မိသားစုဝင်တစ်ယောက်ချင်းစီရဲ့ ကြုံတွေ့ခဲ့ရတဲ့ ဘဝအခက်အခဲတွေနဲ့ သူတို့ဒါတွေကို ဘယ်လိုရင်ဆိုင်ခဲ့ကြတယ်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ရသလို ခံစားရအောင် ရိုက်ကူးပြသပေးထားတာဖြစ်ပါတယ်။ မိသားစုဝင်တွေအချင်းချင်းရော တစ်ယောက်ရဲ့အတွေးကိုတစ်ယောက်နားလည်ပေးသွားနိုင်မလား…. သစ်တောထိန်းရဲ့အကြပ်ကိုင်မှုကိုရော ဘယ်လိုဖြေရှင်းသွားမလဲ… ဘန်ဂျမင်တစ်ယောက်ရော ဘဝရဲ့အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စောင့်မျှော်ကြည့်ရှူကြရမှာပဲ ဖြစ်ပါတယ်။ File size… (1.17 GB) / ( 650 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Shiki

Drama
5.7 2024 100 mins
A Great Divide