YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mission.Fan-Possible.S01E03.720p.CM.mp4

337.91 MB N/A video/mp4 36 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Joyland
7.9

~ IMDb - 7.6/10, Rotten Tomatoes - 100% ~ Joyland ဟာ Saim Sadiq လို့ခေါ်တဲ့ ပါကစ္စတန် ဒါရိုက်တာလက်သစ်တစ်‌ယောက်ရဲ့ ပွဲဦးထွက်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ ကိန်းမှာ ပွဲဦးထွက်ပြခဲ့ပြီး ဒိုင်ဆုတွေလည်းရခဲ့သလို မဆန်းပေမဲ့ မတ်တပ်ရပ်ပြီးဩဘာပေးခံခဲ့ရပါတယ်။ ဆန်းတာတော့ ကိန်းမှာ ပထမဆုံးပွဲဦးထွက်ပြတဲ့ ပါကစ္စတန်ကားဖြစ်သလို ပထမဆုံးဆုရခဲ့တဲ့ကားဆိုလည်း မမှာပါဘူး။ အကောင်းဆုံး LGBTQ+ ကားအနေနဲ့ Queer Palm ဆုကိုလည်းရခဲ့ပါတယ်။ ရုပ်ရှင်ဟာ ဖီးမနစ်နဲ့ Queer ကို အသားပေးထားတဲ့ ရုပ်ရှင်ပါပဲ။ ပါကစ္စတန်မှာ‌တော့ နိုဝင်ဘာကမှ ရုံတင်တာဖြစ်ပေမဲ့ အော်စကာမှာ ပါကစ္စတန်ကိုယ်စားပြုအဖြစ်ပြိုင်ဖို့ အရွေးခံခဲ့ရပြီး ဒီဇင်ဘာ၂၁မှာတော့ အော်စကာရဲ့အင်တာရုပ်ရှင်ဆုအတွက်ပြိုင်တဲ့ထဲ ပဏာမအဆင့်ရွေးချယ်ခံရတဲ့ ပထမဆုံး ပါကစ္စတန်ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ ဇာတ်ကတော့ မိသားစုတစ်စုထဲက ဘောင်မဝင်သလိုဖြစ်နေတဲ့ အငယ်ဆုံးသားကို ဗဟိုချက်မအဖြစ်ထားပြီး သူ့မိန်းမနဲ့ သူ့အလုပ်ရှင် Queer တို့ အခြေအနေတွေကို ပုံဖော်ပြသွားပြီး အပေါ်ကဆိုခဲ့သလို သူတို့နိုင်ငံက အမျိုးသမီးအခွင့်အရေး နဲ့ LGBTQ+ Community အပေါ် ပတ်ဝန်းကျင်အမြင်တွေကို သိသိသာသာကိုပြသွားပါတယ်။ Sadiq ပြောတာတော့ သူငယ်ငယ်ကရှင်သန်ဖူးတဲ့ပတ်ဝန်းကျင်နဲ့ မဝေးလှတဲ့နေရာက Transgender အသိုင်းအဝိုင်းကို သူသိခဲ့ရာကနေ ဒီရုပ်ရှင်အတွက် ကုန်ကြမ်းရလာတယ်လို့ဆိုပါတယ်။ သမိုင်းဝင် ရှားပါး ပါကစ္စတန်ရုပ်ရှင်ဆိုတော့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 640Mb Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 2H 6Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Mystery
7.9 2022 127 mins
Joyland
The Good Neighbor
7

The Tudors ထဲက King Henry VIII အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Jonathan Meyers ရဲ့ ကားသစ်လေးပါ။ တစ်နယ်တစ်ကျေးကို အလုပ်ကိစ္စနဲ့ရွှေ့ပြောင်းလာတဲ့ သတင်းသမား ဒေးဗစ်ဆိုသူဟာ စိတ်တူကိုယ်တူ အိမ်နီးချင်း ရောဘတ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရခဲ့ပါတယ်။ ဒီလိုနဲ့ ကြမ္မာငင်တဲ့ ညတစ်ညမှာတော့ နှစ်ယောက်သား ကလပ်တူတူသွားကြရာကနေ ပြဿနာကြီးတစ်ခုကို ဖန်တီးခဲ့မိကြပါတော့တယ်။ အဲ့ဒီပြဿနာကို နှစ်ဦးသားဖုံးကွယ်ခဲ့ကြပြီး ရက်ပေါင်းကြာလာတာနဲ့အမျှ ဒေးဗစ်ဟာ အမှန်တရားကိုသာ ဝန်ခံလာချင်ပါတယ်။ တစ်ဖက်မှာတော့ ရောဘတ်ဟာ အမှန်တရားမပေါ်ပေါက်စေချင်တာ‌ကြောင့် သူတို့ချင်း အချေအတင်တွေဖြစ်လာကြပါတယ်။ သူတို့ဖုံးကွယ်ထားကြတဲ့ ပြဿနာကြီးတစ်ခုက ဘာများလဲ? ဒေးဗစ်ကို လွှမ်းမိုးချုပ်ကိုင်ချင်ခဲ့တဲ့ ရောဘတ်က အဆုံးထိ ဘယ်လိုတွေ ဉာဏ်ဆင်သွားမလဲ? ဒေးဗစ် တစ်ယောက် အိမ်နီးချင်း အရွေးမှားခဲ့ပြီလား? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Reum ပါ။) File Size : 2GB, 813MB & 376MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 37mins Genre : Thriller Translated by Reum Encoded by Kinnov

Documentary
7 2022 97 mins
The Good Neighbor
Your World Without Me

Your World Without Me ဆိုတဲ့ဇာတ်ကားလေးကတော့ တောသားလေးနဲ့ မြို့သူမလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်တစ်နေ့မှာ မြို့သူမလေး လော့ယောင်က တောသားလေး အားပုနေတဲ့မြို့ငယ်လေးကို ခရီးထွက်ရင်ရောက်လာပါတယ် အားပုကမီးပုံပွဲတော်သွားမဲ့လမ်းတစ်‌ဝက်မှာ လော့ယောင်နဲ့တွေ့ဆုံမိပြီး မြင်မြင်ချင်းမှာပဲ ချစ်မိသွားပါတော့တယ် ချစ်မိသွားတယ်ဆိုတဲ့အတိုင်း လော့ယောင်ကိုနေရာတကာလိုက်ကာကွယ်ပြီး ကူညီတာပေါ့နော်ဒီလိုနဲ့ပဲ လော့ယောင်နဲ့အချိန်ကြာကြာတူတူရှိချင်လို့ သူတို့မြို့ငယ်လေးကိုလည်ပတ်ဖို့ လမ်းညွှန်ခရီးထွက်ကြပါတယ် ဒီလိုနဲ့ပဲ သူတို့သစ်သားအိမ်လေးမှာ မသိစိတ်က ချစ်ခြင်းမေတ္တာလေးတွေပြင်းထန်သွားပြန်ရော ခရီးထွက်လာတဲ့ဧည့်သည် လော့ယောင်လေးက သူမြို့လေးကိုပြန်ရတော့မဲ့အချိန်ကိုရောက်လာတော့ အားပုကိုနှုတ်ဆက်ပြီး ထွက်သွားခဲ့ပါတယ် နောက်ပိုင်းမှာ အားပုကို လော့ယောင်ရှိတဲ့နေရာကိုလိုက်သွားပြီး သူတို့ ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် Quality : WEB-DL 1080p Format : mp4 Genres : Drama , Romance Duration : 96 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yunn Encoded by LK

Drama • Sci-Fi & Fantasy
0 2021
Your World Without Me
Love and Monsters
7.3

IMDb Rating (7/10) / Rotten Tomatoes (92%) ဒီလန် အိုဘရိုင်ယန်ပါတယ်၊ ဂျက်ဆီကာ ဟန်းဝစ်ပါတယ်၊ ခွေးလိမ္မာလေး တစ်ကောင်ပါတယ်။ အကောင်ကြီးတွေပါတယ် ဒီလောက်ဆို ကြည့်ချင်ကြမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ကမ္ဘာကြီးကို ဝင်တိုက်မယ့် ဥက္ကာခဲကြီးတစ်ခု ပျံလာတယ်။ လူတွေက သူတို့ အတော်ဆုံး အလုပ်ကို လုပ်လိုက်ကြတယ်။ ဥက္ကာခဲကြီးကို ဒုံးကျည်ပေါင်းစုံနဲ့ ပစ်တာပေါ့။ ဥက္ကာခဲကြီးကတော့ ကွဲသွားပါတယ်။ ဒုံးကျည်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက ကမ္ဘာပေါ်ကို ကျလာပါလေရော။ လူတွေက ကံကောင်းကြပါတယ် ဓာတုအဆိပ်မသင့်ကြဘူး။ အင်းဆက်ပိုးတွေ၊ ဖားတွေ၊ ပုတ်သင်တွေကတော့ ကံမကောင်းကြရှာဘူး သန္ဓေပြောင်းပြီး ဧရာမကြီးတွေ ဖြစ်သွားတယ်။ လူတွေကို ပြန်စားကုန်ကြတယ်။ အဲဒီဧရာမအကောင်ကြီးတွေနဲ့ တိုက်ပွဲမှာလူသား ၉၅% လောက် သေသွားလေရဲ့။ နောက်ဆုံးကျန်တဲ့ သူတွေက အဖွဲ့လိုက်လေး မြေအောက်မှာ ကိုယ်စီပုန်းနေရင်း ကျူးကျော်လာတဲ့ အကောင်တွေနဲ့ တိုက်နေရတယ်။ အဲဒီထဲမှာ မင်းသားက အကောင်ကြီးတွေဆို ကြက်သေသေလောက်အောင် အသေကြောက်တဲ့ကောင်၊ ဘာလက်နက်မှလည်း မပစ်တတ်ဘူး။ သူတို့စခန်းမှာလည်းအကုန်လုံးက အတွဲတွေချည်းပဲ။ ဒီတစ်ကောင်ပဲ FA ကောင်ဖြစ်နေတာ။ ဒါပေမယ့် ဒီကောင့်မှာ အားကြီးတာ တစ်ခု ရှိတယ်။ ဖွန်ကြောင်တဲ့အားပါ။ သူနဲ့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က လူချင်းကွဲသွားတဲ့ ဆော်က အခြား စခန်းတစ်ခုမှာ အသက်ရှင်သေးတာကို သိတဲ့အခါ မြေမျက်နှာပြင်ပေါ်က ၈၅မိုင်ဝေးတဲ့ အဲဒီခရီးကို အသက်စွန့်ပီး ဖွန်သွားကြောင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အထူးပြုလုပ်ချက်တွေကောင်းတယ်၊ ဇာတ်လမ်းကောင်းတယ်၊ အက်မင်တော့ ကြိုက်ပါတယ်။ အကြိုက်တူသူတွေ ကြည့်ကြပါ။ File size…(2.3 GB) and (1.3 GB) and (1.2 GB) and (800 MB) Quality….Blu-Ray 1080p 5.1 CH & 720p (HEVC Encode) & (H.264 Encode) Format…mkv/mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo

Action • Crime • Thriller
7.3 2020 109 mins
Love and Monsters
Embarrassment Of Will
6

မိန်းမ စွန့်ပစ်တာကို ခံရပြီး ဘာမှလက်ကြောတင်းအောင် မလုပ်တတ်တဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ – ကောဖုန်း မိန်းမနဲ့ကွာရှင်းပြီးတဲ့နောက် စိတ်ပြေလက်ပျောက် အရက်ဘားမှာထိုင်နေရင်း မိန်းကလေး မော့လီနဲ့ တွေ့ဆုံခဲ့တဲ့အခါ..? အစတုန်းကတော့ ဒီတွေ့ဆုံမှုကို တိုက်ဆိုင်မှုတစ်ခုအဖြစ်ထင်ခဲ့ပေမဲ့လို့ ဒါပေမဲ့ ဒီတွေ့ဆုံမှုဟာ ထူးဆန်းတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သတ်နေခဲ့ပါတော့တယ်။ အလုပ်မှာ လုပ်ရည်ကိုင်ရည် ရှိလှတဲ့ မော့လီတစ်ယောက် နေမကောင်းဖြစ်နေတဲ့ သမီးဖြစ်သူ ဆေးဖိုးရရှိဖို့ ကြိုးစားနေရရှာပါတယ်။ အဲဒီတစ်ချိန်ထဲမှာပဲ သူမဟာ အရေးကြီးလှတဲ့ တာဝန်တစ်ခုကို လက်ခံရှိခဲ့ပါတယ်။ အဲဒီတာဝန်ကတော့ ကောဖုန်းကို ပြန်ပေးဆွဲပြီး သူပိုင်ဆိုင်တဲ့ ကျောက်စိမ်းပြားလေးလို့ ခိုးယူဖို့ပါ။ သမီးဖြစ်သူဆေးဖိုးရရှိရေးအတွက်ပဲ ရှေ့တန်းတင်ထားတဲ့ မော့လီတစ်ယောက် ကောဖုန်းကို စွန့်စားရှာဖွေဖို့ ကြိုးစားလာခဲ့ရင်း…..? ❏ ဒီကိစ္စနောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိကြောင်းသိလိုက်ရတဲ့အခါ? ❏ ကောဖုန်းနဲ့ မော့လီတို့ ဘယ်လိုရင်ဆိုင်တုန့်ပြန်ကြမလဲ? ❏ နောက်ကွယ်က ကြိုးကိုင်ခိုင်းစေနေသူကတော့ဘယ်သူဖြစ်နေမှာလဲ? ❏ နောက်ကွယ်က အမှန်တရားကိုရော သူတို့ ရှာဖွေနိုင်ပါ့မလား ? ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့အပြင် အလွဲလေးတွေ အခွီလေးတွေပါ ပါတာမို့ တကယ်ကို ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးတစ်ကားပါပဲ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော်

Crime • Drama • History • Thriller
6 2022
Embarrassment Of Will
Riceboy Sleeps
7.6

Riceboy Sleeps (2022) IMDb – 7.6/10, Rotten Tomatoes – 95% ~ 90 ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး သားငယ်အတွက် ပိုကောင်းတဲ့ဘဝကိုရည်ရွယ်လို့ ကိုရီးယားကိုစွန့်ကာ ကနေဒါကိုလာခဲ့တဲ့ အာဃ မုဆိုးမလေး ဆိုယွန်းနဲ့ သားလေး ဒုံဟျွန်းတို့ ၂ယောက်အကြောင်းကို ကိုယ်ပိုင်မှတ်ဉာဏ်တွေလိုမျိုး ညှင်ညှင်သာသာလေး ဆွဲခေါ်ပြသွားမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုတို့ ခွဲခြားဆက်ဆံမှုတို့လို အသုံးအနှုန်းတွေကို ရေရေလည်လည် သုံးတတ်ကြသူတချို့ဟာ ကိုယ်တိုင်က အဲ့ဒီ့လို ပြန်အထောက်ခံရတဲ့အခါ ဆတ်ဆက်ထိမခံဖြစ်တတ်ကြတဲ့သဘာဝကိုလည်း မြင်ရမှာပါ။ နိုင်ငံကြီးသားဆိုတာ နိုင်ငံက “ကြီး” နေတာကို ပြောတာမဟုတ်ဘဲ လူက ကြီးမြတ်တာကို ပြောတာဆိုသလိုပါပဲ “နိုင်ငံကြီး”မှာနေသလောက် “နိုင်ငံကြီးသား” မဟုတ်တဲ့ သူတွေနဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရမယ့် အရှေ့တိုင်းသား သားအမိရဲ့ နိစ္စဓူဝဒုက္ခအဖုံဖုံ…။ အက်ရှင်ကားတို့ ဒရမ်မာ အပြင်းစားတို့ မဟုတ်ပေမယ့်လည်း ကြည့်သူကို ထပ်တူကျလိုက်ခံစားမိစေမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ ကိုယ်တိုင်လည်း အရှေ့တိုင်းသားဖြစ်တဲ့အလျောက် ဒီထဲက ဆိုယွန်းဟာ ကိုယ့်အမေ မဟုတ်၊ ကိုယ်အမေနဲ့ တစ်စက်မှ မတူသည့်တိုင် အမေ့ကို ပြန်သတိရစေမယ့် ခံစားမှုမျိုးကို ပေးနိုင်တဲ့ သိပ်လှတဲ့ ရုပ်ရှင်တစ်ခုပါ။ ရုပ်ရှင်သမားတွေအတွက်ပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ တစ်ကားထဲမှာတင် Aspect Ratio ၂ခု သုံးသွားတယ်ဆိုတာလေးပါ။ ဘယ်နေရာမှာ ဘယ်လိုပြောင်းသွားပြီး ဘာကြောင့်များ ပြောင်းသုံးသလဲဆိုတာ လေ့လာချင်တယ်ဆိုရင်တော့ ဒေါင်းကြည့်လိုက်ရုံပါပဲ။ ရုပ်ရှင်ဖန်တီးသူ Anthony Shim ဟာ သူ့ငယ်ဘဝရဲ့ တမ်းတစရာတချို့တွေကို ဒီရုပ်ရှင်မှာ ဖော်ပြသွားတာ ရင်နှင့်အမျှပါပဲ။ နောက်ပြီး TIFF တို့ Busan တို့လို ပွဲကြီးတွေရဲ့ ဆုတွေအပါအဝင် ဆုပေါင်း ၂၃ ဆုရရှိထားပါသေးတယ်…။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 935MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 57Min Genre – Drama, Family, History Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Thriller • Horror
7.6 2022
Riceboy Sleeps
A Haunting in Venice
6.8

( စုံထောက်ကြီး ဟာကျူလီ ပွာရိုး နဲ့ ဝိညာဉ်လူသတ်သမား ) ဒီရုပ်ရှင်ကတော့ အဝေးပြေးရထားလူသတ်မှု၊ နိုင်းမြစ်လူသတ်မှု ရုပ်ရှင်တွေအပြီးမှာ ထပ်မံထွက်ရှိလာတဲ့ စုံထောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်တွေလိုပဲ ကောင်းပါတယ်။ အပြင်လူမလာနိုင်တဲ့ ပိတ်မိနေတဲ့နေရာတစ်ခုမှာ သံသယရှိသူတွေကို တစ်ယောက်ချင်း စုံစမ်းရပြီး အဖြေရတာမျိုးပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ စုံထောက်ကြီး ပွာရိုးဟာ စုံထောက်အလုပ်ကနေအငြိမ်းစားယူပြီး ဗင်းနစ်မှာ အနားယူနေပါပြီ။ သူ့ဆီကို အမှုလာအပ်တဲ့သူတွေနဲ့အတွေ့မခံချင်လို့ သက်တော်စောင့်တစ်ယောက်တောင် ငှားထားရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ မိတ်ဆွေဟောင်း နာမည်ကျော် စာရေးဆရာမ ရောက်လာပြီး အကူအညီတစ်ခု တောင်းလာပါတော့။ အဲဒါကတော့ နာမည်ကျော် ဝိညာဉ်ဟောဆရာမ (မီရှဲယို) တစ်ယောက်ရဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက ဝိညာဉ်ခေါ်ပွဲကို တက်ပေးဖို့ပါပဲ။ အဲဒီဝိညာဉ်ဟောဆရာမ လုပ်ပြနေတာတွေကို စာရေးဆရာမက ဘယ်လိုမှ လိမ်နေကြောင်းသက်သေမပြနိုင်တာမို့ စုံထောက်ကြီးက ဖော်ထုတ်ပေးဖို့ လာအကူအညီ တောင်းတာပါ။ ဒါပေမဲ့ စုံထောက်ကြီးကိုယ်တိုင် သရဲခြောက်တဲ့အိမ်ကြီးထဲမှာ ပိတ်မိနေပြီး လူသတ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဖြစ်လာသမျှလူသတ်မှုတွေရဲ့ သက်သေတွေကရဲ့ ဝိညာဉ်၊ သရဲလက်ချက်လို့ပဲ အဖြေထွက်နေတဲ့အခါ… File size… 3.3GB/1.67GB / 652MB Quality…WEB-D 4K, 1080P 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Crime , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr. Anderson

Drama • Romance
6.8 2023 104 mins
A Haunting in Venice
[18+] Lan Kwai Fong 2

Lan Kwai Fong 2 (2012) Lan Kwai Fong ဆိုတာ ဟောင်ကောင်ရဲ့ ကလပ်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေစသဖြင့် နာမည်အကြီးဆုံး nightlife hot spots တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဝန်းကျင်တစ်လျှောက်မှာ ကျင်လည်ကျက်စားနေကြတဲ့သူတွေကလည်း လူပေါင်းစုံ အလွှာပေါင်းစုံ ဘဝပေါင်းစုံပါပဲ။ ဘီလျံနာသူဌေးကြီးတွေကနေ ညငှက်မလေးတွေအထိ နိစ္စဒူ၀ ဖြတ်သန်းနေတဲ့နေရာတစ်ခုမှာ ဇာတ်လမ်းတွေပေါင်းစုံရှိကြမှာလည်းအမှန်ပါပဲ။ Lan Kwai Fone Triology ဟာ အဲ့ဒီဘဝတွေအပေါ်မှာပဲအခြေခံပါတယ်။ ဇာတ်လမ်းနဲ့ထပ်တူကျအောင် တကယ့်ကိုငယ်ရွယ်တဲ့ သရုပ်ဆောင်တွေကိုပဲ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့နာမည်ကြီး nightlife ဒေသတစ်ခုအကြောင်းကိုဘေးက ထိုင်ကြည့်နေသလို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်၊ ဘဝစုံ အလွှာစုံရဲ့ဇာတ်လမ်းအဖုံဖုံကိုလည်း မြည်းစမ်းထိတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။ Lan Kwai Fong ဇာတ်ကား ၃ ကားရှိပြီး အားလုံးကို ဒီမှာ https://channelmyanmar.to/?s=lan+kwai+fong ကြည့်ပါ။

0 2012
[18+] Lan Kwai Fong 2
Lights Out
5.2

Lights Out (2024) Boyka မင်းသား Scott Adkins နဲ့ MCU မှာ Crossbone အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Frank Grillo တို့လိုမျိုး ဝါရင့် အက်ရှင်မင်းသား ၂ ယောက် ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ အက်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ကြိုတင်ပြီး ပြောချင်တာက ဒီဇာတ်ကားဟာ B အဆင့်ပဲ ရှိတဲ့ low budget အက်ရှင်ကားမျိုးပါ။ Budget အများကြီးသုံးထားတဲ့ A အဆင့် ရုပ်ရှင်လိုမျိုးတော့ မျှော်လင့်ပြီးမကြည့်ပါနဲ့ စိတ်ပျက်သွားပါမယ်။ ဒါပေမယ့် နာမည်ကြီးမင်းသားမင်းသမီးတွေသုံးပြီး ပေါတောနေတဲ့ ရုပ်ရှင်တွေထက်တော့ အပုံကြီးသာပါတယ်။ တချို့ အားမရစရာအပိုင်းတွေ ရှိပေမယ့် ဇာတ်လမ်းပိုင်းကတော့ မဆိုးပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဒက်ဖ်ဟာ တာဝန်ကနေ အနားယူထားတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။ သူဟာ လျှောက်ပြီးလေလွှင့်နေရင်း ကြုံတဲ့ဘားတွေမှာ လောင်းကစားလိုက်လုပ်ပြီး ခရီးစရိတ်ရှာနေခဲ့ပါတယ်။ သူ့မှာ မပြီးဆုံးသေးတဲ့ ကိစ္စလေး တစ်ခုအတွက် အယ်လ်အေမြို့ကို ပြန်လာခဲ့တာပါ။ ဘားတစ်ခုမှာ ဖဲရိုက်ရင်း ဝိုင်းထဲက လူတွေနဲ့ ရန်ဖြစ်ကြလို့ ဒက်ဖ်က အကုန်လုံးကို အမှောက်သိပ်လိုက်ပါတယ်။ အဲဒါကို မက်စ်က အစအဆုံးမြင်လိုက်ပါတယ်။ မက်စ်က တရားမဝင်မြေအောက် ထိုးသတ်ပွဲတွေအတွက် လူလိုက်ရှာနေတာမို့ ဒက်ဖ်က ဝင်ထိုးဖို့ စည်းရုံးပါတယ်။ ဒီလိုနဲ့ ဒက်ဖ်တစ်ယောက် မြေအောက်လောကထဲဝင်ပြီး အကျင့်ပျက်ရဲတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ ရင်ဆိုင်ဖို့ ဖြစ်လာတဲ့အချိန်မှာတော့….. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Action, Thriller Quality…. 1080p | 720p File size… 1.55GB | 740MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Action • Comedy • Animation
5.2 2024
Lights Out
Double Faced Fox
5.8

နိမိတ်ဆိုးတွေကျရောက်နေတဲ့ ယွင်ရှန့်မင်းဆက်မှာ မင်းသမီး ၂ ပါး ထူးဆန်းစွာ သေဆုံးသွားခဲ့တဲ့နောက်မှာတော့ ထူးဆန်းတဲ့ရောဂါကို ခံစားနေရတဲ့ ဘုရင်မင်းမြတ်ဟာ ဖူလုံစစ်သူကြီးပိုင်ယိကို နန်းမြို့တော်ကို ပြန်ဆင့်ခေါ်ခဲ့ပြီး တတိယသမီးတော်ဖြစ်တဲ့ ရှန့်နင်မင်းသမီးနဲ့ လက်ဆက်ပေးခဲ့ကာ တိုင်းပြည်ကိုကာကွယ်မယ့်စစ်သူကြီးဘွဲ့ပေးပြီး စစ်တပ် ၃ ခုလုံးရဲ့ အာဏာကို လွှဲပေးခဲ့ပါတယ် အဲဒီနောက်မှာတော့ ဘုရင်မင်းမြတ်လည်း နတ်ရွာစံသွားခဲ့ပြီး ဘုရင်မင်းမြတ်ရဲ့ သေတမ်းစာအရ အိမ်ရှေ့စံအရွယ်မရောက်ခင် ရှန့်နင်မင်းသမီးနဲ့ စစ်သူကြီးပိုင်ယိတို့က တိုင်းပြည်ကို ထိန်းသိမ်းထားရမှာဖြစ်ပြီး အိမ်ရှေ့စံအရွယ်ရောက်လာတဲ့အခါ တိုင်းပြည်ကို လွှဲပေးရမှာပဲ ဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ အိမ်ရှေ့စံနဲ့ ရှန့်နင်မင်းသမီးတို့ ၂ ယောက်ထဲက တစ်ယောက်သေဆုံးသွားပါက ကျန်တဲ့တစ်ယောက်က ထီးနန်းအရိုက်အရာကို အလိုလိုရမှာပဲ ဖြစ်ပါတယ် အဲဒီနောက်မှာ လုပ်ကြံသူတွေ ရှိလာတာကြောင့် စစ်သူကြီးပိုင်ယိဟာ မင်းသားရွေ့နဲ့ ပူးပေါင်းပြီး ရှ့န်နင်မင်းသမီးကို တောက်လျှောက်ကာကွယ်ပေးနေခဲ့ပါတယ် ဒါပေမဲ့ ဒီလုပ်ကြံမှုတွေကို နောက်ကွယ်က ကြိုးကိုင်နေသူတွေထဲမှာ မိဖုရားခေါင်ကြီးရော အတွင်းဝန်အမတ်ကြီးပါ ပါဝင်နေတဲ့အပြင် နှစ်တစ်ထောင်မြေခွေးမိစ္ဆာပါ ပါဝင်နေတဲ့အခါ ပိုင်ယိတစ်ယောက် ရှန့်နင်မင်းသမီးကို မြေခွေးမိစ္ဆာလက်ထဲကနေ ဘယ်လိုကာကွယ်ပေးမလဲ ဂင်ကိုပန်းတွေပွင့်တဲ့အခါ ပြန်ဆုံကြမယ်လို့ ပေးခဲ့တဲကတိအတိုင်း စစ်သူကြီးပိုင်ယိနဲ့ မင်းသမီးရှန့်နင်ကရော ပြန်ဆုံနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးမှာ ရှုစားကြပါဦး

Animation • Family • TV Movie • Adventure • Comedy • Fantasy
5.8 2020
Double Faced Fox
The Drunken Prodigy
6

ရှောင်လင်ဘုန်းကြီးလေး Ashton Chen ရဲ့ 2024 မှာထွက်တဲ့ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သိုင်းပညာကိုအရူးအမူးဖြစ်နေတဲ့ လူ့ပေါ်ကျော့သူဌေးသားလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ သူဌေးသားလင်ယောက်ဟာ ငယ်ငယ်ကတည်းကသိုင်းလေ့ကျင့်ခဲ့ပြီးတော့ သူ့ကိုယ်သူအရမ်းတော်တဲ့သူတစ်ယောက်လို့ထင်နေခဲ့တယ်။ တကယ်တော့ သူ့အဖေကနောက်ကွယ်ကနေလာဘ်ထိုးပြီး တခြားသူတွေကိုအရှုံးပေးခိုင်းခဲ့တာဆိုတာကိုသူမသိခဲ့ဘူး။ တစ်နေ့မှာတော့ လူလိမ်တစ်ဖွဲ့က လင်မိသားစုပိုင်အိမ်ကိုမျက်စိကျပြီးတော့ သူဌေးသားလေးကိုအကွက်ဆင်ပြီးလိမ်လိုက်ကြတယ်။ သူဌေးသားလေးကလဲ ပိုင်ဆိုင်မှုတွေအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှပဲ သူဟာဘာမှမဟုတ်ခဲ့ဘူးဆိုတဲ့အမှန်တရားကိုသိလိုက်ရတယ်။ သူပိုင်ဆိုင်တဲ့အရာတွေကိုပြန်ရဖို့ တရားမျှတမှုပြန်ရယူဖို့ အရက်မူးသမားသိုင်းကိုလေ့ကျင့်ပြီး ပြန်ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရှောင်လင်ဘုန်းကြီးလေးတို့ထုံးစံအတိုင်း အက်ရှင်ပိုင်ပိုင်နိုင်နိုင်နဲ့ ချပြသွားတဲ့အတွက် သိုင်းလောကသားတွေအကြိုက်တွေ့ကြမှာဖြစ်ပါတယ်။

6 2024
The Drunken Prodigy
Mirg

Mirg ( 2024 ) မုဆိုးနဲ့သားကောင် ဒီတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက် အက်ရှင်ဟာသကားအမျိုးအစားဖြစ်ပါတယ်။ Mirg ဆိုတဲ့ ကျားသစ်ဟာ တွေ့မြင်ရခဲတဲ့ ဒဏ္ဍာရီလာကျားသစ်ဖြစ်ပြီး ဟိမချပ်ပြည်နယ်ရဲ့ အနိမ့်ပိုင်းဒေသတွေမှာ ကျက်စားလေ့ရှိပါတယ်။ ဇာတ်ကားအကျဉ်းကတော့- ဒီကားထဲမှာတော့ အနဲလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ တရားမဝင်အလုပ်တွေခိုင်းတတ်တဲ့ ခေါင်းဆောင်လက်အောက်မှာ အမိန့်တွေကို နာခံတတ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူနဲ့တွဲဖက် ရစ်ထုပ်ကြီးရာဗီနဲ့ကြားမှာ အမှတ်မထင် သဘောထားကွဲလွဲမှုလေးတွေဖြစ်ပြီးတဲ့နောက် ဘဝအပေါ်အမြင်တွေလည်း ပြောင်းလဲသွားခဲ့ပါတယ်။ သူက ဘာလို့ ဒီအမိန့်တွေကို မျက်စိမှိတ်နားပိတ်ပြီး လိုက်နာနေရသလဲ? မတရားမှန်းသိပေမယ့်လည်း ဘာကြောင့် ဘယ်သူကမှ မတော်လှန်ရဲကြတာလဲ? အာဏာရှိသူတွေက တကယ်ပဲ ဒဏ္ဍာရီတွေထဲကပြောသလို နည်းနည်းမှ သွားထိလို့မရတဲ့သူတွေဟုတ်ရဲ့လား? ဒါမှမဟုတ် သူတို့အပေါ်ကြောက်ရွံမှုတွေပိုများလာစေဖို့ ဝါဒဖြန့်ခြင်းသက်သက်ပဲလား? မုဆိုး(hunter)နဲ့ သားကောင်(hunted)ကြားမှာ စာလုံးလေးတစ်လုံးပဲကွာခြားတယ်။ Dထည့်လိုက်တာနဲ့ သားကောင်ဖြစ်ပြီး R ထည့်ရင် မုဆိုးဖြစ်သွားတယ်။ ဒီထက်မပိုသလို ဒီထက်လည်းမနည်းဘူး။ အနဲကိုယ်တိုင်ရော မုဆိုးဖြစ်မလား သားကောင်ဖြစ်မလားဆိုတာ… ( ဘာသာပြန်နဲ့အညွှန်းက CM Bollywood Team မှဖြစ်ပါတယ် )

0 2024 83 mins
Mirg
247°F

survivalဆန်ဆန် သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုး ကြိုက်နှစ်သက် သူတွေအတွက် ဇာတ်ကားကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတယ်လို့လည်း ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီဖြစ်ရပ်ဟာ ရုပ်ရှင်ဖန်တီးသူတွေ နေထိုင်ခဲ့တဲ့ ဂျော်ဂျီယာမှာ တကယ်ဖြစ်ခဲ့လိုပါပဲ။ ဂျန်နာ၊ ရီနေ၊ အီရန်နဲ့ မိုက်ကယ်တို့ သူငယ်ချင်းတစ်စုဟာ အားလပ်ရက်မှာ အပန်းဖြေကြဖို့အတွက် အီရန်ရဲ့ ဦးလေးဖြစ်သူ ဝိတ်ဒ်ရဲ့ သစ်လုံး အိမ်လေးကို ငှားရမ်းခဲ့ကြပါတယ်။ ပွဲတော်ညတစ်ညမှာတော့ သူငယ်ချင်းတစ်ဖွဲ့ ပျော်မြူးနေကြရာကနေ အိမ်ထဲမှာရှိတဲ့ ချွေးထုတ် ခန်းထဲမှာ ပိတ်မိသွားကြပါတော့တယ်။ အစကတော့ အချင်းချင်း စနောက်နေတယ်လို့ ထင်ရာကနေ အခြေအနေအမှန်ကို နားလည် သွားကြတဲ့အခါမှာတော့ အပူချိန်ကိုအံတုပြီး အသက်လုရတဲ့အဖြစ်ကို ကြည့်ရှုရမှာပါ။ ဖြည်းဖြည်းချင်းတက်လာတဲ့ အပူရှိန်ကို ကြံ့ကြံ့ခံရင်း သူတို့သူငယ်ချင်းတွေ ဘယ်လိုထွက်ပေါက်ရှာကြမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်ဗျာ။ ကျဉ်းမြောင်းတဲ့နေရာတစ်ခုမှာ ပိတ်မိပြီး အသက်လု ထွက်လမ်းရှာရတဲ့ ဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် ကွက်တိဖြစ်မယ့် ဇာတ်လမ်းလေးပါပဲ။ R ratedဖြစ်တာကြောင့် ရိုင်းပြတဲ့ စကားအသုံးအနှုန်းတွေပါဝင်တာကိုတော့ အသိပေးလိုပါတယ်ဗျ။ File size… 815MB Quality…WEB-DL 1080p HEVC Format…mkv Duration….1h 28m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato

0 2011 88 mins
247°F
The Best of Me
6.7

လူဆိုတာတွေ့ရမယ်၊ ကြုံရမယ်၊ ဆုံရမယ် ပြီးရင်ကွဲရမယ်တဲ့။ ဘဝရယ်လို့ ဖြစ်တည်လာလို့ရှိရင် ဒါကိုမလွဲမသွေကြုံရမှာပဲ။ သိလျက်နဲ့မိုက်တယ်လို့ပြောရမလား ချစ်လို့ မျက်စိကန်းတယ်ပဲပြောရမလား အရုပ်လေးတစ်ခုလက်ထဲရောက်လာရင်တောင် ဒါငါ့အရုပ်၊ အရုပ်လေးကို တန်ဖိုးထားတတ်ကြတာ လူ့သဘာဝပဲလေ။ လူနှစ်ယောက်ချစ်ကြတယ်ဆိုရင်ပိုဆိုးတာပေါ့။ The Best of Me ကတော့ ဒီသဘောကို အကောင်းဆုံးမဟုတ်တောင် ပြီးပြည့်စုံအောင်ဖော်ပြသွားပါတယ်။ ဒီကားကိုကြည့်လိုက်ရတာ တာရာပွကြီးရဲ့ ကာတွန်းတစ်အုပ်ကိုပြန်ဖတ်လိုက်ရသလို၊ ငယ်ဘဝကိုပြန်ရောက်သွားရသလို၊ လွမ်းခြင်းနဲ့ ဝမ်းနည်းခြင်း နှစ်ခုပေါင်းပြီး ရင်ထဲဆို့တက်လာရပါတယ်။ ရင်ထဲမှာ ဆွေးပြီးတော့ ကျန်ခဲ့ရမယ့် ရုပ်ရှင်ဖြစ်လို့ တစ်ရှူးလေးဆောင်ပြီး ကြည့်ဖို့အကြံပေးပါတယ်။ ဇာတ်ညွှန်း ကိုးလ် မိသားစုဆိုတာရှိတယ်။ ဒုစရိုက်လူမိုက်ဖခင်ကမွေးလာတဲ့ သားသုံးယောက်မှာ နှစ်ယောက်က အဖေခြေရာကိုထပ်ခဲ့တယ်။ ဒေါ်ဆင်ကိုးလ် ဆိုတဲ့ အငယ်ဆုံးသားကတော့ အကြီးနှစ်ယောက်နဲ့မတူပဲ အဖေနဲ့ ဆန့်ကျင်ဖက်ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ရိုက်နှက်ဆုံးမခံလာရတဲ့ ဒေါ်ဆင်အတွက် လောကကြီးကထင်သလောက်ရှင်သန်ရတာ လွယ်ကူမနေပါဘူး။ အရောင်မဲ့နေတဲ့ ဒေါ်ဆင်ရဲ့ ဘဝထဲကို အရောင်စိုပြေအောင် စွမ်းဆောင်ပေးမယ့် အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက်မမျှော်လင့်ပဲရောက်လာခဲ့ပါတယ်။ ဘဝမှာ မမျှော်လင့်ထားတာတွေအများကြီးဖြစ်တတ်ပါတယ်။ မမျှော်လင့်ထားခြင်းမှာ ကောင်းခြင်းဆိုတဲ့အရာကနည်းလှပါတယ်။ ဒေါ်ဆင်လိုမျိုး လူတစ်ယောက်အတွက်ကတော့ အမန်ဒါဟာ ဘုရားပေးတဲ့ဆုလာဘ်ထက်ကိုပိုခဲ့ပါတယ်။ ဒါပေမယ့် ဘဝဆိုတာကလည်းအခက်သား ပျော်တစ်ရက်၊ မပျော် တစ်လ လောက်နှိပ်စက်ချင်တာ။ အချစ်ကံကောင်းပေမယ့် ဘဝကံမကောင်းခဲ့တဲ့ ဒေါ်ဆင်ရဲ့ ဘဝထဲမှာ အမန်ဒါတစ်ယောက်ဘယ်လိုများဖြစ်မှာလဲ။ ပြီးပြည့်စုံတဲ့ကောင်မလေးနဲ့ မပြီးပြည့်စုံတဲ့ ဒေါ်ဆင်တို့နှစ်ယောက်ရဲ့ ဘဝနှစ်ခုက ဘယ်လိုကြမ္မာငင်ကြမှာလဲ။ သေချာတာတစ်ခုကတော့ အမန်ဒါဟာ ဒေါ်ဆင်ရဲ့ “အကောင်းဆုံးဖြစ်တည်မှု”တစ်ခုပါပဲ။ Dawson အဖြစ်မင်းသား James Marsden Amanda အဖြစ် မင်းသမီး Michelle Monaghan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားနဲ့မင်းသမီးကလည်း ပရိသတ်နဲ့မစိမ်းတာမလို့ ခံစားကြည့်လိုက်ကြပါ။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Dram / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

Drama • Music
6.7 2014 117 mins
The Best of Me
Housesitter
6.2

Housesitter (1992) IMDb Rating (6.2) / Rotten Tomatoes (36%) 90s comedy ကောင်းကောင်းလေး ကြည့်ချင်သူတွေအတွက် မင်းသားကြီး Steve Martin ရဲ့ 1992 ခုနှစ်ထွက် Housesitter ဆိုတဲ့ကားလေး တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ Gwen ဆိုတဲ့ လူလိမ်မလေးဟာ Budapest ဆိုတဲ့ စားသောက်ဆိုင်မှာ စားပွဲထိုးရင်း Davis ဆိုတဲ့ ဗိသုကာပညာရှင်တစ်ယောက်နဲ့ အမှတ်မထင်ဆုံခဲ့ပါတယ်။ Davis က မကြာခင်ကမှ ရည်းစားဖြစ်သူကို သူ ဆောက်ထားတဲ့ အိမ်အသစ်စက်စက်လေးကို ခေါ်သွားပြီး လက်ထပ်ခွင့် တောင်းခဲ့ပေမယ့် ငြင်းခံခဲ့ရတာပါ။ Gwen နဲ့ တွေ့တဲ့အချိန်မှာ Davis က သူ့ရဲ့ နေရပ်ဖြစ်တဲ့ Dobb’s Mill မှာ အိမ်လေးက လူမနေဘဲ ဒီအတိုင်း ရှိနေကြောင်း ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့ Gwen တစ်ယောက် Davis မသိအောင် သူ့နေရပ်က အိမ်အသစ်လေးမှာ သွားပြီး နေခဲ့ပါတယ်။ Davisရဲ့ မြို့လေးမှာ Gwen တစ်ယောက် လိုအပ်တဲ့ ပစ္စည်းတွေ စျေးဝယ်ထွက်ရင်း ရှင်းစရာ ငွေကြေးမရှိတဲ့အခါ Davis ဘဏ်အကောင့်ထဲကနေ ဆိုင်ကို ဖြတ်ခိုင်းလိုက်ပါတယ်။ ဆိုင်ရှင်က သူနဲ့ Davis နဲ့ ဘယ်လိုတော်စပ်လဲ မေးတဲ့အခါ သူက Davis ရဲ့ မိန်းမပါဆိုပြီး လိမ်လည်ပြီး ဖြေခဲ့ပါတယ်။ ပစ္စည်းတွေ လိုက်ဝယ်ရင်း Davis ရဲ့ မိဘတွေနဲ့ပါ ဆုံခဲ့ပြီး သားဖြစ်သူက အိမ်ထောင်ကျနေမှန်းမသိသေးတဲ့ မိဘတွေက အံ့အားသင့်ခဲ့ရပါတယ်။ မကြာခင်မှာ Davis က အိမ်ကို ရောင်းဖို့ ဆုံးဖြတ်ပြီး ကိုယ်တိုင် လာကြည့်တဲ့အချိန် အိမ်ထဲမှာ ပရိဘောဂအပြည့်နဲ့ ဟင်းချက်နေတဲ့ Gwen ကိုတွေ့သွားပါတယ်။ Gwen နဲ့ Davis နဲ့ကို မိဘတွေကရော တစ်မြို့လုံးကရော လင်မယားတွေလို့ ထင်ထားပြီးသား ဖြစ်တဲ့အတွက် ဆက်ပြီး ဟန်ဆောင်ကြမှာလား၊ Davis က Gwen ကို သူ့အိမ်ကနေ ထွက်သွားခိုင်းမှာလား ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(4.7 GB) / (2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comeddy,Romance Duration….01:42:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leonie

6.2 1992 102 mins
Housesitter