YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Missing.Child.Videotape.2024.1080p.(CM).mkv

1.33 GB N/A video/x-matroska 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bajirao Mastani
7.3

ဒါရိုက်တာ ဆန်ဂျေးဘန်ဆာလီရဲ့ History နောက်ခံ အချစ် War ဇာတ်ကားဖြစ်ပါတယ်... နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား ရန်ဗီးဆင်း... မင်းသမီး ဒီပီကားနဲ့ ပရီရန်ကားတို့ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းဆိုတော့ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... စစ်သူရဲကောင်း ဘာဂျီရောဝ် ဟာ 
စစ်ပရိယာယ် ကြွယ်ဝလှပြီး တိုင်းပြည်ရဲ့
အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦး
ဖြစ်ပါတယ်။ သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း 
ပိုင်ဆိုင်ထားသူပါ။ တစ်နေ့မှာတော့ သူရဲ့ စစ်မြေပြင်ကို
မဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး 
မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက်ပေးပါဖို့ အကူညီတောင်းခံလာခဲ့ပြီး ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့်
မင်းသမီး မာစတီးနီ တို့ဘက်မှ အနိုင်ရှိခဲ့ပါတယ်။ ဒီ့နောက်မှာတော့ ဘာဂျီရောဝ်ဟာ မင်းသမီးလေးကို
ချစ်မြတ်နိုးလာခဲ့ပြီး သူမပြန်ခင်အချိန်မှာ
 သူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။
မင်းသမီး မာစတီးနီတို့တိုင်းပြည်မှာတော့
ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့်
တောင်းခြင်းလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ဘာဂျီရောဝ် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကို
တယုတယသိမ်းဆည်းထားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်း
အနေဖြင့် မင်းသမီး မာစတီးနီဟာ ဘာဂျီရောဝ်ကို တွေ့ဆုံဖို့ ကြိုးစားပါတော့တယ်...သူတို့နှစ်ဦးကြားက အဓိက ကွာခြားချက်က ဘာသာတရားဖြစ်ပြီး ဘာသာတရားကြီးစိုးတဲ့ခေတ်မှာ သူတို့ရဲ့အချစ်ရေးဘယ်လိုရှေ့ဆက်မယ်ဆိုတာ...။ အိန္ဒိယသမိုင်းကို
အခြေပြုရိုက်ကူးထားတဲ့ရုပ်ရှင်ကားဖြစ်ပြီး ဆုပေါင်း ၁၄ ခု
ရရှိသည်အထိ အောင်မြင်ထားပါတယ်။ မိန်းမသားတို့ရဲ့
ခံစားချက်/ အချစ်ရဲ့ခံယူချက်တွေကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့သလို ဇာတ်ဝင်ခန်း စကားပြောတွေက ထိရှစေတဲ့အပြင် အကအလှရသ
စုံလင်လှတာမို့ လက်လွတ်မခံသင့်တဲ့ Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ File size…(4.6 GB) /(2.9 GB) / (1.5 GB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:38:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

7.3 2015 158 mins
Bajirao Mastani
Signal: Long-Term Unsolved Case Investigation – The Movie

2021 မှာထွက်လာတဲ့ The signal ဆိုတဲ့ ဇာတ်ကားလေးကတော့ 2018 မှာထွက်ခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့ အဆက်ပဲဖြစ်ပါတယ် ဒီကားလေးက thriller ကားအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကတော့ mysteryတွေနဲ့ပြည့်နေပြီး စုံထောက်ကားကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ 2018 ဇာတ်ကားမှာတုန်းက အတိတ်နဲ့ ပစ္စုပ္ပန်မှာ ရှိကြတဲ့ စုံထောက်နှစ်ယောက်ဟာ စကားပြောစက် walkie-talkieလေးကနေ ထူးထူးဆန်းဆန်း ဆက်သွယ်မိကြပါတယ် သူတို့နှစ်ယောက်ဟာဒီလိုဆက်သွယ်ပြီး အနာဂတ်မှာအတိတ်ကဖြစ်ခဲ့တဲ့အမှုတွေမဖြစ်အောင် အတူတူတားဆီးကြတာဖြစ်ပါတယ် ခုဒီဇာတ်ကားမှာလည်း "‌cold case investigate team"က စုံထောက်ဆိုင်ကူဆာနဲ့ အတိတ်ကစုံထောက် အိုယာမာတို့ဟာ အတိတ်နဲ့ပစ္စုပ္ပန်တို့မှာဖြစ်တဲ့ တူညီတဲ့ လုပ်ကြံမှုအကြမ်းဖက်မှုတွေပေါ်မှာ အခြေခံပြီး နှစ်ယောက်သား အမှုမှန်ပေါ်အောင်ဖော်ထုတ်ကြတာပဲဖြစ်ပါတယ် ဇာတ်ကားရဲ့ပုံစံက action scene တွေသိပ်မပါဘဲ ပဟေဠိဆန်ဆန်ပုံစံနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတာပါ ၂၀၁၈ တုန်းက ဇာတ်ကားမကြည့်ရသေးတဲ့သူတွေလည်း ဇာတ်ကားအစမှာ ဇာတ်လမ်းဆက်ကိုအကျဉ်းချုပ်ရှင်းပြထားတာမို့ တန်းကြည့်လို့အဆင်ပြေပါတယ် စုံထောက်ကား ဖန်တွေ အေးဆေး "chill ‌and think"လို့ရပါပြီ အညွှန်း နဲ့ ဘာသာပြန်ကတော့ Loon Swal Eain ပဲ ဖြစ်ပါတယ်။ Genre.....Action, Mystery, Thriller Quality….WEB-DL 1080p and 720p and 360p File size…1.7GB and 1GB and 337MB Format…mp4 Duration….2h 2min Subtitle….Myanmar Subtitle (Hardsub) Translator ..... Loon Swal Eain Encoder .....August

Drama • Romance
null 2021 122 mins
Signal: Long-Term Unsolved Case Investigation – The Movie
68 Kill
6

68 Kill (2017) IMDb-6/10 Horrorကားတွေနဲ့ နာမည်ကျော်တဲ့ ဒါရိုက်တာကြီးTrent Haagaရဲ့ ကားကောင်းတွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသတ်အဖြတ်ကြမ်းပြီး အဖော်အချွတ်တွေပါတဲ့အတွက် အသည်းငယ်သူများ သတိထားကြည့်စေလိုပါတယ်။ 68 Killဆိုတဲ့အတိုင်း ဒေါ်လာခြောက်သောင်းရှစ်ထောင်အတွက်နဲ့ သတ်ကြဖြတ်ကြတာတွေကို ရှုစားကြရမှာပါ။ ချစ်ပ်တစ်ယောက် စမူအကြောင်လွန်ပြီး ချစ်လှပါချည်ရဲ့ဆိုတဲ့စော်က လူတွေ တစ်ယောက်ပြီးတစ်ယောက် သတ်ပြနေတာမြင်ပြီး သွား မချစ်တော့ဘူးဖြစ်ကရော။အသည်းနုတတ်လွန်းတော့လည်း နောက်ထပ်တစ်ယောက်နဲ့တွေ့လို့ ချစ်မိသွားပြန်ပေမယ့် အရင်စော် လူကြမ်းမကြီးက နင်ရော နင့်ကောင်မရောအရှင်မထားဘူးဆိုပြီး လိုက်သတ်တဲ့အခါမှာတော့…။ အသက်ဘေးကလွတ်အောင် ပြေးရင်းနဲ့ဘဲ ဒေါ်လာခြောက်သောင်းရှစ်ထောင်နဲ့ ဘယ်လိုတွေပတ်သက်ပြီး ဘယ်လိုဒုက္ခတွေရင်ဆိုင်ရမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V ဖြစ်ပါတယ်)

Action • Thriller • Comedy • Drama • Crime
6 2017 92 mins
68 Kill
House of Sand and Fog
7.5

House of Sand and Fog (2003) ~ IMDb – 7.5/10, RT – 74%, Meta – 71% ~ မြူတွေ သဲတွေကြားက အိမ်ကလေး တစ်လုံးမှာ ဖြစ်သွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ မမ Jennifer Connelly နဲ့ Ben Kingsley တို့ပါဝင်သရုပ်ဆောင်ထားပြီး အော်စကာ ၃ ဆု ဆန်ခါတင်ပါဝင်ခဲ့ရုံတင်မက အခြားဆု ၁၃ ဆုကို ရရှိထားပါတယ်။ 1999 မှာ ထွက်ရှိထားတဲ့ Andre Dubus III ရဲ့ နာမည်တူ စာအုပ်ဖြစ်တဲ့ House of Sand and Fog ကို ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးထားတာပါ။ Crime Drama အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းက ရှင်းသလောက် တော်တော်လေးကို မအီမလည်နဲ့ မွန်းကြပ်သလိုခံစားချက်မျိုးပေးတဲ့ ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ယောက်ျားက ပစ်သွားတာခံရလို့ အဖေ့ဆီက အမွေရထားတဲ့အိမ်ထဲမှာ အိမ်တွင်းပုန်းပြီးနေနေတဲ့ ကတ်သီနစ်ကိုလိုရဲ့ အိမ်ကို အခွန်ရုံးကလူတွေက ပေးစရာမလိုတဲ့ အခွန်တွေကောက်ပြီး အခွန်မဆောင်တဲ့အတွက် သိမ်းလိုက်ပါတယ်။ သိမ်းထားတဲ့ အိမ်ကိုလေလံတင်လိုက်တဲ့အချိန် ဝယ်တဲ့သူက အစ္စရေးက စစ်ရာဇဝတ်သားတစ်ဖြစ်လဲ အမေရိကန်နိုင်ငံသားခံယူထားတဲ့ ကာနယ်တစ်ယောက်ပါ။ ငွေရှာဖို့လိုနေတဲ့ ကာနယ်က အိမ်ကို ဝယ်ပြီးပြီးချင်း ပြင်လိုက်ပြီး စျေးကိုလေးဆတင်ပြီးရောင်းဖို့လုပ်တယ်။ အဲဒီတော့ အခွန်ရုံးက အမှားဖြစ်တာသိပြီး အိမ်ကို ပြန်ဝယ်ဖို့လုပ်တဲ့အချိန်မှာ ကာနယ်က သူဝယ်ထားတဲ့စျေးနဲ့ လက်မလွှတ်နိုင်ပါဘူးဆိုပြီး ငြင်းတဲ့အချိန်မှာ ပြဿနာတွေဖြစ်ကြတော့တာပါပဲ။ တစ်ဖက်မှာက အဖေအမွေပေးထားတဲ့ အိမ်လေးကို အမြန်ဆုံးပြန်လိုချင်နေတဲ့ အမျိုးသမီးလေး၊ တစ်ဖက်မှာက အိမ်ကနေ အမြတ်ရမှ အဆင်ပြေနိုင်မဲ့ ရွှေ့ပြောင်းမိသားစုတစ်စု၊ အသုံးမကျတဲ့ အခွန်ဝန်ထမ်းတွေရဲ့ လက်ချက်နဲ့ နှစ်ဖက်စလုံးဒုက္ခများသွားတာကိုတွေ့ရမှာပါ။ မွန်းမွန်းကြပ်ကြပ် Crime Drama ဇာတ်ကားမျိုးကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.8GB, 1GB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 6Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

TV Movie • Comedy • Romance
7.5 2003
House of Sand and Fog
United States of Love
6.1

၆၆ ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသဖို့ ရွေးချယ်ခံရတဲ့ ပိုလန်ဒရမ်မာရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပုံမှန်ကြည့်နေကြရုပ်ရှင်ကားတစ်ကားနဲ့တော့ မတူတာအမှန်ပါပဲ။ သေချာကြည့်လေလေ တွေးစရာအတွေးပေါ်လာလေလေဆိုတာ ဒီရုပ်ရှင်ကားမျိုးကိုပြောချင်တာဖြစ်ပါလိမ့်မယ်။ မတူညီတဲ့အသက်အရွယ်မှာရှိနေကြတဲ့ အမျိုးသမီးလေးယောက်ရဲ့ မတူညီတဲ့ စိတ်ခံစားချက်၊ အိမ်ထောင်ရေးပြသာနာ၊ နေ့စဉ်ဘဝတွေကို အချိတ်အဆက်မိမိရိုက်ပြပေးထားတာမို့ တွေးခေါ်ရတာကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ရုပ်ရှင်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းလေးမိတ်ဆက်ပေးရရင်… အိမ်ထောင်သက်တမ်းကြာနေပြီဖြစ်ပေမယ့် စိတ်ခံစားချက်တစ်မျိုးပြောင်းလဲနေတဲ့ အမျိုးသမီးအာဂါတာ.. ခင်ပွန်းဖြစ်သူကို တစ်ဖြည်းဖြည်းချင်း သဘောမတွေ့၊ လင်မယားကြား သွေးအေးတိုက်ပွဲတွေ ခဏခဏဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ ? စည်းကမ်းကြီးတဲ့ကျောင်းအုပ်ဆရာမကြီး အီဇာကတော့ အိမ်ထောင်သည်ဆရာဝန်တစ်ယောက်နဲ့ ခြောက်နှစ်ကြာအောင် ချစ်ကြိုက်နေတာတောင် ဘယ်သူမှမသိကြပါဘူး။ တရားဝင်ဇနီးသေဆုံးသွားတဲ့အချိန် အီဇာက သူ့ချစ်သူဆရာဝန်ဆီလိုက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ? အီဇာရဲ့ကျောင်းမှာဆရာမလုပ်နေတဲ့ ရီနာတာကတော့ အသက်အရွယ်အရ ပင်စင်ယူဖို့တိုက်တွန်းခံနေရပါတယ်။ ကျောင်းဆရာမအလုပ်သာမရှိတော့ရင် ဘာဆက်လုပ်ရတော့မလဲဆိုပြီး အတွေးတွေနဲ့စိတ်ဓါတ်ကျနေတုန်း အီဇာရဲ့ညီမဖြစ်သူ မာဇီနာ နဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။ ရီနာတာကတော့ မာဇီနာနဲ့ အများကြီးပိုရင်းနှီးခွင့်ရချင်နေပါတယ်။ ငယ်ရွယ်နုပျိုတဲ့ မာဇီနာကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ဖို့အိပ်မက်ရှိပေမယ့်… အိပ်မက်နောက်ကိုလိုက်နေရင်းနဲ့ သူ့ဘဝကြီးတစ်ခုခုလိုအပ်နေသလို ခံစားနေရတဲ့အခါ ဘာတွေများမိုက်ရူးရဲဆန်ခဲ့ကြမလဲ… သူတို့လေးယောက်ရဲ့ နက်ရှိုင်းရှုပ်ထွေးတဲ့စိတ်ခံစားချက်ကို ဒါရိုက်တာက မီးခိုးမှိုင်းလေးတိုက်ပြီးရိုက်ပြထားလို့ ပိုပြီးပေါ်လွင်သွားစေပါတယ်။ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဆိုတဲ့ ဘဝအပိုင်းအခြားတစ်ခုကို ရှုပ်ထွေးမှုပေါင်းများစွာနဲ့ ဖြတ်သန်းသင့်ပါသလား? သင်ဆိုရင်ရော နေ့စဉ်ဘဝကို ဘယ်လိုမျိုးစိတ်ခံစားချက်နဲ့ ဖြတ်သန်းချင်မိလဲ… ကျွန်တော်ကတော့ ပျော်ရွှင်မှုနဲ့ပဲနိုးထပြီး ပျော်ရွှင်မှုနဲ့ပဲ အိပ်စက်ချင်ပါတယ်….. ဒီဇာတ်ကားလေးနဲ့ အတွေးတစ်စရရှိပြီး ဆေးရောင်စုံနေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေဗျာ… File size… 1.6 GB / 746 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoa Va

6.1 2016
United States of Love
Upon Entry
7

ရုပ်ရှင်ကို စကြည့်လိုက်မိတာနဲ့ ထိုင်ရာကနေ မထနိုင်လောက်အောင် ကြည့်ရှုနေသူကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုင်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ Upon Entry ရုပ်ရှင်ဟာ လူဝင်မှုကြီးကြပ်ရေး၊ ယုံကြည်မှုနဲ့ ကိုယ်ရေးကိုယ်တာထုတ်ဖော်မှုတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ အသွင်အပြင်များစွာကို ကြည့်ရှု့ရမယ့် ဒရာမာ တစ်ခု ဖြစ်ပါတယ်။ Alberto Ammann, Bruna Cusí, Laura Gómezနှင့် Ben Templeတို့လို့ castတွေ အသုံးပြုထားတာကြောင့်လည်း ကြည့်ရှု့သူကို ပြုစားနိုင်တဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်လို့ ထင်မိပါတယ်။ ဇာတ်လမ်းလေးကတော့ …. စာဖတ်သူ ပြည်ပနိုင်ငံတစ်ခုဆီ ခရီးသွားပြီး ပြောင်းရွှေ့အခြေချဖို့ သွားပါတယ် ထားပါစို့။ နိုင်ငံကူးလက်မှတ်၊ ဗီဇာနဲ့ တခြားသောစာရွက်စာတမ်းတွေအပြည့်ပါလျက်နဲ့ လဝက,နေ ကိုယ့်ကိုဆွဲခေါ်ထားလိုက်ပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးမေးမြန်းပါတော့တယ်။ မေးခွန်းပေါင်းများစွာ စစ်မေးနေပေမယ့် ဘာကြောင့်မေးနေမှန်းလည်း မပြောပြဘဲ၊ ဘာဖြစ်လို့လဲဆိုတာကို မပြောဘဲ၊ အကြောင်းပြချက် မပေးဘဲ ဆက်တိုက်ကို အဘက်ဘက်ကနေ မေးမြန်းနေကြပါတော့တယ်။ ဒီလိုအခြေနေမျိုးမှာဆိုရင် စာဖတ်သူအနေနဲ့ ဘယ်လိုရင်ဆိုင်တွေ့ကြုံလာရမယ်လို့ ထင်ပါသလဲ။ ဘယ်လိုမေးခွန်းတွေနဲ့ စိတ်ကျဉ်းကျပ်အောင် ဘယ်လိုစေ့စပ်သေချာတဲ့ မေးခွန်းတွေနဲ့ အမေးခံရမှာလဲ။ အထူးသဖြင့် ဒီလိုတွေလိုက်မေးနေတာက ဘာကြောင့်များ မေးနေတာလဲ။ စာရွက်စာတမ်းတွေ စုံလျက်သားနဲ့ ဘာလို့ဆက်တိုက် နာရီနဲ့ချီအောင် မေးမြန်းခံနေရတာလဲ။ ဘယ်တော့များမှ ကိုယ်နေထိုင်မယ့် နိုင်ငံထဲကို ဝင်ခွင့်ရမှာလဲ …. ရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့ ဒီလိုမျိုးပဲ ဖြစ်ပါတယ်။ “ဟာနက်ဒက်ဇ်”ဆိုသူဟာ ဗင်နီဇွဲလားနိုင်ငံသား မြို့ပြစီမံကိန်းရေးဆွဲသူတစ်ယောက် ဖြစ်ပါတယ်။ ဟာနက်ဒက်ဇ်ဟာ ပမ်မီးစ်လို့ခေါ်တဲ့ ခေတ်ပြိုင်အကသမား စပိန်သူလေးနဲ့ တွဲနေပါတယ်။ စပိန်သူလေး ပမ်မီးစ်က DV ထီ ပေါက်လို့ အမေရိကန်နိုင်ငံသား green card ရရှိထားလို့ အမေရိကန်နိုင်ငံဆီကို ရည်းစားလေး ဟာနက်ဒက်ဇ်ရဲ့လက်ကိုတွဲကာ ပြောင်းရွှေ့နေထိုင်တော့မှာဖြစ်ပါတယ်။ ဇာတ်လမ်း အစမှာ အမေရိကန်နိုင်ငံဆီကို ၂ယောက်သား ထွက်ခွာသွားတာနဲ့ အစပြုထားပြီး အဘက်ဘက်ကနေ စာရွက်စာတမ်းအပြည့်အစုံနဲ့ အမေရိကန် လေဆိပ်ဆီ ချောချောမွေ့မွေ့ရောက်ရှိလာပါတော့တယ်။ ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးဆီ ရောက်တဲ့အခါမှာတော့ စစ်ဆေးမေးမြန်းမယ်ဆိုပြီး ခေါ်ဆောင်ခြင်းခံလာရပါတယ်။ အထက်မှာပြောခဲ့တဲ့အတိုင်းပဲ ဘာလို့ခေါ်တာလဲလည်း မသိ၊ ဘာကြောင့်အမေးခံနေရတာလည်း မသိနဲ့ တစ်ကားလုံးကို မေးခွန်းတွေကြားထဲမှာ လိုက်ပါစီးမြောခံစားခွင့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ကို ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်ရှု့နေသူကို ဆောင်ခေါ်သွားနိုင်တာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရုပ်ရှင်ကိုကြည့်နေရင်းနဲ့ တစ်ပါတည်း တွေးတောချင်သူတွေအတွက် သိပ်ကိုအကြိုက်တွေ့စေမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ Upon Entry ရုပ်ရှင်ဟာ အချစ်၊ ယုံကြည်မှု၊ ရိုးသားခြင်းရဲ့ ရှုပ်ထွေးမှုတွေကို လှလှပပရိုးရိုးရှင်းရှင်းနဲ့ တည်ဆောက်ပြသွားနိုင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်လို့ဆိုရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(996 Mb)/(431 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

Thriller • TV Movie
7 2022 77 mins
Upon Entry
Champion Chaem-pieon
6.4

ကိုရီးယား ဒရာမာဆန်ဆန် ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြသူတွေအတွက် ဝတုတ်မင်းသားလို့ခေါ်ကြတဲ့ ကိုရီယားမင်းသား Ma Dong-Seok ရဲ့ ၂၀၁၈ ထွက်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်… မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ်.. သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါ… ဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ် တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်…. မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား….။ အရမ်းကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီး အသည်းနုသူတွေအတွက် မျက်ရည်ဝဲစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်လို့ အာမခံပေးပါရစေ။ Rating တွေအနေနဲ့ကတော့ IMDb- 6.4/10….Rotten Tomatoes – 89 %။

6.4 2018
Champion Chaem-pieon
Stormskerry Maja

Stormskerry Maja (မူရင်း: Stormskärs Maja) သည် Amanda Jansson အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Saara Cantell မှ ရိုက်ကူးထားသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ မာယာဟာ ဖင်လန်အနီးမှာရှိတဲ့ ကျွန်းကို ရောက်လာပြီး ဘဝရဲ့ အခက်အခဲတွေ၊ မိသားစုနှင့် ချစ်ခြင်းမေတ္တာတွေကြားက ရုန်းကန်မှုတွေကို ရင်ဆိုင်ရပါတော့တယ်။ Linus Troedsson သည် မာယာ အမျိုးသားဖြစ်ပြီး သူမရဲ့ ဘဝခရီးကို ပိုမိုကောင်းမွန်တဲ့ခရီးတစ်ခုအဖြစ်ဖန်တီးပေးပါတယ်။ ဒီရုပ်ရှင်က ကျေးလက်ဘဝရဲ့ အလှအပတွေနှင့် အခက်အခဲတွေကို တစ်ချိန်တည်းမှာပင် ဖော်ပြထားပြီး၊ စစ်ပွဲကြားက လူ့တစ်ယောက်မှာရှိရမယ့် ethic ကိုယ်ကျင့်တရားကိုလည်း ဖော်ကျူးပြသထားပါတယ်။ ဒီဇာတ်လမ်းကိုတော့ ပရိသတ်တွေကြည့်ရှု့ပြီးရင် အမှတ်တရတွေနဲ့ ပြန်လည်ခံစားသွားရစေနိုင်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပြီး နိုင်ငံတကာ ရုပ်ရှင်ရုံများတွင်လည်း အကောင်းဆုံးဇာတ်လမ်းတစ်ခုအဖြစ် ကျော်ကြားခဲ့ပါတယ်။ ဒီရုပ်ရှင်သည် ရင်ထဲထိမိစေသော ဇာတ်ကွက်များနှင့် တစ်သက်တာအတွက် ဘဝသင်ခန်းစာများကို ရရှိစေမယ့်အပြင် ရုပ်ရှင်လောကကြားမှာလည်းချီးကျူးမှု့တွေရရှိထားတာဆိုတော့ အရမ်းကိုမှကြည့်သင့်သောဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ။ File size…(2.5 GB)/(1.5 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2024
Stormskerry Maja
Krazy House
5

Krazy House (2024) မင်းသမီးကြီး Alicia Silverstone နဲ့ ဟာသမင်းသားကြီး Nick Frost ပါဝင်ထားတဲ့ Comedy/Horror ရုပ်ရှင်ကားဖြစ်ပါတယ်။ 90s sitcom တွေ vibe မျိုး အပြည့်အဝ ရပြီး Christians မိသားစုနဲ့ ဇာတ်အိမ် တည်ထားပါတယ်။ Bernie Christians ဟာ နာမည်အတိုင်းပဲ ဘာသာရေးကိုင်းရှိုင်းတဲ့ ခရစ်ယာန် ကောင်းတစ်ယောက်ဖြစ်ပါတယ်။ မိန်းမဖြစ်သူ Eve ကတော့ အလုပ်ပဲ စိတ်ဝင်စားပြီး တခြားဘာကိုမှ စိတ်မဝင်စားပါဘူး။ သားနဲ့ သမီး နှစ်ယောက်ကလည်း သူ့စကားကို နားမထောင်တဲ့အပြင် အဖေကို လေးလေးစားစားမရှိကြပါဘူး။ ဒီလိုနဲ့ သူတို့အိမ်ကို ရေပိုက်ပြင်ဖို့ Russia လူမျိုး သားအဖ သုံးယောက် ရောက်လာကြပါတယ်။ ရေပိုက်ပြင်တဲ့ အကြောင်းပြချက်နဲ့ မီးဖိုခန်းတစ်ခုလုံး အိမ်တစ်ခုလုံးက နံရံတွေကို ဖြိုချကြပါတယ်။ အလုပ်အလွန်အကျွံလုပ်လွန်းလို့ ကျန်းမာရေး မကောင်းဖြစ်သွားတဲ့ မိန်းမကို ပြုစုရတာ တစ်ဖက်၊ စကားနားမထောင်တဲ့ သားသမီးတွေကို ထိန်းကျောင်းရတာ တစ်ဖက်အပြင် လူဆိုးတွေလိုလို အိမ်ကို ဖျက်ပစ်နေတဲ့ သားအဖ သုံးယောက်ကိုပါ လိုက်တားနေရတဲ့အခါ Bernie စိတ်ထဲမှာ မကောင်းတဲ့ ရုတ်တရက် အတွေးတွေ ခဏခဏ ဝင်လာပါတော့တယ်။ Horror နဲ့ ဟာသရောပြီး 90s sitcomပုံစံ ရိုက်ထားတာမို့လို့ သဘောကျကြမယ်လို့ ထင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(1.8 GB) / (920 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:30:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Leonie

Horror
5 2024 90 mins
Krazy House
Unwrapping Christmas: Tina’s Miracle
6

Unwrapping Christmas: Tina’s Miracle (2024) ********************************************* IMDb Rating – 6.0/10 အခုကခရစ်စမတ်ရာသီလဲနီးလာပြီဆိုတော့ စိတ်လှုပ်ရှားဖွယ်ရာ ခရစ်စမတ်ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဒါရိုက်တာ Max McGuire ရိုက်ကူးထားပြီး မင်းသား Alec Santos နဲ့ မင်းသမီး Natalie Hall တို့ အဓိကပါဝင်ထားတာပါ။ တီနာကတော့ သူငယ်ချင်းတွေနဲ့ လက်ဆောင်ထုပ်တွေကို လှလှလေးထုပ်ပေးတဲ့ဆိုင်လေး ဖွင့်ထားတဲ့သူပါ။ သူတို့ဆိုင်လေးက ဒီနှစ်ခရစ်စမတ်ပွဲတော်ကို စီစဉ်ပေးဖို့ ဖြစ်လာပါတယ်။ အလုပ်မှာအရမ်းတော်တဲ့ တီနာက ကံကြမ္မာတို့ တိုက်ဆိုင်မှုတို့ကို မယုံပါဘူးတဲ့။ အရင်ကစေ့စပ်ဖူးတဲ့လူကြောင့် လူတွေကိုအကောင်းမမြင်တတ်တဲ့ တီနာက တိုက်ဆိုင်မှုတစ်ခုမှာ မိုက်ကယ်ဆိုတဲ့ကလေးအဖေနဲ့ တွေ့ခဲ့ပြီး အချင်းချင်းစိတ်ဝင်စားသွားကြပါတယ်။ ပွဲကျင်းပခါနီးမှာ ပွဲလုပ်မဲ့နေရာက ရောင်းခံရလို့ ပြဿနာတွေတက်ပြီးတဲ့နောက် ရောင်းလိုက်တဲ့သူက မိုက်ကယ်လို့သိသွားတဲ့အခါ….. မိုက်ကယ်ကိုစုံစမ်းရင်း လူတွေကိုမယုံတဲ့တီနာက မိုက်ကယ်ကိုလူဆိုးလို့သတ်မှတ်ပြီး အကြံနဲ့ ချဉ်းကပ်ပါတော့တယ်။ မိုက်ကယ်က တကယ်ပဲ တီနာထင်သလို ရက်စက်ပြီးအပြောချိုတဲ့သူလား…….. တီနာနဲ့မိုက်ကယ်ကြားကဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်မလဲ……. ခရစ်စမတ်ပွဲတော်ကြီးကရော အောင်မြင်စွာ ကျင်းပနိုင်မှာလား………။ ဒါတွေကို ဒီဇာတ်ကားလေးထဲမှာ ခရစ်စမတ် theme အပြည့်နဲ့ ကြည့်ရှုရမှာပါ။ (အညွှန်းကို K မှ ရေးသားထားပါတယ်) File size…1.57GB / 708MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 24m Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by K Encoded by AHtet

6 2024 84 mins
Unwrapping Christmas: Tina’s Miracle
The Haunted Apartment “Miss K” Panggonan Wingit 2: Miss K
5.9

The Haunted Apartment “Miss K” (2025) IMDb Rating (5.9) နာမည်ကျော်အင်ဒိုနီးရှားဟော်ရာတွေဖြစ်ခဲ့တဲ့ The 3rd Eye 1-2, Sabrina, Sumala တို့ရဲ့ပဲ့ကိုင်ရှင် Hitmaker Studio ရဲ့နောက်ဆုံးထွက်လည်းဖြစ် The Haunted Hotel 2023 ရဲ့ Standalone sequel လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆူရာဘာယာမြို့မှာ ဆက်စ်မာယာ ဆိုတဲ့ အဆင့်မြင့်တိုက်ခန်းတွဲကြီးတစ်ခုရှိပြီး မကြာသေးခင်က အဲ့ဒီတိုက်ခန်းမှာနေထိုင်သူတစ်ဦး သူ့ညီမအိမ်မှာ ခြေလက်တွေဖြတ်ပြီး ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုတစ်ခုဖြစ်ပွားခဲပါတယ်။ အဲ့ဒီအမှုကို ကိုင်တွယ်နေတဲ့ ရဲအရာရှိရဲ့ချစ်သူဟာ သူ့ညီမနဲ့အတူ အဲ့ဒီတိုက်ခန်းတွဲကြီးကိုမန်နေဂျာအဖြစ်ပြောင်းလာခဲ့ပြီးနောက်မှာတော့ အဲ့ဒီတိုက်ခန်းတွဲကြီးရဲ့အသုံးမပြုပဲ အသေပိတ်ထားတဲ့ အထပ်တစ်ထပ်၊ အဲ့ဒီအထပ်မှာရှိနေတဲ့ ဝင်ရောက်သူတိုင်းလေးရက်အတွင်းသေဆုံးရမယ်လို့ ကျိန်စာတိုက်ပြီးလိုက်သတ်တတ်တဲ့ သရဲသားအမိကို ကိုယ်တွေ့ကြုံရာကနေ ကျိန်စာကလွတ်မြောက်ဖို့အတွက် အဲ့ဒီသရဲသားအမိအကြောင်းကို စုံစမ်းဖော်ထုတ်ပြီး ဖြေရှင်းရမှာတွေကိုရှုစားကြရမှာပါ။ စတူဒီယိုကြီးက ထုတ်တဲ့ဇာတ်ကားပီပီ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာ၊ သရုပ်ဆောင်ချက်ကောင်းကောင်း၊အထူးပြုလုပ်ချက် လှည့်ကွက် visual အမိုက်စားတွေနဲ့အချိန်ပေးရကျိုးနပ်မယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Thriller Duration….01:44:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.9 2025 103 mins
The Haunted Apartment “Miss K” Panggonan Wingit 2: Miss K
Invader
5

အသည်းတအေးအေး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် စိတ္တဇ လူသတ် Horror ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားရဲ့ plot က အရမ်းကြီး မထူးခြားပေမယ့် နောက်ခံအသံ၊ အလင်းအမှောင် အနေအထား၊ လူသူကင်း ခြောက်ကပ်နေတဲ့ ပတ်ဝန်းကျင်၊ ပြိုပျက်စီးနေတဲ့ အဆောက်အဦးတချို့နဲ့ လူနေအိမ်ကျဲ ဆင်ခြေဖုံးရပ်ကွက်ကို ရိုက်ကူးတင်ဆက်ထားတာမို့ ခြောက်ခြား ရင်တုန်ဖို့ ကောင်းတဲ့ ရိုက်ကွက်တွေကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ပြောရရင် အန်နာဆိုတဲ့ ကောင်မလေး တစ်ယောက်ဟာ ချီကာဂိုမှာ ရှိတဲ့ သူမရဲ့ ဝမ်းကွဲအစ်မ အိမ်ကို လာလည်ခဲ့ပါတယ်။ စီးလာတဲ့ ဘတ်စ်ကားဟာ လမ်းမှာ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ရောက်ရမယ့် အချိန်မရောက်ဘဲ နောက်ကျပြီးမှ ဂိတ်ဝင်ပါတယ်။ ခရီးသည်တွေ အားလုံးက လမ်းမှာ ဆင်းကုန်ကြပြီး ဂိတ်ရောက်ချိန်မှာ ခရီးသည်တစ်ဦးတစ်လေမှ မရှိနေတဲ့ အပြင် ဂိတ်ဝန်ထမ်းလည်း ရှိမနေပါဘူး။ ဝမ်းကွဲအစ်မ ကာမီလာဆီကို ဖုန်းဆက်တော့လည်း မကိုင်တာမို့ ကိုယ့်ဘာသာ အငှားကားစီးဖို့ လုပ်ပြန်တော့ အနုကြမ်းစီးဖို့ ကြံစည်တဲ့ ကားသမားနဲ့ တွေ့တာမို့ ကိုယ်လွတ်ရုန်း ပြေးခဲ့ရပါတယ်။ ကားထပ်မငှားရဲတော့တဲ့ အန်နာဟာ ဖုန်း GPS မြေပုံကနေကြည့်ပြီး ခြေလျင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမရဲ့ ဝမ်းကွဲအိမ်ကို ရောက်တဲ့အခါမှာတော့ သူမ လုံးဝ ထင်မထားတဲ့ အရာတွေကို ကြုံဆုံလိုက်ရချိန်မှာတော့….။ File Size… (567MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 10m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5 2024 70 mins
Invader
The Old Guard 2
7.2

The Old Guard 2 (2025) ဒါကတော့ ၂၀၂၀ မှာ ထွက်ရှိခဲ့တဲ့ The Old Guard 1 ရဲ့ အဆက်ဖြစ်ပြီးတော့ တော်တော်များများ စောင့်မျှော်နေကြတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အခုမှ စကြည့်မဲ့သူတွေကတော့ မသေမျိုးတွေ သူတို့ရဲ့ ရည်ရွယ်ချက်တွေ အဖြစ်သနှစ်တွေကို လုံးစေပတ်စေ့ နားလည်ဖို့ဆိုရင် အပိုင်းတစ်ကို ပြန်သွားကြည့်စေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဒုတိယအပိုင်းမှာတော့ အန်ဒီဟာ သူမရဲ့ မသေမျိုးဘဝကို ဆုံးရှုံးသွားခဲ့တာ ၆ လကျော်ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ အန်ဒီဟာ သူမရဲ့ မသေမျိုးစစ်သည်တော်တွေရဲ့ လူသားမျိုးနွယ်ကို အန္တရာယ်ပြုလာနိုင်တဲ့ကိစ္စတွေကို လိုက်လံတားဆီး ကာကွယ်နေဆဲဖြစ်ပါတယ်။ အဲအချိန်မှာ သူမထက်တောင် ပိုပြီးတော့ ကမ္ဘာပေါ်မှာ နေထိုင်လာတာသက်တမ်းကြာပြီဖြစ်တဲ့ ရှေးကျတဲ့ မသေမျိုး အမျိုးသမီး ဒစ်စကော့က သူမနဲ့ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ သမိုင်းကြောင်းတွေကို ခိုးယူသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အန်ဒီနဲ့အတူ ကတိအပြန်အလှန်ထားရှိခဲ့တဲ့ ကွင်ကလည်း ပိတ်လှောင်ခံထားရတဲ့နေရာကနေ လွတ်မြောက်လာခဲ့ပါတယ်။ ဒီတော့ အန်ဒီတစ်ယောက် ဘာလို့ မသေမျိုးဘဝကို ဆုံးရှုံးလိုက်ရတာလဲ၊ ဒစ်စကောဆိုတဲ့ ထူးဆန်းတဲ့မသေမျိုးကလည်း ဘာတွေကြံစည်နေတာလဲ၊ ကွင် ပြန်လွတ်လာတာနဲ့ရော ဆက်စပ်မှုရှိနေလား၊ သူတို့ကို ဘယ်လိုကြီးမားတဲ့အန္တရာယ် စောင့်ကြိုနေလဲ၊ ဒါကို ဘယ်လိုတားဆီးကြမလဲဆိုပြီး သိချင်စိတ်တဖွားဖွားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Matteo ဖြစ်ပါတယ်။) File size… (6.4 GB) / (1.6 GB) / (940 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Adventure, Fantasy, Thriller Duration…. 01:47:41 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Matteo & Act Molemy

7.2 2025 107 mins
The Old Guard 2