YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Miss King (2025) E05 1080p WEB-DL [RMC].mp4

808.11 MB N/A video/mp4 4 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Deer Hunter
8

စစ်ပွဲတစ်ခုဆိုတာ လူတွေကို ဘာများ ပြောင်းလဲသွားစေနိုင်သလဲ....။ လူတွေရဲ့ နေ့စဉ် နိစ္စဓူဝတွေအပေါ် ဘာတွေသက်ရောက်မှုရှိသွားနိုင်သလဲ....။ ပင်ဆဲဗေးနီးယားက မြို့ငယ်လေးတစ်မြို့မှာ သူငယ်ချင်းတွေ အုပ်စုလိုက်ရှိကြတယ် ၊ စက်ရုံမှာ အလုပ်အတူတူလုပ်တယ်၊ အမဲလိုက်တူတူထွက်ကြတယ်၊ အရက်ဆိုင်လေးမှာ ပျော်ပျော်ပါး တူတူသောက်ကြတယ်။ သူငယ်ချင်း မင်္ဂလာပွဲမှာ စိတ်လွတ်ကိုယ်လွတ် လူငယ်သဘာဝ ပျော်ရွှင်ကြမယ် ဗီယက်နမ် စစ်ပြန်တွေကို အားကျတယ်။ ဒီလိုနဲ့ အဖွဲ့ထဲက လူငယ်လေး ၃ ယောက်ဟာ တိုင်းပြည်ကို စစ်မှုထမ်းပေးချင်တာကြောင့် ဗီယက်နမ်ကို စစ်လိုက်ခဲ့ပါတော့တယ်။ ဒီမှာ သူတို့ထင်ထားသလိုမဟုတ်ပဲ ဗီယက်နမ်နိုင်ငံက သူတို့ကို ရက်စက်စွာနဲ့ ကြိုဆိုခဲ့ပါတော့တယ်၊ သေအံ့နီးနီး အဖြစ်အပျက်တွေကနေ မနည်းအသက် လွတ်အောင် ရုန်းကန်ခဲ့ရပြီး တကွဲတပြားနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ ဒီမှာပဲ ဘဝတွေဟာ ပြောင်းလဲလာပါတော့တယ် ကိုယ့်မြို့လေးကို ပြန်လာနိုင်ခဲ့တယ် ဆိုပေမယ့် ဒီစစ်ကြီးရဲ့ ဆိုးရွားတဲ့အမှတ်တရဟာ နေ့စဉ်နှိပ်စက်လာပါတော့တယ်။ သွားခဲ့တဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ယောက်တစ်မျိုးစီ ဘယ်လိုတွေ ဖြစ်ပျက်ခဲ့သလဲ၊ ပြန်ပြီး အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုကြိုးစားနေထိုင် ကြမလဲ၊ ကိုယ့်မြို့ကိုပြန်ရောက်တဲ့လူရော ရှိလား မရှိရင် ဘာတွေဖြစ်နေမလဲ၊ ဒီလောက်ထိ ဆိုးဝါးတဲ့ အတွေ့အကြုံဟာ ဘာတွေများဖြစ်နေလို့လဲ စသဖြင့် ရင်သပ်ရှုမောဖွယ်ရာကို ၃ နာရီစာ အားပါးတရ မင်းသားကြီးကောင်းကောင်း တွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အမေရိကန်အတွက် ဒီဗီယက်နမ်စစ်ကြီးဟာ ကောင်းကျိုးမရပဲ ရှုံးနိမ့်ခဲ့တဲ့ တစ်ခုတည်းသောစစ်ပွဲဖြစ်ပြီး ဘာတွေကြောင့်များ ဒီလိုဖြစ်ရသလဲဆိုတာ တစ်ပိုင်းတစ်စတွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ မင်းသားကြီး Robert De Niro ကတော့ ဒီထဲမှာ နုပျိုငယ်ရွယ်တုန်းဖြစ်ပြီး သူ့ရဲ့ အားပါလှတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်လမ်းကို စီးမျောနိုင်ဦးမှာပဲဖြစ်ပါတယ်....။ File size…2.97GB / 1.06GB Quality…WEB-DL 1080p5.1CH/ 720p Format…mp4 Duration….3h 3m Genre ..... Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Science Fiction • Thriller
8 1978 183 mins
The Deer Hunter
War
6.6

IMDb - 6.5/10_____Rotten - 69% ကားသစ်တွေ ကားကောင်းတွေ ဆက်တိုက်ထွက်နေတဲ့ကြားက ယနေ့ထွက် ဘောလိဝုဒ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်.... ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။ တိုက်ဂါးနဲ့ ရီသိတ်ဟာ အိန္ဒိယတပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။ ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။ သူ ဘာကြောင့် ပစ်ခဲ့တာလဲ.... ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ... သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့... တိုက်ဂါးပါ။ ကဲ.... ဆရာနဲ့ တပည့်....ဘယ်လို ဆက်ဖြစ်ကြမလဲ..... အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ.... ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။ File size…(7.6 GB)/(2.3 GB)/(1.3 GB) Quality….BluRay 4K HEVC/1080p HEVC / WEB 720p Format…mp4 Duration….02:33:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung , Than Htike Zaw Translated by Nyi Koe & Myint Thu

Documentary
6.6 2019 156 mins
War
The Irishman
7.6

ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။ သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။ အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။ Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။ သမ္မတ နစ်ဆွန် နဲ့ ဂျေအက်ဖ် ကနေဒီတို့ခေတ်မှာ သမ္မတတွေပြီးရင် အင်အားအကြီးဆုံး၊ အထင်ရှားဆုံးလူတစ်ယောက်ရှိပါတယ်။ သူ့နာမည်ကတော့ ဂျင်မီဟော့ဖာ ပါတဲ့။ သူဟာ ကုန်ကားမောင်းသူများအဖွဲ့ ဥက္ကဌဖြစ်ပြီး သူ့အဖွဲ့မှာ အဖွဲ့ဝင်ပေါင်း သန်းချီပြီးကို ရှိခဲ့ပါတယ်။ သူဟာ အလုပ်သမားအခွင့်အရေးအတွက် အများကြီးတိုက်ခိုက်ပေးခဲ့ အဆင်ပြေအောင်လုပ်ပေးခဲ့လို့ နိုင်ငံကျော်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတာပါပဲ။ သူ့အဖွဲ့ရဲ့ ပင်စင်ရံပုံငွေဟာ ဒေါ်လာ ဘီလီယံနဲ့ချီပြီးရှိနေတော့ တရားမဝင်လုပ်ငန်းတွေအတွက် ငွေလိုနေတဲ့ မာဖီးယားဂိုဏ်းတိုင်းဟာ ဘဏ်ကချေးလို့မရဘဲ ဂျင်မီဆီမှာပဲ ချေးကြရတာပါ။ လက်စ်ဗီးဂတ်ကို မာဖီးယားတွေ စတည်ဆောက်တာ ဂျင်မီရဲ့ ငွေတွေအများကြီးပဲလို့ ပြောလို့ရတာပါပဲ။ သူဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီး ကာလအတော်ကြာမှပဲ နိုင်ငံတော်က သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့တာပါ။ သူပျောက်ဆုံးသွားခဲ့ပုံ၊ သေဆုံးပုံနဲ့ မာဖီးယားဂိုဏ်းများစွာနဲ့ အရှုပ်အရှင်းတွေကိုတော့ သူ့ရဲ့ လူယုံ ဖရန့်ခ် ရှီရန်က လူထုကို ဖွင့်ချပြခဲ့ပြီး နောက်မှ ာ စာရေးဆရာ Charles Bandt က I heard you paint houses ဆိုတဲ့ ကမ္ဘာကျော်စာအုပ်တစ်အုပ်လည်း ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ ဖရန့်ခ်ရှီရန် (Robert De Niro) ပဲ ဖြစ်ပါတယ်။ God father, Good fellas တို့လို epic crime drama အမျိုးအစားပဲဖြစ်ပါတယ်။ နှစ်အတော်ကြာမှပဲ ဒီလိုရုပ်ရှင်မျိုး ပြန်ကြည့်ခွင့်ရကြတာပါပဲ။ မာဖီးယားစတိုင်အစစ်တွေကို ပြန်မြင်ရပါပြီ။ ဥပမာ ဖရန့်ခ် နဲ့ သူ့ရဲ့ ဆရာသမား မာဖီးယားဘော့စ် ရပ်ဆဲ တို့ စားသောက်ဆိုင်ထိုင်နေတယ်။ အခြားမာဖီးယားတစ်ယောက်က ရန်လာစတော့ အေးအေးဆေးဆေးလေးပဲ တောင်းပန်လိုက်တယ်။ ပြီးရင် တစ်ယောက်ကိုတစ်ယောက်ဘာမှမပြောဘဲ ကြည့်လိုက်တယ်။ ခဏနေ အိမ်ပြန်ပြီး သေနတ်ယူ သွားပစ်သတ်လိုက်တယ်။ ရှင်းပါတယ်။ ဒီလိုဖီလင်မျိုးတွေ မရတာ ကြာပြီမို့ အားရပါးရ ထိုင်ကြည့်လို့ရမယ့် ရုပ်ရှင်ပါပဲ။

Crime • Drama • Mystery
7.6 2019 209 mins
The Irishman
Isn't It Romantic
6.2

ဇာတ်လမ်းအကြောင်းအကျဉ်းချုပ်ပြောရရင်တော့ အချစ်ဇာတ်မြူးကားမကြိုက်တဲ့ကောင်မလေးတစ်ယောက် အချစ်ဇာတ်မြူးကားထဲ ပိတ်မိသွားတဲ့ အချစ်ဇာတ်မြူးကားလို့ ပြောရမှာပဲ.. ရှုပ်များသွားသလား မသိဘူး။ ငယ်ဘဝမှာ မိခင်ဖြစ်သူသွင်းပေးလိုက်တဲ့ အတွေးခေါ်တွေကြောင့် အချစ်ဟာသကားတွေကို မုန်းတဲ့ နာတာလီဆိုတဲ့ ပုံ့ပုံ့ဖိုင့်ဖိုင့်ဗိသုကာပညာရှင်မလေး ... စိတ်ကူးယဉ်ဆန်တာတို့ ချစ်ခြင်းတို့ဆိုတာတွေဟာ သူ့လိုမိန်းကလေးတွေအတွက် မအပ်စပ်တဲ့အရာလို့ တစ်ယူသန်မှတ်ထားတဲ့ လက်တွေ့ဆန်မလေးတစ်ယောက် တစ်ညမှာ ရိုက်လုခံရပြီး အစစအရာရာ မထင်မှတ်ထားတဲ့ အပြောင်းအလဲကြီးနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာပေါ့.. နာတာလီလေးတစ်ယောက် လက်တွေ့ဘဝထဲပြန်ထွက်လာမလား.. သူမုန်းတယ်ထင်ခဲ့ဖူးတဲ့ အစစအရာရာပြည့်စုံနေတဲ့ဘဝမှာ ပျော်မလားဆိုတာတော့ ကြည့်လိုက်ကြပါဦးလို့ Translated by Sane Khet Encoded by sithu

Comedy • Horror
6.2 2019 89 mins
Isn't It Romantic
Nerve
7

Trailer Review လေးရေးမလို့:D “Nerve” သရုပ်ဆောင်တွေ က Emma Roberts နဲ့ Dave Franco ။ ဒီနေရာမှာ ရုပ်ရှင်အကြောင်းထက် သရုပ်ဆောင်အကြောင်းအရင်ပြောချင်တယ်။ ဒီကား Trailer ကြည့်ပြီးတဲ့ သဘောကျသွားတဲ့တစ်ချက်ကတော့ မင်းသား မင်းသမီး ရွေးချယ်မှုပဲ (juz my opinion) ... Dave Franco 2010 နောက်ပိုင်း ကောင်မလေးတွေ ကြွေတဲ့စာရင်းမှာ ပါလာတဲ့ မင်းသားတစ်လက်ဆိုမမှားပါဘူး။သူ့ကို လူသိများလာစေတဲ့ရုပ်ရှင်တွေက 21JumpStreet, 22JumpStreet, Now You See Me, Now You See Me 2 and Neighbors ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ခဲ့တာမျိုးတော့ မဟုတ်ဘူး။ အခု NERVE က သူ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်မယ့်ဇာတ်လမ်း ။ ဟုတ်ပြီ Emma Roberts အကြောင်းဆက်ပြောမယ်။ Emma Roberts ကိုယ့်အနေနဲ့ပြောရမယ်ဆိုရင်တော့ AQUARMARINE ထဲမှာတည်းက ကြွေတာ ။ မင်းသမီးသုံးယောက်ထဲမှာ သူ့ကို အကြိုက်ဆုံး ။ နောက်ပြီး သူ က သရုပ်ဆောင်တင်မဟုတ်ဘူး Unfabulous and More သီချင်း Album လည်းထွက်ခဲ့ဖူးတယ်။ သူပါဝင်တဲ့လူသိများတဲ့ ရုပ်ရှင်တွေက AQUAMARINE, Scream 4, We are the millers … Dave Franco and Emma Roberts , သူတို့နှစ်ယောက်တော်တော်အတွဲညီမယ်လို့မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်က Level လည်း မတိမ်းမယိမ်း ပဲ နောက်ပြီး ထူးခြားချက်က ရုပ်လည်း ဆင်တယ် ။ နှစ်ယောက်လုံးရဲ့ပုံစံကလည်း လုံး၀ Fancy ဆန်တယ်။ … NERVE ကလည်း Fancy အထာပဲ ။ ဇာတ်လမ်းပုံစံ က Online Game တစ်ခုကစား တဲ့အကြောင်း။ ဘယ်လို Game မျိုးလဲဆိုတော့ Truth or Dare ပုံစံ ။ Game ထဲမှာ Player ရှိတယ် Watcher ရှိတယ်။ Player တွေက Watcher တွေရဲ့စိန်ခေါ်မှုကို လက်ခံပြီး အောင်မြင်အောင် လုပ် နိုင်လျင် လောင်းကြေးကို နိုင်တယ်။ အန္တရာယ်များလေ လောင်းကြေးများလေ ။ Emma Roberts က အဲ့ Game ကို ကစားဖို့လက်ခံလိုက်တယ် ။ ပထမဆုံး စိန်ခေါ်မှုက စားသောက်ဆိုင်မှာ တွေ့တဲ့ သူစိမ်းတစ်ယောက်ကို နမ်းရမှာ ။ အဲ့မှာ သူရွေးလိုက်တဲ့ သူ က Dave Franco ။ Dave Franco ကိုယ်တိုင် ကလည်း Nerve Player တစ်ယောက် ။ သူတို့နှစ်ယောက်အတူ ကစားရင်း တဖြည်းဖြည်း စိန်ခေါ်မှုတွေက ကြီးလာတယ်။ စိန်ခေါ်မှုတွေကြီးလာတဲ့အလျောက် စိန်ခေါ်မှုတွေကို လွယ်လွယ်ငြင်းပယ်လို့ မရတော့တဲ့အခါ စိန်ခေါ်မှုတွေအားလုံးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ပါ့မလား ၊ တစ်ခြား Player တွေရဲ့ အနှောင့်အယှက် တွေကရော ၊ Game ကို ပြီးတဲ့အထိ ဆက်မကစားပဲ ရပ်လိုက်ရင် Watcher တွေရဲ့တုန့်ပြန်မှုက ၊ အသက်အန္တရာယ် ထိခိုက်စေမယ့် စိန်ခေါ်မှုတွေ ကိုရော ၊ ဒါတွေက Trailer ကြည့်ပြီး ထွက်လာတဲ့မေးခွန်းတွေပါ ၊ ပြောရရင် Pokemon Go ခေတ်စားနေတဲ့အချိန်နဲ့တောင်တိုက်ဆိုင်တယ် ။ သူပေးချင်တဲ့ Message ကလည်း Online Game တွေ ကို စွဲစွဲလမ်းလမ်း ကစားမိလို့မထင်မှတ် တဲ့ ပြသနာ တွေ ရင်ဆိုင်ရတယ်ဆိုတာမျိုးလည်းပါမယ်ထင်တယ် ။ (ဘာမှတော့မဆိုင်ပါဘူး :P) - Super Hero ဇာတ်လမ်းတွေ များနေတဲ့ ဒီနှစ်မှာ “Nerve” ရဲ့ဇာတ်လမ်း ပုံစံက ကြည့်ချင်စရာကောင်းတဲ့ ဇာတ်လမ်း စာရင်းထဲမှာပါတယ်။ - Emma Roberts နဲ့ Dave Franco တို့ရဲ့ အဓိက သရုပ်ဆောင် အနေနဲ့ သရုပ်ဆောင်မှုကိုလည်း ကြည့်ချင်တယ်။ (တကယ်အတွဲညီမယ်လို့လည်းမျှော်လင့်တယ်) - နောက်ဆုံးတစ်ခု က Trailer မှာပါတာ စိတ်ဝင်စားစရာ အကုန် ပဲဆိုတဲ့ ပုံစံမျိုး မဟုတ်လောက်ဘူး။ သြော် မေ့တော့မလို့ Machine Gun Kelly(MGK) ကလည်း Nerve Player အနေနဲ့ ပါသေးတယ်ဗျာ ။ ကဲအဲ့တော့ ရုံတင်မယ့်ကားတွေရဲ့ Upcoming List မှာ ပါနေတဲ့ ဒီကား “Nerve” ကို ကျနော်ကတော့ WatchList ထဲထည့်ထားလိုက်ပြီ။(ရုပ်ရှင်အညွှန်းကို mrnyo.blogspot မှ Admin LookNyein ၏အညွှန်းမှ ကူးယူဖော်ပြထားပါသည်။) IMDb Rating (6.9/10) အခုတော့ ဒီဇာတ်ကားကို မြန်မာစာတန်းထိုးဖြင့် Channel Myanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်လိုက်ပါပြီ။တမူထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်ကြောင့် အကြိုက်တွေ့မိမှာ သေချာပါတယ်။ CM Team မှ Chuck Kaung Tartee မှဘာသာပြန်ထားတာပါ။ File size…(850MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy • Drama • Science Fiction
7 2016 96 mins
Nerve
[18+] Hotel Iris
5.4

Hotel Iris (2021) အိုဆာကာ အာရှရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဟိုတယ် အိုင်းရစ်လို့ခေါ်တဲ့ Hiroshi Okuhara ရဲ့ ရုပ်ရှင်အသစ်ဟာ တော်တော်ကို ဆန်းဆန်းပြားပြားနဲ့ Adult ကားဆန်ဆန် သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ Mystery ကားတစ်ကားရဲ့ လျှို့ဝှက်မှုတွေ အသားစိုင်တွေကို ပေါင်းစပ်ပြီး ပုံဖော်ထားတယ်လို့ ပြောလည်းမမှားပါဘူး။ ဒီကားက တစ်နေ့ကတင် ကျွန်တော်ကြည့်ခဲ့တဲ့ A Quiet Family လို့ခေါ်တဲ့ ရယ်လည်းမရယ်ရ ဘာပြလို့ပြချင်မှန်းမသိတဲ့ ကိုရီးယားကားနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ သို့ပေမဲ့ ဒီကားကတော့ သူ့ဘာသာ Mystery လိုင်းကို အပြည့်အဝသွားထားတဲ့၊ အများကြီးပိုကောင်းတဲ့ကားပါ။ သရုပ်ဆောင်တွေကလည်း တော်တော်လေး မိုက်တယ်လို့ပြောလို့ရပါတယ်။ ကားကောင်းသိပ်မရှိတဲ့ ဂျပန်ကထုတ်တဲ့ကားအနေနဲ့ဆို တော်တော်ကောင်းတဲ့ ရှားပါးကားလေးပါပဲ။ ဒီလို လျှို့ဝှက်ဆန်းကြယ်ပြီး အသားစိုင်တွေရဲ့ လှပခြင်းနဲ့ ဝင်းဝါတောက်ပနေတဲ့ကားမျိုးကို တစ်ကိုယ်ရေအနေနဲ့ပဲ ကြည့်ကြစေချင်ပါတယ်။ သိကြမယ်မို့လား… ဒီကားဟာ ကိုယ်မြင်ချင်ပေမဲ့ ကိုယ်မြင်ချင်တာ သူများမမြင်စေချင်တဲ့ အရာမျိုးတွေနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်ပဲလေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.82GB, 740MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 40Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

5.4 2021
[18+] Hotel Iris
Nothing Lasts Forever
7.1

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက် ဗဟုသုတ ရမယ့် documentary တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ Nothing Lasts Forever – ဘယ်အရာမှ ထာဝရ မတည်မြဲဘူးဆိုတဲ့ နာမည်ကြောင့် အချစ်ရေးရာ အဖြာဖြာရယ်တော့ မဟုတ်ရပါဘူး။ ဒီ Documentary ထဲမှာတော့ စိန်လုပ်ငန်းနယ်ပယ်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ လုပ်ငန်းလှည့်ကွက်တွေအကြောင်းကို ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ပြထားတာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ customer တွေက ပစ္စည်းအကြောင်း သေချာမသိပါဘဲ လုပ်ငန်းရှင်တွေရဲ့ အလိမ်အညာတွေကြားထဲမှာ နစ်မြောပြီး ထုတ်ကုန်တစ်ခုကို ဝယ်ယူမိတတ်ကြပါတယ်။ လက်ဝတ်ရတနာ အဝယ်မှားရင်တော့ ပိုက်ဆံသိန်းချီ ဆုံးရှုံးရမယ့်ကိန်းပါ။ လက်ဝတ်ရတနာတွေကြားမှာ ဈေးအကြီးဆုံးအဖြစ် သတ်မှတ်ထားတဲ့ စိန်ထည်က တကယ်ပဲ ပေးရတဲ့ ဈေးနဲ့ တန်နေရဲ့လားဆိုတာကို ဒီ documentary ထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ စိန်တွေကို ဘယ်လိုထုတ်နေကြသလဲ၊ ဘယ်နေရာတွေမှာ သန့်စင်သိုလှောင်ပြီး ဘယ်လောက်ပမာဏတွေ ထုတ်ယူနေကြလဲဆိုတာကို သိရှိရမှာပါ။ အဓိကကတော့ သဘာဝတွင်းထွက်စိန်နဲ့ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ စိန်တို့ကြားက ဈေးကွက်ယှဉ်ပြိုင်မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေဟာ သူတို့အကျိုးစီးပွားအတွက် customer တွေကို ဘယ်လိုထင်ယောင်ထင်မှားဖြစ်မှုတွေကြား လှောင်ပိတ်ထားပြီး အမြတ်ထုတ်နေသလဲဆိုတာကိုပါ သဘောပေါက်သွားစေမှာပါ။ စိန်တိုက်ပိုင်ရှင်တွေက သူတို့ရောင်းချတဲ့ စိန်တွေက စိန်အစစ်ပါလို့ အာမခံပေမဲ့ တကယ်ပဲ စစ်ရဲ့လားဆိုတဲ့ သံသယမျိုး ချန်ပေးခဲ့မယ့် Documentary ကောင်းတစ်ခုဖြစ်တာမလို့ ဗဟုသုတရချင်သူများ အထူးကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size… 1.2 GB / 593 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

7.1 2022 87 mins
Nothing Lasts Forever
Jean de Florette
8.1

IMDb 8.1 အထိ ရထားပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်တဲ့ ပြင်သစ် ဟာသ ဇာတ်လမ်းဟောင်းလေး တစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် Ugolin ဟာ စစ်ပွဲပြီးချိန် မွေးရပ်မြေ ကျေးလက်တောင်ပေါ်ဒေသကို ပြန်လာပြီး ဦးလေးဖြစ်သူ လူပျိုကြီး César ဆီကို ရောက်လာပါတယ် ဦးလေးဖြစ်သူက သူ့တူ Ugolin ဇော်မွှားပန်းတွေ စိုက်ချင်တဲ့အတွက် အိမ်နီးချင်းရဲ့ လယ်မြေကို ဝယ်ပေးဖို့ ဈေးညှိပေမယ့်တစ်ဖက်က လက်မခံရာ အချင်းများကြပြီး အိမ်နီးချင်းအဘိုးကြီး မတော်တဆ လျှောသွားပါတော့တယ် ဒီလိုနဲ့ အမွေအဖြစ် လယ်နဲ့အိမ်ကို အဘိုးကြီးရဲ့ ညီမဖြစ်သူက ရသွားပြီး ဖြစ်ချင်တော့ ညီမဖြစ်သူကပါ ဆုံးသွားလို့ ကျောကုန်းဘုကြီးနဲ့ မြို့က သားဖြစ်သူ အကောက်ခွန်အရာရှိ Jean Cadoret က ရသွားပြီး နယ်ကိုပြန်လာပါတော့တယ် Jean က ရည်မှန်းချက်ကြီးပြီး မြို့နေဘဝကနေ ကျေးလက်မှာ စိုက်ပျိုးမွေးမြူရေးကို အကြီးစားပြောင်းလုပ်ချင်သူပါ ဒါပေမယ့် မြေကို လိုချင်တဲ့ Ugolin ကတော့ Jean ကို မောင်းထုတ်ဖို့အတွက် ဦးလေးဖြစ်သူနဲ့ ပေါင်းကြံပါတော့တယ် ဇာတ်လမ်းအသေးစိတ် ပြောပြနေရင် ပေါ့သွားမှာစိုးလို့ သူတို့ တူအရီးနှစ်ယောက် ဘယ်လိုတွေ ကြံစည်ကြလဲဆိုတာကို ပရိသတ်ကြီးပဲ အားပေးလိုက်ပါဦး File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Drama • Fantasy
8.1 1986
Jean de Florette
Carrot Cake Murder: A Hannah Swensen Mystery
6.2

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်…စာရေးဆရာမ Joanne Fluke ရဲ့ Hannah Swensen Mysteries စာအုပ်တွဲထဲက Carrot cake murder ဆိုတဲ့စာအုပ်အပေါ်အခြေခံထားပါတယ်… ဇာတ်လမ်းအကြောင်းကတော့ ဟန်နာစွင်ဆန်ကကွတ်ကီးဆိုင်ပိုင်ပါတယ်….ဇာတ်လမ်းရဲ့အစမှာဟန်နာက သူမရဲ့သူငယ်ချင်းဖြစ်သူ နော်မန်ရဲ့အမေအတွက် မွေးနေ့ပွဲကျင်းပဖို့စီစဉ်နေကြတာပါ….မွေးနေ့ပွဲကိုနော်မန်ကိုထိန်းကျောင်းခဲ့တဲ့ ယူဂျင်းဆိုတဲ့လူပိုင်တဲ့စားသောက်ဆိုင်မှာကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်….ထိုစားသောက်ဆိုင်ရဲ့ဘေးကပ်ရပ်မှာ‌တော့ စတိုင်နာအဆောက်အဦးရှိပါတယ်…စတိုင်နာအဆောက်အဦးကိုဖြိုချဖို့နဲ့ပတ်သက်ပြီး အဆောက်အဦးရဲ့ရှေ့မှာဆန္ဒပြတာတွေလည်းရှိပါတယ်…. နော်မန်ရဲ့အမေအတွက်မွေးနေ့ပွဲကျင်းပပြီးစီးပြီး ညဘက်နော်မန်ကဟန်နာကိုပစ္စည်းတွေလိုက်ပို့ပေးတဲ့အချိန် စတိုင်နာအဆောက်အဦးရဲ့အရှေ့ကိုရောက်တော့ အဆောက်အဦးထဲကဗုံးပေါက်ကွဲသံကိုကြားလိုက်ရပါတယ်…ထိုအခါ နော်မန်နဲ့ဟန်နာတို့နှစ်ယောက်အဆောက်အဦးထဲပြေးဝင်ကြည့်တဲ့အခါမှာတော့ အဆောက်အဦးရဲ့ဓါတ်လှေကားအောက်ခြေမှာ အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်…. ဟန်နာရဲ့ရည်းစားဖြစ်သူ မိုက်ခ်ကစုံထောက်ဆိုတော့ ဟန်နာကအလောင်းတွေ့ရာနေရာကိုတိတ်တိတ်လေးဝင်ရှာရင်း သော့တစ်တွဲ၊ချိန်းကြိုးတစ်ခုနဲ့ အဝတ်စတစ်စတို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်…. ထိုသက်သေတွေအပေါ်မူတည်ပြီး ဟန်နာနဲ့မိုက်ခ်နဲ့လူသတ်သမားကိုဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ…. File size…(760 Mb) Quality….Webrip 720p Format…mp4 Duration….01:24:00 Genre… Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

Adventure • Action • Fantasy
6.2 2023
Carrot Cake Murder: A Hannah Swensen Mystery
Loving Leah
7.1

ဒီတစ်ခါ cm ပရိသတ်ကြီးကို မိုးအေးအေးလေး ဇိမ်နဲ့ကွေးပြီး ကြည့်ဖို့ ဆွတ်ပျံ့ကြည်နူးဖို့ ကောင်းတဲ့ အချစ်ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နှလုံးခွဲစိတ် ဆရာဝန်တစ်ဦး ဖြစ်တဲ့ ဂျိတ်ခ်ဟာ ဂျူးလူမျိုး တစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ ဆရာဝန်တစ်ယောက်ပါ။ တစ်နေ့မှာ အစ်ကိုဖြစ်သူ ဂျူးဘာသာရေးဆရာ ရုတ်တရတ်ဆုံးပါးသွားပြီး အိမ်ကို နာရေးပြန်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူမသိလိုက်တာက ကလေးမရှိသေးတဲ့ ဂျူးအိမ်ထောင်မှာ အစ်ကိုဖြစ်သူ ဆုံးပါးပြီး ညီဖြစ်သူက လူပျိုလူလွတ်ဆိုရင် အစ်ကိုဖြစ်သူရဲ့ ဇနီးကို လက်ထပ်ယူဖို့ သတ်မှတ်ထားတဲ့ လယ်ဗီရိတ် အိမ်ထောင်ပြုခြင်း ရှိနေတယ်ဆိုတာပါပဲ။ ဘာသာရေးကို သိပ်ပြီး ယုံကြည်မှုမရှိတဲ့ ဂျိတ်ခ်နဲ့ သူ့ရဲ့ ဆန့်ကျင်ဘက် ခယ်မလေး လေယာတို့ နှစ်ဦး ဆုံတွေ့ ချိန်မှာတော့ ဘယ်လိုတွေ ဖြစ်လာမလဲ။ ရှေးရိုးစွဲ ယုံကြည်မှု ဘာသာရေး ကိုင်းရှိုင်းတဲ့ ဂျူးမိသားစုအတွင်း ဖြစ်တတ်တဲ့ သဘောတရားလေးတွေနဲ့ အမြင်မတူညီတဲ့ သူနှစ်ဦး ပေါင်းစပ်ဖို့ အကြောင်းဖန်လာတဲ့အခါ….။ ရိုမန်တစ် ဇာတ်ကားကောင်းတွေ ရိုက်ကူးလေ့ရှိတဲ့ Hallmark Channel က ရိုက်ကူးထားပြီး Nomination ငါးခု အထိ ရထားတဲ့ အချစ်ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ File size…2.01GB / 986MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 35m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

7.1 2009 97 mins
Loving Leah
Baltimore (aka) Rose’s War
5.7

Baltimore ဟာ 1974 ခုနှစ် ဧပြီ 26 ရက်နေ့က အဖြစ်အပျက်ကို အခြေခံပြီး ချမ်းသာပြီး ငယ်ရွယ်တဲ့ မိန်းကလေး Rose Dugdale တစ်ယောက် IRA ကို ဝင်ပြီးနောက်ဆက်တွဲ အဖြစ်အပျက်တွေကို ရိုက်ကူးထားပါတယ် Rose Dugdale ဟာ IRA အဖွဲ့ဝင်ပြီးနောက် ရဲဘော် Eddie, Martin, Dominic တို့နဲ့အတူ Wicklow မြို့ Russborough အိမ်မှ ၁၉ရာစုရဲ့အနုပညာလက်ရာ ပန်းချီကားတွေကို ခိုးယူပြီး IRA အတွက် လက်နက်ထောက်ပံ့ပေးဖို့ ကြိုးပမ်းရာမှ သူတို့ရဲ့ကြိုးပမ်းမှုအောင်မြင်သွားမလား၊ အစိုးရဘက်က Rose တို့အဖွဲ့ကို လိုက်လံဖမ်းဆီးရာ သူတို့ကိုဖမ်းမိသွားမလားဆိုတာကိုတော့ Baltimore ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ရှုပေးကြပါဦး File size…(1.1 GB)/(580 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:38:00 Genre… Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

5.7 2023
Baltimore (aka) Rose’s War
Abnormal: Buas
5.3

Abnormal: Buas (2024) E1 အဖွဲ့ဟာ အကျင့်ပျက်ခြစားတဲ့ နိုင်ငံခေါင်းဆောင်တွေကို သုတ်သင်ဖို့စွမ်းအားမြင့်လူသားများကို ဖန်တီးလိုက်ပါတယ်.. ဒါပေမယ့် ဒီလူတွေကိုသူတို့ကိုယ်တိုင်တောင်မထိန်းချုပ်နိုင်ကြတော့ပါဘူး.. တစ်နေ့မှာ စိတ္တဇဖြစ်နေတဲ့စွမ်းအားမြင့်လူသားတစ်ယောက်ကိုအကျဥ်းထောင်ရွှေ့ပြောင်းရင် ယာဥ်မတော်တဆမှုကြောင့် လွတ်မြောက်သွားခဲ့ပါတယ်.. စိတ္တဇဖြစ်နေတဲ့စွမ်းအားမြင့်လူသားဟာအနီးအနားအိမ်က အိမ်ရှင်တွေကိုသတ်ဖြတ်ပြီး ကျန်ခဲ့တဲ့ကလေးနဲ့အတူ ထိုအိမ်မှာသာမန်အတိုင်းနေထိုင်နေပါတယ်.. ဖြစ်ချင်တော့ အဲဒီအိမ်ကိုတစ်နေ့ သူခိုးကပ်ရာ စွမ်းအားမြင့်လူသားတစ်ယောက်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို မြင်တွေ့ရမဲ့အပြင် အထိန်းအချုပ်မဲ့နေတဲ့စွမ်းအားမြင့်လူသားတစ်ယောက်ကို ဘယ်လို၀ိုင်း၀န်းရှင်းလင်းကြမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ပဲဖြစ်ပါတယ်။) File size…(1.8 GB) / (890 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:26:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Son Gohan

Comedy • Drama
5.3 2024 90 mins
Abnormal: Buas
Year of the Widow
6.4

Year of the Widow (2024) IMDb Rating (6.4) ဒီဇာတ်လမ်းလေးကတော့ Respekt မဂ္ဂဇင်းမှာရေးခဲ့တဲ့ Zuzana Pokorná ရဲ့ ဆောင်းပါးကို Veronika Lišková က ရိုက်ကူးခဲ့တဲ့ Czech ဒရမ်မာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ခင်ပွန်းသည် သေဆုံးမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပူဆွေးလွမ်းဆွတ်မှု၊ သေစာရင်းလုပ်ငန်းစဉ်နဲ့ ကိုယ်ပိုင်ဘဝပြောင်းလဲမှုတွေကို ခံစားချက်အလိုက် ပေါ်လွင်အောင်ဖော်ပြထားပါတယ်။ Plot review ဘာသာပြန်တစ်ယောက်ဖြစ်တဲ့ Petra တစ်ယောက် ရုတ်တရက် သူ့အမျိုးသားဆုံးပါးသွားလို သူ့ဘဝကြီး အချိုးအကွေ့ပြောင်းလဲသွားခဲ့တယ်။ သူ့ခင်ပွန်းအပေါ် လွမ်းဆွတ်ပူဆွေးမှုတွေကို ခံစားနေရတဲ့ကြားက ကြီးမားတဲ့ သေဆုံးမှုလုပ်ငန်းစဉ် ဝန်ထုတ်ဝန်ပိုးတွေဖြစ်တဲ့— ဘဏ်၊ အမွေခံမှု၊ ဥပဒေ စာရွက်စာတမ်းနဲ့ ရှေ့နေကိစ္စတွေအပြင် ဆယ်ကျော်သက် သမီးလေးနဲ့ သားသမီးဆက်ဆံရေးကိုပါ ကိုင်တွယ်ဖြေရှင်းရင်း သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ မပြိုလဲသွားအောင် ဘယ်လိုကြိုးစားတောင့်ခံမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:44:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Romance • Drama
6.4 2024 109 mins
Year of the Widow
6 Journey

6 Journey 2025 (ခရီးသွားဖော် သူငယ်ချင်းများ) IMDb – 8/10 ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ တေလ်ဂူဘာသာစကားပြော Thriller ဒရာမာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဟိုက်ဒရာဘတ်မှာ ဖုန်းပြောပြီးတဲ့နောက် နားထဲကနေ သွေးတွေထွက်ကာ အသက်‌ေ-သဆုံးမှုတွေ ဖြစ်လာခဲ့ပါတယ်။ ‌ေ-သဆုံးမှုကလည်း ပမာဏ တော်တော်လေးများလာတဲ့အချိန်ထိကို ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို အကြောင်းပြချက် ရှာမရဖြစ်လို့နေပါတယ်။ ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာပဲ ဖုန်းလိုင်းစနစ်နဲ့ပတ်သတ်တဲ့ အစိုးရအရှာရှိ နှစ်ဦး ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။ ဒီကိစ္စကို တာဝန်ရှိသူတွေကနေ စစ်ဆေးနေပေမဲ့ အဖြေထွက်မလာသေးပါဘူး။ တစ်ဖက်မှာတော့ ဂိုအာကို ခရီးသွားဖို့ လုပ်နေတဲ့ သူငယ်ချင်းတစ်စု။ သူငယ်ချင်း ၆ယောက် ဂိုအာကို ခရီးနှင်ကြရင်း လမ်းမှာ လူငယ်တစ်ယောက် လမ်းကြုံလိုက်ဖို့ တားရာကနေ ခေါ်တင်ခဲ့ပါတယ်။ ဒီလိုခေါ်တင်ခဲ့မိတဲ့နောက်ဆက်တွဲအနေနဲ့ သူတို့ ဘာတွေ ဆက်ဖြစ်သွားမလဲ ……… ခေါ်တင်ခဲ့တဲ့ လူငယ်လေးနဲ့ အထက်မှာဖော်ပြထားတဲ့ အမှုကိစ္စနဲ့ရော သက်ဆိုင်မှုရှိနေမလား ……. ဆိုတာကို ကြည့်ရှုရမဲ့ Thriller ဒရာမာ ဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Action • Crime • Thriller • Drama
0 2025
6 Journey
Almost Family
5

ဒီကားလေးမှာတော့ အလွန်အကျွံဂရုစိုက်တတ်တဲ့ ဖခင်ဖြစ်သူ‌တွေနဲ့ လွတ်လပ်လိုစိတ်အပြည့်ရှိတဲ့ သားသမီးတွေကြားက ပဋိပက္ခဖြစ်ရပုံတွေကို သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာဖြစ်ပါတယ်… မာရီယာနာဟာ ဘရာဇီးနိုင်ငံသူဖြစ်ပြီး ဂီတကို ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ် .. မိခင်ကဲ့သို့ အနုပညာဝါသနာထုံသူဖြစ်သော်လည်း ဖခင်ဖြစ်သူ အိုတာရီယိုဟာ မိသားစုလုပ်ငန်းဖြစ်သည့် စားသောက်ဆိုင်အလုပ်ကိုသာ လုပ်ကိုင်စေလိုသူဖြစ်ပြီး မာရီယာနာ့အိပ်မက်တွေကို လျစ်လျူရှုခဲ့ပါတယ်… သို့သော်လည်း မာရီယာနာဟာ ဖခင်လောင်းရိပ်အောက်မှ ရုန်းထွက်ဖို့‌ကြိုးစားကာ ပဲရစ်ရှိဂီတကျောင်းတစ်ခုသို့ တက်ရောက်နိုင်ခဲ့ပါတယ်.. အာဂျင်တိုင်းသားဖြစ်သူ မီဂေးလ်ဟာလည်း ဟိုတယ်လုပ်ငန်းရှင်မိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး ဖခင်ရဲ့ လိုလေသေးမရှိ စောင့်ရှောက်မှုကိုခံရသူဖြစ်ပါတယ်.. ပြင်သစ် အနုပညာကျောင်းတစ်ခုမှာ ဆုံတွေ့ပြီး ချစ်ကြိုက်ကာ လက်ထပ်ဖို့အထိ ရည်ရွယ်ကြတဲ့ မိဘများရဲ့ ‌ လောင်းရိပ်မမိလိုသူ မာရီယာနာနဲ့ မီဂေးလ်တို့ နှစ်ဦးဟာ အလွန်အကျွံအကာအကွယ်ပေးတတ်တဲ့ ဖခင်နှစ်ဦးနဲ့ ထိပ်တိုက်ဆုံရတဲ့နောက်မှာတော့ မိဘနဲ့သားသမီးကြား အပြန်အလှန်ပွတ်တိုက်မှု ဖြစ်ပွားပါတော့တယ်.. ဒီကားလေးမှာဆိုရင် အာဂျင်တီးနားနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့ရဲ့ မတူညီတဲ့ ရှုခင်းတွေ ရာသီဥတုတွေ ဓလေ့ထုံးတမ်းတွေကို လှလှပပ ရိုက်ကူးတင်ဆက်ထားပြီး ရယ်ရယ်မောမောကြည့်ရှုရမှာ ဖြစ်လို့ ရုပ်ရှင်ချစ်သူများ အပန်းပြေကြည့်ရှုနိုင်ရန် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ…… File Size… (1.82 GB) / (967 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 21m Genre ….Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Action • Thriller
5 2025 80 mins
Almost Family