YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Miss King (2025) E04 720p WEB-DL [RMC].mp4

321.46 MB N/A video/mp4 4 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Play Dead
6.5

Play Dead သို့မဟုတ် သေချင်ယောင်ဆောင်သူလေး.. ချဲလို အဲလ်ဘရိုက်နဲ့ တီဂျေ အဲလ်ဘရိုက်ဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ မကြာသေးခင်ကမှ မိဘမဲ့ဖြစ်သွားပြီး အကြွေးတွေကြောင့် နေအိမ်ကိုပါ ဆုံးရှုံးတော့မလိုဖြစ်နေပါတယ်။ အစ်မကြီး အမိရာလို အရာအားလုံးကို တစ်ယောက်တည်း ဒိုင်ခံဖြေရှင်းနေရတဲ့ ချဲလိုကို တစ်ဖက်တစ်လမ်းက ကူညီပေးချင်တဲ့ တီဂျေဟာ အစ်မဖြစ်သူရဲ့ရည်းစားဟောင်းနဲ့ ဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ဖို့ပေါင်းကြံခဲ့မိပါတယ်။ သို့သော်လည်း ကံအကြောင်းမလှစွာ ဆိုင်ပိုင်ရှင်မှာ သေနတ်တစ်လက်ရှိနေခဲ့တာကြောင့် ခွေးပြေး ဝက်ပြေးပြန်ပြေးလာခဲ့ရပါတော့တယ်။ တီဂျေဟာ သေနတ်ထိသွားတဲ့ အစ်မဖြစ်သူရဲ့ရည်းစားဟောင်း ရော့စ်ကိုထားခဲ့ပြီး ကားကိုလက်စဖျောက်ကာ အိမ်ကိုပြန်လာခဲ့ပါတယ်။ သို့သော်လည်း အိမ်ပြန်ရောက်ခါမှ သေနတ်ထိလို့ သေသွားလောက်ပြီဖြစ်တဲ့ရော့စ်ဆီမှာ ဓားပြတိုက်ဖို့ပြောဆိုထားခဲ့တဲ့ သက်သေတစ်ခုပါသွားတာကို သတိရသွားပါတော့တယ်။ လူသေမှုဖြစ်သွားတဲ့ လက်နက်ကိုင်ဓားပြမှုဖြစ်တာကြောင့် အနည်းဆုံး ထောင်ဒဏ် ၂၅ နှစ်ကနေ တစ်သက်တစ်ကျွန်းထိကျနိုင်ခြေရှိတဲ့မောင်ဖြစ်သူကို လက်လွှတ်မခံနိုင်တဲ့ ချဲလိုဟာ ရင်ခွဲရုံကို သေချင်ယောင်ဆောင်ပြီး ဝင်သွားတဲ့အခါ.. ရင်ခွဲရုံက အလောင်းတွေကြားမှာ ရှာတွေ့လိုက်ရတဲ့ လျှို့ဝှက်ချက်တွေအကြောင်းကို စိတ်လှုပ်ရှားဖွယ်ကောင်းစွာ ကြည့်ရှုနိုင်မှာပါ။ ဒီလိုရုပ်ရှင် genre မျိုးတွေကြည့်နေကျလူတွေအတွက်တော့ သြချရလောက်တဲ့ ဇာတ်လမ်းကြောင်းမျိုးမဟုတ်ပေမဲ့လည်း ပီပြင်တဲ့ SFX မိတ်ကပ်တွေကြောင့် သွေးသံတရဲရဲမြင်ကွင်းတွေကို ထိတ်လန့်ရမယ့်ရုပ်ရှင်မျိုးဖြစ်တာကြောင့် မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ ထိတ်လန့်စရာကောင်းတဲ့ရုပ်ရှင်မျိုးဆိုပေမဲ့လည်း သဘောကျဖို့ကောင်းတာတစ်ခုက ဒီဇာတ်လမ်းထဲမှာ လူ့လောကဗေဒ အမှောင်ခြမ်းရဲ့ အယူအဆတွေကို ပါးပါးပုတ်ပြထားတယ်။ Gorge Orwell ရဲ့ ‘1984’ ကိုပါ မတူညီတဲ့အမြင်ဝေဖန်ထားတဲ့ဇာတ်လမ်းကြောင်းမျိုးဆိုတော့ သေချာပေါက် ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ရပါတယ်ဗျာ..။ အရေးကြီးတဲ့ကိစ္စကတော့ ဘယ်လိုကိစ္စပဲ ရှိရှိ သေချင်ယောင်မဆောင်ကြပါနဲ့။ ရင်ခွဲရုံမှာ သေတာထက်ဆိုးတဲ့ကိစ္စမျိုးနဲ့တိုးမှ ငုတ်တုတ်မေ့နေပါ့မယ်ဗျ။ မသေခင်တော့ ဒီဇာတ်ကားကို ကြည့်သွားပေးပါ။ File size…(1.59GB)  / (821MB) /580MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Thriller /Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shinn Man Htet Myat

Action • Adventure • Science Fiction
6.5 2022 106 mins
Play Dead
The Darker the Lake
5.3

ထိုင်းမှာ August လ ၁၈ရက်နေ့က စရုံတင်ခဲ့ပြီး ကြည့်ရှု့သူများခဲ့တဲ့ The Lake ဆိုတဲ့ ဇာတ်ကားလေး အကြည်ထွက်လာလို့ ရရချင်းပဲ တင်ဆက်ပေးလိုက်ပါတယ် တစ်နေ့ခြားတစ်နေ့တိုးတက်လာတာတွေထဲမှာ ထိုင်းက CGI တွေလည်း ပါပါတယ်...သုံးထားတဲ့ effect တွေ အလင်းအမှောင် ယူပုံတွေက အတော်တိုးတက်လာတာတော့ ငြင်းစရာကိုမရှိပါဘူး ဒါ့အပြင် ထိုင်းစီးရီးကောင်းတော်တော်များများအပြင် လက်ရှိပြသနေဆဲဖြစ်တဲ့ "သက်တန့်လေးရှိရာ၀ယ်(Finding The Rainbow)" ဇာတ်ကားမှာပါတဲ့ မင်းသမီးချော Aom Sushar Manaying က Main Character အဖြစ် ပါ၀င်ထားပါတယ် ။ ဇာတ်လမ်းအကျဥ်း တစ်နေ့ ပင်ကန်မြို့နယ်က ကောင်မလေးတစ်ယောက် ထူးဆန်းတဲ့ဥတစ်လုံးကို တွေ့ခဲ့ပါတယ် ဥက သာမန်ဥတစ်လုံးလိုမဟုတ်ဘဲ တော်တော် ကြီးမားတဲ့ဥပါ...ကလေးမလေးလည်း ကလေးတို့ရဲ့ထုံးစံအတိုင်း ဥကို အိမ်ယူလာတာပေါ့ ဒါပေမယ့် သူယူလာတဲ့ ဥက ထူးဆန်းတဲ့သတ္တဝါကြီးရဲ့ဥဖြစ်နေတဲ့အခါ.... သတ္တဝါကြီးလည်း သူ့ဥပျောက်သွားလို့ လိုက်လံရှာဖွေပြီး မြို့တွေထဲထိ၀င်လာကာာ လူတွေကို လိုက်လံ သတ်ဖြတ်တဲ့နောက် ဒီသတ္တဝါကြီးရဲ့အန္တရာယ်ကို သူတို့ ဘယ်လို ဖြေရှင်းသွားကြမလဲ သတ္တဝါကြီးကရော သူ့ဥကို ပြန်ရသွားမလားဆိုတာကိုတော့ ဒီဇာတ်ကားမှာ အတူတူ ဆက်လက်ကြည့်ရှု့လိုက်ကြရအောင်ဗျာ ။ ( အညွှန်းရေးသားထားသူကတော့ Fake Love ပါ ) File Size__(900MB) Quality__720p IMDb Rating__5.5/10 Format__mp4 Duration__01:45:00 Type__Horror, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham , Fake Love Encoded by Naing Aung Latt

Comedy
5.3 2022 100 mins
The Darker the Lake
I Want to Know Your Parents
7.1

အကြောင်းပြချက်အမျိုးမျိုးနဲ့ အားကြီးသူကအားနည်းသူကိုထိုးနှက်ဖိနှိပ်ပြီး တစ်ယောက်နဲ့ တစ်ယောက်နိုင်ထက်စီးနင်းလုပ်နေကြတဲ့ လူ့အဖွဲ့အစည်းမှာ ကျောထောက်နောက်ခံမရှိဘဲ တရားမျှတမှုကိုရှာဖွေရတဲ့ ခရီးလမ်းဟာ ဘယ်လောက်ခက်ခဲမလဲအားလုံးခန့်မှန်းမိကြမှာပါ။ ဟန်နင်းမ် အင်တာနေရှင်နယ်အလယ်တန်းကျောင်းလို့ခေါ်တဲ့ တောင်ကိုရီးယားရဲ့ဂုဏ်သတင်းအမွှေးဆုံးအလယ်တန်း‌ကျောင်းမှာ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဲဒီအကျိုးဆက်အနေနဲ့ ကျောင်းသားလေးတစ်ဦးဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပါတယ်။ အသက်ဆုံးရှုံးလိုက်ရတဲ့ နစ်နာသူကျောင်းသားလေးရဲ့ဘက်မှာ မျက်နှာမွဲမိခင်နဲ့ ယာယီစာချုပ်ဝန်ထမ်းဖြစ်တဲ့ ဆရာမလေးတစ်ယောက်သာရှိပြီး တစ်ဖက်မှာ အကောင်းဆုံးအလုပ်အကိုင်တွေနဲ့ အထက်တန်းလွှာတွေကို ရင်ဆိုင်တိုက်ခိုက်ရမယ့်ပွဲမှာ ဘယ်လို အလှည့်အပြောင်းတွေဆက်ဖြစ်လာမလဲ ဒီအမှုကိစ္စကရောအားလုံးတွက်ဆထားသလို ရိုးရှင်းပါ့မလား? ရင်တဖိုဖိုနဲ့ လောင်ရတဲ့ဇာတ်လမ်းတွေကိုနှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ကျောင်းတွင်းအကြမ်းဖက်မှုကို ဇာတ်အိမ်တည်ထားတဲ့ ၂၀၂၂ ခုနှစ်ထွက် I Want To Know Your Parents ရုပ်ရှင်နဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသားကြီး Sol Kyung Gu နဲ့မင်းသမီး Woo Hee Chun တို့ကအဓိကပါဝင်ထားပြီး Dal Su Oh, Chang Seok Ko, Kim Hong Pa, Kang Shin Il, Moon Sori တို့လို အားလုံးနဲ့ရင်းနှီးပြီးသားဇာတ်ပို့သရုပ်ဆောင်တွေလဲပါဝင်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size…1.5GB | 804MB | 430MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Drama • History
7.1 2022 111 mins
I Want to Know Your Parents
The Hunger Games
7.2

The Hunger Games ကတ်နစ်အဲဗားဒင်းတို့နေတဲ့နယ်မြေလေးမှ ာနှစ်စဉ်ပြုလုပ်နေကျ ပွဲတစ်ပွဲရှိပါတယ်။ နယ်မြေသေးသေးလေးက သိတက်တဲ့အရွယ်ရောက်လူတိုင်းရဲ့နာမည်တွေကို ဖန်ခွက်အကြီးတစ်ခုထဲထည့်ထားပြီး ပွဲစီစဉ်သူတစ်ဦးက လက်သင့်ရာကို နှိုက်လိုက်ပါတယ်။ နာမည်ကတ်နှိုက်ခံလိုက်ရတဲ့သူက မဲပေါက်သွားတာမဟုတ်သလို ဆုလက်ဆောင်ရသွားတာမျိုးတော့ မဟုတ်ပါဘူး။ စစ်မြေပြင်တစ်ခုလိုဖန်တီးထားတဲ့ နေရာတစ်ခုကိုသွားရောက်ပြီးတော့ သူသေကိုယ်သေယှဉ်ပြိုင်တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ ကံဆိုးရင်တော့ အသက်ပေးရမယ် ကံကောင်းရင်တော့ သူရဲကောင်းဖြစ်မယ်ဆိုတဲ့ လူအများစောင့်ကြည့်နေတဲ့အစီအစဉ်တစ်ခုမှာ သူတို့ကသွားရောက်ပြီးတော့ ဖျော်ဖြေပေးရသလိုပါ။ ဒီနှစ်ရဲ့အမျိုးသမီးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ရမဲ့ညီမလေးအစား ကတ်နစ်တစ်ယောက်ကိုယ်စားယှဉ်ပြိုင်ပေးဖို့ တောင်းဆိုရာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။ နယ်မြေ (၁၂)ခုကနေ တစ်နယ်မြေကို ၂ယောက်နှုန်းနဲ့ ၂၄ယောက်ကြားမှာ ကိုယ်တစ်ယောက်တည်းအသက်ရှင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြရတယ်ဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ် File Size : (2.18 GB,1.09 GB) Quality : Blu-ray 1080p,720p Running Time : 2h 22min  Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Charm Encoded by sithu

Action • Science Fiction
7.2 2012 142 mins
The Hunger Games
Never Say Never
6

CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Never say neverဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့ မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန် သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။ သူဌေးဆိုပေမဲ့လည်းအကြွေးတွေ နစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက် မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့ ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏ ပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်း သူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ စတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။

Drama
6 2023
Never Say Never
And Yet, You Are So Sweet
6.6

And Yet, You Are So Sweet (2023) ~ IMDb – 6.6/10, MyDramaList – 7.6/10 ~ အထက်တန်းကျောင်း ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ပြီးတော့ တစ်ဖက်သတ်အချစ်ရှိသူတွေ၊ ဒီလိုဇာတ်လမ်းကို သဘောကျတဲ့သူတွေ ကြည့်သင့်တဲ့ ၂၀၂၃ထွက် ဂျပန်ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ မာယာဆိုတဲ့ ကျောင်းသူလေးက သူသဘောကျနေရတဲ့ Crush ကို ဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူက ငကြောင်တစ်ကောင် ဖြစ်နေခဲ့ပြီးတော့ မာယာ့ကို ဆိုးဆိုးရွားရွားငြင်းတဲ့အပြင် SNS မှာပါ ရုပ်ဆိုးမလို့ စာရေးတင်ပြီး အရှက်ခွဲခဲ့ပါတယ်။ ဒီလိုတွေဖြစ်ပြီး နောက်ရက်မှာတော့ ကျောင်းအလာ ရထားပေါ်မှာ သူတို့အတန်းရဲ့ ပျိုတိုင်းကြိုက် ခန့်ချောလေး ချိဂိရနဲ့ဆုံခဲ့ပါတယ်။ ချိဂိရက သူ့ကိုလာကြိုက်တဲ့မိန်းကလေးတွေအပေါ် အေးတိအေးစက်နဲ့ အမြဲငြင်းတတ်တဲ့ကောင်လေးပါ။ အခုအချိန်မှာ မာယာက အသည်းကွဲနေတာမို့ သူ့ကို ချစ်ဟန်ဆောင်ပြီး တစ်ဖက်သတ်အချစ်ဂိမ်းကို ကစားရင်း အရင် Crush ကို မေ့ပစ်ကြည့်ဖို့ ကမ်းလှမ်းလာပါတယ်။ အရင်လူကိုမေ့ဖို့ နောက်လူကို ဟန်ဆောင်အစားထိုးချစ်မဲ့ သူတို့ရဲ့ အချစ်ဂိမ်းက ဘယ်လိုတွေဆက်ဖြစ်သွားမလဲ…။ အချေလေး ချိဂိရကရော ကြေကွဲလူငယ်လေး မာယာကိုမှ ဘာဖြစ်လို့ ဒီလိုလုပ်စေချင်ရတာလဲဆိုတာကိုတော့ ဒီချစ်စရာဇာတ်လမ်းလေးထဲမှာ ဆက်ပြီးကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 38Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Science Fiction • Drama • Mystery
6.6 2023
And Yet, You Are So Sweet
Blue Valentine
7.3

Blue Valentine (2010) ~ IMDb – 7.3/10, RT – 86%, Meta – 81% ~ မပြေလည်ခြင်းများဟာ အနီရောင်နေ့ရက်တစ်ချို့ရဲ့အတွင်းသားထဲ စီးဆင်းသွားတဲ့နောက် ခရမ်းရောင်တစ်ခုက အရောင်ဗေဒတွေအတိုင်း ငါ့သွေးကြောထဲလှည့်ပတ်နေခဲ့ရင်း အခုဆိုဘယ်နှရာသီ။ ဘဝဟာ ချောကလက်ဘူးတစ်ဘူးနဲ့ သဏ္ဍာန်တူကြောင်း ရုပ်ရှင်ထဲက ခပ်အအ,ကာရိုက်တစ်ကောင်ပြောဖူးတာ ကြားဖူးမှာပါ။ ကိုကိုး၈၀ရာခိုင်နှုန်း ကိုကိုး၉၀ရာခိုင်နှုန်း ကိုကိုး၉၉ရာခိုင်နှုန်း။ များများစားစား မျှော်လင့်စရာဟာ အခါးဓာတ်နဲ့ အသားကျသွားဖို့ပေါ့။ အောင်မြင်တဲ့အချစ်ကို ဘဝတစ်ကွေ့မှာ ငါတို့ပက်ပင်းတွေ့ဖူးကြမှာပဲ။ ကမ္ဘာအဆက်ဆက်က ဖူးစာလို့ ထင်ကောင်းထင်ခဲ့ကြဖူးလိမ့်မယ်။ “ကြည်ဖြူနိုင်သူ နှစ်ဦး”လည်း ဖြစ်ခဲ့ကြဖူးတယ်။ မင်းအရိပ်မှာငါခို ငါ့သီချင်းမှာကခဲ့ဖူးတဲ့ ဆံပင်တွေလည်းမရှည်သေးဘူး။ ချိုသော နွေးသော မဖြောင့်တန်းသော လေမသွေးလက်များ ကံတော်မကုန်ခင်အထိတော့ တံလျှပ်တို့က အစစ်ပဲ အချစ်ရယ်။ နေဝင်သွားတဲ့ တံတားကြီးရဲ့ဟိုးတစ်ဘက်က ညနေဟာ ငါသိတဲ့ကဗျာတစ်ပုဒ်ကို လှိုက်စားသွားဖူးတယ်။ ဒါဟာ ရွှေရင်ပြုံးတုံ့အခါလည်ပေါ့။ မျက်ရည်တွေတောင်မှ ခမ်းနားလို့ ဟိုးတုန်းကတော့ အဲဒီနေ့တို့က ကောင်းကင်ပြာခြင်းတို့ရဲ့အပြာ။ အနောက်ဘက်တစ်ခြမ်းမှာတော့ ကျရှုံးခန်းတွေ ကျောက်စာထူထားတဲ့ စစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်နေခဲ့တယ်။ ငါတို့သိတဲ့အချစ်များပြန်ရှာရင်း ငါတို့မသိတဲ့ငါတို့ကို ငါတို့ပြန်တွေ့ရှိခဲ့ရ။ ဟိုအရင်ကလိုပဲ ချက်ကော့ရဲ့သေနတ်ဟာ ချစ်သူတို့ရဲ့နေ့ရက်တိုင်းကို ချိန်ရွယ်ထားတုန်းပဲ။ ချက်ကော့ရဲ့သေနတ်ဟာ ချက်ကော့ရဲ့သေနတ်ဖြစ်နေလို့ပဲ ငါတို့တည့်တည့်ကြီးမှန်လို့ ငါတို့ကလည်စင်းခံ။ အမှတ်မထင် ကျည်ဆန်တွေရဲ့ ထိပ်ဖူးကို ငါတွေ့လိုက်ရတဲ့နေ့က အဲဒီကျည်ဟာ ခရမ်းရောင်ပကတိ။ “ပုံစံသဏ္ဍာန်ကွဲ အဖြစ်အပျက်နှစ်ရပ်တို့ ထပ်တူကျဖို့လည်း သီအိုရမ်တွေ အခုထိထွက်မလာသေး”။ ဒီလိုနဲ့ နေမလောင်ထားတဲ့ အရစ်ကြောင်းကို ငါမြင်နေခဲ့ရတယ်။ သီချင်းဟာ ဒီမှာရှုံးသွားတယ်။ ကပွဲဟာ ဒီမှာဆုံးသွားတယ်။ အောင်မြင်တဲ့အချစ်ဟာလည်း တစ်ကွေ့ကွေ့တော့ ရှုံးရမှာပါပဲ။ အားလုံးဟက်တက်ကွဲဖူးကြလိမ့်မယ်။ ကံကြမ္မာဟာ ငါတို့မြင်ချင်တဲ့ကမ္ဘာကြီးကို ပြလို့ ငါတို့မမြင်ချင်တဲ့ကမ္ဘာကြီးကို ပေးလိမ့်ဦးမယ်။ The Holdovers နဲ့ Election တို့ရဲ့ ဒါရိုက်တာ အလက်ဇန္ဒားပိုင်းန်ကို သူ့ရုပ်ရှင်တွေမှာ ဘာလို့ အကျအရှုံးတွေ ဒီလောက်များနေတာလဲလို့ မေးတော့ သူဖြေတာက ဘဝမှာ ဒီပြင်ဘာများရှိသေးလို့လဲတဲ့။ Blue Valentine ဟာ အောင်မြင်ခဲ့တဲ့အချစ်တစ်ခုရဲ့ ကျရှုံးခန်းအကြောင်းပါပဲ။ ဘယ်စစ်ဘုရင်ရဲ့ ကျရှုံးခန်းကမှတော့ ဒီကျရှုံးခန်းထက် ကြီးကျယ်ခမ်းနားမယ်မထင်ဘူး။ ကျွန်တော်တို့သိသမျှမှာ ဘယ်အချစ်ကရော မခမ်းနားဖူးလို့လဲ။ ” “– ဘဝဆက်တိုင်းအတူ – ကိုမောင်မောင် ” “– တစ်ပင်တည်း ရင်ထဲကနွယ် – ဖိုးချို (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.9GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 52Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 2010
Blue Valentine
Georgia Rule

ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ 2007 က ထွက်ရှိခဲ့တဲ့ Comedy, Drama ရုပ်ရှင်လေးဖြစ်ပါတယ်။ ဆယ်ကျော်သက် ဂျစ်ကန်ကန်ကောင်မလေး Rachel ကို ကောလိပ်မတက်ခင် နွေရာသီမှာ အဘွားနေဖို့ အမေနဲ့ ပထွေးဖြစ်သူက Idaho ကို ပို့လိုက်ပါတယ်။ အဘွားဆိုတာက အမေနဲ့လည်း အဆင်မပြေ Rachel ကိုယ်တိုင်ကလည်း လေးနှစ်သမီးမှာ တစ်ခါပဲ တွေ့ဖူးသူပါ။ စည်းကမ်းတွေများပြီး ထမင်းတောင် အချိန်မှန်စား၊ အိပ်ရင်လည်း အချိန်မှန်အိပ်တတ်သူ အဘွားနဲ့ အဆိုးအသွမ်းလေး ရေချယ်တို့ တစ်မိုးအောက်မှာ အတူနေဖို့ အကြောင်းဖန်လာတဲ့အခါ …. ဆယ်ကျော်သက်ပီပီ အာရုံစိုက်ခံရဖို့ ဘာမဆိုလုပ်တဲ့ Rachel တစ်ယောက် ပစ်ထားခဲ့တဲ့ အမေနဲ့ ပထွေးကို လက်စားချေဖို့ ဘယ်လိုတွေ မွှေဦးမလဲဆိုတာကိုတော့…. နီးလွန်းရင် မမြင်ဘူးဆိုတဲ့အတိုင်း မိသားစု အချင်းချင်း ပေးဆပ်ချစ်နေပေမဲ့ တစ်ယောက်အချစ် တစ်ယောက် မမြင်နိုင်ကြတဲ့ Georgia, Lily , Rachel ဆိုတဲ့ မြေးအဘွား သုံးယောက်ရဲ့ တိတ်တိတ်လေး ဖြည့်ဆည်းပေးတတ်ကြတဲ့ အချစ်ကို သရုပ်ဖော်ထားပါတယ်။ ဒီရုပ်ရှင်မှာ မမ Lindsay Lohan က ခပ်ဆိုးဆိုးဆယ်ကျော်သက်ကောင်မလေး Rachel အဖြစ် သရုပ်ဆောင်ထားပြီး အရက်စွဲပြီး ယောက်ျားအပေါ် ရူးသွပ်နေတဲ့ အမေ Lily အဖြစ် Felicity Huffman စည်းကမ်းကြီးပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ အဘွား Georgia အဖြစ် Academy, Oscar ဆုတွေ အများကြီး ရထားတဲ့ ဝါရင့် မင်းသမီးကြီး Jane တို့က ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ထားပါတယ်။ ဆယ်ကျော်သက် ကောင်မလေးအနေနဲ့ လုံးဝ မိမိုက်နေတဲ့ မမ Lindsay Lohan ရဲ့ အလှအပတွေ၊ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ အပိုအလိုမရှိ သရုပ်ဆောင်ချက်တွေနဲ့ နွေအပူမှာ ရင်အေးစေမယ့် ဒီရုပ်ရှင်လေးကို ခံစားကြည့်လိုက်ကြပါဦးနော် ဘာသာပြန်နဲ့ အညွှန်းကို Juno Saurus ရေးသားထားပါတယ်။ File size… 1.7 GB / 716 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Comedy/Drma Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Juno Saurus

0 2007 113 mins
Georgia Rule
Sorry, Charlie
5.1

ရာဇဝတ်မှုတစ်ခုမှ ရှင်သန်လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ရှားလော့ဟာ လုပ်အားပေးအနေနဲ့ တယ်လီဖုန်းပေါ်ကနေ အကူအညီလိုသူများကို ကူညီပေးနေရင်း စိတ်ဒဏ်ရာများကို ကျော်လွှားနေပါတယ်။ ရှားလော့အပါအဝင် တခြားအမျိုးသမီးငယ်လေးများကို အဓမ္မမှုကျူးလွန်ပြီး သတ်ပစ်တတ်သော ရာဇဝတ်ကောင်ကို ဖမ်းမိပြီဟု ရဲဌာနမှလည်း ကြေငြာချက်ထုတ်ထားပြီးဖြစ်ပါတယ်။ သို့သော်ရှားလော့ စိတ်ထဲတွင် တရားခံအစစ်ကို မဖမ်းမိသေးပဲ သူ့ရှေ့ကိုရောက်လာမည်ယုံကြည်နေရာမှ တစ်နေ့ သူယုံကြည်ထားသလို တရားခံက သူ့ရှေ့ကိုရောက်လာမလား ရှားလော့တစ်ယောက်စိတ်ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား၊တရားခံပေါ်လာရင်ရော ရှားလော့တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား စသည်ဖြင့်သည်းထိပ်ရင်ဖို ကြည့်ရမည့်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ File size…(300 Mb) Quality….Webrip 720p Format… mp4 Duration…. 01:15:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

5.1 2023
Sorry, Charlie
The Dungeonmaster
4.6

ပေါလ်ဆိုတာက ကွန်ပြူတာတွေကို ပြင်ဆင်တဲ့အလုပ်လုပ်တယ်၊ ကိုယ်တိုင်လည်း AI တစ်ခု ဖန်တီးထားပြီး ချစ်သူလေးကို လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ပရိုဂရမ်မာတစ်ယောက်။ ဒါပေမဲ့ လက်ထပ်ဖို့ ခွင့်တောင်းတဲ့ညမှာတင် သမီးရည်းစား နှစ်ယောက် အိပ်မက်လိုလိုဆိုပေမဲ့ တကယ့်တခြားဖြစ်တည်မှုပဲ ရောက်သွားပါတယ်။ အဲဒီမှာတင် နတ်ဆိုးမှော်ဆရာတစ်ယောက် ပေါ်လာပြီး မင်းကောင်မလေးကို ငါဖမ်းထားမယ်၊ မင်းကို စိန်ခေါ်မှု ၇ ရပ်နဲ့ ငါ စမ်းသပ်မယ်၊ မင်းရဲ့ ခေတ်မှီနည်းပညာနဲ့ ရအောင်ကျော်လွှားပေါ့၊ တစ်ခုရှုံးတာနဲ့ အကုန် စမုံတုံးမယ်ဆိုပြီး အတင်းအကျပ် စေခိုင်းခံရတဲ့အခါမှာတော့ ပေါလ်တစ်ယောက် ကောင်မလေးနဲ့ သူ့ကိုယ်သူ ကယ်တင်ဖို့ သူ့ AI လေးကို ဘယ်လိုအသုံးချပြီး စွန့်စားခန်း ၇ ရပ် ထွက်ရမလဲဆိုတာ ကြည့်ရမှာပါ။ ~ ပွင့်လင်း မြင်သာသော ကိုယ်လုံးတီးပြကွက်တချို့ ပါဝင်သောကြောင့် မိသားစု/ကလေးများနှင့် မကြည့်ရှုမိစေရန် သတိပေးလိုပါသည် ~ File Size : 2.2 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 13min Format : Mp4 Genre : Fantasy, Horror, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

Drama • Romance
4.6 1984
The Dungeonmaster
Acupuncture Needle
5.9

ဆေးပညာက လူကိုကုသပေးနိုင်သလို သေအောင်သတ်နိုင်တယ်တဲ့။ မှုခင်းရုပ်ရှင်ကြိုက်နှစ်သက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် Acupuncture Needle ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကျန်းမြို့ မြို့ပြင်က လန်ထင်တည်းခိုခန်းမှာ အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့တယ်ဆိုပြီး တိုင်ကြားလာပါတယ်။ သွားရောက်စစ်ဆေးပြီးနောက် ရဲတပ်ဖွဲ့တွေက သေသူက မြို့နယ်ဆေးရုံက အလုပ်သင်ဆရာဝန် ထုံဟွဖြစ်ကြောင်း သိခဲ့ရပါတယ်။ အလောင်းမှာ အပြင်ဒဏ်ရာတစ်စုံတစ်ရာ ရှာမတွေ့ဘဲ သေဆုံးသွားတာ ဖြစ်တဲ့အတွက် တရားခံကို ရှာမရ ဖြစ်နေပါတယ်။ ဒီအမှုကို လိုက်လံစစ်ဆေးချိန်မှာ မှုခင်းအဖွဲ့ အဖွဲ့ခေါင်းဆောင်ရွှီခိုင်ဟာ ရဲဖြစ်တဲ့လုထင်ရဲ့ မိဘကလည်း ဒီအမှုနဲ့ ပတ်သက်နေကြောင်း သိခဲ့ရပါတယ်။ မှုခင်းရဲ့ နောက်ကွယ်က အတိတ်ကအကြောင်းအရာတွေ တဖြည်းဖြည်း ပြန်လည်ထွက်ပေါ်လာချိန်မှာတော့…… တရားခံအစစ်က ဘယ်သူဖြစ်မလဲ…… အပြင်ရော အတွင်းရော ဒဏ်ရာမမြင်ရအောင် လူကို ဘယ်လိုနည်းနဲ့ သတ်ခဲ့သလဲ…… လူသတ်ရတဲ့ အကြောင်းရင်းကရော ဘာကြောင့်လဲ….. ဆိုတာကို ရုပ်ရှင်ထဲမှာပဲ ဆက်ပြီးအဖြေရှာလိုက်ရအောင်နော်။

5.9 2024
Acupuncture Needle
The Volunteers: To the War The Great War
6

စစ်ရယ်လို့ဖြစ်လာရင် နှစ်ဖက်လုံးကတော့ အဆုံးအရှုံး အသေအကြေ ကြုံကြရစမြဲပဲ…. ဒီလိုပဲ စစ်မြေပြင်ပေါ်မှာ တိုက်ခိုက်နေသူတွေတောင် မျက်စိတစ်ဆုံးမြင်ရတဲ့အရာအပြင် ပိုမသိနိုင်ကြပါဘူး… ဒါကြောင့်လည်း သမိုင်းဆိုတဲ့ မှတ်တမ်းချင်းတူပေမယ့်… ရေသားထားတဲ့ အကြောင်းအရာတွေမတူညီကြတာပဲ.. ဒီလို သမိုင်းမှတ်တမ်းချင်းမတူညီတဲ့ထဲမှာ ၁၉၅၀-၅၃ ကြားဖြစ်ပွားခဲ့တဲ့ တောင်-မြောက်ကိုရီးယားစစ်ပွဲအကြား တရုတ်နဲ့ အမေရိကန် အားဖြည့်ကူညီတိုက်ခိုက်ရင်း တရုတ်-အမေရိကန်ကြား ဖြစ်ခဲ့တဲ့ ကာလရှည်တိုက်ပွဲလည်းပါဝင်နေပါသေးတယ်… သမိုင်းထက်မှာရော၊ တောင်-မြောက်ကိုရီးယားသမိုင်းကြောင်းမှာရော၊ ကမ္ဘာကုလသမဂ္ဂမှတ်တမ်းမှာရော အသီးသီးရေးသားမှတ်တမ်းတင်ထားသလို.. တရုတ်နိုင်ငံမှတ်တမ်းမှာလည်း သူတို့ရှုထောင့်က တစ်မျိုးတစ်ဖုံ မှတ်တမ်းတင်ထားပါသေးတယ်… ဒီမှတ်တမ်းကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက The Volunteers: To the War (2023) The Great War ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်… အင်အားမမျှတဲ့ စစ်မြေပြင်မှာမှ…တရုတ်နိုင်ငံကို ထိုင်ခုံနေရာမပေးဘဲ ကမ္ဘာကုလသမဂ္ဂအစည်းအဝေးမှာ သဘောတူညီချက်တွေ လက်မှတ်ထိုးရေးဆွဲပြီး ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဘက်မမျှတဲ့စစ်ပွဲဖြစ်နေခဲ့တာကြောင့်… မော်စီတုန်း တစ်ယောက်ဟာ မြေပြင်မှာ အားကိုးရတဲ့ ကြယ်နီတပ်သားတွေကို စေလွှတ်ခဲ့ပြီး… ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ နေရာတစ်နေရာရဖို့လည်း ကြိုးစားခဲ့ရပါသေးတယ်… တခြားစစ်ပွဲတွေနဲ့မတူညီတာကတော့… စစ်ပွဲရယ်လို့ဖြစ်လာရင် နိုင်ငံခေါင်းဆောင်နဲ့ သားသမီးတွေက စစ်မြေပြင်မှာ ရှေ့တန်းဆင်းတိုက်ခိုက်တာတို့ ကျရှုံးတာတို့မြင်ခဲတယ်ဆိုပေမယ့်… သမိုင်းမှတ်တမ်းအခြေခံရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့… မော်စီတုန်းရဲ့ သားကြီးကိုယ်တိုင် ရှေ့တန်းဝင်ခဲ့ပြီး လေယာဉ်ဗုံးမှန်သေခဲ့တာကိုပါ ရိုက်ပြထားခဲ့ပါတယ်… သမိုင်းဆိုတာ ရေးသူရဲ့ ရှုထောင့်အတိုင်းဖြစ်ပြီး… ဇာတ်လမ်းဆိုတာလည်း ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာတို့ အလိုအတိုင်း ရိုက်ထားတာမို့…. တရုတ်ဖက်က ရိုက်ပြထားတာက တကယ်ဟုတ်မဟုတ်ဆိုတာတော့ ကိုယ်တိုင်ပဲ သမိုင်းကြောင်းရှာပြီး မှန်မမှန်စီစစ်နိုင်ဖို့ CM မှာ အတူကြည့်လိုက်ကြစို့… ဒုတိယမြောက်ကားလဲရှိသေးပြီး ဒီလင့်မှာကြည့်ရှုနိုင်ပါတယ်

6 2023
The Volunteers: To the War The Great War
Martyrs

ီုဇာတ်လမ်းဟာ ဒါရိုက်တာ Pascal Laugier ရဲ့ ၂၀၀၈ ခုနှစ်ထွက်ရုပ်ရှင်ကို အမည်မပြောင်းလဲဘဲ Remake ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်.။ လူစီဟာ ကလေးဘဝအရွယ်မှာ သူ့ကို ညှင်းပန်းနှိပ်စက်နေတဲ့ လူတစ်စုရဲ့လက်ထဲကနေလွတ်မြောက်လာခဲ့သူဖြစ်ပါတယ်.။ သူ့ကို နှိပ်စက်ရာ အကျဉ်းခန်းကို ရဲတွေကို ညွှန်ပြနိုင်ခဲ့ပေ့မယ် ထူးဆန်းစွာပဲ ခြေရာလက်ရာတစ်ခုမှမကျန်တဲ့ အဆောက်အဦးတစ်ခုသာ ဖြစ်နေခဲ့ပါတယ်။ နောက်တော့ လူစီဟာ စိန့်မေရီမိဘမဲ့ကလေးကျောင်းမှာ ကြီးပြင်းခဲ့ရပြီး သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းအန်နာကိုလည်း အဲဒီမှာပဲ တွေ့ဆုံခဲ့ပါတယ်.။ ငယ်ရွယ်တဲ့အရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကြောင့် မကောင်းဆိုးဝါးတွေကို အမြဲတမ်းမြင်ယောင်နေပြီး စိတ်ကူးနဲ့လက်တွေ့ကို မခွဲခြားနိုင်တဲ့ စိတ်ရောဂါကို နှစ်ရှည်လများ ခံစားခဲ့ရပါတယ်။ အန်နာတစ်ယောက်သာ သူ့အတွက် ဘဝသဲကန္တာရထဲက အိုအေစစ်လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ၁၀ နှစ်အကြာ လူစီအရွယ်ရောက်လာတော့ သူ့ကိုဖမ်းဆီးသွားသူ မိသားစုကို ရှာတွေ့ခဲ့ပါတယ်။ နှစ်များစွာကြာမြင့်ခဲ့ပေမယ့် သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့သူရဲ့ မျက်လုံးတွေကို မှတ်မိနေခဲ့ပါတယ်။ တစ်မိသားစုလုံးကို ကျူပင်ခုတ်ကျူငုတ်မကျန် သတ်ဖြတ်ခဲ့ပြီးနောက် သူ့သူငယ်ချင်း အန်နာကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပါတယ်။ အန်နာရောက်လာတဲ့အချိန်မှာ မသေချာမရေရာတဲ့ထင်ကြေးတစ်ခုတည်းနဲ့ မိသားတစ်စုလုံးကို သတ်ဖြတ်ခဲ့တဲ့ လူစီကို ခွင့်မလွှတ်နိုင်ခဲ့ဘဲ သူ့အပေါ် ဆက်မကူညီနိုင်တော့ကြောင်းပြောကာ ထွက်သွားဖို့ ပြင်ခဲ့ပါတယ်.။ သူ့ကို နှိပ်စက်ခဲ့တဲ့သူတွေအပေါ် လက်စားပြန်ချေလိုက်ရင် သူမြင်နေရတဲ့ မကောင်းဆိုးဝါးနဲ့ စိတ်ဒဏ်ရာတွေပျောက်ကွယ်သွားမယ်လို့ လူစီကတော့ တစ်ထစ်ချယုံကြည်နေပါတယ်။ တကယ်တမ်းမှာတော့ သူ့စိတ်သူမထိန်းနိုင်ဘဲ ကိုယ့်ကိုယ်ကို ပြန်ရန်မူလာချိန်မှာတော့ အန်နာကပဲဖေးမကူညီခဲ့ရပြန်ပါတယ်။ နောက်တော့ အလောင်းတွေကို ဖျောက်ဖျက်ပြီး အခင်းဖြစ်တဲ့အိမ်ကို နဂိုမူလအတိုင်း ခြေရာလက်ရာမပျက် ပြန်လည်ထားရှိတဲ့အချိန်မှာပဲ လျှို့ဝှက်မြေအောက်ခန်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်… လူစီထင်ထားသမျှ အားလုံးမှန်နေခဲ့ကြောင်း သိရှိခဲ့ပြီးနောက် ဆမ် ဆိုတဲ့ ကလေးမလေးကိုပါ ရှာတွေ့ခဲ့ပါတယ်..။ အန်နာက လူစီအိပ်ပျော်နေတုန်း ၉-၁-၁ ကို ဖုန်းခေါ်ဆိုထားခဲ့တဲ့အတွက် လူတစ်စုက အိမ်ကို ချဉ်းကပ်လာခဲ့ပါတယ်။ ကိစ္စက သူတို့ထင်မှတ်ထားသလို သာမန်ပြန်ပေးဆွဲ ညှင်းပန်းနှိပ်စက်မှုမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ အဖွဲ့အစည်းတစ်ခုရှိနေမှန်းသိလိုက်ရပါတယ်.။ လူတွေကို ညှင်းပန်းသတ်ဖြတ်ရင်းနဲ့ လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံးသောလျှို့ဝှက်ချက်ကို ရှာဖွေမယ့် လူတစ်စုရဲ့ ရည်ရွယ်ချက်က အကြောင်းမဲ့သတ်ဖြတ်တာထက် ပိုပြီးကျောချမ်းစရာကောင်းလွန်းနေတဲ့အချက်ကလည်း ဒီဇာတ်ကားကို လက်မလွှတ်ဘဲကြည့်ရှုသင့်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတော့တယ်။ File size… 1.1 GB / 543 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Drama / Horror / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Drama • Romance • Comedy
0 2015
Martyrs
Café Noir
7.5

Café Noir (2009) ************************** IMDb – 7.5 ဒီတစ်ခါမှာတော့ Extreme Job, Beyond Evil, The Auditors အစရှိတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်တွေ သိလာကြတဲ့ မင်းသားကြီး Shin Ha Kyun နဲ့ မင်းသမီး Moon Jeong Hee, Jung Yu Mi တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Cafe Noir ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ ရုရှားစာရေးဆရာ Fyodor Dostoyevsky ရဲ့ “White Nights” နဲ့ ဂျာမန်စာရေးဆရာ Johann Wolfgang von Goethe ရဲ့ “The Sorrows of Young Werther” စာအုပ်ကို အခြေခံထားပြီး အချစ်နဲ့အလွမ်းအဆွေးကို တစ်ပြိုင်နက်တည်း ခံစားရနိုင်တဲ့ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ******************** ယောင်းဆူ (Shin Ha Kyun) ဟာ ဂီတဆရာတစ်ဦးဖြစ်ပြီး ကျောင်းသားမိဘဖြစ်တဲ့ မီယွန်း (Moon Jeong Hee) နဲ့ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မီယွန်းရဲ့ ခင်ပွန်းဖြစ်သူ ပြန်လာတဲ့အခါမှာ မီယွန်းက လမ်းခွဲသွားခဲ့တဲ့အတွက် မီယွန်းရဲ့ ခင်ပွန်းကို သတ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာတော့ သူချစ်ရတဲ့အမျိုးသမီးကို ပျော်ရွှင်စေဖို့အတွက် ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုမျိုး စိတ်ဒဏ်ရာတွေနဲ့ ယောင်းဆူဟာ တစ်နေ့မှာ ဆွန်းဟွာ (Jung Yu Mi) ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံပြီးနောက် ဆွန်းဟွာရဲ့ ဇာတ်ကြောင်းတွေကို နားထောင်ပေးရင် ချစ်မြတ်နိုးမိလာပါတော့တယ်။ ဒါပေမဲ့ ဆွန်းဟွာနဲ့ ပတ်သက်ပြီးတော့လည်း ထပ်တူညီတဲ့ စိတ်ဒဏ်ရာကိုပဲ ထပ်ရလာတဲ့အခါမှာတော့…. ဇာတ်အိမ်က ရုတ်တရက်ကြည့်ရင်တော့ ရိုးရှင်းတယ်ထင်ရပေမဲ့ ဇာတ်သိမ်းပြီးသွားတဲ့အခါမှာတော့ တွေးစရာတစ်ခု ချန်ထားပေးနိုင်တဲ့ ရုပ်ရှင်လို့ပဲ ပြောရပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာနဲ့ အလွမ်းအဆွေးတွေအကြောင်းကို အနုပညာဆန်ဆန် ကြည့်ရှုခံစားလို့ရနိုင်တဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တာကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Nyein Sandiက ရေးသားထားပါတယ်) File Size – 3.68 GB/ 1.31 GB Quality – WEB-DL 1080p/ 720p Duration – 3h 41m Format – mp4 Genre – Romance, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Nyein Sandi Encoded by – Treasure Htet

7.5 2009 198 mins
Café Noir