YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Miss Chun is a Litigator E01 CM.mp4

280.77 MB N/A video/mp4 91 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Peter Pan
7.2

Peter Pan (1953) ============= အနောက်နိုင်ငံကလေးတွေရဲ့ ပါးစပ်ဖျားမှာ​​ရေပန်းစားတဲ့ ပီတာပန်ဆိုတာကို အားလုံးပဲ ကြားဖူးနားဝရှိကြမယ်ထင် ပါတယ်။ ကလေးတွေဟာ ညအိပ်ရာဝင်တိုင်း ပီတာပန် လာနိုးလာနိုးနဲ့ စောင့်နေတတ်တာကြောင့် တချို့မိဘတွေ ကတော့ ဒီလိုအယူသည်းတာမျိုးကို အားမပေးတတ်ကြ ပါဘူး။ ဝမ်ဒီတို့မောင်နှမ ၃ယောက်ကတော့ ပီတာပန်ကို ယုံကြည် ရုံတင်မကဘဲ ပီတာပန်ရဲ့စွန့်စားခန်းတွေမှာပါ ဝင်ရောက် ပါရမီဖြည့်ချင်နေကြတာပါ။ တစ်ညမှာ ..... ပီတာပန်တစ် ယောက် လူကြီးတွေမသိအောင် ဝမ်ဒီတို့အခန်းဆီ ထပ် လာဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပီတာပန်ဟာ ဝမ်ဒီ တို့မောင်နှမ ၃ယောက်ကို ရင့်ကျက်ခြင်းကင်းတဲ့ Never Land မှာလိုက်နေဖို့ ခေါ်တဲ့အခါ . . . လူသားကလေး (၃) ယောက်အနေနဲ့ နတ်သူငယ်တို့ရဲ့မြေမှာ ကြုံရဆုံရမယ့် စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ 1953 ကာလကို အခြေပြုတဲ့ဇာတ်လမ်းလေးဖြစ်တဲ့အပြင် Tinker Bell - Pirate Fairy နဲ့ပါ အချိတ်အဆက်ရှိနေတာ မို့လို့ Disney Fan တွေအတွက် Nostalgia ဖြစ်စေမယ့် Animation ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Hnin Wut Yi ဖြစ်ပါတယ်) File Size..........(1.62 GB) / (759 MB) / (501 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 17Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Hnin Wut Yi Encoder..........Zin Phyo Aung

Drama
7.2 1953 77 mins
Peter Pan
Birdcage Inn
6.5

Birdcage Inn ဟာ ကင်ကီဒွပ်ရဲ့ အစောပိုင်း ကာလတွေတုန်းက ရုပ်ရှင်တစ်ကားပါ။ တိတိကျကျဆို တတိယမြောက်ကားပါ။ နောက်ပိုင်း တချို့ကားတွေမှာ ကင်ဟာ ပရိသတ်နဲ့ဈေးကွက်အကြိုက်အရ နာမည်ကျော်သရုပ်‌‌ဆောင်တွေသုံးရင်း သူ့ရုပ်ရှင်တွေကနေ သူပြချင်တဲ့အမှန်တရားရော သူကိုယ်တိုင်ရော ပျောက်ဆုံးဖူးခဲ့တယ်ဆိုပါတယ်။ အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ရိုက်တဲ့အခါ အရေးအကြီးဆုံးက ဘာလဲလို့မေးတော့ အမှန်တရား ဝါ ရိုးသားမှုလို့ဖြေခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ သူ့ရုပ်ရှင်တွေမှာ သူ့ရင်ခုန်သံစစ်စစ်တွေကိုပဲ ကြားရချင်တဲ့ ကင်ရဲ့ အစောပိုင်းကာလတုန်းက အရိုးသားဆုံးရုပ်ရှင်တစ်ကားပါ။ ဇာတ်ကတော့ ငှက်လှောင်အိမ်အင်းလို့ခေါ်တဲ့ အင်းတစ်ခုဆီ ပြည့်တန်ဆာလုပ်ဖို့ လာတဲ့မိန်းမလှလေးတစ်ယောက်နဲ့စဖွင့်ထားတယ်။ ဒီအလုပ်က သူ့ကို ဘယ်လောက်ပင်ပန်းစေလဲတော့မသိပါဘူး။ အဖွင့်မှာ ရေစပ်နားချထားတဲ့ ခုံပေါ်မှာထိုင်ရင်း ငိုက်ပြီး ရေထဲပြုတ်ကျသွားတာနဲ့ စဖွင့်ထားတယ်။ Bad Guy မှာတော့ ကောလိပ်ကျောင်းသူလေးကနေ ဒီဘဝ ဘယ်လိုရောက်သွားလဲ အသေးစိတ်ပြထားပေမဲ့ ဒီထဲမှာတော့ ဒီကောင်မလေးရဲ့ ပြည့်တန်ဆာဘဝကိုပဲ သေချာပြထားတယ်။ တချို့အချက်တွေအရသူလည်း ကောလိပ်ကျောင်းသူ ဖြစ်ကောင်းဖြစ်ခဲ့ဖူးလောက်မယ်။ ဘာလို့ ဒီဘဝရောက်သွားလဲတော့ မရေမရာနဲ့ပဲ ပြသွားတယ်။ နောက်တော့ အဲဒီကောင်မလေးနဲ့ အင်းပိုင်ရှင်မိသားစုရဲ့ ဆက်ဆံရေးပေါ့။ သူတို့လည်း ချမ်းသာလှတယ်တော့ မဟုတ်ဘူး။ ဒီလိုပဲ။ မရှိလို့ လုပ်စားနေတာ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ၂ကောင်က သူတို့မိသားစုက ဒီအလုပ်ကိုမုန်းတဲ့သမီးရယ်၊ ခုနက ပြည့်တန်ဆာမလေးရယ်ပေါ့။ ထုံးစံအတိုင်း သူတို့၂ယောက်ရဲ့အခြေအနေကို အချစ်ကြောင့်လုပ်တာလား အမုန်းကြောင့်လုပ်တာလား မရေရာခြင်းတွေအပြည့်နဲ့ သီကျူးသွားတယ်။ ဒီပုံစံကိုတော့ ကင်ကီဒွပ်ပရိသတ်တွေရင်းနှီးပြီးသားပဲမလား။ ကင်ဟာ လုပ်ရပ်တွေမှာ အချစ်လားအမုန်းလားမသည်းကွဲနိုင်အောင်ပုံဖော်တတ်တဲ့ သူပါပဲ။ ဒီထဲမှာလည်း ပြည့်တန်ဆာမလေးက အိမ်ရှင်ကောင်မလေးနဲ့ အိမ်ရှင်ကောင်မလေးရဲ့ ရည်းစားကြား ပြဿနာရှာလိုက်တာလေးတွေရှိပေမဲ့ ဒါကို အချစ်ကြောင့်လည်း ပါတယ်လို့တော့ ကျွန်တော်တော့ မြင်တာပါပဲ။ ဒီရုပ်ရှင်ဟာ ပြည့်တန်ဆာမလေးရဲ့ အိပ်ခန်းတွေမနည်းပါပေမဲ့ အဲဒီအိပ်ခန်းတွေကိုယ်တိုင်ဟာ ဒီရုပ်ရှင်ရဲ့ ရိုးသားမှုကို အရောင်တင်ပေးထားတာတွေပါပဲ။ ကင်ဟာ ပြင်သစ်က ကမ်းခြေတစ်ခုမှာ ပန်းချီဆွဲရင်း နှစ်နှစ်လောက် အချိန်ဖြုန်းဖူးပါတယ်။ သူဘာပြပွဲမှလည်း မလုပ်ခဲ့ပါဘူး။ သူက သူ့ပန်းချီကားတွေကို လမ်းပေါ်မှာ တင်ပြခဲ့တဲ့သူပါ။ သူဘာလို့ပန်းချီဆွဲလဲဆို သူ့ပန်းချီကားတွေက စစချင်းကြည့်ရင် ဟီရိသြတ္တပ္ပ ကင်းမဲ့ပြီး ညစ်ညမ်းတယ်လို့ထင်ရပေမဲ့ သေချာကြည့်ကြည့်ရင်တော့ ဖန်တီးသူရဲ့ ရိုးသားခြင်းကို အပြည့်အဝ တွေ့မြင်နိုင်လို့ လို့ဆိုဖူးပါတယ်။ သူ့ရုပ်ရှင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညစ်ညမ်းတယ်လို့ထင်ကောင်းထင်ရနိုင်ပေမဲ့ သူဟာ သူသိတဲ့ဘဝတွေကို အရိုးသားဆုံးပြထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာလည်း ညစ်ညမ်းတာတွေ စိတ်ညစ်စရာတွေအပြည့်နဲ့ကို ရိုးရိုးသားသားနဲ့ လှနေတဲ့ ကင်ကီဒွပ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ကင်ကီဒွပ်ဟာ ဒီပထမကားတွေမှာဆို ကိုရီးယားပြည်တွင်းမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့သူပါ။ ဒီကားနဲ့ နိုင်ငံတကာပရိသတ်တချို့ စရခဲ့ပါတယ်။ ဒီတော့ သူ့ဒီလိုကားဟောင်းတွေကို အကြည်ရဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ဒီတိုင်းကြည့်ရဖို့တောင် မလွယ်ဘူးကိုး။ ဒီလိုတတိယမြောက်ရိုက်ခဲ့တဲ့ကားမျိုးဆို ရွှေထက်ရှားပါတယ်။ ဆိုတော့ကာ 1080p ဘာညာ ကွာလတီနဲ့ရှာမရပေမဲ့ ရုပ်သံကွာလတီမူကို နည်းနည်းအတိမ်းအစောင်းခံပြီး ကင်ကီဒွပ်ပရိသတ်တွေအတွက် ကင်ကီဒွပ်ကားကို ရှိတဲ့ကွာလတီလေးနဲ့ပဲ ကြံဖန် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB Quality - 480p IMDb Rating - 7/10 Format - mp4 Duration - 1H 45Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 1998 101 mins
Birdcage Inn
The Labyrinth
4

ဒီတစ်ခါမှတော့ သည်းထိတ်ရင်ဖို Horror Thriller ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအမည်ကတော့ "ဝင်္ကပါ" ဖြစ်ပြီး ဘာဝင်္ကပါလဲဆိုတာတော့ ဇာတ်လမ်းအကျဥ်းမှာဖတ်ကြည့်ရအောင်။ ဇာတ်လမ်းအစမှာ ရထားတစ်စီးဟာ အေးအေးလူလူခုတ်မောင်းနေလေရဲ့။ ရထားပေါ်မှာ လူတန်းစားအမျိုးမျိုး၊ လူအမျိုးမျိုးက လိုက်ပါစီးနင်းနေကြတာပေါ့။ ရှေ့မှာကြုံလာမယ့်အန္တရာယ်ကိုသတိမထားမိစွာဘဲ အေးအေးလူလူ စကားတပြောပြောနဲ့ပေါ့။ တစ်နေရာအရောက်မှာတော့ ဘာဖြစ်မှန်းမသိဘဲ ရထားဟာရပ်တန့်သွားပါတော့တယ်။ ရထားထဲကထွက်ဖို့ကြိုးစားကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီးနောက်မှာတော့ ရထားလမ်းမြေပြိုနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဘေးလွတ်ရာမှာဆင်းနေကြပေမယ့် ကင်းခြေများအကောင်ရေ ထောင်ချီဝိုင်းလာတဲ့အခါမှာတော့ ရထားပေါ်ပြန်တက်နေရုံကလွဲရွေးချယ်စရာမရှိခဲ့ပါဘူး။ ရထားဟာ ဝန်မမျှဖြစ်ပြီး မြေပြိုနေတဲ့တွင်းနက်ကြီးထဲကို ထိုးကျသွားပါလေရော။ အဲ့ဒီတွင်းထဲမှာလည်း ကင်းခြေများအကောင်ရေအမြောက်အများရှိနေတဲ့အခါ ခြေဦးတည့်ရာကိုပြေးရပါတော့တယ်။ ဘယ်နေရာကိုရောက်မှန်းမသိရောက်ကုန်ရင်း ကယ်ဆယ်ရေးအဖွဲဲ့တွေကရော သူတိူ့ကိုရှာတွေ့ပြီး ကယ်တင်နိုင်ပါ့မလား။ သူတို့အနေနဲ့ရော ကင်းခြေများဝင်္ကပါကနေလွတ်အောင်ပြေးနိုင်ပါ့မလား။ ဘေးအန္တရာယ်ကြုံတဲ့အခါတွေ့ရမယ့်လူ့ သဘောသဘာဝ ကို မြင်တွေ့ရမယ့်အ​ပြင် ကင်းခြေများနဲ့လူတွေရဲ့အားပြိုင်ပွဲကို စိတ်လှုပ်ရှားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Encoded by LK

Action • Adventure • Science Fiction
4 2022
The Labyrinth
Taurus
4.8

Taurus (2022) =========== ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေအတွက် Drama/musical အမျိုးအစားဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Taurus ကိုတင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ entertainment industry တွေရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေ dark side တွေအားလုံး ကို ထိထိမိမိ ချပြထားပါတယ်။ ဇာတ်လမ်းကိုတော့ ဆေးစွဲနေတဲ့ နာမည်ကျော် အဆိုရှင်တစ်ယောက် ဖြစ်တဲ့ ကိုးလ်ရဲ့ သနားစရာကောင်းပြီး အရှုံးသမားပုံစံပေါက်နေတဲ့ ဘဝ အကြောင်းနဲ့ အစချီထားပါတယ်။ ဆေးစွဲနေပေမဲ့လည်း ဘဝကို အဓိပ္ပာယ် ရှိရှိဖြတ်သန်းချင်တဲ့ ကိုးလ်ဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ၊ သူ့ဘဝ ထဲကိုရောက်လာတဲ့သူတွေ၊ သူထိန်းသိမ်းရမဲ့ နာမည်ကျော်တစ်ယောက်ရဲ့ ပုံရိပ် အစရှိတာတွေနဲ့ နေ့စဉ်ရင်ဆိုင်နေရပါတယ်။ ကိုးလ်ရဲ့ ရင်နာဖွယ် ဘဝအကြောင်းကို သူဖန်တီးနေတဲ့ ဂီတလေးတွေနဲ့ ရောစပ်ရိုက်ကူးထားတဲ့အပြင်၊ နာမည်ကျော် celebrity တွေခံစားရလေ့ရှိတဲ့ ခံစားချက်တွေကို ထိထိမိမိဖော်ပြရင်း ဇာတ်လမ်းကို ဇာတ်ရှိန်မြင့်မြင့်နဲ့ အဆုံးသတ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ ကိုးလ်တစ်ယောက် ဘဝရဲ့ ဖိအားတွေကို ဖိနှိပ်ရင်း သူဆက်ပြီးဖန်တီးဖို့လိုတဲ့ ဂီတတွေကို ဘယ်လို ဖန်တီးသွားမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.32 GB) / (506 MB) / (286 MB) Quality…………WEB-RIP 1080p / 720p / 360p Duration………1Hr 38Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, Music Translator…….June Encoder……….SWM

Action • Drama • History
4.8 2022 98 mins
Taurus
A Savannah Haunting
4.4

A Savannah Haunting ================= သရဲကားမှကြည့်ချင်တာ၊ တကယ့်အဖြစ်အပျက်မှကြိုက်တာ ဆိုတဲ့သူတွေအတွက် သရဲကားအသစ်တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားကတော့ ဂျော်ဂျီယာပြည်နယ် ဆာဗားနားမြို့မှာရှိတဲ့ အိမ်တစ်အိမ်မှာ တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာဝီလီယမ် ကိုယ်တိုင် သူ့မိသားစုအိမ်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံဖြစ်ပြီး ဒီဇာတ်ကားကိုလည်း အဲဒီအိမ်မှာတင် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရန်ကော့ မိသားစုဟာ ဆာဗားနားမှာရှိတဲ့ လူမနေတာကြာပြီဖြစ်တဲ့ အိမ်တစ်အိမ်ကို ပြောင်းလာခဲ့ကြပါတယ်။ ဒီအိမ်ဟာ ဟိုးရှေးရှေးကတည်းက အတိတ်ဆိုးတွေရှိခဲ့တဲ့အိမ်ဖြစ်နေပေမယ့် အိမ်ထောင်ဦးစီးဖြစ်သူ အဲရစ်ဟာ ဒါတွေကို ယုံကြည်တဲ့သူ မဟုတ်တာကြောင့် ပေါ့ပြက်ပြက်ပဲ နေနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မိသားစုအပေါ် ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကြုံတွေ့လာရပြီးတဲ့နောက်မှာ အဲရစ်တို့မိသားစုတွေ ဒီအိမ်ကြီးထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှူနေရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သာမာန်သရဲကားတွေလိုမဟုတ်ဘဲ တကယ့်အဖြစ်အပျက်နဲ့ ကျောရိုးတည်ပြီး ရိုက်ကူးထားတာကြောင့် ဖြဲတာ၊ ကြဲတာတွေ သိပ်မပါတာကြောင့် “ဝူးရှူးဝါးတွေကြောက်လို့ သရဲကားမကြည့်ရဲပါဘူး” ဆိုတဲ့သူတွေလည်း ကြည့်လို့အဆင်ပြေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

Adventure • Animation • Comedy • Family
4.4 2021 103 mins
A Savannah Haunting
Group Sex
5

Group Sex (2010) ============= ခေါင်းစဉ်ကိုကြည့်ပြီး အထင်မလွဲကြပါနဲ့၊ ပျော်စရာကောင်းတဲ့ romantic/comedy ကားလေးပါ။ ဒါပေမယ့်ခေါင်းစဉ်နဲ့လိုက် အောင်ပါဝင်တဲ့ အောက်လုံးတွေ တစ်ချို့ပြကွက်တွေကြောင့် တော့ မိသားစုနဲ့ကြည့်ဖို့သင့်တော်မှာမဟုတ်ပါဘူး။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အန်ဒီက အချစ်ကိုကိုးကွယ်တဲ့လူရိုး လေးတစ်ယောက်ပါ။ အချစ်ကိုကိုးကွယ်လွန်းလို့လည်း သူ့ရဲ့ ငါးနှစ်တာချစ်သူက လက်ထပ်ပွဲမတိုင်ခင်ကာလလေးမှာ တစ်ခြား တစ်ယောက်နဲ့အိပ်ပြီး သူ့ကိုပစ်သွားတဲ့စိတ်ဒဏ်ရာကိုအခုချိန်ထိ ခံစားနေရဆဲဖြစ်သလို အလုပ်တူတူလုပ်တဲ့သူငယ်ချင်း ဂျယ်ရီ အိမ်မှာကပ်နေရပါတယ်။ သူ့သူငယ်ချင်း ဂျယ်ရီကတော့ မိန်းမ တွေကိုဖျော်ဖြေရေးလောက်ပဲသဘောထား ပွေလွန်းရှုပ်လွန်းတဲ့ သူဖြစ်ပါတယ်။ တစ်နေ့တော့ စိတ်ညစ်ညစ်နဲ့လမ်းလျှောက်ထွက်လာတဲ့အချိန် တွေ့မိတဲ့ ကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းစွဲလန်းရာ ကနေနောက်ကတစ်ကောက်ကောက်လိုက်ရင်း anonymous meetings(ဆေး၊အရက်စသည်ဖြင့်စွဲလန်းသူများအချင်းချင်း အားပေးနှစ်သိမ့်အဖြေရှာရာတွေ့ဆုံပွဲ) တစ်ခုကိုရောက်သွား ပါတယ်။ သူရောက်သွားတဲ့နေရာကတော့ လိင်ကိစ္စကိုမူးယစ် ဆေးလိုစွဲလန်းနေနသူတွေ အချင်းချင်းအားပေးနှစ်သိမ့်အဲ့ဒီ စိတ်ကိုဖျောက်ဖျက်ဖို့ကြိုးစားကြတဲ့နေရာတစ်ခုပါ။ အဲ့ဒီအပြင် သူချစ်မိတဲ့ကောင်မလေးကပါ ဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်နေတာ ကိုသိလိုက်ရတဲ့အခါ..။ အဲ့ဒီအဖွဲ့ဝင်တွေစိတ်ဝင်စားတဲ့ စွဲလန်းနေတဲ့လိင်ကိစ္စတွေဟာ လည်း တကယ့်ကိုကပ်သီးကပ်သပ်ပေါက်ပေါက်ရှာရှာထူးထူး ဆန်းဆန်းတွေဖြစ်နေလေတော့ ဒီအဖွဲ့ဝင်တစ်သိုက်နဲ့ အူကြောင် ကြောင် အန်ဒီတို့ ဘယ်လိုတလွဲတချော်တွေဖြစ်ကြမလဲ? သူရည် ရွယ်တဲ့ ကောင်မလေးနဲ့ရောအဆင်ပြေနိုင်ပါ့မလားဆိုတာ ဆက် လက်ရှုစားလိုက်ကြပါ။ (supernatural ထဲမှာ Chuck အဖြစ်ပါဝင်ခဲ့တဲ့ Rob Benedict ကလည်း ပါဝင်အားဖြည့်ထားပါတယ်) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.8 GB) / (830 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Alias Encoder……….SWM

Action • Comedy • Science Fiction
5 2010
Group Sex
All You Need Is Death
5.2

“အချစ်ဆိုတာ လက်ကိုင်ကဓားသွားဖြစ်နေတဲ့ ဓားတစ်ချောင်းပါပဲ” အန်နာနဲ့ အဲလက်ခ်တို့ စုံတွဲဟာ လူတွေမေ့ဖျောက်ထားတဲ့ (ဒါမှမဟုတ်) ရှေးကျပြီး လူတော်တော်များများမကြားဖူးသေးတဲ့ သီချင်း တွေကို လိုက်လံရှာဖွေဖော်ထုတ်ရတာကို သဘောကျတဲ့စုံတွဲတစ်တွဲဖြစ်ပါတယ်။ တနေ့မှာတော့ အိုင်းရစ်ရှ်ဘာသာစကားထက် ရှေးကျတဲ့ဘာသာစကားတစ်ခုနဲ့သီဆိုထားတဲ့ ကျေးလက်သီချင်းတစ်ပုဒ်အကြောင်း သူတို့သတင်းကြားမိပြီး သီဆိုသူကိုလိုက်လံ ရှာကြည့်ပါတော့တယ်။ သီဆိုသူအဘွားကြီးကို ရှာတွေ့သွားတဲ့အခါ သူမက ထိုသီချင်းမှာ သူ့အမေက သူ့ကို အမွေပေးခဲ့ခြင်းဖြစ်ပြီး မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာတဲ့သီချင်းဖြစ်ကြောင်းနှင့် သူ့တွင်သားတစ်ယောက်သာရှိသဖြင့် အဆိုပါသီချင်းကိုအမွေအဖြစ် ဆက်လက်ဆင့်ကမ်းရန်မဖြစ်နိုင်တော့ကြောင်းအစချီ၍ သီချင်းပါအကြောင်းအရာများကိုပါ ပြောပြပါတော့တယ်။ သီချင်းကို အမျိုးသမီးများကသာ နားဆင်ခွင့်ရှိမည်ဖြစ်ပြီး သီချင်းစာသားများကို ချရေးခြင်းမပြုဖို့ အတန်တန်မှာကြားကာ အန်နာ့အတွက် သီးသန့်သီဆိုပြလိုက်ပါတော့တယ်။ ဒါပေမဲ့လည်းသီချင်းနားထောင်ခွင့်မရှိသဖြင့် အိမ်အပြင်တွင်စောင့်နေသည့် သူ့ချစ်သူ အဲလက်ခ်ကို အိမ်အပြန်လမ်းတွင်ပင် အန်နာက ပြန်လည်သီဆိုပြလိုက်သောအခါ……? အဲလက်ခ်က သီချင်းကို အသံသွင်းပြီး ဘာသာပြန်ရန် အတွက် ချရေးလိုက်မိသောအခါ……..? ဘာတွေဆက်ဖြစ်ကြမလဲ? သီချင်းရဲ့အဓိကအကြောင်းအရာကရော အချစ်အကြောင်း လား? ကျိန်စာတစ်ခုအကြောင်းလား? ဒါတွေကိုဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကို အိုင်ယာလန်တွင် အခြေပြုထားပြီး ဇာတ်ကားအမျိုးအစားကတော့ Horror အမျိုးအစားဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.45 GB)/(590 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

5.2 2023 97 mins
All You Need Is Death
My Little Bride
7.1

My Little Bride (2004) IMDb Rating (7)/Rotten Tomotoes (70%) ဒီဇာတ်ကားလေးကတော့ ကိုရီးယားကားတွေကို ကမ္ဘာကသတိထားမိစေခဲ့တဲ့ ၂၀၀၀ ခုနှစ်နှောင်းပိုင်း အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပြီး ကိုရီးယားလှိုင်း စတင်လှုပ်ခတ်မှုမှာ နေရာတစ်နေရာကပါဝင်ခဲ့ပါတယ်။ ချစ်စရာအမူအယာတွေနဲ့ ကိုရီးယားတို့ရဲ့ ရှေးရိုးစွဲရိုးရာယဉ်ကျေးမှု လူမှုဘဝနေထိုင်မှုပုံစံတချို့ကို ပေါ့ပေါ့ပါးပါးမိတ်ဆက်နိုင်ခဲ့ပြီး ကြည့်မိသူတိုင်းမှတ်မိလွယ်စေခဲ့ပါတယ်။ အဓိက သရုပ်ဆာင်တွေအဖြစ် Love story in Harvard, Doctors စတဲ့ ဇာတ်လမ်းတွဲများနဲ့ နာမည်ကြီးတဲ့ မင်းသား Kim Rae Won နဲ့ အတူ အွန်စောအငယ်လေးလို့ မြန်မာတွေ အသိများတဲ့ မင်းသမီးလေး Moon Geun Young တို့ တွဲဖက် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားမှာ Kim Rae Won ရဲ့ အစ်ကိုကြီးတစ်ယောက်လို ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေရော နစ်နာခံမှုတွေရောမြင်တွေ့ရမှာဖြစ်ပြီး Moon Geun Young ရဲ့ ချစ်စဖွယ် ဟန်ပန်နဲ့ ပလီပလာ နွဲ့ဆိုးဆိုးတဲ့ သရုပ်ဆောင်မှုလေးတွေက အဓိကအသက်ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့တွဲဖက်မှုဟာ ကြည့်နေတဲ့သူတွေကို ပြုံးပျော်ကြည်နူးစေပါတယ်။ ဘယ်လိုအချိန်မှာပဲ ကြည့်ကြည့် စိတ်ရွှင်မြူးသွားစေမယ့် အချစ်ဟာသ ဇာတ်လမ်းလေးတခုဖြစ်ပြီး ငယ်ဘဝရဲ့အမှတ်တရဇာတ်ကားလေးမလို့ 1080p Quality နဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။

Drama • Fantasy
7.1 2004 115 mins
My Little Bride
Sarileru Neekevvaru
6.8

Sarileru Neekevvaru (2020) တေလဂူးမင်းသားချော Mahesh Babu နဲ့ ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး လာပါပြီ။ ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ အိန္ဒိယတပ်က စစ်ဗိုလ်တစ်ယောက်ပါ။ စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။ ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။ ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့ တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့… မင်းသားချောပါပဲ။ ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ရုပ်ရှင်ရုံထဲကြည့်ရသလို ၃ နာရီနီးပါး လိုက်ပါစီးမျောကြည့်ရှုရမှာပါ။ (ရုပ်ရှင်ဘာသာပြန်နဲ့အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်)

Thriller • TV Movie
6.8 2020 169 mins
Sarileru Neekevvaru
Drowning Love
5.8

Drowning Love (2016) IMDb – 5.8 My Drama List – 7.2 “လမ်းခွဲလိုက်တာက နှစ်ဖက်စလုံး မနာကျင်ရမယ့်နည်းလမ်းပဲ” ဆယ်ကျော်သက်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ မိုချိဇုကိနာဆုမဲက အဘိုးရဲ့ကျန်းမာရေးကြောင့် မော်ဒယ်ဘဝကနှုတ်ထွက်ပြီး နယ်ဘက်ကိုပြောင်းလာခဲ့ရပါတယ်။ နယ်ဘက်ကိုပြောင်းလာရလို့ ဝမ်းနည်းနေတဲ့နာဆုမဲက တစ်ရက်မှာတော့ ပင်လယ်နားမှာ ခိုးလို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး စိတ်ဝင်စားခဲ့ပါတယ်။ တစ်ရက်တော့ မော်ဒယ်ဘဝကအနားယူလိုက်တဲ့ နာဆုမဲကို နာမည်ကျော်ဓာတ်ပုံဆရာဖြစ်တဲ့ ဟီရိုနိုအုရှိူးဂိုက photo book ရိုက်ဖို့ ကမ်းလှမ်းလာပါတယ်။ ခိုးရဲ့အာရုံစိုက်မှုကိုရဖို့အတွက် နာဆုမဲက photo book ရိုက်ဖို့ သဘောတူခဲ့ပါတယ်။ ဒီလိုနဲ့ ခိုးနဲ့ရင်းနှီးလာခဲ့ပြီး တစ်ရက်မှာတော့ ဟီရိုနိုအုက ရုပ်ရှင်ရိုက်ဖို့ပါ ကမ်းလှမ်းလာခဲ့ပါတယ်။ ရုပ်ရှင်အတွက် စဉ်းစားနေတုန်းမှာ မုဒိမ်းမှုနဲ့ကြုံရပြီး အနုပညာလောကကနေ အပြီးတိုင်နှုတ်ထွက်၊ ခိုးနဲ့လည်း လမ်းခွဲခဲ့တဲ့ နာဆုမဲတစ်ယောက် ဘယ်လိုမျိုး အားတင်းပြီး ‌ အနုပညာလောကထဲကို ပြန်ဝင်မလဲ… ခိုးနဲ့နာဆုမဲတို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲ… File size… 2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

Drama
5.8 2016 111 mins
Drowning Love
Summer in Closed Eyes
6.6

Summer in Closed Eye (2018) သိပ်များများစားစားတော့ ညွှန်းစရာမလိုလောက်ပါဘူး။ ဒီတလော ရေပန်းတော်တော်စားနေတဲ့ Maiထဲက မင်းသမီးရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီထဲလဲ ဆက်တိုက် တော်တော်လေးဇာတ်နာသလို အဆုံးထိဇာတ်နာကောင်းတုန်းပဲ။ ဒါရိုက်တာကတော့ ဒီကားက သူ့ပွဲဦးထွက်ကားဖြစ်သလို ထပ်ရိုက်ထားတာလည်း မရှိတော့ ဒါရိုက်တာအကြောင်းပြောဖို့တော့ခက်လိမ့်မယ်။ ဒါပေမဲ့ ဒီဒါရိုက်တာက သူ့ဝမ်းစာကို ဂျပန်ရုပ်ရှင်နဲ့ အဓိကဖြည့်ခဲ့တယ်လို့တော့ ထင်တယ်။ ဂျပန်မှာ အဓိကဇာတ်အိမ်တည်ထားတာပေမဲ့ ဗီယက်နမ်ဒါရိုက်တာရိုက်တဲ့ကားဆိုတော့ ဂျပန်အငွေ့အသက်မပါလောက်ဘူးထင်ထားပေမဲ့ ဂျပန်အငွေ့အသက်တော့ လွှမ်းနေသေးတယ်။ ဇာတ်ကတော့ ရိုမန့်ပါးပါးလောက်ပဲပါပြီး အဖေနဲ့ သမီးကြားက သံယောဇဉ်ကို အဓိကထားပြီး တည်ထားတယ်။ အားလုံးရဲ့ကွင်းဆက်ကတော့ ဓာတ်ပုံပညာ။ အဖေက ဓာတ်ပုံဆရာ။ ဓာတ်ပုံကိုချစ်တဲ့စိတ်ကြောင့် သူ့အဖေနဲ့ သူ့အမေကွဲပြီး သူ့အဖေဂျပန်ကိုရောက်သွားသလို သူကလည်း ဓာတ်ပုံကိုချစ်လာခဲ့တယ်။ သူ့အမေဆုံးပြီးနောက် သူ့အဖေကိုရှာဖို့ ဂျပန်ကိုသွားတဲ့အချိန် သူ့အဖေကိုမတွေ့ဘဲ ဓာတ်ပုံဆရာကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ဓာတ်ပုံဆိုင်လေးတစ်ဆိုင်ကိုရောက်လာခဲ့တယ်။ အဲဒီကနေမှ သူ့အဖေရဲ့ ဇာတ်ကြောင်းကို သိရဖို့ဖြစ်လာတဲ့အကြောင်းပါပဲ။ ဗီယက်နမ်ဒါရိုက်တာနဲ့ ဗီယက်နမ်မင်းသမီးနဲ့ရိုက်တဲ့ကားပေမဲ့ ဂျပန်တော်တော်ဆန်တာမို့ ဂျပန်ရိုမန့်ကားပရိသတ်တွေအတွက်လည်း ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ပါပဲ။ တစ်နေ့နေ့မှာ မင်းဘာကိုမှ မမြင်ရတော့ဘူးဆိုရင် မင်းအမြင်ဆုံးက ဘာများဖြစ်မလဲ။ တစ်နေ့နေ့မှာ မင်းဘာကိုမှ မကြားရတော့ဘူးဆိုရင် မင်းအကြားချင်ဆုံးက ဘယ်စကားဖြစ်မလဲ။ တစ်နေ့နေ့မှာ မင်းစကားလုံးဝမပြောနိုင်တော့ဘူးဆိုရင် မင်းအပြောချင်ဆုံးစကားက ဘာဖြစ်မလဲ။ တစ်နေ့နေ့မှာ မင်းဘာကိုမှ မမှတ်မိနိုင်တော့ဘူးဆိုရင် မင်းအမှတ်မိချင်ဆုံးက ဘာကိုများဖြစ်မလဲ။ ဒီထဲက အဓိကဇာတ်ကောင်သုံးယောက်ဟာ ဓာတ်ပုံတွေရဲ့နောက်ကျောမှာရေးထားတဲ့ ဒီမေးခွန်းတွေကို သူ့နည်းသူ့ဟန်နဲ့ ဖြေသွားခဲ့ကြတယ်။ ဘာကိုမှ မမြင်ရတော့ဘူးလို့ မှတ်ယူပြီး မျက်လုံးတွေမှိတ်ထားလိုက်ရင် ငါအမြင်ချင်ဆုံးက နွေဥတုတစ်ခုပေါ့။ အရာရာဟာ သူ့သဘောသူဆောင်ခဲ့ရင်တောင် အဲဒီနွေရာသီဆီကိုတော့ ငါရောက်အောင်ပြန်လာဖြစ်ဦးမယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiR‌a Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 1.5GB | 753MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiR‌a Aung Encoder ….. Aaron

6.6 2018
Summer in Closed Eyes
The Groomsmen: Second Chances
5.8

The Groomsmen: Second Chances (2024) IMDb Rating – (5.8% ) ဒီတစ်ခေါက်တော့ 2024 ခုနှစ်ထွက် အမေရိကန် BL အချစ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားထဲမှာဆိုရင်နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Mean Girl ဇာတ်ကားထဲက မင်းသားချော Jonathan Bennett ကပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွန်းလေးကတော့ ဒန်နီနဲ့ ဇက်ခ် တို့ဟာ BFF တွေဖြစ်ကြပြီး ဒန်နီက ဇက်ခ် အပေါ် ခံစားချက်‌တွေရှိနေတာပါ။ ဇက်ခ်မှာလဲလက်ထပ်‌တော့မယ်သူကရှိနေပါပြီ။ အဲ့ဒီအချိန်မှာပဲ သူငယ်ချင်းသံယောဇဉ်ပျက်သွားမလား ဘာတွေများဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(1.4 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:24:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

5.8 2024
The Groomsmen: Second Chances
Anora
8.1

Anora (2024) ========= IMDb Rating (8.1) Rotten Tomatoes (96 %) 2024 ရဲ့အော်စကာဆုကိုမှန်းထားကြတဲ့ ဒါရိုက်တာ Sean Baker ရဲ့ Anora ရုပ်ရှင်ကားကြီးထွက်ရှိလာပါပြီ။ NEON ကုမ္ပဏီက ဖြန့်ချိထားတဲ့ ဒီရုပ်ရှင်နဲ့ ဆရာကြီး Sean Baker ကတော့ Cannes Film Festival ရဲ့ အမြင့်ဆုံးဆု Palme d’Or ကို လောလောလတ်လတ်ရရှိခဲ့ပြီးပါပြီ… ထပ်ပြီးတော့ အော်စကာနဲ့ Golden Globe ဆုပေးပွဲကြီးတွေမှာ တစ်ပြေးနေမယ်လို့ခန့်မှန်းထားကြတဲ့ ၂၀၂၄ တစ်နှစ်တာရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့…. အဖော်အချွတ်ကလပ်မှာ အဖော်ချွတ် ဒန်ဆာမယ်အဖြစ် လုပ်တဲ့ အန်နိုရာ(ခေါ်)အန်နီဟာ တစ်နေ့တော့ သူ့ကလပ်ကို လူချမ်းသား ရုရှားက RK လေး အီဗန်နဲ့ဆုံဖြစ်ကြပါတယ်။ အန်နီကလည်း အဖွားဖြစ်သူက ရုရှားဖြစ်တဲ့အတွက် ရုရှားစကား တတ်တာကြောင့် ၂ ယောက်သားအတိုင်အဖောက်ညီပြီး နောက်နေ့မှာ အန်နီကို အီဗန်က သူ့အိမ်မှာ သီးသန့်ခေါပြီး အသုံးတော်ခံဖို့ ဖိတ်လိုက်ပါတယ်.. ဒီလိုနဲ့ အဖော်အချွတ်မယ်လေးကို စွဲလန်းသွားတဲ့ အီဗန်က သူနဲ့အတူ တစ်ပတ်လောက် ရည်းစားအဖြစ်နေပေးဖို့ တောင်းဆိုရာကနေ လက်စ်ဗီးဂက်မှာ လက်ထပ်ဖို့အထိဖြစ်သွားတဲ့အခါမှာတော့…. ရုရှားက ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းကြီး အီဗန်ရဲ့ မိဘတွေက သူတို့ရဲ့ရွှေပေါ်မြတင် သားလေးနဲ့ အဖော်အချွတ်မယ်ကိုသဘောတူပါ့မလား… ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာ….။ ဇာတ်လမ်းက ရိုးရိုးလေးဖြစ်ပေမယ့်… ဇာတ်ကားက ဘာလို့ နာမည်ကြီးပြီး ဆုဝင်တန်းဝင်ကားဖြစ်နေလဲ ဆိုတာကတော့ ကိုယ်တိုင်ခံစားကြည့်မှ သိနိုင်မှာပါ… Screams ရုပ်ရှင်တွေနဲ့နာမည်ကြီးခဲ့တဲ့မင်းသမီးချော Mikey Madison ရဲ့ ခန္တာကိုယ် အလှအပတွေကို ဘွင်းဘွင်းကြီး မြင်ရမယ့်ကားပါ။ အဖော်အချွတ်အခန်းတွေ စကားအသုံးအနှုန်းတွေကြမ်းတာတွေကြောင့် မိသားစုနဲ့ ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။ မင်းသားကတော့ ရုရှားက တက်သစ်စမင်းသားချောလေး Mark Alexandrovich Eidelstein ဖြစ်ပြီး ရူးရူးမိုက်မိုက်နဲ့ အချစ်ကြမ်းတဲ့ သူဌေးသားလေးနေရာကနေ အထာကျစွာပါဝင်ထားပါတယ်။ File size… (11GB) / (2.66GB) / (1.08GB ) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….2h 19m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Cyberboy

Crime • Thriller • Drama • TV Movie
8.1 2024 139 mins
Anora
Can I Get a Witness?
6

အနာဂတ် မှာဖြစ်လာမှာကိုကြိုတင်စိတ်ကူးယဥ် ဖန်းတီးထားတာပါ။ ကမ္ဘာကြီးမှာ အစားအသောက် ၊ရေ၊မြေ ပိုက်ဆံနဲ့ အာဏာတွေကြောင့် စစ်ပွဲများ ဖြစ်လာပြီးနောက် ထိုစစ်ပွဲများကိုရပ်တန့်ဖို့အတွက် အခြေခံဥပဒေဖွဲ့စည်းပုံအသစ်ကို ထုတ်ပြန်ခဲ့ပြီး လူတိုင်းကလက်ခံခဲ့ကြပါတယ်။ ထိုဥပဒေဟာ လူ့သက်တမ်း ငါးဆယ်ပြည့်တာနဲ့ ကမ္ဘာမြေကြီးကနေ ကိုယ့်ဘဝကိုအဆုံးသတ်သွားပေးဖို့ ဖြစ်ပြီး သတ္တဝါတိုင်းအတွက် တရားမျှတမှုရှိစေရန် ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ ဒီကားမှာတော့ ကီရာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ လူတွေအသက်ငါးဆယ်ပြည့်တဲ့အခါ ဘာလို့ အဆုံးစီရင်ဖို့ လက်ခံကြလဲဆိုတာကိုနားမလည်နိုင်သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ လူတွေအဆုံးစီရင်ကြတဲ့အချိန်မှာ သေချာအောင် သက်သေအဖြစ် စောင့်ကြည့်ပေးရတဲ့ E.O.Lအဖွဲ့အစည်းမှာ အလုပ်စလုပ်ခဲ့ပါတယ်။ ထိုအလုပ်စလုပ်တဲ့အချိန်ကစပြီး သူမ ဘာတွေလေ့လာရမလဲ… ဘယ်လိုအတွေ့အကြုံတွေရမလဲ…. လူတွေဘယ်လိုအဆုံးစီရင်ကြလဲဆိုတာကိုတွေ့မြင်ပြီး ထိုဥပဒေကိုလက်ခံနိုင်ဖို့ကြိုးစားတာကိုတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ တရားမျှတမှုတွေ ဘဝရဲ့အဓိပ္ပာယ်တွေကို ကြည့်မြင်နိုင်ရမှာဖြစ်ပြီး ကြည့်ပြီးတဲ့အချိန်မှာတော့ စိတ်ထဲတစ်ခုခုကျန်ရစ်ခဲ့မှာပဲ ဖြစ်ပါတယ်။ File size… (1.52 GB) / (899 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 50m Genre …..Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

6 2024 110 mins
Can I Get a Witness?
Butchers Bluff
5.7

Butchers Bluff (2024) IMDb Rating (5.7) သူငယ်ချင်းတစ်စုရှိတယ်။ ရုပ်ရှင်ကျောင်းသားတွေပေါ့။ သူတို့တွေက ဖြစ်ရပ်မှန်ဟော်ရာဇာတ်လမ်းတစ်ခုကို ဒိုကူမန်ထရီရိုက်ဖို့ အနှစ်နှစ်ဆယ်အတွင်း လူပေါင်းများစွာ ပျောက်ဆုံးခဲ့တဲ့ တောအုပ်တစ်ခုနဲ့ အဲဒီတောအုပ်နားက မြို့လေးကိုလာခဲ့တယ်။ အဲဒီမြို့လေးမှာ ဟော့မန်းခေါ် ဝက်လူသားလို့ခေါ်တဲ့ လူသတ်သမားတစ်ယောက်ရှိတယ်ဆိုတဲ့ ယုံတမ်းစကားတွေရှိတယ်။ အဲဒီကောင်လေးက ငယ်ငယ်က ဝလွန်းလို့ အားလုံးအနိုင်ကျင့်တာခံခဲ့ရတယ်။ တစ်နေ့မှာ ကောင်လေးသုံးယောက်နဲ့ ကောင်မလေးတစ်ယောက်က သူ့ကို အရင်ကထက်တောင် ဆိုးဆိုးရွားရွား အနိုင်ကျင့်ခဲ့ကြတယ်။ ဆေးရုံရောက်သွားခဲ့တယ်။ ဆေးရုံကဆင်းလာပြီး ညမှာ သူက ဝက်မျက်နှာဖုံးကို စွပ်ပြီး ကောင်လေးသုံးယောက်စလုံးကိုသတ်ပစ်ခဲ့တယ်။ ကောင်မလေးကိုတော့ ချန်ထားခဲ့တယ်။ ဒီနောက် သူစိတ်ရောဂါကုဆေးရုံရောက်သွားတယ်။ အဲဒီကနေ သူထွက်ပြေးလာပြီး ဒီသစ်တောထဲ ရှိနေတယ်ဆိုတဲ့ ယုံတမ်းတွေ မြို့ထဲမှာပျံ့နေပေမဲ့ ဘယ်သူမှတော့ လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်ဘူးပေါ့။ ဒီကျောင်းသားတစ်စုက အဲဒီဇာတ်လမ်းနောက်လိုက်ကြရင်း ကြုံလာရတဲ့ သွေးထွက်သံယိုတွေကိုမြင်ရမယ့်ဇာတ်လမ်းပါပဲ။ ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.8 GB) / (920 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….02:04:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

5.7 2024 123 mins
Butchers Bluff