YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mirzapur.2018.SE1EP1.mp4

462.89 MB N/A video/mp4 2039 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sniper: Rogue Mission
6.6

Sniper ကား ပရိသတ်တွေအတွက် ဒီလထွက် စနိုက်ပါကား အသစ်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ အက်ရှင်ကားအနေနဲ့ဆို အတော်ကြည့်ကောင်းတယ်လို့ ပြောလို့ရတဲ့ ရုပ်ရှင်ပါ။ ဒီကားရဲ့ ဒါရိုက်တာ Oliver Thompson ဟာလည်း Stranger Things ရဲ့ Editor လုပ်ခဲ့ပြီး ဒီကားမတိုင်ခင်ကားဟာ ရိတ်တင်လည်းမဆိုးသလို ဆုပေးပွဲတွေက ဆုတွေလည်းရရှိခဲ့ပါတယ်။ ဒီကားကလည်း အက်ရှင်ကားတစ်ကားအနေနဲ့ဆို ကြည့်ကောင်းတဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အထက်လူကြီးတစ်ယောက်က လူကုန်ကူးတဲ့လူနဲ့ပေါင်း နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး အကျင့်ပျက်ခြစားနေတာကို ဖော်ထုတ်ဖို့ကြိုးစားရာက ဆိုင်းငံ့ခံလိုက်ရတဲ့ အထူးအေးဂျင့်တွေအကြောင်းပါ။ အထက်လူကြီးတွေက သူတို့ဘက်မနေပေမဲ့ မှန်ရာကို မရမကလုပ်ချင်တဲ့ သူတို့တွေ သူတို့ဘော်ဒါခပ်ကြမ်းကြမ်းကောင်တွေနဲ့စုပြီး ဖော်ထုတ်ဖို့ကြိုးစားကြတဲ့ စနိုက်ပါကားအလန်းစားပါ။ မင်းသားဟာဆို ရုပ်ရှင်ထဲက စကားအရတော့ ကမ္ဘာပေါ်မှာ အတော်ဆုံးစနိုက်ပါသမားပါ။ သူတို့အပြင် ဂျပန်မင်းသမီးချောချောလေးကလည်း ခပ်မိုက်မိုက် လုပ်ကြံရေးသမားအဖြစ်ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းလေးလည်း ကြည့်ပျော်သလို G.I Joe တောင်ဆန်ပါတယ်။ Twist လုပ်ထားတာလေးတွေ သုံးလေးကွက်ပြသွားသလို လှည့်တာလေးမဆိုးပါဘူး။ တစ်ကွက်ဆို သဘောကျစရာကောင်းပါတယ်။ အပျင်းပြေအက်ရှင်ကား တစ်ကားကြည့်ချင်ရင်တော့ ဒီရုပ်ရှင်ဟာ တကယ်ကြည့်ပျော်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 761MB Quality - 1080p, 720p, 480p IMDb Rating - 4.7/10 Format - mp4 Duration - 1H 36Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Horror
6.6 2022 96 mins
Sniper: Rogue Mission
Captain Marvel
6.8

Marvel Cinematic Universe Intro ======================= Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(2 GB) and (1.7 GB ) and (423 MB) Quality…1080p BluRay 5.1 DTS Format…mp4 Duration….02:03:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Moe Myint Lwin Translated by Little Neo

Comedy • Romance
6.8 2019 124 mins
Captain Marvel
The Ambush
6.3

Original Title: Al Kameen Genre – Action, Drama, War IMDB – 6.3/10 စစ်ကားကောင်းကောင်း ကြိုက်တဲ့သူတွေအတွက် အာရေဗျစကားပြော ယဲမန်နိုင်ငံရေးထဲ UAE စစ်ကူတွေရဲ့ ကင်းပတ်ရင်း ကြုံရတဲ့ တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံ ရိုက်ကူးထားတဲ့ကား ဖြစ်ပါတယ်။ တခြားနိုင်ငံကကားဆိုပြီး အထင်မသေးလိုက်ပါနဲ့ ဒါရိုက်တာကြီးက ပြင်သစ်နာမည်ကြီး Parkour ကားဖြစ်တဲ့ B-13 တို့ Liam Neeson ရဲ့နာမည်ကြီး Taken တို့ John Travolta ရဲ့ From Paris with love တို့လို Action အလန်းစားတွေကို ရိုက်ထားတဲ့ ပြင်သစ် ဒါရိုက်တာ Pierre Morel ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၀၁၈ ခုနှစ်ဝန်းကျင်လောက်မှာ ယဲမန်နိုင်ငံ ပြည်တွင်းစစ် ဖြစ်တော့ သမ္မတကနေ မဟာမိတ်နိုင်ငံတွေ ကုလတွေကို စစ်ကူတောင်းခဲ့ပါတယ်။ အဲဒီထဲမှာ UAE နိုင်ငံလည်း အပါ အဝင်ပေါ့၊ သူတို့ကတော့ ပြည်သူလူထုတွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးရင်း တစ်နေ့ တစ်နေ့ ကင်းပတ်တဲ့ တာဝန်ယူရ ပါတယ်။ အဲဒီမှာပဲ တစ်ရက်ကျ ကင်းလှည့်တပ်ဖွဲ့တစ်ဖွဲ့က ယဲမန်သူပုန်တွေရဲ့ အလစ်ခြုံခို တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး ရန်သူတွေကြား ပိတ်မိသွားပြီး စစ်ကူစောင့်နေရတဲ့ အနေအထားပါ။ အဲဒီမှာ သူတို့ ကပ္ပတိန်ကြီးက အလျင်အမြန် တုံ့ပြန်ရေးတပ် ဖွဲ့စည်းလိုက်ပြီး ရဲဘော်တွေကို ရန်သူ့နယ်မြေကြား သက်စွန့်ဆံဖျား သွားကယ်တင်ပေးတဲ့အကြောင်း ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ရိုးပါတယ် ဒီနေရာမှာပဲ တစ်ကားလုံး ပြီးသွားတယ်ဆိုပေမဲ့ သူတို့ ဟမ်းဗီးတွေရဲ့ စပါယ်ရှယ် အကြမ်းခံနိုင်တာတွေ မြေပြင် ဝေဟင် စစ်ကူမိုက်တာတွေ လက်နက်ကိရိယာမိုက်တာတွေကို ချပြနိုင်ခဲ့ပါတယ်။ ဒီလိုပြောလို့ သူပုန်တွေဖက်ကလည်း ရှိတာနဲ့ ပြောက်ကျား အသေတွယ်ချက်တွေကိုလည်း ကြည့်ရမှာပါ။ File size…6.15GB / 2.35GB / 1.04GB Quality…Blu-Ray 4K HEVC / 1080p / 720p Format…mp4 Duration….1h 42m Genre ….. Action , Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Thriller • Drama
6.3 2021 110 mins
The Ambush
Miss. Shetty Mr. Polishetty
7.8

Miss Shetty Mr Polishetty 2023 IMDB 7.8 ရထားပြီး ရုံတင်ငွေ လေးဆကျော်မြတ်ခဲ့တဲ့ Telugu ဘာသာစကားပြော rom-com လေးလာပါပြီ စီးပွားရေးအရ အောင်မြင်ရုံမကပဲ ဝေဖန်ရေးဆရာတွေရဲ့ positive review တွေပါရထားတဲ့ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အန်ဗီသာဆိုတဲ့ အသက် ၃၀ အရွယ် လန်ဒန်က Master Chef မမ က သူ့အမေနဲ့အတူ နှစ်ယောက်တည်းနေပြီး ထက်မြက်တဲ့မိန်းမပီပီ မိန်းမဝါဒီတစ်ယောက်ဖြစ်ပါတယ် သူမဘဝမှာ သူ့အမေကို သင်ခန်းစာရလို့ အိမ်ထောင်ရေးကို စိတ်မဝင်စားပဲ အချစ်နဲ့ ခပ်ကင်းကင်းနေသူတစ်ယောက်ပါ သူ့အမေဆုံးပြီးတဲ့နောက်တော့ တစ်ယောက်တည်းအထီးကျန်လို့ သူအသက်ကြီးလာတဲ့အခါ အနားမှာရှိနေပေးမယ့် သားသမီးမရှိမှာလည်း စိုးရိမ်လာပါတယ် ဒါပေမယ့်လည်း Independent ‘ဝီးမန်း’ ခံယူထားသူ မမက ယောကျာ်းယူဖို့ထက် သားသမီးကို ချစ်တင်းနှောခြင်းမပါပဲ မွေးဖို့ အလှူရှင်ရှာပါတော့တယ် ကြံရာကျပမ်း ယောကျာ်းအလှူရှင်နဲ့ရမှာကို တွေးပူပြီး သူ့စိတ်ကြိုက် သူ့စံနှုန်းနဲ့ ကိုက်မယ့်လူကို ရှာပုံတော်ထွက်ရာမှာ Stand-up comedian ဖြစ်ဖို့ကြိုးစားနေတဲ့ ဆစ်ဒူဆိုတဲ့ ကောင်လေးနဲ့ သွားတွေ့ပါတယ် ဆစ်ဒူကို မြင်မြင်ချင်းသဘောကျသွားတဲ့ မမက သူ့ရဲ့ သုက်ပိုးကိုရဖို့ ကြံပါတော့တယ် ‘သဘောကျတယ်’ ဆိုတာက သူ့ရဲ့အမူအကျင့်စိတ်နေစိတ်ထားကို သဘောကျပြီး သုက်ပိုးအလှူရှင်အဖြစ် ထိုက်တန်တယ်လို့ ယူဆတာပါ ဒါပေမယ့် မမ ဘက်က ကောင်လေးအပေါ်မှာ sperm doner အဖြစ်သာ မြင်ပြီး ဒါကိုမသိတဲ့ ကောင်လေးကတော့ မမ ကိုသာ တန်းတန်းစွဲဖြစ်သွားပါတော့တယ် မမကို ဖွင့်ပြောတဲ့တစ်နေ့မှာတော့ ကောင်လေးတစ်ယောက် သူ့မမရဲ့ ရည်ရွယ်ချက်ကို သိသွားပြီး ဘယ်လိုဆက်ဖြစ်မလဲ၊ မမ ဘယ်လောက်ထိ ရက်စက်မှာလဲ ဆိုတာကို ညီကိုတို့ အဓိက ကာရိုက်တာနေရာကနေ ဝင်ရောက် ခံစားပေးကြပါဦး အညွှန်းရေးသူကတော့ KKKZ ဖြစ်ပြီး CM Bollywood Team က ဘာသာပြန်ပေးထားပါတယ်

Drama • Romance
7.8 2023 147 mins
Miss. Shetty Mr. Polishetty
Inside the Yellow Cocoon Shell
6.7

ဒီဇာတ်ကားက ဗီယက်နမ်​စကား​ပြောရုပ်ရှင်ဖြစ်ပြီး ဗီယက်​နမ်​ဒါရိုက်တာ​ Phạm Thiên Ân ရဲ့ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပါတယ်။ သဘာဝတရား၊ ယုံကြည်ခြင်းနဲ့ စိတ်​ဝိညာဉ်​ကိုပြန်လည်ရှာဖွေခြင်း အငွေ့အသက်​တွေထုံလွှမ်းထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes ရုပ်​ရှင်​ပွဲတော်မှာ Camera d’or ဆုကိုဆွတ်ခူးခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ ဆိုင်းဂုံမြို့ (ဟိုချီမင်းမြို့)​မှာနေတဲ့ Thiên ဆိုတဲ့လူငယ်တစ်ယောက်ဟာ မရီး​ဖြစ်သူ အက်ဆီးဒင့်တစ်ခုမှာသေဆုံးပြီးနောက် ရုပ်အလောင်းကိုမွေးရပ်မြေတောင်တန်းဒေသကို ပြန်ပို့ပေးဖို့အကြောင်းဖန်လာပါတယ်။ Thiên​ ကလေးဘဝမှာနေထိုင်ခဲ့တဲ့တောင်ပေါ်ကျေးလက်ဒေသကို မရီးရဲ့ကျန်ရစ်သူ သားဖြစ်တဲ့ ငါးနှစ်သားကလေးငယ်နဲ့အတူ ပြန်​သွားပြီးခေတ္တနေထိုင်ဖြစ်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ ဒေသခံ​တွေရဲ့ဘာသာရေးယုံကြည်မှုတွေနဲ့သဟဇာတဖြစ်ဖို့ ရုန်းကန်​နေရတဲ့ Thiên​ ရဲ့ အဇ္ဈတ္တ​လွန်​ဆွဲမှုနဲ့အတူ ကွယ်​လွန်သူမရီးရဲ့ ခင်ပွန်းဖြစ်တဲ့ Thiên​ ရဲ့ပျောက်ဆုံးနေတဲ့အစ်ကိုကို စုံစမ်း​ရပုံတို့ကို ရိုး​ရှင်း​စွာတင်ဆက်ထားတာဖြစ်ပါတယ်။ ကြားထဲမှာ အဆက်အစပ်သိပ်မရှိလှတဲ့ အဖြစ်အပျက်တွေနဲ့အတူ အတိတ်​ကိုတူးဆွခြင်း ယုံကြည်​မှုကိုပြန်လည်ရှာဖွေခြင်းသဘောတရားတွေကို ထည့်သွင်း​ပုံဖော်ထားပါတယ်။ ဇာတ်လမ်း​က ရိုးရှင်းပေမဲ့ Cinematography ကတော့ဆန်းပြားလှပပြီး ရုပ်ရှင်​ဝေဖန်​သူတွေ ချီးမွမ်း​ခံရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes အပြင်​ တခြား​သောရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရရှိခဲ့ပါတယ်။ ဇာတ်လမ်း​အမျိုး​အစားက Drama/Narrative ဖြစ်ပါတယ်။ ဒိုင်​ယာလော့ဂ်နည်းပြီး visual ပိုင်းကိုအသားပေးထားတာဖြစ်သလို ရှည်လျား​တဲ့ရိုက်ချက်တွေနဲ့ သမာရိုးကျမဟုတ်တဲ့တင်ပြပုံကြောင့်လည်း ဒီဇာတ်ကားကို ရုပ်ရှင်​ဝေဖန်​သူတွေအကြိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်​တောင်ပေါ်​ကျေးလက်ဒေသရဲ့ လှပတဲ့ရှုခင်းတွေကိုလည်းမြင်တွေ့​ရမှာပါ။ ဇာတ်​လမ်းက တချို့​ပရိသတ်​တွေအတွက် ပျင်း​ရိ​စရာ​ကောင်းနိုင်ပေမဲ့ Cinematography​ နဲ့တင်ကြည့်ရတန်နေပြီလို့ဆိုနိုင်ပါတယ်။ Art​ House ရုပ်ရှင်​တွေကို​နှစ်သက်​သလို အချိန်​လည်းပေးပြီး စိတ်​အေးလက်အေးကြည့်ရှုခံစားနိုင်တဲ့ပရိသတ်တွေ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။ File size…(3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

6.7 2023 179 mins
Inside the Yellow Cocoon Shell
Extract

ဒီရုပ်ရှင်လေးကတော့ ၂၀၀၉ခုနစ်တုန်းကထွက်ရှိထားတဲ့ အင်ဒီ ဟာသရုပ်ရှင်ကားကောင်းလေးတကားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က ရုပ်ရှင်ဖြစ်တဲ့အတိုင်း ဇာတ်အိမ်ပိုင်းရော သရုပ်ဆောင်ပိုင်းမှာပါ တော်တော်လေးမိုက်ပါတယ်။ ဂျိုးဟာ အနှစ်ထုတ်တဲ့စက်ရုံတခုရဲ့ သကလ်လတ်အရွယ် ပိုင်ရှင်သူဌေးတယောက်ပါ။ ဂျိုးမှာ ဆူဇီလို့ခေါ်တဲ့ မိန်းမတယောက်ရှိပါတယ်။ ဒီလိုနဲ့ တနေ့မှာ ဂျိုးရဲ့စက်ရုံမှာ အလုပ်သမားတယောက် မတော်တဆမှုတခုဖြစ်ပြီး ဝှေးစေ့တဖက်ကိုဆုံးရှုံးလိုက်ရပြီး ဂျိုးရဲ့ကုမ္ပဏီကို တရားစွဲမယ်လို့ ခြိမ်းခြောက်လိုက်ရာကနေစလို့ သာယာနေတဲ့ စက်ရုံပိုင်ရှင်ဂျိုးတယောက် ဒုက္ခလှလှတွေ့ပါတော့တယ်။ ဒါတင်မကသေးဘူး လိင်ကိစ္စငတ်မွတ်နေတဲ့ ဂျိုးဟာ စက်ရုံက အစမ်းခန့်၀န်ထမ်းကောင်မလေးတယောက်ဖြစ်တဲ့ စင်ဒီကိုလည်း စိတ်ကစားမိသွားပြီး သူငယ်ချင်းဖြစ်သူ ဘားပိုင်ရှင် ဒင်းရဲ့အကူအညီနဲ့ ဘ၀မှတခါမှမလုပ်ခဲ့ဖူးတဲ့ အကွက်ဆန်းတွေကိုထွင်ဖို့ ဆုံးဖြတ်မိလိုက်ပါတော့တယ်။ ဒီရုပ်ရှင်က ဟာသကားဆိုပေမဲ့ မရယ်ရတဲ့ဟာသတွေနဲ့ ကလိထိုးရယ်ခိုင်းနေတာမဟုတ်ဘဲ ဇာတ်လမ်းဇာတ်ကွက်နဲ့ သရုပ်ဆောင်ပိုင်းမှာ တော်တော်ကောင်းတဲ့အထဲပါပါတယ်။ အထူးသဖြင့် ဂျိုးနေရာမှာ ဂျေဆန်ဘိတ်မန်း ဂျိုးသူငယ်ချင်း ဘားပိုင်ရှင်နေရာမှာ ဘတ်မန်းမင်းသား ဘင်အက်ဖလက် တို့လို ဝါရင့်သရုပ်ဆောင်ကောင်းတွေကိုသုံးထားတာကြောင့် သရုပ်ဆောင်ချက်တွေက တော်တော်ပီပြင်ပါတယ်။ ဒီလိုနဲ့ ဂျိုးတယောက် ပြဿနာပေါင်းသောင်းခြောက်ထောင်အကြားကနေ သူ့ရဲ့ကုမ္ပဏီကို ကယ်တင်နိုင်ပါ့မလား၊ ဖင်ယားမှုအာမမခံဆိုတဲ့အတိုင်း အကွက်ဆန်းတွေထွင်လိုက်မိတဲ့အတွက် ဘယ်လိုတွေငါးပါးမှောက်ဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ညစ်ညမ်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုတော့သတိပြုပေးပါ) File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2009
Extract
The Creeping

Anna ဆိုတဲ့ အမျိုးသမီးဟာ Alzheimer ဖြစ်နေတဲ့ အဖွားကို စောင့်ရှောက်ဖို့ အတွက် သူငယ်စဉ်က ကြီးပြင်းခဲ့တဲ့ ကျေးလက်က နေအိမ်ကို ပြန်လာခဲ့ပါတယ်။ အဖွားဖြစ်သူရဲ့ မှတ်ဉာဏ်က အတော်ချို့ယွင်းနေပြီး မြေးဖြစ်သူ Annaကိုမမှတ်မိတော့ဘဲ သမီးဖြစ်သူ Maggieနဲ့ပဲ လူမှားနေခဲ့တာပါ။ အိမ်ကို Anna ပြန်ရောက်ထဲက ညတိုင်း ဆက်တိုက်ဆိုသလို ထူးဆန်းတာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ Annaရဲ့ အမေဖြစ်သူရော အဖိုးဖြစ်သူရော ဒီအိမ်မှာပဲ ဆုံးပါးသွားခဲ့ကြတာပါ။ ဒီလိုနဲ့ အဲ့ဒီအိမ်မှာ ဘာဖြစ်သလဲဆိုတာကို Anna ကိုယ်တိုင် သိလာရတဲ့အခါ…. ။ သရဲကားလည်း ကြည့်ချင်တယ်၊ သရဲလည်း ကြောက်တဲ့ သူတွေအတွက် ဒီရုပ်ရှင်က အဆင်ပြေမှာပါ။ File size…(1.6 GB)/(758 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2022
The Creeping
Butchers Book Two: Raghorn

ဒီတစ်ခါ ၂၀၂၀ က ထွက်ခဲ့တဲ့ Butchers ရဲ့ နောက်ဆက်တွဲ Butchers Book : Raghorn ကို ကြည့်ရှုရမှာပါ။ ပထမ ကားတုန်းက ဒါရိုက်တာ ဆုရခဲ့သလို ဒုတိယဇာတ်ကားမှာလည်း ၂၀၂၃ Nightmare ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်ပို့ဆု ရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်း **************** ပြန်ပေးသမားတစ်စု လူချမ်းသာ သူဌေးသမီးတစ်ယောက်ကို ကောလိပ် ကျောင်းသားဆောင်ကနေ ပြန်ပေးဆွဲပြီး နယ်ဘက်ကို မောင်းခေါ်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ လမ်းမှာသမင်ကို ဝင်တိုက်မိ ကားမတော်တဆမှု ဖြစ်သွားခဲ့ပြီး မတော်တဆဖြစ်တဲ့ အနီးမှာ လူသားစား စိတ္တဇလူသတ်သမားတွေ နေတဲ့အိမ် ဖြစ်နေတာပါ။ ဒီလူတွေက ဖမ်းမိတဲ့သူတွေ မှန်သမျှကို တစ်စစီ ခုတ်ထစ် ဖြတ်ထုတ်ပြီး သူများနာကျင်မှုကို အရသာခံတတ်တဲ့ လူသားစားတွေပါ။ ဒီလူတွေ လက်က လွတ်အောင် ပြေးနိုင်ပါ့မလား။ ဖမ်းမိသူတွေကို ဘယ်လိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်မလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ နှိပ်စက်ညဉ်းပန်း၊ သွေးထွက်သံယိုမှုတွေနဲ့ သွေးပျက်ဖွယ် ရိုက်ကူးချက်တွေ ပါတဲ့ အတွက် နှလုံးမကောင်းတဲ့သူတွေ မကြည့်သင့်ပါဘူးနော်။ File size…1.44GB / 685MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Mystery
0 2024 88 mins
Butchers Book Two: Raghorn
Thundu
5.5

Thundu (2024) ရဲအရာရှိဘေဘီ IMDb-5.7/10 ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့ လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါ သူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲ ရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊ တစ်တန်း‌လုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။ နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီး တိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး…။ ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင် ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။ အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက် သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့ တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်

Comedy • Romance
5.5 2024
Thundu
[18+] Grand Jeté
4.8

Grand Jeté (2022) Genre – Drama (ပွင့်လင်းမြင်သာသော လိင်မှုဆိုင်ရာ ပြကွက်များနှင့် သာမန်လူအနေဖြင့် လက်မခံနိုင်စရာ ရှုပ်ထွေးသော လူမှုဆက်ဆံရေးများ ပါဝင်သောကြောင့် အသက် ၁၈ နှစ်အောက် မကြည့်ကြစေရန် သတိပေးလိုပါသည်။) နာဂျာဆိုတာ နာမည်ကြီး ဘဲလေးအကမယ်တစ်ယောက်၊ ကလေးဘဝကတည်းက ဒီအသက်မွေးကြောင်းကို ခန္ဓာကိုယ်တောင် မညှာတာပဲ အပြင်းအထန်လုပ်ခဲ့လို့ ဘဝမှာ အခက်အခဲတွေ ဖြစ်လာပြီး အစဉ်မပြတ် နာကျင်ကိုက်ခဲမှုတွေကို ခံစားနေရသူပါ။ ဒါနဲ့ သင်တန်းနည်းပြ ပြောင်းလုပ်တော့လည်း ရင်ထဲက ဗလာဟင်းလင်းပြင်ကို မဖာထေးနိုင်ပဲ စိတ်ညစ်နေရသူပေါ့။ ဒါကြောင့် မိခင်ဖြစ်သူ ရှိတဲ့ ဇာတိမြို့လေးကို သူ့စိတ်သူ ကုစားဖို့အတွက် ပြန်သွားခဲ့ပါတော့တယ်။ နာဂျာငယ်စဉ်ဘဝ ဆယ်ကျော်သက်တုန်းက ကိုယ်ဝန်တစ်ခုကို အမှတ်မထင် ရရှိခဲ့ပါတယ် ဒါပေမဲ့ ဘဲလေးအကမယ်လုပ်ဖို့အတွက် ကလေးဖြစ်သူကို သူ့ မိခင်ဆီ အပ်ထားခဲ့ပြီး သားဖြစ်သူကို မတွေ့တာကြာပြီး သူစိမ်းဆန်ဆန်တောင် ဖြစ်နေပါပြီ။ ယခု သူ ပြန်ရောက်လာတော့ သားဖြစ်သူ မာရီယိုက ခန္ဓာကိုယ် လေ့ကျင့်ရေးသမားတစ်ယောက် ဖြစ်နေပြီး ကြီးကောင်ပေါက် လူပျိုတစ်ယောက် ဖြစ်နေပါပြီ။ ဒီမှာတင် သားအမိနှစ်ယောက် ပြန်တွေ့ရာကနေ သူတို့ရဲ့ ရုပ်ပိုင်းဆန်ရာ ထိတွေ့မှုတွေကတဆင့် ပြင်းထန်လာပြီး သားအမိနှစ်ယောက် ရှိသင့်ရှိအပ်တဲ့ ဆက်ဆံရေးထက် ကျော်လွန်လာတဲ့အခါမှာတော့….။

4.8 2022
[18+] Grand Jeté
Kidnapping Granny K
6

Kidnapping Granny K (2007) ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ၂၀၀၇ တုန်းကထွက်ရှိထားတဲ့ Kidnapping Granny Kဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ် ဘဝကို ခက်ခဲစွာရုန်းကန်ဖြတ်သန်းနေရတဲ့ သူငယ်ချင်း ၃ ယောက်ဟာ ကံအကြောင်းမလှစွာနဲ့ ကြီးမားတဲ့ငွေကြေးပြဿနာနဲ့ရင်ဆိုင်နေကြရပါတယ် ဒါကြောင့် သူတို့ရဲ့ပြဿနာကို ဖြေရှင်းဖို့ သိပ်နာမည်ကြီးတဲ့ ထမင်းစွပ်ပြုတ်ဆိုင်က အဘွားကို ပြန်ပေးဆွဲဖို့လုပ်ကြပါတော့တယ် ပြန်ပေးဆွဲလာတဲ့သူတို့ကို အဘွားက နွေးထွေးကြင်နာပေးသလို သားသမီးတွေကို ခက်ခက်ခဲခဲပျိုးထောင်လာခဲ့တဲ့ အဘွားဟာလည်း သူ ပြန်ပေးဆွဲခံရတဲ့အချိန်မှာ သားသမီးတွေကို ဆက်သွယ်ပေမယ့် တစ်ဦးမှ သူ့အနားကိုရောက်မလာကြတဲ့အတွက် ပြန်ပေးဆွဲသူ သူငယ်ချင်းတစ်သိုက်ပါ လက်မှိုင်ချရတဲ့အထိ ဖြစ်လာပါတော့တယ် နုံအအ သူငယ်ချင်း ၃ ဦးမှာ ငွေလို၍သာ လုပ်ခဲ့ရသော်လည်း လူမိုက်များမဟုတ်သလို ကြင်နာတတ်သည့် ဓာတ်ခံရှိကြသည့်အခါ ပြန်ပေးဆွဲသမား ၃ ယောက် နဲ့ အဘွားတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာက ဆက်လက်စောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့တကယ်ကောင်းတဲ့ကားမို့ ကြည့်လို့ နောင်တရရမှာမဟုတ်ပါဘူး အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin Shin, CharOu, Su Myat တို့ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin Shin, CharOu, Su Myat Encoder ….. Aaron

6 2007
Kidnapping Granny K
Horizon: An American Saga – Chapter 1

ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Kevin Costner က ပြောင်မြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဂန္ဓဝင်အနောက်တိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့ An American Saga Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ကာ နောက်ထပ် Sequel နှစ်ကားလာဖို့ ရှိပါသေးတယ်။ ဇာတ်လမ်းလေးကတော့ အမေရိကန်လူမျိုးတွေဟာ အမေရိကတိုက်ကြီးရဲ့ မိုးကုပ်စက်ဝိုင်းလို့ ခေါ်ဝေါ်သမုတ်တဲ့ အနောက်ဖက်အရပ်ရဲ့ ဆွဲဆောင်ညို့ယူမှုကို ခံရပြီး အမေရိကန်နိုင်ငံရဲ့နယ်နိမိတ်ကို တိုးချဲ့တိုင်းတာသတ်မှတ်ဖို့ တရွေ့ရွေ့ ခြေဆန့်ခရီးဆက်လာတဲ့အချိန်မှာ ယနေ့ခေတ်အခေါ် ဟစ်ပီတွေ တဖြစ်လည်း ဒေသခံတိုင်းရင်းသားလူမျိုးရင်းမျိုးနွယ်စုတွေဖြစ်တဲ့ အပါချီမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုခွဲတွေအတွက်ကတော့ သူတို့ပိုင်ဆိုင်တဲ့မြေကို တစတစ ဖဲ့ပေးနေရတာဖြစ်တဲ့အတွက် သူတို့ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းနဲ့ စတင်ထားပါတယ်။ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုတို့ အချိုးကျကျပေါင်းစပ်ကာ ဂီတ အနုပညာ ဖက်ရှင် ဖျော်ဖြေရေးတွေ ထွန်းကားလာပြီးတော့ ရွှေခေတ်လို့ တင်စားကြတဲ့ ၉၀ ရာစုပြည့်နှစ်တွေ မရောက်ရှိလာခင် ခေတ်အချိုးအကွေ့ရဲ့ ကနဦးအစောပိုင်းကာလကို မတူညီကွဲပြားတဲ့ ဇာတ်ကောင်တွေ ရှုထောင့်တွေနဲ့ အဘက်ဘက်ကနေ ထဲထဲဝင်ဝင် အစပျိုး ရိုက်ကူးတင်ဆက်ထားပါတယ်။ Box Office မှာ ၃၂ သန်းနီးပါး ရရှိခဲ့ပြီး IMDb Rating 6.9/10 နှင့် Rotten Tomatoes မှာ Audience Score 70% ရရှိထားကာ ဒီနေ့ခေတ် အမေရိကန်နိုင်ငံဆိုတာ ဖြစ်လာဖို့ ဘယ်ကနေ စတင်ခဲ့တယ်ဆိုတာကို စိတ်ကူးယဉ်ဇာတ်အိမ်တွေနဲ့ လက်တွေ့သမိုင်းကြောင်းတို့ကို ရောပြွန်းတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ဇာတ်ကားဆိုလည်း မမှားပါဘူး။ File size…(4.7 GB)/(2.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….03:01:00 Genre… Western, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

Action • Crime • Drama • Thriller
0 2024
Horizon: An American Saga – Chapter 1
Defoe

Defoe: For the Love of the Game (2024) ကို ရှေ့ရက်အတော်များများအထိ England ကပရိသတ်တွေတော်တော်များများအားပေးများကြပါတယ်။ ဒါရိုက်တာ James Ross မှ ရိုက်ကူးထားတဲ့ ဘောလုံးကစားသမား Jermain Defoe ၏ ဘဝနောက်ခံနှင့် ကစားသမားတစ်ယောက်အနေနဲ့သူဖြတ်သန်းခဲ့တဲ့ဘဝအ​ခြေအနေအရပ်ရပ်ကိုရိုက်ကူးထားတာဖြစ်ပါတယ် ။ မိသားစုနဲ့ဆက်ဆံ​​​ရေးတွေ Bradley Lowery နဲ့ သူရဲ့စွန့်စား မှု တွေ သူရဲ့စိတ်ဒဏ်ရာ​ရစရာတွေမြင်ရမယ်။ Harry Redknapp, Peter Crouch နဲ့ Harry Kane အစရှိသော ကျော်ကြားတဲ့သူတွေရဲ့ ပြောတဲ့အကြောင်းအရာတွေပါပါမယ်။ မှတ်တမ်းအနေနဲ့ ရိုက်ကူးပေမယ့်ဒါရိုက်တာက စိတ်ခံစားချက်နဲ့ရင်းနှီးမှုကို အားလုံးထင်ရုံသာမက ဘောလုံးကစားသမား Defoe ၏ ကိုယ်ပိုင်ဘဝခံစားချက်တွေလည်းပါဝင်အောင်ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်လေးကတော့ defoe ရဲ့ မှတ်တမ်းတစ်ခုအနေနဲ့ defoe fan တွေ ​သဘောတွေ့မှာဖြစ်ပါတယ်။ File size…(1.5 GB)/(834 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Documentary Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2024
Defoe
Lone Star
7.4

နိုင်ငံရေး၊ လူမျိုးရေး၊ စစ်ရေးတွေနဲ့ အမြဲတမ်း အငြင်းပွားနေရတဲ့ အမေရိကန်-မက္ကဆီကိုနယ်စပ် တက္ကဆက်ပြည်နယ် ရီယိုကောင်တီမှာ သေတာဘယ်လောက်ကြာနေမှန်းမသိ၊ ဘယ်သူဘယ်၀ါဖြစ်မှန်းမသိတဲ့ အလောင်းတစ်ခုကိုတွေ့ရှိခဲ့ကြတယ်။ ထိုနယ်က ရဲအရာရှိဆမ်ဒိ့စ်ဟာ အမှုကို ကိုယ်တိုင်ကိုင်ခဲ့တယ်။ ဆမ်ဒိ့စ်ဟာ အရင်အရာရှိဟောင်း ဘက်ဒီဒိ့စ်ရဲ့သားဖြစ်ပြီး အဖေ့ခြေရာကို လိုက်မမီသူလို့အမြဲအပြောခံနေရသူ။ ဘက်ဒီဒိ့စ်ဟာ လူဖြူ၊ လူမည်း၊ မက္ကဆီကန်တွေကြားထဲမှာ ဂန္တ၀င်သူရဲကောင်းကြီးဖြစ်ပြီး သူ့ဇနီးကိုလည်း သူတော်စင်မလိုထင်စားကြတယ်။ အားလုံးက ချစ်ခင်လေးစားတဲ့ ဘက်ဒိဒိစ့်ကို မုန်းတီးကာမယုံကြည်သူကတော့ ဆမ်ဒိ့စ်ပါ။ အရိုးစုတစ်ခုရှာတွေ့ရာကနေစပြီးတော့ နှစ်ရှည်လများ ဖုံးကွယ်နေခဲ့တဲ့အမှန်တရားတွေ၊ အရာအားလုံး၊ လူတိုင်းနဲ့ ဆက်စပ်မှုရှိနေတာတွေ အေးအေးငြိမ်ငြိမ်နဲ့ ‌ပရိသတ်ရဲ့ကိုဆွဲဆောင်သွားပြီးတော့ plot twist အကြမ်းစားနဲ့ ရှော့ခ်ရစေ‌မယ့် ဇာတ်‌ကားကောင်းတစ်ကားပါ။ File size…(7.4 GB)/(2.7 GB)/(940 Mb) Quality….Blu-Ray 4KHEVC/1080p / 720p Format… mp4 Duration…. 02:15:00 Genre… Drama, Mystery, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Romance • Comedy • Drama
7.4 1996 135 mins
Lone Star