YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Miraculous.Brothers.S01E11.1080p(CM).mp4

643.63 MB N/A video/mp4 128 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cosmopolis
5.7

IMDb 5.1 3 wins 14 nominations ဒီကားထဲမှာတော့ မင်းသားကြီး Robert Pattinson ကအသက်၂၈နှစ်အရွယ်ဘီလျံနာတစ်ယောက်အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ မနက်ခင်းတစ်ခုမှာ ဘီလျံနာတစ်ယောက်ဖြစ်တဲ့ အဲရစ်ပက်ကာက ငယ်ဘ၀ကတည်းကညှပ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာဆီမှာ ဆံပင်ညှပ်ဖို့ လီမိုဇိမ်ခံကားကြီးကိုစီးပြီး မန်ဟက်တန်မြို့ထဲကိုရောက်လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲဒီတစ်ရက်အတွင်းမှာပဲ မန်ဟက်တန်မြို့ထဲမှာ သမ္မတယာဉ်ကြောင်းရော၊ နာမည်ကြီးရပ်အဆိုတော်တစ်ယောက်ရဲ့စျာပနရော၊ မင်းမဲ့ဝါဒီတွေရဲ့ဆန္ဒပြပွဲပါဖြစ်နေပါတယ်။ ယွမ်ဈေးဟာလည်းအဆမတန်ထိုးကျနေပြီး တစ်ရက်အတွင်းမှာ အဲရစ်ပက်ကာဟာ သန်း‌ပေါင်းများစွာ‌သော ရင်းနှီးမြုပ်နှံမှုတွေကိုဆုံးရှုံးရတော့မှာပါ။ ဒီကားက အက်ရှင်ခန်းတွေမပါဘဲ တစ်ကားလုံး စကားပြောခန်းတွေချည်းပါပဲ။ အဲရစ်ပက်ကာရဲ့ဇနီး ၊လုပ်ဖော်ကိုင်ဖက်၊ ဆံပင်ညှပ်ဆရာ အစရှိတဲ့ တစ်ရက်တာအတွင်း အဲရစ်ပက်ကာနဲ့ပြောဆိုဆက်ဆံရတဲ့လူတွေရဲ့ စကားပြောခန်းက‌နေ သူတို့ရဲ့ အမြင်တွေ၊ တွေးခေါ်မှုတွေ၊ နိုင်ငံရေး၊ စီးပွား‌ရေးစကားဝိုင်းတွေကို တစ်ခန်းချင်းရိုက်ပြထားတာပါ။ (Sex sceneအချို့ပါ၀င်တာဖြစ်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.7 GB)/(790 MB)/(430 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:49:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama • Thriller • Western
5.7 2012 109 mins
Cosmopolis
Half Broken Things
6.5

Half Broken Things (2007) ==================== IMDb Rating - 7.2/10 ဒီဇာတ်ကားလေးကတော့ ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Drama/ Thriller အမျိုးအစားဇာတ်လမ်း‌လေးပါ။ ဒီဇာတ်ကားက စာ ရေးဆရာ Morag Joss ရေးခဲ့တဲ့ Half Broken Things ဆိုတဲ့ CWA Silver Dagger ဆုရ နာမည်ကြီးစာအုပ်ကိုပြန်ရိုက်ထား တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဂျင် ကအိမ်စောင့်အလုပ်လုပ်နေတဲ့ အဘွားကြီးတစ်ယောက်ပါ။ တစ်နေ့မှာတော့ အိမ်စောင့်အလုပ်တစ်ခုရခဲ့ပါတယ်။ အဲဒီအလုပ် ကတော့ စတန်းဒစ်ကေ့ လင်မယားရဲ့ ဝေါဒန် အိမ်ကြီးကိုစောင့် ရှောက်ပေးရမှာပဲဖြစ်ပါတယ်။ အဲဒီအိမ်ကြီးကအရမ်းလှပြီး ခြံ ကြီးကလည်းအကျယ်ကြီးပါ။ နောက်ပိုင်းတော့ ဂျင် ကအဲဒီအိမ် ကြီးကိုကိုယ့်အိမ်အဖြစ်သဘောထားသွားပြီး သူ့စိတ်ကြိုက်စီမံ ပါတော့တယ်။ တစ်ရက်မှာတော့ မိုက်ကယ် နဲ့ စတပ်ဖ် ဆိုတဲ့အတွဲတစ်တွဲက အိမ်ကိုရောက်လာပါတယ်။ စတပ်ဖ် ကတော့ကိုယ်၀န်နဲ့ပါ။ မိုက်ကယ် နဲ့စကားပြောနေတုန်းမှာပဲ စတပ်ဖ် ကကလေးမွေး‌ ရတော့မှာမလို့ ဂျင် ကပဲကလေးမွေးပေးခဲ့ရပါတယ်။ ဂျင် က မိုက်ကယ် တို့အတွဲနဲ့ သူမွေးပေးခဲ့တဲ့ကလေးကို သံယောဇဉ် တွယ်မိသွားပြီး အိမ်ကြီးမှာပဲနေဖို့ပြောပါတော့တယ်။ အဲဒီ နောက်မှာတော့ သူတို့လေးယောက် ဝေါဒန် အိမ်ကြီးမှာဒရမ် မာတွေစဖြစ်ပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size..........(2.14 GB) / (886 MB) / (547 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Theo Kat Encoder..........SWM

Action • Adventure • Drama • History • Romance • War
6.5 2007
Half Broken Things
Jingle All the Way
6

ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990‌ ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်‌တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ နှစ်ဆကျော်ဝင်ငွေပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ ဒေါင်းကြည့်ဖို့တကယ်ထိုက်တန်လှတာမို့ ခရစ္စမတ်မှာ chill ဖို့ Jingle All the Way လေးကို ဒေါင်းကြည့်ကြပါဦး။ ပြောဖို့တစ်ခုကျန်ခဲ့တယ်ဗျို့။ ဇာတ်ဝင်သီချင်းတွေ တကယ်ရှယ်ကောင်းပဲဗျ။ ကဲ Jingle All the Way လေးကို ရှုစားအားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို San Thu Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 29Min Genre - Adventure, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Y

Crime • Horror • Thriller
6 1996 89 mins
Jingle All the Way
The Orphanage
7.2

IMDb...7.4,,,,Rotten 87% Simon ဆိုတဲ့ ၇နှစ်အရွယ်ကောင်လေးကို သူ့မိဘတွေက ကမ်းခြေတစ်ခုနားမှာ ရှိတဲ့ အိမ်ကြီးတစ်အိမ်ကို ခေါ်လာပြီး မကြာခင် တခြားကလေးတွေကို မွေးစားဖို့လည်း စီစဉ်နေကြပါတယ်.. Laura သားလေးက Simon အဖော်မဲ့နေလို့ စိတ်ကူးယဉ်သူငယ်ချင်းတွေအကြောင်း ပြောပြီး အမြဲကစားနေတာကြောင့် စိတ်ပူနေပါတယ် ဒါမဲ့ မွေးစားကလေးတွေရောက်လာရင် အဆင်ပြေမှာပါလို့ တွေးထားရင်း သူတို့တကယ်ရောက်လာတဲ့နေ့မှာပဲ Simon က အိမ်ထဲမှာပဲပျောက်သွားပါတယ်... ဒါနဲ့ Laura နဲ့သူ့ယောက်ျားတို့ လိုက်ရှာပေမဲ့ဘယ်လိုမှမတွေ့ပါဘူး.. ကလေးလေးဘယ်လိုပျောက်သွားလဲ..သူတို့ ဘယ်လိုပြန်ခေါ်ကြမလဲ.. Horror ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း... File Size :(2.2GB)(713MB) and (259 MB) Quality : Blu-Ray 720p Format…mp4 Duration…01:45:00 Genre : Horror, Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae

Romance • Thriller
7.2 2007 105 mins
The Orphanage
Doom of Love
6.8

မိုးတွင်း ညိုမှိုင်းအုံ့ဆိုင်းနေတဲ့အချိန်လေးမှာ ခံစားပြီး ကြည့်ရှုဖို့ သင့်တော်တဲ့ တူရကီ romance drama ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဖရက်တ်ဆိုတဲ့ ကောင်လေးက သူ့ရဲ့ ကြော်ငြာ အေဂျင်စီလုပ်ငန်း ရှုံးနိမ့်ပြီး အကြွေးနွံနစ်သွားတယ်။ စိတ်ပြေလက်ပျောက် သူငယ်ချင်းတွေနဲ့ ယောဂ စိတ်အပန်းဖြေ တရားစခန်းကို လိုက်သွားပြီး အဆိုတော်မလေးကို ချစ်ကြိုက်မိသွားတယ်။ ဒီလိုနဲ့ ဖရက်တ်တစ်ယောက် အချစ်ရေးမှာ ဘယ်လို အဆုံးသတ်မယ်ထင်လဲ? ဇာတ်ကားထဲက cinematography က အရမ်းလှပြီး သုံးထားတဲ့ music ကလည်း ငြိမ့်ငြိမ့်လေးနဲ့ လိုက်ဖက်ပါတယ်။ ဇာတ်ကားတစ်လျှောက် တရားထိုင်တာ ယောဂ အားထုတ်တာကတစ်ဆင့် ဘဝအတွက် ဘယ်လို အဓိပ္ပါယ်ရှိတယ် ဆိုတာတွေကိုပါ ထည့်သွင်း ဖော်ပြထားပါသေးတယ်။ ကိုယ်တွေ ရှင်သန်နေရတဲ့ ဘဝကြီးက အဓိပ္ပါယ်ရော ရှိရဲ့လား? ဘာကြီးလဲ ဝေခွဲမရဖြစ်နေရင် ဒီကားလေး ကြည့်ပြီး အတွေး တစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 1.8GB, 771MB, 383MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 40mins Genre : Drama, Romance Translated by Kit Encoded by Kinnov

Comedy • Drama • Romance • TV Movie
6.8 2022 100 mins
Doom of Love
[18+] Alapaap
7.3

Alapaap (2022) ~ IMDb rating – 7.3/10 ~ အဲရစ်ဦးဆောင်တဲ့ သူငယ်ချင်းအုပ်စုဟာ အခုချိန်မှာ ရုပ်ရှင်ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ အဲရစ်ရဲ့ Thesis အတွက် မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်မြောက်ရေးကို ဝိုင်းဝန်းကူညီနေကြပါတယ်။ အားလုံးဟာ လူချမ်းသာ အသိုင်းအဝိုင်းကြီးတွေက မွေးဖွားဆင်းသက်လာတဲ့ ဘဝအပေါ်ရှုမြင်တွေးခေါ်ပုံတွေကအစ အစဉ်အလာနဲ့ဖောက်ထွက်ဆန့်ကျင်ကြတဲ့ လူငယ်ပညာတတ်တွေဖြစ်ပြီး K တွေ E တွေကို ပဲကြီးလှော်လိုသုံးစွဲ လိင်မှုကိစ္စအရာမှာလဲ ပွင့်လင်းလွတ်လပ်အစွန်းရောက်လွန်းပြီး Orgy တွေ သီရိစံတွေ ဘာညာဆိုတာ သူတို့ဘဝမှာနေ့စဉ်ထမင်းစားရေသောက်ပါ။ အားလုံးဟာ အတိတ်စိတ်ဒဏ်ရာတွေ အမှောင်ကိုယ်စီရှိတဲ့လူတွေဖြစ်ပေမယ့် လက်ရှိဘဝမှာတော့ အားလုံးကိုမေ့ထားပြီး ပေါ့ပေါ့ပါးပါးနေထိုင်ကြပါတယ်။ အဲရစ်ရဲ့မှတ်တမ်းရုပ်ရှင်ဟာ ဖိလစ်ပိုင်အစွန်အဖျားက ဘန်ယန်ဆိုတဲ့ ရှေးဟောင်းတိုင်းရင်းမျိုးနွယ်စုတစ်ခုအကြောင်းဖြစ်တဲ့အတွက် အဲ့ဒီနေရာကို ကုန်းတစ်တန်ရေတစ်တန်နဲ့ ခရီးသွားဖို့ဖြစ်လာတဲ့နောက်မှာတော့ အဲ့ဒီခရီးဟာ သူတို့ဘဝတွေကို တစ်ဆစ်ချိုးပြောင်းလဲစေမယ့် တစ်သက်မမေ့နိုင်စရာ ခရီးတစ်ခုဖြစ်လာပါတော့တယ်။ အဖော်အချွတ်တွေ လိင်ဆက်ဆံခန်းတွေ ပုံမှန်ထက်ပိုကြမ်းတမ်းတဲ့အပြင် သွေးထွက်သံယိုတွေ၊ ရက်စက်တဲ့ပြကွက်တွေလဲ အများကြီးပါဝင်တဲ့အတွက် စိတ်မထိန်းနိုင်တဲ့သူတွေ အသည်းငယ်တဲ့သူတွေကြည့်ဖို့မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.91GB, 950MB Quality – 1080p, 720p Format – mp4 Duration – 2H 10Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Animation • Comedy • Family
7.3 2022 130 mins
[18+] Alapaap
Annabelle
5.4

2013 တုန်းက ထွက်ရှိထားခဲ့တဲ့ The Conjuring နောက်ကနေ 2014 မှာဒီဇာတ်ကားထွက်လာပါတယ်.. သရဲကားမို့လို့ထူးထူးခြားခြားအညွှန်းတွေပေးမနေတော့ပါဘူး CM ပရိတ်သတ်လည်းဒီ အရုပ်နဲ့ပတ်သတ်တဲ့ ဇာတ်ကားကိုမစိမ်းဘူးလို့ထင်ပါတယ်.. မကြည့်ဖူးဘူးဆိုရင်လည်းသေချာကြည့်လိုက်ပါ. အတော်ကြောက်ဖို့ကောင်းတဲ့သရဲဇာတ်လမ်းဖြစ်ပြီး သရဲကားကောင်းကောင်းတွေကိုမှကြည့်ချင်တဲ့သူတွေ အတွက်တော့အထူးအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးပါ.. .ကြောက်တတ်သူများ.. နှလုံးရောဂါရှိသူများ နှင့် ကလေးသူငယ်များ.. တစ်ဦးတစ်ယောက်တည်းကြည့်ချင်းလုံးဝမသင့်တော်ပါ File size… 2.41 GB / 1.06 GB / 534 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hein Thet Naing

5.4 2014
Annabelle
Kaatru Veliyidai
5.8

Kaatru Veliyidai (2017) “ဓါးသွားထက်က ပျားရည်စက်များ” IMDb – 5.8/10 ယခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ အက်ရှင်ကြမ်းကြမ်း အချစ်ရိုမန့်စ်ဒရာမာကားလေးတစ်ကားပဲဖြစ်ပါတယ် ဗာရွန်လို့ခေါ်တဲ့ လေတပ်အရာရှိတစ်ဦးဟာ ကာဂီလ်စစ်ပွဲအတွင်း ပါကစ္စတန်မှာ ထောင်ကျနေခဲ့ပါတယ်။၈ပေ၅ပေပဲ ရှိတဲ့ အကျဉ်းထောင်လေးထဲမှာ သွေးတွေအလိမ်းလိမ်းနဲ့ နေ့လည်းမသိ ညလည်းမသိ နေခဲ့ရတဲ့အချိန်မှာ သူ့နိုင်ငံကိုချစ်တဲ့စိတ်၊ ရန်သူတွေကိုမုန်းတဲ့စိတ် ပြီးတော့ သူ့ချစ်သူလေးကို ချစ်တဲ့စိတ်နဲ့ပဲ အသက်ဆက်ရှင်နေခဲ့ရပါတယ်။ သူ့ချစ်သူလေး ဒေါက်တာလီလာရဲ့ ပထမဆုံးတာဝန်ကျတဲ့နေ့မှာပဲ ကိုကိုဗာရွန်က ကားအက်စီးဒန့်နဲ့ ဆေးရုံကိုရောက်လာရင်း ဒေါက်တာလီလာရဲ့ပထမဆုံးလူနာဖြစ်ခွင့်ရခဲ့ပြီးနောက်ပိုင်း ခင်မင်ရာကနေ ချစ်သွားကြတယ်ပေါ့ ပါကစ္စတန်ထောင်ထဲမှာ ချစ်သူလေးစိတ်နဲ့ နေလာရင်း ထောင်ထဲကနေ လွတ်မြောက်လာတဲ့အခါ သူ့ချစ်သူလေးကို အရင်လိုက်ရှာခဲ့ပါတော့တယ် အဲဒီနောက်မှာတော့ ဗာရွန် ပါကစ္စတန်ထောင်ထဲကနေ ဘယ်လိုလွတ်မြောက်လာခဲ့လဲ …….. သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုမျိုးလေးလဲ …….. လေတပ်အရာရှိလေးဗာရွန်နဲ့ သူ့ချစ်သူလီလာတို့ ပြန်လည်ဆုံတွေ့နိုင်ကြမှာလား …….. ဆိုတာတွေကို ရင်ခုန်ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Thriller • Drama
5.8 2017 147 mins
Kaatru Veliyidai
Die in a Gunfight
4.7

ရက်သ်ကာ့သ် မိသားစုနဲ့ ဂစ်ဘွန် မိသားစုတွေဟာ နယူးယောက်ခ်မြို့တော်မှာ သြဇာကြီးတဲ့ ထိပ်တန်းမီဒီယာလုပ်ငန်းရှင်ပြိုင်ဘက်ကြီးတွေဖြစ်ပြီး မျိုးရိုးစဉ်ဆက် တစ်ဦးနဲ့ တစ်ဦး ရန်စောင်တိုက်ခိုက်လာတဲ့ မဟာရန်သူတွေပါ။ သူတို့ရဲ့ ဆယ်ကျော်သက်သားနဲ့သမီးတွေဖြစ်တဲ့ ဘင်န်ဂစ်ဘွန်နဲ့ မေရီရက်သ့်ကာသ့်တို့ဟာ ရန်စတွေကို လျစ်လျူရှုပြီး အရူးအမူးချစ်မိသွားတဲ့အခါမှာတော့ ခေတ်သစ်ရိုမီယိုနဲ့ ဂျူလီယက်ဆန်ဆန် ဇာတ်လမ်းမျိုးဖြစ်လာပါတော့တယ်။ ဒီနေရာမှာဇာတ်လမ်းကို ပိုရှုပ်ထွေးတာက ကော်ပိုရိတ်တစ်ခုရဲ့အတွင်းရေးအရှုပ်တော်ပုံ၊ သူတို့ငှားထားတဲ့ ကြေးစားလူသတ်သမား၊ မေရီရက်သ်ကာ့သ်ကို တစ်ဖက်သတ်ချစ်မိနေတဲ့ ဝီလျံရက်သ်ကာ့သ်ရဲ့လူယုံတော်တို့ပါပဲ။ ခေတ်အဆက်ဆက်ရိုးမသွားနိုင်တဲ့ ဇာတ်လမ်းသွားမျိုးကို မြူးကြွသွက်လက်နေအောင်တင်ဆက်ထားပြီး လူငယ်ကြိုက် သရုပ်ဆောင်တွေဖြစ်တဲ့ Diego Boneta (Terminator: Dark Fate,Monster Hunter) နဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသမီးချောလေး Alexandra Daddario တို့က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။

TV Movie • Thriller
4.7 2021
Die in a Gunfight
Babes
6.7

သားသမီးဆိုတာ ရတနာပေမယ့် သားသမီးယူရတာက မိဘတွေအတွက်တော့ အရမ်းပင်ပန်းတဲ့အလုပ်တစ်ခုပါပဲ။ အမေရိကန်ဟာသရုပ်ရှပ် Babes မှာတော့ ကလေးယူဖို့ ဆုံးဖြတ်တဲ့အချိန်၊ ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်၊ လောကထဲ ရောက်လာတော့မယ့် ကလေးတစ်ယောက်အတွက် ပြင်ဆင်ရတဲ့ အချိန်၊ ကလေးမွေးတဲ့အချိန်၊ ကလေးမွေးလာပြီးတဲ့အချိန်တွေမှာ မိဘတွေရုန်းကန်ရတာတွေကို ဟာသနှောပြီးတင်ဆက်ပြသ ထားပါတယ်။ လိင်ပညာပေးတင်မကဘဲ ကလေးမွေးပြီးတဲ့နောက် မိခင်မှာ ခံစားရတဲ့စိတ်အလိုမကျမှုတွေ၊ ပြောင်းလဲမှုတွေ၊ ဘယ်သူမှ နားလည်မပေးနိုင်ဘဲ ငရဲရောက်နေသလိုခံစားရတဲ့ အခက် အခဲတွေကိုပါ မြင်တွေ့ရမှာပါ။ ကိုယ်တိုင်ကလေးမမွေးရပေမယ့် စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကလေးအမေကို နားလည်မှု အပြည့်ပေးထားရတဲ့အပြင် ကလေးတွေကိုလည်း ကြိုးစား ကြည့်ရှု့စောက်ရှောက်ပေးရတဲ့ ဖခင်တွေရဲ့အခက်အခဲတွေကိုပါ ပေါ့ပေါ့ပါးပါးလေးထည့်သွင်းရိုက်ကူးပြသွားတာမြင်တွေ့ ရပါတယ်။ အခက်အခဲတွေကြားကပဲ မိသားစုရဲ့နွေးထွေးမှု၊ ပျော်ရွှင်မှု ဆိုတာတွေကို အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဒွန်းနဲ့အီဒင်က ဟာသနှောသရုပ်ဖော်ပေးထားပါတယ်။ ကလေးယူဖို့ဆုံးဖြတ်ထားတဲ့စုံတွဲတွေအတွက်တော့ မဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုလို့ အကြံပေးချင်ပါတယ်။ File size…1.70GB / 735MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
6.7 2024 104 mins
Babes
Hiroshima Mon Amour
7.8

Hiroshima Mon Amour (1959) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ Alain Resnais ရဲ့ Hiroshima Mon Amour ဟာ Breathless (1960) တို့၊ The 400 Blows (1959) တို့လိုပဲ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဒီကားဟာ စစကတော့ အက်တမ်ဗုံးအကြောင်း ဒိုကူမန်ထရီအတိုအဖြစ်ရိုက်ဖို့လုပ်ရာကနေ စတယ်။ Alain Resnais က Night and Fog ဆိုတဲ့ နာမည်နဲ့ နာဇီအကျဉ်းစခန်းတွေအကြောင်း ရိုက်ဖူးတော့ ဒီလိုပုံစံမျိုးထပ်မဖြစ်ချင်တော့ ဘယ်လိုပုံစံနဲ့ရိုက်ပြရမလဲ တော်တော်ခေါင်းစားခဲ့တယ်။ ဒီ့နောက်တော့ ဒီလိုပုံစံဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ သူဝန်ခံထားတာကတော့ ဒီကားနဲ့ ‌အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာမ Marguerite Duras သာ မပါခဲ့ရင် သူတော်တော်ခေါင်းစားနေရမှာတဲ့။ Marguerite Duras ကို‌တော့ The Lover နဲ့ သိကြလိမ့်မယ်။ ပြောရရင် Hiroshima Mon Amour (1959) ဟာ အက်တမ်ဗုံးဒဏ်ခံခဲ့ရတဲ့ ဟိရိုရှိမမြို့အကြောင်း တင်ဆက်ရမယ့် ရုပ်ရှင်ဖြစ်ရမှာပေမဲ့ Resnais ကတော့ ဟိရိုရှိမရဲ့ဝေဒနာကို ပြင်သစ်ရဲ့ဝေဒနာနဲ့ လူနှစ်ယောက်ရဲ့ဝေဒနာနဲ့ တွဲဖက်ပုံဖော်သွားခဲ့တယ်။ သူစစဖွင့်ခဲ့သလိုပဲ ဟိရိုရှိမအကြောင်းကို ပြင်သစ်သူကနားမလည်နိုင်ဘူးဆိုသလိုပဲ သူကိုယ်တိုင်လည်း မဖြစ်မနေ ဒါကိုရိုက်ရပေမဲ့ ဟိရိုရှိမရဲ့ ‌ဝေဒနာကို သူအပြည့်အဝနားမလည်နိုင်တာ ကောင်းကောင်းသိခဲ့ပုံပါပဲ။ ဒီတော့ သူက ဝေဒနာကို ဝေဒနာချင်းထပ်တူပြုပုံဖော်သွားခဲ့တယ်။ ခြေထောက်ပြတ်တဲ့လူရဲ့ဝေဒနာကို ကျွန်တော်တို့အပြည့်တော့ နားမလည်နိုင်ပေမဲ့ ကျွန်တော်တို့သာ လက်သန်းပြတ်ဖူးရင်တော့ နည်းနည်းတော့နှိုင်းယှဉ်သိနိုင်မယ်။ ဒါပေမဲ့ အပြည့်အဝသိနိုင်တာတော့မဟုတ်ဘူးပေါ့။ Resnais ကတော့ ခြေထောက်ပြတ်တဲ့လူလိုဖြစ်နေခဲ့တဲ့ ဟိရိုရှိမရဲ့ဝေဒနာကို လက်သန်းပြတ်ဖူးတဲ့ သူတို့ဝေဒနာနဲ့ တတ်နိုင်သလောက်အထိ တွဲဖက်တင်ဆက်ပြသွားခဲ့တယ်။ ဒါဟာ ဟိရိုရှိမအကြောင်းပေမဲ့ ဒါဟာ Resnais နဲ့ Duras တို့ရဲ့ ပုဂ္ဂိုလ်ရေးလည်း ဟုတ်နေပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ဝေဒနာနဲ့ နားလည်နိုင်သလောက် ခံစားရမှာပါပဲ။ အချစ်နဲ့ရူးသွပ်ခြင်းဟာ ပက်ပင်းတိုးရမှ နားလည်နိုင်တဲ့အရာတွေပဲတဲ့။ ဒါပေမဲ့လည်း အဲဒီအရာတွေ မရှိတော့တဲ့အခါကျရင်လည်း အဲဒီအရာတွေကို နားမလည်နိုင်တော့ပြန်ဘူး။ လူ့မှတ်ဉာဏ်ရဲ့ မေ့လွယ်ပျောက်လွယ်တတ်ခြင်းတွေပေါ့။ ဝေဒနာတွေဟာ မေ့ပျောက်တတ်ပါသလား။ မမေ့ပျောက်ရင်တောင် လူတွေက အသားကျသွားတတ်တာတော့သေချာတယ်။ အချစ်နဲ့ပက်ပင်းမတိုးရတဲ့အချိန်တွေမှာ ချစ်ဖူးတဲ့ခံစားချက်တွေက ပျောက်ပျက်တတ်သွားတတ်တယ်။ အချစ်နဲ့ပက်ပင်းတိုးမှပဲ ချစ်ဖူးတဲ့ခံစားချက်ကို ကျွန်တော်တို့ ပြန်သတိရတတ်တယ်တဲ့။ ဝေဒနာလည်း ဒီလိုပါပဲ။ မှုန်ရီဝေဝါးသောစိတ်များဟာ ဘယ်တော့မှ ရှင်းရှင်းလင်းလင်းမရှိနိုင်ဘူး။ ဒါကိုပဲ ကျွန်တော်တို့ဗီဇတစ်ခုလို့ လက်ခံလိုက်ကြတာပေါ့။ ဇာတ်လမ်းရဲ့အဆုံးသတ်မှာ အမျိုးသမီးက အမျိုးသားကို မေ့သွားခဲ့တယ်။ သူ့နာမည်ကို ဟိရိုရှိမလို့ပဲ မှတ်မိခဲ့တယ်။ အမျိုးသားကလည်း အမျိုးသမီးဝေဒနာတွေတည်နေတဲ့ မြို့ကလေးနာမည်ကိုပဲ အမျိုးသမီးနာမည်အဖြစ် သတ်မှတ်ခဲ့တယ်။ လူတစ်ယောက်ရဲ့နာမည်ကိုမေ့သွားတဲ့အခါမှာ အရာအားလုံး မေ့သွားတော့တာပဲတဲ့။ မှန်ချင်မှလည်းမှန်ပါမယ်။ ဝေဒနာသက်သက်ကို ခံစားမိနေတတ်တဲ့ နေ့ရက်တချို့တို့လိုပေါ့။ ဟိရိုရှိမမြို့ရဲ့ ပြတိုက်ထဲမှာ လိမ်ကောက်ကွေးညွတ်သွားတဲ့ သတ္တုတွေရှိတယ်တဲ့။ မာကျောလှတဲ့ သတ္တုတွေကိုတောင် အဖတ်ဆည်မရဖြစ်သွားစေခဲ့တဲ့ ပြင်းအားနောက်မှာ လူသားကတော့ ရှင်သန်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပုံပျက်ပန်းပျက်ပါပဲ။ ကမ္ဘာမှာ ပုံပျက်ပန်းပျက်နဲ့ ရှင်သန်နေရတဲ့ နှလုံးသားတွေသိပ်များတယ် ဟိရိုရှိမရယ်…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 996MB Quality – BluRay 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 30Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1959
Hiroshima Mon Amour
Sijjin 4 (or) Siccin 4
5.7

Siccin 4 (2017) IMDB : 5.7 Genr : Horror/Thriller Siccin 4 ဟာ Siccin ရုပ်ရှင်ဇာတ်လမ်းတွဲရဲ့ ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Siccin ဆိုတာ တူရကီနိုင်ငံဟာ Horror ရုပ်ရှင်မှာ သွားနောက်လို့မရတဲ့အကြောင်းကို အကောင်းဆုံးသက်သေပြနေတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အတော်လေးလည်းဇာတ်လမ်းကောင်းတယ်လို့ဆိုရပါမယ်။ ဇာတ်ညွှန်း အရင်က စီးပွားရေးတောင့်တင်းပြီး ချမ်းသာခဲ့ပေမယ့် ကံအကောင်းအကြောင်းမလှတော့ အိုမာ တို့မိသားစုလေးဟာ သူ့အဘွားရဲ့အိမ်ကိုပြောင်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာကျန်းမာရေးမကောင်းတဲ့ အဘွားနေပြီး ခြံထဲမှာ သူ့အဘိုးရဲ့ အလောင်းကိုမြုပ်ထားတဲ့ အုတ်ဂူရှိနေပါတယ်။ ခက်တာက အိမ်ကြီးကိုပြောင်းလာကတည်းက တစ်မျိုးပြီးတစ်မျိုးခြောက်လှန့်နေတာပါပဲ။ Siccin ရဲ့ထုံးစံအတိုင်း ဇာတ်လမ်းလေးကမြုပ်ကွက်တွေ လှည့်ကွက်တွေနဲ့မလို့ ကြည့်ရကောင်းပါတယ်။ Jumpscare များတာကြောင့် ချစ်သူရည်းစားရှိသူများ အတူတူကြည့်ဖို့အကြံပေးပါတယ်။ ကြောက်ရင်ဖက်ထားလို့ရတာပေါ့။ ကျွန်တော်ကတော့ ဘယ်သူမှမရှိလို့ မျက်ရည်များနဲ့ ကြောက်ကြောက်လန့်လန့်ဘာသာပြန်ခဲ့ရပါကြောင်း… File size… 1.4 GB / 718 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

Horror • Science Fiction • Thriller
5.7 2017
Sijjin 4 (or) Siccin 4
How to Lose a Guy in 10 Days
6.5

How to Lose a Guy in 10 Days (2003) ~ IMDb – 6.5/10, Rotten Tomatoes – 42% ~ Kate Hudson နဲ့ Matthew McConaughey တို့လို နာမည်ကျော်ထဲက နာမည်ကျော်သရုပ်ဆောင်တွေ ဇာတ်ဆောင်လုပ်ထားတဲ့ ရိုမန့်တစ်ဟာသကားပေါ့။ ဘာထူးခြားလဲဆိုရင်တော့ အခုထိ မကြည့်ဖြစ်သေးရင်တော့ မရတာကြာတဲ့အရသာတစ်ခုပြန်ရလိမ့်မယ်။ ဟိုးတုန်းက ကျွန်တော်တို့ကြည့်ဖူးခဲ့တဲ့ ဟောလိဝုဒ်အချစ်ရိုမန့်တစ်ကားတွေက တခြားကထွက်တဲ့ရိုမန့်တစ်ကားတွေနဲ့ မတူတဲ့အရသာတစ်ခုရှိတယ်။ အဲဒီလိုအရသာမျိုးကို ၂၀၀၀ခုနှစ်ပတ်လည်နားက ကားတွေမှာတော့ ကျွန်တော်တို့ရခဲ့ကြပေမဲ့ ဒီဘက်ခေတ်မှာတော့ အဲဒီလိုပုံစံတွေ ပြန်ရိုက်ရင်တောင် အဲဒီအရသာပါမလာတော့တာ သတ်လတ်ပိုင်းတော်တော်များများတော့ သိကြမှာပါ။ How to Lose a Guy in 10 Days (2003)က ထူးထူးခြားခြားကောင်းနေတဲ့ ရုပ်ရှင်တော့ မဟုတ်ပေမဲ့ အဲဒီလိုအရသာမျိုးကို ပြန်ပေးနိုင်တဲ့ ကြည့်ကောင်းတဲ့ဇာတ်လမ်းဆိုတော့ ကြည့်ကိုကြည့်သင့်တယ်လို့ ပြောရမှာပါပဲ။ Kate Hudson ရဲ့အလှတွေကိုလည်း ပြန်လည်ခံစားရမယ့် ရုပ်ရှင်လည်းဟုတ်တယ်။ ဇာတ်လမ်းနောက်ခံကတော့ ကြော်ငြာလောကနဲ့ မဂ္ဂဇင်းလောကပေါ့။ မင်းသားက ကြော်ငြာသမား၊ မင်းသမီးက အမျိုးသမီးမဂ္ဂဇင်းက ဆောင်းပါးရှင်။ မင်းသမီးက How to ဆောင်းပါးတွေကို ကိုင်ထားတဲ့သူ။ How to ဆောင်းပါးဆိုတာက How to Flirt with Your Crush (ခွက်ရှ်နဲ့အီနည်း) How to Clean a Toilet the Right Way (နည်းမှန်လမ်းမှန် အိမ်သာတိုက်နည်း) တို့လို နည်းပေးလမ်းပြဆောင်းပါးတွေပေါ့။ ဒီတစ်ခါ မင်းသမီးလက်တွေ့ကွင်းဆင်းပြီး ရေးဖို့ ရွေးလိုက်တဲ့ဆောင်းပါးက How to Lose a Guy in 10 Days (၁၀ရက်အတွင်း ဘဲဖြတ်နည်း) ဒီတော့ မင်းသမီးက မရှိတဲ့ဘဲကို အရင်မဖြတ်ခင် ဘဲအရင်ရဖို့ ပါတီတစ်ခုမှာဖန်တယ်။ အဲဒီပါတီမှာရှိနေတဲ့ မင်းသားက သူလိုချင်တဲ့ ကြော်ငြာရဖို့ သူ့အလုပ်ရှင်နဲ့သူ့ပြိုင်ဘက်တွေနဲ့ အလောင်းအစားလုပ်လိုက်တယ်။ သူက ဘယ်မိန်းမကိုမဆို သူ့ကိုချစ်လာအောင် လုပ်နိုင်တယ်အာချောင်ထားတာ။ နောက်၁၀ရက်နေ သူတို့အလုပ်ကလုပ်မယ့် ကြော်ငြာပွဲရှိတယ်။ အဲဒီမတိုင်ခင် သူက မိန်းမတစ်ယောက်က သူ့ကိုချစ်မိသွားအောင်လုပ်ရမှာ။ ဒီတော့ ၁၀ရက်အတွင်း ဘဲဖြတ်ဖို့ ဘဲအရင်ရှာနေတဲ့မင်းသမီးနဲ့ ၁၀ရက်အတွင်း မိန်းမတစ်ယောက်ရဲ့အချစ်ကိုရဖို့လုပ်မယ့်မင်းသားနဲ့ အဲဒီပါတီမှာ တစ်ယောက်ကိုတစ်ယောက် ပစ်မှတ်လုပ်လိုက်ကြတယ်။ ပြီးတော့ သူတို့တွဲဖြစ်သွားတယ်။ How to Lose a Guy in 10 Days ဟာ ၁၀ရက်ဆိုတဲ့ အချိန်အတွင်း တစ်ယောက်ကချစ်လာအောင်၊ တစ်ယောက်ကစိတ်ကုန်အောင် အပြိုင်အဆိုင်လုပ်ကြတဲ့အကြောင်းကို ဟာသတွေအပြည့်နဲ့ ရိုက်ပြထားတဲ့ဇာတ်လမ်းပါပဲ။ ဟောလိဝုဒ်ရဲ့ ရိုမန့်တစ်ဟာသအရသာဟောင်းကို အပြည့်အဝရမယ့် ရုပ်ရှင်ဆိုလည်း မမှားဘူး။ ခေတ်ကြီးနဲ့ ခဏလောက်ဖြစ်ဖြစ် ကတ္တားခြားသွားအောင် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် အချစ်ဟာသကားပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.9GB, 1.3GB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 56Min Genre – Feel-Good Romance, Romantic Comedy, Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.5 2003 116 mins
How to Lose a Guy in 10 Days
Barbie
6.6

Barbie (2012) **************** အပြင်မှာ ညီအစ်မ အရင်းတွေ ဖြစ်ကြတဲ့ Kim Sae Ron နဲ့ Kim Ah Ron တို့ရဲ့ ရုပ်ရှင်လေးဖြစ်ပြီး ဒီကားလေးမှာတော့ .. ကျပ်မပြည့်တဲ့အဖေနဲ့အတူနေတဲ့ အီဆွန်းယောင်းနဲ့ အီဆွန်းဂျာတို့ ညီအစ်မနှစ်ယောက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။ သူတို့ရဲ့အမေဖြစ်သူက ငယ်ငယ်ကတည်းက သေဆုံးသွားပြီး သူ့အဖေဖွင့်လှစ်ခဲ့တဲ့ တည်းခိုခန်းကိုပဲ ဆက်ဖွင့်ရင်း ဘဝကို ရရာငွေလေးနဲ့ ရှင်သန်နေကြရတဲ့ ဆင်းရဲတဲ့မိသားစုပါ။ သူ့အဖေရဲ့ညီဖြစ်သူ ဦးလေးကလည်း တစ်ဖက်တစ်လမ်းက ဝင်ကူပေးတယ်ပြောရမလိုပေမဲ့ လာချင်တဲ့အချိန်လာ၊ သွားချင်တဲ့အချိန်သွားတတ်တဲ့လူမျိုးဖြစ်တာကြောင့် ကျပ်မပြည့်တဲ့အဖေနဲ့ နေမကောင်းခဏခဏဖြစ်တဲ့ ညီမဖြစ်သူကို ကျွေးမွေးပြီး ပြုစုစောင့်ရှောက်ဖို့အတွက် ဆွန်းယောင်းတစ်ယောက်တည်းကပဲ အရွယ်နဲ့မမျှအောင် တာဝန်ယူထားရပါတယ်။ အဲဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ဦးလေးက သူ့အချိတ်အဆက်နဲ့သူ အမေရိကက စတိဗ်နဲ့ သူ့ရဲ့သမီး ဘာဘီဆိုတဲ့ သားအဖနှစ်ယောက်ကို ခေါ်လာပါတယ်။ သူ့ဦးလေးက ဆွန်းယောင်းရဲ့ဘဝကောင်းစားဖို့အတွက် အဲဒီသားအဖဆီ မွေးစားဖို့ ပေးလိုက်မှာဖြစ်ကြောင်း ပြောပါတယ်။ ဆွန်းယောင်းက မိသားစုတာဝန်ထမ်းရဦးမှာမို့လို့ လုံးဝမသွားချင်ဘူးပြောပေမဲ့ ကြားထဲမှာ ခဏခဏတွေ့ပြီး ခင်မင်သွားတဲ့ ဘာဘီက ဆွန်းယောင်းကိုသဘောကျပြီး အရခေါ်သွားချင်နေတာပါ…ဖြစ်ချင်တော့ အငယ်မဖြစ်သူ ဆွန်းဂျာက တစ်ကိုယ်ကောင်းဆန်ပြီး သူ့အတွက်သူပဲကြည့်တတ်တာမို့ သူ့အစ်မအစား မွေးစားဖို့အတွက် အမေရိကကို သူ့ခေါ်သွားပါလို့ ပြောပါတော့တယ်… ဆွန်းဂျာကို လုံးဝသဘောမကျလို့ အတိုက်အခံလုပ်တဲ့ ဘာဘီနဲ့ ဆွန်းဂျာကိုခေါ်သွားလည်းဖြစ်တယ်ဆိုတဲ့ စတိဗ်တို့ကြားက ဆုံးဖြတ်ချက်က ဘာဖြစ်မလဲ… တကယ်ပဲ အမေရိကကို ဘဝကောင်းစားရေးအတွက် ခေါ်မွေးစားတာလား… ဆွန်းယောင်းတို့မိသားစုကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီရုပ်ရှင်လေးမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဆင်းရဲတဲ့သူနဲ့ ချမ်းသာတဲ့သူတွေကြားက ကွာခြားချက်တွေ၊ ဘဝကြီးရဲ့ မတရားမှုတွေကို မီးမောင်းထိုးပြနေတဲ့ရုပ်ရှင်လို့ပြောရင်လည်း မမှားတာမို့ ကြည့်ပြီးရင် ရင်ထဲတစ်ခုခုကျန်ခဲ့မှာတော့ အသေအချာပါပဲ။ (အညွှန်းကို Chothet_mlmt မှ ရေးသားထားပါတယ်) File size…1.17GB / 494MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 38m Genre ….. Youth, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by AHtet

Comedy • Drama
6.6 2012 97 mins
Barbie
Buzzy Noise
6.1

Buzzy Noise (2024) ******************* ဒီကားလေးက manga series ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးတင်ဆက်ထားပြီး ဒါရိုက်တာ Hiroki Kazama ရဲ့ လက်ရာဖြစ်ပါတယ် .. ဇာတ်ကားထဲမှာ Hana Amano, Kai Inowaki, Takumi Kawanishi နဲ့ Wan Marui တို့ ပါဝင်သရုပ်ဆောင်ထားပြီး Music, Romance, Life အမျိုးအစားဖြစ်တာမို့ ရိုရိုချိုချိုကြိုက်နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအကျဉ်းကတော့ ********************* နေ့ခင်းမှာ တိုက်ခန်းမန်နေဂျာအဖြစ် လုပ်ကိုင်နေသူ ကီယိုဆူမီဟာ ညဘက်မှာဆို သူ့အခန်းထဲမှာပဲ အီလက်ထရွန်နစ်နဲ့ သံစဉ်တီးရင်း ဘဝကို သာမန်ပဲ ဖြတ်သန်းနေတဲ့သူပါ။ တစ်နေ့မှာတော့ ညဘက် သူ့ရဲ့သီချင်းသံကြောင့် အနှောင့်အယှက်ဖြစ်ကြောင်း တိုက်ခန်းမှာ နေထိုင်သူက တိုင်ကြားလာတာကြောင့် သူ့ကို တိုက်ခန်းအုပ်ချုပ်သူက အလုပ်ဖြုတ်တဲ့အထိ အရေးယူမှာဖြစ်ကြောင်း သတိပေးလာခဲ့ပါတယ်။ အူရှီယိုဆိုတဲ့ မိန်းကလေးကတော့ နေ့ခင်းဘက် စားသောက်ဆိုင်မှာ လုပ်ရင်း ညဘက်မှ တိုက်ခန်းကို ပြန်လာသူဖြစ်ပါတယ်။ ကီယိုဆူမီရဲ့ အခန်းကနေ ညဘက်မှာ ထွက်လာတတ်တဲ့ သီချင်းသံကို တိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ တစ်နေ့ အူရှီယိုရဲ့ လှေကားမီးပျက်နေတာကို ပြုပြင်ခိုင်းပြီးနောက်မှာ သူ့ရဲ့အောက်ထပ်က နေထိုင်သူဟာ တိုက်ခန်းမန်နေဂျာမှန်း သိသွားခဲ့ပါတယ်။ ရည်းစားနဲ့ပြတ်ပြီး အသည်းကွဲနေတဲ့ အူရှီယိုက ကီယိုဆူမီရဲ့ သီချင်းသံစဉ်လေးအပေါ် အမြင်ပြောင်းလဲသွားမလား… ကီယိုဆူမီကရော ဒီလောက်ထိ ဝါသနာကြီးတဲ့ ဂီတကို ရှေ့ဆက်လုပ်ဆောင်နိုင်ပါ့မလား… ဘဝရည်မှန်းချက်၊ ဝါသနာ ၊ အောင်မြင်မှု ၊ ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်ချက်တွေကြောင့် သူတို့တွေ ဘယ်လိုရင်ဆိုင်ရှေ့ဆက်သွားကြမလဲဆိုတာ… (အညွှန်းကို Dao Phyo မှ ရေးသားထားပါတယ်) File size…1.56GB / 590MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Music, Romance, Life Subtitle….Myanmar Subtitle (Hard Sub) Translated by Kim & DaoPhyo Encoded by AHtet

TV Movie • Comedy • Romance • Drama
6.1 2024 119 mins
Buzzy Noise